Sunday, August 30, 2009

မြန်မာပြည်က စစ်အာဏာရှင်တစ်စုကို ဘယ်လိုအဆုံးသတ်မလဲ၊

ကျနော်တို့ ပြည်သူတစ်ရပ်လုံး အသိစိတ်မြှင့်မားလာမှ စစ်အာဏာရှင်တစ်စုကို
အဆုံးသတ်လို့ရမယ်လို့ အချို့သော နိုင်ငံရေးသုံးသပ်သူတွေ ပြောကြပါတယ်၊
အချို့ကတော့ ဦးဆောင်တိုက်ပွဲဖော်နိုင်မယ့်လူပုဂ္ဂိုလ်တွေ
များများပေါ်ထွက်လာပြီဆိုရင် အဆုံးသတ်နိုင်မယ်လို့ ယူဆကြပါတယ်၊
နောက်တစ်ခုပြောကြတာက မြန်မာ့တပ်မတော်ထဲက ခေါင်းဆောင်အချို့က
ပြောင်းလဲချင်လာရင် အဆုံးသတ်လို့ရမယ်လို့ ဆိုကြပါတယ်၊ ဘယ်လိုပင်ပြောပြော
လက်တွေ့လုပ်ဆောင်နိုင်မယ့် အင်အားစုတွေက အဆုံးသတ်နိုင်မယ့်
နည်းလမ်းပေါင်းစုံကို ရှာဖွေဖော်ထုတ်ပြီး အချိန်တိုအတွင်း ဆောင်ရွက်ရမယ့်
တိုက်ပွဲကာလဖြစ်နေပြီလို့ တင်ပြချင်ပါတယ်။

အဲဒါကတော့ မိမိတို့ရှိနေတဲ့ အနေအထား အခြေအနေက စတင်ပြီး
ဘာတွေလက်တွေ့ကျကျစွမ်းဆောင်နိုင်မယ် ဆိုတာကိုအခြေခံထား စဉ်းစားဆုံးဖြတ်
သံဓိဌါန်ချပြီး ယုံယုံကြည်ကြည် အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။
အပြောလွယ်ပေမယ့်အလုပ်ခက်တယ်ဆိုတာလူတိုင်းကြားပြီးသိပြီးသားဖြစ်နေလို့ဆက်လက်ပြီးဖတ်မနေတော့ဘူး
လို့တော့မဆုံးဖြတ်စေချင်ပါဘူး။ ကျနော်တင်ပြချင်တာကတော့ လက်တွေ့ကျကျ
နိုင်ငံသူ-နိုင်ငံသား တစ်ဦးဆီ လုပ်နိုင်တဲ့ အပိုင်းကနေ
စတင်ဖို့လိုပါတယ်။

 တာဝန်ယူတတ်တဲ့ အသိစိတ်ဖြစ်ပေါ်လာရေး လုပ်ငန်းစဉ်တစ်ခု ရေးဆွဲအကောင်အထည်ဖော်ရမယ်၊
 စစ်အာဏာရှင်တစ်စု အမြစ်ပျက်ချေမှုန်းရေးမှာ အဓိကနဲအခြေခံအကျဆုံးကတော့
လူထုတိုက်ပွဲ ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကို တာဝန်ယူလုပ်ဆောင်နေတဲ့
စွမ်းဆောင်နေတဲ့ အင်အားစုများ ပေါ်ထွန်းရှင်သန်ရေးကို
စူးစိုက်ဇောက်ချလုပ်ကိုင်ရပါမယ်၊
 ကျောင်းသား-လူငယ်-ရဟန်းသံဃာ-မြို့မိမြို့ဖတိုင်းက
စစ်အာဏာရှင်တစ်စုပြုတ်ကျရေး ချေမှုန်းရေး လုပ်ရမယ်ဆိုတာရယ်
တာဝန်ယူရမယ်ဆိုတာရယ် တစ်နှစ်အတွင်းအပြုတ်တိုက်မယ်ဆိုတာရယ်
ယုံယုံကြည်ကြည်လက်ခံလာဖို့
ရှင်းလင်း-ဆွေးနွေး-တင်ပြ-စည်းရုံး-လှုံဆော်-လှုပ်ရှားမယ့် အင်အားစုတွေ
တည်ဆောက်ယူသွားရမယ်၊
 လက်ရှိအခြေအနေမှာ သံဃာထုတစ်ရပ်လုံး မကြာမှီကံဆောင်မည့်ကိစ္စအတွက်
အစွမ်းကုန် ကြိုးပမ်းနေပြီ၊
 လူငယ်-ကျောင်းသားထု လှုပ်ရှားမှု၊ လူထုလှုပ်ရှားမှုအတွက် အင်အားစုတွေပြင်စဉ်ကြရမယ်၊
 အောက်တိုဘာလ (၃)ရက်နေ့ကစလို့ စစ်အာဏာရှင်လူတစ်စုအဆုံးသတ်ရေး
အပြီးသတ်အောင်ပွဲကို တက်လှမ်းသွားရမယ်၊
 ပြည်သူ့အုပ်ချုပ်ရေး ကျေးရွာ-ရပ်ကွက်-မြို့နယ်တိုင်းမှာ
ပေါ်ပေါက်လာဖို့၊ ပြီးတော့ ပြည်သူ့ကိုယ်စားပြု
ပုဂ္ဂိုလ်တွေနဲကြားဖြတ်အစိုးရတစ်ရပ်ထွက်ပေါ်လာဖို့ လုပ်ဆောင်သွားရမယ်၊
 တပ်မတော်ခေါင်းဆောင်အချို့ စစ်အာဏာရှင်တစ်စုကိုဆန့်ကျင်ပြီး
လူထုနဲပေါင်းနိုင်ဖို့ ပြင်စဉ်ထားရမယ်၊
 ပြည်တွင်းရှိ အင်အားစုများအတွင်း အထက်ပါအခြေအနေတွေကို
သိရှိလုပ်ဆောင်နေသူတွေ ရှိထားပြီးပြီ၊
 ပြည်သူလူထုအနေဖြင့် ရှင်းလင်းတိကျစွာသိရှိနေဖို့
ကြိုးပမ်းဆောင်ရွက်နိုင်မယ့် လူငယ်ထုတွေ အမြန်ဖော်ဆောင်ဖို့လိုအပ်ပါတယ်၊
 မိမိရပ်ကွက်ပတ်ဝန်းကျင်က သတင်းအချက်အလက်တွေ စနစ်တကျစုဆောင်းထားဖို့လိုပါတယ်၊
 လူတိုင်းမျက်စီဖွင့် နားစွင့်နေကြဖို့ တိုက်တွန်းချက်တွေ နှိုးဆော်စာတွေ
ထုတ်ဝေထားသင့်တယ်၊
 တိုက်ပွဲစတင်ပြီဆိုတာနဲ စွမ်းအားရှင်-ကြံဖွတ်နှင့်လူထုပူးပေါင်းရေး
အခမ်းအနားတွေ ရပ်ကွက်-ကျေးရွာတိုင်းမှာ အမြန်ဆုံးလုပ်ဆောင်လိုက်ပါ -
သတင်းလျှင်မြန်စွာဖြန့်ထုတ်ပါ၊
 တပ်မတော်မိသားစုဝန်းအနီးရှိ ရပ်ကွက်သူ-ရပ်ကွက်သားများအနေဖြင့်
တပ်မတော်သားများ လူထုလှုပ်ရှားမှု မဖြိုခွဲရေး ယနေ့မှစတင်
အသိပေစည်းရုံးထားဖို့ လိုအပ်ပါတယ်၊
 တပ်မတော်သားများမှ လူထုလှုပ်ရှားမှုကိုဖြိုခွင်းမည်မဟုတ်ကြောင်း
ကြိုတင်ကြေငြာချက် ထုတ်ပြန်နိုင်ရန် ရဲဘော်အချင်းချင်းကြား
စည်းဝေးဆွေးနွေးနေပြီ၊
 ပြည်သူ့တပ်မတော်သားများနှင့်တပ်မတော်စစ်ခေါင်းဆောင်များ
လူထုဘက်ရပ်တည်ရန် တိုက်တွန်းချက်များ ဖိတ်ခေါ်ချက်များ အစု-အဖွဲအသင်းလိုက်
နယ်မြေလိုက် ထုတ်ပြန်ကြေငြာရန် လိုအပ်ပါသည်။
 ကြံဖွတ်-စွမ်းအားရှင်လုပ်နေတဲ့လူတွေက စိတ်ပါလက်ပါလို့မဟုတ်
ထမင်းစားရဖို့သာဖြစ်တဲ့အတွက် သူတို့ထိခိုက်နိုင်တယ်၊
(နအဖ)ရှုံးနိမ့်နိုင်တယ်ထင်တာနဲကူးပြောင်းလာမှာသေချာတယ်၊

အစုလိုက် - အလွှာလိုက် - နယ်မြေဒေသအလိုက် လူငယ်၊ ကျောင်းသား၊ သံဃာထု
တည်ဆောက်ရေးများ အရှိန်အဟုတ်မြှင့် ဆောင်ရွက်နေကြပြီဖြစ်တယ်။
လူထုတစ်ရပ်လုံး စစ်အာဏာရှင်တစ်စုချေးမှုန်းရေး တိုက်ပွဲဖော်ဆောင်ရေး
တာဝန်ယူဆောင်ရမည် ဖြစ်ကြောင်း နှိုးဆော်-စေဆော်သည့် လုပ်ငန်းများ
ဆက်တိုက်ဆောင်ရွက်နိုင်စေရန် သတ်မှတ်တာဝန် ပေးကြရမည်ဖြစ်သည်။
ခေါင်းဆောင်ရွေးထုတ်တည်ဆောက်ခြင်းနှင့်
တိုက်ပွဲပြင်စဉ်ရေးကာလလုပ်ငန်းစဉ်များ၊ တိုက်ပွဲဖော်ဆောင်ရေး၊
တိုက်ပွဲဝင်ကာလဖြတ်သန်းမှုအဆင့်ဆင် (ရွေးချယ်ရန် စဉ်းစားထားရမည့်
အချက်များပါရှိသော စီမံကိန်း-စီမံချက်များ ရေးဆွဲမျှဝေထားရမည်)၊
လူထုတိုက်ပွဲအဆုံးသတ်အောင်ပွဲ ရရှိရေး ဦးဆောင်သူတိုင်း နားလည်ထားပြီး
ဖြစ်ရမည်။



သစ္စာဖြင့်

ကိုညီ


0 comments: