
NEJ/ ၂၁ မေ ၂၀၀၈
line
schoolလာမည့် မေ (၂၄) ရက်တွင် ကျင်းပမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အတွက် နာဂစ်မုန်တိုင်းဒဏ် ခံရသော စာသင်ကျောင်းများကို မဲရုံများ ပြုလုပ်ရန် နအဖက အပြင်းအထန် ဆောင်ရွက်နေကြောင်း သိရသည်။
“(၂၄) ရက်နေ့အတွက် ဒီမှာ ပျက်စီးသွားတဲ့ ကျောင်းတွေကို အမြန်ဆုံး ပြုပြင်နေတာဗျ။ ဒါပေမယ့် ကျနော်တို့ကိုတော့ သူတို့က ဇွန် (၁) ရက်မှာ ကျောင်းတွေဖွင့်မှာဖြစ်လို့ အမြန်လုပ် တာလို့ ပြောစေချင်တယ်” ဟု ဒလနဲ့ ဆိပ်ကြီး ခနောင်တိုတွင် တည်ဆောက်ရေးလုပ်ငန်းများ တာဝန်ယူနေရသော ရှိုင်းဆောက်လုပ်ရေး
ဝန်ထမ်းတဦးက ပြောသည်။
ယခုလ (၂၄) ရက် မဲဆန္ဒခံယူပွဲ ပြုလုပ်ပြီး နောက် (၂၅) ရက်မှစ၍ ကျောင်းသားများ ကျောင်းအပ်နှံ နိုင်ပြီဖြစ်ကြောင်း အချို့ကျောင်းများတွင် ကြေညာထားသည်။
အချို့မြို့နယ်များတွင် ယမန်နေ့ (၂၀-၅-၂၀၀၈) မှစ၍ ကျောင်းအပ်နှံနေကြပြီဖြစ်ကြောင်း သိရသည်။
“ကျနော့်သမီးလေးက ပထမတန်း ကျောင်းအပ်လက်ခံနေလို့ အပ်ပြီးပြီ။ ကျောင်းဝင်ကြေးကတော့ မနှစ်ကလိုပါပဲ။ အ-မ-က (၁၂) အင်းစိန်ကျောင်းမှာပါ” ဟု ဌာနဆိုင်ရာဝန်ထမ်းတဦးက ပြောသည်။
ကျောက်တံတားမြို့နယ်အတွင်းမှ အ-မ-က ကျောင်းတကျောင်းတွင် ကျောင်းသားသစ်/ဟောင်း များကို (၂၅) ရက်မှစ၍ မူလတန်းအတွက် အခမဲ့လက်ခံကြောင်း ရေးသားဖော်ပြထားသည်။
တာမွေမြို့နယ် အ-ထ-က (၄) မှ အလယ်တန်းပြဆရာမတဦးက ကျောင်းဖွင့်ရန် လက်ခံနေသော် လည်း ကျောင်းတက်ရမည့်ရက် အတိအကျကိုမူ သက်ဆိုင်ရာက ညွှန်ကြားချက် မထုတ်သေး ကြောင်း ပြောသည်။
ရှိုင်းဆောက်လုပ်ရေးမှ တာဝန်ခံတဦးက လောလောဆယ် ၎င်းတို့အနေဖြင့် ရန်ကုန်တဖက်ကမ်းရှိ ကျောင်းများကို ပြင်ဆင်နေကြောင်း ပြောသည်။
“ဒီ ဒလမှာတော့ ရှိုင်းဆောက်လုပ်ရေးက မူလတန်းကနေ အထက်တန်းထိ (၇၂) ကျောင်း၊ ဆိပ်ကြီးခနောင်တိုမှာရှိတဲ့ကျောင်း စုစုပေါင်း (၁၄) ကျောင်းကို ပြင်ဆင်နေတယ်။ ဒလမှာ
ဆေးရုံ (၁) ရုံ၊ တိုက်နယ်ဆေးရုံ (၂) ရုံ၊ ဆိပ်ကြီးမှာ ဆေးရုံ (၁) ရုံ၊ ဒေသန္တရဆေးရုံ (၁) ရုံ ကိုလည်း အမိုးအကာတွေ ပြင်နေတယ်” ဟု ၎င်းက ပြောသည်။
အစိုးရအနေဖြင့် မေ (၂၄) ရက် မဲပေးနိုင်ရန် မဲရုံများ ပြုလုပ်နိုင်ရေးအတွက် ကျောင်းများကို အမြန် ဆောင်ရွက်နိုင်ရန် ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို စီမံခန့်ခွဲထားခြင်းဖြစ်ကြောင်း သိရသည်။ ။
ခေတ်ပြိုင်မှတင်ပြသည်။
Wednesday, May 21, 2008
မုန်တိုင်းသင့် စာသင်ကျောင်းများကို မဲရုံများပြုလုပ်ရန်နအဖအပူတပြင်းဆောင်ရွက်
Posted by Ashin dhamma at 6:50 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment