Friday, January 23, 2009

နိုင်ငံတကာ ဆရာများနေ့

(၅-၁၀-၂၀၀၄)အင်္ဂါနေ့

ဒီကနေ့ဟာ နိုင်ငံတကာ

ဆရာများကို ပူဇော်တဲ့နေ့မို့

ဒို့တစ်တွေရဲ့ နေ့ထူးနေု့မြတ်ပေါ့သူုငယ်ချင်း

ဒို့တစ်တွေရဲ့ဘ၀ အခုလိုလှပတင့်တယ်ရအောင်

ပြုစုပျိုးထောင်ပေးခဲ့တာ

ဆရာတွေမဟုတ်ပါလားသူငယ်ချင်း

ဒို့ဆရာသမားတွေက

ဒို့ဘ၀လှအောင်

ပြုစုပျိုးထောင်ပေးခဲ့သလို

ဒို့ရဲ့ တပည့်တွေဘဝ

သာယာလှပအောင်

ဘယ်လိုပြုစုပျိုးထောင်ကြမလဲသူငယ်ချင်း

နိုင်ငံရဲ့ တိုးတက်ရေးမှာ

ဆရာများရဲ့အခန်းကဏ္ဍဟာ

အဓိကကြတယ်ဆိုတာ

အားလုံးအသိမဟုတ်လားသူငယ်ချင်း .....။

ဟိုရှေးအရင် ယခင်ကလို

ဒါရေး ဒါမှတ် ဒါကိုကျက်ရင်

မင်းဘ၀မြတ် အဆင့်တက်လိမ့်မည်လို့ ဇွတ်ရိုက်သင်

ဒါဟာ အသုံးမ၀င်တော့ဘူးသူငယ်ချင်း

ဒို့တစ်တွေရဲ့ အတ္တမာန်မာနများကို ခ၀ါချ

ပူးပေါင်းကာ လက်တွဲယဉ်နွဲကြရင်း

ဒို့တပည့်တွေရဲ့ အနာဂတ်ဘဝ

သာယာလှပ ကမ္ဘာ့အဆင့်မှီကြအောင်

အဆင့်မြင့်နည်းပညာတွေနဲ့

သတိဆောင်၍ သင်နိုင်အောင်ကြိုးစား

နိုးကြားကာစာတွေသင်ပေးရင်း

ဆရာများရဲ့ ကျေးဇူးဂုဏ်အထူးကို

ကျေပွန်အောင်ထမ်းဆောင်ရွက်ကြပါစို့

သူငယ်ချင်း .....။

မင်းသုည ကွမ်းခြံကုန်း

ပြည်းတွင်းမှာနေစဉ်နိုင်ငံတကာဆရာများနေ့၌ဟောပြောဖြန့်ဝေခဲ့သောကဗျာဖြစ်သည်။


0 comments: