Wednesday, May 14, 2008

ထိုင်းအကြံ နေပြည်တော်လက်မခံ (သတင်းဌာန Reuters)


တရားဟောရန်သွားသည့် ထိုင်းဝန်ကြီးချုပ် တရားဟောခံလိုက်ရသည် (ဓာတ်ပုံ Reuters)
ထိုင်းဝန်ကြီးချုပ် မြန်မာပြည်သို့ နာရီပိုင်းခန့် သွားရောက်ခဲ့သည်။ နိုင်ငံတကာကူညီမှုကိုဖွင့်ပေးရန်၊ ကယ်ဆယ်ကူညီရေး ကျွမ်းကျင်သူများကို ၀င်ခွင့်ပြုရန် ဗိုလ်ချုပ်ကြီးတို့အား နားချခဲ့သော်လည်း မအောင်မြင်ဟု ဆိုသည်။
“ဗိုလ်ချုပ်သိန်းစိန်ကပြောတယ်ဗျာ၊ လူ သန်း၆၀ ရှိတဲ့သူတို့နိုင်ငံမှာ အုပ်ချုပ်သူ အစိုးရရှိပါတယ် တဲ့၊ ပြည်သူတွေရှိတယ်၊ အခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်ပါတယ် တဲ့။ ယုံကြည်ချက်ကတော့ အပြည့်ရှိတယ်။ ကူးစက်ရောဂါဖြစ်နေတာတွေ၊ ငတ်မွတ်နေတာတွေ၊ ကပ်ဘေးဆိုက်နေတာတွေ မရှိဘူး တဲ့။ သူတို့က ကျွမ်းကျင်သူတွေ မလိုဘူး၊ ဒါပေမဲ့ ဘယ်နိုင်ငံကဖြစ်ဖြစ် ကူညီထောက်ပံ့တဲ့ပစ္စည်းတော့ ကြိုဆိုမယ်။ တပ်မ ၄ ခုကို ဒုက္ခသည်ကူညီရေးအတွက် တာဝန်ပေးထားတယ်၊ ကယ်ဆယ်ရေးစခန်း ၆၀၀ ဖွင့်ထားတယ်၊ စခန်းတစ်ခုကို လူ ၁၀၀၀ ဆံ့တယ်လို့ ဗိုလ်ချုပ်သိန်းစိန်က ပြောပြပါတယ်” ဟု ရှင်းပြသည်။


0 comments: