Saturday, January 31, 2009

တော်လှန်ရေးကြီးဘာကြောင့်မအောင်မြင်ရသေးတာလဲ

ကျနော်ကို အမေးချင်ဆုံးမေးခွန်းတစ်ခုမေးပါဆိုရင် တော်လှန်ရေးကြီးဘာကြောင့် မအောင်မြင်ရသေးတာလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်၊၊ ဒီမေးခွန်းကို ကျနော်တွေ့တဲ့သူတိုင်းကို မေးခဲ့သလို ကျနော်ကိုယ်တိုင်လည်း အမေးခံခဲ့ရဘူးတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ စာဖတ်သူများလည်း ကျနော်နည်းတူ အမေးခံခဲ့ရဘူးမယ်ထင်ပါ တယ်။ ဒီမေးခွန်းကို ကျနော့်ကိုယ် ကျနော်လည်း ပြန်မေးဖူးပါတယ်။ ဟုတ်ကဲ့ အဖြေအမျိုးမျိုးထွက်ပါလိမ့်မယ်။ ကြိုက်သလိုဖြေနိုင်ကြပါတယ်။ဒါပေမဲ့ အဖြေမှန်ဖို့လိုပါတယ်။ ပုစ္ဆာတစ်ပုဒ်ဟာအဖြေမရမချင်းတန်ဖိုးမထွက်ပါဘူး ပုစ္ဆာတိုင်းလဲမတူကြပါဘူး။ အမေးရှိရင်အဖြေရှိရမယ်ဆိုပေမဲ့ အဲဒီအဖြေဟာမှန်ကန်တိကျဖို့လိုပါတယ်။ တချို့ပုစ္ဆာတိုင်းဟာပါးစပ်ကဖြေလိုက်ရုံပြီးပေမဲ့ တချို့ပုစ္ဆာဟာတကယ်လက်တွေ့ချတွက်၊ တစ်ခုချင်းဖြေရှင်းချုက် ထုတ်သွားပြီး တကယ်လက်တွေ့လုပ်ဆောင်ဖြေပြမှအမှန်ရမယ့်ပုစ္ဆာဖြစ်ပါတယ်။ ဒီပုစ္ဆာဟာအခုမှပေါ်တဲ့ပုစ္ဆာ မဟုတ်ပါဘူး ဟိုးရှေ့ခေတ်အဆက်ဆက်ကပေါ်ခဲ့တဲ့ပုစ္ဆာဖြစ်ပါတယ်။ ဒီပုစ္ဆာကိုခေတ်အဆက်ဆက်ကဖြေခဲ့ကြပါတယ် ဖြေနိုင်တဲ့သူများရှိသလိုမဖြေနိုင်တဲ့သူများလဲရှိခဲကြပါတယ်။
ဟုတ်ကဲ့ဟိုးရှေ့ခေတ်ကျနော်တို့လှမ်းမမြင်နိုင်တဲ့ခေတ်ကိုကျတော်မပြောလိုတော့ပါဘူး ကျတော်တို့လှမ်းမြင်နိုင်တဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ကိုတိုင်ဒီမေးခွန်းကိုလက်တွေ့ဖြေလက်တွေ့အောင်မြင်ခဲ့ တယ်ဆိုတာကို ပြန်ကြည့်ပြီးဖြေရမယ်။ သချာင်္ပုစ္ဆာများမှာလည်းထိုနည်း၎င်းပဲ ရှေ့လူများတွုက်ပေးခဲ့တဲ့နည်းစနစ် များပေါ်မှာမှီပြီးချဲ့ထွင်ထွက်ကြရတယ်။ ဒါမှအဖြေမှန်ရနိုင်ပါတယ် ဒီလိုမဟုတ်ပဲငါသိငါတက်လုပ်ကာ ဘယ်အဖြေမှနည်းမှီစရာမလိုဘူးငါအဖြေနဲ့င်ါသွားမယ်ဆိုရင် အဖြေမှန်မရဘဲဝေးသည်ထက်ဝေးနေကြအုံးမှာဖြစ် ပါတယ်။
ဒီပုစ္ဆာဟာအခက်ခဲဆုံးပုစ္ဆာဖြစ်သလို တဦးတစ်ယောက်ထဲနဲ့လဲဖြေလို့ရတဲ့ပုစ္ဆာမဟုတ်ပါဘူး တစ်ဖွဲ့ နှစ်ဖွဲ့ သုံးလေးဖွဲ့နဲ့လည်းဖြေလို့ရတဲ့ပုစ္ဆာမဟုတ်ပါဘူး ဒါကိုနားမလည်ပဲငါဖြေနေတာပဲ ငါ့အဖွဲ့ဖြေနေတာပဲဆိုပြီး ဆက်သွားနေရင်ဒီအဖြေဟာအမှန်နဲ့ဝေးနေအုံးမှာဖြစ့်ပါတယ် ဒီအဖြေဟာဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်မှာ အဖြေမှန်ရခဲ့ပြီးပြီ။သူတို့ဘာကြောင့်အဖြေမှန်ရခဲ့တာလဲ…?ကျနော်တို့ဘာကြောင့်အဖြေမှန်မရကြသေးတာလဲ……? ဒါကိုသေချာစဉ်းစားအဖြေထုတ်ဖို့လိုပါတယ်။ ဆင်ခြေကန်တဲ့အဖြေမျိုးကိုကျနော်မကြားလိုပါ။ တချို့ကဒီအစိုးရ ဟာအင်္ဂလိပ်၊ ဂျန်ပန် တိုင်းတပါးအာဏာရှင်ထက်ဆိုးတယ် ဒါကြောင့်မို့ ဒို့မအောင်မြင်တာဆိုပြီးဆင်ချေပေး ကြတယ်။
ဟုတ်ကဲ့တိုင်းတပါးသားအင်္ဂလိပ်၊ ဂျန်ပန်ထက်ဆိုးတယ်ဆိုရင်အဲဒီကာလထက်ပိုပြီးအားမထုတ်သင့်ဘူး လား….? အဲဒီကာလကတော်လုန်ရေးသမားများထက်ပိုပြီးအားထုပ်တာကိုမပြောနဲ့ သူတို့အားထုတ်ကြတာနဲ့ နိုင်းယုဉ်ရင်အပုံတစ်ရာပုံတစ်ပုံတောင်ရှိမယ်မထင်သေးပါ။သူတို့လက်ထက်သမိုင်းများကိုပြန်လေ့လာကြည့်ကြပါ သူတို့ခေတ်ကလူတိုင်းလိုလို ဒီမေးခွန်းကိုမေးကြသလို လူတိုင်းလိုလိုဒီမေးခွန်းကိုဖြေနေကြပါတယ်။ အခုကျန်တော်တို့နိုင်ငံမှာဘယ်နှစ်ယောက်မေး၍ဘယ်နှစ်ယောက်ဖြေနေကြပါသနည်း..? ဒီမေးခွန်းကို တကယ်မေးပြီး တကယ်ဖြေခဲ့ကြ ထောင်ဒဏ်တွေ (၁၀၄)နှစ်၊ (၆၈)နှစ်၊ (၃၅)နှစ် စသည်ဖြင့် အနှိပ်စက် အညှင်းဆဲ ခံပြီး ဖြေနေကြချိန်မှာ အခုထက်ထိ မြန်မာလူမျိုးအများစုဟာ ဒီပု စ္ဆာကို ကိုယ်နှင့်မဆိုင်သလို မေ့မေ့ပျောက်ပျောက် နေကြတာဟာ အလွန်ဝမ်းနည်းစရာ စက်စုပ်ရွံရှာစရာ ကောင်းလှပါတယ်။ သူများတွေတိုင်းပြည်အတွက် ဒီမေးခွန်းကို တကယ်မေးပြီး တကယ်ဖြေနေတဲ့ အချိန်မှာ - ယနေ့ မြန်မာလူမျိုးအချင်းချင်း တွေ့ရင် ဘာတွေမေးနေကြတာလဲ..? “ဟေ့ကောင် ဘာဂဏန်းရလဲ..? ထိတ်စီးကဘာလဲ..? ဘောလုံးပွဲ ဘယ်လိုပြီးသွားလဲ..? ဟိုနေ့က အာဝါဒေးပွဲမှာ ဘယ်လောက် ရလိုက်လဲ..?“ ဆိုတဲ့ အင်မတန်အောက်တန်းကျတဲ့ မေးခွန်းတွေကို မေး အဲဒီမေးခွန်းတွေကို အဟုတ်ကြီးမှတ်ပြီး မြိန်ရည် ရှက်ရည်နဲ့ အရှက်မဲ့စွာမေးကြ ဖြေကြ လုပ်နေကြတာဟာ အင်မတန် အော့နှလုံးနာစရာကောင်းလှပါတယ်။ တကယ်ကိုးကွယ်နေကြတာက ကမ္ဘာ့အဆင့်အတန်း အမြင့်ဆုံး ဆိုတဲ့ ဗုဒ္ဓကို ဒါပေမယ့် လုပ်နေကြတဲ့ လုပ်ရပ်တွေက ကမ္ဘာမှာအောက်တန်းအကျဆုံး အဆင့်အနိမ့် ဆုံးဆိုတဲ့ လုပ်ရပ်တွေ ။ ဒီနိုင်ငံ ကမ္ဘာ့ အဆင့်အနိမ့်ဆုံး အဆင်းရဲဆုံး အချာဆုံး နိုင်ငံထဲမပါလို့ ဘယ်နိုင်ငံပါရအုံးမှာလဲ။ မိမိကိုယ်ကို မညာတမ်း မလိမ်တမ်း ပြန်မေးကြပါ။ မိမိတို့ လုပ်ရပ်ဟာ မိမိတို့ကိုးကွယ်တဲ့ အဆင့်အတန်းမြင့်တဲ့ ဗုဒ္ဓခွင့်ပြုတဲ့ လုပ်ရပ်တွေဟုတ်ရဲ့လား ဆိုတာကို သေသေချာချာ ပြန်မေးကြပါ။ အဆင့်အတန်းမြင့်တဲ့ဗုဒ္ဓကဘယ် တော့မှခွင့်မပြုပါဘူး။ ဒါကိုပိဋကက်ကျမ်းစာတွေမှာ အထင်အရှားဟောတာတွေအများကြီးရှိပါတာယ်။
န.အ.ဖ စစ်အာဏာရှင်လူယုတ်မာဗိုလ်ကြီးများက သူတို့ယုတ်မာချင်တိုင်းယုတ်မာလို့ရအောင်အားလုံး စစ်ကျွှန်ဘ၀ရောက် ဒုက္ခတွေရောက်နေကျတာကိုမေ့အောင်အချင်းချင်းလောင်းကစားတွေလုပ်တော့မတဲ့ကြ - ကွဲကြ ပြဲကြတဲ့အချိုန် သူတို့ရဲ့လက်ကိုင်ဒုတ်ရဲတွေ စုံထောက်တွေအတွက် ပိုပြီးဂုတ်သွေးစုပ်နိုင်အောင် လှည့်ကွက်ဖန်ပြီးတရားဝင် ခွင့်ပြုထားခြင်းဖြစ်ပါတယ် ။ အဆင့်အတန်း မြင့်တဲ့ မိမိ ကိုးကွယ်တဲ့ ဗုဒ္ဓဘုရားက ခွင့်မပြုဘဲ ပိတ်ပင်ထားတဲ့ စကားတော့နားမထောင်ပဲ ကမ္ဘာမှာအဆင့်အတန်းမရှိ၊ လူစာရင်းမဝင်တဲ့ စစ်အာဏာရှင်တွေက တရားဝင်ခွင့်ပြုထားတာကို လုပ်နေကြရင် မိမိတို့ရဲ့အဆင့်အတန်းဟာ ကြာလေနိမ့်လေမို့ ဒီထက်နိမ့်ရင် အောက်မှာ အဝိစိ ငရဲပဲ ရှိပါတော့တယ်။ ကျနော် တော်တော်များများကို ပြောဘူးပါတယ်။ ဒို့နိုင်ငံက ပြည်သူတွေ သူတို့အခုလုပ်နေကြတဲ့ နှစ်လုံး သုံးလုံး ချဲတို့ ဘောတို့ လောင်းကစားလုပ်သလောက်ပဲ နိုင်ငံတော်လှန်ရေးမှာ ပါဝင်ပြီးတော့လုပ်လို့ ယနေ့တော်လှန်ရေးကြီးအောင်မြင်ပြီလို့ ဒီပုစ္ဆာအဖြေရပြီလို့ ဘာလို့လဲဆိုတော့ တကယ်မေးရမှာက တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် မေးရမှာက “တော်လှန်ရေးကြီး ဘာကြောင့်မအောင်မြင်သေးတာလဲ?” “တော်လှန်ရေးကြီး အောင်မြင်အောင် ဘယ်လိုလုပ်ကြမလဲ” “တော်လှန်ရေးကြီးအောင်မြင်ရေးမှာ ငါအခုပါဝင်ဆောင်ရွက်နေပြီလား” ငါအခုဘာလုပ်နေသလဲ။ နအဖ စစ်အာဏာရှင်တွေ လှည့်စားထားတဲ့ လောင်းကစားနဲ့ဘဲ အချိန်ကုန်နေလား? နအဖ တွေလှည့်စားထားတဲ့ ဆင်းရဲမွဲတေနေရင် တော်လှန်ရေးထဲ မပါဝင်နိုင်ဘူး ဆင်းရဲမွဲတေပြီး အလုပ်ထဲပဲလုပ်ပြီး နိုင်ငံရေးဟာငါနဲ့ မဆိုင် ဆိုပြီးနေကြစေဆိုတဲ့ လှည့်ကွက်ထဲမှာပဲ ဆက်လျှောက်နေဆဲလား? နအဖ စစ်အာဏာရှင်တွေနဲ့ပေါင်းရင် ချမ်းသာတယ် ရာထူးရတယ် အာဏာရတယ် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး လူ့အန္ဓ လူ့ဗာလ တကိုယ်ကောင်းဆန် လူယုတ်မာအုပ်စုတွေထဲမှာ မျောပြီး ဆက်လျှောက်နေကြသလား? ငါတို့တော့ ထောင်ကျပြီးပြီ တိုင်းပြည်အတွက်အလုပ်တွေလုပ်ခဲ့ပြီးပြီ မလုပ်ရသေးသူတွေ သူတို့ဆက်လုပ်ကြလိမ့်မယ်ဆိုပြီး မလုပ်တော့ဘဲ ထိုင်စားနေကြတဲ့ အုပ်စုထဲ ယောင်ချာချာနဲ့ ဆက်မျောနေကြမှာလား? ဒါတွေဟာ တကယ်မေးကြ ရမဲ့ ဖြေကြရမယ့် မေးခွန်းတွေဖြစ်ပါတယ်။
အင်္ဂလိပ် ဂျပန်တွေလက်ထက်မှာလဲ လူအနည်းစုသာဖြေခဲ့ကြချိန်မှာ မအောင်မြင်သေးပါဘူး။ တဖြေးဖြေးအရှိန်မြှင့်ကာ YMBA ဘာသာရေးအသင်းကြီးတွေ GCBA အသင်းကြီးတွေ ဒို့ဗမာအစည်းအရုံး အသင်းကြီး တွေ အမျိုးသမီး ကုမ္မာရီ အသင်းကြီးတွေ စသည့် လူထုအစည်းအရုံးအသင်းတွေ အများကြီးရှိပါတယ်။
ယနေ့ဘယ်လောက်တည်ထောင်ကြပြီးပြီလဲ။ ကိုယ့်လူထုအင်အား တိုင်းပြည်ထဲမှာ ဘယ်လောက်ရှိပါ သလဲ။? မိမိခိုင်းတာလေးကို အယောက်၂၀၊ ၃၀ လောက်လိုက်လုပ်တာလောက်နဲ့ ကျေနပ်ပြီး မြန်မာ့တော်လှန်ရေးကြီး အောင်မြင်မယ်လို့ထင်ပါသလား?
အဲဒီလောက်နဲ့ကျေနပ်နေရင် ဘယ်တော့မှမအောင်မြင်ပါ။တော်လှန်ရေးကြီးအောင်မြင်ရေးဟာ တတိုင်းပြည်လုံးရဲ့ အရေးဖြစ်သည့်အတွက်ကြောင့် တတိုင်းပြည်လုံး လှည်း နေ လှေ အောင်း မြင်းစောင်းမကျန် ပါဝင်လာအောင် စည်းရုံးသိမ်းသွင်းပြီး နည်းလမ်းတွေပေးဖို့လိုပါတယ်။ယနေ့ပြည်တွင်းမှာနိုင်ငံရေးကို တော်တော်များများလုပ်ချင်နေကြသူတွေရှိပါတယ်။ဒါပေမဲ့ သူတို့ကိုနည်းပေးလမ်းပြမဲ့သူ ဘယ်လိုလုပ်ရမယ်ဆိုတာကိုသူအဆင့်နဲ့သူ ကိုက်ညီအောင်ညွှန်ပြနိုင်မဲ့သူ ပြီးတော့ဆက်သွယ်ရမဲ့သူ ဒါတွေကိုသူတို့မသိတာနဲ့ဘဲ သူတို့ဟာနိုင်ငံရေးနဲ့အလှမ်းဝေးနေကြရတာဖြစ်ပါတယ်။
မိမိလူတွေကို ကျေးရွာ မြို့နယ် တိုင်း ပြည်နယ် အသီးသီးမှာဖွဲ့စည်းတည်ထောင်နိုင်ရပါမယ်။ မိမိတို့အဖွဲ့အစည်းများကို ပုံသဏာန်မျိုးစုံနဲ့ဖွဲ့စည်းတည်ထောင်ထားရပါမယ်။
ဥပမာ ဆေးလိပ်သောက်သုံးမှုလျှော့ချရေးအသင်း မူးယစ်ဆေးဝါးသောက်သုံးမှုလျော့ချရေးအသင်း သစ်ပင်စိုက်ပျိုးရေးအသင်း စသည်ဖြင့် အသင်းပေါင်းမြောက်များစွာ နေရာအနံ့အပြားမှာ တည်ထောင်ကြရပါမယ်။ပြီးတော့ စာပေ၀ိုင်းတွေ စာကြည့်တိုက်တွေ ဘာသာဘေဒသင်တန်းတွေကိုနေရာအနံ့အပြားမှာ ဖွင့်လှစ်တည်ထောင်ရပါမယ်။
ပြီးတော့ ခေတ်အဆက်ဆက်မှားယွင်းစွာတွေးခေါ်ခဲ့ကြသော ကံရှိလို့ခံရတာ သူကံနဲ့သူသွားလိမ့်မယ် တို့တော်လှန်စရာမလိုဘူး စသည်ဖြင့် မှားယွင်းသောအတွေးအခေါ်ဟောင်းများကို ပြောင်းလဲပေးဖို့လိုပါတယ်။ကံဆိုတာ အလုပ်ကို ခေါ်တာဖြစ်သည့်အတွက် အလုပ်ကောင်းရင်ကံကောင်းပါတယ်။အလုပ်မကောင်းရင် ကံမကောင်းပါဘူး။ကံကောင်းချင်ရင် အလုပ်ကောင်းဖို့ လိုပါတယ်။မြန်မာတစ်မျိုးသားလုံး ချစ်ချစ်ခင်ခင်ဖြင့် စည်လုံးညီညာစွာ တတိုင်းပြည်လုံး နေရာအနံ့အပြားတွင် အဖွဲ့အစည်းများတည်ထောင်ကာ တက်ညီလက်ညီဖြင့် လှည်း နေ လှေ အောင်း မြင်းစောင်းမကျန် ၀ိုင်းဝန်းတွန်းလှန်သော အလုပ်ကြီးကို လုပ်ကြမည်ဆိုလျှင် ကောင်းသောအလုပ် ကမ္မ-ကံကိုပြုလုပ်ခြင်းဖြစ်သောကြောင့် န အ ဖ စစ်ဗိုလ်ချုပ်ကြီးများရဲမတရားနှိပ်စက်နေခြင်းကိုခံနေရသော မကောင်းကံများ ဧကန်မုချလွင့်ပျောက်သွားမှာဖြစ်ပါတယ်။
န အ ဖ ဗိုလ်ချုပ်ကြီးများကို အောင်နိုင်ဖို့မှာ ထိုင်ပြီးဆုတောင်းနေရုံ ဗေဒင်တွေမေးပြီး ယတတြာချေနေရုံ ကုလသမဂ္ဂတွေ အမေရိကတွေကယ်မှာဘဲဆိုပြီးထိုင်စောင့်နေရုံဖြင့် တော်လှန်ရေကြီးမအောင်မြင်နိုင်ပါ။န အ ဖ စစ်ဗိုလ်ချုပ်ကြီးများကိုအပြီးသတ်ခေမှေုန်းနိုင်ဖို့ တော်လှန်ရေးကြီးအဆုံးသတ်အောင်မြင်ဖို့မှာ-မြန်မာတစ်မျိုးသားလုံး ရဟန်းသံဃာ ကျောင်းသား စစ်သား လယ်သမားအလုပ်သမားဝန်ထမ်းပြည်သူအားလုံးဝိုင်းဝန်းပေါင်းစုကာတွန်းလှန်ကြမည်ဆိုလျှင်ဧကန်မုချအောင်ပွဲဝင်မည်ဖြစ်ပါကြောင်းကိုအသိပေးပြောကြားလိုပါသည်။
တာဝန်သိသူတာဝန်ရှိသည် တာဝန်ကိုသူတော်ကောင်း သူမြတ်လောင်း အာဇာနည်တွေသာသိကြသည်
သိသည့်အတိုင်းလည်းကျေပွန်စွာထန်းဆောင်ကြပါသည်။
တာဝန်သိသူတာဝန်ကိုကျေပွန်စွာထန်းဆောင်နိုင်သူသူတော်ကောင်းသူမြတ်လောင်းတွေဖြစ်နိုင်ကြပါ
စေ။
တော်လှန်ရေးသစ္စာဖြင့်
မင်းသုည -ကွမ်းခြံကုန်း
ဗုဒ္ဓတက္ကသိုလ်



အပြည့်အစုံဖတ်ချင်ရင်...

Friday, January 23, 2009

နိုင်ငံတကာ ဆရာများနေ့

(၅-၁၀-၂၀၀၄)အင်္ဂါနေ့

ဒီကနေ့ဟာ နိုင်ငံတကာ

ဆရာများကို ပူဇော်တဲ့နေ့မို့

ဒို့တစ်တွေရဲ့ နေ့ထူးနေု့မြတ်ပေါ့သူုငယ်ချင်း

ဒို့တစ်တွေရဲ့ဘ၀ အခုလိုလှပတင့်တယ်ရအောင်

ပြုစုပျိုးထောင်ပေးခဲ့တာ

ဆရာတွေမဟုတ်ပါလားသူငယ်ချင်း

ဒို့ဆရာသမားတွေက

ဒို့ဘ၀လှအောင်

ပြုစုပျိုးထောင်ပေးခဲ့သလို

ဒို့ရဲ့ တပည့်တွေဘဝ

သာယာလှပအောင်

ဘယ်လိုပြုစုပျိုးထောင်ကြမလဲသူငယ်ချင်း

နိုင်ငံရဲ့ တိုးတက်ရေးမှာ

ဆရာများရဲ့အခန်းကဏ္ဍဟာ

အဓိကကြတယ်ဆိုတာ

အားလုံးအသိမဟုတ်လားသူငယ်ချင်း .....။

ဟိုရှေးအရင် ယခင်ကလို

ဒါရေး ဒါမှတ် ဒါကိုကျက်ရင်

မင်းဘ၀မြတ် အဆင့်တက်လိမ့်မည်လို့ ဇွတ်ရိုက်သင်

ဒါဟာ အသုံးမ၀င်တော့ဘူးသူငယ်ချင်း

ဒို့တစ်တွေရဲ့ အတ္တမာန်မာနများကို ခ၀ါချ

ပူးပေါင်းကာ လက်တွဲယဉ်နွဲကြရင်း

ဒို့တပည့်တွေရဲ့ အနာဂတ်ဘဝ

သာယာလှပ ကမ္ဘာ့အဆင့်မှီကြအောင်

အဆင့်မြင့်နည်းပညာတွေနဲ့

သတိဆောင်၍ သင်နိုင်အောင်ကြိုးစား

နိုးကြားကာစာတွေသင်ပေးရင်း

ဆရာများရဲ့ ကျေးဇူးဂုဏ်အထူးကို

ကျေပွန်အောင်ထမ်းဆောင်ရွက်ကြပါစို့

သူငယ်ချင်း .....။

မင်းသုည ကွမ်းခြံကုန်း

ပြည်းတွင်းမှာနေစဉ်နိုင်ငံတကာဆရာများနေ့၌ဟောပြောဖြန့်ဝေခဲ့သောကဗျာဖြစ်သည်။


အပြည့်အစုံဖတ်ချင်ရင်...

Thursday, January 22, 2009

ဦးသန့်နှစ်တစ်ရာပြည့်အခမ်းအနားကျင်းပ




ယနေ့မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မလေးရှား)
လွတ်မြောက်နယ်မြေရုံးတွင် ဦးသန့်ရာပြည့်အထိမ်းအမှတ်အခမ်းအနားကျင်းပပြု
လုပ်ခဲ့သည်၊အခမ်းအနားတွင်ဦးစွာပထမသံဃာတော်အရှင်သူတို့မြတ်ထံမှငါးပါးသီ
လခံယူဆောက်တည်ခြင်းဆွမ်းအစရှိသောလှူဒါန်းဖွယ်ရာတို့ဖြင့်ဆက်ကပ်လှူဒါန်း
ခြင်း၊ပရိတ်တရားဒေသနာတော်များကိုနာယူမှတ်သားခြင်း၊ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ
ကြီးဦးသန့်အားရည်စူး၍ရေစက်သွန်းချအမျှပေးဝေခြင်းများကိုပြုလုပ်ခဲ့ကြသည်၊
ယင်းနောက်ဦးသန့်၏အတ္ထုပ္ပတ္တိများကိုဖတ်ကြားခြင်း၊ကဗျာရွတ်ဖတ်ခြင်း၊ဦးသန့်
အကြောင်းဟောပြောခြင်းများကိုဖိတ်ကြားထားသူများကဟောပြောခဲ့ပြီး
အခမ်းအနားကိုဒေသစံတော်ချိန်နေ့လည်၂ ၀၀ နာရီတွင်အောင်မြင်စွာကျင်းပပြီးစီး
ခဲ့ကြောင်းသတင်းရရှိသည်။
ဇော်မြင့်
သတင်းနှင့်ပြန်ကြားရေး
NLD(LA)
မလေးရှား



အပြည့်အစုံဖတ်ချင်ရင်...

ဦးသန့်တမ်းချင်း



U Thant Tan Chin

အပြည့်အစုံဖတ်ချင်ရင်...

Wednesday, January 21, 2009


ဂန္တဝင်မြောက်သူ

နာရီတွေရွှေပြောင်းသွားပြီးမို့
နှစ်တရာဆိုတဲ့သမိုင်း
လက်ဖျောက်တစ်ချက်တီး
အချိန်ကလေးပါလာ။
(၁၉၀၉)ခုနှစ်
ကျေးလက်မြို့ရွာပန်းတနော်မှာ
မောင်သန့်အမည်နဲ့
သူ..မွေးဖွားလာခဲ့တယ်။
သူ..ရင်တွင်းမှာစေတနာ
ရှင်းသန့်တဲ့နှလုံးသားနဲ့
မြန်မာပြည်တံခါးသူဖွင့်ကာ
ကမ္ဘာအလည်မှာ
ကြယ်တစ်ပွင့်
သူထွန်းလင်းစေခဲ့တယ်။
စစ်ကိုသူမုန်း
ရှုံးသူလဲနာ၊နိုင်သူလဲနာ
လက်နက်နဲ့မရှင်း
တမန်တွေနဲ့ရှင်းဖို့
တင်းသမျှမာန်တွေလျှော့
စစ်မီးတွေသူငြိမ်းသတ်
ကမ္ဘာ့စစ်မဲ့ဇုန်တွေသူဖန်တီး
ကမ္ဘာသူ၊ကမ္ဘာသားတွေ
ခေါင်းထောင်ကာမတ်မတ်ထူ
လူသားတွေငြိမ်းချမ်းစေဖို့
အကြင်နာစွမ်းတွေပေးခဲ့တယ်။
မြင့်မြတ်တဲ့နှလုံးသား
ကမ္ဘာတလွှားမှာဖျန့်ကျက်
အခက်အခဲတွေသူမကြောက်
စွမ်းဆောင်မှုတွေပြခဲ့ပြီး
သုခချမ်းသာပြီးပြည့်စုံတဲ့
ကောင်းကင်ဘုံတဖက်ကမ်း
သူ တက်လှမ်းသွားခဲ့တယ်
လွမ်းငွေ့ဝေသောကတွေနဲ့
မျက်ရည်ဖြာမြေတစ်လွှား
ကမ္ဘာသူ၊ကမ္ဘာသားတွေရဲ့
နှလုံးသားမှာသူရဲကောင်း
ကမ္ဘာသမိုင်းမှာမှတ်ကျောက်တင်
ဂန္တဝင်မြောက်သူ.. သူပါပင်။

ဇော်မြင့်(မလေးရှား)

အပြည့်အစုံဖတ်ချင်ရင်...

ပညာမြင့်မှလူမျိုးတင့်မည်



ပြည်တွင်းအနှံ့အပြား
ချိတ်ထားဆိုင်းဘုတ်
ဘာမှမဟုတ် တကယ်မလုပ်ရင်
အလုပ်ရှုပ်ရုံရှိလိမ့်မည်
ဆိုင်းဘုတ်သာရှိ
အစီအစဉ်မရှိမို့
မြန်မာပြည်သားလူအများလည်း
ပညာမဲ့များလွန်ထွန်းကား၏။

မြန်မာပြည်သားလူအများကား
မရှိပညာကိုယ်ဗလာမို့
ကိုယ့်ကိုသူသတ် သူ့ကိုယ်သတ်နှင့်
ရက်စက်မှုတွေများလှပြီ။
ခွင့်လွတ်ဖို့ရန် အကြောင်းခံသည့်
ရှိသင့်ပညာ နတ္ထိဗလာမို့
ရောက်လေရာရာရွှေမြန်မာတို့
ဂုဏ်ရောင်တင့်ဝါမရှိပါ
ညှိုးငယ်မျက်နှာနေရရှာ။

မလုပ်မပြီးလုပ်မှပြီးမည့်
ပညာရေးအစီအစဉ်
ဒို့တွက်စဉ်ကာ
စုပေါင်းညီညာ
ဝိုင်းဝန်းကာမှ
ပညာတတ်များလွန်ထားကား၍
ကမ္ဘာ့အလယ်ဂုဏ်တင့်တယ်မည်
ပညာမြင့်မှလူမျိုးတင့်လိမ့်။

မင်းသုည ကွမ်းခြံကုန်း
နှစ်တစ်ရာပြည့်ဦးသန့်မွေးနေ့အမှတ်တရ



အပြည့်အစုံဖတ်ချင်ရင်...

Tuesday, January 20, 2009

An Open Letter to Mr. Barack Obama


To:

Mr. Barack Obama

President of the United States of America

An Open Letter:

Dear Mr. President

We the freedom loving peoples of Burma make this declaration to you on this momentous occasion. Your inauguration represents the triumph of the politics of hope against the politics of fear and division. Today our country is engaged in a great struggle to free ourselves from tyranny and fear. In order to achieve the very principles of democratic values that we harbor in our hearts, the same values you so eloquently espoused in your victory speech with words that aroused our hopes and inspired us, we must persist in our struggle in this critical year 2009.

So many of our fellow country women and men, whose hearts and minds are dedicated to the ideals of democracy, are now languishing in remote prison labor camps far from their homes and loved ones, in atrocious conditions, enduring mental and physical torture and summary executions at the hands of the military. This then is the measure of what the military is willing to do at any given point, and at any cost, in order to stay in power. Thus, military rule has deprived the present of meaningfulness and hold out no hope for the future – so said our leading figure in this struggle, Aung San Suu Kyi, in 1990.

Presently, this military has embarked on maneuvering to transform itself into a pseudo-civil government that will secure its power in perpetuity. Hence, it has manipulated, and continues to manipulate, some of these breakaway ethnic groups who have compromised and succumbed to the military's corrupt ways of persuasion. However, these compromised and corrupted ethnic individuals do not in any way represent the ethnic people's real need nor their true aspirations to be freed from oppression, tyranny and unjust laws brutally imposed on them, the overwhelming majority within the nation. This goes against the grain of human nature enshrined in the Universal Declaration of Human Rights of 1948.

These machinations by the military all point to an intransigent junta bent on holding power for power's sake only. It is the worst form of tyranny and has become the tragedy of a nation that keeps the people in unending suffering and continuous turmoil, not of their own making.

We the freedom loving peoples therefore seek your help urgently to enact more effective measures and maintain strong sanctions that will force the military to come to the negotiating table and engage in meaningful dialogue with the democratic forces of the nation. The bogus and fraudulent 2010 election planned by the junta is designed to further enslave the peoples of Burma to a cruel and callous regime. Hence, Mr. President, as the present leader of the world's leading democracy, we are hopefully confident that you will do all in your just power to help us emancipate our country from a military planned system of dominance.

For these cogent reasons, with your help Mr. President, we will be able to reclaim our inalienable rights as members of the human family, living and protected with dignity by the rule of law. We understand that you have a great task ahead of you, but know that you are committed to the principles of freedom and democracy, and that you will help us in our struggle to free ourselves from oppression and tyranny. We wish you and your family well in the future.


May God bless you.

From:

2009 Collective Action Committee (CAC-BURMA), on behalf of all the freedom loving peoples of Burma.


အပြည့်အစုံဖတ်ချင်ရင်...

အစိမ်းရောင်ခြယ်မိမှ အိုဒုက္ခ

ကျွန်တော့်ကျောင်းမှာ

ခွေး လိမ္မာကြီးတစ်ကောင်ရှိ

ဒါကိုအားလုံးသိတယ်၊

သခင်ပြန်လာရင် ကြိုဆိုချင်တဲ့တာဝန်

ခြံစောင့်ရမယ့်တာဝန်

တာဝန်ဆိုအကုန်ကျေပွန်လို့

သူ့ဆိုရင်အားလုံးက ချစ်မြတ်နိုးကြ

သခင်အလိုကျ သူ့အမည်နာမ

ဗိုလ်သုနခတဲ့၊


ဒီလိုနဲ့ နေ့တစ်ရက်

မမေ့ရက်စရာ အဖြစ်ကကြုံ

ဗိုလ်သုနခရဲ့ သူ့နဂိုရ်ပုံကို

အစိမ်းရောင်ခြယ်မှ ဆိုပြီး

လူတစ်စုက အစမ်းထွင်ကြ

ဒီတော့မှ ဒုက္ခတွေ့ကြ ဗိုလ်သုနခ

အရင်ကကျေခဲ့တဲ့တာဝန်တွေ

လိမ္မာ ခဲ့သမျှ အမူအရာတွေ

ဘာတစ်ခုမှ မတွေ့ကြရ

အားလုံးပြောင်းလဲ ပြသွားလို့

အံ့သြမိကြ

အစိမ်းရောင် အခြယ်ခံထားရတဲ့ ဗိုလ်သုနခ

မာန်မာနတွေ ထောင်ကာကြွ

ငါသခင်ကွ ဆိုပြီး

ကျွန်စင်စစ်ကနေ

သခင်ကိုပြန်ကာကိုက်

မိုက်လိုက်တဲ့ ဗိုလ်သုနခ

အစိမ်းရောင်ခြယ်မိမှ

အိုဘယ့် ဒုက္ခ အိုဒုက္ခ

ဗိုလ်သုနခရေအမြန်ကြွ။ သုနခ=ခွေး

မင်းသုည ကွမ်းခြံကုန်း


အပြည့်အစုံဖတ်ချင်ရင်...

Monday, January 19, 2009

ကိုယ်ဝန်ဆောင်မကေသီအောင် ထောင်တွင်းကိုယ်ဝန်ပျက်ကျ



မန္တလေးအိုးဘိုထောင်တွင်အကျဉ်းကျခံနေရသည့်မကေသီအောင်မှာဒီဇင်ဘာလ
လ၂၉ရက်နေ့ကကိုဝန်ခြောက်လအရွယ်တွင်သွေးသွန်ပြီးကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားသည်
ဟုစုံစမ်းသိရှိရသည်။
သူမကိုဖမ်းဆီးစဉ်ကစစ်ကြောရေးမှနှိပ်စက်မေးမြန်းသည့်ဒဏ်၊ထောင်ဝင်စာတွေ့ခွင့်
(ဒီဇင်ဘာလက)မရသေးသဖြင့်အစာအဟာရမပြည့်ဝမှု၊ရာသီဥတုနှင့်ထောင်တွင်းကျန်းမာ
ရေးစောင့်ရှောက်မှုမကောင်းမွန်ခြင်းတို့ကြောင့်ဒီဇင်ဘာလထဲတွင်ထောင်ဒဏ်ချမှတ်ခံရ
ပြီးသည့်နောက်သွေးအားနည်းပြီးမူးမေ့လဲကျရာမှကိုယ်ဝန်ပျက်ကျမှုဖြစ်ပွားခဲ့သည်ဟု
သိရှိရသည်။

ယခုအခါတွင်ဆေးဝါးအလုံအလောက်မရှိသည့်အိုးဘိုထောင်ဆေးရုံသို့တင်ထားသည်ဟု
သိရသော်လည်းမကေသီအောင်၏လက်ရှိကျန်းမာရေးအခြေအနေအရအသက်အန္တရယ်
ပါစိုးရိမ်ရကြောင်းမန္တလေးအိုးဘိုထောင်နှင့်နီးစပ်သောအသိုင်းအ၀ိုင်းကFreedom News Groupသို့ပြောပြသည်
ခင်ပွန်းဖြစ်သူအထက်ဗမာပြည်ဗကသအဖွဲ့ဝင်ကျောင်းသားလှုပ်ရှားမှုခေါင်း
ဆောင်ကိုထွန်းထွန်းကိုငွေတော်ကျီကုန်း ရပ်ကွက်၊ ရွှေထွန်းလမ်း၊ ပြည်ကြီးတံခွန်မြို့နယ်နေအိမ်တွင်စက်တင်ဘာလ၁၄ရက်နေ့လည်၁နာရီက၀င်ရောက်
ဖမ်းဆီးရာမမိသဖြင့်ကိုယ်ဝန်ဖြင့်ဇနီးဖြစ်သူကိုဓားစာခံဖမ်းဆီးခေါ်ဆောင်သွားပြီးထောင်
ဒဏ်၂၆နှစ်အပြစ်ပေးခဲ့ခြင်းဖြစ်သည်။မကေသီအောင်မှာဖမ်းဆီးခံရသည့်အချိန်ကအသက်
၂၂နှစ်သာရှိသေးသည်။

မြန်မာပြည်အကျဉ်းထောင်များတွင်နိုင်ငံရေးလှုပ်ရှားမှုကြောင့်ထောင်ဒဏ်အပြစ်ပေးခံရသည့်
အမျိုးသမီးများမှာအကျဉ်းထောင်တွင်းဆင်းရဲကျပ်တည်းစွာနေရသည်။၁၉၉၈ခုနှစ်ပြည့်သူ့လွှတ်
တော်ပေါ်ပေါက်ရေးအတွက်ဆန္ဒပြတောင်းဆိုသဖြင့်ထောင်ဒဏ်ချမှတ်ခံရသူမဇင်မာအောင်မှာ
လည်းနှလုံးရောဂါနှင့်အာရုံကြောအားနည်းခြင်းဝေဒနာကိုကာလကြာရှည်စွာခံစားနေရကြောင်း
သိရသည်။

http://longwalktofreedom.wordpress.com/မှ ကူးယူပါသည်



အပြည့်အစုံဖတ်ချင်ရင်...

Sunday, January 18, 2009

သေတင်းကုတ်ရဲ့ ဥဒါန်း

ဘ၀အတွက်နဲ့

တော်လှန်ရင်း

သောက်မိခဲ့တာပါကွ

ဒါကြောင့်

ငါဟာအရူးပဲ……

ဒါပေမယ့်

အာဏာတော့ငါမရူးဘူး…….

ဟေ့

စိန်ရွှေအေး

အချိန်တွေပေးသမျှ

ထလိုက်ကြဦးပေါ့

မင်းတို့မှောက်ဖို့

ငါသောက်နေမယ်ကွ

ငါသောက်နေသရွေ့

မင်းတို့ကြောက်နေရမယ်…….

မင်းတို့က

ရဲသော်မသေသေသော်ငရဲမလား

ငါကလဲ

သေတောင်မကြေကြေတောင်ငရဲမထား

မင်းတို့လဲထက်မိုက်ကြ

ငါကလဲဆက်တိုက်ပြမယ်

ဒါဟာငါ့ရဲ့

ဥဒါန်းလဲဟုတ်တယ်

မှာတမ်းဆိုလဲမမှားဘူး

ထက်ရူးဦးမှာပဲ

အာဏာကလွဲလို့ပေါ့……


ရေးသားသူ။ ။ နန်းရှင်


အပြည့်အစုံဖတ်ချင်ရင်...