Thursday, May 29, 2008

မြို့ပေါ်ဒုက္ခသည်စခန်းများကို ပိတ်လိုက်ပြီးနိုင်ငံခြားကယ်ဆယ်ရေးအဖွဲ့များကို နယ်သို့သွားခွင့်မပြု

ဖြိုးကြီး။ မေ ၂၉၊ ၂၀၀၈

စစ်အစိုးရအာဏာပိုင်များက လေဘေးဒုက္ခသည်စခန်းများအားလုံးကို ပိတ်ပစ်လိုက်ပြီး နိုင်ငံခြား ကယ်ဆယ်ရေးအဖွဲ့များကို သွားရောက်ခွင့်မပြုသည့်အတွက် ဒုက္ခသည်ပြည်သူများ အခက်အခဲ ကြုံနေရသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရှိ လေဘေးဒုက္ခသည်စခန်းများအားလုံးကို ယမန်နေ့က ပိတ်လိုက် ပြီးနောက် ငပုတောမြို့နယ်၊ ပျဉ်ခရိုင်ချောင်းဝသို့ သွားရောက်မည့် ဖိလစ်ပိုင်နိုင်ငံမှ ကယ်ဆယ် ရေးဆရာဝန်များအဖွဲ့ကို အာဏာပိုင်များက ခွင့်မပြုကြောင်း ပုသိမ်မြို့မှ ဆရာဝန်တဦးက ယနေ့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပုသိမ်မှာ ရောက်နေတဲ့ ဖီလစ်ပိုင်ကယ်ဆယ်ရေးဆေးအဖွဲ့ဆိုရင် (၂၇) ရက်နေ့ကတည်းက ရောက်နေတာ၊ မနေ့က နေ့လည်(၁၂)နာရီလောက်မှာ ဘာဖြစ်လာလဲဆိုတော့ ဧရာဝတီတိုင်းရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့စည်းက သွားလို့မရဘူးလို့ပြောလိုက်တယ်၊ သူတို့လည်း ပုသိမ်ကနေ လှည့်ပြန်ရမယ်ဆိုတော့ အားလုံးစိတ်ညစ်သွားကြတယ်” ဟု ပြောသည်။

အဆိုပါ ဖိလစ်ပိုင်အဖွဲ့တွင် ဆရာဝန်နှင့် အင်ဂျင်နီယာများ (၃၀)ဦးခန့် ပါဝင်ပြီး ကယ်ဆယ်ရေး ပစ္စည်း၊ ဆေးဝါးများ ကုန်ကားနှစ်စီးဖြင့် တင်ဆောင်လာကာ ပုသိမ်မြို့မှာပင် ရပ်ထားရသည်ဟု အဆိုပါဆရာဝန်က ဆက်လက်ပြောသည်။

ယခုလာရောက်သည့် ဖိလစ်ပိုင်မှ အဖွဲ့သည် နိုင်ငံတကာတွင် ဒုက္ခသည်များအား ကယ်ဆယ် သည့်လုပ်ငန်း အတွေ့အကြုံရှိပြီး ကျွမ်းကျင်သူများဖြစ်သည့်အတွက် ခရီးသွားလာခွင့်မရသည့် အတွက် ဒုက္ခသည်များအတွက် ဆုံးရှုံးမှုတရပ်ဖြစ်သည်ဟုဆိုသည်။

ပုသိမ်မြို့ပေါ်ရှိကယ်ဆယ်ရေးစခန်း (၄) ခုမှ ဒုက္ခသည်များကို အာဏာပိုင်များက နေရပ်သို့ ပြန်ရန်နှင်ထုတ်ကာ ပိတ်လိုက်သည့်အတွက် ဒုက္ခသည် (၃,၀၀၀) ကျော်ခန့်သည် ဘုန်းကြီးကျောင်းများတွင် ကပ်နေရပြီး အခက်အခဲများ ကြုံနေရသည်။

ပုသိမ်မြို့ပေါ်မှ ဒုက္ခသည်များ အခြေအနေနှင့်ပတ်သက်၍ “မြို့ပေါ်က စခန်းတွေအားလုံးမှာ ကျနော်တို့ လေဘေးကယ်ဆယ်ရေး ဆေးခန်းတွေဖွင့်ထားတာရှိတယ်၊ ကျနော်တို့သွားတော့ ပိတ်လိုက်ပြီ ဆရာဆိုပြီး ပြန်ခိုင်းတာ၊ သူတို့ပြောတာက အမိန့်အတိုင်းဘဲ ပိတ်ဆိုပိတ်လိုက်ရတာ လို့ပြောတယ်” ဟု အဆိုပါဆရာဝန်က ပြောသည်။

ငပုတောမြို့နယ်တွင် ဆေးခန်းများသွားရောက်ဖွင့်ထားကာ လေဘေးသင့်ပြည်သူများကို အခမဲ့ ဆေးဝါးကုသ အကူညီပေးနေသည့်အဖွဲ့မှ ဆရာဝန်တဦး၏ ပြောဆိုချက်အရ (၁၅၀,၀၀၀) ခန့်ရှိ သည့် လေဘေးဒုက္ခသည်များမှာ အာဏာပိုင်များလုပ်ဆောင်သည် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေခြင်းနှင့် ပုဂ္ဂလိကအလှူရှင်များအား ကန့်သတ်ထားမှုများကြောင့် တနေ့ထက်တနေ့ ပိုမိုဒုက္ခရောက်နေရသည်ဟု ဆိုသည်။

ရိုးမမှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

သွေးရဲတဲ့ ပန်းတစ်ပွင့်



အသွေးအရောင် ကောင်းကောင်းနဲ့
ဓါးတစ်ချောင်းရဲ့ပန်းပွင့်
ခွေးလေခွေးလွင့်တွေ ၀ိုင်းကိုက်တယ်...။
ပန်းတစ်ပွင့်ကတော့..
မြင့်သထက်မြင့်လို့
တင့်တယ်ခြင်းတွေ
ခညောင်းညွှတ်ဆင်း
ခွေးအိုကြီးတွေအတွက်
ကြောက်လန့်ခြင်းကိုဖြစ်စေတယ်.....။

မန္တလေးကြိုးကြီးချိတ်နဲ့
ပန်းတစ်ပွင့်ကို
သေနတ်ခါးချိတ်တဲ့လူတွေ
အသေကြောက်တယ်......။
သူမ.......
လှပတယ်
ရဲရင့်တယ်
တင့်တယ်တယ်
မြင့်မြတ်တယ်
နူးညံ့စွာ မာကြောလှတယ်...။
ပန်းတစ်ပွင့်မှာ...
ရန်သူတွေများတယ်...
သူတို့က
ရာဇ၀င်တစ်ခုကို
အကျဉ်းချထားရင် ရလိမ့်မယ်လို့
ဥာဏ်နုံ့စွာနဲ့ယုံကြည်တယ်
ဒါကြောင့်လည်း.....
မျက်မမြင်ပုဏ္ဏားတွေ အခါပေးသမျှ
တိုင်းပြည်တစ်ခုလုံး ချေမွခံခဲ့ရတယ်...။
ပန်းတစ်ပွင့်က...
စာတတ်တယ်....
ကမ္ဘာ့စာပေတွေဖတ်တယ်
ပြည်သူတွေရဲ့ရင်ဘတ်ကိုဖတ်တယ်..
သူတို့က...
ရှေ့ဖြစ်နောက်ဖြစ်ဖတ်တယ်
ဗေဒင်ဖတ်တယ်....
ပန်းတစ်ပွင့်က..
ပညာဥာဏ်ကို အခြေပြုတယ်
သူတို့က ယတြာကို လု`ချေနေကြတယ် ....
ဒါနဲ့များ...
တိုင်းပြည်ကောင်းစားအောင်
သူတို့မှဘဲ လုပ်နိုင်မတဲ့လေ....။
ပန်းတစ်ပွင့်......
ပန်းတစ်ပွင့်ရဲ့တင့်တယ်ခြင်း
ကျေနပ်ခြင်းများနဲ့လက်ခံပါတယ်
ပြည်သူတွေ အတွေးနဲ့
အားလုံးရဲ့ရှေ့ရေးမှာ
လေးသိန်းကျော် လူ့အန္တတွေရဲ့ဦးခေါင်းထက်
ပန်းတစ်ပွင့်က နေရာယူထားလျှက်ပါ....။
ပန်းတစ်ပွင့်...
ရဲရင့်စွာ ပွင်းလန်းသမျှလည်း
ကမ္ဘာက လက်ခံတယ်.....။
..........
ပန်းတစ်ပွင့်ပါ
မျိုးရိုးမှန်တယ်
မျိုးရိုးကောင်းတယ်....
အသွေးမှန်တယ်
အရောင်ကောင်းတယ်.....
ဒါကြောင့်......
မြန်မာပြည် ရာဇ၀င်မှာ....
သွေးရဲရဲနဲ့ပွင့်ခဲ့တယ်...။ ။

NZ


အပြည့်အစုံဖတ်ချင်ရင်...

ဇာတ်လမ်းတွဲ

လူပြိန်းကြိုက်
သာယာရွှေပြည်ဝေစေမည့်ဇာတ်ကားတွေ
တစ်ကားပြီးတစ်ကားရိုက်ပြတယ်၊
ဒါရိုက်တာဆိုတဲ့
အုတ်ထုတ်အသေကြီးဆောင်းထားတဲ့လူတွေ။

မဖြစ်နိုင်မှန်းသိသိနဲ့
တံလျှပ်ရောင်ပိတ်ကားပေါ်ကပြကွက်တွေ
တစ်နေ့ပြီးတစ်နေ့
ကြည့်သူတွေကလည်းကြည့်နေကြတုန်း။

အမှောင်နဲ့ပြုစားခံထားရတဲ့မြို့တစ်မြို့
မွတ်တသိပ်ကောင်းကင်ပေါ်မော်ကြည့်တိုင်း
အလင်းမကွဲဘူး။

စနစ်တကျ
မုသာဝါဒနဲ့စာတတ်မျှားတဲ့အတတ်မှာ
မုဆိုးဟာတစ်ဖက်ကမ်းခတ်ခဲ့ပြီ။

နေပြောက်မထိုးတဲ့တောကြီးစစ်စစ်ပါ၊
အမှန်တရားကိုခြေရာခံတိုင်း
မခိုးမခန့်
အမှန်တရားကိုမှန်ထဲမှာတွေ့တယ်။

နေမွန်းသင်
၂၄.၀၅.၂၀၀၆




အပြည့်အစုံဖတ်ချင်ရင်...

မန္တလေးလူရွှင်တော်များ၏ မုန်တိုင်းရန်ပုံငွေပွဲ အတားခံရ

မန္တလေးမြို့ရှိ လူရွှင်တော်များ၏ မုန်တိုင်းရန်ပုံငွေ ဖျော်ဖြေပွဲကို ယနေ့ပြုလုပ်ရန်စီစဉ်ထားရာ သဘင်အစည်းအရုံးက အကြောင်းပြချက်မပေးဘဲ ဇွန်လ ၄ ရက်နေ့သို့ ပြောင်းရွှေ့ခိုင်းသည်ဟု မန္တလေးရှိ အနုပညာအသိုင်းအ၀န်းက ဧရာဝတီကို ပြောသည်။
လူရွှင်တော် ဦးလူမော်က “ဒီနေ့မနက် ၉ နာရီလောက်မှာ အလှူခံထွက်ဖို့ လူရွှင်တော် အဝတ်အစားတွေ ဝတ်ထားပြီးပြီ … ဆိုင်းဝိုင်းတွေ၊ တီးဝိုင်းတွေကားပေါ်တင်နေတဲ့အချိန်မှာ မထွက်ပါနဲ့ဦးဆိုပြီး မန္တလေးသဘင်အစည်းအရုံးက လာပြောသွား တယ်။ ကျနော်တို့အနုပညာသမားတွေကတော့ သွားဖို့ စိတ်ဓာတ်ပြင်းပြနေတာပေါ့” ဟု ဧရာဝတီကို ပြောသည်။

အလှူခံထွက်မည့် လူရွှင်တော်များတွင် နှုတ်ခမ်းမွေးညီနောင်များဖြစ်ကြသည့် ဦးပါပါလေး၊ ဦးလူဇော်၊ ဦးလူမော်တို့ အပါအ၀င် မန္တလေးလူရွှင်တော်ကြီးများဖြစ်ကြသည့် ဦးဒီပါ၊ ဦးချစ်စရာ စသူတို့လည်း ပါဝင်ကြောင်း သိရသည်။

သဘင်အစည်းအရုံးက လူရွှင်တော်များ၏ လူမှုရေးရန်ပုံငွေရှာပွဲကို ပိတ်ပင်ထားသော်လည်း မန္တလေးရှိ နာမည်ကျော် သဘင်ပညာရှင်များက အလှပြယာဉ်များဖြင့် ယခုလ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည် ဖျော်ဖြေအလှူခံလျက်ရှိသည်။

သဘင်အစည်းအရုံး၏ လှည့်လည်ဖျော်ဖြေမှုအစီအစဉ်များကို မြို့နေလူထုသိရှိစေရန် အလှူခံဖိတ်စာများကို ဝေငှထားပြီး ဖြစ်သည်။

စိန်ဓူဝံ ဆိုင်းအဖွဲ့၏ တာဝန်ရှိသူတဦးက “မန္တလေးမှာရှိတဲ့ ဆိုင်းဆရာ၊ နှဲဆရာ၊ အငြိမ့်တွေက အတီးသမားတွေ လူရွှင်တော် ဆရာတွေကစုပြီး အလှူခံထွက်ဖို့ပါ၊ အခုရက်ရွှေ့ခိုင်းတာကတော့ သဘင်အစည်းအရုံးက ဇာတ်မင်းသားတွေလှည့်နေတဲ့ ထဲလိုက်လှည့်ရမှာမို့ ကျနော်တို့နဲ့ မလိုက်နိုင်တော့လို့ ရက်လွှဲတဲ့သဘောပါ၊ ပွဲပိတ်တာတော့ မဟုတ်ပါဘူး” ဟု ဧရာဝတီကို ပြောသည်။

လူရွှင်တော်များသည် ၎င်းတို့၏ဖျော်ဖြေမှုအစီအစဉ်ကို စိန်ဓူဝံ ဆိုင်းအဖွဲ့ဖြင့် ဇာတ်တိုက်ထားပြီး ၃ ရက် ဖျော်ဖြေရန် စီစဉ်ထားသည်။

ဇတ်သဘင်အစည်းအရုံးအစီအစဉ်ဖြင့် လှည့်လည်ကပြသည့် အနုပညာရှင်များတွင် နာမည်ကျော် ဇာတ်မင်းသား ဝင်းနောင်၊ ဝေယံဦး၊ ရွှေညီအစ်ကိုတို့ပါဝင်ပြီး ဖျော်ဖြေရေးကားများဖြင့် ညနေပိုင်းတွင် လှည့်လည်အလှူခံလျက် ရှိသည်။

မန္တလေးမြို့ခံတဦးက “ဒီနေ့တော့ ဘုရားကြီးဘက်ကနေ ဈေးချိုဘက်ကို လှည့်ဖို့ရှိတယ်လို့ ဖိတ်စာမှာ ပါတယ်။ အလှူငွေ တွေ တော်တော်လေးရတယ်။ ၂၃ ရက်နေ့ကဆိုရင် ကျပ် ၁၁ သိန်းလောက်ရတယ်လို့ ကြားတယ်” ဟု ပြောသည်။

ထို့အတူ ဇွန်လ ၇ ရက် နေ့ညနေ ၅ နာရီတွင်လည်း မြန်မာဘရူဝါရီလီမိတက်က ဦးစီးကျင်းပသည့် လေဘေးဒုက္ခသည်များ ရန်ပုံငွေပွဲကို မန္တလေးရှိ ဗထူးအားကစားကွင်း၌ ကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံ ဂီတအစည်းအရုံးကဖွဲ့စည်းထားသည့် ကရုဏာသံစဉ် တေးဂီတအဖွဲ့က တီးခတ်မည်ဟု ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။

ကရုဏာသံစဉ် တေးဂီတအဖွဲ့နှင့်တွဲဖက်၍ နာမည်ကျော်တီးဝိုင်းများဖြစ်သည့် layzy club, Metal Zone, The Trees တို့နှင့်အတူ ပလေးဘွိုင်းသန်းနိုင်၊ ဂျေမောင်မောင်၊ ချစ်ကောင်း၊ R ဇာနည်၊ ဟန်ထွန်း၊ တင့်တင့်ထွန်း၊ သျှီ၊ ချစ်သုဝေ၊ L ဆိုင်းဇီ စသည့် တေးသံရှင်များ ပါဝင်သီဆိုမည်ဖြစ်ကြောင်းလည်းသိရသည်။

ရရှိလာမည့် ရန်ပုံငွေကို ဂီတအနုပညာရှင်များကိုယ်တိုင် မုန်တိုင်းဒဏ်ခံရသည့် ဒုက္ခသည်များထံ သွားရောက် လှူဒါန်းမည် ဟုလည်း ကြေမုံသတင်းစာတွင် ဖော်ပြထားသည်။
နိုင်ငံကျော်ဟာသသရုပ်ဆောင်များဖြစ်ကြသည့် အရိုင်း၊ ကင်းကောင်၊ ဇာဂနာ၊ ညောင်ညောင်၊ ငှက်ပျောကြော်၊ ဧရာ၊ ဗေလုဝ၊ မော့စ် တို့အပါအ၀င် သရုပ်ဆောင်များစွာတို့သည်လည်း ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ရှိ လေဘေးဒဏ် ခံခဲ့ရသည့် ဒုက္ခသည်များအား သွားရောက်တွေ့ဆုံကာ အကူပစ္စည်းများ ပေးအပ်လျက်ရှိသည်။


ရန်ကုန်နက်မှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

Wednesday, May 28, 2008

US ships to leave Burma waters if military not allowed deliver supplies

BURMA: US warships will soon leave waters near Burma if the junta does not allow the American military to deliver food, water and other aid to cyclone survivors, a US commander said. Login or subscribe for more.


အပြည့်အစုံဖတ်ချင်ရင်...

Myanmar's referendum farce

By VACLAV HAVEL, DESMOND TUTU and RICHARD VON WEIZSACKER

PRAGUE — The enormous suffering of the Burmese people caused by the recent cyclone, which has caused tens of thousands of deaths, deserves the sympathy of the entire world. But more than sympathy is needed, because the Burmese military junta's incompetence and brutal oppression are further aggravating the tragic consequences of this natural disaster.

In the midst of the cyclone's devastation, Burma's ruling generals went ahead and held a referendum on a new constitution. But, according to Burma's Constitutional Referendum Act, members of religious organizations, those subject to criminal prosecution, and members of ethnic groups that have not agreed to a ceasefire with the government were barred from voting. Thus, all current and former political prisoners, about 500,000 Buddhist monks, and more than twice as many members of ethnic minority groups living close to the borders were banned from the vote.

Moreover, according to the new constitution that was supposedly "approved" by the "referendum," Aung San Suu Kyi, who has never been prosecuted and still remains under house arrest, is barred from standing in the 2010 general elections under the pretext that her deceased husband was British. Is the world really willing to accept such an absurdity?

We strongly support the Burmese opposition's campaign calling on the country's citizens to reject the constitution, which does not promote human rights, but only confirms the military's political role. Many democracy activists have been arrested throughout the country. The regime's Draconian "law" (5/96) prohibits participants from criticizing the draft constitution; those who dare to challenge the regime face a 20-year prison sentence.

Given the violent suppression of last September's mass demonstrations (the "Saffron Revolution") led by Burma's Buddhist monks, and the constant repression in the country, it is not surprising that the military junta tries to shroud its despotic tendencies in pseudo-democratic measures such as the sham electoral process of the referendum.

Sadly, the international community did not respond to last autumn's mass arrests of human rights defenders. The 88 Generation leaders, including Min Ko Naing, Ko Ko Gyi, women activists like Su Su Nway and others, bravely expressed their grievances time and again in letters, statements and public demonstrations prior to the Saffron Revolution. Their courageous calls fell on deaf ears; they now remain imprisoned.

It is time to strongly condemn the exclusion of a considerable number of people from voting and to insist on the release of Burma's political prisoners. The United Nations and the European Union should be ready to reject conclusively the result of the referendum and strengthen sanctions against the regime. Burma's neighbors in the Association of Southeast Asian Nations should stop looking the other way as Burma's rulers trample on Burma's citizens.

The U.N. Security Council should consider introducing a universal arms embargo, and the EU should adopt banking sanctions that target the regime and its cronies.

Moreover, the U.N. should not only condemn, but without further delay put a stop to today's greatest atrocity: the regime's obstruction of foreign assistance to victims of the cyclone. Their deaths are the sole responsibility of the military junta, which deliberately and with knowledge of the likely consequences has closed the door to humanitarian aid and workers from all over the world.

Their actions represent an appalling crime against humanity.

The military-run referendum will not bring democracy to Burma, nor will it help the Burmese people, who now are suffering not only from the authoritarian regime and poverty, but also from a grave natural disaster and its totally inept handling by the cynical generals. Burma's rulers have failed in their duty to protect the Burmese people, but active and decisive political action by the international community toward the regime may yet do so.
Vaclav Havel is a former president of the Czech Republic, Desmond Tutu is a winner of the Nobel Peace Prize, and Richard von Weizsacker is a former president of Germany. © 2008 Project Syndicate (www.project-syndicate.org)



အပြည့်အစုံဖတ်ချင်ရင်...

ကွမ်းခြံကုန်းက အပြန်




(ဒုက္ခတောထဲက သနပ်ခါးအဖွေးသားနဲ့ ကလေးတွေရဲ့ အပြုံးမှာ၊ ပြန်ရသူ မျက်ရည်စတွေနဲ့)
မိုးမခ
မေ ၂၈၊ ၂၀၀၈

မေး - စင်္ကာပူကို ပြန်ရောက်ပြီလား ညီမလေး။

ဖြေ - ပြန်ရောက်ပြီ အမရေ။ အစကတော့ နိုင်ငံခြားသားတွေနဲ့ အတူသွားဖို့၊ နောက်တော့ သူတို့တွေကို ဗီဇာ မပေးတော့ ကျမတို့ မြန်မာတွေပဲ အရင် သွားကြတယ်။ ရသမျှ အလှူခံရသမျှတွေ စုပြီးတော့ပေါ့။

မေး - ဟိုက ကယ်ဆယ်ရေးအဖွဲ့ကြီးက စီစဉ်ပေးတဲ့အတိုင်း ခရီးစဉ်ကို သွားဖြစ်သလား။

ဖြေ - သွားဖြစ်ပါတယ်။ ကျမတို့က ဒုက္ခသည်တွေ ကူညီရေးအတွက် အတွေ့အကြုံတွေ လိုအပ်နေတယ်။ သူတို့မှာက စေတနာရှင်လုပ်အားပေးတွေ လိုအပ်တယ်။ သူတို့ ကျွမ်းကျင်သူတွေ အင်အားနည်းနေချိန်မှာ ကျမတို့တို့ ရောက်လာတော့ တအားပေါ့နော်။

မေး - ဘယ်နေရာတွေ ရောက်ခဲ့သလဲ။ ဘာတွေ တွေ့ခဲ့ရသလဲ။

ဖြေ - ရောက် ရောက်ချင်း ပထမဦးဆုံး ၂ ရက်မှာ ကွမ်းခြံကုန်း၊ ကော့မှူးကို သွားရပါတယ်။ လေဘေး ဒုက္ခသည်တွေ အများကြီးကို မျက်မြင်ကိုယ်တွေ့ တွေ့ရတာ။ ရင်ထဲမှာ ဆို့သွားတယ်။ ကျမတို့ မြန်မာတွေ … ဒုက္ခရောက်နေတာ … စားရမဲ့၊ သောက်ရမဲ့၊ နေရာမဲ့။ အများကြီးပဲ။

မေး - သူတို့တွေ ဘယ်မှာ နေ နေကြတာကို ပထမဦးဆုံးတွေ့ရတာလဲ။

ဖြေ - ဘုန်းကြီးကျောင်းတွေမှာပါ။ ဘုန်းတော်ကြီးတွေရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ အားကိုးတကြီးနဲ့ တိုးဝှေ့ခိုလှုံနေကြရတဲ့ ကျမတို့ မြန်မာတွေ။ မျက်ရည်တွေ မစဲသေးဘူး။ သူတို့တွေ …

မေး - ဆရာတော်တွေရဲ့ ကျောင်းတွေမှာ လှူခဲ့ကြသလား

ဖြေ - ဘုန်းဘုန်းတွေက ဒီ့ထက် အရောက်အပေါက်နည်းတဲ့ ကျေးရွာတွေဆီ သွားပြီး ကူညီဖို့ မိန့်ကြားတယ်။ ဒါကြောင့် အစားအသောက်၊ အ၀တ်အစားနဲ့ ဆေးဝါးတချို့ကို ဆရာတော်ဆီမှာ ကပ်ပြီး ခရီးဆက်နိုင်သလောက် ဆက်ခဲ့ရပါတယ်။

မေး - ဘယ်က အကူအညီတွေနဲ့ မြန်မာဒုက္ခသည်တွေ အသက်ဆက်ကြရတာလဲ။

ဖြေ - ပြည်ပက အကူအညီတွေက ချက်ခြင်းကြီး မရောက်သေးပါဘူး။ မြန်မာပြည်သူတွေ အချင်းချင်း လက်ဆင့်ကမ်းတဲ့၊ ရိုင်းပင်းတဲ့ ကိုယ်ချင်းစာပြီး တနိုင်ကူကြတဲ့ အလှူတွေပါ။ ခပ်ကျဲကျဲပဲ ရောက်ပါသေးတယ်။

မေး - ဆိုးဆိုးရွားရွား သေကျေပျက်စီးနေတာတွေကို တွေ့ကြရပြီလား။

ဖြေ - ပထမ စစချင်းမှာ သေဆုံးပျက်စီးနေတာတွေ မတွေ့ရသေးပေမယ့်၊ ကျမတို့ မြန်မာတွေရဲ့ မျက်နှာတွေမှာ ခါးစီးခံထားရတဲ့ ဒုက္ခတွေက ကျမတို့ဆီကို ကူးစက်နေပါပြီ။

မေး - လမ်းမှာ ဘာတွေ တွေ့ရသေးသလဲ

ဖြေ - လမ်းတဖြတ်မှာ ကယ်ဆယ်ရေး တဲ အသစ် ၃၀ လောက် ထိုးထားတာ တွေ့ရတယ်။ တဲ တတဲ အိမ်ထောင်စု ၃ စု ထားမယ်လို့ ဆိုတယ်။ ဒါပေမယ့် တဲနားကို ဘယ်ဒုက္ခသည်မှ မသီနိုင်ပါဘူး။ တဲတလုံးမှာ ဆက်သွယ်ရေးစက်တွေ၊ စစ်သားတွေကို တွေ့ရတယ်။ ဒါကလွဲလို့ ဘယ် ကြံ့ဖွတ်တွေ၊ ဘယ်စစ်သားတွေကမှ မြန်မာဒုက္ခသည်တွေကို ကူညီနေတာ မတွေ့ခဲ့ရဘူး။ အထက်က အမိန့်ကို စောင့်နေတဲ့ ပုံနဲ့ စစ်သားတွေ …

မေး - တခြား ဘယ်တွေကို ရောက်ခဲ့သလဲ

ဖြေ - မြောင်းမြနဲ့ ဖျာပုံဘက်ကိုလည်း သွားဖြစ်ပါတယ်။ အဲဒီလမ်းတလျောက် ချောင်ဘေး၊ မြစ်ဘေးမှာ လူသေတွေ၊ နွားသေတွေဟာ မြင်ကွင်းထဲမှာ အပြည့်ပါပဲ။ လူသေ အလောင်းတွေ ဆိုတာ အစုလိုက်၊ အစုလိုက်နော်။ အလောင်းတွေက ပုပ်ပွနေပါပြီ။

မေး - ဒုက္ခသည်စခန်းတွေ ဆိုတာ ဘာလဲ

ဖြေ - ကျမတို့ မြန်မာတွေရဲ့ ခိုကိုးရာ ဒုက္ခသည်စခန်းဆိုတာ ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေပါ။ ဘုန်းတော်ကြီးတွေက သူတို့တွေ လုပ်နေတဲ့ ကယ်ဆယ်ရေး အလုပ်တွေကို ပြောပြကြတယ်။

မေး - သူတို့က ဘာတွေ လုပ်ခဲ့ကြပြီးပြီလဲ

ဖြေ - လပ္ပတ္တာအထိ ဘုန်းဘုန်းတွေက ဆင်းပြီး လိုက်ကယ်ကြတယ်တဲ့။ သူတို့ တွေ့သလောက် ခေါ်လာခဲ့တာက အမျိုးသားကြီးတွေ အများစုပဲ။ အမျိုးသမီးတွေ၊ ကလေးတွေကတော့ မုန်တိုင်းအောက်မှာ ပျက်စီးကုန်ကြပြီတဲ့။ မိန်းမတွေ၊ ကလေး သူငယ်တွေကိုလည်း ကယ်ဆယ်ရေး စခန်းတွေမှာ တွေ့ခဲ့ရပါတယ်။ အများစုက အမျိုးသားတွေ များပါတယ်။

မေး - သူတို့တွေ ဘယ်လိုများ ရင်ဆိုင်ကြပါလိမ့်။

ဖြေ - သူတို့မှာ ဘာမှ မရှိတော့ဘူးလေ။ မိသားစုတွေ မရှိတော့ဘူး။ လယ်တွေ၊ မြေတွေ၊ ပစ္စည်းဥစ္စာတွေ၊ ဘာမှ မကျန်ရစ်တော့တဲ့ ကျမတို့ မြန်မာတွေပါ။ သူတို့တွေမှာ တစိမ်းတွေနဲ့ အတူ ဘုန်းကြီးကျောင်းတွေမှာ၊ စာသင်ကျောင်းတွေမှာ အတူ စုဝေးနေကြရတယ်။ အဲဒီမှာ ဆုံးရှုံးရသူတွေ အချင်းချင်း အားပေးလို့၊ အားတင်းလို့ နေ့စဉ် နေထိုင် အသက်ရှုနေကြရတယ်။

မေး - သူတို့တွေကို ညီမလေးတို့တတွေက အားပေးရတာပေါ့နော်။ ညီမတို့ကိုတွေ့တော့ သူတို့ ၀မ်းသာကြမှာပေါ့။

ဖြေ - ကျမတို့တတွေက ဆို့နင့်ကျေကွဲ ၀မ်းနည်းရသူတွေပါ။ သူတို့တွေ မုန်တိုင်းခံတွင်းဝက သေကံမရောက် ကျန်ရစ်ခဲ့ပေမဲ့၊ အစစ ဆုံးရှုံးထားသူတွေကို ကြည့်ပြီး ကျမတို့က ငိုကြရသူတွေ ဖြစ်နေတယ်၊ ဘာမှ မရှိတော့တဲ့ မြန်မာတွေက ကျမတို့တတွေကို ပြန်ပြီးတော့ ဖြေသိမ့်ကြတယ်။ သူတို့တတွေက သူတို့ချစ်တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ကို ထွေးပွေ့ထားပြီးတော့ အဲဒီမှာ ရှိသမျှ၊ ကျန်ရစ်သမျှ အင်အားတွေ စုစည်း ရပ်တည်ကြပြီးတော့၊ ကျမတို့ ဧည့်သည်တွေကို ပြန်အားပေးနေကြတယ်။ မနက်လင်းလို့ရှိရင် ကျမလေ အမကို မြင်စေ့ချင်တယ်။ ကလေးတွေ၊ ကလေးတွေလေ …။ သူတို့တွေကိုလေ သူတို့ကို စောင့်ရှောက်နေတဲ့ လူကြီးတွေက သနပ်ခါးတွေ ဖွေးနေအောင် လိမ်းပေးထားကြတယ်။ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို အိမ်လုပ်ပြီး ခိုနေရတဲ့ ကလေးတွေလေ … သနပ်ခါးတွေ ဖွေးလို့ ကျမတို့ဆီမှာ တန်းစီပြီး စားစရာကို စောင့်နေကြတယ်။ ကျမတို့က မျက်ရည်တွေနဲ့ပါ အမရယ်။ ကျမတို့ ဧည့်သည်တွေက မျက်ရည်တွေနဲ့ …

မေး - ညီမတို့ အကူအညီတွေက ကျေနပ်စရာပါပဲ မဟုတ်ဘူးလား။ လိုအပ်နေတဲ့အချိန်မှာ သူတို့ဆီကို ညီမတို့ အရောက်သွားခဲ့တယ်လေ။

ဖြေ - ဆင့်ပါးစပ် နှမ်းပက်သလိုပါပဲ အမရယ်။ ဒါပေမဲ့ ကျမတို့ အတတ်နိုင်ဆုံးကို လုပ်ခဲ့တာပဲ။ ဆက်လုပ်ရဦးမှာပဲ။ နှမ်းစေ့လေးတွေ တစေ့ချင်း ဆင့်ပါးစပ်ထဲရောက်အောင် ကျမတို့ ကြိုးစားတယ်။ ဆက်ကြိုးစားကြရဦးမယ်။

မေး - အခြား အလှူရှင်တွေ၊ အကူအညီတွေကော တွေ့ခဲ့သေးသလား

ဖြေ - ဖျာပုံက ကုန်သည်တချို့က မိုးစိုစပါးတွေ၊ မိုးစို ကြက်သွန်တွေကို ကျောင်းတွေမှာ လာချပေးသွားတာတွေ့ရတယ်။ စစ်ရဟတ်ယာဉ်တွေက ရေသန့်တွေနဲ့ ဆန်အိတ် ၁၀ အိတ်ကို လေပေါ်က ပစ်ချသွားတယ်။ သူတို့ လုံခြုံရေးကို စိုးရိမ်တယ်နဲ့ တူပါရဲ့။ အဲဒီလိုအလှူတွေကို တသက်စာ စွန့်လွှတ်စွန့်စားပြီး လှူပြီးပြီလို့ ထင်သွားပြီနဲ့ တူရဲ့။ နောက် မတွေ့တော့ဘူး အမရေ။

မေး - သူတို့တွေကို ညီမတို့ ပြန်တွေ့ကြအုံးမှာလား

ဖြေ - ကျမတို့ မြန်မာတွေ ပြန်တွေ့ကြအုံးမယ်။ ပြန်တွေ့ကြအုံးမယ်။ ကောလဟာလ မျိုးစုံကြားထဲမှာ၊ မသေချာ မရေရာမှုတွေ အများကြီးထဲမှာ ကျမတို့ သူတို့ကို ထားခဲ့ရတာ။ စစ်အစိုးရက အလှူငွေတွေ၊ အလှူပစ္စည်းတွေနဲ့ သူတို့လူတွေကို ကယ်ဆယ်တည်ဆောက် ပေးကမ်းဖို့ သိမ်းထားမှာ တဲ့။ သူတို့ ကုမ္မဏီတွေကို ပြန်လည်တည်ဆောက်ရေး လုပ်ကွက်တွေ ချပေးပြီး လုပ်စားဦးမှာတဲ့။ မိဘမဲ့ကလေးတွေကို သူတို့က စစ်သားစုဆောင်းရေးကနေ ခေါ်ပြီး သုံးမှာတဲ့။ လယ်ယာမဲ့တဲ့ အမျိုးသားတွေကို သူတို့လုပ်အားပေး စခန်းတွေမှာ ခေါ်ပြီး ခိုင်းစားမှာတဲ့။ ပြီးတော့ ပင်လယ်ရေ ၀င်ထားတဲ့ မြစ်ဝကျွန်းပေါ်ကို သဘာဝဓာတ်ငွေ့ ရောင်းစားသလို အကွက်ရိုက်ပြီး ထိုင်းတို့၊ အာဆီယံတို့က စီးပွားရေးလုပ်ငန်းရှင်တွေကို ကန်ထရိုက်ပေးပြီး ရောင်းစားအုံးမှာတဲ့။ အဲဒီလို မသေချာမှုတွေကြားထဲမှာ ကျမတို့ မြန်မာတွေကို ကျမတို့ ထားခဲ့ရတယ်။

မေး - ကျမတို့ ဘာတွေ ၀ိုင်းလုပ်ကြမလဲ ညီမရယ်။

ဖြေ - အစိုးရ မရှိတဲ့ တိုင်းပြည်ပါ အမရယ်။ အစိုးရ မရှိတဲ့ တိုင်းပြည်ပါ။ ကျမတို့ တိုင်းပြည်ကို ကျမတို့ သူတို့လက်ထဲက မရ ရတဲ့နည်းနဲ့ ပြန်ယူရမယ်။ မဟုတ်ရင် ကျမတို့ မြန်မာတွေကို ပြန်တွေ့ရတော့မှာ မဟုတ်ဘူး။ သနပ်ခါးအဖွေးသားနဲ့ ပြုံးနေတဲ့ ကျမတို့ ကလေးတွေ …

မိုးမခမှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

Tuesday, May 27, 2008

ပြည်သူတွေဝိုင်းကူဖို့လိုနေပြီ


အာဏာရှင်တွေရဲ့မဟုတ်မတရားမှုတွေကို
ခေါင်းငုံမခံ၊သတ္တိရှိရှိပြည်သူတွေရှေ့ကနေ
ရဲရဲဝံ့ဝံ့လုပ်ဆောင်နေကြခြင်းသည်မိမိအကျိုးစီးပွား
အတွက်လုပ်ဆောင်နေကြသည်မဟုတ်တစ်တိုင်း
တစ်ပြည်လုံးလွတ်မြောက်ရေးအတွက်လုပ်ဆောင်
နေကြသည်ကိုသိရှိနားလည်သဘောပေါက်ဖို့
အချိန်တန်ပြီဖြစ်သည်။ပြည်သူတွေဝိုင်းဝန်းကူညီ
ကြပါ။




အပြည့်အစုံဖတ်ချင်ရင်...

ဆန္ဒခံယူပွဲရလဒ်ကို လက်မခံဟု အဖွဲ့ချုပ် တရားဝင်ပြော


၁၈ နှစ်မြောက် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် မေ ၂၇ ရက်၊ ၂၀၀၈ ခုနှစ် အင်္ဂါနေ့က ကျင်းပစဉ်။
ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရခဲ့သော်လည်း အာဏာ လွှဲပြောင်းပေးရန်
စစ်အစိုးရက ငြင်းဆန်ခဲ့သည်။ ဓာတ်ပုံ - Citizen Journalist

နေသွင်
အင်္ဂါနေ့၊ မေလ 27 2008 18:53 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ၁၉၉ဝ ရွေးကောက်ပွဲရလဒ် လွှတ်တော်ခေါ်ယူရေးကို တောင်းဆိုသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ယနေ့ ကြေညာချက်တွင် မကြာသေးခင်က ပြီးစီးသွားသော ဆန္ဒခံယူပွဲ ရလဒ်ကို လက်မခံနိုင်ဟု တရားဝင် ထုတ်ဖော် ပြောဆိုလိုက်သည်။

အဖွဲ့ချုပ်၏ ယနေ့ ထုတ်ပြန်ချက်သည် ဖွဲ့စည်းပုံကို တနိုင်ငံလုံးရှိ မဲဆန္ဒရှင်များ၏ ၉၂ ရာခိုင်နှုန်းက ထောက်ခံသည် ဟူသော သတင်း ထုတ်ပြန်ချက်နှင့် ရက်ဆက် ထွက်ပေါ်လာခြင်း ဖြစ်ပြီး ပထမဆုံးအကြိမ် တရားဝင် တုံ့ပြန်ချက် ဖြစ်သည်။

အဖွဲ့ချုပ်ရုံးတွင် ယနေ့ ကျင်းပသော ရွေးကောက်ပွဲ (၁၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား အပြီးတွင် ထွက်ပေါ်လာသော အဖွဲ့ချုပ်၏ ကြေညာချက်တွင် စစ်အစိုးရက ပြုလုပ်သော ဆန္ဒခံယူပွဲသည် နိုင်ငံတကာ စံချိန်မမှီရုံမျှမက မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က စံချိန်ကို မမှီဟု ဝေဖန်ထားသည်။

“အာဏာပိုင်တို့က ဖွဲ့စည်းပုံကို ၁၄ နှစ်ကြာ အချိန်ဆွဲယူခဲ့ပြီး၊ ဖွဲ့စည်းပုံ မူကြမ်းအား ဆုံးဖြတ်ပေးရမည့် ပြည်သူလူထု၏ သဘောထားကို တလအတွင်း တောင်းခံခဲ့ခြင်းသည် နိုင်ငံတကာ စံနှုန်းများကို ညီညွတ်ရန် မဆိုထားနှင့် တပါတီစနစ် ကျင့်သုံးသည် မြန်မာ့ဆိုရှယ်လစ် ပါတီ၏ ၁၉၇၃ ခုနှစ် ဆန္ဒခံယူပွဲ အဆင့်ကိုပင် မမှီပါ” ဟု ဆိုထားသည်။

ကြေညာချက်တွင် စာမျက်နှာ (၄) မျက်နှာ ပါဝင်ပြီး လွှတ်တော်ခေါ်ပေးရေး၊ ခေါင်းဆောင်များ ပြန်လွှတ်ပေးရေး၊ အဖွဲ့ချုပ်ရုံးများ ပြန်ဖွင့်ပေးရေး၊ ဖျက်သိမ်းခံ တိုင်းရင်းသား ပါတီများကို ပြန်လည် တရားဝင်ခွင့်ပေးရေး၊ လွတ်လွတ်လပ်လပ် နိုင်ငံရေး လှုပ်ရှားခွင့်ပေးရန် အချက်များကိုလည်း ထုံးစံအတိုင်း ထည့်သွင်း တောင်းဆိုထားသည်။

ဆန္ဒခံယူပွဲနှင့် ပတ်သက်သော အဖွဲ့ချုပ်၏ ရပ်တည်ချက်တွင် “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်သူလူထု၏ လွတ်လပ်သော ဆန္ဒကို အခြေခံသည့် အဆုံးအဖြတ်ကို လက်ခံမည် ဖြစ်သော်လည်း အာဏာပိုင်များ၏ အတုအယောင် ဆန္ဒခံယူပွဲကို လက်ခံနိုင်မည် မဟုတ်ပေ” ဟု ပါရှိသည်။

နာဂစ်မုန်တိုင်းကြောင့် ပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီးနေချိန်တွင် စစ်အစိုးရသည် “ကိုယ်ကျိုးအာဏာ နိုင်ငံရေးအတွက် တဇွတ်ထိုး ကျင်းပခဲ့သည်” ဟုလည်း အဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ဝေဖန်ထားသည်။

လူထုကိုယ်စားလှယ်များ ပါဝင် ရေးဆွဲခြင်း မရှိသော ဖွဲ့စည်းပုံ မူကြမ်းတွင် ပြည်သူတို့၏ သဘော အကြံဥာဏ်များကို တောင်းခံခဲ့ခြင်း မရှိသလို ဆန္ဒခံယူပွဲ ကျင်းပသည့် အချိန်တွင်လည်း စစ်အစိုးရ ကိုယ်တိုင် ချမှတ်ထားသော ဆန္ဒခံယူပွဲ ဥပဒေ နည်းဥပဒေများကို ချိုးဖောက်ကာ ထောက်ခံမဲရအောင် နည်းမျိုးစုံ ကြိုးပမ်းခဲ့သဖြင့် ပြည်သူ့ဆန္ဒ အစစ်အမှန်ကို ထင်ဟပ်မှုမရှိ ဟုလည်း အဖွဲ့ချုပ်က ဆိုသည်။

Mazzima မှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

ပြည်သူတွေအတွက်ရပ်တည်နေသည့်ကျောင်းသားရဟန်းတော်များ






27-05-2008
ယနေ့ နေ့လည် (၁၂-နာရီ -၃၀-) အချိန်မှာ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ သံရုံးရှေ့တွင် တတိယကမ္ဘာငြိမ်းချမ်းရေးအဖွဲ့များ၊ လူ့အခွင့်အရေးအဖွဲ့များ၊ NGOအဖွဲ့များ၊ ဘာသာရေး
အဖွဲ့များ၊ သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့တို့ ပူပေါင်းကာ ဆန္ဒပြ
ထုတ်ဖေါ်ခဲ့ကြသည်။
အဓိကအားဖြင့် ဒေါ်အောင်ဆန်းကြည်လွတ်မြောက်ရေးအပါအ၀င်၊ ၁၉၉၀ရွေးကောက်ပွဲအား
အသိအမှတ်ပြုရေးနှင့် နိုင်ငံရေးအကျဉ်းသားများချက်ချင်းလွတ်ပေးရေး၊ ဒီမိုကရေစီရရှိရေး၊
နိုင်ငံတကာအကူအညီများ ထိရောက်စွာခွင့်ပြုရေးစသော အချက်များတောင်းဆိုခဲ့ကြောင်း
သိရှိရပါသည်။

MSMA

အပြည့်အစုံဖတ်ချင်ရင်...