ရဟန်းရှင်လူပြည်သူအပေါင်းတို့----
ဒေါ်စုကိုထောင်သွင်းအကျဉ်းချလျှင် တစ်တိုင်းပြည်လုံးဆူပူအုံကြွမယ်၊
သေနတ်သံတစ်ချက်ဖောက်လျှင် ဗမာပြည်မီးဟုန်းဟုန်းတောက်စေရ
မယ်၊ သာသနာ့အလံ ခွတ်ဒေါင်းအလံမြေလွတ်မကျန်အောင် စိုက်ထူ
ကြမယ်၊ အိမ်ပြင်မထွက် အိမ်တွင်းဆန္ဒပြပွဲတွေ ဆက်တိုက်လုပ်မယ်၊
လှည်းနေလှည်းအောင် မြင်းစောင်းမကျန် နအဖ စစ်မိစ္ဆာကိုတော်လှန်
ကြ၊ အမှန်တရားအတွက်ထောင်နံရံတွေဖောက်ထွက်ကြ။
အာဏာရှင်ဆိုတာ ကြောက်နေရင် ပိုပြီးဖြဲခြောက်တယ်၊
အာဏာရှင်ကိုမကြောက်တရားနဲ့ အမြစ်ပါမကျန်ခြေမှုန်းသုတ်သင်
ကြ၊ လက်နက်အားကိုးနဲ့ မတရားအနိုင်ကျင့်သူတွေကို ရရာလက်နက်
စွဲကိုင်တော်လှန်ကြ၊ ဗမာ့သွေးရဲပါစေ၊ ဒီမြေဟာ ငါတို့မြေ၊ ဒီပြည်ဟာ
ငါတို့ပြည်၊စစ်ကျွန်အဖြစ်နွံနစ်မခံဘူး၊ညီညာတဲ့သံမဏိစိတ်ဓာတ်တွေ
နဲ့ စစ်အာဏာရှင်ကိုတော်လှန်ကြမယ်။
တိုင်းပြည်ကိုထင်သလိုရောင်းစား၊ အာဏာကိုလက်ဝါးကြီးအုပ်၊
ပြည်သူတွေကိုအနိုင်ကျင့်၊ပြည်သူ့ခေါင်းဆောင်ကို ထောင်သွင်း
အကျဉ်းချနှိပ်စက်ညှင်းပမ်းတဲ့ မတရားတဲ့စစ်အာဏာရှင်တွေကို
ရဲရဲဝံ့ဝံ့တော်လှန်ကြ။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Saturday, May 16, 2009
အထွေထွေသပိတ်တိုက်ပွဲဆင်နွဲကြမယ်
Labels: ကြေညာချက်
Posted by Ashin dhamma at 9:55 PM 0 comments
မြန်မာ့ဒီမိုကရေစီလိုလားသူများအားလုံးသို့----
သပိတ်စုံ၊သူပုန်ထ မိစ္ဆာ စစ်အစိုးရကို ဖြုတ်ချပစ်ဘို့ အချိန်ကျပြီ။
စစ်အစိုးရဆန့်ကျင်ရေး နည်မျိုးစုံသုံး တိုက်ပွဲဝင်ကြ။
လူထုတိုက်ပွဲ ဆင်နွဲကြ။
၂၀၁၀ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု နဲ့ ယာယီ အစိုးရ ဖွဲ့စည်းရေးလုပ်ဆောင်ကြ။
Labels: ကြော်ညာချက်
Posted by Ashin dhamma at 9:27 PM 0 comments
အထူးကဗျာ
၂၀၀၉ မေလ(၁၈)ရက်နေ့  နံနက်
အင်းစိန် အကျဉ်းထောင်ရှေ့ တွင်
မြန်မာ ပြည်သူများ စုဝေး ရွတ်ဆိုရန်
ဒေါ်အောင်ဆန်းစုကြည် (ချက်ချင်းလွှတ်)၂
မတရားတဲ့ ဥပဒေ (အလိုမရှိ)၂
မတရားတဲ့ အစိုးရ (ကျဆုံးပါစေ)၂
အင်းစိန်ထောင်ကြီး ဘယ့် နှယ်ဝိုင်းမယ် (ဒိနှယ်ဝိုင်းမယ်)၂
အင်းစိန်ထောင်ကြီး ကျယ်တယ်ဆို (ထပ်ချဲ့ လိုက်)၂
အင်းစိန်ထောင်ကြီး ဘယ်သူ့ အတွက် (သန်းရွှေအတွက်)၂
သန်းရွှေ သန်းရွှေ (အို့  အို့ )၂
သန်းရွှေ သန်းရွှေ (နုတ်ထွက်ပေး)၂
နအဖဖွဲ့ စည်းပုံဥပဒေ (ဖျက်သိမ်းပစ်)၂
နအဖရွေးကောက်ပွဲ (ဘွိုင်းကောက်)၂
အရေးတော်ပုံ (အောင်ရမည်)၂
အရေးတော်ပုံ (အောင်ရမည်)၂
အောင်ဝေး
မေ ၁၅-၂၀၀၉
Labels: ကဗျာ
Posted by Ashin dhamma at 3:53 AM 0 comments
အပြင်းထန်ဆုံး တိုက်ပွဲကို နွဲကြမယ်

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရအနေနဲ့ ထောင်ထဲပို့ပြီး ပစ်ဒဏ်များချမှတ်ခဲ့ပါက ပြည်တွင်း ပြည်ပရှိ မြန်မာလူမျိုးများအားလုံး ညီညီညွှတ်နဲ့ အတူတကွ တိုက်ပွဲဝင်ကြဖို့အတွက် အသင့်ပြင်ထားကြပါ။ ဘလော့ကနေ၊ ရေဒီယိုတွေကနေ အော်နေလို့ မပြီးပါဘူး။ လက်တွေ့လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ မြန်မာလူမျိုးများ အားလုံးကို မေးချင်တယ်။ အရှုံးတွေကိုခါးသည်းစွာခံစားပြီးနေမလား။ ရပ်ကြည့်နေမလား။ ဘလော့ကနေပဲ အော်နေမလား။
အမေရိကန်သံရုံး၊ မြန်မာသံရုံး၊ ကုလသမဂ္ဂသံရုံးများရှေ့တွင် ဒီရုံးသုံးရုံရှေမှ ထိထိရောက်ရောက်ဆန္ဒပြကြဖို့၊ လိုအပ်သလို အသက်ကို မငဲ့ကွက်ပဲ ပြင်းပြင်းထန်ထန်အရေးယူလုပ်ဆောင်သွားကြဖို့ တိုက်တွန်းတယ်။
ပြည်ပရောက်မြန်မာများအနေနဲ့ အနည်းငယ်တိဗက်လူမျိုးများကို အတုယူသင့်တယ်။ ဂန္ဓီရဲ့လမ်းစဉ်ကို ပြန်လည်သုံးသပ်ရမယ်။ မအောင်မြင်တဲ့ ဒလိုင်းလားမားရဲ့ ပေါ်လစီကိုလည်း သုံးသပ်ရမယ်။ သူပုန်အစိုးရကို ဘယ်တော့မှ ဒူးထောက်ဖို့ စိတ်မကူးကြနဲ့။
Labels: နိုးဆော်ချက်
Posted by Ashin dhamma at 12:55 AM 0 comments
Friday, May 15, 2009
လူထုခေါင်းဆောင်ကိုချက်ခြင်းလွတ်ပေးပါ

"အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်။ တကယ်လည်း ဦးဆောင်မှု ပေးနိုင်တဲ့ ပုဂ္ဂိုလ်၊ တကယ်လည်း နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်လောက်တဲ့ နိုင်ငံရေး သြဇာရှိတဲ့ ပုဂ္ဂိုလ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ကျနော်တို့ ဆုံးရှုံးတယ်ဆိုတော့ ကျနော်တို့ သွားနေတဲ့ နိုင်ငံရေး လမ်းကြောင်းအနေနဲ့ အလွန်ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်၊ တွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်းမှာ ထိုင်မယ့်သူက ဒေါ်အောင်ဆန်းစုကြည်။ တခြားသူ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်စုကြည်။"
ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်
Labels: ဓာတ်ပုံ
Posted by Ashin dhamma at 9:41 PM 0 comments
တီမောသမ္မတက သန်းရွှေတို့ကို နိုင်ငံတကာခုံရုံးသို့ ပိုရန် ဆန္ဒရှိ

အရှေ့တီမောနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း မပြုလျှင် မြန်မာဗိုလ်ချုပ်ကြီးများကို နိုင်ငံတကာ ရာဇ၀တ် တရားရုံး (ICC) က စုံစမ်းအရေးယူရန် သူက တောင်းဆိုမည်ဟု ဂျကာတာရှိ ဘီဘီစီ သတင်းထောက်ကို ယနေ့ ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားခြင်းသည် အလွန်စက်ဆုပ် ရွံမုန်းစရာ၊ ခံပြင်းစရာ ကောင်းသည့် အပြုအမူ ဖြစ်သည်ဟုလည်း ပြောလိုက်သည်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းထံမှ ပြစ်ဒဏ်ခတ် အရေးယူမှုများ အပါအ၀င် ခိုင်မာတိကျသည့် အရေးယူမှုများ ပြုလုပ်လာရန် စစ်အစိုးရက ဆွပေးလိုက်ခြင်းဖြစ်သည် ဟုလည်း မှတ်ချက် ချသွားသည်။
သမ္မတ ဟော်တာသည် ဒေါ်စုကဲ့သို့ပင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်တဦးလည်း ဖြစ်သည်။
မိုးမခမှတင်ပြသည်။
Labels: သတင်း
Posted by Ashin dhamma at 6:57 PM 0 comments
နအဖမှ ခုံရုံးတင် စစ်ဆေးခြင်းနှင့် စပ်လျှင်း၍ ပြည်တွင်းပြည်ပ အဖွဲ့  (၇၁) ဖွဲ့ မှ စုပေါင်းကန့် ကွက်။
Labels: ကြေညာချက်
Posted by Ashin dhamma at 6:52 AM 0 comments
Thursday, May 14, 2009
အထွေထွေသပိတ်တိုက်ပွဲခေါ်သံ
အထွေထွေသပိတ်တိုက်ပွဲခေါ်သံ
ရဟန်းရှင်လူကျောင်းသားပြည်သူနှင့်တပ်မတော်အပေါင်းတို့------
ယုတ်မာပက်စက်ကောက်ကျစ်စဉ်းလဲတဲ့ ဒေ၀ဒတ်အကြံအစည်နဲ့
နအဖ စစ်မိစ္ဆာလူတစ်စုဟာ ငါတို့အားလုံး ချစ်ခင်မြတ်နိုးလေးစား
တန်းဖိုးထားပြီး ငါတို့နိုင်ငံရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ငါတို့ရဲ့အချစ်တော်
ငါတို့ရဲ့ မဟာသူရဲကောင်း ငါတို့အားလုံးရဲ့အမေလူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကိုထောင်သွင်းအကျဉ်းချ၊နှိပ်စက်ညှင်းပမ်း၊
သတ်ဖြတ်ခြင်းကိုပြုလုပ်နေပြီ၊မြန်မာနိုင်ငံမှာအာဏာရူးသန်းရွှေသေလို့
ဘာမှမဖြစ်ပေမဲ့အမေစုသေရင်ငါတို့တစ်တိုင်းတစ်ပြည်လုံးဒုက္ခရောက်မယ်
ဆိုတာသိရှိနားလည်သဘောပေါက်ကြပါ၊ငါတို့တိုင်းပြည်ရဲ့အထွေထွေဒုက္ခ
တွေကိုဖြေရှင်းပေးနိုင်တဲ့သူဟာအမေစုသာလျှင်ဖြစ်တယ်ဆိုတာကိုလည်း
သဘောပေါက်ထားကြပါ၊အမေစုကိုကယ်တင်မဲ့သူဟာငါတို့ရဟန်းရှင်လူ
ကျောင်းသားပြည်သူနှင့်ပြည်သူ့တပ်မတော်အပေါင်းတို့သာလျှင်ဖြစ်တယ်၊ ကုလသမဂ္ဂလဲလာရောက်ကူညီမှာမဟုတ်သလိုအမေရိကန်နှင့်
ဥရောပသမဂ္ဂကလဲလာပီးကယ်တင်မှာမဟုတ်ဘူး၊မေလ(၃၀)ရက်နေ့
နောက်ဆုံးထားပီးအမေစိုကိုခြွင်းချက်မရှိပြန်မလွတ်ပေးလျှင်အထွေထွေသပိတ်စတင်မယ်၊
သံဃာတော်တွေတတိယအကြိမ်ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်ကြ၊ ပြည်သူ့ဝန်ထမ်းတွေအလုပ်မဆင်းပဲအာဏာရှင်သန်းရွှေကိုသပိတ်မှောက်ကြ၊
ကျောင်းသူကျောင်းသားတွေကျောင်းမတက်ပဲ သပိတ်မှောက်ကြ၊
ပြည်သူ့တပ်မတော်သားတွေပြည်သူတွေကိုဝိုင်းဝန်းကာကွယ်စောက်ရှောက်ကြ၊
အလုပ်သမားတွေအလုပ်မဆင်းပဲအာဏာရှင်သန်းရွှေကိုသပိတ်မှောက်ကြ၊
ငါတို့နိုင်ငံရဲ့တတိယသမိုင်းသစ်မော်ကွန်းရေးထိုးရမဲ့အချိန်ရောက်ပီ၊
မြန်မာ့သွေးကိုကမ္ဘာကသိအောင်ပြဖို့အချိန်ရောက်ပီ၊တော်လှန်ရေးအသိနိုးကြားကြလော့၊
အရေးတော်ပုံ အောင်ရမည်၊
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဒို့အရေး ဒို့အရေး၊
အာဏာရူးသန်းရွှေဖြုတ်ချရေး ဒို့အရေး ဒို့အရေး၊
အထွေထွေတပ်ပေါင်းစုသပိတ်ဖွဲ့စည်းရေး ဒို့အရေး ဒို့အရေး၊
အာဏာရှင်စနစ်ရိုက်ချိုးရေး ဒို့အရေး ဒို့အရေး၊
သပိတ်သပိတ် မှောက် မှောက်
ဆန္ဒ ဆန္ဒ ပြ ပြ
အရေးတော်ပုံ အောင်ရမည် အောင်ရမည်၊
အရေးတော်ပုံ အောင်ရမည် အောင်ရမည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 9:58 PM 0 comments
အထွေထွေသပိတ်ဆင်နွဲမည်အားလုံးအသင့်ပြင်ထားကြ
ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့---
ယနေ့မြန်မာနိုင်ငံသည်အားလုံးတက်ညီလက်ညီဖြင့်အထွေထွေသပိတ်ဆင်နွဲရ
မည့်အချိန်ရောက်နေပါပြီ။
န.အ.ဖ စစ်မိစ္ဆာများ၏ဆိုးရွားမှုသည်တနေ့တခြားပိုမိုဆိုးရွားယုတ်မာလာပါသည်။
ပြည်သူလူထူကြီးတရပ်လုံးရှိခိုးပူဇော်ရာဖြစ်သောသံဃာတော်
များကိုပင်စစ်ဖိနပ်နဲ့ကန်ကျောက်၊၀ါးရင်းထုတ်နဲ့ရိုက်သတ်၊သေနတ်နဲ့ပစ်သတ်ကာ
ယုတ်မာချင်တိုင်းယုတ်မာနေကြပါသည်။ယခုထိသံဃာတော်အများအပြား န.အ.ဖ
အကျဉ်းထောင်ထဲတွင်အနှိပ်စက်ခံအညှင်းဆဲခံနေကြရဆဲဖြစ်ပါသည်။
ယခုအခါအပြစ်မရှိဘဲဖမ်းဆီးထားသော အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစု
ကြည်အားမေလ ၃၀ရက်နေ့တွင်မဖြစ်မနေလွတ်ရမည်ဖြစ်သောကြောင့် မလွှတ်ချင်
သည့်အတွက်အကောက်ကြံကာ မိမိယူထားသောလုံခြုံရေးမိမိမှာတာဝန်ရှိတာကို
တခြားလွဲချကာ အကောက်ညံဆင်၍ ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်
ထောင်သို့ပို့ချင်းသည် ငါတို့ကြိုက်တာလုပ်မည် ဘယ်သူမှဂရုစိုက်စရာမလိုဟု
ပြည်သူတစ်ရပ်လုံးကိုစော်ကားရာစိန်ခေါ်ရာရောက်နေပါသည်။သို့ပါ၍ အခု
န.အ.ဖ စစ်အစိုးရ၏ရိုင်းပြစော်ကားမှုများသည် အလွန်ဆိုးရွားနေပါသောကြောင့်
လာမည့်မေလ၃၀ရက်နေ့ကိုနောက်ဆုံးထားကာဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အကျဉ်းသားများအားလုံးကိုချွင်းချက်မရှိအမြန်ဆုံးလွှတ်ပါ။ ယခုတောင်းဆိုထားသောအချက်ကိုမလိုက်နာပါကမေလ၃၁ရက်တနင်္ဂနွေနေ့မှ စတင်ကာတစ်နိုင်ငံလုံးလှည်းနေလှေအောင်းမြင်းဇောင်းမကျန်အထွေထွေသပိတ်ဆင်နွဲမည်
အားလုံးအသင့်ပြင်ထား ကြပါ။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 7:18 PM 0 comments