Wednesday, May 14, 2008

အမျိုးသားသွေးလှူဘဏ်မှာ သွေးလှူရှင်များ လိုအပ်နေပြီ (မိုးမခ)

ယခင်အပတ်က မုန်တိုင်းအပြီး လျပ်စစ်မီးမရှိသဖြင့် ရန်ကုန်ဝန်းကျင်ဆေးရုံများက ဓာတ်ခွဲခန်းများတွင် သွေးများထိမ်းသိမ်းနိုင်ခြင်းမရှိဟု သိရသည်။ အမျိုးသားသွေးလှူဘဏ်တွင်သာ ပုံမှန်လည်ပတ် ထိမ်းသိမ်းထားနိုင်ပြီး လူနာများအတွက် သွေးအများအပြားလိုအပ်နေကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ရှားပါး အိုသွေး၊ အေသွေး နှင့် ဘီသွေး ပိုင်ရှင်တို့ ရန်ကုန်ဆေးရုံကြီးရှိ အမျိုးသားသွေးလှူဘဏ်သို့ လာရောက် လှူဒါန်းကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။


0 comments: