Tuesday, July 29, 2008

ကိုကိုကြီး၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်နှင့်အင်တာဗျူး မှတ်တမ်း (ဒီဇင်ဘာ ၁၈၊ ၂၀၀၆)



(သူ့အကြောင်း မှတ်မိသမျှ - ကိုကိုကြီးက ဗကသ ဒုဥက္ကဌအဖြစ် သြဂုတ်လ ၂၈၊ ၁၉၈၈ မှာ စတင် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ မင်းကိုနိုင် ဖမ်းဆီးခံခဲ့ရပြီးနောက် ကိုကိုကြီးက ဗကသကို ဆက်လက်တာဝန်ယူပါတယ်။

၁၉၈၉ အတွင်းမှာ ခေတ္တ အထိမ်းသိမ်းခံရတဲ့အချိန်၊ ဗကသကို ညိုထွန်းက ဦးဆောင်မှုပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

နောက်ပိုင်းမှာ ကိုကိုကြီးက ဆက်လက်ပြီး ဗကသကို တာဝန်ယူခဲ့ရာမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီအင်အားစုပါတီများ (အထူးသဖြင့် အင်န်အယ်ဒီ ပါတီနဲ့ မဟာမိတ်များ)ကို ကျောင်းသား သမဂ္ဂနှင့် တပ်ဦးများက ၀ိုင်းယံပြီး ဖြတ်သန်းဖို့ တင်ပြ ဆွေးနွေးခဲ့သူ ဖြစ်ပါတယ်။

ထိုအချိန်က ၉၀ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး သဘောထားများ ကျောင်းသား၊ လူငယ်များအကြား ဆွေးနွေးတိုင်ပင်နေကြချိန်မှာ ကိုကိုကြီးရဲ့ စာတမ်း - “ ၃ ချောင်း ထောက်” စာတမ်းက လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အတိအကျကို ပြန်ရေးပါဦးမယ်။

စစ်အစိုးရရဲ့ ထောက်လှမ်းရေးများရဲ့ အနီးကပ်စောင့်ကြည့်မှုများကြောင့် လှုပ်ရှားမှု အကန့်အသတ်ဖြစ်နေတဲ့ ကိုကိုကြီးတို့ ဗကသ ကျောင်းသားအစုအဖွဲ့ကို ၁၉၉၁ ဒီဇင်ဘာ ဒေါ်စု နိုဘယ်ဆု ရတဲ့ အထိမ်းအမှတ် ကျောင်းသားဆန္ဒပြမှုမှာ စစ်အစိုးရက သိမ်းကျုံးဖမ်းဆီးပစ်ခဲ့ပါတယ်။ အဲဒီက ထောင် အနှစ် ၂၀ ကျခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟာ မတ် ၂၀၀၅ မှ ထောင်က ထွက်ရပါတယ်။

အခု ၂၀၀၇ သြဂုတ်လ လောင်စာဆီသပိတ်မှာ ဖမ်းဆီးခြင်းခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားများထဲက တဦး အပါအ၀င်ပါ။ ၂၀၀၆ တုန်းက သူ့အင်တာဗျုးကို အေအေပီပီက လုပ်ထားတာပါ။ ဖတ်ကြည့်ပါဦး။ မိုးမခမှာ အဲဒါကို တင်ဖူးပါတယ်။)

မိုးမခမှတင်ပြသည်။

0 comments: