Monday, March 2, 2009

တော်လှန်ရေးမောင်နှမများခင်ဗျား

တော်လှန်ရေးမောင်နှမများခင်ဗျား

၂၀၀၈ ခုနှစ်အောက်တိုဘာလ ၁၀ရက်နေ့က မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော
Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင်များဖြစ်သော
ကိုငြိမ်းချမ်း(ခ)ကိုခိုင်ကိုမွန် နှင့်ကိုအောင်ကိုမင်းတို့ကို ယနေ့ မတ်လ ၂ရက်နေ့ ၂၀၀၉ တွင်
စမ်းချောင်းမြိုနယ်တရားရုံးမှ မတရားနှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်းအသိပေးအပ်ပါသည်။
ချမှတ်လိုက်သောထောင်ဒဏ်များမှာ ကိုအောင်ကိုမွန်အား တရားမ၀င်အသင်းတွင်ပါဝင်မှုဖြင့် ထောင်ဒဏ်၅နှစ်၊
ကိုငြိမ်းချမ်း(ခ)ကိုခိုင်ကိုမွန်အား တရားမ၀င်အသင်းတွင်ပါဝင်မှုဖြင့် ထောင်ဒဏ်၅နှစ်နှင့် တရားမ၀င်နယ်စပ်
ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ် ၃နှစ်စုစုပေါင်း ၈နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊အခြားပုဒ်မတခုဖြင့်လည်း ဆက်လက်
တရားစွဲဆိုထားဆဲဖြစ်ပါသည်။


0 comments: