
ရဟန်း ရှင်လူ ကျောင်းသား မျိုးချစ် ပြည်သူ့တပ်မတော် တစ်ရပ်လုံးအနေနဲ့ အရေးတကြီး သိရှိနားလည် သဘောပေါက်ဖို့က စစ်အာဏာရှင်ရဲ့ လှည့်ကွက်ကို မယုံစားမိစေဖို့ ပါပဲ၊
(၁၁.၈.၂၀၀၉) နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မလိမ့်တစ်ပတ်နဲ့ မတရားစီရင်ချက် ချခဲ့ပီးပါပြီ၊ ထိုသို့မတရားစီရင်ချက်ချခဲ့တာကိုပင် နအဖ အာဏာရူး သန်းရွှေက ကရုဏာကြီးမာသယောင်ယောင် တိုင်းပြည်အပေါ် စေတနာရှိသယောင်ယောင်
နှင့် ပြည်သူလူထုကြီးကို လိမ်လည်လှည့်ဖျားခဲ့သည်ကို အထူးသတိပြုကြစေလိုသည်၊
နအဖသည် ဘယ်သောအခါမှ တိုင်းပြည်အပေါ် စိတ်ကောင်း နှလုံးကောင်း စေတနာ
မရှိခဲ့ဘူး ဆိုသည်ကို ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးအနေဖြင့် အထူး သတိချပ်သင့်ပေသည်၊
ပြည်သူလူထုကို တစ်ခါမှမသုံးဖူးတဲ့ နူးညံ့တဲ့ စကားလုံးများကိုရွေးသုံးနှစ်သိမ့်ပီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ကျခံစေခဲ့ပေသည်၊ ဒါဟာ ပြည်သူလူထုရဲ့ ပေါက်ကွဲထွက်လာမဲ့ ဒေါသကို အနုနည်းနဲ့ ထိမ်းချုပ်လိုက်ခြင်းသာ ဖြစ်ပေသည်၊ မြန်မာလူမျိုးများသည် ပင်ကိုယ်အားဖြင့် စဉ်းစားတွေးခေါ်မှုအားနည်းသည့် အလျှောက် သနားကရုဏာ သက်ဝင်မှုရှိတတ်ကြသောလူမျိုးများဖြစ်ပေသည်၊ ဒါကို နအဖ
အာဏာရူး သန်းရွှေက အခွင့်ကောင်းယူ အသုံးချလိုက်ခြင်းသာဖြစ်ပေသည်။
အမှန်တကယ် ရိုင်းရိုင်းပြောရလျှင် ဘယ်သူတွေ ဘာပြောပြော ဘာကောင်မှ စောက်ဂရုစိုက်စရာ မလိုဘူး၊ ငါလုပ်ချင်တာလုပ်မယ် မင်းတို့ခေါင်းဆောင်ဆိုတာကို အဲလိုဖမ်းပီး ထောင်ချလိုက်တယ် ကဲ မင်းတို့ဘာလုပ်ချင်သေးလဲ လို့ ပြောပီး လူထုကို စိမ်ခေါ်လိုက်ခြင်းပဲ ဖြစ်ပါတယ်၊ ရဟန်းရှင်လူ ပြည်သူလူထုကြီးအနေနဲ့ အော် တော်သေးတာပေါ့ နေအိမ်အကျယ်ချုပ်နဲ့ ၁ နှစ်ခွဲချလိုက်တာ ဆိုပီး စိတ်ကူးတော့မလွဲ လိုက်မိပါစေနဲ့၊ ဒါဟာ စစ်ကျွန်ဖြစ်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်ဆိုတာကို မီးစိမ်းပြလိုက်
ခြင်းပါပဲ၊ နအဖဟာ စစ်အာဏာရှင် တည်မြဲရေးအတွက် ညစ်ပတ် ကောက်ကျစ် စဉ်းလဲတဲ့
မည့်သည့်နည်းကို မဆို သုံးဖို့ အဆုံးစွန် ရည်ရွယ်ထားပီးသားပါ၊ နအဖ ပြောတဲ့ ဒီမိုကရေစီဆိုတာလည်း ဖာသည် ဒီမိုကရေစီ မျိုးသာဖြစ်လာနိုင်ပီး ပြည်သူကို သားစဉ်မြေးဆက် စစ်ကျွန်သဘောက် ပြားပြားမှောက်အောင် လုပ်ဆောင်မဲ့ စစ်အရေခြုံ အာဏာရှင်စနစ်မျိုးသာလျှင်ဖြစ်ပါလိမ့်မည်။
နအဖ ဟာ အရင်ကလည်း ရဟန်းရှင်လူ ပြည်သူ လူထုအပေါ်မှာ အစွမ်းကုန် ညစ်ပတ် ကောက်ကျစ် ယုတ်မာခဲ့သလို ခုလဲ ယုတ်မာနေဆဲ နောင်လဲ ယုတ်မာ နေဦးမည်သာ ဖြစ်ပေသည်၊ နအဖ သည် တိုင်းပြည်နှင့်လူထုအပေါ် ဘယ်သောအခါမှ ကောင်းကျိုး ပြုလုပ်မည့်သူ မဟုတ်ပေ၊ သမိုင်းအဆက်ဆက် အသက်တွေ ဘ၀တွေ ပေးဆပ်ခဲ့ကြတဲ့ သူရဲကောင်း အပေါင်းတို့ရဲ့ ခါးသီးလှတဲ့ သင်္ခန်းစာတွေ အတွေ့အကြုံတွေကို ဘယ်သောခါမှ မမေ့ပစ်ကြပါနဲ့၊ ကျွန်ုပ်တို့ သူရဲကောင်းအပေါင်းတွေ ပေးခဲ့ကြတဲ့ စစ်အာဏာရှင်တော်လှန်ရေး အမွေအနှစ်တွေကို တာဝန်ထမ်းရွက်ဖို့ တာဝန်သည် ကျွန်ုပ်တို့ အားလုံးရဲ့ပခုံးပေါ်ကို ရောက်ရှိ နေပါပြီ၊ ဘာမှလုပ်လို့မရပါဘူး ဆိုတဲ့ တာဝန်မဲ့တဲ့ စိတ်ဓာတ်ကို မမွေးမြူကြပဲ ကျရာတာဝန်ကို အုပ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ အချိန်ကျရောက်နေပါပြီ။
နအဖဟာ ပြည်သူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ရဟန်းရှင်လူ ကျောင်းသား ပြည်သူအားလုံးကို ရန်သူလို သဘောထားပြီး တိုင်းပြည်ကို စစ်ကျွန်သဘောက် ပြားပြားမှောက်အောင် လုပ်ဆောင်နေပီဆိုတာကို အထူးသိရှိနားလည်သဘောပေါက်ကြဖို့ အရေးတကြီးလိုအပ်နေပီဖြစ်ပေသည်၊ နအဖ ပြောတာကို နားယောင်ကာ ဇဝေဇ၀ါ ဖြစ်ပြီး ငြင်းခုံနေကြဦးမည်ဆိုလျှင်တော့ နောင် အနှစ် (၁၀၀) တိုင်တိုင် စစ်ကျွန်အောက်က လွတ်မြောက်နိုင်မည် မဟုတ်ဘူးဆိုတာကို ဗေဒင်မေးစရာမလို အဖြေက ထွက်ပီးသားဖြစ်နေပါလိမ့်မည်၊ နအဖ စစ်ကျွန်ပြုတာကို လူစဉ်မမီ အဆင့်အတန်းနိမ့်ကျစွာနဲ့
မိမိတို့ရဲ့သားစဉ်မျိုးဆက်တွေကို ခေါင်းငုံလည်စင်းခံပီး စစ်ကျွန်အဖြစ်နွံနစ်ခံမလား၊ ဒါမှမဟုတ် ရရင်ရ မရရင်ချ ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ လမ်းစဉ်ကို လိုက်ပီး နအဖကို တော်လှန်ကြမလားဆိုတဲ့ မေးခွန်းရဲ့အဖြေဟာ မြန်မာလူမျိုးမှန်ရင် မိမိကိုယ် မိမိ အကြိမ်ကြိမ် အလီလီ မေးသင့် မေးထိုက်တဲ့ မေးခွန်းတစ်ခုဖြစ်နေပီး၊ မိမိကံကြမ္မာကို မိမိ ဖန်တီးရမဲ့ အချိန်ကြရောက်နေပီဆိုတာကို တော်လှန်ရေး သတိကြီးစွာနဲ့ သတိပေးရေးသားလိုက်ရပါသည်။
တက္ကသိုလ် သောတုဇနဘိက္ခု(ရန်ကုန်)
၁၂.၀၈.၂၀၀၉
Wednesday, August 12, 2009
စစ်အာဏာရှင်လှည့်ကွက်ကို ယုံစားခဲ့မယ်ဆိုရင်
Labels: ဆောင်းပါး
Posted by Ashin dhamma at 9:22 AM 0 comments
အောင်ပွဲလမ်းသို့ချီ (သို့) အာဏာရှင်ကြောက်တဲ့ ပြည့်သူ့ညီညွတ်မှု
Labels: ဗီဒီယို
Posted by Ashin dhamma at 3:34 AM 0 comments
Monk Demonstration participated People in Burma
Labels: ဗီဒီယို
Posted by Ashin dhamma at 3:23 AM 0 comments
Images of Burma Protests with shape-note music
Labels: ဗီဒီယို
Posted by Ashin dhamma at 3:12 AM 0 comments
Please Never Forget Their Sacrifices For All Of Us.
Labels: ဗီဒီယို
Posted by Ashin dhamma at 3:09 AM 0 comments
Tuesday, August 11, 2009
ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၁နှစ်ခွဲ ချလိုက်ပြီ

ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃နှစ်ချမှတ်ကြောင်း စီရင်ချက်ချလိုက်သည်။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သောကြောင့် သက်ညှာသည်ဟု ဆိုကာ ထောင်ဒဏ်ကို ၁နှစ်ခွဲ ဟု လျှော့ချပေးလိုက်ပြီး ထိုထောင်ဒဏ်ကို ဆိုင်းငံ့ထောင်ဒဏ် အဖြစ် နေအီမ်တွင် ပင် အကျယ်ချုပ်နှင့် နေရမည်ဖြစ်သည်။ အတူနေသူ နှစ်ဦးကို လည်းထိုသို့ အလားတူ ပင် စီရင်ချက်ချ ခဲ့သည်။
ဂျွန်ဝီလျှံ ယက်တောကိုမူ ထောင်ဒဏ် (၇)နှစ် ချမှတ်လိုက်ကြောင်း သိရပါသည်။
မည်သို့ပင်ဖြစ်စေ နအဖ စစ်အာဏာရှင်များအနေဖြင့် သူတို့ အလိုကျဆောင်ရွက်မည့် ရွေးကောက်ပွဲ ဆောင်ရွက် နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်အား အချုပ်အနှောင်ဖြင့်သာ ရှိစေလိုသည့် ဆန္ဒကို အကောင်အထည်ဖေါ် လိုက်ခြင်းဖြင့် မည့်သည့် ညှိနိုင်းမှုမှ ဆောင်ရွက်မည် မဟုတ်ကြောင်းထင်ရှားစွာပြလိုက်ခြင်းသာ ဖြစ်ပါတော့သည်။
Labels: သတင်း
Posted by Ashin dhamma at 7:44 AM 0 comments