၂၀-၅-၀၈ ၊ ကိုဟုတ်ကြီး-ရန်ကုန်
ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအောက်ဖက်၊ လူဦးရေ တသောင်းကျော်ရှိသော ပြင်ခရိုင်ရွာတွင် မုန်တိုင်းဒဏ်ကြောင့် ယခုအခါ ရွာလုံးကျွတ်နီးပါးမျှ ဆုံးရှုံးသွားခဲ့ပြီး ယခုအခါ လူဦးရေ (၃၀၀) ၀န်းကျင်ခန့်မှာ လွန်စွာ ဒုက္ခရောက်လျက်ရှိပါသည်။
အဓိက အရေးအကြီးဆုံး လိုအပ်နေသော အရာမှာ အစားအစာနှင့် ဆေးဝါးပစ္စည်းဖြစ်ပါသည်။ ကယ်ဆယ်ကူညီသူ အနည်းငယ်ခန့်မျှသာရှိပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ လေဘေး ကယ်ဆယ်ရေးအတွက် အကူအညီများကို ဖြတ်စားနေကြသည်။
ယခုအသက်ရှင် ကျန်ခဲ့သောသူများမှာလည်း ရေသောက်ခြင်လျှင် မိုးရေခံ သောက်နေရသည်အထိ အခြေအနေဆိုးနေပြီး ၀မ်းရောဂါများ ပြင်းထန်စွာ ခံစားနေကြရသည်။ ကယ်ဆယ်ရေးပစ္စည်း မလုံလောက်မှု၊ အမိုးအကာ ရွက်ဖျဉ်တဲများကိုလည်း မပေးသောကြောင့် အသက်မသေဘဲ ကျန်ခဲ့သူများမှာ သေဆုံးရမည့် အခြေအနေဆိုးသို့ ရောက်ရှိနေပါသည်။ ထို့အတွက်ကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ၀မ်းနည်းကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီးမှ အမြန်ဆုံး ကယ်တင်နိုင်ရန် အားလုံးသို့ အသိပေးအပ်ပါသည်။
ခါတော်မီမှတင်ပြသည်။
Tuesday, May 20, 2008
ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအောက်ဖက် ပြင်ခရိုင်အခြေအနေ
Posted by Ashin dhamma at 5:20 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment