Wednesday, February 11, 2009

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ






nld(la)malaysia


ယနေ့ ၁၁.၂.၂၀၀၉ နံနက် ၁၀ နာရီတွင်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်ရှိ မြန်မာသံရုံးရှေ့၌ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)မလေးရှားဌာနမှ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးတောင်းဆိုဆ န္ဒပြပွဲတရပ်ကျင်းပခဲ့ကြသည်။ ထိုဆန္ဒပြပွဲသို့မလေးရှားရှိ မြန်မာပြည်သူအယောက် (၄၀)ကျော်ပါဝင်ဆင်နွှဲကြပြီး တောင်းဆိုချက်(၃) ရပ်နှင့်အတူအထူးကြေငြာချက်ကို ထုတ်ပြန်ကြေငြာသည်။ ထို့နောက်ကြွေးကြော်သံများကြွေး ကြော်၍ သစ္စာအဓိဌာန်ရွတ်ဆိုပြီး (၁၁)နာရီတွင် ဆန္ဒပြပွဲကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။


0 comments: