မြန်မာပြည်အနှံ့ရှိ သံဃာတော်၊ ဆရာတော်ကြီးများ၊ ကျောင်းထိုင်ဆရာတော်များ အဆင့်ဆင့် လက်ဆင့်ကမ်းပြီး ဧရာဝတီတိုင်းအတွင်းရှိ လေဘေးဒုက္ခသည်များကို ကူညီစောင့်ရှောက်မှုများ ပြုလုပ်လျှက်ရှိရာ ဗုဒ္ဓဘာသာဝင်များသာမက ဘာသာ လူမျိုးစုံ အသီးသီးတို့က ၀ိုင်းဝန်းပြီး အလှူများ၊ စေတနာလုပ်အားများဖြင့် ဆောင်ရွက်နေကြသည်ကို အားရကြည်နူးဖွယ်တွေ့နေရသည်ဟု ဆိုသည်။ မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်ကို တပြည်သားအချင်းချင်း၊ ကိုယ့်လူမျိုးအချင်းချင်း ဒီလိုအချိန်မျိုးမှ မပြသနိုင်လျင် ဘယ်အချိန်တွင်မှ မျိုးချစ်စိတ်ဓာတ်ကို ရှင်သန်ထက်မြက်ကြောင်း ပြကြမည်နည်းဟု ဆရာတော်တပါးက ပရိသတ်သို့ ပြောကြားသည်ကို မျက်မြင်တဦးက မိုးမခသို့ သတင်းပေးသည်။
ယခုအချိန်တွင် စစ်အစိုးရက တိုက်ရိုက်အနှောက်အယှက်မပေးသေးသော်လည်း ၎င်းတို့ အပေါင်းအပါများ၊ အုပ်ချုပ်ရေး ၀န်ထမ်းများ၊ လက်နက်ကိုင်များက ခရီးစဉ်များ ကြန့်ကြာအောင် ဂိတ်များ၊ စိစစ်ရေးအစီအစဉ်များ တိုးမြှင့်လာသည်ကို တွေ့ရသည်။ နိုင်ငံခြားသားများကို ခရီးသွားလာရေး ကိစ္စများ ကန့်သတ်ပြီးနောက်၊ ကယ်ဆယ်ရေးထွက်လာသူ မြန်မာလူမျိုးများကိုပါ မည်သို့သော နည်းမျိုးစုံသုံးပြီး ကန့်သတ်မည်ကို အားလုံးက စောင့်ကြည့်နေကြသည် ဆိုသည်။ အပြင်လူ မ၀င်ရ၊ အတွင်းလူ မထွက်ရ ဆိုသော တခါးပိတ်ဝါဒကို ကျင့်သုံးနေကျ စစ်အစိုးရအဖို့ မုန်တိုင်းဘေး ကယ်ဆယ်ရေး၊ စောင့်ရှောက်မှုတို့ကို မည်သို့ ဖြေရှင်းမည်ကို ထင်ရှားစွာ မတွေ့ရသေးပေ။ နာဂစ်သတင်းများကို ဂျာနယ်များတွင် လွတ်လပ်စွာ ဖော်ပြခွင့်ပေးပြီးနောက် ပြန်လည် စိစစ်ကန့်သတ်အုံးမည်ဟုလည်း သတင်းပြန်ထွက်လာပြန်သည်။
Saturday, May 17, 2008
ဆရာတော်များ၏ လေဘေးကယ်ဆယ်ရေးကို စစ်အစိုးရနဲ့ အပေါင်းအပါများ နှောက်ယှက်
Posted by Ashin dhamma at 4:48 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment