Wednesday, December 31, 2008

New Year Wish From U Toe Aung

May you get prosperous evermore

Dear political partner,Sir


It,s a blessing.Happy new year.I wish happiness to every members of yours Democracy partner comrades.I respect and cordially thank you all for your actively movement Burma Democracy Revolution ( BDR ). We are all families. I wish, may you and Oversea Democratic Group for Burma struggle for BDR with courage and resolutions.

Realise me,I will keep doing stressful whatever I can meet and if I have passion for Democracy to get,I will do my best for BDR as a historical duty.Comrades! don,t forget that we are making our own history.When we get victory,we will meet together happily.I have no doubt to believe.


" Our Burma Democracy Revolution must be won surely".




Your Sincerely;

Toe Aung

အပြည့်အစုံဖတ်ချင်ရင်...

၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီ၏ ထုတ်ပြန်ကြေညာချက်နှင့် တိုက်တွန်းနှိုးဆော်ချက်

2009 Collective Action Committee

တိုက်တွန်း နှိုးဆော်ချက်

နေ့စွဲ .၁.၁.၂၀၀၉

ပြည်တွင်း ပြည်ပ နေရာဒေသ အသီးသီးရှိ မြန်မာနိုင်ငံသား ညီအစ်ကို မောင်နှမများ ခင်ဗျား

ယနေ့အချိန်သည် ၂၀၀၉ ခုနှစ်၏ အစ ပထမနေ့ဖြစ်ရာ အစဉ်အလာအားဖြင့် ပျော်ရွှင်ဖွယ်

နှစ်သစ်ဖြစ်ပါစေ။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေဟု နှုတ်ခွန်း ဆက်သရမည် ဖြစ်ပါသည်။


သို့ရာတွင် စစ်အာဏာရှင်စနစ်၏ အောက်တွင်ကျရောက်နေရသော ကျွန်ုပ်တို့ မြန်မာနိုင်ငံသား များ အတွက်မူ မည်သို့ပင် နှစ်သစ်များ ပြောင်းစေကာမူ ဤ စစ်အာဏာရှင် စနစ် မပြောင်းလဲသမျှ မင်္ဂလာအပေါင်းနှင့် မပြည့်စုံနိုင်သလို ပျော်ရွှင်ဖွယ် ကောင်းသော နှစ်သစ် တနှစ် ဖြစ်လာ လိမ့်မည် မဟုတ်ပါ။ယခု တွေ့ကြုံ ခံစားနေရသော ဆင်းရဲ ဒုက္ခများ အပြင်၊ အသစ်တိုး ဖိနှိပ် လာမှုများကိုသာ တိုး၍ ခံစား နေကြရပါသည်။


ကျွန်ုပ်တို့ဖြတ်သန်းလာခဲ့ပြီးသော ၂၀၀၈ခုနှစ်တစ်ခုလုံးကို ပြန်လည်သုံးသပ် ကြည့်မည် ဆိုလျှင် စာနာမှု အကင်းမဲ့ဆုံး လုပ်ရပ်တခု အနေဖြင့် နာဂစ်ကြောင့် ဒုက္ခ ပင်လယ် ဝေနေရချိန်၊ သေဆုံးသူများ၏ ခုနှစ်ရက်ပြည့် ရက်လည်သော နေ့တွင် သူတို့အလိုကျ ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရန် အတင်းအဓမ္မ မဲပေးခိုင်းခြင်းပင် ဖြစ်ပြီး ထည့်သမျှ မဲအားလုံးကို ထောက်ခံမဲအဖြစ် လိမ်ညာ၍ ထိုဖွဲ့စည်းပုံကို အတည်ပြု လိုက်ခြင်းပင် ဖြစ်သည်။


ထိုနည်းတူစွာ သံဃာတော်များ နိုင်ငံရေးခေါင်းဆောင်များ ကျောင်းသား ခေါင်းဆောင်များ၊ လူမှုရေး လှုပ်ရှားသူများ အကျိုးဆောင် ရှေ့နေများ စသည့် ပုဂ္ဂိုလ်များကို ဥပဒေနှင့် ဆီလျှော်ခြင်း မရှိပဲ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး အညိုးးတကြီးဖြင့် ဝေးလံသီခေါင် လှသော အကျဉ်းထောင် များသို့ ပို့ဆောင်ခဲ့ ပြန်ပါသည်။


အချုပ်ဆိုရလျှင် ၂၀၀၈ ခုနှစ်သည် မြန်မာနိုင်ငံသားများအတွက် ဆိုးဝါးသည့် သဘာဝဘေး အန္တရာယ် အခံရဆုံး နှစ်၊ စစ်အာဏာရှင်တို့၏ အကြမ်းတမ်းဆုံး ဖိနှိပ်၊ ဥပဒေ ချိုးဖောက် ခံရသည့် နှစ်ဟု ဆိုရပါမည်။

ထို့အတွက် ကျွန်ုပ်တို့ဘာများ တုံ့ပြန်ဆောင်ရွက်ခဲ့ကြပါသနည်းဟု မေးခွန်းထုတ်ရန် ရှိပါသည်။ ခြုံငုံသုံးသပ်ကြည့်လျှင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော လှုပ်ရှားမှုများ၏ ထိရောက်မှုအား လွန်စွာ နည်းပါး ခဲ့ပါသည်။


စစ်အာဏာရှင်တို့က ၂၀၁၀ခုနှစ်တွင် သူတို့ စိတ်တိုင်းကျ ရေးဆွဲထားသော ဖွဲ့စည်းပုံကို အခြေခံ၍ သူတို့အလိုကျ ရွေးကောက်ပွဲ လုပ်ပါတော့မည်။ စစ်ဝတ်စုံမှ အရပ်ဝတ်စုံ ပြောင်းဝတ်ရန် အသင့်ပြင် ထားပြီးဖြစ်ရာ မည်သည့် နည်းနှင့်မဆို အနိုင်ရကြောင်း ကြေညာရန် အသင့်ပြင် ထားပြီးဖြစ်သည်။


ထို့ကြောင့် ယခု ၂၀၀၉ ခုနှစ်သည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့ အတွက် တိုက်ပွဲဝင်ရန် အခွင့်အရေး ရှိနေ သေးသည့်နှစ် ဖြစ်ပါသည်။ ထိုအတွက် စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သော အင်အားစုများ အားလုံးတွင် ကြီးလေးသော တာဝန်ရှိသလို မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကိုမောင်နှမများ အားလုံးတွင်လည်း တူညီစွာ တာဝန် ရှိကြပါသည်။ ထိုစစ်အာဏာရှင် တံပိုးကြီးသည် မြန်မာနိုင်ငံသား အားလုံးအပေါ် ဖိစီးနှိပ်စက် နေခြင်းဖြစ်၍ ပြိုင်တူရုန်းရန် အားလုံးတွင် တာဝန်ရှိပါကြောင်း အလေးအနက် တင်ပြလိုပါသည်။


ဤတာဝန်သည် မြန်မာနိုင်ငံသား အားလုံးတွင် တာဝန်ရှိသည်နှင့် အညီ ပြည်တွင်း ပြည်ပ နေရာ အနှံ့အပြားတွင် ဒီမိုကရေစီရေး လှုပ်ရှား ဆောင်ရွက်နေသူများ၏ သဘောထားကို ညှိနှိုင်း၍


2009 Collective Action Committee (BURMA)

၂၀၀၉ ပူးပေါင်း လှုပ်ရှားမှု ကော်မတီ (မြန်မာပြည်)


ကို ဇန်နဝါရီလ ၁ရက်နေ့ ၂၀၀၉ခုနှစ်တွင် ဖွဲ့စည်း တည်ထောင် လိုက်ပါသည်။


ထိုကော်မတီ၏ သက်တမ်းကို တနှစ် သတ်မှတ်ထားပြီး၊ ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ စစ်အာဏာရှင်တို့ အလိုကျ ဆောင်ရွက်မည့် ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သော အင်အားစုများ၏ တခုတည်းသော နည်းလမ်းဖြင့် စုစည်း ညီညွတ်စွာ တိုက်ဖျက် ကြရန် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ဆောင်ပုဒ်မှာ သတင်းစာဆရာကြီး ဦးဝင်းတင်၏ အဆိုအမိန့်ဖြစ်သော


"ထွက်ပေါက်ကိုသာ စဉ်းစားမနေပဲ ဖေါက်ထွက်ဖို့ ကြိုးစားကြ"

ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ လွှတ်ပေးရေး၊ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာစေရေးနှင့် တရားမျှတမှု ကင်းမဲ့သော ၂၀၁၀ ရွေးကောက်ပွဲကို တားဆီးနိုင်ရေးအတွက် လုပ်ငန်းစဉ်များအနေဖြင့်-


ညီညွတ်စွာ အားလုံးပူးပေါင်း ဆောင်ရွက်နိုင်မည့် တခုတည်းသော နည်းလမ်းတခု ဖြစ်ပေါ်လာစေရန်


- တိုက်တွန်း နှိုးဆော်ပေးခြင်း၊ စည်းရုံး လှုပ်ရှားခြင်း၊ အားပေး ဆောင်ရွက်ခြင်း၊ အကြံဥာဏ် ပေးခြင်း။


-ပြည်သူ လူထုများ အသိပညာ ရရှိစေနိုင်မည့် သတင်းများ၊ အချက်အလက်များကို နည်းမျိုးစုံ သုံး၍ ဖြန့်ချီပေးရန်။


-ပြည်တွင်း ပြည်ပ နိုင်ငံရေး လှုပ်ရှားမှုများ ပေါ်ပေါက်လာစေရန် အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရန်။


အထက်ပါ အချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန် အတွက် 2009 Collective Action Committee (BURMA) အဖွဲ့ဝင်များ အနေဖြင့် နေ့စဉ် မိမိတို့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ရိုးသားစွာဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။


ကျွန်ုပ်တို့နှင့် ပူးပေါင်း ဆောင်ရွက်လိုသည် ဖြစ်စေ၊ မိမိတို့ဘာသာ သီးခြားရပ်တည် ဆောင်ရွက် လိုသည်ဖြစ်စေ မြန်မာနိုင်ငံသား တိုင်းရင်းသား လူမျိုးစုအားလုံး အနေဖြင့် မိမိတို့ တတ်နိုင်ရာ လုပ်ငန်းစဉ်များဖြင့် ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို တိုက်ဖျက်ရေး နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာစေရေး ဒီမိုကရေစီ အရေးတို့အတွက် ရည်မှန်း ချက် တခုတည်း ထားကာ ပူးပေါင်းဆောင်ရွက် ကြစေလိုပါသည်။


မိုးရေစက်ငယ်များ၏ ပေါင်းဖွဲ့မှုသည် ပင်လယ်သမုဒ္ဒရာကြီး ဖြစ်ပေါ်လာ စေသကဲ့သို့ မြန်မာနိုင်ငံသား အားလုံး မိမိတို့ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လုပ်ကိုင်ဆောင်ရွက်ကြမည် ဆိုလျှင် ထိုအင်အားများသည် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ရိုက်ချိုးနိုင်မည်ဟု ကျွန်ုပ်တို့ အလေးအနက် ယုံကြည်ပါသည်။

"အတုအယောင် ရွေးကောက်ပွဲကို တခဲနက် ဆန့်ကျင် တိုက်ပွဲဝင်ကြ "

2009 Collective Action Committee (BURMA)

ဆက်သွယ် စုံစမ်းရန်နှင့် မိမိတို့ သဘောထား အမြင်များကို ပေးပို့ရန်အတွက်

cacburma@gmail.com သို့ ဆက်သွယ် နိုင်ပါသည်။ နောက်ဆက်တွဲ လှုပ်ရှားမှုများကို ဆက်လက် ထုတ် ပြန်သွားပါမည်။


အပြည့်အစုံဖတ်ချင်ရင်...

Tuesday, December 30, 2008

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဆန္ဒပြ





ယနေ့နေ့လည်(၂)နာရီခွဲခန့်တွင်ရန်ကုန်မြို့မြေနီကုန်းတွင်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်
တောင်းဆိုဆန္ဒပြမှုများကိုအန်အယ်လ်ဒီပါတီလူငယ်များကဦးဆောင်ကာပြုလုပ်ခဲ့ကြသည်။ယင်းသို့ဆန္ဒပြသည့်
သူများကိုရဲများကြံ့ဖွတ်နှင့်စွမ်းအားရှင်များကရိုက်နှက်ခေါ်ဆောင်သွားကြကြောင်းသတင်းရရှိသည်။
မြန်မာ့ဒီမိုကရေစီအရေးတော်ပုံမုချအောင်ရမည်။
အာဏာရှင်ကိုစုပေါင်းတော်လှန်ကြ။
၂၀၀၉ နှစ်သစ်မှာမြန်မာနိုင်ငံတော်ကြီးကိုပြောင်းလဲကြ။


အပြည့်အစုံဖတ်ချင်ရင်...

Saturday, December 27, 2008

အမှန်တရားဟာဘယ်တော့မှကျည်မတိုးဘူး

အပြည့်အစုံဖတ်ချင်ရင်...

အဆင့်

ဟိုးအရင်နှစ် ၅၀ ကျော်ကာလ

အင်္ဂလိပ်အုပ်ချုပ်စဉ်ကပေါ့

ပြည်သူတွေပြောတဲ့စကား

လွပ်လပ်ရေး ပညာရေး

စီးပွါးရေး နိုင်ငံရေး

စသည်တိုင်းပြည်တိုးတက်ရေး

အလေးပေးပြောကြား

သူတို့ရဲ့စကားတွေက

ကမ္ဘာ့အဆင့်မှီကြ

သိပ်မြင့်မြတ်ကြပေါ့

ဒါပေမဲ့ အခုတော့ သူတို့ဘာမှမှု

ပြောနေကြတဲ့သူတို့ရဲ့စကား

ဟေ့ကောင် --ဘောလောင်းပွဲ

မင်းဘယ်လိုချဲခဲ့သလဲ?

ထိပ်စီးနှင့်အလယ်ထိုင်

မင်းပိုင်ရဲ့လား?

ဟိုနေ့ကမင်းရဲ့ကောင်မလေး

နင့်ရဲ့ကောင်လေးနဲ့ ဘယ်မှာသွားငေးနေတာလဲ?

စသည့်အဆင့်မရှိသူတို့ရဲ့စကား

နေ့တိုင်းကြားရတော့

သူများနိုင်ငံနှင့်ကျနော်တို့နိုင်ငံ

အဆင့်အတန်းတွေကွာခြား

ဒုက္ခတွေများတနေ့တခြားတိုးပွါးလာတာ

သြော်---အဆင့်မရှိသူတို့ကြောင့်ပါလား။



နှလုံးသားတံခါးဖွင့်ပါတော့



ယနေ့ နိုင်ငံတကာကျင့်သုံးနေကြ

ဒါဟာတံခါးဖွင့်ဝါဒပဲ

ပညာရေး စီးပွါးရေး

လူမှုရေး သာသနာရေး

စသည့်အားလုံးသောအရေးတွေ

တံခါးတွေဖွင့်ထားကြလို့

ဝင်ထွက်သွားလာကြရင်း

ရင်းနှီးမှုတွေတိုးတက်

ဥာဏ်ပညာ ဗဟုသုတတွေကို

ကွန်ပျူတာ အင်တာနက်

ကွန်ယက်တွေနဲ့ဖြန့်ကျက်

အပြန်အလှန် ဆွေးနွေးချက်ကြောင့်

ရည်ရွယ်ချက်တွေမြင့်မား

နေ့လားညလားတိုးတက်ထွန်းကား

အားလုံးပြောင်းလဲသွားကြပြီ

တံခါးဖွင့်ဝါဒနဲ့ပြောင်းလဲတိုးတက်နေတဲ့ခေတ်မှာ

မင်းရဲ့ပိတ်ထားတာကြာတဲ့တံခါးနှစ်ချပ်

ကြာရင်သံချေးတွေပါတက်လို့

ပြုတ်ထွက်ပျက်စီးသွားလိမ့်မယ်

အသုံးမ၀င်တော့တဲ့

မင်းရဲ့တံခါးပိတ်ဝါဒ

ချက်ချင်းစွန့်ပြစ်ကြပါ

ဒါဟာတိုးတက်ပြောင်းလဲဖို့အတွက်

အဓိကသော့ချက်မို့

ပိတ်ထားတာကြာတဲ့

မင်းတို့ရဲ့နှလုံးသားတံခါးချပ်

သံချေးတွေမတက်ခင်

ပြောင်းလဲတိုးတက်ဖို့

ဒါဟာတိုင်းပြည်အတွက်မို့

ဖွင့်ပေးကြပါတော့။



မင်းသုည


အပြည့်အစုံဖတ်ချင်ရင်...

တကယ်တန်ဖိုးရှိတဲ့လူ




ပခုံးနှစ်ဖက်ကြားခေါင်းပေါက်ကာမျှလူ

မေထုန်မှီအိပ်စား

ပျော်ပါးကာနေတဲ့လူ---

ကိုယ်အသက်ကိုမငဲ့ကွက်

တိုင်းပြည်အတွက်ပေးဆပ်ရဲတဲ့လူ---

သင်ဟာဘယ်လိုလူလဲ?

ရရစားစားမောက်ကြွားကြွားနဲ့
ပေတေတေဂျလေလိုက်တဲ့လူ---

ဘယ်သူသေသေငတေမာပြီးရော

ထင်ရာပြောပြီး

တိုင်းပြည်ဘဏ္ဍာထုတ်ယူခိုးသွား

ဝါးမျိုစားတဲ့လူ---

လူချင်းတူပေမဲ့

တန်ဖိုးချင်းမတူတဲ့လူ---

တိုင်းပြည်တော့နစ်မွန်းမခံ

ဒို့တွန်းလှန်မယ်ဆိုပြီး

အသက်ကိုပေးဆပ်

ဘဝကိုတိုင်းပြည်အပ်

ကိုယ်ကျိုးမဖက်တဲ့လူ

လူတော့လူသင်ဘယ်လိုလူလဲ?

ကိုယ့်ကိုကိုယ်သေချာစွာမေး

ငါဟာငါ့အတွက်တန်ဖိုးမဲ့တဲ့လူ

ငါဟာငါ့အတွက်တန်ဖိုးရှိတဲ့လူ

ငါဟာငါ့မိသားစုအတွက်တန်ဖိုးမဲ့တဲ့လူ

ငါဟာငါ့မိသားစုအတွက်တန်ဖိုးရှိတဲ့လူ

ငါဟာငါ့မြို့ ရွာအတွက်တန်ဖိုးမဲ့တဲ့လူ

ငါဟာငါ့မြို့ ရွာအတွက်တန်ဖိုးရှိတဲ့လူ

ငါဟာငါ့နိုင်ငံအတွက်တန်ဖိုးမဲ့တဲ့လူ

ငါဟာငါ့နိုင်ငံအတွက်တန်ဖိုးရှိတဲ့လူ

ဒါပေမဲ့လူတော့လူ

ငါဟာဘယ်လိုလူလဲ

တကယ်တန်ဖိုးမဲ့တဲ့လူ

တကယ်တန်ဖိုးရှိတဲ့လူ

လူတော့လူဘယ်လိုလူလဲ?

ရဲရဲသာဖြေ-----

မလိမ်တန်းဖြေ-----

မညာတန်းဖြေ------

တွေဝေမနေနဲ့ ----

ငါလိုချင်တဲ့အဖြေမူ

လရေးနှစ်ချောင်းငင်လူ

တကယ်တန်ဖိုးရှိတဲ့လူ---------

တိုင်းပြည်အတွက်အသက်ကိုပေးဆပ်၊ဘဝကိုတိုင်းပြည်အပ်၊

ထက်မြတ်တဲ့တန်ဖိုးရှိတဲ့လူများပေါ်ပေါက်နိုင်ကြပါစေ။

မင်းသုည


အပြည့်အစုံဖတ်ချင်ရင်...

မင်းသုညပြောတဲ့ ဘဝအလင်းရောင်




ဘဝအလင်းရောင် ထွန်းလင်းပြောင်ဖို့ 

စာကြည့်တိုက်တော် စာမြေပေါ်ဝယ်

နေ့စဉ်နှင့်မျှ စာဖတ်ကြလော့

စာပေမဖတ် အပြင်းဖက်၍

ရယ်ကာမောကာ နောက်ပြောင်ကာနှင့်

အိပ်စား၍သာ နေခဲ့ပါက

စာပေအသိ ဘာမှမရှိ

ဗလာနတ္ထိ အမိုက်အတိ

လင်းရောင်မရှိ သုညအသိမို့ 

စာပေရေးရာ ဆွေးနွေးရာနှင့်

စီးပွားပညာ ဘာသာသာသနာ

ယှဉ်ပြိုင်ရေးရာ အရာရာတွင်

မျက်နှာပန်းမလှ ရှုံးပွဲရလိမ့်။

ထိုဝယ်သတိ အစဉ်ရှိ၍

နေ့တိုင်းနေ့စဉ် စာဖတ်ရင်ဖြင့်

ဘဝအသိ လင်းရောင်ရှိပြီမို့ 

စီးပွားပညာ ဘာသာသာသနာ

ယှဉ်ပြိုင်ရေးရာ အရာရာတွင်

မျက်နှာပန်းလှလှ အောင်ပွဲရလိမ့်။

မင်းသုည


အပြည့်အစုံဖတ်ချင်ရင်...

ကမ်းတက်တိုက်ပွဲ






လောကဓံကလည်း အနိုင်ကျင့်တယ်
ဘ၀ကလည်း အဖိတ်အစင်များတယ်
ပဋိပက္ခတွေဟာ ဆီလိုအပေါက်ရှာပြီး ထွက်လာကြတယ်။

စားကြတယ်
လူကို လူချင်းစားကြတယ်။

ဘာဖြစ်လို့
ငါ့ချောတိုင်လေးကိုမှ
ဝတ်ဆီတွေ တဗြန်းဗြန်း ပတ်နေရတာတဲ့တုန်း။

အဖတ်ဆယ်မရတဲ့
ခေတ်ကာလကလည်း အရည်ကျဲလွန်းလှတယ်
အဲဒီလို ခေတ်ကာလမှာမှ
အလံစိုက်ဖို့ လူဖြစ်လာရတာဆိုတော့
“ဆကပ်တိုတိုဝတ် အောက်စလွတ်ရင်ဖုံး။”

ဘယ်သူ့ကိုမှ
မြူဆွယ်ဖျားယောင်းတာ မလုပ်ခဲ့ဘူး
ဘယ်သူရဲ့
မြူဆွယ်ဖျားယောင်းတာကိုမှလည်း မလုပ်ခဲ့ဘူး
ငါ့အဓိပ္ပါယ်ကိုငါ ထွန်ယက်တယ်
နေပူမရှောင်
မိုးရွာမရှောင် ထွန်ယက်တယ်။

မက်မက်စက်စက် စိုက်ပျိုးခဲ့တယ်
ငါ့ရဲ့ ယုံကြည်ခြင်းတွေ
ယုံကြည်ခဲ့တယ်
လွန်ခဲ့တဲ့ အနှစ် ၂၀ ကလည်း ယုံကြည်ခဲ့တယ်
ယခုလည်း ယုံကြည်ခဲ့တယ်
အရိုင်းစိုင်းဆုံး ယုံကြည်ခဲ့တယ်
ငါ့သွေးတွေထဲ ၀င်ရောက်နေတဲ့အထိ ယုံကြည်ခဲ့တယ်။

ငါ ပစ္စုပ္ပန်တည့်တည့်မှာပဲနေတယ်
တော်လှန်ရေးဆိုတာ တဦးချင်းကိစ္စပဲတဲ့လား
တကိုယ်တော်ဝါဒနဲ့ တော်လှန်ရေးလုပ်မယ်တဲ့လား
ငါ ဒါကို ရယ်သွမ်းသွေးမိတယ်
တော်လှန်ရေးဆိုတာ စည်းရုံးစုဖွဲ့ခြင်းဖြစ်တယ်
ပစ္စုပ္ပန်ကိစ္စလည်းဖြစ်တယ်
ငါပစ္စုပ္ပန်တည့်တည့်မှ နေတယ်။

ဘာတဲ့ …
ပန်းရောင်ဆိုပါလား
ငါ ဘယ်တော့မှ အနီကို အနက်အစွန်းမခံဘူး
ငါဘယ်တော့မှ ကြက်သွေးရောင် မဖြစ်ခဲ့ဘူး
တရားသေမဟုတ်ဘူး လမ်းညွှန်။

တရားမျှတမှုတွေ မိုးလိုရွာ
အေးချမ်းကြပါစေ
အမှန်တရားတွေ နေလိုသာ
နွေးထွေးကြပါစေ
လူအချင်းချင်းသွေးစုတ်ခြင်း
ကင်းရှင်းကြပါစေ။

သမိုင်းကို မျက်ရည်ခံထိုးလိမ့်မယ်ထင်သလား
ငါ့ရိုးသားမှုကို ငါယုံကြည်တယ်
ပြတ်ပြတ်သားသားကို ယုံကြည်တယ်။

ဘယ်သူတွေ
အကုန်အစင် ရိုးသားခဲ့ကြသလဲ
အကုန်အစင် ရိုးသားသူသာ
အကုန်အစင် ရရှိပေလိမ့်။

ကြေမွရမှာတဲ့လား
ဒီလိုပါပဲ
အထုအထောင်းတွေကြားက
သံမဏိသားကျလာကြတဲ့
ငါ့ရှေ့က ငါ့ချစ်သူတွေကို ငါချစ်တယ်။

ဒါ
ငါတို့ခေတ်တဲ့လား
မဟုတ်ဘူး
ဒါ
ငါတို့ခေတ်မဟုတ်သေးဘူး
ငါတို့ခေတ်ဟာ ဒီလိုဖြစ်ခွင့်မရှိဘူး
ငါတို့ခေတ်ကို ရောက်ဖို့ ငါတို့ထူထောင်ရဦးမယ်။

ညိုထက်(လမ်းသစ်ဦး)


အပြည့်အစုံဖတ်ချင်ရင်...

မြန်မာစစ်အာဏာရှင်တို့ နျူကလီးယား လက်နက် သုံးနိုင် ကြတော့ မည်လား

မြန်မာနိုင်ငံတွင် နျူကလီးယား လက်နက်များ တပ်ဆင်နိုင်ရေး အတွက် မြန်မာ စစ် အစိုးရက ပိုမို အားထည့် ကြိုးပမ်း လာမှုနှင့် အတူ မြန်မာ့ နျူကလီးယား လက်နက် အစီအစဉ်မှာ မကြာမီ နှစ်များ အတွင်း အသက်ဝင် လာဖွယ်

ရှိနေ သည်။ ကျွမ်းကျင်သူ များ၏ အဆိုအရ မြန်မာ နိုင်ငံအတွင်း နျူကလီယား လက်နက်များ ပိုင်ဆိုင်လာနိုင်သော အလားအလာ သည် နောက်ထပ် (၁၀)နှစ်မျှပင် မကြာ နိုင်တော့ကြောင်း သိရှိ ရသည်။ ထို့ကြောင့် ကမ္ဘာ့အဆိုးရွားဆုံး စစ်အာဏာ ရှင် အစိုးရ အဖွဲ့အစည်း တစ်ခု၏လက်သို့ အစုလိုက် အပြုံလိုက် သေစေ နိုင်သော အဖျက် လက်နက် ဆန်းကြီး ရောက်ရှိ သွားနိုင် မှုအပေါ် နိုင်ငံတကာ မှ စိုးရိမ် ထိတ်လန့်မှု မှာလည်း တစစဖြင့် တိုးမြင့် လာနေသည်။

မကြာသေးမီ နှစ်များအတွင်း အနုမြူစွမ်းအင်သုံး ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်နိုင်ရေး မြန်မာအစိုးရဘက်မှ အသည်းအသန် ဆောင်ရွက်လာမှုနှင့်အတူ မြန်မာနိုင်ငံအနေနှင့် နျူကလီးယား လက်နက်ဆိုင်ရာ လျှို့ဝှက်စီမံကိန်းကြီး တစ်ခုကို အသက်သွင်းနေပြီဆိုသည့် အတည်မပြုနိုင်သော သတင်းများလည်း ထွက်ပေါ် လာခဲ့သည်။ ထိုအခြေအနေသည် ကောလဟာလတစ်ခုအဖြစ် သတ်မှတ်နိုင်သလို သတင်းမှန်သာ ဖြစ်ခဲ့မည်ဆိုပါက အရှေ့တောင် အာရှ ဒေသတစ်ခုလုံး၏ ရပ်တည်မှုအပေါ် ကြီးမားသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း ကမ္ဘာ့နိုင်ငံရေး သုတေသီများက သုံးသပ် ပြောဆိုထားကြသည်။

မြန်မာနိုင်ငံသည် မူလက ကမ္ဘာ့အင်အားကြီး ရုရှားနိုင်ငံ၏ အကူအညီကို ရယူခဲ့သော်လည်း နောက်ပိုင်းတွင်မူ အဆိုးရွားဆုံး စစ်အာဏာရှင်စနစ် ကျင့်သုံးနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သော မြောက်ကိုရီးယားနှင့် လက်တွဲလာခဲ့သည်။ ကမ္ဘာ့အပယ်ခံ နိုင်ငံနှစ်ခု၏ အစိုးရချင်း ရင်းနှီးလာမှုနှင့်အတူ မြန်မာ့နျူကလီးယား လက်နက်အိပ်မက်မှာ ပိုမိုလျင်မြန်စွာ အကောင်အထည် ပေါ်လာဖွယ်ရှိသည်။ မြန်မာနိုင်ငံသည် ရုရှားနှင့် တရုတ်နိုင်ငံများမှ အကူအညီများ မျှော်လင့်နေသည့်တိုင် ထိုနိုင်ငံကြီးများမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ထိတွေ့ဆက်ဆံနေမှုကြောင့် ကမ္ဘာ့လူမုန်းအများဆုံး မြန်မာစစ်အစိုးရအား အင်တိုက်အားတိုက် ကူညီထောက်ပံ့ရေးတွင် အကန့်အသတ်များ မလွဲမသွေ ကြုံရမည် သာဖြစ်သည်။

သို့သော်လည်း မြောက်ကိုရီးယားမှာမူ ကွဲပြားသော အခြေအနေတွင် ရပ်တည်နေသည်။ သမ္မတ ကင်မ်ဂျုံအီလ်အုပ်ချုပ်သော အထီးကျန် နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံး လက်နက်နိုင်ငံတော်တစ်ခု ဖြစ်နေပြီး နိုင်ငံတကာ ဖိအားပေးမှုများကို မျက်ကွယ်ပြုလေ့ရှိသဖြင့် မြန်မာအစိုးရ မျှော်မှန်းသော နျူကလီးယားလက်နက် စီမံကိန်းအား စိတ်ပါလက်ပါ ကူညီလာဖွယ်ရှိသည်။ ထိုကဲ့သို့ မြောက်ကိုရီးယားနှင့် ရင်းနှီးစွာ ဆက်ဆံလာနိုင်ခြင်းကြောင့် မြန်မာ့နျူကလီးယား လက်နက်များ ထုတ်လုပ်ရေး စီမံကိန်းမှာ ပိုမိုလျင်မြန်စွာ အကောင်အထည် ပေါ်လာနိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံမှ လေ့လာသူများက အိမ်နီးချင်း နိုင်ငံအတွင်း နျူကလီးယားဆိုင်ရာ နည်းပညာများ ပြန့်ပွားမှုသည် လျင်လျင်မြန်မြန် တိုးတက်လာနေကြောင်း သတိပေးခဲ့သည်။

ကုလသမဂ္ဂနှင့် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများသည် အီရန်ကဲ့သို့ နျူကလီးယားလက်နက် စမ်းသပ်နေသည့် နိုင်ငံများကို သံတမန်နည်းဖြင့် တားဆီးနိုင်ရန် ကြိုးစားနေတတ်ပြီး ပိုမိုတိုက်ရိုက်ကျသော အရေးယူမှုမျိုး ပြုလုပ်ရန် ဆုတ်ဆိုင်းနေသည့် သာဓကများက မြန်မာအစိုးရအား နျူကလီးယား ထုတ်လုပ်မှုကို အကြောက်အလန့်မရှိ ဆောင်ရွက်နိုင်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်လျက်ရှိသည်။
အချို့သော နိုင်ငံရေး သုတေသီများက မြန်မာနိုင်ငံ၏ နျူကလီးယား စီမံကိန်းမှာ ထင်သလောက် မဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပုံကြီးချဲ့ပြီး အစိုးရိမ်လွန်နေကြောင်း ဝေဖန်ခဲ့သည်။ အမှန်ဆိုလျင် မြန်မာနိုင်ငံသည် နျူကလီးယားဆိုင်ရာ လုပ်ငန်းများကို (၁၉၅၆)ခုနှစ်ကတည်းက စတင်လာခဲ့ပြီးဖြစ်သည်။ ရန်ကုန်မြို့တွင် ထိုအချိန်ကတည်းက မြန်မာ့အက်တမ်စွမ်းအင်စင်တာ (UBAEC) ကို ဖွင့်လှစ်ထားခဲ့ပြီး (၁၉၆၂)ခုနှစ် ဗိုလ်ချုပ်နေ၀င်း ဦးဆောင်သော စစ်အစိုးရ အာဏာသိမ်းမှု အပြီးတွင်မူ အဆိုပါစင်တာ၏ အခန်းကဏ္ဍမှာ မှေးမှိန်သွားခဲ့သည်။ ကာလကြာညောင်းပြီးနောက် (၂၀၀၁) ခုနှစ်၊ ဖေဖေ၀ါရီလမှ စတင်ပြီး လက်ရှိစစ်အစိုးရ အာဏာပိုင်များက နျုကလီးယား လက်နက်များ ထုတ်လုပ်နိုင်ရေးကို ပြန်လည်အာရုံကျလာသည်။

ရုရှားနိုင်ငံ အက်တမ်စွမ်းအင် ၀န်ကြီးဌာနက မြန်မာနိုင်ငံအတွင်း (၁၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်နိုင်ရန် အကူအညီပေးသွားမည်ဟု အတည်ပြု ကြေငြာခဲ့သည်။ ထိုအခြေအနေသည် တစ်ကမ္ဘာလုံးအတွက် မြန်မာ့နျူကလီးယား အကောင်အထည် ဖော်နေမှုကို အာရုံစိုက်လာစေမည့် အချက်ပေး ခေါင်းလောင်းသံလည်း ဖြစ်သည်။ ထိုနှစ် ဇူလိုင်တွင်မူ စွမ်းအင်နှင့် သိပ္ပံဆိုင်ရာ ၀န်ကြီးဦးသောင်း၏ လက်အောက်ခံ အဖွဲ့တစ်ခု ဖြစ်နိုင်ဖွယ်ရှိသော နျူကလီးယားစွမ်းအင်ဌာနကို စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက်တွင်တော့ မြန်မာ့ကာကွယ်ရေး အကယ်ဒမီ(DSA)မှ ဘွဲ့ရအရာရှိများကို ရုရှားသို့ နျူကလီးယားဆိုင်ရာ ပညာတော်သင်များအဖြစ် စေလွှတ်ခဲ့တော့သည်။
(၂၀၀၂)ခုနှစ်၊ ဇန်န၀ါရီလ (၂၁)ရက်နေ့တွင် ထိုစဉ်က မြန်မာ့စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် ကျော်ဝင်းက မြန်မာနိုင်ငံသည် နျူကလီးယား စွမ်းအင်ထုတ်လုပ်နိုင်မှုအပေါ် အာရုံစိုက်သွားမည်ဖြစ်ကြောင်း အတည်ပြု ကြေညာသွားခဲ့သည်။ နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ခေါင်းစဉ်တပ်ပြီး ဖော်ပြခဲ့သော်လည်း စစ်အစိုးရ၏ အစစ်အမှန် ရည်မှန်းချက်ကို တစ်ကမ္ဘာလုံးက သံသယရှိလာနေခဲ့သည်။ စစ်အစိုးရ ထိပ်တန်းအရာရှိများထံမှ စက်မှုလုပ်ငန်းများ လည်ပတ်နိုင်ရေး စွမ်းအင်ကို နျူကလီးယားမှ ထုတ်လုပ်ရန် ရည်ရွယ်ပါကြောင်း လေသံပစ်လာကြသည့်တိုင် မြန်မာနိုင်ငံ စစ်အစိုးရသည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုမည်မှာ သေချာပါသည်ဟု အာမခံဝံ့သူ မရှိခဲ့ချေ။ ရေအားလျှပ်စစ် အပါအ၀င် နိုင်ငံ၏ စွမ်းအင်ထုတ်လုပ်မှု မလောက်ငသည့် အခြေအနေများကြောင့် နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်သွားရန် ကြံစည်နေပါသည်ဟု စစ်အစိုးရက ပြောဆိုနေသည့်တိုင် နိုင်ငံတိုင်းက သံသယ မျက်လုံးများဖြင့် စူးစမ်းနေဆဲဖြစ်သည်။
နောက်ပိုင်းတွင် နျူကလီးယား ဓာတ်ပေါင်းဖိုကို ဆေးပညာ လေ့လာမှုအတွက်ပါ အသုံးချသွားမည်ဟု ပြောင်းလဲပြောဆိုလာပြန်သဖြင့် စစ်အစိုးရ၏ မူရင်းရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ရန် ပိုမိုရှုပ်ထွေး လာတော့သည်။ သို့သော်လည်း လေ့လာသူများက ရုရှား၏ အကူအညီဖြင့် မြန်မာအစိုးရသည် အနည်းဆုံး (၅)မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဓာတ်ပေါင်းဖိုတစ်ခုလောက် အနည်းဆုံး တည်ဆောက်နိုင်ရန် မရမက ကြိုးပမ်းမည်ဖြစ်ပြီး ထိုမှတဆင့် လက်နက်ထုတ်လုပ်နိုင်သည်အထိ နျူကလီးယား သန့်စင်မှုဆိုင်ရာ နည်းစနစ်များကို မြောက်ကိုရီးယားထံမှ မှီခိုရယူနိုင်ဖွယ်ရှိကြောင်း သုံးသပ်ထားသည်။

ထိုအခြေအနေများကြောင့် နိုင်ငံတကာ နျူကလီးယားလက်နက် မပြန့်ပွားရေး ထိန်းချုပ်မှု အဖွဲ့အစည်းများအတွက် အဆုံးဖြတ်ရ ခက်ခဲသော စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်လာရသည်။ လက်ရှိအချိန်သည် အမေရိကန်အနေနှင့် အီရန်၏ နျူကလီးယား အစီအမံများအပေါ် အပြည့်အ၀ အာရုံစိုက်နေသဖြင့် မြန်မာနိုင်ငံအတွင်း နျူကလီးယားဆိုင်ရာ လုပ်ငန်းဆောင်တာများ မည်မျှတိုးတက်နေသည်ကို ထောက်လှမ်းနိုင်ရန် အချိန်မပေးနိုင်ခဲ့ပေ။ ထို့အပြင် ရုရှားနှင့် တရုတ်တို့ကဲ့သို့ ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ ကျောထောက်နောက်ခံ အင်အားကို ရရှိထားသည့် မြန်မာနိုင်ငံ၏ နျူကလီးယား အစီအမံများကို ခိုင်မာသော အထောက်အထား မပြနိုင်ဘဲ ကန့်ကွက်ရှုတ်ချနိုင်ရေးမှာ အမေရိကန်အတွက် အလွန်သတိထားရမည့် ခြေလှမ်း တစ်ခုဖြစ်သည်။ ထို့အပြင် ဆာဒမ်ဟူစိန်သည် အစုလိုက်အပြုံလိုက် သေစေတတ်သော လက်နက်ဆန်းများ သေချာပေါက် ထုတ်လုပ်နေသည်ဟူသော စွပ်စွဲချက်ဖြင့် အီရတ်ကို ကျူးကျော်သိမ်းပိုက်ပြီးမှ မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ သတင်းမှားကို ယုံစားမိသည့် အပြစ်အတွက် လက်ညှိုးထိုးခံရမှုမျိုး နောက်တစ်ကြိမ် ကြုံရမည်ကို အမေရိကန် ပြည်ထောင်စု အစိုးရအနေနှင့် ၀န်လေးနေမည်သာဖြစ်သည်။

ထိုနောက်ခံဖြစ်ရပ်များ အားလုံးတို့ကို အခွင့်ကောင်းယူကာ မြန်မာအစိုးရအနေနှင့် ၎င်း၏ရည်မှန်းချက် ပန်းတိုင်ဆီသို့ တိတ်တဆိတ် ချီတက်နေဖွယ်ရှိသည်။ အကယ်၍သာ မြန်မာနိုင်ငံ အစိုးရတွင် အဖျက်စွမ်းအား အလွန်ကြီးမားပြင်းထန်သည့် နျူကလီးယား လက်နက်ကြီးများ အမှန်တကယ် ပိုင်ဆိုင်ခွင့် ရလာတော့မည်ဆိုလျင် ကမ္ဘာတစ်ခုလုံး ကျီးလန့်စာစား ဖြစ်လာရမည်မှာ မလွဲနိုင်ပေ။ ထိုအကြောင်းကို ကမ္ဘာ့နိုင်ငံများမှ အစိုးရတိုင်း သဘောပေါက်ကြပါသည်။ သို့သော်လည်း ထိုသို့မဖြစ်လာစေရေး မည်သို့ထိန်းချုပ်ရပါမည်နည်း။ လက်နက်ကိုင် အာဏာသိမ်းခဲ့သော အစိုးရအဖွဲ့တစ်ခုသည် နျူကလီးယား စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချပါမည်ဟု ကြွေးကြော်လျက်ရှိသည်။ အမှန်လား၊ အမှားလားဆိုသည်ကိုမူ ကာယကံရှင် စစ်အစိုးရသာ အသိဆုံးဖြစ်ပေလိမ့်မည်။ ငြိမ်းချမ်းမှုကို လိုလားသော ကမ္ဘာ့နိုင်ငံများအတွက် မြန်မာ့နျူကလီးယား ပြဿနာမှာ အနာသိလျက် ဆေးအရှာခက်နေသော အခြေအနေ တစ်ရပ်သာ ဖြစ်ပါတော့သည်။


အပြည့်အစုံဖတ်ချင်ရင်...

Friday, December 26, 2008

အညံ့ခံကာနေကြတော့မှာလား


မြန်မာဟာ ကမ္ဘာမှာ
ချာတာတာနဲ့နေလာတာမဟုတ်
တကယ်တိုက်ထုတ်ခဲ့ကြလို့
နယ်ချဲ့ယုတ်တွေဆွေး
ဒို့ပြည်ကပြေးခဲ့ရပေါ့၊

တချိန်ကရွှေမြန်မာ အာရှမှာဆိုရင်
အထင်မသေးရဲကြ
မော်လို့ကြည်ကြရပေါ့၊

ဒီလိုနဲ့မျိုးယုတ်နေ၀င်း
ဇွတ်အတင်းအုပ်ချုပ်
အမျိုးယုတ်စစ်အစိုးရအောက်
ဟောတစ်ယောက်ဟောတစ်ယောက်
ဒို့တတွေကျရောက်ကာမှ
ဒို့ရွှေမြန်မာတွေရဲ့ဘဝ
ထုံအအချာတာတာ ဟာတာတာနဲ့
လူရာမ၀င်အထင်သေးကြ
ကမ္ဘာ့အလယ် မျက်နှာငယ်ရ
အိုဘယ့်ဒုက္ခ အိုဒုက္ခ---

ဒါတွေကိုပြန်စစ်ကြည့်
ဒို့မှာတာဝန်ရှိတယ်
ဒို့မှာ အင်္ဂါခြေလက်စုံပါလျက်လည်း
ဘာမှမတွန်းလှန်ခေါင်းငုံ့ခံကာ
ဒို့လက်ထက်ကြမှရွှေမြန်မာ
အညံ့ခံကာနေကြတော့မှာလား။

န.အ.ဖ စစ်အာဏာရှင်ကြီးများအား တစ်နိုင်ငံလုံးလှည်းနေ လှေအောင်းမြင်းစောင်းမကျန်တက်ညီလက်ညီဖြင့်ဝိုင်းဝန်းတွန်းလှန်ပစ်ကြပါစို့ဟုတိုက်တွန်းရင်း--
တော်လှန်ရေးသစ္စာဖြင့်
မင်းသုည


အပြည့်အစုံဖတ်ချင်ရင်...

ထောင်ချသော်လည်း ကြောက်ရွံ့နောက်တွန့်မည် မဟုတ်



ဇာနည်
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 24 2008 19:15 - မြန်မာစံတော်ချိန်


(သတင်းစာဆရာကြီး ဦးဝင်းတင်နှင့် ဆက်သွယ်မေးမြန်းချက်)

ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ဝေးထောင်များတွင် ထောင်ဒဏ်များ ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများထံ သွားရောက်တွေ့ဆုံကာ အားပေးနေသော နှစ်ရှည် နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်တင်က 'အကျဉ်းသား မိသားစုများပါ ဒုက္ခရောက်နေသဖြင့် ၀ိုင်းဝန်းကူညီကြရန်' ယနေ့ တိုက်တွန်းလိုက်သည်။

သို့သော်လည်း ဆင်းရဲလှသည့် မိသားစုဝင်များအနေဖြင့် အားငယ်သွားခြင်း၊ အားလျော့သွားခြင်း မရှိသလို၊ ထောင်ချသည့်အတွက်လည်း အာဏာပိုင်များကို ကြောက်ရွံ့သွားမည်၊ တွန့်ဆုတ်သွားမည် မဟုတ်ကြောင်း ဆရာကြီးက ပြောသည်။

ဒီမိုကရေစီရေး လှုပ်ရှားနေသူများအနေဖြင့် အသံညီညီဖြင့် လက်တွဲလုပ်ဆောင်ပါရန် တိုက်တွန်းလိုက်သေးသည်။

နိုင်ငံရေးအကျဉ်းသား မိသားစုများထံ သွားရောက်အားပေးနေသည့် အခြေအနေနှင့် သူ့အမြင်များကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ဇာနည်က မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။ ။ ဘဘ အခု အကျဉ်းကျနေတဲ့ သူတွေရဲ့ မိသားစုတွေကို လိုက်တွေ့နေတယ်လို့ သိရပါတယ်။ ဘယ်လိုကြောင့် အခုလို လိုက်တွေ့ဖြစ်တာလဲဆိုတာ သိပါရစေရှင့်။

ဖြေ။ ။ ဒီဥစ္စာက ဘယ်လိုလဲဆိုတော့ ကျနော်ကိုယ်တိုင် ထောင်ထဲမှာ အနှစ် ၂၀ လောက် နေခဲ့ရတာဗျာ။ အဲဒီမှာ အဖွဲ့ချုပ်ကရော၊ နောက် အားလုံးကရော ၀ိုင်းကူညီကြတယ်။ အားပေးတယ်၊ သတိရတယ်လို့ ပြောတယ်။ တခါတလေလည်း မုန့်ဘာညာ စသည်ပေါ့ဗျာ လာလာပြီးတော့ ပေးကြတယ်။ ငပိကြော်ဖြစ်ဖြစ်ပေါ့။ ဒီလိုနဲ့ ကျနော် အနှစ် ၂၀ ကို ဖြတ်သန်းခဲ့ရတာ။

ဆိုတော့ ဒီလူတွေရဲ့ကျေးဇူး၊ ဒီလူတွေရဲ့ လုပ်ရပ်ကို မမေ့နိုင်ဘူး။ ကျနော့် ပေးတဲ့သူက မောင်ဖြူ ဖြစ်ပေမယ့်လို့ ကျနော် ပြန်ပေးတာက မောင်မဲဆိုရင်လည်း ဒါက မောင်ဖြူကို ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားတယ်လေ။ ဘာလို့လဲဆိုတော့ ဒါက လူတိုင်း ၀ိုင်းလုပ်ပေးလို့ ကျနော် အသက်ရှည်လာတာဗျ။ ထောင်ထဲမှာက အသက်ရှည်နိုင်စရာ မရှိဘူး။ ဒီအစိုးရရဲ့ ဖိနှိပ်မှုတွေ ချုပ်ချယ်မှုတွေ ခံနေရတာ။ ဒါတောင် ကျနော် ညှဉ်းဆဲခံရတာတွေ ထည့်မပြောသေးဘူး။ ဒီအစိုးရ ဒီလောက်ကြပ်မတ် ချုပ်ချယ်ထားတဲ့ အထဲမှာ တယောက်ထဲ ပိတ်နေတဲ့အခါတွေမှာ ကျနော် အသက်ရှည်စရာအကြောင်း မရှိဘူး။

ဒီလို ကျနော့်ကို အားပေးတဲ့ လူတွေ၊ ကျနော့်ကို သတိရတဲ့လူတွေကြောင့်သာ ကျနော် အသက်ရှည်ခဲ့တာဗျ။ ဒါကြောင့် ဒီနေ့ ကျနော်သွားကူနေတယ်၊ ဘာညာဆိုတာက ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရကို လုပ်တာ။ တော်တော့်ကိုတော့ မောတယ်ဗျာ။ ဒါပေမဲ့ ကျနော် တတ်နိုင်သမျှ လုပ်မှာပါပဲ။ ကျနော် ဘယ်ကမှ ပိုက်ဆံ ရလို့တော့ မဟုတ်ဘူး။ ကျနော့ မိတ်ဆွေတွေ ထောက်ပံ့တဲ့ လမ်းစရိတ်ကို ကျနော် ချွေတာပြီး လိုင်းကားစီးပြီး သူတို့ကို မုန့်လေး ဘာလေး ၀ယ်ပြီး ပေးတယ်။ ဒါပါပဲ။

မေး။ ။ ဘဘ ဒီလိုသွားတော့ သူတို့ မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာ အခြေနေတွေကို ဘယ်လိုတွေ့ခဲ့ရပါလဲရှင့်။

ဖြေ။ ။ ကျနော်ပြောချင်တာတော့ နှစ်ချက် သုံးချက် ရှိမယ်ဗျ။ တချက်က လူတိုင်းက သိပ်ပြီးတော့ ကျနော်တို့ ထင်သလို စိတ်ပျက် အားငယ်နေတာတော့ မရှိဘူးဗျ။ လူတိုင်းက တက်ကြွနေတယ်။ ကျနော်တို့ လာတဲ့အတွက်လည်း ပိုပြီးတော့ ထက်သန်တက်ကြွနေတယ်။ ၀မ်းသာနေတယ်။ ကျနော် အဲဒါကို တွေ့ခဲ့ရတယ်။ နောက်တချက်က ဘယ်လိုလဲဆိုတော့ ဒီထဲမှာက တချို့ တောင့်တောင့်တင်းတင်းပေါ့ဗျာ၊ စီးပွားရေးအားဖြင့် တောင့်တင်းပုံပေါ်တဲ့ မိသားစုများထက် တော်တော်ဆင်းရဲတဲ့သူတွေကို သွားတွေ့တယ်ဗျ။ အဲဒီ အခါကျတော့ ကျနော်တော့ ဒီအစိုးရလုပ်တဲ့ပုံကို သိပ်ပြီးတော့ စိတ်ထဲ စိတ်ပျက်တယ်ဗျာ။

ဘာလို့လဲဆိုတော့ ကျနော်ပြောတာက အကျဉ်းသားတွေ ထောင်ကျတယ်။ နိုင်ငံရေး လုပ်တဲ့အတွက် ထောင်ကျမယ်ဆိုတာ နိုင်ငံရေးသမားတိုင်း နားလည်ပြီးသား ကိစ္စ။ ဆိုပါတော့ ကျနော်ဆို ထောင်ပြန်ကျလည်း ရယ်ဒီပဲ။ ကျနော် ဒီနေ့အထိလည်း ထောင်အ၀တ်အစား အပြာရောင်တို့ ဘာတို့ပဲ ၀တ်နေတာပဲ၊ ဘာမှလည်း တွန့်ဆုတ်မှု မရှိဘူး၊ ဘာမှလဲ ဂရုမစိုက်ဘူး။ ကျနော် လုပ်စရာရှိတာ ကျနော် လုပ်နေတာပဲ။ အဲဒီတော့ နိုင်ငံရေး အကျဉ်းသားတိုင်းအတွက်ကလည်း ထောင်ကျတယ်ဆိုတာ မဆန်းဘူးဗျ။ ဒါပေမဲ့ ဒီအစိုးရက သိပ်ပြီးတော့ကို တော်တော့်ကို ဆိုးဆိုးဝါးဝါး လုပ်တာပဲ။

ကျနော် စဉ်းစားကြည့်တယ်။ ခုနက ပြောတဲ့ တချက်ပေါ့ဗျာ။ မိသားစုတွေက တော်တော်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲတဲ့ အခါကျတော့ ဒီလောက်ဆင်းရဲတဲ့ မိသားစုတွေက ဘယ်လိုဖြစ်လဲဆိုတော့ အဝေးမှာ ထောင်တွေက ကျတယ်ဆိုတော့ ဥပမာဆို ပူတာအိုကျတဲ့ မိသားစု ပါတယ်ပေါ့။ တနေ့က ကျနော် ဒေါပုံနယ်ထဲ သွားတယ်။ အဲဒီမှာ လေး၊ ငါး ဆယ်အိမ်လောက်သွားတာဆိုတော့ အဲဒီက လူတွေက တော်တော့်ကို ဆင်းရဲတယ်ဗျာ။ ဆင်းရဲလိုက်တာမှဗျာ အိမ်လေးတွေကလည်း ကျဉ်းကျဉ်းလေးတွေ။ ဒါပေမဲ့ သူတို့ စိတ်ဓာတ်အားဖြင့်တော့ မကျဘူး။ မကျဘူး ဆိုပေမယ့်ဗျာ စိတ်တော့ နည်းနည်းလေး ညစ်နေတာပေါ့။

စိတ်ညစ်တယ်ဆိုတာက ခင်ဗျားတို့ စဉ်းစားကြည့်လေ။ ဒီထဲမှာ ကလေးတယောက်က ပူတာအိုသွားရမယ်ဆိုပြီး ပါတယ်။ စစ်တွေကို သွားရမယ့်သူတွေ ပါတယ်။ အဲဒီဟာတွေဟာ ခရီးစရိတ်ကထား၊ ICRC က ကူတယ် ဆိုသော်ငြားလည်း၊ ခင်ဗျား ဒီခရီးက စားရေးသောက်ရေး၊ နေရေးထိုင်ရေး ရှိသေးတယ်။ ဘာလို့ဆိုတော့ အဲဒီကို သွားတာ တပတ်နှစ်ပတ်ကြာတယ်။ အဲဒီတော့ သူတို့ စားရေးသောက်ရေးက ဟိုမှာတင် အခက်အခဲရှိရုံ မဟုတ်ဘူး။ သူတို့ ရန်ကုန်မှာက နေ့စား လက်လုပ်လက်စားတွေဗျာ။ သူတို့ ဘာမှ အလုပ်မလုပ်နိုင်ဘူး။ နိုင်ငံရေး လုပ်တဲ့သူတင် ထောင်ကျတာ မဟုတ်ဘူး။ မိသားစုပါ ဒုက္ခရောက်နေတာဗျာ။ ၀ိုင်းကူနိုင်ရင် ကူကြပါ ကူနိုင်အောင်လည်း လုပ်ကြပါလို့ ကျနော် တိုက်တွန်းချင်တယ်။

မေး။ ။ အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရတာတွေ၊ နောက် နယ်ဝေးက ထောင်တွေကို ပို့ခံရတာတွေ အပေါ် ဘယ်လိုမြင်ပါသလဲ ဘဘ။

ဖြေ။ ။ အဲဒါက အစိုးရ အနေနဲ့က မလုပ်ကောင်းတာပဲဗျာ။ ထောင်ချချပေါ့ဗျာ။ မိသားစုပါ ဒုက္ခရောက်အောင်တော့ မလုပ်ကောင်းဘူးပေါ့ဗျာ။ ကျနော်တော့ အဲလိုပဲ သဘောရတယ်ဗျ။ တမင်နှိပ်စက်တာပေါ့ဗျာ။ လူတွေကို အကျဉ်း နှစ်ပေါင်းများစွာ ချတယ်။

စဉ်းစားကြည့်ဗျာ။ လူသတ်မှု ကျူးလွန်တာတောင် ထောင်ဒဏ် နှစ်၂၀ စသည်လောက်ပဲ ကျနိုင်တယ်။ အဲဒါမျိုးတွေကို၊ လူတွေကို ထောင်ဒဏ် နှစ် ၆၀ တွေဘာတွေ ချတယ်ဆိုတာက ရှင်းရှင်းပြောရင် ဒါက လူတွေကို မတရားသဖြင့် လုပ်တာပဲဗျ။ တရားဥပဒေနဲ့ အညီလုပ်တာ မဟုတ်ဘဲ မတရားသဖြင့် လုပ်တာပဲဗျ။

မနေ့တနေ့က လူငယ်တယောက်ဆိုရင် တနေရာကို ၃ နှစ်လောက်ကျတာ။ ၀န်ထမ်းတယောက်နဲ့ ပတ်သက်တယ်ဆိုပြီးတော့လား မသိဘူး။ သူ့ကို ၃ မှုနဲ့ ထောင်ဒဏ် ၉ နှစ် ချတယ်ဗျာ။ ဒါမျိုးက မလုပ်ကောင်းတဲ့ အလုပ်တွေပဲ။ တရားစီရင်ရေးဟာ တရားသဖြင့် မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ။ ထားတော့ ဒါကတော့ အကျဉ်းသားတွေကို ထောင်ချတဲ့အတွက် ကျနော်ကတော့ မပြောချင်ဘူး။ များတာ နည်းတာလည်း ဂရုမစိုက်ပါဘူး။

နိုင်ငံရေးသမား ထောင်ချတာလည်း ကျနော်က သိပ်ပြီး မပြောချင်ဘူး။ နိုင်ငံရေးသမားကတော့ ထောင်ကျရင်ကျမယ် လုပ်တာပဲ။ ဒါပေမဲ့ မိသားစုကိုတော့ ဒီလောက်ကြီး မညှဉ်းဆဲကောင်းဘူးဗျ။ စဉ်းစားကြည့်လေ။ တရားသဖြင့်လည်း မဟုတ်ဘူးဗျာ။ မိသားစုကို ဒုက္ခရောက်အောင် ထပ်လုပ်တယ်။ ဒါလုပ်ကောင်းသလားဗျာ။

အောက်ဗမာပြည်က အကျဉ်းသားကို ပုသိမ်ပို့တာတို့၊ ဖျာပုံပို့တယ်။ ဘားအံပို့တယ်ဆို ထားအုံး။ နောက် အင်းစိန်ထောင်မှာ မတရားနဲ့ ထောင်ကျနေတဲ့သူတွေ များလွန်းလို့ နေရာမရှိဘူး။ နေရာမရှိလို့ အဝေးပို့ရတယ်ဆို တော်သေးတယ်။ ဘယ့်နှယ်ဗျာ အောက်ဗမာပြည်က လူကို ပူတာအိုပို့တယ်ဆိုတာတော့ တရားလွန်တာပေါ့။ ကျနော်ကတော့ ဒီလိုပဲ သဘောရပါတယ်။

မေး။ ။နိုင်ငံရေးလှုပ်ရှားတဲ့ သူတွေကို အခုလိုမျိုး နှစ်ရှည်ထောင်ဒဏ်တွေချတာ အဝေးက ထောင်တွေကို ပို့တာတွေ လုပ်တော့ နိုင်ငံရေး လှုပ်ရှားမှုတွေက အရှိန်လျော့သွားနိုင်ပါသလား ဘဘ။

ဖြေ။ ။ မလျော့ဘူး မနည်းသွားဘူး။ ကျနော်ကတော့ စိတ်အားထက်သန်နေလို့လားတော့ မသိဘူး။ ကျနော်တော့ နည်းမယ်လို့ မထင်ဘူး။ ဘာလို့ ကျနော် ဒီလိုပြောနိုင်လဲဆိုတော့ အထောက်အထားမရှိ၊ စိတ်ကူးစိတ်သန်းနဲ့ ပြောနေတာ မဟုတ်ဘူး။ အခု ကျနော် သွားတွေ့တဲ့ မိသားစုတွေဆိုရင် တော်တော်ကို ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေ ဖြစ်ပေမယ်လို့ အကုန်လုံးက မျက်ရည်တပေါက် မကျဘူး။ ဘယ်သူကမှ စိတ်အားပျက်တဲ့စကား မပြောဘူး။ မိဘတွေကလည်း သူတို့ကို ထောက်ခံနေတုန်းပဲဗျ။ မိဘတွေကလည်း ဘာမှ စိတ်ပျက်တာ မရှိဘူး။

အဲဒီတော့ ကျနော်ထင်တယ် ဒီလို ထောင်ချတဲ့အတွက်နဲ့တော့ လူတွေက ပိုပြီးတောင် ထက်သန်လာတယ်။ အိမ်တအိမ်ဆိုရင် မိခင်တယောက်က ပြောတယ်။ 'အခု ကလေးတွေ ကြည့်ရတာတဲ့၊ ထောင်တွေ အရမ်းချတာတောင်မှ ပိုတောင်မှ စိတ်အားထက်သန်နေတယ်' တဲ့။ တက်ကြွနေတယ်ပေါ့လေ။ ဆိုတော့ ကျနော်က အထောက်ထားမဲ့ ပြောတာ မဟုတ်ဘူး။ ကျနော့ ကိုယ်တွေ့ပေါ့လေ။ မြင်တွေ့နေရတယ်။

ဆင်းရဲတဲ့ မိသားစုတွေထဲမှာ အားငယ်သွားခြင်း၊ အားလျော့သွားခြင်းဆိုတာ ဘာမှ မရှိဘူးဗျ။ အဲဒီတော့ ကျနော်ပြောနိုင်တယ်။ ဒီလိုထောင်ချတဲ့အတွက်နဲ့ကတော့ သူတို့ကို ဘယ်သူမှ ကြောက်မှာလည်း မဟုတ်ဘူး။ ဘယ်သူမှလည်း ဂရုမစိုက်ဘူး။ ဘယ်သူမှ ဂရု မစိုက်ဘူးဆိုတာက အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ကျောင်းသားလူငယ်တွေ မကဘူး၊ ပြင်ပမှာရှိနေတဲ့ သူတို့ မိဘတွေကလည်း ဘာမှကို ဂရုစိုက်မှာ မဟုတ်ဘူး။ ဘာမှ ကြောက်မှာ မဟုတ်ဘူး။ ဘာမှ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ပဲ ပြောချင်တယ်။

မေး။ ။ ဘဘ ဒီလို အကျဉ်းကျသူတွေရဲ့ မိသားစုတွေကို လိုက်တွေ့တော့ အာဏာပိုင်တွေဘက်က စောင့်ကြည့်တာတွေ၊ နှောင့်ယှက်တာတွေရော ရှိပါသလား ဘဘ။

ဖြေ။ ။ ဟာ အများကြီးပေါ့ဗျာ၊ အများကြီးပေါ့ဗျာ။ တနေ့က ကျနော် မြောက်ဥက္ကလာဘက်သွားတာ။ ထွက်ထားတဲ့ ကျောင်းသားလူငယ် ၁၄ ယောက်လောက်ပါတယ်။ ဒါပေမယ့်ဗျာ ကျနော်တို့ကို နောက်ကနေ အမြဲတမ်း လိုက်နေကျက ထောက်လှမ်းရေးက လူ ၂ ယောက်လောက် မော်တော်ဆိုင်ကယ် ၂ စီးလောက်ပဲ ရှိတာ။ အဲဒီနေ့ကဆို ဆိုင်ကယ်က အားလုံးပေါင်း ၉ စီးလောက်ရှိတယ်။ နောက်ထပ် ၇ စီး ရောက်လာတယ်။ ကျနော်တို့လည်း လူတော့ နည်းနည်းတော့ များတယ်ပေါ့ဗျာ။

ဒါပေမယ်လို့ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ လူတွေက ၀ိုင်းကြည့် ဘာညာနဲ့ပေါ့ဗျာ။ ဘာလို့ဆိုတော့ ဒီနေရာ၊ ဒီအိမ်မှာကတော့ အကျဉ်းကျနေတဲ့ ဘယ်သူဘယ်ဝါဆိုတာ အန်အယ်လ်ဒီက လူတွေ အိမ်ဆိုတာတွေက သူတို့ သိကြတယ်။ အဲဒီ သိတဲ့အထဲမှာ ထပ်ပြီးတော့ သူတို့တွေက မော်တော်ဆိုင်ကယ်တွေ ဘာတွေနဲ့ 'တဘွန်းဘွန်း' လုပ်တဲ့ အခါကျတော့ လူတွေက ၀ိုင်းကြည့်ဘာကြည့်။

အဲဒီတော့ ကျနော်ပြောချင်တာက အကြောင်းကြောင်းကြောင့် ဆူတာပူတာတို့ လှုပ်လှုပ်ရှားရှားဖြစ်တာတို့ အော်တာဟစ်တာဖြစ်ရင် သူတို့တာဝန်က ပိုများတယ်လို့ ထင်တယ်ဗျ။ ဘာလို့ဆို ကျနော်တို့ကတော့ အကျဉ်းကျတဲ့သူတွေ ရဲဘော်တွေ ကိုယ့်မိတ်ဆွေတွေ ဟုတ်လား။ နောက် ကိုယ့်အဖွဲ့အစည်းက လူတွေအနေနဲ့ ကျနော်တို့ သွားပြီး နှုတ်ဆက်တာပဲ အားပေးတာပဲ။ ဒါ့အပြင် မပိုဘူး။ ကျနော်တို့ အေးအေးဆေးဆေး သွားပြီးတော့ တွေ့တယ်။ တခါတလေ ကျနော်တို့ ဒီက တယောက် နှစ်ယောက်ပဲ သွားတယ်။ တခါတလေတော့လည်း များတယ်ပေါ့ဗျာ။

ဒါပေမဲ့ သူတို့ လုပ်တာက တရားလွန်တယ်။ သူတို့လုပ်တာနဲ့ကို အရပ်ထဲမှာ ဆူတာပူတာ၊ အော်တာဟစ်တာ မဟုတ်ရရင်လည်း လှုပ်လှုပ်ရှားရှားဖြစ်တာတွေဆိုရင် ဒါ သူတို့တာဝန်ဗျ။ သူတို့တာဝန်။ တခုတော့ ရှိတယ်ပေါ့ဗျာ။ အစိုးရ ကိုယ်၌ကလည်း တရားလွန်တယ်ဆိုတော့ သူတို့လက်အောက်က သူတို့ခိုင်းတာ လုပ်နေရတဲ့ သူတွေ၊ သူ့တာဝန်အရ သူလုပ်တာကတော့ ပိုပြီးတော့ များတော့မှာပေါ့ဗျာ။

ကျနော်ကတော့ အပြစ်မတင်ပါဘူး။ သူတို့တာဝန် သူတို့လုပ်ပေါ့။ ဒါပေမဲ့ လုပ်ပုံ ပြောပါတယ်။ အခုကျတော့ ဟိုလူက ၀ိုင်းကြည့်၊ ဒီလူက ၀ိုင်းကြည့်နဲ့ပေါ့။ တခုပေါ့၊ ကျနော်တို့ကို ၀ိုင်းပြီး ရိုက်လွှတ်ရင်လည်း ဒါကတော့ တမျိုးပေါ့ဗျာ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် အော်ကြဟစ်ကြနဲ့ဆိုရင်တော့ သူတို့ရဲ့တာဝန်ပေါ့။ သူတို့ကို မကျေနပ်လို့ ဆူပူရင် ဒါက ကျနော်တို့ လှုံ့ဆော်တာ မဟုတ်ဘူး။

မေး။ ။ ဘဘ အခု သွားတာမှာ အန်အယ်လ်ဒီကနေ ထွက်ထားတဲ့ လူငယ်တွေလည်း ပါတယ်လို့ သိရပါတယ်။ ဒီထွက်ထားတဲ့ လူငယ်တွေကို ဘဘ ဘယ်လိုစုစည်းထားလဲ။ သူတို့အပေါ် ထားရှိတဲ့ ဘဘ ရဲ့ သဘောထားက ဘယ်လိုလဲဆိုတာ သိပါရစေရှင့်။

ဖြေ။ ။ အတွင်းက လူငယ်တွေနဲ့လည်း သွားတယ်။ မြို့နယ်ဥက္ကဋ္ဌတွေနဲ့လည်း သွားတယ်။ ဒီနေ့ဆို မြို့နယ်ဥက္ကဋ္ဌ တယောက်ပါတယ်။ ကျနော်တော့ အစုံသွားကြည့်နေတာပဲဗျာ။ ထွက်ထားတဲ့ လူငယ်ဆိုတော့ပေမယ့်လည်း ကျနော်ကတော့ ထွက်ထားတဲ့ လူငယ်လို့ သဘောမထားဘူး။ ကျနော်ကတော့ ဒါ အန်အယ်လ်ဒီအတွင်းမှာ ရှိနေတဲ့လူတွေပဲ။ ဒါတွေက ကျနော်က ဖက်ထားတဲ့ လူတွေ။ ဘာလို့လဲဆိုတော့ ကျနော်က သူတို့ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူး။

မပေးနိုင်တော့ ကျနော်က ဖက်ထားတယ်။ မင်းတို့ ဒီကနေထွက်ချင်တာလား ဆိုတော့ မဟုတ်ပါဘူးတဲ့။ မဟုတ်ဘူးဆိုတော့ ငါတော့ မင်းတို့ကို ဖက်ထားမယ်။ မင်းတို့ဟာ ထွက်ထားတဲ့ လူတွေ ဘာတွေ ပြောပြော မင်းတို့ဟာ ထုတ်ထားတဲ့လူတွေ မဟုတ်ဘူး။ မင်းတို့ကို ပြန်လည်ညီညွတ်ရေးလုပ်ရအောင် ငါ့မှာလည်း နိုင်ငံရေးသြဇာ မရှိဘူး။ အင်အားလည်း မရှိဘူး။ သို့သော် ငါထင်တယ်။ ငါမင်းတို့ကို ပိုက်ထွေးထားတဲ့ အားပဲ ရှိတယ်။ အဲလိုလုပ်ရတဲ့ အကြောင်းက ဘာလဲဆိုတော့ ဒေါ်စုလာရင် ဖြေရှင်းကြမယ်ပေါ့။ ဘာလို့ဆိုတော့ ဒေါ်စုက နိုင်ငံရေး သြဇာရှိတယ်။ အင်အားရှိတယ်။ အဲဒီ အခါကျရင် သူ့သြဇာ။ သူ့နိုင်ငံရေး အင်အားနဲ့ သူတို့ အခု ဖြစ်နေတာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျနော် ထင်တယ်။ ကျနော်က ပိုက်ထွေးထားနိုင်တယ်လို့ ကျနော် ယုံတယ်လေ။

မေး။ ။ ဒါဆိုရင် ဘဘက ဒေါ်အောင်ဆန်းစုကြည်က ပြန်လွတ်၊ မလွတ် ဆိုတဲ့အပေါ် ဘယ်လို မျှော်လင့်ချက်ထားလို့ပါလဲရှင့်။

ဖြေ။ ။ ဒါကတော့ ဟိုလူ လွတ်မယ်၊ ဒီလူ လွတ်မယ်လို့ နိုင်ငံရေးဗေဒင်ဟောတာက မကောင်းဘူးခင်ဗျ။ အရူးဖြစ်တတ်တယ်။ နိုင်ငံရေး ဗေဒင်ဟောရင် မှားတာပဲ များတယ်။ ဖြစ်နိုင်ချေက သူတို့အစိုးအရရဲ့ အခြေအနေနဲ့ကရော၊ ကမ္ဘာက ဖိအားပေးတာနဲ့ကရော လွတ်နိုင်တဲ့ အနေအထားပေါ့ဗျာ။ ဒါကတကြောင်း။ နောက်တခုကတော့ ဦးနေ၀င်းသမီး ဒေါ်စန္ဒာဝင်း ပြန်လွတ်လာတာတွေ၊ နောက် ဦးအုန်းကြိုင်လို ပုဂ္ဂိုလ်မျိုးကို ပြန်လွှတ်လိုက်တာမျိုး။ ထောင်ချဖို့ ဖမ်းတာပဲဗျာ။ ထောင်မကျဘဲ ပြန်လွတ်လာတယ်ဆိုတာ ရှားတယ်လေ။ အဲဒီ အပြင်ကို ဒေါ်စုနဲ့ပတ်သက်ပြီး သူတို့ပြောတဲ့စကားက ရှေ့နေက အယူခံတင်တော့ သူတို့က တွေ့ခွင့်ပေးတယ်ဆို ပေးတယ်၊ မပေးဘူးဆို မပေးဘူးပြောရင် ပြီးပြီ။ အခုက သူတို့က အစိုးရအဖွဲ့က ကိုင်တွယ်နေပါတယ်လို့ ပြောခြင်းအားဖြင့် ဒါက ရှင်းရှင်းလေးပဲ။ လွှတ်ဖို့ ကိုင်တွယ်တာလည်း ဖြစ်မယ်။ မလွှတ်ဖို့ စဉ်းစားတာလည်း ဖြစ်မယ်ပေါ့။ ဘာပဲပြောပြော အကောင်းဘက်ကပဲ စဉ်းစားကြည့်တာပေါ့။ မှားရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။

မေး။ ။ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ သူတွေကို ဘဘ အနေနဲ့ ဘာများ ပြောချင်ပါလဲရှင်။

ဖြေ။ ။ ကျနော်ကတော့ အားလုံး ညီညီညွှတ်ညွှတ် လုပ်စေချင်ပါတယ်။ အသံညီရမယ်ပေါ့ဗျာ။ လုပ်နေတဲ့သူတွေ အားလုံး တယောက်တပေါက် မဟုတ်ဘဲ တသံထဲ ထွက်မယ်၊ အလုပ်ညီမယ်ဆိုရင် ကောင်းတာပေါ့ဗျာ။ အခုက အသံ မညီနိုင်သေးတော့ ပြဿနာတွေ ရှိတာပေါ့ဗျာ။ ဒါက ဒီစစ်အစိုးရကလည်း ဒီလိုဖြစ်အောင် လမ်းကြောင်းတွေ ချနေတာဗျ။ အကွဲအပြဲတွေကို လိုက်ဖန်တီး မျိုးစေ့လိုက်ချနေတာဗျ။ ဒီတော့ ကျနော် ပြောချင်တာက အားလုံးပေါ့ဗျာ၊ ပြည်တွင်းပြည်ပက အဖွဲ့တွေ အားလုံးကို ပြောချင်တာက ကျနော်တို့ အသံညီညီနဲ့ လုပ်ကြရအောင်လို့ပါ။

Mazzimaမှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

Thursday, December 25, 2008

အမှန်ကိုသာခြစ်ကြပါစို့

မြန်မာပြည်သူပြည်သားအပေါင်းတို့

ယနေ့မြန်မာနိုင်ငံအတွင်းအချင်းချင်းလိမ်လည်ညစ်ပတ်ကောက်ကျစ်ယုတ်မာပက်စက်သည့် အမျိုးသားရေးသစ္စာဖောက် အမှားတရားများ အလွန်ထွန်းကားနေပါသည်။

ထိုအမှားတရားများကင်းပျောက်၍အချင်းချင်းချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့်ဓမ္မအောင်ပွဲဆင်နွှဲနိုင်ရန်
မိမိရင်ထဲအမှန်တရားမြတ်နိုးမှုကို မိမိထံရောက်လာသောပိုက်ဆံများပေါ် စာရွက်အလွတ်များပေါ်
နံရံများပေါ်စသည့်နေရာများတွင်ဘောလ်ပင်၊ရှော့ပင၊်မြေဖြူ၊မီးသွေးစသည့်ရရာဖြင့်ရေးဆွဲပေးကြပါရန်
တိုက်တွန်းနိုးဆော်ပါသည်။

တနေ့လျှင်အနည်းဆုံး၁၀ယောက်ကိုအမှန်ခြစ်များခြစ်ပေးပါရန်ပြော

ကြားပေးကြပါ။အမှန်တရားမြတ်နိုးမှုကိုအမှန်ခြစ်များရေးခြစ်ကာမိမိဆန္ဒမှန်ကိုဖေါ်ပြကြပါ။

မြန်မာနိုင်ငံအတွင်းအမှားတရားများကင်းပျောက်၍အမှန်တရားမျာပြန်လည်ထွန်းကားနိုင်ကြပါစေ။

အမှန်တရားမြတ်နိုးသူတိုင်းအမှန်ခြစ်ခြစ်ကြသည်။


အပြည့်အစုံဖတ်ချင်ရင်...

သိုးရေခြုံ ဝံပလွေများ အကြောင်း

နေ့စဉ် အလုပ်အားသည့် အခါတိုင်း ဖတ်လေ့ရှိသည့် သတင်းဌာနများ ဘလော့များ အပြင် တခါတရံတွင် တွေ့မိတွေ့ရာ လင့်များ နောက်လိုက်၍ မဖတ်ဘူးသေးသည် များကိုလည်း လိုက်ဖတ် မိလေ့ ရှိသည်။ မိမိတို့ ဘက်မှ ဘလော့များ ကိုသာမက စစ်အာဏာရှင် ဘက်သားများ ရေးကြသော ဘလော့များကိုလည်း ရောက် သွားသည့် အခါ ဖတ်ကြည့်မိ လေ့ရှိသည်။ ကိုယ်ယုံကြည်သည့် အလုပ်ကိုယ် လုပ်ကြခြင်း သာဖြစ်ပြီး သူတို့ ရပ်တည် ချက်နှင့် သူတို့ဖြစ်၍ ဘာမျှပြောစရာ မရှိပါ။


ထိုအထဲတွင် ထူးခြားသော ဘလော့ တခုကိုတွေ့မိ လိုက်သည်။ ပုံမှန်အားဖြင့် ဘလော့များသည် ဘယ်ဘက်က ရပ်တည်လေ့ ရှိသလဲ ဆိုသည်ကို သူတို့၏ အဖွင့်စာမျက်နှာတွင်ပင် တွေ့ရ နိုင်သည် ဥပမာ နိုင်ငံရေး ဘလော့လား ပါစင်နယ် ဘလော့လား စသည်ဖြင့် ရှင်းလင်းစွာ ဖေါ်ပြလေ့ ရှိပါသည်။ထိုဘလော့သည် ဘာရည်ညွန်းချက် ကိုမျှ မပေးထားပါ သို့သော် ဘယ်ဘက်ခြမ်း တွင်မှု သတင်းမှန်ဌာနများ ဟူသော ခေါင်းစဉ်အောက်တွင် RFA , DVB , အစရှိသည် ဖြင့် ဖေါ်ပြထားသည် ။


ရေးထားသည့် သတင်းများကို ကြည့်သည့်အခါ ပြည်တွင်းမှ ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်များ ဝါရင့်နိုင်ငံရေး သမားများ ပြည်ပရှိ နိုင်ငံရေး လှုပ်ရှားသူများကို ပုတ်ခတ်ရေးသားချက်များ Photo Shop ဖြင့်ပြုလုပ်သော ဖြတ်ညှပ်ကပ် ဓါတ်ပုံများ ထင်ယောင် ထင်မှားဖြစ်၍ ပြည်သူလူထုများ ဒီမိုကရေစီ ဘက်တော်သားများ စိတ်ဓါတ်ကျ ဆင်းစေမည့် သတင်းများ ကိုဖေါ်ပြသည်။ ဥပမာ NLD မှဦးဝင်းတင် ဆေးရုံတက်နေရ ချိန်တွင် ဦးဝင်းတင်၏ အခြေအနေ မျှော်လင့်ရန် မရှိတော့ဟု သဘောဆောင်သည့် သတင်းမျိုး၊ပြည်ပမှ ဒေါက်တာစင်သီယာမောင် ဓါတ်ပုံနှင့် ပြည်တွင်းမှ ဆရာဝန် တဦး၏ ပုံကို Photo shop ဖြင့်ဆက်၍ ထင်ယောင်ထင်မှား ဖြစ်စေရန် ဖေါ်ပြသည်။ စိတ်ထဲတွင် မရှင်းသဖြင့် သူတို့ လင့်ပေးထားသော သတင်းမှန်ဌာနများကို ခေါ်ကြည့်သည်။ တကယ်တန်း လင့်ချိတ် ပေးမထားပါ။


သို့မှသာ သူတို့သဘောထားကို ရှင်းလင်း နားလည်သည်။ သူတို့သည် ဘလော့ ဖတ်သူ များအား လှည့်စား ထားခြင်းဖြစ်သည်။ ဒီမိုကရေစီ ဘက်တော်သားများ၏ ဘလော့ဟု သူတို့ ဘလော့ကို ထင်စေချင်သည်။ နောက် အောက်တန်းစား သတင်း လုပ်ကြံ သတင်းများဖြင့် လူတွေကို လှည့်စားချင်သည်။သိုးရေခြုံသော ဝံပလွေဟု ဆိုရပေမည်။


စုံစမ်း သိရှိရသော အထောက်အထားများအရ ထိုဘလော့ကို ကြိုးကိုင် ကြီးကြပ် ပေးသူများမှာ ပြည်တွင်းမှ နာမည်ကြီး သတင်းဂျာနယ် တစောင်၏ အယ်ဒီတာချုပ် တဦးနှင့် နာမည်ကြီး မဂ္ဂဇင်း အယ်ဒီတာတဦး တို့ ဖြစ်ကြသည်။မဂ္ဂဇင်း အယ်ဒီတာ ဟောင်းကြီး တဦး၏ ပြောပြချက် အရ အဆိုပါ သတင်းဂျာနယ် အယ်ဒီတာချုပ် ဆိုသူသည် လွန်စွာ တွင်ကျယ် ဝင်ဆန့်သူ တဦးဖြစ်ပြီး ပြည်တွင်းတွင် လုပ်သမျှ ကုန်ပစ္စည်းကြော်ငြာပွဲများ ဖက်ရှင်ပွဲ၊ မော်ဒယ် ပြိုင်ပွဲ များမှ စ၍ သူ့ကိုတိုင်ပင် အကြံဥာဏ် တောင်းရသည် ။လေးစားစွာ ဖိတ်ကြား ရသည်။ လက်ဆောင် ပစ္စည်းများ ပေးရသည်။ ထိုသို့ မပသလျှင် ပွဲဖျက်တတ်သူအဖြစ် နာမည် ကြီးသည်။


ထိုဘလော့၏ အမည်ကို ကြေညာပေးသလို ဖြစ်မည်စိုး၍ မဖေါ်ပြတော့ပါ။ထို့အတူ ထိုပုဂ္ဂိုလ် ကြီးများ၏ အမည် ကိုလဲ မဖေါ်ထုတ်လို သေးပါ။တို့လုပ်နေတာ ဘယ်သူမှ မသိကြဘူး ဆိုကာ သွေးနားထင် ရောက်နေမည် စိုး သဖြင့် ဆင်ခြင်နိုင်ရန် အမြွှက်မျှ ဖေါ်ပြပေးခြင်း ဖြစ်သည်။ ရန်ကုန်က စာပေသမား အတော်များများ သိကြ ပါသည်။


စက်တင်ဘာ တော်လှန်ရေး နောက်ပိုင်းက ဖြစ်ပါသည်။ တချို့ လှုပ်ရှား တက်ကြွသူများ သည် ဖမ်းဆီး ခံရ မည်ကို ကြောက်ရွံ့၍ ချက်ခြင်း ထွက်ပြေးလာကြသလို အချို့လည်း တနေရာတွင် ပုန်းခို၍ နောက်ပိုင်းမှ ထွက် လာကြသူများလဲ ရှိပါသည်။အမှန်တကယ် လှုပ်ရှားခဲ့သူများ ပါသလို ရောပါလာသူများလဲ ရှိပါသည်။ ထိုအထဲ တွင် ရောယောင်ပါလာသည့် တဖက်လူ များလည်း ရှိပါသည်။ ထိုဖြစ်ရပ်မျိုးသည် ၁၉၈၈ နောက်ပိုင်းကလဲ ရှိ ခဲ့ဘူးသည်။


သူတို့၏တာဝန်မှာ သတင်းစုံစမ်း ပေးပို့ရန် အခြေအနေပေးပါက ရှုပ်ထွေးအောင် လုပ်ရန် အခြင်းခြင်း သွေး ကွဲအောင် လုပ်ရန် အပြင် အမျိုးမျိုး ထွေပြားသော တာဝန်များလည်း ပါကြပါမည်။ ယခု ရက်ပိုင်း အတွင်းမှ ထပ်ရောက် လာကြသူများလဲရှိပါသည်။


မည်သို့ပင်ဖြစ်ပါစေ ယခုအချိန်တွင် ထိုသူများကို ဒုက္ခပေး ရန် မည်သူမှ မစဉ်းစားကြပါ ။ ယခု သွားနေ ကြ သော လမ်းသည်ပင် တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းစဉ်ပင် ဖြစ်သည်။သို့ရာတွင် ဘယ်သူဘာတွေ လုပ် နေ တယ်။ ဘယ်သူက တဖက်ကမ်း ဘယ်နှစ်ခါကူးတယ်။ စီးပွါးယောင်ယောင် ဘာယောင်ယောင်ဖြင့် ဘယ်သူ တွေနဲ့ ဆက်ဆံနေကြတယ် စသည်ဖြင့် သိကြပါသည်။


KNU ကဲ့သို့ တော်လှန်ရေး အဖွဲ့အစည်းကြီးများ၏ သက်တမ်းသည် နှစ်ပေါင်း ကြာလှပါပြီ။ ၁၉၈၈မှ စတင် ပေါက်ပေါက်ခဲ့သော ကျောင်းသား တပ်မတော်လို အဖွဲ့ အစည်းများ သည် ပင်လျှင် သက်တမ်း နှစ်နှစ်ဆယ် ကျော်ရှိခဲ့ပါပြီ။ တော်လှန်ရေးကပေးသော အသိ လေ့လာ ဆည်းပူးမှုမှ ရသော ပညာတို့ဖြင့် ပြည့်ဝနေကြပါပြီ။

မယောင်ရာ ဆီမလူးချင် သဖြင့်သာ မသိချင်ယောင် ဆောင်နေကြခြင်း သာဖြစ်ပါသည်။ ကိုယ့်ကိုကိုယ် တော် လှ ပြီထင်ပြီး တိုးကဲလာ နေကြသောကြောင့် အမြွက်မျှ ပြောလိုက်ရခြင်း ဖြစ်ပါသည်။


ကျွန်တော်တို့သည် သတ္တိပြောင်စွာ တိုက်ခိုက်သော ရန်သူကို လေးစား နိုင်ပါသည်။ တိုက်ပွဲ များတွင် လက် နက် ချသူကို ကုလသမဂ္ဂ၏ အခြေခံမူများနှင့်အညီ စောင့်ရှောက် ကူညီမှု ပေးရ ပါသည်။ ပဉ္စမံ တပ်သား သည် မလိုလားအပ်သူဖြစ်သည်။ မည်သည့် နိုင်ငံတွင်မှ လက်နက်ချ လျှင်ပင် ဥပဒေအရ အရေးယူခြင်းမှ ကင်း လွတ် ခွင့်မရပါ။ ထိုထက်ပို၍ မိတ်ဆွေ ယောင် ဆောင်ကာ အတွင်းလှိုက်စားသော ရန်သူက ပို၍ခါးသည်း မုန်း တီး စရာ ဖြစ်ပါသည်။


ငယ်စဉ်က သင်ခဲ့ရဘူးသော သိုးရေခြုံ ဝံပလွေ အကြောင်းကို အမှတ်ရ၍ အထက်ပါ ခေါင်းစဉ်လေး ပေးလိုက် မိခြင်း ဖြစ်သည်။ အိမ်တွင် လေးတန်း ကလေးရှိလျှင် မေးကြည့်လို့ ရပါသည်။ ထိုထဲက သိုးရေခြုံကာ အတွင်း လှိုက်စားသော ဝံပလွေ ကတော့ သိုးကျောင်းသား များ၏ သတ်ဖြတ်မှုကို ခံလိုက်ရပါသည်။ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး အတွက် တောင်းဆို တိုက်ပွဲ ဝင်နေကြသော ယခုလို အချိန်မျိုးတွင် မည်သူ ကမျှ ထိုသို့ မဆောင် ရွက်ချင်ကြပါ။ မိမိအတွက် အသက်မွေးမှုပင် ဖြစ်လင့်ကစား သူတပါးကို မိတ်ဆွေဟန်ဆောင်ကာ နောက် ကျောက ဓါးဖြင့် ထိုးရသော အလုပ်မျိုးကို ကျွန်တော်တော့ ရွံ့မုန်းလှပါသည်။ ထမင်းကြမ်းခဲသာ ယပ်ခပ် စားချင် ပါသည်။


ဒီမိုကရေစီ လူ့အခွင့်အရေး တို့ဖြင့် ထုံလွှမ်းသော မြန်မာနိုင်ငံတော် ဖြစ်ပေါ် လာစေရေး အတွက်၊ နှစ်ပေါင်း များစွာ အောက်ကျနောက်ကျ ဆင်းရဲဒုက္ခရောက် နေကြရသော ကျွန်တော်တို့ နိုင်ငံသားများ အတွက်၊ဆင်းရဲ ငတ်မွတ်လွန်းလှသဖြင့် တိုင်းတပါးတွင် လာရောက် အနှိမ်ခံ အဖိနှိပ် ခံနေကြရသော မြန်မာနိုင်ငံ သားများ အတွက်၊ မိမိတို့ တိုင်းပြည်ရှိပါလျှက် အသက်ဘေး ဖိနှိပ်ညှင်းပန်းမှုဘေး အငတ်ဘေး စသည် များ ကြောင့် သူတပါးနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေကြရသော သန်းချီသည့် ပြည်သူများအတွက်၊ ကျွန်တော် တို့၏ နောက်မျိုးဆက်များ ယခုလို အခြေအနေမျိုး ဆက်မကြုံရစေရေး၊ သူတို့ရဲ့ အနာဂါတ် ဘဝတွင် သူတပါး နိုင်ငံသားများ ကဲ့သို့ တောက်ပခိုင်မာသော အနာဂါတ် ရရှိစေရေး တို့ အတွက်သာ ကျွန်တော်တို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို တောင်းဆို နေကြခြင်းဖြစ်သည်။


အားကြီးသူနိုင်စတမ်း ဟူသော တောရိုင်း ဥပဒေကဲ့သို့ပင် ခက်ထန်တင်းမာ လှသော စစ်အာဏာရှင် စနစ်ကို သာ တော်လှန်တိုက်ပွဲ ဝင်နေခြင်းဖြစ်သည်။ မည်သူတဦးတယောက် အာဏာရရှိရေး ကိုမျှဆောင်ရွက် နေကြ ခြင်း မဟုတ်ပါ။ မည်သည့်ဘက်မှ ရပ်တည်သူပင်ဖြစ်စေ မြန်မာပြည်ဖွား တိုင်းရင်းသားဖြစ်လျှင် ကိုယ့်တိုင်း ပြည်၏ ပကတိ အခြေအနေကို ရှင်းလင်းစွာ သိမြင်နိုင်ပါသည်။အားလုံး နားလည်ကြချိန် တန်ပါပြီဟု တင်ပြ လိုက်ရပါသည်။


၈၈ကျောင်းသားတဦး


အပြည့်အစုံဖတ်ချင်ရင်...

Wednesday, December 24, 2008

မေ့မရသောဆရာ့အမှာစကား

လူဆိုတာမွေးဖွားလာပြီးသည်မှသေဆုံးသည်အထိမျှော်လင့်ချက်ရှိတက်ပါသည်။လူတို့ ၏မျှော်လင့်ချက်တို့ ပြည့်စုံမူရှိရန်ကားမလွယ်ပါ။အများအားဖြင့်မပြည့်စုံသောဘဝကိုပိုင်ဆိုင်သူတစ်ယောက်အတွက်ပေါ့။
မပြည့်စုံသောပြည့်စုံသောဆိုသည်မှာမြန်မာတို့အပြောနဲ့ဆိုရင်ငွေကြေးဥစ္စာကြွယ်ဝသူများကိုပြည့်စုံတယ်ဟု
သုံးပြီးမပေါမရှားသူများကိုကြတော့မပြည့်စုံဟုသုံးနုံးကြတာပါ။ကျနော်လိုမြို မကျတောမဟုတ်တဲ့နေရာဒေသမှာမွေးဖွားရှင်သန်လာသူတစ်ယောက်မှာတော့ပြည့်စုံမူ့ ဆိုတာဝေလာမှာဝေးရောပေါ့။ဒါတောင်အဖေ့ရဲ့ရိုးသားကြိုးစားမူ့ တွေကြောင့်လူတစ်လုံးသူတစ်လုံးအဖြစ်နဲ့ မျက်နှာပန်းလှရှင်သန်နိုင်ခဲ့တာပါ။လူချင်းသာတူတယ်ဘဝချင်းတော့ကွာမှာပေါ့ဆိုတာကဒါကြောင့်မိုနဲ့ တူပါရဲ့မြန်မာတို့ ပါးစပ်ဖျားမှာရေပန်းစားနေတာ။
အဖေကတော့ပြောဖူးတယ်"သားလူဆိုတာယုံကြည်ချက်ရှိရတယ်၊ခိုင်မာတဲ့စိတ်ဓါတ်ကိုမွေးရမယ်" တဲ့။တကယ်ဆိုအဖေကပြောနေတာဘဲရှိတယ်ဘာရယ်ဆိုတာကျနော်တကယ်မသိခဲ့။ဘယ်သိမလဲအဖေဒီစကားကိုပြောတာက
ကျနော်သိတက်စကတည်းကလေ။နောက်ပြီးအိပ်ရာဝင်ချိန်ဆိုအဖေကမကြာမကြာပုံပြောပြတယ်။အဖေပြောတဲ့ပုံတွေက
တစ်ထောင့်တစ်ညစာရင်းမဝင်တောင်မှအနော်ရထာ၊မင်းကျန်စစ်၊ရဲဘောသုံးကျိပ်၊ဖဆပလ၊သီပေါဘုရင်ကျဆုံးခန်းမှစ
ရွှေတိဂုံ၊မဟာမြတ်မုနိဘုရားသမိုင်းတွေနဲ့ ဗုဒ္ဓဝင်၊မဟော်သဓါ၊သရဲအလယ်ငပျင်းဝတ္တုအဆုံးပါဘဲ၊။တကယ်ပါရေးနေရင်ဆုံးမှာမဟုတ်ဘူး။အဖေအပြောကောင်းလို့ လားတော့မသိကျနော်တော့ခုတောင်နားထောင်ချင်ပါသေးတယ်။
အမှန်တော့အဖေကျနော်တို့ ကိုအမြဲပုံပြောခဲ့ခြင်းဟာကျနော်တို့ ကိုဆုံးမမူတစ်မျိုးပါလားဆိုတာခုမှသိတာပါ။ဒါကြောင့်နဲ့ တူပါတယ်
ပညာရှိများက "လက်ဦးဆရာမည်ထိုက်စွာ၊ပုဗ္ပာစရိယမိနှင့်ဘ"ဟုဆိုခဲ့ကြတာကိုး။အဖေကကျနော့်တို့ ကိုဆဲဆိုရိုတ်နက်ခြင်းမရှိဘဲပြောဆိုခြင်းဖြင့်
သာသွင်သင်ဆုံးမပါသည်။အဖေပြောသည်မှာစာကိုတက်အောင်တင်ကြပါ။ငါ့သားများလိမ္မာရင်ငါကျွေးရခြင်းနပ်ပြီ။
ငါပင်ပန်းခံရခြင်းနပ်ပြီတဲ့။
အဖေပြောသည်မှာရိုးရှင်း၏သို့ သော်လေးနက်သောအဓိပ္ပါယ်များကားပြည့်နပ်နေပါလိမ့်မည်။တကယ်လိုအဖေပြောသောလိမ်မာခြင်းဆိုသည်မှာ
နေရာတိုင်းတွင်လိမ်မာစေခြင်းကိုစကားတစ်လုံးတည်းနဲ့ ညွန်းဆိုထားသောကြောင့်ဖြစ်ပါသည်။အဖေ့ဆိုလိုချက်ကိုဘာကြောင့်သိလာရသလဲဆို
ရင်အဖေသားစာမေးပွဲဖြေတာအမှတ်ပြည့်မရခဲ့ဘူးဆိုရင်အဖေကသားမှမလိမ်မာတာ။အဖေဟိုနားကဘယ်သူကဖြင
့်သားကိုစစနေတယ်ဆိုလည်း
သားမှမလိမ်မာတာ။အဖေအမေကအမြဲအိမ်မှာဆိုဆူနေတာဘဲဆိုလည်းသားမှမလိမ်မာတာတဲ့။အဖေရဲ့လိမ်မာမူ့ ကဆရာတော်ဦးဝိစာရရဲ့အမှာစကား
"လိမ်မာရဲ့ကြပါ" ကိုများညွန်းဆိုသွားလေသလားဆိုတာကိုတော့ကျနော်အလယ်တန်းကျောင်းသားဘဝရောက်ပြီးချိန်တွင်စဉ်းစားကြည့်မိပါသည်။
အဖေဆုံးမခဲ့သောစကားနဲ့ ကျနော်တို့ သမိုင်းဆရာပြောသောစကားမတူခဲ့သောအချက်လည်းတစ်ခုရှိခဲ့သည်။အဖေကသားစာတက်
အောင်သင်ပါဟုဆိုသော်လည်းဆရာကမူစာတက်တာမကောင်းဘူးကွ။အထူးသဖြင့်တပည့်တို့ သမိုင်းကိုမတက်စေချင်နဲ့ သမိုင်းကိုတက်လာရင်၊သိ
လာရင်အစမှာဒေါပွတယ်နောက်တော့အကျဉ်းရောက်လိမ့်မယ်တဲ့။ဆရာကဒီလောက်သာပြောသည်။ကျနော်တို့ ကလည်းဆက်ပြီးမမေးခဲ့။ဆရာပြော
သောစကားများဟာဆယ်တန်းအောင်သည်အထိရူပ်ထွေးစေခဲ့သည်။
လူ့ လောကကြီးသည်ရူပ်ထွေးသည်။လူတွေကလောကကို"ရူပ်ထွေးဗွေလီ"ဟုလည်းဆိုကြပြန်သည်။မြတ်ဘုရားကတော့ရဟန်းများ
နဲ့ လောကလူသားများကို"ချစ်သားတို့ လောကအကြောင်းကိုကားမစဉ်းစားသင့်ရာ" ဤလောကသည်အလွန်ပင်ရူပ်ထွေး၏စဉ်းစားသူကိုလည်းအ
များကကဲ့ရဲ့ကြကုန့် အံ့တဲ့။ဟုတ်ပါမည်။ကျနော်အလယ်တန်းပြီးဆုံးခါနီးမှာဒီမိုကရေစီတောင်းဆိုသည့်ဆန္ဒပြပွဲများဖြစ်လာသည်။
တောရောမြို့ ပါလူတွေအများကြီးချီတက်ဆန္ဒပြကြသည်။ဒီမိုကရေစီကိုဘာကြောင့်ဒီလူတွေဒီလိုတောင်းကြသည်ကိုကား
မစဉ်းစားနိုင်ခဲ့။သမိုင်းဆရာကလည်းဒီမိုကရေစီဆိုတာလူသားအားလုံးရဲ့ဆန္ဒကိုပူးပေါင်းအုပ်ချုပ်ထားသည့်အုပ်ချုပ်ရေးကို
ခေါ်သည်လို့ ပြောခဲ့သည်။သို့ သော်လည်းကျနော်ရဲ့စိတ်ထဲမှာစွဲမြဲစေသောစကားအဖြစ်မှအပကျန်သောခံစားချက်
တစ်စိုးတစ်စိမှမရှိခဲ့။
အဖေပြောခဲ့သောယုံကြည်ချက်ကျနော့်မှာအားနည်းလို့ များလားတော့မသိပါ။ကျနော်ယုံကြည်တာကတော့တစ်နှစ်တစ်တန်းစာမေး
ပွဲအောင်မြင်ရေးသာဖြစ်သည်။ဆယ်တန်းအောင်ပြီးတက္ကသိုလ်ကိုခြေချလာသော်အခါတိတ်တခိုးဖွဲ့ စည်းထားသည်ဆိုသည့်ကျောင်းသားသမဂ္ဂကို
တွေ့ ရသည်။တက္ကသိုလ်သည်ကျနော်တို့ ၏စိတ်ဓါတ်များကိုမြင့်တင်ပေးရာကျောင်းတော်ဖြစ်သလိုကျနော်တို့ အားလုံး၏အမြင်များကိုပေါင်းစပ်ပေး
နိုင်သောနတ်မျက်စိတစ်ခုလည်းဖြစ်ခဲ့သည်။
ကိုလိုနီပညာရေးစနစ်ကိုရန်ကုန်တက္ကသိုလ်ကျောင်းသားများသပိတ်မှောက်ခဲ့သည်မှာလူတန်းစားပေါင်းစုံပညာမသင်ကြားနိုင်ဘဲ
ပညာသင်ယူရေးစရိတ်ကြီးမြင့်မူ့ ကြောင့်ဖြစ်သည်။နယ်ချဲ့ တို့ သည်မြန်မာမြေမှရရှိသောဘဏ္ဍာများကိုမြန်မာပြည်သူတို့ ၏အကျိုးကိုကားအသုံး
မပြုခဲ့မိမိတို့ ၏ကိုယ်ကျိုးရှာမူ့ တို့ ကိုသာပြုသဖြင့်ပြည်သူလူထုများမှာမွဲပြာကျဆင်းရဲခဲ့ကြရသည်။ယနေ့ မြန်မာနိုင်ငံကိုအုပ်ချုပ်နေသူများသည်ကား
နယ်ချဲ့ များမဟုတ်ခဲ့။သို့ သော်ဆယ်တန်းအောင်ပြီးသောသူတိုင်းတက္ကသိုလ်မတက်နိုင်ခဲ့။မြန်မာပြည်မှရရှိနေသောသယံဇာတများမှာလည်းရတာ
ကိုတာသိပြီးသုံးတာမရှိဘဲပျောက်ဆုံးနေပါပြီကော။
လယ်သမားလယ်လုပ်ရင်းထမင်းငတ်လာသည်။အလုပ်သမားများအတွက်ကားအလုပ်မရှိ။ရှိသောအလုပ်သည်ကားမစားလောက်
သာ။ကျနော်တို့ အတွက်လိုအပ်ချက်များကိုပြောဆိုရေးသားဆွေးနွေးခွင့်မရှိ။ဇာဂနာအပြောနဲ့ ပြောရင်မှန်ကန်သူကွဲနေသည်။ကျနော်တို့ ၏ရှေ့ တွင်
မြင်နေရသောအရာအားလုံးမှာကျနော်တို့ အတွက်မကျေနပ်မူများနဲ့ သာပြည့်နှက်လာသည်။ကျနော်တို့ အားကူပါကယ်ပါအော်နေသည့်ဒုက္ခသည်
များသို့ နှယ်တောင်းပန်နေသည့်အလားခံစားလာရသည်။ကျနော်တို့ ၏စိတ်ဓါတ်များသည်ကားအားငယ်မူ့ နဲ
့အတူနိုးထလာကြသည်။
ကျနော်တို့ လိုချင်သည်မှာလူသားအားလုံးတန်းတူအခွင့်အရေးဖြစ်လာသည်။ဆုံးရူံးနေသောအခွင့်အရေးကိုလိုချင်သည်။တက္ကသိုလ်
မှာသင်သောဘာသာရပ်တစ်ခုမဟုတ်သော်လည်းအာဏာရှင်တို့ ၏လုပ်ရပ်ကကျနော်တို့ ကိုဘာသာရပ်တစ်ခုအားသင်နေရသည့်အလားတက်မြော
က်လာကြသည်။ပြည်သူတို့ ၏ဘဝဖူလုံရေးသည်ပင်လျှင်ကျနော်တို့ ၏အရေးဖြစ်လာသည်။ကျနော်တို့ သည်ကားပြည်သူမှမွေးသောပြည်သူ့ သား
များဖြစ်ကြ၍သာဖြစ်သည်။ကျနော်တို့ တက္ကသိုလ်သို့ လာကြသည်မှာပညာသင်ကြားရေးအတွက်သာဖြစ်ပါသည်။နိုင်ငံရေးလုပ်သပိတ်မှောက်ရန်မ
ဟုတ်ပါ။
ကျနော်တို့ လိုချင်သောပညာရေးကိုကျနော်တို့ မသင်ကြားနိုင်ဘဲမြန်မာ့နိုင်ငံရေးနယ်ပယ်မှအာဏာရှင်တို့ အားဆန့် ကျင်လာ
ရသည်မှာသင်တို့ ၏လုပ်ရပ်များကဆန့် ကျင်ခိုင်းနေသောကြောင့်သာဖြစ်ပါသည်။ကျနော့်တို့ တွင်ကားအဖြစ်မရှိသင်တို့ တွင်သာအပြစ်ရှိသည်
ဟုဆိုရမည်သာဖြစ်ပါသည်။တက္ကသိုလ်ဆိုတာတကယ်တော့စာပေကိုဘဲသင်ပေးသောကျောင်းတော်တစ်ခုမဟုတ်ပါ။
လူတစ်ယောက်၏ဘဝတစ်
ခုကိုပြောင်းလဲပေးနိုင်သည့်အတွေးအခေါ်များကိုပါဆရာမသင်သော်လည်းမိမိအလိုအလျောက်တက်မြောက်စေနိုင်သော
ကျောင်းတော်ကြီးလည်းဖြစ်ပါသည်။ခေတ်အဆက်ဆက်တွင်မြန်မာပြည်သူလူထုများ၏အကျိုးအတွက်ရှေ့ တန်းမှရပ်တည်ကာမြန်မာနိုင်ငံရေးကိုဦးဆောင်သူများမှာလည်း
တက္ကသိုလ်ကျောင်းသားများဖြစ်ကြပါသည်။ကျနော်တို့ အားလုံးသည်တက္ကသိုလ်ရောက်လာပြီဆိုတာနဲ့ မြန်မာ့နိုင်ငံရေးနှင့်ရင်းနှီးလာကြသည်မှာ
မြန်မာ့သမိုင်းကြောင့်သာဖြစ်မည်ဟုကျနော်ထင်မြင်မိပါသည်။သမိုင်းသည်ကျနော်တို့ အတွက်အဖြေရှာရမည့်ပုံသေနည်းတစ်ခုမဟုတ်သော်မှ
အမှန်ကိုလွှဲမှားစေမည့်ပုစ္ဆာတစ်ပုဒ်မဖြစ်စေခဲ့ပါ။
ရှေးကမရနိုင်ခဲ့သော်ငြိမ်းချမ်းရေးသည်တို့ တထွေရှာဖွေရမည့်တာဝန်သာဖြစ်သည်။နောင်တော်များ
ဖောက်ခဲ့သောလမ်းအား
တို့ များလျှောက်ရမည်သာဖြစ်သည်။အကိုကြီးများပြုခဲ့သောကတိသစ္စာတရားများမှာကျနော်တို့ အတွက်အားဆေးတစ်ခွက်ဖြစ်စေခဲ့ပါသည်။
ဤသည်ကိုပင်တက္ကသိုလ်တွင်ဆရာမသင်ပေးသော်လည်းကျောင်းသားများအတွက်အလိုအလျောက်တက်မြောက်
လာသောပညာရပ်များသာဖြစ်ပါသည်။ကျနော်ယနေ့ ထက်တိုင်မေ့မရသည်မှာသမိုင်းဆရာပြောခဲ့သော"စာတက်တာမကောင်းဘူးကွ၊အထူးသဖြင့်သမိုင်းကိုမတက်စေနဲ့ "
ဟူသည်သာဖြစ်ပါသည်။

ဆရာကိုရှိခိုးဦးညွတ်လျှက်
(ပညာကျော်)

အပြည့်အစုံဖတ်ချင်ရင်...

Cry Land မှ Smile Land သို့ အခမဲ့



-မြတ်စိုး-

အပြုံးတွေ ဝေဆာနေသော တိုင်းပြည် ကို အခမဲ့သွားလို့ရပါပြီ လို့ အဲအေရှ လေကြောင်းလိုင်း က ကြေညာသွား တာကို သတင်းစာမျက်နှာတွေမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖတ်လိုက်ရပါသည်။ အပြုံးတွေ ဝေဆာနေသော တိုင်းပြည်ဆိုတာက ထိုင်းနိုင်ငံ ကို ဆိုလိုတာပါ။ ထိုင်းနိုင်ငံ ၌ ကမ္ဘာလှည့် ခရီးသည်လုပ်ငန်းဟာ စီးပွားရေး၏ အရေးပါသော ကဏ္ဍ ဖြစ်ပါသည်။ ထိုင်းကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဌာန၏ အဆိုအရ ၂၀၀၇ ခုနှစ်မှာ နိုင်ငံခြားသားခရီးသည် ၁၄.၈ မီလီယံ ခန့် ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ၁၅.ရ သန်း ကျော် ရှိလိမ့်မယ်လို့ ခန့်မှန်း တွက်ဆ ထားခဲ့ကြသည်။ ထိုင်းနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသည်လုပ်ငန်း မှ တနှစ်လျှင် အမေရိကန် ဒေါ်လာ ၁၅.၃ ဘီလီယံ ( ထိုင်းဘတ် ငွေ ၅၄၇ ဘီလီယံ) ၀င်ငွေရှိခဲ့ပါသည်။ ဒီဝင်ငွေဟာ ထိုင်းနိုင်ငံ အမျိုးသား ကုန်ထုတ်လုပ်မှု စုစုပေါင်း၏ ၆ ရာခိုင်နှုန်းကျော်မျှ ရှိပါသည်။ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာလှည့် ခရီးသည်များ အတွက် ပြည်တွင်းခရီးစဉ် ၈၂ မီလီယံ ရှိခဲ့ပြီး၊ ၂၀၀၈ ခုနှစ်မှာ ပြည်တွင်းခရီးစဉ် ၈၃ မီလီယံ ရှိကြလိမ့်မယ်လို့ ခန့်မှန်းပြောဆိုခဲ့ကြသည်။

ဒီလို စီးပွားရေး အတွက် အရေးပါသော ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဟာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့ရှိ နိုင်ငံတကာ လေဆိပ် များ၌ ရက်သတ္တပတ်တပတ်ကြာ အစိုးရဆန့်ကျင်သော ဆန္ဒပြပွဲများ ကြောင့် ငွေကြေး မြောက်များစွာ ထိခိုက် နစ်နာခဲ့ကြရသည်။ နိုင်ငံတကာမှနိုင်ငံခြားသား ခရီးသွား ၃၅၀,၀၀၀ ကျော်ဟာ လေဆိပ် တွေမှာ ပိတ်ဆို့ ခဲ့မှုကြောင့်၊ ခရီးသွားလာမှုနှောင့်နှေးခဲ့ရပြီး၊ အတော်လေးစိတ် အနှောက် အရှက် ဖြစ်ခဲ့ရပါသည်။ ထို့အတူ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေကြရသော စီးပွားရေးလုပ်ငန်းတွေလည်း ငွေကြေး မြောက်များစွာ ထိခိုက်နစ်နာ ခဲ့ရသည်။

ဒီလို ထိခိုက်နစ်နာခဲ့ရသော ထိုင်းနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကို ပြန်လည်ဦးမော့ လာအောင် ပြုလုပ်ဖို့အတွက် အဲအေရှလေကြောင်းလိုင်းက လက်မှတ် ၁၀၀,၀၀၀ ကို ထိုင်နိုင်ငံသို့ အခမဲ့ စီးနှင်းခွင့်ပြု မယ်လို့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ကကြေညာခဲ့ပါသည်။ အဲအေရှလေကြောင်းလိုင်းက ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နှင့် တရုတ် နိုင်ငံများမှ တဆင့် ထိုင်းနိုင်ငံသို့ ဇန္န၀ါရီ ၆ ရက်နေ့ မှ မတ်လ ၃၁ ရက်နေ့ အတော အတွင်း အခမဲ့ စီးနှင်းခွင့် ပြုသွားမယ်လို့ကြေညာသွားပါသည်။ ထိုင်းနိုင်ငံ သို့ ဒီရက်အတွင်း အခမဲ့ စီးနှင်းခွင့်ပြုရာမှာ ထိုင်း ပြည်တွင်းခရီးစဉ်တွေကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ အဲအေရှ လေကြောင်းလိုင်းဟာ တရုတ်၊ ထိုင်းနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများ သို့ တပတ်လျှင် ခရီးစဉ် ၄၀၀ ကို ပျံသန်း ရာတွင် ထိုင်းနိုင်ငံသို့ တပတ်လျှင် ခရီးစဉ် ၃ရ၈ ကို ပျံသန်းလျှက်ရှိတာကြောင့် ၊ လေကြောင်းလိုင်း၏ စီးပွားရေးလုပ်ငန်း ဟာ ထိုင်းနိုင်ငံ ကမ္ဘာလှည့် ခရီးသည်လုပ်ငန်းပေါ်မှာ အများကြီး မှီခိုနေတာကြောင့် ဖြစ်ပါသည်။

ဒီလို လက်မှတ် ၁၀၀,၀၀၀ ထိုင်းနိုင်ငံသို့ အခမဲ့ စီးနှင်းခွင့်ပြုသွားမည့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လှုံ့ဆော်သည့် လှုပ်ရှားမှုဟာ ထိုင်းနိုင်ငံ ကမ္ဘာလှည့် ခရီးသည်လုပ်ငန်းကို ပြန်လည် ဦးမော့လာစေလိမ့်မယ်လို့ အဲအေရှလေကြောင်းလိုင်း အကြီးအကဲ တိုနီဖါနန်းဒက်စ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါသည်။

အပြုံးတွေ ဝေဆာနေသော တိုင်းပြည်၏ အခြားတဖက် (သို့) Smile Land မှ Cry Land သို့

၁၉၉၆ ခုနှစ်မှာ မြန်မာနိုင်ငံမှာ န၀တစစ်အုပ်စုက ”Visit Myamar year” ဆိုပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ကို လှုံ့ဆော်သည့် လှုပ်ရှားမှုတွေကို အကြီးအကျယ် ပြုလုပ်ခဲ့သည်။ သို့သော်လည်း န၀တစစ်အုပ်စု မျှော်မှန်း ထားသလို အောင်မြင်မှု မရှိဘဲ၊ အရှက်တကွဲ အကျိုးနည်းမှုနဲ့ ကြုံတွေ့ခဲ့ရပါသည်။ မြန်မာပြည်ကို လာရောက် လည်ပတ်ခဲ့သော ကမ္ဘာလှည့်ခရီးသွားတွေ၏ အဆိုအရ Visit Myamar year ဟာ ကြောက်မက်ဖွယ် အိပ်မက် ဆိုး တခုလို ခံစားခဲ့ရတယ်။ ကျနော် မြန်မာပြည်ကို သွားရောက် လည်ပတ်ခဲ့သော ကမ္ဘာလှည့် ခရီးသွားတွေ နဲ့ တွေ့ဆုံးစဉ် သူတို့ရဲ့ အတွေ့အကြုံ ကို အခုလိုကြားသိခဲ့ရပါသည်။

သူတို့ရဲ့ အတွေ့ အကြုံအရ ၇ နာရီသွားရမဲ့ ခရီးစဉ်ဟာ ၁၄ နာရီလောက် အချိန်ပေးခဲ့ရတယ်။ မြို့ တွင်း ပြေးဆွဲနေသော အများပြည်သူ စီးနင်းသည့် ယာဉ်တွေဟာလည်း အိုးမင်းဟောင်းနွမ်းနေပြီး၊ မြန်မာဘာသာ ဖြင့်သာ ရေးသားထားသောဘက်စ်ကား နံပါတ် တွေ၊ ခရီးသွားလမ်းညွှန်တွေလည်း မြန်မာဘာသာဖြင့်သာ ရေးသားထားတာကြောင့် ဘယ်ကားစီးရမှန်းမသိ၊ ဘယ်ကို ရောက်မှန်းမသိ၊ ဘယ်လိုသွားရမှန်းမသိဘဲ၊ အခြားဂြိုလ်ကမ္ဘာတခုကို ရောက်သွားသလိုခံစားခဲ့ကြရတယ် လို့ ပြောပြခဲ့ကြသည်။ ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွားတွေဟာ မြေပုံလမ်းညွှန်တွေကို အင်္ဂလိပ်လိုဖော်ပြရေးသားထားတာကြောင့် ဘယ်နေရာကို ဘယ် ဘက်စ်ကား စီးရင် ရောက်မယ်ဆိုတာ အလွယ်တကူသိနိုင်ကြပေမဲ့ ၊ မြန်မာပြည်မှာတော့ တော်တော် လေး ကို အခက်အခဲ ရှိခဲ့ကြတယ်လို့ ပြန်ပြောပြတာ ကြားခဲ့ရသည်။ မြန်မာပြည်၏ မြို့တော် ရန်ကုန်မြို့ မှာ တောင် တချို့တည်းခိုခန်းတွေမှာ လျှပ်စစ်မီး မကြာခဏဆိုသလို ပြတ်ခဲ့မှုတွေကြောင့် ၊လေအေးစက် မလာဘဲ ပူပြင်းတဲ့ ရာသီဥတုကို သာ ခံစားခဲ့ကြရတယ်။

ကမ္ဘာလှည့် ခရီးသွားတွေဟာ သူတို့ သွားလည်တဲ့ နိုင်ငံရဲ့ ပညာရေး၊ကျန်မာရေး အဆင့်အတန်းကို အကြမ်းဖျင်း သိရှိချင်ရင် ထိုတိုင်းပြည်ရှိ အများသုံအိမ်းသာကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်လို့ ယေဘူယျ အားဖြင့် ပြောလေ့ရှိကြတယ်။ မြန်မာနိုင်ငံမှာတော့ မြို့တော် ရန်ကုန်မှာတောင်အများသုံး အိမ်သာတွေကိုလဲ ရှာရ မလွယ်သလို၊ ရှိတဲ့ အများသုံးမြေအောက် အိမ်းသာတွေကလည်း ထိမ်းသိမ်းရှောက်မှု မရှိသည့်အတွက် ညစ်ပတ်နံစော်နေတာတွေ့ခဲ့ရတယ်လို့ သိရသည်။ ခရီးစဉ်တချို့မှာ ကမ္ဘာလှည့်ခရီးသွားတွေ ကို နောက်က အမြဲတမ်း လိုက်ပါစောင့်ကြည့်နေသည့်အတွက် ကမ္ဘာလှည့်ခရီးသည်များစိတ်အနှောက်အရှက်ဖြစ်ခဲ့ကြပါသည်။ တချို့ ကမ္ဘာလှည့်ခရီးသွားတွေဟာ မြန်မာပြည်မှာ လည်ပတ်ခွင့် ဗီဇာ ၁ လ ရ ရှိခဲ့သော်လည်း ၃ -၄ ရက် နဲ့ ဘန်ကောက်သို့ ပြန်ပြေးသွားကြရသည်။

၁၉၉၆ မြန်မာ့ခရီးသွားနှစ် တွင် ရန်ကုန် နှင့် မန္တလေးမြို့သို့ သွားရောက်လည်ပတ်ခဲ့သော ကျနော့်သူငယ်ချင်း ဂျိုး၊ ပေါလ်၊ ဂျိမ်းစ် နှင့် ဘရမ်ဒါ တို့ကို ဘန်ကောက်၌ ပြန်လည်ဆုံတွေ့စဉ်၊ မြန်မာပြည်၏ ထူးခြားသော အတွေ့အကြုံတွေကို မေးမြန်းခဲ့ပါတယ်။ မြန်မာပြည် အလည်အပတ် ခရီးစဉ်မှာ ဘာတွေ ထူးထူးခြားခြား တွေ့ခဲ့သလဲလို့ ကျနော် မေးခဲ့တယ်။ သူတို့ က မြန်မာပြည်မှာ ထူးခြားတာတွေ့ခဲ့တာကတော့ " Pagodas နဲ့ Soldiers" ကို သူတို့သွားခဲ့တဲ့မြို့ တိုင်းမှာ တွေ့ခဲ့ရတယ်လို့ ရီသွမ်းပြောဆို ခဲ့ကြပေမဲ့၊ မြန်မာလူမျိုးတယောက် ဖြစ်တဲ့ ကျနော်အတွက်ကတော့ ငိုရခက်ခက်၊ ရီရခက်ခက်ဖြစ်ခဲ့ရပါသည်။ မှန်ပါသည်။ တကယ်တော့ အပြုံးတွေဝေဆာနေသော တိုင်းပြည် ဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ အခြားတဖက်မှာ ငိုကြွေးနေသောတိုင်းပြည် ဖြစ်တဲ့ ကျနော်တို့ မြန်မာနိုင်ငံ ရဲ့ အခြေအနေမှန်တွေကို သူတို့ တွေ့ရှိသွားခဲ့ကြတာပါဘဲ။

ဒါဟာ န၀တစစ်အုပ်စု၏”Visit Myamar year” မအောင်မြင်ရတဲ့အကြောင်းအရင်းခံတွေကို စာဖတ်သူတွေကို ကျွန်တော် ရှာဖွေလေ့လာထားသ၍ ဝေမျှတာပါ။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ မင်္ဂလာဒုံလေဆိပ် ဟာ အရှေ့တောင်အာရှ၏ တံခါးပေါက် သဖွယ်ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံ ကနေတဆင့် တခြားနိုင်ငံတွေ ကို ခရီးဆက်ခဲ့ကြတယ်။ အခုတော့ မြန်မာနိုင်ငံ၏ မင်္ဂလာဒုံလေဆိပ်ဟာ စတုဒီသာကျွေးတဲ့ အလှူမဏ္ဍပ်သာသာ အဖြစ်ကို ရောက်ရှိသွားခဲ့ပါပြီလို့ ........


အပြည့်အစုံဖတ်ချင်ရင်...

ဘုရင်ရူး



သူငယ်စဉ်က

စားစရာဆိုတာ ဗလာနတ္ထိ

ဝတ်စရာက မရှိ

နေစရာက မြေကြီးအတိ

ဆင်းရဲတဲ့နေရာ

သူတောင်းစားကပင်

အဖေခေါ်လောက်ရဲ့

ဒါပေသိ သူ့ ရဲ့ကံ

အကြောင်းဖန်လာတော့

စစ်ထဲရောက်

ဟောတစ်ယောက် ဟောတစ်ယောက်နဲ့ 

တဖြည်းဖြည်း ပျောက်သွား

ဘွားကနဲဆို အကြီးဆုံးဖြစ်

သူဖြစ်ချင်တဲ့ ဘုရင်ရှုး

ဘ၀မကူးသေးခင် ရှုးခွင့်ရ သြချလောက်ပါရဲ့

ဒီလိုနဲ့ဘုရင်ရှုး

တိုင်းမှုး ဗိုလ်မှုး ၀န်ကြီးနဲ့

အားလုံးသော ကတော်

သူသာခေါ်ရင်

ဒူးထောက်လို့ ဘုရားထူး

လက်အုပ်တွေချီရ

အားလုံး စိတ်ညစ်ကြဆိုပဲ

ဒီလိုနဲ့သူ့ရဲ့ဘုရင်ရူးရောဂါ

နေတက်လေ အရူးရင့်လေမို့

ရူးချက်က ကန်းကုန်

မိုက်လိုက်ပုံများ

ဘုရားတွေ ဗိုက်ဖောက်

စေတီတွေ ဌာပနာဖောက်

ရဟန်းသံဃာနဲ့ ပညာရှိတွေထောင်ထဲရောက်

သူမပျောက်ရင် ပြီးရော

ဗေဒင်ယတြာတွေနှောပြီး

ဘီလူးဆိုင်းတီးပြ

ပြည်သူအားလုံး ငတ်သေကြကုန်ပြီ

ခွေးရူးကောင်းစားတမွန်းတည့်

ဆိုရိုးစကား ရှိခဲ့ငြားကြောင့်

မင်းရဲ့ ဘုရင်ရူးရောဂါ

မွန်းမတည့်ခင်မာလကဈာန်ကြွ

ငြိမ်းချမ်းစွာ ဒီမိုကရေစီရ

ပြည်သူတွေ ချမ်းသာဖို့

အမြန်သာ ကြွပေတော့

အမြန်သာ ကြွပေတော့

မင်းသုည( ကွမ်းခြံကုန်း)



အပြည့်အစုံဖတ်ချင်ရင်...

ထိုင်းနိုင်ငံမဲဆောက်သို့နအဖကလက်နက်ကိုင်များစေလွတ်

နအဖ ခေါင်းဆောင်ကြီး သန်းရွှေ ၏ ခိုင်းစေချက်အရ အမည်စာရင်းပါ လူ (၂၀) ဦးအား မဲဆောက်မြို့ သို့  စေလွှတ်။

နအဖမှ ပြည်တွင်းရှိ နိုင်ငံရေးလှုပ်ရှားသူများအား ဒုက္ခပေးရသည်ကို အားမရဘဲ၊ ပြည်ပတွင်နေပြီး နအဖကို တော်လှန်နေသော ညီအကိုမောင်နှမများကိုပါ ဒုက္ခပေးရန် အာဏာရူးကြီးသန်းရွှေ၏ ခိုင်းစေချက် အရ ပြည်ထဲရေးဝန်ကြီး မောင်ဦးမှ ပူးတွဲပေးပို့သော အမည်စာရင်းပါ လူ (၂၀) ဦးအား (၂၀) ရက်နေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့ သို့ စေလွှတ်ခဲ့ပါသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ တော်လှန်ရေးအင်အားစုများအားလုံးအား အဆိုပါ နအဖလက်ပါးစေများအား လိုအပ်သလို အရေးယူ ဆောင်ရွက်နိုင်ရန် အသိပေးအပ်ပါသည်။


ထိုင်းနိုင်ငံမဲဆောက်မြို့တွင်ထိုင်းအာဏာပိုင်များ၏ဖမ်းဆီးခြင်းခံထားရသော
မြန်မာပြည်သားတစ်စုမှာလက်နက်ကိုင်တွေပါဝင်ပြီး၊ဒီလူတွေဟာနအဖကစေ
လွတ်ထားသူတွေဟုသတ်မှတ်ထားကြပါတယ်။
ဒီလူတွေကိုနအဖကစေလွတ်ထားတယ်ဆိုတဲ့အချက်ကခိုင်မာတယ်ဆိုရင်ဖြင့်
သူတို့ရဲ့ရည်မှန်းချက်ဟာမဲဆောက်အခြေစိုက်ဒီမိုကရေစီအရေး၊တိုင်းရင်းသားအရေး
ဆောင်ရွက်ကြတဲ့အဖွဲ့အစည်းခေါင်းဆောင်တွေကိုလုပ်ကြံသတ်ဖြတ်တဲ့အထိဖြစ်
လာနိုင်တယ်လို့မြန်မာ့အရေးလေ့လာသူဦးဌေးအောင်ကသုံးသပ်ပါတယ်၊
အခုမဲဆောက်ကိုရောက်လာတဲ့လက်နက်ကိုင်အစုအဖွဲ့ထဲမှာလူ(၁၀)ဦးကျော်
ပါဝင်ပြီးအနည်းဆုံးလူ(၄)ဦးထံကလက်နက်တွေသိမ်းဆည်းရမိတယ်လို့သိရပါတယ်၊
အဲဒီအဖွဲ့ထဲမှာအမျိုးသမီးတွေလည်းပါဝင်ပါတယ်။



အပြည့်အစုံဖတ်ချင်ရင်...

Tuesday, December 23, 2008

မြန်မာရုပ်ရှင်မင်းသမီးတဦး ဂျပန်နိုင်ငံတွင် ဒုက္ခသည်ခိုလှုံခွင့်လျှောက်


ဓါတ်ပုံ(အင်းသားဘ၀၊ အင်းသားအလှရုပ်ရှင်ဇတ်ကားကြီးမှရုပ်ရှင်သရုပ်ဆောင်ဟန်နီထွန်း)




မြန်မာနိုင်ငံ ရုပ်ရှင်နှင့်ဗီဒီယိုတွင်နာမည်ကျော်ကြားခဲ့သည့် အနုပညာရှင်မင်းသမီးတဦးသည် ဂျပန်အစိုးရထံတွင် ဒီဇင်ဘာလဆန်းပိုင်းကဒုက္ခသည်ခိုလှုံခွင့်လျှောက်လိုက်ကြောင်းသိရှိရသည်။
အသက် ၃၇ နှစ်ရှိပြီဖြစ်သော အဆိုပါမြန်မာရုပ်ရှင်မင်းသမီးသည် ဂျပန်နိုင်ငံသို့ ၂ဝဝ၈ ခုနှစ်၊ စက်တင်ဘာလအတွင်းက ရောက်ရှိခဲ့နေခြင်းဖြစ်ပြီး ဒီဇင်ဘာလဆန်းကျမှ ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှင်နာဂါဝရပ်ကွက်တွင်တည်ရှိသော ဂျပန်လဝကရုံးသို့ကိုယ်တိုင်သွားရောက်၍ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုနိုင်ရန် ခိုလှုံခွင့်လျှောက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
မည်သည့်အကြောင်းကြောင့် ယခုလိုဒုက္ခသည်လျှောက်သည်ဆိုတာကို မသိရှိရသေးသော်လည်း ဂျပန်ရောက်မြန်မာအသိုင်းအဝိုင်းများကြားထဲတွင် ယင်းကိစ္စနှင့် ပါတ်သတ်၍ အနုပညာရှင်များ ဂျပန်နိုင်ငံသို့ ဖျော်ဖြေရေးအနေနှင့်လည်ကောင်း၊ အလည်ခရီးအနေဖြင့်လည်ကောင်း အကြိမ်ကြိမ်လာရောက်ဖူးကြသော်လည်း နံမည်ကြီးရုပ်ရှင်သရုပ်ဆောင်တဦးမှ ယခုလိုဒုက္ခသည်အဖြစ်ခိုလိုခွင့်လျှောက်ထားခြင်းမျိုး ဘယ်ခေတ်အခါကမှ မရှိခဲ့ဖူးခြင်းကြောင့် လူပြောများနေလျက်ရှိသည်။
''အတော်အံသြမိတယ်ဗျ၊ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးတဲ့ကိစ္စမျိုးဂျပန်က မြန်မာအသိုင်းအဝိုင်းကြားထဲမှာ လာဖြစ်တာဆိုတော့၊ ဘယ်လိုပြောရမလဲဗျာ၊ ဒီမှာက ငွေရတာဘဲရှိတာ၊ အစစအရာရာဆုံးရုံးနစ်နာတယ်၊ အလုပ်ဆိုလဲ ဂျပန်လူမျိုးတွေမလုပ်ချင်တဲ့အလုပ်မျိုး၊ အန္တယ်ရှိတဲ့အလုပ်မျိုး၊ ညစ်ပါတ်တဲ့အလုပ်မျိုး ဆိုတဲ့အလုပ်သုံးမျိုးဘဲလုပ်ရတာလေ၊ အင်မတန်မှပင်ပင်ပန်းပန်းအလုပ်လုပ်ပြီးမှ ရပ်တည်ရတဲ့အခြေအနေမျိုးရှိတဲ့ ဒီဂျပန်မှာ လာပြီးဒုက္ခသည်အဖြစ်လာလျှောက်လိုက်တာဆိုတော့ ဗမာပြည်က အတော်အခြအနေဆိုးနေပြီလို့ဘဲ ပြောချင်တယ်ဗျာ...'' ဟု ဂျပန်နိုင်ငံတွင်အနေကြာသော မြန်မာလူမျိုးတဦးမှ ၄င်းအမြင်ကို ပြောပြသည်။

နိုင်ငံရေးသမားတစ်ဦးကမှု ''အကြောင်းအမျိုးမျိုးကြောင့် ဂျပန်မှာ ဗမာတွေဒုက္ခသည်အဖြစ်လျှောက်ကြတယ်၊ တချို့က စီးပွားရေးကြောင့်၊ တချို့ကဗမာပြည်မပြန်ချင်လို့၊ တချို့နိုင်ငံရေးလုပ်ချင်လို့ စသဖြင့်ပေါ့နော်၊ ဘယ်လိုဘဲဖြစ်ဖြစ် သာမန်လူအရပ်သားတဥိးအနေနဲ့ကတော့ သိပ်မဆန်းပါဘူးဗျာ၊ သို့သော် အနုပညာအသိုင်းအဝိုင်းက နံမည်ကြီးလူသိများတဲ့ရုပ်ရှင်သရုပ်ဆောင်တဦးက ဒီလိုလုပ်တာကတော့ ထူးဆန်တာတော့ အမှန်ဘဲ၊ သို့သော် ဘယ်လိုကြောင့်ဘဲ လျှောက်လျှောက်ရှေ့ပိုင်းမှာ ဂျပန်မှာဒုက္ခသည်လျှောက်ပြီး တိုင်းပြည်အတွက် လုပ်နေကြတဲ့လူတွေအပေါ်ကိုတော့ လေးစားသမှုနဲ့ ကိုယ်ဘာကြောင့်လျှောက်တယ်၊ ပြည်တွင်းမှာ ဘယ်လိုအခက်ခဲမျိုးတွေကြုံလာတယ်ဆိုတာ ကို အများသိအောင်ရှင်းရှင်းလင်းလင်းပြောပြသင့်တယ်၊ ဒါမှလဲ နအဖရဲ့ကောက်ကျစ်ယုတ်မာမှုတွေကို ဂျပန်တွေရော၊ ဗမာတွေရော၊ ပိုမိုသိမြင်လာပြီး နအဖစစ်အာဏာရှင်တော်လှန်ရေးမှာ ရုပ်ရှင်အနုပညာရှင်တွေပါ ထဲထဲဝင်ဝင်ပါလာပြီးဆိုတာ အားလုံးတကမ္ဘာလုံးကပါသိမြင် လာမှာ'''ဟုရှင်းပြသည်။

ယခုလို ဂျပန်လဝကထံတွင် ဒုက္ခသည်အဖြစ် ခိုလှုံခွင့်လျှောက်လိုက်သည့် မြန်မာရုပ်ရှင်မင်းသမီးဆိုသူမှာ 'ဟန်နီထွန်း'ဖြစ်သည်။

မိုးသောက်ကြယ်မှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

ဘန်ကီမွန်း တင်ဆက်မယ့် မြန်မာ့ရေးရာ ဆပ်ကပ် ပဒေသာ


ဧရာဝတီမှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

၂၀၀၉ ခုနှစ်မှာ အမေရိကန် အလုပ်အကိုင် ၁,၀၀၀,၀၀၀ ဆုံးရှုံးနိုင်

အမေရိကန်နိုင်ငံမှာ အခြေအနေ ဆိုးရွားလာနေတဲ့ ငွေကြေးဈေးကွက်နဲ့ စီးပွားရေး
ကမောက်ကမ ဖြစ်မှုတွေကြောင့် နောက်နှစ်အတွင်း နောက်ထပ် အလုပ်အကိုင်ပေါင်း
၁,၀၀၀,၀၀၀ ဆုံးရှုံးနိုင်ကိန်းရှိတယ်လို့ အစီရင်ခံစာသစ်တခုမှာ ဖော်ပြထားပါတယ်။

အဲဒီလိုဖြစ်ရတာဟာ စားသုံးသူတွေ၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ငွေသုံးစွဲနိုင်မှု
နည်းပါးလာလို့၊ တနည်းအားဖြင့် ၀ယ်ယူနိုင်အားနဲ့ ၀ယ်လိုအား ကျဆင်းလာတာ
ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပြန်လည်ဦးမော့
နာလန်ထဖို့အတွက် အချိန်အတန်ကြာဦးမယ်လို့လည်း ဒီအစီရင်ခံစာက ဆိုပါတယ်။
Challenger လို့ခေါ်တဲ့ အလုပ်သမားရေးရာ ကုမ္ပဏီတခုက ဒီအစီရင်ခံစာကို ထုတ်ဝေ
တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဗဟိုဘဏ်ကလည်း စီးပွားရေးဆုတ်ယုတ်မှုကို တန်ပြန်တဲ့အနေနဲ့ ဗဟို
ဘဏ်တိုးနှုန်းတွေကို ထပ်မံချလိုက်ပါတယ်။ ဘဏ်တွေအနေနဲ့ အရန်ငွေထားရှိဖို့
သတ်မှတ်ထားတဲ့ ပမာဏကိုလည်း လျှော့ချလိုက်ပါတယ်။ ဒီလိုလုပ်ရတာကတော့
စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ငွေကို ပိုမိုသက်သာစွာ ချေးယူနိုင်ဖို့အပြင် လုပ်ငန်း
တွေတိုးချဲ့ပြီး အလုပ်သမားတွေ ထပ်ငှားနိုင်စေဖို့ ဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်မှုဟာ ဂျပန်မော်တော်ကားကုမ္ပဏီဖြစ်တဲ့ တိုယိုတာကုမ္ပဏီ
ကိုလည်း အထိနာစေပါတယ်။ တိုယိုတာကုမ္ပဏီက သူတို့ရဲ့ အသားတင်ဆုံးရှုံးငွေကို
ပထမဦးဆုံးအကြိမ်အနေနဲ့ မနေ့က ကြေညာခဲ့ပါတယ်။


အပြည့်အစုံဖတ်ချင်ရင်...

ဗိုလ်ချုပ်အောင်ဆန်း ပြောသော “နိုင်ငံရေးဆိုတာ”


ဗိုလ်ချုပ်အောင်ဆန်း

ကျော်သိင်္ခ

ဒီဇင်ဘာ ၂၁ ရက်

ဒီတစ်ခါ ကျနော်ကြားခဲ့ရသော စကားလေးတစ်ခွန်းနဲ့ပက်သက်ပြီး ယခုဆောင်းပါးကိုရေးဖြစ်သွားတာဖြစ်ပါသည်။ ထိုစကားကို ရပ်ကွက်ထဲမှာ မိဘတွေက သားသမီးတွေကို သတိပေးစကားပုံစံမျိုးနဲ့ ပြောကြသည်။ ကျောင်းက ဆရာ၊ ဆရာမတွေက ကျောင်သားတွေကို နေ့စဉ် ဆုံးမစကားပြောသကဲ့သို့ ပြောကြသည်။ ၀န်ထမ်းတွေကြားမှာတော့ ကြောက်စရာတစ်ခုလို ဖြစ်အောင် ခြောက်လှန့်ပြီးပြောကြသည်။ အဲဒါက ဘာလဲဆိုတော့ “နိုင်ငံရေး မလုပ်နဲ့” ဟူသောစကာားပင်ဖြစ်သည်။

ထိုအချိန် ကတည်းကစပြီး အဲဒီလို မိဘတွေကြောင့် သားသမီးတွေမှာ နိုင်ငံရေး ဆိုတဲ့ စကားလုံးသုံးလုံးက သူတို့ကိုချောက်လှန့်နေသည်။ ဆရာ၊ ဆရာ မတွေကြောင့် ကျောင်းသားတွေမှာ “နိုင်ငံရေး မလုပ်နဲ့နော်” ဆိုသောစကားက လူ့ကျင့်ဝတ်ထဲက တစ်ခုဘဲဖြစ်နေသလိုလို၊ မြတ်စွာဘုရား တရားတော်ထဲမှာပင် နိုင်ငံရေးလုပ်ရင် အပယ်ငရဲ ကျတတ်သကဲ့သို့ ပြောထားလေဟန် နဲ့ ကျောင်းသားတွေကြားမှာ နိုင်ငံရေး ဆိုတာကိုဘဲရှောင်ကွင်းရမလို။ ၀န်ထမ်းတွေကြားမှာတော့ နိုင်ငံရေး ဆိုသည်ကို ပြောရဲဖို့ မပြောနဲ့ သူများက လာပြောရင်တောင် မကြားရဲဘူးဖြစ်နေသည်။

ထို့ကြောင့် ကျနော် ဖတ်ဖူးတဲ့ စာအုပ်တွေထဲက ကျနော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၆ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ ရွှေတိဂုံ အလယ်ပစ္စယံ လူထုအစည်းအဝေးမှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲက နိုင်ငံရေးဆိုတာနဲ့ပက်သက်ပြီး ပြောကြားခဲ့တာကို တစ်ဆင့် ပြန်ပြီးဝေငှလိုက်ပါသည်။

“……..နိုင်ငံရေး ဆိုတာ ဘာလဲဟု မေးဖွယ်ရာရှိပြန်၏။ ကျွန်ုပ် တို့သည် သာမန်ပုထုဇဉ်များ ဖြစ်သောကြောင့် နိုင်ငံရေးကို မလုပ်သင့်။ နိုင်ငံရေးသည် အလွန် မြင့်မြတ်သည့်အတွက် ကျွန်ုပ်တို့နှင့် မတန်မရာ၊ လေးမြတ်စွာ မျှော်ရှုရန်သာလျှင် ရှိသည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးကို အချို့သော လူညာလူလိမ်တို့သည် တောအုံကနား ကျေးတောသား လူရိုးလူအ တို့ကို အတိတ်၊ တပေါင်၊ စံနည်းဘဝေါတို့ကို တွင်တွင်ကြီးဟောပြော၍ ထိုသူတို့၏ မနော အကြိုက်ကိုလိုက်၍ အငိုက်ဖတ်ပြီးနောက် စားပေါက်ထွင်ကြသည့် ကိစ္စဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည် ကန္တာရ ခရီးပမာ ကြောက်မက်ဖွယ်သော အန္တရာယ်များစွာရှိသော အရေးကိစ္စဖြစ်သောကြောင့် ကျွန်ုပ်တို့သည် တတ်သာလျှင် ရှောင်ရှားသင့်သည်ဟု ဆိုရမည်လော။ သို့တည်းမဟုတ် နိုင်ငံရေးသည် ကျွန်ုပ်တို့ ပြောလေ့ပြောထရှိသည့်အတိုင်း အမျိုး၊ဘာသာ၊ သာသနာရေးဟူ၍ပင် ဆိုရမည်လော။ နိုင်ငံရေး သဘောအမှန်မှာ ကျွန်ုပ်တို့ လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်မဟုတ်၊ နိမ့်ကျလွန်းသည်လည်းမဟုတ်၊ မျက်လှည့်ဗေဒင်လည်းမဟုတ်၊ အဂ္ဂိရတ်လည်း မဟုတ်၊ ကြောက်မတ်ဖွယ်ကောင်းသော ကန္တာရခရီးလည်းမဟုတ်၊ ဘယ်သူသေသေ ငတေမာပြီးရော စိတ်ဇောနှင့် လုပ်သော အရေးကိစ္စလည်း မဟုတ်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက်ဖြစ်ပွားလျှက်ရှိသော အခြေအနေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရ မည်ဖြစ်သော အရေးကိစ္စသာလျှင် ဖြစ်ပေ၏။”

“အတိုချုပ်ဆိုရလျှင် နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင်ဖြစ်ပေသည်။ တနည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟုဆိုရပေမည်။ ကျွန်ုပ်တို့ စားမှုသောက်မှု၊ နေမှုထိုင်မှု၊ သွားမှုလာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်သည် ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံ စသည်တို့၌ ပေါ်ပေါက် လျှက်ရှိ၏။ ဤ ဋ္ဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်။ အလုပ်သမားများသည် အခကြေးငွေအတွက် အလုပ်လုပ်ရ၏။ တောင်သူလယ်သမားသည် ၀မ်းစာအတွက် လယ်ယာလုပ်ရ၏။ စာရေးစာချီ အမှုထမ်းသည် လည်း လစာငွေအတွက် အလုပ်လုပ်ရ၏။ ကုန်သည်ပွဲစားတို့သည် အသီးသီးဝင်ငွေရရန် လုပ်ကြရ၏။ အချုပ်မှာ စားသောက်နေထိုင်ရေး အတွက်ပင်ဖြစ်၏။ အလုပ်သမားသည် အခကြေးငွေကို တိုးတက်၍ ရပြီးလျှင် စားသာသောက်သာသော အခြေအနေကို ရလို၏။ တောင်သူလယ်သမားသည် မိမိ၏ လယ်မြေကို တိုးတက်ကောင်းမွန်စေ၍ သက်သာချောင်ချိလို၏။ စာရေးစာချီ အမှုထမ်းတို့သည်လည်း ရုံး၌ တကုပ်ကုပ် လုပ်နေရသော ဘ၀ထက် လွတ်လွတ်လပ်လပ် ချောင်ချောင်လည်လည်ရှိသော အခြေအနေသို့ ရောက်လိုကြ၏။ ကုန်သည်ပွဲစားတို့လည်း လွယ်လွယ်ကူကူ တို့ချဲ့၍ ကူးသန်းရောင်းဝယ်လိုကြ၏။ ဤကဲ့သို့ လူတိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်၏။”

“သို့ဖြစ်ရကား နိုင်ငံရေးဟူသည် လူမှုလူရေးမျှသာဖြစ်၏။ နိုင်ငံရေးကိ ကျွန်ုပ်တို့ နားမလည်စရာ အကြောင်းမရှိချေ။ သို့ပါလျှက် အချို့သူများသည် နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည်ဟုဆိုကြ၏။ နိုင်ငံရေးမည်သည် ယုတ်မာညစ်ထေးသည်ဟု ဆိုရမည်လော၊ စင်စစ်နိုင်ငံရေးမှာ ယုတ်မာညစ်ထေးသည်မဟုတ်၊ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင် ယုတ်မာခြင်းသာ ဖြစ်သည်။”

“ကျွန်ုပ်တို့သည် နိုင်ငံရေးကို ဆက်၍ ပြောရပေဦးမည်။ နိုင်ငံရေးကို ပြော၍မဆုံးသေးချေ။ စင်စစ် နိုင်ငံရေးတို့မည်သည် ပြီးဆုံးခြင်း ရောက်ပြီဟူ၍ မရှိနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့ သံသရာ၌ လည်နေရသရွေ့ ပဋိစ္စသမုပ္ပာဒ် တရားတော်မြတ်အတိုင်း အကြောင်းနှင့် အကျိုး၊ အတိတ်နှင့် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ဆက်စပ်၍ မရပ်မနား ရှည်လျားလှသော ခရီးကို တသွားတည်း သွားနေရပေပြီ။ ဤကဲ့သို့ အကြောင်းတရာ၊ အကျိုးတရား အမျိုးအစားကို လိုက်၍ဖြစ်ပျက်နေခြင်းသည်ပင်လျှင် နိုင်ငံရေးဖြစ်၏။”

ဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းပြောသွားတာတွေထဲက အကျဉ်းချုံးပြီး ပြန်လည်ဝေငှ လိုက်တာဖြစ်ပါသည်။ ဤသို့ဆိုလျှင် နိုင်ငံရေး မလုပ်ပါနှင့် ဟုပြောကြသောမိဘတွေကိုယ်တိုင်လည်း မိုးလင်းကစ မိုးချုပ်တဲ့အထိ နိုင်ငံရေး အကြောင်းပြောနေကြပေပြီ။ အမေလုပ်သူက ဈေးကပြန်လာ၍ သား၊ ငါးဈေးကြီးကြောင်းပြောရင်၊ ဒါ နိုင်ငံရေးအကြောင်းပြောတာသာဖြစ်သည်။ အဖေလုပ်သူက အလုပ်အကိုင်က ခါတိုင်းလို အဆင်မပြေဘူး၊ ငွေကြေးရှာရတာကျပ်တည်းကြောင်းပြောရင်လည်း၊ နိုင်ငံရေးအကြောင်းပြောတာသာဖြစ် သည်။

ဆရာ၊ ဆရာမ တွေရော နိုင်ငံရေးကို ဘယ်လိုလုပ်နေကြသနည်း။ အစိုးရ ကျောင်းဆရာ၊ ဆရာမတွေကို အစိုးရက ၂၀၀၆ လောက်မှာ လခတွေ (မဖြစ်စလောက်လေး) တိုးပေးပြီးတော့၊ လခ တိုးပေးထားလို့ ကျူရှင်မသင်ရဆိုပြီးလုပ်ခဲ့သည်။ အဲဒီမှာ ဆရာဆရာမတွေက ဘာလုပ်လဲ။ ခါတိုင်း တစ်ဝိုင်းကို အိမ်မှာ ၁၅ ယောက်ခေါ်သင်တယ်ဆို၊ အဲဒီလို အမိန့်ထုတ်ပြီးနောက်မှာ ၁၀ ယောက်လောက်အထိတော့ လက်ခံပြီးသင်သည်။ ငွေရေးကြေးရေးကြပ်တည်းလို့၊ ပိုပြီးချောင်ချောင်လည်လည်လေးဖြစ်အောင် အိမ်မှာ ၀ိုင်းကျူရှင်သင်ကြသည်။ အခွင့်အရေးလေး ပိုပြီးလိုချင်သည်။ အပြစ်မပြောလိုပါ။ ဒါလည်း ဗိုလ်ချုပ်ပြောသလိုဆို နိုင်ငံရေးလုပ်တာဘဲ။ တိုက်ရိုက်မဟုတ်ရင် တောင်၊ သွယ်ဝိုက်ပြီးလုပ်တယ်။ မလုပ်နဲ့ဆိုတာကို လုပ်တာ ဆန့်ကျင်တာ၊ တော်လှန်နည်းတစ်နည်းပင်။ တစ်နည်းမဟုတ်တစ်နည်းနဲ့ တော်လှန်ကြသည်သာ။ ထို့ကြောင့် ဆရာ၊ ဆရာမ တွေမှာ တော်လှန်ရေးစိတ်ဓာတ်ရှိသည်။ ထို့ကြောင့် ကျောင်းသားတွေကိုလည်း နိုင်ငံရေးမလုပ်ရဟု ဆရာတွေက ပြောလာရင်၊ မတရားရာကျသည်။ ဆရာတွေ နိုင်ငံရေးလုပ်လို့၊ ကျောင်းသားတွေလုပ်သည်။ ဆရာတွေက သူတို့အခွင့်အရေးကို သူတို့ဖန်တီးသကဲ့သို့၊ ကျောင်းသားတွေကလည်း ကျောင်းသားအခွင့်အရေး ဖန်တီးပိုင်ခွင့်ရှိသည်။ အခွင့်အရေး ဆိုတဲ့စကားလုံးသုံးလာကတည်းက ဒါနိုင်ငံရေးပင်ဖြစ်သည်။

အချို့သော မိဘတွေက သားသမီးတွေကို ပြောသည်။ ကြိုက်တာ အကုန်လုပ်၊ သို့သော် နိုင်ငံရေးတော့ မလုပ်နဲ့ ဆိုတာမျိုး။ နိုင်ငံရေးဆိုတာ သေခြင်းတရားကဲ့သို့ပင်။ ရှောင်လွှဲလို့မရ။ မွေးကတည်းကနေ သေသည် အထိ ပါလာသည်။ ထို့ကြောင့် လူတစ်ယောက်တွင် နိုင်ငံရေးအသိမရှိလျှင် ဘ၀အသိမရှိ၊ နိုင်ငံရေးအတွေးအခေါ်မရှိလျှင် ဘ၀အတွေးအခေါ်မရှိ ဘူးဟုသာ ဆိုချင်ပါသည်။

ထို့နောက် နိုင်ငံရေးအသိ၊ အတွေးအခေါ်တို့ ရှိပြီးနောက် နိုင်ငံရေးလောကကို ကြည်လင်စိမ်းလဲ့သော ရေတို့နှင့် ပြည့်နှက်နေသည့် သောက်ရေကန်ကြီး သဖွယ် ယူဆပြီး၊ နိုင်ငံရေးလုပ်သူများကို ရေကန်မှ ရေများကို ခပ်ယူသောက်သုံးနေကြသူများ ဖြစ်သည်ဟု ယူဆ ကြပါစို့။ များသောအားဖြင့် သောက်ရေကန်တိုင်းတွင် “ရေကန်ကို ညစ်နွမ်းစေသော အ၀တ်လျှော်ခြင်း၊ အမှိုက်ပစ်ခြင်း၊ တရိစ္ဆာန်များ ထိမ်းကျောင်းခြင်းမပြုရ” ဟုရေးထားပေမည်။ အကယ်၍ သင်သည် အဆိုပါ ရေကန်ဘောင်ပေါ်၌ အထက်ပါ မပြုလုပ်သင့်အပ်သောအရာ တို့ကို ပြုလုပ်မည်ဆိုပါက ရေကန်ထဲမှရေများ ညစ်ပတ်ပြီး၊ သောက်သုံးနေသော သူများလာရောက်သောက်သုံးတော့မည် မဟုတ်တော့ပေ။

အလားတူပင် နိုင်ငံရေးလောကတွင် မပြုသင့်၊ မပြုအပ်သော အပြုအမူ တစ်ခုခုကို လည်းကောင်း၊ အပြုအမူများကိုသော်လည်းကောင်း၊ သင်ပြုလုပ်ခဲ့လျှင်၊ သင့်ကြောင့် နိုင်ငံရေးလောကလည်း ညစ်နွမ်းသွားပြီး၊ နိုင်ငံရေးလုပ်သူများ၊ နောက်ထပ် နိုင်ငံရေးအတွေးအခေါ်၊ နိုင်ငံရေးအသိ ရှိသူတို့သည် နိုင်ငံရေးလောကသို့ ၀င်လာခြင်းငှာ စွမ်းတော့မည်မဟုတ်ချေ။ ရေကန်ကို လူများ စွန့်ခွာသွားကြသကဲ့သို့ နိုင်ငံရေးလောက ကိုလည်း စွန့်ခွာသွားကြပေမည်။ အမှန်စင်စစ် နိုင်ငံရေးလောကသည် မရှုပ်ပါ၊ နိုင်ငံရေးလောကကို ရှုပ်အောင် လုပ်နေသူများကိုယ်တိုင် ကိုယ့်ကိုယ်ကို ရှင်းမရသည်သာဖြစ်သည်။

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်အချုပ်အောင်ဆန်း ပြောသွားခဲ့သော အထက်ပါစကားလုံးများ၌ နိုင်ငံရေးအကြောင်းပြောရာတွင် ခက်ခဲသည့် စကားလုံးများမပါ။ အဘယ်ကြောင့် ဆိုသော် နိုင်ငံရေး ဆိုကတည်းက အနှစ်သာရအားဖြင့်ရော၊ အဓိပ္ပါယ်အားဖြင့်ပါ ရိုးရှင်းသည့်အတွက်ကြောင့် ဤကဲ့သို့ပြောရခြင်းဖြစ်ပါသည်။ ကျနော်တို့ရဲ့ အမျိုးသားဒီမိုကရေစီ ခေါင်းဆောင် ဒေါ်စုအောင်ဆန်းစုကြည် ၏ စည်းရုံးရေးခရီးစဉ်များမှာ ပြောကြားခဲ့သော စကားများကို အပြင်မှာပင်ဖြစ်စေ၊ အခွေထဲမှာဖြစ်စေ နားထောင်ဖူးသူများ သတိပြုမိကြပါလိမ့်မည်။ ဒေါ်စု အနေဖြင့် စစ်အာဏာရှင်လက်အောက်မှာ ဒုက္ခမျိုးစုံကို ခါးဆီးခံနေကြရပြီး၊ ဒီမိုကရေစီဆိုသည်မှာ ဘာမှန်းမသိသေး၊ လူ့အခွင့်အရေးဆိုသည်မှာ ဘာမှန်းမသိသေးသည် ပြည်သူလူထု၏ နားထဲကို ဒီမိုကရေစီ၊ လူ့အခွင့်အရေး၏ အနှစ်သာရ၊ အဓိပ္ပါယ်ကို အင်္ဂလိပ်လို ကြားမညှပ်၊ ရိုးရိုးရှင်းရှင်း နှင့် စိမ့်ဝင်သွားအောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်မှာ သူမ၏ အရည်အချင်းပင်ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရသော် နိုင်ငံရေး ဆိုသည်ကို လူတွေသိနားလည်လာအောင် ကျနော်တို့ အနေဖြင့် ရိုးရိုးသားသား၊ ရိုးရိုးရှင်းရှင်း အဓိပ္ပါယ်ဖွင့်ဆို၍၊ ပြောဆိုစည်းရုံး၊ သိမ်းသွင်း၊ လုပ်ကိုင်ပါက၊ လူတိုင်းတွင် နိုင်ငံရေးအသိအမြင်၊ နိုင်ငံရေးအတွေးအခေါ် ကျယ်ပြန့်လာကာ ဗမာပြည်နိုင်ငံရေး လောကသည်လည်း ဒီထက်ကောင်းသတင်းမွှေး၍၊ ဒီမိုကရေစီ ပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဖြစ်ကြောင်း အပြုသဘောဆောင်၍ ရေးသားလိုက်ရပါသည်။
ကျော်သိင်္ခ

အပြည့်အစုံဖတ်ချင်ရင်...

Monday, December 22, 2008

ကလေးတွေကို စာနာကြပါ




လူဖြစ်ပါက...ကယ်ကြ
ကလေးတွေကို
မင်းတို့- သူတို့- ငါတို့ဟာ
ကလေးဘဝက ကြီးလာတာ
ဒါတွေ...
အတွေ့အကြုံနည်းလွန်းတဲ့အခါ
ကိုးနှစ်၊ ဆယ့်တစ်နှစ်အရွယ်
ကလေးတွေ...
သင်္ချာမတွက်တတ်တဲ့
ကလေးတွေ...
စာမတတ်တဲ့
ကလေးတွေ...
မိဘ မသိတတ်တဲ့
ကလေးတွေ...
.................
ကလေးတွေ...
................
ကလေးတွေ...
လက်ဖက်ရည်ဆိုင်၊ ယမကာဆိုင်မှာ
စားပွဲထိုး ဝင်လုပ်ကြ
ဝပ်ရှော့မှာ ပညာသင်ကြ
စက်ရုံ၊ အလုပ်ရုံတွေမှာ တွေ့ကြရ
ပန်းရံတွေ လိုက်လုပ်ကြ
လမ်းခင်း ကျောက်တုံးတွေ 'မ' ကြ
နေ့စား ကလေးတွေ...
အော်...ပညာရေး...
စာပေပညာရေးဆိုတာ.....။ ။
ချမ်းတိုင်းကျော် (မန္တလေး)

အပြည့်အစုံဖတ်ချင်ရင်...

ပြဒါးတစ်လမ်းသံတစ်လမ်း


အူဝဲအူဝဲသံကုန်ဟဲ၍

အဖေါ်မပါကိုယ်ဗလာဖြင့်

လောကထဲကိုရောက်ခဲ့သူ

သူအရွယ်ရောက်လာ

သူမှာပညာလွန်များပါ၍

လောကကောင်းကျိုးနိုင်ငံကျိုးကို

သက်စွန့်ကြိုးပန်းထမ်းရွက်သူ

သူ့ ကိုမှီရှာ လောကမှာလည်း

နေ့ စဉ်နှင့်အမျှ ချမ်းသာရ၏

ဟော----ဗြုန်းကနဲဆို

သူကိုလုပ်ကြံ

သတ်ဖြတ်ရန်ကြောင့်

သူ၏နိဂုဏ်းဘ၀ဆုံးတော့

သူကိုတမ်းတ

ငိုကြွေးကြ၏

တစ်ယောက်သောသူမှာ

သူမှာပညာမရှိပါ၍

လောကကောင်းကြိုး

နိုင်ငံအကျိုးကို

ဘာမှမကြည့်သူမသိပါ

သူသိတာတွေဖေါ်ပြချေက

ဘယ်သူသေသေ

ငတေမာပြီးရော

ထင်ရာပြော၍

လောကဆိုးကျိုးပြုတတ်သူ

ဟော--သူကိုကြတော့

မသေခင်က

သေကြစေကြောင်း

တစ်လောကလုံးက

ပြည်သူအပေါင်း

ဆုမွန်တောင်းသည်

ဆင်ခြင်ကြဖွယ်လမ်းနှစ်သွယ်။

မင်းသုည


အပြည့်အစုံဖတ်ချင်ရင်...

ကြောင်ပါးကြီး

ကျွန်တော်တို့ကျောင်းမှာ

ကြောင်ပါးကြီးတစ်ကောင်ရှိ

ဒါကိုအားလုံးသိတယ်

လူတွေအားလုံးရဲ့ရှေ့မှာ

ဂျွန်းထိုးလက်ပေး

ဘာမှသူမလေး

ခိုင်းတာမှန်သမျှအကုန်လုပ်ပြ

လူတွေကအဟုတ်ထင်ကြ

ရှိတာအကုန်ကြွေးကြ

သူကတော့ဗိုက်ကိုဝလို့

ကြောင်ရဲ့အလုပ်ကိုတကယ်လုပ်

ကြွက်ခုပ်တတ်တဲ့အခြားကြောင်တွေကိုတော့

လစ်လျူရှုကြ

သူတို့ကငတ်သေကြတော့မယ်

ဒါပေမဲ့ ---ကြောင်ပါးကြီးရဲ့ဘဝ

တကယ်ပြောပြရရင်

ကြွက်မခုပ်တတ်

သူဘာမှမတတ်ဘူး

သူတတ်တာက

သူများမျက်နှာသေးနဲ့ပန်း

နေရာတကာလွန်သရန်းပြီး

ကေက်ကျစ်ယုတ်မာပြုတတ်မို့

ကြောင်ပါးကြီးရဲ့နိဂုဏ်း

ဘယ်တော့မှအဆုံးသတ်ပါလိမ့်။

မင်းသုည


အပြည့်အစုံဖတ်ချင်ရင်...

Sunday, December 21, 2008

စည်းကမ်းပြည့်ဝသောဒီမိုကရေစီစံနစ်က ပြည်သူလူထုကိုအကျိုးပြုနိုင်ပါသလား.....

ဒီမေးခွန်းက ကျွန်တော်တို့်မြန်မာနိုင်ငံသားများအတွက် အလွန်အရေးကြီးပါတယ်။ ၂၀၁၀-ခုနှစ်-

ရွေးကောက်ပွဲက တဖြည်းဖြည်းနီးလာပြီဖြစ်သလို ပြည်တွင်း ပြည်ပမှာရှိတဲ့ နိုင်ငံရေးအင်အားစုများနဲ့ ကုလသမဂ္ဂ

အပါအ၀င် နိုင်ငံတကာမိသားစုများက အပြင်းအထန်ကန့်ကွက်နေတဲ့ကြားကပဲ ရွေးကောက်ပွဲကို တစ်ဖက်သတ်

ပြုလုပ်ဖို့ပြင်ဆင်နေပါပြီ။ ကြံ့ ခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကိုအမာခံထားလို့ လှေကြုံစီးရေစုံမျှော နိုင်ငံရေးသမားများနဲ့

အတူ ထင်ရာစိုင်းကြတော့မှာဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အသိညာဏ်နဲ့မယှဉ်တဲ့ လုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံရဲ့ 

ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ ပိုပြီးခက်ခဲရှုပ်ထွေးလာပြီး အခန့်မသင့်ရင် အလုံးစုံပျက်စီးရေးလမ်းကြောင်း

ပေါ်ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသားများအနေနဲ့ သိသင့်သိထိုက်တဲ့အချက်တွေကိုတင်ပြဆွေး

နွေးတဲ့အနေနဲ့ ဒီဆောင်းပါးကိုရေးရတာပါ၊ လက်ခံသည်ဖြစ်စေ ငြင်းပယ်သည်ဖြစ်စေ တစ်စုံတစ်ခုသောအတိုင်း

အတာထိ တွေးနိုင်ကြဖို့မျှော်လင့်ပါတယ်။

တကယ်တော့ စည်းကမ်း နဲ့ ဥပဒေဟာတူသယောင်ထင်ရပေမဲ့ အနှစ်သာရပိုင်းမှာများစွာကွဲပြား

ပါတယ်၊ အိမ်စည်းကမ်း၊ကျောင်းစည်းကမ်း၊လမ်းစည်းကမ်း၊ယာဉ်စည်းကမ်း၊စသည်ဖြင့် နေရာဒေသပေါ်မူတည်ပြီး

သတ်မှတ်ထားတဲ့စည်းကမ်းတွေဟာ အပေါ်ကနေအောက်ကို ဒေါင်လိုက်ချမှတ်ထားတဲ့ အကန့်အသတ်တွေဖြစ်ပါ

တယ်။စည်းကမ်းဆိုတာ ထိန်းကျောင်းမှုသဘောကိုဆောင်ပေမဲ့ အားလုံးအပေါ်မှာတူညီတဲ့ အကျိုးသက်ရောက်မှု

ကိုမပေးနိုင်ပါဘူး၊လူနည်းစုအတွင်းမှာသာသတ်မှတ်လေ့ရှိပြီး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ကိုးကွယ်မှု၊ မတူကွဲပြားတဲ့

တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံအဆင့်မှာတော့ စည်းကမ်းသတ်မှတ်ပြီး အတင်းလိုက်နာခိုင်းလို့မရပါ

ဘူး။အချုပ်အားဖြင့်ဆိုရရင် စည်းကမ်းဆိုတာ ဦးဆောင်သူလူနည်းစုကချမှတ်ဆုံးဖြတ်ထားတာမှို့  အမိန့်အာဏာနဲ့ 

သဘောခြင်းတူပါတယ်။

ဥပဒေ ဆိုသည်မှာ ပြည်သူလူထုအားလုံး၏ အသက်အိုးအိမ်၊ဓနဥစ္စာပိုင်ဆိုင်မှုတို့ကို ကာကွယ်

စောင့်ရှောက်ရန်နှင့် အစိုးရအာဏာပိုင်အဖွဲ့ အစည်းများ၏ ဖိနှိပ်မှုများမှကာကွယ်ရန်အတွက် ပြဌာန်းထားသော -

အရာဖြစ်သည်ဟု အခြေခံအားဖြင့်အဓိပ္ပါယ်ဖွင့်ဆိုရမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပထမပြင်ဆင်ချက်ဥပဒေ

(၁၀)ချက်မှာဆိုရင် ဥပဒေကို လုံခြုံစိတ်ချရတဲ့ ခြံစည်းရိုးတစ်ခုလို့ ဥပမာပေးထားတာကိုတွေ့ရပါတယ်။ အဲ့ဒီလုံခြုံ

စိတ်ချရတဲ့ခြံစည်းရိုးအတွင်းမှာပြည်သူအားလုံးဟာ တည်ငြိမ်အေးချမ်းစွာနဲ့အသက်ရှင်နေထိုင်ခွင့်ရှိပါတယ်။ဒါက

ဥပဒေရဲ့ အနှစ်သာရအပိုင်းပါ၊ ဥပဒေအားလုံးထဲမှာ အရေးအကြီးဆုံးနဲ့အမြင့်ဆုံးက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ

ဖြစ်ပြီး လူထုဆန္ဒနဲ့အတည်ပြုပါတယ်။ ထူးခြားတာက အခြေခံဥပဒေကို ပြည်သူ့ကိုယ်စားလှယ်များကသာ ရေးဆွဲ

ခွင့်ရှိ ပြီး အခြားမည်သည့်အဖွဲ့စည်းကမှ ရေးဆွဲခွင့်မရှိပါဘူး။သို့သော်လည်း မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်

တွေက သူတို့စိတ်တိုင်းကျရေးဆွဲထားတဲ့ အခြေခံဥပဒေကို အဓမ္မအတည်ပြုပြီး ရွေးကောက်ပွဲလုပ်တော့မှာပါ။

စည်းကမ်းနဲ့ဥပဒေတို့ရဲ့ ခြားနားချက်ကိုတင်ပြပြီးတဲ့နောက် ဒီမိုကရေစီရဲ့ သဘောသဘာဝကို

တင်ပြပါ့မယ်၊ ဒီမိုကရေစီသည် လူထုအုပ်ချုပ်ရေးစံနစ်ဖြစ်သည် အာဏာသည်လူထုထံမှ ဆင်းသက်သည်ဟု

ပညာရှင်များကအဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်၊ ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်မှာ အခြေခံအကျဆုံးနဲ့အရေးအပါဆုံးသော

အချက်(၃)ချက်ရှိပါတယ်။ ပထမအချက်က လူ့အခွင့်ရေးများကိုလေးစားလိုက်နာခြင်း။ဒုတိယအချက်က လွတ်လပ်

၍တရားမျှတသောရွေးကောက်ပွဲများကျင်းပပေးခြင်း။တတိယနဲ့အရေးကြီးဆုံးအချက်ကတော့ တရားဥပဒေစိုးမိုး

ခြင်းစသည်တို့ဖြစ်ပါတယ်။ အဲ့ဒီအချက်(၃)ချက်နဲ့ပြည့်စုံတဲ့နိုင်ငံဟာ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံ ဖြစ်ပါတယ်။

ဒီအခြေခံအချက်တွေမရှိဘဲနဲ့တော့ ဒီမိုကရေစီလို့ ဘယ်လောက်ပဲကြွေးကြော်နေပါစေ အရေခြုံထားတဲ့ဒီမိုကရေစီ

သာဖြစ်ပါတယ်။နောက်တစ်ချက်ကတရားဥပဒေစိုးမိုရေးပါ၊သာမန်အားဖြင့်လူအတော်များများနားလည်ထားတာက

နိုင်ငံတစ်နိုင်ငံ၏ဥပဒေများကို ယင်းနိုင်ငံမှပြည်သူများကလိုက်နာကျင့်သုံးခြင်းသည် တရားဥပဒေစိုးမိုးခြင်းဖြစ်

သည်လို့ထင်တတ်ကြပါတယ်၊ အမှန်ကအဲ့ဒီလိုမဟုတ်ပါဘူး တရားဥပဒေရဲ့ရှေ့ မှောက်မှာလူအားလုံး တန်းတူညီတူ

ရှိခြင်း၊ ဥပဒေချိုးဖေါက်သူမှန်သမျှကို အပြစ်ပေးအရေးယူနိုင်တဲ့ လွတ်လပ်သောတရားစီရင်ရေးယန္တယားဖြစ်ခြင်း၊

အစိုးရကိုယ်တိုင်က ဥပဒေများကိုလိုက်နာကျင့်သုံးခြင်း၊ စတဲ့အချင်းအရာတွေနဲ့ပြည့်စုံမှသာ တရားဥပဒေစိုးမိုးခြင်း

ဖြစ်ပါတယ်။ သုတေသနပြုသူများရဲ့အဆိုအရ နိုင်ငံတနိုင်ငံမှာမည်သည့် အုပ်ချုပ်ရေးစံနစ်ဖြင့်အုပ်ချုပ်သည်ဖြစ်စေ

တရားဥပဒေစိုးမိုးမှုရှိမယ်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေတယ်လို့ဆိုပါတယ်။ တရားဥပဒေစိုးမိုးမှုရှိမှ

သာနိုင်ငံတကာရင်းနှီးမြုတ်နှံမှုများ ပိုမိုရောက်ရှိလာနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုရှိပါသ

လား ဆိုရင်တော့ လုံးဝမရှိပါဘူးလို့ပဲဖြေရမှာပါ ၊ အတိုက်အခံနိုင်ငံရေးပါတီဝင်များနဲ့ နိုင်ငံရေးလှုပ်ရှားသူကျောင်း

သားလူငယ်များကို ဥပဒေမဲ့ဖမ်းဆီးတာ၊ ဥပဒေအရခုခံချေပခွင့်မပြုတာ၊ဥပဒေအကျိုးဆောင်များကို ဖမ်းဆီးထောင်

ချတာ၊ နှိပ်စက်ညှင်းပန်းစစ်ဆေးလို့ရလာတဲ့ ထွက်ချက်တွေကိုတရားရုံးမှာသက်သေတင်တာ၊ တရားရုံးတွေမှာဖြစ်

သလိုစစ်ဆေးပြီးနှစ်ရှည်ထောင်ဒဏ်တွေချမှတ်တာ၊ စတဲ့အချက်တွေကိုကြည့်ရင် အစိုးရက တရားစီရင်ရေးမှာဝင်

ရောက်လွှမ်းမိုးချုပ်ကိုင်ပြီး တရားစီရင်ရေးကိုလက်နှက်သဖွယ်အသုံးပြုနေတာဟာ အထင်အရှားဖြစ်ပါတယ်။

လက်ရှိအနေထားမှာ အစိုးရကိုယ်တိုင်က တရားလက်လွတ်လုပ်နေမှတော့ အနာဂတ်မှာ တရား

ဥပဒေစိုးမိုးရေးဆိုတာ ရွှေပြည်တော်မျှော်လေဝေး ပဲဖြစ်မှာပါ။ ဒါဆိုရင် စည်းကမ်းပြည့်ဝသောဒီမိုကရေစီ ဆိုတာက

ဘယ်အရာကိုဘယ်သဘောကိုဆိုလိုပါသလဲ၊ ဘယ်လိုစည်းကမ်းမျိုးတွေဖြစ်ပါသလဲ၊ ဖြစ်နိုင်ချေရှိတာကတော့-

ဒါတွေကိုမလုပ်ရဘူး၊ ဒီလောက်တော့လုပ်လို့ရမယ်၊ ဒါတွေကိုတော့ငါတို့ကဘဲလုပ်မယ်၊ ဒါတွေကတော့ လုပ်ချင်

သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ လုပ်ရမယ်၊ အစိုးရကိုအကြည်ညိုပျက်အောင်မလုပ်ရဘူး၊ မဆန့်ကျင်ရဘူး ၊

အစိုးရမကောင်းကြောင်းမရေးရဘူး၊ မကောင်းတာတွေကိုနိုင်ငံခြားကိုမပြောရဘူး၊ အစရှိတဲ့စည်းကမ်းမျိုးတွေသာ

ဖြစ်မယ်ထင်ပါတယ်။ စည်းကမ်းချိုးဖေါက်သူတွေအတွက် အပြစ်ဒဏ်များကိုတော့ ဥပဒေ နည်းဥပဒေများနှင့်အညီ

တိတိကျကျ သတ်မှတ်ပြဌာန်းထားမှာဖြစ်တဲ့အတွက် ပြည်သူအများစုကတော့ ကြောက်ပြီးစည်းကမ်းရှိသွားကြမှာ

ပါ။ မရှိနိုင်တာတွေကတော့ တရားဥပဒေစိုးမိုးရေးမရှိနိုင်ဘူး၊ လူ့အခွင့်ရေးများအပြည့်အ၀မရနိုင်ဘူး၊ လွတ်လပ်တဲ့

သတင်းမီဒီယာများမရှိနိုင်ဘူး၊လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးမရှိနိုင်ဘူး၊လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ

များမဖြစ်နိုင်ဘူး၊နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ မရာက်လာနိုင်ဘူး၊အစရှိတဲ့ အရာတွေပဲဖြစ်ပါတယ်။ အဲ့ဒီလိုနိုင်ငံမျိုး

မှာ ပြည်သူလူထုအတွက်ကတော့ မရေရာတာတွေ ၊မသေချာတာတွေ ၊မလုံခြုံတာတွေ ၊အဆင်မပြေတာတွေ၊စတဲ့

လူမှုဒုက္ခ များသာဖြစ်မှာပါပဲ။

မြန်မာနိုင်ငံသားအပေါင်းတို့ သင်တို့ရဲ့ လူသားဆန်မှုနဲ့ ဖြစ်တည်မှုတို့ကို သွေးစွန်းလက်ကြီးတွေ

က လုယူဖို့ပြင်ဆင်နေပါပြီ၊ စည်းကမ်းများဖြင့်မွန်းကျပ်နေပြီး တ၀က်တပျက်လူသားများအဖြစ် အသက်ရှင်ရပ်

တည်သွားကြမှာလား၊ သို့တည်းမဟုတ် ခေါင်းမော့ရင်ကော့ပြီး တင်းပြည့်ကျပ်ပြည့်လူသားများအဖြစ်နဲ့ အသက်ရှင်

ရပ်တည်သွားကြမှာလား ဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ကြပါလို့

တိုက်တွန်းရင်း ဆောင်းပါးကိုနိဂုံးချုပ်ပါရစေ။

အားလုံးကိုလေးစားပါတယ်။

ခင်မောင်ခန့်(၂၀-၁၂-၂၀၀၈)။....(သစ္စာ)......

type the rest of your post here

အပြည့်အစုံဖတ်ချင်ရင်...

Saturday, December 20, 2008

မြန်မာ့နိုင်ငံရေးနှင့်မုသဝါဒ( အပိုင်း-၂)

မြန်မာ့နိုင်ငံရေးအတွက်အဓိကလုပ်ရှားနိုင်သည့်နေရာမှာထိုင်းမြန်မာနယ်စပ်နှင့်ဘင်္ဂံလာဒေ့ရ်မြန်မာနယ်စပ်များသာဖြစ်သည်။
ရန်သူကြောက်ရွှံ့ သောတော်လှန်ရေးနယ်များဖြစ်သကဲ့သို့ ရန်သူ၏ပစ်မှတ်ထားအာရုံစူးစိုက်မူ့ ကိုခံနေရသည့်တော်လှန်ရေးနယ်ပယ်လည်းဖြစ်ပါသည်။တတိယနိုင်ငံရောက်နေကြသောလူအများစုတို့ သည်လည်းဒီနေရာများကိုအခြေခံခိုလုံပြီးမှရောက်ရှိသွားခြင်းသာဖြစ်သည်။တကယ်တော့တော်လှန်ရေးသည်ခက်ထန်
မာကြောသောလုပ်ငန်းတစ်ခုဖြစ်ပြီးအချိန်ကာလတခုကိုပိုင်းခြားသတ်မှတ်နိုင်သည့်လုပ်ငန်းတခုလည်းမဟုတ်ပေ။
နောက်တခုမှာတော်လှန်ရေးနယ်မြေသည်ကားနူးညံ့သောပန်းခင်းလမ်းတွင်လျှောက်လှမ်းရသည်မဟုတ်ဘဲဆင်းရဲ
ပင်ပန်းသောခရီးလမ်းသာဖြစ်သည်။ဗိုလ်ချုပ်အောင်ဆန်းက " ရဲဘော်တို့ယခုစစ်မြေပြင်ကိုထွက်ရမယ်၊ဆင်းရဲမယ်၊
ကြပ်တည်းမယ်၊အခက်အခဲတွေနဲ့ရင်ဆိုင်ရမယ်"ဟုမိန့်မှာခဲ့ပါသည်။ယနေ့တော်လှန်ရေးသမားများအတွက်ပါအသုံး
ဝင်နေသောစကားပင်ဖြစ်ပါသည်။အထူးသဖြင့်မြန်မာ့တော်လှန်ရေးသမားများမှာလွတ်လပ်စွာလုပ်ကိုင်လုပ်ရှားခွင့်
ကိုမရရှိဘဲတိုင်းတပါးတွင်ပုန်းကွယ်လျှိ့ဝှက်စွာလုပ်ကိုင်နေရသူများဖြစ်ပါသည်။နိုင်ငံရေးခိုလူံ ခွင့်ရပြီးသူများကိုမဆိုလိုပါ။
ထိုင်း၊ဘင်္ဂလာဒေရှ့်ဆိုသည်မှာဒီမိုကရေစီစစ်စစ်ကိုကျင့်သုံးသောနိုင်ငံများလည်းမဟုတ်ပါ။ကိုယ့်မြေကိုယ့်ရေကိုယ့်နိုင်ငံတွင်
်လွပ်လပ်စွာနေထိုင်လုပ်ကိုင်သူများတွင်သော်မှအားနည်းချက်ကိုယ်စီရှိနေကြပါလျှင်ပုန်းလျှိုးကွယ်ရာလုပ်ကိုင်သွားလာ
နေထိုင်ရသူများမှာဆိုဖွယ်ရာရှိပါတော့မလား။
ချဉ်ပေါင်ဟင်းနှင့်ခရမ်းသီးနပ်မှန်မစားရပါဘဲလုပ်ကိုင်နေသူများရှိသလိုဟိုတယ်ပေါ်တွင်စားသောက်နိုင်သူရှိသည်မှာလည်း
မဆန်းပြားနိုင်သောအမှန်တရားတစ်ခုသည်သာဖြစ်ပါလိမ့်မည်။နိုင်ငံရေးဆိုသည်မှာပုဂ္ဂိုလ်ရေးကိုကြည့်ပြီးပြောမရပါ။
ထိုသူ၏လုပ်ဆောင်နိုင်မူ့ ကိုသာကြည့်သင့်ပါသည်။လောကတွင်ယှဉ်ပြိုင်မှုဆိုသည်မှာလူ့ဘဝ၏ဓမ္မတာတခုသာဖြစ်ပါသည်။
သို့သော်မှန်ကန်သောယှဉ်ပြိုင်မှုကိုရယူနိုင်မှုကိုကျင့်သုံးသူသည်သာအထွက်အထိပ်သို့ရောက်ရှိ
နိုင်ပါသည်။မိမိ၏လိုချင်မှုတခုကြောင့်တလောကလုံးကိုပြစ်တင်ပုတ်ခတ်စော်ကားမူ့ မျိုးကိုကားရှောင်ရှားသင့်ပါသည်။ကြီးလေးသောမုသဝါဒဖြစ်သောကြောင့်ဖြစ်ပါသည်။
စကားဝိုင်းတစ်ခုတွင်စာရေးဆရာတစ်ယောက်ကပြောဖူးပါသည်။အရက်ဆိုင်ကိုသွားကြည့်လျှင်မူးရူးနေသူများကိုတွေ့ ရမှာဖြစ်ပြီးသူတော်ကောင်းကိုတွေ့လိုလျှင်ကျောင်းကန်ဘုရား၌သွားကြည့်ရာ၏။ဟုဆိုပါသည်။တကယ့်ကိုယ်ကျိုးစွန့့် အနစ်နာခံလုပ်သူကိုတွေ့လိုပါလျှင်ကိုယ်ကိုယ်တိုင်စွန့်လွတ်အနစ်နာခံလုပ်ဆောင်သင့်သည်သာဖြစ်သည်။
အပြင်မှပုန်းကြည့်ဝေဖန်ရုံနဲ့ပြီးမည်မထင်ပါ။ကျွန်ုပ်တို့သည်ငြိမ်းချမ်းရေးကိုလိုလားလျှင်မကောင်းပြောဆိုတက်သော
မုသာဝါဒကိုရှောင်ကျင်ပြီးအချင်းချင်းနှီးနှောဖလှယ်သည့်စနစ်မှသည်ပူးပေါင်းညီညွတ်ရေးတည်းဟူသောအဖြေကို
ရှာဖွေကြရမည်သာဖြစ်ပါသည်။
အပြင်ဝေဖန်ရေးသည်အလုပ်တစ်ခုကိုနှောင့်ယှက်နိုင်ရုံသာဖြစ်ပြီးပူးပေါင်းဆောင်ရွက်ခြင်းသည်သာကူညီရာ
ရောက်ရှိနိုင်ပါသည်။သူတစ်ပါး၏လုပ်ဆောင်မှုကိုပြစ်တင်ဝေဖန်မည့်အစားမိမိပါဝင်လုပ်ဆောင်ကြည့်ခြင်းဖြင့်
့်အဖြေတစ်ခုကိုရရှိနိုင်ပါလိမ့်မည်။မြန်မာပြည်လွတ်မြောက်ရေးသည်မြန်မာနိုင်ငံသားအားလုံးတို့ ၏တာဝန်သာဖြစ်ပါသည်။မျက်မှောက်နိုင်ငံရေးကိုကြည့်လျှင်ပိုပြီးထင်ရှားပါလိမ့်မည်။
ဓမ္မဝါဒကိုလိုလားသည့်သံဃာတော်များကိုယ်တိုင်ပူးပေါင်းပါဝင်လာသည်ကို
တွေ့ ကြရပါမည်။ပြည်တွင်း၏လုပ်ရှားမူ့ များကြောင့်ထွက်ပြေးလာရသူမည်သူ့ ကိုမဆိုကျနော်တို့ ကလက်ခံကြိုဆိုရမည်ဖြစ်ပြီး၊အကျဉ်းကျခံနေကြရသူများကိုလေးစား
ကြရမည်။သေဆုံးသွားသူများ၏ကျေးဇူးကိုကားမမေ့သင့်ပါ။
ဒါပင်လျှင်မုသားကင်းသည့်မှန်ကန်သောစကားကိုပြောဆိုခြင်းဖြစ်ပါလိမ့်မည်။
နိုင်ငံရေးတွင်ဘဲဖြစ်ဖြစ်ဘာသာရေးတွင်ဘဲဖြစ်ဖြစ်အားနည်းချက်အားသာချက်ဆိုသည်မှာရှိကြမည်သာဖြစ်ပါသည်။
သိုသော်မှန်ကန်သောအားနည်းချက်နှင့်မှန်ကန်သောအားသာချက်ကိုအပြစ်မပြောစေလိုပါ။မိမိသည်ဘယ်မျှပါဝင်
လုပ်ဆောင်ဖူးသည်ဘယ်မျှပါဝင်ဆောင်ရွက်နိုင်သည်ဆိုသည်ကိုအရင်ဦးစွာသုံးသပ်ဖို့ လိုပါသည်။ပြီးမှသူတစ်ပါး
ကိုနိုင်းယှဉ်မည်ဆိုပါကအဖြေတစ်ခုအတွက်မိမိမှာမုသားပြောနေစရာလိုမည်မထင်ပါ။တစ်ပိဿအလေးတစ်တခု၏
အချိန်ကိုသိလိုလျှင်ကိုယ်ကိုယ်တိုင်မကြည့်ပါကသိနိုင်ဘိသကဲ့နိုင်ငံရေးအလုပ်၏အတိမ်အနက်ကိုသိလိုပါလျှင်
ကိုယ်ကိုယ်တိုင်လုပ်ဆောင်ကြည့်ပါကသိမည်သာဖြစ်သည်။
ကိုယ်ကိုယ်တိုင်အစမပါအဆုံးမရှိပါဘဲဝေဖန်ရေးသားပြောဆိုနေကြမည့်အစားအကောင်းဆုံးသောအဖြေဖြစ်ပါလိမ့်မည်။
မိမိနာမည်ကြီးလိုလျှင်မိမိကြိုးစားရပါမည်။သူတစ်ပါးကိုမကောင်းပြောအပြစ်ရှာပြီးမှမိမိတိုးတက်မည့်လမ်းစဉ်ကိုကား
ရှောင်ရှားသင့်ပါသည်။အထူးသဖြင့်ပြည်ပရောက်နေသူအများစုနိုင်ငံခိုလုံခွင့်ရရှိနေ
ကြသည်မှာမြန်မာ့နိုင်ငံရေးဆောင်ရွက်သူများကြောင့်သာဖြစ်လိမ့်မည်ဟုကျနော်ထင်ပါသည်။
တစ်ကယ်တွေးလျှင်တစ်ကယ်သိပါလိမ့်မည်။
တကယ်တော့မြန်မာ့အရေးဆောင်ရွက်နေသူများအားကျနော်တို့ကကျနော်တို့မလုပ်နိုင်သည်များက
ိုလုပ်ကိုင်နေကြသူများအဖြစ်ဂုဏ်ပြုလေးစားထိုက်ပါသည်။ယနေ့အချိန်သည်ကမ္ဘာ့စီးပွားရေးအကြပ်အတည်း
နှင့်ရင်ဆိုင်နေရသောကာလဖြစ်သလိုမြန်မာနိုင်ငံရေးသည်လည်းလည်းရုန်းမထွက်သာသောအကြပ်အတည်းနဲ့ရင်
ဆိုင်နေရချိန်လည်းဖြစ်ပါသည်။ဒီလိုအချိန်မျိုးမှာမြန်မာ့အရေးဆောင်ရွက်သူအချင်းချင်းသွေးစည်းပူးပေါင်းရ
မည်သာဖြစ်ပါသည်။အဖွဲ့ အစည်းအားလုံးညီညွတ်ရေးကို
ဦးတည်ကာမုသားဝါဒကိုရှောင်ရှားသင့်ပါသည်။မကြာသောကာလသည်၂၀၁၀ တည်းဟူသောခုနှစ်ကိုဦးတည်နေပြီလည်းဖြစ်သဖြင့်အားလုံးသွေးစည်းညီညွတ်ရေးတည်းဟူ
သောလမ်းစဉ်အောက်တွင်ဥမကွဲသိုက်မပျက်အတူတကွရှိနေသင့်ပြီသာဖြစ်သည်။
မိမိတကယ်စေတနာထားသည်ဆိုလျှင်ထိုစေတနာ၏တန်းဖိုးကိုနားလည်ဖို့လိုပါသည်။
မိမိတိုမလုပ်နိုင်သည်ကိုဘေးဖယ်ပြီးလုပ်နိုင်သည့်ခွန်အားကိုသုံးကာအားသွန်ခွန်စိုက်လုပ်
ဆောင်ရေးကိုဦးတည်ကြရမည်သာဖြစ်ပါသည်။မဟုတ်မမှန်သော
မုသားကိုပြောဆိုနေကြမည့်အစား"အောင်မြင်းရေးတည်းဟူသောအဖြေကိုရှာဖွေကြပါစို့ "
ဟုတိုက်တွန်းလိုက်ရပါသည်။
ပညာကျော်
( အောင်မြင်လိုက၊မုသားပယ်ကြ )


အပြည့်အစုံဖတ်ချင်ရင်...

ပြဿနာများစွာ လာတော့မည်ဟု ဦးဝင်းတင်သတိပေး


[ဦးဝင်းတင် (ဓာတ်ပုံ - ဧရာဝတီ)]
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြဿနာ များစွာကို ကြုံတွေ့ ရတော့မည်ဟု အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြီးခဲ့သည့် အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။

“(အဖွဲ့ချုပ်ရဲ့) အနေအထားကို ကြည့်မယ်ဆိုရင် အားလုံး သိကြတဲ့အတိုင်းပဲ၊ ရှေ့နှစ် အနည်းငယ်ဆိုရင် ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်ရတော့မယ်”ဟု ရန်ကုန်မြို့ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော ဟောပြောပွဲ တခုတွင် ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။



ဦးဝင်းတင် (ဓာတ်ပုံ - ဧရာဝတီ)
အဖွဲ့ချုပ် ကြုံတွေ့ရမည့် ပြဿနာတခုအဖြစ် စစ်အစိုးရ၏ ရွေးကောက်ပွဲ အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ကြရမည့် အရေးကို ဥပမာပေးခဲ့သည်။


စစ်အစိုးရက စိတ်ကြိုက် ရေးဆွဲထားသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြီးခဲ့သည့် မေလတွင် အတည်ပြုခဲ့ပြီး ရွေးကောက်ပွဲကို လာမည့် ၂ နှစ်အတွင်း ပြုလုပ်မည်ဟု ကြေညာထားသည်။ လွန်ခဲ့သည့် ၁၈ နှစ်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အဖွဲ့ချုပ်က အဆိုပါ အခြေခံ ဥပဒေကို ပြန်သုံးသပ်ရန် စစ်အစိုးရကို တိုက်တွန်းထားသည်။ သို့သော်လည်း စစ်အစိုးရက စီစဉ်ထားသည့် အတိုင်း ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုးပမ်းလျက် ရှိသည်။

ဤသို့သော အခြေအနေတွင် မကြာမီက အကျဉ်းထောင်မှ ပြန်လွတ်လာပြီး အဖွဲ့ချုပ်၏ ခေါင်းဆောင် တဦးအဖြစ် ပြန်လည် တာဝန်ပေးခံရသူ ဦးဝင်းတင်က ရင်ဆိုင်ရမည့် အခက်အခဲများစွာ ရှိလာမည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။

ဦးဝင်းတင်၏ သတိပေးချက်နှင့် ပတ်သက်၍ ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းက “အခုလည်းပဲ အဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုရင်ဆိုင်ရမလဲ ဆိုပြီး စိန်ခေါ်ခံနေရတယ်” ဟု ဆိုသည်။

“အဖွဲ့ချုပ်က ဒီကနေ့အထိ တောင့်ခံနေနိုင်တာက လူထုက သူ့ကို ထောက်ခံထားလို့၊ လုပ်ပိုင်ခွင့် ပေးထားလို့ဖြစ်တယ်။ လူထုရဲ့အားနဲ့ပဲ လုပ်ချင်တဲ့လုပ်ငန်းတွေ အကုန်လုံးကို လူထုနဲ့အတူ လုပ်ကြရလိမ့်မယ်။ ဥပမာ … ပါတီအဖြစ် မှတ်ပုံတင်မလား မတင်ဘူးလား ဆိုတာမှာ မတင်ဘူးလို့ ဆုံးဖြတ်တယ်ဆိုရင် လူထုနဲ့အတူ ရင်ဆိုင်ဖို့လိုတယ်။ ရွေးကောက်ပွဲအတွက် အမတ်စာရင်းတွေ တင်ခိုင်းရင် မတင်နိုင်ဘူး၊ ဒီကိစ္စကို လုံးဝ စဉ်းစားမှာ မဟုတ်ဘူးလို့ တောင့်ခံမယ် ဆိုရင် အဲဒါအတွက် လူထုနဲ့အတူ ပြင်ဆင်ရလိမ့်မယ်” ဟု ကိုငွေလင်းက ဧရာဝတီသို့ ပြောပြသည်။

အင်္ဂါနေ့ကပြုလုပ်သည့် ဟောပြောပွဲတွင် ဦးဝင်းတင်က တက်ရောက်လာသည့် လူငယ်များအား ပြဿနာအခက်အခဲများအတွက် ထွက်ပေါက်ကိုသာ စဉ်းစားခြင်းမပြုဘဲ “ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ဒါဟာ ပိုပြီး အရေးကြီးပါတယ်” ဟု တိုက်တွန်းလိုက်သည်။

ဧရာဝတီမှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

Friday, December 19, 2008

ဥရောပနဲ့ အာရှ စီးပွားရေး အလားအလာ ထိုးကျဆဲ


ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒန် ဘရောင်း (၂၀၀၈)

အာရှက စတော့ရှယ်ယာ ဈေးကွက်တွေမှာ သောကြာနေ့က အတက်ရောအကျရော ဖြစ်ပေါ်ခဲ့ပြီး ဥရောပဘက်က စတော့ ဈေးကွက်တွေက ဈေးတွေ ကျဆင်းခဲ့ပါတယ်။ ရေနံစိမ်း ဈေးက ၅ နှစ်အတွင်း အနိမ့်ဆုံး ကျဆင်းသွားပြီး ဒီလို ရေနံစိမ်း ဈေး အလားအလာမကောင်းတာကြောင့်လည်း ရှယ်ယာဈေးကွက်တွေ ပိုပြီး ကျကုန်ကြပါတယ်။ ဒီကမ္ဘာ့စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး လန်ဒန်က ဗွီအိုအေ သတင်းထောက် တွမ်ရေးဗားစ် (Tom Rivers) သတင်းပေးပို့ ထားတာကို မအေးသန္တာကျော် က တင်ပြထားပါတယ်။

စွမ်းအင်အစုရှယ်ယာ ဈေးတွေကျဆင်းလို့ ရင်းနှီးမြှုပ်နှံသူတွေ ထိတ်လန့်ပြီး ဥရောပ အစုရှယ်ယာဈေးတွေ ပျမ်းမျှအားဖြင့် ကျဆင်းသွားပြန်ပါတယ်။ အစောပိုင်းကတော့ အာရှက ဗဟိုဘဏ်က သူ့ရဲ့ ပင်မအတိုးနှုန်းကို ၀.၁ % လျော့ပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ လာမယ့် ၂၀၁၀ အထိ စီးပွားရေးဖွံ့ဖြိုးမှု လျော့ကျတာကို ရင်ဆိုင်ရမယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။ ဂျပန်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး ပြဿနာက ပို့ကုန်လုပ်ငန်းကို ပြင်းပြင်းထန်ထန် သွားပြီးတော့ ထိခိုက်ခဲ့တာပါ။ ဂျပန်နိုင်ငံရဲ့ နံပါတ်တစ် ကားကုမ္ပဏီ ဖြစ်တဲ့ တိုယိုတာ ဟာ ကုမ္ပဏီ ရဲ့ ပထမဦးဆုံး အရှုံးနဲ့ ရင်ဆိုင်ရမှုကို လာမယ့် သီတင်းပတ်မှာ ကြေညာမယ်လို့ ဂျပန် သတင်းတွေမှာ ပါရှိပါတယ်။

ဂျပန်နိုင်ငံထုတ် ကုန်ပစ္စည်းတွေ ပြည်ပမှာ ပိုဈေးကြီးလာစေတဲ့အချက် ဖြစ်တဲ့ ဂျပန် ယန်း ငွေကြေးတန်ဖိုး အများကြီး မြင့်တက်လာလို့ တိုယိုတာ ကားအရောင်းဟာ တချိန်ထိုး ကျဆင်းသွားခဲ့ရပါတယ်။ ရှေ့မှာ ခက်ခဲတဲ့ အခြေအနေတွေကို ကျော်ဖြတ်ရဦးမယ် ဖြစ်တယ်၊ အခု ကြုံနေရတဲ့ စီးပွားရေး ကျဆင်းမှုကနေ လွတ်မြောက်နိုင်တဲ့ တခုတည်းသော နည်းလမ်းက တကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်တဲ့နည်းပဲ ဖြစ်တယ်လို့ ဗြိတိန်အစိုးရရဲ့ ၂၀၀၈ ခုနှစ် နောက်ဆုံးလပတ်အဖြစ် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီးချုပ် ဂေါ်ဒန်ဘရောင်း (Gordon Brown) က ပြောကြားသွားပါတယ်။



“၂၀၀၈ ခုနှစ်မှာ ကျနော်တို့ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်ကြရတယ် ဆိုတော့ ၂၀၀၉ ခုနှစ်ဟာ ကမ္ဘာ့နိုင်ငံတွေ စုပေါင်းပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ကြရမယ့် နှစ်၊ ကုံလုံကြွယ်ဝတဲ့ အနာဂတ်ကို တည်ဆောက်ရင်းနဲ့ မိသားစုတွေ၊ စီးပွားရေး လုပ်ငန်းတွေကို တကယ် ကူညီရမယ့်နှစ် ဖြစ်ပါတယ်။ စီးပွားကျ ကာလမှာလည်း အနာဂတ်အတွက် ဆက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တဲ့နိုင်ငံတွေဟာ အနာဂတ်မှာ ပိုပြီး အားကောင်းကောင်းနဲ့ ပေါ်ထွက်လာကြမှာ ဖြစ်ပါတယ်။”

မစ္စတာ ဘရောင်းကပဲ ဆက်ပြောသွားတာက ဗြိတိန်ရော၊ တခြား နိုင်ငံတွေရောက ဒီကျပ်တည်းတဲ့ စီးပွားရေးကာလကို ကျော်လွှားနိုင်ဖို့ လုပ်သင့်တဲ့ကိစ္စတွေကို လုပ်ဆောင်ထားပြီးပါပြီ။ ဒါပေမယ့် ဒီလုပ်ငန်းတွေရဲ့ အကျိုးအမြတ်ကို မြင်ရဖို့တော့ အချိန်တခု ပေးရဦးမယ်လို့ ပြောသွားပါတယ်။

“ဟုတ်ပါတယ်။ ကမ္ဘာ့စီးပွားရေးကျဆင်းမှုရဲ့ ဓါးစားခံ ဖြစ်ရတာ ကျနော်တို့ ကံဆိုးတာပါပဲ။ ဘဏ္ဍာရေး အကျပ်အတည်း ကနေ စီးပွားရေးနဲ့ တခြား အပိုင်းတွေကို ပျံ့နှံ့ထိခိုက်ကုန်တာလည်း ကံမကောင်းပါဘူး။ ဒါပေမယ့် ကျနော်တို့ အခုဆို အတိုးနှုန်းကိုလည်း လျော့ချပေးပြီးပြီ။ စီးပွားရေး စနစ်ကြီးထဲကို ငွေတွေလည်း သွတ်သွင်းပေးပြီးပြီ။ ဆိုတော့ ကျနော်တို့ အခြေအနေ ကောင်းပါတယ်။ ကျနော်တို့ စီးပွားရေးဟာ အင်အားကောင်းတဲ့ စီးပွားရေးပါ။ ဓါတ်ဆီဈေး ကျတယ်။ စားသောက်ကုန်တွေကလည်း ဈေးကျတယ်။ ဒီတော့ လူအများကြီးရဲ့ လူနေမှု အဆင့်အတန်း မြင့်တက်လာတာ လာမယ့်လပိုင်းတွေမှာ ကျနော်တို့ တွေ့မြင်ကြရပါလိမ့်မယ်။”

ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း ပြောသွားတာ ဖြစ်ပါတယ်။ လောင်စာဆီဈေးက ပြီးခဲ့တဲ့ ၆ လအတွင်းမှာ ရေနံစိမ်းတစည်ကို ဒေါ်လာ ၁၅၀ လောက်ကနေ ဒေါ်လာ ၄၀ လောက်အထိ ကျဆင်းသွားပေမယ့် ဒီလောင်စာဆီဈေးဟာ အတက်အကျ မြန်တာမိုလို့ သတိထားရမယ့်ကိစ္စပဲ ဖြစ်နေဦးမယ်လို့ မစ္စတာ ဘရောင်းက သတိပေးပါတယ်။

ကမ္ဘာ့စီးပွားရေးမှာ အဆိုးဆုံးအခြေအနေ ရှေ့မှာ ကြုံရဦးမယ်လို့ ထိပ်တန်းဘဏ်အဖွဲ့အစည်းတခုရဲ့ ခန့်မှန်းမှုကလည်း မှုန်ဝါး နေတဲ့ စီးပွားရေးမြင်ကွင်းတွေကို ပိုပြီးတော့ အရောင် ပြယ်စေသလိုပါပဲ။ ကမ္ဘာ့စီးပွားရေးဟာ ၂၀၀၈ ခုနှစ်မှာ ၂ % ဖွံ့ဖြိုးခဲ့ပေမယ့် ၂၀၀၉ ခုနှစ်မှာတော့ ၀.၄ % ကျုံ့ သွားမယ်လို့ ကမ္ဘာပေါ်က အဓိက ဘဏ်ကြီးတွေနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်း ၃၇၅ ခုကို ကိုယ်စားပြုတဲ့ IMF နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့ကြီးက ပြောပါတယ်။ အခုအခြေအနေဟာ ခေတ်သစ်စီးပွားရေး သမိုင်းမှာ အပြင်းထန်ဆုံး တကမ္ဘာလုံး တပြိုင်နက် စီးပွားရေး ချွတ်ခြုံကျမှု ဖြစ်တယ်လို့ IMF ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး က ပြောပါတယ်။

၁၉၃၀ ခုနှစ် စီးပွားရေး ပျက်ကပ်မှုကြီးနောက်ပိုင်း ကြုံရတဲ့ အဆိုးဆုံး ဘဏ္ဍာရေး အကျပ်အတည်းဖြစ်တဲ့ အခု စီးပွားရေး အကျပ်အတည်းမှာ အမေရိကန်ပြည်ထောင်စု၊ ယူရို ငွေကြေးသုံးစွဲတဲ့ ဥရောပ ၁၅ နိုင်ငံနဲ့ ဂျပန်နိုင်ငံ အပါအ၀င် လက်ရှိ စီးပွားရေး ဆုတ်ယုတ်မှုနဲ့ ကြုံနေရတဲ့ စီးပွားရေးအင်အားကြီး နိုင်ငံတွေဟာ ၁.၄ % စီးပွားရေး ကျုံ့ သွားကြမှာ ဖြစ်ပါတယ်။


အပြည့်အစုံဖတ်ချင်ရင်...