Sunday, August 24, 2008

နအဖ၏ကျက်သရေမဲ့သောလုပ်ရပ်

24 August 2008

အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင် ဂမ်ဘာရီ မြန်မာပြည်တွင် ၆ရက်ကြာ ရောက်ရှိစဉ် တွေ့ဆုံရန် ငြင်းပယ်ခဲ့သည်ဟု အစိုးရရုပ်မြင်သံကြား ညနေပိုင်းသတင်းတွင် စနေနေ့က ကြေညာလိုက်သည်။

မစ္စတာဂမ်ဘာရီရောက်ရှိစဉ်အတွင်း သြဂုတ်လ ၂၀ ရက်နေ့တွင် ဒေါ်စုနှင့်တွေ့ရန် စီစဉ်ထားသော်လည်း ဒေါ်စုက တွေ့ဆုံရန် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု ရုပ်သံသတင်းက ဆိုသည်။

မစ္စတာဂမ်ဘာရီ၏ လက်ထောက် ၂ ဦး ဒေါ်စု၏အိမ်ရှေ့တွင် သွားရောက်စောင့်ဆိုင်းနေပုံကို ထုတ်လွှင့်ပြသသွားသည်။

မြန်မာအစိုးရ အရာရှိများက လော်စပီကာ (megaphone) ဖြင့် “မစ္စတာဂမ်ဘာရီက တွေ့ချင်နေပါတယ်”ဟု ပြောကြားပုံတို့ကိုလည်း ထုတ်လွှင့်သွားသည်။

၎င်းတို့က ဒေါ်စုနှင့်တွေ့ဆုံရန် ကြိုးပမ်းခဲ့သော်လည်း ဒေါ်စု၏ အသိအမှတ်ပြုမှု တစုံတရာမရှိခဲ့ပါဟု သတင်းတွင် ကြေညာသွားသည်။

မိုးမခ


0 comments: