ဇူလိုင်လ (၃၁) ရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားစီရင်ချက်မချရဲတဲ့ နအဖ၊ သြဂုတ်လ (၁၁) ရက်ကို တောင်လိုလို မြောက်လိုလိုနဲ့ ရွှေ့ပြောင်းခဲ့ပြန်တယ်၊ ဒါဟာ မတရားသဖြင့် ပြုမူလုပ်ဆောင်နေတာကို ဖင်ပိတ်ငြင်းနေလဲ
အပိုဖြစ်နေပြီဆိုတာ ပြည်သူတွေက သဘောပေါက်နေကြပေပြီ။
ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးဟာ ဘယ်ခေတ်တုန်းကမှ မဟုတ်တာ မတရားတာကို ခေါင်းငုံ့ခံခဲ့ရိုး ထုံးစံမရှိခဲ့ဘူးဆိုတာ နအဖအနေနဲ့ အထူးပေါက်စေချင်ပေသည်၊ ယခုအချိန်အခါသည် နအဖ စစ်မိစ္ဆာကောင်များအနေဖြင့် မှားယွင်းတဲ့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချခဲ့ပါက တိုင်းပြည်တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်တော့မည်ဆိုတာ တကမ္ဘာလုံးက မျက်ဝါးဝါးထင်တွေ့မြင်ကြရပေမည်။
ပြည်သူဆီက အာဏာကို မတရားလုယူပြီး ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးသာမက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ စော်ကားချင်တိုင်း စော်ကား မော်ကားလုပ်နေတာကို ဘယ်ပြည်သူကမှ သည်းခံနိုင်စွမ်းမရှိဘူး ဆိုတာကို နအဖ အနေဖြင့် လက်တွေ့ကျကျ တွေ့မြင်ရမည်ဖြစ်သည်။
အာဏာပါဝါရှိတိုင်း ထင်ရာစိုင်းလုပ်ချင်တဲ့ နအဖ ခေါင်းဆောင်များအနေနဲ့ နေလမ်းနဲ့ သေလမ်း ဘယ်လမ်းကိုရွေးချယ်မလဲဆိုတာ သေသေချာချာ စဉ်းစားထားကြဖို့ အထူးလိုအပ်နေပေပြီ၊ ပြည်သူ့ညီညွတ်မှုစွမ်းအားကို ဘယ်အာဏာ ဘယ်ပါဝါကမှ တားဆီးနိုင်စွမ်းမရှိဘူးဆိုတာကို မကြာခင်တွေ့မြင်ရမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သာ ပြည်သူ့ခေါင်းဆောင်အစစ်ဖြစ်ပြီး နအဖ ဟာ ဘယ်တော့ခါမှ ပြည်သူ့ခေါင်းဆောင်ဖြစ်မလာနိုင်ဘူး၊ နအဖကို ဘယ်ပြည်သူ ဘယ်ကမ္ဘာကမှ အယုံအကြည်မရှိဘူးဆိုတာကို စစ်မှန်တဲ့လွတ်လပ်ရေးကို ဆာလောင် တောင့်တနေတဲ့ သန်း(၅၀) ကျော်သော ရဟန်းရှင်လူပြည်သူတွေရဲ့ရင်ထဲက စစ်မှန်တဲ့ဆန္ဒနဲ့ တောင်းဆို တိုက်ပွဲဝင်မှုတွေ မကြာခင် ပေါ်ပေါက်လာတော့မည်ဖြစ်သည်။
နအဖ ဖွတ်ခေါင်းအဖွဲ့များအနေဖြင့် နေလမ်းနဲ့ သေလမ်း ဘယ်လမ်းကိုလိုက်မလဲဆိုတာ မိမိကိုယ်တိုင်ရွေးချယ်မလား၊ ဒါမှမဟုတ် သန်း(၅၀) ကျော်သော ရဟန်းရှင်လူပြည်သူတွေရွေးချယ်တဲ့လမ်းကို လိုက်မလားဆိုတာ မကြာခင် အဖြေတစ်ခု ထွက်ပေါ်လာ
တော့မည်ဖြစ်သည်။
ဒီမိုကရေစီ တော်လှန်ရေးသွေးသောက်ရဲဘော်များ (ပြည်တွင်း)။
Friday, July 31, 2009
ဘယ်လမ်းရွေးမလဲ နအဖ
Labels: ကြေညာချက်
Posted by Ashin dhamma at 7:12 AM 0 comments
ဘယ်လိုရှောင်ရှောင် မလွတ်တော့ဘူး
ဒေါ်အောင်ဆန်းစုကြည်းအား အမိန့်ချမည့်ရက် ရွှေ့ဆိုင်းလိုက်သည့်ကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် (ဟံသာဝတီ) ဦးဝင်းတင်က စစ်အစိုးရအနေဖြင့် မတရားလုပ်ကြံနေမှုသာဖြစ်ပြီး ယင်းကိစ္စအား ရှောင်လွှဲ၍ မလွတ်တော့ကြောင်း ပြောဆိုလိုက်သည်။
ယနေ့ အင်းစိန်ထောင်ရှေ့ ကိုယ်တိုင်သွားရောက်ခဲ့ပြီး ရက်ချိန်းရွှေ့လိုက်ခြင်းအပေါ် ယခုလို တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျနော်တို့ ပြောချင်တာကတော့ သူတို့ ဘယ်လိုရှောင်ရှောင် သိပ်မလွတ်တော့ဘူး၊ လူထုက တော်တော် ဒေါသဖြစ်နေကြပြီ၊ မီဒီယာတွေက ပြောနေတာရော ပြည်သူတွေကိုယ်တိုင်ကပါ တီရှပ်တွေ၊ ဓါတ်ပုံတွေ ဝေတဲ့အခါကျတော့ တပြည်လုံးအတိုင်းအတာ အုန်းအုန်းကျက်ကျက်ကို ဖြစ်နေပြီ၊ သူတို့ရှောင်လို့ရမယ်ဆိုရင် ရှစ်လေးလုံးနေ့ပဲ ရမယ်၊ လူတွေစိတ်ထဲမှာရှိတဲ့ ဒေါသတွေ၊ စစ်အစိုးရဆန့်ကျင်ရေး စိတ်ဓါတ်တွေကို ဘယ်နေ့လုပ်လုပ် ရှောင်လို့မရဘူးဆိုတာ ပြောချင်ပါတယ်” ဟု ပြောသည်။
စစ်အစိုးရအနေဖြင့် ယခုလိုရက်ချိန်း ရွှေ့ပြောင်းလိုက်ခြင်းသည် ရှစ်လေးလုံးနှစ်ပတ်လည်နှင့် နီးကပ်လာသည်သဖြင့် ရွှေ့ဆိုင်းသွားသည်ဟု ထင်မြင်ကြောင်း၊ သူ့အား သွားလာခွင့်ပိတ်ပင်ထားသည်ဆိုသည့် သတင်းမှာ မမှန်ကန်သော်လည်း အင်းစိန်လမ်းမရှေ့ကို တားဆီးပိတ်ပင်ထားသဖြင့် အင်းစိန်ထောင်အနီးသို့ နောက်ဖေးလမ်းကြားမှ ယနေ့ ရောက်အောင်သွားခဲ့ရသည်ဟု ဆရာဦးဝင်းတင်က ဆက်လက်ပြောကြားသည်။
ယခုကဲ့သို့ အမိန့်ချရန် ရက်ရွှေ့ဆိုင်းခြင်းနှင့်ပတ်သက်၍ ဦးဝင်းတင်၏ နောက်ထပ် ထင်မြင်ချက်တခုမှာ “ရဟန်းသံဃာတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘူးဆိုရင် ပြည်တွင်းမှာ သံဃာလှုပ်ရှားမှုတွေ လုပ်မယ်၊ ကျောင်းသားလူငယ်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်ပေးရင် ကျောင်းသားလှုပ်ရှားမှုတွေ လုပ်မယ်၊ ဖိလစ်ပိုင်သမ္မတနဲ့ အိုးဘားမားတို့ တွေ့တဲ့အခါကျတော့လည်း ဒီကိစ္စကို ရှေ့တမ်းတင် ဆွေးနွေးတယ်ဆိုတော့ စစ်အစိုးရက သူတို့အဖို့ ပြည်သူရဲ့ဖိအား၊ ကမ္ဘာအသိုင်းအဝိုင်းရဲ့ ဖိအားတွေဟာ အလွန်ကို ကြီးမားနေတဲ့အတွက် သူတို့ ပြန်ပြီး စဉ်းစားဖို့ အချိန်ရအောင် လုပ်တာပဲလို့ ယူဆတယ်” ဟု ပြောသည်။
ယခုလက်ရှိ နိုင်ငံရေးအကြပ်အတည်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်၍ တွေ့ဆုံဆွေးရန် လိုအပ်ကြောင်း၊ ကျောင်းသားနှင့် လူထုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်းဆိုနေမှုများကို ဆုပ်ကိုင်ပြီး တုန့်ပြန်ရန်၊ ယင်းဆုပ်ကိုင်ချက်အတိုင်း မားမားမတ်မတ် ရပ်တည်ပါက စစ်အစိုးရသည် မကြာမီ ပြုတ်ကျသွားမည်ဟု ဆက်လက်ပြောဆိုသွားခဲ့သည်။
http://www.yoma3.org/
Labels: သတင်း
Posted by Ashin dhamma at 4:47 AM 0 comments
Thursday, July 30, 2009
ဇူလိုင် (၃၁) အင်းစိန်ထောင်ရှေ့ချီတက်ဆန္ဒပြပွဲ
လေးစားအပ်ပါသော ရဟန်းရှင်လူပြည်သူ တပ်မတော်သားအပေါင်းတို့…..
ဇူလိုင်လ (၃၁) ရက်နေ့သည် မြန်မာနိုင်ငံတွင် နအဖ စစ်မိစ္ဆာကောင်များ၏
ဆိုးဝါးကောက်ကျစ် ယုတ်မာမှု၊ မဟုတ်မတရား ဥပဒေပုဒ်မတတ်ကာ လိမ်လည်
လှည့်ဖြားမှုကြီးကို လူသိရှင်ကြား ကမ္ဘာသိအဖြစ် မတရားပြုမူလုပ်ဆောင်တော့
မည်ဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ပေးနိုင်
မည့်သူများမှာ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူ ပြည်သူ မျိုးချစ်တပ်မတော်သားများသာ
လျှင်ဖြစ်ပေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံတော် ထူထောင်
ရေးအတွက် မရှိမဖြစ် အရေးပါသည့် တန်းဖိုးဖြတ်မရသည့်ခေါင်းဆောင် ဖြစ်ပေသည်၊
လူထုခေါင်းဆောင်တစ်ယောက် လွတ်မြောက်ရေးအတွက် တာဝန်သည် သန်း(၅၀)
ကျော်သော ကျွန်ုပ်တို့ မြန်မာနိုင်ငံသားအားလုံး၏ တာဝန်တစ်ရပ်ဖြစ်ပေသည်၊
ဒေါ်အောင်ဆန်းစုကြည်သည် ရန်သူ့လက်တွင်းကျရောက်နေသည်ကို အထူး
သတိပြုသင့်ပေသည်၊ အစားထိုးမရသည့် ခေါင်းဆောင်တစ်ယောက် ဆုံးရှုံးသွားပါက
မြန်မာနိုင်ငံ၏အနာဂတ်သည် ဗိုလ်ချုပ်အောင်ဆန်းပြောသလို ဖာသည်တိုင်းပြည်ဖြစ်
ရုံမက သူတောင်းစားတိုင်းပြည်အဖြစ်သို့ရောက်ရှိတော့မည်ဖြစ်သည်။
သို့ပါ၍ ကျွန်ုပ်တို့ လုပ်ဆောင်ရမည့်တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ပြီး
တာဝန်ကျေသည့် ပြည်သူတစ်ယောက်ဖြစ်စေရန်အတွက် ဇူလိုင်လ (၃၁) ရက်နေ့
တွင် အင်းစိန်ထောင်ရှေ့သို့ ညီညွတ်စွာ ချီတက်ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြပါရန် အထူးတိုက်တွန်းနိုးဆော်
လိုက်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 7:38 AM 0 comments
Wednesday, July 29, 2009
အပြင်းထန်ဆုံးသောလူထုတိုက်ပွဲအတွက်ပထမအဆင့်ခြေလှမ်း
မြန်မာနိုင်ငံကြီးသည် စစ်ကျွန်အဖြစ်လုံးလုံးရောက်ရှိရန် လက်တစ်ကမ်းသာ လိုပါတော့သည်၊
စစ်မိစ္ဆာအာဏာရှင်တို့၏ ယုတ်မာပက်စက် ကောက်ကျဉ်းစဉ်းလဲ နည်းအမျိုးမျိုးနှင့် ညစ်ပတ်လုပ်ကြံမှုများကြောင့် မြန်မာနိုင်ငံကြီးသည် ဖွတ်ဖွတ်ကြေ ပြာပုံထဲက ခွေးဝဲစားဘ၀သို့ ရောက်ရှိခဲ့သည်ကို လွန်ခဲ့သည့် နှစ်(၂၀) က သက်သေ ပြခဲ့ပြီဖြစ်သည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ
ကျောင်းသားခေါင်းဆောင်များကိုလည်း ထောင်သွင်းအကျဉ်းချ ညှင်းပမ်းနှိပ်စက် အသံတိတ်
သတ်ဖြတ်လျှက်ရှိနေပေပြီ၊ ပြည်သူလူထု စစ်တပ် တိုင်းရင်းသားပေါင်းစုံ တို့ကိုလည်း အငတ်
ထားကာ မျိုးသုဉ်းစစ်ဆင်ရေးများကို ဆင်နွဲလျှက်ရှိပေပြီ။
ရဟန်းရှင်လူပြည်သူလူထုကြီးအနေဖြင့် အာဏာရှင်ကိုတိုက်ရင်းသေမလား ဒါမှမဟုတ် အာဏာရှင်က
သတ်ဖြတ်တာကို ငြိမ်ပြီး အသေခံမလား ဆိုသည့် မေးခွန်းကို မိမိ
ကိုယ်တိုင် မေးပြီး အဖြေရှာရတော့မည်ဖြစ်သည်၊ အာဏာရှင်ကို အမြစ်ပါမကျန်အောင် တိုက်
ထုတ်နိုင်မည့်အရာမှာ အပြင်းထန်ဆုံးသောလူထုတိုက်မှ လွဲ၍ အခြားမည်သည့်အရာမှ မရှိ
ပေ၊ အာဏာရှင်ကို ဘယ်လိုတိုက်တိုက် ပြည်သူဘက်က တရားသည် မှန်ကန်သည်ဆိုသည့်
အချက်သည် ကျွန်ုပ်တို့ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး၏ ကိုင်စွဲထားသောလက်နက်ဖြစ်ပေ
သည်။
သို့ပါ၍ ယခုအခါသည် အပြင်းထန်ဆုံးသောလူထုတိုက်ပွဲကို ဆင်နွဲရန် အချိန်ကြ
ရောက်ပီဖြစ်သည့်အတွက် နအဖ၏ မတရား ရုံးများ၊ ကြံ့ဖွတ်ရုံးများ၊ ဌာနဆိုင်ရာကားများကို
မီးရှို့ဖျက်ဆီးခြင်း၊လမ်းပန်းဆက်သွယ်ရေးများဖြတ်တောက်ခြင်း၊မိမိရပ်ကွက်ကို မိမိတို့ကိုယ်
တိုင်အုပ်ချုပ်ခြင်း နအဖအာဏာ သက်ရောက်မှုမရှိစေရန်အတွက် စုပေါင်းညီညွတ်စွာ တော်
လှန်တိုက်ပွဲဝင်ကြပြီး စစ်မိစ္ဆာအာဏာရှင်ကို အမိမြန်မာပြည်မှ အပီးပိုင် တိုက်ထုတ်ပစ်ကြပါ
ရန် တိုင်းပြည်အကျိုးကိုမျှော်၍ တိုက်တွန်းနိုးဆော်အပ်ပါသည်။
ဒီမိုကရေစီ တော်လှန်ရေးသွေးသောက်ရဲဘော်များ(ပြည်တွင်း)
Labels: ကြေညာချက်
Posted by Ashin dhamma at 9:26 PM 0 comments
မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့ မှ အထူးကြေညာချက်။
လေးစားအပ်ပါသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တပ်မတော်သားအပေါင်းတို့ ....
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မတရား အကျဉ်းချခံနေရတဲ့ ရဟန်းရှင်လူခေါင်းဆောင်တွေအားလုံး လွတ်မြောက်ရေးသည် ကျွန်ုပ်တို့ အားလုံးရဲ့ မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်တစ်ခု ဖြစ်ပေသည်။
ကျွန်ုပ်တို့အားလုံး စစ်ကျွန်သဘောက် အာဏာရှင်ခြေဖ၀ါးအောက်မှ အလုံးစုံလွတ်မြောက်ရေးအတွက် ကျွန်ုပ်တို့ခေါင်းဆောင်များသည် ထောင်ထဲတွင် ဆင်းရဲ ဒုက္ခမျိုးစုံကိုကြံ့ကြံ့ခံကာ အာဏာရှင်ကို ဒူးမထောက် လက်မမြောက်အရှုံးမပေးပဲ ဆက်လက် တိုက်ပွဲဝင်နေကြပေသည်။
ယခုအချိန်အခါသည် ကျွန်ုပ်တို့၏ မဟုတ်လျှင် ဘယ်တော့မှ ခေါင်းငုံ့မခံတတ်ကြသည့် သခင်စိတ်ဓာတ်ကို မွေးပီး အာဏာရှင်ကို ဘက်ပေါင်းစုံက တော်လှန်တိုက် ခိုက်ရတော့မည်အချိန် ကျရောက်လာပြီ ဖြစ်ပေသည်။
အနှစ် (၂၀) လုံး ရိုက်သွင်းထားတဲ့ ကျွန်စိတ်ဓာတ်တွေကို ဖျောက်ဖျက်ပီး သပိတ်စုံ သူပုန်ထ တော်လှန်မှသာလျှင် နအဖစစ်မိစ္ဆာကောင်များကို မြန်မာ့မြေပေါ်မှ အပြီးပိုင် ရှင်းလင်းဖယ်ရှားပစ်နိုင်မည် ဖြစ်ပေသည်။
မျိုးချစ်တပ်မတော်သားများကလည်း ဗိုလ်ချုပ်အောင်ဆန်း၏ တပ်မတော်အဖြစ် မိမိကိုယ်မိမိ ခံယူပြီး ပြည်သူလူထုကြီးကို အသက်ပေးကာကွယ်စောက်ရှောက်ပေးရန် တာဝန်အပြည့်ရှိသည်ကို လေးလေးနက်နက် သဘောပေါက်စေလိုပါသည်။
ကျွန်ုပ်တို့၏ အနှစ်နှစ်အလလ ခံစားခဲ့ရသော ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ လူစဉ်မမီ လူမပီသမှု၊ မတရားမှုများနှင့် ဆုံးရှုံးနစ်နာနေတဲ့ မိမိတို့ရဲ့ မွေးရာပါအခွင့်အရေးတွေ ရရှိဖို့အတွက် အပြင်းထန်ဆုံးသော လူထုတိုက်ပွဲကို လှည်းနေလှည်းအောင်း မြင်းစောင်းမကျန် အနီးကပ်ဆုံးရန်သူကို တွန်းလှန်တိုက်ခိုက် တော်လှန်ကြပါရန် လေးလေးနက်နက် တိုက်တွန်းနိုးဆော်လိုက်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့ ။
Labels: ကြေညာချက်
Posted by Ashin dhamma at 6:25 AM 0 comments
ကြားလား မြင်လား မေ၀၀ါးနဲ့...သူငယ်ချင်း
ကြားလား မြင်လား မေ၀၀ါးနဲ့...သူငယ်ချင်း
( ဇေယျာသော်ကဗျာ မျှဝေနိုင်ဖို့ ပို့ပေးလိုက်တယ်။)
ငါပြောတာကို မင်းကြားပါစ ?
ဒါမှ မဟုတ်,
ငါ့စကားဟာ နားခါးစေတာမို့
မကြားသလိုများ နေ,နေလိုက်တာလား ?
သောကတွေ တပွေ့တပိုက်နဲ့ မင်းတို့ငါတို့ရဲ့ ဘဝ
ချွတ်ခြုံကျ ၊ ဒုက္ခတွေက အထွေထွေ
ဒီအမှန်တရားတွေကို...
မကြားဘဲမနေလိုက်ပါနဲ့......သူငယ်ချင်း ။ ။
'မြင်အောင်ကြည့်ပါ'လို့ ငါကပြောတော့
မင်းကဖြေတယ်,
'မြင်တယ်လေမြင်တယ်' ၊ 'မြင်နေသားဘဲ'တဲ့ ။
ဒါပေမယ့် မင်းရဲ့အမြင်က ဘာလဲ ?
သတိပဋ္ဌာန်တရားတွေ ရှု့မှတ်ပွားနေသလို
'မြင်တယ်' လို့မှတ် ၊ 'မြင်သိစိတ်' မှာတင်ရပ် နေရင်
ဟောဒီ လောကီအရေးမှာ..
အလုပ်ဟာ မဖြစ်သေးဘူး.....သူငယ်ချင်း ။ ။
မင်းကြားနေတဲ့ ငါ့စကားနဲ့ ပတ်ဝန်းကျင်အသံ
မင်းမြင်နေတဲ့ ပုံမှန်မဟုတ် လူလုပ်တဲ့လောကဓံ
မင်းဝေဖန် ဆန်းစစ်ကြည့်ပါ ။
ဒီကာလမှာ မကြားသလို မမြင်သလိုနဲ့
ယောင်ယောင်ဝါးဝါးလုပ်နေဖို့ကို
အချိန်တွေမပိုတော့ဘူး...သူငယ်ချင်း ။ ။
မင်းတို့ငါတို့ ဘ၀တွေဟာ
'နမောတေ' ဂါထာ အခါခါရွတ်ရုံနဲ့ဘဲ
ဒီအချုပ်အနှောင်ထဲက လွတ်ကြမှာလား ?
မင်းနဲ့ ငါ့ရဲ့ လုပ်ရပ်များဟာ
လတ်တလောအတွက်လဲ မကြီးပွား
နောင်, နတ်သိကြား မလေးစားရင်နေပါ
'အမှန်တရား' တော့ ဖြစ်ဖို့လိုတယ်...သူငယ်ချင်း ။ ။
ဒါပေမယ့်,
လိုချင်တာ 'အမှန်တရား' မှာ
လိုနေတာ 'ရဲဝံ့ခြင်းများ' ဆိုရင်
မျှော်လင့်ချက်သစ်ပင် မရှင်သန်နိုင်ဘူး ။
မကြိုက်တာကို ငြင်းဖယ်လွှဲပြီး
ကြိုက်တာကိုလဲ တောင်းဆိုရဲရမယ် ။
မနှက်သက်တာတွေ မဖြိုဖျက်နိုင်ဘဲ
နှက်သက်တာလဲ မထူထောင်နိုင်သမျှ
ငါတို့ တော်လှန်ရေးက
မပြီးဆုံးသေးဘူး...သူငယ်ချင်း ။ ။
မင်းရဲ့နားကို အစွမ်းကုန် စွင့်ပါ
(အသံစုံကို ကြားအောင်လို့)
မင်းရဲ့အမြင် အစွမ်းကုန် ဖွင့်ပါ
(မညီတာတွေ မြင်စေဖို့)
ကြားလား ? မြင်လား ? မေ၀၀ါးနဲ့
ငါပြောတာကို မင်းကြားပါစ...သူငယ်ချင်း ။ ။ ။
ဇေယျာသော် ၁၂ရက်နေ့ ဧပြီလ ၂၀၀၈ခုနှစ်
(ထောင်တွင်းမှရေးသားပေးပို့သည့် ကဗျာ)
Best Regards,
Min Yan Naing
Generation Wave
www.generation-wave.blogspot.com
Labels: ကဗျာ
Posted by Ashin dhamma at 12:40 AM 0 comments
Tuesday, July 28, 2009
တိုက်ပွဲဝင်ဖို့အားလုံးအသင့်ပြင်
နအဖ၏ရက်စက်ယုတ်မာကောက်ကျစ်မှုသည် ရုပ်လုံးပေါ်သထက်ပေါ်လာပြီဖြစ်သည်။
နအဖသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား (၃၁-၀၇-၂၀၀၉) နေ့တွင်
မတရား ထောင်ဒဏ်အပြစ်ပေးတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံရှိရဟန်းရှင်လူ ပြည်သူ
နှင့် ပြည်သူမျိုးချစ်တပ်မတော်သားအားလုံးသည် မိမိတို့၏ စုတ်ပြတ်နုံခြာဆင်းရဲမွဲတေ
လူတစ်လုံးသူတစ်လုံးအဖြစ် အသက်ရှင်ရပ်တည်ခွင့်မရသည့် ငရဲခန်းဘ၀ထဲမှရုန်းထွက်
ဖို့အတွက် တိုက်ပွဲဝင် တော်လှန်ရေးတစ်ရပ် မဖြစ်မနေဆင်နွဲကြရတော့မည်ဖြစ်သည်။
ဗမာ့သွေး ရဲရဲနီကြောင်းကို သမိုင်းအဆက်ဆက်က သက်သေပြခဲ့သလို သမိုင်း
ပေးတာဝန်တစ်ရပ်သည် မိမိတို့ပခုံးပေါ်သို့ ကျရောက်လာပြီဖြစ်ပေသည်၊ ယခုအချိန်အ
ခါသည် အနီးကပ်ဆုံးရန်သူကို ချေမှုန်းသုပ်သင်ရမည့်အချိန်သို့ရောက်ရှိနေပြီဖြစ်သည်၊
ပြည်မာပြည်ကြီးသည် မကြာခင် အသူရာချောက်ထဲသို့ဇောက်ထိုးကျရောက်တော့မည်
အခြေအနေဆိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပေသည်၊ ဇောက်ထိုးကျအောင် အတင်း
တွန်းချနေတဲ့ နအဖကို အပီးပိုင် ခြေမှုန်းသုပ်သင်တော်လှန်မလား၊ ဒါမှမဟုတ် နအဖစစ်
မိစ္ဆာကောင်တွန်းချသည့် အသူရာချောက်ထဲသို့ဇောက်ထိုးမိုးမျှော် လိုက်ပါသွားမလားဆို
တာကို မိမိကိုယ်မိမိ သေသေချာချာဆန်းစစ်ဖို့အထူးလိုအပ်နေပြီဖြစ်သည်။
စဉ်းစားမနေနဲ့ တွေဝေမနေပါနဲ့ မျိုးချစ်မြန်မာ ထလော့ ထလော့မျိုးချစ်မြန်မာ
သင့်ရဲ့အနီးကပ်ဆုံးရန်သူကို သင့်မှာရှိတဲ့ ကိုယ်ပိုင်လက်နက်နဲ့ အပီးပိုင်ချေမှုန်းသုပ်သင်ပါ
လော့၊ အောင်ပွဲသည်သင့်ရဲ့လက်တစ်ကမ်းမှာ၊ သင့်သွေးဖြင့် လူထုခေါင်းဆောင်များကို
ကယ်တင်ပါ၊သင့်သွေးသည် သင့်နိုင်ငံရဲ့ သမိုင်းကဗျဉ်းအဖြစ်နဲ့ သင်ဟာ သင့်နိုင်ငံရဲ့ မဟာ
သူရဲကောင်းအဖြစ် ရာဇ၀င်မှာတွင်ကျန်ရစ်ပေးလိမ့်မည်။
နအဖ စစ်မိစ္ဆာကောင်များကို အပြီးပိုင်တော်လှန်ကြ။
ဗမာ့သွေးကို ဖောက်ထုတ်ကြ၊
အာဏာရှင်မှန်သမျှ ဗမာ့မြေပေါ်မှာ အမြစ်ပါမကျန်အောင် ဆွဲနုတ်ကြ။
ဒီမိုကရေစီတော်လှန်ရေးသွေးသောက်ရဲဘော်များ (ပြည်တွင်း)
Labels: ကြေညာချက်
Posted by Ashin dhamma at 7:18 AM 0 comments
ဒေါ်စုအမှု ၃၁ ရက်နေ့ အမိန့်ချမည်၊ အဆိုးဆုံးအတွက် ပြင်ထားဟု ဒေါ်စုပြော

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဂျူလိုင်လ 28 ရက် 2009 ခုနှစ် 14 နာရီ 58 မိနစ်
နယူးဒေလီ။ ။ ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမည့်သောကြာနေ့တွင် စီရင်ချက်ချမှာဖြစ်ပြီး၊ အဆိုးဆုံး အခြေအနေကို ပြင်ဆင်ထားကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်က ပြောကြားလိုက်သည်။
အင်းစိန်ထောင်တွင်း အထူးတရားရုံးက အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ကြားနာအပြီး ယခုလ ၃၁ ရက်နေ့တွင် စီရင်ချက်ချမည်ဟု ကြေညာလိုက်သလို၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုးဆုံးအတွက် ပြင်ဆင်ထားကြောင်း ပြောကြားလိုက်သည်ဟု သူမရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
ရဲက တရားလိုပြုလုပ်စွဲဆိုထားသော ဒေါ်အောင်ဆန်းစုကြည် အမှုအတွက် သူ၏ ရှေ့နေများက ပြန်လည်၍ ရှင်းလင်းချေပခြင်းကို ယနေ့တွင် ပြုလုပ်ခဲ့သည်။
သွေးစည်းညီညွတ်မှုကို ပြသသည့် အနေဖြင့် အင်းစိန်ထောင်ရှေ့သို့ သူမ၏ ပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်တိုင်း တွဲဘက်အတွင်းရေးမှူး ဒေါက်တာ မျိုးအောင်၊ ရှေ့နေ ဦးအောင်သိန်း၊ ရှေ့နေ ဦးခင်မောင်ရှိန်၊ ညောင်လေးပင်မြို့နယ် အန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းမောင်၊ တွံ့တေးမြို့မှ ရှေ့နေ ဦးကြင်တိုးတို့ လာရောက်ကြသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောဆိုသူသည် သူမ အကျယ်ချုပ် ကျခံနေရသည့် နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သည်ကို လက်ခံခဲ့သည်ဟုဆိုကာ အာဏာပိုင်များက အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် စွပ်စွဲကာ မေလ ၁၈ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။
သူမ၏ ရှေ့နေများက အမေရိကန်နိုင်ငံသားကို သူမက ဖိတ်ခေါ်ခဲ့ခြင်း မဟုတ်သောကြောင့် အပြစ်မရှိကြောင်းနှင့် နေအိမ်ပတ်ဝန်းကျင်တွင် စောင့်ကြပ်နေသည့် လုံခြုံရေးများသည်သာ ထိုသူကို တားဆီးနိုင်ခြင်း မရှိဘဲ တာဝန်လစ်ဟင်းခဲ့သဖြင့် ထိုသူတို့တွင်သာ တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။
သို့သော်လည်း စွပ်စွဲသူ တရားဆိုင်များဘက်က အထိန်းသိမ်းခံထားရစဉ်အတွင်း မည်သူတဦးတယောက်နှင့်မျှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း မပြုလုပ်ရဟူသော တားမြစ်ချက်ကို ချိုးဖောက်သည်ဟုဆိုကာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖမ်းဆီးထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့သည်ဟု လျှောက်လဲခဲ့သည်။
တရားရုံး၏ စီရင်ချက်သည် မည်သို့ဖြစ်မည်ကို မသိရသေးသော်လည်း အကဲခတ်အများကမူ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်၍ ဖမ်းဆီးချုပ်နှောင်ရန်အတွက် ထိုဖြစ်ရပ်ကို အသုံးချကာ အကွက်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ်ကြသည်။
လွန်ခဲ့သည့် နှစ် ၂၀ ခန့်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ၁၄ နှစ်ကြာမျှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
Labels: သတင်း
Posted by Ashin dhamma at 4:52 AM 0 comments
Monday, July 27, 2009
ခံနိုင်ရည်ကိုစမ်းသပ်ခြင်း (၅)
တောကြောင်တွေကြောင့်
တောလည်းကြေပြီ။
တောဝက်တွေကြောင့်
တောလည်းပျက်ပြီ။
မျိုးမစစ်တွေကြောင့်
အမျိုးလည်းညစ်ခဲ့ရပါပြီ။
ဂုဏ်သိက္ခာအတွက်မဟုတ်ဘူးဆိုရင်
ဘာအတွက်ရှင်သန်ကြမှာလဲ
ဇောက်ထိုးမိုးမျှော်နေ့ရက်တွေကို
ကျွမ်းထိုးမှောက်ခုံဖြတ်သန်းရင်း
ဘ၀ဆိုတာဒီလောက်ပဲလား
လက်ခုပ်တီးအားပေးမခံရရင်တောင်
လက်ညှိုးထိုးတံတွေးထွေးမခံရဖို့လိုတယ်
ထုံးစံအတိုင်းဆိုရင်
ဇာတ်သိမ်းခါနီးမှာ ရဲသားကြီးတွေရောက်လာမယ်
ပရိသတ်ကြီးလက်ခုပ်တီးအားပေးမယ်
ခုတော့သူငယ်ချင်းရာ
ဇာတ်ပေါင်းခန်းတောင်ရောက်တော့မယ်
လူဆိုးကြီးတွေအသာစီးရတုံးလား
စစ်ပွဲတွေဆီသွားဖို့ဆိုရင်
သတ်ရဲ သေရဲ အနိုင်ယူရဲသူတွေပဲ လိုတယ်။
သဘာဝတရားကိုသစ္စာခံဖို့
ကမ္ဘာမြေကိုပေါင်းသင်ဖို့
အမှန်တရားကိုသက်သေထွက်ဆိုဖို့
ငါအရောက်လာခဲ့တယ်
မင်းသားမဟုတ်ပေမဲ့
ဗီလိမ်မဖြစ်ခဲ့တာဂုဏ်ယူပါရစေ…။…..။
ငြိမ်းချမ်းအောင်
၁၈ ဇူလိုင် ၀၉
Labels: ကဗျာ
Posted by Ashin dhamma at 6:09 AM 0 comments