Wednesday, April 1, 2009

မတရားမှုတွေကို ကျောင်းသားတွေ ငုံ့ ခံနေကြရမလား။

ပြီးခဲ့တဲ့လက စော်ဘွားကြီးကုန်းမှာ ရမ်းကားသူတွေရဲ့ ရိုက်နှက်မှုကို ခံခဲ့ရပြီး အာဏာပိုင်တွေက အရေးယူမပေးတဲ့အပြင် ထပ်ဆင့်အနိုင်ကျင့်ခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ် ဘူမိဗေဒအထူးပြု ကျောင်းသားများဖြစ်ကြတဲ့ ဝေဖြိုးကျော်၊ နေလင်းအောင်၊ အောင်ဖုန်း၊ ပြည့်နိုင်ဖြိုးတို့ လေးဦးကို ကျောင်းမှ တနှစ်စီ နားခိုင်းလိုက်ပါတယ်။

အခင်းဖြစ်နေတုန်း ၀င်ရောက်ဖြန်ဖြေပေးတဲ့ ဆရာဖြစ်သူ ဦးအောင်မင်းဦးကိုတော့ ဘားအံတက္ကသိုလ်သို့ အဓမ္မပြောင်းရွှေ့စေလိုက်ပါတယ်။

ဒီလို မတရားအရေးယူမှုကို ဒုတိယပါမောက္ခချုပ် (ဦးမျိုးသိန်းကြီး)၊ စီမံဌာနမူး(ဦးခင်မောင်သန်း)နဲ့ မော်ကွန်းထိန်း(ဦးဘဖေ)တို့က ပြုလုပ်ခဲ့တာပါ။

ခုလို မတရားအနိုင်ကျင့်ခံရတဲ့ ကျောင်းသား၎ယောက်နဲ့ ဆရာတို့ကို အပြစ်ရှိသူများလို့ စွပ်စွဲပြီး (၂၈.၃.၂၀၀၉) ရက်နေ့မှုာ ဘူုမိဗေဒအဆောင်ရှေ့ နို့တစ်ဘုတ်မှာ ကြေငြာချက်စာရွက်ထုတ်ပြီး ကပ်ထားတယ်လို့ သိရပါတယ်။

ဒီလိုမတရားလုပ်တာတွေကို ၄င်းကျောင်းသားများရဲ့သူငယ်ချင်းများက မကျေနပ်ဒေါသထွက်နေကြပါတယ်။

(မျိုးဆက်သစ်ကျောင်းသားများအစည်းအရုံး - Generation Wave)။


အပြည့်အစုံဖတ်ချင်ရင်...

Saturday, March 28, 2009

တတိယအကြိမ်သပိတ်အဆုံးသတ်တိုက်ပွဲ


ပထမအကြိမ် 1990ပြည့်ကာလ

မန္တလေးမှာ ဆွမ်းလောင်းလှူစဉ်ကပေါ့

န.အ.ဖ စစ်တပ်ပြစ်သက်လို့ ဇီဝိန်ကြွေ

သံဃာတွေသေကြေကြ

ရိုင်းစိုင်းယုတ်မာစဉ်ကပေါ့

ဒို့ တတွေခေါင်းငုံ့ မခံ

တွန်းလှန်မယ်ဆိုပြီး

ဘုရားပေးတဲ့ကမ္မဝါ

ပတ္တနိက္ကုဇ္ဖနာကို

စုပေါင်းခါရွတ်ဆိုကြ

သပိတ်မှောက်ခဲ့ကြပေါ့

ဒါပေမဲ့မျိုးယုတ်န.အ.ဖ

သံဃာကိုပစ်ကာသက်

တိပိဋကပါမကျန်လပ်ခံရ

ဆရာတော်တွေထောင်ထဲစံရပေါ့


ဒုတိယအကြိမ်

2007စက်တင်ဘာကာလ

သူတို့ ရက်စက်ယုတ်မာစဉ်ကပေါ့

တို့ တတွေလုံးဝလက်မခံတွန်းလှန်မယ်ဆိုပြီး

သပိတ်မှောက်ကမ္မဝါပတ္တနိက္ကုဇ္ဇနာကို

စုပေါင်းကာရွတ်ဖတ်ကြ

မေတ္တာပို့ ချီတက်ဆန္ဒပြကြပေါ့

ဒါပေမဲ့န.အ.ဖ ဘယ်သူ့ ကိုမှမခ

မာန်မာနတွေထောင်ကာကြွပြီး

သေနက်နဲ့ ပစ်သတ်ရက်ရက်စက်စက်

ညှင်းပန်းနှိပ်စက်ယုတ်မာနေကြ

သံဃာသွေးတွေကျောင်းသားပြည်သူသွေးတွေ

မြေမှာခကြရပေါ့....


ဒီလိုသာတသက်လုံးခံခဲ့ကြရင်

ဒို့ သာသနာဒို့ ပြည်ရွာကို

မိစ္ဆာတွေလက်ဝကွက်အပ်ရလိမ့်မယ်

လာမည့်စက်တင်ဘာ၁၇ရက်နေ့ 

ဒါဟာ န.အ.ဖ ကိုပေးမဲ့မန့်ဒိတ်

ဖန်းဆီးထားသံဃာများကိုချွင်းချက်မရှိ

ချက်ချင်းလွှတ်

မိမိမှားယွင်းကြောင်းပြန်တောင်းပန်

ဒီနှစ်တန်ဒင်းတို့ လက်မခံက

လာမည့်စက်တင်ဘာ၁၈ရက်နေ့

တတိယအကြိမ်သပိတ်

အဆုံးသတ်တိုက်ပွဲ

ဒို့ ဆင်နွှဲကြမယ်

ရဟန်းသံဃာကျောင်းသားပြည်သူ

အားလုံးအသင့်ပြင်ထားကြ….

မင်းသုည ကွမ်းခြံကုန်း


အပြည့်အစုံဖတ်ချင်ရင်...

Friday, March 27, 2009

Song Dedicated To Burmese Monks in Protest (2)

အပြည့်အစုံဖတ်ချင်ရင်...

Wednesday, March 25, 2009

ဗိုင်းရပ်အသစ်တွေလာပြီ

ဗိုင်းရပ်အသစ်တွေလာပြီ
ဗိုင်းရပ်စ် အသစ် McAfee မှ မကြာခင်က ထပ်တွေ့ရှိခဲ့ခြင်းကို ဆွီဒင်နိုင်ခံရဲမင်းကြီးဌါနမှ အထူးသတိပေးကြေငြာတဲ့မေးလ် ဖြစ်ပါတယ် သူက Hallmark ဆိုတဲ့နာမည်နဲ့ postcard ကို သူငယ်ချင်းတို့ရဲ့ မိတ်ဆွေ တစ်ယောက်ယောက်ကနေ ပို့လာတဲ့ ပုံစံ နဲ့ သူပို့လာမှာဖြစ်တယ် တကယ်မို့ ဖွင့်မိရင်တော့ ဖွင့်မိတဲ့လူရဲ့ အီးမေးလ်မှာရှိတဲ့ အကောင့် အားလုံးဆီကို သူက ကိုယ်မသိအောင် ကိုယ့်နာမည်နဲ့ ပို့မှာဖြစ်တယ်.. တကယ်မို့ အဲလို postcard တွေကိုပို့ လာခဲ့မယ်ဆိုရင် အမြန်ဆုံး ဖျက်ပစ်လိုက်ပါ.. တအား ဆိုးသွမ်းတဲ့ တိုက်ခိုက်ဘို့အင်မတန်မှ ခက်ခဲတဲ့ ဗိုင်းရပ်စ် တစ်မျိုူးဖြစ်တယ်လို့ လည်း CNN ပြောထားတာပါ..။ ဖွင့်မိခဲ့ရင်တော့ သူက C ကို အလိုအလျှောက် RUN မှာဖြစ်တယ်
www.polisen.se/stockholm ကိုဝင်ပြီး ဖတ်နိုင်ပါတယ်..။
အတတ်နိုင်ဆုံး မိမိသှူုယ်ချင်းတွေအားလုံးကို အမြန်ဆုံး လက်ဆင့်ကမ်းခဲ့နိုင်ရင်တော့ ဒီ ရန်ဆိုးကလွတ်ကင်းကြမှာဖြစ်တယ်လိ
ု့လည်း ပြောထားတာပါ..။
အောက်ဆုံးမှာတော့ ဆက်သွယ်မေးမြန်းနိုင်တဲ့ လိပ်စာနဲ့ဖုံး နံပါတ်လည်းပါပါတယ်..။


အပြည့်အစုံဖတ်ချင်ရင်...

Tuesday, March 24, 2009

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးဝိုင်းဝန်းကြိုးပန်းကြပါစို့ ………..

ပြည်သူအပေါင်းတို့  ယနေ့ န.အ.ဖ စစ်အာဏာရှင်အစိုးရ၏ အကျဉ်းစခန်းအသီးသီးတွင်အကျဉ်းကျခံအနှိပ်

စက်ခံနေရသောသံဃာတော်များ၊သီလရှင်ဆရာလေးများ၊နိုင်ငံခေါင်းဆောင်များ၊ပြည်သူပြည်သားများသည်

အလကားအကျဉ်းကျခံနေရခြင်းမဟုတ် သန်း(၅၀)ကျော်သောမြန်မာပြည်သူလူထုကြီးကိုန.အ.ဖစစ်ဘီလူး

သာသနာဖျက်မိစ္ဆာကောင်များလက်မှလွတ်မြောက်အောင်အသက်ပေးကြိုးပန်းကြရင်းအကျဉ်းကျခံအနှိပ်

စက်ခံနေကြရခြင်းဖြစ်သည်။

မိမိတို့ ပြည်သူလူထုလွတ်မြောက်ရေးအတွက်အသက်ပေးသူတွေပေးခဲ့ကြသည်။အကျဉ်းကျခံ၍ဘ၀စတေးခံသူတွေ
အစတေးခံနေကြရသည်။ထိုအချက်ကိုပြည်သူအားလုံးမမေ့သင့်ကြပေ။တိုင်းပြည်အတွက်ဘဝကိုစ

တေးပြီးအကျဉ်းကျခံ အနှိပ်စက်ခံနေကြရသောနိုင်ငံရေးအကျဉ်းသားများအားလုံးပြန်လည်လွတ်မြောက်ရေး

အတွက်ရဟန်းသံဃာနှင့်ပြည်သူလူထုတရပ်လုံး ၌လုံးဝတာဝန်ရှိသည်။

လာမည့်၁၃၇၁ခုနှစ်၊နှစ်ဆန်းတစ်ရက်နေ့ 17.4.2009 သောကြာနေ့ တွင်နိုင်ငံရေးအကျဉ်းသားများအားလုံး

လွတ်မြောက်ရေးအတွက် ငါးလွှတ်ပွဲနှင့်ကြက်ငှက်ကျွဲနွားစသောတိရစ္ဆာန်များဘေးမဲ့လွှတ်ပွဲကိုနေရာတိုင်း

တက်ညီလက်ညီဖြင့်ဝင်းဝန်းကျင်းပရန်----------

မြန်မာနိုင်ငံအတွင်းကျရောက်နေသောသာသနာ့အန္တရာယ်များကိုဝိုင်းဝန်းကာကွယ်သောအားဖြင့်ကျောင်း

တိုင်း၊အိမ်တိုင်း၊လမ်းတိုင်း၊နေရာအသီးသီးတွင်သာသနာ့အောင်လံများကိုရဲရဲရင့်ရင့်တက်ညီလက်ညီဖြင့်ဝိုင်းဝန်းစိုက်ထူဖြန့် ဝေကြရန်-------------

ပရိတ်တရားCD-VCDခွေများကိုကက်ဆက်၊TV၊ဆောင်းဘောက်၊ဟွန်းစသည့်စက်ဖြင့်တနေကုန်အသံအ

ကျယ်ဆုံးဖွင့်ပေးထားကြရန်----------

မြန်မာနိုင်ငံအတွင်းကျရောက်နေသော သာသနာဖျက်မိစ္ဆာကောင်စစ်အာဏာရူးကြီးများကိုတိုင်းပြည်မှနှင်

ထုတ်သောအားဖြင့်ကျောင်းနှင့်အိမ်ရှိကြေစည်၊ဖားစည်၊သံချောင်း၊တုံးမောင်း၊သံဗုံးစသည်အသံမည်သော
အရာမှန်သမျှကိုညနေ(၅)နာရီအချိန်တွင်တပြိုင်တည်းရိုက်ကြ တီးကြရန်-----------

အချင်းချင်းလက်ဆင့်ကမ်းဖြန့်ဝေပြောကြားပေးကြပါရန်လေးစားစွာတိုက်တွန်းနိုးဆော်ပါသည်။တာဝန်သိသူ
တာဝန်ရှိသည်တာဝန်ကိုသူတော်ကောင်းသူမြတ်လောင်းအာဇာနည်တွေသိကြသည်။
သိသည့်အတိုင်းကြေပွန်စွာထမ်းဆောင်ကြပါသည်။


အပြည့်အစုံဖတ်ချင်ရင်...

Friday, March 20, 2009

တွံတေးတွင် အိုးအိမ်ဆောက်ပေးရေး ဆန္ဒပြ

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ မတ်လ 20 2009 12:39 - မြန်မာစံတော်ချိန်


နယူးဒေလီ (မဇ္ဈိမ)။ ။ နာဂစ်လေဘေးသင့် ဒုက္ခသည်များအတွက် ကြက်ခြေနီအသင်းမှ နေအိမ်များ ဆောက်ပေးရာ ဒေသအာဏာပိုင်များက အလွဲသုံးစားလုပ်သဖြင့် ရန်ကုန်တိုင်း တွံတေးမြို့နယ် ဇီးဖြူကုန်းရွာသား ၂ဝ ခန့်သည် တွံတေးမြို့သို့ ယနေ့ ချီတက်ဆန္ဒပြကြသည်။

ကျောက်တံတား ကားလမ်းမကြီးတလျှောက် ချီတက်လာကြကာ တွံတေးမြို့နယ် အေးချမ်းသာရေး မယက ရုံးရှေ့ရှိ လေဘေး ပြန်လည်ထူထောင်ရေးဌာန တည်ရှိရာသို့ သောကြာနေ့ နံနက် ၁၁ နာရီခွဲခန့်က ဦးတည်ဆန္ဒပြခြင်းဖြစ်သည်။

ဇီးဖြူကုန်းကျေးရွာမှ ဆန္ဒပြသူများထဲတွင် ကိုအံသီး၊ ကိုမြင့်လွင်၊ ကိုဇော်ဝင်း၊ ဒေါ်ကြည်၊ ဦးမြင့်ဌေး၊ ဒေါ်တရုတ်မ၊ ဦးအောင်မိုးကျော်၊ ဒေါ်ဌေးဝင်း၊ ဒေါ်အေးသွယ်၊ ဦးအေးနိုင်၊ ဒေါ်ကြည်အေး၊ မောင်အေးစန်း (အညာသား)၊ ကိုအောင်ဝင်းနိုင်၊ ဒေါ်သာပင်၊ ဦးမျိုးထွန်း၊ မခင်မျိုးနွယ်၊ ဦးမောင်သန်းတို့ ပါဝင်သည်။
သူတို့ကို တွံတေးမြို့နယ် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးချစ်ဖေက ဦးဆောင်လာခဲ့ခြင်းပြီး အတွင်းရေးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်စည်းအဖွဲ့ဝင် ကိုအောင်စိုးဝေနှင့် စည်းရုံးရေးအဖွဲ့ဝင်များက ဝန်းရံပေးထားသလို၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများကလည်း စောင့်ကြပ်ခဲ့သည်။

''အခုဆိုရင် ချီတက်ဆန္ဒပြသူတွေဟာ ရုံးကို ရောက်ရှိနေပါပြီ။ သူတို့ လိုအပ်နေတဲ့ ဟာတွေကို ထပ်မံဖြည့်ဆည်း ပေးဖို့အတွက် လက်မှတ်ထိုးပြီး တောင်းဆိုချီတက်တာပါ။ အခုလက်ရှိတော့ ကြွေးကြော်သံတွေ မပါသေးဘူး။ စကားတွေပြောပြီး တက်သွားတယ်။ ဘယ်လိုတုံ့ပြန်မလဲ မသိသေးဘူးခင်ဗျ။ စောင့်ကြည့်နေတယ်။ ကျနော်တို့ကို အာဏာပိုင်တွေက ဖမ်းမယ်၊ အရေးယူမယ်ဆိုရင် ကြွေးကြော်သံတွေနဲ့ တောင်းဆိုသွားမှာ ဖြစ်တယ်'' ဟု ဆန္ဒပြသူများကို ဝိုင်းရံပေးနေသူ အန်အယ်ဒီ လူငယ်တဦးက မဇ္ဈိမကို ပြောသည်။

၂ဝဝ၈ မေလအတွင်း နာဂစ်မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အိုးအိမ်များအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက နိုင်ငံကာ အစိုးရမဟုတ်သော အဖွဲ့ - အန်ဂျီအိုများနှင့် ပူးပေါင်းကာ တအိမ်ထောင်လျှင် ကျပ်ငွေ ၄ သိန်း တန်ဖိုးရှိ နေအိမ်များ ဆောက်လုပ်ပေးခဲ့သည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာထွန်းမြင့်က ''ကျနော်တို့မှာ နိုင်ငံတကာ ကြက်ခြေနီအသင်းက အကူအညီနဲ့ နာဂစ်ဒေသမှာ မြို့ ၁၃ မြို့ကို ပြန်လည်တည်ဆောက်ရေးအတွက် အလုပ်လုပ်နေတယ်။ အခုတော့ ၉ မြို့တော့ ရုံးခွဲတွေ ၉ ခု ရှိတယ်။ အိမ်အလုံးပေါင်း ၈ဝဝဝ ဆောက်မယ်။ တအိမ်ကို ၄ သိန်းဆိုတာ မှန်ပါတယ်။ ပထမတုန်းကတော့ ၃ သိန်း၊ အခု ၁ သိန်း ထပ်တိုးပေးထားပါတယ်။ သက်ကယ်၊ ဓနိမိုးမယ်၊ ဝါးနဲ့ပေါ့'' ဟု ပြောသည်။

မြို့နယ် ၉ မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၁၆၁ အုပ်စု ရွေးထားရာ အချို့ကျေးရွာအုပ်စုများတွင် အိမ်ခြေ ၂ဝဝဝ ကျော်အထိ ရှိသည်။

နေအိမ်များ ပေးအပ်ရန်အတွက် မြို့နယ်အလိုက် ကော်မတီများ ဖွဲ့စည်းပေးခဲ့ရာ မြို့နယ် ဆရာဝန်ကြီး၊ ပညာရေးမှူးတို့၏ ကြီးကြပ်မှုကို ခံယူကာ တမြို့နယ်လျှင် လက်ထောက် ၄ ဦး ပါဝင်ဖွဲ့စည်းခဲ့သည်။

ဒေါက်တာထွန်းမြင့်က ''သူတို့(ကော်မတီဝင်များ)က ရွာတွေကို ဆင်းရမယ်။ သူတို့နဲ့ ရွာက လူကြီးတွေနဲ့ ရွာသူရွာသားတွေ ငြှိရမယ်။ ကျနော်တို့ ပေးထားတဲ့ သတ်မှတ်ချက် စံနှုန်းတွေ ရှိတယ်။ အဖိုးကြီး၊ အဖွားကြီးတွေ ဦးစားပေးရမယ်။ သူများအိမ်မှာ ကပ်နေရတဲ့ သူတွေကို ဦးစားပေးမယ်။ မုဆိုးမတွေကို ပို ဦးစားပေးမယ်။ အဲဒီလို အချက်တွေ အများကြီး ရှိတယ်'' ဟု ပြောသည်။

ကျေးရွာများတွင်လည်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဦးဆောင်သည့် အဖွဲ့များအထိ ဖွဲ့စည်းပေးခဲ့ကြသည်။

ဇီးဖြူကုန်းကျေးရွာတွင် ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေ၊ အတွင်းရေးမှူး ဦးအေးကို၊ အဖွဲ့ဝင်များအဖြစ် ဦးတင်ဆန်း၊ ဒေါ်ခင်မာကြည်၊ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ယုတင်၊ ဒေါ်အေးအေးမြင့်၊ ဦီးအောင်စန်း၊ ဦးမြင့်ဦး၊ ဦးလှကြိုင်၊ ကိုဝင်းအောင်နှင့် ကိုချစ်ကို ဖြစ်သည်။


အပြည့်အစုံဖတ်ချင်ရင်...

Friday, March 13, 2009

အရှင်ဂမ္ဘီရအင်တာနက်ကိုတမ်းတ

ဖနိဒါ
သောကြာနေ့၊ မတ်လ 13 2009 17:55 - မြန်မာစံတော်ချိန်

ချင်းမိုင်(မဇ္ဈိမ) ။ ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် ထောင်ဒဏ် ၆၈ နှစ် ကျခံနေရသူ သံဃာတော် ဦးဂန္ဘီရက အင်တာနက်နှင့် လက်ဖက်ရည်ကို တမ်းတကြောင်း သူ၏ မိခင်အပြောအရ သိရသည်။

စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ မတ်လ ၉ ရက်နေ့က ထောင်ဝင်စာသွားတွေ့ခဲ့သော အသက် ၆၀ ၀န်းကျင် မိခင် ဒေါ်ရေးက အရှင်ဂန္ဘီရသည် ကျန်းမာရေးကောင်းမွန်နေ သည်ဟု ပြောသည်။

“သူမိန့်တာက အများကြီးပဲ။ သူ လွတ်လပ်ခွင့်နဲ့ သွားချင်ရာသွားမယ်၊ အင်တာနက် သုံးချင်တယ်။ လက်ဖက်ရည် သောက်ချင်တယ်၊ စာသင်ဖို့ တတန်းလိုသေးတယ်တဲ့။ ကိစ္စမရှိပါဘူး၊ ကျုပ် လွတ်လပ်ခွင့်တွေကို အဆုံးရှုံးခံပြီးတော့မှ ပေးဆပ်ထားတယ်။ ကျုပ် တိုက်ပွဲ ဝင်နေဆဲပဲ တဲ့” ဟု ၈ ရက်ကြာ ခရီးကို သွားခဲ့သော အသက် ၆၀ အရွယ် ဒေါ်ရေးက ပြောသည်။

ဓမ္မာစရိယတန်းစာ ၀ါလိုက်နေရင်းမှ ၂၀၀၇ ခုနှစ် မေတ္တာသုတ်ရွတ်ဆိုကာ လမ်းပေါ်ဆန္ဒပြမှုများကို ဦးဆောင်ခဲ့၍ အဖမ်းခံရသော အသက် ၂၉ နှစ်အရွယ်ရဟန်းကို စစ်အစိုးရက အင်တာနက်အသုံးပြုခြင်းနှင့်ဆက်ဆိုင်သော အီလက်ထရောနစ်ဥပဒေဖြင့်ပါ ထောင်ချထားခြင်းဖြစ်သည်။

မိသးစုအနေဖြင့် ခန္တီးထောင်တွင် ထောင်ဝင်စာ တွေ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး လမ်းစရိတ် ကျပ်ငွေ ၆ သိန်းခွဲခန့် ကုန်ကျသည်ဟု သိရသည်။

“ တနာရီလောက် ပြောဖြစ်ခဲ့တယ်။ တဟားဟားနဲ့ ပြောတယ်။ ကျုပ် မရီရတာ တော်တော်ကြာပြီဗျာ တဲ့” ဟု ဒေါ်ရေးက ပြောသည်။

ထိုသို့အခြေအနေတွင် မြန်မာနိုင်ငံသည် ” အင်တာနက်၏ ရန်သူ” ဟု ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ယနေ့ထုတ်ပြန်သော အစီရင်ခံစာတွင် ပြောဆိုလိုက်သည်။

မြန်မာသည် တရုတ်၊မြောက်ကိုရီးယား၊ ဗီယက်နမ်၊ အီရန်၊ ဆီးရီးယား၊ အီဂျစ်၊ ဆော်ဒီအာရေးဘီးယား၊ တက်ခ်မန်နီစတန်၊ ဥဇဘက်ကစ္စတန်၊ ကျူးဘား၊ တူနီရှားတို့နှင့် အတူ နာမည်ပျက်စာရင်း သွင်းခံရခြင်းဖြစ်သည်။

အစီရင်ခံစာက မြန်မာစစ်အစိုးရသည် သတင်းအချက်အလက်များ စီးဆင်းခြင်းကို စနစ်တကျပိတ်ပင်ကန့်သတ်မှုပြုလုပ်နေပြီး အနည်းဆုံး သတင်းစာဆရာ ၁၄ ယောက်နှင့် ဘလော့ဂ်ဂါ ၂ ဦးကို နှစ်ရှည်ထောင်ချထားသည်ဟု ပါရှိသည်။

ကလေးစစ်သားတယောက်ဖြစ်ခဲ့ဖူးသော ဦးဂန္ဘီရသည် ယခင်နှစ်နှောင်းပိုင်းက ကျန်းမာရေးချို့ယွင်းနေခဲ့ပြီး မိသားစုက သူ့အတွက် အယူခံတင်သွင်းရန် ရှေ့နေဖြင့် စီစဉ်လျက်ရှိသည်။

ဦးဂန္ဘီရ၏ ယောက်ဖနှင့် ညီဖြစ်သူ အပါအဝင် လူ ၆ ဦးအား မြောက်ဒဂုံ တရားရုံးက ယမန်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်ပြန်သည်။

ယောက်ဖတော်သူ ကိုမိုးထက်လျှံ၊ ညီဖြစ်သူ ကိုအောင်ကိုကိုလွင်နှင့် သူတို့၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သော ကိုကျော်မျိုးဆက်၊ ကိုလှိုင်မျိုး၊ မစုလွင်၊ ကိုရဲညွန့်တို့အား နယ်စပ်ဖြတ်ကျော်မှုတို့ဖြင့် ထောင်ချလိုက်ခြင်းဖြစ်သည်။


အပြည့်အစုံဖတ်ချင်ရင်...

မြန်မာပြည်၏ မျှော်လင့်ချက် ဒေါ်စုဟု ဟီလာရီ ပြောဆို



[အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်]

Friday, 13 March 2009 19:17 ဧရာဝတီ


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ပြည်သူများအတွက် အင်အားနှင့် မျှော်လင့်ချက် အလင်းရောင်ဖြစ်သည် ဟု ထုတ်ဖော်ပြောဆိုလိုက်သည်။

မတ်လ ၈ရက်နေ့၌ ကျရောက်ခဲ့သော နိုင်ငံတကာအမျိုးသမီးများနေ့ကို ၁၁ ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၌ ကျင်းပ ပြုလုပ်သော အခမ်းအနားတွင် မစ္စ ကလင်တန်မှ ထိုမှတ်ချက်စကားကို ထည့်သွင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

မစ္စ ကလင်တန်က“အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ် နှစ်ခု ကာလ လောက် နေရတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ကမ္ဘာတ၀န်းလုံးက လူသားတွေရဲ့ မျှော်လင့်ချက် ရောင်ခြည်၊ ခွန်အားနဲ့ လွတ်မြောက်ရေးအဖြစ် သူမ ဆက်လက်တည်ရှိနေဆဲဖြစ်တယ် လို့ ကျမညွှန်းဆိုချင်ပါတယ်” ဟုပြောသည်။



အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်
ယင်း အခမ်းအနားတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက နှစ်စဉ်ဆုချီးမြှင့်နေကျဖြစ်သည့် နိုင်ငံတကာ ရဲရင့်စွမ်းအားရှင် အမျိုးသမီးများအနက် ယခုနှစ်တွင် ၈ဦးကို ရွေးချယ်ဂုဏ်ပြုခဲ့သည်။ ထိုအမျိုးသမီးဆုရှင် များတွင် ပါကစ္စတန်၊ အာဖဂန် နစ္စတန်၊ ရေမန်၊ ရုရှ၊ နီဂါ၊ အုပက်ကစ္စတန်၊ မလေးရှား၊ အီရတ် နိုင်ငံများမှ အမျိုးသမီးများဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးက ကြောက်မက်ဖွယ် အစော်ကားခံခဲ့ရပြီး သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရသူ ပါကစ္စတန်မှ မူခ်ထာ မိုင်အကြောင်းလည်းပြောဆိုသွားခဲ့သည်။ မူခ်ထာသည် သူလျော်ကြေးရရှိသော ငွေများကို ပါကစ္စတန်ရှိ ကျေးလက်နေ ဆင်းရဲသားများ ပညာရေးအတွက် ကူညီပေးခဲ့သည်။

“ဒီအမျိုးသမီးတွေဟာ ကမ္ဘာပေါ်ရှိ တခြားအမျိုးသမီးတွေအတွက်သာ မဟုတ်ပါဘူး၊ ယောက်ျား၊ မိန်းမ အားလုံးအတွက် ခွန်အားဖြစ်စေပါတယ်၊ သူတို့ရဲ့သတ္တိနဲ့ လုပ်ဆောင်မှုဟာ လူမှုအဖွဲ့အစည်း တခုလုံး အတွက် ဘုရားသခင်ပေးတဲ့ ဆုလာဘ် အခွင့်အလမ်းတခုလိုပါပဲ” ဟုလည်း မစ္စ ကလင်တန်ကဆိုသည်။

ထိုအမျိုးသမီးများသည် မဲပေးခွင့်ရရုံ သို့မဟုတ် လုပ်အားခ တန်းတူရရေး၊ အိမ်တွင်းအကြမ်းဖက်မှု ပပျောက် ရေး၊ ထုတ်ဖော်ပြောဆိုခွင့်၊ ကိုးကွယ်ခွင့်နဲ့၊ ဖွဲ့စည်းခွင့်တို့ အတွက်မှာသာ ကန့်သတ်မနေ တော့သည့် ၂၁ ရာစုခေတ် အမျိုးသမီးအခွင့်အရေးကို နားလည်ကြသည်ဟု သူက ပြောသည်။

မစ္စ ကလင်တန်က“အဲဒီအကြောင်းကိစ္စတွေဟာ အရေးပါလှပြီး လိုအပ်တာတွေလည်း ဖြစ်တယ်။ ဒါပေမယ့် အဲဒီလောက်နဲ့ မလုံလောက်တော့ဘူးလေ။ အမျိုးသမီးအခွင့်အရေးတွေကို လုံခြုံလာစေဖို့ ကျမတို့ ဟာ စီးပွားရေး အခွင့်အလမ်းတွေနဲ့ စီးပွားရေးလုံခြုံမှုတွေကိုလည်း ဖန်တီးရပါမယ်” ဟု ပြောသည်။

“ကျမတို့ရဲ့ အနာဂတ်ကို အာမခံနိုင်ဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ကောင်းမွန်အောင် လုပ်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ပြီးတော့ ပညာရေးကောင်းမွန်အောင် ကူညီဖို့ လုပ်ရပါလိမ့်မယ်။ ဒါမှ မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေ ပိုမိုတိုးပွားလာမှာဖြစ်ပါတယ်”ဟု သူက ဆက် ပြောသည်။

မစ္စ ကလင်တန်က ဖိနှိပ်မှုရှိသည့်နေရာတိုင်းတွင် အမျိုးသမီးများ ထကြွ ရပ်တည်ရန်လိုသည်ဟု လည်း ပြောဆိုလိုက်သည်။

“အကြမ်းဖက်မှုရှိတဲ့ နေရာတိုင်းကို ကျမတို့ အမျိုးသမီးတွေအနေနဲ့ ဆုံးခန်းတိုင်သွားအောင် လုပ်ရပါမယ်။ ဆင်းရဲမွဲတေမှုနဲ့ နာမကျန်းဖြစ်နေတဲ့ အမျိုးသမီးတိုင်းကို စောင့်ရှောက်မှုပေးရပါလိမ့်မယ်။ ကျမတို့ ကမ္ဘာမြေပေါ်ရှိ နေရာတိုင်းက အန္တရာယ်ကြုံတွေ့နေရတဲ့ အမျိုးသမီးတွေကို ကာကွယ် စောင့်ရှောက်ဖို့ လုပ်ရပါလိမ့်မယ်” ဟု လည်း မစ္စ ကလင်တန်က ပြောဆိုခဲ့သည်။

ဧရာဝတီမှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

Thursday, March 12, 2009

မလေးရှားမှမြန်မာအမျိုးသမီးဒုက္ခသည်များ



မင်းနိုင်သူ / မတ်လ(၁၂) ရက်၊ ၂၀၀၉
line


မလေးရှားရောက် မြန်မာအမျိုးသမီး ဒုက္ခသည်များသည် အိမ်မှထွက်တိုင်း အဖမ်းခံရရန် များနေသကဲ့သို့ အလုပ်လုပ်ရန် အခွင့်အလမ်းမှာလည်း အလွန်နည်းပါးနေကြောင်း အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့အခြေစိုက် ဒုက္ခသည် အမျိုးသမီးနှင့် ကလေးများအတွက် အမျိုးသမီးရေးရာကော်မရှင် (WCRWC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် ဒုက္ခသည်နှင့် ခိုလှုံခွင့်လျှောက်ထားသူပေါင်း (၁၀၀,၀၀၀) ခန့် ရှိသည့်အနက် အများစုမှာ မြန်မာများဖြစ်ပြီး UNHCR တွင် မှတ်ပုံတင်ထားသူပေါင်း (၄၀,၀၀၀) ရှိသည်။ ထိုမှတ်ပုံတင်ထားသူများထဲမှ (၁၄,၀၀၀) မှာ ရိုဟင်ဂျာများဖြစ်သည်ဟု အစီရင်ခံစာတွင် ရေးထားသည်။
မလေးရှားတွင် နေစရိတ်ကြီးသည့်အတွက် တလကို မလေးရှား ရင်းဂစ် (၁,၅၀၀) (ဒေါ်လာ ၄၅၀) ခန့် ပေးရသော်လည်း ဒုက္ခသည်အများစုမှာ တလကို မလေးရှားရင်းဂစ် (၄၀၀ မှ ၆၀၀) ကြားသာ ရကြသည်။ ထို့ကြောင့် ဒုက္ခသည်များ စုပြီး အခန်းငှားနေရသည်။

လေ့လာချက်များအရ ဒုက္ခသည်အမျိုးသမီးများမှာ
-အိမ်ကထွက်တိုင်း အဖမ်းခံရမည့် အန္တရာယ်ရှိနေခြင်း၊
-လုပ်ကိုင်စားရန် အခွင့်အလမ်း အကန့်အသတ်နှင့်သာရှိခြင်း၊
-ရသည့်ငွေကို အာဏာပိုင်များကို လာဘ်ထိုးရသည့်အတွက် အဂတိလိုက်စားမှုဒဏ်ခံရခြင်း၊
-နယ်စပ် ပြန်အပို့ခံရလျှင် ရောင်းစားခံရမည့် အန္တရယ်ရှိခြင်း၊
-နေအိမ်နှင့်အလုပ်ခွင်၌ အကြမ်းဖက်ခံရခြင်း စသည့်အခြေအနေများ ကြုံတွေ့နေရသည်ဟု အစီရင်ခံစာတွင် ထောက်ပြထားသည်။

အစီရင်ခံစာ နိဂုံးပိုင်းတွင် မလေးရှားအစိုးရအနေဖြင့် ဒုက္ခသည်များအား တရားဝင်နေခွင့်ရရန် ဆောင်ရွက် ပေးသင့်ကြောင်း၊ UNHCR မှ လက်မှတ်ထုတ်ပေးထားသူများအား အသိအမှတ်ပြုပြီး မှတ်ပုံတင်ထားသူများအား အဖမ်းအဆီးရပ်သင့်ကြောင်း၊ UNHCR နှင့်တကွ ၎င်းနှင့် တွဲလုပ်နေသည့် အန်ဂျီအိုများဘက်ကလည်း အမျိုးသမီး ဒုက္ခသည်များအတွက် သက်မွေးဝမ်းကျောင်းကိစ္စများ ဆောင်ရွက်ပေးသင့်ကြောင်း အကျယ်တ၀င့် ထောက်ခံ ရေးထားသည်။

မြန်မာအမျိုးသမီး အလုပ်သမားများ မလေးရှားနိုင်ငံအတွင်း ၀င်ရောက်အလုပ်လုပ်ကိုင်မှုသည် ၂၀၀၇ ခုနှစ် နောက်ပိုင်း ပိုမိုများပြားလာသည်ဟု မြန်မာအလုပ်သမားအခွင့်အရေးကာကွယ်ပေးရေးအဖွဲ့ (BWRPC) က ပြောသည်။

မလေးရှားနိုင်ငံတွင် တရားဝင် မြန်မာအလုပ်သမား (၂) သိန်းဝန်းကျင်ရှိနေပြီး အမျိုးသမီးအလုပ်သမားဦးရေ မည်မျှရှိသည်ကို အတည်ပြု မပြောနိုင်သေးသော်လည်း မလေးရှားနိုင်ငံ၌ BWRPC အဖွဲ့က အမျိုးသမီး အလုပ်သမား အမှုပေါင်း (၁၇၀) ကျော် ကိုင်တွယ်ဆောင်ရွက်ထားရကြောင်း ယင်းအဖွဲ့မှ ကိုကျော်ထူးအောင်က ပြောသည်။

ယင်းတို့အနက် အမှုပေါင်း (၅၀) ကျော်ကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ မြန်မာအမျိုးသမီး အလုပ်သမားများ အများဆုံး ကြုံကြရသည်မှာ သူဌေး၏ဖိနှိပ်မှု၊ လုပ်ခလစာ လျော့နည်းရရှိမှုနှင့် အဓမ္မပြုကျင့်ခံရမှု များဖြစ်ကြောင်း သိရသည်။

“အဓမ္မပြုကျင့်မှုကတော့ နည်းပါတယ်။ ကျနော်တို့ ဆောင်ရွက်ပေးခဲ့ရတာ နှစ်မှုသုံးမှုပဲရှိပါတယ်။ အဲဒီလိုအမှုတွေ ဆိုရင်လည်း အောင်မြင်တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီက အန်ဂျီအိုတွေက အဲလိုကိစ္စမျိုးကို အသည်းအသန် ဆောင်ရွက်ပေးကြလေ့ရှိပါတယ်။ အမှုတိုင်းတော့ အဆင်မပြေနိုင်ဘူးပေါ့ဗျာ။ ကျနော်တို့မှာလည်း မလုပ်နိုင်တဲ့ အတိုင်းအတာတွေ အများကြီးရှိပါတယ်” ဟု ကိုကျော်ထူးအောင်က ရှင်းပြသည်။

မလေးရှားရောက် မြန်မာအထည်ချုပ်အလုပ်သမား (၁၆) ဦး အလုပ်ရှင် မစ္စတာကူးမား၏ ဖိနှိပ်မှုများကြောင့် ဒုက္ခရောက်ခဲ့ကြရပြီးနောက် မလေးရှားအစိုးရ၏ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားစစ်ဆင်ရေးတွင်လည်း ပတ်စ်ပို့ကိုင်ဆောင်ထားသူ မြန်မာအမျိုးသမီး မစိုးစိုးထွေးနှင့် အခြားအမျိုးသမီး လေးဦးတို့ ဖမ်းဆီးခံထားရသည်ဟု သတင်းများ ပေါ်ထွက်နေသည်။

“မစိုးစိုးထွေးကို KLLA Depositation ရုံးမှာ ချုပ်ထားတယ်။ သူ့ရဲ့ ဘော်ဒီနံပါတ် (ဖမ်းဆီးခံနံပါတ်) က c-2554 လို့ သိရတယ်။ သူ့အလုပ်လုပ်ကိုင်ခွင့် စာအုပ်မှာ ဖော်ပြထားတာနဲ့ သူအလုပ်လုပ်နေတဲ့ နေရာကွဲပြားနေလို့ ဖမ်းဆီး ထားတာ။ သူက ပတ်စ်ပို့ရှိပါတယ်။ ကျနော်တို့လည်း သူ့အတွက် ကြိုးစားနေတာပဲ။ ဟိုတနေ့ကပဲ ကျနော်တို့ အဖွဲ့ဝင်တယောက်သွားတွေ့တာ တွေ့ခွင့်မရခဲ့သေးဘူး” ဟု BWRPC မှ ကိုရဲမင်းထွန်းက ဆိုသည်။

လွန်ခဲ့သော လအတွင်းက လူသိများခဲ့သည့် မြန်မာအထည်ချုပ်အလုပ်သမ (၁၆) ဦးကို ထိန်းသိမ်းပေးထားခဲ့ရသည့် BWRPC အဖွဲ့ဝင်များကို ပြည်တွင်းရှိ မြန်မာအမျိုးသမီးရေးရာအဖွဲ့၊ သတင်းတပ်ဖွဲ့တို့က အလုပ်သမမိသားစုများထံ ချည်းကပ်၍ ယင်းအဖွဲ့ကို အမှုဖွင့်ရန် ဖိအားပေးနေသည်ကို ပြန်လည်ကြားသိရကြောင်း ကိုရဲမင်းထွန်းက ဆက်လက်ပြောဆိုသည်။

“ကောင်မလေးတွေ မိဘတချို့က ဖုန်းဆက်တယ်ဗျာ။ ငါ့တူရေ တို့ဆီကို အမျိုးသမီးရေးရာအဖွဲ့တွေလာပြီး သမီးမိန်းကလေးတွေကို ဘာလို့ နိုင်ငံခြားလွှတ်ရလဲ။ ဘာလဲနဲ့လာပြောတယ်။ အခုဒီလိုဖြစ်နေပြီဆိုတော့ ဒီမှာကျန်တဲ့ မိသားစုတွေက လုပ်စရာရှိတာလုပ်ရမယ်ဆိုပြီး လာပြောတယ်တဲ့။ အမှုလည်း ဖွင့်ခိုင်းနေတယ်ဆိုတော့ ကျနော်ကလည်း ဖွင့်ပေါ့။ နောက်မှ သူတို့ပြောတာက ဟာ..မဟုတ်ဘူး။ အခု အမှုဖွင့်ခိုင်းတာက မင်းတို့အဖွဲ့ကို ဖွင့်ခိုင်းနေတာ။ တရားမ၀င် အဖွဲ့အစည်းတခုကနေ မြန်မာသံရုံးနဲ့ ပေးမတွေ့တာ။ မိန်းကလေးတွေကို အစာရေစာ ၀၀လင်လင် မကျွေးတာတွေရှိတယ်လို့ ထွက်ဆိုပြီး အမှုဖွင့်ခိုင်းနေတယ်လို့ ကျနော်တို့ကို မိဘတွေက ပြန်ပြော တယ်လေ။ ကျနော်တို့က သံရုံးနဲ့ ပေးမတွေ့တာလည်း မဟုတ်ဘူး။ အစားအတွက်ဆိုလည်း သူတို့အတွက် ၀ယ်ထားတဲ့ ဆန်အိတ်တွေ အခုထိရှိသေးတယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

အဆိုပါ အမျိုးသမီး (၁၆) ဦး မစ္စတာကူးမား၏ လုပ်ငန်းခွင်မှ ထွက်ပြေးလာချိန်၌ BWRPC ရုံးခန်းတွင် လက်ခံထား ရှိခဲ့ပြီး ယခုအခါ တင်နာဂါနိတခေါ် အမျိုးသမီးအဖွဲ့တခုက ထိန်းသိမ်းစောင့်ရှောက်ထားသည်။ အဆိုပါအမျိုးသမီး အဖွဲ့ထံ မပြောင်းရွှေ့မီ ရင်ကျော်နှင့် မသန်းရင်တို့ နှစ်ဦးမှာ ၎င်းတို့၏ အစီအစဉ်ဖြင့်ပင် မြန်မာနိုင်ငံသို့ ပြန်သွားကြ သည်။

ကျန်ရှိခဲ့သည့် မြန်မာအထည်ချုပ်အလုပ်သမား (၁၄) ဦးထဲမှ အမျိုးသမီးတဦးက “အစစအရာရာအဆင်ပြေပါတယ်။ သမီးတို့အားလုံး အတူတူရှိနေကြပါတယ်။ အမျိုးသမီးရေးရာအဖွဲ့တွေက အဲလိုပြောတယ်ဆိုတာ ပြန်တော့ကြားရ တာပေါ့နော်။ ကိုယ်မဟုတ်ဘဲနဲ့ အဲလိုပြောနေတော့ မပြောပြတတ်ဘူးရှင့်။ ဘယ်လိုပြောရမလဲ။ သူတို့က ဘယ်လိုပုံစံမျိုးနဲ့တိုင်ချင်တာလဲ သမီးတို့မသိဘူးလေ။ သမီးတို့ကို ဦးရဲတို့က အများကြီး အကူညီပေးထားတာပဲ။ ဟို..မဟုတ်တဲ့ ကိစ္စကို လိမ်ပြီးတော့လည်း မပြောတတ်ဘူးရှင့်။ မဟုတ်ဘဲနဲ့ ပြောတဲ့စကားတွေကိုလည်း မိဘတွေ မယုံစေချင်ဘူး။ သမီးတို့က ကိုယ်တွေ့ခံစားရတာဆိုတော့။ သမီးတို့ပြောတာကိုပဲ ယုံစေချင်တယ်။ ဦးရဲတို့ကလည်း အများကြီး တာဝန်ယူတယ်။ အမှုအတွက် သွားရတဲ့အခါမှာလည်း ရှေ့နေအမျိုးသမီးကြီးနဲ့ ဦးရဲတို့ အဖွဲ့က လိုက်ပို့ပေးတယ်။ ပတ်စ်ပို့စာအုပ်တွေ ပြန်မရသေးပါဘူး။ ဒီမှာနေရတာ အဆင်ပြေပါတယ်” ဟု ပြန်လည် ဖြေကြားသည်။

ခေတ်ပြိုင်မှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...

Monday, March 9, 2009

၂၀၀၉ တိုက်ပွဲခေါ်သံ




လျှပ်စစ်မီး လုံးဝ မရသလောက် ဖြစ်နေသည်ကို အကြောင်းပြုပြီး မတ်လ (၆) ရက်နေ့ညက မော်လမြိုင်မြို့တွင် ဆူပူဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်ပါဝင်ဆန္ဒပြခဲ့သူ ကျောင်းသားတဦးနှင့် မြို့ခံများက ပြောပြသည်။

ကိုယ်တိုင်ပါဝင်ခဲ့သူ ကျောင်းသားတဦးက "ကျနော်တို့ အတန်းတင်စာမေးပွဲဟာ လာမယ့် မတ်လ (၁၁) ရက်နေ့ဆို ဖြေရတော့မယ်။ မီးက လုံးဝ မလာသလောက်ဘဲ။ ကျနော်တို့ အားလုံး အတော်ဒုက္ခရောက်တယ်။ မိဘတွေလည်း ဒုက္ခရောက်တယ်။ ဒါနဲ့ တောင်ဝိုင်းဘက်မှာ ကျနော်တို့ စုမိကြတယ်၊ တက္ကသိုလ် ကျောင်းသားတွေလည်းပါတယ်။ ဆိုင်ကယ်နဲ့ ညဘက် မီးစက်တွေကို သွားဝိုင်းကြမယ်၊ တမြို့လုံး လှည့်အော်ကြမယ် တိုင်ပင်ပြီးထွက်ကြတာ၊ စစခြင်း ကျနော်တို့ ဆိုင်ကယ် အစီး (၂ဝ) လောက်ပဲ။ နောက်လှည့်ရင်းနဲ့ အစီး (၇ဝ) ကျော် နောက်ပိုင်း အစီး (၁ဝဝ) လောက်အထိ များလာတယ်။ တချို့ ကျောင်းသားတွေက စိတ်မထိန်းနိုင်ဘဲ မန္တလေးရပ်က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး စည်းရိုးတွေကို ချိုးဖျက်ကြတယ်။ အများစုကတော့ ရုံးကို ခဲတွေနဲ့ ပေါက်ကြတယ်။ နောက် ငန်းတေးရပ်က မီးစက်ကြီးကို အော်ဟစ် ခဲနဲ့ပစ်ကြတယ်။ ညဘက်ဆိုတော့ ဘယ်သူတဦးတယောက်မှ ထိခိုက်မှု မရှိပါဘူး" ဟု ပြောသည်။

မြို့ခံများ၏ ပြောပြချက်အရ ကျောင်းသားများသည် ဆိုင်ကယ်ကိုယ်စီ စီးပြီး ညဦးပိုင်းမှ ညနက်သည်အထိ မန္တလေးရပ် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၊ ငန်းတေးရပ် မီးစက်နှင့် အခြားမြို့တွင်းနေရာ အတော်များများကို လှည့်လည်ဆန္ဒပြခဲ့ကြသည်။

စိတ်ဝင်စားသူ လူအုပ်ကြီးကလည်း ဆိုင်ကယ်များဖြင့် ဝင်ရောက်ပူးပေါင်းခဲ့ကြသည်။ နောက်ပိုင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဘက်သို့ ဆိုင်ကယ်အုပ်ကြီး ချီတက်သွားသည့်အခါ လျှပ်စစ်မီး ထိန်ထိန်လင်းနေသည့် တိုင်းစစ်ဌာနချုပ် အဆောက်အဦ ဘားတိုက်များကို မြင်ရသည့်အခါ ပိုမို ဒေါသထွက်လာကြကြောင်း၊ သို့သော် စစ်တပ်ပတ်ဝန်းကျင်ဖြစ်သည့်အတွက် အော်ဟစ်ခြင်းသာ လုပ်ပြီး ပြန်လှည့်လာကြကြောင်း ပြောပြသည်။

ယခုကဲ့သို့ ဆူပူဆန္ဒပြပွဲ ဖြစ်ပွားပြီးနောက် မတ်လ (၇) ရက်နေ့ နံနက်မှ စတင်ကာ ထူးထူးဆန်းဆန်း တမြို့လုံး လျှပ်စစ်မီးရနေခြင်း ကြုံရကြောင်း မြို့ခံများက ပြောပြကြသည်။

မြို့ခံတဦးကမူ မော်လမြိုင်မြို့ကို လျှပ်စစ်မီးပေးနေခြင်း သထုံသဘာဝဓာတ်ငွေ့သုံး စက်ရုံနှင့် မော်လမြိုင် ငန်းတေး လျှပ်စစ်ဓာတ်အားပေး စက်ရုံဖြစ်ကြောင်း၊ ယခုနောက်ပိုင်း သထုံကလာသည့် လျှပ်စစ်ဓာတ်အားများကို တိုင်းစစ်ဌာနချုပ်ကသာ သုံးရကြောင်း၊ ငန်းတေး လျှပ်စစ်ဓာတ်အားပေး စက်ရုံသည်လည်း နဂိုက မီးထိုးဆီ အက်ဖ်အိုဖြင့် လည်ပတ်နေရာမှ နောက်ပိုင်း သဘာဝဓာတ်ငွေ့နှင့်လည်ရန် ပြောင်းလဲထားပြီး ဖြစ်ကြောင်း သိရသည်။ သို့သော် သဘာဝဓာတ်ငွေ့မရသဖြင့် စက်မလည်နိုင် ဖြစ်ခဲ့သည်။

ဆန္ဒပြပွဲဖြစ်ပြီးနောက် မတ်လ (၇) ရက်နေ့ တမြို့လုံး မီးလင်းနေသည့် ဖြစ်စဉ်ကိုကြည့်လျှင် အာဏာပိုင်များသည် လျှပ်စစ်မီးပေးနိုင်ပါလျက် မပေးဘဲ ညစ်ထားသည်မှာ သိသာကြောင်း၊ သဘာဝဓာတ်ငွေ့ကို နိုင်ငံခြားရောင်းစားပြီး ဒေါ်လာရှာရေးအတွက်သာ သိကြသည်ဟု တတိုင်းပြည်လုံး သိကြောင်း ကျောင်းသားများက ပြောပြသည်။

အခြားမြို့ခံတဦးကမူ ယခုကဲ့သို့ ဆူဆူပူပူလုပ်မှ လျှပ်စစ်မီးရမည်ကိုသိလျှင် အလားတူ ဆူပူမှုမျိုး မြန်မာတနိုင်ငံလုံး ပျံ့နှံ့သွားနိုင်ကြောင်း သုံးသပ်သည်။
စစ်အစိုးရသည် လျှပ်စစ်မီး တိုးတက်ရရှိအောင် ရေအားလျှပ်စစ်စီမံကိန်းများ မည်သို့ အကောင်အထည် ဖော်နေပါသည်ဆိုပြီး သတင်းစာ၊ ရုပ်မြင်သံကြားများမှ နေ့စဉ် ဝါဒဖြန့်နေသော်လည်း ယခုနှစ်သည် လျှပ်စစ်မီး အနည်းဆုံးရရှိသည့် နှစ်တနှစ်အဖြစ် ရန်ကုန်မြို့ခံများနှင့် အခြားနယ်မြို့ခံများက ပြောပြကြသည်။

ခေတ်ပြိုင်မှတင်ပြသည်။

အပြည့်အစုံဖတ်ချင်ရင်...