Friday, February 27, 2009

အာဏာရှင်စနစ်နှင့် တနှစ်တည်း လူဖြစ်သူ

အာဏာရှင်စနစ်နှင့် တနှစ်တည်း လူဖြစ်သူ

(OR)

ကျွန်တော်ရဲ့ဖွားဖက်တော်အာဏာရှင်စနစ်



ကျွန်တော်ရဲ့ မွေးသက္ကရာဇ်က 1962

ကျွန်တော်တို့နိုင်ငံရဲ့ အာဏာရှင်မွေးဖွားနှစ်နဲ့ဆို

တစ်ထပ်တည်း ဖြစ်တဲ့နှစ်ပေါ့

ကျွန်တော်က လူ့လောကကြီးထဲရောက်စ

အူဝဲအူဝဲလို့ သံကုန်ဟဲပြီးအော်ဟစ်ချိန်

ဗိုလ်နေ၀င်းအစိုးရက

"သေနတ်ဆိုတာ မိုးပေါ်ထောင်ပစ်တာမဟုတ်

တဲ့တဲ့ပစ်တာ သေနတ်ဆိုပြီး"

ပြည်သူကိုပစ်သတ်လို့ အာဏာသိမ်းချိန်ဟာ

တစ်ချိန်ထဲပဲ ဖြစ်ခဲ့တယ်လေ။

ဒါကြောင့် ကျွန်တော်ရဲ့ ဖွားဖက်တော်အဖြစ်ဟာ

အာ၊ဗော၊ကာ၊ယ၊ဆံ၊ရွှေ၊ကဏ်-မဟုတ်

သူယုတ်မာစနစ် အာဏာရှင်စစ်သာဖြစ်ခဲ့တယ်

အာဏာရှင်စနစ်နဲ့ ပြိုင်ဘက်မွေး

ကျွန်တော်ကိုလည်း အာဏာရှင်လေးဖြစ်အောင်

ဒီစနစ်ဆိုးကြီးက ပို့ဆောင်ပေးခဲ့တယ်

ကျွန်တော်ရဲ့ မသိနားမလည် အသိမကြွယ်သေးတဲ့

ပကတိဖြူစင်တဲ့ နှလုံးသားဟာ

ဒီစနစ်ဆိုးရဲ့ ရောင်ဆိုးပေးမှုကြောင့်

နီမြန်းညှိမှိုင်းခဲ့ရတယ်

ရတာမလို လိုတာမရရင်

သံကုန်ဟစ်ဆို အော်ဟစ်ငိုပြီး

ဆဲဆိုကြိမ်းမောင်းခဲ့တယ်။

အာဏာရှင်စနစ်ကိုဖက်တွယ်ရင်း

ကိုယ့်ကိုယ်ကို ဟုတ်ပြီအထင်နဲ့ပေါ့

ငါမှငါ

ငါသာလျှင်ပဓာန

ငါ့အောက်ငယ်သူ ငါ့ရွယ်တူနှင့်

ဂုဏ်ဝါကြီးသူဆိုတာ

ဗလာနတ္ထိ ငါမသိဘူး

ငါခေါ်ရင်လာ ခိုင်းတာလုပ်

ခံမပြောနဲ့ ခွေးဖြစ်သွားမယ်

အကြောင်းနဲ့အကျိုး အကောင်းနဲ့အဆိုး

ဝေဖန်ချက်တွေ ငါနားမလည်

ငါနားလည်တာငါကောင်းစားဖို့

ငါကလွဲရင် တစ်ခြားသူပင် လူမထင်ခဲ့ဘူး

ဒီလိုနဲ့ တဖြည်းဖြည်းကြီးပြင်းရစ်လို့

မျက်စိကိုဖွင့် နားကိုစွန့်ရစ်

စာတွေကို ဖတ်မှတ်ပစ်ကာ

ကိုယ့်ကိုယ်ကိုစမ်းစစ်ဝေဖန်လှစ်တော့

ငါဟာ-လူမှဟုတ်ပါ၏လော

ရလာတာကလူ့အဖြစ်

လုပ်နေတာတွေကလူမဆန်အာဏာရှင်ဆန်ပြီး

ဘီလူးတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းနဲ့

ရိုင်းချင်တိုင်းရိုင်းလာတဲ့နှစ်ကို

လက်ချိုးလို့ တွတ်ရေစစ်တော့

တိုင်းပြည်အုပ်ချုပ် အာဏာရှင်မျိုးယုတ်တွေဆိုတဲ့

အာဏာရှင် ဘိုးအေဂျပိုးကြီး ဗိုလ်နေ၀င်း

လူတွေကို သန်းချီသတ်တဲ့ ဗိုလ်စိန်လွင်

ရူးကြောင် မှုးကြောင် ဒေါက်တာမောင်မောင်နဲ့

စောမောင်စန္ဒာဝင်းရဲ့ ကြိုးဆွဲရာကရတဲ့

ဗိုလ်သန်းရွှေ မောင်အေး ခင်ညွှန့်တို့ရဲ့ ဘ၀ဆိုပြီး

ပြောင်းလွှဲလာလိုက်တာ

ငါနဲ့ငါ့နိုင်ငံရဲ့ အာဏာရှင်သက်တမ်းဟာ

လေးဆယ်ကျော်လို့တစ်နှစ်တောင်စွန်းခဲ့ပြီပဲ

တိုင်းပြည်အုပ်ချုပ်မျိုးယုတ်အာဏာရှင်တွေက

ထင်ရာစိုင်း

တိုင်းပြည်အစေခံဝန်ထမ်းတွေက ထင်ရာနှံ့လို့

ငါတို့ တိုင်းပြည်မှာလည်း

နိုင်ငံရေး၊ ပညာရေး၊ ဘာသာရေး၊ လူမှုရေး၊ စီးဟွးရေး

အစရှိတဲ့အရေးတွေနဲ့

တိုင်းပြည်ရဲ့ ယဉ်ကျေးမှု ဂုဏ်ဟန်တွေလည်း

ဘာတစ်ခုမှ မကျန်တော့ပါလား

ဒီလိုသာဆက်ပြီး အာဏာရှင်ဆန်ကြရင်

မြန်မာဆိုတာ ဘယ်လိုဟာကို

မြန်မာလို့ခေါ်တာလဲလို့

မေးရမလိုဖြစ်တော့မည်။

မြန်မာဆိုတာ ကမ္ဘာမှာ

ချာတိချာတာနဲ့ရပ်တည်လာခဲ့တာမဟုတ်

ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ တင့်တင့်တယ်တယ်နေခဲ့တဲ့လူမျိုး

ဒါကို-ပုဂံကရှေးဟောင်းစေတီပုထိုးနဲ့

ယဉ်ကျေးမှု အမွေအနှစ် လက်မှုပညာအစစ်တွေက

သမိုင်းအဖြစ် သက်သေပြခဲ့တယ်မဟုတ်လား

ရှေးခေတ်က မြန်မာတွေရဲ့ လက်ရာဟာ

ကမ္ဘာက လူတွေကို အံ့သြလောက်အောင်

အဆန်းတကြယ်အဖြစ်နဲ့ ကျန်ရစ်အောင် လုပ်နိုင်ခဲ့တယ်

ငါတို့နိုင်ငံ တိုင်းတစ်ပါးသူထံ

ချုပ်ချယ်ခံရပေမယ့်

တို့နိုင်ငံရဲ့ ရှေးခေါင်းဆောင်ကောင်းတွေကြောင့်

မြန်မာရဲ့ ယဉ်ကျေးမှုဟာ ဘာတစ်ခုမှ မချွတ်ယွင်းခဲ့ပါဘူး

ကိုယ့်တိုင်းပြည်ကို

ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် လွတ်လပ်ရေးရအောင်

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ

အသက်သွေးချွေးခန္ဓာကိုယ်စတေးပြီး

လွတ်လပ်ရေးကို ရယူပေးခဲ့တယ်လေ။

အခုတော့ အာဇာနည်ခေါင်းဆောင်တွေ

ယူပေးခဲ့တဲ့ လွတ်လပ်ရေး

ဘယ်ဆီထွက်ပြေးလို့ သွားခဲ့ပြီလဲ

အင်္ဂလိပ်ရဲ့ အုပ်ချုပ်ရေးအောက်မှာ

ကျောင်းသားသမဂ္ဂအသင်း

ဝိုင် အမ် ဘီ အေ အသင်း

ဂျီ စီ ဘီ အေ အသင်း

အမျိုးသမီး ကုမာ®®ရီအသင်း

စသည့် နိုင်ငံရေးအသင်းတွေ

အစာငတ်ခံ ဆန္ဒပြမှုတွေဟာ

လွတ်လပ်ရေးမရခင်မှာ

လွတ်လပ်စွာ ရပ်တည်နိုင်ခဲ့ပေမယ့်

အခုလွတ်လပ်ရေးရလို့

အာဏာရှင် အုပ်ချုပ်ရေးအောက်မှာ

ကျောင်းသားသမဂ္ဂအသင်း

ရဟန်းပျို သမဂ္ဂအသင်း

စသည့်နိုင်ငံရေးအသင်းတွေနဲ့

အစာငတ်ခံ ဆန္ဒပြခွင့်ဆိုတဲ့

လွတ်လပ်ရေးဟာ ဘယ်ကိုထွက်ပြေးရစ်ခဲ့ပြီလဲ။

အင်္ဂလိပ်ရဲ့ အုပ်ချုပ်ရေးအောက်မှာ

မြန်မာနိုင်ငံရဲ့ ပညာရေးကို

ကမ္ဘာက အထင်မသေးဝံ့ခဲ့ဘူး

ကမ္ဘာရဲ့ အုပ်ချုပ်ရေး ကုလသမဂ္ဂရေးဌာနမှာ

အတွင်းရေးမှုး မြန်မာဦးသန့်ပါဆိုပြီး

ခေါင်းဆောင်ကောင်း မွေးထုတ်လို့

ကမ္ဘာကတောင်မြန်မာကို လက်ဖျားခါခဲ့ရတယ်ဟုတ်လား

လွတ်လပ်ရေးရစ အချိန်ခါ သမယမှာ

အာရှမှာ မြန်မာက အစစအရာရာသာခဲ့လို့

အာရှရဲ့ စံပြနိုင်ငံဖြစ်ခဲ့တာကို

နောင်နှစ်ပေါင်းနှစ်ဆယ်ကြာရင်

မြန်မာကိုမီရမယ်ဆိုတဲ့ စင်္ကာပူဝန်ကြီးချုပ်ရဲ့စကား

စင်္ကာပူမှာရှိတဲ့ Rangoon Road

Burmese house ဆိုတဲ့ မြန်မာနာမည်တွေက

သမိုင်းအဖြစ်သက်သေ ကျန်ရစ်နေခဲ့တယ်ဟုတ်လား

ဒီလို ကမ္ဘာမှာ မြန်မာဟေ့လို့

မော်မော်ကြွားကြွားတင့်တင့်တယ်တယ် နေနိုင်ခဲ့တာကို

အာဏာရှင် ဗိုလ်နေ၀င်းနဲ့ နောက်ပါလူတစ်စုရဲ့

ယုတ်မာကောက်ကျစ် ချိုးဖျက်ပစ်ခဲ့တာကြောင့်

အခုတော့ ဘာတစ်ခုမှ မကျန်ရစ်တော့ဘူး

အားလုံးပျက်စီး ရစ်ခဲ့ပြီ

အာဏာရှင် စနစ်ဆိုးဟာ

နိုင်ငံအတွက် ကောင်းကျိုးမပေး

ဆိုးကြိုးတွေကိုသာ ဆက်တိုက်ပေးနေခဲ့တယ်

မြန်မာအချင်းချင်း သွေးစည်းရမှန်းမသိ

ဘာမသိ ညာမသိနဲ့ အချင်းချင်းပြန်ချပစ်ခဲ့လို့

အားလုံးလဲ သွေးချောင်းစီးရစ်ခဲ့ရပြီလေ။

ရှုးတိုက်တိုင်း မကိုက်ကြပါနဲ့

ရှုးတိုက်လို့ ကိုက်တာလူမဟုတ်

ခွေးတွေရဲ့ အလုပ်ပါ။

သင်ဟာ လူလား ခွေးလား

လူဆိုရင် လူအလုပ်ကိုလုပ်ပါ

ခွေးအလုပ် မလုပ်ပါနဲ့

မေလ (၃၀) ရက်နေ့မှာ ငြိမ်းချမ်းရေးအတွက်

ဒီပဲယင်းကို ခရီးထွက်ခဲ့စဉ်က

နိုဘယ်(လ်) ဆုရှင် အောင်ဆန်းစုကြည်သခင်နှင့်

ဒီမိုကရေစီလိုလား ပြည်သူများကို

ထဘီဆွဲချွတ် အဓမ®®မုဒိန်းကျင့်ကာ

ရက်စက်စွာ သက်ဖြတ်ပစ်ကြ

ပြီးတော့မှ မလုပ်ရပါဘူးလို့ ကမ္ဘာကိုညာ

သင်တို့ရဲ့ မသမာတဲ့မာယာတွေကို

ရပ်တမ်းက ရပ်ပစ်ကြပါတော့

အို ... ပြည်သူအပေါင်းတို့

ဒို့နိုင်ငံအတွက် ကောင်းကျိုးမပေး

ဆိုးကျိုးတွေဆက်တိုက်ပေးနေတဲ့

စစ်အာဏာရှင်စနစ်ဆိုးကြီးကို

သင်ဟာလူပီသလို့ လူစင်စစ်ဖြစ်တယ်ဆိုရင်

ဆရာတော် သံဃာတော်များ

ဆရာ/ဆရာမ ကျောင်းသား ၀န်ထမ်းများနှင့်

ပြည်သူလူထုအားလုံးပေါင်းစုပြီး

အာဏာရှင် ဒီစနစ်ဆိုးကြီးကို

ကျူပင်ကိုနုတ် ကျူငုတ်မကျန်

တွန်းလှန်ပစ်ကြပါလို့ တိုက်တွန်းရင်း . . .

မင်းသုည ကွမ်းခြံကုန်း


အပြည့်အစုံဖတ်ချင်ရင်...

Wednesday, February 25, 2009

သာသနာ့ဥသျှောင် ကြေညာချက်

Statement 25 Feb 2009

အပြည့်အစုံဖတ်ချင်ရင်...

အာဇာနည်ပုဂ္ဂိုလ်တို့၏ လုပ်ငန်းကို ဆုးံခန်းတိုင် ဆက်လက်လုပ်ဆောင်ရမည်




ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ဘယ်လိုစိတ်ဓာတ်မျိုးပါလဲတဲ့၊ အလံတော်ကို အလေးပြုရုံနဲ့ ပြည်ထောင်စုကြီးခိုင်မြဲ သွားပြီးလား၊ ပြည့်စုံသွားပြီးလားဆိုတာ ရှင်းပြပေးပါတဲ့။
အလံတော်ကိုအလေးပြုတဲ့အခါမှာ ကိုယ်စိတ်ထဲမှာဘာကအရေးကြီးသလဲဆိုတာ ဒါက အရေးကြီးတာဘဲ၊ အလံတော်ကိုအလေးပြုဆိုလို့ပြုလိုက်ပြီးတော့၊စိတ်ကဟိုရောက်ဒီရောက်ဆိုလို့ရှိရင် အလကားပဲ၊ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာတွင်းကလာတာပါ၊ ပြည်ထောင်စုစိတ်ဓာတ်လို့ဆိုလိုက် တာနဲ့ စိတ်ဓာတ်ဆိုတာအတွင်းကလာတာပါ၊ အပြင်သင်္ကေတဖြစ်တဲ့ အလံတော်တွေဆိုတာ အထိုက်လျောက်တော့အရေးကြီးတာဘဲ၊ဒါပေမဲ့ပြည်ထောင်စုစိတ်ဆိုတာအတွင်းကလာရမှာဖြစ်တယ်၊ ကျမတို့ကတော့ပြည့်ထောင်စုစိတ်ကို ပင်လုံစိတ်ဓာတ်လို့ ဒီလိုပဲ ကျမတို့ယူပါတယ်။ ပင်လုံစိတ်ဆိုတာ အတိုချုးံပြီးပြောရမယ်ဆိုလို့ရှိရင် ပြည်ထောင်စုသားများအားလုးံ တန်းတူညီတူရှိရေးအပေါ်မှာ အခြေခံတဲ့ပြည်ထောင်စုကို ကျမပြောတာပါ။


ကျမတို့ပြန်ပြီးတော့ရှင်းပြရမယ်ဆိုလိုရင်ပြည်ထောင်စုစိတ်ဓာတ်ဆိုတာဟာပင်လုံစိတ်ဓာတ်ပဲ။ပင်လုံစိတ်ဓာတ်ဆိုတာဟာပြည်ထောင်စုသားများအားလုးံရဲ့တန်းတူညီတူရေးနဲ့ဒီတန်းတူညီတူရေးအပေါ်မှာ အခြေခံတဲ့ညီညွတ်ရေးဖြစ်တယ်။ တန်းတူညီမှု့ရှိလို့ရှိရင်ညီညွတ်ရေးကိုထိခိုက်မှာမဟုတ်ဘူး၊ သူ့ကို တော့ နှစ်ကျပ်ပေးတယ်။တို့ကိုတော့ကျပ်ပဲပေးတယ်ဆိုရင်စိတ်ထဲကဘယ်ကျေနပ်မလဲ။ ဒီတော့ အဲဒီကတည်းကညီညွတ်မှု့ဆိုတာမရှိနိင်တော့ဘူး။ဒါကြောင်းမို့ကျမတို့နိင်ငံမှာပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲဖို့ဆိုတာအားလုးံကကျေနပ်ရမယ်။တိုင်းရင်းသားလူမျိုးအားလုံးကငါတို့အားလုးံဟာတန်းတူညီတူအခွင့်ရေှးရှိတယ်ဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်ရှိမှသာလျှင်ကျမတို့ပြည်ထောင်စုတည်တံ့ခိုင်မြဲနိင်မှာ ဖြစ်တယ်။ အလံတော်ကတော့ ဘယ်နှစ်ခါပဲ အလေးပြု အလေးပြု စိတ်ထဲမှာ ငါတို့ဟာ ဒီနိင်ငံမှာတန်းတူညီတူအခွင်းရေးရှိတာမဟုတ်ဘူး။ ဒီနိင်ငံမှာငါတို့ဟာဒုတိယတန်းစားနိင်ငံသားများ ဖြစ်နေတယ်ဆိုတဲ့ စိတ်တွေရှိနေသေးရင်တော့ ကျမတို့နိင်ငံဟာ တည်တံ့ခိုင်မြဲတဲ့ပြည်ထောင်စုကြီး ဖြစ်လာနိင်မှာမဟုတ်ဘူး။ ဒီနေရာမှာ ကျမတခုသတိပေးချင်တာက ကျမတို့ဗမာလူမျိုးတွေက လူမျိုးစု ကြီးတော့ ဖြစ်တာပဲ၊ လူမျိုးစုကြီးဖြစ်တဲ့အလျောက် ကျမတို့မှာ တာဝန်အထူးရှိတာငြင်းစရာမလိုပါဘူး၊ ဒါပေမယ့်လည်း ကျမတိုင်းရင်းသား ညီအကိုမောင်နှမများအနေနဲ့ ကျမတို့ ဗမာလူမျိုးတွေမှာလည်း စိုးရိမ်ချက်တွေ၊ မျော်လင့်ချက်တွေ ရှိတယ်ဆိုတာလည်း မမေ့ပါနဲ့လို့ ကျမတို့က မေတ္တာရပ်ခံချင်ပါ တယ်၊ ကျမတို့ အားလုးံဟာ ကိုယ်စိုးရိမ်ချက်တွေနဲ့ ကိုယ့်ရဲ့မျော်မှန်းချက်တွေ ရှိကြတာချည်းပါပဲ။ ဒါကို တယောက်နဲ့ တယောက်နားလည်းရမယ်၊ တကယ်တော့ ဒီလိုတယောက်နဲ့နားလည်ရမယ်၊တယောက် နဲ့တယောက် ကြင်နာရမယ်၊တကယ်တော့ ဒီလိုတယောက်ကို တယောက်ကြင်နာတဲ့စိတ်ဓာတ်၊ တယောက်ကို တယောက်ယုံကြည်တဲ့စိတ်ဓာတ်ကို အခြေခံပြီးတော့ ညီညွတ်မှု့ကို ရနိင်မှာပါ။ အဲဒီလို ညီညွတ်မှု့ကသာ ပြည်ထောင်စုကြီးကို တည်တံ့ခိုင်မြဲအောင် ဆောင်ရွတ်ပေးနိင်မှာဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောချက်
(၁၉၉၆ ခုနှစ်၊ဖေဖော်ဝါရီလ ခြံရှေ့လူထုဆွေးနွေးပွဲမှ)

ရွေခမောက်စာစောင်


အပြည့်အစုံဖတ်ချင်ရင်...

Tuesday, February 24, 2009

A View of Burma

အပြည့်အစုံဖတ်ချင်ရင်...

Thursday, February 19, 2009

သုညလက်ဆောင်

ဖိုးသုညဆိုလျှင် အသုံကျထင်၍

မဖြစ်ချင်ကြ မကြားချင်ကြ

လူအများက ငြင်းကြပြီ

သုညမှာမူ

သူတန်ဖိုး သူမြတ်နိုးကာ

နေရာတကာအမြဲပါ၍နေခဲ့ပြီ

တန်ဘိုးသိမှ တန်ဘိုးရှိတဲ့

တန်ဘိုးမသိလျှင်

ထောင်သောင်းများစွာထိုက်နေပါလည်း

ဘာမှအသုံးမကျသုံးမရပါ

သုညဖြစ်စေ မိမိဌာနေ အမြဲနေက

တန်ဘိုးအဂ္ဃထိုက်တန်ကြ၏

တစ် ... နှစ် .... ဖြစ်စေ

မိမိဌာနေ အမြဲမနေဘဲ

နေရာတကာ အမြဲပါက

ဘာမှအသုံးမကျ သုံးမရမို့

တန်ဘိုးမဲ့ကာ သွားလိမ့်မည်။

ဥပမာဆောင် ထင်အောင်ပြအံ့

ခြောက်-၆-ထဲငါး-၅-နုတ်

သုညထုတ်သော်

၎င်းသုညနေရာမကျ၍

တန်ဘိုးမဲ့ကာ သွားလိမ့်မည်။

ခြောက်ထဲ-ခြောက်နုတ် သုညထုတ်မှ

၎င်းသုညနေရာကျ၍

တန်ဘိုးရှိကာ သွားလိမ့်မည်။

ခြောက်ထဲ-ခြောက်နုတ်-တစ်ကိုထုတ်သော်

တစ်၏ဌာနနေရာမကျ၍

တန်ဖိုးမဲ့ကာ သွားလိမ့်မည်။

ခြောက်ထဲက ငါးနုတ် တစ်ကိုထုတ်မှ

တစ်၏ဌာန နေရာကြ၍

တန်ဖိုးရှိကာ သွားလိမ့်မည်။

သုညသဘော သေချာနှောကာ

အဖြေပြော၍ ဆွေးနွေးမည်။

သုညဆိုတာ မရှိ ကိုယ်စားပြုကာ ထားတာမို့

သင့်မှာ သုညဖြစ်နေက

သုညဆိုတာ လက်ခံပါ။

သင့်မှာ ပညာမရှိပါလျှင်

သင်ဟာ . . . သုညဖြစ်နေပြီ

သင့်မှာ ဥစ္စာမရှိပါလျှင်

သင်ဟာ . . . သုညဖြစ်နေပြီ

သင့်မှာ အောင်မြင်ကျော်ကြာမရှိုငြားက

သင်ဟာ . . . သုညဖြစ်နေပြီ

သင့်မှာ လူ၏အသိ မရှိဘိက

သင်ဟာ . . . သုညဖြစ်နေပြီ

သင်၏ ထံမှာ

ပညာ- ဥစ္စာ- အောင်မြင်ကျော်ကြား

မရှိငြားလည်း

လူ၏အသိ သင့်မှာရှိက

လူ့ပြည်လောက အသုံးကျလိမ့်။

သင်၏ ထံမှာ

လူ၏အသိ မရှိဘိက

လူပြည့်လောက နေဖော်ရလည်း

ဘာမှ အသုံးမကျ သုံးမရမို့

နွားနှင့်ပမာ တူပေရာ၏ ။

မင်းသုည ကွမ်းခြံကုန်း


အပြည့်အစုံဖတ်ချင်ရင်...

Friday, February 13, 2009

ဗိုလ်ချုပ်မွေးနေ့တို့မမေ့




` ဦးရေ… ဗယ်လင်တိုင်း နေ့မှာ ဘာလုပ်မလဲဗျ ´
ကျွန်တော့်တူ ရှစ်တန်းကျောင်းသားလေး က ကျွန်တော်ကို မေးလိုက်ခြင်းပါ။ ဒါနဲ့ ကျွန်တော်ကလည်း သူ့ကို ရုတ်တရက် ပြန်ပြီး
` နေပါဦးဟ အဲဒီနေ့က ဘယ်နေ့တုန်း ´ လို့ မသိချင်ဟန်ဆောင်ပြီး ပြန်မေးလိုက်ပါတယ်..။
` အာဗျာ.. ဦးကလည်း သိရက်နဲ့ သားကို ပြန်မေးနေတယ်.. ဖေဖော်ဝါရီ (၁၄ ) ရက်နေ့လေဗျာ ´ လို့ မကြည်သလို ကြည့်ပြီး ပြန်ပြောပါတယ်။ ကျွန်တော်ကလည်း ပြန်ပြီး
`ဒါနဲ့ ဖေဖော်ဝါရီ (၁၃) ရက်နေ့ကရောကွ ဘာနေ့လဲ သိလား ´ ဆိုတော့ သူက တစ်ချက်စဉ်းစားးတယ်ဗျ.. နောက် လက်ချိုးကြည့်ပြီး
`ဖေဖော်ဝါရီ (၁၃) ရက်က သောကြာနေ့လေဗျာ.. ဘာလို့လဲ ပုံမှန်ရက်တစ်ရက်ပဲ မဟုတ်လား ´ တဲ့……။ ကျွန်တော်လည်း စိတ်ပေါက်ပေါက်ရှိလာပြီး ခေါင်းကို တစ်ချက် ထုလိုက်ပါတယ်…။
` တယ် ငါထုလိုက်ရ.. ဘယ်က သောကြာနေ့လဲ ဘယ်က ပုံမှန်ရက်တစ်ရက်လဲ .. ငါတို့ နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကွ ´ ဆိုမှ
` အော်.. မှတ်မိပြီဗျ…. ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာထဲမှာ ပါတာပဲ….. မေ့တောင်နေပြီ .. ကျွန်တော်က ဖေဖော်ဝါရီ ဆိုရင် ဗယ်လင်တိုင်းနေ့ ရှိတာပဲ သတိရတာဗျ…ဗိုလ်ချုပ်မွေးနေ့ဆိုတာတောင် သတိမထားမိပါဘူး… ´ တဲ့ဗျာ……….။

—————————————————-

ကဲဗျာ… ဘယ့်နှယ်လုပ်ကြရပါ့.. ကလေးတွေတောင် ဗိုလ်ချုပ်မွေးနေ့ကို သတိမရကြတော့ဘူးတဲ့..။ ထားလိုက်ပါတော့ ကလေးတွေက ငယ်သေးလို့ သတိမရတာ။ လူကြီးတွေ ကရော.. သတိရကြပါရဲ့လား။ ဗယ်လင်တိုင်းဒေးကိုတော့ သတိရပြီး ဗိုလ်ချုပ်မွေးနေ့ကို သတိမရကြတဲ့ လူကြီးတွေရော ဘယ်လောက်များနေပါသလဲ။ စဉ်းစားမိရင် စိတ်မကောင်း အတော်ဖြစ်မိတယ်ဗျာ..။

ခုနောက်ပိုင်းတွေမှာ ကလေးတွေဟာ ဗိုလ်ချုပ်ကို သိပ်မသိတော့တာလဲ အပြစ်လို့ ဆိုလို့မရဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းတွေမှာ နိုင်ငံတော် အလံကို အလေးပြုရင် အရှေ့ကနေ ` ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီး များအား …… အလေးပြု ´ လို့ ဆိုခဲ့ကြပေမယ့် ခုနောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ မပါတော့ပဲ `ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်း များအား … အလေးပြု ´ ဆိုတာပဲ ကြားနေရတာတွေ၊ နောက် ကျောင်းတွေ ရုံးတွေမှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံတွေကို နိုင်ငံတော် အလံရဲ့ အောက်မှာချိတ်ထားတာတွေဟာ ခုဆိုရင် မတွေ့ရတော့ပါဘူး..။ ဒါတွေဟာ နောင်တက်လာမယ့် ကလေးတွေကို ဗိုလ်ချုပ်အောင်ဆန်းဆိုတာကို မသိတော့အောင် ဖြစ်စေတယ်လို့ ထင်ပါတယ်။ နောက်တစ်ခုကတော့ မီဒီယာပိုင်းအနေနဲ့ ဆိုရင် ဖေဖော်ဝါရီလအတွက် ထွက်လာတဲ့ မဂ္ဂဇင်းတွေ အတော်များများမှာ ဗယ်လင်တိုင်းဒေးကိုပဲ အလေးထားဖော်ပြကြတာတွေကိုသာ တွေ့ရပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ဖြစ်တဲ့လ အဖြစ် သိပ်မတွေ့ရတာကရော လူကြီးတွေ မေ့လျှော့နေကြခြင်းလား…။ အမေ့ခံနေကြခြင်းလား။ မေ့အောင် လုပ်နေကြခြင်းလား..။

ယခုနှစ် ဖေဖော်ဝါရီ တစ်ဆယ်သုံးရက်နေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၉၄) နှစ်ပြည့်မွေးနေ့ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူးဗျာ..။ ကျွန်တော်တို့ အားလုံး.. မြန်မာနိုင်သားအားလုံးရဲ့ ရင်ထဲမှာ ဖေဖော်ဝါရီလဆိုတာ ဗင်လင်တိုင်းဒေးထက် ဗိုလ်ချုပ်မွေးနေ့ ဆိုတာကိုရှိသင့်တယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ နှလုံးသားတွေထဲမှာ ဘယ်တော့မှ မမေ့နိုင်တဲ့ ကဗျာလေး တစ်ပုဒ်ကို ကိုယ်စီငြီးရင်းနဲ့ …. ဗိုလ်ချုပ်ရဲ့ မွေးနေ့ဆီသို့..
ဖေဖော်ဝါရီ တစ်ဆယ်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါစုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။

အီးမေးမှ ပေးပို့လာခြင်းဖြစ်ပြီး ရေးသူအမည် မပါလာပါ။


အပြည့်အစုံဖတ်ချင်ရင်...

Thursday, February 12, 2009

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ


အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အမှတ်တရ
မြတ်ကောင်းရဲ့ဒီဇိုင်း
ဖေဖော်ဝါရီ ၁၃၊ ၂၀၀၉



"လူငယ်ဖြစ်တဲ့အတွက် အထူး မေတ္တာရပ်ခံသွားချင်တယ်။ လူငယ်တွေဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် ဘယ်လောက်လုပ်တယ် ဆိုတာလည်း လူအများအပြား သိကြတာပဲ။ လူကြီးတွေဆိုတာလည်း ဒီတိုင်းပြည်မှာ အတော်ပဲမရှိကြတော့ဘူး။ လူငယ်တွေရဲ့ခေတ် ရောက်လာပြီ။ မိမိတို့ခေတ် ရောက်လာတဲ့အခါ မိမိတို့ဟာ မိမိတို့ ရှေ့က နိုင်ငံရေးသမားများ မှားသလို မမှားကြတော့ဘဲ၊ နည်းသစ်၊ အလုပ်သစ်၊ စိတ်သစ်၊ နိုင်ငံရေးသစ်ကို လုပ်ဖို့ အထူးသတိပြုစေလိုပါတယ်။ တဦးနဲ့ တဦး ဝေဖန်လွန်းအား မကြီးပါနဲ့။ ရှေ့ကိုလည်း သိပ်လောမကြီးပါနဲ့။ သိပ်လောကြီးရင် စစ်ကျွံသလို ဖြစ်မယ်ဆိုတာကို သတိပြုပါ"
ဗိုလ်ချုပ်အောင်ဆန်း၊ ရွှေတိဂုံဘုရား အလယ်ပစ္စယံ၊ ဇန်န၀ါရီ ၂၃၊ ၁၉၄၆


အပြည့်အစုံဖတ်ချင်ရင်...

သြော်---နအဖ---နအဖ

လူကြီးတစ်ယောက်သည် သူဝါသနာအတိုင်း န အ ဖ အကြောင်းကို တွေ့တဲ့သူတိုင်းကို တွေ့တဲ့

နေရာမှာ တော်တော်လေးပြောလေ့ရှိပါတယ်။တနေ့နိုင်ငံခြားသားများကိုရှေးဟောင်းပစ္စည်းရောင်း

သောဆိုင်သို့လိုက်ပို့ပါတယ်။ထိုဆိုင်ရှေ့ ရောက်သော် နိုင်ငံခြားသားအားရှင်းပြနေသည်က----

ကျနော်တို့ နအဖ စစ်အစိုးရကလည်းဒီရုပ်သေးရုပ်များလိုပဲ တရုတ်ကြီးကြိုးဆွဲရာကနေရတဲ့အကြောင်းရှင်းပြလေသည်။ထိုသူရှင်းပြသောအကြောင်းကိုကြားရ

သောရုပ်သေးရုပ်တစ်ရုပ်ကမခံချင်တာနဲ့ ထပြောလေသည်။ကျနော်ကို နအဖ နဲ့ မနှိုင်းပါနဲ့ ။ကျနော်

တို့ ရုပ်သေးရုပ်တွေသိက္ခာကျပါတယ်။အဲ့ဒိမှာတင် ထိုလူကြီးကဘာလို့ လဲလို့ ပြန်မေးတော့--------

ကျနော်တို့ ရုပ်သေးတွေက ကြိုးဆွဲရာကရပေမဲ့ပွဲကြည့်ပရိသတ်(ပြည်သူ)ကိုလေးစားတယ်။ကျေး ဇူးရှင်မှန်းသိတယ်။ကျနော်တို့ ကပြည်သူကိုဘယ်တော့မှမဆော်ကားဘူး။ဒါကြောင့်ပြည်သူကိုလေး

စားရမှန်းမသိ၊ကျေးဇူးရှင်မှန်းမသိတဲ့ နလဘိန်းတုန်းမိစ္ဆာကောင်တွေနဲ့ မနှိုင်းပါနဲ့ ။ရုပ်သေးတွေ သိက္ခာကျလို့ ပါ။

ဒီလိုနဲ့ ထိုလူကြီးဘာမှပြန်မပြောတော့ဘဲခရီးဆက်ခဲ့ပါသည်။သူ့ ရဲ့ ဗီဇအတိုင်းနအဖ

အကြောင်းကိုမပြောရရင်မနေနိုင်ပါ။နအဖ အကြောင်းကိုလဲမပြောဘဲနေမယ်လို့ ကြံပေမဲ့ပြောစရာ

တွေကတနေ့ တခြားပိုပိုများလာတော့မပြောဘဲလဲမနေနိုင်ဖြစ်နေပါတယ်။ဒီလိုနဲ့ နွားအုပ်ကြီးတစ်ခု

ကိုလမ်းမမှာ ပက်ပင်းသွားတိုးပါတယ်။ဒီမှာတင်ထိုလူကြီးကပြောပါတယ်။အခု နအဖတွေကလည်း

ဒီနွားတွေလိုပါပဲ။တရုတ်ကြီးခိုင်းတာမှန်သမျှအကုန်လုပ်နေတာပဲ။လုပ်သင့်မလုပ်သင့်မစဉ်းစားကြ

ပါဘူး။သူတို့ အာဏာတည်မြဲရင်ပြီးရောဆိုပြီး တိုင်းပြည်ကသယံဇာတွေအကုန်ထိုးပေးတော့တာပါ

ပဲ။တိုင်းပြည်မှာလဲဘာမှမကျန်တောဘူး။ထိုစကားကိုကြားတဲ့နွားတကောင်ကပြောပါတယ်။သူတို့ကို
အဆင့်မရှိတဲ့ နအဖတွေနဲ့ မနှိုင်းဖို့ အကြောင်း၊ဒီလိုအဆင့်မရှိတဲ့နအဖတွေနဲ့ နှိုင်းတာဟာသူ

တို့ နွားတွေရဲ့ ဂုဏ်သိက္ခာကိုထိခိုက်တဲ့အကြောင်း ပြောပါတယ်။ဒါနဲ့ ထိုလူကြီးကပြန်မေးပါတယ်။

ဘာကြောင့်လဲလို့ မေးတော့ ထိုနွားက---ကျနော်တို့ နွာတွေကခိုင်းတာလုပ်နေရတယ်ဆိုပေမဲ့နအဖ

လို ကိုယ့်အမျိုးဂုဏ်သိက္ခာတွေထိခိုက်နစ်နာမှာမျိုးကိုတခါမှမလုပ်ဖူးကြောင်း၊ဒါကြောင့်ကိုယ့်အမျိုး

ဂုဏိသိက္ခာကျအောင်ခိုင်းတိုင်းလုပ်တဲ့ နအဖစစ်အစိုးရနဲ့ မနှိုင်းသင့်ကြောင်း၊ဒီလိုနှိုင်းတာဟာ သူတို့ နွားတွေရဲ့ ဂုဏ်သိက္ခာထိခိုက်ကြောင်း ပြောပါတယ်။ထိုလူကြီးကနောက်မပြောတော့ပါကြောင်း ကတိ ပေးပြီး ဒီလိုပြောမိတဲ့အတွက်
ခွင့်လွှတ်ဖို့ တောင်းပန်ခဲ့ပါတယ်။

ဒီလိုနဲ့ ထိုလူကြီးလဲဆက်လျှောက်လာရာ---ကျွဲတအုပ်နဲ့ ဆက်တိုးပါတယ်။ထုံးဆံအ

တိုင်း နအဖ စစ်အစိုးရဟာ တိုင်းပြည်ကိုလေးစားဖို့ ပညာရှင်အသီးသီးကဝိုင်းဝန်းအကြံပေးနားချ

ပေမဲ့ မရတဲ့အကြောင်း၊အခုမြင်ရတဲ့ကျွဲတွေနားစောင်းသွားတီးပြရင်ဘာမှနားမလည်သလို----

နအဖ ကိုပြောရတာဟာ ကျွဲပါးစောင်းတီးသလိုဖြစ်တဲ့အကြောင်းကို နိုင်ငံခြားသားအားရှင်းပြနေပါ

တယ်။အဲ့ဒိမှာတင် ထိုလူကြီးပြောတဲ့စကားကို ကြားသွားတဲ့နွားတကောင်ကပြောပါတယ်။သူတို့ ကျွဲ

တွေကို ဒီလောက်တိုင်းပြည်အတွက်ဘာမှအသုံးမကျတဲ့ နအဖ တွေနဲ့ မနှိုင်းဖို့ အကြောင်း၊ဒီလိုနှိုင်း

တာဟာသူတို့ ကျွဲတွေရဲ့ ဂုဏ်သိက္ခာကျတယ် ဆိုတဲ့အကြောင်းကိုပြောပါတယ်။ဘာလို့ လဲလို့ ပြန်

မေးတဲ့ အခါမှာ သူတို့ ကျွဲတွေဟာလူတွေအတွက်အမတန်အသုံးဝင်ကြောင်း၊လူတွေရဲ့ ထွန်ယက်

စိုက်ပျိုးရေး သယ်ယူပို့ ဆောင်ရေးစသည်ဖြင့်လူတွေကိုကောင်းစွာကူညီကြောင်း၊ပြည်သူတွေရဲ့ စ

ကားကိုနားထောင်ကြောင်း ပြောပြီး ဒီလိုလူတွေအတွက်ဘာမှအသုံးမဝင်ဘဲလူတွေကိုဒုက္ခပေးဖို့ 

သက်သက်လူဖြစ်လာတဲ့ပြီးတော့ပြည်သူတွေရဲ့ စကားကိုနားမထောင်တဲ့ နအဖ စစ်အစိုးရနဲ့ သူတို့ 

ကျွဲတွေကိုနှိုင်းတာဟာ သူတို့ ကိုအချက်တစ်ရာရိုက်တာထက်နာတဲ့အကြောင်း၊ပြီးတော့သူတို့ ကျွဲ

တွေရဲ့ ဂုဏ်သိက္ခာကိုအကြီးအကျယ်ထိခိုက်တာမို့ ဒီ နအဖတွေနဲ့ နှိုင်းရင် နောက်ကိုသူတို့ ကျွဲရဲ့ အမည်ကျွဲဆိုတဲ့စာလုံးကိုထည့်မသုံးဖို့ သူတို့ ကျွဲတွေအားလုံးက ကန့် ကွက်ကြောင်းကိုပြောကြားခဲ့ပါတယ်။
ဒါနဲ့ ထိုလူကြီးလဲနောက်ကိုဒီလိုလူယုတ်မာတွေနဲ့ မနှိုင်းတော့ပါကြောင်းကတိပေးပြီးထွက်ခဲ့ပါတယ်။

ဒီလိုနဲ့ ဆက်လျှောက်လာရာခွေးရူးတကောင်နဲ့ တိုးပါလေရော။ခွေးရူးဆိုတော့သူ့ ကို

ကိုက်မှာကြောက်တာနဲ့ အိမ်တအိမ်ပေါ်တက်ပြေးပါတယ်။ခွေးရူးကလည်းအိမ်ပေါ်ကိုပြေးလိုက်

လာပါတယ်။ဒီလိုသူ့ ထုံးစံအတိုင်း နအဖတွေဟာဒီခွေးရူးလိုပဲဘာမှမသိတော့ဘူး။အာဏာရူးနေကြ

ပြီ။တွေ့ တာမှန်သမျှအကုန်ဖမ်း အကုန်ရိုက်၊ဘုန်းကြီးပါမကျန်သေနပ်နဲ့ ပစ်၊စစ်ဖိနပ်နဲ့ ကန်

ကြောက်၊ထောင်ဒဏ်တွေ(၃၅)နှစ်(၆၈)နှစ်(၁၀၄)နှစ်စသည်ဖြင့်နှစ်ရှည်တွေချ၊ရုပ်ပွါးတော်တွေကို

ပါခေါင်းဖြတ်၊စေတီတော်တွေရဲ့ ဌာပနာတွေကိုဖောက်၊အာဏာရူးပြီးလုပ်ချင်လိုက်လုပ်နေကြောင်းကိုပြောပါတယ်။အဲ့ဒိလူပြောတဲ့အကြောင်းကို အိမ်အောက်ကကြားသွားတဲ့ခွေးရူးဟာချက်ချင်းပြန်

ပြောပါတယ်။သူ့ ကိုနအဖအာဏာရူးတွေနဲ့ မနှိုင်းဖို့ အကြောင်း၊တခြားအရူးတွေနဲ့ နှိုင်းရင်ခံနိုင်ပေမဲ့

ဒီလိုတကမ္ဘာလုံးရှိ အဆင့်အတန်းမြင့်သူတွေအားလုံးကဝိုင်းပြီးကျဉ်ဖယ်ပြစ်ပယ်ထားပြီးသုံးစားလို့ 

မရအောင်နာမည်ပျက်နေတဲ့နအဖတွေနဲ့ နှိုင်းတာဟာသူ့ ရဲ့ ခွေးရူးဂုဏ်သိက္ခာကိုထိပါးတဲ့အ

ကြောင်း၊ပြီးတော့အခုလိုနအဖတွေနဲ့ အနှိုင်းခံရလို့ မခံချင်လွန်းတာနဲ့ သူ့ ရဲ့ ခွေးရူးရောဂါတောင်

ပျောက်သွားတဲ့အကြောင်းနဲ့ ပြီးတော့ခွေးရူးကဆက်ပြောတာကတကမ္ဘာလုံးရှိသမျှအဆိုးတွေအားလုံးနဲ့ နှိုင်းစရာမရှိအောင်ဆိုးသွမ်းယုတ်မာနေတဲ့နအဖတွေနဲ့ နှိုင်းလိုက်တာဟာ သူ့ ကိုခွေးရူးဆိုပြီး

နောက်ကနေလိုက်ရိုက်နေကြတဲ့သူတွေရဲ့ ရိုက်ချက်ပေါင်းမြောက်များစွာထက်နာတဲ့အကြောင်းကို

ပြောပြီးနောက်ကိုသူတို့ ခွေးရူးတွေရဲ့ ဂုဏ်သိက္ခာကိုထောက်သောအားဖြင့် နအဖအာဏာရူးတွေနဲ့ 

မနှိုင်းဖို့ ကိုပြောကြားလိုက်ပါတယ်။

နအဖ အကြောင်းကိုအမြဲတန်းနှိုင်းယှဉ်နှိုင်းယှဉ်ပြီးတော့ပြောပြလေ့ရှိသောထိုလူကြီး

သည်ရုပ်သေးရုပ်၊နွား၊ကျွဲ၊ခွေးရူးတို့ ပြောလိုက်သောစကားကိုအမြဲတန်းနားထဲမှာကြားယောင်နေမိရင်း---သြော်နအဖ-နအဖ အဆိုးတွေနှိုင်းစရာမကျန်လောက်အောင်ဆိုးတဲ့နအဖလို့ ငြီးတွားနေမိ

ရင်း-နအဖရဲ့ အဆိုးသံသရာလည်ပတ်နေပုံကိုတွေးတောနေမိပါတော့တယ်။



မင်းသုည(ကွမ်းခြံကုန်း)


အပြည့်အစုံဖတ်ချင်ရင်...

ဗိုလ်ချုပ်မွေးနေ့အကြိုလှုပ်ရှားမှုများပြုလုပ်



ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များ အစည်းအရုံး)မှ
ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်ကျရောက်မည့်မြန်မာ့သူရဲကောင်း အာဇာနည်
သခင်အောင်ဆန်း၏မွေးနေ့ကို ရည်စူး၍ ဂုဏ်ပြုလှုပ်ရှားမှုတရပ်ကိုပြုလုပ်ခဲ့ပါသည်။


အပြည့်အစုံဖတ်ချင်ရင်...

Wednesday, February 11, 2009

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ






nld(la)malaysia


ယနေ့ ၁၁.၂.၂၀၀၉ နံနက် ၁၀ နာရီတွင်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်ရှိ မြန်မာသံရုံးရှေ့၌ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မလေးရှားဌာနမှ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတောင်းဆိုဆ န္ဒပြပွဲတရပ်ကျင်းပခဲ့ကြသည်။ ထိုဆန္ဒပြပွဲသို့မလေးရှားရှိ မြန်မာပြည်သူအယောက် (၄၀)ကျော်ပါဝင်ဆင်နွှဲကြပြီး တောင်းဆိုချက်(၃) ရပ်နှင့်အတူအထူးကြေငြာချက်ကို ထုတ်ပြန်ကြေငြာသည်။ ထို့နောက်ကြွေးကြော်သံများကြွေး ကြော်၍ သစ္စာအဓိဌာန်ရွတ်ဆိုပြီး (၁၁)နာရီတွင် ဆန္ဒပြပွဲကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။


အပြည့်အစုံဖတ်ချင်ရင်...