Thursday, February 19, 2009

သုညလက်ဆောင်

ဖိုးသုညဆိုလျှင် အသုံကျထင်၍

မဖြစ်ချင်ကြ မကြားချင်ကြ

လူအများက ငြင်းကြပြီ

သုညမှာမူ

သူတန်ဖိုး သူမြတ်နိုးကာ

နေရာတကာအမြဲပါ၍နေခဲ့ပြီ

တန်ဘိုးသိမှ တန်ဘိုးရှိတဲ့

တန်ဘိုးမသိလျှင်

ထောင်သောင်းများစွာထိုက်နေပါလည်း

ဘာမှအသုံးမကျသုံးမရပါ

သုညဖြစ်စေ မိမိဌာနေ အမြဲနေက

တန်ဘိုးအဂ္ဃထိုက်တန်ကြ၏

တစ် ... နှစ် .... ဖြစ်စေ

မိမိဌာနေ အမြဲမနေဘဲ

နေရာတကာ အမြဲပါက

ဘာမှအသုံးမကျ သုံးမရမို့

တန်ဘိုးမဲ့ကာ သွားလိမ့်မည်။

ဥပမာဆောင် ထင်အောင်ပြအံ့

ခြောက်-၆-ထဲငါး-၅-နုတ်

သုညထုတ်သော်

၎င်းသုညနေရာမကျ၍

တန်ဘိုးမဲ့ကာ သွားလိမ့်မည်။

ခြောက်ထဲ-ခြောက်နုတ် သုညထုတ်မှ

၎င်းသုညနေရာကျ၍

တန်ဘိုးရှိကာ သွားလိမ့်မည်။

ခြောက်ထဲ-ခြောက်နုတ်-တစ်ကိုထုတ်သော်

တစ်၏ဌာနနေရာမကျ၍

တန်ဖိုးမဲ့ကာ သွားလိမ့်မည်။

ခြောက်ထဲက ငါးနုတ် တစ်ကိုထုတ်မှ

တစ်၏ဌာန နေရာကြ၍

တန်ဖိုးရှိကာ သွားလိမ့်မည်။

သုညသဘော သေချာနှောကာ

အဖြေပြော၍ ဆွေးနွေးမည်။

သုညဆိုတာ မရှိ ကိုယ်စားပြုကာ ထားတာမို့

သင့်မှာ သုညဖြစ်နေက

သုညဆိုတာ လက်ခံပါ။

သင့်မှာ ပညာမရှိပါလျှင်

သင်ဟာ . . . သုညဖြစ်နေပြီ

သင့်မှာ ဥစ္စာမရှိပါလျှင်

သင်ဟာ . . . သုညဖြစ်နေပြီ

သင့်မှာ အောင်မြင်ကျော်ကြာမရှိုငြားက

သင်ဟာ . . . သုညဖြစ်နေပြီ

သင့်မှာ လူ၏အသိ မရှိဘိက

သင်ဟာ . . . သုညဖြစ်နေပြီ

သင်၏ ထံမှာ

ပညာ- ဥစ္စာ- အောင်မြင်ကျော်ကြား

မရှိငြားလည်း

လူ၏အသိ သင့်မှာရှိက

လူ့ပြည်လောက အသုံးကျလိမ့်။

သင်၏ ထံမှာ

လူ၏အသိ မရှိဘိက

လူပြည့်လောက နေဖော်ရလည်း

ဘာမှ အသုံးမကျ သုံးမရမို့

နွားနှင့်ပမာ တူပေရာ၏ ။

မင်းသုည ကွမ်းခြံကုန်း


0 comments: