Tuesday, October 28, 2008

မောင်တောတွင် ရဟန်းတော် ၂ ပါးကို နစကမှ အပြင်းအထန်လိုက်ရှာနေ

10/28/2008

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်မြို့ မောင်တောတွင် ရဟန်းတော်နှစ်ပါးအား နစကများက အသည်းအသန် လိုက်ရှာနေကြောင်း သတင်းရရှိသည်။

အမည်မဖေါ်လိုသူ ရဟန်းတော် တပါးက“သူတို့နှစ်ပါးကို ကျောင်းတိုင်းကျောင်းတိုင်းမှာ လိုက်မေးနေပါတယ်။ အဲဒီ ရဟန်းနှစ်ပါး လာရောက်တည်းခိုနေသလား၊ မြင်မိသလား တွေ့မိသလားဆိုပီး နစကတွေက မေးနေတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါ ရဟန်းတော်နှစ်ပါးမှာ ဦးဇ၀နနှင့် ဦးသုမနတို့ဖြစ်ပြီး စစ်တွေမှ မောင်တောသို့ တနင်္ဂနွေနေ့ကရောက်ရှိလာသော ရဟန်းတော်များ ဖြစ်ကြောင်း သိရသည်။

မည့်သည့်အတွက်ကြောင့် လိုက်ရှာနေသည်ကို တိတိကျကျ မသိရသေးသော်လည်း စစ်ဆေး မေးမြန်းရန် ဖြစ်နိုင်ကြောင်း အဆိုပါရဟန်းတော်က ပြောသည်။

ယခုအချိန်ထိ ရဟန်းတော်နှစ်ပါးအား ရှာဖွေမတွေ့သေးသဖြင့် မောင်တောမြို့မှ ဘုန်းတော်င်္ကြီးကျောင်းများတွင် ဆက်လက် လိုက်လံရှာဖွေနေကြောင်း သိရသည်။


0 comments: