
မြန်မာစစ်အာဏာရှင်တို့ ကို အံတု၍သွေးစွန်းသောရွှေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သော မြန်မာရဟန်းတော်များ သည် ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံ ဒုက္ခသည်များကို နေစရာ၊စားစရာ ဝေငှခြင်း၊ နှစ်သိမ့်အားပေး မှု များပြုခြင်းဖြင့် လူထုကြားတွင် ပြန်လည် ပေါ်ထွက်လာသည်။
စစ်အစိုးရကမူ ၄င်းတို့ ကိုယ်တိုင်ဆောင်ရွက်ရန်ုပျက်ကွက်နေသော ကယ်ဆယ်ရေးလုပ်ငန်း များကို အားသွန်ခွန်စိုက် ကြိုးပမ်းနေသည့် မြန်မာ ရဟန်းတော်များကို ချုပ်ချယ်တားဆီး၊ ဖယ်ရှားလျက်ရှိသည်။အာဏာပိုင်များက အိုးအိမ်မဲ့ ဒုက္ခသည်များကို လက်ခံထားသည့် ဘုန်းတော်ကြီးကျောင်း များအား ဒုက္ခသည်များအား လက်မခံရန် အမိန့် ထုတ်ပြန်ထားကြောင်း ဘုန်းတော်ကြီးများ နှင့် ဒုက္ခသည် များကပြောသည်။
ဒီမှာ ဘာအထောက်အပံ့မှ မရှိဘူး၊ အစိုးရဘက်က တဦးတယောက်မှ မတွေ့ ရဘူး၊ ဟု ကျည်ဘူးခ ဘုန်းတော်ကြီးကျောင်းမှ သက်တော် ၄၅ နှစ်ရှိ ဦးပညာသာမိကမိန့် ကြားသည်။ အဆိုပါကျောင်းသည် ရှိစုမဲ့ မလောက်မငှ ဆန်အနည်းငယ် နှင့် မိုးရေအနည်းငယ် ကို မုန်တိုင်းဒဏ် ပြင်းထန်စွာ ခံစားခဲ့ကြ ရသော အိုးအိမ်မဲ့ ရွာသားတရာ ကျော် ခန့် ကို လက်ခံ ဝေမျှ နေရသည်။
နိုင်ငံ၏ ဒေသကြီးများဖြစ်သည့် ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းရှိ ဘုန်းတော်ကြီး ကျောင်းများသည် မေ(၃)ရက်နေ့ တွင်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုံးမုန်တိုင်း
အပြီးတွင် ဒုက္ခသည် များ၏ ဘေးကင်းသောခိုကိုးရာ နေရာများ ဖြစ်လာပြီး စစ်အစိုးရ မှာ ရေရေ ရာရာ ထောက်ပံနိုင်ခြင်း မရှိချေ။
ဟိုတုန်းကတော့  ကျနော်တို့ က ဘုန်းတော်ကြီးတွေကို လှူခဲ့ ကြတာ၊ ဒါပေမဲ့ အခုတော့ ပြောင်းပြန် ဖြစ်ပြီး ဘုန်းတော်ကြီးတွေက ပြန်ကူညီနေ ကြတယ် ဟု အသက်၃၈ နှစ်ရှိ ဆောက်လုပ်ရေးအလုပ်သမား ကိုအောင်ကျော်က ပြောသည်။ ကိုအောင်ကျော်သည် မုန်တိုင်း ကြောင့် လှိုင်သာယာရှိ ၄င်း၏ ဝါးထရံကာ တဲ ၊ လွင့်ပါဆုံးရှုံးခဲ့ပြီး ရန်ကုန်မြို့ ရှိ ဘုန်းတော်ကြီး ကျောင်းသို့  ဇနီး နှင့်သမီးငယ် ကို ခေါ်ဆောင် ကာ ခို လှုံနေရသူဖြစ်သည်။
လက်တုန့် ပြန်ခံရမည်ကို စိုးရိမ်၍ အမည်မဖော်လိုသော ကျောင်းထိုင်ဘုန်းတော်ကြီး က ဒုက္ခသည် ၁၀၀ကျော်ကို နှင်ထုတ်ခဲ့  သက်ဆိုင်ရာအာဏာပိုင် များအား စောဒက တက်ရန်သူကြိုးစားခဲ့ ရာ အာဏာပိုင်များက သူတို့ ဘယ်သွားသွား ကျုပ်တို့ မသိဘူး၊ ဒါပေမဲ့ အထက်အမိန့် ပဲ။ ဟုတုန့် ပြန် ခဲ့ ကြောင်းပြောပြသည်။
စစ်အစိုးရမှ ထို့ သို့ လုပ်ဆောင်ရန် တစုံတရာ ထုတ်ပြန်ကြေညာခြင်း မရှိပဲ၊ တိတ်တဆိတ် ညွှန်ကြားနေခြင်းဖြစ်သည်။ လာမည့်ရက်များအတွင်း ဒုက္ခသည်များကို လက်မခံ ရန် ရန်ကုန်မြို့ ရှိ ဘုန်းတော်ကြီး ကျောင်းများသို ညွှန်ကြားထားကြောင်း အဆိုပါ ဘုန်းတော်ကြီး က မိန့် သည်။ သို့ သော် ကျန် ဧရာဝတီတိုင်းရှိ ဒုက္ခသည် များမှာ ဘုန်းတော်ကြီးကျောင်း အဆောက်အဦးများတွင် ဆက်လက် ခိုလှုံခွင့် ရနေသေးသော်လည်း အမိုးအကာ မရှိကြချေ။
”သူတို့ က မြို့ သေးသေးလေးမှာ လူတွေ စုမိနေတာကို မလိုလားဘူး၊ လုံခြုံရေးနဲ့ ပါတ်သက်ပုံရတယ်၊ နောက်ထပ် အုံကြွမှု တခုခု ထပ်ဖြစ်မလာအောင် ဖြိုခွဲတာလည်းပါတယ်” ဟု ဧရာဝတီတိုင်း မှ လှေလုပ်သား ကိုလှထွေး ကပြောသည်။
နာမည်ကြီး ဘုန်းတော်ကြီးကျောင်းများ မှာ အရပ်ဝတ်လုံခြုံရေးများက မပြတ် စောင့်ကြပ်လျက်ရှိပြီး ထိုသူတို့ ကို ရဟန်းတပါးက ကိုယ်ပျောက်ထောက်လှမ်းရေး ဟု အမည်တပ်သည်။
လူပေါင်းတသန်းခွဲ ခန့် ရောဂါဘယဘေး၊ ငတ်မွတ်ဘေးတို့ ကြုံတွေ့ နေရသော အခြေအနေသည် လွန်ခဲ့သော နှစ်စက်တင်ဘာက ရက်စက်ကြမ်းကြုပ်စွာ ဖြိုခွင်းခံခဲ့ ရသော ဒီမိုကရေစီ အုံကြွမှုကို ပြန်လည် ရိုက်ခတ်လာမည်ကို စစ်အစိုးရက ကြောက်လန့် စိုးရိမ်လျက် ရှိသည်။
ဗုဒ္ဓဘာသာထွန်းကားသော မြန်မာပြည်တွင် ရဟန်းတော်များကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ရိုက်နှက်ခြင်း၊ ထောင်သွင်းအကျဉ်းချထားခြင်း တို့ အတွက် သာမန်ပြည်သူများ ၏ဒေါသ အိုးကို ပေါက်ကွဲစေခဲ့ သည်။ အရေအတွက်အတိအကျ မဖော်ပြနိုင်သောရဟန်းတော်များ ထောင်တွင်း ၌ပင် ရှိနေဆဲဖြစ်ပြီး အချို့ မိမိတို့ ကျောင်းတိုက်များသို့ ပြန်လာနိုင်ကြသော် လည်း ဖမ်းဆီးခံရမည် ကို မူ စိုးရိမ်ထိန့် လန့် နေရဆဲဖြစ်သည်။
ရန်ကုန်မြို့ မှ သွားဖက်ဆိုင်ရာ ဆရာဝန်တဦးက ”ကျနော်ထင်တယ် ၊ အစိုးရဟာ စက်တင်ဘာတော်လှန်ရေး ပြီးကတည်းက ကျောင်းတွေမှာ ပြည်သူတွေ စုနေမှာ၊ ဘုန်းတော်ကြီးတွေက လူထုကို စည်းရုံးသိမ်းသွင်းပြီး နောက်တကြိမ် ဆန္ဒပြပွဲတွေ ဖြစ်လာမှာ ကြောက်နေကြတယ် ” ပြောသော်လည်း သူ့ နာမည်ကို မူ အရေးယူခံ ရမည်ကို စိုးရိမ် သဖြင့် မဖော်ပြပါရန် ပြောဆိုခဲ့သည်။
သတင်းစာများတွင် ရဟန်းတော်များ၏ ဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်မှု သတင်းများထည့်သွင်းခြင်းမပြု ရန် အမိန့် ထုတ်ထားသည်။ ရန်ကုန်မြို့ ရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင် ကျောင်းများအနေဖြင့် ကယ်ဆယ်ရေးအဖွဲ့ အစည်းမျာ့း ထံမှ မည်သည့်အထောက်အပံ့ မျိုးကိုမှ လက်ခံခြင်းမပြုရန် လည်းတားမြစ်ပိတ်ပင်ထားသည်။
အစိုးရက ဒုက္ခသည်တွေကို တိုက်ရိုက်ဝေချင်တဲ့သူတွေကို အစိုးရက တင်းကြပ်ထားတယ်၊ လှူတဲ့ သူတွေက အစိုးရလက်ထဲကို အပ်တာအပ်၊ မသိအောင် တိတ်တိတ် ဝေကြလုပ်နေရတယ်။ စစ်အစိုးရွက နိုင်ငံတကာ အကူအညီ ပေးတဲ့ ထရပ်ကားတွေ နောက်ကို ဘယ်သွားသွား လျှောက်လိုက်နေတယ်။ သူတို့ က သူများကို မယုံကြဘူး။
ဤသည်မှာ ပြည်တွင်းသို့ ရောက်နေကြသော နိုင်ငံတကာအဖွဲ့ များအနေဖြင့်  ဘုန်းတော်ကြီးများကို ကြားခံစီးကြောင်းအဖြစ် အသုံးပြု၍ ဒုက္ခသည် များ သို့ ထောက်ပံ့မှုများပြုလုပ်ရန် အများမျှော်လင့်ချက်နှင့် ကွဲလွဲနေသည်။
အင်္ဂလန်အခြေစိုက် နိုင်ငံတကာ ကလေးများ အဖွဲ့ မှ တာဝန်ရှိသူဂါရီ ဝါ့ကာ က ”ဒီနိုင်ငံမှာ တနိုင်ငံလုံးကို တစုတစည်းတည်း ဖြန့် ကျက်လုပ်ကိုင်နိုင်တဲ့ အဖွဲ့ က ရှိပြီးသားပဲ။ အဲဒါကတော့ ဘုန်းတော်ကြီး တွေပဲ
နေရာအနှံမှာ ရှိတဲ့ ဘုန်းတော်ကြီးတွေ က နိုင်ငံတဝှမ်းလုံး ကိုထောက် ပံ့ ပစ္စည်းတွေ ဖြန့် ဝေ နိုင်တာကို မြင်နေရတဲ့ အတွက် ဒီနည်းကို ကျနော်တို့ ကြံဆသင့်တယ် ” ဟု ဘန်ကောက်တွင် ထုတ်ဖော်ပြောဆိုသည်။
မြစ်ဝကျွန်းပေါ် ဖျာပုံမြစ်ကမ်းဘေးတွင်ရှိသော ကျည်ဘူးခ ဘုန်းတော်ကြီးကျောင်းမှ ဘုန်းတော်ကြီး ဦးပညာသာမိ က ရှိစုမဲ့ ဆန်ဆယ်အိတ်ကို ရုတ်ခြည်း ထုတ်၍ ထက်ထက်သန်သန် စွန့် သည်။
ကျုပ်တို့ မှာ တပါတ်စာလောက်ပဲ ရှိတယ်၊ နောက်ထပ်ရအောင် တနည်းနည်းကြံရအုံးမယ် ၊ ဟုမိန့် သည်။ ထိုအချိန်တွင် ရွာသားများက ရေစိုနေသော စပါးများကို အမိုးမရှိသောကျောင်းကြီး ပေါ်တွင် ခြောက်အောင် မိုးအုံ့ နေချိန်ပင် လှန်းဖို့ လုံးပမ်းနေကြသည်။
ရန်ကုန်မှ ရဟန်းတော်များ က နံနက် ပိုင်းတွင် မိမိတို့ ၏ ဒကာဒကာမ များထံ် နိစ္စဓူဝ ဆွမ်းခံထွက်၍ ရလာသော ဆွမ်းကို ကျောင်းရှိ ဒုက္ခသည် များကို ခွဲဝေ ကျွေးမွေးကြသည်။
သို့ သော် မုန်တိုင်းဒါဏ်ခံ ဒေသများတွင် ထိုသို့ ဆွမ်းခံ ရန် မဖြစ်နိုင်ချေ။
အိမ်ခြေ ကိုးဆယ်မှ တရာ့ နှစ်ဆယ်အတွင်း ရှိသော ကျည်ဘူးခ ရွာမှာ လုံးဝပျက်စီးသွားခဲ့ သည်။ အခိုင်အမာ ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း၏ သစ်သားနံရံတို့ ပြိုလဲပြီး ရေမြုပ် လယ်ကွင်းတို့ ကို ဒိုးယိုပေါက်မြင်နေရသည်။
”တဒါဇင်လောက်ရှိတဲ့ ဘုန်းတော် ကြီးတွေ၊ သီလရှင်တွေ ကအတိ ဒုက္ခရောက်နေတဲ့  ရွာသားတွေကို စိတ်သက်သာရာ ရအောင် ဖေးမဖို့ လုံးပန်းနေရတာပဲ ”့ ဟု ဦးပညာသာမိ က မိန့် သည်။
ဘုန်းကြီးတို့ အားလုံး ဆုတောင်းအမျှဝေကြပါတယ်၊သေသွားကြတဲ့သူတွေ ကောင်းရာသုဂတိ ရောက်ဖို့ ၊ အသက်ရှင်ကျန်သူတွေ သူတို့ ဘဝ ပြန်လည်ထူထောင် နိုင်ကြဖို့ ။ ဟုလည်း ဆက်လက်အမိန့် ရှိသည်။
မုန်တိုင်းကျတဲ့ နေ့ က ကျုပ်တို့ စပါးကျီထဲမှာ ခိုနေကြရတယ်။ တယောက် က သစ်ပင်ကို အတင်းဖက်ထားတယ်။ ဒါပေမဲ့ လွတ်ထွက်သွားတယ်။ မုန်တိုင်းလဲပြီးရော ၊ လူသေအလောင်းတွေ ရေထဲမှာ နေရာအနှံ့  ပေါလော မျောနေလိုက်တာ။
တချို့ လည်းအိပ်မက်ဆိုးတွေမက်ကြ။ ကလေးတွေ ဆုံးပါးသွားသူတွေလည်း ည ည ကယ်ပါ၊ ယူပါ၊ အသံတွေ ကြားရ။ တချို့ ကတော့ ဘာမှကို မပြောနိုင်ကြတော့ဘူး ” ဟု ဖြည့်စွက် မိန့် ကြားသည်။
မင်းဒင်
အရှင်မေတ္တာစာရဘလောဂ်မှကူးယူတင်ပြသည်။
Thursday, May 15, 2008
စစ်အစိုးရက အိုးအိမ်မဲ့ များ ကို ကူညီနေသည့် မြန်မာ ရဟန်းတော်များကို တားဆီးဟန့် တားမှုများ ပြုလုပ်
Posted by Ashin dhamma at 2:27 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment