Sunday, June 1, 2008

မလေးရှားNLD(LA) မှနာဂစ်မုန်တိုင်းတစ်လပြည့်ရေစက်သွန်းချအမျှပေးဝေ




၀၁.၀၅.၂၀၀၈တနင်္ဂနွေနေ့တွင်မလေးရှားနိုင်ငံNLD(LA)ရုံးတွင် တစ်
လပြည့်ရေစက်သွန်းချအမျှပေးဝေမှုပြုလုပ်ခဲ့သည်။အခမ်အနားတွင်၅ပါးသီလ
ခံယူဆောက်တည်ခြင်း၊သံဃာတော်အရှင်သူမြတ်များထံမှပရိတ်တရားဒေသနာ
တော်များနာယူခြင်း၊ရေစက်ချအနုမောဒနာတရားနာယူခြင်း၊လှူဖွယ်ဝတ္ထုများ
ဆက်ကပ်လှူဒါန်းခြင်း၊ပင့်ဖိတ်ထားသည့်လူဧည့်သည်တို့အားကျွေးမွေးဧည့်ခံခြင်းစသည်တို့ကို
ပြုလုပ်ခဲ့ကြသည်။နာဂစ်မုန်တိုင်းတွင်အသက်ဆုံးရှုံးသွားသည့်မိဘပြည်သူအပေါင်းတို့အားရည်မှန်း၍
ရေစက်သွန်းချအမျှပေးဝေခြင်းဆုတောင်းခြင်းများကိုပြုလုပ်ခဲ့ပြီးအခမ်းအနားကိုနေ့လည်၂နာရီတွင်
အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းသတင်းရရှိသည်။



0 comments: