Friday, May 2, 2008

ပြည်တွင်းလေကြောင်း ခရီးစဉ်များ ဖျက်သိမ်း

2-05-2008
ချင်းမိုင်။ ။ ရာသီဥတု ဆိုးဝါးမှုကြောင့် ပြည်တွင်းလေယာဉ် ခရီးစဉ်များကို ယနေ့ နေ့လည် ၃နာရီ ခန့် ကတည်းက ရပ်ဆိုင်းလိုက်သည်။

ရန်ကုန်မှ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ စစ်တွေတို့သို့ သွားသော ခရီးစဉ်များနှင့် ရန်ကုန်သို့ ပျံသန်းသော ခရီးစဉ်များကို နံနက်ပိုင်းကတည်းက ဖျက်သိမ်းလိုက်သည်။ ထို့အပြင် နောက် ၂ ရက် အထိလည်း ရပ်ဆိုင်းထားမည် ဖြစ်သည်။

"လေယာဉ်တွေ အကုန်လုံးက မန္တလေးမှာ Night Stop လုပ်ထားတယ်။ မြန်မာ့လေကြောင်းလိုင်း ဆိုရင် ၂ ရက်တောင် ပိတ်မယ် ပြောထားတယ်။ အခြေအနေကတော့ မနက်ဖြန်မနက်ကျမှ သေချာ သိရမယ်။ ခုတောင် လေယာဉ်တွေကို မန္တလေးနဲ့ နေပြည်တော် လေဆိပ်တွေမှာ သွားထားတယ် ပြောတယ်။ ဒီမှာ တစ်စီးမှ မရှိဘူး " ဟု ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှ ၀န်ထမ်း တဦးက ပြောသည်။

ပြည်တွင်း လေကြောင်းလိုင်းများ အားလုံးမှ မန္တလေး - ရန်ကုန် ခရီးစဉ်များကို မန္တလေးလေဆိပ်တွင် ရပ်နားထားသည်။ ခရီးစဉ် ဖျက်သိမ်းလိုက်သောကြောင့် မန္တလေးမှ စတက်မည့် ခရီးသည်များသည် မန္တလေးမြို့တွင်းသို့ ပြန်သွားကြရသည်။

"အခု ဒီမှာ ဘယ်သူမှ မရှိတော့ဘူး။ ကျနော်တို့ လေဆိပ် တာဝန်ကျတွေပဲ ရှိတော့တယ် " မန္တလေး လေဆိပ်ဝန်ထမ်း တဦးက ပြောသည်။

အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများမှ ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်မှုမှာမူ ပုံမှန်အတိုင်း ရှိနေသည်။

ဆက်လက်ဖတ်ရှုရန်...

နေသားတစ်ကျပြန်ခေါကထားပါ...

0 comments: