Sunday, May 18, 2008

မဲဆောက်မြို့တွင် တောင်းဆိုဆန္ဒပြ၊

၁၈-၅-၀၈) နံနက် (၁၀း၀၀)နာရီက ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံအတွင်း နာဂစ်မုန် တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေကြရသည့် ပြည်သူများအား လူသားချင်း စာနာထောက်ထားသည့် အကူအညီများ အမြန်ပေးပို့နိုင်ရေးအတွက် ကုလသမဂ္ဂ ဦးဆောင်သည့် နိုင်ငံတကာ ကယ်ဆယ်ရေးတပ်ဖွဲ့များ ချက်ချင်း အင်အားသုံး ၀င်ရောက်ရန် တောင်းဆို ဆန္ဒပြပွဲတရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အခမ်းအနားတွင် ပြည်သူလွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါ်စန်းစန်း၊ ဦးခွန်မားရ်ကိုဘန်း၊ ဦးခွန်မြင့်ထွန်း၊ သာသနာ့ဥသျှောင်အဖွဲ့(ထိုင်း)မှ ဆရာတော် ဦးပညာသာမိ၊ ဦးပညာဇောတ၊ ပြည်ပရောက် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန်နှင့် မြန်မာနိုင်ငံဆေးပညာရှင်အသင်းမှ ဒေါက်တာလွဏ်းဆွေတို့က နိုင်ငံတကာတပ်ဖွဲ့ဝင်များ ချက်ချင်း အင်အားသုံး ၀င်ရောက်ရေးနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသည့် ရဟန်းသံဃာတော်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ ကျောင်းသား/သူများနှင့် မြန်မာပြည်သူပြည်သားများက “မြန်မာနိုင်ငံ နာဂစ်ဘေး၊ နိုင်ငံတကာ ၀င်ရောက်ပေး”၊ “မြန်မာပြည်သူတွေကို ကယ်တင်ရေး၊ ကမ္ဘာ့ပြည်သူ ဖိအားပေး” “ Save Burma!” “Immediate Intervention for Relief ” ဆိုသည့် သံပြိုင် ကြွေးကြော်သံများနှင့် အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

type the rest of your post here

0 comments: