Saturday, May 17, 2008

တိုက်ပွဲခေါ်သံ (၂)

ကုလသမဂ္ဂလူမှုရေးကော်မရှင်လည်း လန်သွားပြန်ပြီ လို့ ထင်နေကြပါလိမ့်မယ် ။
ဒါတွေကိုသိပြီးဖြစ်လျက်သားနဲ့ လုပ်နေတယ် ဆိုတာ သဘောပေါက်ကြပါ ။
အဲဒီသူတွေဟာ နလဗိန်းတုံးတွေမဟုတ်ဘူး ။ တစ်ခေါင်းထဲနဲ့ လုပ်နေကြတာလည်း
မဟုတ်ဘူး ။ ဥပဒေလက်လွတ် လုပ်တတ်ကြတဲ့ လူစားမျိုးတွေလည်းမဟုတ်ဘူး ။
သူတို့ အကျိုးအတွက်လုပ်နေကြတာလည်းမဟုတ်ဘူး ။
မိမိတို့ လုပ်နေကျ တာဝန်ဝတ္တရားအပြင် လူသားချင်းစာနာမှုတွေ လူလူချင်းထားရှိအပ်တဲ့ ခြေခံမေတ္တာတရားတွေ ရင်မှာပိုက်ပြီး ဆောင်ရွက်နေတဲ့သူတွေဆိုတာ ထင်ရှားနေပါတယ် ။
ဒေါ်စု ဟာလည်း ဒီလိုလူစား မြင့်မြတ်တဲ့လူသားများထဲကမြန်မာနိုင်ငံဖွား မြန်မာပြည်သူ ပြည်သား တစ်ဦးပါ။

မင်္ဂလသုတ်၊ မေတ္တာသုတ်ဆိုတာကြားဖူးမှာတောင်မဟုတ်တဲ့ ဒီလူတွေဟာ သူတို့လုပ်နေကြတဲ့အလုပ်တွေဟာ မင်္ဂလသုတ်လာ ၊ မေတ္တာသုတ်ပါ သွန်သင်ဆုံးမချက်တွေအတိုင်း ဖြစ်နေကြတယ်ဆိုတာ မင်္ဂလသုတ်တော် ၊ မေတ္တာသုတ်တော်တွေ ကိုနေ့ စဉ်ရွတ်ဖတ်
ပူဇော်နေကြတဲ့ ကျွန်တော်တို့ တတွေသိရှိနိုင်ပါတယ် ။
ဒါကြောင့်လည်း ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာ့ဘာသာလို့ ဆိုရတာပေါ့ ။ ဗုဒ္ဓဘုရားရှင်တော်မြတ်
ရဲ့ အဆုံးအမအတိုင်း နေထိုင် ဆောင်ရွက်နေသူတွေဟာ ဗုဒ္ဓဘာသာဝင်တွေပါဘဲ ။

မျိုးခစ်မြန်မာမှကူးယူတင်ပြသည်။

0 comments: