Tuesday, April 22, 2008

ကွန် မြူနစ်တရုတ်အစိုးရ ရဲ့ လူသတ်မူ့အားပေးသော ကိုယ်ကျိုးစီးပွားရှာ ပေါ်လစီ

22-04-2008

အာဖရိကနိုင်ငံတွေ မှာ ဆိုက်ကပ်ခွင့် မရတဲ့ တရုတ်အစိုးရ ရဲ့ ကုန်တင်သင်္ဘောကိုမြင်တွေ့ရစဉ်

အာဖရိကနိုင်ငံတွေ ဟာ စစ်လက်နက်တွေသယ်ဆောင်လာတဲ့ တရုတ်ကုန်တင်သင်္ဘောကို ဆိုက်ကပ် ရပ်နားဖို့ လက်မခံခဲ့ဘူးလို့ တရုတ်နိုင်ငံခြားရေးရာ ပြောခွင့် ရှိသူ ဂျန်ယုက အတည်ပြုပြော ကြားသွားခဲ့ ပါတယ်။
ကိုယ်ကျိုးစီးပွားတခုသာကြည့်ပြီး လူသတ်ဖို့ ဖြစ်အောင် အာဏာရှင်တွေကိုစစ်လက်နက်တွေ
ရောင်းချနေ တဲ့ ကွန်မြူ နစ်တရုတ်အစိုးရ ရဲ့ ကုန်တင်သင်္ဘောကိုအာဖိရိကဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ဖို့ အာဖိရိက နိုင်ငံတွေက လက်မခံဘဲ ငြင်း ပယ်ခဲ့ ကြပါတယ်။

ဒီ တရုတ်ကုန်တင်သင်္ဘောဟာ စစ်လက်နက်တွေ တင်ဆောင်လာပြီး လက်ရှိနိုင်ငံရေးတင်းမာမူ့ ဖြစ်ပွားနေပြီး အကြမ်းဖက်မူ့တွေ ဖြစ်ပွားလာနိုင်တဲ့ ဇင်ဘာဘွေနိုင်ငံ ကို ဦးတည်ခုတ်မောင်းလာတာဖြစ်ပါတယ်။ လက်ရှိ ဇင်ဘာဘွေ မှာနှစ်ပေါင်းများစွာ အုပ်ချူပ်နေတဲ့ အာဏာရှင် ရောဘတ်မူဂါဘီဟာ မကြာခင်က ပြုလုပ်ခဲတဲ့ရွေးကောက်ပွဲရလာဒ်ကို ထုတ်ပြန်ဖို့ ငြင်းဆန်နေတာကြောင့်၊ နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန်ခြင်း ခံနေရတာပါ။ အာဏာရှင် ရောဘတ်မူဂါဘီဟာ ရွေးကောက်ပွဲရလာဒ်ကို မထုတ်ပြန်ဘဲ၊ ပြန်လည်ရေတွက်ဖို့ ပြောနေတာကြောင့် ဇင်ဘာဘွေနိုင်ငံဟာ အစိုးရနှင့် အတိုက်အခံကြားနိုင်ငံရေးတင်းမာနေပြီး စိုးရိမ်ရတဲ့ အနေ အထားမှာရှိပါတယ်။

ဒီလိုအခြေအနေဆိုးတွေ ဖြစ်ပေါ်နေတာကြောင့် ဇင်ဘာဘွေ နိုင်ငံကို စစ်လက်နက် တွေတင်ပို့တာဟာ မသင့်တော်တဲ့ လုပ်ရပ်တခုလို့ အမေရိကန်အစိုးရ နှင့် နိုင်ငံတကာကဝေဖန်ခဲ့ ပြီး၊ ဆိုက်ကပ်ခွင့်မပေးဖို့ ကိုလည်း အမေရိကန်အစိုးရက အာဖိရိကနိုင်ငံ အားလုံးကိုပန်ကြားခဲ့ပါတယ်။ ဇင်ဘာဘွေနိုင်ငံ ဟာ ကုန်းပိတ်နိုင်ငံဖြစ်တာကြောင့်အိမ်းနီးချင်း အာဖိရိကနိုင်ငံတွေအပေါ် ရေကြောင်းလမ်းကို မှီခိုနေရတာပါ။

တောင်အာဖရိက နှင့် မိုဇန်ဗစ် နိုင်ငံတွေက ဒီ စစ်လက်နက်ပစ္စည်းတွေတင် ဆောင်လာတဲ့ တရုတ် ကုန်တင်သင်္ဘောကို ဆိုက်ကပ်ခွင့်မပေးဖို့ခဲ့လို့ ၊ အင်ဂိုလာ နိုင်ငံ မှာရှိတဲ့ လ၀မ်းဒါ ဆိပ်ကမ်း ဦးတည်ခုတ်မောင်းနေပါတယ်။ ဆိုက်ကပ်ခွင့်ရမရ ကတော့အခုထိမသိရသေးပါဘူး။ အကောင်းဆုံးကတော့ တရုတ်ပြည်ပြန်မောင်းဖို့ စဉ်းစားနေကြတယ်။ တရုတ်အစိုးရ ရဲ့ နိုင်ငံခြားရေးရာ ပြောခွင့် ရှိသူ ဂျန်ယုကတော့ ဒီလိုဆုံးဖြတ်မူ့ဟာ သင်္ဘောကုမ္ပဏီ ပေါ်မူတည်ပါတယ်လို့ဆိုတယ်။

0 comments: