Sunday, November 30, 2008

ဆရာတော် အရှင်ဇနကာဘိဝံသ၏ အနာဂတ်သာသနာရေးကျမ်းစာ နိဂုံးလင်္ကာ

ဆရာတော် အရှင်ဇနကာဘိဝံသ၏ အနာဂတ်သာသနာရေးကျမ်းစာ နိဂုံးလင်္ကာ


ကျမ်းပြီးမှတ်ထုံး၊ ကမ္ဗတ်ဖုံး၍၊ နိဂုံးအခန်း၊ လက်ရုံးတန်းပိမ့်၊ ခေတ်ဆန်းခုနှောင်း၊ လူအပေါင်းကား၊ မကောင်းကိုးကွယ်၊ ကောင်းကိုးကွယ်ဟု၊ ညာဘယ်မခြား၊မပြုငြားဘဲ၊ စဉ်းစားဝေဖန်၊ကျိုးရှိတန်မှ၊လျော်ကန်ရုံမျှ၊ ကိုးကွယ်ကြလိမ့်။

ဗုဒ္ဓမြတ်စွာ၊သာသနာကို၊ ကောင်းစွာကြိုတင်၊မပြုပြင်သော်၊ အမြင်မှိန်မှေး၊အထင်သေး၍၊ ယဉ်ကျေးဖွယ်ရာ၊အဖြာဖြာနှင့်၊ ဘာသာဝါဒ၊ဟူသမျှတို့၊ စစကုန်သုဉ်း၊ ပြုတ်ပြုတ်ပြုန်းလိမ့်။


ထွတ်ဘုန်းသာသနာ၊ မှိန်သောခါဝယ်၊ ထွေရာကောင်းနိုး၊ ၀ါဒမျိုးဖြင့်၊ အကျိုးမတဲ့၊ ဖြစ်ပြန်ခဲ့မူ၊ တကဲ့တိုင်းကြီး၊ ပြည်အနီး၌၊ တိုင်းသီးပြည်နယ်၊ မျက်နှာငယ်လိမ့်။

သို့နှယ်ကြောင်းရာ၊ စုပေါင်းကာဖြင့်၊ ကောင်းစွာမျှော်ညှိ၊ ဆင်ခြင်မိ၍၊ တို့၏နယ်မြေ၊ တို့အမွေနှင့်၊ တို့မေဘာသာ၊ သာသနာကို၊ တို့သာကြံ့ကြံ့၊ စောင့်ရှောက်အံ့ဟု၊ ခံ့ခံ့မားမတ်၊ စိတ်ထားမြတ်ဖြင့်၊ နာဂတ်သာသနာ၊ ရေးအရာကို၊ တွေးကာသိုက်မြိုက်၊ ရေးသားလိုက်၏။


သိထိုက်သိရာ၊ သိပြီးခါဝယ်၊ စဉ်လာထင်မြင်၊ ပြင်ကာဆင်လျက်၊ စည်ပင်သာယာ၊ သာသနာနှင့်၊ မြန်မာပြည်ထောင်၊ တိုးတက်အောင်လျှင်၊ ခေါင်းဆောင်ရှေ့သွား၊ ရှင်လူများတို့၊ ခွဲခြားမေတ္တာ၊ မထားပါဘဲ၊ များစွာခိုသင်း၊ ငုံးခပင်းတို့၊ မကြွင်းကိုယ်စီ၊ ပိုက်ကိုချီသို့၊ ညီညီကြိုးကုတ်၊ အားသွန်ထုတ်က၊ ဗုဒ္ဓသာသနာ၊ ပြည်မြန်မာသည်၊ ကမ္ဘာထုတ်ချင်း ထွင်းလိမ့်သောဝ်။

အပြည့်အစုံဖတ်ချင်ရင်...

အာဏာအတွက် အာဃာတမုန်တိုင်း

အာဏာအတွက် အာဃာတမုန်တိုင်း

ကေတီဦး

မြန်မာပြည်ရဲ့ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွေမှာ ၂၀၀၈ ခုနှစ်၊ မေလ (၂) ရက်နေ့က ဆိုးဆိုးရွားရွား၊ ပြင်းပြင်းထန်ထန် တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးကို တော့ တကမ္ဘာလုံးက သိခဲ့ကြပါတယ်။ လူပေါင်းတသိန်းခွဲလောက် သေကျေပျက်စီးခဲ့ပြီး လူ သန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်၊ ဒဏ်ရာအနာတရဖြစ်၊ စီးပွားဥစ္စာပစ္စည်းတွေ ဆုံးရှုံးမှုဖြစ်ခဲ့ကြရတာမို့ မြန်မာပြည်သူပြည်သားတွေအားလုံး အထိတ်တလန့်ဖြစ်ပြီး စိတ်နှလုံး ညှိုးနွမ်းခဲ့ကြရပါတယ်၊။ ဒါကို ကမ္ဘာကသိကြလို့လဲ ဝိုင်းဝန်းကူညီခဲ့ကြတယ်။ ဖေးမခဲ့ကြတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ကိုယ်ချင်းစာစိတ်တွေနဲ့ ပါဝင်ခဲ့ကြ တယ်။

အဲဒီ နာဂစ်မုန်တိုင်းလိုပဲ မြန်မာပြည်သူပြည်သားတွေရဲ့ စိတ်နှလုံးကို အထိတ်တလန့် ဖြစ်စေပြီး ကြေကွဲဝမ်းနဲစေခဲ့တဲ့ နေက်ထပ် မုန်တိုင်းတခု မြန်မာပြည်ထဲမှာ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ လထဲမှာ တိုက်ခတ်ခဲ့သေးတယ်ဆိုတာကိုတော့ ကမ္ဘာကြီးက ဘယ်လောက်သိနိုင်ခဲ့သလဲဆိုတာ မပြောနိုင်ပါဘူး။ အဲဒီမုန်တိုင်းကတော့ မြန်မာပြည်အလယ်ပိုင်း ကြပ်ပြေးနေပြည်တော်မှ စစ်ဗိုလ် ချုပ်ကြီးတွေဆီက ဒီမိုကရေစီ လိုလားသူ၊ နိုင်ငံရေး တက်ကြွနိုးကြားသူတွေအပေါ် အငြှိုးတကြီး တိုက်ခတ်ခဲ့တဲ့ အာဃာတမုန်တိုင်းကြီးပါပဲ။

နိုဝင်ဘာလ တလလုံးလိုလိုပါပဲ။ အစောပိုင်းမှာ တနှစ်ကျော်ကြာ အကြောင်းမဲ့ ဖမ်းဆီး ထားခဲ့တဲ့ ဒီမိုကရေစီလိုလားသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ရွှေဝါရောင် တော်လှန်ရေးမှာ ခေါင်းဆောင်မှုပေးခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေရဲ့ အမှုတွေကို လိုက်ပါ ဆောင်ရွက်ခဲ့ကြတဲ့ အကျိုးဆောင်ရှေ့နေတွေကို အပြစ်မရှိ အပြစ်ရှာ ထောင်ချခဲ့ကြတယ်။ ယခင့်ယခင်တုန်းက တရားခံဖြစ်သွားသော ရှေ့နေဆိုတာ ကြားသာကြားဖူးခဲ့ပြီး မကြုံဖူးခဲဘူး။ မြန်မာစစ်အစိုးရလက်ထက်မှာတော့ ဒါဟာ အမှန်တကယ်ဖြစ်နေတဲ့ အဖြစ်အပျက်တွေပါ။ ရှေ့နေတွေကို ဖမ်းဆီးထောင်ချတာဟာ စစ်အစိုးရက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပေါ် စီမံကိန်းချ ဖိနှိပ်မှုရဲ့ အစပါ။

ရှေ့နေတွေကို အရင်ဆုံး ဖြုတ်ထုတ် ထောင်ချပြီးမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ကို တရားရုံးကို မထီမဲ့မြင်ပြုတယ်လို့ မတရားစွပ်စွဲပြီး ထောင် ၆ လ ချကာ မအူပင်ထောင်ကို ရုတ်တရက်ကြီး ပြောင်းရွှေပစ်ခဲ့တယ်။ ပြီးတော့ အများပြည်သူရဲ့ မျက်ကွယ်၊ မိသားစုတွေရဲ့ မျက်ကွယ်၊ တ၇ားရုံးမှာမဟုတ်ဘဲ ကြီးလေးတဲ့ ပြစ်ဒဏ်တွေကို ချမျတ်ခဲ့တယ်။ ချမျတ်လိုက်တဲ့ ပြစ်ဒဏ်ကလဲ တရားလက်လွတ်၊ လူသားချင်းမစာမနာ၊ အကြင် နာတရား ဆိတ်သုဉ်း၊ အမုန်းတရားကို ရှေ့တန်းတင်၊ သေချင်သလိုသာ သေကြစေ ဆိုတဲ့ သဘောထားမျိုးနဲ့ တယောက်တယောက်ကို ချလိုက်တဲ့ ထောင်ဒဏ်က ၆၅ နှစ်စီတဲ့။ တကယ်ပဲ အပြစ်ရှိကြတယ် ဆိုကြပါဦးတော့၊ ဖြစ်သင့်တာက အများဆုံးပြစ်ဒဏ်ထဲမှာ အနည်းငယ်သော ပြစ်ဒဏ်တွေ အကျိုးဝင်ပြီး တပေါင်းတစီးထဲသာ ကျခံစေရမှာပါ။ အခုတော့ ပြစ်ဒဏ်တိုင်း အတွက် တသီးတခြားစီ ကျခံစေခဲ့တယ်။ အမှုတွေကလဲ ကြံဖန်လုပ်ကြံလီဆယ်ထားတဲ့ အမှု တွေ။ ဒါတင်မကပါ။ ၈၈ အုပ်စုတခုလုံးကို ရန်ကုန်၊ အင်းစိန်ထောင်မှာမထားတော့ဘဲ မိဘ ဆွေမျိုးများနဲ့ ဝေးကွာလှတဲ့ မြန်မာပြည် အစွန်အဖျားက အကျဉ်းထောင်တွေဆီ လူစုခွဲ ပို့ပစ်ခဲ့ ပြန်တယ်။

ထို့နည်းအတူပါပဲ၊ ရွှေဝါရောင်တော်လှန်ရေးကြီးကို ဦးဆောင်ခဲ့တဲ့ ဆရာတော် အရှင် ဂမ္ဘီရနဲ့ သူ့ရဲ့ နောက်လိုက်သံဃာတော်တွေကိုလဲ ကိုယ်စီ ကိုယ်စီ နှစ်ရှည်ထောင်ဒဏ်တွေ ချ မှတ်ခဲ့ပြန်တယ်။ အရှင်ဂမ္ဘီရကိုချမှတ်တဲ့ ထောင်ဒဏ်က ၆၈ နှစ်တဲ့။ ဒါဟာ အများပြည်သူအကျိုး အတွက် မေတ္တာပို့ခဲ့တဲ့ သံဃာတော်တပါးအပေါ် ရက်စက်စွာ ချမှတ်ခဲ့တဲ့ လုပ်ရပ်ပါပဲ။ အခြား သော ထိပ်တန်း နိုင်ငံရေးတက်ကြွနိုးကြားသူ ရာဂဏန်းလောက်ကိုလဲ နှစ်ရှည်ထောင်ဒဏ် အသီးသီးနဲ့အတူ တိုင်းပြည်ရဲ့ အစွန်အဖျားဒေသတွေဆီကိုပို့တဲ့ ပြစ်ဒဏ်ကိုပါ နောက်ဆက်တွဲ ချမှတ်တဲ့ လုပ်ရပ်တွေကို ဆက်တိုက် ကျူးလွန်ပြန်ပါတယ်။ အဲဒီလိုပို့တဲ့အခါမှာလဲ မိသားစု ဆွေမျိုးသားချင်းတွေကို လုံးဝ အကြောင်းကြားသိရှိစေခြင်း မရှိ။ သူတို့ပို့ချင်သလို ပို့မယ်၊ စီမံ ချင်သလို စီမံမယ်၊ တို့လုပ်ချင်သလို လုပ်မယ်ဆိုတဲ့ ဥပဒေလက်လွတ်၊ တိုင်းသူပြည်သားများကို မထီမဲ့မြင်ပြု၊ ထင်ရာစိုင်းပြီး ရိုင်းချင်တိုင်းရိုင်းနေတဲ့ နအဖစစ်အစိုးရရဲ့ လုပ်ရပ်ဟာဖြင့် သမရိုး ကျ သဘောမျိုးကို မဆောင်တော့ဘဲ အငြှိုးအတေး အာဃာတကို အခြေခံနေတဲ့ သဘောမျိုး သာဖြစ်လို့ ဒီလုပ်ရပ်ကို အာဃာတမုန်တိုင်းလို့ပဲ ခေါ်ဆိုပါရစေ။

အမှန်တကယ်တော့ မြန်မာပြည်က ဒီမိုကရေစီလိုလားသူတွေဟာ ဘာအပြစ်မှ လုပ်ခဲ့ ကြတာ မဟုတ်ပါဘူး။ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ အုပ်စုက လောင်စာဆီဈေးတက်လို့ အများ ပြည်သူတွေရဲ့ သွားလာ သယ်ယူ ပို့ဆောင်စရိတ်စကတွေ တက်သွားတဲ့အခါ ဘတ်စ်ကားခ ကြီးမြင့်မှုကြောင့် လမ်းလျှောက်နေရတဲ့ ပြည်သူကို ကိုယ်စားပြုပြီး လမ်းမပေါ်ထွက် လမ်း လျှောက်ရုံမျှသာ ဖြစ်ပါတယ်။

အရှင်ဂမ္ဘီရနဲ့ သံဃာတော်တွေကလဲ စားဝတ်နေရေးပြေလည်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ နိုင်ငံရေးအကျဉ်းသမားများ လွှတ်ပေးရေးအတွက် မေတ္တာပို့ ဆုတောင်းခဲ့ကြရုံမျှ သာ ဖြစ်ပါတယ်။ ဒါကို ဘယ်လိုလုပ်ပြီး ဤမျှကြီးလေးလှတဲ့ နှစ်ပေါင်းများလှစွာသော ထောင် ဒဏ်တွေကို ပေးအပ်ခဲ့တယ်ဆိုတာ စဉ်းစား၍မရနိုင်အောင်ပင် ဖြစ်ရပါတယ်။ ပြည်သူလူထု အားလုံးက မြန်မာစစ်အစိုးရရဲ့ ဒီလုပ်ရပ်အပေါ် ထိတ်လန့်တုန်လှုပ် ကြေကွဲဝမ်းနည်းခဲ့ကြရ ပါတယ်။

ဒီဖြစ်ရပ်တွေရဲ့ အကြောင်းရင်းကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတဲ့ လူတွေရဲ့ အခြေခံ အခွင့်အရေးအတွက် ပါးစပ်နဲ့ တောင်းဆိုခဲ့ကြရုံမျှပါပဲ။ ဒါပေမဲ့ ပါးစပ်ပဲပါတဲ့ လူကို သေနတ်ကြီးတွေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက ငါတို့ရဲ့ အာဏာကို မထိပါးနဲ့၊ ထိပါးလာရင် ဒီလို ခံရမယ်လို့ တမင်သက်သက် အာဏာပြ ထင်တိုင်းကျဲပြီး ခြိမ်းခြောက်နေတာပါပဲ။ ဒီလို အငြှိုး အတေးတွေနဲ့ နိုင်ငံရေးတက်ကြွသူတွေအပေါ် အာဃာတမုန်တိုင်းဆင်နေတဲ့ နအဖစစ်အစိုးရက ၂၀၁၀ ခု ရွေးကောက်ပွဲကို တရားမျှတစွာ လုပ်မယ်ဆိုတာကို ဘယ်လိုလုပ်ပြီး ယုံကြည်ကြရမှာ လဲ။ သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်ဆိုတာလဲ မြန်မာနဲ့ ကမ္ဘာကို လိမ်လည်ဖို့ ကြိုးစားမှု အစီအစဉ်ကြီးတရပ်သာ ဖြစ်တယ်ဆိုတာ ထင်ရှားသည်ထက် ထင်ရှားနေပြီ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပေါ် အင်အားပြင်းပြင်း၊ ကြမ်းကြမ်းတမ်းတမ်း တိုက်ခတ်ခဲ့တဲ့ ဖိနှိပ်မှုမုန်တိုင်းအရှိန်ကြောင့် နိုင်ငံရေးသမား မိသားစုတွေ ဘယ်လောက် ဒုက္ခရောက်နေကြရတယ်ဆိုတာ ရန်ကုန်မြို့က နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ အင်းစိန်တောရ ထောင်ဘူးဝကို လာကြည့်ရင် သိမြင်နိုင်မှာဖြစ်ပါတယ်။ အာဃာတမုန်တိုင်းရဲ့ ဗဟိုချက်မဖြစ်တဲ့ အင်းစိန်အကျဉ်းထောင်ရှေ့မှာ ထောင်ချခံရပြီးနောက် ဘယ်အရပ် ဘယ် ဒေသသို့ အပို့ခံရမှန်းမသိလို့ သားပျောက်ရှာနေတဲ့ အသက် ၈၀ ဝန်းကျင် အမေတွေ၊ သမီး ပျောက်ရှာနေတဲ့ အဖေတွေ၊ အဖေပျောက်ရှာနေတဲ့ သားသမီးတွေ၊ အစ်ကိုပျောက်ရှာနေတဲ့ နှမလေးတွေ၊ ခင်ပွန်းပျောက်ရှာနေတဲ့ ဇနီးသည်တွေကို တွေ့မြင်နိုင်ပါတယ်။

တချို့ဇနီးသည်တွေဆိုရင် ကိုယ်ဝန်အရင့်အမာနဲ့။ တချို့လဲ ရင်ခွင်ပိုက်ကလေးငယ်ကို လက်ဆွဲလို့။ သူတို့အားလုံးဟာ မုန်တိုင်းနဲ့အတူ လွင့်ပါပြီး ဘယ်ကိုပို့လို့ ဘယ်ကိုရောက်သွားမှန်း မသိရတဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို နံနက်မိုးလင်းက မိုးချုပ်တဲ့အထိ သတင်းကြားရနိုးနိုးနဲ့ စောင့်စားရင်း အချိန်ကုန်နေကြရတယ်။ ကိုယ့်သား၊ ကိုယ့်သမီး၊ ကိုယ့်အစ်ကို၊ ကိုယ့်မောင်၊ ကိုယ့်ခင်ပွန်းကို မြင်တွေ့ရနိုးနိုး စောင့်စားရင်းနဲ့ ထောင်ဘူးဝရှေ့မှာ ထမင်းထုပ်ကလေး ဆွဲသူ လဲ ဆွဲလို့။ သောက်ရေသန့်ဗူးလေးကိုင်ရင်း ဟိုအရိပ် ခိုရတော့မလို၊ ဒီအရိပ်မှာ နားရတော့မလို။ ပြီးတော့ ဟိုသတင်းက အမှန်လား။ ဒီသတင်းက အတည်လား။ ဘာမှ ရေရေရာရာမရှိလှတဲ့ အခြေအနေကြားမှာ သိပ်ကို ပင်ပန်းနွမ်းနယ်နေကြပါပြီ။

ဒီအခြေအနေအမှန်ကို ကမ္ဘာတဝှမ်းက ဘယ်အတိုင်းအတာအထိ သိနိုင်ကြားနိုင်သလဲ တော့ မသိနိုင်ပါ။ မြန်မာပြည် ရန်ကုန်မြို့က အင်းစိန်တောရမှာတော့ နအဖစစ်အစိုးရရဲ့ အာဃာတမုန်တိုင်းကြီးဟာ ကြမ်းကြမ်းတမ်းတမ်း၊ ရိုင်းရိုင်းစိုင်းစိုင်း ဆက်လက်တိုက်ခတ်နေ ဆဲပါ။

ရိုးမ

အပြည့်အစုံဖတ်ချင်ရင်...

Saturday, November 29, 2008

သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှဝမ်းမြောက်ကြောင်းသ၀ဏ်လွှာ

အပြည့်အစုံဖတ်ချင်ရင်...

”စိတ်နဲ့ကိုယ်ကိုဆွဲစေ့ကြည့်ခြင်း”

အလစ်အငိုက်အရှိုက်ဝင်ထိုးတဲ့
ကံကြမ္မာဆိုးတစ်ပွေ့တစ်ပိုက်ကို
ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး
ဟားတိုက်ရယ်မောပစ်လိုက်မိတယ်…

အမိုက်မှောင်ဆုံးညထက်
ဘာတွေကပိုနက်ကြဦးမှာမို့လဲ
ကဲ…လာကြစမ်း
ငါ့ပါးကိုခိုးခိုးနမ်းနေတဲ့ရင့်ရော်မှုတွေ
ခန္ဒာဝန်ကိုလှဲဖြိုဖို့ကြိုးစားနေကြတဲ့
နာရီတစ်လုံးထဲက
ကာလလက်နက်ပုန်းတွေ
ချိန်ကိုက်ဗုံးတစ်လုံးလို
တဝုန်းဝုန်းကွဲပစ်လိုက်ကြစမ်း…

ကြွေလိုက်ကြစမ်း
လဲပြိုလိုက်ကြစမ်း
ငါ့ရဲ့စိတ်ကမ်းပါးပေါ်ကို
အလိုမတူဘဲခြေချော်ကျလာတဲ့
မတော်တရော်မသိကျိုးကျွံမှုတွေနဲ့
ငါ့ကိုအသိအမှတ်မပြုတဲ့ဆူးခက်တွေ
စိတ်ပေါ်မှာသစ်ပင်စိုက်
အမှတ်တရဒဏ်ရာတွေအဖြစ်
ငါသတ်မှတ်ပစ်လိုက်မယ်…

အကျယ်လောင်ဆုံးအော်ဟစ်သံ
အပျိုမြစ်ဆုံးတယောသံနဲ့
အသစ်လွင်ဆုံးတေးတစ်ပုဒ်
သင်တို့..ငါ့ကို
ချွေးထုတ်နေကြရော့သလား
ဒီမှာငါ.
ဖျားနာမှုတစ်ခုအတွက်
ဆေးရုံမတက်ဘူး
အားနာမှုတစ်ခုအတွက်
ဟန်မလုပ်တတ်သလို
ကြွားဝါလိုမှုတစ်ခုအတွက်
မဏ္ဍပ်တိုင်တက်မပြတတ်ဘူး….

အရူးသွပ်ဆုံးခံစားရမှုထက်
အခါးသက်ဆုံးနေ့တွေထက်
ဘာတွေကပိုခါးသက်ဦးမှာမို့လဲ
ကဲ..လာကြစမ်း
ငါ့မာနကိုဆွဲမွှေ့ချိုးရမ်းချင်ကြတဲ့
လေနီကြမ်းတွေ
ငါက..
ရပ်တန့်နေရတဲ့
မြစ်တစ်စင်းမဟုတ်သလို
လဲပြိုကျနေတဲ့
သစ်တစ်ပင်လည်းမဟုတ်ဘူး
ငိုက်မြည်းနေတဲ့
ငှက်တစ်ကောင်ဖြစ်ဖို့လည်း
ငါ့မှာ အယောင်ဆောင်အတောင်တွေမပါဘူး…။

ဆောင်းယွန်းလ

အပြည့်အစုံဖတ်ချင်ရင်...

သာသနာ့အလံကန်ပိန်းများဆက်တိုက်ပြုလုပ်










စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းတွင် နအဖ၏နည်းမျိုးစုံနှိပ်ကွပ်မှုကြောင့်
မြန်မာပြည်တွင်နအဖအားတော်လှန်မည့်သူမရှိတော့ဘူးဟုထင်မှတ်စရာဖြစ်လာခဲ့သည်။
သို့သော်ဓမ္မနှင့်အဓမ္မတိုက်ပွဲကားမပြီးဆုံးသေးဘူးဆိုတာကိုနအဖတို့သဘောပေါက်စေချင်
သည်။မည့်သည့်ထောင်ဒဏ်၊ပုဒ်မတွေဘယ်လောက်ပင်ချချအကြောက်တရားကင်းမဲ့စွာ
ဆက်လက်တိုက်ပွဲဝင်ကြမည့်သူရဲကောင်းများမြန်မာပြည်တွင်မြောက်များစွားပေါ်ထွက်
လာဦးမည်ဖြစ်သည်။ယခုအခါတွင်နအဖအားပြည်သူ့ဘုံရန်သူအဖြစ်သတ်မှတ်ပြီးအပီးသတ်
လူထုတိုက်ပွဲဆင်နွဲရန်အချိန်သို့ကျရောက်လာပြီဖြစ်သည်။သာသနာ့အလံသည်သာသနာတော်
တစ်ခုလုံး၏အသက်သွေးကြောဖြစ်သလိုစက်တင်ဘာရွှေဝါရောင်တော်လှန်ရေး၏အထိမ်းအမှတ်
အောင်လံတစ်ခုဖြစ်ခဲ့သည်။သာသနာ့အလံသည်ဓမ္မ(အမှန်တရား)၏သင်္ကေတတစ်ခုဖြစ်သလို
အဓမ္မ(မတရားမှု)တွေကိုဖြိုလှဲမည့်ပြရုပ်တစ်ခုဖြစ်သည်။မိမိတို့သည်ဓမ္မ(အမှန်တရား)ကိုချစ်မြတ်
နိုးကြသည်အမှန်တရားကိုအမှန်တကယ်ထွန်းကားစေချင်ကြလျှင်မိမိတို့နေထိုင်ရာကျောင်းတိုက်၊
အိမ်၊လမ်း၊ဓမ္မာရုံ၊ကား၊ရထား၊စက်ဘီး၊မော်တော်ဆိုင်ကယ်၊ဆိုက်ကားစသည့်နေရာတို့၌၄င်း၊
လှည်းနေလှည်းအောင်းမြင်းစောင်းပါမကျန်အမှန်တရားတည်းဟူသောသာသနာ့အောင်လံကို
စိုက်ထူကြပါကုန်စို့၊အမှန်တရားတည်းဟူသောအောင်လံကိုစိုက်ထူကြပါကုန်စို့။


အပြည့်အစုံဖတ်ချင်ရင်...

Friday, November 28, 2008

ကျွန်စိတ်၊ ပညာရေး နှင့် လွတ်လပ်မှု။

တိုင်းတပါးသားမှ မတရား လာအုပ်ချူပ်မှ ကျွန်ဖြစ်ခြင်း မဟုတ်။ လူမျိုးတူ အုပ်ချူပ်သှူ၏ မတရား အုပ်ချူပ်ခံရခြင်းသည်လည်း ကျွန်ဖြစ်ခံရခြင်း ဖြစ်သည်။

ကျွန်စိတ်၊ ပညာရေး နှင့် လွတ်လပ်မှု။

“ပညာရွှေအိုး လူမခိုး” ၊ “ပညာရဲရင့် ပွဲလယ်တင့်” စသော ဆိုရိုးစကားတို့ဖြင့် မြန်မာလူမျိုးတို့၏ ပညာအပေါ် တန်ဖိုးထားမှုကို နားလည်နိုင်သည်။ ပညာဟူသည် အမှားအမှန်ကို ပိုင်းခြားခြင့်ချိန်နိုင်သော အသိဖြစ်၍ ထိုအသိက လူ၏ အတွေးအမြင်၊ အကျင့်အကြံတို့ ပြောင်းလဲသော ဖြစ်စဉ်ကို ဦးဆောင်သည်။ ဗဟုသုတအကြားအမြင်များစေရန် လေ့လာမှတ်သားရသည်။

ထိုဗဟုသုတတို့ကို အခြေခံ၍ စဉ်းစားတွေးခေါ်မှုကို ရင့်သန်စေရန် လေ့ကျက်ရသည်။ အမှားကို ရှောင်၍ အမှန်ကို လိုက်နာကျင့်ကြံရန် ထပ်တလဲလဲ လေ့ကျက်ရသည်။ ဤသို့ သုတမယ၊ စိန္တာမယ၊ ဘာဝနာမယဟူ၍ အဆင့်ဆင့် တိုးတက်သွားခြင်းကိုပင် လူတို့၏ စိတ်ဓာတ်၊ အကျင့်အကြံတို့ ပြောင်းလဲသောဖြစ်စဉ်ဟု ဆိုရ၏။ အမှန်တရားနှင့် လိုက်လျောညီထွေမည့် အတွေးအခေါ် အကျင့်စရိုက်တို့ ပြောင်းလဲခြင်းမရှိပါက ပညာအစစ်မဟုတ်။ အတုအယောင်သာ ဖြစ်သည်။ ဘာသာရေးနယ်ပယ်၌ ပညာစစ်သည် ကိလေသာ၏ ကျေးကျွန်ဘ၀မှ လွတ်မြောက်မှုအရသာ “၀ိမုတ္တိရသ” ကို ပေး၏။ ထို့အတူပင် လောကီနယ်၌လည်း ပညာက လွတ်လပ်မှုကို ဆောင်ကျဉ်း ပေးသည်။

မြန်မာတို့သည် ပညာ၏ အရေးပါမှုကို နားလည်ခဲ့ကြသည်။ ကိုလိုနီခေတ် အင်္ဂလိပ်တို့၏ ပညာရေးကို ကျွန်ပညာရေးဟု နားလည်ခဲ့ကြသည်။ ကိုလိုနီအုပ်ချုပ်ရေးယန္တရားတွင် အသုံးချရန်အတွက်သာ ရည်ရွယ်ခဲ့သော အတုအယောင်ပညာရေး အဖြစ်နားလည်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၂၀-ခုနှစ်တွင် ရန်ကုန်ယူနီဗာစီတီအက်ဥပဒေအား ကျွန်ပညာရေးအဖြစ် သပိတ်မှောက်ခဲ့သည်။ လွတ်လပ်ရေးနှင့် ဆီလျော်မည့် အမျိုးသားကျောင်းများ ဖွင့်လှစ်ခဲ့ကြသည်။ အမျိုးသားပညာရေးမှ ချပေးခဲ့သော မျိုးစေ့များသည် နဂါးနီစာအုပ်အသင်း၊ ဘားမားဘုတ်ကလပ် စသော လူထုပညာပေး အသင်းအဖွဲ့များကို မွေးဖွားပေးခဲ့သည်။

သခင်အောင်ဆန်း၊ သခင်နု စသော လွတ်လပ်ရေး ခေါင်းဆောင်များကို မွေးထုတ်ပေးမည့် ဒို့ဗမာအစည်းအရုံးကို ဖြစ်ပေါ်စေခဲ့သည်။ အမျိုးသားပညာရေးသည် ကျွန်စိတ်မှ သခင်စိတ်သို့ ပြောင်းလဲပေးခဲ့သည်။

မိမိဆန္ဒမပါပဲ၊ အမှားအမှန် စဉ်းစားဝေဖန်ခွင့်မရှိပဲ တစ်ပါးသူ၏ အလိုကျ လုပ်ပေးရ၊ နေပေးရသောဘ၀ကို ကျွန်ဘ၀ဟု သတ်မှတ်သည်။ “ပေးတာယူ၊ ကြွေးတာစား၊ ခိုင်းတာလုပ်” ၍ သူတစ်ပါးအလိုကျနေရသော သိမ်ငယ်သည့် စိတ်ဓာတ်မျိုးသည် ကျွန်စိတ်ဖြစ်သည်။

ကျွန်တို့၏ လုပ်အား၊ ရပိုင်ခွင့်တို့ကို အမြတ်ထုတ်သွေးစုတ်နေသူတို့က ကျွန်စိတ်ကို ရိုက်သွင်းပေးသည်။ ကျွန်မွေးသည်။ ကျွန်တို့ကလည်း မိမိဘ၀ရပ်တည်မှုအတွက် သခင်မွေးသည်။ ကျွန်သက်ရှည်ရခြင်းသည် ကျွန်စိတ်ကြောင့် ဖြစ်သည်။ ခေတ်သစ်ကဗျာဆရာတစ်ဦးဖြစ်သော Ezra Pound က “ကျွန်ဟူသည် မိမိလွတ်မြောက်ရေးအတွက် သူတစ်ပါး လာရောက်ကယ်တင်မှုကို စောင့်ဆိုင်းနေသူ” ဟု အဓိပ္ပါယ် ဖွင့်ပေးခဲ့၏။

ကျွန်စိတ်သည် သိမ်ငယ်စိတ်ဖြစ်သည်ဟုဆိုလျှင် သခင်စိတ်သည် တာဝန်ယူစိတ်ဖြစ်သည်။ စိတ်ကို အစိုးရသည်မှာ ပညာဖြစ်၍ ပညာကို စာပေတို့မှတဆင့်ရသည်။ သခင်စိတ်ကို မွေးဖွားပေးနိုင်သော စာပေ၊ ပညာရေးတို့ ထွန်းကားပါမှ လွတ်လပ်ရေးကို ရယူနိုင်မည်။ ကိုလိုနီခေတ်မြန်မာတို့က ဤအချက်ကို ကောင်းစွာ နားလည်ခဲ့ကြသည်။

အမျိုးသားပညာရေးလှုပ်ရှားမှု၏ ခေါင်းဆောင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းက “ခေတ်ဆိုးလျှင် ခေတ်ကို အပြစ်မဆိုသာ။ ထိုခေတ်တွင်ရှိသော သူတို့ကိုသာ အပြစ်ဆိုစရာ ဖြစ်သောကြောင့် ငါတို့ခေတ်အတွက် ငါတို့တာဝန်ကြီးပေတကားဟု များများကြီး နှလုံးသွင်းအပ်ပေသည်” ဟု ဂန္တလောကမဂ္ဂဇင်းတွင် ရေးသား တိုက်တွန်းခဲ့၏။ ဤကား ၁၉၂၀-ခုနှစ်ကာလတွင် အစပျိုးခဲ့သော အမျိုးသားပညာရေးလှုပ်ရှားမှု၏ ယုံကြည်ချက်၊ ခံယူချက်များ ဖြစ်သည်။

(ရေးသားသူ - ဧရာ)။

“ကျွန်စိတ်ကို ဖယ်ရှားကြပါ၊ ကျွန်ဘ၀က လွတ်မြောက်အောင် ကြိုးစားကြပါ။”


အပြည့်အစုံဖတ်ချင်ရင်...

ကြောက်မွေးပါ ဇာဂနာနဲ့နုတ်


[လူရွှင်တော် ကိုဇာဂနာ]

Wednesday, 26 November 2008 15:58 အေးချမ်းမြေ့

စစ်အစိုးရကတော့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသည့် ပြည်သူများကို မည်သို့ ပံ့ပိုးလိုက်မည် ကူညီလိုက်မည် ဆိုသည်ထက် လူမှုရေး စိတ်ဓာတ် အပြည့်ဖြင့် ပါဝင်ကူညီ သူများကို မည်သို့ဖမ်းဆီးလိုက်မည်၊ မည်သည့် အပြစ်ဒဏ် ချမှတ်လိုက်မည် ဆိုသည့် အတွေးများသာ ပွားနေပုံရသည်။



လူရွှင်တော် ကိုဇာဂနာ
နာဂစ် ကူညီကယ်ဆယ် ရေးများ ပြုလုပ်ခဲ့သည့် လူ ၂၂ ဦးကို စစ်အစိုးရက ဖမ်းဆီးထားကာ ၎င်းတို့ အထဲမှ ၆ ဦးကို ယခုအခါ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းက သက်သေ ဖြစ်၏။ ထိုအထဲမှ လူသိများသော လူရွှင်တော် ကိုဇာဂနာကို ပြီးခဲ့သည့် သောကြာ နေ့ကမှ ထောင်ဒဏ် ၄၅ နှစ် ချမှတ်လိုက်ပြီး ဖြစ်သည်။

အစိုးရက မလိုလားသည့် ကြားမှ၊ ပိတ်ပင် တားဆီးမှုများ အမျိုးမျိုး လုပ်ဆောင်သည့် ကြားမှပင် ကိုယ့်အသိ စိတ်ဓာတ်ဖြင့် ကိုယ့်အိတ် ကိုယ်စိုက်ကာ ကူညီ ကယ်ဆယ် ရေးများ လုပ်ဆောင် ခဲ့သည့် ပြည်တွင်း အလှူရှင်များ၊ ပြည်တွင်း ကယ်ဆယ်ရေး လုပ်သားများ များစွာ ရှိခဲ့သည်။ ထိုသူတို့၏ လုပ်ဆောင်မှုနှင့် အလှူများကို အသိအမှတ် မပြု၍ မရအောင် ရှိသော်လည်း စစ်အစိုးရကတော့ အမျိုးမျိုး ထိန်းချုပ် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။

ပြည်တွင်း အလှူရှင်များနှင့် စေတနာရှင် လုပ်အား အလှူရှင်များ အပါအဝင် အိုင်အန်ဂျီအို၊ အန်ဂျီအို တချို့ကို ဒုက္ခသည် များအား တိုက်ရိုက် ကူညီရန် ခွင့်မပြုခြင်းများ ရှိခဲ့သည်။ ဒုက္ခသည် များကို ကူညီခွင့်ရရန် ကြံ့ဖွံ့များ၊ ကျေးရွာ အာဏာပိုင်များ၊ ရယကများနှင့် ပူးပေါင်းကြမှသာ အဆင်ပြေသည်။

မြစ်ဝကျွန်းပေါ်မှ ပြည်သူများ အတွက် ပြည်တွင်း ပြည်ပမှ လှူဒါန်းသည့် ပစ္စည်းများကို ဦးဆောင်၍ ထိရောက်စွာ ပေးပို့ခဲ့သူများ ထဲတွင် ကိုဇာဂနာက ထိပ်ဆုံးမှ ပါဝင်ခဲ့သည်ကို လူအများ အသိပင် ဖြစ်၏။ ထိုစဉ်က ၎င်းကို ဧရာဝတီ မဂ္ဂဇင်းက အင်တာဗျူး အကြိမ်ကြိမ် လုပ်ခဲ့ရာ ၎င်းထံသို့ ရောက်ရှိနေသော ပြည်တွင်း ပြည်ပမှ အလှူပစ္စည်းများနှင့် အလုပ်ရှုပ်ရင်း အားပါးတရ စကားပြောခဲ့သည်။

သူနှင့်အတူ သူ့ကိုချစ်ခင်သော ရုပ်ရှင် အဖွဲ့သားများ၊ အနုပညာရှင် များကလည်း ငွေအား၊ ပစ္စည်းအား၊ လူအားဖြင့် တတ်အား သရွေ့ ပါဝင် ကူညီခဲ့သည်။ အဖွဲ့ အသီးသီးခွဲ၍ သွားလာရန် ခက်ခဲသော လူသူ အရောက် အပေါက် နည်းသည့် မြစ်ဝကျွန်းပေါ် ဒေသများသို့ သွားကာ အလှူရှင်များ ပေးပို့လိုသည့် အစားအစာ၊ ဆေးဝါး နှင့် အိမ်သုံး ပစ္စည်းများကို အရောက် ပေးပို့နိုင်ခဲ့သည်။

ထိုစဉ်က အစိုးရနှင့် အိုင်အန်ဂျီအို တချို့တို့ ကယ်ဆယ် ကူညီရေး လုပ်ငန်းများ လုပ်နေကြပြီ ဖြစ်သော်လည်း မြို့ပေါ်တွင်သာ ကယ်ဆယ်ရေး စခန်းများဖွင့်၍ လုပ်ကိုင်ကြခြင်း ဖြစ်ပြီး သွားလာရန် ခက်ခဲသော ဒေသများသို့ ထိုသူတို့ မရောက်ရှိနိုင်ခဲ့ကြပေ။

“ကျနော်တို့ ရောက်သွားတဲ့ ဘိုကလေးအပိုင် ရွာ ၄၂ ရွာဆိုရင် ဘာမှကို မရကြသေးဘူး။ နိုင်ငံတော် အဆင့် အကူအညီမပြောနဲ့ ယူအန်ဆီကကော၊ ဘယ်အန်ဂျီအိုဆီကမှ အကူအညီတွေ မရသေးဘူး” ဟု နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဝင်ပြီး နောက်ပိုင်းတွင် ဧရာဝတီကတွေ့ဆုံမေးမြန်းခဲ့သည့် အင်တာဗျူး၌ ကိုဇာဂနာက ပြောကြားခဲ့သည်။

ကိုဇာဂနာကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး ကူညီလှူဒါန်းသည့် အလုပ်များ လုပ်ကိုင်နေစဉ် ဇွန်လအတွင်း ဖမ်းဆီးခဲ့သည်။ ၎င်း ဖမ်းဆီးမခံရခင် ဘီဘီစီရေဒီယိုနှင့် အင်တာဗျူး၌ စစ်အစိုးရနှင့် ယူအန်အပါအဝင် အန်ဂျီအို တချို့အား ဝေဖန်ပြောကြားခဲ့သေးသည်။

ဧရာဝတီ မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းစဉ်ကလည်း ၎င်းက “ကျနော်တော့ယူအန်ကို ဘဝင်မကျဘူး။ သူတို့က ဘာဖြစ်လို့ အစိုးရရဲ့ အကြိုက်ပဲလိုက်လုပ်နေရတာလဲ။ တကယ်ဆို ဒီလိုလူမှုကူညီရေးတွေလုပ်ဖို့ ဒီ့ထက် စွန့်စွန့်စားစား လုပ်သင့်တယ်” ဟု ပြောခဲ့သေးသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေရင်း အာဏာပိုင်များနှင့် ထိပ်တိုက်တွေ့ရသည့် အဖြစ် အပျက်များကိုလည်း ကိုဇာဂနာက ပြောပြခဲ့သည်။ အသက်အန္တရယ်အတွက် တာဝန်မယူဆိုသည့်တိုင်အောင် သူတို့အဖွဲ့များက လူသူအရောက်အပေါက်နည်းရာ ဒေသများသို့ ပင်ပင်ပန်းပန်း သွားရောက်ခဲ့သည်။

ယူအန်က မြန်မာပြည်တွင်း၌ လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်ရရန် စစ်အစိုးရ၏ ယုံကြည်မှုကို တည်ဆောက်ယူနေသည်ဟု မည်သို့ပင်ဆိုစေကာမူ စစ်အစိုးရတော့ ဒုက္ခသည်များကို ကူညီပေးနေသူများအပေါ် ပိုမို စိတ်ဝင်တစား ထိန်းချုပ်ချင်နေသည်ဟု ပြည်တွင်းအလှူရှင်များနှင့် အန်ဂျီအိုဝန်ထမ်းများက ပြောနေကြ သည်။

လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသူတို့ကို ဖမ်းဆီးထောင်ချခြင်းနှင့် ပတ်သက်၍ ချင်းမိုင် တက္ကသိုလ်အခြေစိုက် ဗဟုဖွံ့ဖြိုးရေး အစီအစဉ်မှ ကိုအောင်သူငြိမ်းက “ဒီလို လူသိများတဲ့ ကိုဇာဂနာလို လူမျိုးတွေကို လူမှုရေးလုပ်လို့ ဖမ်းတယ် ဆိုတာက နိုင်ငံရေး အငြိုးအတေးနဲ့လုပ်တာပါ” ဟု ပြောသည်။

ကိုဇာဂနာကို အီလက်ထရွန်းနစ်ပုဒ်မ ၃ မှုအပါအဝင် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၃၃ (က)၊ ၃၂ (ခ)၊ ပုဒ်မ ၃၈ တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၄၅ နှင့်ချမှတ်ခဲ့ပြီး ၎င်းနှင့်အတူ ကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် ကိုဇော်သက်ထွေးကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။ သူတို့ ၂ ဦးနှင့် အမှုတွဲ တတွဲတည်းဖြစ်သော ကိုတင်မောင်အေးကို ထောင်ဒဏ် ၂၉ နှစ် ချမှတ်လိုက်ပြီး ကိုသန့်ဇင်အောင်ကိုမူ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။

“နိုင်ငံရေးနောက်ခံရှိထားတဲ့ ဘယ်သူ့ကိုမဆို လူမှုရေးလုပ်ငန်းတွေမှာ ဝင်လုပ်တာမျိုး အစိုးရကမလိုလားဘူးဗျ” ဟု ကိုအောင်သူငြိမ်းက ဆိုသည်။

ကိုဇာဂနာက ၁၉၈၈ မတိုင်ခင်ကတည်းက မြန်မာ့ရုပ်မြင်သံကြားတွင် ကပြခဲ့သော မိုးနတ်သူဇာ အငြိမ့်၌ လူရွှင်တော်အဖြစ် အသုံးတော်ခံရင်း အခွင့်သာလျှင်သာသလို မဆလ အစိုးရနှင့် အာဏာပိုင်များကို သရော်လှောင်ပြောင်ခဲ့သည်။ သူ၏ သရော်ချက်များကို လူအများက နှစ်သက် အားပေးကြပြီး ၁၉၈၈ လူထု လှုပ်ရှားမှုကြီးတွင် တက်ကြွသော လှုပ်ရှားသည့် ကျောင်းသားတဦးအဖြစ် ပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ၎င်းကိုထောင်ဒဏ် ၄ နှစ်ပြစ်ဒဏ်သတ်မှတ်ခဲ့သည်။

ကိုဇာဂနာမှာ ထောင်မှထွက်လာပြီးနောက်ပိုင်းတွင်လည်း အနုပညာလုပ်ငန်းများ လုပ်ဆောင်ရင်း စစ်အစိုးရကို မကြောက်မရွံ့ ဆက်လက် သရော်လှောင်ပြောင်နေဆဲဖြစ်သည်။ ၎င်းကို စစ်အစိုးရက ၂၀၀၆ ခုနှစ် ဧပြီလမှစ၍ ရုပ်ရှင်နှင့် ဗီဒီယိုများတွင် သရုပ်ဆောင်ပါဝင်ခွင့် ပိတ်ပင်ခဲ့သည်။

ဧရာဝတီတိုင်းအတွင်း ပြန့်ကျဲနေသော လူသေအလောင်းများကို အစိုးရနှင့် အန်ဂျီအို အဖွဲ့များက ရှင်းလင်း မြှုပ်နှံခြင်းများ မပြုနိုင်ခဲ့သည့် ထိုအချိန်တွင် မြန်မာထရီဗြွန်းဂျာနယ် အယ်ဒီတာချုပ် ကိုအောင်ကျော်ဆန်း နှင့်အဖွဲ့က လူသေအလောင်းများကို ရှင်းလင်းမြှုပ်နှံခြင်း လုပ်ငန်းများ ကိုယ်ထူ ကိုယ်ထ လုပ်ဆောင်ခဲ့ကြသည်။
ထိုသို့လုပ်ဆောင်သောကြောင့် ကိုအောင်ကျော်ဆန်းအပါအဝင် အလောင်းမြှုပ်သူ ၇ ဦးကို ဇွန်လ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်သလို နာဂစ်ကူညီရေးလုပ်ငန်းများ လုပ်ဆောင်သောကြောင့်ပင် အီကိုဗစ်ရှင်းဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်း၊ အနုပညာရှင်များပါဝင်သည့် အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်နေသော အဖြူရောင် သက်တံအဖွဲ့ အပါအဝင် တခြားသောလူမှုကူညီရေး အသင်းများမှာလည်း အစဉ်အမြဲ စစ်အစိုးရ၏ အာရုံထားစောင့်ကြည့်ခြင်းကို ခံနေကြရသည်။

“အစိုးရက ခုလို လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့သူတွေကို ထောင်ချတယ်ဆိုတာက မြန်မာပြည်ထဲက လူမှုရေး အဖွဲ့အစည်းတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အစိုးရလုပ်စေချင်တာပဲ လုပ်ရမယ်ဆိုတဲ့ သတင်းစကား ပါးလိုက်တာပဲ” ဟု ရန်ကုန်အခြေစိုက် လူမှုရေးလုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်နေသူ တဦးက ပြောသည်။

ယခုကဲ့သို့ ကိုယ့်အားကိုယ်ကိုးသည့် ပြည်တွင်းအလှူရှင်နှင့် ကူညီရေးလုပ်သားများက ထောင်သွင်း အကျဉ်းချ ခံနေရစဉ်တွင် ကြံ့ဖွံ့၊ အမျိုးသမီးရေးရာ စသည့် အစိုးရမျက်နှာသာ ပေးခံရသည့် အဖွဲ့အစည်းများက လွတ်လပ် စွာဖြင့် နိုင်ငံတကာအဖွဲ့အစည်းများက ပေးအပ်သည့် အလှူများကို လက်ခံရင်း ဓာတ်ပုံရိုက်ခံနေကြသည်မှာ ရယ်စရာကောင်းလှသည်။

ကိုဇာဂနာကတော့ ၄၅ နှစ်ထောင်ချခံရလည်း ဦးညွှတ်မည့်သူတော့မဟုတ်။ ရယ်စရာကောင်းသည့် စစ်အစိုးရကို သရော်လှောင်ပြောင်ရင်း ထောင်တွင်းအချိန်များကို ကုန်ဆုံးနေစေလိမ့်မည်မှာ သေချာလှသည်။

မြန်မာစကားတွင်လည်း “ကြောက်မွေးပါဇာဂနာနဲ့နုတ်” ဟူ၍ ရှိထားသည် မဟုတ်ပါလား။


အပြည့်အစုံဖတ်ချင်ရင်...

Thursday, November 27, 2008

မတရားဖမ်းဆီးထောင်ချခြင်းခံခဲ့ရသောသာသနာ့အာဇာနည်သူရဲကောင်းများ

စဉ် ရဟန်းအမည် လူအမည် ဖခင်အမည် ကျောင်းတိုက် ပုဒ်မ မှတ်ချက်

၁ ဦးပညာနန္ဒ မျိုးနိုင် ဦးကြို့ သစ္စာသရဖူကျောင်းတိုက်
မြောက်ဥက္ကလာ ၂၉၅ ထောင်ကျပြီး
၄၅၆(၃)လ
၂ ဦးခေမာစာရ ဦးချမ်းသာ ဦးတင်ထွဋ် မစိုးရိမ်ကျောင်းတိုက်
မရမ်းကုန်း ရုံးထုတ် ၂၉၅
(၂)မှု
၃ ဦးဇဝန ဆန်းဝင်း ဦးသန်းညွှန့် ဓမ္မာရုံကျောင်း
မင်္ဂလာတောင်ညွှန့် ၂၉၅ ထောင်(၂)နှစ်
ချပြီး
၎ ဦးပညာဝံသ စိုးရွှေ ဦးရွှေစိုး ရခိုင် အောင်မင်္ဂလာ
ပရိယတ္တိစာသင်တိုက် ၂၉၅ ၂ နှစ်ကျပြီ၊ခြေ
တဖက်မသန်၊အစာ
အိမ်ရောဂါဖြင့်ဆေး
ရုံတက်နေ
၅ ဦးဓမ္မသာရ နေလင်း ဦးဘိုနီ အောင်မင်္ဂလာသိဒ္တိ
စမ်းချောင်း ၂၉၅ ညီအကို
၆ ဦးနန္ဒိက ချစ်နိုင် ။ ။ ။
၇ ဦးသုမန ကိုမင်းဆက် ဦးအောင်သန်း လေသာကျောင်း
မန္တလေး ပုဒ်မများ ထောင်တွင်းရုံးထုတ်

၈ ဦးဝိလာသက္က လှထွေး ဦးချန်နန်ပန်နန်း ငွေကြာယံ
တောင်ဥက္ကလာ ၂၉၅ သီးသန့်

၉ ဦးနန္ဒသီရိ နိုင်လင်း ဦးသန်းအေး မမှတ်မိ ဖေါက်ခွဲ ဦးကောဝိဒ္ဒ
နန်းဦးနှင့်ဆက်သွယ်
ဖမ်းဆီးခံရု
၁၀ ဦးပညာတေဇ လှမင်းခိုင် ဦးသန်းအေး ။ ။
၁၁ ဦးခေမိန္ဒ ကိုကိုသန့် ဦးစိုးမြင့် နန်းဦးကျောင်းတိုက်
မင်္ဂလာတောင်ညွန့် ။
၁၂ ဦးဝိလာသ ဝင်းမင်းထွန်း ဦးစိန်အောင် ။ ဖေါက်ခွဲ
၁၃ ဦးစန္ဒိမာ အပုလေး ဦးသန်းအေး ပုဇွန်တောင်ကျောင်း ပုဒ်မများ ပါဆယ်ပို့ရန်ကြိုးစားဆဲ
၁၄ ဦးပဏ္ဍိတ ဦးမြင့်စိုး မသိ မင်္ဂလာဒုံကျောင်း ပုဒ်မ ၁၁ခု
၁၅ ဦးဣန္ဒက အောင်သန်းမြင့် ဦးတင်မောင်
၁၆ ဦးစန္ဒာသီရိ မြင့်သန်း ဦးလူတုတ်
၁၇ ဦးအဂ္ဂဓမ္မ ဖိုးတက် ဦးကျော်မှီ
၁၈ ဦးဣဿရိယ အေးမောင်း ဦးညီမောင်
၁၉ ဦးနန္ဒ သန်းထွဋ်အေး ဦးလှအောင်
၂၀ ဦးလောသိတ ကျော်စိန် ဦးညွှန့်
၂၁ ဦးပဏ္ဍိတ မြင့်စိုး ဦးညွှန့်ဝေ
၂၂ ဦးခေမာဝံသ ကျော်ဝင်း ဦးချမ်းသာ
၂၃ အရှင်စန္ဒာဝရ ဥာဏ်ဝင်း ဦးတင်လှ
၂၄ ဦးကာဏေယျ ဥာဏ်ဝင်း ဦးအောင်ရင်
၂၅ ဦးကေလာသ ကိုလေး ဦးသာရင်(ခ)ဦးလှရင်
၂၆ ဦးသုတညဏ္ဍ သန်းဇော် ဦးသန့်
၂၇ ဦးအာနန္ဒ အောင်ဇေယျ ဦးလှဖေ
၂၈ ဦးဝိမာလ လှစိန် ဦးမောင်ဟန်
၂၉ ဦးကုသလ ကျော်မြင့် ဦးလွန်းမောင်
၃၀ အရှင်နန္ဒဝရ ထွန်းနီ ဦးသာ
၃၁ အရှင်ဝိသုဒ္ဒိ ဝင်းတင် ဦးမောင်ကြည်
၃၂ အရှင်ပညာသာမိ မြင့်မောင် ဦးလွန်းစိန်
၃၃ ဦးနရပတိ တင်နိုင်ထွန်း ဦးထွန်းမြင့်
၃၄ ဦးပညာသီလ မင်းဇော်ဌေး ဦးပြေသိမ်း
၃၅ ဦးပညာသီဟ မြင့်ဦး ဦးအောင်ရှိန်
၃၆ ဦးပညာဒီပ မျိုးမင်းအောင် ဦးစိန်မောင်
၃၇ ဦးဥက္ကသမာလ အေးလွင် ဦးအုန်းမောင်
၃၈ ဦးရေဝတ ကြည်မြင့် ဦးကျောင်သောင်း
၃၉ ဦးကောဝိတ ကျော်စိန် ဦးသန်းထွန်း
၄၀ အရှင်ဝိလာသက္က လှထွေး ဦးချန်နန်ပန်နန်း
၄၁ အရှင်နန္ဒိယ ထက်ပိုင်ဦး ဦးမြင့်သိန်း
၄၂ ဦးအိန္ဒြိယ အောင်ကိုငြိမ်း ဦးလှငြိမ်း
၄၃ ဦးကောဝိဒ မောင်ကြီး ဦးသာထွန်းဖြူ
၄၄ ဦးဇဋိလ စိန်မြင့် ဦးသန်းထွန်း
၄၅ ဦးခေမာစာရ ချမ်းသာ ဦးတင်ထွဋ်
၄၆ ဦးဇနိယ မျိုးမြင့်အောင်
၄၇ ဦးပဏ္ဍဝံသ ဦးပြေကျော် ဦးအောင်ရင်
၄၈ ဦးသဒ္ဓမ္မ သက်ဇော်
၄၉ ဦးခေမိန္ဒ ဦးစိုးမြင့်
၅၀ ဦးဝိလာသ ဝင်းမင်းထွန်း ဦးစိန်မောင်
၅၁ ဦးကေဿရ ကျော်ဇင်ဦး
၅၂ ဦးပညာသာရ မျိုးလွင်/ခင်
၅၃ ဦးတိလောက ထွန်းထွန်းဝင်း
၅၄ ဦးသြဘာသ မျိုးမြင့်
၅၅ ဦးကဝိန္ဒ ကျော်ညွှန့်


သီလရှင်များစာရင်း
၁ ဒေါ်ပညာသိင်္ဂီ ဒေါ်ညွန့်ညွန့်
၂ ဒေါ်ဝိဏ္ဏာတိ ဒေါ်စန်းစန်းဌေး
၃ ဒေါ်ထေရီ ဒေါ်စန်း
၎ ဒေါ်ဝဏ္ဏ ဒေါ်ခင်လှ
၅ ဒေါ်ပုဏ္ဏမီ ဒေါ်မြညွှန့်
၆ ဒေါ်သိင်္ဂီ ဒေါ်သန်းရီ
၇ ဒေါ်သီလာနန္ဒီ ဒေါ်အေးအေး




အပြည့်အစုံဖတ်ချင်ရင်...

Tuesday, November 25, 2008

သံဃာတော်များကို နအဖ ဖြိုခွဲရန် ကြံစည်(သို့)ခေတ်သစ်ဒေ၀ဒတ်

မင်းနိုင်သူ/ ၂၅ နိုဝင်ဘာ ၂၀၀၈
line


နိုင်ငံတော်သံဃမဟာနယက (မဟန) အဖွဲ့ (၄၇) ပါးစုံညီအစည်းအဝေးကို နိုဝင်ဘာ (၂၂-၂၃) ရက်နေ့တို့တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေးသည် နအဖက မဟနကို လက်ကိုင်တုတ်ပြုကာ သံဃာတော်အင်အားကို ဖြိုခွဲရန် ကြံစည်ခြင်းသာဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပရိယတ္တိစာသင်တိုက်ကြီးတခုမှ ဆရာတော်တပါးက မိန့်ဆိုသည်။

ဆရာတော်က “မြန်မာနိုင်ငံမှာ သံဃာအင်အားက (၅) သိန်းကျာ်ရှိနေပြီး စစ်သားဦးရေနဲ့ အပြိုင်ဖြစ်နေတော့ နအဖက သံဃာဦးရေကို လျော့ချဖို့ ကြံစည်နေတယ်။ စက်တင်ဘာအရေး အခင်းအပြီးမှာ ဒီကိစ္စကို ကိုင်တွယ်ဖို့ ကြိုးစားလာကြတာ ဖြစ်မယ်။ ဒါ့ကြောင့် သံဃာတွေအနေနဲ့ကလည်း ဒီကိစ္စကို သတိထားကြရတော့မယ်” ဟု မိန့်တော်မူသည်။

ယင်းအစည်းအဝေးတွင် သာသနာရေးဝန်ကြီး ဗိုလ်မှူးချုပ် သူရမြင့်မောင်က ထေရ၀ါဒ ဗုဒ္ဓသာသနာတော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို အရေးယူတားဆီးကာကွယ်ရန် ဆောင်ရွက်ခွင့်ရှိဟု လျှောက်ထားခဲ့ပြီး (၅) သိန်းကျော်မျှသော သံဃာထုကြီးကိုလည်း ဘုရားဥပဒေ၊ နိုင်ငံတော်ဥပဒေ၊ အဖွဲ့ အစည်းဥပဒေ၊ လူမူဥပဒေများနှင့် အညီအညွတ်ဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးရပါသည်ဘုရားဟုလည်း ထည့်သွင်းလျှောက် ထားခဲ့သည်။

“သံဃာ့အထက်မှာ ဘုရားဥပဒေပဲရှိတယ်။ ဘုရားရှင်ပညတ်ထားတဲ့ ၀ိနည်း သိက္ခာပုဒ်တွေပဲရှိတယ်။ ၀ိနည်းသိက္ခာပုဒ် မစောင့်ထိန်းတဲ့ ပုဂ္ဂိုလ်သာ သံဃာအဖြစ်က လျော့ကျပြီး တခြားသော ဥပဒေဘောင်တွေအောက်ရောက်ရှိသွားမယ်။ သံဃာ့အပေါ်မှာ နိုင်ငံတော်ဥပဒေ၊ လူမှုဥပဒေဆိုတာတွေနဲ့ ထိန်သိမ်းပေးရတယ်ဆိုတာ အဓိပ္ပာယ်ကို မရှိဘူး။ ၀ိနည်းသိက္ခာပုဒ်ကို စောင့်ထိန်းနေသမျှ၊ ပါရာဇိက မကျသမျှ သံဃာဟာသံဃာပါပဲ။ ဒီလိုသံဃာတွေကို ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းတာဟာ သံဃာကို ဖမ်းဆီးနှိပ်စက် ညှဉ်းပန်းတာပဲဖြစ်တယ်” ဟု ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

အခြားဆရာတော်တပါးကလည်း “သူတို့က ကြီးသောအမှုငယ်စေ၊ ငယ်သောအမှု ပပျောက်အောင် ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုထားတယ်။ ဒါဆိုရင် ပခုက္ကူ သံဃာတော်တွေ ကိစ္စမှာ ဘာဖြစ်လို့ မတောင်းပန်ခဲ့တာလဲ။ တောင်းပန်လိုက်ရင် ပျောက်ပျယ်သွားမယ့်ကိစ္စကို ဘာဖြစ်လို့ မလုပ်ခဲ့တာလဲ။ မဟန ကရော ဘာဖြစ်လို့ မတိုက်တွန်းခဲ့တာလဲ” ဟု မေးခွန်းထုတ်တော်မူသည်။

အဆိုပါအစည်းအဝေးတွင် မဟန ဥက္ကဋ္ဌ မကွေးဆရာတော် ဘဒ္ဒ န္တ ကုမာရက သာရဏီယသြ၀ါဒကထာမြွက်ကြားရာ အချို့ ရဟန်းများကလည်း ထေရ၀ါဒ ဗုဒ္ဓသာသနာမှေးမိန်ကွယ်ပျောက်၍ မဟာယန သာသနာ ဖြစ်ပေါ်အောင် လုပ်ဆောင် နေကြသည်ကိုလည်း ကြားသိနေရပါသည်ဘုရား။ ထိုအဓမ္မ၀ါဒကို ပြန်လည်ဟောပြော နေမှု၊ အဓမ္မ၀ါဒ စာအုပ်စာတမ်းများကို မိတ္တူကူး၍ ဖြန့်ချိနေမှု စသည်တို့ကို သက်ဆိုင်ရာမှ စုံစမ်းစိစစ်၍ ဖော်ထုတ်အရေးယူသင့်ပြီဖြစ်ကြောင်းကိုလည်း လျှောက်ထားအပ်ပါသည်ဘုရား ဟူ၍ ထည့်သွင်းပြောဆိုခဲ့မှုအပေါ် “ဒီကိစ္စက သံဃာတော်တွေကို သူတို့မကျေနပ်ရင် မကျေနပ်သလို အရေးယူဖို့ ကြိုတင်လမ်းကြောင်းထားတဲ့ သဘောပဲ။ အတိုက်အခံလုပ်တဲ့ သူတွေကို ဗုံးခွဲမှုနဲ့ ပတ်သက်တယ် ဘာညာဆိုပြီး စွပ်စွဲသလိုပေါ့။ သံဃာတွေကိုလည်း စွပ်စွဲပြီး ဒကာ၊ ဒကာမတွေ ထင်ရောင်မြင်မှားဖြစ်အောင် လုပ်လို့ရအောင် ကြိုတင်လမ်းကြောင်း ထားတာမျိုးပဲ။ စာအုပ်စာတမ်းတွေဆိုလည်း ဘယ်စာအုပ်တွေဖြစ်တယ်ဆိုတာ အတိအလင်း မဖော်ပြသေးဘဲ အဆုတ်၊ အတက်လုပ်လို့ရအောင် ချန်လှပ်ထားသေးတယ်” ဟု သံဃာတော်တပါးက သုံးသပ်ပြောဆိုသည်။

“နောက်ပြီး သူတို့က ပြည်တွင်းသံဃာတွေ သံဃာ့ဥသျှောင်အဖွဲ့နဲ့ ဆက်သွယ်နေတာတွေကိုလည်း မကြိုက်ဘူး။ နိုင်ငံမှာ မဟန တဖွဲ့တည်းရှိတယ်။ မဟနနောက်ကိုပဲ လိုက်ရမယ်ဆိုတဲ့ သဘောမျိုးပဲ။ ဒါပေမယ့် မဟန ကိုယ်တိုင်က နအဖ အလိုကျ လိုက်လုပ်နေရတယ်။ ဒီလျှောက်ထားချက်တွေ၊ သြ၀ါဒကထာတွေဆိုတာလည်း နအဖ ရေးထားသမျှ ဖတ်ပြနေကြရတာပါ။ အများဆုံးရေးတာက အကြံပေးပုဂ္ဂိုလ်ဆိုတဲ့ အံ့မောင်ပဲ။ သူက သန်းရွှေရဲ့ အကြံပေးလည်းဖြစ်တယ်” ဟု ဆက်လက်မိန့်ဆိုသည်။

နအဖ အနေဖြင့် ၂၀၀၇ စက်တင်ဘာ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲအပြီး သံဃာတော်များအပေါ် သဘောထားတင်းမာမှုများရှိပြီး ၎င်းတို သတင်းစာများတွင် သံဃာတော်များနှင့် စပ်လျဉ်းသော သတင်းများ၊ ဓာတ်ပုံများကို ထည့်သွင်းခွင့် မပြုတော့ကြောင်း၊ ယခု ၎င်းတို့လက်ကိုင်တုတ်ပြုမည့် မဟန အစည်းအဝေး ဓာတ်ပုံများကိုပင် ယခင်နှစ်များကကဲ့သို့ သံဃာတော်များ၏ပုံကို ထင်ရှားစွာ မဖော်ပြတော့ကြောင်း သံဃာတော်များက ထောက်ပြမိန့်ဆိုသည်။

ထေရ၀ါဒနှင့် မညီသော ဆောင်ရွက်မှုများကို အရေးယူသွားမည်ဆိုသော သာသနာရေးဝန်ကြီးသည် ဆဌမအကြိမ် မဟန အစည်းအဝေးဖွင့်ပွဲအပြီးတွင် ယင်းနေ့မှာပင် ကျင်းပသော ၂၀၀၈-၂၀၀၉ ဟာဂျီလောင်းများဂုဏ်ပြုပွဲနှင့် ဒီပါဝလီ ညစာစားပွဲများသို့ တက်ရောက်ခဲ့ပြီး နေ့စဉ်ထုတ်သတင်းစာများကလည်း ယင်းသတင်းနှင့် ဓာတ်ပုံများအား သတင်းစာမျက်နှာထိပ်ပိုင်းက ဖော်ပြပေးခဲ့ကြသည်။

ခေတ်ပြိုင်

အပြည့်အစုံဖတ်ချင်ရင်...

Monday, November 24, 2008

I B M O နှစ်ပတ်လည်အစည်းအဝေးထုတ်ပြန်ကြေညာချက်


ပုံအကြီးကြည့်ရန် ပုံကိုကလစ်ပေးပါ။

အပြည့်အစုံဖတ်ချင်ရင်...

ပြည်တွင်း သံဃာများ တရားမ၀င် သံဃာ့အဖွဲ့အစည်းများနှင့် မပတ်သက်ရန် "မဟန"ကြိုးပမ်း

ပြည်တွင်း သံဃာများ တရားမ၀င် သံဃာ့အဖွဲ့အစည်းများနှင့် မပတ်သက်ရန်
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကြိုးပမ်း
ကိုဝိုင်း/ ၂၄ နိုဝင်ဘာ ၂၀၀၈
line


မဟာယာနသာသနာဖြစ်ပေါ်အောင် ကြိုးပမ်းနေသည့် ရဟန်းများ ၀ိနည်းဓိုရ်အဖွဲ့က အဓမ္မဟု ဆုံးဖြတ်ခဲ့သည့် ၀ါဒများ ဟောပြောနေမှုကို အရေးယူပေးပါရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က ပန်ကြားလျှောက်ထားခဲ့သည်။

မြန်မာနိုင်ငံ၌ မဟာယနသာသနာဖြစ်ပေါ်အောင် ကြိုးပမ်းနေသည့် ရဟန်းများ အင်အားမကောင်းမီ ကြိုတင်ကာကွယ်ရန်လိုကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးကုမာရက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄) လပတ်အစည်းအဝေး၌ ယခုကဲ့သို့ မိန့်ကြားခဲ့ခြင်းဖြစ်သည်။ သို့သော် မည်သည့် ရဟန်းများက မည်သို့ကြိုးပမ်းနေသည်ကိုမူ ဆရာတော်ကြီး ဦးကုမာရက အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပေ။

ဝိနည်းဓိုရ်အဖွဲ့က အဓမ္မဟု ဆုံးဖြတ်ခဲ့သည့် ၀ါဒများ ဟောပြောနေမှုကိုပါ အရေးယူပေးရန် ဥက္ကဋ္ဌ ဆရာတော် ဦးကုမာရက လျှောက်ထားခဲ့သော်လည်း မည်သည့် ဆရာတော်များ၊ မည်သည့်ဝါဒများကို ရည်ညွှန်းကြောင်း ရှင်းရှင်းလင်းလင်း မိန့်ကြားခဲ့ခြင်းမရှိပေ။ ရန်ကုန်သံဃာအချို့ကမူ မိုးကုတ်တရားများထဲမှ အချို့အပိုင်းများကို ၀ိနည်းဓိုရ်အဖွဲ့က အဓမ္မဟု ဆုံးဖြတ်ခဲ့မှုကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်ဟု ယူဆကြသည်။

ဥက္ကဋ္ဌ ဆရာတော် ဦးကုမာရ၏ အဓမ္မဟု ဆုံးဖြတ်ခဲ့သည့် ၀ါဒများ လျှောက်ထားချက်နှင့် ပတ်သက်ပြီး ရန်ကုန်မြို့မှ သံဃာတပါးကမူ “ဘုရားဟောချက်မဟုတ်ရင် ကျန်တာ အဓမ္မကြီးပဲဗျ။ တခုတော့ရှိတယ်။ အဓမ္မ၀ါဒလို့ပြောရအောင် ပြောတဲ့သူက အဓမ္မ၀ါဒဆိုတာ ဘာလဲ။ အဓမ္မတွေထွန်းကားအောင် ဘယ်သူတွေက အားပေးတာလဲ။ ထွန်းကားတော့ မထွန်းကားအောင် သူတို့ ဘာလုပ်ပေးနိုင်သလဲ။ ပြောနေတဲ့ ပုဂ္ဂိုလ်တွေ ဘာလုပ်ပေးနိုင်လဲ။ ဘာမှမလုပ်ပေးနိုင်ဘဲနဲ့တော့ ပြောမနေနဲ့” ဟု အမိန့်ရှိသည်။

ထို့ပြင် အချို့ရဟန်းသာမဏေများသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ကြီးကြပ်မှုကို မခံယူသည့် တရားမ၀င် သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေသည်ဟုပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဦးကုမာရက ထိုအစည်းအဝေး၌ စွပ်စွဲလျှောက်ထားခဲ့သည်။

မြန်မာနိုင်ငံတွင်း မည်သည့်အဖွဲ့များသည် တရားမ၀င် သံဃာ့အဖွဲ့အစည်းများဖြစ်သည်ကို အတိအကျမသိရသော်လည်း အဆိုပါ အဖွဲ့အစည်းများ တည်ရှိနေခြင်းသည် သာသနာကို အကာအကွယ်ပေးဖို့လား သို့မဟုတ် သာသနာကို ဖျက်ဆီးဖို့လား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများကို မေးခွန်းထုတ်ချင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ နိုင်ငံခြားရေးရာ တာဝန်ခံလည်းဖြစ် ထောင်ဒဏ် အနှစ် (၆၀) ကျော်ကျသွားသည့် အရှင်ဂမ္ဘီရနှင့် လုပ်ဖော်ကိုင်ဖက်လည်းဖြစ်သည့် ဦးဣဿရိယက ထောက်ပြသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် သံဃာအများစုက ရွေးချယ်ခဲ့သည့်အဖွဲ့မဟုတ်ကြောင်း ဦးဣဿရိယက မိန့်ကြားသည်။

“သံဃမဟာနယကဆိုတဲ့ အဖွဲ့ကိုယ်၌က ဦးဇင်းတို့ သံဃာတွေထဲကနေ တကယ်ရွေးချယ်တင်မြှောက်ထားတာ မဟုတ်ဘူးဗျ။ ရှင်းရှင်းပြောရရင် (၄၇) ပါးလုံးကို အစိုးရကနေပြီးတော့ သူတို့ ထိန်းချုပ်လို့ရမယ့် အစိုးရရဲ့ သြဇာခံမယ့် သံဃာတွေကို ရွေးထားတာ။ မြန်မာတနိုင်ငံလုံးကို ဆန္ဒခံယူပြီး ဒီမိုကရေစီနည်းအရ ဒီသံဃာတွေက အရည်အချင်းရှိတယ်။ သာသနာရေးကိုတော့ တကယ်အားထုတ်မှာပဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးချယ်ထားတာ မဟုတ်ဘူး” ဟု ခေတ်ပြိုင်သို့ မိန့်ကြားသည်။

ထို့နောက် ဘုန်းကြီးကျောင်းများအား စစ်အစိုးရ၀င်စီးချိန်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ အကာအကွယ်မပေးခဲ့ပုံကို ဦးဣဿရိယက ဆက်လက် မိန့်ကြားသည်။

“အခုဆိုရင် ကျောင်းပေါင်း (၆၁) ကျောင်းကို သူတို့ သူပုန်စခန်းတွေဝင်စီးသလို၊ ကိုယ့်သာသနာကို ၀င်ဖျက်ဆီးတာကို မဟန ဆရာတော်တွေ ဘာများကာကွယ်ပေးခဲ့ပါသလဲ။ ဘာများ လုပ်ပေးခဲ့ပါသလဲ။ မိမိတို့နိုင်ငံထဲမှာ မိမိသံဃာတွေ ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်ချီတက်တာကို အပြစ်လို့ ယူဆနေကြရင် ဒီသံဃာတော်တွေဟာ အကာအကွယ်မဲ့ဖြစ်နေတယ်။ သံဃာတော်တွေဟာ မြတ်စွာဘုရားရဲ့ way ကိုမှ အဓမ္မလို့ပြောရင် အဲဒီမဟန ဆရာတော်ကြီးတွေ ကိုယ်တိုင်ကရော ဘာလမ်းစဉ်လဲ ဘုရားရဲ့လမ်းစဉ်လား။ သူတို့က မိစ္ဆာဝါဒီကို အားပေးတဲ့လမ်းစဉ်လား ဆိုတာ ပြန်လည် ဆန်းစစ်ဖို့ လိုပါတယ်” ဟု မိန့်ကြားသည်။

သို့သော် စစ်အစိုးရသည် ၂၀၀၃ နှစ်ကတည်းက ပြဋ္ဌာန်းခဲ့သည့် ရန်ကုန်တိုင်း သံဃာတော်များ ညမထွက်ရအမိန့်ကိုမူ ယခုထိ ရုပ်သိမ်းခြင်းမရှိသေးပေ။

ခေတ်ပြိုင်

အပြည့်အစုံဖတ်ချင်ရင်...

မြန်မာစစ်သား (၆) ဦး ကေအန်ယူထံ လက်နက်ချ

သူတို့လေးတွေ အမှောင်တိုက်ထဲကနေအလင်းရောင်ထဲကိုတိုးထွက်လာကြပြီ၊တို့တစ်တွေနွေးထွေးစွာကြိုဆိုကြရမယ်၊
အမှန်တကယ်တော့ သူတို့တစ်တွေဟာ အရောင်ဆိုးခံခဲ့ရတဲ့အဖြူရောင်လေးတွေပါ။


မြန်မာစစ်တပ်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ တပ်တွင်းဖိနှိပ်မှုများ အပါအဝင် လူထုကို နည်းအမျိုးမျိုးဖြင့် မတရား ဖိနှိပ်ညှဉ်းပန်းအနိုင်ကျင့်မှုများကို နေ့စဉ်ကျူးလွန်နေသည့် မြန်မာစစ်တပ်အတွင်း ဆက်လက် နေထိုင်လိုစိတ် မရှိတော့သဖြင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် လာရောက်ပူးပေါင်းရခြင်းဖြစ်ကြောင်း လက်နက်ချမြန်မာစစ်သား (၆) ဦးထဲမှ စစ်သား မောင်ဖိုးဇော်က ခေတ်ပြိုင်သို့ ပြောကြားသည်။

ပြီးခဲ့သည့် သောကြာနေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်စခန်းတခုသို့ ရောက်ရှိလာကြသည့် မြန်မာစစ်တပ်မှ စစ်သည် (၆) ဦးအနက် မြန်မာစစ်တပ်မှ ဆက်သွယ်ရေး စစ်သည်တဦးဖြစ်သူ မောင်ဖိုးဇော်က ၎င်း၏တပ်တွင်းအတွေ့အကြုံများအား ခေတ်ပြိုင်သို့ ပြောကြားခြင်းဖြစ်သည်။

လက်နက်ချ မြန်မာစစ်သည် (၆) ဦးမှာ-

မောင်ဖိုးဇော် (၁၈နှစ်) ကိုယ်ပိုင်အမှတ် (တ/၃၆၉၃၄၁)၊ ခမရ(၅၂၂)၊ စခက(၁၆)။
မော်ကျော်ရဲဋ္ဌေး (၁၉နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၅၂၉၇)၊ ခလရ (၁၉)။
မောင်ဝင်းထွန်း (၂၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၈)၊ ခလရ (၄၃၉)။
မောင်ကျော်နိုင်စိုး (၂၃နှစ်)၊ ကိုယ်ပိုင် အမှတ် (တ/၃၇၅၂၁၀)၊ ခလရ (၁၉)။
ရဲထွဋ်ဝင်း (၂၅နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၆၈၁၂)၊ ခလရ (၁၉)။
ကိုလမင်းထွန်း (၃၁နှစ်)၊ ကိုယ်ပိုင်အမှတ် (တ/၃၇၇၁၂၇)၊ ခလရ (၄၃၉) တို့ဖြစ်သည်။

အဆိုပါ မြန်မာစစ်သည် (၆) ဦးသည် ၎င်းတို့ ကိုင်ဆောင်သည့် လက်နက်များနှင့်အတူ ကေအန်ယူ တပ်မဟာ (၃) နှင့် တပ်မဟာ (၅) သို့ လာရောက်ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်။

မောင်ဖိုးဇော်က “တပ်ထဲမှာ လူသတ်၊ မုဒိမ်းကျင့်၊ လူထုကို နှိပ်စက်တဲ့အလုပ်တွေ နေ့စဉ်မြင်တွေ့ရတော့ ဆက်မလုပ်ချင်တော့တာနဲ့ ဒီဘက်ကို လာရောက်ပူးပေါင်းတာဖြစ်တယ်။ ဒီနှစ် ၂၀၀၈ (၉) လပိုင်းက ဆိုလို့ရှိရင် ဖာပွန်ခရိုင်၊ ထီးမူးခီးဂွင်မှာ တောင်ယာထဲက ရွာသားတွေကို လိုက်ဖမ်းတာ မမိဘဲ (၁၂) သားအရွယ် ယောက်ျားလေး တယောက်ကို သေနတ်ဒဏ်ရာနဲ့ ဖမ်းမိတယ်။ အဲ့ဒါ မိမိချင်းပဲ သူပုန်ဆိုပြီးတော့ ပစ်သတ်လိုက်တယ်။ နောက်ပြီးတော့ ၂၀၀၇ ခု မိုးတွင်းမှာပဲ တောင်ငူခရိုင်၊ တိပ်ပုရွာထဲမှာ ရွာထဲဝင်ပြီး လူတွေ လိုက်ဖမ်းတော့ လူကြီးတွေထွက်ပြေးပြီး နို့စို့အရွယ် ကလေး (၂) ဦး ပုခက်ထဲ ကျန်ခဲ့တယ်။ အဲ့ဒါကို ခမရ (၅၂၂) က ဗိုလ်ကြီးနေဝင်းမြင့်က သတ်ဖို့အမိန့်ပေးတော့ တပ်ကြပ်ကြီး ကျော်မိုးနဲ့ ဗိုလ်လွှမ်းမိုးအောင်တို့က ကလေးကို ကုတ်ကဆွဲပြီး ဆန်ဖွတ်တဲ့မောင်းထဲထည့်ပြီး ထောင်းသတ်တာ ကျနော့်မျက်မြင် ကိုယ်တွေ့ပါ” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “၂၀၀၇ ခုနှစ် စပါးရိတ်ချိန်မှာလည်း ဖာပွန်ခရိုင်၊ မူသဲဂွင်မှာ တောင်ယာတဲမှာ ရှိနေတဲ့ အသက် (၁၈) နှစ်အရွယ် ကရင်မလေးတယောက်ကို ခလရ (၆၈) စစ်ကြောင်းမှူး ဗိုလ်ကြီးသိန်းဖေ၊ ဗိုလ်ကြီး ဗညားဦး၊ ဗိုလ် ကြီး လေးသိန်းမောင်အပါအဝင် စစ်သား (၂၀) လောက်ကနေ ဝိုင်းပြီး မုဒိမ်းကျင့်ကြတယ်။ အဲ့ဒီမိန်းကလေး မေ့မြောသွားတဲ့အချိန်မှာ ဗိုလ်ကြီးသိန်းဖေရဲ့ အမိန့်နဲ့ လူရော၊ တဲရော တခါတည်း မီးရှို့လိုက်တယ်။ ဒါ ကျနော့်ရဲ့ မျက်မြင်ကိုယ်တွေ့ပါ။ အထမ်းသမားတွေကိုလည်း လမ်းမြန်မြန်လျှောက်ဖို့ မိုင်းရှာတဲ့ ဆူးတွေနဲ့ အနောက်ကနေ တင်ပါးတို့၊ ကျောပြင်တို့ကိုထိုးတယ်။ လမ်းမလျှောက်နိုင်တဲ့ လူတွေကျတော့ လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဆွဲခေါ်တာတွေ ရှိတယ်။ အဲဒါမှမနိုင်ရင် တခါတည်း သေနတ်နဲ့ ပစ်သတ်လိုက်တာတွေ မကြာခဏပဲ။ နောက်ပြီး ရွာပုန်းရွာရှောင်၊ ရွာ(၈) ရွာကိုလည်း မီးရှို့လိုက်တာတွေအပြင် အခြားလုပ်ရပ်တွေလည်း အများကြီးရှိတယ်။ စိတ်ဆင်းရဲစရာတွေချည်းပဲ နေ့စဉ်ကြုံတွေ့နေရတယ်။ ဒါကြောင့် ဒီဘက်ကို ထွက်လာရတာပါ” ဟု ဆက်လက်ပြောကြားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂျော်နီက “ကျနော်တို့ဆီမှာ လာရောက်ပူးပေါင်းကြတဲ့ မြန်မာစစ်တပ်ကဖြစ်စေ၊ ဒီကေဘီအေကဖြစ်စေ၊ သူတို့ကို ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ပါတယ်။ သူတို့ဆန္ဒကိုသာ ဦးစားပေးပါတယ်။ တော်လှန်ရေး ဆက်လုပ် ချင်တဲ့သူတွေကို တော်လှန်ရေးမှာ ထားသလို၊ အပြင်မှာပဲ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်ပြီး နေထိုင်ချင်တဲ့ သူတွေကိုလည်း လိုအပ်တဲ့အကူအညီတွေကို စီစဉ်ပေးပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခုနှစ် စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ (၃) လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော်နှင့် လာရောက်ပူးပေါင်းသည့် ဒီကေဘီအေတပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်သည်များ (၃၀) ခန့် လက်နက်များနှင့်အတူ လာရောက်ပူးပေါင်းခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုစောလှငွေက ပြောသည်။

ယခု လာရောက်ပူးပေါင်းကြသည့် စစ်သည် (၆) ဦးသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ (၅) ဖာပွန်ခရိုင်ရှိ ဆက်စပ်ဒေသများတွင် လှုပ်ရှားနေ သည့် တပ်ဖွဲ့များမှဖြစ်ပြီး ၎င်းတို့ကို ကေအန်ယူ နှင့် မဟာမိတ်များမှ လိုအပ်သည့် အကူအညီများပေးကာ လက်ခံစောင့်ရှောက်ထားသည်။
ခေတ်ပြိုင်

အပြည့်အစုံဖတ်ချင်ရင်...

အရှင်မေတ္တာစာရဲ့ ခရစ်စမတ်လက်ဆောင်

နအဖမှာ ဥပဒေမရှိဘူး။ ဒို့လဲ ဥပဒေမဲ့ နအဖကို

စနေနေ့ညနေကလဲ ashinmettacara.com, .org, .info. ,net စတဲ့ ဒိုမိန်းတွေကို ဟက်ခဲ့ပြီးသွား ပြီ။ အဲ့ဒီနေ့ကတော့ မော်စကိုကပဲ။ ဒီနေ့မနက်ပိုင်းလဲ ashinmettacara.com ကိုထပ်ဟက်နေခဲ့တယ်။ မင်းတို့ ဘယ်လောက် hack hack ပါကွာ။ မှုပါဘူး။ ငါသုံးနေတဲ့ဆာဗာက ၂၄ နေရာရီ checking လုပ်နေတာ။ ဒီကနေ့မနက်ပိုင်းက ရုရှားခွေးတစ်ကောင်ပါ။
IP: 213.85.146.5 by Windows XP, Firefox 3
Country: RUSSIAN FEDERATION (RU)
City: (Unknown city)။ အေးပေါ့ကွာ လောလောဆည်တော့ ငါတို့က trace ပဲလုပ်နိုင်သေးတယ်ဆိုတော့။ ဟက်ပါ။ ဟက်လို့လက်ညောင်းရုံပဲ။ မကြာမှီမျှော်။ မင်းတို့အတွက် နှစ်သစ်ကူးလက်ဆောင်တစ်ခုပေးချင်နေတယ်။ ဆုကြေးငွေကတော့ ဒေါ်လာ၅သိန်းမဟုတ်ဘူး။ဖိုင်ပေါင်း ဂျီဘီ ၅သိန်း မင်းတို့ကိုပြန်လည်ဆုပေးမယ်ဆိုတာ တရားဝင် အသိပေးလိုက်တယ်။ နအဖကို ပြန်လည်ခုခံတာဟာ တရားဝင်ပါကြောင်းလဲ ညီတော်နောင်တော်များကို အသိပေးလိုက်ပါရစေ။ Python ဟာရေးရတာလွယ်ကူသလို အထိရောက်ဆုံး လုပ်ငန်းများကိုလဲ လုပ်ကိုင်ပေးနိုင်ပါကြောင်း အသိပေးလိုက်ပါရစေ။


အပြည့်အစုံဖတ်ချင်ရင်...

အမိန့်မချခင် 10 မိနစ်အလို၌ရေးသားခဲ့သော ဇေယျာသော် နှိုးဆော်ချက်,,,

မကြိုက်တဲ့အရာတွေကိုငြင်းပယ်ဖို့သတ္တိရှိကြပြီး၊အမှန်ကိုမလုပ်ရဲရင်တောင်မှအမှားတွေကို
မထောက်ခံကြဖို့တိုက်တွန်းနိုးဆော်ချင်ပါတယ်။ ဇေယျာသော် (GW)



အပြည့်အစုံဖတ်ချင်ရင်...

Sunday, November 23, 2008

မအိုနိုင်တဲ့"ခွပ်ဒေါင်းပျို"

(၂၀၀၈-၁၁-၁၁)

'တစ်'လေးလုံးနေ့မှာ

'ရှစ်'လေးလုံးခေါင်းဆောင်တွေခမျာ
ရှည်ကြာတဲ့ ထောင်ဒဏ်များ

မတရားခံစားစေတဲ့

မတရားသူကြီးတွေက

မတရားအမိန့်တွေ ပလူပျံလျက်

လက်သံတွေ ပြောင်လှ

တသက်စံစေ ထောင်ချ ၊ ။


နောင်တ ရစရာမလို

ထောင်ချတာကိုရင်ဆိုင်

မအိုနိုင်တဲ့ 'ခွပ်ဒေါင်းပျို'များ

'တွန်သံချို'အာဇာနည်တေးသားတွေ

ကမ္ဘာတည်ရေးသွားမဟေ့

အလေးထား မမေ့နဲ့ နအဖ ။ ။

နိုင်ငံရေးနည်းလမ်းကို

နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်း

ဖိနှိပ်ခြင်း ခြိမ်းခြောက်ခြင်း ရက်စက်စွာ

လက်နက်သာအားကိုး

ဓားမိုးတဲ့ဥပဒေကို

အများအကျိုး ဥပက္ခာပြု ကျင့်သုံး ၊ ။

'ဖိရင် ကြွမယ်'

'ထိရင် ချမယ်' နောက်မတွန့်

ကြောက်ရွံ့ခြင်းမှလွတ်ကင်းအောင်

ရှေ့ဆောင်ကာလမ်းပြ

တွေ့မရှောင်ပါ စွမ်းပကားနဲ့

မတရားတဲ့အမိန့်တွေစီမံလဲ

မတရားတဲ့အမိန့်တွေ ဖီဆန်ကာ

စစ်အာဏာရှင်စံနစ်ကို ဖြိုနိုင်မဲ့

မအိုနိုင်တဲ့ 'ခွပ်ဒေါင်းပျို'ထုံး ။ ။

" ၈၈ နှစ်မြောက် အမျိုးသားနေ့ အမှတ်တရ "

ကြိုင်လှမောင်မောင်

၂၀၀၈-၁၁-၂၂


အပြည့်အစုံဖတ်ချင်ရင်...

Saturday, November 22, 2008

စစ်အာဏာရှင်တို့က ပြည်သူ့အာဏာကို စိန်ခေါ်ပြီ






စစ်အာဏာရှင်တို့က ပြည်သူ့အာဏာကို စိန်ခေါ်ပြီ

မောင်ရစ်

နိုဝင်ဘာ ၂၃၊ ၂၀၀၈
စစ်အာဏာရှင်တို့က ၎င်းတို့ ပိပြားအောင်ဖိနှိပ်ထားသော ပြည်သူလူထုတရပ်လုံးကို စိန်ခေါ်ပြီးရင်း စိန်ခေါ်လျက်ရှိသည်။ သံဃာတော်တို့ကို သတ်ဖြတ်ပြီး၊ အပြစ်မဲ့သော တောင်သူလယ်သမားနှင့် ရေလုပ်ငန်းလုပ်သားပြည်သူတို့ကို နာဂစ်မုန်တိုင်းတည်းဟူသော သေတွင်းသို့ တွန်းပို့ပြီးနောက်၊ နိုင်ငံရေး အတိုက်အခံအင်အားစုတို့ကို သာမန်လူတဦးအသက်နှင့် မဆန့်သော နှစ် ၆၀ ကျော် ထောင်ဒဏ်များ၊ နှစ် ၄၀ ကျော် ထောင်ဒဏ်များကို ချမှတ်လိုက်ခြင်းမှာ လက်ပြန်ကြိုးတုတ်ပြီး ဒူးတုတ်ထိုင်နေရသော မိဘပြည်သူတို့ ရင်ဝကို စစ်ဖိနပ်ဖြင့် ကန်လိုက်သည့် သဘောပင် ဖြစ်တော့သည်။

နိုင်ငံတကာ၏ ဖိအားကို၎င်း၊ လူ့အခွင့်အရေးလေးစားသူ နိုင်ငံတကာအဖွဲ့အစည်းများ၏ မေတ္တာရပ်ခံချက်ကို၎င်း ဖုတ်လေသည့် ငပိ ရှိသည့်ဟုပင် မထင်ကြောင်း အကြိမ်ကြိမ် သက်သေပြလိုက်ခြင်းပင် ဖြစ်တော့သည်။

စစ်အာဏာကို တိုက်ခိုက်ခြေမှုန်းရေးတွင် ပြည်သူ့အာဏာလမ်းကြောင်းသည်သာ ရွေးချယ်စရာ ရှိတော့သည်ဟု ဆိုရပေတော့မည်။ စစ်ဖိနပ်အောက်က ပြည်သူတို့သည် ငါသာလျင် ငါ့ကံကြမ္မာ၏ အရှင်သခင်သာ ဖြစ်သည်ဆိုသော သခင်စိတ်ဓာတ်ကို မွေးမြူလျက် စစ်ကျွန်စိတ်ဓာတ်ကို ခွေးလှေးသန်းများ ခါချသကဲ့သို့ ပြင်းထန်စွာ ခါချရတော့မည့်အကြောင်း အချင်းချင်း လက်ချင်းမြဲမြဲတွဲကြလျက် တစုတပေါင်းတည်း ညီညာထကြွကြရန် အချိန်ရောက်ပေပြီ။

သေတွင်းသို့ ရင်ကော့ပြီး ချီတက်ခဲ့ကြကုန်သော သာသနာပြု သံဃာ့အာဇာနည်များကို ရည်စူး၍၎င်း၊ အကျဉ်းထောင်တွင်းသို့ အသက်စွန့်၊ စည်းစိမ်စွန့်၊ မိဘ မောင်ဘွား သားချင်းများကို စွန့်လျက် ရင်ကော့ပြီး ချီတက်သွားကြကုန်သော ဒီမိုကရေစီသူရဲကောင်း ရဲဘော်၊ ရဲဘော်မအပေါင်းကို ဂုဏ်ယူသော စိတ်၊ အားပေးသောစိတ်တို့ဖြင့် ပြည်တွင်း ပြည်ပက မြန်မာမျိုးချစ် အမျိုးသားကောင်း အမျိုးသမီးကောင်းတို့သည် စစ်အာဏာရှင်တို့ မတရားစွဲကိုင် အလွဲသုံးစားလုပ်နေသော အာဏာကို - “ ဟိတ် … အဲဒါ မင်းတို့အာဏာ မဟုတ်၊ ဒါ ငါတို့ အာဏာ၊ ပြည်သူ့အာဏာ …” ဟု စိတ်ဒုန်းဒုန်းဖြတ် ပြီး တယောက်တလက် ၀ိုင်းဝန်း သိမ်းပိုက်ကြဖို့သာ ရှိတော့၏။

ပြည်သူ့အာဏာဖြင့် ကျဆုံးကုန်သော အာဇာနည်အပေါင်းတို့ကို တိုင်းပြည်အာဇာနည်များအဖြစ် မော်ကွန်းတင်ကြပါစို့၊ ပြည်သူ့အာဏာဖြင့် ထောင်အတွင်းက သူရဲကောင်းပေါင်းကို ပြည်သူ့ခေါင်းဆောင်များအဖြစ် တင်မြှောက်ပြီး လွတ်မြောက်အောင် ဆွဲထုတ်ကြပါစို့။ ပြည်သူ့အာဏာဖြင့် စစ်အာဏာရှင်များ အလိုတော်ရိ မိသားစု အသိုင်းအ၀ိုင်းကို ဖော်ထုတ်ကြလျက်၊ မြန်မာအသိုင်းအ၀ိုင်းမှ ဖယ်ထုတ်ကြပါစို့။ ထောင်တွင်း အကျဉ်းချထားပါလျက် သူရဲကောင်းတို့ဝိဉာဏ်သည် ပြင်ပလောကတွင် လွတ်လပ်စွာ ကျက်စားနိုင်သော်ငြားလည်း စစ်အာဏာရှင်မိသားစုများ၊ အလိုတော်ရိများ အသိုင်အ၀ိုင်းများ၏ ဘ၀တို့မှာ ထောင်ပြင်တွင် ရှိနေလျက်နှင့် နိုင်ငံတကာ လက်ညိုးငေါက်ငေါက်အောက်၌ အရှက်တကွဲ အကျိုးနည်းသော ဘ၀အဖြစ်သို့ ရောက်နေကြောင်း မီးမောင်းထိုးပြကြပါစို့။

စစ်အာဏာရှင်တို့ကို နိုင်ငံတကာက ဂုဏ်သိက္ခာရှိသော လူမှုအသိုင်းအ၀ိုင်း၊ အာဏာပိုင်အသိုင်းအ၀ိုင်းတို့က စီးပွားရေး ပိတ်ဆို့မှု၊ ဘဏ္ဍာရေးပိတ်ဆို့မှု၊ တရားဝင် ပြစ်တင်ရှုတ်ချမှုတို့ဖြင့် မျက်စိ၊ နား၊ နှုတ်တို့ ပိတ်ဆို့ခြင်း ခံထားရကုန်သော မြန်မာပြည်သူတို့ ကိုယ်စား စစ်အာဏာရှင်တို့ကို တိုက်ခိုက်နေကြသည့်နည်းတူ၊ ကာယကံရှင် မြန်မာပြည်သူ ပြည်သားတို့ကလည်း နှုတ်ပိတ်ခံ၊ အဖိနှိပ်ခံ၊ အနှိပ်စက်ခံ သားချင်းတို့ကိုယ်စား မတရားမှုတို့ကို ဖော်ထုတ် ကန့်ကွက်ကြရန်၊ အားနည်းသူပြည်သူတို့အား ၀ိုင်းဝန်းဖေးမ ကူညီ အားပေးကြရန်၊ မတရားသဖြင့် ရယူထားသော တိုင်းပြည်အာဏာကို ၎င်းတို့ထံက ရုတ်သိမ်းကြောင်း ဆုံးဖြတ်ကြလျက် ပြည်သူတို့လက်ဝယ်မှာပင် တိုင်းပြည်အာဏာကို သိမ်းဆည်းကြရန်သာ ရှိတော့သည်။

ပြည်သူတို့က စစ်အာဏာရှင်တို့လက်ဝယ်တွင် တိုင်းပြည်၏ အချုပ်အခြာ အာဏာနှင့်တကွ ပြည်သူပြည်သားတို့၏ ကြမ္မာဖန်တီးခွင့်တို့ကို တလုံးတ၀တည်း ၀ကွက် အပ်မထားကြောင်း၊ မိမိတို့ ပြည်သူလူထုသာလျင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြမည့် အရှင်သခင်များဖြစ်ကြောင်း၊ ကျဆုံးကုန်သော ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့နှင့်တကွ အကျဉ်းစခန်းများက အချုပ်နှောင်ခံထားရသော သူရဲကောင်း ပြည်သူတို့၏ ကိုယ်စား ပြည်သူအာဏာလမ်းကြောင်းဖြင့် တိုင်းပြည်၏ အနာဂတ်ကို ပြည်သူတို့လက်ဖြင့်သာ ရေးထိုးကြတော့မည် ဖြစ်ကြောင်း တခဲနက် ဆုံးဖြတ်ကြရပေတော့မည်။

စစ်ကျွန်စိတ်ဓာတ်ကို စွန့်လွှတ်လျက်၊ ငါတို့အားလုံး "ဂမ္ဘီရ" ငါတို့အားလုံး “မင်းကိုနိုင်”၊ ငါတို့အားလုံး “အောင်ဆန်းစုကြည်”၊ ငါတို့အားလုံး “ဇာဂနာ”၊ ငါတို့အားလုံး “အရှင်သခင်”ဟု စိတ်ဒုံးဒုံးချလိုက်သည့် ဟိုမှာဘက်တွင် “လွတ်လပ်ရေး”သာ ရှိတော့သည်။
မိုးမခမှတင်ပြသည်

အပြည့်အစုံဖတ်ချင်ရင်...

အမျိုးသားနေ့အောင်ပွဲ အောင်မြင်စွာ ကျင်းပခဲ့ကြ




မဇ္ဈိမသတင်းဌာန
စနေနေ့၊ နိုဝင်ဘာလ 22 2008 18:19 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ တက်ကြွလှုပ်ရှားသူများကို နှစ်ရှည်ထောင်ဒဏ်များ မနားတမ်း ချမှတ်နေသည့် အချိန်ဖြစ်သော်လည်း ယနေ့ ကျရောက်သော အမျိုးသားနေ့ အောင်ပွဲနှင့် ပတ်သက်၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု အတိုက်အခံ နိုင်ငံရေးပါတီကြီးက ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (အန်အလ်ဒီ) ရုံးတွင် ၈၈ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နေ့လည် ၁၂ နာရီမှ ၃ နာရီအထိ ကျင်းပရာ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်များ၊ ၀ါရင့် နိုင်ငံရေးသမားကြီးများ ပါဝင်ကာ လူ ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

အမျိုးသားနေ့ကို မမေ့ဖို့ရန်နှင့် တိုင်းရင်းသာစည်းလုံးညီညွတ်ရေး၊ အမျိုးသားများအားလုံး စည်းလုံးညီညွတ်မှုရှိရန် ရည်ရွယ်ပြုလုပ်သည်ဟု အန်အလ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းက ပြောသည်။

လုံခြုံရေး အနေအထားအရ အခမ်းအနားကျင်းပရာတွင် အရပ်ဝတ်နှင့် လူ၎ယောက် တို့က စောင့်ကြည့်နေပြီး လုံခြုံရေးကား ၁၅စီးလောက် ချထားသည်ထားသော်လည်း အနောက်အယှက်မရှိ ပြီးဆုံးသွားခဲ့သည်။

အသက် ၉၃ နှစ်အရွယ် ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေက "ကနေ့ တိုင်းရင်းသားပြည်သူများ အနေအထားဟာ တမျိုးသားလုံး သွေးစည်းညီညွတ်ရေး မဖြစ်နေ တည်ဆောက်မှ ဖြစ်မယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်။ ဒီလို အမျိုးသားညီညွတ်ရေး တည်ဆောက်ရာမှာလည်း ဆရာကြီး သခင်ကိုယ်တော်မှိုင် ချမှတ်ပေးခဲ့တဲ့ သူမနာ ကိုယ်မနာ တွေ့ဆုံဖြေရှင်းကြသည့် နည်းသာလျှင် တခုတည်းသော နည်းလမ်းသာဖြစ်တယ်" ဟု သူ၏ မိန့်ခွန်းတွင် ပြောဆိုသွားခဲ့သည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် နအဖစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း အမျိုးသားနေ့ သ၀ဏ်လွှာတွင် ယခင်အကြိမ်များက ပြောကြားခဲ့သလို နိုင်ငံကြီးအချို့က ခောတ်သစ်ကိုလိုနီစနစ်ကို ကျင့်သုံးပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေသည် ပြောကြားထားသည်။

ထို့အပြင် အငြင်းပွားဖွယ်ရာ လမ်းပြမြေပုံကို တိုင်းသူပြည်သားများ အနေဖြင့် ပါဝင်ထောက်ခံရန် တောင်းဆိုထားသည်။

အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကို တည်ဆောက်ရန် လမ်းပြမြေပုံကို ထောက်ခံရန် တိုက်တွန်းလိုက်ရာတွင် " တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်ဖြင့် တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်သွားရမည်" ဟု ပါရှိသည်။

ထိပ်ပိုင်းခေါင်းဆောင်များကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်လိုက်ပြီး ဖြိုခွင်းနေခြင်းကို ခံနေရသော ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အနေဖြင့် အတိုက်အခံများ စုဝေးပြုလုပ်သော အမျိုးသားအောင်ပွဲ အခမ်းအနားကို တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

မြန်မာပြည်တွင်းရှိ ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၏ ကြေညာချက်ထဲတွင် "ငြိမ်းချမ်းစွာ လှုပ်ရှားဆောင်ရွက်နေကြသော နိုင်ငံရေး အင်အားစုများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေခြင်း၊ သွားလာရန် ခက်ခဲသော ဝေးလံခေါင်းဖျားသည့် ဒေသများသို့ အကျဉ်းထောင် ပို့ဆောင်နေခြင်း တို့သည် သင့်မြတ်လျော်ကန်သည့် လုပ်ဆောင်ချက် မဟုတ်ဘဲ ပဋိပက္ခများ ပိုမိုကြီးထွား ကျယ်ပြန်လာမည်ကို စိုးရိပ်ပူပန်မိပါတယ်" ဟု ထုတ်ပြန်သည်။

အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နေ့ကို မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်း လပြည်ကျော် ၁၀ ရက်နေ့၊ အင်္ဂလိပ်သက္ကရာဇ် ၁၉၂၀ ပြည်နှစ် ဗြိတိသျှနယ်ချဲ့ လက်အောက်ရှိ မြန်မာတိုင်းရင်းသား ပြည်သူလူထုများအား အထက်တန်းပညာ တက္ကသိုလ်အထိ သင်ကြားခွင့် မရစေသည့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို မကျေနပ်သဖြင့် တက္ကသိုလ် ကျောင်းသားကြီးများက ဦးဆောင်ကာ ပထမဦးဆုံး ကျောင်းသားသပိတ် စတင်ခဲ့သည်နေ့ ဖြစ်သည်။

လမ်းပြမြေပုံအရ အစီအစဉ်တခုဖြစ်သော သဘောကွဲလွဲသူများ ဝေဖန်ဆွေးနွေးခွင့် မရခဲ့သော အခြေခံဥပဒေကို ဆန္ဒခံယူပွဲကို လူပေါင်း ၁၃၀၀၀၀ သေဆုံး (သို့မဟုတ်) ပျောက်ဆုံးဖြစ်ခဲ့သည့် နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးချိန် မေလမှာပင် ကျင်းပခဲ့ရာ ထောက်ခံမဲ ၉၃ ရာနှုန်းနီးပါးရခဲ့သည်ဟု စစ်အစိုးရက ကြေညာခဲ့သည်။

ကိုယ်စားလှယ် ၁၀၀၀ ကျော်ဖြင့် ရေးဆွဲခဲ့သော အခြေခံဥပဒေကို အတည်ပြုပြီးဖြစ်သောကြောင့် လမ်းပြမြေပုံအရ ရွေးကောက်ပွဲကို ၂၀၁၀ တွင် ကျင်းပမှာဖြစ်၍ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် ဆိုသည်ကို မလိုတော့ဟု စစ်အစိုးရက ပယ်ချထားခဲသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်ခဲ့သည်။

လမ်းပြမြေပုံကို ကန့်ကွက်ကာ အစိုးရနှင့် အတိုက်အခံ အင်အားစုများ ပါဝင်ဆွေးနွေးရေး လမ်းကြောင်းကို တောင်းဆိုဆန္ဒပြကြသည့် လူပေါင်း ၁၀၀ ကျော်ကို လွန်ခဲ့သည့် တလအတွင်း ထောင်ဒဏ်များ ချမှတ်ခဲ့ရာ ထောင်ဒဏ် ၆၈ နှစ် အပြစ်ပေးခံရသူပင် ပါဝင်သည်။

သက်ဆိုင်သူများ ပါဝင်ပြီး နိုင်ငံရေး ညှိနှိုင်းကြပါရန် သံဃာတော်များက မေတ္တာပို့ လမ်းလျှောက်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သူ အရှင်ဂမ္ဘီရကို ထောင်ဒဏ် ၆၈ နှစ် ချမှတ်လိုက်ပြီး ပြက်လုံးများဖြင့် အာဏာပိုင်များကို သရော်ခဲ့သူ ဟာသသရုပ်ဆောင် ကိုဇာဂနာကို ထောင်ဒဏ် ၄၅ နှစ် ယမန်နေ့က ချမှတ်ခဲ့သည်။

ယမန်နှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း လမ်းပေါ်ဆန္ဒပြမှုများက အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံရေး အဖြေရှာရန် လိုလားခဲ့ကြသည်။


အပြည့်အစုံဖတ်ချင်ရင်...

အသီးတစ်ရာ အညှာတခု

ငယ်ငယ်တုန်းကကြားခဲ့ဖူးတဲ့သီချင်း၊ဖတ်ခဲ့ဖူးတဲ့ကဗျာ၊မှတ်လည်းမှတ်မိ၊မြင်လည်း
မြင်ယောင်နေဆဲပါ။ တစ်မိထဲ မွေးဖွားခဲ့ကြတဲ့ညီအစ်ကို မောင်နှမချင်းသာမက
အမွှာမွေးချင်းပင်လျှင်ဘ၀ပေးချင်းကွာခြားစွာ လူ့ဘ၀ကိုဖြတ် သန်းသွားကြရတာ
တွေကို ကျနော်တို့ပတ်ဝန်းကျင်မှာအားလုံးမြင်တွေ့ဖူးကြမှာပါ။

ရှစ်လေးလုံး(သို့မဟုတ်)တစ်ပါတီအာဏာရှင်စနစ်ကိုလူထုနည်းနဲ့လက်တွေ့ကျကျ
ဖြုတ်ချခဲ့နိုင်ခဲ့တဲ့ ပြည်သူ့ အောင်ပွဲ။ဒီမိုကရေစီလူထုအုံကြွမှုကြီးကိုယခုလက်ရှိအ
သက်သုံးဆယ်ကျော်နဲ့အထက်အရွယ်မှာရှိ နေကြသူ တွေအားလုံးအနည်းနဲ့အများ
တွေ့ ဖူး၊မြင်ဖူး၊ပါတ်သက်ခဲ့ဖူးသူချည်းဆိုရင်မှားမယ်မထင်ပါဘူး။

ဒါ့အပြင် ပင်ကိုယ်စိတ်ကြောင့်ဖြစ်ဖြစ်၊ မိဘအသိုင်းဝိုင်းကြောင့်ဖြစ်ဖြစ်၊ ခံစားချက်၊
ခံယူချက်တွေကြောင့်၊ မျိုး ဆက်သစ်တွေတောင်မှ တော်လှန်ရေးနယ်ပယ်မှာ
အတောင်အလက်စုံလို့ ရှေ့ တန်းကိုထွက်လာခဲ့ကြပြီး မြန်မာနိုင်ငံရဲ့  အ ရှေ့ 
အနောက် တောင်မြောက် အရပ်လေးမျက်နှာမှာ အာဏာသက်ကြာ မြန်မာစစ်
အစိုးရ ကိုတော်လှန်နေကြ တဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသာမက
အဖွဲ့များစွာလည်းတိုက်ပွဲဝင်နေ ကြတာအားရစရာ ကောင်းပါတယ်။

ထိုထိုသော အရောင်အမျိုးမျိုး ခေါင်းစဉ်အသွယ်သွယ်တပ်ပြီး စစ်အာဏာရှင်ပြုတ်
ကျရေးလှုပ်ရှားနေကြ သူတွေ ထဲမှာ၊ ဘယ်နှစ်ဖွဲ့၊ဘယ်နှစ်ယောက်၊ဘယ်မျှအထိ
မြန်မာမြေပေါ်က စစ်အာဏာရှင်ပြုတ်အောင် အသက်ပေး၍ ဘ၀ပေး၍
တိုက်မည်၊ဒီမိုကရေစီမရမချင်းငါမသေ၊ငါမနေဆိုတဲ့ တိုင်းပြည်နဲ့လူမျိုးအတွက်
ပေးဆပ်ရဲသူ၊ ပေး ဆပ်လိုသူ၊ ဘယ်လောက်ရှိသလဲ၊ဘယ်သူတွေလဲ၊ကြည့်ဖို့
လိုအပ်နေတယ်ထင်လို့ ကျ နော်တို့ပတ်ဝန်းကျင်၊ တော်လှန်ရေးအခင်းအကျင်းတို့
ကိုလေ့လာစောင့်ကြည့်တော့၊ အနေအထားအမျိုးမျိုးတွေကိုမမြင်ချင်အဆုံး၊ မသိချင်အဆုံးသိလာရတော့တယ်၊ပုဂ္ဂိုလ်စွဲ၊လူမျိုးစွဲမပါ၊ဓမ္မဓိဌာန်ကျကျ
ပြောချင်တယ်၊ ကိုယ့်အမြင်၊ ကိုယ့်အရေးအသားအတွက်ကိုယ်တာဝန်ယူပါတယ်။

မသိတဲ့လူတွေ၊အံ့သြကုန်မယ်၊ဟုတ်တဲ့လူတွေဒေါသထွက်ထာထက်ကျော်လွန်မယ်၊
လွတ်လပ်စွာရေးသားထုတ်ဝေမှု၊လိုလားကြသူတွေ၊ဟုတ်မဟုတ်သက်သေထူဖို့တော့
လိုပါလိမ့်မယ်။တီကောင်ကိုဆားနဲ့ပက်သလိုများဖြစ်သွားရင်၊အားတော့နာပါတယ်။အမှန်
ကိုခံနိုင်တဲ့သတ္တိနဲ့ကိုယ်အမှားကိုကိုယ်သိလို့ပြင်ဆင်ရင်တော့အကျိုးရှိပါလိမ့်မယ်။ခပ်ပါး
ပါးလေးပဲဆားပွင့်နည်းနည်းပက်ကြည့်ကြစို့ရဲ့ ။ ရှစ်လေးလုံးလူထုအုံကြွမှုကြောင့်
ဦးနေ၀င်းရဲ တစ်ပါတီအာဏာရှင်စနစ်ပြည်သူ့ခြေဖ၀ါးအောက်ဘုန်းဘုန်းလဲခဲ့ရသော်
လည်း၊အတွေ့အကြုံနည်းပါးတဲ့ခေါင်းဆောင်ငယ်တွေရဲ့ အားနည်းချက်တွေ၊နိုင်ငံရေး
သမားကြီးတွေရဲ့သူရဲဘောကြောင်မှုတွေကြောင့်အရပ်သားအစိုးရတစ်ရပ်ကိုမတည်
ထောင်နိုင်ခဲ့ကြပါ။အခြေအနေကိုသိတဲ့စစ်အာဏာရှင်တွေကအကွက်စေ့စေ့အာဏာ
သိမ်းလိုက်တော့လှုပ်ရှားတက်ကြွသူများဟာမြန်မာပြည်မှာဆက်လက်နေထိုင်လို့မဖြစ်
နိုင်တော့တာကြောင့်နီးစပ်ရာအရပ်လေးမျက်နှာကိုအိုးပြစ်၊အိမ်ပြစ်၊မိသားစုများကိုထား
ရစ်ခဲ့ပြီးထွက်ခွာလာခဲ့ကြရတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ပညာတစ်ပိုင်းတစ်စနဲ့
ထွက်ခွာလာခဲ့ရတဲ့ကျောင်းသား/ကျောင်းသူတွေဟာငယ်ရွယ်နုပျိုထက်မြက်တန်ဖိုးရှိတဲ့
အသက်အရွယ်တွေကို၊ အစားဆင်းရဲ၊ အနေဆင်းရဲစွာနဲ့ပေးဆပ်ခဲ့ကြရတယ်။ ဘဝ
တွေပျက်၊ အသက်တွေသေခဲ့ကြရပေမယ့်အပြောကျယ်တဲ့တော်လှန်ရေးခရီးကြမ်း
ကိုယခုတိုင်ကူးခတ်၊လှော်ကြရဆဲဖြစ်တယ်။

တဖြည်းဖြည်းချင်း ကျောင်းသား/ကျောင်းသူများ၊တက်ကြွလှုပ်ရှားသူများစွာထွက်ခွာ
မစဲဖြစ်နေခဲ့တယ်။ ၁၉၉၀ပြည့်ရွေးကောက်ပွဲရလဒ်ကိုအကောင်အထည်ဖေါ်ဆောင်ခြင်း
မရှိရုံသာမကပါတီများကိုအတင်းအကျပ် ဖျက်သိမ်း၊ ရွေးကောက်ခံပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်တွေရဲစီးပွားရေး၊သားသမီးအရေးကိစ္စများကိုဖိအာပေးအကျပ်ကိုင်ပြီး
နုတ်ထွက်ခိုင်းတယ်။ဖမ်းဆီးထောင်ချတယ်။နောက်ဆုံးတော့နိုင်ငံရေးပါတီဝင်တွေ၊
လွှတ်တော်ကိုယ်စားလှယ်တွေအတော်များများလည်းပြည်ပကိုထွက်ခွာလာခဲ့ကြ
ရတယ်။

နိုင်ငံရဲစီးပွားရေးကို စနစ်တကျစီမံခန့်ခွဲဖို့ မတတ်တာရယ်၊ သွင်းကုန်/ထုတ်ကုန်နဲ့
အကျိုး အမြတ်များစွာ ရှိတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကိုလည်း ဗိုလ်ချုပ်ကြီများ
မိသားစုတွေကသာ လက်ဝါးကြီးအုပ်လုပ်ကိုင်နေကြတာကြောင့် တစ်နေ့ထက်
တစ်နေ့စီးပွားရေးကျပ်တည်းမှုတွေ မြင့်တက်လာခဲ့တယ်။ မြန်မာနိုင်ငံသားတွေဟာ
ပြည်ပ ထွက်ခွာအလုပ်လုပ်ကိုင်လာကြရတယ်။

ဒီလိုနဲ့ နိုင်ငံရေး စီးပွားရေး ဘာသာရေး အမျိုးမျိုးသောအကြောင်းတွေကြောင့်
အိမ်နီချင်းတိုင်းပြည်တွေမှာမြန်မာရွေ့ ပြောင်းအလုပ်သမားတွေ မရှိတဲ့နိုင်ငံဆိုတာ
မရှိတော့ပါဘူး။ ထိုင်းတစ်နိုင်ငံတည်းမှာ မြန်မာအလုပ်သမားသန်းချီရှိနေတယ်လို့
အင်ဂျီအိုတွေနဲ့ ထိုင်းအစိုးရတို့က ပြောနေကြတယ်။

ပြည်တွင်းကအဖိနှိပ်ခံ မြန်မာနိုင်ငံသားတွေဟာ၊ စစ်အာဏာရှင်လက်အောက်က
တစ်နေ့လွတ်မြောက်နိုးနဲ့မျှော်လင့်လာလိုက်ကြတာအနှစ် နှစ်ဆယ်တိုင်ခဲ့ပါပြီကော။
ပြည်သူတွေမှာ နေစရာမရှိ၊စားစရာမရှိ၊၀တ်စရာမရှိ၊ပညာမသင်နိုင်၊ဆေးဝါးကုသ
စရာမရှိ၊ဘ၀လုံခြုံရေးမရှိ။ နောက်ဆုံးကိုယ်အသက်ကိုတောင် အာမခံမရှိတဲ့
အခြေအနေကို တဖြည်းဖြည်းရောက်လာခဲ့ရတယ်။ စစ်အာရှင်တွေဟာသူတို့အာဏာ
တည်မြဲရေးအတွက် လုပ် သထက်လုပ်ပြီး၊ခိုင်သထက်ခိုင်ခန့်လာခဲ့တယ်။အာဏာ
တည်မြဲရေးအတွက်ဘုန်းကြီးမကလို့၊ မြတ်စွာဘုရား ကိုယ်တော်တိုင်ကြွလာရင်လည်း၊
ပစ်သတ်ဖမ်းဆီးမှာပဲ။ ရှင်းတယ်၊ ရန်သူကို ရန်သူလိုအပြတ်ရှင်းတယ်။

အတိုက်အခံတွေကော ဘယ်လောက်ရောက်နေကြပြီလဲ။ တိုင်းပြည်ကကိုထွက်လာ
ကြတုန်းကတော့ အာဏာ ရှင်ပြုတ်ကျရေးဆိုခဲ့ကြပေမယ့်အနေကြာ၊အဖြေရှာလာ
ရတာက၊ (၁)လုံခြုံရေး (၂) စာဝတ်နေရေး (၃)အလုပ် အကိုင်ရရှိရေးတွေက
မရှိမဖြစ်လိုအပ်လာခဲ့တယ်။

ဒါကြောင့် နီးစပ်ရာ။ ရရာလုပ်ငန်းခွင်နေရာအသီးသီးမှာ ၀င်ရောက်ပြီတော့
အသက်မွေးကြရတော့တယ်။အဆက်အစပ်၊ ၀ါသနာ၊ အဆင့်အတန်းအရည်အချင်း
အလိုက် အချို့ ကအင်ဂျီအိုကိုယ်ပိုင်ထောင်၊ အချို့ ကအင်ဂျီအိုတွေမှာဝန်ထမ်းဝင်လုပ်၊
အချို့ ကသတင်းမီဒီယာနယ်ပယ်၊ အချို့ ကငတ်တစ်လှည့်ပြတ်တစ်လှည့်
နိုင်ငံရေးဆက်လုပ်၊ အချို့ တတိယနိုင်ငံတွေကိုထွက်ခွာသွားခဲ့ကြတယ်။ ဒီမိုကရေစီ
တော်လှန်ရေးကြီးနှစ်တွေကြာလာတော့လည်း တစ်ချို့ ကစိတ်ကုန်၊ တချို့ က
မိုက်ကုန်ကြတော့တာပဲ။ သားစဉ်မြေးဆက် လက်နက် ကိုင်တော်လှန်ရေးဆင်နွှဲ
လာခဲ့ကြတဲ့အချို့ တပ်တွေကနအဖပေးတဲ့တစ်နပ်စာ၊တစ်သက်စာအခွင့်အရေးကိုသွား
ရည်ကျပြီး တောထဲမှာအာဏာရှင်ကိုတိုက်ခိုက်ရင်းသေသွားခဲ့တဲ့ ဖခင်ရဲ့ မြေစာပုံနဲ့
စစ်သားတွေ မုဒိမ်းကျင့်လို့ မိမိကိုယ်သတ်သေသွားခဲ့တဲ့ညီမလေးရဲ့ မြေစာပုံ
တွေကိုကျောခိုင်းပြီးအကာအကာမဲ့နေကြတဲ့ရပ်ရွာကကိုယ့်လူမျိုးတွေကိုလစ်လျုရှုလိုက်
ကြတာတွေရှိလာတယ်။ဒီအထဲမှာအချို့ ကကိုယ်နယ်ကထွက်ကုန်ကိုထုတ်၊ကိုယ့်လူမျိုး
ကိုဒုက္ခပေး၊ အချို ကအနှစ်နှစ်အလလစားသောက်နေထိုင်၊မွေးဖွားကြီးပြင်းလာခဲ့တဲ့
နယ်မြေမျက်နှာကိုမှမထောက်၊ နအဖ နဲ့ပေါင်းပြီးတော့လာတိုက်ကြသူတွေလည်းရှိရဲ့ ။

(လူဟစ်တာကတော့၊ နိုင်ငံရေးကိုနိုင်ငံရေးနည်းအတိုင်း ဖြေရှင်းမှရမယ်ဆိုပဲ။ ပြီးတော့
လက်နက်ကိုင်တဲ့ဗုဒ္ဓဘာသာအဖွဲ့ဆိုတာလည်းရှိတယ်ဆိုပဲ။ဘယ်ဘုရားက လက်နက်ကိုင်
ခိုင်းလဲမသိဘူး။)တော်လှန်ရေးနယ်မြေမှာနေခဲ့ပြီးနအဖ ထံမှာဒူးထောက်အလင်းဝင်ဖေါက်
ပြန်သွားကြသူများလည်းရှိခဲ့ကြတယ်။ နယ်စပ်ဒေသမှာလုံခြုံရေးစိတ်မချရလို့ တတိယနိုင်ငံ
ကိုထွက်ခွာသွားကြသူများစွာလည်းရှိခဲ့တယ်။

ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့တတိယနိုင်ငံအခြေချစီမံကိန်းကြီးပေါ်လာတော့၊ဒုက္ခသယ်အစစ်ထက်
စခန်းတာဝန်ခံ/ပွဲစားတွေနဲ့လက်ဝါးရိုက်ပြီး ထွက်သွားကြတဲ့ဒုက္ခသည် အတုတွေကအများကြီး။
မဲဆောက်ဘန်ကောက် ၊ ချင်းမိုင် မြို့ တွေမှာ အိမ်ဖေါ်လုပ်ရင်း၊ ပန်းရံလုပ်ရင်း၊ ပွဲစားလုပ်ရင်း၊
ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းတွေနားထောင်၊ လွတ်မြောက်နယ်မြေထုတ်စာစောင်တွေအာ
ဂုံဆောင်ပြီးလုပ်သွားလိုက်ကြတဲ့နိုင်ငံရေးဒုက္ခသည်အတုတွေ အတုတွေ မရေတွက်နိုင်အောင်ပါ။
အတုဖြစ်ဖြစ်၊အစစ်ဖြစ်ဖြစ်တတိယနိုင်ငံကို ထွက်ခွာသွားကြသူတိုင်းပြောခဲ့တဲ့စကားတွေက
စာအုပ်ရရင်ပြန်လာမယ်၊ အလုပ်လုပ်ရတာနဲ့ကိုယ့်အဖွဲ့၊ ကိုယ်လူတွေကိုပြန်ပြီးထောက်ပံ့မယ်
လို့ပြောခဲ့တာပါ။

တတိယနိုင်ငံရောက်မှဒီကောင်တွေ(နအဖ)တွေကိုအပြုတ်ချမယ်။ ဆိုတာတောင်ပါသေးတယ်။
ဒါပေမယ့်ဒုက္ခသည်အဖြစ်တတိယနိုင်ငံကို ရောက်သွားကြတဲ့လူတွေထောက်ပံ့လို့ထိုင်း၊
မလေးရှား၊အိန္ဒိယနိုင်ငံတွေမှာထုတ်ဝေနေရတဲ့စာစောင်၊ ရပ်တည်နေရတဲ့အဖွဲ့လို့မကြားမိသေးဘူး။

ကျနော်နဲ့ရင်းနှီတဲ့မိတ်ဆွေတစ်ယောက်ကပြောတယ်(တတိယနိုင်ငံကိုထွက်သွားကြသူတွေ
ဟာသူတို့စီးနင်းလိုက်ပါသွားတဲ့ လေယာဉ်ပေါ်မှာကျွေးတဲ့အစာရေစာတွေထဲမှာ မေ့ဆေး
တွေပါတယ်)ဆိုပဲ။ဟိုခုန်ဒီကူးနဲ့အရည်အချင်းရှိလို့ဖြစ်ဖြစ်၊ အပေါင်းအသင်းရှိလို့ဖြစ်ဖြစ်အ
ချို့ ဆိုလစာကောင်းတဲ့အင်ဂျီအိုဝန်ထမ်းလုပ်နေကြတယ်၊သတင်းမီဒီယာနယ်ပယ်ကိုဝင်
ရောက်သွားကြတယ်။အဖွဲ့အစည်းကြီးကြီး၊ပညာတတ်အသိုင်းအ၀ိုင်းတွေက အဆီနဲ့
တ၀င်းဝင်း၊မီဒီယာတွေမှာနားတောင်လို့ကောင်းပေ့ စကားလုံးတွေနဲ့ နေ့တိုင်းပြော
နေကြတယ်။

ပါးစပ်ကစည်းလုံးရေး၊ တန်းတူရေး၊ ငတ်နေကြတဲ့တော်လှန်ရေးနယ်ပယ်က
ရဲဘော်အစစ်အမှန်တွေကို ထမင်းတစ်နပ်ကျွေးဖူးကြပါရဲ့ လား။ ရုံးခန်းခမ
ပေးနိုင်တဲ့အလုပ်သမားအဖွဲ့လေးတွေ၊ တော်လှန်ရေးသမားတွေကို ဆေး
လိပ်တစ်ထုပ်၊ အခန်းခတစ်လစာများပေးဖူးကြရဲလားမေးကြည့်ကြပါ။

(သူတို့ပြောနေကျစကားတစ်ခုက နိုင်ငံတကာမိသားစုတွေနဲ့ ကုလသမဂ္ဂ
တွေကို ကျနော်တို့ပြောနေတယ်)အဆင့်သင့်လို့မီဒီယာသမားလို့ပြောနေ
ကြတဲ့ လူတွေကကော၊မီဒီယာလွတ်လပ်ခွင့်ဘာညာပြောနေကြတယ်
ပြည်ပမှာမဟုတ်တာလုပ်နေကြတဲ့သူတွေရဲ့ အရှုပ်အထုပ်တွေကိုကော
ဖေါ်ပြဖူးတာရှိကြရဲ့ လား။ ပါတီအဖွဲ့အစည်းတွေမှာလုပ်ခဲ့ပေမယ့်
တစ်နေ့က ပဲသတင်းထောက်လုပ်တယ်။ ဒီနေ့ဆိုရင် (ပရော်ဖက်ရှင်နယ်
သတင်းထောက်၊ကျုပ်ကသတင်းသမား၊နိုင်ငံရေးနဲ့မဆိုင်ဆိုပဲ)
(ပြောနေကျစကားကသတင်းသမားဆိုတာ နအဖမကောင်းတာ
ကိုပြောပြီး ဒီဘက်ကလူတွေ မဟုတ်တာလုပ်တာကို ပြောရင်နအဖ
အားရသွားမယ်တဲ့)အစပိုင်းကပြောခဲ့သလို ရှစ်လေးလုံးနဲ့
တစ်နည်းမဟုတ်တစ်နည်း ပါဝင်ပါတ်သက်ခဲ့ကြတဲ့ လူတွေအချင်းချင်း
နယ်စပ်မှာတစ်နှစ်တောင်လက်နက်မကိုင်ခဲ့ဖူးဘူး၊ ဘာသာစကားတတ်လို့၊
အဆက်အစပ်ကောင်းလို့၊ အင်ဂျီအို မှာလခကောင်းကောင်းရလို့ဝင်လုပ်တယ်။

အင်ဂျီအိုမှာလုပ်ရင်အန်ဂျီအိုဝန်ထမ်းပေါ့၊အရည်အချင်းရှိလို့ဖြစ်တာ။ ကိုယ်က
အင်ဂျီအိုမှာလုပ်နေတာ၊ နအဖ အနှစ်နှစ်ဆယ်အုပ်ချုပ်နေတာကို၊ သူတို့အနှစ်
နှစ်ဆယ်တော်လှန်ရေးလုပ်နေတယ်လို့ ပြောင်းပြန်ပြောနေသူတွေလည်း ရှိပါရဲ့ ။

အလုပ်သမားအရေးလုပ်တဲ့လူကလည်း အလုပ်သမားခေါင်းဆောင်။ အလုပ်သမား
အေ၇းဆောင်ရွက်သူ၊ ဒါမှမဟုတ် နိုင်ငံတကာအလုပ်သမားအဖွဲ့ နဲ့အခြားနိုင်ငံတကာ
သိအောင် လော်ဘီလုပ်ရင်လည်းလုပ်တယ်ပေါ့။

ရှင်းရှင်းလေးပဲ။ခုတော့ဒီလိုမဟုတ်ကြဘူး။ ကိုယ်ရပ်နေတဲ့အရပ်ဒေသ၊ လုပ်နေတဲ့
အလုပ်ကို ပုတ်သင်ညိုလိုအရောင်တွေပြောင်းချင်သလို ပြောင်းနေကြတော့တယ်။
နိုင်ငံရေးသမားနဲ့တွေ့တော့ကျုပ်က စစ်အစိုးရကိုတော်လှန်နေတာအနှစ်နှစ်ဆယ်ရှိပြီ။
(ကိုယ်လုပ်နေတာက အင်ဂျီအိုဝန်ထမ်း၊အသံလွှင့်(သို့မဟုတ်)ပုံနှိပ်မီဒီယာ)
နိုင်ငံရေးသမားတွေကလည်း ကျုပ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(မန်းဒိတ်ရ)
ငါတို့ကိုကျော်လုပ်လို့မရ။ငါအမတ်၊သူငါးမူး စတိတ်မင့်ထုတ်နေတာသိတယ်မဟုတ်လား။

ထိုင်းမှာအချို့  အဖွဲ့ အစည်းတွေရှိတယ်။ နိုင်ငံတကာအပါအ၀င်၊ ဒေသခံထိုင်းလူမျိုးတွေနဲ့
အသစ်အသစ်သောလူတွေ၊ အဖွဲ့တွေနဲ့မိတ်ဆက်ပေးရမယ့်အစား၊ အချင်းချင်းရိုင်းပင်းကူညီ
ကြရမယ့်အစား၊ ငါလုပ်နေတယ်ငါတို့အဖွဲ့သာ လုပ်နိုင်တယ်ဆိုတာမျိုးတွေလုပ်နေကြတယ်။

နအဖလုပ်သလိုပြည်ထောင်စုဖြစ်နေတယ်။ ငါတို့အောက်မှာလုပ်။ အာဏာရှင်ဆန်ဆန်
လို့ပဲဆိုဆို၊ ကိုယ့်ကိုကိုယ်ရှေ့ တန်းတင်ချင်သူလို့ပဲပြောပြော၊ တစ်ကိုယ်
ကောင်းဆန်ချင်ကြတယ်။ ထိုင်းနိုင်ငံမှာမြန်မာအလုပ်သမားသန်းချီရှိတာ
ဒီအလုပ်သမားအဖွဲ့လောက်နဲ့နိုင်မနိုင်စဉ်းစားသင့်ကြပါတယ်။ နေရာတိုင်းမှသမဂ္ဂတွေ
အားကောင်းလေကောင်းလေပဲမဟုတ်လား။ အဆင်အစပ်ရှိလာလို့ထိုင်းရှေနေတွေ၊
ထိုင်းအလုပ်သမားသမဂ္ဂတွေကို အလုပ်သမားကိစ္စတစ်ခုပေါ်လာလို့ တိုက်ရိုက်များ စကားပြောမိရင်နောင်တော်အဖွဲ့တွေ၊အစ်မတော်အဖွဲ့တွေကရွှေစိတ်တော်အလိုမကျရုံမျှ
မကခေါ်၍ပင်ဆဲတော့တာပဲဗျာ။ပူးတွဲဆောင်ရွက်ဖို့နေနေသာသာ၊ဒီကိစ္စဘယ်လိုလုပ်ရင်
ကောင်းမလဲ၊ဘယ်အဖွဲ့တွေနဲ့ လုပ်ရင်ကောင်းမလဲလို့ အကြံဉာဏ်ကလေးတောင်းမိပါ
တယ်၊အဲဒီစ္စနဲ့ပါတ်သက်တဲ့ဓါတ်ပုံတွေအထောက်အထားတွေကိုအီးမေးပို့ပေးဖို့ညွှန်ကြား
တတ်ကြပါတယ်။ဖြစ်နေတဲ့အလုပ်သမားတွေမှာရှိ/မရှိ နဲ့အလုပ်သမားအရေးလုပ်နေကြ
တဲ့သူတွမှာ၊အီးမေးသုံးနိုင်ရဲ့ လား၊အလုပ်သမားတွေကတစ်နေရာမှာ၊ဆိုတာ
တွေကိုနားလည်းပေးခဲကြတယ်။ဒါဖြစ်ချင်ရင်ဒါတွေပေးဆိုတဲ့သဘော။ဘယ်လိုလုပ်၊
ဘယ်ကိုဆက်သွယ်ပါဆိုတာလေးလောက်ပြောဖို့အရေး၊မြန်မာနိုင်ငံကရုံးတွေမှာလိုပါပဲ။

လုပ်နေကြသမျှ၊လုပ်နိုင်ကြသမျှအကောင်းတွေ၊လူတော်တွေချည်းပါပဲ။ ဒါပေမယ့်ကိုယ်
လုပ်တာကိုပြောပါ။ငါတို့တွေမြန်မာနိုင်ငံဒီမိုကရေစီရရှိရေးကိုလုပ်နေကြတာလား၊နိုင်ငံ
ရေးသမားလား၊အလုပ်သမားအရေးဆောင်ရွက်နေသူလား၊လူ့အခွင့်အရေးလား၊အင်ဂျီအို
မှာလုပ်နေတဲ့ဝန်ထမ်းလား၊သတင်းဌာနမှာလုပ်နေတဲ့မီဒီယာလုပ်ငန်းလား၊စာရေးဆရာ
လားခွဲခွဲခြားခြားကိုယ်ဘယ်နေရာမှာလဲ၊ဆိုတာလေးကိုတော့ဝန်ခံဖို့၊သိဖို့လိုအပ်
ပါတယ်။လုပ်နေတဲ့အလုပ်အတိုင်းမှန်မှန်ကန်ကန်ပြောသင့်ပါတယ်။

အလားတူ မိမိဆက်ဆံနေတဲ့လူကိုလည်း နိုင်ငံရေးသမားလား၊လူ့အခွင့်အရေးးသမားလား၊
သတင်းမီဒီယာသမားလား၊အင်ဂျီအိုမှာလုပ်နေတဲ့ဝန်ထမ်းလား၊အလုပ်သမားအရေးဆောင်
ရွက်နေတဲ့လူလား၊အလုပ်သမားအရေးကိုမဆောင်ရွက်ပဲလော်ဘီလုပ်နေတဲ့အဖွဲ့လား၊စာရေး
ဆရာလားသေသေချာချာ၊သိသိမှတ်မှတ်ဆက်ဆံ၊ဖို့လိုအပ်မယ်လို့ထင်ပါတယ်။မိမိကိုယ်လည်း
ခွဲခြားမသိ၊ကိုယ်ဆက်ဆံရသူကိုလည်းခွဲခြားမမြင်၊ဆိုတော့၊ထိုပုဂ္ဂိုလ်တွေကိုတော့မသိ၊အပြင်
လူတစ်ယောက်အနေနဲ့ ရူးကြောင်ကြောင်ဖြစ်သွားနိုင်ပါတယ်။မြန်မာနိုင်ငံဒီမိုကရေစီ
ရရှိရေးလည်း အဖျားရှူးသွားနိုင်ပါတယ်။

ကိုယ်လက်ရှိရောက်ရှိနေတဲ့အနေအထားမှာ ကိုယ့်ဘ၀ကြီးပွါးချမ်းသာရေးလား၊မြန်မာနိုင်ငံ
အဖြစ်အပျက်ကိုပြ/ပြောပြီး ဒိုနာတွေဆီက ဒေါ်လာရှာနေတာလား၊ကိုယ်နာမည်ကြီးဖို့အ
တွက်လား၊တကယ်ဖြစ်ချင်တကယ်လုပ်အဟုတ်ဖြစ်ရမည်ဆိုတဲ့စကားကိုစံထားပြီးတိုင်း
တာရင် အထက်ကအချက်တွေနဲ့အချိန်ကုန်နေခဲ့ကြတာလား၊ဒီမိုကရေစီရအောင်၊မြန်မာ
မြေပေါ်မှာ စစ်အာဏာရှင်ပြုတ်ကျအောင် ကျားခဲ ကျားကုတ်လုပ်ခဲ့ရဲ့ လား၊လုပ်နေရဲ့ လား၊သိရှိကြလိမ့်မယ်လို့ယူဆပါတယ်။ပြည်ပမှာအဖွဲ့ အစည်းတွေမှန်သမျှ၊လုပ်နေ
ကြသူတော်တော်များများကိုဖုန်းဆက်ကြည့်ပါလား။အောင်မြလေး………ဖုန်းတောင်ပြော
ဖို့မအားကြပါတဲ့ ၊အဲဂလောက်တိုင်းပြည်လွတ်မြောက်ရေးအတွက်အဖွဲ့အစည်းတိုင်း
လူပုဂ္ဂိုလ်တိုင်းလုပ်နေကြမယ်ဆိုရင်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဟာပုံပြင်ထဲကိုရောက်
သင့်ပါပြီ။

ဂွအကျဆုံးကကိုယ်လုပ်တဲ့အလုပ်ကိုကိုယ်မသိသေးကြတာလားမသိချင်ယောင်ဆောင်
တာလား၊ကျနော်ထင်တာကတော့သူတို့တွေအလုပ်ရှုပ်နေတာဟာ။မဟုတ်တာအတွက်
လည်းလုပ်နေကြသလို၊ဟုတ်တာတွေအတွက်လည်းလုပ်နေရလို့ထင်ပါတယ်အဲဒီမှာ၊လူ
တစ်ယောက်ကအလုပ်နှစ်ခုကိုလုပ်၊သိစိတ်က၊မသိစိတ်ကိုလိမ်၊နေရလေတော့၊ကိုယ့်စါရင်း
ကိုကိုယ်ရှင်းရင်း၊အလုပ်တွေပိနေကြတယ်လို့ထင်ပါတယ်။ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေ
ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေ ကဒီမိုကရေစီနဲ့မိုင်ပေါင်းဘယ်လောက်အကွာ ပင်လယ်ပြင်ကို
ဗဟိုပြုနေကြသလဲ၊အာဆီယံ၊နဲ့ကုလသမဂ္ဂလေပြေ လေညှင်းလောက်ကိုတော့ နအဖ တို့ကအပျင်းပြေပေါ့။အီးယူနဲ့အမေရိကန်လေပြင်းတို့ကိုလည်းကျွန်းသစ်ထီးရိုးနဲ့သဘာဝ
ဓါတ်ငွေ့ပိတ်စကိုမိုးပြီး၊ကျောက်စီးပတ္တမြားစီးချယ်ပြီးထီးကိုင်းတွေရဲ့ အဖျားမှာ
တရုတ်၊ရုရှားနဲ့ကိုးရီးယားဘုသီးလေးတွေတပ်ဆင်ထားတဲ့ထီးကိုဆောင်းထားလေ
တော့၊နအဖအာဏာ၊တစ်လက္မတောင်မရွေ့ နိုင်ခဲ့ပါဘူး။နအဖကိုနာဂစ်တိုက်ခတ်မှုလောက်
ဒါမှမဟုတ်ဆူနာမီပင်လယ်လှိုင်းလုံးတို့လိုပြင်းအား မရှိလို့ကတော့တုတ်တုတ်လှုပ်
မှာမဟုတ်ဆိုတာကိုလက်ခံကြဖို့လိုမယ်ထင်ပါတယ်။

နအဖတို့ကသူတို့အာဏာကိုထိပါးလာသူတွေ၊ထိပါးမဲ့အဖွဲ့တွေကို၊ဘယ်လိုချေမှုန်းရမယ်၊ဘယ်
လိုအပြတ်ရှင်းရမယ်၊ဒီနည်းနဲ့မရရင်၊ဟိုနည်းနဲ့ရှင်းပြစ်ရမယ်ဆိုတာ၊စီမံကိန်းချ၊အကွက်ချပြီး
အတိုက်အခံအင်အားစုဟူသမျှတို့ကိုပြတ်ပြတ်သားသားချေမှုန်သုတ်သင်းပစ်ပါတယ်။ကျွန်ုပ်
တို့အတိုက်အခံတွေဘက်ကတော့၊ကုလသမဂ္ဂလုံခြုံရေးကောင်းစီကအရေးယူလာမှာကိုယခု၊
နှစ်နှစ်ဆယ်တိုင်အောင်မျှော်လင့်နေကြတာကလွဲပြီးအခြားလမ်းကြောင်းများအဆင်သင့်ပြင်
ဆင်နေကြတာမတွေ့ရသေးပါဘူး။နအဖတို့ကတော့တရားတာတွေ/မတရားတာတွေကို
ထည့်စဉ်းစားသူတွေမဟုတ်ဘူး။

၂၀၁၀မှာနန်းသိမ်းပွဲခံမယ်ဆိုတာမြင်နေရပြီ။အတိုင်အခံအုပ်စုတွေဘက်က၂၀၀၉မှာငါတို့
စစ်အာဏာရှင်ကိုပြုတ်အောင်တိုက်မယ်ဆိုတဲ့စိန်ခေါ်နိုင်လောက်တဲ့သတ္တိရှိသေးဟန်မတူသေး
ပါဘူး။အစီအစဉ်တွေရှိဟန်မတူသေးဘူး။ဘာအတွက်ဘာလုပ်ရမယ်ဆိုပြီးနိုင်ငံတကာအင်ဂျီ
အိုတွေဆီမှာငွေရှာဖို့လောက်သာအကွက်ရှာနေကြတာတွေရှိပါတယ်။

အဖိနှိပ်ခံမြန်မာနိုင်ငံသားများအတွက်သာတကယ်ပြတ်ပြတ်သားသားရည်ရွယ်ရင်တော်လှန်
ရေးဒီအသီးတွေဟာမြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအညှာတစ်ခုတည်းအတွက်ထာဝရလှပ
ဝေဆာနေမှာပါ။
၂၀၁၀ ဆိုတာ ရက်ပေါင်းငါးရာတောင်မရှိတော့ဘူးဆိုတာကိုတော့
အမြဲသတိရှိကြစေချင်ပါတယ်ဗျာ….။

ပေးပို့သူ….မင်းရန်နိုင်(ဘန်ကောက်)

အီးမေးမှပေးပို့လာသောဆောင်းပါးဖြစ်ပါသည်။မြန်မာပြည်သားဘလော့
တွင်လည်းဖေါ်ပြထားသည်ဟုသိရပါသည်။ဤဆောင်းပါးနှင့်ပါတ်သက်ပြီး
မိမိတို့၏အတွေးအမြင်နှင့်ယူဆချက်များကိုပေးပို့လိုလျှင်
saffrontoward@gmail.comသို့ပေးပို့နိုင်ပါသည်။



အပြည့်အစုံဖတ်ချင်ရင်...

Friday, November 21, 2008

Free Burma Frderation

Free Burma Federation- E Newsletter (Nov)

အပြည့်အစုံဖတ်ချင်ရင်...

သံဃာ့တပ်ပေါင်းစုခေါင်းဆောင်အရှင်ဂမ္ဘီရအားထောင်ဒဏ်(၆၈)နှစ်ချမှတ်

အာဇာနည်မျိုးသေရိုးမရှိဘူး၊ ဖမ်းချင်သလောက်ဖမ်း၊ ချချင်သလောက်ချ နအဖစစ်အာဏာရှင်တွေကို
အဆုံးစွန်ထိရင်ဆိုင်ဖို့ပြင်ဆင်ထားတဲ့ သာသနာ့အာဇာနည်သူရဲကောင်း

၂၀၀၇-ခုနှစ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးတွင်စစ်အာဏာရှင်နအဖအားရဲဝံ့ပြတ်သားစွာဆန့်ကျင်
တိုက်ပွဲဝင်ခဲ့သော မျိုးဆက်သစ်သာသနာ့အာဇာနည်သူရဲကောင်း ခေါင်းဆောင် အရှင်ဂမ္ဘီရ(ခ)အရှင်စန္ဒောဘာသ

သန်းထိုက်ဦး
သောကြာနေ့၊ နိုဝင်ဘာလ 21 2008 17:26 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင် ဆရာတော်တပါးဖြစ်သူ ဦးဂမ္ဘီရအား အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးတခုက ယနေ့တွင် ထပ်တိုးထောင်ဒဏ် ၅၆ နှစ် ချမှတ်လိုက်သဖြင့် စုစုပေါင်း ကျခံရမည့် ထောင်ဒဏ်မှာ ၆၈ နှစ် ကျခံရတော့မည် ဖြစ်သည်။

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှ စွဲဆိုထားသည့် အမှု ပုဒ်မ ၉ ခု၊ အလုံမြို့နယ်မှ စွဲဆိုထားသော ပုဒ်မ ၄ ခု စုစုပေါင်း ပုဒ်မ ၁၃ ခုဖြင့် ယခုလို ထောင်ချခံရခြင်း ဖြစ်ကြောင်း ဆရာတော်၏ မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုလ ၁၉ ရက်နေ့ကလည်း အရှင် ဦးဂမ္ဘီရအား အင်းစိန်ထောင်းတွင်းရှိ ကြည့်မြင်တိုင်မြို့နယ် တရားရုံးက သာသနာညှိုးနွမ်းစေသည့် ပြစ်မှု - ပုဒ်မ ၂၉၅ (က) နှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို နှောင့်ယှက်မှု - ပုဒ်မ ၅၀၅ (ခ) အပါအ၀င် အမှုတွဲ ၃ မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်၌ ဓမ္မာစရိယတန်း စာဝါလိုက်နေရင်း နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သူ ဦးဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော သံဃာ-လူထုလှုပ်ရှားမှုကြီးတွင် ဦးဆောင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင် ဆရာတော်တပါး ဖြစ်ခဲ့သည်။

သူသည် ရွှေဝါရောင်အပြီး အာဏာပိုင်များ၏ ဖမ်းဆီးမှုများမှ တိမ်းရှောင်နေရင်း မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွင် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က အာဏာပိုင်တို့၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။

အလားတူ အင်းစိန်ထောင်တွင်း၌ပင် မန္တလေးတိုင်း သံဃတပ်ပေါင်းစုမှ အဖမ်းဆီးခံ အရှင် ဦးကေလာသကိုလည်း မတရားအသင်းပြစ်မှု ပုဒ်မများဖြင့် ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခံရပြီးနောက် ယနေ့တွင် ပုဒ်မ ၂ ခုဖြင့် ထပ်တိုးထောင်ဒဏ် ၄ နှစ် ထပ်မံ အမိန့်ချလိုက်သည့်အတွက် စုစုပေါင်းထောင်ဒဏ် ၃၉ နှစ် ဖြစ်သွားသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၅ ရက်နေ့က မကွေးတိုင်း ပခုက္ကူမြို့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် စစ်အစိုးရမှ အာရုံစိုက် လုပ်ဆောင်ပေးရန် စီတန်း လမ်းလျှောက်ကာ မေတ္တာသုတ် ရွတ်ဆိုကာ ဆန္ဒဖေါ်ထုတ်ပြသကြသော ရဟန်းတော်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဓာတ်တိုင်တွင် ကြိုးတုတ်ချည်နှောင်ကာ ရိုက်နှက်ခဲ့ပြီးနောက် သံဃတပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်မှုဖြင့် ဆန္ဒပြပွဲများသည် တနိုင်ငံလုံးသို့ ပြန့်ပွားခဲ့သည်။

ယခုကဲ့သို့ နိုင်ငံရေး လှုပ်ရှားသူများအား နေ့စဉ်ရက်ဆက် နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးမှုများ ပြုလုပ်နေခြင်းနှင့် ပတ်သက်ပြီး စစ်အစိုးရအား တရားဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြန်လည် ညိုနိုင်းဆောင်ရွက်ပေးပါရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယမန်နေ့က ကြေညာချက်ထုတ်၍ တိုက်တွန်းတောင်းဆိုခဲ့သည်။


အပြည့်အစုံဖတ်ချင်ရင်...

ဟာသ သရုပ်ဆောင် ကိုဇာဂနာ ထောင်ဒဏ် ၄၅ နှစ်ချမှတ်ခံရ


ကျနော့်ကို I (အိုင်) သုံးလုံးနဲ့ ၄၅ နှစ် ချလိုက်တယ်တဲ့။ IT (သတင်းနည်းပညာ) ကို လေ့လာချင်လို့ Internet ကို သုံးလိုက်တာ Insein ထောင်ကို ရောက်သွားတယ်ဆိုတဲ့'' ပြည်သူ့အချစ်တော် ကိုသူရ(ခ)ကိုဇာဂနာ

နန်းဒေ၀ီ
သောကြာနေ့၊ နိုဝင်ဘာလ 21 2008 19:22 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသူ နာမည်ကျော် ဟာသသရုပ်ဆောင် ဒါရိုက်တာ ဇာဂနာ ခေါ် ကိုသူရအား အင်းစိန်ထောင် တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၄၅ နှစ် ချမှတ်လိုက်သည်။

အင်းစိန်ထောင်တွင်း တရားရုံးက ကိုဇာဂနာသည် အင်တာနက်ကို အသုံးပြု၍ အစိုးရကို အကြည်ညိုပျက်အောင် လုပ်သည်ဆိုကာ အီလက်ထရောနစ် အက်ဥပဒေ ၃ ခုဖြင့် ထောင် ၄၅ နှစ် ချမှတ်လိုက်သည်။

''ကျမအကိုအတွက် ဂုဏ်ယူပါတယ်။ နာဂစ် ကယ်ဆယ်ရေးလုပ်လို့ အဖမ်းခံရတာပါ။ အစိုးရက သူတို့လုပ်ချင်သလို လုပ်လိုက်တာပါ။ သူ့ကို အမိန့်ချတော့ အကိုက ရီစရာ ပြောသေးတယ်။ ကျနော့်ကို I (အိုင်) သုံးလုံးနဲ့ ၄၅ နှစ် ချလိုက်တယ်တဲ့။ IT (သတင်းနည်းပညာ) ကို လေ့လာချင်လို့ Internet ကို သုံးလိုက်တာ Insein ထောင်ကို ရောက်သွားတယ်တဲ့'' ဟု ကိုဇာဂနာ၏ ခယ်မဖြစ်သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။

မိသားစုဝင်များက တရားရုံးအတွင်း ၀င်ရောက်ကြားနာခွင့် မရဘဲ၊ ထောင်ဗူးဝ၌သာ စောင့်နေရသော်လည်း ရှေ့နေဖြစ်သူ ဒေါ်ခင်ဌေးကြွယ် တဦးတည်းသာ ၀င်ရောက်ခွင့်ရခဲ့သည်။ ဒေါ်ခင်ဌေးကြွယ်သည် ယခုအမှုအတွက် ယခင်က ရှေ့နေ ဦးအောင်သိန်း၊ ဦးခင်မောင်ရှိန်တို့နှင့် တွဲဖက်ကာ အမှုကို လိုက်လံ အကျိုးဆောင်ခဲ့သူ ဖြစ်သည်။

ကျန်ရှိသည့် အမှု ၅ မှုအတွက် ယခုလ ၂၇ ရက်နေ့တွင် ဆက်လက်ကြားနာရန် တရားရုံးက အမိန့်ချမှတ်သည်။

အမှုအတွက် အယူခံဝင်ရေး၊ မ၀င်ရေးကိုမူ မိသားစုနှင့် ရှေ့နေမှ မဆုံးဖြတ်သေးဘဲ၊ တနင်္ဂနွေနေ့တွင် ကိုဇာဂနာထံ မိသားစုက ထောင်ဝင်စာ တွေ့ဖြစ်သည့်အခါ ဆွေးနွေးမည်ဟု သိရသည်။

အလားတူ အင်းစိန်ထောင် တရားရုံးကပင် ယနေ့တွင် နာဂစ် လေဘေး ဒုက္ခသည်များအား အကူအညီပေးခဲ့သူနှင့် ဘောလုံးသတင်း ဆောင်းပါးရေးသူ ကိုဇော်သက်ထွေးနှင့် အမှုတွဲတူ ကိုသန့်ဇင်အောင်အား ထောင်ဒဏ် ၁၅ နှစ်စီနှင့် ကိုတင်မောင်အေး (ခ) ကိုဂတုံး အား ၂၉ နှစ် ထောင်ဒဏ်ချမှတ်ခဲ့သည်။

"ကိုဂတုံးက အပြီးသတ်ချလိုက်တာ ဒီနေ့။ အင်းစိန်ထောင် တရားရုံးကပေါ့။ ကျန်တဲ့သူတွေဖြစ်တဲ့ ကိုဇာဂနာ၊ ကိုဇော်သက်ထွေးနဲ့ ကိုသန့်ဇင်အောင်တို့ကိုတော့ ဆက်ပြီး စစ်ဆေးသွားမယ်လို့ ပြောတယ်။ နောက်ထပ် နှစ်တွေ တိုးလာမယ့်သဘော ရှိတယ်" ဟု ကိုဇာဂနာ မိတ်ဆွေတဦးဖြစ်သည့် ကိုမင်းဆွေက ပြောသည်။

သူက "ကိုဂတုံးက ကိုဇာဂနာနဲ့ တအိမ်ထဲနေကြတာ။ ရိုက်ကွင်းတွေ ဘာတွေရှိရင် ခေါ်သွားလေ့ရှိတယ်။ ကိုသန့်ဇင်အောင်ကလည်း လုပ်ဖော်ဆောင်ဘက်တွေလို့ ပြောလို့ရတယ်" ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက ဧရာဝတီတိုင်း နာဂစ်လေဘေးသင့်သူများအတွက် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်စဉ် ကိုဇာဂနာအား အာဏာပိုင်များက နေအိမ်မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ဟာသအနုပညာရှင် ကိုဇာဂနာက အာဏာပိုင်များအပေါ် ဟာသပြက်လုံးများထုတ်ကာ ပြောဆိုခဲ့သည့်အတွက် အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသလို သူ၏ အနုပညာလုပ်ပိုင်ခွင့်များပါ ပိတ်ပင် တားမြစ်ခံခဲ့ရသည်။

လွတ်လပ်စွာ ထုတ်ဖော် ရေးသားသဖြင့် ခြိမ်းခြောက်ခံရ၊ အကျဉ်းကျခံရသည့် စာရေးဆရာများထဲတွင် ကိုဇာဂနာသည် ရဲစွမ်းသတ္တိနှင့် မှန်ကန်ဖြောင့်မတ်မှု ရှိသူတဦးဖြစ်သည်ဟုဆိုကာ ကနေဒါအခြေစိုက် PEN (Canada) အဖွဲ့မှ ၂၀၀၈ ခုနှစ်အတွက် 'One Humanity award' ဆုကို ချီးမြှင့်ခဲ့သည်။


အပြည့်အစုံဖတ်ချင်ရင်...

Thursday, November 20, 2008

NLD မှအထူးကြေငြာချက်ထုတ်



အပြည့်အစုံဖတ်ချင်ရင်...

မတရား ထောင်ဒဏ်ချမှတ်သူတွေ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းဖြစ်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာတွေနဲ့ ပတ်သက်လို့ ဒါဟာ လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇ၀တ်မှုကျူးလွန်တာ ဖြစ်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေနဲ့ မြန်မာ အစိုးရကို နိုင်ငံတကာ ရာဇ၀တ်တရားရုံးကို တင်သင့်တယ်လို့ နိုင်ငံတကာ တရားစီရင်ရေး အဖွဲ့က ပြောကြား လိုက်ပါတယ်။ မြန်မာ နအဖအစိုးရ အဖွဲ့ဝင်တွေနဲ့ အတူ တရားသူကြီးချုပ် ဦးအောင်တိုး၊ လှိုင်သာယာ တရားသူကြီး ဒေါ်အေးမြိုင်၊ တာမွေတရားသူကြီး ဒေါ်သန်းသန်း၊ ကျောက်တံတားတရားသူကြီးဒေါ်ညွန့်ညွန့်၊ ခရိုင် တရားသူကြီးတွေ ဖြစ်တဲ့ ဦးသောင်းညွန့်၊ ဦးတင်ထွတ် နဲ့ ဒေါ်စိုးဥာဏ် တို့ကို နိုင်ငံတကာ ရာဇ၀တ် တရားရုံးက တရား စွဲဆိုနိုင်ပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာ တရားစီရင်ရေးအဖွဲ့က ဒု-ဥက္ကဌ အန်ဒရီရာက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ရောမမြို့မှာ ပြဌာန်းခဲ့တဲ့ နိုင်ငံတကာ ရာဇ၀တ်တရားရုံးရဲ့ ဥပဒေ ပုဒ်မ(ရ) ကိုကြည့်မယ်ဆိုရင် လူတစ်ဦး တစ်ယောက် ချင်းစီကို မတရား ထောက်ဒဏ်ချမှတ်တာတွေ ၊ မတရားဖမ်းဆီးချုပ်နှောင်ပိတ်ပင် ထားတာတွေဟာ လူမျိုးစုတခုကို ဒါမှမဟုတ် လူ့အဖွဲ့အစည်းတခုကို ကျူးလွန်တာမဟုတ်ပေမယ့် အဲဒီပုဒ်မအရ နိုင်ငံတကာဥပဒေကိုချိုးဖောက်တဲ့အတွက် ဒါဟာ လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇ၀တ်မှုကျူးလွန်တာမြောက်ပါတယ်။”

တရားသူကြီးတွေဟာ ၀န်ထမ်းတွေ ဖြစ်ပေမယ့်လည်း အခုလို စစ်အစိုးရရဲ့ မတရားတဲ့အမိန့်အာဏာတွေကိုအသုံးချပြီး အခုလိုမျိုး အပြစ်မဲ့တဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတဲ့အပေါ် တာဝန် မကင်းဘူး လို့ဆိုပါတယ်။

“နုရင်းဘတ်နဲ့ အီရတ်မှာ ဖြစ်ခဲ့တဲ့ တရားစီရင်မှုတွေကို ကြည့်မယ်ဆိုရင်လည်း တရားစီရင်တဲ့တရားသူကြီးတွေဟာ တရားစီရင်ရေး တာဝန်ကို ထမ်းဆောင်ရင်း မတရားတဲ့ အမိန့်အာဏာကို လိုက်နာပြီး ပြစ်ဒဏ်တွေ ချမှတ် နေခဲ့ပါတယ်။ အခုလဲ ဒီတရားသူကြီးတွေက တရားစီရင်ရေး စနစ်ကို ဖန်တီးနေသူတွေ မဟုတ်ပေမယ့် ရာဇ၀တ်မှု ကျူးလွန်နေတာ ဖြစ်တဲ့အတွက် နအဖအစိုးရက ခိုင်းတာကြောင့်လုပ်ရတာ ဖြစ်တယ်လို့ ပြောလို့မရနိုင်ပါဘူး။ တရားသူကြီးများလည်း ဒီနိုင်ငံတကာဥပဒေနဲ့ ငြိစွန်းနေပါတယ်။”

အခုလို လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇ၀တ်မှုတွေကျူးလွန်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇ၀တ်ခုံရုံးက မြန်မာ အစိုးရအာဏာပိုင်တွေနဲ့ တရားသူကြီးတွေကို လက်ရှိအာဏာရှိနေတဲ့အချိန်မှာ နိုင်ငံတကာရာဇ၀တ်တရားရုံး တရားစွဲ ဆိုလို့ရ၊ မရဆိုတာနဲ့ ပတ်သက်လို့ သူက အခုလိုဆက်ပြီးပြောပါတယ်။

“ရောမမြို့မှာ ပြဌာန်းတဲ့ နိုင်ငံတကာ ရာဇ၀တ် တရားဥပဒေအရ အခုလို လူသားမျိုးနွယ်တွေအပေါ်မှာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇ၀တ်ခုံရုံးက မြန်မာနအဖအစိုးရ လက်ရှိအာဏာရှိနေတဲ့အချိန်မှာပဲ တရားစွဲဆို အပြစ်ပေးနိုင်ကြောင်း၊ ဒီဥပဒေအရပဲ ဆူဒန်နိုင်ငံသမ္မတကိုလည်း အာဏာရှိနေစဉ်မှာပဲ နိုင်ငံတကာတရားရုံးက တရားစွဲဆိုခဲ့ပါတယ်။”

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေကို မြန်မာ နအဖအစိုးရက ထောင်ဒဏ် ၂ နှစ် ကနေ ၆၅ နှစ် အထိ ချမှတ်နေတဲ့အတွက် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စတဲ့ ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် အခြား နိုင်ငံရေး လှုပ်ရှား တက်ကြွသူတွေကိုလည်း မြန်မာစစ်အစိုးရက ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်ခင်ဗျာ။


VOA မှတင်ပြသည်

အပြည့်အစုံဖတ်ချင်ရင်...

အဆိုတော် ဇေယျာသော် အပါအ၀င် GW လူငယ် ၆ ဦးကို ထောင်ဒဏ်များ ချမှတ်


အဆိုတော် ဇေယျာသော် အပါအ၀င် GW လူငယ် ၆ ဦးကို ထောင်ဒဏ်များ ချမှတ်
Thursday, 20 November 2008 18:15 ကိုစိုး

စစ်အစိုးရက ဖမ်းဆီးထားသော လူငယ် အဆိုတော် ဇေယျာသော် အပါအ၀င် ၆ ဦး ကို လမ်းမတော်မြို့နယ် တရားရုံးက ယနေ့ ထောင်ဒဏ် ၅ နှစ် မှ ၆ နှစ် အထိ ချမှတ် လိုက်ကြောင်း အကျိုးဆောင်ရှေ့နေနှင့် မိသားစု ၀င်များက ပြောသည်။



အဆိုတော် ဇေယျာသော်
မျိုးဆက်သစ် လူငယ်များ အစည်းအရုံး(GW)ခေါင်းဆောင်နှင့် ဟစ်ပ်ဟော့ပ် အဆိုတော်တဦးဖြစ်သူ ဇေယျာသော် အသက်(၂၇) နှစ်ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင်ဒဏ် ၁ နှစ်၊ တရားမ၀င် အသင်းအဖွဲ့ ပုဒ်မ ၆/၈၈ နှင့် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပြီး ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုသီဟ၀င်းတင်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ တို့အား ပုဒ်မ ၆/၈၈ အရ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်ဟု ရှေ့နေ ဦးအောင်ကြီး က ပြောပြသည်။

“သူတို့ကို GW တရားမ၀င်ဖွဲ့တယ်ဆိုပြီး အဲဒီ ၆/၈၈ ပုဒ်မနဲ့စွဲတာ၊ အဲဒီလိုဖွဲ့စည်းတယ်ဆိုတာကိုတော့ သက်သေ မပြနိုင်ဘူး၊ ဒါပေမယ့် သူတို့ သူငယ်ချင်း တဦး အခန်းကနေ ခွပ်ဒေါင်းအလံတွေ၊ တီရှပ် အင်္ကျီတွေ၊ လက်ကမ်း စာဆာင်တွေ ၊ ကွန်ပျူတာတွေ ရရှိတယ်ဆိုပြီး အဲဒီအထောက် အထားတွေအရ စွဲပြီးတော့ ချလိုက်တာ၊ ဖမ်းတုန်း က ဘာမှမမိဘူး၊ ဟမ်းဖုန်းတွေပဲသိမ်းသွားတာ၊ ဇေယျာသော် ပိုက်ဆံအိတ်ထဲကတော့ နိုင်ငံခြားငွေနည်းနည်း တွေ့သွားတယ်”ဟု ဦးအောင်ကြီးက ပြောဆိုသည်။

ပုဒ်မ ၆/၈၈ သည် ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အသင်းအဖွဲ့များ ဖွဲ့စည်းတည်ထောင် လာပါက တာဆီးရန်အတွက် ထုတ်ပြန်ထားသော ဥပဒေ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇေယျာသော်တို့ ၆ ဦးသည် ၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့က ဆရာစံလမ်းမရှိ စားသောက်ဆိုင် တဆိုင်တွင် စစ်အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ တခြားသော GW အဖွဲ့ဝင် အင်းစိန်မြို့နယ်မှ ကိုတင်မျိုးထွဋ် ခေါ် ကိုကျော်ဦးသည်လည်း ပြီးခဲ့သည့် စက်တင်ဘာ လဆန်းက ဖမ်းဆီးခံခဲ့ရသည်။

ယခုကဲ့သို့ ဖမ်းဆီးအရေးယူခြင်းနှင့် ပတ်သက်ပြီး ဇေယျာသော်၏ အဒေါ်တော်စပ်သူ ဒေါ်ခင်သန်းဌေး က“ကျမတို့က သူ့အတွက် ဂုဏ်ယူရမှာပါ၊ ခိုး ဆိုး လုယက်မှုနဲ့ ကျတာမှ မဟုတ်ဘဲ”ဟု ပြောဆိုသည်။

ဇေယျာသော်သည် အနဂ္ဃ ၊ ဟိန်းဇော် ၊ ရန်ရန်ချန်း တို့နှင့်အတူ မြန်မာနိုင်ငံ၏ ပထမဆုံးသော ဟစ်ပ်ဟော့ပ် အဖွဲ့ဖြစ်သည့် အက်ဆစ် အဖွဲ့ကို ၂၀၀၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စတင် ထူထောင်ခဲ့သူ တဦးဖြစ်သည်။

ရန်ရန်ချန်းကိုလည်း စစ်အာဏာပိုင်များက ဧပြီလ ၁၇ ရက် သင်္ကြန်အတက်နေ့က မုံရွာမြို့တွင် ဖမ်းဆီးထား ခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်ရှေ့တွင် ဖမ်းဆီးခံရသူ ၁၄ ဦးကိုလည်း ပုဒ်မ ၁၄၃ ၊ ၅၀၅(ခ) တိုဖြင့် ထောင်ဒဏ် ၂ နှစ် ခွဲစီ ချမှတ်လိုက်ကြောင်း ထောင်ဝန်ထမ်း အသိုင်း အ၀န်းက ပြောသည်။ ယင်း ၁၄ ဦးတွင် ပါဝင်သော တကိုယ်တော် ဆန္ဒပြသူ ဦးအုန်းသန်းသည် ကျန်းမာရေး မကောင်း၍ ထောင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရ သူဖြစ်ကြောင်းလည်း သိရသည်။

ဤကဲ့သို့ နိုင်ငံရေး လှုပ်ရှားသူများအပေါ် အမြင့်ဆုံးပြစ်ဒဏ်များ ချမှတ်နေခြင်းသည် မမျှတ မဖြစ်သင့်ကြောင်း ရှေ့နေ ဦးအောင်ကြီးက ပြောဆိုသည်။

“အခုဖမ်းဆီးခံရတဲ့ လူအားလုံးကို အမြင့်ဆုံး အပြစ်ဒဏ်ချတယ်၊ အမှုတခုမှာ လုပ်ဆောင်ချက်အပေါ်မူတည်ပြီး တော့ ပြစ်ဒဏ်အနိမ့်အမြင့်တော့ ရှိရမှာပေါ့၊ အမြင့်ဆုံးအပြစ်ဒဏ်တွေချတယ်ဆိုတော့ တရားစီရင်မှုအပေါ်မှာ အမြင်မကြည်လင်ဘူး ဖြစ်ကုန်တာပေါ့၊ မမျှတဘူးပေါ့၊ အဲဒီလိုတော့မဖြစ်သင့်ဘူး”ဟု ၎င်းက သုံးသပ် ပြောဆို သည်။

ယခင် ပြစ်ဒဏ်ချမှတ်ပြီးသူများထဲမှ ၁၅ ဦးကိုလည်း နယ်စွန်နယ်ဖျား အကျဉ်းထောင်များသို့ ယနေ့ ပြောင်းရွှေ့ ကြောင်းလည်း သိရသည်။

ပြောင်းရွှေ့ခံရသူများမှာ ကိုသန်းတင် စစ်တွေ ထောင်၊ ကိုပဏ္ဍိတ်ထွန်း ဗန်းမော်ထောင်၊ ကိုမင်းဇေယျ လားရှိုး ထောင်၊ ကိုကျော်ကျော်ထွေး မြိတ်ထောင်၊ ကိုသက်ဇော် မော်လမြိုင်ထောင်၊ မမာမာဦး သာယာဝတီ ထောင်၊ မသက်သက်အောင် မြင်းခြံထောင်၊ ကိုမင်းဟန် လားရှိုး ထောင်၊ ကိုသီဟအောင် လွိုင်ကော် ထောင်၊ ကိုအောင်မျိုးပိုင် ကော့သောင်း ထောင်၊ မမီးမီး ပုသိမ်ထောင်၊ မစန္ဒာမင်း မြောင်းမြထောင်၊ ကိုဇော်ဇော်မင်း တောင်ငူ ထောင်၊ ကိုဂျင်မီ တောင်ကြီး ထောင် နှင့် ကိုအံ့ဘွယ်ကျော် ကသာထောင် တို့ဖြစ်သည်။

စစ်အစိုးရက ယခုလဆန်းပိုင်းမှ စတင်၍ နိုင်ငံရေးအမှုလိုက် ရှေ့နေ ၃ ဦး အပါအ၀င် ထင်ရှားသည့် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးလှုပ်ရှားသူ ၁၀၀ ၀န်းကျင်ခန့်ကို အနည်းဆုံး ထောင်ဒဏ် ၄ လ မှ ၆၅ နှစ် ခွဲ အထိ အသီးသီး ချမှတ်ခဲ့သည်။


ဧရာဝတီမှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

ကျောင်းသားတပ်မတော် ဗဟိုကော်တီဝင်ဟောင်း ကိုနေလ ခေါ် ရဲဘော်မြင့်အောင် ကွယ်လွန်


ကျောင်းသားတပ်မတော် ဗဟိုကော်တီဝင်ဟောင်း ကိုနေလ ခေါ် ရဲဘော်မြင့်အောင် ကွယ်လွန်

ကောင်းထက်အတွက် မင်းရဲ့ ဦးမြင့်ဇေ ရေးတဲ့ ကဗျာ
Tuesday, November 20, 2007

ကောင်းထက်အတွက် မင်းရဲ့ ဦးမြင့်ဇေ ရေးတဲ့ ကဗျာ

မြစ်ဟာစီးဖို့ဘဲ..

စီးတော့….။

မင်းသယ်မယ့်လမ်းဟာ

မင်းထမ်းထားသလို

မင်းပုခုံးပေါ်မှာ

သူ စောင့်ကြည့်နေတယ်

Antique ကြီးတွေလား ပေါ့..

ဒီမှာ…..။

အံမ၀င်တဲ့ လောကထဲ

အံဝင်အောင် များများ မလိုဘူး

အမှန်တရားကိုချစ်

သစ္စာတရားကို ချစ်

တချို့ အဖြစ်တွေကို

ဥပက္ခော ထား…

တချို့

လောကပါလတရားမှာ

မင်းလည်း ပါရမှာပဲ။

ကြယ်တစင်းကြွေရင်

ကောင်းကင်ငိုတယ်

မင်းပါမယ့် ကောင်းကင်အတွက်

ဂုဏ်ယူလိုမှုတွေနဲ့

မင်းအဖေ စောင့်မျှော်နေခဲ့။ ။

မြင့်ဇေ

ကောင်းထက် ၁၆နှစ်မြောက်မွေးနေ့အတွက် ဆုံဆည်းရာ မှ ကမာပုလဲကဗျာအား ဖတ်ရေးသည်။
အာရ်အက်ဖ်အေ မြန်မာပိုင်းအစီအစဉ်
နိုဝင်ဘာ ၁၉ ရက် ၂၀၀၈ ခုနှစ်
ABSDF ကျောင်းသားတပ်မတော်ရဲ့ တပ်ဖွဲ့ဝင် ရဲဘော်မြင့်အောင် ခေါ် ကိုနေလဟာ ဒီကနေ့ မနက် ဦးနှောက် သွေးကြောပေါက်တဲ့ ရောဂါနဲ့ ထိုင်းမြန်မာနယ်စပ်မှာ ရုတ်တရက် ကွယ်လွန် သွားခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၃၈ နှစ်သာရှိသေးတဲ့ ကိုနေလဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်တဦးဖြစ်သလို တဖက်ကလည်း ကလောင်ကိုကိုင်ပြီး တိုက်ပွဲဝင်တဲ့ ကဗျာဆရာ၊ အင်တာနက် ဘလော့ဂါ ကိုမြင့်ဇေဖြစ်ပါတယ်။

သူ့ကို ရင်းနှီးသူတွေနဲ့ သူ့ ရဲဘော်တွေက ဂုရုလို့လည်း ခေါ်ဝေါ်ကြပါတယ်။ သူကွယ်လွန်သွားတဲ့ အကြောင်းကို ကျောင်းသားတပ်မတော်က သူရဲ့တပ်ရင်းမှူး ကိုမင်းဇော်က …
“ရဲဘော်နေလ ခေါ်တဲ့ ရဲဘော်မြင့်အောင်က ဒီ ၂၀ ရက်နေ့ မနက် ၁ နာရီ ၁၀ မိနစ်မှာ ဆုံးသွားပါတယ်၊ မနက် စောစောဆိုလို့ရှိရင် သက်ပျောက်ဆွမ်းကျွေးမယ်၊ ပြီးလို့ရှိရင် သူ့ရဲ့ ရုပ်ကလာပ်ကိုပေါ့နော် တောရကျောင်းကို ရွှေ့ပြီးတော့ ထားဖို့အစီအစဉ်ရှိပါတယ်ခင်ဗျ။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံပြီးကတည်းက တောက်လျောက်ပေါ့နော် တောခိုလာကတည်းက ကျနော်တို့နဲ့ အတူတူပါပဲ။ ကျနော်တို့ တပ်ရင်း ၁၀၁ မှာ အတူတူ တာဝန်ထမ်းဆောင်တယ်၊ ဒီဘက် နောက်ဆုံး ABSDF တပ်ရင်း ၈ ရဲ့ တပ်ဖွဲ့ဝင်တယောက်အနေနဲ့ အနှစ် ၂၀ လုံးလုံးပေါ့ဗျာ တောက်လျောက် တာဝန်ယူခဲ့တဲ့ ရဲဘော်တယောက်ဖြစ်ပါတယ်။

တော်လှန်ရေးအပေါ်မှာ တကယ့်ကို ချစ်ခင်ပြီးတော့ နှစ်နှစ်ကာကာ လုပ်ကိုင်နေတဲ့ ရဲဘော်ကောင်းတယောက် အခုလို ဆုံးရှုံးသွားတဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ရော ကျနော်တို့တပ်ရင်းအနေနဲ့ရော တော်လှန်ရေးတခု လုံးအနေနဲ့ရော ထိခိုက်နစ်နာပါတယ်။ သူ့ကျန်ရစ်သူမိသားစုတွေကိုလည်း ဒီကနေ ဝမ်းနည်းကြောင်း ကျနော်တို့ လှမ်းပြီးတော့ သတင်းစကားပါးချင်ပါတယ်။ ကျနော်တို့အားလုံးလည်း ယူကြုံးမရဖြစ်နေပါတယ်”
ABSDF တပ်ရင်းမှူး ကိုမင်းဇော် ပြောပြသွားတာပါ။

ကွယ်လွန်သူ ရဲဘော်မြင့်အောင် ခေါ် ကိုနေလ ဟာ ရှစ်လေးလုံးအရေးတော်ပုံကာလမှာ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ ABSDF ကျောင်းသားတပ်မတော်ရဲ့ ဗဟိုကော်မတီဝင်ဟောင်းတဦးဖြစ်ပြီး လက်ရှိပြန်ကြားရေးတာဝန်အပြင် ဒေါင်းအိုးဝေ ဂျာနယ်ရဲ့ အယ်ဒီတာ အဖွဲ့ဝင်တဦးလည်းဖြစ်ပါတယ်။

သူ့ဖခင် ဦးအောင်ခင်ဟာလည်း ၁၉၈၉ ခုနှစ်မှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ် ပါတယ်။ ရဲဘော်မြင့်အောင် အခုကွယ်လွန်ချိန်မှာတော့ သူရဲ့ ဇနီးသည် ကျန်ရစ်ခဲ့ပါတယ်။


အပြည့်အစုံဖတ်ချင်ရင်...

Wednesday, November 19, 2008

စာရေးဆရာမ နှင်းပန်းအိမ် ထိုင်းနယ်စပ်သို့ တိမ်းရှောင်


ဇာနည်
ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ 19 2008 17:35 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ အာဏာပိုင်များက မကြာခဏ ခြိမ်းခြောက် ပြောဆိုသဖြင့် နိုင်ငံရေး အကျဉ်းသားဟောင်း ခင်ပွန်းသည်ရှိရာ ထိုင်း-မြန်မာ နယ်စပ်သို့ စာရေးဆရာမ နှင်းပန်းအိမ်သည် သားငယ်နှင့်အတူ ပြီးခဲ့သည့် သောကြာနေ့က ရောက်ရှိလာသည်။

တောင်ဒဂုံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ် စည်းရုံးရေးမှူးနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးနေဦးသည် ပြီးခဲ့သည့်လအတွင်းက ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာလာပြီးနောက် ဒေသအာဏာပိုင်များမှ ကျန်ရစ်သည့် မိသားစုထံ စုံစမ်း စောင့်ကြည့်မှုနှင့် ခြိမ်းခြောက်မှု ပြုလုပ်သဖြင့် ယခုလို ထွက်ခွာလာခြင်း ဖြစ်သည်။

"ကျမ ယောက်ျား ထွက်လာပေမယ့် ကျမကတော့ ပြည်တွင်းမှာပဲ နေလို့ရတဲ့အထိ နေမယ်၊ မသွားဘူးလို့ဆိုပြီး နေနေတာ။ အခုက ဖမ်းမယ်ဆီးမယ်ဆိုတာတွေ ရိပ်ဖမ်းသံဖမ်း ပြောတာတွေ လုပ်လာပြီး လိုက်ကြည့်တာတွေ လုပ်လာတော့ နေလို့ မရတော့ဘူး။ ကျမ သားလေး ရှိသေးတယ်။ သူ့ဘ၀ လုံခြုံဖို့ဆိုတာတွေက အများကြီး ရှိသေးတယ်လေ" ဟု ဆရာမ နှင်းပန်းအိမ်က မဇ္ဈိမကို ပြောပြသည်။

သူက ဆက်ပြီး "အမျိုးသားက ထွက်လာပြီးနောက်ပိုင်း အိမ်ကို စရဖတွေ၊ အက်စ်ဘီ တွေ လာလာပြီးတော့ တာဝန်အရ မေးတာပါ ဘာညာဆိုပြီး ခဏခဏ လာတယ်။ ကျမတို့မှာ ကားသံကြားရင်၊ တံခါးခေါက်သံကြားရင်၊ 'အိမ်ရှင်တို့' ဆိုတဲ့ အသံကြားရင် ကြောက်လန့်နေရတယ်" ဟု ပြောသည်။

စရဖဆိုသည်မှာ စစ်ဖက် ထောက်လှမ်းရေးဖြစ်ပြီး အက်စ်ဘီဆိုသည်မှာ အထူးသတင်း ရဲတပ်ဖွဲ့တို့ ဖြစ်သည်။ ပြီးခဲ့သည့်လက သူနှင့်နီးစပ်သူအချို့ ဖမ်းဆီးခံရချိန်တွင် ဦးနေဦးမှာ ထိုင်းနယ်စပ်သို့ တိမ်းရှောင်ခဲ့သည်ဟု ဆရာမက ဆိုသည်။

သူသည် တရားမ၀င် စာရွက်စာတမ်းဖြန့်မှု အပါအ၀င် အခြားစွပ်စွဲချက်များဖြင့် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထောင်ဒဏ် ၁၄ နှစ် ကျခံခဲ့ရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ထောင်သို့ ခင်ပွန်းသည်ထံ ထောင်ဝင်စာသွားတွေ့ရင်း တွေ့ကြုံရသည်များကို ဆရာမက ခရီးသွားဆောင်းပါး၊ အက်ဆေးနှင့် ၀တ္တုတိုများအဖြစ် ရေးသားကာ နွယ်နီ၊ မဟေသီ မဂ္ဂဇင်းများတွင် ရေးသားခဲ့သည်။ ၂၀၀၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ခင်ပွန်းသည် ပြန်လွတ်လာသော်လည်း ဝေးလံခေါင်ဖျား ဒေသရှိ ထောင်များသို့ အခြားသော နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များမှ ထောင်ဝင်စာ သွားတွေ့သည်ကို ကူညီရင်း ခရီးသွားဆောင်းပါးများ ဆက်ရေးခဲ့သည်။

ရေးသားခဲ့သည့် ဆောင်းပါးနှင့် ၀တ္တုတို ပုဒ်ရေ ၂၀၀ ကျော်အနက် စာပေစိစစ်ရေးက တပုဒ်လုံး ပယ်ခြင်း၊ စာကြောင်းများ ဖြုတ်ချခြင်းများ ရှိခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ စတင်ကာ စာပေလောကအတွင်း ၀င်ရောက်ခဲ့သော ဆရာမ နှင်းပန်းအိမ်၏ "တမာပန်းနှင့် ဘ၀လမ်း" ခရီးသွားဆောင်းပါးကို လူကြိုက်များခဲ့ပြီး၊ "ပတ်ဝန်းကျင် ကျေးဇူးတရားနဲ့ ကြယ်ပွင့်လေး" ဆောင်းပါးဖြင့် ဂျပန်စာဖတ်ပရိသတ်တဦး၏ ကျနော်အနှစ်သက်ဆုံးဆောင်ပါးဆု၊ "ခေတ်သစ် မန်မိုရီနှင့် ၀တ္တုတိုပေါင်းချုပ်" တော်ဘုရားလေး စာပေဆု၊ "ရိုးချောင်းဘေးက ကြာ" ၀တ္တုတိုဖြင့် နေမင်းအားမာန်အဖွဲ့မှ ချီးမြှင့်သည့် အကောင်းဆုံး ၀တ္တုတိုဆုတို့ကို ရရှိခဲ့သည်။

ဆရာမက "ကျမ ဒီရောက်လာပေမယ့်လည်း ဒီစနစ်ဆိုးကို ထင်ဟပ်မယ့် အကြောင်းတွေ၊ ကျမတို့အားလုံး ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဆက်ရေးသွားအုံးမှာပါ" ဟု ပြောသည်။
Mazzima မှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှု မြန်မာနိုင်ငံ ကူးစက်ပြီ

ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှု မြန်မာနိုင်ငံ ကူးစက်ပြီ
မြန်မာပို့ကုန်လုပ်ငန်းများ ရပ်ဆိုင်း
NEJ/ ၁၉ နိုဝင်ဘာ ၂၀၀၈
line


အထွေထွေ ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှုရလဒ်အဖြစ် မြန်မာစစ်အစိုးရ ပို့ကုန်လုပ်ငန်းများ ကျဆင်းနေချိန်၌ တရုတ်နိုင်ငံသည်သာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ စိတ်အချရ ဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးအရာရှိတဦးက ပြောသည်။

ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှုကြောင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ လတ်တလော သားငါးဆိုင်ရာတင်ပို့မှုများ ရပ်တန့်သွားနိုင်ကြောင်း၊ ယင်းသို ပို့ကုန်လုပ်ငန်း ကျဆင်းမှုမဖြစ် ရန် ရေလုပ်ငန်းအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်လက်ကုန်သွယ်မှု ပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အခုလုပ်ငန်းတော်တော်များများ ကျဆင်းနေချိန်မှာ ငါးလုပ်ငန်းအနေနဲ့လည်း ထိမှာပဲ။ ရေထွက်ကုန်တွေကို ပြည်ပနိုင်ငံတွေကို ပို့နေတဲ့ နေရာမှာ အခြားနိုင်ငံတွေကို လတ်တလော ရပ်ထားရမယ်ဆိုရင်တောင် တရုတ်နိုင်ငံကိုတော့ ရပ်ရမယ့် အနေအထားမတွေ့ရဘူး။ ဒါကြောင့် တရုတ်က စိတ်ချရတဲ့ ကုန်သွယ်ဖက်နိုင်ငံလို့ ပြောနိုင်တာပါ” ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။

ကမ္ဘာ့စီးပွားရေးကပ်ဆိုက်မှုကြောင့် အခြားနိုင်ငံများတွင်လည်း ရေထွက်ကုန်များ ကျဆင်းနေရာ ဗီယက်နမ်၊ ယိုးဒယားနှင့် အင်ဒိုနီးရှားတို့တွင်လည်း ရေလုပ်ငန်းများ ကျဆင်းနေကြောင်း၊ မိမိတို့အနေဖြင့် တဦးနှင့်တဦး ညှိနှိုင်း တိုင်ပင်ဆောင်ရွက်ကြရန် ပြည်တွင်း မွေးမြူရေးလုပ်ငန်းရှင်များထံ ၀န်ကြီးဌာနက သတင်းများထုတ်ပြန်လျက်ရှိကြောင်း သိရသည်။

ပို့ကုန်လုပ်ငန်းရှင် တဦးကလည်း “မြန်မာနိုင်ငံက ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေအနေနဲ့ ပြည်ပနိုင်ငံတွေနဲ့ အရောင်းအ၀ယ်လုပ်တဲ့အခါမှာ ပြည်ပနိုင်ငံတွေအနေနဲ့ ဘဏ်စနစ်နဲ့ ဆောင်ရွက်ကြတာဖြစ်တဲ့အတွက် အခုလို ကမ္ဘာ့စီးပွားရေး ပျက်နေတဲ့ ပြဿနာမှာ အမှာအော်ဒါကို ဈေးကွက်အနေအထားကြည့်ပြီးမှ မှာတာမျိုးတွေ လုပ်လာကြတယ်။ မြန်မာကုန်သည်တွေကတော့ (၈၀) ရာခိုင်နှုန်းက ကိုယ်ပိုင်ငွေနဲ့ လုပ်ကြတယ်လေ။ ပြည်ပကကျတော့ ငွေလွှဲမှုကို ဘဏ်စနစ်နဲ့ သွားတာလေ။ ငွေက စီးပွားရေးအရ ဘဏ်တွေမှာ မလည်နိုင်တော့ဘူး။ အဲဒီအခါ ဈေးကွက်ကို ထိန်းပြီးတော့ မှာရတော့တာပေါ့။ အရင်က ကွန်တိန်နာ (၃) လုံးမှာတဲ့ အမှာတွေ အခုကျတော့ အမှာမရတော့ဘူး။ ကိုယ်တိုင်ပို့တဲ့ သူတွေလည်း မပို့ကြတော့ဘူး။ ဘာလို့လဲဆိုတော့ ငွေလွှဲတဲ့အခါ ကြာတယ်၊ ငွေမလည်ကြ တော့လို့ပါ” ဟု ပြောသည်။

ပြည်တွင်း လုပ်ငန်းရှင်အချို့လည်း ကပ်ဆိုက်မှုအပေါ် စိုးရိမ်စိတ်များကြောင့် နိုင်ငံခြားတင်ပို့မှု အချို့ကို ရပ်ထားကြကြောင်း သိရသည်။

“ပြည်ပနိုင်ငံတွေမှာ ဘဏ်ရဲ့အထောက်အပံ့နဲ့ အလုပ်လုပ်တာများတဲ့အတွက် ပြည်တွင်း ကုန်သည်တွေက စိုးရိမ်လာကြတာ ဖြစ်တယ်” ဟု ပို့ကုန်လုပ်ငန်းရှင်က ပြောသည်။
မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့စီးပွားရေးကပ်ကြောင့် ပို့ကုန်များ ထိခိုက်နိုင်သော်လည်း တရုတ်နိုင်ငံအပေါ် အားကိုး စိတ်ချခြင်းမှာ တရုတ်နှင့် မြန်မာတို့၏ ကုန်သွယ်မှုပမာဏ တိုးတက်လာမှုကို သိရှိနားလည်ထား၍ ဖြစ်မည်ဟု စီးပွားရေး ကျွမ်းကျင်သူများက ယူဆသည်။

မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏမှာ လွန်ခဲ့သည့် (၃) နှစ်အတွင်း (၆၀) ရာခိုင်နှုန်း ကျော်တိုးတက်လာခဲ့ကြောင်း အောက်တိုဘာလအတွင်း အစိုးရသတင်းစာများတွင် ဖော်ပြခဲ့သည်။

အပြည့်အစုံဖတ်ချင်ရင်...