Saturday, January 31, 2009

တော်လှန်ရေးကြီးဘာကြောင့်မအောင်မြင်ရသေးတာလဲ

ကျနော်ကို အမေးချင်ဆုံးမေးခွန်းတစ်ခုမေးပါဆိုရင် တော်လှန်ရေးကြီးဘာကြောင့် မအောင်မြင်ရသေးတာလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်၊၊ ဒီမေးခွန်းကို ကျနော်တွေ့တဲ့သူတိုင်းကို မေးခဲ့သလို ကျနော်ကိုယ်တိုင်လည်း အမေးခံခဲ့ရဘူးတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ စာဖတ်သူများလည်း ကျနော်နည်းတူ အမေးခံခဲ့ရဘူးမယ်ထင်ပါ တယ်။ ဒီမေးခွန်းကို ကျနော့်ကိုယ် ကျနော်လည်း ပြန်မေးဖူးပါတယ်။ ဟုတ်ကဲ့ အဖြေအမျိုးမျိုးထွက်ပါလိမ့်မယ်။ ကြိုက်သလိုဖြေနိုင်ကြပါတယ်။ဒါပေမဲ့ အဖြေမှန်ဖို့လိုပါတယ်။ ပုစ္ဆာတစ်ပုဒ်ဟာအဖြေမရမချင်းတန်ဖိုးမထွက်ပါဘူး ပုစ္ဆာတိုင်းလဲမတူကြပါဘူး။ အမေးရှိရင်အဖြေရှိရမယ်ဆိုပေမဲ့ အဲဒီအဖြေဟာမှန်ကန်တိကျဖို့လိုပါတယ်။ တချို့ပုစ္ဆာတိုင်းဟာပါးစပ်ကဖြေလိုက်ရုံပြီးပေမဲ့ တချို့ပုစ္ဆာဟာတကယ်လက်တွေ့ချတွက်၊ တစ်ခုချင်းဖြေရှင်းချုက် ထုတ်သွားပြီး တကယ်လက်တွေ့လုပ်ဆောင်ဖြေပြမှအမှန်ရမယ့်ပုစ္ဆာဖြစ်ပါတယ်။ ဒီပုစ္ဆာဟာအခုမှပေါ်တဲ့ပုစ္ဆာ မဟုတ်ပါဘူး ဟိုးရှေ့ခေတ်အဆက်ဆက်ကပေါ်ခဲ့တဲ့ပုစ္ဆာဖြစ်ပါတယ်။ ဒီပုစ္ဆာကိုခေတ်အဆက်ဆက်ကဖြေခဲ့ကြပါတယ် ဖြေနိုင်တဲ့သူများရှိသလိုမဖြေနိုင်တဲ့သူများလဲရှိခဲကြပါတယ်။
ဟုတ်ကဲ့ဟိုးရှေ့ခေတ်ကျနော်တို့လှမ်းမမြင်နိုင်တဲ့ခေတ်ကိုကျတော်မပြောလိုတော့ပါဘူး ကျတော်တို့လှမ်းမြင်နိုင်တဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ကိုတိုင်ဒီမေးခွန်းကိုလက်တွေ့ဖြေလက်တွေ့အောင်မြင်ခဲ့ တယ်ဆိုတာကို ပြန်ကြည့်ပြီးဖြေရမယ်။ သချာင်္ပုစ္ဆာများမှာလည်းထိုနည်း၎င်းပဲ ရှေ့လူများတွုက်ပေးခဲ့တဲ့နည်းစနစ် များပေါ်မှာမှီပြီးချဲ့ထွင်ထွက်ကြရတယ်။ ဒါမှအဖြေမှန်ရနိုင်ပါတယ် ဒီလိုမဟုတ်ပဲငါသိငါတက်လုပ်ကာ ဘယ်အဖြေမှနည်းမှီစရာမလိုဘူးငါအဖြေနဲ့င်ါသွားမယ်ဆိုရင် အဖြေမှန်မရဘဲဝေးသည်ထက်ဝေးနေကြအုံးမှာဖြစ် ပါတယ်။
ဒီပုစ္ဆာဟာအခက်ခဲဆုံးပုစ္ဆာဖြစ်သလို တဦးတစ်ယောက်ထဲနဲ့လဲဖြေလို့ရတဲ့ပုစ္ဆာမဟုတ်ပါဘူး တစ်ဖွဲ့ နှစ်ဖွဲ့ သုံးလေးဖွဲ့နဲ့လည်းဖြေလို့ရတဲ့ပုစ္ဆာမဟုတ်ပါဘူး ဒါကိုနားမလည်ပဲငါဖြေနေတာပဲ ငါ့အဖွဲ့ဖြေနေတာပဲဆိုပြီး ဆက်သွားနေရင်ဒီအဖြေဟာအမှန်နဲ့ဝေးနေအုံးမှာဖြစ့်ပါတယ် ဒီအဖြေဟာဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်မှာ အဖြေမှန်ရခဲ့ပြီးပြီ။သူတို့ဘာကြောင့်အဖြေမှန်ရခဲ့တာလဲ…?ကျနော်တို့ဘာကြောင့်အဖြေမှန်မရကြသေးတာလဲ……? ဒါကိုသေချာစဉ်းစားအဖြေထုတ်ဖို့လိုပါတယ်။ ဆင်ခြေကန်တဲ့အဖြေမျိုးကိုကျနော်မကြားလိုပါ။ တချို့ကဒီအစိုးရ ဟာအင်္ဂလိပ်၊ ဂျန်ပန် တိုင်းတပါးအာဏာရှင်ထက်ဆိုးတယ် ဒါကြောင့်မို့ ဒို့မအောင်မြင်တာဆိုပြီးဆင်ချေပေး ကြတယ်။
ဟုတ်ကဲ့တိုင်းတပါးသားအင်္ဂလိပ်၊ ဂျန်ပန်ထက်ဆိုးတယ်ဆိုရင်အဲဒီကာလထက်ပိုပြီးအားမထုတ်သင့်ဘူး လား….? အဲဒီကာလကတော်လုန်ရေးသမားများထက်ပိုပြီးအားထုပ်တာကိုမပြောနဲ့ သူတို့အားထုတ်ကြတာနဲ့ နိုင်းယုဉ်ရင်အပုံတစ်ရာပုံတစ်ပုံတောင်ရှိမယ်မထင်သေးပါ။သူတို့လက်ထက်သမိုင်းများကိုပြန်လေ့လာကြည့်ကြပါ သူတို့ခေတ်ကလူတိုင်းလိုလို ဒီမေးခွန်းကိုမေးကြသလို လူတိုင်းလိုလိုဒီမေးခွန်းကိုဖြေနေကြပါတယ်။ အခုကျန်တော်တို့နိုင်ငံမှာဘယ်နှစ်ယောက်မေး၍ဘယ်နှစ်ယောက်ဖြေနေကြပါသနည်း..? ဒီမေးခွန်းကို တကယ်မေးပြီး တကယ်ဖြေခဲ့ကြ ထောင်ဒဏ်တွေ (၁၀၄)နှစ်၊ (၆၈)နှစ်၊ (၃၅)နှစ် စသည်ဖြင့် အနှိပ်စက် အညှင်းဆဲ ခံပြီး ဖြေနေကြချိန်မှာ အခုထက်ထိ မြန်မာလူမျိုးအများစုဟာ ဒီပု စ္ဆာကို ကိုယ်နှင့်မဆိုင်သလို မေ့မေ့ပျောက်ပျောက် နေကြတာဟာ အလွန်ဝမ်းနည်းစရာ စက်စုပ်ရွံရှာစရာ ကောင်းလှပါတယ်။ သူများတွေတိုင်းပြည်အတွက် ဒီမေးခွန်းကို တကယ်မေးပြီး တကယ်ဖြေနေတဲ့ အချိန်မှာ - ယနေ့ မြန်မာလူမျိုးအချင်းချင်း တွေ့ရင် ဘာတွေမေးနေကြတာလဲ..? “ဟေ့ကောင် ဘာဂဏန်းရလဲ..? ထိတ်စီးကဘာလဲ..? ဘောလုံးပွဲ ဘယ်လိုပြီးသွားလဲ..? ဟိုနေ့က အာဝါဒေးပွဲမှာ ဘယ်လောက် ရလိုက်လဲ..?“ ဆိုတဲ့ အင်မတန်အောက်တန်းကျတဲ့ မေးခွန်းတွေကို မေး အဲဒီမေးခွန်းတွေကို အဟုတ်ကြီးမှတ်ပြီး မြိန်ရည် ရှက်ရည်နဲ့ အရှက်မဲ့စွာမေးကြ ဖြေကြ လုပ်နေကြတာဟာ အင်မတန် အော့နှလုံးနာစရာကောင်းလှပါတယ်။ တကယ်ကိုးကွယ်နေကြတာက ကမ္ဘာ့အဆင့်အတန်း အမြင့်ဆုံး ဆိုတဲ့ ဗုဒ္ဓကို ဒါပေမယ့် လုပ်နေကြတဲ့ လုပ်ရပ်တွေက ကမ္ဘာမှာအောက်တန်းအကျဆုံး အဆင့်အနိမ့် ဆုံးဆိုတဲ့ လုပ်ရပ်တွေ ။ ဒီနိုင်ငံ ကမ္ဘာ့ အဆင့်အနိမ့်ဆုံး အဆင်းရဲဆုံး အချာဆုံး နိုင်ငံထဲမပါလို့ ဘယ်နိုင်ငံပါရအုံးမှာလဲ။ မိမိကိုယ်ကို မညာတမ်း မလိမ်တမ်း ပြန်မေးကြပါ။ မိမိတို့ လုပ်ရပ်ဟာ မိမိတို့ကိုးကွယ်တဲ့ အဆင့်အတန်းမြင့်တဲ့ ဗုဒ္ဓခွင့်ပြုတဲ့ လုပ်ရပ်တွေဟုတ်ရဲ့လား ဆိုတာကို သေသေချာချာ ပြန်မေးကြပါ။ အဆင့်အတန်းမြင့်တဲ့ဗုဒ္ဓကဘယ် တော့မှခွင့်မပြုပါဘူး။ ဒါကိုပိဋကက်ကျမ်းစာတွေမှာ အထင်အရှားဟောတာတွေအများကြီးရှိပါတာယ်။
န.အ.ဖ စစ်အာဏာရှင်လူယုတ်မာဗိုလ်ကြီးများက သူတို့ယုတ်မာချင်တိုင်းယုတ်မာလို့ရအောင်အားလုံး စစ်ကျွှန်ဘ၀ရောက် ဒုက္ခတွေရောက်နေကျတာကိုမေ့အောင်အချင်းချင်းလောင်းကစားတွေလုပ်တော့မတဲ့ကြ - ကွဲကြ ပြဲကြတဲ့အချိုန် သူတို့ရဲ့လက်ကိုင်ဒုတ်ရဲတွေ စုံထောက်တွေအတွက် ပိုပြီးဂုတ်သွေးစုပ်နိုင်အောင် လှည့်ကွက်ဖန်ပြီးတရားဝင် ခွင့်ပြုထားခြင်းဖြစ်ပါတယ် ။ အဆင့်အတန်း မြင့်တဲ့ မိမိ ကိုးကွယ်တဲ့ ဗုဒ္ဓဘုရားက ခွင့်မပြုဘဲ ပိတ်ပင်ထားတဲ့ စကားတော့နားမထောင်ပဲ ကမ္ဘာမှာအဆင့်အတန်းမရှိ၊ လူစာရင်းမဝင်တဲ့ စစ်အာဏာရှင်တွေက တရားဝင်ခွင့်ပြုထားတာကို လုပ်နေကြရင် မိမိတို့ရဲ့အဆင့်အတန်းဟာ ကြာလေနိမ့်လေမို့ ဒီထက်နိမ့်ရင် အောက်မှာ အဝိစိ ငရဲပဲ ရှိပါတော့တယ်။ ကျနော် တော်တော်များများကို ပြောဘူးပါတယ်။ ဒို့နိုင်ငံက ပြည်သူတွေ သူတို့အခုလုပ်နေကြတဲ့ နှစ်လုံး သုံးလုံး ချဲတို့ ဘောတို့ လောင်းကစားလုပ်သလောက်ပဲ နိုင်ငံတော်လှန်ရေးမှာ ပါဝင်ပြီးတော့လုပ်လို့ ယနေ့တော်လှန်ရေးကြီးအောင်မြင်ပြီလို့ ဒီပုစ္ဆာအဖြေရပြီလို့ ဘာလို့လဲဆိုတော့ တကယ်မေးရမှာက တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် မေးရမှာက “တော်လှန်ရေးကြီး ဘာကြောင့်မအောင်မြင်သေးတာလဲ?” “တော်လှန်ရေးကြီး အောင်မြင်အောင် ဘယ်လိုလုပ်ကြမလဲ” “တော်လှန်ရေးကြီးအောင်မြင်ရေးမှာ ငါအခုပါဝင်ဆောင်ရွက်နေပြီလား” ငါအခုဘာလုပ်နေသလဲ။ နအဖ စစ်အာဏာရှင်တွေ လှည့်စားထားတဲ့ လောင်းကစားနဲ့ဘဲ အချိန်ကုန်နေလား? နအဖ တွေလှည့်စားထားတဲ့ ဆင်းရဲမွဲတေနေရင် တော်လှန်ရေးထဲ မပါဝင်နိုင်ဘူး ဆင်းရဲမွဲတေပြီး အလုပ်ထဲပဲလုပ်ပြီး နိုင်ငံရေးဟာငါနဲ့ မဆိုင် ဆိုပြီးနေကြစေဆိုတဲ့ လှည့်ကွက်ထဲမှာပဲ ဆက်လျှောက်နေဆဲလား? နအဖ စစ်အာဏာရှင်တွေနဲ့ပေါင်းရင် ချမ်းသာတယ် ရာထူးရတယ် အာဏာရတယ် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး လူ့အန္ဓ လူ့ဗာလ တကိုယ်ကောင်းဆန် လူယုတ်မာအုပ်စုတွေထဲမှာ မျောပြီး ဆက်လျှောက်နေကြသလား? ငါတို့တော့ ထောင်ကျပြီးပြီ တိုင်းပြည်အတွက်အလုပ်တွေလုပ်ခဲ့ပြီးပြီ မလုပ်ရသေးသူတွေ သူတို့ဆက်လုပ်ကြလိမ့်မယ်ဆိုပြီး မလုပ်တော့ဘဲ ထိုင်စားနေကြတဲ့ အုပ်စုထဲ ယောင်ချာချာနဲ့ ဆက်မျောနေကြမှာလား? ဒါတွေဟာ တကယ်မေးကြ ရမဲ့ ဖြေကြရမယ့် မေးခွန်းတွေဖြစ်ပါတယ်။
အင်္ဂလိပ် ဂျပန်တွေလက်ထက်မှာလဲ လူအနည်းစုသာဖြေခဲ့ကြချိန်မှာ မအောင်မြင်သေးပါဘူး။ တဖြေးဖြေးအရှိန်မြှင့်ကာ YMBA ဘာသာရေးအသင်းကြီးတွေ GCBA အသင်းကြီးတွေ ဒို့ဗမာအစည်းအရုံး အသင်းကြီး တွေ အမျိုးသမီး ကုမ္မာရီ အသင်းကြီးတွေ စသည့် လူထုအစည်းအရုံးအသင်းတွေ အများကြီးရှိပါတယ်။
ယနေ့ဘယ်လောက်တည်ထောင်ကြပြီးပြီလဲ။ ကိုယ့်လူထုအင်အား တိုင်းပြည်ထဲမှာ ဘယ်လောက်ရှိပါ သလဲ။? မိမိခိုင်းတာလေးကို အယောက်၂၀၊ ၃၀ လောက်လိုက်လုပ်တာလောက်နဲ့ ကျေနပ်ပြီး မြန်မာ့တော်လှန်ရေးကြီး အောင်မြင်မယ်လို့ထင်ပါသလား?
အဲဒီလောက်နဲ့ကျေနပ်နေရင် ဘယ်တော့မှမအောင်မြင်ပါ။တော်လှန်ရေးကြီးအောင်မြင်ရေးဟာ တတိုင်းပြည်လုံးရဲ့ အရေးဖြစ်သည့်အတွက်ကြောင့် တတိုင်းပြည်လုံး လှည်း နေ လှေ အောင်း မြင်းစောင်းမကျန် ပါဝင်လာအောင် စည်းရုံးသိမ်းသွင်းပြီး နည်းလမ်းတွေပေးဖို့လိုပါတယ်။ယနေ့ပြည်တွင်းမှာနိုင်ငံရေးကို တော်တော်များများလုပ်ချင်နေကြသူတွေရှိပါတယ်။ဒါပေမဲ့ သူတို့ကိုနည်းပေးလမ်းပြမဲ့သူ ဘယ်လိုလုပ်ရမယ်ဆိုတာကိုသူအဆင့်နဲ့သူ ကိုက်ညီအောင်ညွှန်ပြနိုင်မဲ့သူ ပြီးတော့ဆက်သွယ်ရမဲ့သူ ဒါတွေကိုသူတို့မသိတာနဲ့ဘဲ သူတို့ဟာနိုင်ငံရေးနဲ့အလှမ်းဝေးနေကြရတာဖြစ်ပါတယ်။
မိမိလူတွေကို ကျေးရွာ မြို့နယ် တိုင်း ပြည်နယ် အသီးသီးမှာဖွဲ့စည်းတည်ထောင်နိုင်ရပါမယ်။ မိမိတို့အဖွဲ့အစည်းများကို ပုံသဏာန်မျိုးစုံနဲ့ဖွဲ့စည်းတည်ထောင်ထားရပါမယ်။
ဥပမာ ဆေးလိပ်သောက်သုံးမှုလျှော့ချရေးအသင်း မူးယစ်ဆေးဝါးသောက်သုံးမှုလျော့ချရေးအသင်း သစ်ပင်စိုက်ပျိုးရေးအသင်း စသည်ဖြင့် အသင်းပေါင်းမြောက်များစွာ နေရာအနံ့အပြားမှာ တည်ထောင်ကြရပါမယ်။ပြီးတော့ စာပေ၀ိုင်းတွေ စာကြည့်တိုက်တွေ ဘာသာဘေဒသင်တန်းတွေကိုနေရာအနံ့အပြားမှာ ဖွင့်လှစ်တည်ထောင်ရပါမယ်။
ပြီးတော့ ခေတ်အဆက်ဆက်မှားယွင်းစွာတွေးခေါ်ခဲ့ကြသော ကံရှိလို့ခံရတာ သူကံနဲ့သူသွားလိမ့်မယ် တို့တော်လှန်စရာမလိုဘူး စသည်ဖြင့် မှားယွင်းသောအတွေးအခေါ်ဟောင်းများကို ပြောင်းလဲပေးဖို့လိုပါတယ်။ကံဆိုတာ အလုပ်ကို ခေါ်တာဖြစ်သည့်အတွက် အလုပ်ကောင်းရင်ကံကောင်းပါတယ်။အလုပ်မကောင်းရင် ကံမကောင်းပါဘူး။ကံကောင်းချင်ရင် အလုပ်ကောင်းဖို့ လိုပါတယ်။မြန်မာတစ်မျိုးသားလုံး ချစ်ချစ်ခင်ခင်ဖြင့် စည်လုံးညီညာစွာ တတိုင်းပြည်လုံး နေရာအနံ့အပြားတွင် အဖွဲ့အစည်းများတည်ထောင်ကာ တက်ညီလက်ညီဖြင့် လှည်း နေ လှေ အောင်း မြင်းစောင်းမကျန် ၀ိုင်းဝန်းတွန်းလှန်သော အလုပ်ကြီးကို လုပ်ကြမည်ဆိုလျှင် ကောင်းသောအလုပ် ကမ္မ-ကံကိုပြုလုပ်ခြင်းဖြစ်သောကြောင့် န အ ဖ စစ်ဗိုလ်ချုပ်ကြီးများရဲမတရားနှိပ်စက်နေခြင်းကိုခံနေရသော မကောင်းကံများ ဧကန်မုချလွင့်ပျောက်သွားမှာဖြစ်ပါတယ်။
န အ ဖ ဗိုလ်ချုပ်ကြီးများကို အောင်နိုင်ဖို့မှာ ထိုင်ပြီးဆုတောင်းနေရုံ ဗေဒင်တွေမေးပြီး ယတတြာချေနေရုံ ကုလသမဂ္ဂတွေ အမေရိကတွေကယ်မှာဘဲဆိုပြီးထိုင်စောင့်နေရုံဖြင့် တော်လှန်ရေကြီးမအောင်မြင်နိုင်ပါ။န အ ဖ စစ်ဗိုလ်ချုပ်ကြီးများကိုအပြီးသတ်ခေမှေုန်းနိုင်ဖို့ တော်လှန်ရေးကြီးအဆုံးသတ်အောင်မြင်ဖို့မှာ-မြန်မာတစ်မျိုးသားလုံး ရဟန်းသံဃာ ကျောင်းသား စစ်သား လယ်သမားအလုပ်သမားဝန်ထမ်းပြည်သူအားလုံးဝိုင်းဝန်းပေါင်းစုကာတွန်းလှန်ကြမည်ဆိုလျှင်ဧကန်မုချအောင်ပွဲဝင်မည်ဖြစ်ပါကြောင်းကိုအသိပေးပြောကြားလိုပါသည်။
တာဝန်သိသူတာဝန်ရှိသည် တာဝန်ကိုသူတော်ကောင်း သူမြတ်လောင်း အာဇာနည်တွေသာသိကြသည်
သိသည့်အတိုင်းလည်းကျေပွန်စွာထန်းဆောင်ကြပါသည်။
တာဝန်သိသူတာဝန်ကိုကျေပွန်စွာထန်းဆောင်နိုင်သူသူတော်ကောင်းသူမြတ်လောင်းတွေဖြစ်နိုင်ကြပါ
စေ။
တော်လှန်ရေးသစ္စာဖြင့်
မင်းသုည -ကွမ်းခြံကုန်း
ဗုဒ္ဓတက္ကသိုလ်



အပြည့်အစုံဖတ်ချင်ရင်...

Friday, January 23, 2009

နိုင်ငံတကာ ဆရာများနေ့

(၅-၁၀-၂၀၀၄)အင်္ဂါနေ့

ဒီကနေ့ဟာ နိုင်ငံတကာ

ဆရာများကို ပူဇော်တဲ့နေ့မို့

ဒို့တစ်တွေရဲ့ နေ့ထူးနေု့မြတ်ပေါ့သူုငယ်ချင်း

ဒို့တစ်တွေရဲ့ဘ၀ အခုလိုလှပတင့်တယ်ရအောင်

ပြုစုပျိုးထောင်ပေးခဲ့တာ

ဆရာတွေမဟုတ်ပါလားသူငယ်ချင်း

ဒို့ဆရာသမားတွေက

ဒို့ဘ၀လှအောင်

ပြုစုပျိုးထောင်ပေးခဲ့သလို

ဒို့ရဲ့ တပည့်တွေဘဝ

သာယာလှပအောင်

ဘယ်လိုပြုစုပျိုးထောင်ကြမလဲသူငယ်ချင်း

နိုင်ငံရဲ့ တိုးတက်ရေးမှာ

ဆရာများရဲ့အခန်းကဏ္ဍဟာ

အဓိကကြတယ်ဆိုတာ

အားလုံးအသိမဟုတ်လားသူငယ်ချင်း .....။

ဟိုရှေးအရင် ယခင်ကလို

ဒါရေး ဒါမှတ် ဒါကိုကျက်ရင်

မင်းဘ၀မြတ် အဆင့်တက်လိမ့်မည်လို့ ဇွတ်ရိုက်သင်

ဒါဟာ အသုံးမ၀င်တော့ဘူးသူငယ်ချင်း

ဒို့တစ်တွေရဲ့ အတ္တမာန်မာနများကို ခ၀ါချ

ပူးပေါင်းကာ လက်တွဲယဉ်နွဲကြရင်း

ဒို့တပည့်တွေရဲ့ အနာဂတ်ဘဝ

သာယာလှပ ကမ္ဘာ့အဆင့်မှီကြအောင်

အဆင့်မြင့်နည်းပညာတွေနဲ့

သတိဆောင်၍ သင်နိုင်အောင်ကြိုးစား

နိုးကြားကာစာတွေသင်ပေးရင်း

ဆရာများရဲ့ ကျေးဇူးဂုဏ်အထူးကို

ကျေပွန်အောင်ထမ်းဆောင်ရွက်ကြပါစို့

သူငယ်ချင်း .....။

မင်းသုည ကွမ်းခြံကုန်း

ပြည်းတွင်းမှာနေစဉ်နိုင်ငံတကာဆရာများနေ့၌ဟောပြောဖြန့်ဝေခဲ့သောကဗျာဖြစ်သည်။


အပြည့်အစုံဖတ်ချင်ရင်...

Thursday, January 22, 2009

ဦးသန့်နှစ်တစ်ရာပြည့်အခမ်းအနားကျင်းပ




ယနေ့မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မလေးရှား)
လွတ်မြောက်နယ်မြေရုံးတွင် ဦးသန့်ရာပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပပြု
လုပ်ခဲ့သည်၊အခမ်းအနားတွင်ဦးစွာပထမသံဃာတော်အရှင်သူတို့မြတ်ထံမှငါးပါးသီ
လခံယူဆောက်တည်ခြင်းဆွမ်းအစရှိသောလှူဒါန်းဖွယ်ရာတို့ဖြင့်ဆက်ကပ်လှူဒါန်း
ခြင်း၊ပရိတ်တရားဒေသနာတော်များကိုနာယူမှတ်သားခြင်း၊ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ
ကြီးဦးသန့်အားရည်စူး၍ရေစက်သွန်းချအမျှပေးဝေခြင်းများကိုပြုလုပ်ခဲ့ကြသည်၊
ယင်းနောက်ဦးသန့်၏အတ္ထုပ္ပတ္တိများကိုဖတ်ကြားခြင်း၊ကဗျာရွတ်ဖတ်ခြင်း၊ဦးသန့်
အကြောင်းဟောပြောခြင်းများကိုဖိတ်ကြားထားသူများကဟောပြောခဲ့ပြီး
အခမ်းအနားကိုဒေသစံတော်ချိန်နေ့လည်၂ ၀၀ နာရီတွင်အောင်မြင်စွာကျင်းပပြီးစီး
ခဲ့ကြောင်းသတင်းရရှိသည်။
ဇော်မြင့်
သတင်းနှင့်ပြန်ကြားရေး
NLD(LA)
မလေးရှား



အပြည့်အစုံဖတ်ချင်ရင်...

ဦးသန့်တမ်းချင်း



U Thant Tan Chin

အပြည့်အစုံဖတ်ချင်ရင်...

Wednesday, January 21, 2009


ဂန္တဝင်မြောက်သူ

နာရီတွေရွှေပြောင်းသွားပြီးမို့
နှစ်တရာဆိုတဲ့သမိုင်း
လက်ဖျောက်တစ်ချက်တီး
အချိန်ကလေးပါလာ။
(၁၉၀၉)ခုနှစ်
ကျေးလက်မြို့ရွာပန်းတနော်မှာ
မောင်သန့်အမည်နဲ့
သူ..မွေးဖွားလာခဲ့တယ်။
သူ..ရင်တွင်းမှာစေတနာ
ရှင်းသန့်တဲ့နှလုံးသားနဲ့
မြန်မာပြည်တံခါးသူဖွင့်ကာ
ကမ္ဘာအလည်မှာ
ကြယ်တစ်ပွင့်
သူထွန်းလင်းစေခဲ့တယ်။
စစ်ကိုသူမုန်း
ရှုံးသူလဲနာ၊နိုင်သူလဲနာ
လက်နက်နဲ့မရှင်း
တမန်တွေနဲ့ရှင်းဖို့
တင်းသမျှမာန်တွေလျှော့
စစ်မီးတွေသူငြိမ်းသတ်
ကမ္ဘာ့စစ်မဲ့ဇုန်တွေသူဖန်တီး
ကမ္ဘာသူ၊ကမ္ဘာသားတွေ
ခေါင်းထောင်ကာမတ်မတ်ထူ
လူသားတွေငြိမ်းချမ်းစေဖို့
အကြင်နာစွမ်းတွေပေးခဲ့တယ်။
မြင့်မြတ်တဲ့နှလုံးသား
ကမ္ဘာတလွှားမှာဖျန့်ကျက်
အခက်အခဲတွေသူမကြောက်
စွမ်းဆောင်မှုတွေပြခဲ့ပြီး
သုခချမ်းသာပြီးပြည့်စုံတဲ့
ကောင်းကင်ဘုံတဖက်ကမ်း
သူ တက်လှမ်းသွားခဲ့တယ်
လွမ်းငွေ့ဝေသောကတွေနဲ့
မျက်ရည်ဖြာမြေတစ်လွှား
ကမ္ဘာသူ၊ကမ္ဘာသားတွေရဲ့
နှလုံးသားမှာသူရဲကောင်း
ကမ္ဘာသမိုင်းမှာမှတ်ကျောက်တင်
ဂန္တဝင်မြောက်သူ.. သူပါပင်။

ဇော်မြင့်(မလေးရှား)

အပြည့်အစုံဖတ်ချင်ရင်...

ပညာမြင့်မှလူမျိုးတင့်မည်



ပြည်တွင်းအနှံ့အပြား
ချိတ်ထားဆိုင်းဘုတ်
ဘာမှမဟုတ် တကယ်မလုပ်ရင်
အလုပ်ရှုပ်ရုံရှိလိမ့်မည်
ဆိုင်းဘုတ်သာရှိ
အစီအစဉ်မရှိမို့
မြန်မာပြည်သားလူအများလည်း
ပညာမဲ့များလွန်ထွန်းကား၏။

မြန်မာပြည်သားလူအများကား
မရှိပညာကိုယ်ဗလာမို့
ကိုယ့်ကိုသူသတ် သူ့ကိုယ်သတ်နှင့်
ရက်စက်မှုတွေများလှပြီ။
ခွင့်လွတ်ဖို့ရန် အကြောင်းခံသည့်
ရှိသင့်ပညာ နတ္ထိဗလာမို့
ရောက်လေရာရာရွှေမြန်မာတို့
ဂုဏ်ရောင်တင့်ဝါမရှိပါ
ညှိုးငယ်မျက်နှာနေရရှာ။

မလုပ်မပြီးလုပ်မှပြီးမည့်
ပညာရေးအစီအစဉ်
ဒို့တွက်စဉ်ကာ
စုပေါင်းညီညာ
ဝိုင်းဝန်းကာမှ
ပညာတတ်များလွန်ထားကား၍
ကမ္ဘာ့အလယ်ဂုဏ်တင့်တယ်မည်
ပညာမြင့်မှလူမျိုးတင့်လိမ့်။

မင်းသုည ကွမ်းခြံကုန်း
နှစ်တစ်ရာပြည့်ဦးသန့်မွေးနေ့အမှတ်တရ



အပြည့်အစုံဖတ်ချင်ရင်...

Tuesday, January 20, 2009

An Open Letter to Mr. Barack Obama


To:

Mr. Barack Obama

President of the United States of America

An Open Letter:

Dear Mr. President

We the freedom loving peoples of Burma make this declaration to you on this momentous occasion. Your inauguration represents the triumph of the politics of hope against the politics of fear and division. Today our country is engaged in a great struggle to free ourselves from tyranny and fear. In order to achieve the very principles of democratic values that we harbor in our hearts, the same values you so eloquently espoused in your victory speech with words that aroused our hopes and inspired us, we must persist in our struggle in this critical year 2009.

So many of our fellow country women and men, whose hearts and minds are dedicated to the ideals of democracy, are now languishing in remote prison labor camps far from their homes and loved ones, in atrocious conditions, enduring mental and physical torture and summary executions at the hands of the military. This then is the measure of what the military is willing to do at any given point, and at any cost, in order to stay in power. Thus, military rule has deprived the present of meaningfulness and hold out no hope for the future – so said our leading figure in this struggle, Aung San Suu Kyi, in 1990.

Presently, this military has embarked on maneuvering to transform itself into a pseudo-civil government that will secure its power in perpetuity. Hence, it has manipulated, and continues to manipulate, some of these breakaway ethnic groups who have compromised and succumbed to the military's corrupt ways of persuasion. However, these compromised and corrupted ethnic individuals do not in any way represent the ethnic people's real need nor their true aspirations to be freed from oppression, tyranny and unjust laws brutally imposed on them, the overwhelming majority within the nation. This goes against the grain of human nature enshrined in the Universal Declaration of Human Rights of 1948.

These machinations by the military all point to an intransigent junta bent on holding power for power's sake only. It is the worst form of tyranny and has become the tragedy of a nation that keeps the people in unending suffering and continuous turmoil, not of their own making.

We the freedom loving peoples therefore seek your help urgently to enact more effective measures and maintain strong sanctions that will force the military to come to the negotiating table and engage in meaningful dialogue with the democratic forces of the nation. The bogus and fraudulent 2010 election planned by the junta is designed to further enslave the peoples of Burma to a cruel and callous regime. Hence, Mr. President, as the present leader of the world's leading democracy, we are hopefully confident that you will do all in your just power to help us emancipate our country from a military planned system of dominance.

For these cogent reasons, with your help Mr. President, we will be able to reclaim our inalienable rights as members of the human family, living and protected with dignity by the rule of law. We understand that you have a great task ahead of you, but know that you are committed to the principles of freedom and democracy, and that you will help us in our struggle to free ourselves from oppression and tyranny. We wish you and your family well in the future.


May God bless you.

From:

2009 Collective Action Committee (CAC-BURMA), on behalf of all the freedom loving peoples of Burma.


အပြည့်အစုံဖတ်ချင်ရင်...

အစိမ်းရောင်ခြယ်မိမှ အိုဒုက္ခ

ကျွန်တော့်ကျောင်းမှာ

ခွေး လိမ္မာကြီးတစ်ကောင်ရှိ

ဒါကိုအားလုံးသိတယ်၊

သခင်ပြန်လာရင် ကြိုဆိုချင်တဲ့တာဝန်

ခြံစောင့်ရမယ့်တာဝန်

တာဝန်ဆိုအကုန်ကျေပွန်လို့

သူ့ဆိုရင်အားလုံးက ချစ်မြတ်နိုးကြ

သခင်အလိုကျ သူ့အမည်နာမ

ဗိုလ်သုနခတဲ့၊


ဒီလိုနဲ့ နေ့တစ်ရက်

မမေ့ရက်စရာ အဖြစ်ကကြုံ

ဗိုလ်သုနခရဲ့ သူ့နဂိုရ်ပုံကို

အစိမ်းရောင်ခြယ်မှ ဆိုပြီး

လူတစ်စုက အစမ်းထွင်ကြ

ဒီတော့မှ ဒုက္ခတွေ့ကြ ဗိုလ်သုနခ

အရင်ကကျေခဲ့တဲ့တာဝန်တွေ

လိမ္မာ ခဲ့သမျှ အမူအရာတွေ

ဘာတစ်ခုမှ မတွေ့ကြရ

အားလုံးပြောင်းလဲ ပြသွားလို့

အံ့သြမိကြ

အစိမ်းရောင် အခြယ်ခံထားရတဲ့ ဗိုလ်သုနခ

မာန်မာနတွေ ထောင်ကာကြွ

ငါသခင်ကွ ဆိုပြီး

ကျွန်စင်စစ်ကနေ

သခင်ကိုပြန်ကာကိုက်

မိုက်လိုက်တဲ့ ဗိုလ်သုနခ

အစိမ်းရောင်ခြယ်မိမှ

အိုဘယ့် ဒုက္ခ အိုဒုက္ခ

ဗိုလ်သုနခရေအမြန်ကြွ။ သုနခ=ခွေး

မင်းသုည ကွမ်းခြံကုန်း


အပြည့်အစုံဖတ်ချင်ရင်...

Monday, January 19, 2009

ကိုယ်ဝန်ဆောင်မကေသီအောင် ထောင်တွင်းကိုယ်ဝန်ပျက်ကျ



မန္တလေးအိုးဘိုထောင်တွင်အကျဉ်းကျခံနေရသည့်မကေသီအောင်မှာဒီဇင်ဘာလ
လ၂၉ရက်နေ့ကကိုဝန်ခြောက်လအရွယ်တွင်သွေးသွန်ပြီးကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားသည်
ဟုစုံစမ်းသိရှိရသည်။
သူမကိုဖမ်းဆီးစဉ်ကစစ်ကြောရေးမှနှိပ်စက်မေးမြန်းသည့်ဒဏ်၊ထောင်ဝင်စာတွေ့ခွင့်
(ဒီဇင်ဘာလက)မရသေးသဖြင့်အစာအဟာရမပြည့်ဝမှု၊ရာသီဥတုနှင့်ထောင်တွင်းကျန်းမာ
ရေးစောင့်ရှောက်မှုမကောင်းမွန်ခြင်းတို့ကြောင့်ဒီဇင်ဘာလထဲတွင်ထောင်ဒဏ်ချမှတ်ခံရ
ပြီးသည့်နောက်သွေးအားနည်းပြီးမူးမေ့လဲကျရာမှကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု
သိရှိရသည်။

ယခုအခါတွင်ဆေးဝါးအလုံအလောက်မရှိသည့်အိုးဘိုထောင်ဆေးရုံသို့တင်ထားသည်ဟု
သိရသော်လည်းမကေသီအောင်၏လက်ရှိကျန်းမာရေးအခြေအနေအရအသက်အန္တရယ်
ပါစိုးရိမ်ရကြောင်းမန္တလေးအိုးဘိုထောင်နှင့်နီးစပ်သောအသိုင်းအ၀ိုင်းကFreedom News Groupသို့ပြောပြသည်
ခင်ပွန်းဖြစ်သူအထက်ဗမာပြည်ဗကသအဖွဲ့ဝင်ကျောင်းသားလှုပ်ရှားမှုခေါင်း
ဆောင်ကိုထွန်းထွန်းကိုငွေတော်ကျီကုန်း ရပ်ကွက်၊ ရွှေထွန်းလမ်း၊ ပြည်ကြီးတံခွန်မြို့နယ်နေအိမ်တွင်စက်တင်ဘာလ၁၄ရက်နေ့လည်၁နာရီက၀င်ရောက်
ဖမ်းဆီးရာမမိသဖြင့်ကိုယ်ဝန်ဖြင့်ဇနီးဖြစ်သူကိုဓားစာခံဖမ်းဆီးခေါ်ဆောင်သွားပြီးထောင်
ဒဏ်၂၆နှစ်အပြစ်ပေးခဲ့ခြင်းဖြစ်သည်။မကေသီအောင်မှာဖမ်းဆီးခံရသည့်အချိန်ကအသက်
၂၂နှစ်သာရှိသေးသည်။

မြန်မာပြည်အကျဉ်းထောင်များတွင်နိုင်ငံရေးလှုပ်ရှားမှုကြောင့်ထောင်ဒဏ်အပြစ်ပေးခံရသည့်
အမျိုးသမီးများမှာအကျဉ်းထောင်တွင်းဆင်းရဲကျပ်တည်းစွာနေရသည်။၁၉၉၈ခုနှစ်ပြည့်သူ့လွှတ်
တော်ပေါ်ပေါက်ရေးအတွက်ဆန္ဒပြတောင်းဆိုသဖြင့်ထောင်ဒဏ်ချမှတ်ခံရသူမဇင်မာအောင်မှာ
လည်းနှလုံးရောဂါနှင့်အာရုံကြောအားနည်းခြင်းဝေဒနာကိုကာလကြာရှည်စွာခံစားနေရကြောင်း
သိရသည်။

http://longwalktofreedom.wordpress.com/မှ ကူးယူပါသည်



အပြည့်အစုံဖတ်ချင်ရင်...

Sunday, January 18, 2009

သေတင်းကုတ်ရဲ့ ဥဒါန်း

ဘ၀အတွက်နဲ့

တော်လှန်ရင်း

သောက်မိခဲ့တာပါကွ

ဒါကြောင့်

ငါဟာအရူးပဲ……

ဒါပေမယ့်

အာဏာတော့ငါမရူးဘူး…….

ဟေ့

စိန်ရွှေအေး

အချိန်တွေပေးသမျှ

ထလိုက်ကြဦးပေါ့

မင်းတို့မှောက်ဖို့

ငါသောက်နေမယ်ကွ

ငါသောက်နေသရွေ့

မင်းတို့ကြောက်နေရမယ်…….

မင်းတို့က

ရဲသော်မသေသေသော်ငရဲမလား

ငါကလဲ

သေတောင်မကြေကြေတောင်ငရဲမထား

မင်းတို့လဲထက်မိုက်ကြ

ငါကလဲဆက်တိုက်ပြမယ်

ဒါဟာငါ့ရဲ့

ဥဒါန်းလဲဟုတ်တယ်

မှာတမ်းဆိုလဲမမှားဘူး

ထက်ရူးဦးမှာပဲ

အာဏာကလွဲလို့ပေါ့……


ရေးသားသူ။ ။ နန်းရှင်


အပြည့်အစုံဖတ်ချင်ရင်...

ရွှေဝါရောင်လှုပ်ရှားမှု ခေါင်းဆောင် ဦးဂမ္ဘီရအစာငတ်ခံ ဆန္ဒပြ


ရွှေဝါရောင်လှုပ်ရှားမှု သံဃာ့အာဇာနည် ခေါင်းဆောင် ဦးဂမ္ဘီရ

စက်တင်ဘာ သံဃာ့လှုပ်ရှားမှုခေါင်းဆောင် သံဃာတော်တပါး ဖြစ်တဲ့ ဂမ္ဗီရဟာ မန္တလေး အကျဉ်းထောင်ထဲမှာ အစာငတ်ခံဆန္ဒပြနေပြီးတော့ ကျန်းမာရေး မကောင်းဘူးလို့ သိရပါတယ်။ ဒါ့အပြင် ထောင်ဝင်စာ သွားတွေ့တဲ့ သူ့မိသားစု ကိုလည်း အာဏာပိုင်တွေဘက်က ထောင်ဝင်စာ တွေ့ခွင့်မပေးတဲ့ အပြင် အခုဆိုရင် ပါဆယ်ကိုတော့ ပေးခွင့်မရှိဘူးလို့ ဆိုပါတယ်။ အရှင်ဂမ္ဗီရ အနေနဲ့ မန္တလေးထောင်တွင်းမှာ ဘာကြောင့် အစာငတ်ခံ ဆန္ဒပြနေတာလဲ။ ဘယ်နေ့ကစပြီး အစာငတ်ခံဆန္ဒပြခဲ့တာလဲ ဆိုတာကို သိရအောင်လို့ အရှင်ဂမ္ဗီရ ရဲ့ အစ်မဖြစ်သူကို မေးကြည့်တော့ -

“ဘယ်နေ့ကလဲဆိုတော့ ၁၃ ရက်နေ့ကလို့တော့ ပြောတယ်။ ဒီနေ့ ၁၇ ရက် ဆိုတော့ ၄ ရက်တော့ ရှိပြီပေါ့။”

ဘာအကြောင်းကြောင့် သူ ဆန္ဒပြတာလဲရှင်။ -

“အဲဒါ အမေနဲ့တွေ့မှ သိရမှာပါ။ ဘာအကြောင်းကြောင့်ဆိုတာ မေးတော့မေးတယ်။ မသိဘူးတဲ့ မေးကြည့်တော့လည်း ပြောတယ်လေ။ အယ် မိသားစု နဲ့မတွေ့ရတာလား၊ အဲဒါကလည်း တကြောင်းတော့ ပါမယ်ထင်တယ်။ အဲဒီထက် ကြီးတဲ့ဟာလည်း ရှိလိမ့်မယ်လို့တော့ ထင်တာပဲ။”

ထောင်ဝင်စာတွေရော တွေ့ခွင့်ရှိလား အစ်မ။ -

“၂ ပတ်ရှိပြီ။ မတွေ့ရတာ။ ထောင်ဝင်စာလည်း မတွေ့ရဘူး။ ပါဆယ်လည်း မပေးရဘူး။”

သူ့ရဲ့ ကျန်းမာရေး အခြေအနေရော ဘယ်လိုရှိလဲရှင့်။ -

“အခု ဘယ်လိုရှိလဲ ဆိုတော့ အိပ်ယာထဲမှာ လဲနေတယ်တဲ့။ ရေတောင်မှ မသောက်ဘူး။ ရေလည်း မချိုးဘူး။ ဘာဆိုဘာမှမစားဘူး ဆိုတော့ တော်တော်တော့ စိတ်ပူနေတယ်။ အခြေအနေလည်း ဆိုးနေတယ်လို့တော့ ပြောတယ်။”

ထောင်ဝင်စာ သွားတွေ့တော့ အရှင်ဂမ္ဗီရ ရဲ့ မယ်တော်ပဲ သွားတွေ့တာလားရှင်။ -

“ပထမဆုံး ဒီဇင်ဘာ ၂၄ ရက်နေ့ တွေ့ရတုန်းကတော့ အဖေ နဲ့ အမေ သွားတာလေ။ အဲဒီတုန်းက တခေါက် တွေ့ခဲ့ရတယ်။ အဲဒါပြီးတော့ နောက် ၂ ပတ်မှာ မောင်လေးနဲ့အမေ နဲ့သွားတာပေါ့။ အဲဒါ မတွေ့ရဘူး။ ၁၄ ရက်နေ့ကပေါ့။ သူက ဗုဒ္ဓဟူး တရက်ပဲ တွေ့လို့ရတာလေ။ အခက်အခဲ ရှိတာပေါ့။ ငွေကြေး အခက်အခဲဆို ဒီလို သွားဖို့လာဖို့အတွက် တော်တော် စုယူရတယ်။ အလုပ်တွေကလည်း အရင် ဆိုင်ကယ် ၀က်ရှော့ ရှိတာနဲ့ ကုန်စုံဆိုင်ကလည်း သူတို့ ပိတ်ပစ်တယ်လေ။ ပိတ်ပစ်တယ် ဆိုတာက လူတွေမလာရဲအောင် ပိတ်တာပေါ့။ ဗုံးတွေ အလုံး ၅၀ ရှိတယ်တို့၊ လက်နက်တွေ တွေ့တယ်တို့ ဆိုတော့ လူတွေက မလာရဲကြတော့ဘူး။ အဲဒီတော့ လုံးလုံး ပိတ်ပစ်ရတယ်။ အဲဒီလို နေ့စဉ်ဝင်ငွေလည်း မရှိ၊ ဘာ ၀င်ငွေ မှလည်း မရှိတဲ့အခါကျတော့ ဦးပဉ္ဖင်းကို အပတ်စဉ် ကူဖို့ဆိုတာ တော်တော်ကြီးကို ခဲယဉ်းပါတယ်။ တော်တော် ကြိုးစားရတယ်။”

ဒါကတော့ မန္တလေးအကျဉ်းထောင်တွင်းမှာ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ သံဃာလှုပ်ရှားမှု ခေါင်းဆောင် အရှင် ဂမ္ဗီရ အစာငတ်ခံဆန္ဒပြနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး အစ်မဖြစ်သူက ပြောပြခဲ့တာဖြစ်ပါတယ်။

VOA

အပြည့်အစုံဖတ်ချင်ရင်...

Saturday, January 17, 2009

နေ့ထူးနေ့မြတ်


လက်ချိုးလို့တွက်ရေစစ်ရင်

ခရစ်နှစ်က 1945 ခုနှစ်

မွေးတဲ့လက ဂျွန်လတစ်ဆယ့်ကိုး

တကမ္ဘာလုံးက မော်ကွန်းထိုးလို့ မှတ်တမ်းတင်

ငြိမ်းချမ်းရေး နိုဘယ်(လ်) ဆုရှင်

အောင်ဆန်းဆုကြည်သခင်ရဲ့

အသက် (၆၀) ပြည့်

အားလုံးမမေ့နိုင်တဲ့

မွေးနေ့မြတ်ပေါ့သူငယ်ချင်း


ဒေါ်စုပေးတဲ့ ငြိမ်းချမ်းရေးအလင်း

ဒို့ပြည်မှာ လင်းခဲ့လို့

အားလုံးအလင်းရ

တကမ္ဘာလုံးက အသိအမှတ်ပြုကြပြီသူငယ်ချင်း

ဒို့ရဲ့မြန်မာပြည်မှာ

လေးဆယ့်သုံးနှစ်ကြာ

စစ်အာဏာအမှောင်ကျ

အားလုံးကန်းကုန်ကြလို့

လမ်းတွေလည်းပျောက်

ဘယ်လျှောက်ရမှန်းမသိ

ထွက်ရာလမ်းမသိ ဖြေမရှိချိန်

ဒေါ်စုကဦးဆောင်လို့မီးထွန်းပြ
ငြိမ်းချမ်းရေး အလင်းရောင်ရကြလို့

ဒို့တတွေ ညီညွတ်ကြကာ လက်တွဲလျှောက်

ဟောတစ်ယောက် ဟောတစ်ယောက်နဲ့

အာဏာရှင်တွေလည်း တဖြည်းဖြည်းပျောက်သွား

ဒီလိုသာရှေ့ ဆက်သွားကြရင်

ဒို့ရဲ့ပြည်မှာ

အာဏာရှင်မှိုင်းတွေ ကွာကျ

တနေ့ ဒီမိုကရေစီ အမှန်ရမှာမို့

ဒေါ်စုရဲ့ အသက် (၆၀) ပြည့်မွေးနေ့မြတ်မှတည်

အသက်ရာကျော် ရှည်ပါစေကြောင်း

ဒို့တတွေ အားလုံးက

စုပေါင်းလို့ လက်အုပ်ချီ

ဘုရား၊ တရား၊ သံဃာ တွေနား

ချဉ်းကပ်သွားလို့ ကုသိုလ်ပြု

ဒို့ပြုသမျှကောင်းမှု

မွေးနေ့ရှင်ဒေါ်စု

သာဓုခေါ်လို့ အန္တရာယ်တွေကင်း

ဘေးကင်းလို့ ကျန်းမာ

စိတ်ချမ်းသာစွာဖြင့်

ငြိမ်းချမ်းရေးအလင်းတန်း

မြန်မာမက ကမ္ဘာကျအောင်

ထွန်းတောက်နိုင်ပါစေ

တောင်းဆုချွေသည်

ဆုတောင်းတိုင်းသာ ပြည့်ပါစေ။



ဒေါ်အောင်ဆန်းစုကြည်အသက် ၆၀ ပြည့်မွေးနေ့တွင်ပြည်တွင်းမှာရေးစပ်ဖြန့်ဝေခဲ့သောကဗျာဖြစ်သည်။



မင်းသုည ကွမ်းခြံကုန်း

ဗုဒ္ဓတက္ကသိုလ်


အပြည့်အစုံဖတ်ချင်ရင်...

ကော်ပီ

ယနေ့ ခေတ်သီချင်းတွေဆိုကြ-ကော်ပီတွေကများပါ့၊

ယနေ့ ခေတ်ဟောပြောနေကြ-ကော်ပီတွေကများပါ့၊

ယနေ့ ခေတ်သရုပ်ဆောင်ကြ-ကော်ပီတွေကများပါ့၊

ကော်ပီသာများများဆို၊ကော်ပီသာများများပြော၊ကောပီသာများများဟော၊

ကော်ပီသာများများသရုပ်ဆောင်၊ပေါချောင်ချောင်နဲ့ နာမည်ကျော်ရစ်၊

လူစင်စစ်ကရုပ်သေးဖြစ်၊

ရာစုနှစ်တွေကအဆင့်ဆင့်ပြောင်း၊မင်းတို့ လိုကော်ပီတွေကဘာမှမပြောင်း၊

ပြောင်းတိုးတက်ရစ်ဖို့ -နည်းလမ်းထွင်ကြ စူးစမ်းကြ၊

လူပီသလို့ တိုးတက်ရ-ဒါဟာသဘာဝ အိုသုခ။

မင်းတို့ လိုကော်ပီတွေ-များများဆို များများရေး၊

များများဟော-များများပြော၊

များများများများ-များများသာသရုပ်ဆောင်၊

ယောင်တောင်တောင်နဲ့ ၊

သူများရဲ့ဦးနှောက်များ-ငှားယူထားလို့ လူနဲ့ မတူ၊

ကော်ပီဆိုသူများမူမို့ စွန့်ပစ်ကြ စွန့် ပြစ်ကြ၊

ဒါဟာသဘာဝ အိုသုခ။

မင်းသုည ကွမ်းခြံကုန်း


အပြည့်အစုံဖတ်ချင်ရင်...

Friday, January 16, 2009

ကျားကစားကြသူများ

ကျားလို့ ပြောလိုက်တာနဲ့ တောထဲက Tiger လို့ ခေါ်တဲ့ ကျားကြီးကို ပြေးမမြင် လိုက်ကြပါနဲ့ဦး။ ကျွန်တော် ပြောမှာက အကွက်ရွှေ့ပြီး ကစားရတဲ့ "ကျား"၊ ဆရာကျားဘညိမ်းကို "ကျားဘညိမ်း" ဆိုတဲ့ နာမည်တလုံး ရစေခဲ့တဲ့ ကျားကစားနည်း အကြောင်းပါ။

ကျားကစား ကြတာတော့ အားလုံးပဲ မြင်ဘူးကြမယ် ထင်ပါတယ်။ စစ်တုရင်လို့ ခေါ်တဲ့ချက် ကစားနည်းလို ကမ္ဘာကျော် မဟုတ်ပေမယ့် မြန်မာ ပရိတ်သတ်နဲ့ဆို ပိုရင်းနှီးပါတယ်။ လက်ဘက်ရည်ဆိုင်မှာ၊ ကွမ်းယာဆိုင် ဘေးမှာ၊ ဆိုက်ကားဂိတ်နားမှာ၊ ရပ်ကွက်ထဲက လူငယ်တွေ စုတဲ့နေရာမှာ နေရာစုံမှာ အလွယ်တကူ တွေနိုင်တဲ့ အင်မတန်ကို အများနဲ့ နီးစပ်တဲ့ ကစားနည်းလို့ ဆိုချင်ပါတယ်။ လူတော်တော် များများလဲ ကစားတတ် ကြ ပါတယ်။

အခု ကျွန်တော်ပြောချင်တာ အဲဒီကစားနည်းကို ကစားကြတဲ့ လူတွေရဲ့ အကြောင်း တစေ့တစောင်းလေး မြင်သမျှ ကိုပါ။ သဘောသဘာဝ လေးကိုတော့ နည်းနည်းလောက် ရှင်းပြ ပါရစေ။ စစ်တုရင် ကစားနည်းနဲ့ ကျားကစားနည်းဟာ တဖက်ကို အနိုင်ရအောင် အကွက်ဆင် ရွှေ့ရတာက လွဲရင် တော်တော် ခြားနားပါတယ်။ စစ်တုရင်မှာ အစကတည်းက ဘုရင်၊ဘုရင်မ၊ စစ်ကဲ၊ ဘုန်းကြီး၊ ပွန်းစသည်ဖြင့် အဆင့်သတ်မှတ်ချက်က ရှိပြီး သားပါ။ တိုက်ရတာကိုက ဘုရင်ကျရင် တဖက်လူမှာ ဘယ်နှစ်ကောင်ပဲ ကျန်ကျန် ပွဲပြီးသွားပါပြီ။

ကျားမှာတော့ အစမှာ အားလုံးဟာ ကျားကောင် ပါဝါတူတွေသာ ဖြစ်ပြီး နောက်မှ ကင်းပေါက်တဲ့ အကောင်က ပါဝါတက်ပြီး အဆင့်ပြောင်း သွားတာပါ။ အနိုင်အရှုံးကိုလဲ နောက်ဆုံးတကောင် ကျန်တဲ့အထိ အဆုံးအဖြတ် ပေးပါတယ်။ အဲ့ဒီ တဖက် ဆယ့်နှစ်ကောင် ကစားရတဲ့ ကျားမှာပဲ သူများ အကောင်တွေကို နိုင်အောင် ကစားရတဲ့ ပုံမှန်ကစားနည်း အပြင်၊ အလွယ် ကစားနိုင်တဲ့ ကိုယ့်ကျားတွေကို အတင်းထိုးကျွေးပြီး အရင်အကောင်ကုန်တဲ့ လူက နိုင်တဲ့ ကစားနည်း တမျိုးလဲ ရှိပါသေးတယ်။ ကလေးတွေ တော်တော်များများ ကစားလေ့ရှိပါတယ်။

ကျွန်တော်တို့ ငယ်ငယ်ကတော့ နိုင်အောင် ကစားတဲ့နည်းကို ကျနိုင်(ကျားနိုင်)၊ကုန်အောင် ကစားတဲ့နည်းကို ကျကုန်(ကျားကုန်)လို့ ခေါ်ပါတယ်။ ငယ်ငယ်တုန်းကဆို ရှုံးထွက်ကစားနည်းနဲ့ တနေကုန် ကစားကြတာပါ။

ဥပမာ ကျွန်တော်က ကျားခုံပိုင်သူဆိုယင် ကျွန်တော့်ကို သရေကစားနိုင်ရုံနဲ့ ဖယ်ခိုင်းလို့ မရပဲ အနိုင်ရအောင် ကစားနိုင်တဲ့ သူရှိမှ ဖယ်ပေးရမှာပါ။

ဘာမဟုတ်တဲ့ ကစားနည်း အကြောင်းကို ဇာချဲ့နေတယ်လို့ အထင်မစောပါနဲ့ဦး ခင်ဗျာ။ ကျွန်တော့်မှာ ဥပမာ ခိုင်းနှိုင်းပြစရာလေး ရှိနေလို့ပါ။ တကယ်လို့များ ကျွန်တော်တို့ နိုင်ငံရေးသမား တတွေဟာ ကျားပွဲတခု ကစားနေကြတာ ဆိုပါစို့။ နအဖဟာ တရားနည်းနဲ့ ပဲရရ၊ မတရားနည်းနဲ့ပဲ ရရ မြန်မာနိုင်ငံကို အုပ်ချုပ် နေနိုင်တဲ့ လက်ရှိ အခြေအနေနဲ့ သို့မဟုတ် ကျားခုံဟာ သူတို့ လက်ထဲမှာ ရှိနေတဲ့ ပြိုင်ဘက် ဖြစ်နေတယ် ဆိုကြပါစို့။

သေချာတာ ကတော့

(၁)ကျွန်တော်တို့ ရှုံးရင် ထွက်ပေးရမယ်။
(၂)သရေကျရင်လဲ ထွက်ပေးရမယ်။
(၃)ပါဝါတူလို့ သရေပဲ ပွဲပြီးမသွားအောင် ရွှေ့နေတယ် ထားဦး အချိန်မရွေး သူ့ကျားခုံကို ပြန်သိမ်း သွားနိုင်ခွင့် ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျားခုံက သူ့လက်ထဲမှာ ဖြစ်နေတယ်။

အဲဒီ အခြေခံလေးကိုပဲ တဆင့်တက်ပြီး စဉ်းစား ကြည့်မယ်ဆိုယင် ကျွန်တော့်မှာ မေးခွန်းထုတ်စရာ အချက် အလက် အချို့ ရှိလာပါတယ်။ မေးခွန်းတခုချင်းနဲ့ ရှင်းလင်းချက် တွဲသွားချင်ပါတယ်။

အဲဒီ မေးခွန်းတွေကတော့

(၁)ကျွန်တော်တို့ဟာ ကျားကုန် ကစားနေတာလား၊ ကျားနိုင် ကစားနေတာလား ဆိုတာပါ။

ဒီမေးခွန်းအတွက် ရှင်းလင်းချက် မပေးခင် ကျွန်တော်ရဲ့ ကိုယ်ပိုင် ခံစားချက်အချို့ကို တင်ပြလိုပါ သေးတယ်။ အဲဒါကတော့ ကျွန်တော်တို့ဟာ စစ်အာဏာရှင် စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီ စနစ်ကို တကယ် ကူးပြောင်းဖို့ ကြိုးစားနေတာ ဟုတ်မဟုတ် ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ကြဖို့ပါ။ ထူးချွန်အောင်မြင်တဲ့ ကျောင်းသားဖြစ်ချင်ရင် တကယ် စာကြိုးစားရမယ် ။ ဒီမိုကရေစီနဲ့ အခြေခံ လူ့အခွင့်အရေး တွေကို လိုချင်ရင် ကိုယ်တိုင်လဲ ဒီမိုကရေစီ ကို တကယ် ယုံကြည်ပြီး ဒီမိုကရေစီ နည်းလမ်းကျကျ လက်ခံ ကျင့်သုံးရမယ်။ ပါးစပ်က ဘုရားဘုရား လက်က ကားယားကားယား လုပ်လို့တော့ မရပါဘူး။ဒီမိုကရေစီ လိုချင်တယ်လို့လဲ ပြောသေးတယ်၊ ဒီမိုကရေစီ နည်းလမ်း ကျကျ မျှမျှတတ ဝေဖန်တာတောင် လက်မခံနိုင်ဘူး ဆိုရင်တော့ ကျွန်တော် ဆက်ဆွေးနွေးစရာ မရှိတော့ပါဘူး။

အခု ဆက်ဆွေးနွေးမယ့် အချက်တွေဟာ ဒီမိုကရေစီ နည်းလမ်းကျကျ တကယ် ကျင့်သုံးချင်တဲ့သူတွေ အတွက်ပဲ ရည်ရွယ်ပါတယ်။ အခုခေါင်းစဉ်မှာ ပြောခဲ့သလို ကင်းပေါက်နေတဲ့ သူတွေကကိုယ်ပိုင်ဆိုင်ထားတဲ့ ကျားတွေကို ကျွေးပြီး ကျားကုန် ကစားနေတာလား၊ ဒါမှမဟုတ် ကျားနိုင်ကစားနေတာလား ဆိုတာ အရေးတကြီး ပြန်သုံးသပ် ဖို့လိုပါတယ်။ ကျားနိုင်ကစားနေတာ ဆိုရင်ကျားကွက် ပေါ်မှာရှိတဲ့ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့ ဘယ်ကျားကောင် မဆိုရဲ့ တန်ဖိုးဟာ တန်ဖိုးဖြတ်လို့ မရပါဘူး။ သူကလဲ တချိန်မှာ ကင်းပေါက်ပြီး ပါဝါ တက်လာနိုင်တဲ့ တန်ဖိုးရှိတဲ့ သူဖြစ်နိုင်လို့ပါပဲ။

တနည်းဆိုရင် တချိန်တုန်းက အားလုံးဟာ ဘဝတူရဲဘော်တွေပါ။ ဆန့်ကျင်ဘက်က ကျားတကောင်နဲ့ တန်ဖိုးတူ လဲရမယ်ဆိုရင်တောင် ကျွန်တော့်အနေနဲ့ ဆိုရင် အင်မတန် မလိုအပ်ပဲ မလဲချင်ပါဘူး။ခင်ဗျားက ကျားကုန် ကစား နေတယ်ဆိုရင်တော့ ကျွန်တော်အနေနဲ့ ဘာမှပြောစရာ မရှိတော့ပါဘူး။ဒါပေမယ့် တခုရှိတာက နောက်ဆုံး ကျရင် ခင်ဗျားကိုယ် ခင်ဗျားလဲ ထိုးကျွေးရမယ် ဆိုတာပါပဲ။

ဒါပေမယ့် ကျွန်တော့်မှာ ပါဝါတခုခု ရှိခဲ့မယ် ဆိုယင်တော့ ဘဝတူတွေကို ချကျွေးနေတဲ့ ကျားကုန်ကစားပွဲ ခင်ဗျား ကစားဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ ပြောရရင်ကျွန်တော်တို့ ဘက်က ကျား တကောင် တိုင်းဟာ အဖိုးအနဂ္ဂ ထိုက်တန်နေတယ် ဆိုတာပါပဲ။

(၂)ကျွန်တော်တို့ သရေ ကစားနေတာလား?

ကျွန်တော် အထက်မှာ ပြောခဲ့သလိုပါပဲ လက်ရှိ အခြေအနေမှာ သရေ ကစားနေတာဟာ ပါဝါတူ ရတယ်လို့ ကျွန်တော် လုံးဝ လက်မခံနိုင်ပါဘူး။ ခင်ဗျားကတော့ ကင်းပေါက်သွားလို့ ခင်ဗျားသွားချင်ရာ ခင်ဗျား ရွှေ့ချင်ရာ အကွက်ကို ကင်းပီပီ ရွှေ့လို့ ရနေပြီး ခင်ဗျား ကင်းပေါက်အောင် လုပ်ပေးခဲ့ရတဲ့ အရင်တုန်းက ခင်ဗျားနဲ့ ဘဝတူ ကျားတွေကတော့ ဒေါင့်ကပ်တဲ့ အကောင်ကကပ်၊ လတ်တလော အစားခံရတဲ့ အကောင်က အစားခံရ၊ ခင်ဗျားကစားနေတဲ့ ကျားခုံကြီးဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ မြန်မာ ပြည်သူလူထု တွေကတော့ ခင်ဗျားကစားနေတဲ့ ပွဲရှည်ရင် ရှည်သလောက် ဆင်းရဲဒုက္ခတွေ အမျိုးမျိုး ရောက်နေတယ်ဆိုတာ မေ့မထားစေချင်ပါဘူး။ ဒီကြားထဲမှာ နအဖက ကျပ်မပြည့်တဲ့ ခပ်ဆိုးဆိုး ကလေးကြီးလို သူ့ကျားခုံကြီး ပြန်သိမ်းသွားလိုက်၊ စိတ်လိုရင် ဒါမှမဟုတ် လူကြီးတွေကို တိုင်လိုက်ရင် ပြန်ထုတ်လာ လိုက်နဲ့။

မြန်မာနိုင်ငံက ပြည်သူတွေ အတွက်ဆိုရင် တရက်၊ အသွင်ကူးပြောင်းမှု စောရင် တရက် လူ့ငရဲက လွတ်မြောက် ရသလိုပါပဲ။ ဇာတ်ထဲက လူပြက်တွေလို ပြောရရင်တော့ စောစောသေရင် စောစော အိပ်ရတယ် ပေါ့ဗျာ။ ဘာမှမလုပ်ရင် ဘာမှမဖြစ်ဘူး ဘာမှ ဒီ့ထက်ပို မဆိုးလာ နိုင်ဘူးလို့ ဆိုပေမယ့် အခုလက်ရှိ ရင်ဆိုင်နေရတဲ့ အခြေအနေထက် ပိုဆိုးနိုင်တဲ့ အခြေအနေတော့ မရှိတော့ဘူးလို့ ပြည်သူတဦး တယောက်က ပြောလာခဲ့ရင် ကျွန်တော်တို့ ဘယ်လို ဖြေရှင်း ကြမလဲ၊ သေချာတာ တခုကတော့ သရေကစားပြီး အချိန်ဆွဲနေတဲ့ နည်းလမ်းဟာ အကျိုး သက်ရောက်မှု ရှိတဲ့ နည်းလမ်း မဟုတ်ဘူး ဆိုတာပါ။

(၃)ကျွန်တော်တို့ ဘယ်လို အနိုင်ကစားကြမလဲ?

အခြေအနေတွေ အားလုံးက အနိုင်မရရင် ကျွန်တော်တို့ အသာမရနိုင်ဘူးဆိုတာ ပြဆို နေပါတယ်။ ကျွန်တော်တို့ ဘယ်လို အနိုင်ကစားကြမလဲ။ လက်ရှိကစားနေတဲ့ PLAYER တွေ ဘာကြောင့် အသာရအောင် အနိုင်ရအောင် မကစားနိုင်ကြသလဲ ဆိုတာ စစ်တမ်းထုတ်ဖို့ လိုလာပါတယ်။

ကြုံဖူးတဲ့ လူတွေဆိုရင် စစ်တုရင် ဝိုင်းတွေ ကျားကစားတဲ့ ဝိုင်းတွေမှာ ဘေးမပြောရ ဆိုပြီး စည်းကမ်းချက် ထုတ် ထားတာ တွေ့ဖူးကြမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အားလုံး လက်ခံတဲ့ အယူအဆ တရပ်က ဘေးက ကြည့်နေတဲ့ သူတွေဟာ ကိုယ်တိုင် ကစားနေတဲ့ သူတွေထက် အချို့အကွက် ကလေးတွေမှာ ပိုပြီး မြင်နိုင်လို့ပါပဲ။ ကစား နေတဲ့ လူတွေထက် ပိုတော်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဘေးကလူက နှစ်ဖက်မျှ ကြည့်နေမိလို့ သဘော သဘာဝအရ အကွက်ပိုမြင်တာပါ။ သူဘာသာသူ ဝင်ကစားရင် လက်ရှိ လူထက်ညံ့ချင် ညံ့နေမှာပါ။ အဲဒါကြောင့် ဘေးမပြောရဆိုတဲ့ စည်းကမ်း ထုတ်ထားတာပါ။

ဒီနေရာမှာ ကျွန်တော်တခု ပြောချင်တာက

-န.အ.ဖဟာ တရားမျှတစွာ အခုကစားပွဲကို ကစားနေတယ်လို့များ ကျွန်တော်တို့ ဘက်က PLAYERတွေ ယူဆ ထားပါသလား?
-ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် အားကစား စိတ်ဓါတ်သာ အဓိကမို့ အနိုင်အရှုံးကို အဓိကထားစရာ မလိုဘူးလို့  ကျွန်တော်တို့ ဘက်က PLAYERတွေ ယူဆထားပါသလား?
ဆိုတာ ရှင်းလင်း ကွဲပြားစေချင်တာပါ။

ကျွန်တော့်အနေနဲ့ ပြောရရင်တော့ ဘယ်လိုနည်းနဲ့မဆို ကျွန်တော်တို့ အနိုင်ရဖို့ လိုတယ် ဆိုတာပါပဲ။ ဘာဖြစ် လို့လဲ ဆိုတော့ အဲဒီ အရှုံးအနိုင်ဟာ သန်းငါးဆယ်နီးပါးသော မြန်မာပြည်သူ လူထုတွေရဲ့ ဘဝကို ကိုယ်စား ပြု နေလို့ပါပဲ။ အချစ်နဲ့ စစ်မှာကျတော့ မတရားဘူး ဆိုတာ မရှိဘူးလို့ ပြောကြတယ်။ သန်းငါးဆယ်သော မြန်မာ ပြည်သူ လူထုနဲ့ ဆိုင်တဲ့ ကိစ္စမှာ ဘယ်လို ကိစ္စက မတရားဘူးလို့ ခင်ဗျားတို့ ယူဆ နေကြပါသလဲ?

န.အ.ဖအတွက် မျှတမှုမရှိဘူးလို့ ပြောချင်တဲ့ သူတွေ ပြောကြပါစေ။ ကျွန်တော်တို့ ပြည်သူတွေ အတွက် လွတ် မြောက်ဖို့ ကိစ္စမှာ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပြည့်ဝစွာ ခံစားနိုင်ဖို့ ဖန်တည်းပေးဖို့ ကိစ္စမှာ တကမ္ဘာလုံးက မီးဟုန်းဟုန်း ထအောင် ကန့်ကွက်နေတောင်မှ ကျွန်တော်တို့ ပြည်သူလူထု အတွက်ဆို မဖြစ်မနေ အနိုင်ရအောင် လုပ်ရမယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ဒီမိုကရေစီလိုလား သူအားလုံး ထောက်ခံနေသားပဲဗျာ။

ကျွန်တော်သာ ဆိုရင်တော့ ဘေးကပဲ ဝင်ပြောပြော၊ ကျွန်တော့်လက်ကို ဝင်ချုပ်ပြီးတော့ပဲ ရွှေ့ရွှေ့ အဲဒီ ရွှေ့ကွက်ဟာ မြန်မာပြည်သူ လူထုတွေအတွက် အကောင်းဆုံးနဲ့ အကျိုးအရှိဆုံး ရွှေ့ကွက်ဆိုရင် ဝမ်းမြောက် ဝမ်းသာစွာနဲ့ ရွှေ့ပစ်လိုက်မှာ ပါပဲဗျာ။

ကျွန်တော်တို့ဘက်က အကွက်ရွှေ့နေတဲ့ အဖိုးတန် PLAYERတွေ အားလုံး မြန်မာပြည်ရဲ့ သန်းငါးဆယ် နီးပါး သော ပြည်သူလူထုတွေကို၊ ကိုယ်နဲ့ ဘဝတူဖြစ်ခဲ့ဖူးတဲ့ တိုက်ပွဲဝင်ဖေါ်ဝင်ဘက် ရဲဘော်ရဲဘက် ကျားကောင်တွေ ကို တန်ဖိုးထားတတ်တဲ့ အကောင်းဆုံး PLAYERတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

D- WAVE

အပြည့်အစုံဖတ်ချင်ရင်...

Thursday, January 15, 2009

အာလုံးအသင့်ပြင်ကြလော့

န အ ဖ ဗိုလ်ချုပ်ကြီးများ၏လက်ကိုင်ဒုတ် အလိုတော်ရိ ကြံ့ဖွတ် စွမ်းအားရှင် များ၏စရင်းကို ဘလော့များ website များတွင် နာမည်ပျက်စာရင်း ကျွန်စာရင်း ကြော်ငြာမည်ဖြစ်ပါ၍ ထိုသူများ၏အမည်နှင့်လိပ်စာအပြည့်အစုံကို စုံစမ်းဖေါ်ထုတ်ပေးကြပါရန်တိုက်တွန်းနိုးဆော်အပ်ပါသည်.။

အပြည့်အစုံဖတ်ချင်ရင်...

ပြည်သူအားလုံးနိုးထကြလော့

န အ ဖ စစ်ဘီလူးကြီးများအားတိုက်ထုတ်ပြစ်ကြလော့

ကြက်ဆူပင်ပင်များဆွဲနုတ်ပြစ်ကြလော့

ဓားများသွေးထားကြလော့

လောက်လေးခွများအသင့်ပြင်ထားကြလော့

ဂျင်ကလိများလုပ်ထားကြလော့

အနီးကပ်ရန်သူကိုရှာတိုက်ကြလော့

အပြည့်အစုံဖတ်ချင်ရင်...

သန်းရွှေ (၇)ရက်အတွင်း အသေဆိုးဖြင့် မသာပေါ်စေမည့်၂၀၀၉ ခုနှစ်အတွက် ဓါတ်ဆင် ဓါတ်ရိုက် ယတြာ"


သန်းရွှေ (၇)ရက်အတွင်း အသေဆိုးဖြင့် မသာပေါ်စေမည့် ပြည်သူတွေလုပ်ကြရမည့် ၂၀၀၉ ခုနှစ်အတွက် ဓါတ်ဆင် ဓါတ်ရိုက် ယတြာ"

v နအဖ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဓါတ်ပုံကို လေးထောင့်သံပုံးထဲ ထည့်၍

v ဓါတ်ပုံပေါ်ရှိ ၎င်း၏မျက်နှာပေါ်သို့ ငရုတ်ဆီ(၂)ပုလင်းလောင်းချပါ၊

v ငရုတ်ဆီလောင်းချထားသော ဓါတ်ပုံ၏အပေါ်မှ ရေခဲတုံးများဖြင့် ဖိထားပြီး

v သံပုံးကိုအဖုံးလုံအောင်ပိတ်ရမည်။

v ထိုသံပုံးကို မိမိတို့ အိမ်သာအတက်အဆင်း အ၀င်အထွက်နေရာတွင်ထား၍

v အိမ်သာတက်တိုင်း ၎င်းသံပုံးကို ဖနောင့်နဲ့ပေါက်ပြီး ဒီသံပုံးထဲက အကုသိုလ် ကောင်ကြီး သွေးစိမ်းအန်ပြီးသေစမ်း…….။ ဓမ္မန္တရာယ်ကောင်ကြီး ခုနစ်ရက်အတွင်း မသာပေါ်စမ်း။ ငါတို့တတိုင်းပြည်လုံး နင့်ကြောင့်ဒုက္ခရောက်လှပြီ……. နင် အဝိစိ ရောက်မှအေးမှာ…..။ နင်သေစမ်း……။ သေချင်းဆိုးနဲ့ အခုသေစမ်း ဟု မှင်မောင်း အပြည့်ဖြင့် မာန်ပါပါ အမိန့်ပြန်ရမည် ဖြစ်ပါသည်။

ဆောင်ပုဒ်။ ။ ကျွန်ုပ်တို့၏ ဗေဒင်လက္ခဏာ ဂမ္ဘီရဝိဇ္ဖာ ပညာ ပယောဂကြောင့် စစ်အာဏာရှင်စနစ်လုံးဝ ချုပ်ငြိမ်းစေရမည်။

အဘဆရာကြီး မင်းသိင်္ခ၏သားတပည့်

ဆရာအောင်

ဗေဒင်လက္ခဏာဂမ္ဘီရဝိဇ္ဇပညာရှင်

မှတ်ချက်။ ။ ဓါတ်ပုံအစား သတင်းစာတွင်ပါသော ဓါတ်ပုံကို ဖြတ်ထုတ်၍ အသုံးပြုနိုင်ပါသည်။ ဤဝိဇ္ဇာယတြာဓါတ်ဆင်ဓါတ်ရိုက်နည်းအား မိတ္တူကူး၍ လက်ဆင့်ကမ်း ဖြန့်ဝေကြရန်။

2009CAC(BURMA) က တာဝန်ယူဖြန့်ချီပါသည်။ အသေးစိတ် သိရှိလိုပါက cacburma@gmail.com သို့ ဆက်သွယ်လိုက်ပါ
Email မှတစ်ဆင့်ဖော်ပြသည်

အပြည့်အစုံဖတ်ချင်ရင်...

မန္တလေးမှ နိုင်ငံရေးသမားလူငယ်များ နှစ်ရှည်ထောင်ဒဏ်ချခံရ


အထိန်းသိမ်းမခံရမီ ရက်ပိုင်းအတွင်းကတွေ့ရသော မကေသီအောင်

မြန်မာအာဏာပိုင်တို့က မန္တလေးမှ နိုင်ငံရေးသမားလူငယ်အချို့ကို အောက်ပါအတိုင်း ကြီးလေးသော ထောင်ဒဏ်များ ပေးလိုက်သည်။

ကိုဗိုလ်မင်းယုကို (ခေါ်) ဖြိုးကြီး ၁၀၄ နှစ်
ကိုညီ ၅၀ နှစ်
ကိုဝေမျိုးထူး ၂၆ နှစ်
မကေသီအောင် ၂၆ နှစ်

ထောင် ၂၆ နှစ် ချမှတ်ခံခဲ့ရသည့် မကေသီအောင်သည် အသက် ၂၃ နှစ်သာ ရှိသေးသည်ဟု ခင်ပွန်းဖြစ်သူ ကိုထွန်းထွန်းက ပြောပြသည်။ မကေသီအောင်သည် ကိုယ်ဝန်ရှိပြီး ၂ ပတ်အကြာတွင် ဖမ်းဆီးခံရခြင်းသောကြောင့် ယခုအခါ မကေသီအောင်တွင် ကိုယ်ဝန် ၆ လ ရှိနေသည်ဟု ဆိုသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်းက ယနေ့ သတင်း ထုတ်ပြန်ရာ အဆိုပါ လူငယ်များသည် မန္တလေးအကျဉ်းထောင်အတွင်းရှိ တရားရုံးတွင် စီရင်ချက် ချခံခဲ့ရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ တရားခွင်သို့ ရှေ့နေများ၊ မိသားစုဝင်များ သွားရောက်ခွင့် မရခဲ့ဟု ဆိုသည်။

အဆိုပါလူငယ်အများစုမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်) ၏ အဖွဲ့ဝင်များဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၀၀၀ ကျော် ရှိသည်ဟု အတိုက်အခံများက ဆိုသည်။

မိုးမခမှတင်ပြသည်

အပြည့်အစုံဖတ်ချင်ရင်...

Wednesday, January 14, 2009

ဓားသွားထက် ကလောင်သွားထက်



မင့်လက်ထဲမှာ ရှိတဲ့လက်နက်
ပစ်သတ်လို့သေရင်
တစ်ဘ၀ တစ်ခဏ ထာဝရမဖြစ်
ဒါပေမယ့် ကလောင်လက်နက်
သူသာရေးသတ်ရင်
တစ်ဘ၀ တစ်ခဏမက
ထာဝရကြွရလိမ့်မယ်
ဓားသွားလက်နက် ဘယ်လောက်ထက်ထက်
ကလောင်လက်နက်ကိုမမှီ
ကလောင်သာ တကယ်ထက်လျှင်
တစ်မျိုးသားလိုး တစ်တိုင်းပြည်လုံး
အဆင့်တွေမြင့်တက်ကုန်ကြလိမ့်မယ်
ဒါကြောင့် ...
မင့်လက်ထဲမှာ ရှိတဲ့ကလောင်
ဘယ်သူတွေ ပြောင်ပြောင်
ဘယ်သူတွေ လှောင်လှောင်
ကလောင်ကို လက်ကကိုင်စွဲ
အပြတ်နွှဲကြစမ်းပါ
ဟိုရှေးအရင် ဟိုယခင်က
အင်္ဂလိပ်အုပ်ချုပ်စဉ်ကပေါ့
စာရေးဆရာများရဲ့ ကလောင်ချက်
အစွမ်းထက်လို့ အာဇာနည်တွေပေါ်ထွက်
စုပေါင်းတိုက်ထုတ်ချက်ကြောင့်
တိုင်းပြည်ရဲ့ လွပ်လပ်ရေး
တကယ်ရယူပေးခဲ့တာ
ကလောင်တွေရဲ့အစွမ်း
အံ့မခန်းစရာပဲ မဟုတ်လား
ဒါကြောင့် ...
မင့်လက်ထဲမှာ ရှိတဲ့ကလောင်
ဘယ်သူတွေပြောင်ပြောင်
မင်းမယောင်နဲ့
တိုင်းပြည်အတွက်
မင့်ရဲ့ ကလောင်အစွမ်းထက်ထက်နဲ့
အပြတ်သာ နွှဲလိုက်စမ်းပါ။
မင်းသုည ကွမ်းခြံကုန်း


အပြည့်အစုံဖတ်ချင်ရင်...

Tuesday, January 13, 2009

ရဟန်းတော်များ နိုင်ငံရေး လုပ်သင့် မလုပ်သင့်


မြန်မာနိုင်ငံတွင် စစ်အစိုးရအလိုကျ ဆောင်ရွက်လုပ်ကိုင်နေသော နိုင်ငံတော်သံဃာ့နာယကအဖွဲ့က ရဟန်း တော်များ နိုင်ငံရေးမလုပ်သင့်၊မလုပ်ရဟု ညွှန်ကြားလွှာများ ထုတ်ပြန်ထားလေသည်။ယင်းညွှန်ကြားလွှာ များကို ကြည့် ၍ အချို့သော ဒကာ ဒကာမ များကလည်း ရဟန်းတော်များ နိုင်ငံရေး မလုပ်သင့်တာ ဟုတ်များ ဟုတ်လေ မလားဟု ယုံမှား တွေဝေနေကြလေသည်။

၎င်းအယူအဆ မှန်၊မမှန်ကို ဘာသာရေး အထောက်အထား သမိုင်းကြောင်း အ ထောက်အထား များဖြင့် မိမိတို့ ကိုယ်တိုင် သုံးသပ်နိုင်အောင် တင်ပြရေးသား သွားပါ မည်။အယူအဆပိုင်း အရ ခိုင်မာမှုရှိသွားပြီဆိုလျှင် လက်တွေ့ဆောင်ရွက်မှုကိုပြတ် သားစွာဆောင်ရွက်နိုင်ရန် ရည်ရွည်၍ ဤဆောင်းပါး ကိုရေးသားခြင်းဖြစ်ပါသည်။

ဝိဋဋူပ၏ စစ်တပ်ကြီး သာကီဝင် လူမျိုးများကိုသတ်ဖြတ်ရန် စစ်ချီသွားသောအခါ ဘုရားရှင် ကိုယ်တော် မြတ်ကြီးသည် သစ်ပင်ရိပ် အနည်းငယ်သာရှိသော နေရာသို့ ကြွ၍ သာကီဝင် လူမျိုးများကို သတ်ဖြတ် ဖျက်ဆီးခြင်း မပြုရန် မေတ္တာရပ်ခံလေသည်။

နေပူပြင်းသည့် အချိန် သုံးကြိမ်တိုင်အောင် ထိုကဲ့သို့ လာရောက် မေတ္တာရပ်ခံ သောကြောင့် ၀ိဋဋူပလည်း သုံးကြိမ်စလုံး လှည့်၍ ပြန်သွားရလေသည်။ဘုရားရှင် ပွင့်ထွန်းရခြင်း၏ အဓိကရည်ရွယ်ချက်သည် သတ္တ၀ါများ သံသရာမှ လွတ်မြောက်ရန် ဖြစ်သော်လည်း ထိုအလုပ်ကိုသာ အမြဲတမ်း ဆောင်ရွက်နေသည် မဟုတ်ပဲ အခြား သောသတ္တ၀ါ တို့၏ အကျိုးစီးပွါးများကိုလည်း အခွင့်သင့်သလို ဆောင်ရွက်ခဲ့သည့်သာ ဓကများ မြောက်များစွာ ရှိခဲ့ လေသည်။

မြန်မာအစိုးရအလိုကျဆေင်ရွက်လုပ်ကိုင်နေသော သံဃနာယကအဖွဲ့က ရဟန်း တော်များအား ဂန္ထဓူရ ၊၀ိပဿနာ ဓူရ( စာပေအလုပ်၊တရားအလုပ်)နှစ်မျိုးသာဆောင်ရွက်ရမည်ဟု ညွှန်ကြားလွှာများ ထုတ်ပြန် ထားလေသည်။တကယ်တော့ သံဃာတော်များအား အစိုးရက ချုပ်ကိုင်လိုသော ရည်ရွယ်ချက်ဖြင့် စစ်အာဏာရှင် အ လိုကျ ၎င်းညွှန်ကြားလွှာများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်လေသည်။ဤ ညွှန်ကြားလွှာများ ထုတ်ပြန် နေသောအလုပ်သည်ပင်ဂန္ထဓူရ ၊၀ိပဿနာဓူရ ၏ အပြင်ဘက်က အလုပ်များ ဖြစ်နေသည်ကို တွေ့နိုင် ပေသည်။

ဘုရားရှင်ပွင့်ထွန်းခြင်းသည် သတ္တ၀ါတို့၏ အကျိုးစီးပွါးအလို့ငှာ ချမ်းသာခြင်း အကျိုးငှာ ဖြစ်သကဲ့သို့ ဘုရားသားတော် ရဟန်းတော်များသည်လည်း ဘုရားရှင်၏ အတုကိုလိုက်၍ သတ္တ၀ါတို့၏ အကျိုးစီးပွါးအတွက် ချမ်းသာရေးအတွက် ဆောင်ရွက် သင့် သည်မှာ အထူးပြောစရာလိုမည်မဟုတ်ပေ။

မရိုးမသား စိတ်ထားဖြင့် ဂန္ထဓူရ၊၀ိပဿနာဓူရ ကိစ္စ မှလွဲ၍ အခြားကိစ္စ မလုပ်ရ ဟုတားမြစ်ခြင်းသည် ဘုရားရှင်၏ ဆန္ဒတော်နှင့် သံဃာတော်များ၏ အများအကျိုး ဆောက်ရွက်ခွင့်ကို တားမြစ်ခြင်း ဖြစ်လေသည်။တနည်းအားဖြင့် သာသနာတော်၏ ကောင်းမြတ်သော အစဉ်အလာနှင့် သာသနာတော်အပေါ် လူအများတို့ အားကိုးမျှော် လင့်မှုများကို ရိုက်ချိုး ဖျက်ဆီးခြင်းပင် ဖြစ်လေသည်။

မြန်မာ့ရာဇ၀င်ကိုပြန်ကြည့်လျှင် ပုဂံခေတ်၌ ရှင်ဒိသာပါမောက်သည် မြန်မာ့မြေ ပေါ်သို့ ကျူးကျော် သိမ်းပိုက် လာသော တရုတ် ဘုရင်နှင့် စစ်တပ်များကို ကျူးကျော်ခြင်း မှရပ်တန့်ပါရန် ကြွရောက် မေတ္တာရပ် ခံခဲ့သောကြောင့် တရုတ်စစ်သည်တော်များပြန် ဆုတ်ခွာသွားသောသည့်အတွက် မြန်မာပြည်သူများ ချမ်းသာရာ ရခဲ့ကြ လေသည်။

အင်းဝခေတ်တွင် အင်းဝကိုလာရောက်တိုက်ခိုက်သော မွန်ဘုရင်ရာဇာဓိရာဇ်ကို စကြိုသူမြတ်ရဟန်းတော်က ကြွရောက် မေတ္တာရပ်ခံ တရားဟောသောကြောင့် ရာဇာ ဓိရာဇ် ဘုရင်လှည့်ပြန်သွားခဲ့သည်။မွန်ဘုရင်မကြီး ရှင်စောပုသည် မွန်ရဟန်းတော်နှစ် ပါး၏ အကူအညီဖြင့် သူမ မပျော်ပိုက်သော အင်းဝမှ မွန်တို့နန်းစိုက်ရာ ဒဂုံသို့ ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့လေသည်။

အထက်ပါမြန်မာရဟန်းတော်တို့၏ ပြည်သူတို့အရေးဆောင်ရွက်ခဲ့မှုများကို ရှေး ခေတ် ကျောင်းသုံး စာအုပ်များ တွင်ပင် ပြဌာန်း ခဲ့ဘူးလေသည်။ကိုလိုနီခေတ်တွင် ဆရာတော်ဦးဥတ္တမနှင့် ဆရာတော် ဦးဝိစာရတို့၏ မြန်မာ့ လွတ်လပ်ရေး အတွက် စွမ်းစွမ်းတမန် ဆောင်ရွက်ခဲ့ မှုများသည် မြန်မာနိုင်ငံသမိုင်းကြောင်း၌ မည်သို့မျှချန်ထား ၍ မရသော အခန်းကဏ္ဌများဖြစ်လေသည်။

ယနေ့မျိုးဆက်သစ်များသည်ပင် တွေ့မြင်နေရသောဦးဥတ္တမပန်းခြံ၊ဦးဥတ္တမလမ်း ဦးဝိစာရကျောက်တိုင်၊ ဦးဝိစာရလမ်း တို့သည် မြန်မာရဟန်းတော်တို့၏ မြန်မာ့နိုင်ငံရေး တနည်းအားဖြင့် အများပြည်သူတို့၏ ချမ်းသာရေးအတွက် ဆောင်ရွက်ခဲ့မှုများကို လိမ် ညာလှည့်ဖျား မေ့ဖျောက်၍ မရနိုင်သော အမှတ် အသား များဖြစ်လေသည်။

ရဟန်းတော်များသည် လူတစ်စု တစ်ဖွဲ့ အာဏာရဖို့ အတွက် ဒကာ၊ဒကာမတို့၏ ကြည်ညိုမှုနှင့် ဘုရားရှင် သာသနာတော်ကို အသုံးချ၍ စည်းရုံးဟောပြောခြင်း၊မပြုလုပ် သင့်ပေ။တနည်းအားဖြင့် ပါတီနိုင်ငံရေးများတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုသင့်ပေ။သို့ သော် နိုင်ငံရေးဟုခေါ်သည်ဖြစ်စေ၊မခေါ်သည်ဖြစ်စေ အများ ပြည်သူတို့၏ ဆင်းရဲဒုက္ခမှ ကယ်တင်ရန်နှင့် ဘ၀လွတ်မြောက်ရေးဆောင်ရွက်ရန်အတွက် သမိုင်းပေး တာဝန် အရ မလွဲမသွေ ဆောင်ရွက် သင့် ဆောင်ရွက်ထိုက်ပေသည်။

ပြီးခဲ့သည့် ၂၀၀၇ စက်တင်ဘာသံဃာအရေးအခင်းတွင် ရဟန်းငယ်များ၏ လမ်း လျှောက်မေတ္တာပို့ ဆန္ဒပြ ခြင်းသည် ဒကာ ဒကာမတို့၏ နိမ့်ကျဆင်းရဲမှုများ၊အထွေထွေ အကျပ်အတည်းများကို ပြေလည်စေ နိုင်ရန်အတွက် မိမိတို့တတ်စွမ်းနိုင်သည့်ဘက်က ဆောင်ရွက်ကြခြင်းပင်ဖြစ်ပါသည်။တနည်းအားဖြင့် အများ ပြည်သူကို အနိုင်ကျင့်နှိပ်စက် နေသော စစ်အာဏာရှင်တို့၏ ကုလားထိုင်ကို ကိုင်လှုပ်ခဲ့သော လုပ်ရပ်များ ဖြစ် ခဲ့ ပါ သည်။

ယင်းနောက် နိုင်ငံတော်သံဃနာယကအဖွဲ့က ၎င်းတို့အစဉ်အဆက်ထုတ်ပြန်ခဲ့ သောညွှန် ကြားလွှာများဖြင့် စစ်အာဏာပိုင်များကို မီးစိမ်းပြလိုက်သောအခါ ရဟန်း တော်တို့၏ သွေးမြေကျဖြစ်ရပ်များ ပေါ်ပေါက် ခဲ့ရလေသည်။တကယ်တော့ နိုင်ငံတော် သံဃနာယကအဖွဲ့သည် စစ်အာဏာပိုင်များ လှူဒါန်းသော ကျောင်းတိုက်မျာ၊ ကားများ ၊လျှပ်စစ်ဇိမ်ခံပစ္စည်းများ၊ အခြားငွေကြေးနှင့်လှူဖွယ်ဝထ္ထုများကိုလက်ခံရရှိနေသော အဖွဲ့ ဖြစ်လေသည်။

နိုင်ငံတော်သံဃနာယကအဖွဲ့သည် စစ်အာဏာပိုင်တို့၏ ရဟန်းရှင်လူပြည်သူတို့ အပေါ်ညှင်းပန်းနှိပ်စက်မှုများအတွက် တစုံတရာ မေတ္တာရပ်ခံ၊ တားမြစ်ဆုံးမ ကန့်ကွက်ခြင်း ၊ ကာကွယ်ပေးခြင်း မရှိခဲ့ပဲ စစ်အာဏာရှင်တို့ အလိုကျသာ ၎င်းတို့၏ ညွှန်ကြားလွှာများဖြင့် ရဟန်းငယ်များ၏ ပြည်သူတို့အရေး ဆောင့်ရွက်ချက်များကို တား မြစ် ကန့်ကွက်ခဲ့လေသည်။

ရဟန်းတော်များ နိုင်ငံရေး လုပ်သင့် မလုပ်သင့် ဟူသော အယူအဆနှင့် ပတ်သက်၍ ပီနန်ဆရာတော်ကြီး ဦးပညာဝံသကတော့ နိုင်ငံဆိုတာ အိမ်နှင့်တူကြောင်း နိုင်ငံတွင်းနေပြည်သူများသည် မိသားစုနှင့်တူကြောင်း အိမ်၏အရေးကိစ္စသည် မိသားစု အားလုံးနှင့် သက်ဆိုင်သကဲ့သို့ နိုင်ငံ၏ အရေးသည်လည်း နိုင်ငံသား အားလုံးနှင့် သက် ဆိုင်ကြောင်း ရှင်းလင်းစွာ မိန့်ကြားတော်မူပါသည်။

အထက်ပါတင်ပြချက်များကို အကျဉ်းချုပ်သုံးသပ်ကြည့်လျှင် ရဟန်းတော်များ အနေဖြင့် မိမိတို့၏ အာဏာ၊ ငွေကြေး၊ လာဘ်လာဘ ဟူသော အတ္တဟိတ အကျိုးစီးပွါးအတွက် လုံးဝမဆောင်ရွက်သင့် မဆောင်ရွက်ထိုက်ပဲ အများ ပြည်သူ ဒကာ ဒကာမတို့အနေဖြင့် လည်း ထိုကဲ့သို့သော လုပ်ရပ်များကိုလုံးဝ ကန့်ကွက် ရှုံ့ချ ထိုက် ပေသည်။ နိုင်ငံရေးဟု ဆိုသည်ဖြစ်စေ မဆိုသည်ဖြစ်စေ အများပြည်သူတို့၏ လွတ်မြောက် ရေးနှင့် ကောင်းကျိုး ချမ်းသာရေး ဟူသော ပရဟိတ အကျိုးစီးပွါးအတွက် ဆောင်ရွက်နေ သောရဟန်းတော်များကို မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့ အစည်း မဆို လုံးဝ မတားမြစ်သင့်ပဲ ထောက်ခံ အားပေး ကူညီဆောင့်ရွက်သင့် ကြောင်း တင်ပြ ရေးသား လိုက်ရပါသည်။
ဖိုးလမင်း


အပြည့်အစုံဖတ်ချင်ရင်...

Monday, January 12, 2009

အရေးပေါ် အထူးသတင်း။

အမည်မဖော်လိုသူ တပ်တွင်းမှ အရာရှိတစ်ယောက်မှ ကြားထားရသော သတင်းဖြစ်ပါတယ်။
အခု ထောင်ဒဏ်နှစ်ကြီး ကျထားသော နိုင်ငံရေးသမားများနဲ့  ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို နအဖက ရဲဘက်ပို့ ပြီး၊ မတော်တဆ ထိခိုက်ပုံမျိုးနဲ့ သေကြောင်း ကြံစည်ဖို့ လုပ်နေပါတယ်။ အဲ့လိုနည်းနဲ့ တစ်ဦးချင်းစီကို အကုန်သတ်ပစ်ဖို့ ကြံစည်နေပါတယ်လို့  တပ်အတွင်းမှ အရာရှိတစ်ဦးက ပြောကြားလာပါတယ်။
နစ်နေမန်းဘလောခ်မှဆက်လက်ဖော်ပြပါသည်။

အပြည့်အစုံဖတ်ချင်ရင်...

အမှတ်ပေးစည်းမျဉ်း



အမှတ်ပေးစည်းမျဉ်း

ခေါင်းဆောင်ဆိုတာ

ကိုယ့်ဘဝကို အစာလို တပ်ပြီး

ငါးတွေ ကောင်းစားဖို့ အတွက်

ငါးတွေကိုပဲ ပြန်မျှားရမယ့်သူ။


ခေါင်းဆောင်ဆိုတာ

ငါးကြင်းထု အကျိုးအတွက်

ငါးကြင်းဆီနဲ့ ပဲ

ငါးကြင်းသားကို ကြော်ပေးရမယ့်သူ။


ခေါင်းဆောင်ဆိုတာ

ပြာဖုံးနေတဲ့ မီးခဲတွေကို ကောက်စား

အိပ်မက်တွေ အကောင်ထွားအောင်

မြှောက်စားသင့်သူကို လည်းမြှောက်စားရမယ်

ကိုယ့်ကိုကျော်တက်သွားမှာ မကြောက်တဲ့သူ။


ခေါင်းဆောင်ဆိုတာ

မက်လုံးတွေကို ယူချင်အောင်အစထုတ်

အခက်ဆုံးတွေကို လူမမြင်အောင် ခဏအုပ်ပြီး

ဆေးခါးကို သကြားအုပ်တဲ့ အတတ်နဲ့ 

ပရိယာယ်တွေလည်း တတ်ရမယ်။


ခေါင်းဆောင်တစ်ယောက်ဟာ

လူတစ်ယောက်ကို မျိုးစေ့တစ်စေ့လို့ မြင်ရမယ်။

ပုရွက်ဆိတ်အုံလိုပုံစံမျိုးနဲ့ဥယျာဉ်တစ်ခုကိုဆောက်ပါ။


ခေါင်းဆောင်ဟာ

မျက်လုံးတစ်ထောင်

နားတစ်ထောင်နဲ့ 

အသံတိတ်ငိုသံတွေက အစ ကြားယောင်တတ်ရမယ်။

အံကြိတ်မျိုသံတွေက အစ နားထောင်တတ်ရမယ်။


ခေါင်းဆောင်တစ်ယောက်ရဲ့  ခေါင်းထဲကိုခွဲကြည့်

ကိုယ်ဝန်ဆောင်သစ်ပင်တွေကို

မီးဖွားပေးနေတဲ့ ဆေးရုံတစ်ရုံ တွေ့ လိမ့်မယ်။


ကောင်းကင်ကို

အပြည့်အစုံဖတ်ချင်ရင်...

Sunday, January 11, 2009

သိကြားမင်းတောင် မျက်စိလည်သွားပြီ

လူတွေရဲ့အဖြစ်မှန်

အကြောင်းခံကိုလေ့လာကြည့်

တချို့ကလူဖျင်းလူညံ့

တချို့က လူကောင်းလူတော်

မသူတော်နှင့်သူတော်

ဤနှစ်ဖော်နှိုင်းယှဉ်ကြည့်

လူသူတော်က

မိမိအရည်အချင်းနှင့်

နေရာမှန်ကိုသိတယ်

ဒါပေသိလူဖျင်း

အရည်အချင်းကနတ္တိ

ယူဘိသည့်နေရာက အမြင့်ဆုံး

မာနတစ်လုံး နေရာတကာသုံးပြီး

ငါကွလို့ လက်မထောင်

ဟောင်တဲ့အသံက ဘ၀ဂ်ညံ့

နားမခံသာတဲ့ သိကြားမင်း

လူ့ပြည်သက်ဆင်းလို့ ၀ရဇိန်ကိုင်စွဲ

အပြတ်နွှဲမယ်လို့ကြံတုန်း

ဘုရား၊တရား၊သံဃာနားချဉ်းကပ်

ဦးသုံးကြိမ်ခါခါထပ်ပြီး

သူမဟုတ်သယောင်နှင့် သူတော်ယောင်ဆောင်

ယောင်တောင်တောင်ဖြစ်အောင်

လိမ်ညာပြလိုက်တာ

သိကြားမင်းတောင် မျက်စိလည်သွားပြီ။

မင်းသုည ကွမ်းခြံကုန်း

အပြည့်အစုံဖတ်ချင်ရင်...

Friday, January 9, 2009

ညီညီညွတ်ညွတ်နဲ့ တရားသော စစ်ကို ဆင်နွှဲကြ

စာဖတ်သူများ ခင်ဗျား-

ပြည်တွင်းက ကျွန်တော့် ဘာလောဂ်ကို တက်ရောက် အားပေးကြတဲ့ ပြည်သူများစွာ ရှိတဲ့အနက် ပြည်သူ တစ်ဦးဖြစ်တဲ့ ကိုစိုပြေသူက ယနေ့ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် သုံးသပ်ပြီး နိုင်ငံတကာရှိ အင်အားစုများကို တိုက်တွန်းထားချက်အား ကျွန်တော့်ထံ တင်ပြလာပါတယ်။ ဒါကြောင့် ဒီတိုက်တွန်းချက်ကို တွေးခေါ် သုံးသပ် ဆင်ခြေနိုင်ဖို့ စေတနာ ရှေ့ ထားပြီး ကျွန်တော် ကိုဖိုးတရုတ်က တင်ပြပေးလိုက်ပါတယ်။ ပေးပို့သူ ကိုစိုပြေသူကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအပ်ပါတယ်။


ကျွန်တော်ဆောင်းပါး တစ်ခါမှမရေးဘူးပါဘူး။ ခုရေးတာကို ဆောင်းပါးတစ်ခုအနေဖြင့် သော်လည်းကောင်း တိုက်တွန်းစာအနေဖြင့် လည်းကောင်း မှတ်ယူနိုင်ပါတယ်။ ကျွန်တော်ဟာ ပြည်တွင်းက သာမန်ပြည်သူလူငယ် တစ်ယောက်ပါ။ ကျွန်တော့်မိသားစု အခြေအနေကလည်း လူတန်းစေ့ နေနိုင်တဲ့အဆင့်ပါ။ ကျွန်တော်တို့နိုင်ငံမှာ ခုလက်ရှိဖြစ်ပျက်နေတာတွေဟာ တအားကို စိတ်ပျက်စရာ ကောင်းလှပါတယ်။ အစိုးရကလည်း အသုံးမကျ ပြည်သူတွေကလည်း (စားဝတ်နေရေး ကျပ်တည်းသောကြောင့်) အကျင့်တွေ စိတ်ဓါတ်တွေ ပျက်လာကြပါတယ်။ ၀န်ထမ်းများကလည်း အကျင့်ပျက် ခြစားတာတွေဟာ မထူးဆန်းတော့သလိုကို ဖြစ်နေကြပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ကြာရင် ကလိမ်ကကျစ် နိုင်ငံအဖြစ်ကို ဆိုက်ရောက်တော့မှာပါ။ ကျွန်တော်တို့နိုင်ငံကို ဒီလိုအဖြစ်တော့ အရောက်မခံချင်ပါ။ ဒါကိုကာကွယ်ဖို့ဟာ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသား အားလုံး တာဝန်ပါ။

ဖခင်ဗိုလ်ချုပ်အောင်ဆန်း ဖြစ်စေချင်သလို အာရှကို မြန်မာတွေ ဦးဆောင်နိုင်အောင် ကြိုးစားကြရပါမယ်။ ခုတော့အာရှကို ဦးဆောင်ဖို့ နေနေသာသာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး မဖြစ်အောင်တောင် မနည်းလုပ်နေရပါတယ်။ ဒါဟာ အစိုးရရဲ့ အုပ်ချုပ်ရေးညံ့ဖျင်းတာ စီးပွားရေး ပေါ်လစီ မနိုင်နင်းတာ ခေါင်းဆောင်ပိုင်းရဲ့ ဥပဒေမဲ့အာဏာ အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာတာတွေကြောင့် အဓိက ဖြစ်ပါတယ်။ စက်ရုံတွေပိတ်လို့ အလုပ်ပြုတ်တဲ့ သာမန်ပြည်သူဟာ တိုင်းပြည်က တွင်းထွက်ရေနံကို ဒါ "ငါတို့တိုင်းပြည်က ရေနံ..... ငါလည်းတူးပြီး ရောင်းစားမယ်" လုပ်လို့မရပါဘူး။ ကျွန်းသစ်တစ်ပင်တောင် ခုတ်ရောင်းလို့ မရပါဘူး။ ခိုးဆိုးလုဝှက် မလုပ်ရင် သူများနိုင်ငံထွက် ကျွန်လိုလုပ် ဒါပဲရှိပါတယ်။

ပြည်တွင်းမှာတော့ သေလုမျောပါးလုပ်ပြီး မသေရုံတော့ စားနိုင်တာပေါ့လေ။ စစ်အာဏာရှင်များကတော့ စီးပွားရေး ပိတ်တာနဲ့ တိုင်းပြည်သယံဇာတတွေကို သူတို့ ဘိုးဘွားပိုင်ပစ္စည်းလိုကို သဘောထားပြီး ဒီက ပိတ် ဟိုကိုရောင်း၊ ဟိုကပိတ် ဒီကိုရောင်းနဲ့ ပိုလို့တောင် ချမ်းသာလာသေးလားပဲ။

ကျွန်တော်ကတော့ တိုက်တွန်းချင်ပါတယ်။ မယောင်ရာ ဆီလူးတွေ မလုပ်ကြပါနဲ့တော့၊ ဟိုးအဝေးကြီးကနေ ကြေညာနေ လွှတ်တော်ခေါ်နေ၊ ဆန္ဒပြနေမယ့်အစား ပြည်ပကနေ လွတ်လပ်စွာ လှုပ်ရှားလို့ရတာကို အခွင့်ကောင်းယူပြီး တရားသောစစ်ကို တိုက်ဖို့ ကူညီကြပါ။ စစ်ပညာသင်ခွင့်ရအောင် လက်နက်ခဲယမ်း ရအောင် ကြိုးစားကြပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်ဆိုတာ နေရာတိုင်း အလုပ်မဖြစ်တာကို စက်တင်ဘာ သံဃာအရေးအခင်းမှာ အားလုံးသိပြီး ထင်ပါတယ်။ ဒီတော့ အားလုံး ညီညီညွတ်ညွတ်နဲ့ တရားသောစစ်ကို စတင်ကြပါ။ အထူးလျှို့ဝှက်သော ကျစ်လစ်သောအဖွဲ့ ဖွဲ့ပြီး စစ်ဆင်ရေးအတွက် ပြင်ဆင်ကြဖို့ လိုပါပြီ။ ယခု ဆောင်းပါးဟာ မည်သူမဆို အလွယ်တကူ ဖတ်နိုင်တဲ့အတွက် ကျွန်တော် ဘယ်လိုလုပ်သင့်တယ် ဆိုတာ မပြောတော့ပါဘူး။ ကိုဖိုးတရုတ်ကတဆင့် ထောက်လှမ်းရေးဟောင်းများ၊ ပြည်တွင်းပြည်ပမှ စစ်တပ်အရာရှိ စစ်သည်များ၊ စစ်မှုထမ်းဟောင်းများနှင့် ဆက်သွယ်ချင်ပါတယ်။

ကိုစိုပြေသူ


အပြည့်အစုံဖတ်ချင်ရင်...

Wednesday, January 7, 2009

ဒီမိုကရေစီတိုက်ပွဲ


ဒီမိုကရေစီတိုက်ပွဲ

နှစ်လုံးသားကိုတံတားခင်း
အသက်နဲ့ ရင်းရတဲ့ လွတ်လပ်ခြင်းဆိုတဲ့ရက်
ဒီမိုကရေစီအရေးတော်ပုံမှာ
ကိုယ်ရဲ့အသက်ကိုမငဲ့ နိုင်ပေမယ့်
မြန်မာပြည်သူတွေကိုရင်ခွင်ပိုက်ပြီး
ခေါင်းမငိုက်ဦးမညွတ်
ကိုယ်ကျိုးစွန့်လွတ် တဲ့ခွပ်ဒေါင်းဇာနည်
ဒီမိုကရစီတိုက်ပွဲဝင်သူတွေရဲ့
တည်ကြည်ရဲရင့်မြင့်မြတ်တဲ့ဂုဏ်ပုဒ်ဟာ
ကမ္ဘာမြေတုန်လောက်ပါတယ်။

အာဇာနည်စိတ်ဓာတ်ကို
မှတ်ကျောက်တင်စမ်းသပ်လိုတဲ့
ယုတ်မာသူလူတစုရဲ့ ၊ နှိပ်စက်ကာညှင်းပန်း။
သတ်ဖြတ်ကာရက်စက်ပေမဲ့
နောက်မဆုတ်ဇွဲမာန်ထောင်
တချိန်မှာ ဧကန်အောင်ရမယ်လို့ 
မြန်ပြည်သူချမ်းသာကြောင်းပေမို့ 
လှေခွက်ချည်းကျန်အလံမလဲပါဘူး
တိုက်ပွဲဝင်ပန်းတိုင်
ဒီမိုကရေစီမဏ္ဍိုင်ကို အနိုင်ရအောင်တိုက်မယ်လို့ 
ရင်ဆိုင်ကာချီတက်သူ မျိုးချစ်ဇာနည်ဖြူတွေကို
တို့ ပြည်သူတွေ နှလုံးသားမှာ
သမိုင်းမှတ်တမ်းဝင်
ကမ္မည်းထိုးတင်ထားပါသဖြင့်
ကမ္ဘာရှည်သရွေ့တည်နေမယ်။.

မင်းသုည(ကွမ်းခြံကုန်း)
ဗုဒ္ဓတက္ကသိုလ်



အပြည့်အစုံဖတ်ချင်ရင်...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်)လုပ်ငန်းဖော်ဆောင်ရေးကော်မတီဖွဲ့စည်း

အပြည့်အစုံဖတ်ချင်ရင်...

နအဖက လူဦးရေစာရင်းတွေ ကောက်နေပါပြီ


မိတ်ဆွေတို့ခင်ဗျား

နအဖအာဏာရှင်များက လူဦးရေစာရင်းတွေ ကောက်နေပြန်ပါပြီ.
ရွေးကောက်ပွဲတွက် သူတို့ အပိုင်ဂွင်ဆင်ဖို့ အစပြုတာလဲဖြစ်နိုင်ပါတယ်။
ဘာဘဲဖြစ်ဖြစ် သတင်းတခုအနေနဲ့တော့ သတိထားဖို့လိုတဲ့အချက်တခုထင်လို့
ပြန်လည်ဖြန့်ဝေလိုက်ပါတယ်။

စိုးသန်း

အပြည့်အစုံဖတ်ချင်ရင်...

နိုင်ငံရေးခေါင်းဆောင် ဆိုသည်မှာ

ဘယ်လိုလူမျိုးကိုမှ နိုင်ငံရေးခေါင်းဆောင်လို့ သတ်မှတ်ယူဆထိုက်သလဲ...?

ခေါင်းဆောင်တစ်ယောက်မှာ ဘယ်လိုအရည်အချင်းတွေနဲ့ ပြည့်စုံနေရမလဲ၊ ဘယ်လိုအကျင့်သီလတွေ ရှိရမလဲ ဆိုတာကို
(၃)မျိုး(၃)စား ခွဲခြားပြခဲ့ကြပါတယ်။

(၁) ခေါင်းဆောင်နေရာမှာ ရှိနေပေမယ့် ခေါင်းဆောင်အစစ်မဖြစ်နိုင်တဲ့သူရယ်...

(၂) ခေါင်းဆောင်နေရာမှာ ရှိနေပေမယ့် ရံဖန်ရံခါ ခေါင်းဆောင်လိုက် ရံဖန်ရံခါ ခေါင်းရှောင်လိုက်နဲ့
နှစ်ကိုယ်ခွဲနေတဲ့သူရယ်...

(၃) ခေါင်းဆောင်နေရာမှာ ရှိပြီး အချိန်ပြည့် စွမ်းအားပြည့်ခေါင်းဆောင်နေတဲ့သူရယ်... လို့ဆိုပါတယ်.

ပထမအဆင့်အနေနဲ့ ကိုယ်ကခေါင်းဆောင်နေရာမှာ မရှိခဲ့ရင် ကိုယ်နဲ့ကိုယ့်အသိုက်အ၀န်း လူထုပရိသတ်ကို
လက်တွေ့ခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်က အခုခွဲခြားပြတဲ့ သုံးမျိုးသုံးစားထဲမှာ ဘယ်အမျိုးအစားထဲ
ပါနေသလဲဆိုတာကို ကိုယ့်ဆင်ခြင်တုံတရားနဲ့ကိုယ် ဆန်းစစ်သုံးသပ် ဝေဖန်ပိုင်းခြားကြည့်ဖို့ လိုပါလိမ့်မယ်။
အကြမ်းဖျဉ်းစဉ်းစားလို့ရအောင် မှတ်ကျောက်တင် မေးခွန်း (၉)ပုဒ် ကျုပ်ထုတ်နှုတ်ပေးလိုက်ပါတယ်။
ကိုယ့်ဖာသာကိုယ်သာ... သံယောဇဉ်ရှိလို့ဆိုတဲ့ ဆန္ဒာဂတိ၊ ကြည့်မရလို့ဆိုတဲ့ ဒေါသာဂတိ၊ ကြောက်နေရလို့ဆိုတဲ့
ဘယာဂတိ၊ မဝေခွဲတတ်လို့ဆိုတဲ့ မောဟဂတိ.. ဆိုတဲ့ အဂတိတရားလေးပါး ကင်းစင်စွာ ဆုံးဖြတ်ကြပါတော့။

မေးခွန်း (၉) ပုဒ်ကတော့...

ကိုယ့်ခေါင်းဆောင်က..

(၁) ကိုယ်ကိုယ်တိုင်အပါအ၀င် အများစုကြီးက ရွေးချယ်တင်မြှောက်ထားတဲ့ ပုဂ္ဂိုလ်လား။

(၂) ဌာနချုပ်က ပို့လွှတ်ထားတဲ့ မိုးပေါ်ကကျလာတဲ့ မိုးကျရွှေကိုယ် ပုဂ္ဂိုလ်လား

(၃) ဒီခေါင်းဆောင်နေရာကို ငွေကြေးများစွာ ရင်းနှီးပြီး ရယူပိုင်ဆိုင်ထားတဲ့ ပုဂ္ဂိုလ်လား။

(၄) ထင်ရှားကျော်ကြားတဲ့ သူ့နာမည်ကို အသုံးပြုပြီး နေရာယူထားတဲ့ ပုဂ္ဂိုလ်လား

(၅) နိုင်ငံရေးလုပ်သက်ရင့်ပြီး အတွေ့အကြုံများတဲ့ သက်ကြီးဝါကြီး ပုဂ္ဂိုလ်လား

(၆) ရဲရင့်တက်ကြွပြီး ကိုယ်ကျိုးစွန့် အနစ်နာခံ လှုပ်ရှားဆောင်ရွက်တတ်တဲ့ ပုဂ္ဂိုလ်လား

(၇) အမှတ်တရ နေ့ကြီးရက်ကြီး အခမ်းအနားတွေအတွက်သာ ကာလအပိုင်းအခြားနဲ့
ဆောင်ရွက်လှုပ်ရှားပြီး ကျန်ကာလတွေမှာ သူ့စားဝတ်နေရေးအတွက် သူလိုငါလို အလုပ်လုပ်နေတဲ့ ပုဂ္ဂိုလ်လား

(၈) အစည်းအဝေး အခမ်းအနားတွေမှာ အသုံးအဖြုန်း၊ အကျွေးအမွေး၊ အပေးအကမ်း၊ ပွဲလမ်းသဘင်
စသည်တွေနဲ့ ဖြားယောင်းသွေးဆောင်ပြီး ပရိသတ်စည်ကားအောင် လုပ်ဆောင်တတ်တဲ့ ပုဂ္ဂိုလ်လား

(၉) ကြေးစားတပည့်တွေနဲ့ ဆွေမျိုးအသိုက်အ၀န်းကို အဖွဲ့အမှုဆောင် ရာထူးတွေပေး၊ မွေးထားပြီး
နောင်တစ်နေ့ ဒီမိုကရေစီ အောင်ပွဲခံ အာဏာရတဲ့အချိန်မှာ အခွင့်အရေးရအောင်ဆိုတဲ့ မျှော်လင့်ချက်နဲ့
ရေရှည်စီးပွားရေး ရင်းနှီးမြှုပ်နှံမှု သဘောမျိုး နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေတဲ့
နိုင်ငံရေး၊ စီးပွားရေးသမား ပုဂ္ဂိုလ်လား

ဆိုတဲ့ မေးခွန်းတွေပါပဲ။

အမှန်ကတော့ ဒီမေးခွန်း (၉)ပုဒ်က ယေဘုယျအားဖြင့် ပြည်ပရောက် ဒီမိုကရေစီ အင်အားစုတွေအတွက်သာ
ရည်ရွယ်ရင်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အများသိကြတဲ့အတိုင်း ပြည်ပမှာက
"ခေါင်းဆောင်" လုပ်ချင်ကြတဲ့လူတွေရဲ့ အရေအတွက်ဟာ နောက်လိုက်အဖွဲ့ဝင် အရေအတွက်ထက်
များနေတတ်လို့ပါပဲ။ ပြည်သူလူထုရဲ့ (၈၈) ခုနှစ် ညီညွတ်မှုအောင်ပွဲကို သွားလေသူ စစ်ဘီလူးကြီး ဦးနေ၀င်း
အသက်ငင်လျက်က ရွေးကောက်ပွဲ ဘန်းပြ သပ်လျှိုပြီး ဖြိုခွဲပစ်လိုက်တော့.. ကျုပ်တို့ အင်အားစုတွေ
ပါတီပေါင်း နှစ်ရာကျော် ခေါင်းဆောင်ဖြစ်ချင်စိတ်နဲ့ အစိတ်စိတ်အမွှာမွှာ ကွဲကုန်ခဲ့ကြရတဲ့အတိုင်းပါပဲ။
သိတယ်နော်။ ပြည်ပမှာကတော့ ရရှိနေတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ပြီး ခုထိ "ဂိုဏ်း"
ခွဲထောင် ခေါင်းဆောင်လုပ်ချင်တဲ့ ရောဂါက စွဲကပ်နေကြတုန်းပါပဲ။ ဒါပြည်ပမှာ ပြောတာပေါ့နော်။

ပြည်တွင်းမှာကတော့ ပြည်ပအခြေအနေနဲ့ ပြောင်းပြန်ပါပဲ။ ဖက်ဆစ်စစ်အစိုးရက
ဒီမိုကရေစီခေါင်းဆောင်မှန်သမျှကို ဖမ်းဆီးထောင်ချ၊ နှိပ်ကွပ်သတ်ဖြတ်နဲ့ လူ့အခွင့်အရေးတွေ အားလုံး
ချုပ်ချယ်ပိတ်ပင်ထားတော့ကာ... ခေါင်းဆောင်ရယ်လို့ အညွှန့်ကလေး ပြူထွက်လာခွင့်ကို
မရနိုင်လောက်အောင်ပါပဲ။ အများသိကြတဲ့အတိုင်း "သမင်မွေးရင်း ကျားစားရင်း" ဖြစ်နေပါတယ်။
ပြည်တွင်းအခြေအနေအရ ကျုပ်တို့ရဲ့ သူရဲကောင်းခေါင်းဆောင်ငယ် ကလေးကိုတောင် ရန်သူ့လက်ချက်နဲ့
မကျဆုံးတန် မကျဆုံးရအောင် လျှို့ဝှက်သိပ်သည်းကြဖို့ မေတ္တာရပ်ခံနေရပါတယ်။

အဲ...တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီခေါင်းဆောင်တွေ (ပြည်တွင်းမှာရော၊ ပြည်ပမှာပါ) မှာ ရှိရမယ့်
အရည်အချင်းတွေကတော့ ကျုပ်မှတ်သားစုဆောင်းထားသမျှ တင်ပြလိုက်ပါတယ်။

ဒီမိုကရေစီခေါင်းဆောင်တစ်ယောက်ရဲ့ အဓိကအကျဆုံးနဲ့ ပထမဆုံး ရှိကိုရှိနေရမယ့် အရည်အချင်းကတော့
ပြည်သူလူထု ပရိသတ်အများစုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်သာဖြစ်ရပါမယ်။ အဲဒီ့
ပုဂ္ဂိုလ်မျိုးမှာမှ ခေါင်းဆောင်တစ်ယောက်ရဲ့ နေရာနဲ့ ထိုက်တန်ဖို့ လိုအပ်မယ့် အရည်အချင်း (၁၂)
ရပ်ကတော့...

(၁) နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေကို မှန်ကန်စွာ သုံးသပ်နိုင်ရပါမယ်။

(၂) နိုင်ငံရေးအလားအလာနဲ့ အကျိုးအမြတ်အတွက် အမြော်အမြင်ရှိရပါမယ်။

(၃) အများတကာ မစွမ်းဆောင်နိုင်တာကို စွမ်းဆောင်နိုင်ရပါမယ်။ အများတကာ မဆုံးဖြတ်တတ်တာကို
ဆုံးဖြတ်လှုပ်ရှားတတ်ရပါမယ်။ ဒါမှသာ အများတကာရဲ့ အားထားယုံကြည်မှု၊ တန်ဖိုးထားလေးစားမှုနဲ့
ကိုယ့်ခေါင်းဆောင်မှုကို အစဉ်ကြိုဆိုထောက်ခံမှု ရနိုင်ပါလိမ့်မယ်။

(၄) ဒါပေမယ့် ဒီလိုစွမ်းဆောင်ဆုံးဖြတ် လှုပ်ရှားနိုင်မှုအပေါ်မှာ အခြေခံပြီး အလွန်အကျွံ
ပုဂ္ဂိုလ်ကိုးကွယ်မှုမျိုးတွေ ဖြစ်ပေါ်လာခဲ့ရင်လည်း ပုထုဇဉ်လူသားဆန်ဆန် လက်ခံသာယာမနေဘဲ
တွန်းလှန်ပယ်ချနိုင်စွမ်း ရှိရပါမယ်။

(၅) အတ္တနဲ့ပရ၊ ကိုယ်ကျိုးနဲ့ အများအကျိုးရယ်လို့ ရှိရာမှာလည်း ကမ္ဘာကျော်နိုင်ငံကျော်
ခေါင်းဆောင်ကြီးတွေရဲ့ အစဉ်အလာအတိုင်း ကိုယ်ကျိုးအတ္တကို ဖြုတ်ပယ်စွန့်လွှတ်နိုင်စွမ်း ရှိရပါမယ်။

(၆) လူ့ယဉ်ကျေးမှု၊ အမျိုးသားယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေနဲ့ ကျင့်ဝတ်စည်းကမ်းတွေကိုလည်း
လေးစားလိုက်နာတတ်ရပါမယ်။

(၇) နိုင်ငံရေးတိုက်ပွဲတွေအတွက် အသင့်ပြင်ပြီး တိုက်ပွဲဝင်တော့မယ်၊ စတင်လှုပ်ရှားတော့မယ် ဆိုရင်လည်း
တိုက်ပွဲရဲ့ အရင်းခံ ဆန္ဒပြတောင်းဆိုချက်မှန်သမျှဟာ လူထုလူတန်းစားပေါင်းစုံရဲ့ နိုင်ငံရေး၊
စီးပွားရေးတွေအပေါ်မှာသာ အခြေခံတတ်ရပါမယ်။ သာမန်လူမှုရေးတောင်းဆိုချက်မျှနဲ့ တိုက်ပွဲဝင်ခဲ့ရင်
ရေရှည်မခိုင်မာနိုင်ဘူးဆိုတာကို သိနှင့်တတ်ရပါမယ်။

(၈) ကိုယ့်တိုက်ပွဲအင်အားကောင်းမှုအတွက် တစ်ခြားလူထုလူတန်းစားတိုက်ပွဲတွေနဲ့ ဆက်စပ်ညှိုနှိုင်း
ပူးပေါင်းဆင်နွှဲတတ်ရပါမယ်။ ဒါမှသာ ရန်သူအပေါ် ထိုးနှက်ချက်က ပိုမိုပြင်းထန်ပါလိမ့်မယ်။

(၉) တိုက်ပွဲဝင်ရာမှာလည်း တက်ကြွရဲရင့်ပြတ်သားမှု (Militancy) နဲ့ သတ္တိ (Courage) ဆိုတာ
လိုအပ်ပေမယ့်၊ လိုလားအပ်ပေမယ့် တစ်လွဲဆံပင်ကောင်းဖို့၊ လူစွမ်းကောင်းဝါဒ အစွန်းမရောက်ဖို့ကိုတော့
သတိပြုတတ်ရပါမယ်။ တိုက်ပွဲရှေ့တန်းစစ်မျက်နှာမှာ ကိုယ့်ဖက်က ချွန်ထွက်နေပြီး
တပ်ဦးကျွံမနေမိဖို့လည်း သတိထားတတ်ရပါမယ်။

(၁၀) ဒီလို လူထုလူတန်းစားပေါင်းစုံရဲ့ တိုက်ပွဲတွေနဲ့ ရန်သူကို စစ်မျက်နှာဖြန့် တိုက်ပွဲဆင်နွှဲနေရာမှာ
ခေါင်းချင်းဆိုင် ခေါင်းချင်းရိုက်ပြီး Democractic Collectivism ဒီမိုကရေစီ
စုပေါင်းခေါင်းဆောင်မှု အရသာလျှင် လှုပ်ရှားဆောင်ရွက်ကျင့် ရှိရပါလိမ့်မယ်။
တစ်ကိုယ်ကောင်းတစ်ဖွဲ့ကောင်း၊ တစ်ပါတီကောင်းဝါဒကို စွန့်လွှတ်နိုင်ရပါမယ်။ မဟုတ်ရင် စည်းလုံးညီညွတ်မှု
ပျက်စီးတတ်ရပါတယ်။ တိုက်ပွဲလည်း တာကျိုးပြီး အရေးနိမ့်ရတတ်ပါတယ်။

(၁၁) မညီညွတ်လို့ ညီညွတ်ဖို့ လိုတယ်လို့ ယုံကြည်ယူဆပြီး ညီညွတ်ရေး တည်ဆောက်နေပြီ ဆိုရာမှာလည်း
နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရထားသမျှ အပိုင်းကိုသာ လှုပ်ရှားဆောင်ရွက်တတ်ရပါမယ်။ သဘောတူညီမှု
မရသေးတဲ့ အပိုင်းတွေကို ကိုယ့်သဘောနဲ့ ကိုယ်မလုပ်ဆောင်ဘဲ စိတ်ရှည်ရှည်ထားပြီး
ဆက်လက်ဆွေးနွေးညှိုနှိုင်းနေရပါမယ်။ ဆွေးနွေးညှိုနှိုင်းနေဆဲမှာလည်း ဆွေးနွေးပွဲကို ဘယ်တော့မှ
ကျောခိုင်းထွက်ခွာ (Walk-Out) လုပ်မသွားသင့်ဘူးဆိုတာ နားလည်လက်ခံထားရပါမယ်။

(၁၂) အမှန်တကယ် ညီညွတ်ရေးတည်ဆောက်ချင်တယ်ဆိုရင် ညီညွတ်ရေး မရမချင်း၊ တစည်းတလုံးတည်း မဖြစ်မချင်း
ဘယ်မျှကြာကြာ ဆွေးနွေးညှိုနှိုင်းနေရပါမယ်။ သူ့ဖက်ကိုယ့်ဖက်လည်း အလျှော့အတင်း လုပ်ရပါမယ်။

အဲ. မင်းသားကြီး မလုပ်ရလို့ ဖြိုခွဲတဲ့အနေနဲ့ ပတ်မကြီး ထိုးဖောက်ထွက်ခွာသွားတဲ့ ပုဂ္ဂိုလ်မျိုး
ရှိလာခဲ့ရင်လည်း အဲဒီ့ပုဂ္ဂိုလ်ကသာ ဒီမိုကရေစီဘက်တော်သားအဖြစ် သမိုင်းကြောင်း ရှိခဲ့ရင် သူ့ဒေါသနဲ့
အပြုအမူမှားကို ခွင့်လွှတ်ပြီး တတ်နိုင်သမျှ ပြန်လည်ဆွေးနွေးစည်းရုံး ကြိုဆိုရပါမယ်။ ရဲဘော်တစ်ယောက်
ဘေးရောက်သွားခြင်းဟာ ရဲဘော်တစ်ယောက် ကျဆုံးသွားခြင်းနဲ့ အတူတူပါပဲ။

အင်း. ဒီမိုကရေစီ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အတွက် လိုအပ်တဲ့ အရည်အချင်း (၁၂) ရပ်ကတော့
ဒါတွေပါပဲ။ သာမန်အားဖြင့် ကြည့်ရင်တော့ ခက်သယောင်ယောင်လို့ ယူဆစရာပါပဲ။

အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ နေရာကကြည့်ရင်တော့. မဟာဝိဇ္ဖာဘွဲ့ရ၊ ပါရဂူဘွဲ့ရ
ပါမောက္ခတစ်ယောက်ဖြစ်ဖို့ရာ အလှမ်းကွာပြီး ခက်ခဲကောင်းခက်ခဲနေနိုင်ပါတယ်။ ဒါပေမယ့်
ပါမောက္ခဖြစ်နေတဲ့ ပုဂ္ဂိုလ်တိုင်းဟာလည်း အထက်တန်းကျောင်းသားဘ၀ကို ဖြတ်သန်းပြီးမှ
တက်လှမ်းခဲ့ကြရတာချည်းပါပဲ။

ကျုပ်တို့မျှော်မှန်းတဲ့ ဒီမိုကရေစီ ပန်းတိုင်အရောက် တက်လှမ်းမယ်ဆိုရင်တော့ ကျုပ်တို့ရဲ့ ဒီမိုကရေစီ
နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ကိုယ့်ကိုယ်ကို ဝေဖန်ဆန်းစစ်ပြီး လိုအပ်တဲ့ အရည်အချင်းတွေ ပြည့်မီဖို့
ဒီ့ထက် ပိုမိုကြိုးစားအားထုတ်ကြရပါလိမ့်မယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျား...

မောင်သာရ

အပြည့်အစုံဖတ်ချင်ရင်...

ဂမ်ဘာရီသည် နအဖ၏ ရုပ်သေး

ရုပ်သေးဆိုတာ မြန်မာပြည်ဖွား လူကြီးလူငယ် အားလုံးသိပြီးသားပါ။ အဲဒီ့ရုပ်သေးဟာ ခြေ၊ လက်၊ ခေါင်း
စတဲ့ ပြင်ပ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ရှိပေမယ့် အသက်မရှိ၊ ဦးနှောက်မရှိ၊ အသည်းနှလုံး မရှိ၊
သူများကြိုးဆွဲရာ “က” ရ၊ လှုပ်ရှားရ။ သူ့မှာ ခေါင်းရှိပေမယ့် ဦးနှောက်မပါ၊
ပါးစပ်ရှိပေမယ့် သူ့ဟာသူ မပြောနိုင်၊ မျက်စိရှိပေမယ့် သူ့ဟာသူ မကြည့်မမြင်နိုင်၊ လက်ရှိပေမယ့်
သူ့သဘောနဲ့သူ မရေးနိုင်၊ ခြေထောက် ရှိပေမယ့် သူ့သဘောနဲ့သူ မသွားနိုင်၊ ကိုယ်ခန္ဒာ ရှိပေမယ့်
အတွင်းမှာ အသည်းနှလုံးက အစ ဘာမှ မရှိ။

အလားတူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တော်ကြီး ဆိုတဲ့ ဂမ်ဘာရီဟာလည်း နအဖရဲ့
ရုပ်သေးပါ။ သူဟာ နဂိုက လူဖြောင့်၊ လူတော်၊ လူကောင်းတစ်ယောက် ဖြစ်မယ်လို့ ယုံကြည်တယ်။ ဒါကြောင့်
ဘန်ကီမွန်းက သူ့လူယုံတော်အဖြစ် ခန့်ပြီး မြန်မာပြည်ကို လွှတ်လိုက်တာ။ ဒါပေမယ့် မြန်မာပြည်ရောက်လို့
နအဖနဲ့ တွေ့ပြီးတာနဲ့ လူကောင်းက မူပြောင်းသွားတယ်။ ကိုယ်ကသူ့ကိုယ်၊ စိတ်က နအဖစိတ်ဖြစ်သွားပြီ။
နအဖ ကြိုးဆွဲသမျှ “က” နေရတဲ့ “ရုပ်သေးကြီး” ဖြစ်သွားတယ်။

ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီက ပေးလိုက်တဲ့ တာဝန်ကို ထမ်းဆောင်တာက နည်းနည်း၊ နအဖ
အကြိုက်လိုက်လုပ်နေတာက များများဖြစ်နေပါတယ်။ သူ့ကိုပေးလိုက်တဲ့ တာဝန်က မြန်မာနိုင်ငံ အမျိုးသား
ပြန်လည်သင့်မြတ်ရေး (သို့မဟုတ်) ပြန်လည်ရင်ကြားစေ့ရေးကို ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်ပေမယ့် နအဖ
အာဏာပိုင်တွေနဲ့ တွေ့ပြီးတာနဲ့ လာရင်းရည်ရွယ်ချက်တွေ လွဲချော်ကုန်ပါတယ်။

သူဟာ နအဖရဲ့ “ရုပ်သေးကြီး” ဖြစ်သွားပုံကို သုံးသပ်ကြည့်လိုက်ကြရအောင်…

NLD ခေါင်းဆောငများဖြစ်ကြတဲ့ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊
ဦးစိုးမြင့်တို့နဲ့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ တွေ့ဆုံစဉ် ဂမ်ဘာရီက “ဒီတစ်ခေါက် ခရီးစဉ်မှာ
နိုင်ငံရေးကိစ္စ သက်သက်ကိုသာ ဆောင်ရွက်ဖို့လာတာ ဖြစ်ကြောင်း” ပြောပြီး လုပ်ငန်းစဉ်အချက် (၅) ချက်ကို
ပြောပြတယ်လို့ အဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်းက တဆင့် ပြောပြပါတယ်။
၎င်းလုပ်ငန်းစဉ်များကတော့-
(၁) ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး
(၂) စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးရေး
(၃) တိုင်းပြည်စီးပွားရေး အခြေအနေ ဆိုးရွားနေရာက တိုးတက်အောင် ဆောင်ရွက်ရေး
(၄) မြန်မာပြည်တွင် ဂမ်ဘာရီကိုယ်စား ဆက်သွယ်ရေး အရာရှိတစ်ဦး ခန့်ထားရေး
(၅) နိုင်ငံရေး ပြဿနာ အဖြေရှာရာမှာ ကုလအတွင်းရေးမှူးချုပ် ကိုယ်တိုင် မြန်မာပြည်ကို
သွားရောက်ဆောင်ရွက်ရေး တို့ဖြစ်ပါတယ်။

အထက်က ချမှတ်ပေးလိုက်တဲ့ လုပ်ငန်းစဉ် (၅) ချက်ဟာ “အမျိုးသား သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေး”
အတွက် အလွန်ကောင်းမြတ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ဒါပေမယ့် ပြောရင်း၊ ဆွေးနွေးရင်းနဲ့က
နအဖစိတ်တွေ ၀င်သွားပါတယ်။ ၀င်သွားပုံက ဒီလိုပါ။

(၁) ဂမ်ဘာရီက သူ့လုပ်ငန်းစဉ်ထဲမှာ မပါတဲ့ “၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်မျှတအောင်
လုပ်ဖို့လိုတယ်။ ရွေးကောက်ပွဲမှာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့
ဆောင်ရွက်ဖို့ အခြေအနေစတဲ့ လုပ်ငန်းစဉ် (၅) ချက်ထဲမှာ မပါတဲ့ အကြောင်းအရာတွေ ပြောပါတယ်။
အဲဒီ့အခါ NLD လူကြီးများက “ဒီရွေးကောက်ပွဲကို ကုလသမဂ္ဂက လက်ခံထားပါသလား၊ ဒါဆိုရင် ၁၉၉၀
ရွေးကောက်ပွဲရလာဒ်ကိုရော ဘယ်လိုသဘောထားပါသလဲ” လို့ ပြန်မေးတော့ သူက ဘာမှ မဖြေနိုင်ခဲ့ပါဘူး။
(DVB၊ ဩဂုတ်-၂၀-၂၀၀၈)
ဘယ်ဖြေနိုင်ပါလိမ့်မလဲ။ သူ့ခေါင်းထဲမှာ နအဖ ဦးနှောက် ၀င်နေခဲ့ပြီလေ။ ဒါကိုကြည့်ခြင်းအားဖြင့်
သူဟာ နအဖရဲ့ “ရုပ်သေး” ဖြစ်နေပြီ ဆိုတာ ထင်ရှားပါတယ်။

(၂) နအဖက မေလက ကျင်းပတဲ့ ဆန္ဒခံယူပွဲဟာ မတရား၊ မမျှတတဲ့ အတုအယောင် ဆန္ဒခံယူပွဲဖြစ်တယ်ဆိုတာ
အားလုံးအသိပဲဖြစ်ပါတယ်။ အခြေခံဥပဒေ ရေးဆွဲရာမှာ ဒီမိုကရေစီ အင်အားစုထဲက တစ်ယောက်မှ မပါဘဲ
နအဖလူတွေနဲ့ တစ်ဖက်သတ် ရေးဆွဲသွားတာလည်း ဖြစ်ပါတယ်။ ဆန္ဒခံယူပွဲမှာလည်း အမိန့်၊ အာဏာ၊
အသပြာသုံးပြီး မဲထည့်ခိုင်းတာကလည်း နအဖလူပါပဲ။ မဲရုံစောင့်၊ မဲရေတွက်၊ မဲစာရင်းကြေညာတာကလည်း
နအဖလူတွေချည်းပါပဲ။ ဒီလိုမတရားနည်းတွေနဲ့ လုပ်နေမှတော့ ရွေးကောက်ပွဲကို မနိုင်ဘဲ နေပါတော့မလား။
လာမယ့် (၂၀၁၀) ရွေးကောက်ပွဲမှာလည်း ဒီမိုကရေစီ အုပ်စုထဲက ပါတီဆိုရင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်
မပြုဘူးလို့ ခုထဲက စည်းကမ်းနဲ့ ကြိုတင်သတ်မှတ်ထားပါတယ်။ နအဖက ခွင့်ပြုထားတဲ့ သူ့လက်ရုံးပါတီပဲ
ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမယ်ဆိုတော့ သူတို့ပဲ အနိုင်ယူသွားမှာပဲလေ။ ကုလနဲ့ နိုင်ငံတကာက
စောင့်ကြည့်နေလည်း အပိုပါပဲ။ မျက်စိညောင်းရုံပဲ ရှိလိမ့်မယ်။ ဒီတော့ “လွတ်လပ်မျှတအောင်”
ဆိုတဲ့စကားဟာ ဦးနှောက်မပါ၊ အသည်းနှလုံးမရှိတဲ့ ရုပ်သေးပြောတဲ့ စကား၊ ကြိုးကိုင်သူ နအဖ ပြောတဲ့
စကားသာ ဖြစ်နေပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင်တော့ ဂမ်ဘာရီရဲ့
ကိုယ်ပိုင်စကားမဟုတ်ဘူးဆိုတာလည်း ထင်ရှားနေပြန်ပါတယ်။
နအဖဟာ (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နှစ်ပေါင်း (၂၀) လောက်ကတည်းက ပြည်သူတွေကို ဥပဒေမဲ့
မတရား အနိုင်ကျင့်၊ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်နေတာ သူအသိပါပဲ။ (၁၉၉၀) ရွေးကောက်ပွဲကို နိုင်တဲ့
NLD ပါတီကို ကတိအတိုင်း အာဏာမလွှဲပေးတာလည်း သူအသိပါ။ အခြေခံဥပဒေရေးဆွဲရာမှာ ဒီမိုကရေစီမကျ၊
တစ်ဖက်သတ်ဖြစ်တယ်ဆိုတာလည်း သူအသိ။ ဒီလိုတလျှောက်လုံး မတရား၊ မမျှတအောင် လုပ်ထားတဲ့အပြင် ကတိမတည်၊ လိမ်ညာရက်စက်၊ ကောက်ကျစ်စဉ်းလဲတဲ့ နေရာမှာ သရဖူဆောင်းထားတဲ့ နအဖဟာ (၂၀၁၀)
ရွေးကောက်ပွဲကျမှ တရားမျှတအောင် လုပ်မယ်တဲ့လား။ သူတို့စကားကို ဘယ်လိုယုံရတော့မှာလဲ။
ရွေးကောက်ပွဲပြီးလို့ နအဖရဲ့ ရုပ်သေးအစိုးရ တက်လာတဲ့အခါ ပြည်သူတွေ အခု ကြုံတွေ့ခံစားနေရတဲ့
အခက်အခဲတွေထက် ပိုမိုတဲ့ ဒုက္ခသုက္ခတွေ ကျရောက်ခံစားရမယ်ဆိုတာ သူသိလျက်နဲ့ ပြောတာဟာ ဂမ်ဘာရီမှာ
အသက်ရှိပေမယ့် အသည်းနှလုံး မရှိဘူးဆိုတာ ထင်ရှားပါတယ်။

(၃) ဂမ်ဘာရီဟာ နအဖရဲ့ “ရုပ်သေး” ဖြစ်တယ်ဆိုတဲ့ နောက်ထပ် သာဓကတစ်ခုကတော့ (၁၉၉၀)
ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့
မင်းကိုနိုင်အစရှိတဲ့ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို တွေ့သင့်တွေ့ထိုက်ပေးပေမယ့်
မတွေ့စေရဘဲ ဘယ်သူကမှ အသိအမှတ်မပြုထားတဲ့ ကိုအေးလွင်ခေါ် “လောက်အေးလွင်” ကို နအဖ
စီစဉ်ပေးခဲ့တဲ့အတိုင်း တွေ့ဆုံစေခဲ့တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဂမ်ဘာရီဟာ နအဖကြိုးဆွဲရာ “က”
နေရတဲ့ “ရုပ်သေးကြီး” ဖြစ်နေတယ်ဆိုတာ ထင်ရှားနေပြန်ပါတယ်။
(စကားချပ်၊ ကိုအေးလွင်ကို “လောက်အေးလွင်”လို့ခေါ်ရခြင်းကတော့ လောက်ဆိုတာ မစင်ထဲမှာနေပြီး
မစင်ပဲစားပါတယ်။ ကိုအေးလွင်ဟာ (၈၈) ကျောင်းသား ဖြစ်ပါလျက်နဲ့ ရက်ရက်စက်စက် အသတ်ခံရတဲ့ လက်နက်မဲ့
ကျောင်းသားပြည်သူတွေဖက်က မနာဘဲ နအဖကျွေးတဲ့ မစင်ကိုစားပြီး နအဖအလိုကျလုပ်နေသူ ဖြစ်လို့ သူ့ကို
လောက်အေးလွင်လို့ ခေါ်ရခြင်းဖြစ်ပါတယ်။)

(၄) ဂမ်ဘာရီဟာ နအဖရဲ့ “ရုပ်သေး” အဖြစ် အဆိုးဆုံး၊ အောက်တန်းအကျဆုံး၊ အယုတ်ညံ့ဆုံး အလုပ်တစ်ခုကို
နအဖနဲ့ ပူးပေါင်းကြံစည်ခဲ့ပုံကို ၀ါရင့်နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်တဲ့ သခင်ချန်ထွန်းက
ရှုတ်ချထားပါတယ်။ သခင်ချန်ထွန်း ပြောစကားအချို့ကို ကောက်နှုတ်တင်ပြရရင်-
“ဩဂုတ်လ ၂၀ နဲ့ ၂၂ ရက်နေ့တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်နောက်ဖက် အုတ်တံတိုင်းမှ
လက်ကိုင်အသံချဲ့စက်ဖြင့် မစ္စတာ ဂမ်ဘာရီက စာပေးလိုက်ကြောင်း အော်ဟစ်အကြောင်းကြားပြီး တုံ့ပြန်မှု
မရသည့်အခါ ခြံတံခါး အုတ်တံတိုင်းမှာ စာကပ်ထားခဲ့ကြောင်း။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
အတွေ့မခံတာကျတော့ ဘာလို့ ဒါမျိုး မလုပ်သလဲ၊ အဖမ်းခံထားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒီလိုလာလုပ်တယ်ဆိုတာ
အင်မတန်သိပ်နုပ်တဲ့ ကိစ္စပါ။ ညကျတော့ တီဗွီမှာလည်းပြ၊ ဓာတ်ပုံနဲ့လည်း သတင်းစာမှာ ဖော်ပြတယ်ဆိုတော့
ဒါက ကြိုတင်စီစဉ်ပြီး လုပ်တဲ့သဘောဆိုတာ သိပ်ပေါ်လွင်ထင်ရှားတာပေါ့” (ခေတ်ပြိုင်၊ ဩဂုတ်-၂၅-၂၀၀၈)

အထက်ပါ သခင်ချန်ထွန်းရဲ့ စကားကို ကြည့်ခြင်းအားဖြင့် ဂမ်ဘာရီဟာ ဒီကိစ္စမှာ
လိမ်ညာကောက်ကျစ်စဉ်းလဲတဲ့ နအဖနဲ့ ပူးပေါင်းကြံစည်တယ်ဆိုတာ သိပ်ထင်ရှားပါတယ်။

ကမ္ဘာကျော်သူခိုးလူဆိုးအဖြစ် အများက သတ်မှတ်ခံထားရတဲ့ နအဖအုပ်စုနဲ့ ပူးပေါင်းကြံစည်တော့
ဂမ်ဘာရီဟာလည်း နအဖသူခိုး လူဆိုးစာရင်းဝင်ဖြစ်နေပါပြီ။ ဂမ်ဘာရီဟာ နာမည်ပျက်ခံရတာနဲ့ တန်အောင်
အကျိုးအမြတ်ရလို့ ဖြစ်မှာပါ။ ဒါကြောင့် မူလလုပ်ငန်းစဉ်အချက် (၅) ချက်က ကျော်လွန်ပြီး
နအဖလုပ်ခိုင်းတာ ဖြစ်ပါတယ်။

ရာဇာလီအစ္စမေးတုန်းကလည်း ဒီလိုပါပဲ။ သူ မြန်မာပြည်ရောက်တော့ ဟိုဖက်တစ်မျိုးပြော၊
ဒီဖက်တစ်မျိုးပြောပြီး အချိန်ဆွဲ “စား” သွားတာပဲ။ သူသာ ကုလအထူးကိုယ်စားလှယ်တာဝန်က
နှုတ်ထွက်သွားခဲ့တယ်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေဘာမှ မတိုးတက်တဲ့ အပြင် တစ်နေ့တစ်ခြား
ပိုမိုဆိုးရွားလာခဲ့တယ်။

ဂမ်ဘာရီလည်း မြန်မာပြည်ကို (၆) ကြိမ်ရောက်ခဲ့ပြီးပါပြီ။ ဘာမှ မထူးခြားခဲ့ပါဘူး။ နအဖနဲ့ NLD
ကြား ဘာတစ်ခုမှ တိုးတက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ နအဖဟာ ဒီနေ့ထိ တိုင်းသူပြည်သားတွေကို
နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်နေတုန်းပါပဲ။

ဂမ်ဘာရီဟာ ကိုယ်လက်အင်္ဂါပြည့်စုံပါလျက် ဦးနှောက်မပါ၊ အသည်းနှလုံးမရှိတဲ့ နအဖရဲ့ “ရုပ်သေးရုပ်”
တစ်ရုပ်ဖြစ်နေတာကြောင့် မြန်မာပြည် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တိုးတက်အောင်
မဆောင်ရွက်နိုင်ကြောင်း တင်ပြလိုက်ရပါတယ်။



အပြည့်အစုံဖတ်ချင်ရင်...

Tuesday, January 6, 2009

ကျောင်းသား ခေါင်းဆောင်တဦး ထောင်ဆေးရုံရောက်


[ကိုကျော်ကိုကို]
စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်း ထားသော ဗကသ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုကျော်ကိုကို သည် အင်းစိန် ထောင်တွင်း၌ ကျန်းမာရေး ဆိုးဝါးနေသည့် အတွက် ထောင်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း ဖခင်ဖြစ်သူက ပြောသည်။



ကိုကျော်ကိုကို
၂၀၀၈ ခုနှစ် မတ်လအတွင်းက ဖမ်းဆီးခံခဲ့ရသည့် အသက် ၂၇ နှစ်သည် အသည်းရောင် အသားဝါ ဝေဒနာခံစားနေရသောကြောင့် လွန်ခဲ့သည့် စနေနေ့က ထောင်ဆေးရုံသို့ တက်ရောက်ကုသခံနေရခြင်း ဖြစ်သည်ဟု ၎င်း၏ ဖခင် ဦးကျော်အေးကပြောပြသည်။

“မနေ့က ထောင်ဝင်စာသွားတွေ့တော့ အသည်းရောင်အသားဝါ ဖြစ်လို့ ထောင်ဆေးရုံတက်နေရတယ်တဲ့၊ ထောင်ဝန်ထမ်းကပြောတယ်၊ သူ့ကို သောကြာနေ့က ရုံးထုတ်တယ်၊ ရုံးထုတ်တာ နောက်ကျတယ်၊ အပြန်ကျ တော့ အန်တယ်တဲ့၊ ဆေးမှူးလည်း မရှိ၊ ဆရာဝန်လည်းမရှိတော့ဘူး၊ စနေနေ့ကျတော့ ထပ်ပြီးအန်တော့ ဆရာဝန် ခေါ်ပေးတယ်တဲ့၊ ဆရာဝန်က ဆေးရုံ တက်ခိုင်းတာ”ဟု ဦကျော်အေးက ပြောသည်။

ယင်း ကိုကျော်ကိုကိုသည် စီးပွားရေးတက္ကသိုလ် မဟာတန်း ကျောင်းသားတဦးဖြစ်သည်။၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့ပြီးနောက် အာဏာပိုင်များ၏လိုက်လံဖမ်းဆီးမှုမှတိမ်းရှောင်နေရရာ ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့ က ဖမ်းဆီးခံခဲ့ရပြီး ၎င်းအား ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂ နှင့် တရားစွဲဆို ရုံးထုတ်နေခြင်း ဖြစ်ကြောင်း သိရသည်။

“သူက မတ်လ ၁၅ ရက်နေ့ပြန်လာတယ်၊ ၁၆ ရက်နေ့မှာ အဖမ်းခံရတာ၊ သူ့ဆီမှာ ဘာမှ ပါမလာဘူး၊ ဟန်းဖုန်း တလုံးပဲ ပါလာတယ်၊ သူဘယ်သွားလဲ ဆိုတာတော့ မသိဘူး၊ ၂၀၀၇ စက်တင်ဘာလှုပ်ရှားမှုမှာတော့ ပါခဲ့တယ်” ဟု ဦးကျော်အေးက ဆိုသည်။

လွန်ခဲ့သည့် လအတွင်းကလည်း နိုင်ငံရေး အကျဉ်းသား ကိုဌေးလွင်ဦးနှင့် ကိုမောင်စန်း ဆိုသူ ၂ ဦးတို့သည် အကျဉ်းထောင်တွင်း ကျန်းမာရေး ဆိုးဝါးနေကြရာ ကျန်းမာရေး စောင့်ရှောက်မှုမရရှိသည့်အတွက် သေဆုံးမှု ဖြစ်ခဲ့ဖူးသည်။

မကြာသေးသော နှစ်များအတွင်း နိုင်ငံရေးအကျဉ်းသား ၁၃၈ ဦးခန့် အကျဉ်းထောင်များအတွင်း သေဆုံးခဲ့ ကြောင်း နှင့် လက်ရှိ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော် အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဧရာဝတီမှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

ငါးပြားတန်ဦးဏှောက်

ဦးဏှောက်ပြပွဲ တစ်ခု
ကျနော်သွားကြည့်ရှု စဉ်ကပေါ့
ခင်းကျင်းပြထားတဲ့အထဲ
သူတောင်းစား၊ အရူးကြီး၊ ၀န်ကြီး၊
သမ္မတနှင့် သူဌေးသား၊
ကမ္ဘာ့သမိုင်းဝင် ပညာရှင်တို့
အလွှာပေါင်းစုံရဲ့ ဦးဏှောက်၊
အထ္ထုပ္ပတ္တိတွေနှင့် တကွ
တန်ဖိုးတွေပါ ဖေါ်ပြထားတယ်။

ကျနော် တစ်ခန်းခြင်းလိုက်ကြည့်
တစ်ချို့ ကမ္ဘာ့ပညာရှင်တွေရဲ့ဦးနှောက်
ဒေါ်လာ သိန်းသန်း အဖိုးအနဂ္ဂလောက် တန်ရဲ့
ဒီလိုနဲ့ ကျနော်ဆက်ကြည့်
တွေ့မိတဲ့ ပြခန်းတစ်ခု
စာတမ်းပြု ထားတာက
ငါးပြားတန် ဦးဏှောက်ပြခန်း တဲ့

ငါးပြားတန် ဦးဏှောက်ပြခန်း
ဘယ်လိုပြခန်းလဲလို့ ထူးဆန်းလို့ ကျနော်ဝင်ကြည့်
သူတို့တွေရဲ့ အထ္ထုပ္ပတ္တိ
ကျနော် ဖတ်ကြည့် မိတော့
ဟစ်တလာပင် သူတို့နှင့် မယှဉ်သာ
သေချာတာက
ကမ္ဘာ့ ယုတ်မာမှုပေါင်း သရဖူဆောင်း ဆိုပဲ
ဒီလိုနဲ့ ကျနော် လျှောက်ကြည့်
အခန်းရဲ့ အမြင့်ဆုံးနား
ထူးထူးခြားခြား ကြီးကြီးမားမား
ဦးဏှောက်ကြီးများ ကျနော်တွေ့
သူတို့ရဲ့ စာတန်းကိုပါ လှမ်းတွေ့မိတော့
ကျနော်လှမ်းးနေတဲ့ ခြေလှမ်း
ဘယ်သို့ လှမ်းရမသိ
သူတို့တွေရဲ့ အထ္ထုပ္ပတ္တိနဲ့ ဒီဂရီ
တန်းစီ ဖေါ်ပြထားတာက
Cynic ၊ Egoist ၊ Egotist ၊ Pessimist ၊ Selfish ၊
Sadist ၊ Eccentric ၊ Argumentative ၊ Sycophant ၊
Prudent ၊ Obdurate ၊ Genocide တဲ့ ။

အားပါးပါး တော်တော်များပဲ
ပြီးတော့ သူတို့တွေရဲ့ ကွန်ယက်တွင်း
သက်ဆင်းမိရင်…အားလုံး
Nothing အပြတ်ရှင်းဆိုပဲ ။
ဒီလိုနဲ့ ၀င်ခဲ့မိတဲ့ ကျနော့်ခြေလှမ်း
အလိုလိုနောက်ပြန်လှမ်းမိ
ပြေးထွက်မိစဉ်
အခန်းထဲက အသံတစ်သံ
ကျနော့ နားထဲ ညံသွားတာက…
” နောက်တစ်ခါဝင်ကြည့်
ငါးပြားတန်ဦးဏှောက်အကြောင်း
မင်း …ကောင်းကောင်းသိစေရမယ်“ တဲ့။ ။

မင်းသုည(ကွမ်းခြံကုန်း)
ဗုဒ္ဓတက္ကသိုလ်


အပြည့်အစုံဖတ်ချင်ရင်...

Monday, January 5, 2009

စစ်တွေကျောင်းသား ၅၀၀ ခန့် သွားလာရေးခက်ခဲလို့ လမ်းလျှောက်ဆန္ဒပြ

ကမ္ဘာတ၀န်းမှာ ဓာတ်ဆီဈေးတွေ ကျဆင်းနေသလို မြန်မာနိုင်ငံတွင်းမှာလည်း
အစိုးရကထုတ်ပေးတဲ့ ဓာတ်ဆီဈေးနှုန်းနဲ့ မှောင်ခိုလောကက ဓာတ်ဆီဈေးနှုန်းဟာ
သိပ်ပြီးမကွာတော့ဘူးလို့ သိရပါတယ်။ ဒါကြောင့် ကျပ်တည်းနေတဲ့ စားဝတ်နေရေး
ပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ အပိုဝင်ငွေ ရှာကြသူတွေအတွက် တွက်ခြေမကိုက်
ဖြစ်ကြရပါတယ်။ ဒီဂယက်ဟာ စစ်တွေက တက္ကသိုလ်ကျောင်းသားတွေအတွက်
ပြေးဆွဲနေတဲ့ ကျောင်းအကြိုအပို့ ကားတွေအပေါ် ရိုက်ခတ်ခဲ့ပြီး အဲဒီကျောင်းကားတွေ
မထွက်တော့လို့ စစ်တွေတက္ကသိုလ်ကျောင်းသား ၅၀၀ လောက် လမ်းလျှောက်
ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်း
ထောက် မအေးအေးမာက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

စစ်တွေတက္ကသိုလ်က ကျောင်းသားတွေအတွက် ပြေးဆွဲနေတဲ့ ဘတ်စ်ကားအစီး၂၀
ခန့်ဟာ အစိုးရကပေးတဲ့ ဓာတ်ဆီ လုံလောက်မှုမရှိတာကြောင့် တက္ကသိုလ်ကျောင်းသား
တွေရဲ့ ကားခကို ၅၀ ကနေ ၁၀၀ ထိ တိုးတောင်းခဲ့ပါတယ်။ ကျောင်းသားတွေက မပေး
နိုင်တာကြောင့် ဒီနေ့မနက်ပိုင်းကစပြီး ပြေးဆွဲနေတဲ့ကားများ ရပ်ဆိုင်းခဲ့ပါတယ်။
ကျောင်းသားမိဘတဦး ပြောပြတာက …

“အဲဒီကားသမားတွေကို ဓာတ်ဆီတဂါလံပေးတယ်။ ပြီးတော့ ကျောင်းသား တယောက်
စီကနေ ၅၀ ကျပ် ကောက်ခံခွင့်ရှိတယ်၊ သူတို့က။ အခု ဆီဈေးက အပြင်မှာလည်း
၃,၀၀၀ ပဲ၊ အစိုးရဈေးလည်း ၃,၀၀၀ ပဲ။ အဲဒါကြောင့် ကားသမားတွေကလည်း
ဘယ်လိုမှ မကိုက်ဘူးဆိုပြီး သူတို့လည်း တစီးမှ မလာကြဘူး။ ဟိုတုန်းက သူတို့လည်း
ကိုက်တယ်၊ အစိုးရဈေးက ၃,၀၀၀ ဆိုရင် အပြင်မှာ ၆,၀၀၀၊ ၇,၀၀၀ အဲဒီလိုရှိတယ်။
ကုန်တာက ဆီ ၃ ပုလင်း၊ ဂါလံဝက်လောက်ပဲကုန်တယ်။ ကျန်တဲ့ဟာ သူတို့ ရောင်းစား
လို့ရတယ်။

“အခုက အစိုးရဈေးကလည်း တဂါလံကို ၃,၀၀၀၊ အပြင်မှာလည်း ၃,၀၀၀ ပဲဆိုတော့၊
ကျောင်းသူကျောင်းသားဆီက တဦးကို ၁၀၀ ကောက်မယ်ဆိုပြီး လုပ်တယ်။
ကျောင်းသားတွေကလည်း မပေးနိုင်ကြဘူး။ အဲတော့ ကားတွေလည်း တစီးမှ မလာကြ
ဘူး။ ကျောင်းသားမိဘတွေမှာလည်း သားသမီးတယောက်ကို ၅၀၀၊ ၁,၀၀၀
အဲလောက်ပဲပေးနိုင်တာ။ အဓိကကတော့ ဆီဈေးပဲ။ ဆီဈေးက အစိုးရဈေးနဲ့ အပြင်
ဈေး အတူတူဖြစ်နေလို့။ အစိုးရက ဈေးမလျှော့ဘူး၊ အပြင်မှာက ဈေးကျနေတယ်။”

နောက်ဆုံးမှာတော့ စစ်တွေမြို့လမ်းတလျှောက် ကျောင်းသား ၅၀၀ လောက် စုဝေးခဲ့
ကြပြီး လမ်းလျှောက်တာတွေ လုပ်လာတဲ့အခါမှာတော့ ရဲတွေရောက်လာပြီး ကြုံတဲ့
ကားတွေကို ချောဆွဲပြီး ကျောင်းသားတွေကို ပို့ပေးခဲ့တယ်လို့ ပြောပြပါတယ်။

“တစီးမှမရောက်လာတော့ ကျောင်းသားတွေက တဖြည်းဖြည်း များများလာတာပေါ့။
ကားမရှိတော့ တဖြည်းဖြည်း ဆူလာကြတာပေါ့။ ပြီးတော့ လမ်းလျှောက်သွားမယ်ဆိုပြီး
ဖြစ်တာ။ အဲတော့ ရဲတွေက နေ့ထိုင်းထိုးနေတဲ့ကားတွေကို ခေါ်လို့မရတော့ ကြုံရာကား၊
ဂိတ်ကကားတွေကို ခေါ်ပြီးတော့မှ ပို့ခိုင်းလိုက်တယ်။”

စစ်တွေတက္ကသိုလ်က စစ်တွေမြို့နဲ့ ၇ မိုင်၊ ၈ မိုင်ခန့်ဝေးတဲ့နေရာမှာ တည်ထားတာ
ဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ ကျောင်းကားကြိုနောက်ကျမှုတွေ၊ ကျောင်းကား
တွေ မကြိုနိုင်မှု ပြဿနာတွေ မကြာခဏ ကြုံနေကြရတာကြောင့် တခုခုဖြစ်တိုင်း
လမ်းလျှောက်တာတွေ လုပ်ခဲ့ပါတယ်။ ဒီအတွက် အာဏာပိုင်တွေကတော့ ဆူပူအုံကြွမှု
မဖြစ်အောင် စီမံဆောင်ရွက်လေ့ ရှိပါတယ်။ ဒီနေ့မှာတော့ အသွားရော၊ အပြန်ပါ
ကြုံတဲ့ကားတွေကို ချောဆွဲပြီး ပြဿနာမတက်အောင် ရှင်းခဲ့ပေမယ့် မနက်ဖြန်မှာတော့
ဘယ်လိုဖြေရှင်းမယ်ဆိုတာ မသိရှိသေးကြောင်း ကျောင်းသားမိဘတွေက ပြောပြကြပါ
တယ်။


အပြည့်အစုံဖတ်ချင်ရင်...

Sunday, January 4, 2009

ဒေါ်အောင်ဆန်းစုကြည်၏လွတ်လပ်ရေးသ၀ဏ်လွှာ

အပြည့်အစုံဖတ်ချင်ရင်...

လွတ်လပ်ရေးနေ့အန်အယ်လ်ဒီ၏အထူးကြေညာချက်

အပြည့်အစုံဖတ်ချင်ရင်...

လွတ်လပ်ရေးနေ့အခမ်းအနားအန်အယ်လ်ဒီရုံးတွင်ကျင်းပ



















အပြည့်အစုံဖတ်ချင်ရင်...