Saturday, May 17, 2008

စစ်မှန်သော ဒီမိုကရေစီ

အငတ်ငတ် အပြတ်ပြတ်ထားပြီးမှ
ထမင်းကြမ်းခဲလေး ၁၀၄ခဲနဲ့
နတ်သုဒ္ဓါကျွေးသလို လာမလုပ်ပါနဲ့
"တီ" နေရာ ဘာနဲ့ အစားထိုးထိုး
ငါးမျှားချိတ်ကြိုး ဆွဲချထားတာပါဘဲ ......
ထာဝရငရဲကျခံရဖို့
တဘ၀နတ်သားလေးအဖြစ်နဲ့ မလဲနိုင်ပါဘူး
"ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည်"တဲ့
ရွေ့ဖို့အတွက် တွန်းကိုတွန်းရမှ
တစ်ယောက်ထဲဘဲ တွန်းရ တွန်းရ
နစ်နေတာကြာခဲ့ပြီလေ .....
နွံထဲက ဒီမိုကရေစီ
သီအိုရီတွေ ဘယ်လိုပြပြ
ရွံ့ကတော့ ဗရပွနဲ့ပေါ့ ......
ဘ၀တွေက ကုန်းရ ရုန်းရနဲ့
ကိုယ်တွေခံလာရတာကြာတော့
ဒင်းတို့မရှိတာကိုက
ငါတို့အတွက် ဒီမိုကရေစီ။ ။

ဖြန့်ချလိုက်...

ပြန်လိပ်ထား...

ရေးသားသူ ကဒေါင်းသစ် at 11:00 PM


0 comments: