နော်စေးဖော၊ DVB
ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ခိုလှုံနေတဲ့ ဒုက္ခသည် (၁,၀၀၀) ခန့်ကို အာဏာပိုင်တွေက နေရပ် အတင်းပြန်ခိုင်းနေတယ်လို့ အဲဒီကို မနေ့က ဆန်သွားလှူခဲ့တဲ့ အလှူရှင်တဦးက ပြောပါတယ်။
အရင် ကျနော်တို့ သွားလှူဖူးတဲ့ စခန်းတွေ ဆိုင်းဘုတ်တွေ ဖျက်ခိုင်းတယ်။ ကြက်ခြေနီအလံတွေ ထောင်ထားတာတွေ အကုန်လုံး ရဲက လာပြီးဖြုတ်ခိုင်းတယ်တဲ့။ နောက်ပြီးတော့ ကိုယ့်နေရပ်ကိုယ်ပြန်ပေါ့။
သူ သိသလောက် ကော့မှူးမြို့နယ်၊ အဖျောက်ကျေးရှာ ရတနာမဏ္ဍိုင်ကျောင်းစခန်းက ဒုက္ခသည် ၄၀၀ ကျော်၊ မန်ကျည်းရွာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းက ဒုက္ခသည်များ၊ ဘုရားကုန်းကျောင်းက ဒုက္ခသည် ၃၀၀ ကျော် စတဲ့ ဒုက္ခသည်တွေကို အာဏာပိုင်တွေက နေရပ်ပြန်ခိုင်းနေတယ်လို့ ပြောပါတယ်။
“အကုန်လုံး စခန်းကို ဖြုတ်ခိုင်းတယ်၊ ကိုယ့်နေရာကိုယ် ပြန်နေ၊ နေလို့ရပြီလို့ အဲလိုလုပ်တယ်ဗျ။”
နေရပ်ပြန်ခိုင်းပေမယ့် ဒုက္ခသည်တွေရဲ့ နေရပ်မှာ ဘာမှမရှိတော့ဘူးလို့ ပြောတယ်။
“အကုန်လုံး တဲတွေကော၊ နွားတွေကော အကုန်ပါသွားတာ သူတို့ နေစရာ မရှိဘူးလေ။ ပုဂ္ဂလိကတွေကတော့ နေ့တိုင်းပဲ လာလာလှူပါတယ်။ သူတို့မှာ ချက်စားစရာ ထင်းလည်းမရှိဘူး။ အိုးခွက်လည်းမရှိဘူး။ ဘာမှလည်း နေစရာမရှိတော့ သူတို့ လာပေးတာပဲ စောင့်ပြီး စားနေကြရတယ်။ ဘုန်းကြီးကျောင်းမှာတော့ သူတို့က ချက်တာပေါ့။ ဟင်းလေးကလည်း ပဲအရည်ကျဲလေးနဲ့ တနေ့ နှစ်နပ်ကျွေးနိုင်အောင် ကြိုးစားပြီးလုပ်နေတယ်”။
Wednesday, May 21, 2008
ကော့မှူးရောက် ဒုက္ခသည်များကို နေရပ်သို့ အတင်းအကျပ် ပြန်ခိုင်း
Posted by Ashin dhamma at 4:23 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment