Tuesday, April 29, 2008

သံရုံးအမှုထမ်းအားလုံးသို့ မေတ္တာရပ်ခံချက်

29-04-2008
နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် အမှုထမ်းနေကြသော သံရုံးအမှုထမ်းအားလုံးသို့
သီရိလင်္ကာရောက် မြန်မာ ကျောင်းသား ရဟန်းတော်များအဖွဲ့အနေဖြင့် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
သင်တို့သည် နိုင်ငံရပ်ခြားတိုင်းတပါးတွင် တာဝန်ထမ်းဆောင်နေသူများပီပီ ကမ္ဘာ့အခြေအနေ အရပ်ရပ် ကို
နားလည် သဘောပေါက်သည်-ဟု ယုံကြည်ပါသည်။ မည်သူမှန်သည်၊ မှားသည်-ဟု မပြောလိုပါ။
လူတိုင်း၏ မွေးရာပါအခွင့်အရေးအရ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ သို့သော် သင်တို့သည် ပြည်သူတို့၏
ဘဏ္ဍာကို စားသုံးနေကြသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ကြသည်-ဆိုတာကို မမေ့သင့်ကြပါ။
နိုင်ငံတစ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခွင့်ရနေခြင်းသည် မိမိနိုင်ငံသားတို့၏ ကောင်းကျိုးကို ဆောင်
ရွက်ဖို့ ဖြစ်ပါသည်။ ပြည်သူကို ဒုက္ခပေးရန် မဟုတ်ပါ။အမှန်မှာ ပြည်သူ့ဝန်ထမ်းသည် ပြည်သူတို့၏
“အရှင် သခင်” လုံးဝမဟုတ်ပါ။

ပြည်သူတို့၏ “ကျွန်” ဖြစ်သည်-ဆိုသည်ကို သတိချပ်သင့်ပါသည်။ သင်တို့သည် ပြည်သူ့ကျွန်
ဖြစ်ရမည့်အစား လက်တဆုပ်စာ န အ ဖ-စစ်အာဏာရှင်တို့၏ စစ်ကျွန်ဖြစ်နေခြင်းသည် သင်တို့ အတွက်သာ
မကသင်တို့၏ သားစဉ်မြေးဆက်အတွက်ပါ ရင်နင့်ဖွယ်ဖြစ်နေပါသည်။ သင်တို့သည် ခေတ်ပညာတတ်
သံတမန်များပီပီ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွင် သင်တို့ တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံများနှင့်
ကောင်းသောအရာတို့တွင် ရင်ဘောင်တန်းနိုင်ရန် တစ်ထောင့်တစ်နေရာ မှပါဝင်ဆောင်ရွက်နိုင်မည်-ဟု
အလေးအနက် ယုံကြည်ပါသည်။ ယခုအခါ အချို့နိုင်ငံများရှိ သံရုံးအမှုထမ်းတို့ သည် ပြည်သူ့မျက်နှာကို
မကြည့်ပဲ အာဏာရှင်အလိုကျ မောက်မာစွာ ပြုမူဆက်ဆံနေသည်ကို ကြားသိရသဖြင့် အလွန်ပင်
စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။ ထို့ကြောင့် သင်တို့သည် န အ ဖ-စစ်အာဏာရှင်အလိုကျ ပြည်သူများအပေါ်
မောက်မာစွာ ဆက်ဆံ ခြင်း၊ မချေမငံ ပြုမူပြောဆိုခြင်းများကို ရှောင်ကြဉ်ပြီး ယခုဖြစ်ပေါ်နေသောအခြေအနေတွင်
အမှန်တရားဘက်မှ ပြတ်သားစွာ ရပ်တည်ပေးခြင်းဖြင့် ပြည်သူ့အကျိုး သည်ပိုးပေးပါရန် အလေးအနက်
မေတ္တာရပ်ခံအပ်ပါသည်။


သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့

{MSMA}

အပြည့်အစုံဖတ်ချင်ရင်...

Monday, April 28, 2008

ခေါင်းငုံမခံကြပါနဲ့စစ်ကျွန်ဘ၀ရုန်းထွက်ကြစို့ဒကာတို့

28-04-2008
၂၆.၀၄.၂၀၀၈ ခုနှစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်မှာ ကျင်းပပြုလုပ်တဲ့ န အ ဖ ၏
တစ်ဖက်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့်ပွဲမှာ
သီရိလင်္ကာမှကြွရောက်လာသည့်ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် တိုင်းရင်းသား
ညီအကိုမောင်နှမအဖွဲ့အစည်းများကိုဦးစွာပဌမ မင်္ဂလာပါဟုနုတ်ခွန်းဆက်သပါတယ်၊
ဦးပဇင်းအနေနဲ့ပြောချင်တာကတော့ ဦးပဇင်းတို့နိုင်ငံဟာ တစ်ချိန်ကဆိုရင် မြန်မာလူမျိုးရယ်လို့
ကမ္ဘာအလယ်မှာတင့်တယ်စွာရပ်တည်နိုင်ခဲ့ပြီး ကိုယ့်အမျိုးကိုယ့်ဘာသာ ကိုယ့်သာသနာကိုထိမ်း
သိမ်းစောင့်ရှောက်တဲ့သူတွေအဖြစ်အားလုံးကလေးစားအသိအမှတ်ပြုခြင်းကို
ခံခဲ့ရတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လွန်ခဲ့တဲ့ ၄၅ နှစ်ကစလို့အခုအချိန်အထိ ဦပဇင်းတို့ရဲ့
မြန်မာတိုင်းရင်းသားညီအကိုမောင်နှမတွေဟာ ကမ္ဘာ့အလယ်မှာခေါင်းမဖေါ်ရဲတော့တဲ့သူတွေဖြစ်နေပါပြီ၊
ဒါတွေဟာဘယ်သူတွေကြောင့်လဲ ဒီဆိုးကျိုးတွေရဲ့အဓိကတရားခံအစစ်အမှန်ဟာဘယ်သူတွေလဲ
ဆိုတာကိုသိဖို့လိုပါတယ်၊ ၁၉၆၂-ခုနှစ် ဦးနေ၀င်းရဲ့တစ်ပါတီစနစ်စတင်အုပ်ချုပ်တဲ့အချိန်ကစလို့
မြန်မာပြည်ကြီးရဲ့ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ပညာရေးအခြေအနေတွေဟာ
တစ်စတစ်စပျက်စီးယိုယွင်းလို့လာပါတယ်၊ထို့အပြင် အလွန်မတန်မှကိုတန်ဘိုးရှိလှတဲ့လူ
သားအခွင့်အရေးတွေ၊စီးပွားရေးတွေတိုင်းပြည်မှာဆုံးရှုံးနစ်နာခဲ့ရပါတယ်၊ ၁၉၈၈-ခုနှစ်
ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ရဟန်းရှင်လူကျောင်းသားပြည်သူတွေနဲ့ တိုင်းရင်းသားညီ
အကိုတွေရဲ့စုပေါင်းတွန်းလှန်မှုကြောင့်တစ်ပါတီအာဏာရှင်စနစ်ဆိုးကြီးဟာ ပြိုလဲပျက်စီးခဲ့ရပါတယ်။
ထောင်းပေါင်းများစွာသောရဟန်းရှင်လူပြည်သူတွေရဲ့အသက်တွေဒီမိုကရေစီ
အတွက်စတေးခဲခဲ့ကြရပါတယ်၊၁၉၈၈-ခုနှစ်မှာ မ ဆ လ ထက်အဆပေါင်းများစွာဆိုးသွမ်းယုတ်မာတဲ့
န ၀ တ ဆိုတဲ့ စစ်အာဏာရှင်လူတစ်စုဟာ တိုင်းပြည်အာဏာကိုမတရားသိမ်းပိုက်ခဲ့ပြီး၊
တစ်တိုင်းပြည်လုံးကိုလက်ဝါးကြီးအုပ်ကာထင်တိုင်းကြဲလုပ်ဆောင်ခဲ့ကြပါတယ်၊
ရာထူးအာဏာစည်းစိမ်တွေအပေါ်မှာသာယစ်မူးနေကြတဲ့စစ်ဗိုလ်ချုပ်တွေဟာ တိုင်းပြည်မှာပျက်စီးယိုယွင်းနေတဲ့
နိုင်ငံရေး စီးပွားရေး ပညာရေး ပြည်သူ့ကျန်းမာရေးစတဲ့အခြေအနေတွေကို မသိချင်ယောင်ဆောင်နေခဲ့ကြပါတယ်။
အဲဒီလိုအဖက်ဖက်ကချွတ်ခြုံကျနေတဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးကျန်းမာရေး
စတဲ့ပြဿနာတွေကိုပြေလည်စေဖို့အတွက် ပြီးခဲ့တဲ့ ၂၀၀၇စက်တင်ဘာမှာသံဃာတော်အရှင်သူ
မြတ်တွေဟာလမ်းမတွေပေါ်ထွက်ကာမေတ္တာပို့ဆုတောင်းဆန္ဒပြုခဲ့ကြပါတယ်၊ပြည်သူဆန္ဒ
ပြည့်ဝစေဘို့မေတ္တာပို့လမ်းလျှောက်ဆန္ဒပြုတာကိုမတွေလိုမမြင်လိုတဲ့ န အ ဖ
မိစ္ဆာဒိဌိတွေဟာ ရဟန်းရှင်လူကျောင်းသားပြည်သူတွေကို ရက်ရက်စက်စက်ခြေမှုန်းသုပ်သင်ခဲ့ကြပါတယ်၊
အဲဒီလို ကိုယ့်အမျိုးဘာသာ သာသနာအပေါ်မှာကမ်းကုန်အောင်ရက်စက်တဲ့
န အ ဖ စစ်အုပ်စုကိုကိုကမ္ဘာမှာအဆိုးဝါးဆုံးအကြမ်းတမ်းဆုံးအရက်စက်ဆုံးအဖြစ်ကမ္ဘာကြီးတစ်ခုလုံး
ကမယုံကြည်နိုင်လောက်အောင်ပင် အသိအမှတ်ပြုခဲ့ကြပါတယ်၊ န အ ဖ စစ်အုပ်စုဟာ အဲဒီလိုရက်ရက်စက်
ပစ်သတ်လို့မှအားမရသေးဘဲ သံဃာတော်တွေ ကျောင်းသားခေါင်းဆောင်တွေ ဒေါ်အောင်ဆန်းစုကြည်
နှင့်နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးခြင်းညှင်းဆဲသတ်ဖြတ်ခြင်းနှစ်ရှည်ထောင်ဒဏ်ချခြင်းများကို
နေ့စဉ်ရက်ဆက်ကျူးလွန်လျှက်ရှိပါတယ်၊အဲဒီလိုရက်စက်တဲ့ န အ ဖ စစ်အာဏာရှင်လူတစ်စုရဲ့လုပ်ရပ်တွေကို
ဖြစ်သမျှအကြောင်းအကောင်းချည်းဘဲလို့သတ်မှတ်နေကြအုံးမယ်ဆိုလျှင် ဒီလိုလူမျိုးလောက်ကောင်းတဲ့လူမျိုး
ကမ္ဘာမှာမရှိတော့ဘူးလို့ ဦးဇင်းတို့သာသနာ့ဥသျှောင်အဖွဲ့ဥက္ကဌပီနန်ဆရာတော်ကြီးက မိန့်ကြားခဲ့ပါတယ်၊
စစ်အုပ်စုဟာ ၁၉၆၂-ခုအာဏာသိမ်းပြီးနောက်မကြာမီ ၁၉၆၅ခုနှစ်မှစကာ မြန်မာနိုင်ငံရဲ့
ဗုဒ္ဓသာသနာအမာခံသံဃာတော်များကို စစ်အာဏာအောက်၌ထိမ်းချုပ်ရန်စတင်ကြိုးပမ်းခဲ့ပါတယ်၊
၁၉၈၀မှာသံဂါယနာအတုကျင်းပပြီးသာသနာ့တံခွန်ကိုမည်သို့ပင်ဦးနှိမ်ပစ်ခဲ့ပေမဲ့ သံဃာတော်တို့ဟာဘုရား
သားတော်များဖြစ်ကြသည့်အတိုင်း၂၀၀၇ စက်တင်ဘာလမှာ တစ်ကမ္ဘာလုံးကြက်သီးမွေးညင်းထဖွယ်မျက်ဝါးထင်မြင်
တွေ့သွားခဲ့ကြပါတယ်၊ဒီလိုနဲ့မြန်မာနိုင်ငံမှ သံဃာတော်များရဲ့လုပ်ရှားမှုအားလုံး စစ်အာဏာရှင်တို့
လက်အောင်လုံးလုံးလျှားလျှားကျရောက်အောင် ဘုန်းကြီးကျောင်းများကိုအရေအတွက်လျှော့ချ
ချိတ်ပိတ်ဖျက်သိမ်းကာ ရပ်ကွက် မြို့နယ်လူဦးရေအလိုက်သံဃာအရေအတွက်ကန့်သတ် စာသင်တိုက်များကိုပိတ်ပစ်ပြီး
အဝေးသင်ပရိယတ္တိပညာရေးကျင့်သုံးသံဃာများရဲ့သွားလာမှုကို အဆင့်ဆင့်သတင်းပို့ခွင့်ပြုချက်ယူ၊
စေတီပုထိုးနှင့် ကျောင်းကန်များကိုဝင်ထွက်သွားလာမှုအားလုံးကို မှတ်ပုံတင်ပြ
ခွင့်ပြုချက်ကြိုတင်လျှောက်ထားစေပြီး ဗုဒ္ဓသာသနာကို စစ်ဖိနပ်အောက်သွပ်သွင်းခဲ့ကြပါတယ်။
ယခုအခါ ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ပြည်ပသာသနာပြုလုပ်ငန်းမှာများစွာအောင်မြင်လျှက်ရှိပါတယ်၊
မြန်မာ၊ထိုင်း၊ သီရိလင်္ကာ၊ ကမ္ဗောဒီးယား၊ လော၊ ဘုန်းတော်ကြီးများဟာ ကမ္ဘာအရပ်ရပ်မှာ ဗုဒ္ဓသာသနာပြန့်ပွားအောင်
စွမ်းဆောင်နိုင်နေကြပါတယ်၊အာဖရိကတိုက်မှာတောင် ထေရ၀ါဒဗုဒ္ဓသာသနာစတင်အခြေချနေပါပြီ၊ဒါပေမဲ့
အခုလိုပြည်ပမှာမြတ်နေပေမဲ့ပြည်တွင်း သာသနာမှာ အကြီးအကျယ်ဖျက်ဆီးခံနေရတဲ့အတွက် အရင်ရှုံးနေတယ်လို့
ပီနန်ဆရာတော်ကြီးက သုံသပ်ပြထားပါတယ်။
အမှန်တော့ န အ ဖ စစ်အာဏာရှင် လူတစ်စုထင်တိုင်းကြဲလို့ရနေခြင်းဟာ တိုင်းရင်းသားမြန်မာလူမျိုးတွေ
ခေါင်းငုံ့ခံနေကြလို့ပါဘဲ၊အထူးတိုက်တွန်းလိုတာကတော့ မဟုတ်ရင်မခံကြပါနဲ့ အမှန်ကိုအမှန်အတိုင်းရဲရဲဝံ့ဝံ့ဖေါ်
ထုတ်ကြပါ၊ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ ကိုယ့်သာသနာ မပျောက်ပျက်ရေးအတွက်
အသက်နဲ့လဲပြီးကာကွယ်စောက်ရှောက်ကြပါ၊ညီညီညွတ်ညွတ်အတူတကွ
လက်တွဲပူးပေါင်းဆောင်ရွက်ကြပါ။ကိုယ်ကျိုးစွန့်အနစ်နာခံတဲ့စိတ်ဓာတ်တွေမွေးပြီး ဦးဇင်းတို့လိုချင်တဲ့
ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်လုပ်ကိုင်ကြဖို့အထူးတိုက်တွန်းလိုပါတယ်။
နိဂုံးချုပ်အနေနဲ့ဦးဇင်းပြောလိုတာကတော့ သုခါသံဃဿ သာမဂ္ဂီ သမဂ္ဂါနံ တပေါသုခေါ၊
သံဃဿ-သံဃာ့အဖွဲ့အစည်း၏ သာမဂ္ဂီ-ညီညွတ်ခြင်းသည်၊သုခါ-ချမ်းသာ၏၊သမဂ္ဂါနံ-ညီညွတ်ကြကုန်
သောသူတို့၏၊ တပေါ-တိုင်တိုင်ပင်ကျင့်ကြံကြိုးကုတ်အားထုတ်ကြခြင်းသည်၊သုခေါ-ချမ်းသာ၏၊ညီညွတ်လျှင်ချမ်း
သာ၏၊ညီညွတ်တဲ့သူတွေလုပ်တဲ့အလုပ်ကပို၍ချမ်းသာ၏၊ ဒါကိုအင်္ဂလိပ်လို Happy is the harmony
amonagst the sangha or association, Happy is the practice of those in harmony.လို့ခေါ်ပါတယ်၊
ဒါကြောင့်မို့လို့အဖွဲ့အစည်းလုပ်တဲ့ပုဂ္ဂိုလ်အားလုံးဟာ ညီညွတ်ဖို့လိုတယ်။ ညီညွတ်အောင်ကြိုးစားပြီး
န အ ဖ စစ်အာဏာရှင်လူတစ်စု မြန်မာနိုင်ငံမှာ အပီးသတ်ချုပ်ငြိမ်းသွားသည်အထိ
ဆန့်ကျင်ကန့်ကွက်ကြပါစို့လို့တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

ဒကာတို့ ကန့်ကွက်မဲကိုရဲရဲပြ စစ်ကျွှန်ဘ၀ ရုန်းထွက်ကြ။

အပြည့်အစုံဖတ်ချင်ရင်...

မလေးရှားမှဆန့်ကျင်ကန့်ကွက်ပွဲ

28-04-2008
သားစဉ်မြေးဆက်စစ်ကျွန်ဘ၀ရောက်မည့်နအဖရဲ
့အခြေခံဥပဒေကိုပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ကြ

အပြည့်အစုံဖတ်ချင်ရင်...

သာသနာ့ကာကွယ်ရေး ညွန့်ပေါင်းအဖွဲ့ချူပ် (မလေးရှား)

27-04-2008

အပြည့်အစုံဖတ်ချင်ရင်...

Tuesday, April 22, 2008

ကွန် မြူနစ်တရုတ်အစိုးရ ရဲ့ လူသတ်မူ့အားပေးသော ကိုယ်ကျိုးစီးပွားရှာ ပေါ်လစီ

22-04-2008

အာဖရိကနိုင်ငံတွေ မှာ ဆိုက်ကပ်ခွင့် မရတဲ့ တရုတ်အစိုးရ ရဲ့ ကုန်တင်သင်္ဘောကိုမြင်တွေ့ရစဉ်

အာဖရိကနိုင်ငံတွေ ဟာ စစ်လက်နက်တွေသယ်ဆောင်လာတဲ့ တရုတ်ကုန်တင်သင်္ဘောကို ဆိုက်ကပ် ရပ်နားဖို့ လက်မခံခဲ့ဘူးလို့ တရုတ်နိုင်ငံခြားရေးရာ ပြောခွင့် ရှိသူ ဂျန်ယုက အတည်ပြုပြော ကြားသွားခဲ့ ပါတယ်။
ကိုယ်ကျိုးစီးပွားတခုသာကြည့်ပြီး လူသတ်ဖို့ ဖြစ်အောင် အာဏာရှင်တွေကိုစစ်လက်နက်တွေ
ရောင်းချနေ တဲ့ ကွန်မြူ နစ်တရုတ်အစိုးရ ရဲ့ ကုန်တင်သင်္ဘောကိုအာဖိရိကဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ဖို့ အာဖိရိက နိုင်ငံတွေက လက်မခံဘဲ ငြင်း ပယ်ခဲ့ ကြပါတယ်။

ဒီ တရုတ်ကုန်တင်သင်္ဘောဟာ စစ်လက်နက်တွေ တင်ဆောင်လာပြီး လက်ရှိနိုင်ငံရေးတင်းမာမူ့ ဖြစ်ပွားနေပြီး အကြမ်းဖက်မူ့တွေ ဖြစ်ပွားလာနိုင်တဲ့ ဇင်ဘာဘွေနိုင်ငံ ကို ဦးတည်ခုတ်မောင်းလာတာဖြစ်ပါတယ်။ လက်ရှိ ဇင်ဘာဘွေ မှာနှစ်ပေါင်းများစွာ အုပ်ချူပ်နေတဲ့ အာဏာရှင် ရောဘတ်မူဂါဘီဟာ မကြာခင်က ပြုလုပ်ခဲတဲ့ရွေးကောက်ပွဲရလာဒ်ကို ထုတ်ပြန်ဖို့ ငြင်းဆန်နေတာကြောင့်၊ နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန်ခြင်း ခံနေရတာပါ။ အာဏာရှင် ရောဘတ်မူဂါဘီဟာ ရွေးကောက်ပွဲရလာဒ်ကို မထုတ်ပြန်ဘဲ၊ ပြန်လည်ရေတွက်ဖို့ ပြောနေတာကြောင့် ဇင်ဘာဘွေနိုင်ငံဟာ အစိုးရနှင့် အတိုက်အခံကြားနိုင်ငံရေးတင်းမာနေပြီး စိုးရိမ်ရတဲ့ အနေ အထားမှာရှိပါတယ်။

ဒီလိုအခြေအနေဆိုးတွေ ဖြစ်ပေါ်နေတာကြောင့် ဇင်ဘာဘွေ နိုင်ငံကို စစ်လက်နက် တွေတင်ပို့တာဟာ မသင့်တော်တဲ့ လုပ်ရပ်တခုလို့ အမေရိကန်အစိုးရ နှင့် နိုင်ငံတကာကဝေဖန်ခဲ့ ပြီး၊ ဆိုက်ကပ်ခွင့်မပေးဖို့ ကိုလည်း အမေရိကန်အစိုးရက အာဖိရိကနိုင်ငံ အားလုံးကိုပန်ကြားခဲ့ပါတယ်။ ဇင်ဘာဘွေနိုင်ငံ ဟာ ကုန်းပိတ်နိုင်ငံဖြစ်တာကြောင့်အိမ်းနီးချင်း အာဖိရိကနိုင်ငံတွေအပေါ် ရေကြောင်းလမ်းကို မှီခိုနေရတာပါ။

တောင်အာဖရိက နှင့် မိုဇန်ဗစ် နိုင်ငံတွေက ဒီ စစ်လက်နက်ပစ္စည်းတွေတင် ဆောင်လာတဲ့ တရုတ် ကုန်တင်သင်္ဘောကို ဆိုက်ကပ်ခွင့်မပေးဖို့ခဲ့လို့ ၊ အင်ဂိုလာ နိုင်ငံ မှာရှိတဲ့ လ၀မ်းဒါ ဆိပ်ကမ်း ဦးတည်ခုတ်မောင်းနေပါတယ်။ ဆိုက်ကပ်ခွင့်ရမရ ကတော့အခုထိမသိရသေးပါဘူး။ အကောင်းဆုံးကတော့ တရုတ်ပြည်ပြန်မောင်းဖို့ စဉ်းစားနေကြတယ်။ တရုတ်အစိုးရ ရဲ့ နိုင်ငံခြားရေးရာ ပြောခွင့် ရှိသူ ဂျန်ယုကတော့ ဒီလိုဆုံးဖြတ်မူ့ဟာ သင်္ဘောကုမ္ပဏီ ပေါ်မူတည်ပါတယ်လို့ဆိုတယ်။

အပြည့်အစုံဖတ်ချင်ရင်...

အော်စကာဆုရ ဇာတ်ကား No Country For Old Men (ရုပ်ရှင်အညွှန်း)

22-04-2008
ရုပ်ရှင်ပြသချိန် ပြီးသွား၍ ရုံထဲမှ ပြန်ထွက်လိုက်သည်နှင့် ရင်ထဲတွင် ဘာမှ မကျန်ရစ်ခဲ့သော ရုပ်ရှင်ဇာတ်ကားများ ရှိသလို၊ ပဟေဠိပေါင်း များစွာ၊ အတွေးပေါင်း များစွာ၊ မေးခွန်းပေါင်း များစွာဖြင့် နောက်တခါ ပြန်ကြည့်ဖြစ်ချင်အောင် ပရိသတ်ရင်ကို စွဲနစ်စေခဲ့သည့် ဇာတ်ကားပေါင်း များစွာလည်း ရှိခဲ့ပါသည်။ ဒါရိုက်တာ စတီဗင်စတီးဘာ(ဂ်) ၏ Schindler’s list ဇာတ်ကားဆိုလျှင် စစ်အစိုးရမှ ရုံတင်ပြသခွင့် မပြုခဲ့သည့်အပြင် ပြင်ပ အခွေအငှားဆိုင်များတွင်လည်း ငှားရမ်းပြသခြင်း မပြုရန် တားမြစ်ခဲ့သည်။

ထိုစဉ်က မြန်မာနိုင်ငံတွင် VCD/DVD/LD များ ထွန်းကားခြင်း မရှိသေးဘဲ VHS Tape ကာလသာ ရှိသေးသည်။ အခွေ အငှားဆိုင်များကလည်း ခိုးကြောင်ခိုးဝှက် ငှားရမ်း၍ ကြည့်သူများကလည်း ခိုးကြောင်ခိုးဝှက် ကြည့်ရသည့် ကာလဖြစ်သည်။ နာဇီ ဂျာမဏီတို့၏ ဖိနှိပ် ညှဉ်းပန်းမှုများ၊ သနားညှာတာ ကင်းမဲ့ပုံများကို မြန်မာပြည်သူများက ရုပ်ရှင်အဖြစ်သာ မြင်ကြရသော်လည်း ဒါရိုက်တာ၏ ရိုက်ကူးတင်ဆက်ပုံ ပြောင်မြောက်သောကြောင့် ထိုအဖြစ်မှာ မိမိရှေ့ ပြင်ပ၌ပင် လက်တွေ့ကျကျ မျက်ဝါးထင်ထင် တွေ့မြင်ရသကဲ့သို့ တောက်’တခေါက်ခေါက်နှင့် အခဲမကျေ ဖြစ်ခဲ့ကြရသည်။

ရုပ်ရှင်အနုပညာ အတတ်ပညာဖြင့် ကျနော်တို့ မမြင်လိုက်၊ မတွေ့လိုက်၊ မကြားလိုက် ရသည်များမှာလည်း ပြန်လည်၍ ကြားရ၊ မြင်ရသည်မှာ အစစ်မဟုတ်သော ကမ္ဘာ (Virtual World) ဆိုပေမယ့် တကယ့်ကမ္ဘာ (Real World) ထက်ပင် ရင်ထဲသို့ ဝင်လာပုံမှာ နက်ရှိုင်းလှပေသည်။ Brave Heart ဇာတ်ကားထဲမှ မြေကြီးတွင် ထိုးစိုက်ရင်း လှုပ်ရမ်းနေသည့် စကော့ဓားရှည်သည် နိုင်ငံတကာမှ တော်လှန်ရေးသမားများ၏ ရင်ဘတ်ကိုပင် လှုပ်ခါနိုင်စွမ်း ရှိခဲ့ပေသည်။ မြန်မာရုပ်ရှင် ဇာတ်ကားများ ရုံပြည့်ရုံလျှံ အားပေးကြသည်မှာ မကြားရတာ ကြာလှသည့် သတင်းတပုဒ် ဖြစ်နေသော်လည်း နိုင်ငံခြား ဇာတ်ကားများ (ဥပမာ - ဂျော်နဒပ်၊ ကီယာနိုက်တလေတို့ ပါဝင် သရုပ်ဆောင်ထားသည့် Pirates Of Caribbean: At World’s End ဇာတ်ကားဆိုလျှင် နေပြည်တော်နှင့် ရှေ့ဆောင် ရုပ်ရှင်ရုံ နှစ်ရုံစလုံးတွင် ပြိုင်တူပြသခဲ့ရာ ပရိသတ်မှာ တိုးမပေါက် ရှိခဲ့သည်) မှာ ပြသချိန်နီးမှ လာရောက်ကြည့်ရှုလျှင် မှောင်ခိုလက်မှတ်ပင် ရှာမရချေ။ လွန်ခဲ့သော နှစ်ကာလများတွင် ဘဝသရုပ်ဖော် ဒရမ်မာနှင့် ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းများဖြစ်သည့် Titanic, Gladiator, Beautiful Mind စသည့် ဇာတ်ကားများ အော်စကာဆု ရရှိခဲ့သော်လည်း ၂ဝဝ၄ ခုနှစ် Lord Of The Ring: Return of the King ဇာတ်ကားများကို အော်စကာဆုပေါင်း ၁ဝ ဆု ပေးလိုက်ခြင်းမှ အစပြု၍ သဘာဝလွန် ရုပ်ရှင်ဇာတ်ကားများနှင့် အထူးပြု ဖန်တီးချက်များ ထည့်သွင်း ရိုက်ကူးထားသော ဇာတ်ကားများမှာလည်း အော်စကာဆုများ ရရှိခဲ့ကြသည်။

မျက်မှောက်ဘဝ အမေရိကန် လူ့အဖွဲ့အစည်းအနေနှင့် ယဉ်ကျေးမှုပဋိပက္ခများကို ရိုက်ကူးပြသည့် Babel, Crash စသည့် ဇာတ်ကားများမှာလည်း အော်စကာဆု ရရှိလာသကဲ့သို့ ရာဇဝတ်မှုနောက်ခံ မြေအောက် လူ့အဖွဲ့အစည်း လောကနှင့် ဆက်စပ်နေသည့် အခြေအနေများကို ရိုက်ကူးပြသခဲ့သည့် Crash ဒါရိုက်တာ မာတင်စကော့ဆက်ဇီ ၏ The Departed ယခုနှစ်တွင် No Country For Old Men ဇာတ်ကားမှာ အော်စကာဆု ရရှိခဲ့သည်။ No Country For Old Men ဇာတ်ကားမှာ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး ဇာတ်ကားဆုနှင့် အကောင်းဆုံး သရုပ်ဆောင်ဆု အပါအဝင် ဆုပေါင်း ၄ ဆု ဆွတ်ခူးခဲ့သည်။ ဟောလိဝုဒ် ဇာတ်ကားများ နှစ်သက်သည့် မြန်မာရုပ်ရှင် ဝါသနာအိုးများအတွက် မတ်လက ကျင်းပခဲ့သည့် အကြိမ် ၈ဝ မြောက် အော်စကာဆုပေးပွဲတွင် အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် ဆု ၄ ဆု ဆွတ်ခူးခဲ့သည့် No Country For Old Men ဇာတ်ကားကို မဇ္ဈိမ အင်တာနက် စာမျက်နှာကနေ ပရိသတ်အတွက် မိတ်ဆက် ပေးလိုက်ပါသည်။

အမေရိကန်စာရေးဆရာ ကော်မက် မက်ကာသီ၏ အမည်ရှိ နာမည်ကျော်ဝတ္ထုကို Joel & E Than Coen ညီနောင်က တော်မီလီဂျုံး၊ ဂျော(ရှ်) ဘရိုလင်၊ ဂျေဗီယာဘာဒင်တို့ ပါဝင် သရုပ်ဆောင်ထားကြသည်။ လက်မရွံ့ လူသတ်သမား ဘန်တွန်ဂျီဂါအဖြစ် သရုပ်ဆောင်ထားသည့် မင်းသား ဂျေဗီယာဘာဒင်မှာ စပန်းနစ်(ရှ်) ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင် သရုပ်ဆောင်ခဲ့ဖူးပြီး၊ ၁၉၉ဝ ပြည့်နှစ်ကတည်းက မင်းသမီး ပယ်မီလု(ပ်) ခရု(ဇ်)နှင့် Jamon အမည်ရှိ ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့ဖူးသည်။ ကိုလံဘီယာ စာရေးဆရာ ဂေဘရီယယ်ဂါဇီယာ မားကွတ်(ဇ်)၏ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးသည့် Before Night Falls အမည်ရှိ ဇာတ်ကားဖြစ်သည်။

မကြာခဏ ထောင်သွင်း အကျဉ်းချခြင်း ခံထားရသည့် ကျူးဘားကဗျာဆရာ ရီနယ်(လ်)ဒိုအရီနာ၏ ဘဝကို သရုပ်ဆောင်ထားသည့် ဂျေဗီယာဘာဒင်မှာ ထိုဇာတ်ကားဖြင့် ကိန်း(စ်) ရုပ်ရှင်ပွဲတော်တွင် ထူးချွန်ဆု ရရှိခဲ့သည်။ (ရီနယ်(လ်)ဒို အရီနာမှာ ၁၉၈ဝ ခုနှစ်တွင် ကျူးဘားနိုင်ငံကို စွန့်ခွာခဲ့ပြီး နယူးယောက်တွင် အခြေချနေထိုင်ကာ ၁၉၉ဝ တွင် AIDS ဝေဒနာနှင့် ကွယ်လွန်ခဲ့သည်။) ဝါရင့်သရုပ်ဆောင် တော်မီလီဂျုံးက ဒေသခံရဲအရာရှိ တွမ်ဘဲ(လ်)အဖြစ် သရုပ်ဆောင်ထားသည်။

မင်းသား ဂျော့(ရှ်)ဘရိုလင်က သမင်ချိုများကို စုဆောင်း ရောင်းချသူအဖြစ် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ငွေကြေး အရှုပ်တော်ပုံတွင် ပါဝင်လာရသူအဖြစ် သရုပ်ဆောင်ထားသည်။

မက္ကဆီကိုနှင့် နယ်စပ်ချင်း ကပ်လျက်ရှိသော အနောက်ပိုင်း တက္ကဆက် ပြည်နယ်တွင် ၁၉၈ဝ ပြည့်လွန်နှစ်များက မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများနှင့် လက်မရွံ့ လူသတ်သမားများ၊ ငွေကြေးအတွက်ဆိုလျှင် စိတ်အပြောင်းအလဲ မြန်သည့် ရဲအရာရှိများ အကြောင်းကို ခြယ်မှုန်းထားခြင်း ဖြစ်သည်။ ထိုဇာတ်ကားဖြင့် အော်စကာဆု ရရှိသွားခဲ့သည့် မင်းသား ဂျေဗီးယာ ဘာဒင်မှာ ဇာတ်လမ်းအရ ဗီလိန်ထက်ဆိုးသည့် ရုပ်ရှင်ပြဇာတ်အခေါ် Antagonist ဆိုသည့် ရွံ့ရှာမုန်းတီးဖွယ်ရာ ဇာတ်ရုပ်ကို သရုပ်ဆောင်သွားခဲ့သည်။

လက်မရွံ့ လူသတ်သမားတယောက်၏ အပြုအမူမျိုးနှင့် သရုပ်ဆောင်သွားပုံကြောင့် No Country For Old Men ဇာတ်ကားကို လူကြိုက်များစေခဲ့သည်။ ထိုဇာတ်ကား၏ အစမှာပင် အန်တွမ်ချီဂါ (ဂျေဗီယာဘာဒင်) မှာ သူ့ကို ဖမ်းဆီးထားသည့် ရဲတယောက်ကို သတ်ဖြတ်ပြီး ရဲကားကို ခိုးယူ ထွက်ပြေးခဲ့သည်။ အဝေးပြေးလမ်းမတွင် ကားပိုင်ရှင် အဖိုးအိုတယောက်ကို သတ်ပစ်ပြီး ထိုသူ၏ ကားကို ယူကာ ခရီးဆက်ခဲ့သည်။

သမင်ချိုများကို စုဆောင်းရောင်းချသူ လီဝီလင်မော့(စ်) (ဂျော့ရှ်ဘရိုလင်) မှာ တနေ့တွင် သမင်ချိုများ ရရှိဖို့အတွက် အမဲလိုက်ရာမှ ရီယိုဂရန်တီ အရပ်တွင် မူးယစ်ဆေးဝါး ဂိုဏ်းအချင်းချင်း ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားသောနေရာတွင် သေနတ်ဒဏ်ရာနှင့် အလောင်းများအပြင် ဒေါ်လာနှစ်သန်းနှင့် မူးယစ်ဆေးဝါးများကို တွေ့ရှိခဲ့ရာမှ သူ၏ ကံကြမ္မာလည်း အလှည့်အပြောင်း ဖြစ်လာခဲ့သည်။

အမဲလိုက်သမားအဖြစ်မှ နေ့ချင်းညချင်း သန်းကြွယ်သူဋ္ဌေး ဖြစ်ခဲ့ရသော်လည်း သူ့လက်ထဲမှ ငွေနှင့် ဘိန်းဖြူများကို ပြန်လည် ရယူရန်အတွက် မူးယစ်မှောင်ခိုဂိုဏ်းမှ လက်မရွံ့ လူသတ်သမား အန်တွန်ချီဂါနှင့် မက္ကဆီကန် လက်မရွံ့ လူသတ်သမားများကို ငှားရမ်းထားပြီး ဖြစ်သည့်အတွက် ဇနီးဖြစ်သူနှင့်အတူ ရပ်ခြားမြေခြားတွင် ဇာတ်မြှုပ်နေထိုင်ရန် ကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဒုစရိုက် မှုခင်းများနှင့် မူးယစ်ဆေးဝါး ဂိုဏ်းများကို အမြစ်ပြတ် ချေမှုန်းရန် ကြံစည်နေသော အငြိမ်းစားယူတော့မည့် ရဲအရာရှိ တွမ်ဘဲ(လ်)မှာလည်း ဒေါ်လာနှစ်သန်း၊ ဘိန်းထုပ်များကြောင့် ဖြစ်ပွားခဲ့သော ရာဇဝတ်မှုများနောက် ခြေရာခံလိုက်ရင်း မုဆိုးတလှည့်၊ သားကောင်တလှည့် ဖြစ်ခဲ့ရသည်။

No Country For Old Men ဇာတ်ကားတွင် လောဘရမက်၊ ငွေကြေး၊ မူးယစ်ဆေးဝါးနှင့် မသမာမှုများကြောင့် မုဆိုးက သားကောင်၊ သားကောင်က မုဆိုး၊ လိုက်သူမှ ပြေးသူ၊ ပြေးသူမှ လိုက်သူအဖြစ် မောဟ ဝင်္ကပါအတွင်း ကျင်လည်ရသည့် လူသားတို့၏ မိုက်တွင်းနက်ပုံများကို ရှုစားရမည်ဖြစ်ပြီး မိမိအသက်နှင့် ခန္ဓာအတွက် သူတပါးကို စတေးရာမှ “သူ့အသက် သတ်ရင်းတန်းလန်းနှင့် ငါပါ သေသည်” ဆိုသည့် စကားလိုမျိုး ဘဝတွေကို တွေ့မြင်ရမည် ဖြစ်သည်။ လူ့အဖွဲ့အစည်း အတွင်းမှ ဖြစ်ရပ်မှန်များကို အခြေခံထားသော်လည်း ယခင်နှစ်များတွင် ထိုကဲ့သို့ ဇာတ်ကားများကို အကောင်းဆုံး ဇာတ်ကားဆုအတွက် ရွေးချယ်လေ့ မရှိသော်လည်း ယခုဆိုလျှင် Crime-Drama ဇာတ်ကား အမျိုးအစားဖြစ်သည့် Crash, The Departed နှင့် No Country For Old Men ဇာတ်ကားများကို အကောင်းဆုံး ဆုပေးခဲ့သည်မှာ သုံးနှစ်ဆက်တိုက် ရှိခဲ့ပြီ ဖြစ်သည်။

ဒါရိုက်တာ Coen ညီနောင်မှာ ၁၉၈၅ ခုနှစ်က ပွဲဦးထွက်ဇာတ်ကား Blood Simple နှင့် အောင်မြင်မှု ရရှိလာခဲ့ခြင်း ဖြစ်သည်။ လူ့အဖွဲ့အစည်း အတွင်းမှ မနှစ်မြို့ဖွယ်ရာ ဖြစ်ရပ်များကို ရုပ်ရှင်အဖြစ် တင်ဆက်ထားသော်လည်း သဘာဝ ရှုခင်းအလှများနှင့် လူတို့၏ စရိုက်သဘောများကြောင့် ဖြစ်ပွားရသည့် ဘေးထွက်ဆိုးကျိုးများ၊ သမရိုးကျ ရုပ်ရှင် ရိုက်ကူးတင်ဆက်နည်း ပညာမှ ခွဲထွက်လာသည့် ရိုက်ကူးမှု နည်းပညာများကြောင့်လည်း အကောင်းဆုံး ဒါရိုက်တာဆု ရရှိလာခဲ့ခြင်းပင် ဖြစ်သည်။

အပြည့်အစုံဖတ်ချင်ရင်...

နအဖ နိုင်ငံခြားရေးဝန်ကြီး Vote Yes စည်းရုံးရေးဆင်း Print

22-04-2008
နယူးဒေလီ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးရန် နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကိုယ်တိုင် ယခုလ ၁၃ ရက်နေ့က ပဲခူးတိုင်း ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လှည့်လည်ကာ စည်းရုံးရေး ဆင်းခဲ့သည်။

နအဖ ဝန်ကြီးက ဇီးကုန်းမြို့၏ အရှေ့ဘက် ရွာဝိုင်းကြီးရွာ၊ မယင်းရွာနှင့် အနောက်ဘက်တွင် တည်ရှိသော သစ်နဖားရွာ၊ လယ်တွင်းရွာ၊ ကန်ညီအကို ရွာတို့ကို လှည့်လည်ကာ ဒေသအာဏာပိုင်များနှင့် ဒေသခံများကို ထောက်ခံမဲပေးရန် စည်းရုံးခဲ့ခြင်း ဖြစ်သည်။

“သူက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ နှစ်ပေါင်းများစွာ ရေးဆွဲလာခဲ့တာမို့ ပျက်သွားခဲ့ရင် နောင် ရေးဖို့ဆိုတာ အကြာကြီး ဖြစ်မယ်။ နောက်ပြီး ဒီဟာကို ကြိုးစားပြီး ရေးထားတာမို့ အားလုံးက ထောက်ခံမဲ ထည့်ပေးဖို့ တိုက်တွန်းပါတယ်ဆိုပြီး ပြောသွားတယ်” ဟု ဇီးကုန်းမြို့ခံ ဈေးသည်တဦးက ပြောသည်။

ဦးဉာဏ်ဝင်းက လယ်တွင်းရွာရှိ အလယ်တန်းကျောင်း ပြန်လည် ပြုပြင်ရန်အတွက် သူ့ကိုယ်ပိုင်ငွေ ကျပ်သိန်း ၄ဝ လှူဒါန်း သွားခဲ့သေးသည်။

ယခုလို ဝန်ကြီးကိုယ်တိုင် ကျေးရွာများအထိ လှည့်လည်ကာ၊ ငွေကြေး လှူဒါန်းသည့်အပေါ် ဒေသခံ ရွာသားများနှင့် ဇီးကုန်းမြို့ခံများက သံသယ ဖြစ်နေကြသည်။

“အခွင့်အရေး တခုခုရှိလို့ လာတာပေါ့။ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ချင်ရင် နဂိုကတည်းက လာမှာပေါ့။ အခုဟာက ဆန္ဒခံယူပွဲအတွက် မျှော်လင့်ပြီး လာတာနေမှာပေါ့။ စည်းရုံးရေး ဆင်းနေတာပေါ့လေ” ဟု ဇီးကုန်းမြို့ခံ နောက်တဦးက ပြောသည်။

ဦးဉာဏ်ဝင်းမှာ ဇီးကုန်းမြို့နယ် အနောက်ဖက်ရှိ ကန်ညီအကိုရွာ ဇာတိဖြစ်သည်။

ဧပြီလ ၅ ရက်နေ့ကလည်း နအဖ စွမ်းအင်ဝန်ကြီး ဦးလှမြင့်ကိုယ်တိုင် ပဲခူးတိုင်း နတ္တလင်းမြို့နယ်သို့ လာရောက်ကာ အနီးအနား မြို့နယ်များဖြစ်သည့် ပေါင်းတည်၊ ဇီးကုန်း၊ ကြို့ပင်ကောက်တို့မှ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ခေါင်းဆောင်များ၊ မယက အာဏာပိုင်များကို ခေါ်ကာ ထောက်ခံမဲ ထည့်ကြရန် လမ်းညွှန်မှာကြား သွားခဲ့သေးသည်။

နအဖ ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းစာအုပ်သည် ယနေ့မှသာ ဇီးကုန်းမြို့၌ တအုပ်လျှင် ၁ဝဝဝ ကျပ်နှုန်းဖြင့် စတင်ရောင်းချနေပြီ ဖြစ်သော်လည်း ဝယ်သူ နည်းပါးနေသည်။

“ကျနော်တို့နယ်မှာတော့ ၁ဝဝဝ ဆိုတာ နည်းနည်းများတယ်လေ။ တော်ရုံတန်ရုံလူတွေက ဘယ်ဝယ်ကြမလဲ။ မဝယ်ကြဘူး။ ဝယ်တဲ့လူ နည်းတယ်” ဟု ဇီးကုန်းမြို့ခံ ဈေးသည်က ပြောသည်။

အပြည့်အစုံဖတ်ချင်ရင်...

22-04-2008
Venerable Monk U Uttaha has received "Bindman’s Law and Campaigning Award"
for the behalf of U Gambira and Monks of Burma.





Bindman’s Law and Campaigning Award

This award is given to lawyers or campaigners who have fought repression, or have struggled to change political climates and perceptions. Special attention is given to people using or establishing legal precedents to fight injustice.

About U Gambira
(from www.burmadigest.info)

U Gambira, the 29-year old leader of the All-Burma Monks’ Alliance that spearheaded nationwide protests in Burma in September, became a fugitive following the deadly Sept. 26-27 crackdown on protesters in Burma. He made important announcements to the world outside Burma about the alliance’s aims and in a climate of fear and arrests of pro-democracy activists, became one of the new leaders of Burma’s freedom movement.


U Gambira led the life of a monk until summer 2007, dedicating his life to religious study and working compassionately for the benefit of all people. Following the SPDC/USDA/SAS attacks on monks in Pakkoku, U Gambira became involved with what we now call the ‘Saffron Revolution’. His actions and those of his fellow monks brought the world’s attention to the protests in Burma, and gave enormous impetus to the pro-democracy movement inside Burma and with the activist movements around the world. The SPDC saw him and the rest of the protest organisers (and participatants) as their enemy; He was targeted by the SPDC and went into hiding, his family taken hostage until he gave himself up.


U Gambira now languishes in a grim prison cell, and like other protesters beaten and tortured by sadistic SPDC minions. He is reported to be incarcerated at Insein prison and it seems likely that he will be charged with treason and given what amounts to a life sentence behind bars. It was these risks that U Gambira took on himself just a few months ago; he knew the risk, but acted on his conscience and his belief – a belief that non-violent protest and the power of prayer against guns and tanks will eventually win the freedom that the people of Burma so desperately need.

U Gambira acted not for personal gain, or to better himself, or out of any wish for political power; he acted out of compassion and humility and a great love for his fellow man, in a manner true to the fundamental calling of the Sangha. He very deservedly receives our nomination as ‘Person of the Year 2007 in Burma.’


The Alliance of All Burmese Buddhist Monks/ All Burma Sangha Coalition

Describing themselves as The Alliance of All Burmese Buddhist Monks, the author of a widely distributed leaflet gave the military government until September 17 to issue an apology for its brutal suppression of demonstrating monks in Pakkoku by police, soldiers and pro-government paramilitary thugs. When the junta failed to apologize, the alliance urged all Buddhist monks in the country to hold a “patam nikkujjana kamma”—a boycott of alms from members of the military regime and its supporters. The call prompted tens of thousands of monks and civilians around Burma to stage the largest protest marches against the military government in nearly 20 years, calling for better living conditions for the people and national reconciliation.


When the protests began, no one knew the identity of the leaders of the monks’ alliance. However, the Burmese people heard from some of the leaders of the underground network when they gave telephone interviews to overseas radio stations. U Gambira, U Obhasa, U Khemeinda and U Zakada are now household names. All went into hiding when the crackdown began.


Unfortunately, in early November U Gambira was arrested at his hiding place in Kyaukse in central Burma. His brother and father were taken hostage in October in an exchange for U Gambira turning himself in. However, his brother and father have yet to be freed. The 29-year-old leading monk has been charged with treason by the Burmese junta, according to his family. The punishment for treason is a life sentence or death.
ကိုထိုက်

အပြည့်အစုံဖတ်ချင်ရင်...

Saturday, April 12, 2008

အရင် ဒိုင်, အခု ထိုးသား(၀င်းပေါ်မောင်)

12-04-2008

ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် အနှစ်သာရအားဖြင့် စစ်အစိုးရ ဖြုတ်ချရေး ပြည်လုံးကျွတ် ဆန္ဒပေးပွဲ အဖြစ်သို့ တရွေ့ရွေ့ အသွင်ပြောင်းလာနေပြီ ဖြစ်သည်။
မြန်မာ့နိုင်ငံရေးဖြစ်စဉ်များကိုကြည့်လျှင် စစ်တပ်မှ လွှမ်းမိုးချုပ်ကိုင်လုပ်ဆောင်သည့် ကိစ္စရပ်တိုင်း၌ ပြင်ပအသွင်သဏ္ဌာန်နှင့် အတွင်းအနှစ်သာရတို့ အမြဲတစေ ကွဲပြားနေလေ့ ရှိသည်ကို တွေ့နိုင်ပါသည်။ အရေးပါသည့် ကိစ္စရပ်များ ဖြစ်သည့် ၁၉၅၈, ၁၉၆၂, ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းမှုများ၊ ၁၉၆၀, ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲများနှင့် ၁၉၇၃ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတို့တွင် အသွင် နှင့် အနှစ် ကွဲပြားနေသည်ကို အထင်အရှား တွေ့မြင်နိုင်ပါသည်။

စစ်တပ်က အာဏာသိမ်းမှုတိုင်းတွင် `ယိုယွင်းနေသော တိုင်းပြည်အခြေအနေအရ မလွှဲမရှောင်သာ အာဏာယူရခြင်း´ ဖြစ်ကြောင်း မွဲပြာပုဆိုး အကြောင်းပြချက်ကို ထပ်တလဲလဲ ပေးခဲ့မြဲ ဖြစ်သည်။ အမှန်မှာ `အာဏာ´ကို လိုချင်၍ `သိမ်း´ခြင်းသာ ဖြစ်ပါသည်။

စစ်တပ်က လုပ်ပေးသော ပါတီစုံ ရွေးကောက်ပွဲများတွင် လွတ်လပ်၍ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရန် ကြီးကြပ်ပေးသည်ဟု အသံကောင်းဟစ်သော်လည်း၊ လက်တွေ့တွင် စစ်တပ်က ၄င်းတို့ လိုလားသည့်ဘက်မှ ပင်းခဲ့မြဲ ဖြစ်သည်။

တပါတီစနစ်ကျင့်သုံးမည့် အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာ ပြိုင်ဘက်မရှိဘဲ တယောက်တည်း ဟန်ရေးပြသည့် `လုပ်ပွဲ´တခုသာ ဖြစ်ပါသည်။

သို့ရာတွင် စစ်တပ်က ဘယ်လိုပင် အကြောင်းပြပြ၊ ဘယ်လောက်ပင် အသံကောင်းဟစ်ဟစ် မြန်မာလူထုက အသွင်နှင့် အနှစ်ကို ကောင်းစွာ ခွဲခြား နားလည်ပြီးသား ဖြစ်သည်။ ချက်ဆို နားခွက်က မီးတောက်ပြီး ဖြစ်သည်။ စကားလုံး အကြီးအကျယ် အလှအပများနှင့် ဘယ်လိုပင် တန်ဆာဆင် ပြောနေစေကာမူ အတွင်းအနှစ်သာရကို ဇတ်ခနဲ ဆွဲထုတ် ကောက်ယူပြီး ဖြစ်သည်။

မေလတွင် ကျင်းပမည်ဟု ကြေညာထားသည့် အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ၏ အနှစ်သာရကိုလည်း မြန်မာလူထုက အတော်စောစောကပင် ကောက်ယူပြီး ဖြစ်သည်။ စစ်တပ် လုပ်ဆောင်ချက်အပေါ် မြန်မာလူထု၏ ဘာသာပြန်ချက်က နိုင်ငံရေး ဆန်ချင်မှ ဆန်မည်။ သို့သော် ရှင်းလင်းသည်။ စကားလုံး လှချင်မှ လှမည်။ သို့သော် တိကျသည်။

ဆန္ဒခံယူပွဲကို လူထု အဓိပ္ပာယ်ဖွင့်ပုံက “ဒါ သူတို့ ဆင်းမပေးဖို့ လုပ်တာ” ဟူ၍ ဖြစ်ပါသည်။

၁၉၉၀ ဒိုင်

ဗိုလ်နေ၀င်း ဦးဆောင်သည့် အိမ်စောင့်အစိုးရက ၁၉၆၀ ဖေဖော်ဝါရီလတွင် `တတိယအကြိမ် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲ´ ကို ၄၇ အခြေခံဥပဒေနှင့်အညီ ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ဒိုင်ဖြစ်သည့် အိမ်စောင့်အစိုးရ (စစ်တပ်) က တည်မြဲဖဆပလ ဘက်မှ ပင်းခဲ့သည်။ ယင်းသို့ ပင်းခဲ့ကြောင်း သက်သေထူသည့်အချက်မှာ ရွေးကောက်ပွဲအတွင်း မသမာမှုများတွင် တာဝန်ရှိသည်ဟုဆိုကာ တပ်မှူးကြီး ၁၃ ယောက်ကို ဗိုလ်နေ၀င်းက ဖြုတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။

၁၉၉၀ တွင် ဗိုလ်စောမောင် ဦးဆောင်သည့် န၀တ စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲမှာ အခြေခံဥပဒေ တခုမျှ မရှိသည့် အခြေအနေတွင် ကျင်းပခြင်း ဖြစ်သည်။ ထိုရွေးကောက်ပွဲကို ၁၉၄၇ ကကဲ့သို့ `တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ´ ဟုလည်း အတိအလင်း မဆိုထား။ အာဏာလွှဲပြောင်းရေးကိုလည်း တိတိကျကျ မပြဋ္ဌာန်းထား။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေတွင် “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။” ဟူ၍ ပြဋ္ဌာန်းထားသော်လည်း လွှတ်တော် ခေါ်ယူရေးအတွက် အချိန်ကာလ တိတိကျကျ မသတ်မှတ်ထား။

ထိုသို့ ပျော့ကွက်များ ရှိနေသော်ငြား န၀တ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်က “ပါတီစုံ ရွေးကောက်ပွဲ ပြီးရင် ဘာလုပ်ကြမလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဖို့ပဲ ဖြစ်တယ်။ … အခြေခံ ဥပဒေကို အရွေးခံရတဲ့ ပါတီအဖွဲ့အစည်းတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီး လုပ်ကြရမယ့် ကိစ္စ” ဟူ၍ ရွေးကောက်ပွဲ မတိုင်မီကရော ရွေးကောက်ပွဲ အပြီးတွင်ပါ ကမ္ဘာသိ ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲအပြီး နှစ်လအကြာတွင် ထုတ်ပြန်သည့် ၁/၉၀ ကြေညာချက်တွင် စစ်အစိုးရက လွှတ်တော်ခေါ်ယူပေးရေးကို တာဝန်ခံပြီး၊ လွှတ်တော်ကိုယ်စားလှယ်များက အခြေခံဥပဒေ ရေးဆွဲရေးကို တာဝန်ယူရန် ထပ်မံ အတည်ပြုခဲ့သည်။

ထိုအချက်များအရ စစ်အစိုးရက မိမိကိုယ်ကိုယ် အိမ်စောင့်အစိုးရကဲ့သို့ သဘောထားကာ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ ပြည်သူလူထု အများစုကလည်း ဤသို့ပင် ရှုမြင်ခဲ့ကြပါသည်။ စစ်အစိုးရက ဒိုင် ဖြစ်သည်။

စစ်အစိုးရက ဒိုင်နေရာကို ယူခဲ့သော်လည်း ကစားပွဲကို အဆုံးသတ်အောင် မဆောင်ရွက်ပါ။ အကြောင်းမှာ ထွက်ပေါ်လာသည့် ရွေးကောက်ပွဲ ရလဒ်က မိမိလိုလားသည့်အတိုင်း မဟုတ်တော့၍ ဖြစ်ပါသည်။ စစ်အစိုးရအနေနှင့် ရွေးကောက်ပွဲတွင် ဘယ်ပါတီမှ ပြတ်ပြတ်သားသား အနိုင်ရလိမ့်မည် မဟုတ်ဟု တထစ်ချ တွက်ဆထားခဲ့ပုံ ရပါသည်။ ပါတီများအချင်းချင်း အားပြိုင်နေလျှင် စစ်တပ်က အဆုံးအဖြတ်ပေးနိုင်သည့် အုပ်စု ဖြစ်လာမည်ဟု ထင်မြင်ထားပုံ ရပါသည်။ သို့မဟုတ် စစ်တပ် ထောက်ခံသည့် ပါတီက အသာစီးရလာမည်ဟု ယူဆထားပုံ ရပါသည်။ ထိုယူဆချက်မှာ ဗိုလ်နေ၀င်း၏ အိမ်စောင့်အစိုးရခေတ် ယူဆချက်နှင့် ထပ်တူနီးပါး ဖြစ်ပါသည်။

ဗိုလ်နေ၀င်းခေတ် ရွေးကောက်ပွဲတွင် သိသိသာသာ ဘက်လိုက်ခဲ့သည့်တိုင် စစ်တပ်အားပေးသည့် ဘက်က ခွက်ခွက်လန်အောင် ရှုံးခဲ့သည်။ ဗိုလ်စောမောင်ခေတ် ရွေးကောက်ပွဲတွင်လည်း စစ်တပ် လိုလားသည့်ဘက်က ခွက်ခွက်လန်အောင် ရှုံးခဲ့ပြန်သည်။

ဘက်လိုက်၍ မနိုင်သောအခါ ဗိုလ်နေ၀င်းသည် နောင်နှစ်နှစ်အကြာတွင် အာဏာသိမ်းခဲ့သည်။ လိုလားသည့်ဘက်က မနိုင်သောအခါ ဗိုလ်စောမောင်သည် လွှတ်တော်ခေါ်ပေးရန် ငြင်းဆန်လိုက်တော့သည်။

ထိုရွေးကောက်ပွဲ နှစ်ခုစလုံးတွင် ပြည်သူလူထုက စစ်တပ်လွှမ်းမိုးမှုကို မလိုလားကြောင်းနှင့် ဒီမိုကရေစီကိုသာ လိုလားကြောင်း ထင်ထင်ရှားရှား ဖော်ပြခဲ့သည်။ သို့ရာတွင် ပြည်သူလူထု ဆန္ဒနှစ်ခုစလုံးကို စစ်တပ်က ဆန့်ကျင် ပစ်ပယ်ထားဆဲ ဖြစ်သည်။

စစ်အစိုးရသည် မြတ်မလားလို့ ဒိုင်ကိုင်ခဲ့သည်။ သူဘက်လိုက်ထားသည့် ထိုးသားနှင့် ဝေစားမျှစား လုပ်ရန် ပြင်ဆင်ထားသည်။ သို့သော် ရလဒ်က သူလိုချင်သည့်အတိုင်း မဟုတ်တော့သောအခါ ယခု သူကိုယ်တိုင် ထိုးသား အဖြစ် ၀င်ရောက်လာတော့သည်။

၂၀၀၈ ထိုးသား

၉၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ပါတီစုံ ရွေးကောက်ပွဲများအနက် မဲလိမ် မဲခိုးမှု အကင်းရှင်းဆုံး ဖြစ်ခဲ့သည်။ ပါတီချင်း အုပ်စုချင်း ဥပဒေမဲ့ တိုက်ခိုက်မှုများ ကင်းစင်ခဲ့သည်။ စစ်တပ်နှင့် အာဏာပိုင်များ၏ အလွန်အကျူး ဖိအားပေးမှုများ လျော့နည်းသွားသည်။ သို့သော် လုံးဝ လွတ်လပ်၍ တရားမျှတသည်ဟုတော့ မဆိုနိုင်ပါ။ တင်းကျပ်သော အကန့်အသတ်များကြားမှ စည်းရုံးလှုပ်ရှားခဲ့ရခြင်း ဖြစ်ပါသည်။ သို့ရာတွင် ရွေးကောက်ပွဲကို အားလုံးက `လွတ်လပ်၍ တရားမျှတ´ သည်ဟု အသိအမှတ် ပြုခဲ့ကြပြီး၊ ရလဒ်ကိုလည်း တရားဝင် အတည်ပြုခဲ့သည်။

ထိုအချိန်က စစ်တပ်ပိုင်ပါတီ မရှိပါ။ စစ်တပ်ပိုင်ပါတီ အဖြစ်မှ ဈာန်လျောလာသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသာ ရှိပါသည်။ အာဏာကို လက်လွှတ်ခဲ့ရသည့် မဆလ တဖြစ်လဲ တစညပါတီသည် ငွေအင်အား လူအင်အား အတောင့်တင်းဆုံး ဖြစ်သည်။ အင်အားကြီးပါတီ ဖြစ်၍ ရွေးကောက်ပွဲတွင် အနိုင်ရမည်၊ သို့မဟုတ် အဓိက အတိုက်အခံ ဖြစ်လာမည်ဟု စစ်တပ်က တွက်ဆထားပုံရပါသည်။ ထိုသို့ ဖြစ်လာလျှင် တစညနှင့် စစ်တပ် လက်ချင်းချိတ်ထားနိုင်မည်။ စစ်တပ်အနေနှင့် ကိုယ်ပိုင်ပါတီ မရှိသော်လည်း မဟာမိတ်ပါတီ ရှိနေမည့် သဘောဖြစ်သည်။

သို့သော် သမိုင်းက ထိုသို့ မဖြစ်ခဲ့ပါ။ ဒိုင်ကိုင်သူ စစ်တပ်သဘောကို နောကျေအောင် သိနေသော လူထုက လွှတ်တော်အတွင်း ပါတီချင်းအားပြိုင်မှု မပေါ်ပေါက်လာစေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းကို ပုံအော၍ မဲပေးခဲ့သည်။ တစညမှာ သူရသည့်မဲများကို စုပေါင်းလိုက်လျှင် အဖွဲ့ချုပ်နောက်မှ ဒုတိယလိုက်သည် မှန်သော်လည်း အမတ်နေရာ ၁၀ ခုသာရ၍ လွှတ်တော်တွင်း၌ အတိုက်အခံနေရာကိုပင် မရနိုင်တော့ပါ။

ရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရသည် တစညနှင့် အိုးစားခွဲကာ၊ ထာဝရ အာဏာဆွဲကိုင်ရေး လမ်းစဉ်ကို သူ့နည်းသူ့ဟန်ဖြင့် စတင်ခဲ့တော့သည်။ ပါတီတခုခုနှင့် မဟာမိတ်လုပ်ကာ အာဏာခွဲစားမည့် လမ်းစဉ်မှ စစ်တပ်ကိုယ်တိုင် နိုင်ငံရေးနယ်တွင် လွှမ်းမိုးချုပ်ကိုင်ရေး လမ်းစဉ်သို့ ပြောင်းလဲခဲ့သည်။

“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” ဆိုသည့်အချက်ကို ပြောင်ပြောင်တင်းတင်း တောင်းဆိုလာသည်။ ဤအချက်ကို တောင်းဆိုနိုင်ရေးအတွက် `အမျိုးသားညီလာခံ´ကို ဇွတ်တရွတ် ဖန်တီးခဲ့သည်။ တချိန်တည်းမှာပင် တောင်းဆိုချက်ကို ထောက်ခံပေးမည့် `ကြံ့ဖွံ့´ကို စစ်တပ်ပိုင်အဖွဲ့အစည်း အဖြစ် မဟားဒရား တည်ဆောက်ခဲ့သည်။

နအဖသည် လွှတ်တော်ခေါ်ယူရေးကို ငြင်းဆန်၍ အမျိုးသားညီလာခံကို ကျင်းပနိုင်ရန် သုံးနှစ်မျှ အချိန်ယူခဲ့ရသည်။ ညီလာခံကို အတွင်းအပြင် ဖိအားပေးခြင်းနှင့် အချိန်ဆွဲဆန့်ခြင်း ဗျူဟာများဖြင့် ကိုင်တွယ်ခဲ့သည်။ စင်စစ် ၉၆ ခုနှစ်တွင် အဖွဲ့ချုပ် နုတ်ထွက်လိုက်ချိန်မှ စ၍ အမျိုးသားညီလာခံမှာ အသက်မရှိသော အဆာသွပ်ရုပ်လုံးသက်သက် ဖြစ်သွားပြီ ဖြစ်သည်။

ညီလာခံက လျှောမွေးလေး ဖြစ်သွားချိန်တွင် ကြံ့ဖွံ့က ဘီလူး ဖြစ်လာခဲ့သည်။ သို့နှင့် ၁၄ နှစ်အကြာတွင် စစ်အစိုးရ၏ တောင်းဆိုချက်သည် ညီလာခံ၏ အခြေခံမူအဖြစ် မွေးဖွားလာပြန်သည်။

ယခု အဆိုပါတောင်းဆိုချက်ကို လူထုဆန္ဒခံယူခြင်းသည် စစ်အစိုးရကိုယ်တိုင် `ထိုးသား´ ဖြစ်လာခြင်းပင် ဖြစ်သည်။ စစ်အစိုးရ ဒိုင်ကိုင်စဉ်က ပါတီများကို လွှတ်တော်သက်တမ်း `တကြိမ်စာ´ အတွက် ယှဉ်ပြိုင်ခိုင်းခဲ့သည်။ စစ်အစိုးရကိုယ်တိုင် ထိုးသားဝင်လုပ်သည့် ယခုအခါတွင် လွှတ်တော်သက်တမ်း `တသက်စာ´ အတွက် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ ပြင်ဆင်နေသည့် ဆန္ဒခံယူပွဲသည် ပြင်ပအသွင်သဏ္ဌာန်အားဖြင့် “ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး” ဖြစ်ပြီး၊ အတွင်းအနှစ်သာရအားဖြင့် “စစ်တပ်အုပ်ချုပ်မှုဥပဒေ အတည်ပြုရေး” ဖြစ်နေပါသည်။

ထိုးသားဖြစ်လာသည့် နအဖသည် အနိုင်ရရေးအတွက် နည်းလမ်းမျိုးစုံကို အိတ်သွန်ဖာမှောက် ထုတ်သုံးမည် အသေအချာ ဖြစ်သည်။ ဘယ်နည်းနဲ့ နိုင်နိုင်, နိုင်ရင်ပြီးရော ဆိုသည့် စိတ်နှင့် မတရားမှုအပေါင်း သရဖူဆောင်းကြမည် ဖြစ်သည်။ ထိုကိစ္စအားလုံးကို ကြံ့ဖွံ့အမည်ခံ၍ လုပ်ကိုင်နေကြပြီ ဖြစ်သည်။

ကန့်ကွက်မဲအလွန်

ယခုပွဲတွင် `ဒိုင်´ မရှိတော့ပါ။ အကြောင်းမှာ နအဖသည် `သူပဲ ဒိုင်, သူပဲ ထိုးသား´ အဖြစ် ရယူထားသောကြောင့် ဖြစ်သည်။ ဆန္ဒခံယူပွဲအတွင်း တစုံတရာ ပြဿနာပေါ်ပေါက်ပါက တိုင်ကြားဖြေရှင်းရန် `တရားရုံး´ လည်း မရှိတော့ပါ။ အကြောင်းမှာ နိုင်ငံတော်တရားသူကြီးချုပ် ကိုယ်တိုင် ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ နေရာယူထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဆန္ဒခံယူပွဲသည် တဖက်နှင့်တဖက် `ပွဲပြတ်´ ဖြစ်ကိုဖြစ်မှရမည့် အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ ပွဲမပြတ်လျှင် အခြေအနေက ပိုမိုရှုပ်ထွေးနိုင်ပြီး `ကင်ညာ ပြီးတော့ မြန်မာ´ ဖြစ်သွားနိုင်ပါသည်။

ထိုအချက်ကို နအဖကလည်း လက်ခံထားပုံရသည်။ နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ယူထားသူ ကိုယ်တိုင် ထောက်ခံမဲထည့်ရေး စည်းရုံးနေသည်ကို ထောက်လျှင် သူတို့ဘက်က ထောက်ခံမဲ အပြတ်ရရေးအတွက် မသေချာသေးဟု တွက်ဆနိုင်ပါသည်။ သို့မဟုတ် စိတ်ချသေချာအောင် ၀ါယမစိုက်ထုတ်နေသည်ဟုလည်း ဆိုနိုင်ပါသည်။ သို့မဟုတ် ဒီတကြိမ် ရှုံးလျှင် ငါတို့ ဇီဝိန်ချုပ်လိမ့်မည်ဟု စစ်အစိုးရ လိပ်ပြာလန့်နေတာလည်း ဖြစ်နိုင်ပါသည်။

ညီလာခံက ချမှတ်လိုက်သော အခြေခံမူ၏ အဓိကကျသော အချက်နှစ်ချက်ကို အခြေခံဥပဒေ မူကြမ်းတွင် ပြင်ထားလိုက်ခြင်းက နအဖသည် အလွန်အမင်း ကြောက်စိတ်ဝင်နေကြောင်း ဖော်ပြနေသည်။ ပုဒ်မ ၄၄၁ တွင် အခြေခံဥပဒေ အတည်ပြုဖို့ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ၂၆ ရာခိုင်နှုန်းလိုအပ်ကြောင်း ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ ၄၃၆ (က) တွင် အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲ (ရာနှုန်း ၁၀၀) လိုအပ်ကြောင်း ပြဋ္ဌာန်းထားပါသည်။ ထိုအချက်များမှာ ဒီမိုကရေစီစနစ်နှင့် ညီညွတ်ဖို့ နေနေသာသာ အမျိုးသားညီလာခံက ချမှတ်ပေးလိုက်သော အခြေခံမူနှင့်ပင် မညီညွတ်တော့ပါ။ ထိုအချက်က နဂိုက ထောက်ခံချင်သူများကိုပင် ကန့်ကွက်အောင် တွန်းပို့ပေးလိုက်နိုင်ပါသည်။

မြန်မာလူထု အများစုက စစ်အစိုးရကို မလိုလားတာ အသေအချာ ဖြစ်သည်။ သို့သော် ထောက်ခံရမှာလား ကန့်ကွက်ရမှာလား မသဲမကွဲ ဖြစ်နေသည်။ လူထုအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရန် အချက်အလက် ပြည့်ပြည့်စုံစုံ မရသေးပါ။ ရသည့်တိုင်အောင် အချိန် မလုံလောက်ပါ။ လုံလောက်သည့်တိုင်အောင် ရှင်းလင်းဆွေးနွေးခွင့် ရနိုင်မည် မဟုတ်ပါ။ ယခု ဧပြီ ၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုကို ကန့်ကွက်မဲထည့်ရန် အတိအလင်း နှိုးဆော်လိုက်ပြီ ဖြစ်၍ သဲသဲကွဲကွဲ ဖြစ်သွားပြီ ဖြစ်သည်။ မှောက်ရေး မည်းရေး ကိစ္စလည်း အဆုံးသတ်ပြီဟု ဆိုနိုင်ပါသည်။ သပိတ်မှောက်စရာ ရှိခဲ့လျှင် ကန့်ကွက်မဲထည့်ပြီးမှ မှောက်ကြရန် ပြင်ဆင်ထားဖို့ ဖြစ်သွားပါသည်။

ကန့်ကွက်မဲလှုပ်ရှားမှု ကျယ်ပြန့်လာသည်နှင့်အမျှ လူထုယုံကြည်မှုနှင့် ဆုံးဖြတ်ချက် ပီပြင်ခိုင်မာလာမည် ဖြစ်ပါသည်။ လူထုအနေနှင့် ပွဲပြတ်မှ ဖြစ်မည်ကို သိလာလေလေ ကန့်ကွက်မဲတွေ များလာလေလေ ဖြစ်ပါသည်။ ကန့်ကွက်မဲသည် ဒီမိုကရေစီကို အပြီးသတ် ဆွတ်ချူပေးမည် မဟုတ်သည့်တိုင် ပန်းတိုင်ဆီသို့ တိုး၍လျှောက်လှမ်းလိုက်သည့် ခြေတလှမ်း ဖြစ်သည်။ ထိုအချက်ကို လူထုအနေနှင့် ကောင်းစွာ နားလည်လာလေလေ ကန့်ကွက်မဲတွေ များလာလေလေ ဖြစ်ပါသည်။ အရေးကြီးဆုံး အချက်မှာ ဆန္ဒမဲလက်မှတ်ကို လုံခြုံလွတ်လပ်စွာ ရေးခြစ်နိုင်ခွင့် ရဖို့ပင် ဖြစ်ပါသည်။

ကန့်ကွက်မဲတွေ အများစု ဖြစ်ပြီဆိုလျှင်…

အချို့က ကန့်ကွက်မဲထည့်လိုက်လျှင် နအဖက ဒီအတိုင်း ဆက်လက်အုပ်ချုပ်သွားလိမ့်မည်ဟု ပြောကြပါသည်။ ထိုစကားမှာ ထောက်ခံမဲထည့်ရန် မလှိမ့်တပတ် စည်းရုံးသော စကားသာ ဖြစ်ပါသည်။ အချို့က ဒီဥပဒေကို ကန့်ကွက်လျှင် နောက် ဥပဒေတခုကို ထပ်ရေးလိမ့်ဦးမည်၊ အချိန်ဆွဲထားလိမ့်ဦးမည်ဟု ပြောကြပါသည်။ ထိုစကားမှာလည်း ထောက်ခံမဲရရန် ဆင်ခြေပေးခြင်း တမျိုးသာ ဖြစ်ပါသည်။ ထိုစကားမျိုး ပြောသူတို့မှာ ရှေ့ဘာဖြစ်မည် အသေအချာ မသိဘဲ ကိုယ်ထင်ရာ ဗရမ်းဗတာ လျှောက်ပြောခြင်းသာ ဖြစ်ပါသည်။

ကန့်ကွက်မဲအလွန်တွင် ဘာတွေဖြစ်မည်ကို မည်သူမျှ တပ်အပ် မပြောနိုင်ပါ။ ကန့်ကွက်မဲ ဖြစ်ခဲ့လျှင် ဘာလုပ်မည်ဟု ရေးသားထားသော ဥပဒေလည်း မရှိ။ ယုံကြည်ရလောက်သည့် အခြေအနေမျိုးလည်း မရှိ။ နအဖကလည်း ဘာမျှ မပြော။

သို့သော် ပြောနိုင်တာတခုတော့ အသေအချာ ရှိပါသည်။ ယင်းမှာ “မြန်မာပြည်သူလူထုက စစ်အစိုးရတောင်းဆိုချက်ကို အကြွင်းမဲ့ ပယ်ချလိုက်သည်” ဟု ကမ္ဗည်း မော်ကွန်း စိုက်ထူနိုင်မည်။ လက်နက်ကိုင် စစ်အစိုးရကို လက်နက်မဲ့ ပြည်သူများက နှလုံးရည်ဖြင့် အောင်နိုင်မည်။ နအဖသည် လူထုမလိုလား လက်မခံသော တရားမ၀င် အစိုးရဖြစ်ကြောင်း ဒုတိယအကြိမ် ကြေညာနိုင်မည်။

ဒါ နောက်ဆုံးလား

လူထု ထည့်မည့် ကန့်ကွက်မဲသည် `အခြေခံဥပဒေကို ကန့်ကွက်ခြင်း´ ဆိုသည်ထက် ပိုလွန်စွာ “စစ်အစိုးရ ဖြုတ်ချရေး ဆန္ဒမဲ” အဖြစ်သို့ ရောက်ရှိသွားတော့မည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူထုကန့်ကွက်မဲ အများစုရခဲ့လျှင် နအဖ၏ ဖ၀ါးခုနစ်လှမ်း နိုင်ငံရေး အစီအစဉ်ကြီးသည် တုံ့ခနဲ ရပ်တန့်သွားမည် ဖြစ်သည်။ လူထုက `ရပ်´ ဟု တားမြစ်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် စစ်အစိုးရ တောင်းဆိုထားသည့် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” ကို မြန်မာလူထုက `ခွင့်မပြု´ ဟု အဓိပ္ပာယ်ထွက်ပါသည်။

ဤတွင် အဖွဲ့ချုပ်၏ ပြည်သူသို့ ပန်ကြားချက်ပါ အပိုဒ် ၄ ကို အထူးသတိပြုသင့်သည်ဟု ထင်ပါသည်။

၎။ နိုင်ငံတော်ကို အုပ်ချုပ်နေသော အဖွဲ့အစည်းတခုသည် ပြည်သူလူထု ထောက်ခံမှု မရရှိလျှင် တည်တံ့ခိုင်မြဲခြင်း မရှိနိုင်ကြောင်းကို မိမိနိုင်ငံသမိုင်းများနှင့် နိုင်ငံတကာသမိုင်းများက သက်သေထူလျက် ရှိသည်။

ထိုအချက်က ဆန္ဒခံယူပွဲသည် ဥပဒေကိစ္စမျှသာ မဟုတ်၊ စစ်အစိုးရ ဆက်လက် တည်ရှိရေး မရှိရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု ဖော်ပြနေပါသည်။ ဥပဒေထဲတွင်ပါသည့် အနာဂတ်၌ စစ်တပ် ဦးဆောင်မှုကို လူထုက မထောက်ခံဘူး ဆိုသည်မှာ၊ ယခု အုပ်ချုပ်နေသည်ကိုလည်း လက်မခံဟု ဆိုလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူထုအနေဖြင့် ဥပဒေကို ကန့်ကွက်မဲ ပေးခြင်းသည် `နအဖ အလိုမရှိ´ဟု ကြွေးကြော်လိုက်ခြင်းပင် ဖြစ်သည်။ မဲစာရွက်များဖြင့် ဖော်ပြလိုက်သော ကြွေးကြော်သံက စစ်အစိုးရ ဆက်လက်တည်မြဲမှုကို အကြီးအကျယ် ကိုင်လှုပ်နိုင်မည်ဟု အဓိပ္ပာယ် ကောက်ယူနိုင်ပါသည်။

အကယ်၍ စစ်အစိုးရကို စိမ်ခေါ်နိုင်လောက်သည့် ကန့်ကွက်မဲ မရလျှင် `အဆိုးဆုံး´ အခြေအနေနှင့် ရင်ဆိုင်ရဖွယ် ရှိပါသည်။ အလုံးစုံ ပျက်သုဉ်းရေးလား၊ အလုံးစုံ ပြောင်းလဲရေးလား ဝေခွဲရန် မလွယ်သေးပါ။ ဒီတပွဲမှာ လူထုဘက်က စွန့်စားရမှာတွေ အများအပြား ရှိသလို၊ နအဖဘက်မှာလည်း စွန့်စားစရာတွေ ဒုနှင့်ဒေး ရှိနေပါသည်။

လောလောဆယ်တွင် နအဖက ဖ၀ါးခုနစ်လှမ်း လမ်းစဉ်အတိုင်း အပြင်းအထန် ချီတက်နေပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုပွဲကို အရန်လမ်းစဉ် သို့မဟုတ် ချွေးသိပ်သည့်လမ်းစဉ် အဖြစ် လုပ်ဆောင်နေသည်။ အကယ်၍ ကန့်ကွက်မဲကြောင့် သူ့အစီအစဉ်ကို ဖ၀ါးလေးလှမ်းမြောက်တွင် ရပ်ပေးရလျှင် အရန်လမ်းစဉ်ကို ပိုမိုချဲ့ထွင်၍ အခြေအနေကို ထိန်းထားနိုင်အောင် ကြိုးစားမည်ဟု ယူဆရပါသည်။

နိုင်ငံတကာနှင့် မြန်မာ့သမိုင်းတွင် ဖြစ်လေ့ဖြစ်ထ ရှိခဲ့သည်မှာ အစိုးရတရပ်သည် အလွန်အမင်း အကြပ်အတည်းနှင့် ရင်ဆိုင်ရလျှင် အပြောင်းအလဲ တခုကိုတော့ လုပ်ကြရစမြဲ ဖြစ်သည်။ မှောက်ထားသော ရေခွက်ကို ဆွဲလှန်လိုက်သလို အားလုံး ပြောင်းသွားမည်ဟု မမျှော်လင့်ပါ။ သို့သော် အလွန်ခေါင်းမာသော စစ်ဗိုလ်ချုပ်ကြီးများသည် သူတို့ အဖေကြီး ဗိုလ်နေ၀င်း၏ လမ်းစဉ်မျိုးလောက်တော့ ပြောင်းနိုင်ကောင်းသည်ဟု မရဲတရဲ ယူဆမိပါသည်။

အမြင့်ဆုံး အပြောင်းအလဲမှာ ဗိုလ်သန်းရွှေနှင့် ထိပ်ပိုင်းလူအချို့ ကန့်လန့်ကာနောက်သို့ ၀င်သွားခြင်းမျိုး ဖြစ်နိုင်ပါသည်။ အနိမ့်ဆုံး အပြောင်းအလဲမှာ ဆန္ဒခံယူပွဲကို တာဝန်ခံရသူတို့ ဓားစာခံအဖြစ် ထိုးကျွေးခံရဖွယ် ရှိပါသည်။ ပြယုဂ်ဖြစ်သည့် လူအပြောင်းအလဲများနှင့်အတူ နိုင်ငံရေး အစီအစဉ်သစ်တရပ်ရပ် ပေါ်ထွက်လာနိုင်ပါသည်။ သို့သော် ရှေ့သို့လမ်းစဉ်လား၊ နောက်သို့လမ်းစဉ်လား ဆိုသည်ကတော့ တိုင်းပြည်၏ ကံကြမ္မာပေါ်တွင် မူတည်နေပါသည်။

ကံကြမ္မာကို ကန့်ကွက်မဲက မွေးဖွားပေးမည်ဟု ယုံကြည်မိပါသည်။ ။

အပြည့်အစုံသို့.....

အနှစ်ချုပ်..သာ.....

ရေးသားသူ ။ ။ moethaukkye

အပြည့်အစုံဖတ်ချင်ရင်...

ကျွန်တော့်ဘဝ

12-04-2008
ကျွန်တော်ဟာနိုင်ထက်စီးနင်းလုပ်ဖို့လူဖြစ်လာတဲ့လူတစ်ယောက်မဟုတ်ပါ၊
ကျွန်တော်ဟာသူတစ်ပါးတွေကိုအမြဲတမ်းကူညီချင်နေသူတစ်ယောက်ပါ၊
ကျွန်တော်ဟာရိုးသားမှုကိုအလွန်အင်မတန်ချစ်မြတ်နိုးပြီးမတရားမှုတွေကိုစက်ဆုတ်
ရွံရှာမုန်းတီးသူတစ်ယောက်ပါ၊

ကျွန်တော်ဟာဆန်းသစ်တောက်ပတဲ့အတွေးအခေါ်တွေကိုအမြဲတမ်းရှာဖွေနေသူပါ၊
ကျွန်တော်ဟာဘယ်သောအခါမှသူတစ်ပါးကိုနှိမ့်ချ၍မိမိကိုယ်မိမိသူတော်ကောင်းကြီး
ပါဟုကြေငြာသူတစ်ယောက်မဟုတ်ပါ၊
ကျွန်တော်ဟာကိုယ်ကျိုးအတွက်သက်သက်သာကြည့်တဲ့အလုပ်တွေကို
ဘယ်တော့ခါမှမလုပ်ခဲ့ဘူးပါ၊
ကျွန်တော်ဟာအာဏာပါဝါရှိသူတွေကိုအော်လန်ဖားလုပ်အောက်လူတွေကိုဖိ
တန်းတူတွေကိုမထားတဲ့စိတ်ဓာတ်မျိုးဘယ်တော့ခါမှမမွေးမြူခဲ့ဘူးပါ။
ကျွန်တော်ဟာသာတူညီမျှစိတ်ထားမျိုးကိုရူးသွပ်စွာနှစ်သက်သူတစ်ယောက်ပါ၊
ကျွန်တော်ဟာအမှန်တရားကိုထာဝရလက်ကိုင်သွားမယ့်အမှန်တရားသူရဲကောင်း
အဖြစ်သေသည်အထိရပ်တည်သွားမှာပါ၊
နှစ်သစ်မှာအမှန်တရားထွန်းကားပါစေ။
မြတ်မင်းသွေး
နှစ်သစ်မင်္ဂလာအမှတ်တရ

အပြည့်အစုံဖတ်ချင်ရင်...

သင်္ကြန်မတိုင်ခင် ကျတဲ့မျက်ရည်

12-04-2008
နှစ်အသစ်မှာ
ခေတ်အသစ်ကိုစဖို့ 
သင်္ကြန်တေးတွေက
အသံပေးနေကြတယ်။

နှစ်သစ်ဆိုတာ
ဒုက္ခဟောင်း ဝတ်ရုံကို
တစ်ခါပြန်ခြုံထားဦးမယ့် သက္ကရာဇ်အသစ်တစ်ခုလား။
စောင့်ရှောက်သူမဲ့တဲ့ ဥယျာဉ်ထဲမှာတော့
မျှော်လင့်ချက် သစ်ပင်တွေက
အရိုးအပြိုင်းပြိုင်းနဲ့ တစ်တောလုံး ခြောက်လို့ ။

သင်္ကြန်မိုးရွာရုံနဲ့  တစ်နိုင်ငံလုံးသစ်သွားနိုင်သလား။
သင်္ကြန်ရေစိုရုံနဲ့ စိတ်သစ်လူသစ်တွေ ဖြစ်လာနိုင်မလား။
ငါ့အတွက်ကတော့ သင်္ကြန်တစ်ခါကျတိုင်း
အသက်တစ်နှစ်ရှုံးတယ်။
တစ်နှစ်ပြီးတစ်နှစ်ရွှေ့ ရင်း
ကြံဖန်မေ့ဖျောက်ထားရတဲ့ ဘဝအိပ်မက်တွေကလည်း
ငါ့ကို ခဏခဏ တစ္ဆေလာခြောက်
အနာဂတ်ကိုတွေးတိုင်း ငါဟာကြောက်ကြောက်လာတယ်။

ရောက်လာတော့မယ့် နှစ်သစ်ထဲမှာလည်း
ရေကြည်ရာ မြက်နုရာကို ငါသွား နိုင်ပါ့မလား။
ဘာပဲဖြစ်ဖြစ်၊
ဒေသသစ်မှာ ရေကြည်ကြည် ရေနောက်နောက်
မိုးခါးရေကိုတောင် အလကားသောက်လို့ မရတဲ့ ဒီရပ်ဝန်းကတော့
ငါ ရွှေ့ ပြောင်း ချင်တယ်။

လှောင်အိမ်တံခါးကို ငွေနဲ့ ဆွဲဖွင့်
ထွက်ခွာသွားနှင့်ကြတဲ့ သူငယ်ချင်းတချို့ ကတော့
ကိုယ့်ရေကိုယ့်မြေဟာ နေလို့ အကောင်းဆုံးပဲတဲ့။
လွမ်းသလိုလို၊ နှစ်သိမ့်သလိုလိုနဲ့ 
အထက်စီးက ပြောကြတယ်။
ဘာပဲဖြစ်ဖြစ်သူငယ်ချင်းတို့ ၊
စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ ငါတို့ ဘဝထက်
ကိုယ်သွားတိုင်း စိတ်မပါနိုင်တဲ့ မင်းတို့ ဘဝက
အများကြီးသာပါတယ်။

ကိုယ့်ဘဝကိုယ် ပြန်သုံးသပ်ကြည့်တော့လည်း
ဘဝတစ်ခုလုံးက
ဒုက္ခ ပုံစံခွက်ထဲမှာ မသေမသပ်နဲ့ ခေါက်ရိုးကျိုးလို့ ။
နံနက်လင်းတာနဲ့ 
ဆုတောင်းအဟောင်းတွေကို ဘုရားနားပူလောက်အောင်ခြွေ
ပြီးတော့ လမ်းအသစ်ဆိုရင်လုံးဝမလျှောက်တတ်တော့တဲ့ ခြေထောက်အဟောင်းတစ်စုံနဲ့ 
အညစ်အကြေးတွေကို သောက်ထားလို့ အကျည်းတန်အသည်းခြောက်နေတဲ့ လမ်းသွယ်တွေကိုဖြတ်
အလုပ်သွားဖို့  ဘတ်စ်ကားမှတ်တိုင်ဆီကို ထွက်ခဲ့တယ်။
စပါယ်ယာရဲ့ အသံဟောင်းကို နားထောင်ရင်း
လူနံ့ မွှန်နေတဲ့ ဘတ်စ်ကားပေါ် အတိုးမှာ
လူ့ တန်ဖိုးက ထိုးကျ
ဟိုး….သုညအထိ။
အဲဒီ့ သုညတစ်လုံးပေါ့
အလုပ်ကနေ
နွမ်းလျနေတဲ့စိတ်၊ သေနေတဲ့မျက်လုံးတွေနဲ့ အိမ်ကိုပြန်
ရေကို ခြွေခြွေတာတာချိုး
ခြွေခြွေတာတာစားသောက်ပြီး
နားအဟောင်းတွေက တောင်းဆိုလို့ 
ပြည်ပ ရေဒီယိုအသံလွှင့်ဌာန တစ်ခုကိုဖွင့်ပြီးနားထောင်လိုက်တယ်။
သြော်…သတင်းတွေကလည်း အသစ်ပေမယ့် အဟောင်း
တစ်နေ့ နဲ့ တစ်နေ့ date သာပြောင်းသွားတယ်
ငါတို့ ထပ်တလဲလဲ ခံစားနေရတဲ့ ဆင်တူရိုးမှား ဆင်းရဲဒုက္ခ အဟောင်းတွေ….
ဒီလိုနဲ့ …
မဖြစ်စလောက် တက်ကြွမှုလေးပါပျောက်
ငါ့ အတွေးတွေကလည်း ဟိုရောက် ဒီရောက်နဲ့ ။

အို…ဘာပဲဖြစ်ဖြစ်
မကြာခင်မှာ ရောက်လာတော့မယ့် စာမေးပွဲအတွက်
စိတ်ညစ်စရာတွေကို အားတင်းဖြေဖျောက်
ကဗျာမဆန်တဲ့ ဖယောင်းတိုင် အလင်းရောင်အောက်မှာ
ကွန်ပျူတာ ပရိုဂရမ်းမင်း စာအုပ်တစ်အုပ်ကို အားတင်းဖတ်နေတဲ့သူကတော့
သုညမျိုးဆက်သစ် ငါပဲပေါ့။
သြော် …ခြင်တွေခြင်တွေ
ဒင်းတို့ က ကိုက်နိုင်ပေမယ့်
ငါက မရိုက်နိုင်တော့ဘူး
အိပ်လိုက်တာပဲ ကောင်းပါတယ်။
ဒီလိုနဲ့ အိပ်ရာဝင်ရင်း နာရီကိုနှိုးစက်ပေး
သန်းခေါင်ကျော်အချိန်မှာ ရေထတင်ရေးအတွက်။

အဲဒါဟာ ထူးခြားမှု မရှိတဲ့
ငါ့ဘဝ ပုံသေတစ်နေ့ တာတွေပေါ့။
စနေ၊ တနင်္ဂနွေ ညတွေ ဆိုရင်တော့
ငါ့ရဲ့ မျှော်လင့်ချက်တွေကို
ရွန်နီရဲ့ ခြေထောက်ထဲထည့်
ရော်နယ်ဒို ရဲ့ ခြေထောက်ထဲထည့်နဲ့ ...
ရွန်နီရေ…..မင်းဟာငါ့ရဲ့ မျှော်လင့်ချက်ပဲဖြစ်တယ်။

သြော်…ဘဝ၊ဘဝ
ဝမ်းတစ်ထွာ ဝရုံလေးတောင်မှ
တစ်နေကုန်ပြေးလွှားနေရပါလား။
လူ့ ဘဝရဲ့ အခြေခံအကျဆုံးဖြစ်တဲ့
စားဝတ်နေရေးဆိုတဲ့
တိမ်တိမ်လေးနဲ့ နက်တဲ့ မြစ်ကျဉ်းထဲမှာ
မရှူမလှရေတိမ်နစ်နေရတော့လည်း
ကြွေးဟောင်းဆပ်နိုင်ဖို့ ဆိုတာလည်း ဝေးလှ
တစ်ခါ တစ်ခါ အမေ့အကြောင်းတွေးရင် မျက်ရည်ကျတယ်။
ချစ်သူနဲ့ နှလုံးသားချင်း ဝတ်မှုန်ကူး
သံယောဇဉ်ကမ္ဘာလေးတစ်ခု တည်ဖို့ အရေးဆိုရင်တော့
ပိုပြီးတော့တောင် ဝေးလှသေးတယ်။

တောက်! ဘယ်ဘဝက ဝဋ်ကြွေးတွေလဲ။
ခေတ်၊ အစာအိမ်နဲ့  ဆန္ဒတို့ ရဲ့ သုံးပွင့်ဆိုင်စစ်ပွဲထဲမှာ
ငါတော့
လှံသွားထက်ထက်တွေ ရင်မှာ စူးနေပြီ။
ခံစား ချက်တွေ ဝင်ကာ ရူးနေပြီ။

သြော်….ဒါဟာ လူလတ်တန်းစား ဘဝတဲ့လား။
သုညမှာ အလတ်စားတွေ အကြီးစားတွေ ရှိသေးသလား။
သုညဟာ ကြီးကြီး ငယ်ငယ်၊ ပိန်ပိန်ဖောင်းဖောင်း သုညက သုညပါပဲ။
သုညက ကျောသားရင်သား မခွဲခြားပဲ
ဆင်းရဲခြင်းဒုက္ခကို ပေးတယ်။

မြူတွေဆိုင်းသလို မှုန်ဝါးနေတဲ့ အနာဂတ်ရေ...
ငါ..လျှော့လျှော့ပေါ့ပေါ့နဲ့ အရိုးရှင်းဆုံးမက်ထားခဲ့တဲ့
ရွက်ကြမ်းရေကျို အိပ်မက်လေးတွေဆီကို ရောက်ဖို့ အရေးတောင်
ဘယ်လို လမ်းက လျှောက်ရမှာလဲ။
အဖြေမမြင်လောက်အောင် သိပ်ခက်တယ်။
သေချင်လောက်အောင် စိတ်ပျက်တယ်။

လေထဲမှာ တိုက်အိမ်ဆောက်လိုက်
ရေထဲမှာ အရုပ်ရေးလိုက်နဲ့ 
ငါ့ ဘဝက ဒီအတိုင်းကြွေလွင့် ရတော့မှာလား။
ရင်ထဲမှာ အကျဉ်းကျနေတဲ့ အသံတွေကို ဥပေက္ခာပြုပြီး
ငါတစ်သက်လုံး ဟန်ဆောင်နေလိုက် ရတော့မှာလား။
ငါ့ရင်ထဲက ဟိုရောက် ဒီရောက် အတွေးတွေကို
ဒီတစ်ည လောက်ဖျောက်ချင်တယ်။
စည်တစ်ဂျား လောက် သောက်ချင်တယ်။

သြော်…
နှစ်အသစ်မှာ
ခေတ်အသစ်ကိုစဖို့ 
သင်္ကြန်တေးတွေကတော့
အသံပေးနေကြပြီ။

ကောင်းကင်ကို

အပြည့်အစုံဖတ်ချင်ရင်...

တော်လှန်ရေးသတိရှိကြပါ

မြန်မာပြည်မှလာသောသတင်းတစ်ခုအရယခုရက်ပိုင်းအတွင်းမှာမြန်မာပြည်တွင်တက်ကြွစွာလှုပ်ရှား
နေသောလူငယ်အယောက်၄၀ ကျော်ခန့်ဖမ်းဆီးသွားပြီဖြစ်ကြောင်းသတင်းရရှိပါသည်။ထို့ကြောင့်တော်လှန်ရေး
ရဲဘော်များအားလုံးတော်လှန်ရေးအသိရှိရှိဖြင့်စစ်မိစ္ဆာကောင်အာဏာရှင်တို့အားပြင်းထန်စွာတော်လှန်
တိုက်ပွဲဝင်သွားကြပါရန်အထူးတိုက်တွန်းအပ်ပါသည်။
မြတ်မင်းသွေး

အပြည့်အစုံဖတ်ချင်ရင်...

အတာသင်္ကြန်(သို့မဟုတ်) မြန်မာလူထု၏ကံဆောင်ပွဲ

12-04-2008

သင်္ကြန်ဆိုတဲ့ ဝေါဟာရဟာ “ သင်္ကန္တ” ဆိုတဲ့ ပါဠိစကားမှ ဆင်းသက်လာတာ အဓိပ္ပါယ်ကတော့ အကူးအပြောင်းပေါ့။ နှစ်တစ်နှစ်က နောက်ထပ်နှစ်တစ်နှစ်ကို ကူးပြောင်းသွားမည့်အချိန်ကာလမှာ နှစ်ဟောင်းက ဆိုးမွေတွေကို ဆေးကြောပြီး နှစ်သစ်ကို ကျက်သရေရှိရှိ မင်္ဂလာရှိရှိ အဓိပ္ပါယ်ရှိရှိ ဆက်လက်ခရီးနှင်မယ်ဆိုတဲ့ ရည်ရွယ်ချက်မဟာသင်္ကြန်ပွဲတော်ကိုကျင်းပခဲ့ကြတာဖြစ်တယ်။

ယခုဧပြီလ (၁၃)ရက်နေ့ဆိုလျှင် သင်္ကြန်အကျနေ့ရောက်တော့မယ်။ ကျနော်တို့ ဒီနှစ်(၂၀၀၈) သင်္ကြန်ကိုဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဆင်နွှဲကြမလဲ၊ ဘယ်လိုဆိုးမွေတွေကို ဆေးကြောကြမလဲ။ ဘယ်လိုမကောင်းမှုတွေကို ရှောင်ကြဉ်ပြီး ဘယ်လိုမင်္ဂလာတွေကို လက်ခံကြမလဲဆိုတာ အရေးကြီးသည်။

ကျနော်တို့မြန်မာ့ရိုးရာ သင်္ကြန်ပွဲတွေကို ဆင်နွှဲတဲ့နေရာမှာ “ ရေသဘင်ပွဲ” တစ်ခုတည်းဆင်နွှဲကြတာမဟုတ်ပါဘူး။ ကုသိုလ်ကောင်းမှုတွေအများကြီးပြုပြီး နှစ်သစ်ကိုကူးပြောင်းကြတာပါ။ ဥပမာပြောရမယ်ဆိုရင် “ဇီဝိတဒါန” လို့ပြောတဲ့ “ငါးလွှတ်ပွဲ” ဘေးမဲ့လွှတ်ပွဲတွေ သက်ကြီးပူဇော်ပွဲတွေ၊ စတုဒီသာ အလှူတွေ စတဲ့ ကုသိုလ်ပွဲတွေဆင်နွှဲပြီး နှစ်သစ်ကို မင်္ဂလာရှိရှိကြိုကြပါတယ်။

ဘုရားသွားကျောင်းတက်၊ ဥပုဒ်ရက်ရှည်သီလစောင့်ပြီး မိမိရဲ့ ကိုယ်ကျင့်တရားကိုတည်ဆောက် ၊နောင်အပြစ်မပြုဖြစ်အောင် အဓိဌာန်ချမှတ်ကျင့်ကြံကြတဲ့ သူတွေလည်းရှိပါတယ်။ ဒီလိုကောင်းမှုတွေစိုက်ပျိုးရုံတင်မက၊ မကောင်းမှုတွေကိုပေါင်းသင်တဲ့ ပွဲတွေလည်းရှိပါတယ်။ အဓိကအားဖြင့် ရပ်ကွက်ကျေးရွာတွေရဲ့ လမ်းတွေတိုင်းမှာ နောက်ထပ်မကောင်းဆိုးဝါးတွေမနှောင့်ယှက်နိုင်အောင် သံဃာတွေပင့်ပြီး ပရိတ်တရားနာကြ၊ ပရိတ်ရေ၊ ဆီမန်း၊ ရေမန်း စတဲ့ပရိတ်အာနိသင်သက်ရောက်တဲ့ ပစ္စည်းတွေနဲ့ ကိုယ့်ခြံ၊ ကိုယ့်ဝိုင်းလေးမှာကြဲဖြန့်ပက်ဖျန်းပြီးမကောင်းဆိုးဝါး မိစ္ဆာတွေကို တောခြောက် ထုတ်ကြတယ်။

“တောခြောက်တယ်” ဆိုတာကတော့ သံပုံးတို့၊ သံတိုင်ကီတို့ကို ဆူညံအောင်တီးခတ်ခြောက်လှန့်တာပါ။ အဲဒီလိုခြောက်လှန့်ထုတ်လိုက်လျင် မိစ္ဆာတွေရွာက ထွက်ပြေးရတယ်လို့ယုံကြည်ကြပါတယ်။ ဒါတွေဟာ သင်္ကြန်မှာပြုလုပ်လေ့ရှိတဲ့ မြန်မာမှုဓလေ့ ထုံးတမ်းတွေပါ။

ဒီနှစ်မဟာသင်္ကြန်မှာကော ဓလေ့ထုံးတမ်းတွေအရ ကျုပ်တို့ဆင်နွှဲရမှာပဲ။ အရေးကြီးတာက နှစ်သစ်ကိုဘယ်လိုယုံကြည်မှုတွေ ဘယ်လိုခံစားချက်တွေ ဘယ်လိုမျှော်လင့်ချက်တွေနဲ့ အဓိပ္ပါယ်ရှိရှိ ကူးပြောင်းကြမလဲ။ သံဃာထု လူထုရဲ့သွေးနံ့တွေ၊ မိစ္ဆာတွေရဲ့ ယမ်းနံ့တွေဟာ ခုထိလမ်းမတွေပေါ်မှာ လတ်ဆတ်နေတုန်းပဲ၊ ကျုပ်တို့ ပြည်သူတွေရဲ့ ရင်ထဲမှာ ဒါဏ်ရာတွေက နာကျင်နေဆဲပဲ။ ကျောင်းတိုက်တွေမှာ စစ်ဖိနပ်ခြေရာတွေ ကျန်နေဆဲပဲ။ ဘုရားတန်းစောင်းတွေမှာ မိစ္ဆာတွေ စီးနင်းသိမ်းပိုက်ပြီး မဖွယ်မရာပြုမှုတွေရဲ့ အရိပ်တွေဟာ ကျန်နေဆဲပဲ။

အဲဒီအနာတရတွေကို ကျုပ်တို့က ဘယ်လိုမေ့ပစ်နိုင်ပါ့မလဲ။ မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ…။ ဒါဆို ကျုပ်တို့မြန်မာတွေရဲ့ မဟာသင်္ကြန်ဆိုတဲ့ ယဉ်ကျေးမှုပွဲတော်ကို ခြောက်ခြောက်ကပ်ကပ်နဲ့ပြီးစေလိုက်ရတော့မှာလား။ ဒါဟာလည်း မဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါဘဲ။

ဒီတော့ … ကျုပ်တို့်ရင်ထဲမှာ အဓိပ္ပါယ်ပြည့်ဝတဲ့ ခံယူချက်၊ ယုံကြည်ချက်တွေကို ဖြည့်သိပ်ပြီး မြန်မာတို့ရဲ့မဟာသင်္ကြန်ပွဲတော်ကို ရိုးရာဓလေ့မပျက် ဆက်လက်ကျင်းပဆင်နွှဲကြရမှာဘဲ။ ကျုပ်တို့ရဲ့ခံစားချက်တွေကို ပုံသဏ္ဍာန်တစ်မျိုးနဲ့ တစ်နိုင်ငံလုံးဖော်ထုတ်ကြမယ်။ ဒါဟာလူထုရဲ့ ကံဆောင်ပွဲတစ်ခုဖြစ်တယ်။

အားလုံးရဲ့ ရင်ထဲမှာ မြန်မာတစ်နိုင်ငံလုံး ကျက်သရေမင်္ဂလာရှိစေဖို့အတွက် ညစ်ပေဆိုးယုတ်လှတဲ့ မင်းဆိုးမိစ္ဆာတွေ သူတို့ရဲ့နောက်လိုက် အမင်္ဂလံ၊ လူ့ဗာလနံတွေ မြန်မာ့မြေပေါ်က ပပြောက်ရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ “အတာရေဆေးပွဲ” ကိုဆင်နွှဲကြပါစို့။

မိမိတို့ကြည်ညိုကိုးကွယ်တဲ့ ဘုန်းတော်ကြီးတွေ၊ သံဃာတော်တွေ မရှိသလောက်ဖြစ်နေပေမယ့် ဘုန်းကြီးကျောင်းတွေကို ရောက်အောင်သွားပြီး တိမ်းရှောင်နေရတဲ့၊ အကျဉ်းကျခံနေရတဲ့ သံဃာတော်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အန္တရာယ်အပေါင်းမှ လွတ်မြောက်စွမ်းဆောင်နိုင်စေဖို့ အဓိဌာန်ပြု ဥပုဒ်သီတင်းဆောက်တည်၍ ဆုတောင်းပေးကြပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်စေရန် ရည်ရွယ်၍ ဘေးမဲ့လွှတ်ခြင်း၊ ဇီဝိတဒါန ငါးလွှတ်ခြင်းများကိုပြုကြပါ။

မြန်မာတစ်နိုင်ငံလုံး ငတ်မွတ်ခေါင်းပါးမှုဘေးမှ ကင်းလွတ်စေရေးအတွက် အဓိကပဓါနဖြစ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးကို ရည်ရွယ်၍ စတုဒီသာ အလှူပွဲများကို ကျင်းပကြပါ။

နှစ်သစ်ကိုမင်္ဂလာရှိစေဖို့၊ မညစ်နွမ်းစေဖို့အတွက် ကျက်သရေယုတ်လှသော သန်းရွှေ၊ မောင်အေး စတဲ့ နအဖမိစ္ဆာထိပ်သီးများနဲ့ မိစ္ဆာမြီးဆွဲ ငနဲကြီး ငနဲငယ်တွေ ကျဆုံးရေးကို ရည်ရွယ်ပြီး ပရိတ်တရားတော်နာ၊ တက်တက်ကြွကြွ သံပုံးတီးပြီး တောခြောက်ထုတ်ကြပါ။

ကျုပ်တို့ပြည်သူတွေရဲ့ ယုံကြည်မှုနဲ့စေတနာတွေဟာ အသေအချာကို မိစ္ဆာတွေကြမ္မာကိုငင်စေပါလိမ့်မယ်။ တပြည်လုံးရဲ့ဆန္ဒတွေ မဟာသင်္ကြန်အခါသမယမှာ အတူတကွ ဆုံလိုက်ကြရင် ဒင်းတို့ဘာခံနိုင်လိမ့်မလဲ။

ယုံကြည်မှုစေတနာ ထက်ထက်သန်သန်နဲ့ ညီညီညွှတ်ညွတ် လုပ်ဆောင်ကြပါ။ ဗုဒ္ဓဘုရားရှင်အဟောတောင်ရှိပါသေးတယ်….။

“ စေတနာ၊ ကမ္မံ၊ ဘိက္ခဝေ၊ အဟံဝဒါမိ” တဲ့ ….. ။

အဓိပ္ပါယ်က “ (ဘိက္ခဝေ) ရဟန်းတို့ စေတနာသည် (ကမ္မံ) ကံကိုဖြစ်စေသည်ဟု (အဟံ) ငါသည် (၀ဒါမိ) မှတ်ယူပါ၏။ ”

ကဲ… မြန်မာပြည်သားပြည်သူအပေါင်းတို့ ကျုပ်တို့ရဲ့ စေတနာတွေနဲ့ ဒင်းတို့ကို ကံပြုကြပါကုန်စို့။

မင်းသွေးခိုင်

အပြည့်အစုံဖတ်ချင်ရင်...

ကန့် ကွက်မဲပေးကြစို့  (Vote No)

12-04-2008

အပြည့်အစုံဖတ်ချင်ရင်...

Thursday, April 10, 2008

ပြည်သူတွေကတော့ နိုး ပါတဲ့ဗျာ၊ ကဲ ဘယ်နှယ့်ရှိစ နအဖ ရေ။

11-04-2008

ဧပြီ ရရက် ၂၀၀၈ က generation wave က နိုင်ငံတ၀ှမ်းမှာ Vote No ကင်ပိန်း စဖို့ လှုံဆော်ခဲ့ပါတယ်။ ဒါ့ yangon က bus ပေါ်မှာပါ။
အခု နေရာအနှံမှာ ပြည်သူတွေ နိုးနိုးကြားကြား နိုးနေကြပါပြီ ခင်ဗျာ။ နိုး နိုး နိုး ပါ။။

ကျားနဲ့ဆင် လယ်ပြင်မှာ.တွေ့ ကြပြီ။
သည်းခံခြင်းဆိုတာ အတိုင်းအတာရှိပါတယ်ခင်ဗျာ။ လူ့ သမိုင်းတလျှောက် ဖြစ်ပျက်ခဲ့သမျှ အားလုံးသော တော် လှန်ရေးတွေ ဟာလည်း သည်းခံခြင်း အတိုင်းအတာရဲ့ တဖက်စွန်း ရောက်သွားတာမို့  တော်လှန်ခဲ့ ကြတာပါ။

ယနေ့ ခေတ်ဗမာပြည်မှာ တရားစီရင်ရေးဥပဒေမဲ့ ။ မတရား လက်နက်ပြ အာဏာသိမ်းထားတဲ့ စစ်အာဏာ ရှင်က သူ့ အာဏာစည်းစိမ် တည်မြဲမှု တစ်ခုထဲအတွက် လာဘ်စားဖောက်ပြန်။ ကိုယ့်လူမျိုး အချင်းချင်း ညှင်း ပန်းနှိပ်စက် သတ်ဖြတ်ရုံမက ခိုးဆိုး လုယက်မိုက်မဲတဲ့ ရာဇ၀တ်သားတွေကို နေရာပေး လုပ်ပိုင်ခွင့်တွေ တံခါးမရှိ ဓါးမရှိ ပေးလာ တဲ့အခါ။ မိမိ သမာအာဇီဝနဲ့ တပင်တပန်း ကြိုးကုပ် ရှာထားခဲ့ရတဲ့ ပြည်သူတွေရဲ့ အ သက်စည်းစိမ်ဥစ္စာတွေဟာ လုံခြုံ မှုမရှိ။ ကိုးကွယ်ရာ ဘာသာသည် အချိုးနှိမ်ခံ နောင်ရေးအနာဂတ် မတိ ကျတဲ့အထိ ဖြစ်လာနေခြင်း စသည်ဖြင့် အားလုံးခြုံကြည့်တဲ့အခါ တိုင်းပြည်ပျက်လာနိုင်တဲ့အထိ ပြည်တွင်းစစ်မီး ဖြစ်လာနို်င်တဲ့ အထိ ဆိုးရွားလာစေမဲ့ ကြောက်မက်ဖွယ် ဝမ်းနည်း ကြေကွဲဖွယ် အနာဂတ် ကြီးဖြစ်ပါတယ်။

ဒီအနာဂတ်လမ်းကို ပြည်သူတွေ ရှောင်လွဲနေခဲ့တာ အနှစ် ၄၆ နှစ်ရှိပါပြီ။ ဒါပေမဲ့  အခုအချိန်ကစ ဒီပုံ အတိုင်း သာဆက်သွားနေခဲ့ရင် နောင်အနှစ် ၃၀ အတွင်း မြန်မာမြေပေါ်မှ တိုင်းရင်းသား လူမျိုးတွေ ပျောက်ကွယ်။ ဗမာဆိုတဲ့ လူမျိုးတွေအစား တရုပ်တွေကြီးစိုးနေတဲ့ ဗမာပြည်ကြီးအဖြစ်ဘဲမြင်တွေ့ ရတော့မှာပါ။

တိုင်းပြည် ဆင်းရဲတာက ကြိုးစားနိုင်ရင် တိုးတက်ပါဦိးမယ်။ ရေကူးတတ်တဲ့သူ ကို ကြိုးတုတ်ရေကူးခိုင်းတာက မတရားတဲ့ ကိစ္စတရပ်ပါ။ ဒီ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲရဲ့ အဖြေဟာ ဖြူသည်ဖြစ်စေ မဲသည်ဖြစ်စေ ဂယ်ပေါက် မရှိတဲ့ မြှုံးတစ်တခုပါဘဲ။ အခုဘဲ ကြည့်ပါခင်ဗျာ။

ပြည်သူအပေါ် ညှင်းပမ်းနှိပ်စက် အနိုင်ကျင့်ဗိုလိကျနေသူ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းခေါင်းဆောင် တဦးကို သေနတ်သမားများက ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် မှာ လုပ်ကြံ သတ်ဖြတ်မှုဖြစ်ပွါး ခဲ့ပါတယ်။
http://www.mizzimaburmese.com/content/view/906/1/

မတရားဖိနှိပ် အုပ်ချုပ်မှု တွေရှိနေသမျှ ကာလပတ်လုံး ဒီလိုလက်တုန့် ပြန်ကလဲ့စားတွေ ရှိနေဦးမှာပါဘဲ။ ဒီလို မြန်မာပြည် ဘာကြောင့်ဖြစ်နေခဲ့ရပါသလည်း။
အရင်းစစ် အမြစ်မြေက မို့  ဒီ စစ်အာဏာရှင်ဝါဒ မတည်တံ့ရေး တော်လှန်ဖို့ အချိန်ကျပါပြီ။ VOTE NO သာ ရဲရဲလုပ်ကြပါ ခင်ဗျာ။

အပြည့်အစုံဖတ်ချင်ရင်...

အထူးကြေညာချက်

11-04-2008


အားလုံးသော မြန်မာ ပြည်သူ ပြည်သား အပေါင်းခင်ဗျာ။ အခု အချိန်အခါသည် အဖြူ၊ အမဲ (၂) ရောင်သာ ရှိရမယ့် အချိန် ဖြစ်နေပါပြီ။ ကြားခံ အရောင် မရှိသင့်တော့ပါ။ ဖြူမှာလား၊ မဖြူရင်တော့ အမဲလို့ သတ်မှတ်ရမည့် အချိန် ဖြစ်နေပါသည်။

ဘာကြောင့် ကန့်ကွက်ရသည်၊ ကန့်ကွက်လျှင် ဘာဖြစ်မည်၊ ထောက်ခံလျှင် ဘာဖြစ်မည် ဆိုတာတွေကို ဆွေးနွေးရန် အချိန်လည်း မဟုတ်တော့ပါ။ သံဃာသတ်သော နအဖ၏ အခြေခံဥပဒေကို လက်ခံမိလျှင် မိမိတို့သည်လည်း မစိုးရိမ် ဆရာတော်ကြီး ဦးကောဝိဒ ပြောသလို "ကံကြီး ထိုက်မည်" ဖြစ်ပါသည်။

မိမိကိုယ်တိုင် မဲပေးကန့်ကွက် ရုံသာမက မိမိနှင့် နီးစပ်ရာ မိတ်ဆွေ များကို "ကြက်ခြေခတ်" မဲပေးအောင် စည်းရုံးပြီး၊ တစ်ယောက်မှ စ၍ တရာ ဆိုသလို ချက်ချင်း ပြန့်နှံနိုင်သော နည်းဖြင့်၊ တဦးလျှင် အနည်းဆုံး လူ (၁၀)ဦးအား စည်းရုံးသော တာဝန်ကို ယူကာ တိုင်းပြည်ရှေ့ရေး၊ ဘာသာ သာသနာ ရှေ့ရေး၊ မိမိ အနာဂါတ်ရှေ့ရေး၊ မိမိ မျိုးဆက်သစ် ရှေ့ရေးအတွက် အားလုံးပါဝင်ကြပါစို့။

ထိုကြောင့် ပြတ်သားစွာဖြင့် နအဖ၏ မဲစာရွက်များပေါ်တွင် "ကြတ်ခြေခတ်" ပြီး ကန့်ကွက်ပါရန်နှင့် နောက်ထပ် လူ (၁၀) ဦးအား စည်းရုံးရေးတာဝန် ယူကြပါရန် နှိုးဆော်လိုက်ပါသည်။

ဘော်ပင်၊ ခဲတံ၊ ဆော့(ဖ်)ပန်၊ မြေဖြူ၊ မီးသွေးခဲများကဲ့သို့ ရရာ ရေးခြစ်စရာများဖြင့် "ကြက်ခြေခတ်" (သို့မဟုတ်) "NO" စာလုံးများကို နေရာအနှံ့ ရေးခြစ်ခြင်းဖြင့် အများ ပြည်သူများ နှိုးကြားလာအောင် သတိပေး နှိုးဆော်ခြင်းများကိုလည်း တာဝန် တရပ် အဖြစ်ယူ၍ ပြုလုပ်ကြပါရန် နှိုးဆော်လိုက်ပါသည်။

မြန်မာပြည်သူ ပြည်သားများအားလုံး ကံကြီး မထိုက်လိုလျှင် ..... ပြတ်သားစွာဖြင့် နအဖ၏ မဲစာရွက်များပေါ်တွင် "ကြတ်ခြေခတ်" ပြီး ကန့်ကွက်ပါရန် နှိုးဆော်လိုက်ပါသည်။

ကန့်ကွက်မဲကို လှို့ဝှက်မဲပေးသော နည်းဖြင့် ပေးရမည် ဖြစ်သောကြောင့် မိမိဘာပေးမည်ဆိုတာကို မည်သူမျှ မသိနိုင်ပါ။ ထို့အပြင် နအဖမှ မဲ မခိုး နိုင်ရန်လည်း ပြည်သူ့တာဝန် တရပ်အနေဖြင့် စောင့်ကြည့် မှတ်တမ်းတင်ကြပါရန် နှိုးဆော်လိုက်ပါသည်။

နအဖ၏ မစခင်ကတည်းက ကတိ မတည်သော အချက်များနှင့် ဘာကြောင့် လူတိုင်းသွား၍ ကန့်ကွက်မဲ ပေးသင့်သည် ဆိုသော အချက်များကို အောက်တွင် နားထောင်နိုင်ပါသည်။
နောက်ဆက်တွဲ အချက်များ

အခြေခံ ဥပဒေ ပြင်ဆင်နိုင်သော အချက်မှာ ပုံနှိပ်အမှား ဖြစ်သောကြေင့် နဂိုအတိုင်း ထက်ဝက်ကျော် ဆိုသော အပိုင်းကို ဖြည့်စွက်၍ ပြင်ဆင် ဖတ်ရှုပါဟု အဖွဲ့ အစည်းများကို အကြောင်းကြားထားပြီး၊ သူတို့ပိုင် မီဒီယာများဖြင့် ပြည်သူအား အသိပေးခြင်း မရှိသေးပါ။

မည်သို့ပင် ဖြစ်စေကာမူ ထက်ဝက်ကျော်ဆိုသော ကိစ္စမှာ သာမန် အချက်သာဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ် ၇၅% ကျော်၏ ထောက်ခံမဲ ရမှသာ ပြင်နိုင်သည် .... ဆိုသော အချက်မှာ ပို၍ အရေးကြီးပါသည်။ ၂၅ % သည် စစ်တပ်က ယူထားပြီး ဖြစ်သဖြင့် စစ်တပ် မပြင်ဘူးဆိုလျှင် ၇၅ % ကျော် မရနိုင်သဖြင့် လုံးဝ ပြင်၍ မရနိုင်ပါ။ ထိုကြောင့် အခြေခံ ဥပဒေသည် လုံးဝပြင်၍မရသော အခြေခံဥပဒေ အနေဖြင့်သာ ဆက်လက် တည်ရှိနေပါသေးသည်။

အခြေခံဥပဒေမူကြမ်း ပြင်ဆင်ရန် အချက်တစ်ခုတည်းသာ စာလုံးပေါင်းမှားခြင်းဟု ဆိုလျှင် အတည်ပြုရန် အချက်သည် စာလုံးပေါင်းမှားခြင်း မဟုတ်ပဲ တမင် ရည်ရွယ်ချက်ရှိရှိပြင်ဆင်ထားကြောင်း ဝန်ခံရာ ရောက်သည်။

ထိုကြောင့် နအဖဆိုသည်မှာ ..... မိမိ ကိုယ်တိုင် မကြာခင် အချိန်ကပင် ပြောထားခဲ့သော စကားများကို မတည်နိုင်သော အရှက်မဲ့ သေနတ်ကိုင် အကြမ်းဖက် လူတစ်စုသာ ဖြစ်ရာ၊ မြန်မာပြည်သူ ပြည်သားများ အနေဖြင့် အဆိုပါ ဒမြ လူတစ်စုကို ကံကြီးထိုက်ခံ၍ ထောက်ခံခြင်း မလုပ်ကြရန် အသိပေး နှိုးဆော်လိုက်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

အပြည့်အစုံဖတ်ချင်ရင်...

ဒီမိုကရေစီလိုချင်ရင်

10-04-2008
လူတိုင်းဒီမိုကရေစီလိုချင်ကြသည်၊ဒီမိုကရေစီသည် တန်ဘိုးကြီးသည်၊မြင့်မြတ်သည်၊
တန်ဘိုးကြီးမြင့်မြတ်သည့်အရာမှန်သမျှအလွယ်တကူရရိုးထုံးစံမရှိခဲ့၊
မြတ်စွာဘုရားသည်လူနတ်ဗြဟ္မာသတ္တ၀ါတို့ထက်အမြင့်မြတ်ဆုံးပုဂ္ဂိုလ်အဖြစ်ခံယူရရှိရန်
လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံးအသက်ကိုပေးလှူခြင်း
ခြေလက်ကိုယ်အင်္ဂါစသည်တို့ကိုစွန့်လှူခြင်း သားသမိးတို့ကိုဘ၀ပေါင်းများစွာစွန့်လှူခဲ့ရပေသည်။

ထိုသို့စွန့်လွတ်ခဲ့ခြင်းတို့သည်မိမိတစ်ကိုယ်ရေလွတ်မြောက်ရေးအတွက်ပြုလုပ်ခဲ့ခြင်းမဟုတ်၊
လူနတ်များစွာချမ်းသာရေးအတွက်ပြုလုပ်ခဲ့ခြင်းဖြစ်ပေသည်။မိမိတို့မြန်မာနိုင်ငံသားအများစုသည်
ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်ကြသောလူမျိုးများဖြစ်ကြသည်။ထို့ကြောင့်မိမိတို့သည် မိမိတို့ကိုယ်တိုင်ကြုံတွေ့ခံစားစံစားနေကြရသောစားဝတ်နေရေးလူမှုဒုက္ခအမျိုးမျိုးတို့မှ
လွတ်မြောက်အောင် မိမိတို့ကိုယ်တိုင်သာရုန်းထွက်လွတ်မြောက်အောင်ပြုလုပ်ကြရပေမည်။
လူမှုဒုက္ခမျိုးစုံများကိုကြုံတွေ့အောင်နည်းအမျိုးမျိုးနှင့်နှောက်ယှက်တားဆီးပိတ်ပင်ထားသော
မကောင်းဆိုးဝါးနအဖမိစ္ဆာကောင်များကို တိုင်းပြည်တွင်းမှဖယ်ရှားသုတ်သင်ပစ်ကြရပါမည်။
တိုင်းပြည်နှင့်လူမျိုးများအားကျွန်ဖြစ်အောင်ငတ်မွတ်ခေါင်းပါးအောင်ပြုလုပ်နေကြသောသူတို့မှာ
အခြားသူများမဟုတ်ပါ န အ ဖ ခေါ်သည့်မိစ္ဆာကောင်တစ်စုသာလျှင်ဖြစ်ပေသည်။
၎င်းမိစ္ဆာကောင်များသည်မိမိတို့၏မိဘဘိုးဘွားတို့ကိုလည်းကောင်း၊မိမိတို့ကိုလည်းကောင်း၊
မိမိတို့၏သားစဉ်မြေးဆက်များကိုလည်းကောင်းစစ်ကျွန်သဘောက်ဘ၀အောက်မှဘယ်သောခါမှမ လွတ်မြောက်စေရန်ကောက်ကျစ်စဉ်းလဲသေအကြံဆိုးအကြံညစ်တို့ဖြင့် အတုအယောင်
သူတောင်းစားထောက်ခံပွဲကိုမေလ(၁၀)ရက်တွင်ပြုလုပ်ကြံစည်အားထုပ်လျှက်ရှိနေကြပေပြီ၊
မိမိတို့သည်န အ ဖ စစ်မိစ္ဆာကောင်များ၏လိင်လည်လှည့်များမှုမှန်သမျှကို
သိရှိနားလည်သဘောပေါက်နေရုံနှင့်မပြီးတော့ပါ၊
၎င်းတို့၏ကမ်းကုန်အောင်ရက်စက်မည့်အကြံဆိုးအကြံညစ်တို့ကိုဖယ်ရှားသုတ်သင်
ဘို့အချိန်ကျရောက်လို့လာပါပြီ၊
ဒါကြောင့်ဒီမိုကရေစီလိုချင်တယ်ဆိုရင်မိမိတို့၏ထင်နေတဲ့ငါဆိုတဲ့
အတ္တတွေကိုလျှော့ချပြီးကိုယ်ကျိုးစွန့်အနစ်နာခံတိုက်ပွဲဝင်ကြရမည်အချိန်ဖြစ်ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်နှင့်လူမျိုးအတွက်ကိုယ့်ကျိုးစွန့်ရုံတင်မက
အသက်ကိုပါစွန့်လွတ်ခဲ့သည့်
အတွက်ကြောင့်မြန်မာပြည်ကြီးလွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်ပေသည်။
ကိုယ်ကျိုးရှာစီးပွားရေးအတ္တသမားတွေသာထိုအချိန်တွင်ဦးဆောင်ခဲ့ပါကမြန်မာနိုင်ငံ
လွတ်လပ်ရေးရစရာအကြောင်းမရှိခဲ့ပေ၊
သို့သော်လွတ်လပ်ရေးရပြီနောက်ပိုင်းကိုယ်ကျိုးရှာအတ္တသမားများမရောက်သင့်သည့်နေရာသို့
ရောက်ရှိသွားသောအခါတိုင်းပြည်ကြီးမှာဖာသည်
တိုင်းပြည်ကြီးဖြစ်သွားခဲ့သည်မှာယနေ့အချိန်အထိပင်ဖြစ်ပါသည်။
ဒီနေ့မျက်မှောက်ခေတ်ကာလကြီးမှာလည်း ဒေါ်အောင်ဆန်းစုကြည်နှင့်မင်းကိုယ်နိုင်
အပါအ၀င်သန်း၅၀ကျော်သောပြည်သူလူထုကြီးကိုကိုယ်စားပြုကာ
ဒီမိုကရေစီအရေးအတွက်တိုက်ပွဲဝင်လျက်ရှိပေသည်။
ထောင်းပေါင်းများစွာသောနိုင်ငံရေးအကျဉ်းသားများနှင့်ရဟန်းသံဃာတော်တို့သည်
်စစ်အာဏာရှင်စနစ်ဆိုးကြီးအောက်မှလွတ်မြောက်ရန်ကိုယ်ကျိုးစွန့်အနစ်နာခံ
ထောင်နန်းစံလျှက်ရှိကြပေသည်။မြန်မာနိုင်ငံသားအဖြစ်ခံယူထားသော
ကျွှန်ုပ်တို့အားလုံးညီညီညွတ်ညွတ်ဖြင့် ကိုယ်ကျိုးစွန့်အနစ်နာခံတိုက်ပွဲဝင်သွားကြမည်ဆိုလျှင်
၂၀၀၈ ခုနှစ်တွင်ဧကန်မုချဒီမိုကရေစီပန်းတိုင်သို့အရောက်လှမ်းနိုင်ကြမည်ဖြစ်ပေသည်။
ထိုသို့မဟုတ်ပါဘဲမည်သူတေတေငတေမာရင်ပြီးရောဆိုသည့် န အ ဖ စစ်မိစ္ဆာကောင်များ၏
စိတ်ဓာတ်မျိုးနှင့်သာဆက်သွားနေကြပါကဘယ်သောခါမှဒီမိုကရေစီရရှိနိုင်မည်မဟုတ်သလို
ဘယ်သောခါမှလည်းအာဏာရှင်စနစ်ဆိုးအောက်မှလွတ်မြောက်နိုင်လိမ့်မည်မဟုတ်ပါကြောင်း။
မြတ်မင်းသွေး

အပြည့်အစုံဖတ်ချင်ရင်...

10-04-2008

နယူးဒေလီ။ ။ ပြည်တွင်းရှိ ပြန့်ကျဲနေတဲ့ အဖွဲ့ငယ်များအား ပြန်လည် စုစည်းပြီး လူထုလှုပ်ရှားမှု ဖော်ဆောင် ရန် ကြိုးပမ်းမည့် New Generation Movement for Justice အဖွဲ့ကို ပြည်တွင်း လူငယ်များက ယခုလ ၃ ရက်နေ့ ဖွဲ့စည်းလိုက်သည်။အဖွဲ့၏ ကနဦး လုပ်ဆောင်ချက်များအဖြစ် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ)၊ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး စသည့် လူငယ်အဖွဲ့အစည်း များနှင့် ချိတ်ဆက်ကာ လူထုဆန္ဒခံယူပွဲတွင် ပြည်သူများအနေနှင့် ကန့်ကွက်မဲပေးရေး လှုပ်ရှားမှုများကို မြို့ရွာအနှံ့ လျှို့ဝှက် လုပ်ဆောင်နေသည်ဟု သိရသည်။
ကျောင်းသား၊ ကျောင်းဆရာ၊ အလုပ်သမား၊ လယ်သမား အလွှာအသီးသီး ပါဝင်သည့် New Generation Movement for Justice အဖွဲ့ က အာဏာပိုင်များ၏ လိုက်လံ ဖြိုခွင်းမှုကြောင့် ပြန့်ကျဲနေသည့် စက်တင်ဘာ တော်လှန်ရေး နောက်ဆက်တွဲ အဖွဲ့ငယ်များကို ပြန်လည် စည်းရုံးခြင်းများကို လူထုလှုပ်ရှားမှုအတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်။

အတိုက်အခံ အင်အားစုများနှင့် အကဲခတ်များက နအဖ စစ်အစိုးရသည် ပြည်သူလူထုကို အစစ်အမှန် ကိုယ်စားပြုခြင်း မရှိသူများနှင့် ၁၄ နှစ်သက်တမ်းကြာ အမျိုးသားညီလာခံမှ ရေးဆွဲလိုက်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း) သည် စစ်အုပ်စု အာဏာသက်ဆိုးရှည် ရေးအတွက် တရားဝင် ဖြစ်စေရန် ပြုလုပ်ထားခြင်း ဖြစ်သည်ဟု ပြောဆို ဝေဖန်ကြသည်။ သူတို့က အဆိုပါ မူကြမ်း အတည်မပြုနိုင်ရေး အတွက် ပြည်သူများအနေနှင့် မဲရုံများသို့ သွားရောက်ကာ ကန့်ကွက်မဲပေးရေး လှုံ့ဆော်နေသည်။

နအဖ စစ်အစိုးရကမူ ဥပမဒမူကြမ်း အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲကို လာမည့် မေလ ၁ဝ ရက် နေ့ တွင် ကျင်းပသွားမည်ဟု ယမန်နေ့ညက တရားဝင် ထုတ်ဖော် ကြေညာလိုက်ပြီ ဖြစ်သည်။

New Generation Movement for Justice က ဥပဒေအဖြစ် အတည်မပြုနိုင်ရန် မည်သည့် နည်းလမ်းဖြင့် လူထုလှုပ်ရှားမှုများ ဖော်ထုတ် သွားမည်ကို အသေးစိတ် ပြောကြားခြင်း မရှိပါ။

"Justice (တရားမျှတမှု) လို့ သုံးရတဲ့ အကြောင်းကတော့ ကျမတို့ တိုင်းပြည်မှာ ဘယ်လို နည်းစနစ်ကြီးပဲ ဖြစ်ဖြစ် တရားမျှတမှု ရှိဖို့ပဲ လိုလားတယ်။ တရားမျှတမူအတွက် သေတဲ့အထိ တိုက်ပွဲဝင်သွားမှာ ဖြစ်တယ် ဆိုတာကို ပြောချင်တာပါ" ဟု မနွယ်လေးဝေက ပြောသည်။

"ကျမတို့ ကျောင်းသားတွေ ကျောင်းတနှစ်အောက်မှာ သိပ်ကြောက်တယ်။ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ဈေးသည်တွေ တနေ့ ဈေးမထွက်ရမှာ ကြောက်တယ်။ အဲဒီအရာတွေ အောက်ကနေ လွတ်မြောက်လာဖို့အတွက် သတ္တိတွေ မွေးဖို့လိုပါတယ်။ တရက်တို့၊ တနှစ်တို့ နောက်ကျသွားတဲ့ အရာတွေကို ကြည့်နေမယ်ဆိုရင် ကျမတို့တသက် ခံစားသွားရဖို့ ဖြစ်တယ်ဆိုတာ သတိပေးချင်ပါတယ်" ဟု သူက ဆက်ပြောသည်။

အပြည့်အစုံဖတ်ချင်ရင်...

ပိတောက်ချစ်သူ

10-04-2008

အပြည့်အစုံဖတ်ချင်ရင်...

..လိုအပ်ရင် မီးပုံရှို့လိုက်..

10-04-2008
ခွေး
သေကောင် အပုပ်နံ့နဲ့
သူတောင်းစား စစ်တပ်
ခိုးစားလို့ မ၀နိုင်ဘဲ
တွေဝေမိုက်မဲ
ရှက်နည်းပြီး
ွက်ရေးက စက်သူဌေးနဲ့
မဲပုံးကို အကြံအဖန်လုပ်
ည့်သူကို လိမ်ညာတုပ်ဘို့
ကားထဲက ဇာတိပြနေ
ရာဇ၀င်မှာ မျိုးဆက်တွေ မနာရအောင်
သာတွေလုပ်တဲ့ မဲရုံ
လိုအပ်ရင် မီးပုံရှို့လိုက်...။

လိုအပ်ရင် မီးပုံရှို့လိုက်

အပြည့်အစုံဖတ်ချင်ရင်...

အနာဂတ်ရှုမျှော်ခင်း၊ ပစ္စုပ္ပန်ကန္တာရနှင့် စိန်ခေါ်ခြင်း

10--04-2008
နှစ်ပရိစ္ဆေဒပေါင်းများစွာ မည်းမှောင် ကောက်ကျစ်နေခဲ့သော ကောင်းကင်ကြီးရဲ့ ရာဇ၀င် ကို လှလှပပ ဖော်ထုတ်ပေးလိုက်ကြမယ်။ ဖော်ထုတ်ဖို့ အချိန်ဟာလည်း ဆိုက်ရောက်လာခဲ့ပြီ။
ကောက်နေတဲ့တိမ်တွေ။ ညစ်နေတဲ့ အပုပ်တွေ။ ငါတို့သမိုင်းမှာ ခါးသတ်စွာ ကျန်ရစ်စေရ မယ်။ အားလုံးအတွက်ဆိုပြီး ငါတို့ အားလုံးကို စွန့်လွှတ်ထားကြတယ်မဟုတ်လား။ ဘာတွေကို လက်ကိုင်ပြုနေချင်သေးလဲ။ ဘာတွေကို ခြယ်သချင်နေသေးလဲ။ ငါတို့ကိုယ်ကို ငါတို့ လှစ်ဟခွင့် မရှိခဲ့တဲ့ နေ့များကို ငါတို့ နောက်ထက်လိုချင်နေသေးလား။ ငါတို့မြေမှာ ရှိနေစေချင်သေးသလား။ ဒါတွေကို အတိတ်မှာ ချန်ရစ်ပစ်ခဲ့ဖို့ ငါတို့ မစွမ်းနိုင်ကြတော့ဘူးတဲ့လား။

ကိုယ့်သွားကို ကိုယ်ကြိတ်။ ကိုယ့်အံကို ကိုယ်ခဲ။ ငါတို့များရဲ့ဘ၀ဟာ ပန်းဥယျာဉ်လို မဟုတ်ခဲ့လေဘူး။ ဘယ်တော့များ အမှောင်ကာလတွေ ဆုံးမလဲ။ ဒီငှက်ဆိုးတွေအကြောင်း ဘယ် သူတွေက သီချင်းဆိုချင်နေကြသေးလဲ။ လှပြီးသား နှလုံးသားတွေ လှနေပါစေ။ ရဲပြီးသားသွေးတွေ ရဲနေပါစေ။ ဖြူပြီးသား စိတ်တွေ ဖြူနေပါစေ။ ငါတို့အတွက် မျှော်လင့်ချက်ဟာ ငါတို့ ကောင်းကင် ဖြစ်စေရမယ်။

ငှက်ဆိုးသံတွေကြားမှာ အိပ်ရေးပျက်ခဲ့ကြတဲ့၊ အိပ်ရေးပျက်နေဆဲဖြစ်တဲ့ ချစ်စွာ သောငါတို့ရဲ့မိခင်(တိုင်းပြည်) ဘယ်တော့များ ငါတို့ သူ့ကို ပြုံးပျော်စေနိုင်ပါ့မလဲ။ မိတ်ဆွေတို့ ငါ တို့ မိခင် မျက်တွင်းတွေဟောက်လို့ အိပ်ပျက်တဲ့ညတွေ များလှပါပြီကွယ်။ ငါတို့ စိတ်ဆန္ဒတွေ အား လုံး ဘယ်ဆီမှာ စုပြုံနေသင့်သလဲ။
မိတ်ဆွေဟာ ဒီမြေမှာ ကြီးရင့်ခဲ့ရင် ဒီမြေရဲ့ ကောင်းကင်ကို ခဏဖြစ်ဖြစ် လှမ်းကြည့် လိုက်ပါ။ အမိမြေရဲ့ ကောင်းကင်ယံမှာ S.V.O ဆိုတဲ့ စာတန်းလေးဟာ သင်ကြည့်ရင် သင်မြင် တွေ့ရပါလိမ့်မယ်။ ထင်ထင်ရှားရှား။

“သူများထက် ထူးခြားအောင် ပြုလုပ်နိုင်ခဲ့တဲ့သူတွေဟာ သမိုင်းတွင်ကျန်ခဲ့တာပဲ”တဲ့။ သူများထက် ထူးစရာမလိုပါဘူးလေ။ သူများလောက်လုပ်ရင်ကို သမိုင်းမှာ မိတ်ဆွေတို့ လူရိုသေ ရှင်ရိုသေ ဖြစ်နိုင်ပါတယ်။ မိတ်ဆွေတို့ ပန်းပွင့်အသေတွေ တွေ့ဖူးသလား။
သမိုင်းဆိုတာ လူတွေရဲ့ အရိပ်ပါ။ ဒါဆိုရင် သင့်ရဲ့အရိပ်ဟာ သင့်ရဲ့သမိုင်းပဲပေါ့။ ကျန်နေ ခဲ့တဲ့ သင့်အရိပ်နဲ့ သင့်သမိုင်းရဲ့ အဖြူအမည်း၊ အကွေ့အဖြောင့်အကြောင်းကို လူတွေ ပြောနေ ကြပါလိမ့်မယ်။ အဲဒိအချိန်မျာ သင်ကတော့ မရှိတော့ပါဘူး။ ဒါပေမယ့် သင်နဲ့ပတ်သတ်ပြီး မသေ သေးသူ တစ်ယောက်ထက်ပိုတဲ့ တန်ဖိုးထားမှုကို တွေ့ရပါလိမ့်မယ်။ ဒါဟာ လူဖြစ်ရခြင်းရဲ့ တစ်နည်းပြောရရင် “ကိုယ့်ဖြစ်တည်မှုရဲ့ လှပတဲ့ရုပ်ကြွင်းတစ်ခု” ဖြစ်နေပါလိမ့်မယ်။
အခြေအနေကပြောပြတဲ့ အလုပ်ဟာ ငါတို့ဘ၀အတွက် လုပ်သင့်လုပ်ထိုက်တာပဲ ဖြစ်နေပါ လိမ့်မယ်။ နှစ်ပေါင်းများစွာ ငုံ့လာခဲ့ရသော ငါတို့ရဲ့ဦးခေါင်းများ၊ ကုတ်ကိုင်းကွေ့ကောက်နေတဲ့ ကောင်းကင်ကြီးရဲ့အောက်မှာ ကွေ့ကွေ့ရွေ့ရွေ့ တိမ်မြုပ်နေသော ငါတို့ရဲ့စိတ်များကို ထွက် ပေါက်ပေးလိုက်သင့်ပြီ။ ငါတို့မိခင်ဟာ ငါတို့အလာကို ငေးမောလို့။ အမေ့ဧရာဝတီဟာ ရေစီး မသန်တော့ဘူး။

အသေကောင်တွေသာ တစ်လောင်းပြီးတစ်လောင်းထပ်၊ အမေချုပ်နေတဲ့ ၀တ်စုံလေးက ဘယ်သူမှ မ၀တ်ဆင်ရသေးဘူး။ မဖြစ်စလောက် ဒီအပ်ချုပ်စက်လေးနဲ့ ၀တ်စုံလှလှလေးတွေ ချုပ်စပ်လိုက်ကြရအောင်။ အရောင်အသွေးစုံတဲ့ ဖက်ရှင်ဟာ ငါတို့နဲ့ လိုက်ဖက်သည်ဖြစ်စေ၊ မလိုက်ဖက်သည်ဖြစ်စေ ငါတို့ကို သမိုင်းက စကားတွေ တစ်လှေကြီး ပြောနေတာ လျစ်လျူမရှုသင့် ဘူး။

အနာဂတ်ဟာ ငါတို့လက်ထဲမှာ သေချာနေပြီလို့ မိတ်ဆွေတို့ကိုယ်တို့ ယုံကြည်ရင် ယုံကြည်မှုနဲ့ ပေးဆပ်မှုများနောက်က ငါတို့အနာဂတ်ဟာ ပန်းတွေနဲ့ ဝေနေပါလိမ့်မယ်။ တွေးဆ လွဲမှားမှုများ၊ အားငယ်ကြောက်လန့်စိုးရိမ်မှုများ၊ ငါတို့ဦးခေါင်းတွေ ငုံ့မြဲငုံ့နေကြရင်တော့ ငါတို့မြက် ခင်းတွေဟာ သွေ့ခြောက်မြဲ သွေ့ခြောက်နေပါလိမ့်။ အသေအချာပါပဲ။ ဒီတော့……….
…………………….ကိုယ်ပြောစရာမလိုတော့ဘူးထင်ပါတယ်။ ဆိုကရေးတီးရဲ့စကားလေးနဲ့ နိဂုံးချုပ်ပါရစေ။ “ငါကား သေရတော့အံ့၊ သင်တို့ကား အသက်ရှင်လျှက်ကျန်ရစ်ကြမည်၊ သင်တို့နှင့်ငါ မည်သူက ပို၍ ကံကောင်းသနည်းဟု မည်သူပြောနိုင်ပါအံ့နည်း”။ အချုပ်တန်း ဆရာဖေရဲ့ “သေသော်မှတည့် သြော် ကောင်း၏” ဟူသော စကားနှင့် ဆက်စပ်ကြည့်ကြဖို့ ဖြစ်ပါတယ်။


လွင်ပြင်ရိုင်း (MSMA)

အပြည့်အစုံဖတ်ချင်ရင်...

ဆန္ဒခံယူပွဲမှာ နအဖက မဲကို ဒီလိုလိမ်မယ်တဲ့ဗျား . . .

10-04-2008
မို့နယ်၊ ရပ်ကွက် အဆင့်အသီးသီးရှိ ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်အဖွဲ့ခွဲများတွင် တာဝန်ယူထားရသော သူများထဲမှ ကျနော်တို့၏ စိတ်ချရသော သတင်းရင်းမြစ်များမှ ရရှိထားသော သတင်းများအရ ဆိုရလျှင် ….
- မဲရုံတစ်ခုအတွက် ပုံစံတူမဲပုံး (၂) ပုံး ထားရှိရန် စီစဉ်ထားခြင်း။
- ဆန္ဒမဲလက်မှတ်များကို မဲပေးမည့် လူဦးရေစာရင်း၏ နှစ်ဆကျော် ထားရှိရန် စီစဉ်ထားခြင်း။


ဤအချက်အလက်များနှင့် ထပ်မံသိရှိရသော သတင်းအချက်အလက်များအရ နအဖသည် မဲလိမ်ရာတွင် ဆန္ဒမဲလက်မှတ်များ အစားထိုး လိမ်လည်ဖို့ပင် မစဉ်းစားတော့ဘဲ မဲပုံးကို တိုက်ရိုက်လဲလှယ်မည့်သဘော ဖြစ် နေပါသည်။ လဲလှယ်မည့်မဲပုံးတွင် ဆန္ဒမဲပေးမည့် လူဦးရေ စာရင်းအတိုင်း၊ ၎င်းတို့ ကြိုတင်စီစဉ်ထားသော ပုံစံ အတိုင်း ထောက်ခံမဲများကို ကြိုတင်ထည့်ထား၍ မဲမရေတွက်မီ လဲလှယ်မည်ဖြစ်သည်။

နအဖသည် ပြည်သူ၏ သဘောထားကို ကျနော်တို့ ပြည်သူများ ကိုယ်တိုင်ထက်ပင် ပိုလို့ သဘောပေါက် နား လည်နေပါသည်။ ၎င်းတို့ခြိမ်းခြောက်သည်ကို ကြောက်ရွံ့ပြီး ပြည်သူများမှ ထောက်ခံမဲများ ပေးလေမလားဟု မျှော်လင့်ချက်ပင် မထားတော့ဘဲ ကျိန်းသေနိုင်မည့် သေချာသည့်အစီအစဉ်ကိုသာ စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း အထင်အရှား တွေ့နေရပါသည်။

ကဲ ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ။ နည်းလမ်းတွေ ရှာကြရတော့မယ်။

အပြည့်အစုံဖတ်ချင်ရင်...