Wednesday, May 14, 2008

ရနိုင်သလောက်ပြောပေး….ကုလကနောက်ဆုံးထုတ်သတင်း

May 15th, 2008 by admin

မြန်မာနိုင်ငံရှိ သူငယ်ချင်းများ ပြည်သူပြည်သားများအားလုံးကိုသတိပေးချင်ပါတယ်
နောက်ထပ် ဆိုင်ကလုန်း တစ်ခု ဗမာပြည်ထဲမှာ စတင်ဖြစ်ပေါ်နေပြီလို့ ကုလသမဂ္ဂက အခုဘဲ သတိပေးလိုက်ပါတယ်။ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက်မှာ စတင်ပြီး ဖြစ်ပေါ်နေပြီလို့ သိရတယ်။ အဲဒီ အပူပိုင်း ဆိုင်ကလုန်းဟာ နောက်ထပ် ၂၄ နာရီအတွင်းမှာ ကြီးထွားလာနိုင်တယ်လို့ သတင်းရရှိပါတယ်။
ဒါပေမယ့် အဲဒီမုန်တိုင်းဟာ အင်အားအသင့်အတင့်လား၊ အင်အားပြင်မလားဆိုတာကိုတော့ ကြိုတင်ခန့်မှန်းလို့မရသေး ဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက်ရဲက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သူမက “ဒီသတင်းက ကုလသမဂ္ဂရဲ့ ကမ္ဘာ့ မိုးလေ၀သဋ္ဌာနရဲ့ ဋ္ဌာနခွဲတစ်ခုဖြစ်တဲ့ တိုင်ဖုန်းသတိပေးရေးစင်တာ (JTWC) က လာတာလို့” ပြောပါတယ်။ ပြီးတော့ ထိုထုတ်ပြန်ချက်ထဲမှာ “ယခုအချိန်မှာ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက်ရဲ့ အနောက်ပိုင်းကနေ မိုင် ၃၀ အကွာရေပြင်မှာ မုန်တိုင်းစတင်နေပါပြီ” လို့ဖော်ပြထားပါတယ်။
တစ်ခြားဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖော်ပြထားတာကတော့ မုန်တိုင်းက သေချာသလောက်ရှိနေပါပြီတဲ့ 
မိုးသည်းထန်စွာရွာသွန်းမယ်တဲ့  ည 1 နာရီ 40 မှာ ဖြစ်ပွားဖွယ်ရှိနေပါတယ်
အားလုံးပဲ သတိရှိကြပါ .. နီးစပ်ရာကို သတိပေးကြပါ.
ွGoogle earth ကနေ ကြည့်ရသလောက်ကတော့ Cyclone Nargis နီးနီးလောက်ကိုရှိပါတယ်ယခုနောက်ဆုံးသိရတဲ့သတင်းအရ
ရန်ကုန်အနီးနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မုန်တိုင်းကြီးတစ်ခုဖြစ်ပေါ်နေပါသည်။
24 နာရီ အတွင်း တနာရီကို ၈၀မိုင်နှုန်းတိုက်ခတ်နိုင်ကြောင်းသိရပါသည်။
အားလုံးပဲ နီးစပ်ရာကို အမြန်သတိပေးကြပါ


0 comments: