ကမ္ဘာတ၀န်းမှာ ဓာတ်ဆီဈေးတွေ ကျဆင်းနေသလို မြန်မာနိုင်ငံတွင်းမှာလည်း
အစိုးရကထုတ်ပေးတဲ့ ဓာတ်ဆီဈေးနှုန်းနဲ့ မှောင်ခိုလောကက ဓာတ်ဆီဈေးနှုန်းဟာ
သိပ်ပြီးမကွာတော့ဘူးလို့ သိရပါတယ်။ ဒါကြောင့် ကျပ်တည်းနေတဲ့ စားဝတ်နေရေး
ပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ အပိုဝင်ငွေ ရှာကြသူတွေအတွက် တွက်ခြေမကိုက်
ဖြစ်ကြရပါတယ်။ ဒီဂယက်ဟာ စစ်တွေက တက္ကသိုလ်ကျောင်းသားတွေအတွက်
ပြေးဆွဲနေတဲ့ ကျောင်းအကြိုအပို့ ကားတွေအပေါ် ရိုက်ခတ်ခဲ့ပြီး အဲဒီကျောင်းကားတွေ
မထွက်တော့လို့ စစ်တွေတက္ကသိုလ်ကျောင်းသား ၅၀၀ လောက် လမ်းလျှောက်
ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်း
ထောက် မအေးအေးမာက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
စစ်တွေတက္ကသိုလ်က ကျောင်းသားတွေအတွက် ပြေးဆွဲနေတဲ့ ဘတ်စ်ကားအစီး၂၀
ခန့်ဟာ အစိုးရကပေးတဲ့ ဓာတ်ဆီ လုံလောက်မှုမရှိတာကြောင့် တက္ကသိုလ်ကျောင်းသား
တွေရဲ့ ကားခကို ၅၀ ကနေ ၁၀၀ ထိ တိုးတောင်းခဲ့ပါတယ်။ ကျောင်းသားတွေက မပေး
နိုင်တာကြောင့် ဒီနေ့မနက်ပိုင်းကစပြီး ပြေးဆွဲနေတဲ့ကားများ ရပ်ဆိုင်းခဲ့ပါတယ်။
ကျောင်းသားမိဘတဦး ပြောပြတာက …
“အဲဒီကားသမားတွေကို ဓာတ်ဆီတဂါလံပေးတယ်။ ပြီးတော့ ကျောင်းသား တယောက်
စီကနေ ၅၀ ကျပ် ကောက်ခံခွင့်ရှိတယ်၊ သူတို့က။ အခု ဆီဈေးက အပြင်မှာလည်း
၃,၀၀၀ ပဲ၊ အစိုးရဈေးလည်း ၃,၀၀၀ ပဲ။ အဲဒါကြောင့် ကားသမားတွေကလည်း
ဘယ်လိုမှ မကိုက်ဘူးဆိုပြီး သူတို့လည်း တစီးမှ မလာကြဘူး။ ဟိုတုန်းက သူတို့လည်း
ကိုက်တယ်၊ အစိုးရဈေးက ၃,၀၀၀ ဆိုရင် အပြင်မှာ ၆,၀၀၀၊ ၇,၀၀၀ အဲဒီလိုရှိတယ်။
ကုန်တာက ဆီ ၃ ပုလင်း၊ ဂါလံဝက်လောက်ပဲကုန်တယ်။ ကျန်တဲ့ဟာ သူတို့ ရောင်းစား
လို့ရတယ်။
“အခုက အစိုးရဈေးကလည်း တဂါလံကို ၃,၀၀၀၊ အပြင်မှာလည်း ၃,၀၀၀ ပဲဆိုတော့၊
ကျောင်းသူကျောင်းသားဆီက တဦးကို ၁၀၀ ကောက်မယ်ဆိုပြီး လုပ်တယ်။
ကျောင်းသားတွေကလည်း မပေးနိုင်ကြဘူး။ အဲတော့ ကားတွေလည်း တစီးမှ မလာကြ
ဘူး။ ကျောင်းသားမိဘတွေမှာလည်း သားသမီးတယောက်ကို ၅၀၀၊ ၁,၀၀၀
အဲလောက်ပဲပေးနိုင်တာ။ အဓိကကတော့ ဆီဈေးပဲ။ ဆီဈေးက အစိုးရဈေးနဲ့ အပြင်
ဈေး အတူတူဖြစ်နေလို့။ အစိုးရက ဈေးမလျှော့ဘူး၊ အပြင်မှာက ဈေးကျနေတယ်။”
နောက်ဆုံးမှာတော့ စစ်တွေမြို့လမ်းတလျှောက် ကျောင်းသား ၅၀၀ လောက် စုဝေးခဲ့
ကြပြီး လမ်းလျှောက်တာတွေ လုပ်လာတဲ့အခါမှာတော့ ရဲတွေရောက်လာပြီး ကြုံတဲ့
ကားတွေကို ချောဆွဲပြီး ကျောင်းသားတွေကို ပို့ပေးခဲ့တယ်လို့ ပြောပြပါတယ်။
“တစီးမှမရောက်လာတော့ ကျောင်းသားတွေက တဖြည်းဖြည်း များများလာတာပေါ့။
ကားမရှိတော့ တဖြည်းဖြည်း ဆူလာကြတာပေါ့။ ပြီးတော့ လမ်းလျှောက်သွားမယ်ဆိုပြီး
ဖြစ်တာ။ အဲတော့ ရဲတွေက နေ့ထိုင်းထိုးနေတဲ့ကားတွေကို ခေါ်လို့မရတော့ ကြုံရာကား၊
ဂိတ်ကကားတွေကို ခေါ်ပြီးတော့မှ ပို့ခိုင်းလိုက်တယ်။”
စစ်တွေတက္ကသိုလ်က စစ်တွေမြို့နဲ့ ၇ မိုင်၊ ၈ မိုင်ခန့်ဝေးတဲ့နေရာမှာ တည်ထားတာ
ဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ ကျောင်းကားကြိုနောက်ကျမှုတွေ၊ ကျောင်းကား
တွေ မကြိုနိုင်မှု ပြဿနာတွေ မကြာခဏ ကြုံနေကြရတာကြောင့် တခုခုဖြစ်တိုင်း
လမ်းလျှောက်တာတွေ လုပ်ခဲ့ပါတယ်။ ဒီအတွက် အာဏာပိုင်တွေကတော့ ဆူပူအုံကြွမှု
မဖြစ်အောင် စီမံဆောင်ရွက်လေ့ ရှိပါတယ်။ ဒီနေ့မှာတော့ အသွားရော၊ အပြန်ပါ
ကြုံတဲ့ကားတွေကို ချောဆွဲပြီး ပြဿနာမတက်အောင် ရှင်းခဲ့ပေမယ့် မနက်ဖြန်မှာတော့
ဘယ်လိုဖြေရှင်းမယ်ဆိုတာ မသိရှိသေးကြောင်း ကျောင်းသားမိဘတွေက ပြောပြကြပါ
တယ်။
Monday, January 5, 2009
စစ်တွေကျောင်းသား ၅၀၀ ခန့် သွားလာရေးခက်ခဲလို့ လမ်းလျှောက်ဆန္ဒပြ
Labels: သတင်း
Posted by Ashin dhamma at 4:58 PM 0 comments
Sunday, January 4, 2009
လွတ်လပ်ရေးနေ့အန်အယ်လ်ဒီ၏အထူးကြေညာချက်
Labels: ကြေညာချက်
Posted by Ashin dhamma at 1:49 AM 0 comments
လွတ်လပ်ရေးနေ့အခမ်းအနားအန်အယ်လ်ဒီရုံးတွင်ကျင်းပ
Labels: ဓာတ်ပုံ
Posted by Ashin dhamma at 1:31 AM 0 comments
Saturday, January 3, 2009
တရားခံဘယ်သူလဲဟေ့
တရားခံဘယ်သူလဲဟေ့
ကျွန်တော့်ရဲ့ ဖွားသက္ကရာဇ်က 1988 ခုနှစ်
အခု 2009 ခုနှစ်ဆိုတော့
ကျွန်တော်အသက် 21 နှစ်ပေါ့
ဒါပေမဲ့ . . . ကျွန်တော့်ကို ကျွန်တော်မေး
မင်း ဘယ်သူလဲ? ငါဘယ်သူလဲ?
မင်း ဘယ်သူလဲဆိုတာ ငါမသိသလို
ငါဘယ်သူလဲဆိုတာ
အဖြေက ယောင်ဝါးဝါး ၀ိုးတိုးဝါးတာပါပဲ
မွေးစကတည်းက အမှောင်ခန်းထဲမှာ မွေးခဲ့တဲ့ငါ
မျက်စီကန်းလို့ နားကမကြား
အရာအားလုံးဟာ ၀ိုးတိုးဝါးတားပါပဲ
ယနေ့ ကမ္ဘာကြီးမှာ ပြောနေကြတဲ့
ကွန်ပျူတာခေတ်၊ အင်တာနက်ခေတ်
IT ခေတ် globalization ခေတ်
20 ရာစုမှ 21 ရာစုကိုပြောင်း
ခေတ်နှစ်ခေတ်ကို မီလိုက်လို့
သိပ်ပြီးထူးခြားတဲ့ခေတ်
ဒါပေမဲ့ ခေတ်တွေက ဘယ်လိုပြောင်းပြောင်း
မပြောင်းလဲတာက ငါ့ရဲ့ဘဝ
20 ရာစုမှာ မွေးလို့ 21 ရာစုထဲ ရောက်ခဲ့တဲ့ ငါ့ရဲ့ ဘဝ
ဟိုး ကမ္ဘာဦးအစ ကျောက်ခေတ်ဘ၀နဲ့
ဘာမှ မခြားနား မကွဲပြား
အရာအားလုံးဟာ ၀ိုးတိုးဝါးတား ယောင်ဝါးဝါးပါပဲ
ဒီလိုနဲ့ သိချင်လို့ ပြည်သူတွေကို ကျွန်တော်မေး
ဒါတွေအားလုံးရဲ့ အဖြစ်မှန်
တရားခံ ဘယ်သူလဲဟေ့?
WHO IS THE CULPRIT
1988 is my date
Now ..... 2005
I am 17 years old
But I asked myself
Who am I ? Who are you?
I don't konw who you are
You don't know who I am
Who am I ?
The answer is uncertain
I was in the dark since I was born
my eyes and ears are closed
Everythings are uncertain
Todays' world is changing
computer and Internet ear
I.T and globalization age
Changed from 20th to 21st century
It's said it is a wonderful opprtunity
to learn the two centuries
But no matter how centuries change,
unchange is my life
I was born in 20th century and living
in 21st century
Oh....my life is no different than stone age
Everthings are still uncertain
So, So, So, .... in order to know,
I asked the people
WHO IS THE CULPRIT
for the facts?
မင်းသုည ကွမ်းခြံကုန်း
Labels: ကဗျာ
Posted by Ashin dhamma at 8:12 AM 0 comments
Friday, January 2, 2009
လွတ်လပ်ရေးနေ့

၂၀၀၉ ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့ ဆိုရင် ကျွန်တော်တို့ တိုင်းပြည်ကြီး
တိုင်းတစ်ပါးလက်အောက်ကလွတ်မြောက်ခဲ့တာ (၆၁)နှစ်ရှိပြီ။ကျွန်စနစ်ကြီးအောက်
ကနေလွတ်မြောက်အောင်လွတ်လပ်ရေးခေါင်းဆောင်တွေရဲ့ အသက်သွေးချွေးပေါင်း
မြောက်များစွာကျပြီး၊ရင်းပြီးမှရခဲ့ကြတာအားလုံးအသိဖြစ်ပါသည်။ထိုခေါင်းဆောင်ကြီး တွေသူတို့ ရဲ့ သမိုင်းပေးတာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ကြလို့သူတို့ ရဲ့ သမိုင်း မှတ်တမ်းကိုသူတစ်ပါးနိုင်ငံကျွန်စနစ်အောက်ကနေလွတ်မြောက်သောနေ့ လွတ်လပ်ရေးနေ့ လို့ ရဲရဲရင့်ရင့်စိုက်ထူနိုင်ခဲ့ကြသည်။သူတဲ့ရဲ့ သမိုင်းမှတ်တမ်းကမ္ဘာ့သ မိုင်းဝင်သွားခဲ့ပြီ။
ထိုခေါင်းဆောင်ကြီးများယူပေးခဲ့တဲ့လွတ်လပ်ရေးကိုခိုင်မာအောင်မတည်
ဆောက်နိုင်ခဲ့မှု၊အချင်းချင်းမညီညွတ်မှု၊အညှိုးအတေးကြီးမှုတွေကြောင့် အာဇာနည်ခေါင်း
ဆောင်ကြီးများယူပေးခဲ့သောလွတ်လပ်ရေးတဖန်ပြန်လည်ဆုံးရှုံးခဲ့ရ၏။ရှက်စရာကောင်းသည်က
ကိုယ့်အချင်းချင်းကျွန်ပြုထားသော စစ်အာဏာရှင်ကြီးများကား တိုင်းတစ်ပါးသားအင်္ဂလိပ်နှင့်ဖက်စစ်ဂျပန်တို့ ထက်ပင်ပိုမိုဆိုးဝါးနေခြင်းဖြစ်ပါသည်။
ကျနော်တို့ ပြည်သူတွေတဖန်ပြန်လည်ကျဆုံးနေတဲ့ လွတ်လပ်ရေးကိုဘယ်လို
ရအောင်တိုက်ယူကြမှာလဲ?--စစ်အာဏာရှင်ဗိုလ်နေဝင်းလက်ထက်မှနေ၍ယနေ့ ၂၀၀၉ ခုနှစ်ထိတိုက်ပွဲဝင်လာကြတာနှစ်ပေါင်း၄၇နှစ်ရှိပြီ။ယနေ့ ထိလွတ်လပ်ရေးမရကြသေး ပေ။
အာဇာနည်ရဟန်းသံဃာတော်တွေ၊ကျောင်းသားအာဇာနည်တွေ၊ပြည်သူ့အာဇာနည်တွေစသည့်နိုင်ငံ့အာဇာနည်တွေရဲ့ အသက်သွေးချွေးပေါင်းမြောက်
များစွာ သွေးမြေကျ ရင်းခဲ့ကြရသည်။ယခုထက်ထိစစ်အာဏာရှင်န.အ.ဖ ၏
အကျဉ်းထောင်များထဲတွင်ထောင်ဒဏ်(၁၀၄)နှစ်၊(၆၈)နှစ်၊(၅၈)နှစ်စသည် ဖြင့်နှစ်ရှည်ထောင်ဒဏ်တွေအကျခံမတရားနှိပ်စက်ခံနေကြရဆဲရှိသေး၏။ ဒါပေမဲ့လွတ်လပ်ရေးကားယနေ့ ထက်ထိမရရှိသေးသည်ကိုတတိုင်းပြည်လုံးအသိဖြစ်၏။ဒါကိုလျစ်လျူရှုမသိကျိုးကျွန်ပြုမနေကြပါနဲ့ ။
တတိုင်းပြည်လုံးလှည်းနေလှေအောင်မြင်းဇောင်းမကျန်တက်ညီ
လက်ညီဖြင့်တော်လှန်ခဲ့ကြလို့ တိုင်းတပါးသူ့ ကျွန်အောက်ကနေလွတ်လပ်
ရေးကိုရအောင်ယူနိုင်ခဲ့ကြ၏။ဒါကိုယနေ့ (၆၁)နှစ်မြောက်လွတ်လပ်ရေးနေ့ 
ဆိုတာကအထင်အရှားဖော်ပြနေပါ၏။ယနေ့ တိုင်းတပါးထက်ဆိုးတဲ့စစ်အာဏာရှင်ကြီးများလက်ဝါးကြီးအုပ်ကာတတိုင်းပြည်လုံးကိုဒုက္ခရောက်အောင်ပြုနေတဲ့
စစ်ကျွန်စနစ်အောက်ကနေလွတ်မြောက်ရေးကိုဘယ်လိုတိုက်ပြီးရ အောင်ယူကြမှာလဲ?ယနေ့ သမိုင်းပေးတာဝန်သည်မြန်မာနိုင်ငံသားအားလုံး၏အ ပေါ်သို့ ကျရောက်နေပါပြီ။တတိုင်းပြည်လုံးရဲ့ လွတ်မြောက်ရေးကို ငါနဲ့ မဆိုင်ဆိုပြီးဘေးထိုင်ဘိုင်ကျလက်မှိုင်ချနေမယ်ဆိုရင်သင်ဟာအဆင့် မြင့်လူသားတွေရဲ့ စွန့် ပယ်ခြင်းကိုခံရလိမ့်မယ်။သင်ဟာလူစင်စစ်ကနေနိမ့် ကျရွေ့ လျောသွားလိမ့်မယ်။လူမှာလူ့ တာဝန်ဝတ္တရားတွေရှိတယ်။ ဒီတာဝန်ဝတ္တရားတွေကျေပွန်အောင်ထမ်းဆောင်နိုင်မှသင်ဟာလူပီသတဲ့ လူသားစင်စစ်ဖြစ်နိုင်တယ်။ဟန်းဖုန်းလေးခါးကြားချိတ်နိုင်ရုံ၊ကားကောင်းကောင်းစီးနိုင်ရုံ၊ပိုက်ဆံလေးသုံးနိုင်ဖြုန်းနိုင်ရုံ၊
န.အ.ဖတွေချပေးတဲ့ရာထူးပါဝါတွေကိုသာမက်မောပြီးငါဟာချမ်းသာစီးစိမ်တွေကိုခံစားနိုင်ပြီ၊လူပီသပြီလို့ လက်မထောင်နေရင်သင့်ကိုကမ္ဘာ့အချမ်းသာဆုံးဘီလ်ဂိတ်အိမ်က ခွေးကရယ်ပြနေလိမ့်မယ်။ သင်တို့ ခံစားနေတဲ့စီးစိမ်ချမ်းသာတွေဟာ ဘီလ်ဂိတ်အိမ်က ခွေးတစ်ကောင်လောက်တောင်မှအဆင့်အတန်းမရှိဘူး။သင်တို့ ခံစားနေတာတွေဟာ ဘာမှလွတ်
လပ်မှုမရှိဘူး။အမြဲတမ်းစိုးရိမ်နေရတယ်။အမြဲတန်းဖားနေကြရတယ်။အဲ့ဒိမိမိ
ဖားနေရတဲ့အကောင်ကြီးကြီးအမှီးရှည်ရှည်ပြုတ်ပြီဆိုရင်အဲ့ဒိငဖားကောင်လဲ စည်းစိမ်အကုန်ပြုတ်ပြီးဒုက္ခရောက်တော့တာပဲ။ပြန်စဉ်းစားကြည့်။ဘီလ်ဂိတ်ရဲ့ ခွေးမှာ ခွေးအခွင့်ရေးအပြည့်အဝရှိတယ်။သူ့ ကိုဘယ်သူမှအလကားမငေါက်ရဲ
ဘူး။မရိုက်ရဲဘူး။သူ့ မှာဘယ်သူ့ ကိုမှမဖားရဘူး။သူ့ မှာလွတ်လပ်ခွင့်တွေအ
များကြီးရှိတယ်။ပြီးတော့အဲ့ဒိခွေးရဲ့ စီည်းစိမ်နဲ့ မိမိစည်းစိမ်ယှဉ်ကြည့်အဲ့ဒိခွေးကသာတယ်။ဒါကြောင့်စည်းစိမ်ခံစားရရုံမျှကို
လူပီသပြီလို့ တွေးကြရင်ဘီလ် ဂိတ်အိမ်ကခွေးကိုပြေးပြီးသတိရဖို့ လိုတယ်။ဒါပေမဲ့ ဘီလ်ဂိတ်အိမ်ခွေးစီးစိမ်ခံစားတက်ပေမဲ့ကိုယ့်တိုင်းပြည်ရဲ့ လွတ်လပ်ရေးတို့ အမျိုးသားရေးတာဝန်တို့ ဆိုတာကိုဘယ်သိမလဲ။ဒီတာဝန်ကိုလူပီသတဲ့အ ဆင့်မြင့်အာဇာနည်တွေသာသိ
ကြတယ်။သိသည့်အလျှောက်မိမိအသက်ကိုပင်ပဓာနမထားပဲလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ကြတယ်။
လူနဲ့ တိရ စ္ဆာန်ကွာတာ ခြားနားတာဟာ ဒါပါပဲ။
အဲ့ဒီတော့မိမိကိုယ်ကိုမိမိသေချာစွာမလိမ်တမ်းမညာတမ်းပြန်မေးကြပါ။ငါ
ဟာဘယ်အုပ်စုထဲမှာပါနေလဲ?လူ့ တိရ စ္ဆာန်အုပ်စုထဲမှာလား?လူပီသတဲ့လူ
စင်စစ်အုပ်စုထဲမှာလား?ဒါကိုသေချာစွာမေးပါ။ဟိုတစ်ချိန်ကလုပ်ခဲ့ဘူးတာဘဲ
ဆိုရုံလေးနဲ့ စားမြုန့် ပြန်ပြီးကျေနပ်မနေပါနဲ့ ။မိမိသွားရမှာကစစ်ကျွန်စနစ်မှအပြီးတိုင်လွတ်မြောက်ရေးဆီသွားရမယ်။လွတ်မြောက်ပြီးရင်ဒီလွတ်လပ်ရေး
ကြီးကိုဘယ်လိုအာဏာရှင်မှမဖြိုခွဲနိုင်အောင် လွတ်လပ်ရေးကြီးမကျဆုံး
အောင် မပျောက်ပျက်ရအောင် ခိုင်ခိုင်မာမာအခြေချတည်ဆောက်ရမယ်။ခိုင်
ခိုင်မာမာအခြေမချနိုင်ခဲ့လို့ အသက်သွေးချွေးတွေနဲ့ ရင်းခဲ့ရတဲ့ လွတ်လပ်ရေး
ကြီးဆုံးရှုံးခဲ့ရတယ်။ဒါကိုသင်္ခန်းစာယူရမယ်။ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလိုပန်းမ၀င်ခင်တက်မထောင်ချင်ကြပါနဲ့ ။ဒါဟာသခင်စိတ်ဓာတ်မဟုတ်ဘူး။ ကျွန်စိတ်ဓာတ်သာဖြစ်တယ်။တတိုင်းပြည်လုံးဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကလိုသခင်စိတ်ဓာတ်များမွေးရ်ျစစ်ကျွန်စနစ်အောက်ကလွတ်မြောက် အောင်တက်ညီလက်ညီဖြင့်တိုက်ကြမည်ဆိုလျှင်ဧကန်မုချလွတ်လပ်ရေးရမှာဖြစ်ပါတယ်။
မည်သူ့ ကိုမှအားကိုးမနေကြပါနဲ့ ။အတ္တာဟိ အတ္တနော နာထော -မိမိသည်
သာမိမိ၏အားကိုးရာဖြစ်၏ဆိုတဲ့ ဗုဒ္ဓရဲ့ လမ်းစဉ်အတိုင်းကိုယ့်အားကိုယ် ကိုး၍ကြိုးစားကြပါ။ ယနေ့ ပြည်သူအင်အားသန်း(၅၀)ကျော်ရှိပါ၏။ထိုသန်း(၅၀)ကျော်သာညီ ညွတ်ကြမယ်ဆိုရင်တကယ့်မိမိနိုင်ငံရဲ့ လွတ်လပ်ရေးသည်မဝေးတော့ပါ။မိမိရဲ့ လက်တစ်ကမ်းအလိုတွင်သာရှိပါသည်။အားလုံးမိမိရဲ့ကျွန်စိတ်ကြောက် စိတ်များကိုဖျောက်ကြပါလော့။စည်းဝေးတိုင်ပင်ကြပါလော့။သခင်အသင်း များနေရာအနှံ့ ပြန်လည်ဖွဲ့ စည်းကာတွန်းလှန်ကြပါလော့။တကယ်လွတ် မြောက်ရမည်ဟူသောယုံကြည်စိတ်ဖြင့်တတိုင်းပြည်လုံးကြိုးစားတွန်းလှန်ကြပါလျှင်န.အ.ဖစစ်ဗိုလ်ချုပ်ကြီးများ
ခွေးပြေးဝက်ပြေးထွက်ပြေးရကာမိမိတို့ 
တိုင်းပြည်ရဲ့ လွတ်လပ်ရေးကိုတဖန်ပြန်ယူနိုင်ကြပါလိမ့်မည်။
တာဝန်သိသူတာဝန်ရှိသည်။တာဝန်ကိုသူတော်ကောင်းသူမြတ်
လောင်းတို့ သာသိကြသည်။သိသည့်အတိုင်းလည်းထမ်းဆောင်ကြပါသည်။
တော်လှန်ရေးသစ္စာဖြင့်
မင်းသုည
Labels: ဆောင်းပါး
Posted by Ashin dhamma at 8:02 PM 0 comments
မလေးရှားတွင် လွတ်လပ်ရေးနေ့အကြို ဆန္ဒပြပွဲ ကျင်းပ။










ယနေ့ (၂.၁.၀၉) နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှားမှ ကွာလာလမ်ပူမြို့တော်ရှိ မြန်မာသံရုံးရှေ့၌ ဆန္ဒပြပွဲကျင်းပပြုလုပ်ခဲ့သည်။ ၎င်းဆန္ဒပြပွဲသည် လွတ်လပ်ရေးနေ့အကြို ဆန္ဒပြပွဲဖြစ်ပြီး မြန်မာစစ်အစိုးရ၏ အဖိနှိပ်ခံနေရသော မြန်မာပြည်သူလူထုနှင့် နှစ်ရှည်ထောင်ဒဏ်များချခံထားရသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးကို ဦးတည်၍ ဆန္ဒပြလိုက်ခြင်း ဖြစ်သည်။
(၂၀၀၉) ခုနှစ်၏နိဒါန်း ပြည်သူ့တိုက်ပွဲခေါ်သံတစ်ခုလည်း ဖြစ်သည်။ ၎င်းဆန္ဒပြပွဲ တွင် လူအင်အား (၅၀) ကျော်ပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) မလေးရှားမှ ထုတ်ပြန်သော “ အထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးနှင့် စစ်မှန်သော လွတ်လပ်ရေး တောင်းဆိုဆန္ဒပြပွဲ အထူးကြေညာချက်” ကို အတွင်းရေးမှူး ကိုအောင်ကျော်ဆက်နှင့် နိုင်ငံခြားရေးရာ ကိုစောခွန်မှိုင်းတို့မှ ဖတ်ကြားသည်။ ဥက္ကဌ ကိုကျော်ကျော်မှ မြန်မာသံရုံးသို့ ၎င်းကြေငြာချက်ကို ပေးပြီး အဖွဲ့ဝင်များမှ ကြွေးကြော်သံများ ကြွေးကြော်ကြသည်။ မလေးရှား အာဏာပိုင် လုံခြုံရေးရဲအဖွဲ့များ အင်အားထူထပ်စွာ စောင့်ကြပ်နေသည့်ကြားမှ ဆန္ဒပြပွဲကို နံနက်(၁၀)နာရီကျော်တွင် စတင်ပြီး (၁၁)နာရီတိတိတွင် အဆုံးသတ်၍ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြသည်။
အထူးကြေညာချက်တွင်ပါဝင်သော တောင်းဆိုချက်များမှာ -
၁။ ၉၀ ခုနှစ်ရွေးကောက်ပွဲရလာဒ် အကောင်အထည်ဖော်ရေး၊
၂။ စစ်မှန်သောတွေ့ဆုံဆွေးနွေးမှုဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊
၃။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး၊ မင်းကိုနိုင်တို့နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေး တို့ ဖြစ်သည်။
Labels: သတင်း
Posted by Ashin dhamma at 2:32 AM 0 comments
Thursday, January 1, 2009
မသိလို့မှားတာလား? ??????????? ??


ယမန်နှစ်က ဘာသာရေးပွဲတခုတွင် တိုက်တိုက်ဆိုင်ဆိုင် နေပြည်တော်မှ အရာရှိကြီးတချို့နှင့် ဆုံဖြစ်သည်။ သည်လိုဖြင့် စကားစပ်မိကြရာက ဘုန်းကြီးတွေကို ကန်တော့တဲ့အခါ ခါးမှာချိတ်ထားသော သေနတ်ကို ဖြုတ်ထားသင့်ကြောင်းကိစ္စ ရောက်သွားသည်။
မိတ်ဆွေတယောက်က ရဟန်းတော်များမှာ ၀ိနည်းတော်ရှိကြောင်း၊ "အဂါရ၀ ငါးပါး" ကို ရှောင်ရှားကြရကြောင်း၊ အမြင့်မှာ ရှိနေသူ၊ ကျောပေးထားသူ၊ မလေးမစား အမူအယာပြသူ၊ လက်နက်ကိုင်ဆောင်ထားသူ၊ အရိုအသေ မပြုသူတို့ကို တရား မဟောရ၊ အကန်တော့ မခံကြရကြောင်း၊ အကန်တော့ခံမိပါက ရဟန်းတော်တွင် အာပတ် သင့် ရောက်ပါကြောင်း ရှင်းပြသည်။
ဥပမာ ဗိုလ်ခင်ညွန့် အာဏာရှိစဉ်က တရက်တွင် ပဲခူးမြို့မှ စာသင်တိုက်ကြီး တတိုက်သို့သွားကာ ဆရာတော်ကို ဖူးတွေ့ ကြောင်း၊ ထိုအခါ ဆရာတော်က "ငါ့ကိုရှိမခိုးခင် မင့်ခါးက သေနတ်ကို အရင်ဖြုတ်ပါဦး" ဟု အမိန့်ရှိ ကြောင်း၊ ထိုစကားကို ဗိုလ်ခင်ညွန့်က သူ့ကို ဆရာတော်က ရှုတ်ချစကားဆိုသည်အထင်နှင့် ချက်ခြင်းလှည့်ပြန် သွားခဲ့ဖူးကြောင်း ပြောပြသည်။
မသိနားမလည်လို့ပါဆိုပြီး အမှားတခုကို ကျူးလွန်မိလျှင် အကုသိုလ်ကံကတော့ ခွင့်လွှတ်မည် မဟုတ်သည်မှာ သေချာပါ သည်။ အမိအဘကို မသတ်ရဆိုသည့် ပညတ်ချက်ကို မသိနားမလည်လို့ဆိုပြီး ကျူးလွန်မိလျှင် ထိုသူ မှာ ကံကြီးထိုက် မည်ပင် ဖြစ်သည်။
ယနေ့ကာလတွင် ရဟန်းသံဃာတော်များက နအဖ၊ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်စသည့် အပေါင်းပါများအား သံဃာကို စော်ကားမော်ကား ပြုမှုများကြောင့် "ပတ္တနိက္ကုဇ္ဇနကံ" ဆောင်ထား ကြသည်။
အမှန်စင်စစ် ထို "ပတ္တနိက္ကုဇ္ဇနကံ" ဆိုသည်မှာ မြတ်စွာဘုရားရှင်၏ ခွင့်ပြုချက်အရ သာသနာတော်ထမ်း ရှင်ရဟန်းတို့အား စော်ကားပြုမူလာခြင်းကို နောင်မပြုရဲအောင် ကံဆောင်တားမြစ် ဆုံးမခြင်းပင် ဖြစ်သည်။ အကြင်သူသည် …
• ရဟန်းတို့အား လာဘ်မရစိမ့်သောငှာ အားထုတ်၏။
• ရဟန်တို့အား အကျိုးမဲ့စိမ့်သောငှာ အားထုတ်၏။
• ရဟန်းတို့အား နေရာမရစိမ့်သောငှာ အားထုတ်၏။
• ရဟန်းတို့ကို ဆဲရေး၏၊ ခြိမ်းခြောက်၏။
• ရဟန်းအချင်းချင်း ကွဲပြားစေ၏။
• မြတ်စွာဘုရား ကျေးဇူးမဲ့ကို ပြော၏။
• တရားတော်၏ ကျေးဇူးမဲ့ကို ပြော၏။
• သံဃာ၏ ကျေးဇူးမဲ့ကို ပြော၏။
ရဟန်းတို့ ထိုအင်္ဂါ ရှစ်ပါးနှင့်ညိစွန်းသော ဥပါသကာအား သပိတ်မှောက်ရမည်ဟု စူဠ၀ါပါဠိတော် မြန်မာပြန် စာ-၂၆၅ ခုဒ္ဒက ၀တ္ထုကမ္မ အခန်းကဏ္ဍတွင် သပိတ်မှောက်အင်္ဂါရှစ်ပါးကို ပြဆိုထားသည်။
"ပတ္တနိက္ကုဇ္ဇနကံ"ကို သာသနာတော်အတွင်း ရှိရှိသမျှသော သံဃာတော်များ၏ ဆန္ဒရယူပြီးမှ သိမ်အတွင်းတွင် ကမ္မ၀ါစာဖြင့် ပြဌာန်းရသည်ဖြစ်၍ ရဟန်းတော်တပါးတလေ၏ ပြဌာန်းချက်မဟုတ်။ သံဃာတော်အားလုံး၏ အမိန့် အာဏာဖြစ်သည်။
ထို့ကြောင့် ကံပြုစဉ်က မိမိဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ သာသနာတော်ထမ်း ရဟန်းတော်တိုင်းက လေးစားလိုက် နာကြရသည်။ ထိုကံဆောင်ခြင်းမှ သွေဖည်၍ ကံပြုခံရသူများနှင့် ဘာသာရေးကိစ္စများ လက်ခံ ဆောင်ရွက်ပေးပါက ထိုပုဂ္ဂိုလ်မှာ မြတ်စွာဘုရားရှင်၏ ပညတ်ချက်ကို ကျူးကျော်ရာရောက်သဖြင့် အာပတ် သင့်ရောက်ပါသည်။
"ပတ္တနိက္ကုဇ္ဇနကံ"၏ ရည်ရွယ်ချက်မှာ ဘာသာရေးကို မသိနားမလည်၍ တကြိမ်တခါ ပြစ်မှားကျူးလွန်မိခြင်းကို အချိန်မီ သိရှိကာ ၀န်ချတောင်းပန်နိုင်စေရန် ဖြစ်ပါသည်။
ကာယကံရှင်များက မိမိတို့ပြုမှားမိသည်များကို သံဃာသို့ ၀န်ချတောင်းပန်မှသာလျှင် ကံဆောင်ထားခြင်းမှ ရုပ်သိမ်းပေးခွင့် ရှိပါသည်။ ပြန်လည်ရုပ်သိမ်းမည်ဆိုကလည်း၊ ကံဆောင်စဉ်က နည်းအတိုင်း၊ သံဃာအားလုံး၏ ဆန္ဒရယူပြီး သိမ်အတွင်း ၀ယ် ကမ္မ၀ါစာဖြင့် ပြန်လည်၍ ကံလွှတ် ရုပ်သိမ်းပေးတော်မူကြရသည်။
မြန်မာနိုင်ငံတွင် သံဃာတော်များက နအဖအစိုးရနှင့်အပေါင်းပါ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ အားလုံး အပေါ် "ပတ္တနိက္ကုဇ္ဇနကံ" ဆောင်ခဲ့သည်မှာ နှစ်ကြိမ်တိုင်ခဲ့ပါပြီ။ တကြိမ်မျှ မတောင်းပန်ခဲ့ဘူးပါ။ ထိုသို့ မတောင်းပန်ခြင်းသည် နအဖ စစ်အစိုးရနှင့် အပေါင်ပါများအဖို့ သံသရာခရီးတွင် နစ်သည်ထက် နစ်လာကြရဖို့ သာ ရှိပေသည်။ သံဃာတော်များအား အလှူအတန်းစသည် ပေးလှူခွင့်၊ ဥပုသ်သီတင်း ဆောက်တည်ခွင့်၊ သေလျှင် သရဏဂုံတင်ခွင့် ဆုံးရှုံးကြရပေတော့မည်။ လူ့ဘ၀ကိုရပါလျှက် အပေါင်းအသင်း မှားသဖြင့် လူဖြစ်ရှုံးကြရလေပြီ။
လတ်တလောအားဖြင့် သံဃာများက ထိုကံဆောင်ထားကြသည့်အတွက် မိမိတို့တွင် "သံဃံ သရဏံ ဂစ္ဆာမိ" ဟူသော သရဏဂုံ တပါး ကျိုးပေါက်သွားကြပြီ။ သရဏဂုံ မတည်သူများ ဖြစ်ကြရပြီ။ ထိုသူများအဖို့ မည်မျှ ငွေကြေးတတ်နိုင်၍ လှူလိုကြသည်ဖြစ်စေ၊ လှူလေသမျှ တန်းလေသမျှ ဘာကုသိုလ်မျှမရနိုင်တော့ပြီ။ စစ်တပ်၊ ရဲ ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ အားလုံး သတိထားကြစရာပါ။ ကုသိုလ်လုပ်၍မရတော့လျှင် အသက်ရှင်နေသည့် ကာလတလျှောက် အကုသိုလ်သာ စုမိကြဖို့ဖြစ်လာသည်။
ယခုလတ်တလောမှာတော့ နအဖက ၄င်းတို့လုပ်နေကြလုပ်ထုံးအတိုင်း သံဃာတော်များကပဲ သူတို့ အလှူကို လက်ခံနေကြ သယောင်ယောင် ဆရာတော်တွေကို ၀ါဆိုသင်္ကန်းတွေကပ်၊ ကျောင်းတိုက်ကြီးများသို့ ဆွမ်းဆန် တော် အိတ်တွေ၊ ၀တ္ထု ပဒေသာပင်တွေ ဝေနေအောင်လှူပြ နေကြသည်။ စင်စစ် ထိုအလှူများအပေါ် သံဃာ တော် များက သာယာမှုဖြစ်တော် မမူကြ။ ထိုအလှူများကြောင့် လှူရသူတို့မှာ ကုသိုလ်မရသည့်ပြင် ရဟန်းတော် တို့အား အာပတ်သင့် ရောက်အောင် တွန်းပို့နေရာသာရောက်နေသည်။ ကုသိုလ်ပြုကာမှ ငရဲသာရနေသည်။
အဆိုးဆုံးကတော့ သံဃာ့ဝိနည်းကို နားမလည်ဘဲ သံဃာတော်များကို လူပုဂ္ဂိုလ်များကဲ့သို့ ဆက်ဆံနေကြခြင်း ဖြစ်သည်။ အရေးအခင်းမှာ ပါသည်ဆိုလျှင်ပင် သူတို့မှာ ဆုံးမကြဖို့ အခွင့်အလမ်းရထားသူများလို သံဃာတော် တွေကို ရိုက်လိုရိုက်၊ သတ်လိုသတ် သင်္ကန်းဆွဲချွတ် လိုချွတ်ပြုနေကြသည်။
သံဃာတော်ဖြစ်ပြီဆိုသည်နှင့် ကာယကံရှင်၏ ဆန္ဒမပါဘဲ၊ မည်သူတစုံ တဦးကမျှ သင်္ကန်းကို ဆွဲချွတ်၍မရပါ။ ထိုပုဂ္ဂိုလ် ကိုယ်တိုင်က ၀ိနည်းသိက္ခာပုဒ်တော်နှင့်မညီဘဲ ပါရာဇိက ကဲ့သို့သော လူဝတ်လဲပေးရမည့် သိက္ခာပုဒ် တော်ကို ကျူးလွန် ဖောက်ဖျက်မိသည့်တိုင် ထိုအပြစ်ကို ရဟန်းတော်ကိုယ်တိုင်က ၀န်ခံမှသာ လူဝတ်လဲပေးနိုင် သည်။
အကယ်၍ ဇွတ်အတင်းဆွဲချွတ်သဖြင့် ကိုယ်ပေါ်တွင် သင်္ကန်းမရှိတော့လင့်ကစား၊ ကာယကံရှင်က မိမိသည် ရဟန်းတပါး ဖြစ်ကြောင်း မှတ်ယူထားလေသမျှ သံဃာအဖြစ်မှာပဲ ရှိနေပေသည်။ ထိုပုဂ္ဂိုလ်ကို ရိုက်နှက် ညှဉ်းပန်း ခြင်းပြုပြုသမျှသည် သံဃာအပေါ်ကျူးလွန်မိခြင်းသာဖြစ်ပါသည်။
စဉ်းစားကြည့်ပါ။ သံဃာတော်ဆိုသည်မှာ မြတ်စွာဘုရားရှင်နှင့် တတန်းတည်းထား ကိုးကွယ် ဆည်းကပ်ကြရမည့် ရတနာ သုံးပါး ၀င် ဖြစ်တော်မူကြသည်။ ရတနာသုံးပါးကို ပြစ်မှား ကျူးလွန်ရဲနေကြသည်။
"သံဃာမရှိလဲဖြစ်ပါတယ်"ဆိုသည့်စကားမှာ သရဏဂုံ ပျက်စေပါသည်။
ထိုအကုသိုလ်များကြောင့် ပြစ်မှားကြသူတို့မှာ သံဃာဂိုဏ်းသင့်ကြရပြီ။ သံဃာဂိုဏ်းသင့်သည် ဆိုသည်မှာ ယခု ဘ၀တွင် ဘာကုသိုလ်လုပ်လုပ် ကုသိုလ်မရ။ တရားထိုင်လျှင်လည်း မဂ်ဖိုလ်မရ နိုင်တော့သည့်"မဂ်တားဖိုလ်တား ကိစ္စကြီး" ဖြစ်ပါ သည်။ "မဂ်၏ အန္တရာယ်"ဖြစ်ကြရပြီ။ မည်သူမျှ ကယ်တင်၍မရနိုင်ဘဲ အပါယ်လေးဘုံ သို့ သာသွားရ မည့် တလမ်းသွားများ ဖြစ်ကြရပြီ။
ကုလားဖုမင်းသည် ခန္တီဝါဒီရှင် ရသေ့ကို ညှဉ်းပန်းခဲ့သဖြင့် မြေမျိုခံရဘူးကြောင်း နိပါတ်မှာလာပါ သည်။ ရသေ့ သည် ရဟန်းလောက်မမြင့်မြတ်သေးပါ။
မနုဿတ္တဘာဝေါ ဒုလ္လဘော။ လူ့ဘ၀သည်ရခဲလှပါ၏။ ထိုရခဲလှသောလူ့ဘ၀တွင်၊ မိမိနောင် ရေးအတွက် တတ် နိုင်သမျှ ကုသိုလ်စုဖို့သာ ဖြစ်သင့်ပါသည်။ မိမိသေလျှင် မိမိနောက်သို့ မိမိပြုခဲ့သည့် ကုသိုလ် အကုသိုလ်ကံများသာ ပါသွားကြပါ မည်။ မိမိအတွက်မဟုတ်ပါဘဲ သံဃာကိုသတ်ဖြတ်နေရသည့်အဖြစ်မျိုး ဘယ်သူ့ကြောင့် ရောက် နေရပါသနည်း။ ထိုပုဂ္ဂိုလ် မျိုးအတွက် မိမိမှာ တသံသရာလုံး အနစ်မွန်းခံရပေတော့မည်။ ထိုက်တန်ပါရဲ့လား။
ထိုကျူးလွန်နေသူများကို မေးလိုပါသည်။ သင်တို့လူ့ပြည်တွင် နှစ်ပေါင်းမည်မျှ ဆက်လက် အသက်ရှည်နေကြဦး မည်ဟု ထင်ပါသနည်း။ အာဏာတည်မြဲဖို့ဆိုတော့ကော။ ဘယ်နှနှစ်ခံပါ မည်နည်း။ အဲသည့် နှစ်ကလေး အတွင်းမှာ ဘယ်လောက် ချမ်းသာသွားမလဲ။ အဲသည့် ဥစ္စာပစ္စည်းကကော မြဲပါ့မလား။
ဦးနေ၀င်းတုန်းက ၁၉၈၅ မှာ မဟာဝိဇယစေတီတော်ကို အသုံးချ၍ မလုပ်ကောင်း လုပ်ကောင်း ယတြာချေခဲ့ သည်။ သာသနာသန့်ရှင်းရေးဆိုပြီး တကယ့်သံဃာတော်များကို မိန်းမတွေနှင့်ရှုပ်သယောင်စွပ်စွဲပြီး သင်္ကန်း ဆွဲချွတ် လုပ်ခဲ့သည်။ ဘယ်နှနှစ်ခံခဲ့ပါသနည်း။ ဦးနေ၀င်းသေတော့ ဘယ်ပုံစံနှင့်သေခဲ့ရပါသနည်း။
ဦးနေ၀င်းတသက် စုဆောင်းခဲ့ရသမျှ ဥစ္စာဓနများကိုကော စံစားသွားရပါရဲ့လား။ ဦးနေ၀င်းကိုယ်တိုင် အခြေခံ ဥပဒေ ကြီးတွေအခိုင်အမာဖြင့် တည်ဆောက်ခဲ့သော တိုင်းပြည်ကြီး မရှုမလှ ပျက်စီးခဲ့ရသည်ကို သံဝေဂ ယူသင့် ပါသည်။ အဲသည်တုန်းက သံဃာကို ကိုယ်ထိလက်ရောက် ပြစ်မှားခဲ့ကြသူများ ဘာဖြစ်သွားကြပါသနည်း။
ဗိုလ်ခင်ညွန့်က ပထမအကြိမ် သံဃာကံဆောင်ပွဲကြီးကို ချေမှုန်းပြီး အထင်ကရ သံဃာတော် ကြီးများကို အတင်းလူဝတ်လဲ ထောင်ချလုပ်ခဲ့သည်။ ဘယ်နှနှစ်များ အာဏာမှာ တည်မြဲခဲ့ပါ သနည်း။ သူလုပ်ခဲ့သမျှ အကုသိုလ်ကံတွေပဲ သူ့နောက်ပါသွား မည်သာဖြစ်ပါသည်။ တပ်မတော် ထဲတွင် အခိုင်မာဆုံးဆိုရမည့် ဗိုလ်ခင်ညွန့်တယောက် ဘယ်ပုံစံဖြင့် ပြုတ်သွားခဲ့ရပါ သနည်း။ သူ့တသက် ရှာဖွေစုဆောင်းရယူခဲ့သော ဥစ္စာ များကော တည်မြဲခဲ့ပါရဲ့လား။ သံဃာကို နှိပ်စက် ညှဉ်းပန်းခဲ့ကြသည့် သူ့နောက်လိုက်များကော ဘာဖြစ် သွားကြပါသနည်း။
အခုကော ဗိုလ်သန်းရွှေ အာဏာမက်ပြီး သံဃာတော်များကို သတ်ဖြတ်ချေမှုန်းနှိမ်နင်းရေး တွေလုပ်နေပြန်ပြီ။ သူလဲအခု အသက် ၇၄ နှစ်။ နောက်ထပ်ဘယ်နှနှစ်အသက်ရှင်နေဦး မှာမို့လဲ။ ကိုယ်ပြုလိုက်ရသည့် အကုသိုလ် နှင့် ပြန် ရမည့် အာဏာတည်မြဲရေး လုံးဝမမျှတ။ အာဏာမှာ မြဲနေယင်တောင် တနေ့မျှ စားကောင်းခြင်းမစားရ။ အိပ်ကောင်းခြင်းမအိပ်ရ။ အမြဲတန်း ပူပင်သောကဖြင့်သာနေနေရပါမည်။ ရှာဖွေရရှိထားသမျှ ဥစ္စာပစ္စည်းတွေက ကော မြဲပါ့မလား။ ပစ္စည်းသင်္ခါရ လူသင်္ခါရ။ ကိုယ်ကိုယ်တိုင်က ရှေ့လူများကို ရက်ရက်စက်စက် ကျူးလွန်ထားမိ ခဲ့ပြီ။ ထိုအကုသိုလ်ကံများကကော ၀ဋ်မလည်ဘဲနေကြမည်လား။
သည်အာဏာရခဲ့သည့် ကာလတိုတိုကလေးအတွက် အ၀ီစိငရဲမှာ အဆုံးအစမရှိ ကျက်ကြရမှာ မြင်ယောင်သေး သည်။ ဘုရားအလောင်းတော် တေမိမင်းသားကလေးသည် ထိုအပြစ်များကို မြင်သဖြင့် "မင်း" မလုပ်ရအောင် စကားမပြောသည့် အဓိဌာန်ဆောက်တည်ခဲ့ခြင်း ဖြစ်သည်။
အမှန်ဆို မိမိအာဏာရနေစဉ်မှာ တိုင်းပြည်ကောင်းစားအောင် လုပ်ဆောင်ပေးကြမည်ဆိုပါလျှင် သူတို့တည်မြဲရေး အတွက် ပြည်သူကပင် ကြိုးပမ်းပေး ကြပါလိမ့်မည်။
ဗိုလ်နေ၀င်း၊ ဗိုလ်ခင်ညွန့် တို့ ကျဆုံးသွားပုံကိုကြည့်လျှင် သူတို့သာမက ဆက်စပ်ပတ်သက်သူမှန်သမျှ အားလုံး ဘ၀ပျက် ခဲ့ကြရသည်။
ယခု ဗိုလ်သန်းရွှေကျလျှင်ကော၊ အတူတွဲလုပ်ကိုင်ခဲ့ကြသည့် စစ်တပ်၊ ရဲ ၊ ကြံ့ဖွံ့၊ စွမ်းအားရှင် တို့အားလုံး ဘုမသိ ဘမသိ ဖြင့် သံဃာ့ကံများပါ ထိကြ မှာမလွဲပါ။ ထိုကံများမှလွတ်အောင် ဗိုလ်သန်းရွှေ မတတ်နိုင်ပါ။ သူလည်းကံထိုက်မည်သာ ဖြစ်ပါသည်။ ပြုလုပ်သူကော စေခိုင်းသူပါ အကုသိုလ်ထပ်တူရကြပါလိမ့်မည်။
အီးမေလ်းမှရရှိသောစာကိုဖော်ပြပေးလိုက်ပါသည်။
Labels: ဆောင်းပါး
Posted by Ashin dhamma at 4:58 PM 0 comments
သမိုင်း နဲ့ ပထ၀ီ

သမိုင်းကို မသိရင် အအ
ပထ၀ီကို မသိရင် အကန်းတဲ့
သမိုင်းနဲ့ ပထ၀ီကို သိဖို့ဝေးစွ
ကျွန်တော့ကို မွေးတာက သန်းခေါင်ယံလမိုက်ည
ဒီလိုနဲ့ သိချင်လို့
ကျွန်တော့ကို ကျွန်တော်မေး
ကျွန်တော်ဟာ အကန်းလေးပေါ့
ဒါကြောင့်....
ကျွန်တော့်ဘ၀ဟာ ဟယ်လင်ကဲလားနဲ့
ဘာမှမခြားနား မကွဲပြား
ကွဲပြားခြားနားတာက
ဟယ်လင်ကဲလားက လပြည့်ညမှာမွေး
ကျွန်တော်က လမိုက်ညမွေးပြီး
သူမရဲ့ဘေးမှာ ဖေးမကူညီမည့်သူ မရှားပေမဲ့
ကျွန်တော့်ရဲ့ဘေးမှာက
ဖေးမကူညီဖို့ဝေးစွ
ကျွန်တော့်ကန်းနေတဲ့မျက်လုံး
ကြည်လင်အုံးကွဆိုပြီး ထိုးဖောက်
မကြားရတဲ့နား၊ ကြားချင်အုံးကွဆိုပြီး ထိုးဖောက်
အအဖြစ်နေတဲ့ပါးစပ်
ပြောချင်အုံးကွဆိုပြီး အပ်နဲ့ချုပ်
ကျွန်တော်ဘာလုပ်လို့ ရအုံးမှာလဲ
ဒါပေမဲ့ ဟယ်လင်ကဲလားလို
ကမာကျော်ချင်တဲ့ ကျွန်တော်ရဲ့ဆန္ဒ
တားမရ ဆီးမရမို့
အဖေါက်ခံထားရတဲ့ နားနဲ့မျက်လုံး
အချုပ်ခံထားရတဲ့ ပါးစပ်
ဒါတွေကို မမှတ်အားပါဘူး
သည်းခြေမရှိတဲ့ အမှတ်အသားနဲ့
ကောင်းနေသေးတဲ့ လက်နဲ့ခြေ
ဒါတွေဟာ အားတွေဘဲဆိုပြီး
ခြေထောက်က ပထ၀ီမြေပြင်ကို အမှီပြု
လက်ကနေကလောင်တံကိုင်ဆွဲ
ဟယ်လင်ကဲလားနဲ့ အပြိုင်ချဲတော့
ကျွန်တော့်ပတ်ဝန်းကျင်က
ဟေ့ကောင်အကန်း မင်းသရမ်းအုံးမလို့လဲတဲ့
ဟေ့ကောင် အအ မင်းဘာတွေဖွင့်ဟအုံးမလို့လဲတဲ့
ဒါကြောင့် . . .
သမိုင်းနဲ့ပထ၀ီကို မသိတဲ့ကျွန်တော့်အဖြစ်
ဘယ်လိုလုပ် စိတ်ညစ်အားမှာလဲ
အဲဒါတွေအားလုံးကို လစ်လျူရူ
ဇွဲနဲ့အားမာန်ကို အဖော်ပြု
ကျွန်တော်သစပြုလိုက်မယ်
ကျွန်တော့်လက်ခြေတွေပါ ကျိုးသွားပါစေ
ကျွန်တော့်နှလုံးသား မကြွေမချင်း
ကျွန်တော့်အသက် မထွက်မချင်း
ကျွန်တော့်နိုင်ငံ အမျိုးဘာသာ သာသနာရဲ့
သမိုင်းနဲ့ ပထ၀ီအတွက်
ခရီးဆက်မယ်
ရပ်တန်းမနေဘူးဟေ့ . . . ။
မင်းသုည (ကွမ်းခြံကုန်း)
Labels: ကဗျာ
Posted by Ashin dhamma at 2:24 AM 0 comments
၂၀၀၉ နှစ်သစ်ကဗျာ

မျော်လင့်ခြင်းရောင်ခြည်ဖြဖြအောက်မှာ
၂၀၀၉တံခါးချပ်ကိုဖွင့်ဖောက်ဖို့
ဟောခုရောက်လာပြီ သူငယ်ချင်း---
ခရစ်နှစ်တွေတစ်ခုပြီးတစ်ခု
ငါတို့ကိုဝါးမြို
မစိမ်းစိုနိုင်သေးတဲ့ ဟောဒီတောအုပ်အိုကြီးထဲမှာ
ဘ၀တွေကအထပ်ထပ်သေ
လူတွေလဲလူရုပ်မပေါက်နိုင်ကြ
ဖောက်ပြန်ရေးသမားတွေ
ကြီးစိုးကြ၊ကြီးနိုင်ငယ်ညှင်းတွေလုပ်ကြ၊
နာလန်ပြန်မထနိုင်တော့တဲ့လူဖြစ်ရှုံးကြ၊
ဒါပေမဲ့ငါတို့စိတ်ဓာတ်တွေမသေဘူး
ငါတို့ရဲ့သမိုင်းမရိုင်းဘူးသူငယ်ချင်း---
၂၀၀၉ဆိုတဲ့နှစ်သစ်မှာ
သမိုင်းစာမျက်နှာသစ်တစ်ခု
ဖွင့်လှစ်ကြမယ်--
မပီးဆုံးသေးတဲ့ငါတို့ရဲ့မျော်လင့်ချက်တွေ
အကောင်အထည်ဖော်ကြမယ်၊
မြို့ပျက်ကြီးထဲက ငိုညီးသံတွေ
မျက်ရည်စတွေနှစ်သစ်မှာပီးဆုံးစေမယ်၊
သွားရည်တမြမြ၀မ်းမ၀နိုင်ဖြစ်နေတဲ့
ဖောက်ပြန်ရေးအတ္တစာမျက်နှာတွေ
တစ်စစီရိုက်ချိုးပစ်ဖို့
အချိန်တွေသိပ်မရှိတော့ဘူးသူငယ်ချင်း---
ရင်ဘတ်တွေဖွင့်ပစ်လိုက်
ကိုယ်ကျိုးသက်သက်ကြည့်တဲ့စိတ်ဓာတ်တွေ
အရည်ဖျော်ဖျက်ဆီး
အောက်တန်းကျတဲ့
စိတ်ဓာတ်တွေချန်ထားရစ်လို့
ဟောဒီနှစ်သစ်မှာ
ငါတို့အားလုံးဖောက်ထွက်ကြမယ်။
တက္ကသိုလ် မြတ်မင်းသွေး
၁-၁-၂၀၀၉
Labels: ကဗျာ
Posted by Ashin dhamma at 2:09 AM 0 comments

