Thursday, October 30, 2008

ရွှေဝါရောင် သံဃာ့အရေးခင်းကြီးကို အမှတ်တရ သုံးသပ်ခြင်း။

ရွှေဝါရောင် သံဃာ့အရေးခင်းကြီးကို အမှတ်တရ သုံးသပ်ခြင်း။

ပြီးခဲ့တဲ့(၂၀၀၇) ရွှေဝါရောင် သံဃာ့ အရေးခင်းကြီးကို မြန်မာပြည်သူတွေကော ကမ္ဘာ့ ပြည်သူတွေပါ ထာဝရ အမှတ်ရနေကြ ပါလိမ့်မယ်။ အကြောင်းကတော့ ဒီလို ဘာသာရေး ခေါင်းဆောင်တွေ စုပေါင်းလမ်းပေါ်ထွက် တောင်းဆို၊ ဆန္ဒပြ၊ ဆုတောင်းမှုမျိုးကို ပြီးခဲ့တဲ့(၂၀၀၇) ရွှေဝါရောင်တော်လှန်ရေးမှလွဲ၍ ဘယ်တုန်းကမှတွေ့ မြင် ခဲ့ ဖူးခြင်း မရှိခဲ့ပါ။

မြန်မာနိုင်ငံရဲ့ ရဟန်းသံဃာတော်များ လမ်းမပေါ်ထွက်ခဲ့ကြပါတယ်။ ဘာကြောင့် ထွက်လာခဲ့ကြရပါသလဲ။ အ ဖြေ ကတော့ နည်းမျိုးစုံနဲ့ ဖိနှိပ်အနိုင်ကျင့်နေတဲ့ အာဏာရှင်များ လက်အောက်က ရုန်းထွက်ကြဖို့ပါပဲ။ စစ် အာဏာရှင်များ အဓမ္မဝါဒီနဲ့ တိုင်းပြည်အပေါ် ကြီးစိုးနေမှုကို မြတ်စွာဘုရားရှင်ရဲ့ တပည့်သား သံဃာတော်များက ဓမ္မဆိုတဲ့တရားနဲ့ တွန်းလှန်ခဲ့တဲ့ ရွှေဝါရောင် ဒီလှိုင်းများပါပဲ။ ဒီရွှေဝါရောင် တော်လှန် ရေးလို့ခေါ်တဲ့ သံဃာတော်များ ဦးဆောင်တဲ့ လူထုလှုပ်ရှားမှု အပေါ် နည်းနည်းလောက် ပြန်ဆန်းစစ် ကြည့် ချင်ပါ တယ်။

ဆန်းစစ်ကြည့်မှလည်း ဦးဇင်းတို့ ကောက်ချက်တစ်ခုကို ချနိုင်မှာပါ။ ဒီကောက်ချက်ဟာ ဦးဇင်းတို့ ရှေ့ဆက် ချီတက်ရမယ့် တော်လှန်ရေး ခရီးအတွက် အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။ အဖြေက တော်တော်လေးပြောမှ ပြည့်စုံမှာပါ။ ဒါကြောင့် လတ်တလော အခြေအနေတွေ ကိုပဲ အဓိကထား သုံးသပ်ကြည့်ပါရစေ။ အရင်ဆုံး စစ်အုပ်ချုပ်ရေးစနစ်ကို သုံးသပ်ကြည့်မယ်ဆိုရင် န-အ-ဖဟာ သပ်လျှိုသွေးခွဲတဲ့ စနစ်ကို တွင်တွင် ကျယ် ကျယ်ကြီး အသုံးပြုနေတာ တွေ့ရပါတယ်။ ကြံ့ဖွံ့၊ စွမ်းအားရှင်တွေကို လုပ်ပိုင်ခွင့် အာဏာတွေ ပေးပြီး ပြည်သူ တွေနဲ့ သွေးခွဲအုပ်ချုပ်ခဲ့သလိုပဲ နိုင်ငံတော် သံဃာ့မဟာ နာယက ဆရာတော်များနဲ့ အောက်ခြေ သံဃာ တော်များကိုလည်း နည်းအမျိုး မျိုးနဲ့ သွေး ခွဲ အုပ်ချုပ်ခဲ့ပါတယ်။ ဘာကြောင့် ဒီလိုလုပ်ရသလဲဆိုရင် ပြည်သူတွေအပေါ်မှာ သံဃာထုရဲ့ သြဇာကြီးမားတာကို သိသလို ဒီသံဃာထု နိုင်ငံရေးလောကထဲမှာ ပါဝင် လာမှာကိုလည်း ကြောက်ပါတယ်။ ဒါကြောင့် ပြည်သူတွေနဲ့အလှမ်းဝေးတဲ့ မ-ဟ-န ဆရာတော် များကို အမျိုးမျိုး ချဉ်းကပ်စည်းရုံးပြီး အောက်ခြေ သံဃာတော်များအပေါ် ဝိနည်းဖြင့်လည်းကောင်း၊ တည်ဆဲဥပဒေများဖြင့် လည်း ကောင်း နည်းမျိုးစုံသုံးပြီး ဖိနှိပ်ခြင်းဖြင့် သံဃာထုကို သွေးခွဲခဲ့ပါတယ်။ ဒါဟာ သံဃာကို သင်းခွဲခြင်းဆိုတဲ့ သံဃာဘေဒကကံကို ကျူးလွန်လိုက်တာပါပဲ။ ဒေဝဒတ်လက်သစ်များလို့ ဆိုရမှာပါ။ ဒီအချက်ဟာ ရွှေဝါရောင် တော်လှန်ရေးကြီးကို သန္ဓေတည်စေခဲ့တဲ့ အချက်ပါ။

၂ဝဝ၇ သြဂုတ် ၁၉ မှာ လောင်စာဆီဈေးနှုန်းတွေ မြင့်ပြီး ကားခတွေ ရုတ်တရက် ဈေးတက်ခဲ့လို့ ၈၈ မျိုးဆက် ကျောင်းသားတွေ ဦးဆောင်ပြီး ပြည်သူတွေနဲ့အတူ လမ်းလျှောက်ဆန္ဒပြခဲ့တာကို မတရား ဖိနှိပ် ဖမ်းဆီး ခဲ့ပါတယ်။ ၂ဝဝ၇ စက်တင်ဘာ ၅ ပခုက္ကူမှာ ဖြစ်ပွား ခဲ့တဲ့ သံဃာ့အရေးကိစ္စမှာ သံဃာတော်တွေကို ကိုယ်ထိ လက်ရောက် စော်ကားခဲ့တဲ့ ကိစ္စပါ။ ရတနာသုံးပါးထဲမှာ တပါးအပါအဝင်ဖြစ်တဲ့ သံဃာတော်တွေကိုတောင် စော်ကား ရဲတယ်ဆိုတော့ ကမ်းကုန်နေပါပြီ။

ဒီလို န-အ-ဖ စစ်အာဏာရှင်တွေ တိုင်းပြည်အပေါ် မတရား ဖိနှိပ်ပြီး အဓမ္မတရားတွေနဲ့ ကြီးစိုး နှိပ်စက် နေတာကို သံဃာတော်အရှင်မြတ် များက ဓမ္မနဲ့ရင်ဆိုင်ဖို့ မြတ်စွာဘုရားရှင် ပညတ်တော်မူခဲ့တဲ့ အသမ္မုခတာ ကံရှစ်ပါးတွင် တပါးအပါအဝင်ဖြစ်တဲ့ ပတ္တနိက္ကုဇ္ဇနကံဆိုတဲ့ သပိတ်မှောက်ကံဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ၂ဝဝ၇ စက်တင်ဘာ ၁၈ မှာ န-အ-ဖ စစ်အစိုးရကို သပိတ်မှောက် ကံဆောင်ကြ ရာမှ ရွှေဝါရောင် တော်လှန်ရေးကြီး စတင်ပေါ်ပေါက်ခဲ့ရပါတယ်။

သံဃာတော်အရှင်မြတ်များ စတင်ခဲ့တဲ့ ဒီအရေးတော်ပုံကြီးဟာ သံဃာတော် များအရေးကိစ္စမျှသာ မဟုတ် တော့ဘဲ ပြည်သူအားလုံးရဲ့ အရေးကိစ္စ ဖြစ်လာခဲ့ပါတယ်။ ကျောင်းသား၊ ပြည်သူများပါ ပူးပေါင်းပါဝင်လာခဲ့ပြီး အရှိန်အဟုန် မြင့်သည်ထက် မြင့်လာခဲ့ပါတယ်။ ဒါဟာ ရှစ်လေး လုံးအရေးတော်ပုံကြီး ပေါ်ပေါက်ပြီးနောက်ပိုင်း ၁၉ နှစ်ကျော်အကြာမှာ ပေါ်ပေါက်လာခဲ့တဲ့ အရှိန်အဟုန်အကြီးဆုံး လူထုတိုက်ပွဲ တပွဲပါပဲ။

အရှိန်အဟုန်ပြင်းပြင်းနဲ့ လှုပ်ရှားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးဟာ အကျအဆုံးများစွာနဲ့ အဆုံး သတ်ခဲ့ရတယ်လို့ပဲ ဆိုရမှာပါ။ သံဃာထုနဲ့အတူ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ မပါဝင်ခဲ့တဲ့အပြင် လျစ် လျူရှုခြင်းပါ ခံခဲ့ရပါတယ်။ ဒါဟာ သံဃာထုအတွက် အနစ်နာဆုံးအချက်ပါ။ အကယ်၍ မ-ဟ-န ဆရာတော်များ ပါဝင်ခဲ့ကြမယ်ဆိုရင် န-အ-ဖ အနေနဲ့ ကိုင်တွယ်ရ တော်တော် ခက်သွားပါလိမ့်မယ်။ သို့ဆိုလျှင် ဒီအရေးတော်ပုံကြီးဟာ မအောင်မြင်ခဲ့ရင်တောင် အခုလို ရက်ရက်စက်စက် နှိမ်နင်းခံရလိမ့်မယ် မဟုတ်ဘူးလို့ ထင်မိပါတယ်။

ပြည်သူအများစုဟာ ဘေးကနေ လက်ခုပ်တီးပေးရုံလောက်နဲ့ တာဝန်ကျေပြီလို့ ထင်နေကြတယ်။ ဒါဟာ အမျိုး သားရေး တာဝန်မဲ့မှု တရပ်ပဲ ဆိုတာကို မသိကြလို့လည်း ဖြစ်နိုင်ပါတယ်။သို့ မဟုတ် နိုင်ငံရေးခေါင်းဆောင်အချို့ ကြိုတင်အဖမ်းခံတားရခြင်းနှင့် ကျန်ရှိနေသေးတဲ့ ခေါင်းဆောင်အချို့ ရဲ့  ပြင်ဆင်မှုအားနည်းခြင်း ကြောင့်လဲပဲ ဖြစ်နိုင်ပါတယ်။့ န-အ-ဖ အနေနဲ့လည်း ဘာကြောင့် ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်လိုက်ရသလဲ။ ဒါဟာ အဓိကအချက်ပါ။ လှုပ်ရှားမှုကြီးဟာ တရက်ထက်တရက် အရှိန်အဟုန် ပိုပြင်းထန်လာခဲ့တယ်။ ဒါကို သူ တို့ကြောက်တာပါ၊ ဘာကြောင့်လဲဆိုရင် ၂ဝဝ၈ မေလမှာ ဆန္ဒခံယူပွဲ လုပ်မယ်၊ ဒီဆန္ဒခံယူပွဲဟာ သူတို့ရဲ့ အနာ ဂတ်ပါ။ သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ဒီအခြေခံဥပဒေသာ အတည်ဖြစ်သွားပြီဆိုရင် စစ်တပ်က နိုင်ငံ တော်အာဏာရဲ့ လေးပုံတစ်ပုံကို အလိုလို ပိုင်ဆိုင်သွားမှာပါ။ ဒီလိုအခြေအနေမှာ ရွှေဝါ ရောင်တော်လှန်ရေးကြောင့် ဆန္ဒခံယူပွဲကို ထိခိုက်မှာ အကြောက်ကြီးကြောက်ပြီး ရက်ရက်စက်စက် ဖြိုခွဲခဲ့ တာပါပဲ။ ဒီလိုနဲ့ ဦးဇင်းတို့ရဲ့ ရွှေဝါရောင် ဒီလှိုင်းတွေ ရပ်တန့်သွားခဲ့ရတာပါ။

ဒီတော်လှန်ရေးကြီးကနေ ရွှေဝါရောင်မျိုးဆက်သစ် သံဃာတော်တွေ၊ကျောင်းသား လူငယ်တွေ၊ အမြောက် အများ မွေးထုတ် ပေးခဲ့သလို၊ အနည်ထိုင်လုလုဖြစ်နေတဲ့ လူထုရဲ့နိုင်ငံရေးစိတ်ဓာတ်ကို လှုပ်နှိုး ပေးနိုင်ခဲ့ပါတယ်။ နောက် ၂ဝဝ၄ မှာ ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီးကို ကျင်းပရန်ကြိုးစားပြီး ဘာသာရေးကို ခု တုံးလုပ်တတ်တဲ့ န-အ-ဖ စစ်အာဏာရှင်ကြီးများရဲ့ ဟန်ဆောင်မျက်နှာဖုံးကို ခွာချလိုက်နိုင်ခဲ့ပါတယ်။ မြန်မာ နိုင်ငံရဲ့အရေးကိစ္စကိုလည်း ကမ္ဘာက လျစ်လျှူရှုလို့ မရလောက်အောင်လည်း သိစေခဲ့ပါတယ်။

အဓိကကျဆုံးအချက် ကတော့ သံဃာတော် အရှင်သူမြတ်များဟာ ပြည်သူရဲ့ဆွမ်းကိုစားပြီး နေသာသလို မနေ ခဲ့ပါဘူး။ ပြည်သူတွေရဲ့ အခက်အခဲ အကြပ်အတည်းတွေကို ပြည်သူတွေနဲ့အတူ တသားတည်း ရင်ဆိုင် ဖြေရှင်းတတ်တဲ့ ရင်ဆိုင်ဖြေရှင်းရဲတဲ့ ပြည်သူ့ရှေ့ဆောင် တွေ ဖြစ်ကြတယ်ဆိုတာကို ပြသလိုက်တာပါပဲ။

နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ထိုက်သင့်တဲ့အောင်မြင်မှုတော့ ရခဲ့ပါတယ်။ သာသနာ့အလံတော်ကို အမြင့်မားဆုံး လွှင့်ထူပြီး ဒီမိုကရေစီ တော်လှန်ရေးမှာ ကမ္ဗည်းမော်ကွန်း တင်နိုင်ခဲ့ပါတယ်။ ပြည်သူ၊ ပြည်သား ဒါယကာ ဒါယိကာမတွေအတွက် သံဃာ တော် အရှင်မြတ်တွေဟာ် အားကိုးထိုက်တဲ့ ကိုးကွယ်ရာအစစ်တွေ ဖြစ်ကြတယ် ဆိုတာကို သွေးနဲ့ သက်သေပြခဲ့ပါတယ်။ ကမ္ဘာ့အလယ်မှာလည်း မြန်မာရဟန်းတော်များဟာ သမိုင်းအစဉ်အလာ မညံ့ဘူးဆိုတာသိအောင် ရွှေဝါရောင်သမိုင်းအသစ်ကို ရေးထိုး လိုက်နိုင်ခဲ့ပါပြီ။

ဒါပေမယ့် စစ်ပွဲရှုထောင့်ကကြည့်မယ်ဆိုရင် အထိနာခဲ့တယ်လို့ဆိုရမှာပါ။ ပေးဆပ်မှုတွေ တအားများလွန်း လို့ပါ။ ဒီလှုပ်ရှားမှု အတွင်းမှာ သံဃာတော်နဲ့ ကျောင်းသား ပြည်သူများစွာ အသက်ပေးခဲ့ရသလို၊ ဖမ်းဆီး ထောင်ချခံခဲ့ရပါတယ်။ အချို့မှာ ယခုတိုင် ပုန်းရှောင်နေရပြီး၊ အချို့က တိုင်းတပါးသို့ ထွက်ပြေး ခိုလှုံခဲ့ကြရပါတယ်။ ပြည်တွင်း အတိုက်အခံအင်အားစုများ တော်တော်ကို အင်အား ချည့်နဲ့သွားတယ်လို့ ဆိုနိုင်ပါတယ်။ ဒီအခြေအနေကို ရောက်ခဲ့ရတာဟာ စစ်ချီ၊ စစ်တက်၊ စစ်ထိုး၊ စစ်ခံ၊ စစ်ဖျက်၊ စစ်ပြန် ဆိုတဲ့ စစ်ရဲ့ အစီအရင်တွေနဲ့ မပြည့်စုံလို့ပါ။ အကြမ်းဖက် ကိုင်တွယ်မယ်ဆိုတာ သိပြီးသား ဖြစ်ပါလျက် အဲဒီအခြေအနေကို အဆုတ်အတက် မလုပ်နိုင်ခဲ့တာလည်း ပါပါတယ်။

သံဃာထုရဲ့  နိုင်ငံရေးနည်းပရိယာယ် မကြွယ်ဝမှုကြေင့်လဲပဲ ဖြစ်နိုင်ပါတယ်။ အကြမ်း မဖက်နိုင်အောင် ပြည်ပ အဖွဲ့အစည်းများနဲ့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံခြားတိုင်းပြည်များ ထိရောက်တဲ့ ဖိအား မပေးနိုင်ခဲ့တာ၊ နောက်ဆက်တွဲ အဖမ်းအဆီးကိစ္စကို ရှောင်လွှဲနိုင်ဖို့ လုံခြုံစိတ်ချရတဲ့ ဝပ်ကျင်းကို ကြိုတင် မဖန်တီး နိုင်ခဲ့တာတွေဟာ အားနည်းချက်တွေလို့ ဆိုရမှာပါ။

ဒီကောက်ချက်ကိုချတာဟာ ဘယ်သူကိုမှ ရည်ရွယ်တာမဟုတ်ပါဘူး။ အခြေအနေတခုကို မတူတဲ့ ရှုထောင့်ကရော၊ တူတဲ့ရှုထောင့်ကပါ အမှန်အတိုင်း သုံးသပ်ကြည့်တာပါ။ ဘာလို့လဲဆိုရင် ရှစ်လေး လုံးပြီးကတည်းက အင်အားကောင်းတဲ့ လူထုတိုက်ပွဲဆိုလို့ ဒီရွှေဝါရောင်လှုပ်ရှားမှုဟာ ပထမဆုံးလို့ ဆိုနိုင်ပါတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင် ဦးဇင်းတို့ရဲ့ ဒီမိုကရေစီပန်းတိုင်ဟာ ဘယ်မှာလဲလို့ မေးစရာ ဖြစ်လာ ပါလိမ့်မယ်။ ဒါကြောင့် နောက်တကြိမ်မှာ ဦးဇင်းတို့လှုပ်ရှားမှုဟာ အရင်းနည်းနိုင်သမျှနည်းပြီး အမြတ်များများ လိုချင်ပါတယ်။ ဒီအားနည်းချက်တွေကို နိုင်ရာနိုင်ရာ ဝိုင်းဝန်းဖြည့်ဆီး ကြမယ်ဆိုရင် ပန်းတိုင်ဟာ လက်တကမ်းကို ရောက်လာမှာပါ။

အခုဆိုရင် သံဃာတော်တွေကို ဖမ်းဆီးထောင်ချထားတယ်။ သီလရှင် ဆရာကြီး ဆရာလေးတွေကိုလည်း ဒီလိုပဲ မတရားသဖြင့် ဖမ်းဆီးထောင်ချထားတယ်။ မဂ္ဂင်ကျောင်းတိုက်နှင့် သာသနသိပ္ပံကျောင်းတို့ကို ချိတ်ပိတ်ပစ်လိုက်သလိုမျိုး ကျောင်းတိုက် တော်တော်များများကို စာဝါတက်သံ တိတ်ဆိတ်သွားအောင် ပိတ်ဆို့ထားတယ်။ ဘာသာသာသနာကို ထွန်းကားပျံ့နှံ့အောင် စည်ပင်ဖွံ့ဖြိုးအောင် သာသနာပြုနေကြတဲ့၊ မြန်မာနိုင်ငံကို သာသနာပြုနိုင်လောက်တဲ့ အရပ်ဒေသဖြစ်သွားအောင် မေတ္တာပို့ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ သံဃာတော်များကို ရဟန်းအတုအယောင်များအဖြစ် ပုတ်ခတ် စော်ကားခဲ့တယ်။

သာသနာဆိုတာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ အဆုံးအမ သြ၀ါဒများပဲ ဖြစ်ပါတယ်။ တနည်း အားဖြင့်ဆိုရရင် သစ္စာတရား သဘာဝအမှန်တရားဖြစ်ပါတယ်။ သတ္တ၀ါအများကို လမ်းကြောင်းမှန်အပေါ် တင်ပေးပြီး ဘ၀ရဲ့ပြဿနာ အခက်အခဲ အကြပ်အတည်းနှင့် ကိုယ်စိတ်ပင်ပန်းမှုမျိုးစုံတို့က လွတ် မြောက်စေတတ်၊ သက်သာရာ ကိုပေးတတ်တဲ့ မီးရှုးတဆောင်လည်းဖြစ်ပါတယ်။ ၄င်းမီးရူးတဆောင်ကြီးကို တွေ့ရှိသူဟာ ဗုဒ္ဓပင်ဖြစ်ပါတယ်။ အဲဒီ သစ္စဓမ္မတွေကို တွေ့ရှိ သိရှိပြီးဖြစ်လို့လည်း ဗုဒ္ဓ အမည်ရရှိတာ ဖြစ်ပါတယ်။ သစ္စဓမ္မကိုရှာဖွေတွေ့ရှိသူ မြတ်ဗုဒ္ဓရဲ့ ပြောဆို ဆုံးမ ချက်တွေ အယူအဆတွေ ၀ါဒတွေကို ဘာ သာရယ်လို့ နာမည်ပေးပြီး ဗုဒ္ဓဘာသာလို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီသစ္စဓမ္မတွေကို နားလည် သ ဘောပေါက်ပြီး ရတနာသုံးပါးကို အားထားကိုးကွယ်ရာအဖြစ် လက်ခံကျင့်သုံးနေကြသူတွေဟာ ဗုဒ္ဓဘာသာဝင် တွေဖြစ်ပါတယ်။

ဗုဒ္ဓဘာသာရယ်လို့ နာမည်တခုနဲ့ ရပ်တည်ပြီးနေလာခဲ့တာဟာ နှစ်ပေါင်း နှစ်ထောင်ငါးရာပင် ကျော်လွန်လို့ လာခဲ့ပါပြီ။ မြတ်ဗုဒ္ဓ မရှိတော့တဲ့နောက်ပိုင်း ရဟန်သံဃာ အစဉ်အဆက်က ကိုယ်တိုင်လည်း လေ့လာသင်ယူ ကျင့်သုံး ၊ တပည့်ဒကာ ဒကာမတွေကိုလည်း လမ်းညွှန်ချက်တွေပေးပြီး လေ့လာကျင့်သုံးစေ ၊ အတုံ့ အပြန်အားဖြင့် ဒကာ ဒကာမတွေက ရဟန်သံဃာတွေကို ပစ္စည်းလေးပါးဖြင့် ထောက်ပံ့ စသည်ဖြင့် ကျွန်း ကိုင်းမှီ ကိုင်းကျွန်းမှီ အနေနဲ့ သာသနာတော်ကြီးကို ထိန်းသိမ်းခဲ့ကြလို့ ယနေ့ထိ သာသနာတော်ကြီးဟာ တည် တန့်နေနိုင်တာလည်းဖြစ်ပါတယ်။ ဆရာ ဒကာဆက်ဆံရေးမှာ တဖက်ဖက်က အားနည်းချက်တွေ ချွတ် ယွင်းချက်တွေနဲ့ရင်ဆိုင်နေရပါက ဗုဒ္ဓသာသနာဟာ ရေရှည်တည်တံ့နိုင်မည်မဟုတ်ပါ။ ဒါကြောင့် နှစ်ဘက် လုံးမှာ ရှိသင့်တဲ့စွမ်းအင် အရည်အသွေးတွေ ပြည့်ဝဖို့လိုအပ်ပါတယ်။

နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်အထိ ဗုဒ္ဓသာသနာတော်ကြီးဟာ ရပ်တည်နိုင်ခဲ့တယ် ဆိုရပေမဲ့ ချီတက်ခဲ့ရတဲ့ လမ်းကြောင်းဟာ အခါခပ်သိမ်း သာယာ ဖြောင့်ဖြူးခဲ့တာတော့ မဟုတ်ပါဘူး။ အကြပ်အတည်း အခက် အခဲမျိုးစုံတွေနဲ့ ရင်ဆိုင် ကြုံတွေ့ခံစားခဲ့ ရတာမျိုးတွေလည်းရှိခဲ့ပါတယ်။ တကယ်တော့ ဗုဒ္ဓ၀ါဒဟာ အိန္ဒိယ မြေပေါ်မှာ ပေါ်ထွန်းခဲ့တာဖြစ်ပါတယ်။ ယနေ့တော့ သာသနာ့အလင်းရောင်ဟာ အဲဒီမြေပေါ်မှာ မှေးမှိန် သွားခဲ့ရပါပြီ။ အသောကမင်းကြီးနှင့် သူရဲ့မြေးတော်တွေ အစဉ်အဆက်ထိ အိန္ဒိယမြေပေါ်မှာ သင်္ကန်း အရောင်တွေ တောက်ပနိုင်ခဲ့ပေမဲ့ ဗြဟ္မဏနွယ်ဝင် သုင်္ဂမင်းများလက်ထက်မှာတော့ ဗုဒ္ဓသာသနာ့ အရာင် အလင်းတွေဟာ ၄င်းမြေပေါ်က ပြောက်ကွယ်စပြုလာပါတော့တယ်။ သုင်္ဂခေတ် ဗြဟ္မဏပုဏ္ဏားတို့ရဲ့ လက် ထက်မှာ ဘုန်းကြီးခေါင်းတစ်လုံး ဖြတ်ယူဆက်သနိုင်ပါက ဆုတော်ငွေ-၁၀၀၀ ပေးမည်ဟု ကြေငြာလေရာ ဗုဒ္ဓ ဘာသာ ရဟန်းမှန်သမျှ တိုင်းပြည်ရဲ့အစွန်အဖျားတွေကို ထွက်ပြေး တိမ်းရှောင်ကြရပါတော့တယ်။

နောက်ပိုင်းတက်လာတဲ့ မင်းအစဉ်အဆက်ဟာ သာသနာ့ အဆောက်အဦးတွေ ကျောင်းကန်ဘုရားတွေကို လုယက်ဖျက်ဆီး ရဟန်းသံဃာတော်တွေကို သတ်ဖြတ်စသည်ဖြင့် နှိမ်နင်းရာက သာသနာအလင်းရောင်ဟာ အိန္ဒိယမြေပေါ်ကနေ ပြောက်ကွယ်သွားသည်အထိ ဖြစ်ခဲ့ရပါတော့တယ်။ အဲဒီလိုဆိုရင် သာသနာတခု အရှည်တည်တန့်ရေးအတွက် အုပ်ချုပ်သူများရဲ့ အခန်းကဏ္ဍဟာလည်း အလွန်အရေးပါတယ်ဆိုတာကို သိသာနိုင်ပါတယ်။

တိုင်းပြည်တပြည်မှာ အုပ်ချုပ်သူတွေဟာ လူအခွင့်အရေး ဘာသာရေးအခွင့်ရေးနှင့် လူဂုဏ် သိက္ခာ ကိုလေးစားတဲ့ အုပ်ချုပ်သူ အဖွဲ့အစည်းမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အဆောင် အယောင်လေးတွေကို လုပ်ပြနေရုံ ရုပ်ပိုင်းဆိုင်ရာအဆောက်အဦးတွေကို မိုးထိအောင်တည်ဆောက်ပြနေရုံမျှနဲ့ သာသနာပြုမင်းပါလို့ ကြွေးကြော်နေလို့မဖြစ်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတခုတည်းက ဘာသာ သာသနာတခုကို ရေရှည်တည်တန့်အောင် မထိန်းသိမ်း မစောင့်ရှောက်နိုင်ပါဘူး။ သာသနာကို ထိန်သိမ်း စောင့်ရှောက်သူ ပုဂ္ဂိုလ်တွေ အပေါ်မှာဘဲ အခြေခံတာာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အဆောက်အဦးတွေဟာ အခြံ အရံအကြောင်းတရား တခုမျှသာဖြစ်ပါတယ်။

အိန္ဒိယမြေပေါ်က သာသနာ ဘာကြောင့် ပြောက်ကွယ်သွားရသလဲ ဆိုတာတွေကို သိရှိပြီးရင် ယနေ့မြန် မာနိုင်ငံက ဗုဒ္ဓသာသနာနှင့် ရဟန်းသံဃာတော်တွေရဲ့ ဘ၀အခြေအနေတွေကို လေလာသုံးသပ် ကြည့်နိုင်ပါတယ်။ အိန္ဒိယမြေပေါ်က အဖြစ်အပျက်နဲ့ ထပ်တူကြနေပါတယ်လို့ မဆိုလိုပေမဲ့ ဗုဒ္ဓသာသနာအ တွက် အန္တရာယ်ရှိတဲ့ ပဏာမခြေလှမ်း ဖြစ်နေတယ် ဆိုတာကတော့ထင်ရှား နေပါတယ်။

ဘုရားဟော ပိဋကတ်တော်တွေထဲမှာပါတဲ့ သာသနာ ကွယ်ကြောင်းတရားတွေကို လေ့လာကြည့်ကြမယ်ဆိုရင် ----------
(၁) မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေကို ရိုသေစွာ နာကြားမှုမရှိခြင်း၊
(၂) စာပေသင်ကြားမှုတွေ ရပ်ဆိုင်းသွားခြင်း၊
(၃) ဘုရားဟော တရားတော်တွေကို အာဂုံဆောင်ထားမှုတွေ ကွယ်ပြောက်သွားခြင်း၊
(၄) တရားတော်တွေရဲ့ ဆိုလိုရင်းအဓိပ္ပါယ်တွေကို နားလည်အောင်မလုပ်ခြင်း၊
(၅) တရားဓမ္မ ကျင့်ကြံအားထုတ်မှုတွေ မရှိတော့ခြင်း တွေဟာ သာသနာ ပျောက်ကွယ်ခြင်းရဲ့ အကြောင်းတွေ ဖြစ် တယ်လို့ ဟောတော်မူခဲ့ပါတယ်။
သာသနာတခု အရှည်တည်တန့်ရေးအတွက် ရဟန်းသံဃာတော်များ နှင့် ဒကာ ဒကာမများရဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်မှီ သဘောကို အထက်မှာ တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ရဟန်းသံဃာများဟာ ဘုရားဟော တရားတော်တွေကို လေ့လာသင်ယူခြင်း (ပရိယတ္တိ)နှင့် သိရှိထားသည့်အတိုင်း လက်တွေ့ အကောင်ထည် ဖေါ်ဆောင်ခြင်း (ပဋိပတ္တိ) တို့ဖြင့် သာသနာပြုနိုင်ရေးအတွက် ဒကာ ဒကာမတွေရဲ့ အထောက်အပံ့ကို မှီနေရ သူများဖြစ်ပါတယ်။ လူဒကာ ဒကာမတွေ အခက်ခဲ မျိုးစုံကြောင့် ရဟန်းသံဃာတွေကို မထောက်ပံ့နိုင်ခဲ့ပါရင် ရဟန်းသံဃာတော်တွေ ဘယ်လိုလုပ်ပြီး ဆက်လက်ရပ်တည် ရှင်သန်နိုင်ပါမလဲ။ ရဟန်းသံဃာတော်တွေမှ မရှိခဲ့တော့ပါလျှင် ဘုရားရဲ့တရားတော်တွေကို ထိန်းသိမ်းစောင့်ရှောက်သူတွေ မရှိတော့တဲ့အတွက် ဓမ္မဆိုတဲ့ သာသနာလည်း ဆက်လက်ရှင်သန်နိုင်တော့မည်မဟုတ်ပါ။

အဆိုပါအကြောင်း အချက်အလက်မျိုးစုံတွေကို သိရှိထားကြတဲ့ ရဟန်း သံဃာတော်တွေဟာ ပြီးခဲ့သည့်နှစ် စစ်တင်ဘာလက ငြိမ်းချမ်းစွာ လမ်းပေါ်တက်ပြီး ပြည်သူတွေရဲ့အခက်ခဲတွေကို ပြည်သူတွေရဲ့ကိုယ်စား ပြသခဲ့ကြတာဖြစ်ပါတယ်။ ပြဿနာရဲ့အခြေခံ အကြောင်းတရားတွေကို လေ့လာပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းရမဲ့အစား ကြီးလေးတဲ့အပြစ်သဖွယ် သတ်မှတ်ပြီး ရဟန်းသံဃာတော်တွေကို ဖမ်းဆီး ရိုက်နှက် နေထိုင်ရာကျောင်းတွေကိုပိတ် နေထိုင်ရာကျောင်းတွေမှာ မနေနိုင်အောင် အာဏာပိုင် ဆိုသူတွေက ရက် စက်အတင့်ရဲ့စွာနဲ့ ကျူးလွန်လာခဲ့ကြပါတော့တယ်။မြန်မာနိုင်ငံက ဖြစ်ခဲ့ပြီးနှင့် ဖြစ်နေဆဲ ဖြစ်စဉ်တွေကို လေ့လာကြည့်မယ်ဆိုရင် ပြဿနာတစ်ခုရဲ့ဖြစ်စဉ် အကြောင်းစုံလင်တွေကို ရှာပြီးဖြေရှင်းဖို့မကြိုးစားဘဲ ပြဿနာရဲ့ အ၀န်းဝိုင်း တခုလေးကိုသာကြည့်ပြီး တစ်ယောက်နဲ့တယောက် အပြစ်ဖို့တာတွေ အင် အားကြီးသူတွေက အင်အားနည်းသူတွေကို အနိုင်ယူနေတာတွေကို တွေ့မြင်နေကြရမှာ ဖြစ်ပါတယ်။ ပြဿနာပြေပြောက်ရေးကို အမှန်တကယ် လိုလားပါတယ် ဆိုရင် ဘာဖြစ် နေတယ် ဆိုတာလောက်မှာသာ ရပ်တန့်နေလို့မဖြစ်ပါဘူး ။ ဘာကြောင့်ဖြစ်လဲဆိုတာကို သုံးသပ်ပြီး ဖြေရှင်းပါမှ အမှန်တကယ် ပြဿနာ ရဲ့ပြေလည်မှုကိုရရှိမှာဖြစ်ပါတယ်။

ယခုလက်ရှိ အခြေနေထိကတော့ မြန်မာပြည်က အာဏာပိုင်တွေဟာ ရဟန်းသံဃာတွေအပေါ်မှာ အငြိုးကြီးစွာနဲ့ဘဲ ကန့်သတ်မှုတွေ မတရားချုပ်ချယ်မှုတွေ ဖိနှိပ်မှုမျိုးစုံတွေကို လွန်ကြူးနေကြဆဲပါဘဲ။အရင်က မြန်မာပြည်မှာ သံဃာတော်တွေ ရရှိတဲ့ အခွင့်အရေးတွေဟာ န.အ.ဖ စစ်အုပ်စုမပြုတ်သ၍ ပြန်လည်ရရှိတော့မည် မဟုတ်ပါ။ အကျိုးဆက်အဖြစ် စာပေသင်ကြားမှုတွေ တရားဟောကြားမှုတွေ တရားအားထုတ်မှု စတဲ့ ဘာသာရေး လုတ်ငန်းစဉ်တွေကိုပါ ထိခိုက်လာနေတဲ့အတွက် အိန္ဒိယနိုင်ငံမှာ သာသနာပြောက်ကွယ်သွားသလို ယနေ့မြန်မာနိုင်ငံမှာလည်း ဗုဒ္ဓသာသနာကွယ်ပြောက်ဖို့ လမ်းကြောင်းပေါ်ကို ဦးတည်နေတယ်လို့ဆိုရင် လွန်မယ်မထင်ပါ။ ဒါကြောင့် မြန်မာနိုင်ငံက အနာဂါတ် ဗုဒ္ဓသာသနာအရေးဟာ ယခုအတိုင်းသာ ဆက်သွားခဲ့ပါရင် အလွန်တရာမှ ရင်လေးစရာ ကောင်းလှပါတော့ တယ်။ ရွှေဝါရောင်တော်လှန်ရေးရဲ့  အကျိုးဆက်ဟာ သံဃာအားလုံး ခံစားရတာဖြစ်ပါတယ်။

အာဏာရှင် စစ်ဝါဒီတို့သည် "ရဟန်းစစ် ရဟန်းမှန်၊ သံဃာစစ် သံဃာမှန်" တို့ အား "ရဟန်းတု ရဟန်း ယောင် သံဃာတု သံဃာယောင်"ဟုစွပ်စွဲကာ ဖမ်းဆီးရိုက်နှက်သတ်ဖြတ်ခဲ့ကြသည်။ ပတ္တ နိက္ကုဇ္ဇကံ ဆောင် ကြသော သံဃာတော်များသည် အစစ်အမှန် ဟုတ်မဟုတ် ကို မြန်မာကသာမက ကမ္ဘာကပါ ယခုအခါသိရှိပြီး ဖြစ်သည်။ ကံဆောင်သံဃာတော်များ၏ လုပ်ရပ်သည် ၀ိနည်းသိက္ခာပုဒ်တော်များနှင့် ကိုက်ညီ သော ကြောင့်သာ တစ်ကမ္ဘာလုံးရှိရဟန်းရှင်လူအပေါင်းတို့က အသိအမှတ်ပြု လက်ခံခဲ့ကြခြင်းဖြစ်သည်။ အာ ဏာရှင် စစ်ဝါဒီတို့မှာကား "အမှားကို အမှန်၊ အမှန်ကို အမှား" ထင်မှတ်ယူမှား၍ ထင်တိုင်းကြဲ နေကြ သဖြင့် ဘာမှ မပြောလိုပါ။ သို့သော် တိုင်းချစ် ပြည်ချစ် မျိုးချစ်ပုဂ္ဂိုလ်များ ဖြစ်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား များအနေဖြင့် တပ်မတော်ကို ခုတုံးလုပ်၍ ကိုယ်ကျိုးရှာနေကြသော အာဏာရှင် လူတစ်စုတို့အား စုပေါင်း ညီညာစွာဖြင့် တွန်းလှန်ကာကွယ်ကြပါ။ အမျိုးဘာသာ သာသနာတော်ကို ကိုယ်ပိုင်အသိ ကိုယ်ပိုင် စိတ်ဓါတ် တို့ဖြင့် ၀ိုင်းဝန်းကာကွယ် ထိမ်းသိန်းစောင့်ရှောင့်ကြပါဟု တိုက်တွန်းလိုပါသည်။

ထို့အပြင် လူသတ်ဝါဒကို အားပေးသော ပုဂ္ဂိုလ်၊ လူသတ် ၀ါဒီတို့နှင့် စီးပွါးရေး လူမှုရေး သာရေးနာရေးစသော အဆက်အသွယ်များကို လည်း လုံးဝမလုပ်ကြဘဲ ရှောင်ကြဉ်ကြပါဟု ပြောလိုပါသည်။ လူသတ် ၀ါဒီတို့မှာ ကံကြီးထိုက်ပြီးသူများဖြစ်သဖြင့် ခုရော နောင်ပါ အကျိုးယုတ်ဖို့ ရုံသာရှိတော့ သည်။ ထိုပုဂ္ဂိုလ်တို့နှင့် ပေါင်း ဖော်မိပါက အကုသိုလ်ကံတို့သည် မိမိတို့ထံသို့ ပူးဝင်ကပ်ရောက်လာနိုင်သဖြင့် ဝေးစွာရှောင်ကြဉ်ကြရန် တိုက်တွန်းရခြင်းပင်ဖြစ် ပါသည်။ အာဏာရှင်တို့သည် မိမိတို့၏ ဒုစ္စရိုက်မှုများကို ဖုံးကွယ်ရန်ကြိုးစားနေကြသော် လဲ မအောင်မြင်တော့ပေ။ အာဏာရှင်တို့က သူတို့ပိုင် မီဒီယာများမှ တစ်ဆယ့် နှစ်လတာ ကာလပတ်လုံး လိမ် ညာလှည့်စား၍ ၀ါဒဖြန့်နေကြသော်လည်း ပြည်သူတို့က မယုံတော့ပေ။ "ချောက်ထဲကို ကျလုလုဖြစ်နေသော နိုင်ငံတော် ကြီးကို စစ်တပ်က အချိန်မနှောင်းမီ ကာကွယ်လိုက်ရတာပါ" ဟု အသံကောင်း ဟစ်နေကြသော အာဏာရှင်တို့သည် သူ့တို့စကားကို သူတို့ကိုယ်တိုင် ချေဖျက်ခဲ့ကြပြီးဖြစ်သည်။ စက်တင်ဘာ အရေးတော် ပုံတွင် ထိုဖြစ်ရပ်မှန်များကို ကမ္ဘာကပါ သိရှိခဲ့ကြပြီးဖြစ်သည်။ မိမိတို့၏ မတရားမှုများကို ကမ္ဘာသိအောင် ကြေငြာသူမှာ အခြားသူများမဟုတ်ဘဲ မိမိတို့ကိုယ်တိုင်သာဖြစ်သည်ကို သသောပေါက်ကြသင့် ပါသည်။

အကြွင်းအကျန်မထားဟုဆိုကာ ရဟန်းရှင်လူပြည်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်နေရုံမျှဖြင့် ပြဿနာ များ ပြေငြိမ်းပြီးပြတ်သွားမည် မဟုတ်ပါချေ။ ရန်ကိုရန်ချင်းမတုဘဲ မေတ္တာစစ် မေတ္တာမှန်ဖြင့် အဖြေရှာမှသာ အ ဖြေမှန်ကို ရပေမည်။ ဓမ္မကို မျက်ကွယ်ပြု၍ အဓမ္မ၀ါဒကို လက်ကိုင်ကျင့်သုံးနေပါက ကိုယ့်သေတွင်း ကိုယ် တူးသလို ဖြစ်တက်သည်ကို သဘောပေါက်သင့်ကြပေ သည်။ သို့ဖြစ်ရာ ကမ္ဘာအရပ်ရပ်တွင် စက္ကန့်မလပ် နာရီ မလပ် ဖြစ်ပျက်ပြောင်းလဲ နေကြသော ဖြစ်ရပ်မှန်များကို သင်ခန်းစာအဖြစ် မှတ်ယူပြီး အချိန်မနှောင်းမီ ပြည်သူ့ ဆန္ဒနှင့်အညီ ပြုပြင်ပြောင်းလဲသင့်ပြီးဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါ သည်။

နအဖစစ်ခွေးများ ၀င်ရောက်ဖျက်ဆီးခဲ့သော
၁။ တောင်ဥက္ကလာပမြို့နယ်၊ ငွေကြာယံကျောင်းတိုက်၊
၂။ ဓမ္မဇေယျကျောင်းတိုက်၊
၃။ ရွှေတောင်မော်ကျောင်းတိုက်၊
၎။ ဇဋိလာရာမကောင်းတိုက်၊
၅။ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ဓမ္မသုခစာသင်တိုက်၊
၆။ ဗိုလ်တစ်ထောင်မြို့နယ်၊ မင်္ဂလာရာမစာသင်တိုက်၊
၇။ ပညာရာမိကကျောင်းတိုက်၊
၈။ ရန်ကင်းမြို့နယ်၊ မိုးကောင်းကျောင်းတိုင်၊
၉။ သင်္ကန်းကျွန်းမြို့နယ်၊ မဂ္ဂင်ကျောင်းတိုက်၊
၁၀။ ကျောက်စာတော်အရှေ့ကျောင်းတိုက်၊
၁၁။ ပညာတံခွန်ကျောင်းတိုက်၊
၁၂။ ဓမ္မဝေပုလ္လကျောင်းတိုက်၊
၁၃။ ရွှေကျင်တိုက်သစ်ကျောင်းတိုက်၊
၁၄။ ဗဟန်းမြို့နယ်၊ သာသနာ့သိပ္ပံကျောင်းတိုက်၊
၁၅။ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်၊
၁၆။ ဒဂုံမြို့သစ်၊ တက္ကသီလာဇေယျသိဒ္ဓိပဋ္ဌာန်ကျောင်းတိုက်၊
၁၇။ မြောက်ဥက္ကလာပမြို့နယ်၊ သီရိဇေယျကျောင်းတိုက်၊
၁၈။ ပဏ္ဍိတာရာမကျောင်းတိုက်

----အစရှိသော စာသင်တိုက် ကြီးများနှင့်ကျောင်းတိုက်များမှ သံဃာတော်များသည် ရဟန်းတုများဖြစ် ပါသလော၊ လောင်းကစား၊ မူးယစ်ဆေးဝါးစသည် ပြုသော ရဟန်း သံဃာတော် များပေလော စသည်ဖြင့် စဉ်း စားဖွယ်ရာဖြစ်၏။ ဖော်ပြပါကျောင်းတိုက်များ မှာ အစိုးရပိုင်မီဒီယာမှ ဖော်ပြထားခြင်းဖြစ်သည်။ ထိုရေး သားချက်နှင့်ပတ်သက်ပြီး အထက်ပါကျောင်းတိုက်များမှ သံဃာတော်များ အဘယ်သို့ရောက်ကုန်ကြပြီလဲ၊ ငွေကြာယံဆရာတော် ဘယ်နေရာသို့ ရောက်နေသလဲ၊ မဂ္ဂင်ကျောင်းဆရာတော် ဘယ်နေရာသို့ ရောက် နေသလဲ၊ တက္ကသီလာဇေယျသိဒ္ဓိပဋ္ဌာန်ကျောင်း ဆရာတော် ဘယ်နေရာသို့ ရောက်နေသလဲ၊ သူတို့ သတ်ဖြတ်ပြီး မြစ်ထဲသို့ ပစ်ချထားသော ရဟန်းအလောင်းများက ဘယ်သူတွေလဲ၊ နအဖစစ်ခွေးများ ပစ် ခတ်မှုကြောင့် ဒဏ်ရာရဆေးရုံသို့ ရောက်နေသော သံဃာတော်များက ဘယ်အရာတွေလဲစသည် စသည်ဖြင့် စဉ်းစားဖွယ်ရာ ဖြစ်မိ၏။

မြန်မာနိုင်ငံမှ လက်ရှိ မ.ဟ.န ဘုန်းတော်ကြီးများသည် နိုင်ငံတကာ ထုတ်လွင့်ခဲ့သော သတင်းများ၊ ဓာတ် ပုံများကို ကြည့်ရှုမိပါ၏လော၊ အင်တာနက်၊ အီးမေလ်ဆိုသည်ကို သိပါ၏လော၊ ဤကဲ့သို့ ရက် စက်ကြမ်းကြုတ်သော နအဖ၏ လုပ်ရပ်ကို ကိုယ်တိုင်းတွေ့မြင်ကြားသိပါလော၊ မျက်စိမှိတ်၊ နားပိတ်ပြီးတော့ နအဖစစ်ခွေးများ၏ အလိမ်အညာ ပြည်တွင်းဖြစ် မီဒီယာများ ကိုသာမှီငြမ်းကိုးကား၍ ထိုသို့ဖြစ်ရပ်မှန်ဟု စာရေး သားပေးပို့ခြင်းသည် ဗုဒ္ဓဘုရားရှင်ဆိုသော စကားနှင့် ညီညွတ်ပါလော၊ မိမိ၏ညဏ်ဖြင့်စဉ်းစားပြီး (ကေသမုတ္တိသုတ်တော်)လာ ဘုရားရှင်၏စကားကို ကိုးကား၍ ပြောဆိုသော စကားဟုတ်ပါ၏လော၊ စသည် စ သည်ဖြင့် အလွန်ပင်တွေးကြည့်စရာ ကောင်းပါ၏။

နိဂုံးချုပ်ဆိုရသော် ရန်ကုန်မြို့နှင့် အခြားမြို့နယ်အသီးသီးမှ ပျောက်ဆုံးနေကြကုန်သော သံဃာတော်များ အ ဘယ်သို့ရောက်နေပါသနည်း၊ ဂျီတီအိုင်ကျောင်းဟောင်းအတွင်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သံဃာ များသည် အဘယ်တိုင်းပြည်က သံဃာတော်များပါနည်း၊ ကဘော်ချိုင့်ဝှမ်းသို့ အပို့ခံရသော သံဃာ တော်များသည်လည်း မည်သည့်နေရာက သံဃာတော်များပါနည်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းတွင် ဒေသခံကလေးသူငယ်များအား ပညာဒါနဝေငှ ပေးနေသော သိရီ လင်္ကာပြန် ဆရာတော်ဦးသီလာဝံသ(M.A.Sri Lanka) ပျံလွန်တော်မူခြင်းသည် မည်သူ၏သတ်ဖြတ်မှုကြောင့် ဖြစ်ပါသနည်း။စဉ်းစား သုံးသပ်စေလို ပါသည်။

သာသနာ့တက္ကသိုလ်၊စာသင်တိုက်များမှ သာသနာ့ မှတ်ပုံတင်များဖြင့် နယ်စပ်ဒေသ၊ တတိယနိုင်ငံများသို့  တိမ်းရှောင်ခဲ့ရသော ရဟန်းတော်များက မြန်မာပြည်မှ သံဃာအစစ် အမှန်များ ဖြစ်ကြောင်း ယခုအခါ အခက် အခဲ အားလုံးကျော်ဖြတ်ကာ သက်သေပြနိုင်ခဲ့ပြီ ဖြစ်သည်။
ဘယ်သူတွေ ဘယ်လိုစွပ်စွဲပြောဆိုကြပါစေ ပတ္တမြားမှန်လျှင်နွံမနစ်ကြောင်း ကမ္ဘာကို သက်သေပြနိုင်ခဲ့ပြီဖြစ် ကြောင်း တင်ပြလိုက်ရပါသည်။
ရွှေဝါရောင် သောတုဇန ဘိက္ခူ သံဃာ့အဖွှဲ.ကြီး (SYMO) ( www.symo.isgreat.org )

type the rest of your post here

အပြည့်အစုံဖတ်ချင်ရင်...

Tuesday, October 28, 2008

ကရင်အမျိုးသားအစည်းအရုံးမဟာမိတ်များနှင့် အနီးကပ် လက်တွဲတိုက်ပွဲဝင်မည်

ရိုးမ ၃။ အောက်တိုဘာ ၂၈၊ ၂၀၀၈

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် ယခင်ချမှတ်ထားသည့် လမ်းစဉ်များကို ပြန်လည် သုံးသပ်မှုများ ပြုလုပ်ပြီးနောက် စစ်အာဏာရှင်ကျဆုံးရေး၊ ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာ ရေးတို့အတွက် ဒီမိုကရေစီမဟာမိတ်များနှင့် အနီးကပ်ဆက်လက် လက်တွဲသွားမည်ဟု ဆိုသည်။

(၁၄) ကြိမ်မြောက် (KNU)ကွန်ကရက်တွင် တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) အဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဗိုလ်မှူးစောလှငွေက ယမန်နေ့က ပြောဆိုခြင်းဖြစ်သည်။

“ကျနော်တို့အနေနဲ့က အမျိုးသားရေးနဲ့ ဒီမိုကရေစီရေးမှာ ခွဲမထားဘူး၊ ဒီမိုကရေစီမရှိဘဲ တကယ့် အမျိုးသားရေးမဖြစ်နိုင်သလို အမျိုးသားရေးကို တကယ်မတည်ဆောက်ဘဲလုပ်ရင်လဲ တကယ့်ဒီမိုကရေစီဆိုတာလဲ မဖြစ်လာနိုင်ဘူး၊ ဒီနည်းနှစ်ရပ်စလုံးကို တန်းတူထားပြီး ဆောင်ရွက်သွားမယ်၊ မဟာမိတ်အဖွဲ့တွေနဲ့လဲ ခိုင်ခိုင်မာမာ လက်တွဲဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေးအပေါ် စိတ်ဝင်စား ခြင်း မရှိကြောင်း မိမိတို့အနေဖြင့် သုံးသပ်မှုများပြုလုပ်ပြီးနောက် ရှေ့ဆက်လုပ်ငန်းစဉ်များကို ချမှတ်ထားသည်ဟု ၎င်းက ဆက်ပြောသည်။

“နအဖအနေနဲ့ ဆက်ပြီး စစ်ရေးအရ ဖိအားပေးလာရင်တော့ ကျနော်တို့အနေနဲ့ ပြန်လည်ခုခံဖို့၊ နောက်တခုက ပြည်တွင်းမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေကို ဖမ်းဆီးတာတွေနဲ့ ပတ်သက်လို့ အဲဒီအပေါ် ကျနော်တို့က စာနာထောက်ထားပြီး သူတို့တတွေရဲ့ တိုက်ပွဲ၊ သူတို့တတွေရဲ့ လွတ်မြောက်လှုပ်ရှားမှုနဲ့အတူ ကျနော်တို့ရှိတယ်”ဟု ဆက်လက် ပြောသည်။

မြန်မာပြည်ဒီမိုကရေစီရရှိရေးနှင့် စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် မည်သူမဆို ဘယ်လိုအခြေအနေရောက်ရောက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ် ကြောင်းနှင့် အမှန်တရားပေါ်ပေါက်ရေးအတွက် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အမှန်တရားဆိုတာ တနေ့ပေါ်ပေါက်မယ်၊ အဲလို အမှန်တရားပေါ်ပေါက်ဖို့ ကျနော်တို့ ကိုယ့် ကြမ္မာ ကိုယ်ဖန်တီးရမယ်။ အဲလိုဖန်တီးရာမှာ ညီညီညွတ်ညွတ်နဲ့ လုပ်ကြမယ်ဆိုရင် ကမ္ဘာပေါ် မှာပဲဖြစ်ဖြစ်၊ ဒေသအတွင်းမှာပဲဖြစ်ဖြစ် လုပ်ဆောင်သွားတဲ့အတိုင်း ကျနော်တို့ အောင်ပွဲခံနိုင်မှာ ဖြစ်တယ်၊ ကျနော်တို့က သန်းခေါင်တော့ကျော်နေပြီ မိုးသောက်ချိန်နီးရင် ပိုမှောင်လာတယ် ဆိုပေမဲ့ အဲဒါပြီးရင် အလင်းရောက်မယ်ဆိုတဲ့အတွက် အားလုံး ယုံယုံကြည်ကြည်နဲ့ လုပ်ကြပါလို့ ကျနော် တိုက်တွန်းပြောချင်ပါတယ်”ဟု ပြောသည်။

ထို့အပြင် (KNU)အထွေထွေအတွင်းရေးမှူးအဖြစ် ဆရာမနော်စီဖိုးရာစိန်အား ရွေးချယ်တင် မြှောက်ခြင်းနှင့် ပတ်သတ်၍ ခေါင်းဆောင်နိုင်သည့် အရည်အချင်းရှိသည့်အတွက် ရွေးချယ် လိုက်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးစောလှငွေက ဆက်ပြောသည်။

“ဆရာမစီဖိုးရာစိန်က သူတို့ ကရင်အမျိုးသမီးအဖွဲ့မှာကတည်းက အမျိုးသမီးအခွင့်အရေးတွေ အတွက် လှုပ်ရှားဆောင်ရွက်ခဲ့တာတွေ လုပ်ခဲ့တယ်၊ အမျိုးသမီးတယောက်အနေနဲ့ နိုင်ငံတကာ မှာရော၊ အမျိုးသမီးရေးမှာရော၊ နိုင်ငံရေး၊ အမျိုးသားရေးမှာပါ ခေါင်ဆောင်နိုင်တယ်လို့ယူဆလို့ အများက အခုလိုရွေးချယ်လိုက်တာလို့ ယုံကြည်တယ်၊ ဒါဟာလည်း ဖြစ်သင့်ပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်းက ဖဒိုမန်းရှားလားဖန်း လုပ်ကြံခံလိုက်ရမှုနှင့်ပတ်သက်၍ ကွန်ကရက်အတွင်း ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်အတွင်း (KNU)အတွက် တန်းဖိုး မဖြတ်နိုင်သည့် ခေါင်းဆောင်နှစ်ဦး ဆုံးရှုံးခဲ့ရသည်ဟု ပြောသည်။

“တဦးက လုပ်ကြံခံရတယ်၊ တဦးက ကျန်းမာရေးကြောင့် ဆုံးရှုံးသွားတယ်၊ ဘယ်သူတွေက ညွှန်ကြားတယ်။ ဘယ်သူက လုပ်တယ်ဆိုတာတွေကိုလည်း ကျနော်တို့သိပြီးသားပါ၊ အချိန်အခါ ကျရောက်လာတဲ့အခါမှာ တရားမျှတတဲ့ ခုံရုံးမှာ တရားခံအစစ်အမှန်တွေကို တင်ပြီးတော့ အရေးယူနိုင်ဖို့ပဲ၊ ဂလဲ့စားချေရေး မုန်းတီးရေးတို့ ကျနော်တို့ မလုပ်ပါဘူး၊ ကိုယ်စိုက်တဲ့စပါးတော့ ကိုယ်ရိတ်သိမ်းရမှာပဲ၊ ကျနော်တို့က အဲလိုပဲ သဘောထားပါတယ်”ဟု ဆက်လက် ပြောဆိုခဲ့ သည်။


အပြည့်အစုံဖတ်ချင်ရင်...

No ifs or buts only a must

There is no shell

There is no should

There is no can

There is no could

There is no will

There is no would

There is no may

There is no might

There is only a must.Burmese regime must finish in 2009….

There is no ifs or buts only a must…….


အပြည့်အစုံဖတ်ချင်ရင်...

မောင်တောတွင် ရဟန်းတော် ၂ ပါးကို နစကမှ အပြင်းအထန်လိုက်ရှာနေ

10/28/2008

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မြို့ မောင်တောတွင် ရဟန်းတော်နှစ်ပါးအား နစကများက အသည်းအသန် လိုက်ရှာနေကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ ရဟန်းတော် တပါးက“သူတို့နှစ်ပါးကို ကျောင်းတိုင်းကျောင်းတိုင်းမှာ လိုက်မေးနေပါတယ်။ အဲဒီ ရဟန်းနှစ်ပါး လာရောက်တည်းခိုနေသလား၊ မြင်မိသလား တွေ့မိသလားဆိုပီး နစကတွေက မေးနေတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါ ရဟန်းတော်နှစ်ပါးမှာ ဦးဇ၀နနှင့် ဦးသုမနတို့ဖြစ်ပြီး စစ်တွေမှ မောင်တောသို့ တနင်္ဂနွေနေ့ကရောက်ရှိလာသော ရဟန်းတော်များ ဖြစ်ကြောင်း သိရသည်။

မည့်သည့်အတွက်ကြောင့် လိုက်ရှာနေသည်ကို တိတိကျကျ မသိရသေးသော်လည်း စစ်ဆေး မေးမြန်းရန် ဖြစ်နိုင်ကြောင်း အဆိုပါရဟန်းတော်က ပြောသည်။

ယခုအချိန်ထိ ရဟန်းတော်နှစ်ပါးအား ရှာဖွေမတွေ့သေးသဖြင့် မောင်တောမြို့မှ ဘုန်းတော်င်္ကြီးကျောင်းများတွင် ဆက်လက် လိုက်လံရှာဖွေနေကြောင်း သိရသည်။


အပြည့်အစုံဖတ်ချင်ရင်...

Monday, October 27, 2008

ဘဝမြန်မြန်ပြောင်းနိုင်ရေးအတွက် သမ္မတကြီးဦးသန်းရွှေဟုခေါ်ကြပါရန်

ဘဝမြန်မြန်ပြောင်းနိုင်ရေးအတွက် သမ္မတကြီးဦးသန်းရွှေဟုခေါ်ကြပါရန်

နေပြည်တော်နှင့်နီးစပ်သောသတင်းရပ်ကွက်များအဆိုအရ၂၀၁၀ရွေးကောက်ပွဲ
တွင်ပေါ်ထွက်လာမည့်အရပ်သားအစိုးရကိုဗိုလ်ချုပ်မှူးကြီးသန်းရွေကနိုင်ငံတော်
သမ္မတအဖြစ်၎င်း၊ဗိုလ်ချုပ်ကြီးမောင်အေးကဒုသမ္မတ၊ဒုတိယဗိုလ်ချုပ်ကြီးသီဟ
သူရတင်အောင်မြင့်ဦးကဝန်ကြီးချုပ်အဖြစ်၎င်းဗိုလ်ချုပ်ကြီးသူရရွှေမန်းကရာထူး
တိုးပြီးကာကွယ်ရေးဝန်ကြီးအဖြစ်ဆောင်ရွက်ရန်အသီးသီးလက်ဝါးရိုက်ထားပြီး
ဖြစ်သည်ဟုဆိုသည်။

ဦးသန်းရွှေ၏လက်ရင်းတပည့်ဦးအောင်သောင်းကတော့မန္တလေးတိုင်းမှအရွေးခံ
မည်ဟုပြောဆိုခဲ့သည်။နေပြည်တော်တွင်တည်ဆောက်နေသောသမ္မတနှင့်ဒုတိ
ယသမ္မတအိမ်တော်များလည်းအပြီးသတ်ခါနီးပြီဖြစ်သည်။

အရပ်သားအစိုးရသစ်အတွက်တည်ဆောက်နေသောလွတ်တော်အဆောက်အဦး
သည်လည်းအပြီးသတ်တော့မည်ဖြစ်ပြီး။လွှတ်တော်ရုံးအဖွဲ့တွင်ရုံးထိုင်ရန်စစ်ဗိုလ်များ
ကိုပင်စတင်စီစစ်ရွေးချယ်နေပြီဖြစ်ရာရွေးကောက်ပွဲအတွက်အပိုင်တွက်ထားပြီး
ဖြစ်ပုံရပါသည်။

အမှန်စင်စစ်ဆိုရလျှင်ဦးသန်းရွှေသည်သူ့ကိုယ်သူစစ်အာဏာရှင်မျိုးဆက်တွင်
ကံအဆိုးဆုံးဖြစ်သည်ဟုယူဆထားပုံရပါသည်။သူတို့ပါပါကြီးဟောင်းဦးနေဝင်း
သည်စစ်အာဏာသိမ်းဗိုလ်ချုပ်ကြီး၊ဝန်ကြီးချုပ်လမ်းစဉ်ပါတီဥက္ကဌကြီးစသည်
ဖြင့်ဂုဏ်ပုဒ်ကြီးများစွာပိုင်ဆိုင်ခဲ့ရသည်။

နောက်လိုက်ဦးစိန်လွင်၊ဦးမောင်မောင်စသည်တို့လဲဘာပြောပြောဝန်ကြီးချုပ်
ခဏစီဖြစ်ခဲ့ရသေးသည်။နောက်ဘာမဆိုင်ညာမဆိုင်ဗိုလ်ခင်ညွန့်ကဝန်ကြီးချုပ်
ထလုပ်ပြန်သောအခါမှာသူ့လက်အောက်မှဖြစ်သော်လည်းသူ့မှာခုလုခုလုဖြစ်ရ
ပြန်သည်။

ဗိုလ်ခင်ညွန့်ကနိုင်ငံတကာလှည့်၍အခြားဝန်ကြီးချုပ်များနှင့်တန်းတူလက်ဆွဲ
နှုတ်ဆက်နေသောအခါသူ့ခမျာဘယ်သူ့ကိုတန်းတူလက်ဆွဲနှုတ်ဆက်ရမည်မသိ
နိုင်ငံတော်အေးချမ်းသာယာရေးနှင်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌဆိုသောရာထူးသည်
မည်သည့်အဆင့်နှင့်တန်းတူညီမှန်းသူ့ဘာသာသူမသိ။

ဘဝရှင်မင်းတရားကြီးဆိုသည်မှာလည်းအိမ်ထဲနှင့်ကိုယ့်အသိုင်းအဝိုင်းကြား
ထဲတွင်သာကြိတ်ရှုးရခြင်းဖြစ်ပြီးတကယ်ကျတော့ဇာတ်ထဲကဘုရင်လောက်
ပင်ဘုရားထူးမည့်သူမရှိ။သူ့ခမျာတော်တော်ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ပုံရပါသည်။
ထို့ကြောင့်၂၀၁၀ရွေးကောက်ပွဲတွင်ဇွတ်အနိုင်ရရန်အကြံကြီးကြံ၍သမ္မတ
ကြီးအခေါ်ခံရရန်ကြိုးစားနေပြန်သည်။တကယ်တော့သူကျမ်းမာရေးကခပ်
ယဲ့ယဲ့။ဘယ်လိုပဲဖြစ်ဖြစ်သမ္မတကြီးအခေါ်မခံရလျှင်အသေဖြောင့်မည့်ဟန်
မတူပါ။
ထို့ကြောင့်ပြည်သူလူထုများကိုမေတ္တာရပ်ခံလိုသည်မှာ၂၀၁၀မတိုင်ခင်သူအ
သေဖြောင့်နိုင်ရန်အတွက်စိတ်ကြေနပ်သွားစေရန်ဝိုင်းခေါ်ပေးလိုက်ကြစေလို
ပါသည်။ကျွန်တော်တို့လူမျိုးသည်သီးခံခွင်လွှတ်တတ်သော၊ဂရုဏာထားတတ်
သောလူမျိုးဖြစ်သဖြင့်သေမည့်လူ၏နောက်ဆုံးဆန္ဒဆိုလျှင်ပို၍ပင်လိုက်လျှော
တတ်ကြရာမြန်မြန်သေလျှင်တိုင်းပြည်တဝက်လောက်မြန်မြန်အေးချမ်းမည်
ဖြစ်ပါ၍ဝိုင်းခေါ်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
သမ္မတကြီးဦးသန်းရွှေခင်ဗျား.....သမ္မတကြီးဟုခေါ်ပြီးပြီဖြစ်ပါ၍.................
ဇာတ်ထဲကဝန်ကြီး


အပြည့်အစုံဖတ်ချင်ရင်...

နားထောင်ကြည့်ပါ

02 02 Track 2.wma -

အပြည့်အစုံဖတ်ချင်ရင်...

မဆုံးသေးသည့်နောက်ဆုံးအိမ်မက်(၄)ရွက်စိမ်း

မဆုံးသေးသည့်နောက်ဆုံးအိမ်မက်(၄)ရွက်စိမ်း
နောက်ဆုံးအိမ်မက်အမှတ်လေးကိုဆက်ရေးဖို့တော်တော်အားမွေးခဲ့ရပါသည်။အ
ဟောင်းတွေအသစ်ပြန်ဖြစ်တဲ့အခါအဲဒီအချိန်တုံးကလိုပဲရင်မှာနာကျင်စွာပြန်ခံစား
ရပါသည်။အတွေးတွေတဆက်တစပ်တည်းရှိနေတုန်းမှာ(အရှိန်လေးရှိနေတုန်းမှာ)
မဖြစ်မနေဆက်ရေးရဦးမည်။အဖြစ်တွေကအတော်ပင်ဆင်တူရိုးမှားနိုင်ပါသည်။

ကျွန်တော်ရဲ့ဆောင်းပါးတတိယပိုင်းမှာရေးသလိုသံသရာကလည်လွန်းပါသည်။
ကျွန်တော်တို့တုန်းက၁၉၈၈ကုန်ခါနီး။၁၉၉၀မှာရွေးကောက်ပွဲကျင်းပတော့မယ်။
အခုကျွန်တော်ဆောင်းပါးရေးနေတဲ့အချိန်က၂၀၀၈ကုန်ခါနီး၊၂၀၁၀မှာပြည်သူတွေ
သဘောတူတူမတူတူသူတို့စိတ်တိုင်းကျရေးထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုအ
ခြေပြုလို့သူတို့စိတ်တိုင်းကျရွေးကောက်ပွဲပြုလုပ်တော့မှာပါ။

၁၉၈၈တုန်းကလူ့ဘောင်သစ်ပါတီကရွေးကောက်ပွဲမဝင်ပါလို့တရားဝင်ကြေညာခဲ့
သည်။အခု၂၀၀၈မှာတော့NLDပါတီက၂၀၁၀ရွေးကောက်ပွဲမဝင်ဟုတရားဝင်ငြင်းဆန်
ခဲ့ပြီ။ဒါဆိုလျှင်၁၉၈၈တုန်းကလူဘောင်သစ်ပါတီကြုံခဲ့သည်အဖြစ်များသည်တပတ်ပြန်
မလည်လာနိုင်ပါဟုမည်သူပြောနိုင်ပါမည်နည်း။ကျွန်တော်တို့ကြုံခဲ့ရသည့်အဖြစ်များ
ကလက်ရှိတိုက်ပွဲဝင်နေသူများအတွက်သတိပြုစရာတစုံတရာများပေးနိုင်ပါ
မည်လား။

စစ်အာဏာရှင်များနှင့်ထိပ်တိုက်ရင်ဆိုင်ခဲ့ရမှုများအကြိမ်မြောက်များစွာဖြစ်ခဲ့ရ
သည်။၁၉၈၉ခုနှစ်ဇူလိုင်လတွင်အပြင်းထန်ဆုံးဖြစ်ခဲ့ပါသည်။ပါတီ၏လှုပ်ရှားမှု
များသာမကကျောင်းသားသမဂ္ဂများ၏လှုပ်ရှားလှုံ့ဆော်မှုများသည်အရှိန်အမြင့်
ဆုံးဖြစ်လာသည်။တဖက်မှမဟာမိတ်ပါတီဖြစ်သောNLDပါတီမှလည်းမတရား
သည့်အမိန့်အာဏာဟူသမျှတာဝန်အရဖီဆန်ကြဟူသည့်ဆောင်ပုဒ်ဖြင့်တိုက်ပွဲ
ရေချိန်အမြင့်ဆုံးဖြစ်နေသည်။
ဒေါ်အောင်ဆန်းစုကြည်ကလာမည့်ဇူလိုင်လ(၁၉)ရက်အာဇာနည်နေ့ကိုမိမိတို့
NLDပါတီ၏အစီအစဉ်ဖြင့်သာတက်ရောက်အလေးပြုပန်းခွေချမည်ဟုကြေညာ
ခဲ့သည်။ဇူလိုင်လ(၁၆)ရက်နေ့တွင်အာဇာနည်နေ့အကြိုဟောပြောပွဲအဖြစ်အင်း
စိန်မြို့နယ်NLDရုံးတွင်NLDနှင့်လူ့ဘောင်သစ်ပါတီတို့ပူးတွဲကျင်းပခဲ့ကြသည်။

ထောင်နှင့်သောင်းနှင့်ချီသောလူထုကြီးကသူတို့၏လူထုခေါင်းဆောင်ဟောပြော
ခြင်းကိုတခဲနက်လာရောက်အားပေးခဲ့ကြသည်။လူ့ဘောင်သစ်ပါတီနှင့်ကျောင်း
သားသမဂ္ဂများမှခေါင်းဆောင်အချို့လည်းထိုနေ့တွင်ဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင်စိတ်ဓါတ်တက်ကြွနေသောလူထုကြီးကဒေါ်အောင်ဆန်း
စုကြည်၏ကားနောက်မှကြွေးကြော်သံများကြွေးကြော်ကာလိုက်လံပို့ဆောင်ပေး
ခဲ့ကြသည်။ထိုပွဲသည်ဒေါ်အောင်ဆန်းစုကြည်အတွက်အကျယ်ချုပ်ဖြင့်ဖမ်းဆီး
ခြင်းမခံရခင်နောက်ဆုံးတရားပွဲပင်ဖြစ်တော့သည်။ထိုအချိန်ကတော့လူထုကြီး
လဲမသိ၊ကျွန်တော်တို့လည်းမသိခဲ့ပါ။

ဇူလိုင်လ(၁၉)ရက်အာဇာနည်နေ့တွင်စုရပ်ဖြစ်သောရွှေဂုံတိုင်လမ်းဆုံသို့
ကျောင်းသားများ၊ပြည်သူလူထုများ၊လူ့ဘောင်သစ်ပါတီဝင်များသည်ပန်းခြင်း
ပန်းခွေများ၊ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ
၏ရုပ်ပုံကားချပ်များကိုင်ဆောင်၍စုရုံးရောက်ရှိနေခဲ့ကြသည်ဦးဆောင်ချီတက်
မည့်ဒေါ်အောင်ဆန်းစုကြည်ကတော့ထွက်မလာနိုင်ရှာတော့။

"ကျမတို့ဟာကျမတို့တိုင်းပြည်မှာနေပြီးအကျဉ်းသားတွေဖြစ်နေရတာကမ္ဘာကသိပါ
စေ"ဟူသည့်ကြေငြာချက်အတိုလေးတစောင်သာထွက်လာနိုင်ခဲ့တော့သည်။(နှစ်ပေါင်း
များစွာကြာခဲ့ပြီဖြစ်ခြင်း၊တောထဲမှာငှက်ဖျားရောဂါအကြိမ်ကြိမ်နှိပ်စက်ခံခဲ့ရခြင်းနှင့်
ငတ်မွတ်ခက်ခဲကြမ်းတမ်းစွာဖြတ်သန်းလာခဲ့ရသည့်အကြောင်းများကြောင့်တခါတရံ
စကားလုံးအနည်းငယ်လွဲချော်မှုများရှိခဲ့ပါလျှင်သည်းခံခွင့်လွှတ်ပေးပါရန်။)ကျွန်တော်
အပါအဝင်စုရုံးရောက်ရှိနေသူများအားလုံးယူကြုံးမရဒေါသဖြစ်ကြရသည်။

သွေးဆူနေကြသောကျောင်းသားများသည်ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကိုချီတက်
၍ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လုရန်စိုင်းပြင်းလာကြသည်။တယောက်နှင့်တယာက်
အမျိုးမျိုးချော့မော့ဖြောင်းဖျထိန်းသိမ်းရင်းမှနောက်ဆုံးတွင်ကျွန်တော်တို့၏လူထုခေါင်း
ဆောင်ဦးမဆောင်နိုင်တော့သော်လည်းသူဆုံးဖြတ်ခဲ့သည့်အတိုင်းအာဇာနည်ကုန်းသို့
ငြိမ်းချမ်းစွာချီတက်ပန်းခွေချအလေးပြုရန်ကျွန်တော်တို့ဆုံးဖြတ်ခဲ့ကြသည်။ငြိမ်းချမ်း
ရေးကိုမြတ်နိုးသောအကြမ်းမဖက်သောနည်းလမ်းဖြင့်သာကျွန်တော်တို့ကိုတလျှောက်
လုံးခေါင်းဆောင်မှုပေးခဲ့သောဒေါ်အောင်ဆန်းစုကြည်ကိုတုန့်ပြန်ဂုဏ်ပြုရန်ထိုတလမ်း
တည်းသာရှိသည်ဟုကျွန်တော်တို့ယုံကြည်ခဲ့ကြသည်။

ထိုကြောင့်အားလုံးကိုငြိမ်းချမ်းစွာချီတက်ရန်၊မည်သို့ပင်ဖြစ်စေဒေါသနှင့်မတုန့်ပြန်ရန်
အားလုံးကိုမေတ္တာရပ်ခံ၍အာဇာနည်ဗိမာန်သို့ချီတက်ခဲ့ကြပါသည်။ထိုအာဇာနည်ကုန်း
သို့ရောက်လျှင်လည်းသူတို့ခွင့်ပြုသည့်အစီအစဉ်အတိုင်းသာအစဉ်အလိုက်ပန်းခွေချ
မည်၊အလေးပြုကြမည်ဟုရည်စူးထားခဲ့ကြပါသည်။

သို့ရာတွင်ရေခဲဆိုင်မှတ်တိုင်မရောက်ခင်ဘက်နှစ်ဘက်လုံးအုတ်တံတိုင်းများကာရံ
ထားသောတနေရာတွင်ကျွန်တော်တို့အားပိတ်ဆို့တားဆီးခြင်းခံရပါတော့သည်။
ရုန်းရင်းဆန်ခတ်ဖြစ်ရန်ဆန္ဒမရှိသောကျွန်တော်တို့အနေဖြင့်အေးဆေးပြေလည်စွာ
ညှိနိုင်းရန်ကြိုးစားခဲ့ပါသေးသည်။သို့ရာတွင်ကျွန်တော်တို့သည်သားစားကျူးသော
ဘီလူးတို့ကိုလူဟုထင်မှတ်မှားခဲ့ပါပြီ။ရှေ့မှပန်းခွေပန်းခြင်းကိုင်အမျိုးသမီးငယ်များ
ကိုထိုင်ခိုင်းလိုက်ပြီးကျွန်တော်တို့သွားရောက်ညှိနိုင်းဆွေးနွေးနေစဉ်မှာပင်နှစ်ဘက်
ညှပ်၍ရိုက်နှက်ခြင်းခံရပါတော့သည်။

ဘေးဘက်သို့ပြေးရန်နေရာမရှိခြင်းရှေ့နှင့်နောက်နှစ်ဘက်ပြေးပေါက်မရှိအောင်ရှေ့
နောက်ပိတ်ပြီးဘက်နှက်များဖြင့်ထိုးခြင်း၊ရာဘာတုတ်များဖြင့်ရိုက်နှက်ခြင်းကြောင့်
အထိနာကြရပါသည်။အထူးသဖြင့်အုတ်တံတိုင်းနှင့်ခြံစည်းရိုးများကိုကျော်မပြေးနိုင်
ရှာသဖြင့်အမျိုးသမီးများပိုအထိနာကြပါသည်။ကျွန်တော်မှတ်မိသမျှသုံးယောက်သေ
ပြီး၊၁၈ယောက်ဒဏ်ရာရကာ၈၂ယောက်အဖမ်းခံရပါသည်။အများစုမှာလူ့ဘောင်သစ်
ပါတီဝင်များဖြစ်ကြသည်။

ထိုနှိမ်နင်းခံရမှု၏အရှိန်သည်ရန်ကုန်မြို့တွင်းအထိပြန့်နှံ့သွားခဲ့ပြီးနေရာအများအပြား
တွင်ဆန္ဒပြမှုများထက်လက်ဖြစ်ပွါးခဲ့ပါသည်။အထူးသဖြင့်လူ့ဘောင်သစ်ပါတီဌာနချုပ်
အနီးတဝိုက်ဖြစ်သောရန်ကုန်မြို့လယ်တွင်ပိုမိုများပြားခဲ့ပါသည်။ဇူလိုင်လ၂၁ရက်နေ့
တွင်ထိုဖြစ်ရပ်အတွက်သတင်းစာရှင်းလင်းပွဲကိုကျွန်တော်တို့ပြုလုပ်ခဲ့ပြီးမတရားမှုများ
ကိုဖွင့်ချနိုင်ခဲ့ပါသည်။

ထို့အတွက်သူတို့၏တုန့်ပြန်မှုကလူ့ဘောင်သစ်ပါတီခေါင်းဆောင်များကိုတဦးပြီးတဦး
ဖမ်းဆီးခဲ့ခြင်းပင်ဖြစ်သည်။ဥက္ကဌကိုအောင်ဇေယျ၊ကိုဂျင်မီကိုယဉ်ထွေးနောက်ရန်ကုန်
တိုင်းဥက္ကကိုတင်သန်းဦးအပါအဝင်မြို့နယ်အဆင့်ခေါင်းဆောင်များပါအဖမ်းခံကြရ
သည်။ကျွန်တော်တို့ဘက်တခြမ်းသည်ရပ်တည်မရတော့အောင်ဖြိုခွဲခံခဲ့ရသည်။အချို့
ခေါင်းဆောင်များတောထဲသို့ထွက်ပြေးခဲ့ရပါသည်။

ယခုဖြစ်စဉ်များကိုကျွန်တော်ပြန်ရေးနေခြင်းမှာဆက်လက်တိုက်ပွဲဝင်နေကြသူများနှိုင်း
ယှဉ်သင်္ခန်းစာယူနိုင်ပါရန်ဖြစ်သည်။ယခုNLDပါတီတွင်လူငယ်အဖွဲ့ဝင်အချို့သည်ထိုစဉ်
ကအထက်တန်းအလယ်တန်းကျောင်းသားအရွယ်သာရှိကြပါမည်။ယခုအခြေအနေများ
နှင့်ကျွန်တော်တို့ကြုံတွေ့ခံစားခဲ့ရသည့်အခြေအနေများသည့်တူညီနေသောအချက်များ
ရှိပါသည်။ထိုမျှမကလွတ်လပ်ရေးကြိုးပမ်းမှုကာလကအဖြစ်များပင်ကျွန်တော်တို့ခေတ်
တွင်ဆင်တူရိုးမှားဖြစ်ခဲ့သည်များရှိခဲ့သည်။ထိုစဉ်ကကွဲထွက်သွားခဲ့သောဘက်သည်ကော
ထိုဖြိုခွဲခံရသည့်အဖြစ်မှလွတ်ပါသည်လား။

ကျွန်တော်တို့ပြီးတော့သူတို့အလှည့်ဖြစ်သည်။နောက်ဆုံးတွင်မတရားသင်းကြေညာ
ခံရသည့်အခြေအနေရောက်ခဲ့သည်။ယခုလက်ရှိလူ့ဘောင်သစ်ပါတီကိုဦးဆောင်နေ
သောကိုအောင်မိုးဇော်တို့အသိဆုံးဖြစ်သည်။သူကတဖက်ခြမ်းတွင်ခေါင်းဆောင်တဦး
ဖြစ်သည်။လက်ရှိပါတီတွဲဘက်အထွေထွေအတွင်းရေးမှူးကိုငွေလင်းသည်ထိုစဉ်က
ကျွန်တော်တို့ဘက်ခြမ်းမှဖြစ်သည်။

ယခုတော့အတူတကွတွဲ၍တာဝန်ထမ်းဆောင်နေကြသည်။ထိုစဉ်ကကြီးမားသောညှိ
မရသောပြဿနာကြီးသည်ယခုတော့ဘာမျှမဟုတ်တော့ပေ။သမိုင်းသည်ကြော့၍
ကြော့၍တပါတ်လည်နေသည်။ဟိုယခင်မဆလလက်ထက်ကတည်းကထိုသွေးခွဲမှုမျိုး
သူတို့ကျင့်သုံးသည်။ယခုစစ်အာဏာရှင်များလည်းကျင့်သုံးသည်။ထိုသို့ပြုသမျှ
အကြိမ်ကြိမ်ခံနေကြရလျှင်ထိုမျိုးဆက်သည်ညံရာကျတော့မည်။ကျွန်တော်တို့ညံ့၍
သွေးခွဲခံခဲ့ကြသည်။

ယခုမျိုးဆက်များကောကျွန်တ်ာတို့နောက်ကိုဆက်လိုက်မည်လော။

(ဆက်လက်ဖေါ်ပြပါမည်။)

ရွက်စိမ်း


အပြည့်အစုံဖတ်ချင်ရင်...

Thursday, October 23, 2008

ရွှေဝါရောင် သံဃာတော်တပါး ထိုင်းနယ်စပ်သို့ တိမ်းရှောင်

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 22 2008 20:10 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ စစ်အစိုးရက ဖမ်ဆီးရန် အလိုရှိနေသော သံဃာတော်တပါး ယမန်နေ့က ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ပြေး ရောက်ရှိလာသည်။

သက်တော် (၃၃) နှစ်၊ ၀ါတော် (၁၄) ၀ါ ရှိပြီဖြစ်သည့် ရဟန်းတော် ဦးဣဿရိယ က ထောက်လှမ်းရေးများက လိုက်လံစုံစမ်းမေးမြန်းမှုများ ပြုလုပ်လာ၍ လူဝတ်လဲ တိမ်းရှောင်လာရသည်ဟု ပြောသည်။

ယမန်နှစ် စက်တင်ဘာလဆန်းက ပခုက္ကူမြို့တွင် သံဃာတော်များ ဦးဆောင်သော စစ်အစိုးရဆန့်ကျင်ရေး လမ်းပေါ်ဆန္ဒပြပွဲများ ဖြစ်ပွားရာတွင် စတင် ပါဝင်ခဲ့မှုကြောင့် အာဏာပိုင်များ၏ အငြိုးထားခြင်း ခံရသည်ဟု ဆရာတော်က ပြောသည်။

ဆရာတော်သည် မင်းသုညဟူသော ကလောင်အမည်ဖြင့် စစ်အစိုးရကို အုံကြွဆန့်ကျင်ရန် ရေးသားမှုများ ပြုခဲ့ပြီး ပြည်ပ သတင်းဌာနများသို့ သတင်းပေးပို့ခဲ့သည်ဟု ဆိုသည်။

"သူတို့က ဦးဇင်းကို တိုက်ရိုက် မသိတာလည်း ပါလိမ့်မယ် ထင်တယ်။ သူတို့က ဦးဇင်းကို ကလောင် အနေနဲ့ပဲ သိတယ်။ အဲဒီ့ ကလောင်ပိုင်ရှင်က ဘယ်သူဆိုတာကို သူတို့ မသိဘူး။ သူတို့အနေနဲ့ စုံစမ်းတယ်။ ဒါပေမဲ့ ဦးဇင်းတို့ရဲ့ မိတ်ဆွေ အသိုင်းအ၀ိုင်းတွေကလည်း ဒါကို အထူး လျှို့ဝှက်ထားတယ်။ အဲဒီလို ဘယ်သူဆိုတာကို အတိအကျမသိတဲ့ အတွက်ကြောင့် ဖမ်းဆီးခံရတာမျိုး မရှိဘူး" ဟု သူက မဇ္ဈိမကို တယ်လီဖုန်းမှတဆင့် ပြောပြသည်။

ဦးဣဿရိယသည် မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်၊ ကျီးလင်းကျောင်းတိုက်တွင် စာသင်သားတပါး ဖြစ်သည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူမြို့ရှိ သံဃာတော်များ၏ မေတ္တာပို့ လမ်းလျှောက်ရာတွင် ပါဝင်သူအချို့ကို စစ်အစိုးရက ရိုက်နှက်ခဲ့သည်။ ဗုဒ္ဓဘာသာဝင် အများစုဖြစ်သော နိုင်ငံတွင် သံဃာတော်များက အစိုးရကို ပြန်လည် တောင်းပန်မှုပြုရန် တောင်းဆိုသော်လည်း အစိုးရက လိုက်လျောမှုမပြုရာမှ နိုင်ငံနေရာအနှံ့ ဆန္ဒပြမှုများ ပြန့်ပွားလာခဲ့သည်။


အပြည့်အစုံဖတ်ချင်ရင်...

Wednesday, October 22, 2008

ချီးတုံးကို ကိုးကွယ်သူများ - နောက်ဆက်တွဲ အရှုပ်အထွေးများ

သကြားမင်း

အောက်တိုဘာ ၂၁၊ ၂၀၀၈

ချီးတုံးဆိုင်ရာ လုံခြုံရေးအမြင်များ
တပ်မတော်ခေါင်းဆောင်တွေဟာ ချီးတုံးကို ကိုးကွယ်လိုက်ကြတဲ့အတွက် လုံခြုံရေးဆိုင်ရာ ပေါ်လစီတွေပေါ်မှာလည်း ချီးတုံးက လွှမ်းမိုးလာပါတယ်။ တပ်ရှုပ်ကြီးရဲ့ ကျန်းမာရေးဟာ မြန်မာ့တပ်မတော်ရဲ့ ကျန်းမာရေး၊ နိုင်ငံတော်ရဲ့ ကျန်းမာရေးပဲ၊ တပ်ရှုပ်ကြီးရဲ့ ကျန်းမာရေးမှာ အခရာအကျဆုံးက ၀မ်းပဲ။ ဒီတော့ တပ်ရှုပ်ကြီးရဲ့ ၀မ်းကိုနေ့တိုင်းစစ်ဆေးရမယ်လို့ တညီတညာတည်း ဆုံးဖြတ်ကြလိုက်တော့တယ်။

သူ့ဝမ်းကို နေ့တိုင်း ဓါတ်ခွဲခန်းပို့ပြီး စစ်ဆေးကြတယ်။ ဆေးမှတ်တမ်းတွေအရ ပေါတာကြီးရဲ့  အသိဥာဏ်ဟာ မစင်ထဲမှာပဲ ရှိနေသတဲ့။ သူ့မစင်ကို ကာကွယ်ရမယ်။ သူ့မစင်ကို ကာကွယ်တာဟာ တပ်မတော်ကိုကာကွယ်တာ၊ တပ်မတော်ကိုကာကွယ်တာဟာ နိုင်ငံတော်ကိုကာကွယ်တာ၊ နိုင်ငံတော်ပြိုကွဲမယ့် အန္တရာယ်ကို ကာကွယ်တာပဲဖြစ်တယ်။ ဒါဟာ "မဟာဗျူဟာမြောက် လုံခြုံရေး အမြင်" ဖြစ်တယ်လို့  တပ်မှုးတွေကို ညွန်ကြားချက် ထုတ်ပြန်ခဲ့တယ်။

ဦးနေ၀င်းခေတ်က "ရှမ်းကုန်မြေမြင့်ကိုစိုးမိုးသူ"ဟာ "အနာဂတ် မြန်မာ့တပ်မတော်ကို စိုးမိုးသူ … မြန်မာပြည်ကို စိုးမိုးသူ …" ဖြစ်တယ်ဆိုတဲ့ လုံခြုံရေးဆိုင်ရာ သီအိုရီအဟောင်းကို ဒီနေ့ မြန်မာ့တပ်မတော်က တော်လှန်ပြောင်းလဲလိုက်ပါတယ်။ ဒါကတော့ "တပ်ရှုပ်ကြီးချီးပုံကို စိုးမိုးသူဟာ အနာဂတ် မြန်မာ့တပ်မတော်ကို စိုးမိုးသူဖြစ်မယ် …" ဆိုတဲ့အမြင်ကို စိုက်ထူလိုက်ကြတော့တယ်။

ဒါကိုမသိတဲ့ ပြည်ပကစစ်ရေးကျွမ်းကျင်သူတွေဟာ မြန်မာ့တပ်မတော်မှာ အင်အားက ဘယ်လောက်၊ လက်နက်က ဘယ်သို့ ၊ ဗျူဟာကဘယ်နှယ်၊့ ရမ်းသမ်း ပုံကြီးချဲ့ သုံးသပ်နေကြတယ်။ အလွန်အပျင်းထူလှတဲ့ သတင်းသမားတွေကလည်း သတင်းတပုဒ်ကို ဒေါ်လာ ၁၀၀ ခန့် အိတ်ထဲ အလွယ်တကူ ထည့်ချင်တာနဲ ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ဘဲ စစ်ရေးကျွမ်းကျင်သူတွေကို ကမန်းကတန်း လှမ်းပြီး အင်တာဗျူးလိုက်ရင် မြန်မာတပ်မတော်ရဲ့ လုံခြုံရေးဆိုင်ရာပေါ်လစီကို မှားယွင်းစွာ သုံးသပ်မိကုန်ကြသတဲ့။ သူတို့မှာ ဘာ ပေါ်လစီမှ မရှိဘူး ရမ်းသမ်း လုပ်နေကြတာသာဖြစ်တယ်။ သူတို့ပေါ်လစီအမှန်က ပေါတာကြီးချီးပုံကို စိုးမိုးသူဟာ တပ်မတော်ကိုစိုးမိုးသူ ဖြစ်လာမယ် ဒါပဲ။ ပေါတာကြီးချီးတုံးကို ကိုးကွယ်တာဟာ အာဏာတည်မြဲရေးအတွက် အထိရောက်ဆုံးဖြစ်တယ်။

ဒါကြောင့် သန်းရွှေကြီး နေ့စဉ်သွားတဲ့ဝမ်းကို သူ့ရဲ့ဆရာဝန်ကိုယ်တိုင် လက်နဲ့ချေပြီး စမ်းသပ်ရတယ်။ ဒီနေ့ပျော့တယ်။ မနေ့က မာတယ်။ ဒီတော့ ဘာဆေးကို သောက်ရမယ်။ ဒါ့အပြင် ချီးတွေကို၊ ဖန်ဗူးထဲထည့်ပြီး ဓါတ်ခွဲခန်းမှာ တံဆိပ်ရိုက်ပြီး စနစ်တကျ မှတ်တမ်းတင်ထားတယ်။ ဒီလို မှတ်တမ်းတင်လာလိုက်တာ သူအာဏာရလာတဲ့ အချိန်က စတယ်။

ပေါတာကြီးက ခိုးဝှက်စားတာတွေ များလာတဲ့အတွက် အီးတွေဟာလည်း အရမ်းကို များလာတယ်။

အခုဆိုရင် လျှို့ဝှက်အဆောက်အဦတခု တည်ဆောက်ပြီး သိမ်းဆည်း မှတ်တမ်းတင်ကြ တယ်လို့ သိရတယ်။ အီးတုံးတတုံး အပျောက်မခံနိင် ဖြစ်နေကြတယ်။ သူ့အီးတုံးကို အမေရိကန်ရသွားရင် ဓါတ်ခွဲစမ်းသပ်မယ်။ စမ်းသပ်လိုက်ရင် သူ့အားနည်းချက်ကို သိသွားမယ်။ ဒါဆိုရင် ပြည်ပက ခြိမ်းခြောက်မှုကို နေပြည်တော်က ခံလာရနိင်ဖွယ်ရှိတယ်လို့ အခြောက်တိုက် စိုးရိမ်နေကြသတဲ့။

ဒါကို တချို့က မသိတော့ နျှူကလီးယား ထုတ်နေတယ်လို့ ထင်နေကြတယ်။ တကယ်က သန်းရွှေမစင်တွေမျှသာ ဖြစ်တယ်။

သူ့မစင်တွေကို သိမ်းဆည်းထားတဲ့ ဓါတ်ခွဲခန်းအ၀မှာတော့ ကန့်သတ်နယ်မြေ၊ အပြင်လူ မ၀င်ရလို့ အရိုးခေါင်း၊ ကြက်ခြေခတ် တံဆိပ် ခတ်ထားတယ်။ တပ်ရင်းတရင်း စောင့်ကြပ် တာဝန်ချထားပါတယ်။ မြန်မာပြည်မှာ လုံခြုံရေးအထူထပ်ဆုံးနေရာကတော့ သန်းရွှေအိမ်ပြီးရင် သူ့မစင်ထားတဲ့ အဆောက်အဦဖြစ်ပါတယ်။

လုံခြုံရေးကို အလေးထားတဲ့အနေနဲ့ မစင်ပုံကို စောင့်ရတဲ့ အစောင့်ကို စမတ်ကျကျ တပ်ဆင်ပေးထားတယ်။ အီကွစ်မင့်၊ လက်နက် တိုရှည်၊ ဖိနပ်အကောင်းစား၊ ယူနီဖေါင်း အသစ်၊ စကားပြောစက်၊ သန်းရွေကြီး အရူးထတိုင်း တပ်ဆင်ထားတယ်။ ဒီစစ်သားတွေက ကြည့်လို့တော့ ကောင်းပေမယ့် ဥရောပအလယ်ခေတ်က ချပ်ဝတ်တန်ဆာတွေမျိုးစုံ တပ်ဆင်ထားတဲ့ သူရဲကောင်းတွေလို ဖြစ်နေတယ်။ ဇီးရှိတဲ့ ဆိတ်မလို လေးလံနေတယ်။

ဒါကြောင့် မြင်းသေးသေး၊ လူသေးသေး၊ လေးမြှားနဲ့ ဓါးတိုတချောင်းသာ တပ်ဆင်ထားတဲ့ ဂျင်ဂျစ်ခန်တပ်က စစ်သားတွေနဲ့ တွေ့တော့ ဥရောပအလယ်ခေတ်သူရဲကောင်းတွေဟာ ဖိနပ်နဲ့ တင်ပါး တသားတည်းကျအောင် ထွက်ပြေးကြရသလို ဖြစ်နေတယ်။

ဒါကို ဉာဏ်တစက်မှမရှိတဲ့ စစ်ဗိုလ်တချို့က ကျောင်းဆင်းကာစဆိုရင် လုံခြုံရေးတပ်ခွဲမှုး သိပ်ဖြစ်ချင်နေကြသတဲ့။ ချီးပုံကို စောင့်ရမှာကို သူတို့ခမျာ မသိရှာကြပေဘူး။

ပေါတာကြီးကျန်းမာရေးဟာ သူတို့အတွက် အသက်သွေးကြောတမျှ ဖြစ်လာတဲ့အတွက် ကျော်ဆန်းရဲ့အလုပ်က ပေါတာကြီးကျန်းမာရေးကောင်းကြောင်း၊ လမ်းလျှောက်နိုင်ကြောင်း၊ စကားပြောနိင်ကြောင်းကို သတင်းစာ၊ တယ်လီဗေရှင်းနဲ့ ရေဒီယိုကနေ ၀ါဒဖြန့်ပေးနေရတယ်။

ဒါ့အပြင် ပေါတာကြီးကျန်းမာနေဖို့အတွက် ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ သူတို့ စဉ်းစားကြတယ်။ ဦးနေ၀င်းက သူအသက်ရှည်ဖို့အတွက် အင်္ဂလန်ကိုသွားပြီး သွေး ပုံမှန် လဲပေးရတယ်။ လူငယ်တွေရဲ့ သွေးတွေကို သွင်းတယ်လို့ မှတ်တမ်းတွေ့တယ်။ ပေါတာကြီးကိုလည်း လူငယ်တွေ သွေးကိုသွင်းဖို့ လိုလာတယ်။ မြန်မာပြည်ကသွေးတွေကို သွင်းရင် လူ ၁၀၀ မှာ ၃၀ က အေအိုင်ဒီအက်စ် ဖြစ်နေတယ်။ မတော်တဆ အေအိုင်ဒီအက်စ်ပိုးက တပ်ရှုပ်ကြီးထဲ ၀င်သွားရင် ကျော်မကောင်း ကြားမကောင်းဖြစ်မယ်။ မြန်မာပြည်ကလူငယ်တွေသွေးကို သွင်းဖို့ အကြံ လက်လျော့လိုက်ကြတယ်။

နိင်ငံခြားမှာသွားပြီး သွေးသွင်းရင်ရော၊ ပြသနာက အမေရိကန်နဲ့ အနောက်နိင်ငံတွေက သူတို့  တဖွဲ့လုံးကို "ဗီဇာ" ပိတ်ထားတယ်။ ဒီကြားထဲ နယ်သာလန်နိင်ငံ "သည်ဟိတ်"မြို့က နိင်ငံတကာတရားရုံးမှာ ဒီမိုကရေစီအင်အားစုတွေက အမှုဖွင့်ပြီး တရားစွဲဖို့လုပ်နေတယ်။ အနောက်တိုင်းကို သွားဖို့ မဖြစ်နိင်။ စင်္ကာပူကလည်း စိတ်မချရ။

ဒီတော့ လူငယ်လေးလို ကျန်းမာသန်စွမ်းနေဖို့အတွက်ဆိုရင် အဖြစ်နိုင်ဆုံးတခုကို သူတို့ သွား တွေ့တယ်။ ဒါကတော့ ပေါတာကြီးကို တရုတ်ပြည်ကလာတဲ့ "နို့မှုန့်" တိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ မြန်မြန် ကျန်းမာဖို့အတွက် တနေ့ကို ကလေးနို့မှုန့် မနက် တဂါလံ၊ နေ့လည် တဂါလံ၊ ညအိပ်ရာဝင်ခါနီး တဂါလံ တိုက်ဖို့ အစိုးရ၀န်ကြီးများအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ ပေါတာကြီးဟာ တနေ့ကို နို့မှုန့် ဖျော်ပြီးသား သုံးဂါလံ သောက်ရတော့တယ်။ သောက်ရုံတင်မကဘူး။ ခြေဆုံးခေါင်းဆုံးလည်း လိမ်းပေးတယ်။

မောင်သောင်းက အာချောင်လိုက်တဲ့အတွက် ပေါတာကြီးဟာ သောက်လည်း သောက်၊ လိမ်းလည်းလိမ်း လုပ်လိုက်ရတယ်။

နို့မှုန့်တွေ သောက်၊ နို့မှုန့်တွေ လိမ်းထားတဲ့ ပေါတာကြီးဟာ ကလေးမသာလို ဖြစ်နေတော့တာပေါ့။ နာဂစ်မုန်တိုင်းဖြစ်တော့ ကလေးတွေကိုပေးလိုက်တဲ့ နို့မှုန့်တွေကိုလည်း ပေါတာကြီးက ငါ့ဖို့ ဆိုပြီး သိမ်းလိုက်သေးသတဲ့။

"Made in China" ဖြစ်သွားခြင်း

ပြသနာတက်ချင်တော့ တရုတ်နို့မှုန့်တွေမှာ မယ်လမင်းလို့ခေါ်တဲ့ ပလပ်စတစ်ပန်းကန်တွေကို လုပ်ရင် အဓိက သုံးရတဲ့ ဓါတုအမှုန့်တွေပါနေတယ်။ ကလေးနို့မှုန့်တွေကို မဟားဒယား သောက်ထားတဲ့ သန်းရွှေကြီးဟာ အီးအီး ပါလို့မရ၊ ရှုးရူးပေါက်လို့မရ ဖြစ်သွားတော့သတဲ့။ အီးအီးမပါနိုင်လို့ ၀က်တကောင်လို နေ့စဉ် အော်ဟစ်နေရသတဲ့။ နေပြည်တော်က ၀န်ထမ်းတွေဆိုရင် ၀က်ပေါ်နေတယ်တောင် ထင်ကြတယ်။

"တယောက်စကား၊ တယောက်နား" ဆိုသလို ပေါတာကြီး အီးအီးမပါနိင်တဲ့သတင်းက နေပြည်တော်မှာ ပျံ့နှံ့စ ပြုနေတယ်။

ဒါကြောင့် ပေါတာကြီးကို ရန်ကုန်ကိုခေါ်လာပြီး ဆေးရုံတင်ကြတယ်။ ဗိုက်ကို ဓါတ်မှန် ရိုက်ကြည့်လိုက်တဲ့အခါမှာတော့ ပန်းကန်လုပ်တဲ့ မယ်လမင်း ဓါတုဗေဒ အမှုန့်တွေက အစွမ်းသတ္တိတွေပြပြီး ပန်းကန်ပြားတွေတောင် ဖြစ်နေတယ်။ ပန်းကန်ပြားမှ ၉ ချပ် တိတိ ဖင်ဝမှာ ပိတ်ဆို့နေကြောင်း တွေ့ရသတဲ့။ ဒါအပြင် ပန်းကန်တွေမှာ - "Made in China" - လို့တောင် စာတန်းရေးပြီးသား ဖြစ်နေသတဲ့။

ဆေးဓါတ်မှန်ကို ကြည့် ပြီး "Made in China" ဆိုတဲ့ ဖင်ဝကစာတန်းကို တွေ့လိုက်တော့ ပေါတာကြီးဟာ- '' ဟာ … ငါ မိတ်အင် ချိုင်းနားဖြစ်သွားပြီ '' လို့ အလန့် တကြားအော်လိုက်ရင်း မေ့လဲသွားလေတော့သတည်း။

ပေါတာကြီးကို နှာနပ် ယူရခြင်း

အမြှူပ်တစီစီဖြစ်နေတဲ့ ပေါတာကြီးကိုကြည်ရင်း၊ သူတို့အားလုံး မျက်လုံးပြူး၊ မျက်ဆန်ပြူး ဖြစ်နေကြတယ်။ သူတို့အားလုံး ခေါင်းနားပန်းကြီးသွားကြတယ်။ တရုပ်နို့မှုန့်တွေကြောင့်လို့ ပေါတာကြီးသိသွားရင် သူတို့ခေါင်းနဲ့ကိုယ် အိုးစားကွဲမယ် မဟုတ်ပါလား။ ဒါကြောင့် မေ့လဲသွားတဲ့ ပေါတာကြီးကို နှာနပ်ကြတယ်။ စိတ်သက်သာရာသက်သာကြောင်း ၀ိုင်းပြောကြသတဲ့။

မောင်သောင်းက

"တပ်ရှုပ်ကြီးရယ် စိတ်မပူပါနဲ့။ "မိတ်အင်ချိုင်းနား"ဖြစ်တာ တပ်ချုပ်ကြီး တယောက်ထဲ မဟုတ်ပါဘူး၊ အမေရိကန်အလံတောင် မိတ်အင်ချိုင်နားဖြစ်နေပါပြီ …"

ရွှေမန်းက

"ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကိုသာ ဖန်တီးခဲ့တာပါ။ တရုတ်ကမှ တကမ္ဘာလုံးကို ဘာပစ္စည်းကိုမဆို ဖန်တီးနေပါပြီ …"

လို့ အားပေးတယ်။

"အခု တို့တပ်ရှုပ်ကြီး "မိတ်အင် ချိုင်းနား" ဖြစ်နေတော့ရော ဘာအရေးစိုက်စရာလဲ။ တရုတ်-မြန်မာ ချစ်ကြည်ရေးတောင် ခိုင်မာစေတာပဲ ခင်ဗျ …"

လို့  ကြံဖန် ဂုဏ်ယူလိုက်တယ်။

ပေါတာကြီးကတော့ မပျော်နိင်ဘူးပေါ့။ သူ့ဖင်ဝက "မိတ်အင်ချိုင်းနား" စာတန်းကိုပဲ မြင်နေသတဲ့။

"ကျနော်တို့ကတော့ မိတ်အင်ချိုင်းနားဖြစ်လည်း ဘာဖြစ်လဲ … အလေးပြုနေမှာပဲ၊ ကိုးကွယ်နေမှာပဲ …" လို့  မောင်အေးက ပြောတယ်။

"ရော့ ဝီစကီလေးတခွက် မော့လိုက် …"

မောင်အေးပေးတဲ့ ၀ီစကီတခွက် မော့လိုက်တော့ ပေါတာကြီးဟာ နေသာထိုင်သာ နည်းနည်းဖြစ်လာတယ်။ အစည်းအဝေးကိုရပ်ပြီး လူစု ခွဲလိုက်တယ်။ ပေါတာကြီးလည်း စိတ်ပြေလက်ပျောက် နေပြည်တော်ဈေးကို သွားတယ်။

ဒါပေမဲ့ ဈေးထဲ သွားရင် ပေါတာကြီး မလုံမလဲ ဖြစ်နေသတဲ့။ ဘာပစ္စည်း ကိုင်လိုက် ကိုင်လိုက် မိတ်အင်ချိုင်းနား ဖြစ်နေတာကိုး။ သူဖင်ဝကို မသိမသာ စမ်းမိတယ်။ ဈေးသည်က "လာနော် … မိတ်အင်ချိုင်းနားတွေ ရမယ် …" လို့ အော်ဟစ်ရောင်းတာကိုက သူ့ကို ပုန်ကန်နေတယ်လို့ ဒေါသထွက်နေတယ်။

ပေါတာကြီးလည်း စင်္ကာပူကိုဆေးကုဖို့ နိင်ငံတော်ဧည့်သည်အဖြစ် ဖိတ်ပါလို့  စင်္ကပူအစိုးရကို မေတ္တာရပ်ခံတယ်။ ဒါပေမဲ့ စင်္ကာပူက ငြင်းတယ်။ စင်္ကာပူအစိုးရက လုံခြုံရေး တာဝန်မယူနိင်လို့ ငြင်းတာ မဟုတ်ဘူးတဲ့။ တကယ်က ရောဂါကိုတော့ ကုပေးလို့ ရပေမယ့်၊ မိတ်အင်ချိုင်းနား ဆိုတဲ့ စာတန်းကိုတော့ သူတို့ ဖျက်ခွင့်မရှိဘူး တဲ။့ နိင်ငံတကာ ကုန်သွယ်ရေး သဘောတူညီချက် အရ "Country of Origin" ကို ဖြုတ်ခွင့်မရှိလို့ပါ ဆိုပြီး အကြောင်းပြန်လို့ ဆိုပဲ။

ပေါတာကြီးလည်း အလွန် စိတ်ဓါတ် ကျဆင်းသွားတော့တယ်။

သတင်းစာရှင်းလင်းပွဲ လုပ်ကြခြင်း

အောင်သောင်းတို့ လူသိုက်လည်း ကြံရာမရ ဖြစ်နေကြတယ်။ တပ်ရှုပ်ကြီးဖင်ဝမှာ တရုတ်ပန်းကန် ၉ ချပ်ပိတ်နေတဲ့ သတင်းကို လိုက်ဖုံးပေမဲ့ ရှေ့ကဖုံး၊ နောက်ကပေါ် ဖြစ်နေတယ်။

အောင်သောင်းကတော့ ဒီသတင်းကို ပြန့်လို့ မဖြစ်ဘူး။ ဒါဟာ နိုင်ငံတော်လျို့ဝှက်ချက် ဖြစ်တယ်လို့ ဆိုတယ်။

ဒါပေမဲ့ ကျော်ဆန်းက - နေပြည်တောာ်မှာ ၀န်းထမ်းတချို့ ရိပ်မိကုန်ပြီ၊ အင်တာနက်တွေ၊ ဘလောက်တွေမှာလည်း တပ်ရှုပ်ကြီး "ချာမပီးနိုင်တဲ့ကိစ္စ"က ရေးနေကြတယ်။ ကျနော်တို့ တခုခုတော့ ဖြေရှင်းချက်ပေးရင် ကောင်းမယ်လို့  ကျော်ဆန်းက ပြောတယ်။

ဒါနဲ့ အောင်သောင်း၊ ကျော်ဆန်း၊ မြင့်ဆွေ၊ ခင်ရီတို့ ဦးဆောင်ပြီး တပ်မှူးးကြီးများ အရေးပေါ် အစည်းဝေးခေါ်ယူပြီး တပ်ရှုပ်ကြီး ချာမပီးနိုင်တာဟာ စီအိုင်အေနဲ့ ပြည်တွင်း၊ ပြည်ပက အဖျက်သမားတွေ လက်ချက်ဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာလုပ်တယ်။ သံတမန်တွေနဲ့ ပြည်တွင်းပြည်ပက သတင်းစာသမားတွေကို ဖိတ်လိုက်တယ်။ ကျော်ဆန်းက ဧရာမ ဇယားကွက်ကြီးတခုကိုဆွဲထားရင်း စီအိုင်အေ၊ ကွန်မြူနစ်၊ ကေအင်ယူ၊ အန်အဲလ်ဒီ၊ အေဘီအက်စ်ဒီအကဖ် ၊ လူအိုရုံ၊ မိခင်နဲ့ ကလေးစောင့်ရှောက်ရေးအဖွဲ့၊ နေ့ကလေးထိမ်းကျောင်းတွေကပါမကျန် စီအိုင်အေက ၀င်ရောက် ထိုးဖောက်ပြီး နိင်ငံတော်ကိုလုပ်ကြံရန် ကြံစည်နေကြောင်းကို ဖေါ်ထုတ်လိုက်တယ်။

သောင်းကျန်းသူတွေရဲ့ ဆက်သွယ်ပုံကို ဇယားကွက်နဲ့ အဆင့်ဆင့် မျဉ်း ဆွဲလာတယ်။ မျဉ်းကြောင်းကိုတော့ တပ်ရှုပ်ကြီးဖင်ဝမှာ အဆုံးသတ်ထားပါတယ်။

စီအိုင်အေနဲ့ ပြည်တွင်း၊ပြည်ပအဖျက်သမားတွေ ဆက်သွယ်ပုံ၊ ကွင်းဆက်တွေကို ဇယားကွက်ကြီးနဲ့ ရေးဆွဲပြသတယ်။ ကျော်ဆန်း တုတ်တချောင်းနဲ့ ဟိုထောက်၊ ဒီထောက်လုပ်၊ လျှောက်ဖြီးနေပါတော့တယ်။

ဒါပေမဲ့ အကြောင်းသိတဲ့ ပေါတာကြီးကတော့ ကရင်စကားနဲ့ ပြောရရင် လက်ကုန် စိတ်ဆိုးနေပြီ။ သူ အီးမပါနိင်ဖြစ်သွားရတာ၊ ဒီ ခွေးမသားတွေကြောင့်ကိုး။ တနေ့ တနေ့ အီးမပါနိင်တဲ့အတွက် အရမ်းကို စိတ်ဆိုးပြီး ဘယ်သူနှယ့်မှလည်း အတွေ့မခံဘူး။

ဘယ်လူထု အခမ်းအနားတွေ၊ သံတမန်တွေနဲ့၊ ကျောင်းဆင်းပွဲတွေမှာ စကားတောင် မပြောနိုင်ဘူး ဖြစ်နေသတဲ့ ။အဆိုးဆုံးကတော့ လမ်းလျှောက်လို့ မရ ၊ စကားပြောလို့ မရဖြစ်နေတယ်။

သူတို့ထဲမှာ ဉာဏ် နည်းနည်းရှိတဲ့ သိန်းစိန်ကတော့ အီးပါအောင်လုပ်ဖို့က လွယ်ကြောင်း၊ "ဂြိုလ်တု ၀မ်းနှုတ်ဆေး" သုံးထုတ်လောက် တိုက်လိုက်ပါက အီး တင်မက အသက်ပါ ထွက်နိုင်ကြောင်း အကြံပေးခဲ့ပါတယ်။

ဒါပေမဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီး မောင်သောင်းက ပေါတာကြီးအတွက် စိုးရိမ်တဲ့ အမူအယာနဲ့

"ဟာ - ဂြိုလ်တုဝမ်းနှုတ်ဆေး တိုက်လို့ ဘယ်ဖြစ်မတုံး။ စီအိုင်အေ ဂြိုလ်တုဖြစ်နေရင် ဘယ်နှယ့် လုပ်မလဲဗျ …"

"တပ်ချုပ်ကြီး ဘာလုပ်တယ်၊ ဘာပြောတယ် ဆိုတာတွေ အချက်အလက်အသေးစိတ် အမေရိကန် သိကုန်မယ်။ ခင်ဗျား သိပ္ပံနဲ့ နည်းပညာအကြောင်းကို မသိရင် မပြောပါနဲ့"

လို့ ဖမ်း ဟောက်လိုက်တယ်။ သိန်းစိန်လည်း ပြောင်နေတဲ့ထိပ်ကို တချက်သပ်လိုက်ရင်း ဆက်မပြောရဲဘူး ဖြစ်သွားတယ်။

သူတို့ဟာ ထုံးစံအတိုင်းပဲ ဘာဆက်လုပ်ရမှန်း မသိတော့ဘဲ တယောက်တပေါက်နဲ့ အချိန် ကုန် နေကြတယ်။ နိုင်ငံတော်လုံခြုံရေး၊ ဒါဟာ နိင်ငံတော်လုပ်ကြံမှုကြီးလို့ လျှာရိုးမြက်ပေါက် အော်နေကြသတဲ့။

နောက်ဆုံးတော့ မောင်သောင်းကပဲ -

“နည်းပညာတွေ တိုးတက်လာတာကလည်း တပိုင်းပေါ့ တပ်ချုပ်ကြီးခင်ဗျား။ ဈေးသုံးလည်း မလွယ်နဲ့၊ ရှေးထုံးလည်း မပယ်နဲ့။ ကျနော်တို့မြန်မာ့ရိုးရာ အစဉ်အလာရှိပါတယ်။ တပ်ချုပ်ကြီးရဲ့ လိပ်ခဲ တည်းလည်း ဖြစ်နေတဲ့ ၀မ်းပိတ်နေမှုကို ၀မ်းချုပစ်ဖို့ အကြံပေးချင်ပါတယ်။”

ပေါတာကြီးသန်းရွှေက သူ့အကြပ်တည်းကို ဖြေရှင်းပေးတဲ့ မောင်သောင်းကို လေးစားတဲ့အကြည့်နဲ့ ကြည့် နေတယ်။

“ကဲ …ကဲ ကျနော်တို့ တယောက်တလှည့်  နိုင်ငံတော်အကြီးအကဲကို ၀မ်းချုပေးကြပါစို့ '' ဆိုပြီး သူတို့အားလုံးဟာ ဧရာမ ဆပ်ပြာတောင့်ကြီးကို ယူပြီး၊ ပေါတာကြီးဖင်ဝကို ထိုးသွင်းလိုက်ကြလေကုန်သတည်း။



ပေါတာကြီးသန်းရွှေလည်း

"အောင်မလေးဗျ … ရထားဖြစ်ပါတယ် … ရထားဖြစ်ပါတယ် …”

လို့ အော်ဟစ် ငိုကြွေးးနေပုံက ၀က်ပေါ်သလို နေပြည်တော်တခုလုံး ကြားနေရတော့တယ်။

(မှတ်ချက် - “ရထားဖြစ်ပါတယ်” ဆိုတာ။ “ရပါတယ်၊ အဆင်ပြေပါတယ်” ဆိုလိုရင်း။ မြန်မာတပ်မတော် စစ်သုံး စကား။)

( ၁၉၊ ၁၀၊ ၂၀၀၈)


အပြည့်အစုံဖတ်ချင်ရင်...

Tuesday, October 21, 2008

"ဗုံး"




ဘယ်သူခွဲခွဲ သူတို့မကွဲ
သူ့ဖာသာလည်း ကွဲလိုကွဲ
ဘယ်သူခွဲခွဲ သူတို့ကွဲ
ခွဲလို့ကွဲလည်း ကွဲတာပဲ
စစ်အဆိုးရ လှည့်ကွက်လား
အကြမ်းဖက်သမား လက်ချက်လား
ကွဲ...ကွဲ နိုင်လွန်း
ခွဲ...ခွဲ နိုင်လွန်း ။

မဲမဲမြင်တိုင်း ပစ်ချင်နေသူတွေကြားမှာ
ပြည်သူုပြည်သားလည်း ကျီးလန့်စာစား
ဒီမိုသမားလည်း ညည်းချင်းသာပွား ။

တိုင်းပြည်အရေး...နိုင်ငံအရေးကို
ဗုံးပေးခွဲတမ်း ကစားနေကြတော့
သေတဲ့သူလည်း သေကြပေါ့
အစွပ်စွဲခံရသူလည်း ခံရပေါ့ ။

သတ္တိဆိုတာ အတိအကျ သတ်တာကို ခေါ်သလား
စစ်အဆိုးရရဲ့ သတ္တိ
အကြမ်းဖက်သမားရဲ့ သတ္တိ...။

မီးစင်ကြည့်ကြည့်ပြီး 'က' နေရတာ
တယ်...အရသာမရှိလှဘူးကွာ...။ ။

ညိုကြီး


အပြည့်အစုံဖတ်ချင်ရင်...

ကိုမင်းကိုနိုင် ၏ ( ၄၆ ) နှစ်မြောက် မွေးနေ့ အခမ်းအနား ကျင်းပ










၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၏ ( ၄၆ ) နှစ်မြောက် မွေးနေ့ အခမ်းအနား ကို မလေးရှားရောက် မြန်မာလူငယ်များ စုပေါင်းကျင်းပ။

၁၈ ရက် ၊ ၁၀လ ၊ ၂၀၀၈ ခုနှစ်တွင် ကြရောက်သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၏ ( ၄၆ ) နှစ်မြောက် မွေးနေ့ အခမ်းအနားကို ယမန်နေ့ ည ၉း၃၀ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဘူကစ် ဆာဒန်း နယ်မြေရှိ မြန်မာလူငယ်များမှ စုပေါင်း ဂုဏ်ပြု ကျင်းပကြ၍ မလေးရှားရောက် မြန်မာများအပါအဝင် မြန်မာအရေးကို စိတ်ဝင်စားသော ဒေသခံ နိုင်ငံသားများ တက်ရောက်ကြပါသည် ။

အခမ်းအနားကိုဦးဆောင် ကျင်းသည့် လူငယ်များမှ မွေးနေ့ အခမ်းအနားကျင်းပ ပြုလုပ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ၊ အဖွဲ့ အစည်းများမှ ပေးပို့လာသော မွေးနေ့ သဝဏ်လွှာများကိုဖတ်ကြားကာ ၊ အခမ်းအနားသို့ တက်ရောက်လာသည့် မလေးရှားရောက် မြန်မာလူငယ်များမှ မတရားဖမ်းဆီးအကျဉ်းကျခံနေရသော မွေးနေ့ရှင်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အတွက် ဂုဏ်ပြုကဗျာများ ကို ရွတ်ဆို ဂုဏ်ပြု ကြပါသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ တေးသံရှင် ထက်အောင်ရှိုင်းနှင့်အဖွဲ့မှ မွေးနေ့ရှင် ကိုမင်းကိုနိုင် အတွက် ဂုဏ်ပြုရေးဖွဲ့ထားသော တေးသီချင်းများနှင့် သီဆိုဖျော်ဖြေကာ တက်ရောက်လာကြသော လူငယ် များမှ တပျော်တပါး ပူးပေါင်းပါဝင်သီဆိုကြကာ မွေးနေ့ရှင်ကိုယ်စား မွေးနေ့ကိတ်ကိုလှီးဖြတ်၍ မတရားဖမ်းဆီး အကျဉ်းကျခံနေရသော မွေးနေ့ရှင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးလွှတ်မြောက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။

ထို့နောက် ယနေ့ ၁၉ရက် ၊ ၁၀လ ၊ ၂၀၀၈ ရက် တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့်တကွ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြိုရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် လှုဖွယ်ဝတ္ထုများ ဆက်ကပ် လှုဒန်းကာ မွေးနေ့ရှင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ ကွာလာလမ်ပူ မြို့ ဒေသအသီးသီးရှိ မြန်မာလူငယ်များမှ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အတွက် မွေးနေ့ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။


အပြည့်အစုံဖတ်ချင်ရင်...

တွေ့ဆုံဆွေးနွေးဖို့ကလွဲပြီး တခြားနည်းလမ်းမရှိ


မြန်မာ့အရေး တွေ့ဆုံဆွေးနွေးဖို့ကလွဲပြီး တခြားနည်းလမ်းမရှိ - ကုလအတွင်းရေးမှူးချုပ်

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
အတွက် တွေ့ဆုံဆွေးနွေးရေးကလွဲလို့ တခြားနည်းလမ်းမရှိဘူး၊ ဒီအတွက် အဓိကကျတဲ့
အချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေအားလုံး
လွတ်မြောက်ရေးဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
(Ban Ki-moon) က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနဲ့
ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာမှာ အတွင်း
ရေးမှူးချုပ်က အဲဒီလိုပြောထားတာပါ။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထား
ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာထဲမှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး
အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မီးစ် မီရှဲလ် မွန်းတာ့စ် (Michele Montas) က
တနင်္လာနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုးကားပြောကြားသွားပါတယ်။

"ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက စိုးရိမ်တဲ့ကိစ္စတွေနဲ့ မျှော်လင့်ထားတဲ့ကိစ္စ
တွေကို မြန်မာအစိုးရက အဓိပ္ပာယ်ပြည့်ဝတဲ့ တုံ့ပြန်လုပ်ဆောင်မှုတွေ မလုပ်သေးတာ
ဟာ စိတ်ပျက်စရာကိစ္စတခုအဖြစ် ရှိနေဆဲပါ။"

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက မျှော်လင့်ထားတဲ့ကိစ္စတွေက ဘာတွေ
ဆိုတာကို အခုအစီရင်ခံစာထဲမှာ အတွင်းရေးမှူးချုပ်က ရှင်းရှင်းလင်းလင်း ထည့်မပြော
ထားပေမယ့် စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံ
များ ၀န်ကြီးအဆင့် ဆွေးနွေးပွဲအပြီး ထွက်ပေါ်လာတဲ့အချက်တွေကို ရည်ညွှန်းပုံရပါ
တယ်။

အဲဒီအစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ကုလ
သမဂ္ဂနဲ့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့၊ ပိုပြီး အပြုသဘောဆောင်တဲ့
တုံ့ပြန်မှုတွေလုပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေကို
လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံ
တွေက တိုက်တွန်းခဲ့ကြပါတယ်။

အခုချိန်ထိတော့ ဒီအချက်တွေထဲကဆိုရင် နှစ်ရှည်နိုင်ငံရေးအကျဉ်းသား သတင်းစာ
ဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေးအကျဉ်းသားခြောက်ဦး ပြန်လွတ်မြောက်
လာတာကလွဲလို့ ကျန်တဲ့တိုးတက်မှု ဘာမှမရှိသေးပါဘူး။ သူတို့တွေလွတ်လာတာက
လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တိုက်တွန်းတဲ့အတွက် လွှတ်ပေးတာလို့
ကောက်ချက်ချဖို့က ခက်ခဲပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ အဆုံးတနေ့မှာ သက်ဆိုင်ရာအစိုးရနဲ့ ပြည်သူလူထုအပေါ်
မှာသာ မူတည်တယ်ဆိုတာကို အတွင်းရေးမှူးချုပ်က အလေးထားဖော်ပြခဲ့ပေမယ့်
မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကိုလည်း ထပ်ပြီး အတည်ပြုပြောကြားခဲ့ပါ
တယ်။ ဒါနဲ့ပတ်သက်ပြီး မီရှဲလ် မွန်းတာ့စ်က …

"ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍက တွေ့ဆုံဆွေးနွေးရေးကတဆင့် အားလုံးသဘောတူ
လက်ခံနိုင်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်တရပ်ဆီ ရှေးရှုပြီး အတူတကွ လုပ်ဆောင်သွားနိုင်ဖို့ရာ သက်ဆိုင်သူ
အားလုံးရဲ့ ရပ်တည်ချက်တွေက ဘာတွေဆိုတာ ရှာဖွေဖို့နဲ့ ကြားဝင်ညှိနှိုင်းပေးဖို့ ဖြစ်ပါ
တယ်။"

တိုင်းပြည်ရဲ့အနာဂတ်အတွက် သက်ဆိုင်သူအားလုံး ပါဝင်လုပ်ဆောင်နိုင်ဖို့မှာ တွေ့ဆုံ
ဆွေးနွေးရေးကလွဲလို့ တခြားနည်းလမ်း မရှိဘူးဆိုတာကိုလည်း အတွင်းရေးမှူးချုပ်က
ထည့်သွင်းပြောကြားထားပါတယ်။ ဒါ့အပြင် အကျဉ်းချထားသူတွေကို လွှတ်ပေးဖို့လည်း
အတွင်းရေးမှူးချုပ်က ထပ်ပြီး တိုက်တွန်းခဲ့ပါသေးတယ်။

"ပိုပြီးကောင်းမွန်တဲ့၊ အားလုံးပါဝင်တဲ့၊ ခြေခြေမြစ်မြစ်ရှိပြီး ထိရောက်တဲ့၊ အချိန်ကာလ
ကန့်သတ်ချက်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်စတင်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်း
စုကြည်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးရေးဟာ အဓိက
ကျတယ်လို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။"

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ မီရှဲလ် မွန်းတာ့စ်က
ကုလသမဂ္ဂ အထွေထွေညီလာခံကို ဘန်ကီမွန်းတင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်
အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာပါ အချက်တွေကို ပြောသွားတာပါ။

မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
ဆိုင်ရာတွေကို ပြောဆိုကြတိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဆိုတာ
မပါမဖြစ် ကိစ္စတခုပါ။ ဒါ့ကြောင့်လည်း ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား
သူတွေသာမက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ထပ်ခါတလဲလဲ
တောင်းဆိုနေကြတာပါ။ ဒါပေမယ့် မြန်မာအစိုးရကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး
အကျဉ်းသားမရှိဘူးလို့ တွင်တွင်ပြောဆိုနေပြီး အနည်းအကျဉ်း လွှတ်ပေးတဲ့သူတွေ
ဟာလည်း သူတို့ကျခံရတဲ့ ထောင်ဒဏ် ပြည့်ပြီးရုံသာမက ကျော်လွန်နေသူတွေ
ဖြစ်တာများပါတယ်။ ဒါ့ကြောင့်လည်း မြန်မာအစိုးရဟာ အကျဉ်းသားတွေကို ပြန်ပေး
ဆွဲထားသလို ပြုမူလုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ပြစ်တင်
ဝေဖန်ကြပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း မြန်မာနိုင်ငံအရေးကိစ္စအတွက်
တိုက်တွန်းတောင်းဆိုတာတွေ မကြာခဏ လုပ်လေ့ရှိသလို အနောက်နိုင်ငံတွေကဆိုရင်
စီးပွားရေးအရ ဒဏ်ခတ်အရေးယူတာတွေ ချမှတ်ထားပေမယ့် နိုင်ငံအသီးသီးက
သဘောထားအမျိုးမျိုးနဲ့ ရပ်တည်လုပ်ဆောင်နေတာကြောင့် ထိရောက်မှုကတော့
နည်းပါးလှပါတယ်။

ဒါ့ကြောင့်လည်း မြန်မာ့အရေးကိစ္စမှာ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့လို အိမ်နီးချင်းနိုင်ငံတွေ၊
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ဝင် နိုင်ငံတွေရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါတယ်
ဆိုတာကို မြန်မာ့အရေး စောင့်ကြည့်လေ့လာသူတွေက မကြာခဏ သုံးသပ်ပြောဆိုလေ့
ရှိပါတယ်။
မြန်မာအစိုးရကတော့ ချမှတ်ထားတဲ့ နိုင်ငံရေးလုပ်ငန်းလမ်းစဉ် ၇ ရပ်အတိုင်း
ဆက်သွားမယ်လို့ အခိုင်အမာပြောဆိုထားပြီး ပဉ္စမအဆင့်ဖြစ်တဲ့ အထွေထွေ
ရွေးကောက်ပွဲတွေကို ၂၀၁၀ ပြည့်နှစ်မှာ ကျင်းပဖို့တောင်မှ ကြေညာထားပြီးသားပါ။
ဒီရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ လိုအပ်တဲ့ အခြေခံဥပဒေကိုလည်း ပြီးခဲ့တဲ့မေလ
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးကာစ ရက်ပိုင်းမှာပဲ လူထုဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုခဲ့
ပါတယ်။ ဒီအခြေအနေမှာ မြန်မာ့အရေးအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်း
အ၀ိုင်းရဲ့ ၀င်ရောက်လုပ်ဆောင်နိုင်မှု အတိုင်းအတာနဲ့ ထိရောက်မှုတွေအပေါ် မေးခွန်း
ထုတ် ဝေဖန်တာတွေလည်း ထွက်ပေါ်နေပါတယ်။


အပြည့်အစုံဖတ်ချင်ရင်...

ကေအန်ယူ၏ ပထမဆုံး အမျိုးသမီးအတွင်းရေးမှူးအဖြစ် နောစီဖိုးရာစိန် အရွေးခံရ



NEJ/ ၂၀ အောက်တိုဘာ ၂၀၀၈

နှစ် (၆၀) သက်တမ်းရှိပြီဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့၏ အထွေထွေအတွင်းရေးမှူးနေရာတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတဦးအား မကြာခင်က ကျင်းပ ပြီးစီးခဲ့သည့် ကရင်အမျိုးသားကွန်ဂရက်မှ ရွှေးချယ်တင်မြှောက်လိုက်သည်။

နော်စီဖိုးရာစိန်သည် လက်ရှိ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘော၏ သမီးဖြစ်ပြီး အစ်ကိုနှစ်ဦးအနက် တဦးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးချုပ် ဗိုလ်ချုပ်စောဘိလစိန်ဖြစ်ကာ ကျန်တဦးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၂) တောင်ငူခရိုင်၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောအားစီ ခေါ် မဲအေစိန်ဖြစ်သည်။

ယခုကဲ့သို့ နိုင်ငံရေး၊ စစ်ရေးကဏ္ဍများကို အဓိကတာဝန်ယူရသည့် ကရင်အမျိုးသားအစည်းအရုံး၏ အထွေ ထွေအတွင်းရေးမှူးအဖြစ် နော်စီဖိုးရာစိန်အား ရွှေးချယ်ခြင်းနှင့်ပတ်သက်၍ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာ စင်သီယာမောင်က “ ဒီ (၁၄) ကြိမ်မြောက် ကွန်ဂရက်မှာ ကိုယ်စားလှယ်အားလုံးရဲ့ ယုံကြည်မှုအရ ရွှေးချယ်တင်မြှောက်ခံရတာဖြစ်တယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်ရေး၊ တိုင်းရင်းသားအရေးသာမကဘဲ မြန်မာ့အရေးကိုပါ ဦးဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်တယောက်အဖြစ် ယုံကြည်လို့ တာဝန်ပေးအပ်ခြင်းခံရတာ ဖြစ်တယ်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ မှန်ကန်တဲ့ ရပ်တည်ချက်၊ ပြတ်သားတဲ့မူဝါဒအပေါ်မှာ ဦးဆောင်မှုအခန်းကဏ္ဍပေးနိုင်မယ်ဆိုရင် ဘယ်သူမဆို ခေါင်းဆောင်ဖြစ်နိုင်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အထွေထွေအတွင်းရေးမှူးအဖြစ် ရွှေးချယ်ခြင်းခံရသူ နော်စီဖိုးရာစိန်သည် လက်ရှိ ကရင်အမျိုးသမီးအစည်းအ ရုံး၏ အထွေထွေအတွင်းရေးမူးလည်း ဖြစ်သည်။ ယခင်က ကရင်တော်လှန်ရေးနယ်မြေတွင် ကျောင်းဆရာမတဦး ဖြစ်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းလိုက်သည့် ကရင်အမျိုးသမီးအစည်းအရုံး (ကေဒဗလျူအို) အဖွဲ့တွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး အဖွဲ့၏အတွင်းရေးမှူးအဖြစ် တာဝန်ယူလာခဲ့သည်မှာ (၈) နှစ်သက်တမ်းရှိပြီးဖြစ်သည်။

၁၉၉၅ ခုနှစ် ကရင်အမျိုးသားအစည်းအရုံး မာနယ်ပလောဌာနချုပ်ကျဆုံးပြီးနောက် မယ်ရာမို ဒုက္ခသည် စခန်းသို့ ရောက်ရှိလာပြီး ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့တခုကို ဖွဲ့စည်းခဲ့ရာ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ထို့နောက် လက်ရှိလုပ်ငန်းကို ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ၁၉၉၉ တွင် ကျောင်းဆရာမတာဝန်မှ ထွက်ပြီး ကရင်အမျိုးသမီးအစည်းအရုံးအဖွဲ့တွင် ၀င်ရောက်တာဝန်ယူခဲ့သည်။

ကေဒဗလျူအို အဖွဲ့သည် အမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးကိစ္စများကို နှစ်ပေါင်းများစွာ လုပ်ဆောင်လာခဲ့ပြီး ကရင်အမျိုးသမီးများအပေါ် မြန်မာစစ်အစိုးရတပ်များ၏ အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အစီရင်ခံစာနှစ်စောင် ထုတ်ပြန်နိုင်ခဲ့သည်။

ကရင်အမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၏ ဦးဆောင်ကြိုးပမ်းမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံအခြေစိုက် လူမှုအဖွဲ့အစည်းတခုဖြစ်သည့် The United Nations Association of the National Capital Area (UNANCA) အဖွဲ့မှ ၂၀၀၇ ခုနှစ်အတွက် ပါဒီတာဟူစ်တန် လူ့အခွင့်အရေးဆုကို ချီးမြှင့်ခြင်းခံရသည်။ အဆိုပါလူ့အခွင့်ရေးဆုမှာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားခဲ့သူ အမေရိကန်စာရေးဆရာမ ပါဒီတာဟူစ်တန်ကို ဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် UNANCA အဖွဲ့မှ ၂၀၀၂ ခုနှစ်မှစ၍ ပေးအပ်လာခဲ့ပြီး (၅) ကြိမ်မြောက်တွင် နော်စီဖိုးရာစိန် ရွှေးချယ်ချီးမြှင့်ခံရခြင်းဖြစ်သည်။

ယခုကျင်းပပြီးစီးသွားသည့် (၁၄) ကြိမ်မြောက် ကွန်ဂရက်တွင် မူဝါဒရေးရာကိစ္စနှင့် ပတ်သက်၍ ပြောင်းလဲမှု မရှိဘဲ စစ်ရေးနှင့်ပတ်သက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ လက်ရှိ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး မူတူးစေးဖိုးက ဆက်လက် တာဝန်ယူသွားမည်ဖြစ်သည်။


အပြည့်အစုံဖတ်ချင်ရင်...

Sunday, October 19, 2008

ကျားရဲ(ဦးဝင်းတင်၏ထောင်တွင်းခံစားမှုကဗျာ)

နေပြင်းလျှင်

နှင်းမှုန်လည်း

စွေ့စွေ့ခုန် အိုက်လိုအိုက်

ခိုက်ခိုက်တုန် ချမ်းလိုချမ်း

အခန်းကျဉ်းကျဉ်း

အလင်းမ၀င် ….. လေမ၀င်

နေမမြင် ….. လမမြင်

လူမမြင် ….. သူမမြင်မှာ

ထိုင်လျှင်ထိုင် ….. မထိုင်လျှင်ငေး

အိပ်လျှင်အိပ် ….. မအိပ်လျှင်တွေး

သတင်းမေးဖို့ဝေးရော ….. သီချင်းလေးမှ မဆိုရ

စါဖတ်ဖို့ ဝေးရော…..ကဗျာလေးမှ မစပ်ရ

တရားဟောဖို့ ဝေးရော ….. စကားလေးမှ မပြောရ

အဟောသိက ….. သံသရာ

ငါ့ကမ္ဘာ ပိစိကွေး

အခန်းကျဉ်းကလေး ….. ပတ်လျှောက်လိုက်

သံတခါးဝ ….. ရပ်လိုက်

တမတ်တပ်တပ် ….. တနေကုန်။ ။

မနေ့ ကလည်း ….. တနေကုန်

ဒီနေ့ လည်း…..တနေကုန်

မနက်ဖြန်လည်း ….. ကုန်အုံးမယ်

ကုန်….. ကုန်….. ကုန်….

ကုန်ချင်သလောက်ကုန်စမ်း..

တရက်ကုန်မလား ….. တသက်ကုန်မလား

တလကုန်မလား ….. တဘ၀ကုန် မလား

တနှစ်ကုန်မလား ….. တခေတ်ကုန်မလား

အားမလျှော့ဘူး ….. မပျော့ဘူး

ပေဖြစ်တော့ခံမယ် ..… တူုဖြစ်တော့ နှံမယ်

အမှန်တရား ….. တို့ဖက်မှာရှိတယ်

ပြည်သူအများ ….. တို့ဖက်မှာရှိတယ်

ကာလယန္တား ….. တို့ဖက်မှာရှိတယ်

ရှင်တော်ဘုရား ….. တို့ဖက်မှာရှိတယ်

သိကြရဲ့လား။ ။

တိရိစ္ဆာန်ရုံ က ကျားလို ..… လှောင်အိမ်ထဲမှာ

တလွန့်လွန့်နဲ့ 

ကျားညွန့်တုံးမယ် ထင်နေသလား …

မှားလိုက်တဲ့အမြင် ..… ဟားတိုက်လို့ ရီချင်စရာ။ ။

မှတ်ထားဟေ့….

အ၀ါပေါ်မှာ … အနက်စင်း…

မပျက်မယွင်း …. ကွက်ကွက်ကွင်း …

အရှင်းသား မလွဲသရွေ့

အထင်းသားစွဲ သရွေ့

ကျားရဲဟာ ကျားရဲ

ငါလည်း….

အဲဒီလိုပဲကွ….. ဟေ။ ။
[ ဦးဝင်းတင် (ဟံသာဝတီ) ထောင်ထဲတွင်ရေးဖွဲ့ခဲ့သောကဗျာ ]


အပြည့်အစုံဖတ်ချင်ရင်...

Thursday, October 16, 2008

GW၏သတင်းထုတ်ပြန်ကြေငြာချက်

အပြည့်အစုံဖတ်ချင်ရင်...

Wednesday, October 15, 2008

မဆုံးသေးသည့်နောက်ဆုံးအိမ်မက်(၂)(ရွက်စိမ်း)

မဆုံးသေးသည့်နောက်ဆုံးအိမ်မက်(၂)(ရွက်စိမ်း)

အိမ်မက်ဆိုတာကိုယ်လိုသလိုထိမ်းချုပ်လို့မရတဲ့အထဲမှာပါသည်ဟုထင်သည်။
ကျွန်တော်ဒီအိမ်မက်ကိုအဆုံးသတ်ချင်သည်။သို့သော်ကျွန်တော်မပိုင်စိုးနိုင်။
ဖြစ်စေချင်သည့်(သို့)မက်စေချင်သည့်ကောင်းခန်းလေးကိုကွက်၍မက်စေချင်
ပါသည်။ကျွန်တော်စေခိုင်း၍မရ။

နောက်ဆုံးအိမ်မက်သီချင်းတွင်ကိုနေဝင်းကအဆုံးသတ်တွင်အသဲမှာဒါနောက်
ဆုံးဟုအဆုံးသတ်ခဲ့သည်။မှန်ပါသည်။ခါးသီးရလွန်းသည်။တခါတရံနာကျည်းရ
လွန်းသည်။လောင်မြိုက်လွန်းပါသည်။၈၈သည်တလောကပင်နှစ်နှစ်ဆယ်ပြည့်ခဲ့
သည်။မနေ့တနေ့ကလိုပင်။ဒီအိမ်မက်သည်နောက်ဆုံးဖြစ်ချင်သည်။အဟောင်း
တွေအသစ်မဖြစ်ချင်။တတ်နိုင်လျှင်အတိတ်ဆီပြန်မသွားချင်။သို့သော်အိမ်မက်
ကကျွန်တော့်ကိုအတိတ်ဆီပြန်ပို့သည်။

မနေ့ကလူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနှစ်နှစ်ဆယ်ပြည့်ခဲ့ပြီ။အသက်
နှစ်ဆယ်ပြည့်ပါတီသည်မွေးနေ့ပွဲကျင်းပခဲ့သည်။မြန်မာ့ယဉ်ကျေးမှုထုံးတမ်း
စဉ်လာအရဆိုလျှင်မွေးနေ့ရှင်သတို့သားသည်မွေးမိဘတို့ကိုကန်တော့ရမည်။
သက်ဆိုင်ရာဘကြီးဒေါ်ကြီး၊ဦးလေးဒေါ်လေး၊အကိုကြီးအမကြီးများကိုဂါရဝပြုရ
မည်။သို့မှသာဂါရဝေါစ၊နိဝါတောစအစချီသည့်မင်္ဂလာတရားတော်နှင့်ညီလိမ့်
့်မည်။မိဘများမရှိခဲ့တော့လျှင်(သို့)အဝေးရောက်နေခဲ့လျှင်တောင်ရည်မှန်း၍
တော့ကန်တော့ရပေလိမ့်မည်။

လူ့ဘောင်သစ်ပါတီသမိုင်းကိုပြောလျှင်ကိုမိုးသီးဇွန်၊ကိုသက်ထွန်း၊ကိုမိုးဟိန်း၊
ကိုရဲနိုင်အောင်၊ကိုဂျင်မီ၊ကိုယဉ်ထွေး၊ကိုတင်ထွန်းလှိုင်(ယခုအခါအကျဉ်းထောင်
ထဲတွင်နှိပ်စက်ခံခဲ့ရမှုကြောင့်ကျမ်းမာရေးယိုယွင်းနေ)တို့ကိုချန်ခဲ့၍ဘယ်တော့မှ
မရပါဟုကျွန်တော်ဆိုပါမည်။ထိုသူတို့သည်ပါတီ၏အမိအဘများဖြစ်ခဲ့ဘူးသည်။ထို
ထဲမှတဦးတယောက်သည်ဖေါက်ပြန်သွားခဲ့လျှင်သို့ရန်သူနှင့်ပူးပေါင်းသွားခဲ့
လျှင်သော်မှသူတို့၏သမိုင်းသာဖြစ်ပြီးသူတို့ကိုတော့ချန်လှပ်ထားခဲ့လို့မရပါဟု
လူ့ဘောင်သစ်ပါတီစတင်တည်ထောင်ခဲ့သည့်အချိန်ကစပြီးပါတီ၏မြီု့နယ်ဥက္ကဌ
အဖြစ်စတင်ပါဝင်ခဲ့သူတဦးအနေဖြင့်ကျွန်တော်ပြောချင်ပါသည်။

ကျေးဇူးတင်စကားတရပ်ကိုမဖြစ်မနေကျွန်တော်ပြောရပါမည်။ပါတီသည်ယခု
အချိန်တိုင်မပျောက်မပျက်မဖေါက်မပြန်မယိုင်မလဲပဲတော်လှန်သောတိုက်ပွဲ
ဝင်သောပါတီတရပ်ဖြစ်နေဆဲအတွက်လက်ရှိပါတီ၏အမိအဘများကို
ိုကျွန်တော်တို့ကျေးဇူးစကားဆိုရပေမည်။ရေးရင်းပင်အတွေးပုံရိပ်တို့
ကအတိတ်ဆီပြန်သွားလေသည်။

စိတ်အာရုံမှာစွဲထင်နေသောပုံရိပ်တို့ကအသားမှာရေးထိုးထားသောဆေး
မှင်ကြောင်ကဲ့သို့ဘယ်တော့မှဖျောက်ဖျက်ရလိမ့်မည်မဟုတ်။ကျွန်တော်က
၁၉၈၈ပစ်ခတ်မှုကာလအပြီးတွင်ရကသ(ရန်ကုန်တက္ကသိုလ်ကျောင်းသား
သမဂ္ဂ၏မြို့နယ်တာဝန်ခံတဦးဖြစ်လာခဲ့သည်။

ကျွန်တော့်မှာနိုင်ငံရေးအသိုင်းအဝန်းမရှိ။မျိုးရိုးလဲမရှိ။မခံချင်စိတ်၊ကျောင်းသား
ထိရင်ကျောင်းသားတွေမခံဘူးဆိုသည့်အသိစိတ်ဖြင့်ကျွန်တော်၈၈မှာပါဝင်
ပါတ်သက်ခဲ့သည်။ဒုတိယနှစ်တက္ကသိုလ်ကျောင်းသားမို့ရကသအဖွဲ့ဝင်ဖြစ်
လာခဲ့သည်။ခေါင်းဆောင်များ၏တာဝန်ပေးအပ်ချက်ကြောင့်ကိုယ့်မြို့နယ်မှာ
တာဝန်ခံပြန်လုပ်ခဲ့ရသည်။

၁၉၈၈စက်တင်ဘာ၁၈စစ်အာဏာသိမ်းသည့်အချိန်မှာရန်ကုန်တက္ကသိုလ်ပင်မ
ထဲမှမထွက်ဟုဆုံးဖြတ်ထားသောကျွန်တော်တို့ကိုလှည်းတန်းရွာထဲရှိပြည်သူ
များကအတင်းလာရောက်ဆွဲထုတ်ခဲ့သည်။ထိုပြည်သူတို့၏စေတနာမေတ္တာ
တို့ကိုတသက်မေ့ရလေမည်မဟုတ်။မှတ်မိနေသဖြင့်ပြောရပေဦးမည်။ထို
လှည်းတန်းရွာထဲတွင်ကျွန်တော်တို့တည်းရသောအိမ်သည်
ခပ်သေးသေး။လွယ်လွယ်ပြောလျှင်ခပ်စုတ်စုတ်။ကံအားလျှော်စွာ
ဘာအဆင်ပြေလေသည်မသိ။သူတို့အိမ်တွင်ထိုနေ့ကကြက်သား
ဟင်းချက်သည်။ကျွန်တော်တို့သည်သူတို့အိမ်တွင်ထမင်းစားခွင့်မရှိ။
ရပ်ကွက်မှစု၍ဝေပုံကျဝေပေးသောထမင်းထုပ်ကိုစားရမည်။

ထိုအိမ်မှထမင်းထုပ်၃ထုပ်ပေးရန်တာဝန်ကျသည်။ထိုအိမ်ရှင်အမျိုးသားသည်
တနေရာမှဖက်များကိုစုလာသည်။နောက်ကြက်သားဟင်းအိုးကိုဘေးသို့
ယူလာသည်။ဖက်၃ခုထဲတွင်ထမင်းပုံထည့်သည်။နောက်ထိုထမင်းထုတ်၃ထုတ်
ထဲတွင်ကြက်သားဟင်းကိုထည့်သည်။

၁၀သား၁၅ကျပ်သားခန့်သာချက်လေဟန်တူသောထိုဟင်းကမများလှ။
ဟင်းအိုးထဲတွင်ကြက်သားဟင်းနှစ်ဖတ်ကျန်နေသည်။အိမ်ရှင်သည်ထိုဟင်း
နှစ်ဖတ်ကိုကြည့်လိုက်သူ့ကလေး၃ယောက်ကိုကြည့်လိုက်၊ဟင်းထည့်ထား
သောထမင်းထုတ်၃ထုတ်ကိုကြည့်လိုက်လုပ်နေသည်။ထို့နောက်မည်ကဲ့သို့
စိတ်ကူးလေသည်မသိလက်ကျန်ဟင်းနှစ်ဖတ်ကိုအတန်ငယ်ဟင်းနည်းနေ
သောထမင်းနှစ်ထုပ်အထဲသို့မျှထည့်လိုက်သည်။ထို့နောက်သူ၏ကလေး
၃ယောက်ကိုအနီးသို့ခေါ်၍တစုံတရာကိုတတွတ်တွတ်ပြောပြနေသည်။

ဖခင်တယောက်သည်ထိုသို့ပြောရသောအဖြစ်ကိုခါးသီးပါလိမ့်မည်။
သို့ရာတွင်ထိုသူမငိုပါ။မျက်နှာမပျက်ပါ။ထိုအိမ်တွင်နေရသောကျွန်တော်
တို့အဖွဲ့တွင်မွတ်ဆလင်ဘာသာဝင်ရဲဘော်နှစ်ဦးအပါအဝင်ငါးယောက်ရှိပါ
သည်။အလွမ်းကားမဟုတ်သော်လည်း၊ကျွန်တ်ာတို့ရှေ့တွင်လက်တွေ့
သရုပ်ဆောင်သူများမှာ(ကလေးများအပါအဝင်)ဘယ်သူမှမငိုသော်လည်း
ကျွန်တော်တို့၅ယောက်မျက်ရည်ကျိတ်ကျရပါသည်။

ကံအားလျှော်စွာထိုနေ့ညကထမင်းထုတ်၅ထုပ်ရသည့်အထဲတွင်ဘဲဥပြုတ်
တစ်လုံးစီပါထမင်းနှစ်ထုပ်၊ပဲပြုတ်ကြော်နှင့်ထမင်းတစ်ထုပ်၊ဝက်သားဟင်း
နှင့်ထမင်းနှစ်ထုပ်ပါဝင်ပါသည်။ထို့ကြောင့်ကျွန်တော်တို့သည်အိမ်ရှင်
အမျိုးသားကိုကျွန်တော်တို့သည်မွတ်ဆလင်ရဲဘော်များပါသည့်အတွက်
ဝက်သားကိုမစားလိုသဖြင့်အိမ်တွင်ရှိသည့်ဟင်းဖြင့်ကျွန်တော်တို့အားလဲပေး
ပါရန်မေတ္တာရပ်ခံခဲ့ပါသည်။

ထို့နေ့ညကစားခဲ့ရသောဘဲဥပြုတ်နှစ်လုံး၊ပဲပြုတ်ကျော်၊ငပိရည်နှင့်ကန်စွန်း
ရွက်ပြုတ်တို့စရာတို့သည်ကျွန်တော်တို့၅ယောက်ကိုအလွန်ထမင်းမြိန်စေ
ခဲ့ပါသည်။တကယ်ကျွန်တော်တို့ကိုထမင်းမြိန်စေသောအရာသည်ဝက်သား
ဟင်းကိုအားရပါးရစားနေသည့်ကလေး၃ယောက်နှင့်ပီတိဖြစ်နေသောအိမ်ရှင်
အမျိုးသားတို့ဖြစ်သည်ဟုကျွန်တော်ထပ်ပြောရန်လိုမည်မထင်ပါ။

ထိုခံစားမှုမျိုးခံစားခဲ့ရသည်မှာကျွန်တော်တို့တဖွဲ့တည်းမဟုတ်ပဲထိုညက
လှည်းတန်းရွာထဲတွင်အိပ်ခဲ့ကြသည့်ထောင်ဂဏန်းနီးပါးသောရကသအဖွဲ့
ဝင်များလည်းခံစားခဲ့ကြရဘူးပါသည်။ပြည်သူလူထုများသည်သူတို့၏ရင်နှစ်
သည်းချာများဖြစ်သော၊သူတို့၏အခွင့်အရေးအတွက်တိုက်ပွဲဝင်နေကြသော
ကျောင်းသားလူငယ်များကိုသူတို့၏သွေးသားများကဲ့သို့ပင်ချစ်ခင်ယုံကြည်
ကြောင်းနှင့်အားကိုးအလေးအနက်ထားခဲ့ကြောင်းကိုလက်ရှိဆက်လက်တိုက်ပွဲ
ဝင်နေကြသောတိုက်ပွဲဝင်ကျောင်းသားရဲဘော်များသိကြစေချင်ပါသည်။

ကျွန်တော်တို့သည်ထိုလှည်းတန်းရွာထဲတွင်မျော်လင့်ချက်တခုဖြင့်အိပ်ခဲ့ခြင်း
ဖြစ်ပါသည်။တညလုံးကျွန်တော်အိပ်မရခဲ့ပါ။ခေါင်းဆောင်ငယ်တဦးအနေဖြင့်
ကျွန်တော်တို့အဖွဲ့ထဲတွင်ကျွန်တော်တယောက်တည်းသာသိခွင့်ရှိခဲ့သောည
အချိန်တွင်လာခေါ်မည်ဆိုသောစက်လှေသို့အကြိုတော်အခုခုကိုကျွန်တော်
အပါအဝင်ခေါင်းဆောင်တချို့မျှော်နေကြရပါသည်။

ညကသာတဖြည်းဖြည်းရင့်လာခဲ့သည်မျှော်လင့်သောအရာများကဖြစ်မလာခဲ့ပါ။
လှည်းတန်းလမ်းမပေါ်မှကြိုကြားကြိုကြားကြားနေခဲ့ရသောသေနတ်သံအချို့
သည်အာရုဏ်မလာခင်ပြင်းထန်သောပေါက်ကွဲသံအချို့အောက်တွင်ပျောက်
ကွယ်သွားခဲ့ပါသည်။

နောက်တနေ့၏ထွက်ပေါ်လာသောရောင်နီနှင့်အတူကျွန်တော်တို့၏ဘဝများ
သည်လည်းအပြောင်းအလဲအမျိုးမျိုးဖြစ်ပေါ်လာပေဦးတော့မည်။

ဆက်လက်ဖေါ်ပြပါမည်။
ရွက်စိမ်း



အပြည့်အစုံဖတ်ချင်ရင်...

Tuesday, October 14, 2008

သြဂုတ်(၁၃)တစ်ကျော့ပြန်လာတော့မည်လော



၁၉၆၂ ခုနှစ်တွင် ဗိုလ်နေဝင်းမှ လက်နက်အားကိုးဖြင့် တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပြီးနောက် ပိုင်း အတိုက်အခံတိုင်းရင်းသားအင်အားစုများကို နည်းမျိုးစုံဖြင့် တရကြမ်းနှိမ်နှင်းရာတွင် ၁၉၆၇ ခုနှစ်များအတွင်း “မဆလ” တစ်ပါတီအာဏာရှင်တို့တွင် စစ်ရေးအသုံးစရိတ် ကြီးမားမှုတို့ကြောင့် ပြည်တွင်းဘဏ္ဍာငွေ အတိုင်းထက်အလွန် လိုအပ်လာလေသည်။ ထို့အပြင် အစိုးရအတွင်း ခြစား မှုများ၊ ငွေကြေးအလွဲသုံးစားမှုများ၊ လာဒ်စားမှုများ များစွာရှိလာသည့်အတွက် ငွေကြေးခဝါချမှု များ၊ တိုင်းပြည်တွင်းရှိ သံယံဇာတပစ္စည်းများကို ရသည့်ဈေးဖြင့် အလျှင်စလို ရောင်းချခြင်းများ ကို ပြုလုပ်လာရလေသည်။ အထူးသဖြင့် “မဆလ” တစ်ပါတီအာဏာရှင်တို့က ပြည်ထောင်စု မပြိုကွဲရေးနှင့် တိုင်းပြည်၏ ယိုယွင်းပျက်စီးမှုကို ကာကွယ်ထိန်းသိမ်းရန်ဟု အကြောင်းပြချက် ဖြင့် တိုင်းပြည်ရိက္ခာအတွက် သိုလှောင်ထားရှိသော ဆန်စပါးများကို နိုင်ငံခြားတိုင်းပြည်များသို့ အဆမတန် တင်ပို့ရောင်းချခဲ့လေသည်။

တပါတီအာဏာရှင်တို့သည် ၁၉၆၆ ခုနှစ်အတွင်း ဗမာပြည်တွင် နာဂစ်ကဲ့သို့ မုန်တိုင်း ဒဏ်ကြောင့် ရာသီဥတု ဆိုးဝါးမှုဖြစ်စေကာ လယ်ယာစိုက်ခင်းများ၊ စားပင်သီးပင်များ ပျက်စီးခဲ့ လေသည်။ ၁၉၆၇ ခုနှစ်တွင် တိုင်းပြည်၌ ဆန်ရေစပါး အခက်အခဲရှိမည်ကိုသိသော်လည်း ထိုသို့ ဆန်စပါးများကို အတိုင်းအတာမရှိ ပြည်ပသို့ ရောင်းချခဲ့သည့်အတွက် ပြည်တွင်းစားသုံးရန် မလုံ မလောက် ဖြစ်ခဲ့ရသည်။ ယင်းဂယက်ကြောင့် ဗမာပြည်အလယ်ပိုင်းတွင်သာမက ရခိုင်ပြည် အတွင်း အခြေခံလူထုမှာ ငတ်မွတ်ခေါင်းပါးမှုပြဿနာကို အကြီးမားဆုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး၊ ထိုပြဿနာကို ဖြေရှင်းပေးရန်အတွက် ရခိုင်ပြည်သူလူထုမှ နိုင်ငံခြားသို့ တင်ပို့ရန် ဂိုဒေါင်များ အတွင်း၌ သိုလှောင်လျှက်ကျန်ရှိသော “ဆန်” များကို ရခိုင်ပြည်သူတို့အား ဝေငှရောင်းချပေးရန် ၁၉၆၇ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင် ငြိမ်းချမ်းစွာဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ထို့သို့ငြိမ်းချမ်းစွာဖြင့် တောင်းဆိုခဲ့သည်ကို တစ်ပါတီအာဏာရှင်အစိုးရမှ မလိုက်လျော သည့်အပြင် ပုဒ်မ (၁၄၄) အရေးပေါ်ဥပေဒတရပ်ကို ထုတ်ပြန်ကာ ဗိုလ်ချုပ်စောဖြူမှ အကြမ်း ဖက် ပစ်ခတ်နှိမ်နှင်းသဖြင့် တစ်နေရာထဲမှာပင် ရခိုင်ပြည်သူလူထု (၂ဝဝ) ကျော် ပွဲချင်းပြီး၊ ဒါဏ်ရာရသူ (၁ဝဝ) ကျော်ခန့်မှာ မိမိတို့အနေဖြင့် မသေသေးကြောင်း အော်ဟစ်ပြောဆို တောင်းပန်သော်လည်း အရှင်လတ်လတ် မြေမြှုပ်သင်္ဂြိုဟ်ခြင်း၊ အချို့ကို မီးလောင်တိုက်သွင်း၍ သတ်ပစ်ခြင်းများကို ပြုလိုက်လေသည်။ ယင်းသို့ စစ်အစိုးရမှ အကြမ်းဖက်တိုက်ခိုက်ခဲ့စဉ်တွင် စစ်တွေလမ်းမကြီးတလျှောက် သွေးချောင်းစီးသွားခဲ့သည်။ ထို့ကြောင့် သြဂုတ်လ (၁၃) ရက်နေ့ သည် ရခိုင်ပြည်သူလူထု၏ရင်ဝယ် နာကျည်းမှု၊ ဝမ်းနည်းမှုကိုဖြစ်စေပြီး ကြေကွဲဖွယ်ကောင်း သော နေ့ပင်ဖြစ်ပေသည်။

ယခုလည်း အရှေ့တောင်အာရှ၏ စပါးကျီကို နာဂစ်လေမုန်တိုင်းဝင်ဖျက်လို့ ပျက်စီး သွားပေပြီ။ ၁၉၆၇ ခုနှစ်ကကဲ့သို့ ဗမာပြည်၏ သမိုင်းတကျော့မှာ ပြန်၍ လည်ပတ်လို့လာပြီဖြစ် သည်။ ဗမာပြည်သူလူထုများအနေဖြင့် များစွာ သတိထားကြရမည့် အချိန်ဖြစ်ပေပြီ။ အဘယ် ကြောင့်ဆိုသော် လက်ရှိစစ်အာဏာရှင်တို့သည် တစ်ပါတီအာဏာရှင်အစိုးရထက် ပို၍မိုက်မဲသူ များ ဖြစ်သည်။ တစ်ပါတီအာဏရှင်အစိုးရကိုမှ အာဏာသိမ်း၍တက်လာသူများ ဖြစ်ပေသည်။ မိမိတို့အာဏာတည်မြဲရေးအတွက်ဆိုလျှင် လူသတ်ဖို့ အမိန့်ပေးရန် ဝန်လေးသူများမဟုတ်ပေ။ ၎င်း၏ သစ္စာခံများမှာလည်း ကိုယ့်အကျိုးစီးပွားအတွက်ဆိုလျှင် လူသတ်ရန် ဝန်လေးသူများ မဟုတ်ပေ။ ၁၉၆၇ ခုနှစ်၊ သြဂုတ် (၁၃) ထက်ပင် ပို၍ဆိုးဝါးသည့် ဝမ်းနည်းရင်နှစ်ဖွယ်ရာများ ကြုံလာနိုင်သည်။ သို့ဖြစ်၍ ဗမာပြည်သူပြည်သားများအနေဖြင့် ထိုသို့သော ပြဿနာများကြုံလာ လျှင် မည်သို့ရင်ဆိုင်ကြမည်မှာ စဉ်းစားဖွယ်ရာပင်ဖြစ်သည်။

လက်ရှိအခြေအနေတွင် ချင်းပြည်နယ်၌ အငတ်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့နေရပေပြီ။ မုန်တိုင်းကျရောက်သွားသော နယ်မြေအတွင်း တစ်သန်းကျော်သော လူများမှာ စားဝတ်နေရေး ဒုက္ခဖြင့် ရင်ဆိုင်နေရသည်။ ဆန်ဈေးသည်လည်း အတိုင်းထက်လွန် မြင့်တက်နေသည်။ ထို့အပြင် ဧရာဝတီတိုင်းနှင့် ထိုတိုင်းနှင့်နီးစပ်နေသည့် ဒေသများ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်၊ မွန်နှင့် တနသာင်္ရီတိုင်းတို့တွင်လည်း အချို့သော ပြည်သူလူထုမှာ စားဝတ်နေရေးဒုက္ခ ရောက်လျှက် တောင်းရမ်းစားသောက်နေသူက စားသောက်နေရ၊ ပြည်ပသို့ထွက်ခွါ၍ ယင်းသို့ သော အခက်အခဲများကို ဖြေရှင်းနေရသူများလည်း ဒုနဲ့ဒေး ရှိလာပြီဖြစ်သည်။

ပျက်စီးသွားပြီဖြစ်သော အာရှ၏စပါးကျီမှာလည်း သက်ဝင်လှုပ်ရှားမှုမရှိခဲ့ပေ။ ကုန်ဈေး နှုန်းမှာလည်း နှစ်(၂ဝ) ကာလအတွင်း အတိုင်းထက် လွန် အဆမတန်မြင့်မားလို့လာသည်။ စစ်အာဏာရှင်အစိုးရတို့က အပြုံးမပျက်၊ လေလုံးက ကြီးနေသည်။ တိုင်းပြည်၏ အခြေအနေ မှန်ကို သိလျှက်နှင့် မိုက်ရူးရဲဆန်စွာဖြင့် ဒုက္ခရောက်နေသော ပြည်သူလူထုကို ဥပက္ခာပြုလျှက် နိုင်ငံတကာမှ အကူအညီများကို ငြင်းပယ်နေသည်။ နိုင်ငံတကာမှ လှူဒါန်းသည့် ပစ္စည်းများမှာ လည်း ဆယ်ပုံတစ်ပုံပင် ဒုက္ခသည်ပြည်သူလူထုထဲ မရောက်သေးပေ။ စစ်အစိုးရနှင့် ပေါင်းပြီး စီးပွားရေးတွေလုပ်သူများကလည်း နာဂစ်မုန်တိုင်းကိုအကြောင်းပြု၍ ချမ်းသာသွားပေသည်။ နာဂစ်၏အန္တရာယ်သည်လည်း ဗမာပြည်သာမက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်၊ အိန္ဒိယ စသည့်အပြင် စင်္ကာပူ၊ မလေးနိုင်ငံများသို့ပင် ယခင်ထက်ပို၍ ကူးစက်ပြန့်နှံ့လာတော့ ပေမည်။

လက်ရှိစစ်အစိုးရ၏ ဤအခြေအနေအား သုံးသပ်ကြည့်မည်ဆိုလျှင် ပြည်တွင်းစားသုံး ရန် ဆန်ပြတ်လပ်မည်ထက် လူထုအုံကြွမှုဖြစ်မည်ကို စိုးရိမ်ပူပန်နေပုံရသည်။ အကယ်၍ တိုင်းပြည်၌ စပါးဆန်ရေ ပြတ်လပ်သွားလျှင် ဘာလုပ်မည်နည်းဆိုသည့် အစီအစဉ် ချမှတ်ထား သည်ကိုလည်း မတွေ့ရပေ။ လုံခြုံရေးတင်းကြပ်စွာ ချထားခြင်းနှင့် ပိုက်စိပ်တိုက် ဖမ်းဆီး ထောင်ချမှုများကို ကြည့်ခြင်းဖြင့် မိမိတို့အာဏာတည်မြဲရေးကို ထိခိုက်လာလျှင် အပြတ်အသတ် နှိမ်နှင်းမည်ဆိုသည့် အစီအစဉ်သာ ရှိဟန်ထင်သည်။ ခြုံငုံ၍ သုံးသပ်ကြည့်မည်ဆိုပါက သြဂုတ် (၁၃) သည် ဗမာပြည်၏သမိုင်းကို တကျော့ပြန်လည်လာပေတော့မည်။ သို့ဖြစ်၍ ဗမာပြည် သားများအနေဖြင့် ၁၉၆၇ ခုနှစ်၊ သြဂုတ် (၁၃) ကို မမေ့စေချင်ပါ။ သတိရပါ။ ထိုနည်းတူ ကြုံတွေ့လာနိုင်ဖွယ်ရှိသော အခက်အခဲများကို စနစ်တကျ ဖြေရှင်းနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုများပြုလုပ်ထားရန် လိုအပ်ပေသည်။

ရိုးမမှတင်ပြသည်။



အပြည့်အစုံဖတ်ချင်ရင်...

မြန်မာနိုင်ငံရဲႚ အခြေအနေ ဘက်ပေၝင်းစုံမှာ ကဵဆင်းယိုယွင်းနေ

မြန်မာနိုင်ငံရဲႚ အခြေအနေ ဘက်ပေၝင်းစုံမှာ ကဵဆင်းယိုယွင်းနေ

မြန်မာနိုင်ငံရဲႚ ဘက်ပေၝင်းစုံက ကဵဆင်းယိုယွင်းနေတဲ့ အခြေအနေတွေထဲမှာ ပညာရေးလည်း ပၝဝင္တာမိုႛ အခုဆိုရင် မြန်မာလူငယ်တွေမှာ ရှေႚရေး မျှော်မှန်းခဵက်ရယ်လိုႛ မထားနိုင်အောင် အနာဂတ်ပေဵာက်နေကြတယ်လိုႛ စင်္ကာပူနိုင်ငံထုတ် The Straits Times သတင်းစာက ရေးသားလိုက်ပၝတယ်။

AFPဧ္ဘပီလ ၂၇ ရက်နေႚက စင်င်္ကာပူနိုင်ငံ မြန်မာသံရုံးရှေႚတွင်

'NO'တီရှပ် ဝတ်ဆင်ထားသော စင်ကာပူရောက် မြန်မာနိုင်ငံသားမဵား

ကြိုတင်ကန်ႚကွက်မဲပေးရန် စောင့်ဆိုင်းနေစဉ်၊

သဘာဝ သယံဇာတတွေထုတ်ရောင်းနေပေမဲ့ တိုင်းပြည်ရဲႚစီးပွားရေးက အဖတ်မဆယ်နိုင်အောင် ကဵဆင်းလာနေပၝတယ်။ ပြည်သူအမဵားစုရဲႚ ဝင်ငွေဟာ ကုလသမဂ္ဂက ဆင်းရဲတယ်လိုႛ သတ်မှတ်ထားတဲ့ ဝင်ငွေအဆင့်ထက်တောင် နိမ့္ကဵေနတာပၝ။ ဒီလိုအခြေအနေမှာ ပညာရေး ကဏ္ဍဟာလည်း ဦးစားပေးမခံရပၝဘူး။ ကမ္တာ့ကဵန်းမာရေးအဖွဲ့ WHO က လူတယောက် တနှစ်အတွက် အမေရိကန်ဒေၞလာ ၄၀ သုံးစွဲဖိုႛ အဆိုပြုထားပေမဲ့ စစ်အစိုးရကတော့ ကဵန်းမာရေးနဲႛ ပညာရေးအတွက် လူတယောက် တနှစ်အတွက် ၃ ဒေၞလာပဲ သုံးစွဲပၝတယ်။

မြန်မာနိုင်ငံမှာ ကေဵာင်းနေတဲ့ ကလေးတွေရဲႚ တဝက်လောက်ဟာ မူလတန်းပညာရေး္ဘပီးဆုံးအောင် မသင်ကြားရဘူးလိုႛနိုင်ငံတကာ အဖွဲ့အစည်းတွေက အစီရင်ခံကြပၝတယ်။ တက္ကသိုလ်တွေဟာလည်း တနေရာစီ ပြန်ႚကဵဲန္ဘေပီး ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေရပၝတယ်။ တခၝက အေရွႚေတာင္ အာရွေဒသတြင္းမွာ နာမည္တလံုးနဲႛ အရိွန္န္အဝၝႀကီးခဲ့တဲ့ ရန်ကုန် တက္ကသိုလ်ကြီးလည်း ဆုံးရှုံးသွားခဲ့ပၝ္ဘပီ။ ရန်ကုန်နဲႛနှစ်နာရီလောက်သွားရတဲ့ တက္ကသိုလ်တွေမှာ အစစအရာရာချို့ငဲ့လှပြီး တက္ကသိုလ် ဆရာတွေမှာလည်း လစာကောင်းကောင်း မရကြပၝဘူး။

ဒီလိုအခြေအနေမှာ စစ်ခေၝင်းဆောင်တွေနဲႛ သူတိုႛနဲႛ ပလဲနံပသင့္တဲ့ စီးပွားရေး လုပ်ငန်းရှင်တစုရဲႚ သားသမီးတွေကတော့္ဘဗိတိန်၊ ကေနဒၝနဲႛ သြစတေးလဵနိုင်င်ငံတွေကို ပညာသင်ထွက်နေက္ဘြပီး အလယ် အလတ်တန်းစားတွေကတော့ သူတိုႛကလေးတွေကို ထိုင်း၊ မလေးရှား၊ စင်္ကာပူကို ပညာသင်ပိုႛနိုင်ဖိုႛ မနည်း လုံးပမ်းနေကြပၝတယ်။ သူႚကလေးတွေကို စင်္ကာပူပိုႛနိုင်အောင် ကြိုးစားနေတဲ့ ရန်ကုန်တက္ကသိုလ်ထွက် ဝၝရင့် ပညာရေးသမားတဦးကတော့ ဒၝဟာ မြန်မာပြည်သူတွေကို လူအဖြစ်အရာမသွင်းတဲ့ ရာဇဝတ္မႈပၝပဲ၊ တခၝကထည္ဝၝခဲ့တဲ့ ပညာေရးစနစ္တရပ္ဟာ အခုလံုးဝ႓ပိဳကြဲသြားပၝျပီ၊ မြန်မာလူငယ်တွေရဲႚ အနာဂတ်လည်း ေပဵာက္ဆံုးသြားပၝ႓ပီလိုႛ ပြောဆိုလိုက်ကြောင်း စင်္ကာပူနိုင်ငံထုတ် The Straits Times သတင်းစာက ရေးသားလိုက်ပၝတယ်။
၂၀၀၅ ခုနှစ်က စင်္ကာပူနိုင်ငံက polytechnics ခေၞ နည်းပညာ အတတ်သင်ကေဵာင်းတွေမှာ သင်ကြားနေသူ မြန်မာ ကေဵာင်းသားပေၝင်း ၂ ထောင်လောက်ရှိခဲ့ပြီး အခုဆိုရင် ၇ ထောင်ကေဵာ် ရှိန္ဘေပီလိုႛသိရပၝတယ်။ မြန်မာ ကေဵာင်းသားတွေဟာ ဥာဏ်ကောင်း္ဘပီး ကြိုးစားကြတယ်လိုႛ စင်္ကာပူ ဆရာတွေကဆိုပၝတယ်။ သတင်းကောင်း တခုကတော့ မြန်မာ လူငယ်ပညာတတ် အမဵားစုဟာ စကဿာပူမှာ အလုပ်ကောင်းတွေရနေကြပေမဲ့ တနေႚ မြန်မာပြည်ကို ပြန်ရမယ်ဆိုတာ သူတိုႛစိတ်ထဲမှာ ရှိနေကြတယ်လိုႛ The Straits Times သတင်းစာက ရေးသားလိုက်ပၝတယ်။


အပြည့်အစုံဖတ်ချင်ရင်...

Sunday, October 12, 2008

မဆုံးသေးသည့်နောက်ဆုံးအိမ်မက်(၁)

မဆုံးသေးသည့်နောက်ဆုံးအိမ်မက်(၁)

အမှည့်ခြွေခြွေသည်ဆိုသည့်စကားကိုအများသိရှိနားလည်သလိုကျွန်တော်တို့

ခေတ်တွင်အစိမ်းခြွေခံရသည့်အဖြစ်မျိုးတွေရှိခဲ့ဘူးသည်။အစိမ်းခြွေဆိုတာ

ဝေဆာနေစိမ်းလန်းစိုပြေဝေဆာနေတုန်းမှာပဲရက်စက်စွာခြွေခဲ့တာကိုဆိုလို

သည်။ဒီအဖြစ်တွေတကယ်ရှိခဲ့ပါသည်။


၁၉၆၂မှာဖြစ်ခဲ့ဘူးသည်။၁၉၇၄မှာလဲထို့အတူ၊အဲဒီအချိန်တွေကစလို့အစိမ်းခြွေ

ခြွေခံရသူတွေအများကြီးရှိခဲ့ပါသည်။၁၉၈၈မှာတော့ကျွန်တော်တို့ကိုယ်တိုင်ကြုံ

တွေ့ခံစားခဲ့ရသည်။


ကျောင်းသားအရွယ်ဆိုတာတက်သစ်စနုပျိုနေတဲ့အရွယ်။အညွန့်တလူလူဝေနေ

တဲ့စိမ်းစိုပျိုမျှစ်တဲ့ပုရစ်ဖူးသစ်လေးတွေလို။၈၈မှာအဲဒီသစ်ရွက်စိမ်းလေးတွေရက်

ရက်စက်စက်ခြွေချခံရသည်။အဲဒီကျမှသာကမ္ဘာကသိပါသည်။တေးရေး

ကိုနေဝင်းတို့ခေတ်ကလဲဖြစ်ခဲ့ဘူးသည်။


သူတို့၏မျက်ရည်တို့သည် နောက်ဆုံးအိမ်မက်ဖြစ်လာခဲ့သည်။


"စိမ်းမြ….သစ်ရွက်တို့ကြွေနေဆဲ…..ငါ့မျက်ရည်စိုနေတုန်းပေါ့…တချို့တွေ

နေနိုင်လွန်းတယ်................................................"


သီချင်းဆိုလို့သူတို့ငိုခဲ့ဘူးသည်။အရင်ကအရွက်တွေဝေဆာနေတဲ့ပင်မကြီးမှာ

ဘဝတူသစ်ရွက်စိမ်းများစွာရက်ရက်စက်စက်ခြွေချခံခဲ့ရတဲ့အခါကျွန်တော်

တို့လည်းငိုခဲ့ရပါသည်။ရက်စက်စွာအခြွေခံတဲ့ဘေးမှကံကောင်းစွာကျန်ခဲ့တဲ့

သစ်ရွက်စိမ်းတွေထဲမှာကျွန်တော်လည်းတယောက်ပါခဲ့သည်။ထို့ကြောင့်

ကျွန်တော်ရွက်စိမ်းဖြစ်လာရသည်။


"တရေးမှ…မပျော်တဲ့ည….မှောင်လွန်းနေဆဲ….တယောက်ထဲငါငိုနေတုန်း…."

လမ်းပေါ်မှာတူတူချီတက်ရင်းကျွန်တော့်ဘေးကဖြုတ်ကနဲလွင့်ကြွေသွားတဲ့

သစ်ရွက်စိမ်းတရွက်ကိုလွမ်းသည်။ဒီမိုကရေစီအနာဂါတ်ဆီမှန်းဆရင်းငရဲ

နှောင်အိမ်ထဲမှာကြွေခဲ့ရသည့်ရွက်စိမ်းများကိုလွမ်းသည်။ယခုအချိန်ထိခိုင်မာ

စွာရပ်တည်လျှက်နုပျိုသည့်နေ့ရက်များကိုငရဲလှောင်အိမ်တွင်ခြွေချနေကြ

ရသည့်ရွက်စိမ်းများကိုလွမ်းသည်။ငါတော့တောင်ကြားမှာယင်နားမှာပဲလို့

ပြောရင်းမှစကားနောက်တရားပါသွားတဲ့သူငယ်ချင်းကိုလွမ်းသည်။မကျေနပ်

ချက်တွေဖွင့်အန်ထုတ်လို့မရနိုင်တဲ့ညတွေမှာညဥ့်နက်သန်းခေါင်အထိ

"နောက်ဆုံးအိမ်မက်"သီချင်းကိုဂစ်တာတီးပေးခဲ့တဲ့သူငယ်ချင်းကိုလွမ်းသည်။

ကာရာအိုကေဆိုင်သေးသေးလေးမှာသံပြိုင်ဆိုရင်းမျက်ရည်တူတူကျပေးခဲ့တဲ့

သူငယ်ချင်းတွေကိုလွမ်းသည်။


"ရင်ထဲမှာမကျေနပ်ဆုံး……………..

ဘာမဟုတ်တဲ့အပြစ်ကလေးနဲ့လူအုပ်ထဲကိုသေနတ်နဲ့ပစ်တဲ့စနစ်ကိုမုန်းသည်။

တပြည်လုံးသွေးတွေအိုင်နေအောင်အာဏာရူးတဲ့ကောင်တွေကိုမုန်းသည်။

အရိုးပုံပေါ်မှာစည်းစိမ်ခံနေနိုင်တဲ့လူ့မလိုင်တွေကိုမုန်းသည်။


"ရဲရင့်….ကျောက်ခက်တို့ပြိုနေဆဲ……ငါ့အတွက်အဖြေရှာနေတုန်းပေါ့…..တချို့

တွေနေနိုင်လွန်းတယ်"

သတ္တိပြောင်စွာလမ်းဖောက်ပေးခဲ့သူတွေအတွက်ထိထိရောက်ရောက်တုန့်ပြန်

မပေးနိုင်သေးတဲ့ကိုယ့်ကိုကိုယ်မုန်းသည်။ ကျွန်တော်ရဲ့ဦးဆောင်မှုနောက်ကိုယုံကြည်စွာလိုက်လျှောက်ရင်း၁၉၈၉ခု

ဇူလိုင်လ၁၉ရက်ကရွှေဂုံတိုင်မှာမျက်လုံးတဖက်ထွက်သွားအောင်ရိုက်ခံခဲ့

ရတဲ့ရဲဘော်နဲ့အနှောင်အဖွဲ့ကျသွားခဲ့ရတဲ့ရဲဘော်တွေအတွက်ဘာမှလုပ်

မပေးနိုင်သေးတဲ့တာကိုရှက်မိသည်။


"ရင်ထဲမှာမကျေနပ်ဆုံး…..ဘုရားတကာအမည်ခံပြီးသံဃာတော်တွေသတ်တဲ့

လူတွေကိုမုန်းသည်။သင်္ဂဇာဆရာတော်ဘုရားကြီးကဟောခဲ့ဘူးသည်။

"မိုက်ရိုင်းယုတ်မာနေတဲ့ရှင်ဘုရင့်သားကိုတောင်အယုတ်တမာလေးလို့ခေါ်ရင်

လျှာဖြတ်ခံရတယ်။ခြေကျူးရင်ခြေဖြတ်၊လက်ကျူးလက်ဖြတ်ခံရတယ်။သုံးလူ့

ထွဋ်ထားမြတ်စွာဘုရားရဲ့သားတော်ဆိုတာစိတ်နဲ့တောင်မပြစ်မှားအပ်"တဲ့။

အလောင်းတော်တောင်ဆဒ္ဒါန်ဆင်မင်းဘဝမှာသင်္ကန်းရုံထားတဲ့မုဆိုးကိုပင်

အသက်ချမ်းသာပေးခဲ့ဘူးသည်။


ဒကာတွေဆင်းရဲကြပ်တည်းတာကိုမရှုရက်လို့မေတ္တာသုတ်ရွတ်တဲ့သံဃာတွေ

ကိုသတ်၊ထောင်ချနှိပ်စက်ရဲသည့်တကယ့်ဘုရားတကာကြီးများပင်။လစာလေး

တပဲခြောက်ပြားနဲ့ခိုင်းလို့လုပ်ရတာပါဆိုပြီးထိုအာဏာရှင်ကြီးများအလိုကျ

ပြောင်မြောက်စွာနှိပ်စက်ပြနေသူတွေကိုပြောချင်ပါသည်။ခင်ဗျားတို့က

ငါးပြားဆယ်ပြားနဲ့ငရဲဝယ်ကြသည်။သူတို့ကတော့တဆွေလုံးတမျိုးလုံးစိန်စီ

သောညများနှင့်ငရဲဝယ်ကြသည်။တန်ရဲ့လားစဉ်းစားကြစေချင်သည်။ဝဋ်လည်

တယ်ဆိုတာနောက်ဘဝကူးမှမဟုတ်။ဦးနေဝင်းဘယ်လိုဘဝနဲ့သေသွားရလဲ။

ဦးတင်ဦး၊ဦးခင်ညွန့်နဲ့ခင်ဗျားတို့ဖိန့်ဖိန့်တုန်ခဲ့ရတဲ့ပုဂ္ဂိုလ်ကြီးများဘယ်

လိုဖြစ်သွားကြတယ်ဆိုတာတွေ့ကြမှာပါ။


ထမင်းလေးတလုတ်စားဖို့အဝီစိငရဲကိုမျက်စောင်းထိုးနေရမယ့်အစားတော့……

……………………….။


"တိတ်ဆိတ်…အိမ်မက်တို့ကျန်နေဆဲ……ငါ့စိတ်တွေနှင်နေတုန်းပေါ့…..

တချို့တွေနေနိုင်လွန်းတယ်………."


အိမ်မက်တွေကိုအကောင်အထည်မဖေါ်နိုင်သေးတဲ့တိုက်ပွဲခေါ်သံတွေကိုမုန်း

သည်။လူထုနဲ့ကင်းကွာတဲ့မဟာဗြူဟာဆိုတာတွေကိုမုန်းသည်။

ဒီအိမ်မက်ဆိုးကိုမုန်းသည်။ကျွန်တော်တို့သားမြေးမြစ်တွေအထိအိမ်မက်ဆိုး

ဆက်မက်နေရမယ့်အဖြစ်ကိုမုန်းသည်။


"ရင်ထဲမှာမကြေနပ်ဆုံး…………………….အသဲမှာ……ဒါနောက်ဆုံး…

ဒါနောက်ဆုံးအိမ်မက်ပါ။မဆုံးနိုင်သေးတဲ့အဖြစ်ကိုမုန်းသည်။အိမ်မက်ဆိုသည်

မှာဗီဒီယိုပြသလို။ဝတ္ထုဖတ်သလိုတခန်းပြီးတခန်းတဆက်တည်းဖြစ်ချင်မှ

တော့ဖြစ်လိမ့်မည်။ သို့သော်ကျွန်တော်အိမ်မက်ဆက်မက်နေရဦးမည်။

(ဆက်လက်ဖေါ်ပြပါမည်။)

ရွက်စိမ်း(၁၁.၁၀.၀၈)


အပြည့်အစုံဖတ်ချင်ရင်...

သွေးခေတ်ထဲမှာ

အပြည့်အစုံဖတ်ချင်ရင်...

Saturday, October 11, 2008

GW ၏ပြည်သူအပေါင်းအားကြေငြာချက်

အပြည့်အစုံဖတ်ချင်ရင်...

Friday, October 10, 2008

စုလွှတ်တွေ့နဲ့ရံသုံးရံကိုဝန်းရံကြ




အပြည့်အစုံဖတ်ချင်ရင်...

အာဏာရှင်ဆန့်ကျင်ရေး စာရွက် (၁) သိန်းကျော် ရန်ကုန်နှင့်မန္တလေးမြို့ကြီးတို့တွင် ဖြန့်ကြဲ

အာဏာရှင် စစ်အစိုးရဆန့်ကျင်ရေး လှုံ့ဆော်ရေးသားထားသည့် စာရွက်စာတမ်း (၁) သိန်းခွဲခန့်ကို ရန်ကုန်၊ မန္တလေး နှင့် အခြားနယ်မြို့တို့ရှိ လူစည်ကားရာနေရာများ၌ လူငယ်အချို့က ယမန်နေ့က ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လက်မထောင်ထားသည့် အမှတ်တံဆိပ်ပါ (၁) လက်မခွဲပတ်လည်အရွယ် စာရွက်ငယ်လေးများပေါ်၌ 'စစ်အာဏာရှင် စနစ်အဆုံးသတ်နှစ် ၂၀၀၈' ၊ 'ဒီမိုကရေစီရမယ့်နှစ် ၂၀၀၈' ၊ ' ဆင်းရဲတွင်းက လွတ်မယ့်နှစ် ၂၀၀၈' ၊ 'ဒုက္ခတွင်းက လွတ်မယ့်နှစ် ၂၀၀၈' ဟု (၄) မျိုး ရေးသားကာ ဖြန့်ဝေခြင်းဖြစ်သည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်၊ လှည်းတန်း၊ ဘူတာရုံလမ်း၊ သမိုင်း မြရတနာဈေး၊ ဘုရင့်နောင်လမ်းဆုံ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်၊ အင်းစိန်၊ မရမ်းကုန်း၊ ရွှေပြည်သာနှင့် ကမ္ဘာအေး န၀ဒေးရုပ်ရှင်ရုံ စသည့်နေရာများ၌ ဘတ်စ်ကား၊ ရထား၊ ကုန်းတံတား၊ တိုက်ခန်းများနှင့် ကျူရှင်ဘော်ဒါဆောင်များအပေါ်မှ ကြဲချခြင်းသည်။ မန္တလေးမြို့၊ ဧရာဝတီတိုင်း မအူပင်တက္ကသိုလ်၊ ရခိုင်ပြည်နယ်တောင်ကုတ်မြို့၊ ပဲခူးတိုင်း တောင်ငူနှင့်ပြည်မြို့တို့တွင်လည်း အလား တူ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဖမ်းဆီးနှိပ်ကွပ်မှုများ မည်သို့ပင်ရှိစေကာမူ အာဏာရှင်ကို ဆန့်ကျင်နေသည့်လူငယ်များ ဆက်လက်ရှိနေကြောင်း ပြသလိုသဖြင့် ယင်းသို့လုပ်ဆောင်ရခြင်းဖြစ်သည်ဟု စာဖြန့်ဝေသည့် လှုပ်ရှားမှုကို စီစဉ်ဆောင်ရွက်ခဲ့သည့် မျိုးဆက် သစ်လူငယ်များ အစည်းအရုံး (GW) မှ ပြောရေးဆိုခွင့်တာဝန်ခံ ကိုမိုဃ်းသွေးက ပြောသည်။

၎င်းက " ၈၈မျိုးဆက်တွေနဲ့ တခြားအင်အားစုတွေ အများကြီး အဖမ်းခံထားရတယ်။ ဖိနှိပ်မှုတွေ ဘယ်လောက်ပဲများ နေနေ၊ ဘယ်သူတွေကိုပဲ ဖမ်းထားဖမ်းထား လူငယ်တွေမှာ မျိုးဆက်ဆိုတာရှိတယ်။ လူတွေကိုပဲ ဖမ်းလို့ရမယ် မျိုးဆက်တခုလုံးကိုတော့ ဘယ်လိုမှဖမ်းလို့မရဘူး။ တော်လှန်နေတဲ့မျိုးဆက်က အမြဲရှင်သန်နေတယ်ဆိုတာ ပြချင် တာရယ်၊ နောက်တခုက နအဖအနေနဲ့ ဘယ်လိုနည်းနဲ့မှ မျိုးဆက်ကြီးတခုလုံးကို နှိပ်ကွပ်လို့မရဘူးဆိုတာ ပြချင် တာရယ်ကြောင့်ပါ။ ဘယ်လောက်ပဲ ဖိနှိပ်ဖမ်းဆီးနေပစေ အာဏာရှင်ကို ရဲရဲဝံ့ဝံ့ဆန့်ကျင်နေတဲ့ လူငယ်တွေရှိတယ်။ လူထုအနေနဲ့ မျှော်လင့်ရာမဲ့မဟုတ်ဘူး။ ထောက်ခံပူးပေါင်းပေးဖို့ပဲလိုတယ်။ အဲ့ဒီရည်ရွယ်ချက်နဲ့ GW ရဲ့ (၁) နှစ် မြောက်နေ့မှာ ခုလို လူထုကို အသိပေးလိုက်တာပါ" ဟု ပြောသည်။

စာဖြန့်ဝေမှုနှင့်ပတ်သက်၍ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသူ ယခုအချိန်အထိ မရှိသေးကြောင်းနှင့် ပြန့်ကြဲနေ သည့် စာရွက်ငယ်လေးများကို လမ်းသွားလမ်းလာများက ကောက်ယူကြည့်ရှုခဲ့ကြပြီး အချို့က မကောက်ယူရဲသဖြင့် မကောက်ယူကြကြောင်း သိရသည်။

GW အဖွဲ့ကို ယမန်နှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးအပြီး၌ တက္ကသိုလ်ကျောင်းသားအချို့အပါအ၀င် တက်ကြွသော လူငယ်များဖြင့် ဖွဲ့စည်းထားပြီး စည်းရုံးလှုံ့ဆော်စာများ၊ နိုင်ငံရေးသီချင်းများ၊ ကြေညာချက်များ ဖြန့်ချိခဲ့ပြီး ဆေးနီပက်ဖြန်းခြင်း၊ ဖယောင်းတိုင်ထွန်းဆုတောင်းမေတ္တာပို့ခြင်း၊ Vote No ကြက်ခြေခတ် ကမ်ပိန်း များလည်း ပြုလုပ်ခဲ့သည်။ ထိုလှုပ်ရှားမှုများနှင့်ဆက်စပ်၍ GW အဖွဲ့မှ ဇေယျာသော် (အက်စစ် ဟစ်ဟော့ တေးဂီတအဖွဲ့)၊ အောင်ဇေဖြိုး၊ အာကာဗို၊ သီဟ၀င်းတင် အပါအ၀င် (၁၀) ဦးထက် မနည်းဖမ်းဆီး ခံနေရသည်။


အပြည့်အစုံဖတ်ချင်ရင်...

GW ၏နှစ်ပတ်လည်အစီအရင်ခံစာ

အပြည့်အစုံဖတ်ချင်ရင်...

Thursday, October 9, 2008

နိဂုံးမတိုင်မီ



နိဂုံးမတိုင်မီ
အောင်ဇော် | အောက်တိုဘာ ၈၊ ၂၀၀၈

ထိုကာလ တခဏတာမျှတွင် စစ်အစိုးရက အနောက်နိုင်ငံများနှင့် ပြန်ပေါင်းထုပ်တော့မယောင် ရှိနေခဲ့သော်လည်း ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်ဖြုတ်ချခံရပြီးနောက်တွင် ဤကိစ္စများ အားလုံး နိဂုံးချုပ်ခဲ့ရတော့သည်။

ယခင် ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်

၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလတွင် ဗိုလ်မှူးအောင်လင်းထွဋ်က ၀ါရှင်တန်ဒီစီရှိ မြန်မာနိုင်ငံ သံရုံးတွင် ဒုတိယတာဝန်ခံ အဖြစ် ရာထူးသစ် စတင်ထမ်းဆောင်ခဲ့ ရချိန်နှင့် တပြိုင်နက် အသစ်တက်လာမည့် သမ္မတသစ် ဂျော့ဘုရှ်ဦးဆောင်သည့် အမေရိကန်ပြည်ထောင်စု အစိုးရနှင့် ဆက်ဆံရေး ပြန်လည်တိုးတက် ကောင်းမွန် အောင် ဆောင်ရွက်ရန် တာဝန်ပေးအပ် ခံခဲ့ရသည်။

သူက ယခုတကြိမ်မှ အမေရိကန်ပြည်ထောင်စု၏ မြို့တော်သို့ ရောက်ခဲ့ဖူးသည် မဟုတ်။ ၁၉၈၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ထိပ်သီး စစ်တက္ကသိုလ် (ဒီအက်စ်အေ) မှ ကျောင်းပြီး အမေရိကန်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့ (စီအိုင်အေ) ထံတွင်
၃ လ သင်တန်းတက်ရန် ပို့လွှတ်ခံရစဉ်ကလည်း ၀ါရှင်တန်သို့ သူ ရောက်ရှိ နေထိုင်ခဲ့ဖူးသည်။

၂၀၀၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြန်ရောက်လာသည့်အခါ ဗိုလ်မှူးအောင်လင်းထွဋ်က တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံး (အိုစီအမ်အိုင်) ၏ တန်ပြန်ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ယူနေရစဉ် ဖြစ်သည်။ သူ၏ အကြီးအကဲက ဗိုလ်ချုပ်ကြီးခင်ညွန့်ဖြစ်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရ၏ အတွင်းရေးမှူး ၁ တာဝန်ယူထားသူလည်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က တပြိုင်နက်တည်းမှာပင် ထောက် လှမ်းရေး ဌာနများကိုလည်း ကွပ်ကဲနေသည်။

ဗိုလ်ချုပ်ခင်ညွန့်က တိုင်းရင်းသားသူပုန် အင်အားစုများနှင့် ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များကို အစပျိုးဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ သူက ဤနည်းအားဖြင့် စစ်အစိုးရ၏ အာဏာထိန်းချုပ်မှုကို ပိုမို ခိုင်မြဲစေခဲ့ပြီး နောက်ဆယ်စုနှစ်တိုင် ဆက်လက်၍ အာဏာကို ချုပ်ကိုင်ထားနိုင်ရန် ဖန်တီးခဲ့သူလည်း ဖြစ်သည်။

ဗိုလ်မှူးအောင်လင်းထွဋ်၏ အဆိုအရ အမေရိကန်တွင် သမ္မတဘုရှ်တက်လာချိန်၌ ဗိုလ်ချုပ်ခင်ညွန့်က စစ်အစိုးရအပေါ် အပြင်းထန်ဆုံး ဝေဖန်ပြစ်တင် ပြောဆိုနေသည့် အင်အားကြီးနိုင်ငံနှင့် တင်းမာမှုများ လျော့ပါးရေး ဆောင်ရွက်နိုင်လိမ့်မည် ဟု ယုံကြည်နေခဲ့ပုံရသည်ဟု ဆိုသည်။

“ကျနော်တို့က ဘုရှ် အာဏာရလာတဲ့အချိန်ကို စောင့်နေတယ်။ နောက်ပိုင်း ဒီစီမှာ ဆက်ပြီး စည်းရုံးရေး လုပ်ငန်းတွေ စတော့တာပဲ” ဟု ဗိုလ်မှူးအောင်လင်းထွဋ်က ဆိုသည်။

ဧရာဝတီမဂ္ဂဇင်းက အသေးစိတ် မေးမြန်းခဲ့သည့် အင်တာဗျူးတွင် ၎င်းဗိုလ်မှူးဟောင်းက မကြာသေးမီကမှ ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံ၏ အတွင်းကျကျ အတိတ်သမိုင်း ဖြစ်ရပ်များကို ဖော်ထုတ်ပြောကြားခဲ့သည်။ ထိုအချိန်က စစ်အစိုးရ အနေနှင့် အနောက် နိုင်ငံများနှင့် ဆက်ဆံရေးတွင် စာမျက်နှာအသစ်ဖွင့်ရန် ပြင်ဆင်ထားခဲ့ပုံရသည်ဟု သူကပြောသည်။

သို့သော်လည်း သူ၏ ပြောကြားချက်အရ ထိုအချိန်က စစ်အစိုးရအတွင်းတွင်လည်း အာဏာအားပြိုင်မှု အကြီးအကျယ် ရှိနေခဲ့သည်ဟု ဆိုသည်။

ဗိုလ်ချုပ်ခင်ညွန့်က အမေရိကန်ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးပြန်လည် ကောင်းမွန်စေရေး အတွက် စမ်းသပ်မှု မပြုရမီတွင် သူက စစ်အစိုးရ၏ ထိပ်သီးအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မီးစိမ်းပြသည်ကိုလည်း စောင့်နေရသေးသည်။

နောက်ဆုံး ဆုံးဖြတ်ချက်ကို အမြဲတစေ ချမှတ်ရသူဖြစ်သည့် အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လွယ်လွယ် ဖြောင်းဖြ မရနိုင်သည့် ခေါင်းမာသူတဦးဖြစ်သည့်အပြင် သူက ဗိုလ်ချုပ်ခင်ညွန့် ဆောင်ရွက်ချင်သည့် ကျေအေးပြေလည်စေရေး အပြုအမူ များကိုလည်း သိပ်သဘောကျ ကျေနပ်လှသူ မဟုတ်။ သို့သော်လည်း ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့် က ယခင် သူပုန်အဖွဲ့များကို အပစ်အခတ်ရပ်စဲရေးဖြင့် ထိန်းချုပ်ထားလိုက်နိုင်ပြီ ဖြစ်သောကြောင့် စစ်အစိုးရက ၎င်း၏ အပြတ်ချေမှုန်းရေး စစ်ပွဲများကို ဒီမိုကရေစီ အတိုက်အခံ အင်အားစုများသို့ လှည့်၍ ဆင်နွှဲရေးအတွက် အလေးပေး စဉ်းစားချိန် ရလာစေခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့်၏ ကောက်ကျစ်ပါးနပ်သည့် ဉာဏ်စွမ်းဖြင့် အတိုက်အခံ အင်အားစုများကို ကောင်းကောင်း ထိန်းချုပ် ထားနိုင်ကြောင်း လက်တွေ့ပြသခဲ့ပြီ ဖြစ်သောကြောင့်လည်း နောက်ဆုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင့်ပြုမိန့် ချပေးခဲ့သည်။ ၎င်း၏ မှော်မျက်လှည့်အစွမ်းကို ၀ါရှင်တန်တွင် အစွမ်းပြရန် ခွင့်ပြုပေးခဲ့သည်။

ဗိုလ်မှူးအောင်လင်းထွဋ်ကို ၀ါရှင်တန်သို့ တာဝန်ပေး စေလွှတ်ခဲ့ခြင်းမှာ လုပ်ငန်း ပထမအဆင့်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံ တကာအစိုးရများက မြန်မာစစ်အစိုးရအား ၀ိုင်းကျဉ်နေမှုကို အဆုံးသတ်စေမည်ဟု မျှော်မှန်းထားသည်။

ဤသို့ အပျော့ဆွဲ စစ်ဆင်ရေး၏ တခြားအစိတ်အပိုင်း တခုမှာ ရောင်စုံ အင်္ဂလိပ်သတင်းစာ တစောင်ကို ထုတ်ဝေရန် ဖြစ်ပြီး မြန်မာတိုင်းမ် (စ်) ဂျာနယ် ကို ထုတ်ဝေနိုင်ခဲ့သည်။ ဤဂျာနယ်က လေးလံပျင်းရိဖွယ် စတာလင်ခေတ်ပုံစံ ၀ါဒဖြန့်ချိ နေသည့် အစိုးရပိုင် သတင်းစာများထက် ပို၍ သစ်လွင်ဆန်းပြားခဲ့သည်။

နောက်တဆင့် အနေနှင့် စစ်အစိုးရက အမေရိကန် အစိုးရကို စည်းရုံးတိုက်တွန်းပေးရန် ကိုယ်စားလုပ်ဆောင်ပေးမည့် ကုမ္ပဏီ (ဒီစီအိုင်) ကို ၂၀၀၂ ခုနှစ်တွင် ငှားရမ်းခဲ့သည်။ ဤကုမ္ပဏီကို စစ်အစိုးရကိုယ်စား တိုက်တွန်းစည်းရုံးရန် ၀န်ဆောင် ပေးမှုအတွက် အမေရိကန်ဒေါ်လာ ၃၄၈၀၀၀ ပေးခဲ့ရသည်။ သူတို့က မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုနေသည့် အပေါ် ချေပပြောဆိုပေးကြရမည် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု တရားရေးဝန်ကြီးဌာန၏ မှတ်တမ်းများအရ ဒီစီအိုင် ကုမ္ပဏီက စစ်အစိုးရနှင့် “နိုင်ငံရေး အရ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပြောဆိုမှုများ စတင်ရန်” စည်းရုံးတိုက်တွန်းမှုများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ဤကုမ္ပဏီက စစ်အစိုးရအပေါ် အမြင်ကောင်းလာစေရန်အတွက် လူထုပြန်ကြားဆက်သွယ်ရေး လှုပ်ရှားမှုများ လုပ်ဆောင် ပေးခဲ့ပြီး စစ်အစိုးရ၏ မူးယစ်ဆေးဝါး ကုန်သွယ်မှု တိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်ချက်များကို အမွှမ်းတင်ထားသည့် ထုတ်ပြန်ကြေညာချက်များကိုလည်း မူကြမ်းရေးသားပေးခဲ့သေးသည်။ ထိုမျှမက တိုင်းရင်းသားဒေသများ အတွင်းရှိ စစ်ဆင်ရေးများတွင် အဓမ္မပြုကျင့်မှုများကို စစ်လက်နက်တခုသဖွယ် အသုံးချနေသည်ဟူသည့် စွပ်စွဲချက်များ ကိုလည်း တန်ပြန်ရှုတ်ချသည့် ကြေညာချက်များ ရေးသားပေးခဲ့သေးသည်။

ထိုအချိန်က စစ်အစိုးရအနေနှင့် သမ္မတဘုရှ် ဦးဆောင်သည့် အမေရိကန်ပြည်ထောင်စု၏ မူဝါဒများက မြန်မာနိုင်ငံ အပေါ် ပို၍ ပြင်းထန်လာလေမည်လောဟု အမှန်တကယ် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။ “ကျနော်တို့က ဒီအတွက် တန်ပြန်လုပ် ဆောင်ကြရမယ်လို့လည်း တွက်ထားတယ်” ဟု ဗိုလ်မှူးအောင်လင်းထွဋ်က ဆိုသည်။

ဗိုလ်မှူးအောင်လင်းထွဋ်နှင့် သူ၏ အကြီးအကဲများက ခေါင်းချင်းဆိုင်၍ သူတို့အတွက် အကူအညီ ရရှိနိုင်ရန် မည်သူ့ကို ချဉ်းကပ်သင့်သည်ကို တိုင်ပင်ကာ သတင်းအချက်အလက်များ စုဆောင်းခဲ့ကြသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ထောက် လှမ်းရေးရုံးက စစ်အစိုးရအပေါ် သဘောထားပျော့ပြောင်း လိုလားဟန်ရှိသည့် မြန်မာပညာရှင်များကို စ၍ ချဉ်းကပ် စည်းရုံး ခဲ့ကြသည်။ အလားတူ အမေရိကန်အစိုးရ၏ စီးပွားပိတ်ဆို့ဒဏ်ခတ်မှု မူဝါဒများအပေါ် သဘောမတွေ့သူ များကိုလည်း ရှာဖွေခဲ့ကြသည်။ အတိုက်အခံလှုပ်ရှားမှုအတွင်း မကျေမနပ်ဖြစ်နေကြသည့် နာမည်ကြီး အတိုက်အခံခေါင်း ဆောင်၊ လှုပ်ရှားသူများကိုလည်း ဘက်ပြောင်းရန်အတွက် ချဉ်းကပ်၍ တိုက်တွန်း နားချခဲ့ကြသေးသည်။

ထိုမျှမက စစ်အစိုးရက ကုလသမဂ္ဂ၏ အဆင့်မြင့်အရာရှိများကိုလည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ သေးသည်။

ထိုအချိန်က ကုလသမဂ္ဂ၏ လက်ထောက်အတွင်းရေးမှူးလည်းဖြစ် ကုလအကြီးအကဲ ကိုဖီအာနန်၏ အထူးအကြံပေးလည်း ဖြစ်ခဲ့သူ၊ ယခု ဘန်ကီမွန်း လက်ထက်တိုင် အထူးအကြံပေးဖြစ်သူ ဂျိုးဆက်ဖ် ဗာနာရိဒ် ကိုလည်း ရန်ကုန်သို့ ဖိတ်ခေါ်ခဲ့ပြီး ၂၀၀၂ ခုနှစ် ကုလသမဂ္ဂ အထိမ်းအမှတ်နေ့ကို တက်ရောက်စေခဲ့သည်။

ကုလသမဂ္ဂ၏ အဆင့်မြင့် အရာရှိ ရိဒ်က မြန်မာစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနှင့် နီးစပ်သူဟုလည်း လူသိများကြ သည်။ သူက ကုလသမဂ္ဂတွင် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ထမ်းဆောင်တာဝန် ယူခဲ့သူ မြန်မာနိုင်ငံသား ဦးသန့်ကို ဂုဏ်ပြုဖွဲ့စည်းထားသည့် နယူးယောက်မြို့ရှိ ဦးသန့် အင်စတီကျု၏ ဘုတ်အဖွဲ့ဝင်ဖြစ်နေ သည်ကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရှိရပြန်သည်။

ကုလသမဂ္ဂ အထိမ်းအမှတ်နေ့အတွက် ပြောကြားသည့် မိန့်ခွန်းတွင် ဗိုလ်ချုပ်ခင်ညွန့်က မြန်မာနိုင်ငံသည် ကုလ သမဂ္ဂ ကဲ့သို့ ကမ္ဘာ့အဖွဲ့အစည်းကို နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး ထိန်းသိမ်းနိုင်ရေးအတွက်နှင့် လူသားထု တရပ်လုံး၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက် အခြေခံအဖွဲ့အစည်းအဖြစ် အထူးအလေးအနက်ထားပါ ကြောင်း ပြောခဲ့သည်။

“ကျနော်တို့အနေနဲ့ ကုလသမဂ္ဂကို အထူးအလေးထား ကျေးဇူးတင်ရှိကြောင်း ရိုးရိုးသားသား ဖော်ပြလိုပါတယ်။ အထူး သဖြင့် ယခုလို စွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် လေးစားအပ်တဲ့ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူး ဂျိုးဆက်ဖ် ဗာနာရိဒ် ကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ခင်ညွန့်က သူ၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

သို့သော် စိတ်ဝင်စားဖွယ်တချက်မှာ ဗိုလ်ချုပ်ခင်ညွန့်က မစ္စတာရိဒ်ကို မည်သည့်အတွက်ကြောင့် ပထမဦးဆုံး ချဉ်းကပ် ရပါသနည်းဟူသည့် မေးခွန်းပင်။

“ကျနော်တို့ စုဆောင်းရထားတဲ့ သတင်းတွေအရ သူက ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်လှဘူး” ဟု ဦးအောင်လင်းထွဋ် က ပြောပြသည်။ သူက မစ္စတာရိဒ်နှင့် ဗိုလ်ချုပ်ခင်ညွန့်အကြား ဆက်သွယ်ရေး ကြားခံအရာရှိအဖြစ်လည်း တာဝန်ယူပေး ခဲ့ရသေးသည်ဟု ရယ်မောရင်း ပြောပြသည်။

ဝါရှင်တန်ရှိ မြန်မာထောက်လှမ်းရေး အရာရှိများကတော့ မြန်မာ့အရေးကို စာနာနားထောင်ပေးမည့်သူများ လွယ်လွယ်နှင့် ရှာဖွေ စည်းရုံး၍ မရနိုင်ကြောင်း သိနေကြသည်။ သူတို့က အမေရိကန်ပြည်ထောင်စု အစိုးရ၏ မူဝါဒများအပေါ် သြဇာ အတော်အသင့်ရှိနေသည့် အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများကို ဆန့်ကျင်ဆောင်ရွက် နေရသကဲ့သို့ ပြည်ပရောက် တက်ကြွလှုပ်ရှားသူများကိုလည်း ရင်ဆိုင်နေကြရသည်။ ကွန်ဂရက်လွှတ်တော်နှင့် သမ္မတရုံးစိုက်ရာ အိမ်ဖြူတော်ကို စည်းရုံးဖို့ မဆိုထားနှင့် အမေရိကန် နိုင်ငံခြားရေးဌာန မှ အရာရှိများကို သူတို့က လွယ်လွယ်နှင့် နားချ နိုင်မည် မဟုတ်ကြောင်း သိနေကြသည်။ စစ်အစိုးရကို အများမြင်နေကြသလို အပြစ်မရှိကြောင်း သူတို့ လွယ်လွယ်ဆောင် ရွက်နားချနိုင်ကြရန် မမြင်ပါ။

အဓမ္မလုပ်အားပေးခိုင်းစေမှုများ၊ ကလေးစစ်သား အရေးကိစ္စ၊ မြန်မာစစ်သားများက စနစ်တကျ အဓမ္မပြုကျင့်နေခြင်း စသည့် ပြဿနာများသည် သူတို့ပူပူလောင်လောင် ဖြစ်နေကြရသည့် ပြဿနာများ ဖြစ်သည်။ နိုင်ငံခြားရေး ကိစ္စများကို ကိုင်တွယ်ဆောင်ရွက်နေကြရသည့် ထိပ်ပိုင်းအစိုးရ ခေါင်းဆောင်များအနေနှင့် ဤတိုက်ပွဲခက်ခဲလိမ့်မည်၊ တောင်ကုန်းကို လှန်၍တိုက်ရမည့် တိုက်ပွဲလည်း ဖြစ်မည်ဟု ဗိုလ်ချုပ်ခင်ညွန့်က သဘောပေါက်ထားသည်။

သို့သော်လည်း ဗိုလ်ချုပ်ခင်ညွန့်၏ ထောက်လှမ်းရေးအရာရှိများက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတချို့ထံ လမ်းဖောက်နိုင်ခဲ့ကြသည်။ ၎င်းတို့အထဲတွင် အရှေ့တောင်အာရှရေးရာ ဌာန တာဝန်ခံ မက်သယူး ဒေလီလည်း တဦး အပါအ၀င်ဖြစ်ပြီး သူတို့လိုလားချက်များကို သတင်းပေးပို့နိုင်ခဲ့သည်။ မက်သယူးဒေလီ ကိုယ်နှိုက်က တချိန်တွင် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ဒဏ်ခတ်ရေး မူဝါဒ အလုပ်မဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံကို လမ်းကြောင်းမှန်ပေါ် တင်ပေး နိုင်ဖွယ် မရှိကြောင်း ပြောဆိုခဲ့ ဖူးသေးသည်။

နောက်ပိုင်း ၂၀၀၂ ခုနှစ်၊ မေလတွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးခြင်းဖြင့် ပို၍ ရဲရဲလှမ်းလာခဲ့ သည်။ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းစည်းရုံးရေး ခရီးစဉ်များ သွားရန်လည်း ပြန်ခွင့်ပြု ပေးခဲ့သည်။ အပြန်အလှန်အဖြစ် ဒေါ်စုကလည်း စစ်အစိုးရ၏ ဖွံ့ဖြိုးရေးစီမံချက်များကို ပြန်၍ လေ့လာကြည့်ရှုပါရန် သဘောတူညီပေးခဲ့သည်။

၎င်းတလတည်းမှာပင် အမေရိကန်ပြည်ထောင်စု၏ ဗီဇာပိတ်ဆို့ အရေးယူမှုနှင့် စီးပွားရေးဒဏ်ခတ်မှု အသက်ဝင် နေသော်ငြားလည်း ထောက်လှမ်းရေးဌာန၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကျော်ဝင်းက အမေရိကန် ပြည်ဝင်ခွင့်ဗီဇာရခဲ့ပြီး မြန်မာစစ်အစိုးရ၏ မူးယစ်ဆေးဝါး ပပျောက်ရေး ကြိုးပမ်းနေမှုများကို အမေရိကန် အဆင့်မြင့် အရာရှိတချို့ထံ တင်ပြခွင့် ရခဲ့သည်။

ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ၏ ဒေသအနှံ့အပြားသို့ ခရီးထွက်၍ ထောက်ခံသူများနှင့် တွေ့ဆုံနေ ဆဲမှာပင် ထောက်လှမ်းရေးအရာရှိများကလည်း အတိုက်အခံခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းရေးကိစ္စများကို နောက် ကွယ်က ပါဝင် လှုပ်ရှားနေခဲ့သည်။ တပ်မတော် ထောက်လှမ်းရေးဌာန အိုစီအမ်အိုင် ၏ ဒုတိယ အကြီးအကဲ ဗိုလ်ချုပ်ကျော်ဝင်း၊ ၎င်း၏လက်ထောက် ဗိုလ်မှူးချုပ်သန်းထွန်းနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်တို့က ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးသည့် ကိစ္စများကို တာဝန်ယူ ဆောင်ရွက်ခဲ့ကြရသည်။

ဤသို့ လျှို့ဝှက်ဆွေးနွေးနေသည့် သတင်းများကိုလည်း ဗိုလ်ချုပ်ခင်ညွန့်၏ သစ္စာခံ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်မှ တဆင့် ယခင် ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူ မစ္စတာ ရာဇာလီ အစ်စမိုင်၏ နားအထိ ပေါက် ကြားစေခဲ့သည်။ ရာဇာလီက ဆွေးနွေးပွဲကို သူကိုယ်တိုင်က ကမကထပြု ဆောင်ရွက်ပေးခဲ့ခြင်း မရှိသော်လည်း ဤသတင်းကောင်းကိုမူ ကမ္ဘာသို့ ပြန်၍ ဖောက်သည်ချခဲ့ပြန်သည်။ ဤသတင်းက နှစ်များစွာအတွင်း မြန်မာနိုင်ငံတွင် အကောင်းဘက်သို့ ပြောင်းလဲတိုးတက်လာတော့မည့် အရိပ်အယောင်အဖြစ် လူအားလုံးက ကြိုဆိုခဲ့ကြသည်။

စစ်အစိုးရ၏ ပို၍ နူးညံ့သိမ်မွေ့လာသည့် သတင်းများကို မြန်မာတိုင်းမ် (စ်) ဂျာနယ် က အရောင်တင်ပေးခဲ့သည်။ သူတို့က စစ်အစိုးရ၏ ရည်မှန်းချက်အတိုင်း ဆက်လက်ဝါဒဖြန့်ချိပေးခဲ့ကြသည်။ မြန်မာတိုင်းမ် (စ်) ဂျာနယ် က စစ်အစိုးရ၏ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် တိုက်ဖျက်ရေး ကြိုးပမ်းမှုများ၊ ကုလသမဂ္ဂနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင် ရွက်လာနေမှု စသည်တို့ကို အသားပေးဖော်ပြခဲ့ကြပြီး ယခင် ကုလ အထွေထွေအတွင်းရေးမှူးဟောင်း ဦးသန့်၏ မိသားစုဝင်များ မြန်မာနိုင်ငံသို့ ပြန်၍ လာရောက်လည်ပတ်သည့် သတင်းကိုပင် နိုင်ငံရေး အခြေအနေ ပြောင်းလဲလာမှု သက်သေ တခုအဖြစ် အလေးပေး ဖော်ပြခဲ့ကြသည်။

ဤသို့ တိုးတက်မှုများ ဆက်တိုက်ဖြစ်နေစဉ်မှာပင် ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် အပြည်ပြည် ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မီတီ (အိုင်စီအာစီ) စသည်တို့ကို မြန်မာနိုင်ငံတွင် ပို၍ ကျယ်ကျယ်ပြန့်ပြန့် နေရာပေး လုပ်ကိုင်ခွင့်ပြုရေးအတွက် စစ်အစိုးရ၏ ထိပ်သီးခေါင်းဆောင် ဗိုလ် ချုပ်မှူးကြီးသန်းရွှေကို နားချနိုင်ရန် ကြိုးပမ်းခဲ့သေးသည်။

ပို၍ ပွင့်လင်းစွာ ပြုပြင်ပြောင်းလဲမှုများ လုပ်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တိုက်တွန်းနားချနိုင်ရန်အတွက် ဗိုလ်ချုပ် ခင်ညွန့်ကပင် တခါတရံ ခေါင်းဆောင်ကြီး၏ လက်ထောက်ဖြစ်သူ ဗိုလ်ချုပ်ကျော်ဝင်းကို ချဉ်းကပ်အားကိုး ခဲ့ရသည်။

ဗိုလ်ချုပ်ကျော်ဝင်းက စိတ်ဓာတ်စစ်ဆင်ရေးကိစ္စများတွင် အထူးကျွမ်းကျင်သူ ဖြစ်ပြီး ဗိုလ်ချုပ်သန်းရွှေ လက်အောက်တွင် လည်း တာဝန်ငယ်စဉ်က အတူတူ ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။ သူက အချိန်မရွေး ဗိုလ်ချုပ်သန်းရွှေ၏ ရုံးခန်းအတွင်းသို့ တံခါးမရှိ၊ ဓားမရှိ ၀င်ထွက်သွားလာနိုင်ခွင့် ရှိသူဟုလည်း သိထားကြသည်။ တခါတရံ သူက ညနက်မှ ပေါက်ချလာတတ်ပြီး လက်ဖက်ရည် အတူသောက်ခြင်း၊ သတင်းပေးခြင်းများ လုပ်တတ်သေးသည်။ မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံတကာ အဖွဲ့အစည်းများ ပို၍ လွတ်လပ်စွာ ခွင့်ပေးသင့်ကြောင်း၊ အရေးပါသည့် ကိစ္စများဖြစ်သည့် အဓမ္မလုပ်အားခိုင်း စေမှုနှင့် ကလေးစစ်သားစုဆောင်းမှု ကိစ္စများကို သေချာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်းတို့ကို သူက တိုက်တွန်း နားချ တတ်သည်။

သို့သော် လွယ်ကူလှသော ကိစ္စမဟုတ်ပါ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ခေါင်းမာလွန်းလှပြီး နိုင်ငံရပ်ခြားမှ ပြစ်တင် ဝေဖန်နေ မှုများ ကိုလည်း နားထောင် ဂရုစိုက်နေသူ မဟုတ်ကြောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ပြောပြသည်။ ဗိုလ်ချုပ်မှူးကြီးကို သူ ကိုယ်တိုင် အကြိမ်တော်တော်များများ ကြုံဆုံခဲ့ရဖူးသည်။

“သူက တဇောက်ကန်းပဲ၊ နိုင်ငံတကာ ဖိအားတွေ ဘာတွေ သိပ်ဂရုစိုက်တာ မဟုတ်ဘူး” ဟု ဗိုလ်မှူးဟောင်းက ပြန်ပြော ပြသည်။

ဥပမာအားဖြင့် ကလေးစစ်သား ပြဿနာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဝေဖန်ပြစ်တင်နေမှု အားလုံးကို ပယ်ချခဲ့သည်။ သူ၏ လက်အောက်ငယ်သားများကို “ဘာမှ ပူမနေနဲ့၊ နောက် ၂ နှစ်၊ ၃ နှစ် ဆိုရင် ဒီကလေးတွေအားလုံး အရွယ် ရောက်လာလိမ့်မယ်” ဟုပင် ပြောခဲ့သေးသည် ဆို၏။

“ဒီကိစ္စက ကုလသမဂ္ဂမှာ ကျနော်တို့ အကြီးအကျယ် ရင်ဆိုင်ကြရမယ့် ကိစ္စကြီးဆိုတာ သူက နားမလည်ဘူး” ဟု ဦးအောင်လင်းထွဋ်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အလုပ်လုပ်ခဲ့ဖူးသူများကမူ သူက ဆုံးဖြတ်ချက်ချမည်ဆိုလျင် ကြာတတ်ကြောင်းနှင့် မေးခွန်း များ အပေါ်တွင်လည်း ဟုတ်၊ မဟုတ် တိတိပပ အဖြေပေးလေ့မရှိကြောင်း ပြောဆိုကြသည်။ သက်ဆိုင်ရာ အရာရှိက သူ၏ မသဲမကွဲနိုင်လှသည့် အဖြေကို ကိုယ့်ဘာသာ ပဟေဠိ အဖြေညှိကြရသည်။

ဗိုလ်ချုပ်မှူးကြီးက ဆုံးဖြတ်ချက်ချရာတွင် မပြတ်သားသော်လည်း ကမ္ဘာက စိုးရိမ်ပူပန်နေကြသည့် မြန်မာ့အရေး ပြဿနာ များနှင့် ပတ်သက်၍မူ သူ့တွင် အယူအဆ ခိုင်ခိုင်မာမာ ရှိထားပြီးဖြစ်သည်။ သူ့အမြင်တွင် မြန်မာနိုင်ငံက တရုတ်၊ အိန္ဒိယ၊ ရုရှားတို့နှင့် ဆက်ဆံရေး ကောင်းမွန်အောင် ထိန်းသိမ်းထားခြင်းအားဖြင့် နိုင်ငံတကာဖိအားကို ဂရုစိုက်စရာ မလိုဟု သဘောပေါက်ထားသည်။

အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) အပေါ်တွင်ရော မည်သို့ရှိမည် ထင်ပါသနည်း။ ဦးအောင်လင်းထွဋ်ကမူ ဗိုလ်ချုပ်မှူးကြီးက ၎င်းဒေသဆိုင်ရာအဖွဲ့ကို ခေါင်းထဲပင် ထည့်မစဉ်းစားဟု ဆို၏။

အဆုံးစွန် ဆိုရလျင် ထိုင်းနိုင်ငံက မြန်မာ့စီးပွားရေးအတွက် အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်သော်လည်း စစ်အစိုးရအပေါ် သြဇာ မလွှမ်းမိုးနိုင်လှပေ။ ထိုင်းနိုင်ငံသည် မြန်မာ့ သဘာဝဓာတ်ငွေ့ကို မှီခိုနေရကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးအားဖြင့် မြန်မာနိုင်ငံက ထိုင်းနိုင်ငံမှ နိုင်ငံရေးသမားများအပေါ် သြဇာလွှမ်းနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခပ်တင်းတင်း ပြောတတ်သေးသည်။

သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးက သူ၏အာဏာကို ခြိမ်းခြောက်လာမည့် အရေးကို ကြည့်၍ စိတ်ချမနေနိုင်ပါ။ ထောက်လှမ်း ရေး အဖွဲ့များက လူထုစည်းရုံးရေး လုပ်ငန်းများဖြင့် ထိုးစစ်ဆင်ရှေ့တက်နေသည့် အချိန်တွင် ဗိုလ် ချုပ်မှူးကြီးသန်းရွှေနှင့် အပေါင်းအပါ ခေါင်းမာဂိုဏ်းသားများက ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦး၊ ပြည်တွင်းတွင် ပုဂ္ဂိုလ် ရေးအရ သြဇာတက်လာသည်ကို ကြည့်၍ စိုးရိမ်ပူပန်လာကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ခြိမ်းခြောက်မှုဟု ပိုမြင်လာကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတွင်း ခရီးစဉ်များ တွင် ထောက်ခံသူများ သိန်းနှင့်ချီ၍ လာရောက်စုဝေးနေချိန် ဖြစ်သည်။ ဤသို့ဖြင့် ဒီမိုကရေစီ လှုပ်ရှားမှုကို ပြန်လှန် တိုက်ခိုက် ထိုးစစ်ဆင်ရန် တော်ပြီဟု သူတို့က ဆုံးဖြတ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်၊ ထောက်ခံသူများ စီးလာသည့် ယာဉ်တန်းကို ဒီပဲယင်းမြို့အနီးတွင် ၂၀၀၃ ခုနှစ် မေလ၌ လုပ်ကြံတိုက်ခိုက်ကြတော့သည်။ ဤ အစုလိုက် အပြုံလိုက် လူသတ်ပွဲကြီး အပြီးမှာပင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် ထိန်းသိမ်းထားလိုက်သည်။ ဒီပဲယင်းတိုက်ခိုက်မှုတွင် လူအများအပြား အသက်ဆုံးရှုံးခဲ့ရသည်။

ဗိုလ်မှူးအောင်လင်းထွဋ်ကတော့ ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းနောက်မှ လိုက်ပါစောင့်ကြည့်ရသည့် ထောက်လှမ်း ရေးတပ်ဖွဲ့က ဒီပဲယင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ကြိုတင်မသိရှိခဲ့ဟု ဆို၏။

“သူတို့ တခုခုကြံနေတာတော့ ကျနော်တို့သိတယ်။ ဒါပေမယ့် အစီအစဉ် အတိအကျသာ မသိရတာ” ဟု သူက ပြောသည်။

ချက်ချင်းဆိုသလိုပင် စစ်အစိုးရ ကြိုးပမ်းထားသည့် နာမည်ကောင်းရရေး လုပ်ငန်းများအားလုံး သဲထဲရေသွန် ဖြစ်ခဲ့ရသည်။ သမ္မတဘုရှ် အစိုးရက မြန်မာစစ်အစိုးရအပေါ် ဖိအားများ ချက်ချင်း တိုးမြှင့်ပေးလာခဲ့ပြီး ပို၍ ပြင်းထန်သည့် ပိတ်ဆို့အရေး ယူမှု ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

သို့သော် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဤမျှနှင့် မရပ်သေးပေ။ နောက်ပိုင်းတွင် သူက ဗိုလ်ချုပ်ကြီးခင်ညွန့်ဘက် ဦးလှည့် လာခဲ့သည်။

စစ်ထောက်လှမ်းရေး အကြီးအကဲကို မယုံကြည်နိုင်ဖြစ်နေကြသူများမှာ ဗိုလ်ချုပ်မှူးကြီး တဦးတည်း မဟုတ်။ တပ်မတော် (ကြည်း) ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးကလည်း ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ထိန်းသိမ်းသင့်နေပြီဟု မြင်နေသည်။

ဗိုလ်ချုပ်မှူးကြီးက ဗိုလ်ချုပ်ကြီးခင်ညွန့်ကို တိုက်ရိုက် ရင်မဆိုင်ခဲ့။ အများမထင်ထားသည့် ကိစ္စကို ကာကွယ်ရေး ၀န်ကြီးဌာန အတွင်း လုပ်ဆောင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်၏ သြဇာကို လျှော့ချခဲ့သည်။ ပို၍ အရေးကြီးသည်မှာ သူက မျက်နှာသစ် များကို ကောက်တင်လာခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီးစိုးဝင်း၊ ဒု - ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု - ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ကို ပစား ပေးလာခဲ့သည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူး ဆက်ခံရန် ဗိုလ်ချုပ်ကြီးရွှေမန်းကို လက်သပ်မွေးထားခဲ့ပြီး ဗိုလ်ချုပ်ကြီးစိုးဝင်းကို တော့ ထောက်လှမ်းရေးဌာနအတွက် ပြင်ဆင်ထားခဲ့သည်။ ဗိုလ်ချုပ်ခင်ညွန့် ချက်ချင်းဆိုသလို ခုံလှုပ်ဖွယ် ဖြစ်လာသည်။ ပူပန်လာရသည်။ ယခုအခါ "ရန်သူ" ဒေါ်အောင်ဆန်းစုကြည်၏ အန္တရာယ်ပေးနိုင်မှုကို လျှော့တွက်မှုဖြင့် သူ့ကို စွပ်စွဲလာ ကြပြီ ဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ခင်ညွန့်၏ ဆရာဖြစ်သူ ယခင်အာဏာရှင်ဟောင်း ဦးနေ၀င်းကို အိမ် အကျယ်ချုပ်ချထားလိုက်ပြီး ၎င်း၏ သမီးနှင့် မြေးများကိုလည်း အာဏာသိမ်းရန် ကြံစည်မှုဖြင့် စွပ်စွဲထိန်းသိမ်းခဲ့သည်။ ဤ အချိန်မှစ၍ ယခင် အာဏာရှင်ဟောင်းနှင့် နီးစပ်ခဲ့မှုအတွက် ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုယ်နှိုက်က မလုံခြုံဟု ပထမဦးဆုံး အကြိမ် စတင်ခံစားလာခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီးက နောက်တကွက် ရွှေ့ပြန်သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ ယခင် ထောက်လှမ်းရေးအရာရှိဖြစ်ခဲ့ဖူးသူ ဗိုလ်မှူးအောင်လင်းထွဋ်၏ အဆိုအရ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီး မောင်အေးတို့ ၂ ဦး စလုံးက ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ထောက်လှမ်းရေး အကြီးအကဲ ရာထူးအဖြစ်မှ စွန့်ပါရန်နှင့် ဒု - ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ သို့မဟုတ် ဒု - ဗိုလ်ချုပ်ကြီး ရဲမြင့်သို့ လွှဲပြောင်းပေးရန် တိုက်တွန်းနားချခဲ့ကြသည်ဟု သိရသည်။ သို့သော်လည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က ပယ်ချခဲ့သည်။

နအဖ စစ်အစိုးရအတွင်း အကွဲအပြဲ သတင်းများက အဆင့်မြင့် ထောက်လှမ်းရေးအရာရှိ တချို့ထံမှတဆင့် နိုင်ငံခြား သတင်း မီဒီယာများထံ ပေါက်ကြားခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်က တခြားအာဆီယံနိုင်ငံများမှ ၀န်ကြီး များကို စစ်အစိုးရ ထိပ်သီးခေါင်းဆောင်များအတွင်း အာဏာအားပြိုင်မှု ရှိနေကြောင်းပင် အရိပ်အမြွက် ပြောခဲ့ဖူးသည်။

ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်၏ အဆိုအရမူ နိုင်ငံရေးအရ သဘောထားကွဲလွဲ တင်းမာမှုများအပြင် စီးပွားရေးအရ၊ ပုဂ္ဂိုလ်ရေးအရ အကျိုးစီးပွား အားပြိုင်မှုများလည်း ပတ်သက်နေခဲ့သည်ဟု ဆိုသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ဇနီးဖြစ်သူနှင့် ၎င်းနှင့် နီးစပ်သည့် မိတ်ဆွေများက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် တခြားကတော်များအဖွဲ့ကို “ပညာ မတတ်သည့် ကတော်များ ကလပ်” ဟု ခေါ်ဝေါ်သုံးနှုံးခဲ့ကြသည် ဟုလည်း သူက ဆိုသည်။

လာဘ်စားမှုများက တခြားကိစ္စတခုဖြစ်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်ကို အပြစ်ရှာရေးအတွက် အမှုဆင်ယူခဲ့ခြင်းသာ ဖြစ်သည်ဟု ဗိုလ်မှူးဟောင်းက ဆိုသည်။ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တချို့ကို မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် လာဘ်စားမှုနှင့် ဖမ်းဆီး အရေးယူခဲ့သည့် အပြင် မြိတ်တွင် ငါးဖမ်းလှေတစီးကို ဘိန်းဖြူ ၅၀၀ ကီလိုဂရမ်နှင့် ဖမ်းမိသည့်ကိစ္စတွင်လည်း ဗိုလ်ချုပ်ကြီးခင်ညွန့်အမည် ဆက်စပ် ပတ်သက်နေသည်ဟု စွပ်စွဲခဲ့ကြသည်။

၂၀၀၃ ခုနှစ် စက်တင်ဘာလတွင် ကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည့် အစည်းအဝေးတခု၌် စင်ကာပူခရီးစဉ်မှ ပြန်လာ ခဲ့သည့် ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြား အပြင်းအထန် သဘောထားကွဲလွဲကြသည်ဟု ဆိုသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က နုတ်ထွက်စာပင် တင်ခဲ့သည်ဟုလည်း ဆိုကြသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီးက သူ့ကို တာဝန်အသစ် ပေးစရာရှိကြောင်းသာ ပြန်၍ ပြောခဲ့သည်။

အောက်တိုဘာလတွင် ဗိုလ်ချုပ်ကြီးခင်ညွန့်က သူ၏ လက်ထောက် ထောက်လှမ်းရေး အရာရှိများနှင့် လျှို့ဝှက် အစည်း အဝေးတခု ခေါ်ယူခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် တခြားထိပ်ပိုင်း တပ်မတော်အရာရှိများ၏ ခြစားမှု အထောက် အထားများကို စုဆောင်းပေးရန် ညွှန်ကြားခဲ့သည်။ ဗိုလ်ချုပ်ကြီးရွှေမန်းက ဤသတင်းကို ချက်ချင်းကြားပြီး ဗိုလ်ချုပ်မှူး ကြီးထံ သတင်းပြေးပို့လာခဲ့သည်။

မန္တလေးမှအပြန် ခရီးတွင် ဗိုလ်ချုပ်ကြီးခင်ညွန့် အဖမ်းခံလိုက်ရသည်။ ပြီးနောက် လာဘ်စားမှု၊ အမိန့်မနာခံမှုတို့ဖြင့် စွဲချက်တင်ခံရသည်။

ဗိုလ်ချုပ်ကြီးခင်ညွန့်ကို လှေကြီးပေါ် လှေငယ်ဆောက်နေသည်ဟု မြင်ကြသည့် တိုင်းမှူးအတော်များများက ဗိုလ်ချုပ် ကြီးခင်ညွန့်ကို ဖြုတ်ချလိုက်ခြင်းအပေါ် ၀မ်းမြောက်အားပေးခဲ့ကြသည်။ အမှန်တွင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ အာဏာကို ပို၍ ကျစ်လျစ်ခိုင်မာအောင် အားစုနိုင်လိုက်သည်သာမက စစ်တပ်အတွင်း ပို၍ပင် ထောက်ခံမှု ရလာခဲ့သည်။

“စစ်တပ်က ကျနော်တို့ စစ်ထောက်လှမ်းရေးကို မုန်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့မှာ သူတို့ သတင်း အချက် အလက်တွေ ရှိနေတယ်။ ကျနော်ဆိုရင် ဗိုလ်မှူးအဆင့်ပဲ။ ဒါပေမယ့် ကျနော်က တိုင်းမှူးအဆင့်ကိုတောင် ဆူပူ ကြိမ်းမောင်း လို့ရတယ်” ဟု ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောသည်။

ယခုအချိန်တွင် လူထု၏ မေတ္တာကို ရရန် စည်းရုံးနေရသည့် တာဝန် နိဂုံးချုပ်ခဲ့ပြီ ဖြစ်သည်။ အာဆီယံ အဖွဲ့၊ တရုတ်နိုင်ငံ နှင့် အနောက်နိုင်ငံများရှိ ဗိုလ်ချုပ်ကြီးခင်ညွန့်ကို လိုလားသူ မဟာမိတ်များ၊ ကုလသမဂ္ဂ အားလုံးက စိတ်ပျက်ကုန်ကြပြီ ဖြစ်သည်။ “သဘောထားပျော့ပြောင်းသည့် အလယ်အလတ်အုပ်စုများ” အားလုံး ဖမ်းဆီးခံရပြီး ချုပ်နှောင်ခံနေရသည်ကို မြင်ခဲ့ကြရသည်။

စစ်အစိုးရက အမျိုးသားညီလာခံပြန်စရန် ကြိုးပမ်းနေသည့် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်အစိုးရနှင့် ဒေါ်အောင်ဆန်း စုကြည်တို့ တွေ့ဆုံဆွေးနွေးပွဲများ ပြုနေခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ် မပေးချင်ခဲ့။ ဒေါ်အောင်ဆန်းစုကြည်က ပြေလည်စေလိုသည့် သဘောထားဖြင့် ဒီပဲယင်းတိုက်ခိုက်မှုအပေါ် ပုဂ္ဂိုလ်ရေး အာဃာတ မရှိပါကြောင်း ဗိုလ်ချုပ်မှူးကြီးထံသို့ပင် စာတစောင်ရေး၍ ပေးပို့ခဲ့သေးသည်။

ထို တွေ့ဆုံပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပြန်လွှတ်ပေးလျင် အန်အယ်ဒီ ပါတီအနေနှင့် အမျိုးသား ညီလာခံ သို့ ပြန်တက်မည်ဟုလည်း သဘောတခဲူ့ကြသည်။

ထိုအချိန်က ၀ါရှင်တန်တွင်ပင် တာဝန်ယူနေရသူ ဗိုလ်မှူးအောင်လင်းထွဋ်က နေ့စဉ်ဆိုသလို ရန်ကုန်မှ ဖုန်းကို စောင့်၍ နားထောင်နေရသည်။ ရန်ကုန်မှ ပြောလာသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနှင့် အမျိုးသားညီလာခံ ပြန် တက်ဖို့ အရေး ၉၅ ရာခိုင်နှုန်း သေချာနေပြီဟု ဆိုနေသည်။ သို့သော် နောက်ဆုံး အချိန်တွင် သဘောတူညီချက်က ပျက်သွားရ သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လူထုထောက်ခံသည့် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး မည့်အရေး ပယ်ချခဲ့သည်။ သူ့ကတိကို သူဖျက်ခဲ့သည်။

၂၀၀၃ ခုနှစ် သြဂုတ်လတွင် လမ်းပြမြေပုံ၏ အဆင့်တခုအဖြစ် အမျိုးသားညီလာခံကို ပြန်လည်စတင် ကျင်းပမည်။ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ် ကို ဖော်ဆောင်မည်ဟု ကြွေးကြော်ခဲ့သူမှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဖြစ်သည် ဆိုသည့် အချက်က ကမောက်ကမ နိုင်လှ၏။ ခုတော့ သူနှင့် သူ့မိသားစုဝင်များ အိမ်အကျယ်ချုပ် ကျခံနေရပြီး သူနှင့် နီးစပ်သည့် လက်အောက်ခံ အရာရှိများအားလုံးလည်း နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသည်။ သို့သော် ခြွင်းချက်အဖြစ် ဗိုလ်ချုပ် ကျော်ဝင်းနှင့် ဗိုလ်မှူးချုပ် ကျော်သိန်းက လွတ်၍ ကျန်နေခဲ့သည်။

လျှို့ဝှက်ထောက်လှမ်းရေးဌာန တခုလုံးကို ဖျက်သိမ်းပြီး၍ ၄ နှစ် ကြာသည့်တိုင် ဗိုလ်ချုပ်ကြီးခင်ညွန့်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဖြုတ်ချ၍ အာဏာသိမ်းရန် အကြံအစည်တခု ပြင်ဆင်နေခဲ့သည်ဟု တပ်မတော်သား အများစုက ယုံကြည် ထင်မြင်နေကြဆဲ ဖြစ်သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်က ကာကွယ်ရေးဦးစီးချုပ်လုပ်ရန် ကြံစည်ခဲ့သည်ဟုလည်း ထင်မြင်နေ ကြဆဲ ဖြစ်သည်။

ဦးအောင်လင်းထွဋ် အဖို့မှာမူ စစ်ထောက်လှမ်းရေး အကြီးအကဲ၏ နိဂုံးက စစ်ထောက်လှမ်းရေးဌာနအတွင်းရှိ သူ၏ အလုပ်အကိုင် တက်လမ်းအတွက်လည်း နိဂုံးဖြစ်စေခဲ့သည်။ ဤသို့ဖြင့် ၂၀၀၅ ခုနှစ်၊ မတ်လတွင် အမေရိကန်ပြည်ထောင် စု၌ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခဲ့သည်။

ထိုအချိန်မှစ၍ သူက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ပွင့်ပွင့်လင်းလင်းပင် ပြစ်တင်ဝေဖန်ခဲ့သည်။ ပြည်ပရှိ မြန်မာရေဒီယို အစီအစဉ်များမှတဆင့် သူက မြန်မာစစ်အစိုးရ ခေါင်းဆောင်ကို ရာထူးမှဆင်းပေးရန် တောင်းဆိုခဲ့ပြီး အောက်ခြေ စစ်သား များအနေနှင့်လည်း ၎င်းဗိုလ်ချုပ်မှူးကြီးကို ၀ိုင်းဝန်း ဖြုတ်ချကြရန် တိုက်တွန်းခဲ့သည်။

ဦးအောင်လင်းထွဋ်က ယခုအချိန်၌ ထောင်တွင်း အကျဉ်းကျနေကြသည့် တခြား စစ်ထောက်လှမ်းရေး အဆင့်မြင့် အရာရှိ များလည်း အလားတူ ခံစားနေရဖွယ်ရှိသည်ဟု သူယုံကြည်ကြောင်း ဆိုသည်။

ဒီမိုကရေစီအရေး လှုပ်ရှားမှုနှင့် ပတ်သက်၍မူ သူက “ကျနော်တို့က တော်လှန်ရေးအောင်တာ မြင်ချင်ပါတယ်” ဟု ပြောခဲ့လေသည်။
အောင်ဇော်ရေးသားသည့် The Spring before Khin Nyunt’s Fall ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ [Top]


အပြည့်အစုံဖတ်ချင်ရင်...