Wednesday, May 20, 2009

အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်၏အထူးကြေညာချက်


အပြည့်အစုံဖတ်ချင်ရင်...

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအားလုံးသို့ပန် ကြားချက်

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနှင့်မျိုးချစ်ပြည်သူ့တပ်မတော်သားများသို့ပန်
ကြားချက်
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးနှင့်မျိုးချစ်ပြည်သူတပ်မတော်သားမျာအားလုံးသို့သိစေရန်
ပန်ကြားလိုက်သည်၊ နအဖ စစ်မိစ္ဆာအာဏာရှင်သန်းရွှေလူတစ်စုသည် ကျွန်ုပ်
တို့အားလုံး၏ ခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင်ကာထောင်သွင်း
အကျဉ်းချ ဖမ်းဆီးနှိပ်စက်နေသည်မှာ (၃) ရက်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်၊ နအဖစစ်
မိစ္ဆာအာဏာရှင်သန်းရွှေလူတစ်စုသည် မိမိအာဏာတည်မြဲတစ်ခုတည်းကိုသာရှေ့တမ်းတင်
ပြီး အမျိုးသားရင်ခြားစေ့ရေးကို ဘယ်သောအခါမှပြုလုပ်လိမ့်မည်မဟုတ်ဘူးဆိုတာကို ယခု
အခါ ကမ္ဘာသို့ချပြလိုက်ပီဖြစ်သည်၊ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူပြည်သားများ
ပါမက တစ်ကမ္ဘာလုံးကပါ လေးစားယုံကြည်အားကိုးထိုက်သော ခေါင်းဆောင်ကောင်း တစ်
ယောက်ဖြစ်သည်မှာ ဖုံးကွယ်ငြင်းပယ်၍မရသောအချက်ဖြစ်ပေသည်။
ယခုအခါတွင် လူထုအမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား မတရားအ
မှုဆင်ထောင်ချခြင်းကို နအဖ စစ်မိစ္ဆာများက ပြုလုပ်ခဲ့ပါက တစ်နိုင်ငံလုံးအထွေထွေသပိတ်
ကြီးကို လှည်းနေ လှည်းအောင်း မြင်းစောင်းမကျန်အောင် ဆင်နွဲတော့မည်ဖြစ်သည်၊ ပြည်သူ
လူထုကြီး၏ သမိုင်းပေးတာဝန်ကို ကျေပွန်စွားထမ်းဆောင်ကြမည့်အခါ မျိုးချစ်ပြည်သူတပ်မ
တော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကလည်း မိမိတာဝန်
ကို ကျေပွန်စွာထမ်းဆောင်ဖို့အထူးအရေးတကြီးလိုအပ်လာပြီဖြစ်သည်၊ လက်နက်မဲ့ပြည်သူ
တွေကို ကာကွယ်စောင့်ရှောက်ရန် လက်နက်ကိုင်အင်အားစုအားလုံးမှာ တာဝန်အပြည့်ရှိပေ
သည်။
ရွှေဝါရောင်တော်လှန်ရေးကြီးကပေးခဲ့သော ခါးသီးလှတဲ့ သင်ခန်းစာတွေကိုလည်း ညီ
အကိုတို့သိရှိနားလည်သဘောပေါက်ပြီးဖြစ်လိမ့်မည်ဟု မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်
ကော်မတီအဖွဲ့က အကြွင်းမဲ့ယုံကြည်သည်၊သို့ပါ၍ မိမိတို့ကိုင်ဆောင်ထားသော လက်နက်ကြီး
ငယ်ဟူသမျှတို့သည် ပြည်သူလူထုအား သတ်ဖြတ်ခြင်း ညှင်းပမ်းနှိပ်စက်ခြင်း မတရားအနိုင်
ကျင့်ခြင်းပြုလုပ်သူမှန်သမျှတို့အား နှိပ်ကွပ်နှိမ်နှင်းရန်နှင့် ပြည်သူလူထုကြီးအားကာကွယ်
စောင့်ရှောက်ပေးရန် ပြည်သူလူထုကြီးကိုယ်စား မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
က လေးလေးနက်နက် ပန်ကြားလိုက်သည်၊ နောက်ဆက်တွဲဖြစ်လာမည့်ပြဿနာများသည်
နအဖ စစ်မိစ္ဆာအာဏာရှင်များ၏ တာဝန်သာဖြစ်ပြီး ကျွန်ုပ်တို့၏ လူထုအမျိုးသားခေါင်းဆောင်
အလုံးစုံလွတ်မြောက်ရေးအတွက် ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်း ပန်ကြား
အပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့



အပြည့်အစုံဖတ်ချင်ရင်...

Tuesday, May 19, 2009

အထူးကြေညာချက်

(၂၀ ၀၅ ၂၀၀၉ )နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ(အန်စီဂျီယူဘီ)က
ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် အရေးပေါ် အစည်းအဝေးတရပ်ကျင်းပပြီး
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်
မစ္စတာအီဗရာဟင်ဂမ်ဘာရီကိုမြန်မာနိုင်ငံသို့အမြန်ဆုံးစေလွှတ်သင့်ကြောင်းအကြံပြုပြောဆို
လိုက်ခြင်းအပေါ်ကျွန်ုပ်တို့မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့ကပြင်းပြင်းထန်ထန်ရှုတ်
ချကန့်ကွက်လိုက်သည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံသို့အကြိမ်ပေါင်းမြောက်များစွာလာရောက်ခဲ့ပါသော်
လည်းမည်သည့်အကျိုးတရားမှဖြစ်ထွန်းမလာသည့်အပြင် မြန်မာနိုင်ငံသူနိုင်ငံသားတို့၏စိတ်
ဓာတ်ပိုင်းဆိုင်ရာ များစွာပျက်စီးဆုံရှုံးခြင်းတို့သာအဖတ်တင်ခဲ့သည်၊ မစ္စတာဂမ်ဘာရီ အကြိမ်
တစ်ထောင်လာပါသော်လည်း မြန်မာနိုင်ငံ၏ပြဿနာသည် ပြေလည်နိုင်စရာအကြောင်းမရှိဟု
ကျွန်ုပ်တို့မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီမှ အကြွင်းမဲ့ယုံကြည်သည်၊မစ္စတာဂမ်ဘာရီ
သည် မြန်မာနိုင်ငံသူနိုင်ငံသားတို့၏အကျိုးစီးပွားကို ဆောင်ရွက်သူမဟုတ်ဘဲ နအဖ၏ အကျိုး
စီးပွားသက်သက်ကိုသာလုပ်ဆောင်နေသူဖြစ်သည်၊အမှန်တကယ် မြန်မာနိုင်ငံသို့သွားရောက်
သင့်သည့်ပုဂ္ဂိုလ်များမှာမစ္စတာဂမ်ဘာရီမဟုတ်ဘဲ ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ
(အန်စီဂျီယူဘီ)အဖွဲ့သာဖြစ်သည်၊မြန်မာ့နိုင်ငံရေးပြဿနာ အထူးသဖြင့်လောလောဆယ်ဖြစ်
ပေါ်နေသောဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင်ဖမ်းဆီးချုပ်နှောင်ထားသည့်ပြဿ
နာသည်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဖြေရှင်းရမည့်ပြဿနာဖြစ်သည်၊ မည်သည့်ပုဂ္ဂိုလ်
အဖွဲ့အစည်းကမှလာရောက်ဖြေရှင်းပေးနိုင်မှာမဟုတ်သလို နအဖသည် မည်သည့်နိုင်ငံတကာ
အသိုင်းအ၀ိုင်းကိုမှလည်း ဂရုတစ်စိုက်လေးစားသည့် သတ္တ၀ါများမဟုတ်ကြပေ၊
နအဖ၏ လုပ်ကြံအကွက်ဆင်ဇာတ်လမ်းများကို ပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသူ
နိုင်ငံသားအားလုံးနှင့် အဖွဲ့အစည်းအားလုံး သေသေချာချာ လေးလေးနက်နက်သဘော
ပေါက်သင့်ကြပေသည်၊နအဖ၏နိုင်ငံတကာအပေါ်ပြနေသည့်မျက်လှည့်ပြကွက်များသည်ရိုးအီ
နေသည့်ထူးမခြားနားပြကွက်များဖြစ်သည်ကိုပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ
(အန်စီဂျီယူဘီ)အနေဖြင့်အထူးသဘောပေါက်သင့်ပေသည်။

သို့ဖြစ်ပါ၍ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ(အန်စီဂျီယူဘီ)၏မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့သွားရောက်ရန်တိုက်တွန်းချက်ကိုကျွန်ုပ်တို့မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီက
ပြင်းပြင်းထန်ရှုတ်ချကန့်ကွက်လိုက်သည်။တစ်ဆက်တည်းမှာပင်ကျွန်ုပ်တို့၏လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်အစွမ်းကုန်တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်းနှင့်
မစ္စတာဂမ်ဘာရီမြန်မာနိုင်ငံသို့လာရောက်ခြင်းကိုလည်းပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချသွားကြရန်
တစ်နိုင်ငံလုံးသို့တိုက်တွန်းနိုးဆော်သွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့



အပြည့်အစုံဖတ်ချင်ရင်...

ဒေါ်စုကို ပြည်သူကယ်မှရမယ်



ဒေါ်အောင်ဆန်းစုကြည်အားမတရားအမှုတင် တရားစွဲဆိုစွပ်စွဲမှုသည်(၂) ရက်တိုင်တိုင်ရှိခဲ့သော်လည်းမည့်သည့်အဖြေမှရေရေရာရာမရှိသေးပေ၊ နအဖသည် အချိန်ဆွဲနည်းဗျူဟာကိုကျင့်သုံး၍ ဒေါ်အောင်ဆန်းစုကြည်အားညှင်းပမ်းနှိပ်စက်နေခြင်းဖြစ်
သည်ကိုသဘောပေါက်သင့်ကြပေသည်၊နအဖစစ်မိစ္ဆာအာဏာရှင်သည်မြန်မာလူမျိုးတွေရဲ့
စိတ်ဓာတ်ဇွဲပျော့ညံ့မှုတို့ကိုအခွင့်အရေးယူကာဒေါ်အောင်ဆန်းစုကြည်အားတရားခံတစ်
ယောက်ကဲ့သို့ယုတ်မာရိုင်းပျစွာပြုမူလုပ်ဆောင်နေခြင်းသည်လက်ခံသင့်လက်ခံထိုက်တဲ့အရာမဟုတ်ပေ၊ မဟုတ်မဟတ်လုပ်ဇာတ်ဆင်ထားသော မတရားစီရင်မှုသည် မည်သည့်အခါမှ ပီးပြတ်မှာမဟုတ်သလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ်ဖို့ရန်လမ်းစမမြင်နိုင်ပေ၊ နအဖ၏ကောက်ကျစ်ယုတ်မာမှု၊ကတိမတည်မှု၊ရက်စက်မှု၊ အရှက်သိက္ခာမရှိမှုတို့မှာ ပြောပြစရာမလိုလောက်အောင်ပင် ကမ်းကုန်နေပီဖြစ်သည်၊ နအဖအနေနဲ့ ဘယ်လိုပင်အကောက်ကြံစည်၍ ဘယ်လိုပင်ထောင်သွင်းအကျဉ်းချဖမ်းဆီးပါစေ လူထုအမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးကယ်တင်ရန် အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကြီးနှင့်တကွပြည်သူလူထုတစ်ရပ်လုံးကတာဝန်အပြည့်ရှိနေပေသည်၊ဒေါ်အောင်ဆန်းစုကြည်သည်
မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ယုံကြည်အားထားရာ
အစစ်ဖြစ်သည်ကိုလေးလေးနက်နက်သဘောပိုက်ထားသင့်ကြပေသည်၊ပြည်သူလူထုခေါင်း
ဆောင်တစ်ယောက်ကို ပြည်သူလူထုကြီးကမှမကယ်တင်ရင် မည်သည့် ကယ်တင်ရှင်ကမှ လာပီးကယ်တင်နိုင်မှာမဟုတ်ဘူးဆိုတာကိုလည်းအထူးသဘောပေါက်ထားကြစေလိုသည်၊

ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်နအဖ၏လိမ်လည်လှည့်ဖျားအကောက်ကြံမှုမှန်သမျှကိုပြည်သူလူထု၏ညီညွတ်မှု
အားဖြင့်လည်းကောင်း၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ရန် လူတိုင်းမှာ တာဝန်ရှိသည်ဟူသောအသိစိတ်ဓာတ်ဖြင့်လည်းကောင်း အင်းစိန်ထောင်တွင်အကျဉ်းချညှင်းပမ်းနှိပ်စက်ခံနေရသောလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားအမြန်ဆုံးကယ်တင်ရန် နအဖစစ်မိစ္ဆာကောင်များ၏မတရားစီရင်မှုကို စောင့်ဆိုင်းမနေဘဲ လှည်းနေလှည်းအောင်း မြင်းစောင်မကျန် လှေခွက်ချည်းကျန်းအလှံမလဲ ခိုင်မြဲသောသံမဏိစိတ်ဓာတ်ဖြင့် နအဖ စစ်မိစ္ဆာကောင်များကို စုပေါင်းတော်လှန်ကြပါစို့။

မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့


အပြည့်အစုံဖတ်ချင်ရင်...

Monday, May 18, 2009

အဆုံးသတ်တိုက်ပွဲ ငါတို့နွဲရမည်

အပြည့်အစုံဖတ်ချင်ရင်...

နအဖ ရဲ့ တစ်ဖက်သတ်စွပ်စွဲချက်တွေကို အပြင်ထန်းဆုံးတုန့်ပြန်ကြ

ဒီနေ့ညနေ(၆)နာရီတွင် နအဖရုပ်မြင်သံကြားက ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေါ်ခင်ခင်ဝင်း
ဒေါ်ဝင်းဝင်းမ တို့ကို ဘာကြောင့်တရားစွဲရတယ်ဆိုပြီး မဟုတ်မဟတ်လုပ်ဇာတ်ခင်း သတင်း
ကိုကြေညာသွားပါတယ်၊ ဒါဟာ ပြည်သူလူထုတစ်ရပ်လုံးကို ထပ်မံစော်ကားလိုက်ခြင်းပဲဖြစ်
ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အစကတည်းက အပြစ်ကျူးလွန်သူမဟုတ်ပါဘူး နအ
ဖဟာ မိမိကျူးလွန်တဲ့အပြစ်ကို တစ်ဖက်သတ်စွပ်စွဲချက်တွေနဲ့ ဖုံးကွယ်ဖို့ကြိုးစားနေခြင်းသက်
သက်သာဖြစ်ပါတယ်၊ အမှန်တကယ်အပြစ်ပေးအရေးယူရမှာက ဒေါ်အောင်ဆန်းစုကြည်မ
ဟုတ်ပဲ နအဖခေါင်းဆောင် အာဏာရူးသန်းရွှေသာဖြစ်ပါတယ်၊ အာဏာရူးသန်းရွှေဟာ တိုင်း
ပြည်ကို ထင်တိုင်းစိုင်းခဲ့တာ အနှစ် (၂၀) ရှိခဲ့ပါပြီ၊ နောက်ထပ်လဲ တစ်တိုင်းပြည်လုံး ဒုက္ခ
ရောက်အောင် နည်းလမ်းမျိုးစုံသုံး ညစ်ပတ်နေပြန်ပါပြီ၊ နအဖ အာဏာသက်ဆိုးရှည်နေသမျှ
ကာလပတ်လုံး သန်း(၅၀)ကျော်သော ရဟန်းရှင်လူပြည်သူတွေဟာ ဒုက္ခပင်လယ်ဝေကြရဦး
မယ်ဆိုတာ သေသေချာချာသဘောပေါက်ကြစေချင်ပါတယ်၊ ကျွနုပ်တို့အားလုံးချစ်ခင်လေးစား
တန်ဖိုးထားတဲ့လူထုခေါင်းဆောင်တစ်ယောက်ကို ထောင်သွင်းအကျဉ်းချ၊ စိတ်ဆင်းရဲအောင်
အမျိုးမျိုးညှင်းပမ်းနှိပ်စက်နေတာကို ဒီအတိုင်းလက်ပိုက်ကြည့်မနေကြပါနဲ့တော့၊ မိမိတို့စွမ်းနိုင်
သည့်ဖက်က ပူးပေါင်းပါဝင်ဆင်နွဲကြပါ၊ နအဖစစ်မိစ္ဆာကောင်တွေဟာ ပြည်သူလူထုရဲ့ညီညွတ်
မှုအားကို အလွန်အင်မတန်ကြောက်လှန့်စိုးရိမ်လျှက်ရှိပါတယ်၊ ဒါကိုပြည်သူလူထုကြီးက သဘောပေါက်စွာနဲ့ မိမိတို့ရသင့်ရထိုက်တဲ့အခွင့်အရေးကို မိမိတို့ကိုယ်တိုင် ရရှိဖို့ညီညီညွတ်
ပူးပေါင်းပါဝင်တိုက်ပွဲဝင်ကြပါ၊ နအဖစစ်မိစ္ဆာတွေရဲ့ယုတ်မာမှုတွေကို အပြင်းထန်ဆုံး တုန့်ပြန်
ကြဖို့ အထူးတိုက်တွန်းနိုးဆော်လိုက်ပါတယ်၊ မနက်ဖန်နံနက် (၉ ၀၀) တိတိအချိန်တွင် အင်း
စိန်ထောင်ဗူးဝသို့ မိမိအစီအစဉ်ဖြင့်မပျက်မကွက်ပူးပေါင်းပါဝင်တော်လှန်ကြဖို့ တိုက်တွန်းအပ်
ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့



အပြည့်အစုံဖတ်ချင်ရင်...

ပြင်းထန်စွာတိုက်ပွဲဝင်ကြမယ်


ရဟန်းရှင်လူပြည်သူအပေါင်းတို့------
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နအဖက မနက်ဖန်မနက်(၁၀)နာရီ
ရုံးချိန်းလိုက်ပြန်ပါပြီ၊ နအဖစစ်မိစ္ဆာကောင်များဟာ ကိုယ့်ရှုးကိုယ်ပတ်မဲ့မတရားစီ
ရင်မှုကိုယခုအခါရင်ဆိုင်နေရပါပြီ၊နိုင်ငံတကာရဲ့ဖိအားပေးမှုကိုလည်းအလူးအလဲ
ခံနေရပါပြီ၊ ယခုအခါတွင် နအဖစစ်မိစ္ဆာကောင်များသည် မိမိ၏သူရဲဘောကြောင်
သည့်လုပ်ရပ်အတွက် သတင်းအမှန်ကိုပြည်သူလူထုများသို့မတင်ပြရဲပဲဖြစ်နေပါ
သည်၊ ရဟန်းရှင်လူပြည်သူလူထုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်
မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြပါရန်အလေးအနက်တိုက်တွန်း
အပ်ပါသည်၊ဖြစ်ပေါ်လာသည့်ပြဿနာဟူသမျှသည် နအဖ စစ်မိစ္ဆာကောင်များ
မှာသာ တာဝန်အပြည့်ရှိကြောင်းနှင့် နအဖစစ်မိစ္ဆာကောင်များ၏ ကလိမ်ကကျစ်
ယုတ်မာကောက်ကျစ်မှုများကို လုံးဝ(လုံးဝ)အယုံအကြည်မရှိဘဲ ဒေါ်အောင်ဆန်း
စုကြည်လွတ်မြောက်ရေးအတွက် ပြင်းပြင်းထန်ထန်ဆက်လက်တိုက်ပွဲဝင်သွား
ကြဖို့ အထူးတိုက်တွန်းနိုးဆော်လိုက်ပါသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့

အပြည့်အစုံဖတ်ချင်ရင်...

Sunday, May 17, 2009

ပြည်ပရောက်မျိုးချစ်မြန်မာများသို့ အကြံပြုချက်

Suggestion A

အပြည့်အစုံဖတ်ချင်ရင်...

စစ်မိစ္ဆာအာဏာရှင်အလိုမရှိ

17, 05, 2009
သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များမှ နအဖစစ်အာဏာရှင်များ၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် လုပ်ကြံတရားစွဲဆိုမည့်ကိစ္စကို ဆန့်ကျင်ရှုတ်ချသောအားဖြင့် ယနေ့ ၁၇၊ ၀၅၊ ၂၀၀၉ ခုနှစ်တွင် သဘောထားထုတ်ပြန် ဆန္ဒပြအခမ်းအနားကျင်းပခဲ့ကြသည်။ ဆန္ဒပြပွဲအခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ်ခဲ့ကြပြီး စစ်အာဏာရှင်များ၏ လုပ်ရပ်များနှင့်ပတ်သတ်၍ တရားမျှတမှုမရှိပုံများကို တစ်ပါးချင်းစီက ထုတ်ဖော်ပြောကြားသွားခဲ့ကြသည်။ ယင်းနောက်တွင် စစ်အာဏာရှင် ဦးသန်းရွှေ၏ ပန်းချီကားနှင့် ဓာတ်ပုံများကို မီးရှို့ပြီး စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း၊ စစ်အာဏာရှင်များ၏ လုပ်ရပ်များကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသခဲ့ကြသည်။










ခေတ်ဆိုး စနစ်ဆိုး
စစ်ဗိုလ်ဆိုးနှင့်
မင်းဆိုး အတန်တန်
အမြစ်မကျန်
တွန်းလှန်ဖြိုဖျက်ကြပါစို့။

အပြည့်အစုံဖတ်ချင်ရင်...

ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါ

Joint Plan

အပြည့်အစုံဖတ်ချင်ရင်...