ယနေ့ထုတ်ပြန်သော အမေရိကန်အမတ် ၄၁ ဦး လက်မှတ်ထိုး ထုတ်ပြန်သောစာတွင် အမေရိကန်သမ္မတအနေဖြင့် ပြင်သစ်နှင့် ဗြိတိန်တို့နှင့် ပူးပေါင်းပြီး မြန်မာပြည်လေဘေးကယ်ဆယ်ရေးကို အချိန်မနှောင်းမှီ တိုက်ရိုက်အရေးယူဆောင်ရွက်ရန် တိုက်တွန်းထားသည်။
အသေအပျောက်နှုန်းများ မြှင့်တက်နေပြီး အထွေထွေ ဘေးအန္တရာယ်ကျရောက်နေသော လေဘေးဒုက္ခသည် မြန်မာပြည်သားများကို မေတ္တာရှေ့ထားပြီး လူသားချင်းစာနာသော ၀င်ရောက်အရေးယူမှုကို ဆောင်ရွက်ကြပါရန်၊ အောင်ဆန်းစုကြည် ဦးဆောင်သော အဲန်အယ်ဒီပါတီက ပြည်သူတို့ ကိုယ်စား တောင်းပန်နေသည့်အတိုင်း ဥပက္ခာတရားကြီးမားပြီး ဗြဟ္မစိုရ်တရားခေါင်းပါးသော စစ်အစိုးရကို နားချစောင့်ဆိုင်းနေခြင်းဖြင့် အချိန်မဖြုံးစေလိုကြောင်း အချက်များ ပါဝင်သည်။
မိုးမခမှတင်ပြသည်။
Friday, May 16, 2008
အမေရိကန် လွှတ်တော်အမတ် ၄၁ ဦးက မြန်မာပြည်လေဘေးကယ်ဆယ်ရေး တိုက်ရိုက်အရေးယူရန်
Posted by Ashin dhamma at 5:56 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment