
type your sumary here
ဗုဒ္ဓဘုရားရှင် ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့ နှင့် ပရိနိဗ္ဗာန်စံတော်မူသောနေ့တို့ကိုအမှတ်အသားပြု၍ ဗုဒ္ဓနေ့ အဖြစ်ကျင်းပတဲ့ ကောင်းမြတ်တဲ့ အခါသမယဖြစ်ပါတယ်။ ဒီနေ့မှာ သန်းပေါင်းများစွာသောလူတွေ၊ ဗုဒ္ဓဘာသာဝင်တွေ နှင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမ၊ သြ၀ါဒတွေကို ပြန်လည်ထင်ဟပ်ဖို့အတွက် အချိန်ပေးကြတယ်။
ဒီနှစ်မှာတော့ အနက်ရှိုင်းဆုံး၊ အနာကျင်ဆုံး ရှုံးမှုတွေများတဲ့အချိန်မှာ ၀ိဆက်နေ့က ကျရောက်ပါတယ်။ နာဂစ်မုန်တိုင်းက မြန်မာပြည်ကြီးကို ဖျက်ဆီးခဲ့ပြီး တစ်ခြားဘက်မှာတော့ အင်အားကြီးမားတဲ့ ငလျင်တစ်ခုက တရုပ်ပြည်တောင်ပိုင်းကို ဆုတ်ဖြဲပစ်ခဲ့ပြီ။ ဒီသဘာဝဘေးအန္တရယ်ကြီး နှစ်ခုစလုံးဟာ ပြောမပြရသေးတဲ့ဝေဒနာကို ဖြစ်ပေါ်လာစေပါတယ်။ လူ့အသက်ပေါင်းများစွာသေကြေခဲ့ကြရတယ်။ လူတော်တော်များများ သူတို့ရဲ့ မိသားစုတွေ၊ အိုးအိမ်တွေ၊ အသက်တွေဆုံးရှုံခဲ့ကြရတယ်။
ဒီဧရာမကံဆုံးမိုးမှောင်ကျမှုကြီးတွေရဲ့ အရိပ်အောက်မှာ ဗုဒ္ဓဘုရားရှင်ရဲ့ သတ္တ၀ါအားလုံးအပေါ်ထားတဲ့ ငြိမ်းချမ်းရေး၊ အကြင်နာတရား၊ မေတ္တာတရား စကားလုံးများဟာ အရေးတကြီးယူဆောင်လာတယ်။ ဒါတွေဟာ ကျနော်တို့ရဲ့ နှသားတွေကိုဖွင့်ထားကြဖို့နဲ့ အထူးသဖြင့် သူတို့တွေလိုအပ်နေတဲ့အချိန်မှာ ကျနော်တို့လူသားတွေအချင်းချင်းဖက်တွယ်ကြဖို့ကိုပြောဆိုနေပါတယ်။ အဲ့ဒါဟာ အခြေခံအားဖြင့်တစ်ခုတည်းဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုဖို့၊ ကျနော်တို့ရဲလူ့အဖွဲ့အစည်းအားလုံးမှာ တန်းတူထားကြဖို့ကို တောင်းဆိုနေပါတယ်။
ဒီကာလအပိုင်းအခြားမရှိတဲ့ တရားတော်များဟာ မြန်မာပြည်အခြေနေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေကို မီးမောင်းထိုးပြနေပါတယ်။ ကျနော်တို့ကမ္ဘာကြီးတွေ့ကြုံနေရတဲ့ ကျယ်ကျယ်ပြန့်ပြန့် စိန်ခေါ်မှုတွေကို ကိုင်တွယ်ကြဖို့ ကျနော်တို့ရဲ့ကြိုးပမ်းမှုတွေကို သူတို့လဲပဲ လှုံ့ဆော်သင့်ပါတယ်။ ဒီဧရိယာအသီးသီးမှာ ကျနော်တို့ သတိပြုမိတဲ့ ကျဉ်းမြောင်းတဲ့ ကိုယ်ကျိုးရှာမှုတွေကို ကျော်လွားကြရမယ်။ တစ်ခုတည်းသောကမ္ဘာ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်ပုံစံမျိုး စဉ်းစားပါ၊ ပြုမှုပါ။ ဒါဟာ တရားထူးရဖို့လမ်းစဉ်ဖြစ်ပါတယ်။ ၄င်းဟာ အားလုံးအတွက် ကမ္ဘာ့အကောင်းဆုံးအခြေခံအုပ်မြှစ်ဖြစ်ပါတယ်။
ဒီဗုဒ္ဓနေ့မှာ ကျနော်တို့ရဲ့ မရှိမဖြစ်ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီမှုမျိုးကို ရပ်တည်ကြရအောင်။ အများကောင်းဖို့အတွက်၊ လူသားအားလုံးပိုကောင်းဖို့အတွက် အတူတကွလုပ်ဆောင်ကြမယ်ဆိုတာ ကတိပြုကြရအောင်။ အကောင့်တကာ့အကောင်းဆုံးတွေအတွက် ခင်ဗျားတို့ရဲ့ ကတိပေးလုပ်ဆောင်မှုတွေကို ကျနော် ကျေးဇူးတင်ပါတယ်။ တန်ဘိုးမဖြတ်နိုင်သော ဆင်ယင်ကျင်းပမှု ပွဲတော်ဖြစ်ပါစေကြောင်း ခင်ဗျားတို့အားလုံးကို ဆန္ဒပြုပါတယ်။
ဘန်ကီမွန်း
အရှင်မေတ္တာစာရဘလောဂ်မှတင်ပြသည်။
Monday, May 19, 2008
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်းကီးမွန်းရဲ့ ဗုဒ္ဓနေ့ သ၀ဏ်လွှာ
Posted by Ashin dhamma at 9:44 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment