Tuesday, September 30, 2008

ရွှေဝါရောင်ခေါင်းဆောင်သံဃာတော်တစ်ပါး ထွက်ပြေးလွတ်မြောက်ခြင်း



ရွှေဝါရောင်ခေါင်းဆောင်သံဃာတော်တစ်ပါး ထွက်ပြေးလွတ်မြောက်ခြင်း

30/09/2008
ပြီးခဲ့သော ၂၀၀၇-ခုနှစ်၊ စက်တင်ဘာ၊ ရွှေဝါရောင်တော်လှန်ရေးကာလမှာ ခေါင်းဆောင်သံဃာတော်တစ်ပါးအဖြစ် ပါဝင်အကျိုးပြုခဲ့တဲ့ ရဟန်းတော်တစ်ပါးဟာ မကြာသေးခင်ကကာလက အလုပ်သမားအကျဉ်းစခန်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ သူဟာ ရွှေဝါရောင်တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ မြန်မာပြည်လုံးဆိုင်ရာသံဃာ့တပ်ပေါင်းစု (ABMA)ရဲ့ တွဲဘက်တည်ထောင်သူ ဦးသြဘာသနဲ့ တစ်ချိန်လုံး ရှိနေခဲ့သူ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၈-ရက်နေ့မှာ မုံရွာမှာရှိတဲ့ အင်တာနက်ကဖေးဆိုင်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။
သူဟာ အောက်တိုဘာ ၁၈-ရက်ကနေ ၂၄-ရက်ထိ မရပ်မနား နှိပ်စက်ခံခဲ့ရပါတယ်။ မေလမှာတော့ သူ့ကို အာဏာပိုင်တွေက အလုပ်ကြမ်းအကျဉ်းစခန်းကို ပို့ခဲ့ပါတယ်။ နေ့စဉ်နဲ့အမျှ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရပါတယ်။

၂၀၀၈-ခုနှစ်၊ စက်တင်ဘာလ ၁၆-ရက်၊ မနက် ၁-နာရီ သန်းခေါင်အချိန်မှာ အဆိုပါ အကျဉ်းစခန်းကနေ ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ ၂-ရက်နဲ့ ၂-ညတိုင်တိုင် တောတွင်းခရီးလမ်းမှာ မရပ်မနား ထွက်ပြေးခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အိန္ဒိယနယ်စပ်ကို ရောက်ရှိခဲ့ပြီး လွတ်မြောက်လာခဲ့ပါတယ်။ သူဟာ မကြာခင်မှာ သူရဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကို ရင်ဖွင့်ပြပါလိမ့်မယ်။

သူဆိုတဲ့ အာဇာနည်ရဟန်းတော်ရဲ့ ဘွဲ့တော်ကတော့ အရှင်ပညာသီရိ လို့ ခေါ်ပါတယ်။

လေးစားစွာဖြင့် ဦးညွှတ်ဂုဏ်ပြုပါသည်။
MSMA

0 comments: