Immediate Release Sept 15-2009
2nd Saffron Broucher Final
Tuesday, September 22, 2009
အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် ကြေညာချက်
Labels: ကြေညာချက်
Posted by Ashin dhamma at 1:23 AM 0 comments
Monday, August 3, 2009
တတိယအကြိမ် နအဖ စစ်အာဏာရှင်အား ပတ္တနိက္ကုဇ္ဇန (သပိတ်မှောက်) ကံဆောင်မည်
Labels: ကြေညာချက်
Posted by Ashin dhamma at 5:47 AM 0 comments
Friday, July 31, 2009
ဘယ်လမ်းရွေးမလဲ နအဖ
ဇူလိုင်လ (၃၁) ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားစီရင်ချက်မချရဲတဲ့ နအဖ၊ သြဂုတ်လ (၁၁) ရက်ကို တောင်လိုလို မြောက်လိုလိုနဲ့ ရွှေ့ပြောင်းခဲ့ပြန်တယ်၊ ဒါဟာ မတရားသဖြင့် ပြုမူလုပ်ဆောင်နေတာကို ဖင်ပိတ်ငြင်းနေလဲ
အပိုဖြစ်နေပြီဆိုတာ ပြည်သူတွေက သဘောပေါက်နေကြပေပြီ။
ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးဟာ ဘယ်ခေတ်တုန်းကမှ မဟုတ်တာ မတရားတာကို ခေါင်းငုံ့ခံခဲ့ရိုး ထုံးစံမရှိခဲ့ဘူးဆိုတာ နအဖအနေနဲ့ အထူးပေါက်စေချင်ပေသည်၊ ယခုအချိန်အခါသည် နအဖ စစ်မိစ္ဆာကောင်များအနေဖြင့် မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချခဲ့ပါက တိုင်းပြည်တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်တော့မည်ဆိုတာ တကမ္ဘာလုံးက မျက်ဝါးဝါးထင်တွေ့မြင်ကြရပေမည်။
ပြည်သူဆီက အာဏာကို မတရားလုယူပြီး ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးသာမက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ စော်ကားချင်တိုင်း စော်ကား မော်ကားလုပ်နေတာကို ဘယ်ပြည်သူကမှ သည်းခံနိုင်စွမ်းမရှိဘူး ဆိုတာကို နအဖ အနေဖြင့် လက်တွေ့ကျကျ တွေ့မြင်ရမည်ဖြစ်သည်။
အာဏာပါဝါရှိတိုင်း ထင်ရာစိုင်းလုပ်ချင်တဲ့ နအဖ ခေါင်းဆောင်များအနေနဲ့ နေလမ်းနဲ့ သေလမ်း ဘယ်လမ်းကိုရွေးချယ်မလဲဆိုတာ သေသေချာချာ စဉ်းစားထားကြဖို့ အထူးလိုအပ်နေပေပြီ၊ ပြည်သူ့ညီညွတ်မှုစွမ်းအားကို ဘယ်အာဏာ ဘယ်ပါဝါကမှ တားဆီးနိုင်စွမ်းမရှိဘူးဆိုတာကို မကြာခင်တွေ့မြင်ရမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သာ ပြည်သူ့ခေါင်းဆောင်အစစ်ဖြစ်ပြီး နအဖ ဟာ ဘယ်တော့ခါမှ ပြည်သူ့ခေါင်းဆောင်ဖြစ်မလာနိုင်ဘူး၊ နအဖကို ဘယ်ပြည်သူ ဘယ်ကမ္ဘာကမှ အယုံအကြည်မရှိဘူးဆိုတာကို စစ်မှန်တဲ့လွတ်လပ်ရေးကို ဆာလောင် တောင့်တနေတဲ့ သန်း(၅၀) ကျော်သော ရဟန်းရှင်လူပြည်သူတွေရဲ့ရင်ထဲက စစ်မှန်တဲ့ဆန္ဒနဲ့ တောင်းဆို တိုက်ပွဲဝင်မှုတွေ မကြာခင် ပေါ်ပေါက်လာတော့မည်ဖြစ်သည်။
နအဖ ဖွတ်ခေါင်းအဖွဲ့များအနေဖြင့် နေလမ်းနဲ့ သေလမ်း ဘယ်လမ်းကိုလိုက်မလဲဆိုတာ မိမိကိုယ်တိုင်ရွေးချယ်မလား၊ ဒါမှမဟုတ် သန်း(၅၀) ကျော်သော ရဟန်းရှင်လူပြည်သူတွေရွေးချယ်တဲ့လမ်းကို လိုက်မလားဆိုတာ မကြာခင် အဖြေတစ်ခု ထွက်ပေါ်လာ
တော့မည်ဖြစ်သည်။
ဒီမိုကရေစီ တော်လှန်ရေးသွေးသောက်ရဲဘော်များ (ပြည်တွင်း)။
Labels: ကြေညာချက်
Posted by Ashin dhamma at 7:12 AM 0 comments
Thursday, July 30, 2009
ဇူလိုင် (၃၁) အင်းစိန်ထောင်ရှေ့ချီတက်ဆန္ဒပြပွဲ
လေးစားအပ်ပါသော ရဟန်းရှင်လူပြည်သူ တပ်မတော်သားအပေါင်းတို့…..
ဇူလိုင်လ (၃၁) ရက်နေ့သည် မြန်မာနိုင်ငံတွင် နအဖ စစ်မိစ္ဆာကောင်များ၏
ဆိုးဝါးကောက်ကျစ် ယုတ်မာမှု၊ မဟုတ်မတရား ဥပဒေပုဒ်မတတ်ကာ လိမ်လည်
လှည့်ဖြားမှုကြီးကို လူသိရှင်ကြား ကမ္ဘာသိအဖြစ် မတရားပြုမူလုပ်ဆောင်တော့
မည်ဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ပေးနိုင်
မည့်သူများမှာ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူ မျိုးချစ်တပ်မတော်သားများသာ
လျှင်ဖြစ်ပေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံတော် ထူထောင်
ရေးအတွက် မရှိမဖြစ် အရေးပါသည့် တန်းဖိုးဖြတ်မရသည့်ခေါင်းဆောင် ဖြစ်ပေသည်၊
လူထုခေါင်းဆောင်တစ်ယောက် လွတ်မြောက်ရေးအတွက် တာဝန်သည် သန်း(၅၀)
ကျော်သော ကျွန်ုပ်တို့ မြန်မာနိုင်ငံသားအားလုံး၏ တာဝန်တစ်ရပ်ဖြစ်ပေသည်၊
ဒေါ်အောင်ဆန်းစုကြည်သည် ရန်သူ့လက်တွင်းကျရောက်နေသည်ကို အထူး
သတိပြုသင့်ပေသည်၊ အစားထိုးမရသည့် ခေါင်းဆောင်တစ်ယောက် ဆုံးရှုံးသွားပါက
မြန်မာနိုင်ငံ၏အနာဂတ်သည် ဗိုလ်ချုပ်အောင်ဆန်းပြောသလို ဖာသည်တိုင်းပြည်ဖြစ်
ရုံမက သူတောင်းစားတိုင်းပြည်အဖြစ်သို့ရောက်ရှိတော့မည်ဖြစ်သည်။
သို့ပါ၍ ကျွန်ုပ်တို့ လုပ်ဆောင်ရမည့်တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ပြီး
တာဝန်ကျေသည့် ပြည်သူတစ်ယောက်ဖြစ်စေရန်အတွက် ဇူလိုင်လ (၃၁) ရက်နေ့
တွင် အင်းစိန်ထောင်ရှေ့သို့ ညီညွတ်စွာ ချီတက်ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြပါရန် အထူးတိုက်တွန်းနိုးဆော်
လိုက်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 7:38 AM 0 comments
Wednesday, July 29, 2009
အပြင်းထန်ဆုံးသောလူထုတိုက်ပွဲအတွက်ပထမအဆင့်ခြေလှမ်း
မြန်မာနိုင်ငံကြီးသည် စစ်ကျွန်အဖြစ်လုံးလုံးရောက်ရှိရန် လက်တစ်ကမ်းသာ လိုပါတော့သည်၊
စစ်မိစ္ဆာအာဏာရှင်တို့၏ ယုတ်မာပက်စက် ကောက်ကျဉ်းစဉ်းလဲ နည်းအမျိုးမျိုးနှင့် ညစ်ပတ်လုပ်ကြံမှုများကြောင့် မြန်မာနိုင်ငံကြီးသည် ဖွတ်ဖွတ်ကြေ ပြာပုံထဲက ခွေးဝဲစားဘ၀သို့ ရောက်ရှိခဲ့သည်ကို လွန်ခဲ့သည့် နှစ်(၂၀) က သက်သေ ပြခဲ့ပြီဖြစ်သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ
ကျောင်းသားခေါင်းဆောင်များကိုလည်း ထောင်သွင်းအကျဉ်းချ ညှင်းပမ်းနှိပ်စက် အသံတိတ်
သတ်ဖြတ်လျှက်ရှိနေပေပြီ၊ ပြည်သူလူထု စစ်တပ် တိုင်းရင်းသားပေါင်းစုံ တို့ကိုလည်း အငတ်
ထားကာ မျိုးသုဉ်းစစ်ဆင်ရေးများကို ဆင်နွဲလျှက်ရှိပေပြီ။
ရဟန်းရှင်လူပြည်သူလူထုကြီးအနေဖြင့် အာဏာရှင်ကိုတိုက်ရင်းသေမလား ဒါမှမဟုတ် အာဏာရှင်က
သတ်ဖြတ်တာကို ငြိမ်ပြီး အသေခံမလား ဆိုသည့် မေးခွန်းကို မိမိ
ကိုယ်တိုင် မေးပြီး အဖြေရှာရတော့မည်ဖြစ်သည်၊ အာဏာရှင်ကို အမြစ်ပါမကျန်အောင် တိုက်
ထုတ်နိုင်မည့်အရာမှာ အပြင်းထန်ဆုံးသောလူထုတိုက်မှ လွဲ၍ အခြားမည်သည့်အရာမှ မရှိ
ပေ၊ အာဏာရှင်ကို ဘယ်လိုတိုက်တိုက် ပြည်သူဘက်က တရားသည် မှန်ကန်သည်ဆိုသည့်
အချက်သည် ကျွန်ုပ်တို့ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး၏ ကိုင်စွဲထားသောလက်နက်ဖြစ်ပေ
သည်။
သို့ပါ၍ ယခုအခါသည် အပြင်းထန်ဆုံးသောလူထုတိုက်ပွဲကို ဆင်နွဲရန် အချိန်ကြ
ရောက်ပီဖြစ်သည့်အတွက် နအဖ၏ မတရား ရုံးများ၊ ကြံ့ဖွတ်ရုံးများ၊ ဌာနဆိုင်ရာကားများကို
မီးရှို့ဖျက်ဆီးခြင်း၊လမ်းပန်းဆက်သွယ်ရေးများဖြတ်တောက်ခြင်း၊မိမိရပ်ကွက်ကို မိမိတို့ကိုယ်
တိုင်အုပ်ချုပ်ခြင်း နအဖအာဏာ သက်ရောက်မှုမရှိစေရန်အတွက် စုပေါင်းညီညွတ်စွာ တော်
လှန်တိုက်ပွဲဝင်ကြပြီး စစ်မိစ္ဆာအာဏာရှင်ကို အမိမြန်မာပြည်မှ အပီးပိုင် တိုက်ထုတ်ပစ်ကြပါ
ရန် တိုင်းပြည်အကျိုးကိုမျှော်၍ တိုက်တွန်းနိုးဆော်အပ်ပါသည်။
ဒီမိုကရေစီ တော်လှန်ရေးသွေးသောက်ရဲဘော်များ(ပြည်တွင်း)
Labels: ကြေညာချက်
Posted by Ashin dhamma at 9:26 PM 0 comments
မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့ မှ အထူးကြေညာချက်။
လေးစားအပ်ပါသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တပ်မတော်သားအပေါင်းတို့ ....
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မတရား အကျဉ်းချခံနေရတဲ့ ရဟန်းရှင်လူခေါင်းဆောင်တွေအားလုံး လွတ်မြောက်ရေးသည် ကျွန်ုပ်တို့ အားလုံးရဲ့ မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်တစ်ခု ဖြစ်ပေသည်။
ကျွန်ုပ်တို့အားလုံး စစ်ကျွန်သဘောက် အာဏာရှင်ခြေဖ၀ါးအောက်မှ အလုံးစုံလွတ်မြောက်ရေးအတွက် ကျွန်ုပ်တို့ခေါင်းဆောင်များသည် ထောင်ထဲတွင် ဆင်းရဲ ဒုက္ခမျိုးစုံကိုကြံ့ကြံ့ခံကာ အာဏာရှင်ကို ဒူးမထောက် လက်မမြောက်အရှုံးမပေးပဲ ဆက်လက် တိုက်ပွဲဝင်နေကြပေသည်။
ယခုအချိန်အခါသည် ကျွန်ုပ်တို့၏ မဟုတ်လျှင် ဘယ်တော့မှ ခေါင်းငုံ့မခံတတ်ကြသည့် သခင်စိတ်ဓာတ်ကို မွေးပီး အာဏာရှင်ကို ဘက်ပေါင်းစုံက တော်လှန်တိုက် ခိုက်ရတော့မည်အချိန် ကျရောက်လာပြီ ဖြစ်ပေသည်။
အနှစ် (၂၀) လုံး ရိုက်သွင်းထားတဲ့ ကျွန်စိတ်ဓာတ်တွေကို ဖျောက်ဖျက်ပီး သပိတ်စုံ သူပုန်ထ တော်လှန်မှသာလျှင် နအဖစစ်မိစ္ဆာကောင်များကို မြန်မာ့မြေပေါ်မှ အပြီးပိုင် ရှင်းလင်းဖယ်ရှားပစ်နိုင်မည် ဖြစ်ပေသည်။
မျိုးချစ်တပ်မတော်သားများကလည်း ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော်အဖြစ် မိမိကိုယ်မိမိ ခံယူပြီး ပြည်သူလူထုကြီးကို အသက်ပေးကာကွယ်စောက်ရှောက်ပေးရန် တာဝန်အပြည့်ရှိသည်ကို လေးလေးနက်နက် သဘောပေါက်စေလိုပါသည်။
ကျွန်ုပ်တို့၏ အနှစ်နှစ်အလလ ခံစားခဲ့ရသော ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ လူစဉ်မမီ လူမပီသမှု၊ မတရားမှုများနှင့် ဆုံးရှုံးနစ်နာနေတဲ့ မိမိတို့ရဲ့ မွေးရာပါအခွင့်အရေးတွေ ရရှိဖို့အတွက် အပြင်းထန်ဆုံးသော လူထုတိုက်ပွဲကို လှည်းနေလှည်းအောင်း မြင်းစောင်းမကျန် အနီးကပ်ဆုံးရန်သူကို တွန်းလှန်တိုက်ခိုက် တော်လှန်ကြပါရန် လေးလေးနက်နက် တိုက်တွန်းနိုးဆော်လိုက်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့ ။
Labels: ကြေညာချက်
Posted by Ashin dhamma at 6:25 AM 0 comments
Tuesday, July 28, 2009
တိုက်ပွဲဝင်ဖို့အားလုံးအသင့်ပြင်
နအဖ၏ရက်စက်ယုတ်မာကောက်ကျစ်မှုသည် ရုပ်လုံးပေါ်သထက်ပေါ်လာပြီဖြစ်သည်။
နအဖသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား (၃၁-၀၇-၂၀၀၉) နေ့တွင်
မတရား ထောင်ဒဏ်အပြစ်ပေးတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံရှိရဟန်းရှင်လူ ပြည်သူ
နှင့် ပြည်သူမျိုးချစ်တပ်မတော်သားအားလုံးသည် မိမိတို့၏ စုတ်ပြတ်နုံခြာဆင်းရဲမွဲတေ
လူတစ်လုံးသူတစ်လုံးအဖြစ် အသက်ရှင်ရပ်တည်ခွင့်မရသည့် ငရဲခန်းဘ၀ထဲမှရုန်းထွက်
ဖို့အတွက် တိုက်ပွဲဝင် တော်လှန်ရေးတစ်ရပ် မဖြစ်မနေဆင်နွဲကြရတော့မည်ဖြစ်သည်။
ဗမာ့သွေး ရဲရဲနီကြောင်းကို သမိုင်းအဆက်ဆက်က သက်သေပြခဲ့သလို သမိုင်း
ပေးတာဝန်တစ်ရပ်သည် မိမိတို့ပခုံးပေါ်သို့ ကျရောက်လာပြီဖြစ်ပေသည်၊ ယခုအချိန်အ
ခါသည် အနီးကပ်ဆုံးရန်သူကို ချေမှုန်းသုပ်သင်ရမည့်အချိန်သို့ရောက်ရှိနေပြီဖြစ်သည်၊
ပြည်မာပြည်ကြီးသည် မကြာခင် အသူရာချောက်ထဲသို့ဇောက်ထိုးကျရောက်တော့မည်
အခြေအနေဆိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပေသည်၊ ဇောက်ထိုးကျအောင် အတင်း
တွန်းချနေတဲ့ နအဖကို အပီးပိုင် ခြေမှုန်းသုပ်သင်တော်လှန်မလား၊ ဒါမှမဟုတ် နအဖစစ်
မိစ္ဆာကောင်တွန်းချသည့် အသူရာချောက်ထဲသို့ဇောက်ထိုးမိုးမျှော် လိုက်ပါသွားမလားဆို
တာကို မိမိကိုယ်မိမိ သေသေချာချာဆန်းစစ်ဖို့အထူးလိုအပ်နေပြီဖြစ်သည်။
စဉ်းစားမနေနဲ့ တွေဝေမနေပါနဲ့ မျိုးချစ်မြန်မာ ထလော့ ထလော့မျိုးချစ်မြန်မာ
သင့်ရဲ့အနီးကပ်ဆုံးရန်သူကို သင့်မှာရှိတဲ့ ကိုယ်ပိုင်လက်နက်နဲ့ အပီးပိုင်ချေမှုန်းသုပ်သင်ပါ
လော့၊ အောင်ပွဲသည်သင့်ရဲ့လက်တစ်ကမ်းမှာ၊ သင့်သွေးဖြင့် လူထုခေါင်းဆောင်များကို
ကယ်တင်ပါ၊သင့်သွေးသည် သင့်နိုင်ငံရဲ့ သမိုင်းကဗျဉ်းအဖြစ်နဲ့ သင်ဟာ သင့်နိုင်ငံရဲ့ မဟာ
သူရဲကောင်းအဖြစ် ရာဇ၀င်မှာတွင်ကျန်ရစ်ပေးလိမ့်မည်။
နအဖ စစ်မိစ္ဆာကောင်များကို အပြီးပိုင်တော်လှန်ကြ။
ဗမာ့သွေးကို ဖောက်ထုတ်ကြ၊
အာဏာရှင်မှန်သမျှ ဗမာ့မြေပေါ်မှာ အမြစ်ပါမကျန်အောင် ဆွဲနုတ်ကြ။
ဒီမိုကရေစီတော်လှန်ရေးသွေးသောက်ရဲဘော်များ (ပြည်တွင်း)
Labels: ကြေညာချက်
Posted by Ashin dhamma at 7:18 AM 0 comments
Friday, June 19, 2009
64th Birthday of Daw Aung San Suu Kyi
Labels: ကြေညာချက်
Posted by Ashin dhamma at 5:19 AM 0 comments
64th Birthday of Daw Aung San Suu Kyi
Labels: ကြေညာချက်
Posted by Ashin dhamma at 3:48 AM 0 comments
Sunday, May 24, 2009
တော်လှန်ရေးဖွင့်ရန် အထူး တိုက်တွန်းနိုးဆော်ချက်
ရဟန်းရှင်လူပြည်သူအပေါင်းတို့ခင်ဗျား -------
နအဖစစ်မိစ္ဆာကောင်များသည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီးချုပ်နှောင်ထားရုံတင်မက တစ်နိုင်ငံလုံးကို စစ်ကျွန်သဘောက် ပြားပြားမှောက်အောင် ပြုမှုဆောင်ရွက်လျှက်ရှိပေပြီ၊ စစ်ကျွန်သဘောက်အာဏာရှင် အောက်ကလွတ်မြောက်ရေးအတွက် လူတိုင်းပါဝင်သော လူထုတော်လှန်ရေး တစ်ရပ်ကို စတင်ဆင်နွဲဖို့အချိန်ကျရောက်ပြီဖြစ်ပါသည်။
သို့ပါ၍ ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် (၂၅.၀၅.၂၀၀၉)တနင်္လာနေ့မှ စတင်ကာ သန်းရွှေစစ်မိစ္ဆာကောင်၏ ဓာတ်ပုံများကို မီးရှို့ခြင်း၊အမှိုက်ပုံများ လမ်းများပေါ်တွင် စွန့်ပစ်
ခြင်းများကို လှည်းနေလှည်းအောင်းမြင်းစောင်းမကျန် တစ်နိုင်ငံလုံး ပြုလုပ်ပေးကြပါရန် အထူးတိုက်တွန်း နိုးဆော်လိုက်သည်။
တိုင်းတစ်ပါးကျွန် စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ ဒေါင်းအလံဟေ့
ကျောင်းနံရံတစ်ဝိုက်
ဒေါင်းအလံတွေပြန်စိုက်ကြမယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 1:36 AM 0 comments
Thursday, May 21, 2009
မိမိဆန္ဒကိုရဲရဲဝံ့ဝံ့ဖော်ထုတ်ကြ

ရဟန်းရှင်လူပြည်သူအပေါင်းတို့----------
အမိမြန်မာနိုင်ငံတော်ကြီး စစ်ကျွန်အောက်ကလွတ်မြောက်ဖို့ လူထုခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်သည် အနှစ်(၂၀) လုံးလုံး ကိုယ်၏ဆင်းရဲခြင်း၊စိတ်၏ဆင်းရဲခြင်း၊ အမျိုးမျိုးသော
နှိပ်စက်ညှင်းပမ်းဒဏ်တို့ကို ကြံ့ကြံ့ခံကာ နအဖ စစ်မိစ္ဆာအာဏာရှင်တို့အား ဒူမထောက် လက်
မမြောက် ရဲရဲဝံ့ဝံ့တော်လှန်ခဲ့သည်၊ လူသတ်လက်နက်တွေ ကြားမှာ သတ္တိရှိရှိ အမှန်တရားအ
တွက် ဆက်လက်ရင်ဆိုင် တိုက်ပွဲဝင်ဆဲ တော်လှန်ဆဲဖြစ်သည်၊ လက်နက်ရှိသူကို လက်နက်
မဲ့စွာ၊ အကြောက်တရားအားကြီးသူကို အကြောက်တရားမဲ့စွာ၊ အမှန်တရားမချစ်မြတ်နိုးသူကို
အမှန်တရားဖြင့် ခြင်္သေ့မင်းကဲ့သို့ရဲဝံ့စွာ သံမဏစိတ်ဓာတ်ဖြင့် စစ်မိစ္ဆာကောင်တွေကိုတော်လှန်
လျှက်ရှိပေပြီ၊ ဒေါ်အောင်ဆန်းစုကြည်သည် သန်း(၅၀)ကျော်သော ပြည်သူတို့၏အသက်သွေး
ကြောဖြစ်သည်၊ သန်း(၅၀)ကျော်သောပြည်သူတို့သည်လည်း ဒေါ်အောင်ဆန်းစုကြည်၏အ
သက်သွေးကြောဖြစ်သည်ကို ရှင်းရှင်းလင်းသိရှိနားလည်ကြဖို့လိုပေသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးသည် မိမိတို့တစ်ဦးချင်းစီ၏
ဆန္ဒအပေါ်တွင် လုံးဝဥဿုံတည်မှီနေပေသည်၊ နအဖစစ်မိစ္ဆာရှင်များအကြောက်ဆုံးသော
အရာသည်သင်တို့ရင်ထဲတွင်ရှိနေသော ဆန္ဒဖြစ်သည်၊သင်တို့ရင်ထဲတွင်တည်ရှိသောဆန္ဒ
ကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ခြင်းသည်သာ လူထုခေါင်းဆောင်၏ လွတ်မြောက်ရေးအဖြေဖြစ်သည်၊
မြန်မာပြည်ကြီး စစ်အာဏာရှင်စနစ်ဆိုးအောက်မှအလုံးစုံလွတ်မြောက်ရေးအတွက် မည်သည့်
ကယ်တင်ရှင်ကမှပေါ်ပေါက်လာမည်မဟုတ်ပေ၊ မိမိတိုင်းပြည်လွတ်မြောက်ရေးအတွက် မိမိဖာသာကြိုးစားအားထုတ်ရမည်ဖြစ်သည်၊မိမိတို့ရပိုင်ခွင့်လူ့ခွင့်အရေးများကို မိမိဖာသာ
ရယူကြရမည်ဖြစ်သည်။မိမိရင်ထဲမှာရှိသောဆန္ဒသည် တိုင်းပြည်၏အဖြေဖြစ်သည်၊ကျွန်ုပ်
တို့၏လူထုခေါင်းဆောင်ပြောသလို “တိုင်းပြည်နှင့်လူမျိုးအတွက်ပြတ်ပြတ်သားသားဆောင်
ရွက်ကြ” စကားကို နှလုံးမူရင်း မိမိတို့ဆန္ဒကို ရဲရဲဝံ့ဝံ့ သတ္တိရှိစွာ ဖော်ထုတ်ကြပါ၊ ပြည်သူ့
ခေါင်းဆောင် ဦးဝင်တင်ဦးဆောင်သော ဆန္ဒဖော်ထုတ်ပွဲကို ညီညွတ်စွာပါဝင်ဆင်နွဲကြပါ
ရန် မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့ မှ လေးလေးနက်နက်တိုက်တွန်းနိုးဆော်
လိုက်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 4:54 AM 0 comments
Wednesday, May 20, 2009
နအဖရဲ့လမ်ကြုတ်ဓာတ်ပြားဟောင်းကိုတော်လှန်ကြ

လေးစားအပ်ပါသော ရဟန်းရှင်လူပြည်သူအပေါင်းတို့ခင်ဗျား နအဖဟာ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီးထောင်ချထားခြင်းအပေါ် ကမ္ဘာကဖိအား
လျှော့ကျစေရန် လုပ်ကြံဓာတ်ပြားဟောင်းကို စတင်နေပါပြီ၊ စိတ်ကြိုက်ခေါင်းခေါက် သံတမန်
များကိုသာရွေးချယ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစကားပြောစေခဲ့ခြင်းဟာ နအဖ၏
မရိုးသားမှုအစစ်အမှန်ပင်ဖြစ်သည်၊ပြည်သူလူထုကြီးတစ်ရပ်လုံးအနေဖြင့် ဒေါ်အောင်ဆန်းစု
ကြည်ကို ချွင်းချက်မရှိလွတ်ပေးရန်မှတစ်ပါး အခြားသော အတုအယောင်မျှော်လင့်များကို ထင်
ယောင်ထင်မှာမဖြစ်ကြစေရန် အထူးအရေးကြီးပေသည်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးသည် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏တာဝန်သာ
ဖြစ်ပါသည်၊မြန်မာပြည်သူလူထုကိုယ်တိုင်ကြိုးစားအားထုတ်မှသာ မြန်မာပြည်ကြီးသည်အမှန်
တကယ်လွတ်မြောက်နိုင်မည်ဖြစ်သည်၊ နအဖ၏ အမျိုးမျိုးသော အကွက်ဆင်လုပ်ကြံ လိမ်
လည်လှည့်စားမှုများ အာရုံပြောင်းမှုများကို လုံးဝ(လုံးဝ) အယုံအကြည်မရှိကြစေပဲ မိမိ
တို့၏ အမျိုးသားခေါင်းဆောင် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ်ဆိုး လုံးဝကွယ်
ပျောက်သွားသည်အထိဆက်လက်တိုက်ပွဲဝင်သွားကြပါရန်လေးလေးနက်နက်တိုက်တွန်း
နိုးဆော်လိုက်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 9:16 PM 0 comments
အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်၏အထူးကြေညာချက်
Labels: ကြေညာချက်
Posted by Ashin dhamma at 8:58 AM 0 comments
Tuesday, May 19, 2009
အထူးကြေညာချက်
(၂၀ ၀၅ ၂၀၀၉ )နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ(အန်စီဂျီယူဘီ)က
ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် အရေးပေါ် အစည်းအဝေးတရပ်ကျင်းပပြီး
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်
မစ္စတာအီဗရာဟင်ဂမ်ဘာရီကိုမြန်မာနိုင်ငံသို့အမြန်ဆုံးစေလွှတ်သင့်ကြောင်းအကြံပြုပြောဆို
လိုက်ခြင်းအပေါ်ကျွန်ုပ်တို့မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့ကပြင်းပြင်းထန်ထန်ရှုတ်
ချကန့်ကွက်လိုက်သည်။
မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံသို့အကြိမ်ပေါင်းမြောက်များစွာလာရောက်ခဲ့ပါသော်
လည်းမည်သည့်အကျိုးတရားမှဖြစ်ထွန်းမလာသည့်အပြင် မြန်မာနိုင်ငံသူနိုင်ငံသားတို့၏စိတ်
ဓာတ်ပိုင်းဆိုင်ရာ များစွာပျက်စီးဆုံရှုံးခြင်းတို့သာအဖတ်တင်ခဲ့သည်၊ မစ္စတာဂမ်ဘာရီ အကြိမ်
တစ်ထောင်လာပါသော်လည်း မြန်မာနိုင်ငံ၏ပြဿနာသည် ပြေလည်နိုင်စရာအကြောင်းမရှိဟု
ကျွန်ုပ်တို့မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီမှ အကြွင်းမဲ့ယုံကြည်သည်၊မစ္စတာဂမ်ဘာရီ
သည် မြန်မာနိုင်ငံသူနိုင်ငံသားတို့၏အကျိုးစီးပွားကို ဆောင်ရွက်သူမဟုတ်ဘဲ နအဖ၏ အကျိုး
စီးပွားသက်သက်ကိုသာလုပ်ဆောင်နေသူဖြစ်သည်၊အမှန်တကယ် မြန်မာနိုင်ငံသို့သွားရောက်
သင့်သည့်ပုဂ္ဂိုလ်များမှာမစ္စတာဂမ်ဘာရီမဟုတ်ဘဲ ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ
(အန်စီဂျီယူဘီ)အဖွဲ့သာဖြစ်သည်၊မြန်မာ့နိုင်ငံရေးပြဿနာ အထူးသဖြင့်လောလောဆယ်ဖြစ်
ပေါ်နေသောဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင်ဖမ်းဆီးချုပ်နှောင်ထားသည့်ပြဿ
နာသည်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဖြေရှင်းရမည့်ပြဿနာဖြစ်သည်၊ မည်သည့်ပုဂ္ဂိုလ်
အဖွဲ့အစည်းကမှလာရောက်ဖြေရှင်းပေးနိုင်မှာမဟုတ်သလို နအဖသည် မည်သည့်နိုင်ငံတကာ
အသိုင်းအ၀ိုင်းကိုမှလည်း ဂရုတစ်စိုက်လေးစားသည့် သတ္တ၀ါများမဟုတ်ကြပေ၊
နအဖ၏ လုပ်ကြံအကွက်ဆင်ဇာတ်လမ်းများကို ပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသူ
နိုင်ငံသားအားလုံးနှင့် အဖွဲ့အစည်းအားလုံး သေသေချာချာ လေးလေးနက်နက်သဘော
ပေါက်သင့်ကြပေသည်၊နအဖ၏နိုင်ငံတကာအပေါ်ပြနေသည့်မျက်လှည့်ပြကွက်များသည်ရိုးအီ
နေသည့်ထူးမခြားနားပြကွက်များဖြစ်သည်ကိုပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ
(အန်စီဂျီယူဘီ)အနေဖြင့်အထူးသဘောပေါက်သင့်ပေသည်။
သို့ဖြစ်ပါ၍ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ(အန်စီဂျီယူဘီ)၏မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့သွားရောက်ရန်တိုက်တွန်းချက်ကိုကျွန်ုပ်တို့မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီက
ပြင်းပြင်းထန်ရှုတ်ချကန့်ကွက်လိုက်သည်။တစ်ဆက်တည်းမှာပင်ကျွန်ုပ်တို့၏လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်အစွမ်းကုန်တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်းနှင့်
မစ္စတာဂမ်ဘာရီမြန်မာနိုင်ငံသို့လာရောက်ခြင်းကိုလည်းပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချသွားကြရန်
တစ်နိုင်ငံလုံးသို့တိုက်တွန်းနိုးဆော်သွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 11:37 PM 0 comments
ဒေါ်စုကို ပြည်သူကယ်မှရမယ်

ဒေါ်အောင်ဆန်းစုကြည်အားမတရားအမှုတင် တရားစွဲဆိုစွပ်စွဲမှုသည်(၂) ရက်တိုင်တိုင်ရှိခဲ့သော်လည်းမည့်သည့်အဖြေမှရေရေရာရာမရှိသေးပေ၊ နအဖသည် အချိန်ဆွဲနည်းဗျူဟာကိုကျင့်သုံး၍ ဒေါ်အောင်ဆန်းစုကြည်အားညှင်းပမ်းနှိပ်စက်နေခြင်းဖြစ်
သည်ကိုသဘောပေါက်သင့်ကြပေသည်၊နအဖစစ်မိစ္ဆာအာဏာရှင်သည်မြန်မာလူမျိုးတွေရဲ့
စိတ်ဓာတ်ဇွဲပျော့ညံ့မှုတို့ကိုအခွင့်အရေးယူကာဒေါ်အောင်ဆန်းစုကြည်အားတရားခံတစ်
ယောက်ကဲ့သို့ယုတ်မာရိုင်းပျစွာပြုမူလုပ်ဆောင်နေခြင်းသည်လက်ခံသင့်လက်ခံထိုက်တဲ့အရာမဟုတ်ပေ၊ မဟုတ်မဟတ်လုပ်ဇာတ်ဆင်ထားသော မတရားစီရင်မှုသည် မည်သည့်အခါမှ ပီးပြတ်မှာမဟုတ်သလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ်ဖို့ရန်လမ်းစမမြင်နိုင်ပေ၊ နအဖ၏ကောက်ကျစ်ယုတ်မာမှု၊ကတိမတည်မှု၊ရက်စက်မှု၊ အရှက်သိက္ခာမရှိမှုတို့မှာ ပြောပြစရာမလိုလောက်အောင်ပင် ကမ်းကုန်နေပီဖြစ်သည်၊ နအဖအနေနဲ့ ဘယ်လိုပင်အကောက်ကြံစည်၍ ဘယ်လိုပင်ထောင်သွင်းအကျဉ်းချဖမ်းဆီးပါစေ လူထုအမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးကယ်တင်ရန် အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကြီးနှင့်တကွပြည်သူလူထုတစ်ရပ်လုံးကတာဝန်အပြည့်ရှိနေပေသည်၊ဒေါ်အောင်ဆန်းစုကြည်သည်
မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ယုံကြည်အားထားရာ
အစစ်ဖြစ်သည်ကိုလေးလေးနက်နက်သဘောပိုက်ထားသင့်ကြပေသည်၊ပြည်သူလူထုခေါင်း
ဆောင်တစ်ယောက်ကို ပြည်သူလူထုကြီးကမှမကယ်တင်ရင် မည်သည့် ကယ်တင်ရှင်ကမှ လာပီးကယ်တင်နိုင်မှာမဟုတ်ဘူးဆိုတာကိုလည်းအထူးသဘောပေါက်ထားကြစေလိုသည်၊
ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်နအဖ၏လိမ်လည်လှည့်ဖျားအကောက်ကြံမှုမှန်သမျှကိုပြည်သူလူထု၏ညီညွတ်မှု
အားဖြင့်လည်းကောင်း၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ရန် လူတိုင်းမှာ တာဝန်ရှိသည်ဟူသောအသိစိတ်ဓာတ်ဖြင့်လည်းကောင်း အင်းစိန်ထောင်တွင်အကျဉ်းချညှင်းပမ်းနှိပ်စက်ခံနေရသောလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားအမြန်ဆုံးကယ်တင်ရန် နအဖစစ်မိစ္ဆာကောင်များ၏မတရားစီရင်မှုကို စောင့်ဆိုင်းမနေဘဲ လှည်းနေလှည်းအောင်း မြင်းစောင်မကျန် လှေခွက်ချည်းကျန်းအလှံမလဲ ခိုင်မြဲသောသံမဏိစိတ်ဓာတ်ဖြင့် နအဖ စစ်မိစ္ဆာကောင်များကို စုပေါင်းတော်လှန်ကြပါစို့။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 8:25 AM 0 comments
Monday, May 18, 2009
နအဖ ရဲ့ တစ်ဖက်သတ်စွပ်စွဲချက်တွေကို အပြင်ထန်းဆုံးတုန့်ပြန်ကြ
ဒီနေ့ညနေ(၆)နာရီတွင် နအဖရုပ်မြင်သံကြားက ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေါ်ခင်ခင်ဝင်း
ဒေါ်ဝင်းဝင်းမ တို့ကို ဘာကြောင့်တရားစွဲရတယ်ဆိုပြီး မဟုတ်မဟတ်လုပ်ဇာတ်ခင်း သတင်း
ကိုကြေညာသွားပါတယ်၊ ဒါဟာ ပြည်သူလူထုတစ်ရပ်လုံးကို ထပ်မံစော်ကားလိုက်ခြင်းပဲဖြစ်
ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အစကတည်းက အပြစ်ကျူးလွန်သူမဟုတ်ပါဘူး နအ
ဖဟာ မိမိကျူးလွန်တဲ့အပြစ်ကို တစ်ဖက်သတ်စွပ်စွဲချက်တွေနဲ့ ဖုံးကွယ်ဖို့ကြိုးစားနေခြင်းသက်
သက်သာဖြစ်ပါတယ်၊ အမှန်တကယ်အပြစ်ပေးအရေးယူရမှာက ဒေါ်အောင်ဆန်းစုကြည်မ
ဟုတ်ပဲ နအဖခေါင်းဆောင် အာဏာရူးသန်းရွှေသာဖြစ်ပါတယ်၊ အာဏာရူးသန်းရွှေဟာ တိုင်း
ပြည်ကို ထင်တိုင်းစိုင်းခဲ့တာ အနှစ် (၂၀) ရှိခဲ့ပါပြီ၊ နောက်ထပ်လဲ တစ်တိုင်းပြည်လုံး ဒုက္ခ
ရောက်အောင် နည်းလမ်းမျိုးစုံသုံး ညစ်ပတ်နေပြန်ပါပြီ၊ နအဖ အာဏာသက်ဆိုးရှည်နေသမျှ
ကာလပတ်လုံး သန်း(၅၀)ကျော်သော ရဟန်းရှင်လူပြည်သူတွေဟာ ဒုက္ခပင်လယ်ဝေကြရဦး
မယ်ဆိုတာ သေသေချာချာသဘောပေါက်ကြစေချင်ပါတယ်၊ ကျွနုပ်တို့အားလုံးချစ်ခင်လေးစား
တန်ဖိုးထားတဲ့လူထုခေါင်းဆောင်တစ်ယောက်ကို ထောင်သွင်းအကျဉ်းချ၊ စိတ်ဆင်းရဲအောင်
အမျိုးမျိုးညှင်းပမ်းနှိပ်စက်နေတာကို ဒီအတိုင်းလက်ပိုက်ကြည့်မနေကြပါနဲ့တော့၊ မိမိတို့စွမ်းနိုင်
သည့်ဖက်က ပူးပေါင်းပါဝင်ဆင်နွဲကြပါ၊ နအဖစစ်မိစ္ဆာကောင်တွေဟာ ပြည်သူလူထုရဲ့ညီညွတ်
မှုအားကို အလွန်အင်မတန်ကြောက်လှန့်စိုးရိမ်လျှက်ရှိပါတယ်၊ ဒါကိုပြည်သူလူထုကြီးက သဘောပေါက်စွာနဲ့ မိမိတို့ရသင့်ရထိုက်တဲ့အခွင့်အရေးကို မိမိတို့ကိုယ်တိုင် ရရှိဖို့ညီညီညွတ်
ပူးပေါင်းပါဝင်တိုက်ပွဲဝင်ကြပါ၊ နအဖစစ်မိစ္ဆာတွေရဲ့ယုတ်မာမှုတွေကို အပြင်းထန်ဆုံး တုန့်ပြန်
ကြဖို့ အထူးတိုက်တွန်းနိုးဆော်လိုက်ပါတယ်၊ မနက်ဖန်နံနက် (၉ ၀၀) တိတိအချိန်တွင် အင်း
စိန်ထောင်ဗူးဝသို့ မိမိအစီအစဉ်ဖြင့်မပျက်မကွက်ပူးပေါင်းပါဝင်တော်လှန်ကြဖို့ တိုက်တွန်းအပ်
ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 6:16 AM 0 comments
ပြင်းထန်စွာတိုက်ပွဲဝင်ကြမယ်

ရဟန်းရှင်လူပြည်သူအပေါင်းတို့------
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နအဖက မနက်ဖန်မနက်(၁၀)နာရီ
ရုံးချိန်းလိုက်ပြန်ပါပြီ၊ နအဖစစ်မိစ္ဆာကောင်များဟာ ကိုယ့်ရှုးကိုယ်ပတ်မဲ့မတရားစီ
ရင်မှုကိုယခုအခါရင်ဆိုင်နေရပါပြီ၊နိုင်ငံတကာရဲ့ဖိအားပေးမှုကိုလည်းအလူးအလဲ
ခံနေရပါပြီ၊ ယခုအခါတွင် နအဖစစ်မိစ္ဆာကောင်များသည် မိမိ၏သူရဲဘောကြောင်
သည့်လုပ်ရပ်အတွက် သတင်းအမှန်ကိုပြည်သူလူထုများသို့မတင်ပြရဲပဲဖြစ်နေပါ
သည်၊ ရဟန်းရှင်လူပြည်သူလူထုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်
မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြပါရန်အလေးအနက်တိုက်တွန်း
အပ်ပါသည်၊ဖြစ်ပေါ်လာသည့်ပြဿနာဟူသမျှသည် နအဖ စစ်မိစ္ဆာကောင်များ
မှာသာ တာဝန်အပြည့်ရှိကြောင်းနှင့် နအဖစစ်မိစ္ဆာကောင်များ၏ ကလိမ်ကကျစ်
ယုတ်မာကောက်ကျစ်မှုများကို လုံးဝ(လုံးဝ)အယုံအကြည်မရှိဘဲ ဒေါ်အောင်ဆန်း
စုကြည်လွတ်မြောက်ရေးအတွက် ပြင်းပြင်းထန်ထန်ဆက်လက်တိုက်ပွဲဝင်သွား
ကြဖို့ အထူးတိုက်တွန်းနိုးဆော်လိုက်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 3:22 AM 0 comments
Saturday, May 16, 2009
အထွေထွေသပိတ်တိုက်ပွဲဆင်နွဲကြမယ်
ရဟန်းရှင်လူပြည်သူအပေါင်းတို့----
ဒေါ်စုကိုထောင်သွင်းအကျဉ်းချလျှင် တစ်တိုင်းပြည်လုံးဆူပူအုံကြွမယ်၊
သေနတ်သံတစ်ချက်ဖောက်လျှင် ဗမာပြည်မီးဟုန်းဟုန်းတောက်စေရ
မယ်၊ သာသနာ့အလံ ခွတ်ဒေါင်းအလံမြေလွတ်မကျန်အောင် စိုက်ထူ
ကြမယ်၊ အိမ်ပြင်မထွက် အိမ်တွင်းဆန္ဒပြပွဲတွေ ဆက်တိုက်လုပ်မယ်၊
လှည်းနေလှည်းအောင် မြင်းစောင်းမကျန် နအဖ စစ်မိစ္ဆာကိုတော်လှန်
ကြ၊ အမှန်တရားအတွက်ထောင်နံရံတွေဖောက်ထွက်ကြ။
အာဏာရှင်ဆိုတာ ကြောက်နေရင် ပိုပြီးဖြဲခြောက်တယ်၊
အာဏာရှင်ကိုမကြောက်တရားနဲ့ အမြစ်ပါမကျန်ခြေမှုန်းသုတ်သင်
ကြ၊ လက်နက်အားကိုးနဲ့ မတရားအနိုင်ကျင့်သူတွေကို ရရာလက်နက်
စွဲကိုင်တော်လှန်ကြ၊ ဗမာ့သွေးရဲပါစေ၊ ဒီမြေဟာ ငါတို့မြေ၊ ဒီပြည်ဟာ
ငါတို့ပြည်၊စစ်ကျွန်အဖြစ်နွံနစ်မခံဘူး၊ညီညာတဲ့သံမဏိစိတ်ဓာတ်တွေ
နဲ့ စစ်အာဏာရှင်ကိုတော်လှန်ကြမယ်။
တိုင်းပြည်ကိုထင်သလိုရောင်းစား၊ အာဏာကိုလက်ဝါးကြီးအုပ်၊
ပြည်သူတွေကိုအနိုင်ကျင့်၊ပြည်သူ့ခေါင်းဆောင်ကို ထောင်သွင်း
အကျဉ်းချနှိပ်စက်ညှင်းပမ်းတဲ့ မတရားတဲ့စစ်အာဏာရှင်တွေကို
ရဲရဲဝံ့ဝံ့တော်လှန်ကြ။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 9:55 PM 0 comments

