
“မစ္စတာ ဘန်ကီမွန်းက မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်တယ်၊ စိုးရိမ်တယ် ဆိုတော့ ဒီလိုပဲ ဆက်ပြီး စိုးရိမ်နေမယ်ဆိုရင် ရှေ့လျှောက်လည်း စိုးရိမ်စရာတွေ အများကြီး ပေါ်လိမ့်မယ်။ အဲဒီအတိုင်းဆိုရင်တော့ မစ္စတာ ဘန်ကီမွန်း ကြာရင်တော့ နှလုံးရောဂါ ဖြစ်တော့မှာပဲ။ အဲဒီလိုဆိုရင် ကျနော် အခု တက်ပြီးတော့ ဆေးကုသနေတဲ့ အာရှတော်ဝင် နှလုံးအထူးကု ဆေးရုံများ ရောက်လာမလားလို့ ကျနော်က အဲဒီလိုတောင် တွေးနေမိတယ်ဗျာ။”
Thursday, September 16, 2010
မစ္စတာ ဘန်ကီမွန်း ကြာရင်တော့ နှလုံးရောဂါ ဖြစ်တော့မှာပဲ
Labels: အင်တာဗျူး
Posted by Ashin dhamma at 10:13 AM 0 comments
Monday, March 29, 2010
အရေးကြီးပြီ ညီနောင်အပေါင်းတို့၊ အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်သာ
နအဖ နွားအဖွဲ့က မတရားထုတ်ပြန်ကြေငြာထားတဲ့ စောက်ရူးရွေးကောက်ပွဲ ဥပဒေကို၊ ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး၊
ပါတီမှတ်ပုံမတင်ရန် တစ်ခဲနက် ဆုံးဖြတ်ချက်ချခဲ့သည့်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကြီးအား၊ ရဟန်းရှင်လူပြည်သူတစ်ရပ်
လုံးက ၀ိုင်းဝန်းထောက်ခံ ၀န်းရံပြီး၊ စစ်အာဏာရှင် စောက်ရူးအဖွဲ့ အမိမြန်မာပြည်ကို မတရားသိမ်းပိုက် အနိုင်ယူထားတဲ့
လက်နက်ကိုင် အကြမ်းဖက်အဖွဲ့၊ သန်းရွှေ သူတောင်းစား ဦးဆောင်သည့် ခွေးဝဲစားအဖွဲ့အား စုစည်းညီညွတ်စွာ မောင်းထုတ်
အနိုင်ယူပြီး ဒီမိုကရေစီအောင်ပွဲကို အရယူကြပါစို့။ ။
Labels: ဗီဒီယို
Posted by Ashin dhamma at 4:11 AM 0 comments
Sunday, March 28, 2010
သတ္တိကြောင်သူနှင့်သတ္တိပြောင်သူများရွေးထုတ်ပွဲ
ဘာတွေပဲပြောပြော၊ ဘာတွေပဲဆိုဆို မဝေးတော့သည့်ကာလတစ်ခုတွင် သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများကို ကျွန်ုပ်တို့ပြည်သူများ သဲကွဲပြားနား ခြားနားစွာတွေ့မြင်ရပေတော့မည်။ နအဖ စစ်အာဏာရူးတစ်စုက သွေးခွဲသပ်ရှိုမီးမွှေးပေးလိုက်တာကို NLD ပါတီအနေနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွားဖြေရှင်းသွားမလား၊ နအဖ ခင်းပေးသည့်စင်းတုန်းပေါ် အသာအယာလည်စင်းခံမလားဆိုတာကတော့ ကာယကံရှင် လူထုခေါင်းဆောင်ကြီးများ၏ ဆန္ဒသဘောသာဖြစ်ပါလိမ့်မည်။
၂၀၁၀ ရွေးကောက်ပွဲဆိုတာ ကြက်ငှက်ရွေးပွဲ တစ်နည်းအားဖြင့် ဖာတစ်လုံးခေါင်းကြားရွေးပွဲလို့ပြောရင် ပိုပြီးမှန်ကန်သင့်တော်မယ်လို့ထင်ပါတယ်။ ဒါက နအဖရဲ့ ကလိင်ကကျစ် တစ်ဖက်သတ်လုပ်ရပ်၊ ပြောစရာ မလိုလောက်အောင်ပင် ကန်းကုန်အောင် ရက်စက်ယုတ်မာရန် ကြိုတင်ကြံစည်ပြီးသား။ ဒါကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့က NLD နှင့် ကျွန်ုပ်တို့ ပြည်သူတို့ တာဝန်၊ တွေဝေစရာမလို၊ ခေါင်းစားစရာမလို၊ သတ္တိကြောင်ဖို့မလို၊ သတ္တိပြောင်ဖို့သာလိုအပ်ပေသည်။ နအဖကို စာသံပေဖွဲ့ အနူးအညံ့ အလှအပတွေနဲ့ ပြောဆိုလုပ်ကိုင်လို့မရ၊ အနှစ်(၂၀)က သက်သေရှိတယ်။ အမှတ်သည်းခြေမရှိတဲ့ ဗမာတွေအဖြစ်နဲ့ နောက်ထပ် အနှစ်(၁၀၀) စစ်ကျွန်ခံကြအုံးမလား၊ ရုန်းထွက်မလားဆိုတာကတော့ NLD နဲ့ ပြည်သူတွေရဲ့ သွေးစည်းညီညွတ်ရေး၊ ဒါက ရာဇ၀င်တွင်မဲ့ မြန်မာ့ဒီမိုကရေစီသမိုင်း။
ထောင်ဆိုတာ သမိုင်းရဲ့ပြတိုက်တစ်ခု၊ ထောင်ကြောက်နေလို့မဖြစ်၊ ထောင်ကြောက်ရင် စစ်အာဏာရှင်သက်ဆိုးရှည်မည်။ ထောင်မကြောက်ရင် စစ်အာဏာရှင် သက်ဆိုးတိုမယ် ဒါက ၂၀၁၀ ရဲ့တစ်ခုတည်းသောအဖြေ။ သတ္တိကြောင်သူများအတွက် ဒီမိုကရေစီသည် ထိုက်တန်သော ဂုဏ်ပုဒ်မဟုတ်၊ ဒီမိုကရေစီသည် သတ္တိပြောင်သူများအတွက်သာ ထိုက်တန်သောဂုဏ်ပုဒ်ဖြစ်သည်။ ပြည်သူတွေရဲ့ကြောက်စိတ်၊ စစ်အာဏာရှင်ရဲ့မတရားဖိနှိပ်မှု အချိုးခံ၊အနှိမ်ခံ၊အဖိနှိပ်ခံ နေရသည့် စိတ်တွေကို သတ္တိအဖြစ်ပြောင်းလဲရန်မှာ လူထုခေါင်းဆောင်များ၏ အရေးကြီးသော တာဝန်တစ်ခုဖြစ်ပေသည်။
ပြည်သူတွေရဲ့တာဝန်
NLD ပါတီမှတ်ပုံမတင်၊ရွေးကောက်ပွဲမ၀င်ခဲလျှင် ဘာဆက်လုပ်မလဲ၊ ပါတီရှိဖို့မလို နိုင်ငံရေးရှိဖို့လိုသည်။ နိုင်ငံရေး သေမသွားအောင် ဘယ်နည်းလမ်းတွေကို အသုံးပြုကြမလဲ ယခုကတည်းက စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိရတော့မည်။ ကြောက်ရင် ပိုပြီးတော့ဖိနှိပ်တယ်၊ ပြည်သူတွေ နိုင်ငံရေးမလုပ်ဖို့ နအဖက တားမြစ်တယ်၊ နည်းအမျိုးမျိုးနဲ့ ပိတ်ပင်တယ်၊ နိုင်ငံရေးမလုပ်ဘူး၊ စိတ်မ၀င်စားဘူးဆိုတဲ့လူတွေ အနှစ်(၂၀) ဘာဖြစ်ခဲ့လဲ၊ တစ်တိုင်းတစ်ပြည်လုံး ခွေးမဖြစ်ရုံတစ်မယ်ပဲ၊ စစ်ကျွန်ဖြစ်ခဲ့တယ်၊ စစ်ခွေးတွေ အနိုင်ကျင့်နှိပ်စက်တာကို လူနဲ့သူနဲ့မတူအောင် ခံခဲ့ရတာပဲ အဖတ်တင်ခဲ့တယ်။ ဘာရုပ်မှပေါက်မလာခဲ့ဘူး။ ဒီတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်နိုင်ငံအတွက် နိုင်ငံရေးလုပ်ကြရမယ်၊ ဒီမိုကရေစီတော်လှန်ရေးလုပ်ကြရမယ်။ နအဖအာဏာရူးတွေပြောတာကို လိုက်လုပ်နေလို့ဘာတစ်ခုမှဖြစ်လာမှာမဟုတ်၊ အပြတ်တော်လှန်ကြရမယ်။ မြန်မာပြည်စစ်ကျွန်အောက်ကလွတ်မြောက်ရေးအတွက် ၂၀၁၀ မှာ အပီးသတ်တော်လှန်ရေးတိုက်ပွဲ ဆင်နွဲကြရပါမယ်။ NLD ဦးဆောင်တဲ့ ပြည်သူတွေ မဆင်နွဲရင် နအဖက အပြီးပိုင် ဆင်နွဲပါတော့မယ်။ဒါကိုအထူးသတိပြုကြပါ။ တော်လှန်ရေး အင်အားစုများ၊ တော်လှန်ရေးမအင်အားစုများအားလုံး ယခုအချိန်ကစလို့ မြန်မာပြည်စစ်ကျွန်အောက်ကလွတ်မြောက်ရေးအတွက် အုပ်တစ်ချပ်သဲတစ်ပွင့်ကစလို့ စုပေါင်းပါဝင်ဆင်နွဲကြဖို့အချိန်ကြရောက်နေပါပြီ။
နအဖဆိုတာ
နွားအဖွဲ့၊ လူစိတ်သူစိတ်မရှိသူများစုဝေးထားသည့်လက်နက်ကိုင်အကြမ်းဖက်အဖွဲ့၊ ပြည်သူလူ ထုကိုထင်းတိုင်းကြဲနှိပ်စက်နေသည့်လိုင်စင်ရအကြမ်းဖက်အဖွဲ့၊ NLD ဆိုတာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ရဟန်းရှင်လူပြည်သူတစ်ရပ်လုံးက လုံးဝဥဿုံ အကြွင်းမဲ့ အာဏာအပ်နှင်းခံခဲ့ရတဲ့ မြန်မာပြည်၏ တစ်ခုတည်းသော ဒီမိုကရေစီ ရှေဆောင်လမ်းပြပါတီအဖွဲ့ချုပ်၊ ပြည်သူတွေကို အကာအကွယ်ပေးရမယ်၊ တိုင်းပြည်အကျိုးကိုရှေ့ရှုပြီး အနစ်နာခံ ကိုယ်ကျိုးစွန့်ပြီး ပြတ်ပြတ်သားသားလုပ်ဆောင်ကြရမယ်။ ရန်သူက ပြတ်သားတာကို အောင်မလေး အော်နေလို့ မဖြစ်၊ အော်နေရမည့်အချိန်မဟုတ်တော့၊ တိုက်ပွဲအသွင် လမ်းကြောင်းပြောင်းသင့်ချိန်ရောက်လာလျှင်ပြောင်းရမည်။ တိုက်ပွဲခေါ်ရမည်။ လူထုရဲ့ခေါင်းဆောင်တွေ အမည်ခံထားပြီး ဝေတေတေ လေတေတေ လုပ်နေကြဦးမည်ဆိုပါက ခရစ်နှစ် ၃၀၀၀ ပြည့်သော်လည်း ဒီမိုကရေစီရရှိနိုင်မည်မဟုတ်ပေ။ ယခုအချိန်အခါသည် သတ္တိကြောင်သူနှင့် သတ္တိပြောင်သူရွေးထုတ်ပွဲအဖြစ် မဝေးတော့သည့်ကာလတွင် ထွက်ပေါ်လာတော့မည်ဖြစ်ပြီး၊ ၂၀၁၀ တော်လှန်ရေးအသွင်သစ်ဖြစ် စစ်အာရူး ခွေးသူတောင်းစားများအဖွဲ့ကို အမိမြေပေါ်မှ အပီးပိုင်ဖယ်ရှားပစ်ရန် အချိန်ကြရောက်လာပြီဖြစ်ပါကြောင်း တော်လှန်ရေးသစ္စာဖြင့် အသိပေးလိုက်ရပါသည်။
ရွှေဝါရောင်ဘုန်းဘုန်း
၂၉.၀၃.၂၀၁၀
Labels: ဆောင်းပ့ါး
Posted by Ashin dhamma at 10:09 AM 0 comments
Thursday, March 18, 2010
မြန်မာပြည်သူ/ပြည်သားအားလုံးအတွက် သမိုင်းအလှည့်အပြောင်း

၂၀၁၀ မှာ နအဖ က ကလိမ်ကကျစ်ကောက်ကျစ်ယုတ်မာစွာ ကျင်းပပြုလုပ်တော့မည့် အရေခြုံရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးအတွက် သမိုင်းအပြောင်းအလဲ တစ်ခုသာမက မြန်မာပြည်သူ ပြည်သားအားလုံးအတွက် အပြောင်းအလဲတစ်ခုဖြစ်လာတော့မည်မှာ သေချာသလောက်ဖြစ်နေပေပြီ။
ဘာလဲ ဘယ်လဲ NLD?
သိပ်ရှည်ရှည်ဝေးဝေး စဉ်းစားစရာမလိုပါ၊ နအဖအလိုကျ ပေါ်လစီလိုက်ပြီး ကပြအသုံးတော်ခံတာကို နိုင်ငံရေးတစ်ခုလို့ ယုံကြည်ပြီး ၂၀၁၀ မှာ ကပြချင်တဲ့ NLD ခေါင်းဆောင်တွေအတွက် သမိုင်းတစ်ခုဟာ အဆုံးသတ်သွားပြီလို့ ဆိုနိုင်ပါတယ်။ သူတို့အတွက် နောက်ထပ် မြန်မာ့နိုင်ငံရေးသမိုင်းမှာ နေရာမရှိနိုင်တော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် နှင့်တကွ တိုင်းရင်းသားခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေကတော့ မြန်မာ့နိုင်ငံရေးမှာ ဆက်လက် ဦးဆောင် တိုက်ပွဲဝင်နေသည့်ခေါင်းဆောင်တွေဖြစ်နေကြဦးမည်သာဖြစ်ပေသည်။ ပြည်သူတွေကို လိမ်လည်လှည့်ဖြားတဲ့ခေါင်းဆောင်ဟာ ပြည်သူတွေရဲ့ ဒဏ်ခတ်ခြင်းကို တစ်နေ့မှာ ဧကန်မုချခံရမည်မှာ မြေကြီးလက်ခပ်မလွဲပင်ဖြစ်ပေသည်။
မြန်မာ့နိုင်ငံရေးအခင်အကျင်းသည် ညီညွတ်မှု မရှိခြင်း၊ ဖြိုခွဲခံရပြီးနောက် ပြန်လည်မစုစည်းနိုင်ခြင်း၊ ဟောင်းနွမ်းဆွေးမြေ့သည့်အတွေးအခေါ်အယူအဆများနောက် အစဉ်တစ်စိုက်လိုက်နေကြခြင်း၊ အခွင့်အရေးကို အစာငတ်သည့်ခွေးများလို အငမ်းမရ ဖြစ်ကြခြင်းတို့ကြောင့် ရန်သူ၏ အနိုင်ယူခြင်းကို လှပစွာခံလိုက်ရခြင်းဖြစ်ပေသည်။
ရန်သူ့၏ သေတွင်းသို့ရောက်ရှိရန် လက်တစ်ကမ်းမျှပင်မလိုတော့ပေ၊ အချိန်မီပြင်ဆင်ပါက မီနိုင်ပါသေးသည်။ ပြည်သူ့အကျိုး တိုင်းပြည်အကျိုးကိုမျှော်ကိုးပြီး လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသား စုစုစည်းစည်း ညီညီညွတ်ညွတ်လုပ်ဆောင်နိုင်ပါက ရန်သူကို အနိုင်ယူနိုင်မည့်အခွင့်အရေး ကိုယ့်မှာ ရရှိနိုင်ပါသေးသည်။
အသုံးမကျသည့်ခေါင်းဆောင်များကို အမြန်ဆုံးဖယ်ရှားပစ်ရေးနှင့် မျှော်လင့်ချက်ကြီးမားစွာ စောင့်စားငတ်မွတ်နေသည့် သန်း၅၀ ကျော်သောပြည်သူတွေကို အမှန်တကယ်ဦးဆောင်မှုပေးနိုင်သည့် ခေါင်းဆောင်ကောင်းများကို အမြန်ဆုံးအစားထိုးရပေတော့မည်။ အပြောင်းအလဲအသစ်နှင့် နိုင်ငံရေးအခင်းအကျင်းအသစ်တစ်ခု၊ တော်လှန်ရေးအသစ်တစ်ခုကို အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်ရတော့မည်ဖြစ်သည်။ ဒူးထောက် လက်မြောက်အရှုံးပေးပြီးအောက်တန်းကျသည့် ကျွန်စိတ်နှင့် ဘယ်တော့မှ ဒီမိုကရေစီမရနိုင်သလို ဘယ်သောအခါမှလည်း ပြည်သူတွေကို ဦးဆောင်မှုပေးနိုင်မည်မဟုတ်ပါ။
အင်မတန်မှရွံမုန်းစရာကောင်းသည့် နအဖကို ဒေါ်အောင်ဆန်းစုကြည်သည် သဘောထားကြီးစွာ နားလည်ခွင့်လွတ်ပေးခဲ့ပါသော်လည်း နအဖ နွားအဖွဲ့သည် အာဏာကိုသာ အသေဆုတ်ကိုင်ပြီး ပြည်သူတွေကို ဆက်လက်ညင်းဆဲဒုက္ခပေးဖို့အတွက်ကလွှဲပြီး ကျန်တာတွေစိတ်ဝင်စားမှုမရှိသလို အပြောင်းအလဲကိုလည်း ဘယ်သောအခါမှ ပြုလုပ်ပေးမှာမဟုတ်ပေ။ နအဖ သည် အရင်ကလည်း ယုတ်မာခဲ့သလို ခုလဲ ယုတ်မာနေဆဲ နောင်လဲ ဆက်လက်အယုတ်မာကြီးယုတ်မာနေဦးမည်သာဖြစ်ပေသည်။ ထိုသို့ ကမ်းကုန်အောင်ယုတ်မာသောသူနှင့် ဘာကိုများ ဆက်၍ လုပ်ကိုင်စရာကျန်ပါသေးသနည်း။ ရရင်ရ မရရင်ချ ဆိုတဲ့ နည်းကလွှဲပြီး ကျန်တာတွေ ဘာတစ်ခုမှစဉ်းစားစရာမလိုတော့ပါ။
ဒီတော့ ဒီမိုကရေစီလိုချင်ရင် ချရမည်၊ ရရင်ရ မရရင် ချရမည်။ နအဖကို ချရမည်။ နအဖသည် ပြည်သူ့ရန်သူအစစ်ဖြစ်သည်။ သမိုင်းတစ်ခု အပြောင်းအလဲအတွက် ရရင်ရ မရရင်ချ။
သမိုင်းတစ်ခုအပြောင်းအလဲအတွက်
ရရင်ရ၊ မရရင်ချ။
အသုံးမကျတဲ့ခေါင်းဆောင်ညံ့တွေဖြုတ်ချ၊
ခေါင်းဆောင်ကောင်းတွေရွေးကောက်တင်မြောက်
ရရင်ရ မရရင်ချ။
ပြည်သူ့အင်အားဖြင့် ဘုံရန်သူ နအဖအား ၂၀၁၀ မှာ အမြစ်ပြတ်ခြေမှုန်းသုတ်သင်ကြပါစို့…….
ဒီမိုကရေစီ ချစ်မြတ်နိုးသူများ
၁၉.၀၃.၂၀၁၀
Labels: နိုးဆော်ချက်
Posted by Ashin dhamma at 12:24 PM 0 comments
Thursday, March 11, 2010
အထူးသတင်းနှင့် အထူးကြေငြာချက်
နေ့စွဲ…… ၁၂.၀၃.၂၀၁၀
လေးစားအပ်ပါသော ရဟန်းရှင်လူ ကျောင်းသား တပ်မတော်ပြည်သူအပေါင်းတို့ခင်ဗျား…
ယခုအချိန်အခါတွင် ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်ကြီးသည် အဆိုးဝါးဆုံး၊ အကြပ်တည်းဆုံး၊ အခက်အခဲဆုံးနှင့် အပြင်းထန်ဆုံးသော နိုင်ငံရေး စိန်ခေါ်မှုတစ်ခုကို စတင်လိုက်ပါပြီ။ နအဖ စစ်မိစ္ဆာကောင် သန်းရွှေ အုပ်စုသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးထဲမှ အပြီးပိုင် ဖယ်ထုတ်ရှင်းလင်းဖို့ လုပ်ဆောင်လိုက်ရုံမက ၁၉၉၀ ပြည့်နှစ်တွင် ပြည်သူလူထုတစ်ရပ်လုံး တစ်ခဲနက် မဲပေးထောက်ခံခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုပါ အပြတ်ရှင်းဖို့ အချက်ပေးခေါင်းလောင်းထိုးလိုက်ပြီဖြစ်သည်။
ထိုတွင်မက ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို အပြတ်ရှင်းလင်းရန် လုပ်ဆောင်တော့မည်ဟု ကြပ်ပြေး စစ်အထူးသတင်းရပ်ကွက်မှ သိရှိရပါသည်။
သန်းရွှေအုပ်စုသည် အကြံပက်စက်ရုံမက ကမ္ဘာ့အယုတ်မာဆုံး လူသားအဖြစ် အာဏာတည်မြဲရေးအတွက် ဘာမဆို လုပ်ဆောင်ဝံ့သူအဖြစ် ထင်ရှားကျော်ကြားခဲ့သည်မှာ အထူးပြောစရာမလိုတော့ပေ။ တိုင်းပြည်၏ သေရေး ရှင်ရေးတစ်မျှ အရေးကြီးနေသော ယခုအချိန်အခါတွင် ရဟန်းရှင်လူ ပြည်သူလူထု၏ စုပေါင်းညီညွတ်မှု အားသည်သာ ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ထွက်ပေါက် လမ်းကြောင်းဖြစ်သည်ကို သဘောပေါက်ဖို့လိုအပ်နေပါပြီ။
ကျွန်ုပ်တို့ ယုံကြည်ကိုးစား အားထားရုံမျှမက တစ်ကမ္ဘာလုံးကပါ လေးစား ဂုဏ်ယူရသည့် သားကောင်းရတနာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ခေါင်းဆောင်ကြီးများ၊ အနှစ်(၂၀) လုံးလုံး ကိုယ်ကျိုးစွန့် အနစ်နာခံကာ တိုင်းပြည်အတွက်ပေးဆပ်ခဲ့ကြသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်ကြီးများ၏ အသက်အန္တရာယ်မှာ အစိုးရိမ်ရဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
ပြည်သူ့ဘုံရန်သူ နအဖသည် ကြူငုတ်စစ်ဆင်ရေး ဟုအမည်ပေးထားသော အပြတ်ရှင်းစနစ်ကို စတင်အကောင်အထည်ဖော်ဆောင်နေပြီဖြစ်ပါသည်။ သို့ပါ၍ ရဟန်းရှင်လူပြည်သူလူထုနှင့် မျိုးချစ်တပ်မတော်သားအားလုံး အနာဂတ်မြန်မာပြည် သူရဲကောင်းများ လက်လွတ်အဆုံးရှုံးမခံရစေရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ၍ စုပေါင်းညီညွတ်စွာ နအဖ စစ်အာဏာရူးလူတစ်စုအား အမြစ်ပါမကျန် စုပေါင်းတော်လှန်ကြပါရန် အထူးတိုက်တွန်းနိုးဆော်လိုက်ပါသည်။မိမိတို့ သွေးသောက် တော်လှန်ရေး ကျောင်းသားရဲဘော်များအနေဖြင့် ရရာလက်နက်စွဲကိုင်ကာ ရသည့်နည်းဖြင့် နအဖစစ်အာဏာရူးလူတစ်စုအား အသေခံ တိုက်ပွဲဝင်တော်လှန်တော့မည်ဖြစ်ပါကြောင်း စစ်ကြေငြာသတိပေးအပ်ပါသည်။
သွေးသောက် တော်လှန်ရေး ကျောင်းသားရဲဘော်များ
(အောက်ဗမာပြည်)
Labels: ကြေငြာချက်
Posted by Ashin dhamma at 11:13 AM 0 comments
စိန်ခေါ်မှုတွေကို ညီညွတ်စွာ ရင်ဆိုင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ု တိုက်တွန်း

ရွေးကောက်ပွဲ ဥပဒေဟာ NLD ကိုရော၊ မြန်မာပြည်သူ အားလုံးအတွက်ပါ စိန်ခေါ်မှုတရပ် ဖြစ်ပြီးတော့ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ကြဖို့ ပြည်သူတွေအားလုံး ညီညွတ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ သွားတွေ့ခွင့် ရခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
မြန်မာစစ်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားကို သိနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ တွေ့ခွင့်ရခဲ့တဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။
“ဒေါ်စုပြောတာက ဒီဥပဒေတွေက ဖတ်လိုက်တာနဲ့ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးတယ်လို့ ထင်စရာ ဖြစ်နေတယ်တဲ့။ အဲဒီလို ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးတယ်ဆိုရင် အလွန်ရှက်ဖို့ ကောင်းတာပဲတဲ့။ ဒီဥစ္စာ မဖြစ်သင့်ဘူးတဲ့။ ဥပဒေရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းစေတယ်တဲ့။ အဲဒီလို ပြောလိုက်ပါတယ်။
“တစုံတယောက်၊ ပုဂ္ဂိုလ်တဦးတယောက်ကို ရည်ရွယ်ပြီး ရေးသားတယ်လို့ ထင်မြင်စရာ ပေါ်နေတယ်။ အဲဒီလို ထင်မြင်ချက် ပေါ်တာကိုက မကောင်းဘူး။ ဒါဟာ တဦးတယောက်အတွက် ဥပဒေ မဖြစ်သင့်ဘူး။ ဥပဒေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။ ရှက်ဖို့ကောင်းတယ်လို့ ပြောပါတယ်။”
“ဒေါ်အောင်ဆန်းစုကြည် ပြောတာကတော့ ဒီဥပဒေတွေက အဖွဲ့ချုပ် အတွက်ရော၊ အားလုံးအတွက်ပါ တကယ့် စိန်ခေါ်မှုတွေပဲ။ အဲဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကြဖို့ လိုတယ်။ ပြည်သူလူထုကလည်း ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်ဖို့ ညီညွတ်ဖို့၊ စိတ်ဓာတ်ခွန်အားတွေ ရှိဖို့ လိုတယ်လို့ အဲဒီလို ပြောတာပါ။ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့၊ ကျော်ဖြတ်ဖို့၊ ကျော်လွန်ဖို့၊ အောင်မြင်ဖို့ဟာ ပိုပြီးတော့ ညီညွတ်မှု ရှိရှိနဲ့ ဆောင်ရွက်ဖို့ စိတ်ဓာတ်တွေကို ဖြစ်ပေါ်စေတယ်တဲ့။”
အခု ပါတီက ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံမတင်ရင် ဒီပါတီက ဖျက်သိမ်းရမယ်ဆိုတော့ အန်တီစု အနေနဲ့ ပါတီရဲ့ ရပ်တည်မှုနဲ့ ပတ်သက်တဲ့ သဘောထား ဘယ်လိုရှိပါသလဲ။
“အဲဒီဟာကတော့ အလုပ် လုပ်ကြရမယ်။ ဒီအချက်နဲ့ ပတ်သက်ပြီး၊ ဒီ ထုတ်ပြန်တဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ တွေးခေါ်မှုတွေကို ပြောလိုက်ပါတယ်။ အဲဒီတွေးခေါ်မှုတွေကတော့ လောလောဆယ် ကျနော် ထုတ်ပြန်ဖို့ မရှိသေးပါဘူး။ ဒါ CEC အဖွဲ့မှာ တင်ပြပြီးတော့ အဲဒီက အလုပ်လုပ်တဲ့ အခါကျရင်တော့ ကျနော်တို့ ပြောပါမယ်။”
ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ နှစ်ခုကို အန်တီစုအနေနဲ့ နောက်ထပ် ဘယ်လိုဝေဖန်တာမျိုး ရှိပါသေးလဲ။
“ဒီဥပဒေတွေကတော့ တဖက်သတ် ရေးထားတဲ့ ဥပဒေတွေပဲတဲ့။ မျှတမှု မရှိဘူး၊ သူတို့လိုချင်တဲ့ ဟာကိုလည်း သူတို့က ပွင့်ပွင့်လင်းလင်း ပြောင်ပြောင်တင်းတင်းပဲ ရေးထားတော့ ဒါလည်း တမျိုးတော့ ကောင်းပါတယ်တဲ့။ ပြည်သူလူထုက သူတို့သဘောထားကို အလွယ်တကူ သိရတာပဲလို့ အဲဒီလို ပြောပါတယ်။”
ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်မံချထားခဲ့တဲ့ အမှုအတွက် အထူးအယူခံ တင်သွင်းဖို့ ကိစ္စကိုလည်း ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
“ကျနော်တို့ တရားရုံး သွားပြီးတော့ ဒေါ်စုရဲ့အမှုတွေ ရေးထားတာတွေ အတည်ပြုချက် ယူတာပါ။ ၂၆ ရက်နေ့က တရားရုံးချုပ်က ချမှတ်တဲ့ အမိန့်၊ ဒီအမိန့် မိတ္တူတွေကို မနေ့ကမှ ရတယ်။ အဲဒီရတဲ့ မိတ္တူတွေကို ဒေါ်စုကို ပြတယ်။ ဒီအထဲက ကျနော်တို့ တန်ပြန်တင်ပြဖို့ အချက်တွေကို ဆွေးနွေးတယ်။
“အမှုသွား အမှုလာက ဥပဒေအရ ရှင်းတယ်။ ဒေါ်စုက ဘာအပြစ်မှ မကျူးလွန်ဘူး။ နောက်ပြီးတော့ သူတို့ အရေးယူတာတွေလည်း အကုန်မှားနေတယ်။ ဒါတွေကို ကျနော်တို့ ထောက်ပြတာ။ အခြေအနေကတော့ အမြန်ဆုံး တင်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေတယ်ဆိုတာ ပြောချင်တယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/index.cfm
Labels: သတင်း
Posted by Ashin dhamma at 11:05 AM 0 comments
Sunday, February 14, 2010
အာဏာရှင်စနစ် နိဂုံးချုပ်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး

NEJ /၁ ဖေဖော်ဝါရီ ၂၀၁၀
ရုရှပြည်၌ ကြီးစိုးခဲ့သော ဆိုဗီယက်ကွန်မြူနစ်ပါတီသည် နှစ်ပေါင်း (၇၀) ကျော် အာဏာရပြီးမှ ပြုတ်ကျသွားရသည်။ အကြောင်းရင်းကိုလေ့လာပါက မြန်မာများအတွက် သင်ခန်းစာရနိုင်ဖွယ်ရှိတယ်။ (၄၈) နှစ် အာဏာရနေသော မြန်မာစစ်တပ်သည်လည်း ကိုယ်ကျိုးရှာသည့် နိုင်ငံရေးပါတီတမျိုးပင်ဖြစ်သည်။ မြန်မာဗိုလ်ချုပ်များကို ရှိခိုးနေသော အရပ်သားအချို့ကိုကြည့်၍ မြန်မာပြည်သူပြည်သားများ ကျွန်ဘ၀မှ လွတ်မြောက်မည်မဟုတ်ဟု ပြောဆိုနေသူများ ရှိသကဲ့သို့ ရုရှပြည်သူများကိုလည်း ကျွန်စိတ်ရှိသူများဟု တချိန်ကဝေဖန်ခဲ့ကြသည်။ ဤသို့ ပြောရသည်မှာလည်း အကြောင်းရှိ၏။ နိုင်ငံရေးလွတ်လပ်မှုအတွက် တိုက်ပွဲဝင်သည့်အစဉ်အလာကို မှတ်မိသူ ရုရှပြည်၌မရှိဟု ဆိုသည်။ အာဏာရှင်၏ ညွှန်ကြားချက်ကို လိုက်နာခြင်းသည် ရုရှဓလေ့ထုံးစံဖြစ်သည်ဟုပင် ပြောဆိုကြ၏။
အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်မည်မဟုတ်ဟု တိုင်းသူပြည်သားများက ယုံကြည်နေသမျှကာလပတ်လုံး ယင်းအာဏာရှင်စနစ် တည်မြဲနေမည်ဟု ဆိုရိုးရှိသည်။ စစ်အစိုးရကို မည်မျှပင် မုန်းတီးစေကာမူ စစ်ဗိုလ်ကို အရပ်သားက မဖြုတ်နိုင်ဟု ယုံကြည်နေသမျှ စစ်အစိုးရ သက်ဆိုးရှည်နေမည်မှာ သေချာ၏။ ဤယုံကြည်ချက် ပျက်ပြားလာမှသာ အာဏာရှင်အစိုးရကို ဖြုတ်ချနိုင်ပါလိမ့်မည်။ ယခုအချိန်သည် နိုင်ငံရေးအသွင်ပြောင်းရန် စစ်အစိုးရကြံစည်နေသောအချိန်ဖြစ်၍ အရေးကြီး၏။ အာဏာရှင်စနစ်ကို ပြုပြင်ရန် အာဏာရှင်ကိုယ်တိုင်ကြိုးပမ်းချိန်သည် အာဏာရှင်အတွက် အန္တရာယ်အကြီးဆုံး အချိန်ဖြစ်သည်ဟု ပြင်သစ်နှင့် အမေရိကန်တော်လှန်ရေးကို လေ့လာသူပညာရှင် တော့ခ်ဗီးလ် (Tocqueville) က ပြောဖူးသည်။ ပြုပြင်ရေးလုပ်ခြင်းသည် မပြောင်းလဲနိုင်သည့် အာဏာရှင်စနစ်ဆိုသော အယူအဆ ပျက်ပြားလာပုံကို ပြသရာ ရောက်ပေသည်။
ဆိုဗီယက်ပြည်ထောင်စုတွင် ဤအတိုင်းပင်ဖြစ်ခဲ့သည်။ ဆိုဗီယက်ကွန်မြူနစ်ပါတီ အခြေခိုင်လွန်းသည့်အတွက် ကွန်မြူနစ်ပါတီ ကိုယ်တိုင်ကဖျက်မှပင် ပျက်လိမ့်မည်ဟု ယူဆခဲ့ကြသည်။ ထိုအချိန်၌ ဂိုဘာချော့ (Gorbachov) ထွက်ပေါ်လာသည်။ စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့်အတွက် အပြောင်းအလဲမလုပ်လျှင် မဖြစ်တော့ဟု ယူဆလာကြသည်။ အနည်းအကျဉ်း ပြုပြင်ရန်အတွက် Glasnost ပွင့်လင်းရေးနှင့် Perestroika ပြုပြင်ရေးကို ဂိုဘာချော့က စတင်ကျင့်သုံးသည်။ ဂိုဘာချော့ စလိုက်သော ပြုပြင်ရေးတွင် ပြည်သူလူထု ပါဝင်လှုပ်ရှားလာသည့်အတွက် နောက်ဆုံး၌ ကွန်မြူနစ်ပါတီကို ဖျက်သိမ်းလိုက်ရသည်အထိ အရှိန်အဟုန်ပြင်းထန်လာ၍ ရုရှ၌ အရင်းရှင်ဒီမိုကရေစီ ကျင့်သုံးနိုင်ခြင်းဖြစ်၏။
မြန်မာစစ်အာဏာရှင်စနစ်ကိုလည်း စစ်ဗိုလ်ကပင် ဖျက်ပစ်လိမ့်မယ်လို့ ခန့်မှန်းနေကြသည်။ ရုရှ၌ ဂိုဘာချော့လုပ်သကဲ့သို့ မြန်မာပြည်တွင် ဗိုလ်ခင်ညွန့် လုပ်လေမလားဟု တွေးကြည့်ကြ၏။ ဗိုလ်ခင်ညွန့်တို့အုပ်စုကို ဒီမိုကရေစီလိုလားသူအဖြစ် ပြောဆို ရေးသားမှုများပင် ရှိလာ၏။ သို့သော် ကွဲပြားခြားနားမှု အများကြီးရှိသည်။ ဂိုဘာချော့သည် ကမ္ဘာကလေးစားရသည့် ပညာတတ်နိုင်ငံရေးသမားဖြစ်၏။ ဆိုဗီယက်ကွန်မြူနစ်ပါတီ၌ အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်၏။ ဗိုလ်ခင်ညွန့်ကမူ ဗိုလ်ချုပ်နေ၀င်းရဲ့ အိမ်ကျွန်ဘ၀မှ ၀န်ကြီးချုပ်ဖြစ်လာသူဖြစ်သဖြင့် ဗိုလ်သန်းရွှေနှင့် စစ်ကောင်စီကို ကျော်နိုင်စွမ်းမရှိပါ။
နအဖစစ်အုပ်စုသည် အရပ်သားအဖွဲ့အစည်းများနှင့် တန်းတူရည်တူ ဆွေးနွေးရန် ဆန္ဒမရှိပါ။ စေ့စပ်ဆွေးနွေး၍ ပြဿနာ အဖြေရှာရန် အပြည်ပြည်ဆိုင်ရာက တိုက်တွန်းလွန်းသဖြင့် ယုံကြည်မှုတည်ဆောက်ရေးအတွက် ဗိုလ်ခင်ညွန့်ဂိုဏ်းက အရာရှိအချို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးကြသည်။ ဤတွင် မြန်မာစစ်အုပ်စု၌ အတိုက်အခံနှင့်ဆွေးနွေးလိုသူနှင့် မဆွေးနွေးလိုသူဟူ၍ အုပ်စု (၂) စုကွဲသွားပြီဟူသော ကောလာဟလထွက်လာသည်။ ဆွေးနွေးလိုသည့် စစ်အုပ်စု အရေးနိမ့်သွား၍ ဗိုလ်ခင်ညွန့်တို့အဖွဲ့ကို ဖြုတ်ထုတ်ထောင်ချလိုက်ခြင်းဖြစ်သည်ဟု ဆို၏။ ထောက်လှမ်းရေးနှင့် စစ်တပ် စားခွက်လုရာမှာ ထောက်လှမ်းရေးပြုတ်သွားခြင်းဖြစ်သည်ဟု သုံးသပ်သူများလည်းရှိသည်။ မည်သို့ပင်ဖြစ်စေ စစ်ခေါင်းဆောင်ပိုင်းနှင့် အတိုက်အခံခေါင်းဆောင်များ ဆွေးနွေးခြင်း မပြုသေးပါ။
အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတွင် မျက်နှာပန်းလှစေရန် ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး နေခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်ပိုင်းသည် ၎င်းတို့ဆက်လက်အာဏာရှိနိုင်မည့် အပြောင်းအလဲကိုသာ စိတ်ဝင်စားပါသည်။ အာဏာလက်လွတ်ဖြစ်သွားနိုင်သော အစီအစဉ်နှင့် အပြောင်းအလဲကို စစ်ခေါင်းဆောင်ပိုင်းက လက်မခံနိုင်ပါ။ ထို့ကြောင့် သီးခြားလွတ်လပ်သော နိုင်ငံရေးအင်အားစု ပေါ်ထွက်လာခြင်းမရှိရန် နည်းမျိုးစုံဖြင့် စစ်အစိုးရက ဟန့်တားနေခြင်းဖြစ်၏။
စစ်ခေါင်းဆောင်ပိုင်းသည် အခြေအနေကိုလိုက်၍ ပြုပြင်ပြောင်းလဲလာနိုင်သည်ဟု ပြည်တွင်းမှ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်အချို့က မျှော်လင့်ကြသည်။ နအဖအဖွဲ့အစည်းများနှင့် လက်တွဲလုပ်ကိုင်၍ မှေးလိုက်နေပါက တဖြည်းဖြည်း ဒီမိုကရေစီ ပေါ်ထွက်လာနိုင်သည်ဟု ယူဆသူများလည်းရှိသည်။ သို့သော်လည်း နအဖစစ်အုပ်စုတွင် အရပ်သားနှင့်တန်းတူရည်တူ ဆွေးနွေးသော အစဉ်အလာမရှိပါ။ အချို့ကလည်း နိုင်ငံခြားအာဏာရှင်နိုင်ငံများမှ အသွင်ကူးပြောင်းရေးပုံစံများကို အားကျကြသည်။ ချီလီနိုင်ငံတွင် စစ်တပ်က ပြဋ္ဌာန်းသော အခြေခံဥပဒေဘောင်အတွင်းမှာ ဒီမိုကရေစီတည်ဆောက်ပုံကို ဥပမာပြကြ၏။
နအဖစစ်အုပ်စုသည် ၁၉၈၈ ပြည်သူ့အရေးတော်ပုံကဲ့သို့သော လူထုအုံကြွမှုကို အလွန်ကြောက်၏။ ထို့ကြောင့်လည်း တက္ကသိုလ်ကျောင်းသားကို လူစုခွဲပစ်ပြီး မြို့တော်ကို ကြပ်ပြေးသို့ ရွှေ့ပြောင်းလိုက်ခြင်းဖြစ်ပေသည်။ သံဃာဦးဆောင်သော ၂၀၀၇ ပြည်သူ့ဆန္ဒပြပွဲကို အလွယ်တကူချေမှုန်းနိုင်ပြီး နအဖစစ်အုပ်စုပြိုကွဲမည့် အရိပ်အရောင်မပြသဖြင့် ကြပ်ပြေးသို့ ရွှေ့ပြောင်းခြင်းသည် အာဏာတည်မြဲရေး စီမံချက်၏ အရေးကြီးသော အဆင့်တဆင့်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
အနာဂတ်ပျောက်နေ၍ မကျေမနပ်ဖြစ်နေသူဦးရေ တိုးပွားလာလေလေ စစ်အာဏာရှင်အတွက် အနုတ်လက္ခဏာ များလေလေ ဖြစ်သည်။ သို့သော်လည်း အရပ်သားလူတန်းစားတခုတည်း ကန့်ကွက်ဆန္ဒပြရုံဖြင့် စစ်အာဏာရှင်စနစ် နိဂုံးမချုပ်နိုင်ကြောင်း မျက်မှောက်ခေတ် မြန်မာ့သမိုင်းက သက်သေပြနေသည်။ ထို့ကြောင့် မကျေနပ်သော အရပ်သားနှင့် မကျေနပ်သော စစ်သား ပေါင်းစည်းမိရန် လိုအပ်ပါသည်။ ဤအတောအတွင်း စစ်ခေါင်းဆောင်ပိုင်းတွင် အကွဲအပြဲဖြစ်သွားပါက စစ်အာဏာရှင်စနစ် နိဂုံးချုပ်ရန် အလားအလာ ပိုကောင်းသွားပေမည်။
ထို့ကြောင့် အရပ်သားနှင့် စစ်သားပေါင်းစည်းသွား၍ အခွင့်ထူးခံအာဏာရှင်စနစ်ကို အန္တရာယ်ပေးနိုင်သော အင်အားစုကြီး မပေါ်ပေါက်စေရန် နအဖစစ်အစိုးရက အမြဲတမ်းကြိုးပမ်းနေရပေသည်။ သတင်းမီဒီယာကိုချုပ်ကိုင်ခြင်း၊ အတိုက်အခံကို ဖိနှိပ်၍ အကွဲအပြဲဖြစ်နေအောင် စီမံထားခြင်း၊ အစိုးရအမှုထမ်းနှင့် ပြည်သူလူထုအကြား ကွာဟချက်ကြီးမားအောင် လုပ်ထားခြင်း၊ စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်ကို ခါးပိုက်ဆောင်တပ်ဖြစ်အောင် လုပ်ထားခြင်း၊ တပ်တွင်းပဋိပက္ခများကို လျှို့ဝှက်ထားခြင်း စသည့်လုပ်ရပ်များသည် စစ်အာဏာရှင်စနစ်ကို ကျားကန်ခြင်းပင်ဖြစ်သည်။
ဤအချက်များကို အာရုံစိုက်နေရသော မြန်မာစစ်အာဏာရှင်အုပ်စုသည် ကြိုးတန်းပေါ်၌ လမ်းလျှောက်နေသူနှင့်တူ၏။ သတိလစ်သွားသည်နှင့် ပြုတ်ကျမည်မှာ သေချာ၏။
Labels: ဆောင်းပါ
Posted by Ashin dhamma at 12:41 AM 0 comments
Sunday, January 3, 2010
မြန်မာ့လွတ်လပ်ရေးနှင့်စစ်အာဏာရှင်

မြန်မာ့လွတ်လပ်ရေး အလံတော်
မလွတ်လပ်သေးသည့် မြန်မာ့လွတ်လပ်ရေးကျောက်တိုင်
ပြည်ထောင်စု အမျိုးသား မြန်မာနိုင်ငံတော်ကြီး
မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းခေတ်
ဗိုလ်ချုပ်လက်မှတ်
ဖဆပလခေတ်
ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာကြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့်
မြန်မာ့ဒီမိုကရေစီ ခွပ်ဒေါင်းအလံတော်
လူထုဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
မဆလခေတ်
န၀တ(ခေါ်) နအဖ စစ်မိစ္ဆာအာဏာရှင်ခေတ်
၂၀၁၀မှာ စစ်အာဏာရှင် စနစ်ဆိုးကလွတ်မြောက်ဖို့ အမျိုးသားညီညွတ်ရေးစိတ်ဓာတ်
မြန်မာ့နိုင်ငံလွတ်လပ်ရေးရရှိဖို့အတွက်ပေးဆပ်ခဲ့တဲ့ ကျွန်ုပ်တို့ရဲ့အဖိုးအဖွားတွေရဲ့ သွေးချွေးမြောက်များစွာက ကျွန်ုပ်တို့နင်းလျှောက်နေတဲ့ လမ်းတွေပေါ်မှာ တစ်စစီပြန့်ကျဲနေဆဲ၊ ဖောက်ပြန်ရေးသမားတွေကြောင့် လမ်းလျှောက်ရင်လမ်းပျောက်ခဲ့ရတဲ့ ကျွန်ုပ်တို့ အမိမြန်မာပြည်ကြီး၊ ဟောင်းနွမ်းစုတ်ပြတ်ရိရွဲနေတဲ့ အိမ်အိုကြီးတစ်လုံးပမာ၊ အသက်အရွယ်က(၆၂)နှစ်……
ဖဆပလခေတ်၊ မဆလခေတ်၊ န၀တခေတ်၊ နအဖခေတ်၊ ခေတ်လေးခေတ်ကိုဖြတ်သန်းခဲ့ရသည့် မြန်မာ့လွတ်လပ်ရေး၊ နှစ်အားဖြင့်(၆၂)နှစ်ပြည့်ခဲ့ပြီ၊ဘယ်ခေတ်အခါနှင့်မှမတူအောင် အဆိုးဝါးဆုံးအခြေအနေကိုရောက်ရှိနေသည့်ကတော့ ယနေ့ ကျွန်ုပ်တို့ သင်တို့ မျက်ဝါးထင်ထင် ရင်ဆိုင်ကြုံတွေ့နေကြရသည့် နအဖစစ်အာဏာရှင် ခေတ်ဆိုး ခေတ်ပျက်ကြီး၊ ဒီခေတ်ကြီးထဲမှာ ကျွန်ုပ်တို့ သင်တို့တစ်တွေလူဖြစ်လာကြတယ်၊ တိုင်းပြည်မှာ ပညာတတ်တွေ ရှားပါးပျောက်ကွယ် မျိုးသုဉ်းတော့မည့်အခြေအနေ၊
အကျင့်ပျက်၊စာရိတ္တယိုယွင်းမှုတွေကတစ်တိုင်းတစ်ပြည်လုံးမှာပြန့်နှံ့၊ကြီးနိုင်ငယ်ညှဉ်းတိရိစ္ဆာန်ဝါဒတွေကခေတ်စား၊လူသားတစ်ယောက်ရဲ့တန်ဖိုး၊ဂုဏ်သိက္ခာ၊လူအသက်တစ်ချောင်းဆိုတာလဲတိရိစ္ဆာန်တစ်ကောင်လောက်မျှ တန်ဖိုးမရှိတော့သည့်ဘ၀အခြေအနေ။
စားဝတ်နေရေးကအထွေကြပ်တည်း၊ကုန်ဈေနှုန်းတွေကအဆမတန်တက်၊ ဘ၀တွေပျက်၊မျက်စိသူငယ်၊နားသူငယ်နှင့် နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာမဲ့စွာ ရပ်တည်နေရသည့် မြန်မာပြည်သူတွေရဲ့ စုတ်ပြတ်နှုံခြာသည့်ဘ၀၊ နိုင်ငံတော် ဘဏ္ဍာတွေကို မြိန်ရေယှက်ရေး စားသုံးနေပြီး အာဏာကို မိမိကိုယ်ပိုင်အဖြစ်အသုံးချကာ ထင်တိုင်းကြဲနေသည့် သန်းရွှေနှင့်အပေါင်းအပါတစ်စု၊ အာဏာရှင်လူတစ်စုပြုသမျှနုခံနေကြရသည့် သန်း (၅၀) ကျော်သော ပြည်သူတွေရဲ့ဘ၀၊ဗိုလ်ချုပ်နှင့်အာဇာနည်သူရဲကောင်းတွေ အသက်ပေးကာ အရယူပေးခဲ့သော လွတ်လပ်ရေးသည် သန်းရွှေနှင့်အပေါင်းအပါများခံစားဖို့သက်သက်ဖြစ်ခဲ့လေသလား၊ အမျိုဂုဏ်၊ဇာတိဂုဏ်၊ရှိရှိသမျှဂုဏ်တွေလဲ ပြောင်သလင်းခါအောင် ကုန်စဉ်ခဲ့ရလေပြီ၊ အာဏာရှင်လူတစ်စုကတော့ အာဏာရူးလို့ကောင်းကြဆဲ။
ဗိုလ်ချုပ်ချမှတ်ခဲ့သော လမ်းစဉ်သည် စစ်တပ်သည် တိုင်းပြည်အတွက်ဖြစ်ရမည်၊ တိုင်းပြည်သည်စစ်တပ်အတွက်မဖြစ်စေရ၊ အရာရာအားလုံးသည် စစ်တပ်အတွက်ဖြစ်နေသော တိုင်းပြည်သည် အဘယ်မှာလျှင် ကြီးပွားတိုးတက်တော့မည်နည်း၊ ဗိုလ်ချုပ်ထူထောင်ခဲ့သော ဗမာတပ်မတော်သည် မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ ထောက်ခံမှုအပြည့်အ၀ ရရှိခဲ့သောတပ်မတော်ဖြစ်သည်။သန်းရွှေတည်ထောင်ထားသော ယနေ့ခေတ် တပ်မတော်သည် မြောင်းထဲရောက်နေရုံမက တွေ့သည့်နေရာတွင် ခွေးပါမကျန် အဟောင်ခံနေရသည့် ဘ၀မျိုးဖြစ်နေကြပေပြီ၊
စစ်အာဏာရှင် တစ်ကိုယ်ကောင်းအတ္တ၀ါဒီသမားများ တိုင်းပြည်တွင်အာဏာရလာသည့်အခါ တပ်မတော်သည် အာဏာရှင်တပ်မတော်ဖြစ်လာသည်။ လက်နက်ကိုင်ပြီး ပြည်သူကို အနိုင်ကျင့် ဗိုလ်ကျသည့် စိတ်ယုတ် စိတ်မိုက်တို့ ထွန်းကားပြန့်ပွားလာသည်။ ပြည်သူကို အမျိုးမျိုးသော လက်နက်ကြီးငယ်ဟူသမျှတို့နှင့် ခြိမ်းခြောက်ပြီး အကြောက်တရားများ ကိန်းအောင်းနေအောင် ပြုမူလုပ်ဆောင်ထား၏၊ တိုင်းပြည်မှ ရသမျှ ဘဏ္ဍာကြေးငွေတို့ကို စစ်လက်နက်အမျိုးမျိုးဝယ်ယူကာ ဖြုန်းတီးပစ်၏၊ အမှန်တကယ်လိုအပ်လျှက်ရှိသော ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးစသည့် နေရာများ၌ အသုံးမပြု၊ စစ်အာဏာရှင်တို့၏ဖိစီးနှိပ်စက်မှုဒဏ်ကို အလူးအလဲ ခံစားနေကြရသော မြန်မာပြည်သူတို့၏ဘ၀သည် နှစ်၊လ၊ရက်တို့ ကြာညောင်းလာသည့်အခါ ပရုတ်လုံးကဲ့သို့ လုံးပါးပါးသည့်ဘ၀အခြေသို့ ဆိုက်ရောက်နေကြပေပြီ။
မြန်မာပြည်၏ လက်ရှိနိုင်ငံရေးပြဿနာသည် မိမိတာဝန် မိမိကျေပြွန်စွာ တာဝန်ယူလုပ်ကိုင်ဆောင်ရွက်ကြလျှင် အခက်အခဲမှန်သမျှ ပြေလည်ဖြေရှင်းနိုင်မည်ဖြစ်သည်။ စစ်တပ်၏တာဝန်သည် နိုင်ငံတော်၏လွတ်လပ်ရေးကို ကာကွယ်ပေးရမည့်တာဝန်ဖြစ်သည်။နိုင်ငံတော်၏လွတ်လပ်ရေးကို အုပ်ချုပ်ရမည့်တာဝန်မဟုတ်၊ အုပ်ချုပ်ရေးကို လုပ်ချင်သည့်ဆန္ဒရှိခဲ့လျှင်၊အုပ်ချုပ်နိုင်သည့် အရည်အချင်းရှိခဲ့လျှင် လွတ်လပ်သောပြည်သူတစ်ယောက်အဖြစ်ဖြင့် ပြည်သူတွေရဲ့ထောက်ခံမှု အပြည့်အ၀ရရှိအောင် ကြိုးစားဆောင်ရွက်နိုင်ပေသည်။ဒါကိုပင် ဒီမိုကရေစီ စနစ်ဟုခေါ်ဆိုသည်။
စစ်အာဏာရှင်စနစ်သည် တိုင်းပြည်အတွက် ဘာတစ်ခုမှကောင်းကျိုးမဖြစ်သည်ကို လွန်ခဲ့သည့် အနှစ်(၄၀) ကျော်က သက်သေပြခဲ့ပြီဖြစ်သည်၊ ဒီစစ်အာဏာရှင်ကိုပဲ နောက်တစ်ခါ အသက်ပြန်သွင်းဖို့ အာဏာရှင်တွေက ကြိုးပမ်းဆောင်ရွက်နေကြလေပြီ။အဓိကအရေးကြီးသည်မှာ ပြည်သူတွေ လမ်းမှာ မလိုက်မိကြဖို့လိုသည်။အတွေးတစ်ချက်မှားလျှင်ဖြင့် တစ်သက်စာ သားစဉ်မျိုးဆက် ဘ၀ပျက်မည့်ကိန်းသို့ ဆိုက်ရောက်မည်ဆိုသည်ကို သိရှိနားလည်သဘောပေါက်ကြရမည်ဖြစ်သည်။အာဏာရှင်ကို မိမိတို့ ဘုံရည်မှန်းချက်တူညီစွာဖြင့် တိုက်ဖျက်ပစ်ကြရမည်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သောအာဇာနည်ခေါင်းဆောင်ကြီးများနှင့် ကျွန်ုပ်တို့၏ အဘိုးအဘွားများ၏ အသက်သွေးချွေးပေးဆပ်ကာ အရယူပေးခဲ့သော အမိမြန်မာပြည်လွတ်လပ်ရေး၏ အနှစ်သာရကို ပြန်လည်ဖော်ဆောင်ရေးသည် ကျွန်ုပ်တို့ အားလုံး၏တာဝန်သာဖြစ်သည်။အမှန်တကယ်လွတ်လပ်ပြီး အမှန်တကယ် အနှစ်သာရပြည့်ဝသည့် လွတ်လပ်ရေးရရှိအောင်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးစနစ်ထွန်းကားအောင်၊ တာဝန်သိပြည်သူတစ်ယောက်ချင်းစီမှသည် တာဝန်ရှိပြည်သူတစ်ယောက်အဖြစ် မိမိတိုင်းပြည်၊ လူမျိုး၊ ဂုဏ်သိက္ခာ၊ လွတ်လပ်ခြင်း တို့ကို ဖော်ဆောင်ကြရန်အချိန်ကြရောက်ပီဖြစ်ပါကြောင်း
တက္ကသိုလ်မြတ်မင်းနွယ်(ရန်ကုန်)
၀၄.၀၁.၂၀၁၀
Labels: ဆောင်းပါ
Posted by Ashin dhamma at 11:13 PM 1 comments
Wednesday, December 30, 2009
တစ်ယောက်တော့ရှိတယ်



ဘယ်နေရာမဆို ဘယ်သူ့ထံမဆို
မင်းကို ဖိတ်မန္တက မပြုဘဲ မင်းရောက်သွားခဲ့ရင်
တချို့က မင်းကို ၀င်ခွင့်ပြုမှာမဟုတ်။ တချို့က ခွင့်ပြုသော်လည်း သိပ်ဝမ်းသာကြမှာမဟုတ်ဘူး။
ဝမ်းသာသော်လည်း ထာဝရ၀မ်းမသာနိုင်ကြပါဘူး။
သို့သော် . . . မဖိတ်ခေါ်ဘဲ ရောက်လာတဲ့မင်းကို
အမြဲထာဝရ ၀မ်းသာစွာ ကြိုဆိုနေမယ့်သူ တစ်ယောက်တော့ရှိတယ်။
ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .
မင်းဘာအလုပ်မှ မလုပ်ဘဲ အငြိမ့်သား ထိုင်စားနေရင်
တချို့က မင်းကို ဆူဆဲမယ်၊ တချို့က မင်းကို နှင်ထုတ်မယ်။
သို့သော် . . . မင်းကို ဆူဆဲခြင်း၊ နှင်ထုတ်ခြင်းမရှိဘဲ အမြဲကျွေးမွေးနေမယ့်သူ တစ်ယောက်တော့ရှိတယ်။
ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .
မင်းသူတို့အပေါ် ကျင်ကြီး ကျင်ငယ်တွေ အန်ဖတ်တွေ စွန့်မိခဲ့ရင်
သူတို့ရွံရှာပြီး မင်းကို ပထုတ်ပစ်မှာပဲ။
သို့သော်. . . မင်းကို စေတနာနဲ့ သန့်စင်ပေးပြီး ပ မထုတ်တဲ့သူ တစ်ယောက်တော့ရှိတယ်။
ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .
မင်းက ဒေါသူပုန်ထပြီး ထွက်ခွာသွားရင်
လူအချို့က မင်းကို “ထွက်သွား ထွက်သွား . . . ဝေးလေ ကောင်းလေ”လို့ ပြောမှာ။
သို့သော် . . . မင်းကို မသွားချင်တဲ့သူ မင်းကို လိုက်ချော့မော့ခေါ်မယ့်သူ တစ်ယောက်တော့ရှိတယ်။
ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .
မင်းသူများအပေါ် မိုက်မဲရူးရဲစွာ ဆက်ဆံခဲ့ရင်
သူများက မင်းကို ခွင့်မလွတ်ဘဲ တုန့်ပြန်မယ်။
သို့သော် . . . မင်းကို ထာဝရ ခွင့်လွတ်ပြီး တုန့်ပြန်ခြင်း ကင်းသူ တစ်ယောက်တော့ရှိတယ်။
ဘယ်နေရာမဆို ဘယ်သူ့ထံမဆို . . .
မင်းသူတို့ကို မြတ်မြတ်နိုးနိုး အလိုလိုက်ခဲ့ရင်
တချို့က မင်းကို ပြန်မြတ်နိုးပြီး အလိုလိုက်နိုင်တယ်။
တချို့ကတော့ မင်းကို စိမ်းကားပြီး Shift နှိပ်ပြီး Delete လုပ်ပစ်မယ်။
သို့သော် . . . မင်းသူ့ကို မြတ်နိုးသည်ဖြစ်စေ မမြတ်နိုးသည်ဖြစ်စေ
မင်းသူ့ကို အလိုလိုက်သည်ဖြစ်စေ မလိုက်သည်ဖြစ်စေ
မင်းကို အစဉ်ထာဝရ ချစ်မြတ်နိုးနေပြီး ဇိဝှိန်ချုပ်တဲ့အထိ အလိုလိုက်နေမယ့်သူ တစ်ယောက်တော့ရှိတယ်။
အဲဒီသူက ဘယ်သူလို့ မင်းထင်သလဲ . . . ?
“အမေ”ကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ . . . ?
(၃၀၊ ၁၂၊ ၂၀၀၉) ၁၃၇၁ ခု၊ “ပြာသိုလပြည့် အမေနေ့”ကို ဂုဏ်ပြုလျက်။
တောင်တန်းသာသနာပြုဆရာတော်
အရှင်သုခမိန္ဒ (စ၀်ဆုခမ်း တန့်ယန်း)
Labels: ကဗျာ
Posted by Ashin dhamma at 1:38 AM 0 comments
Wednesday, December 23, 2009
အမှန်တရားသည် သေဒဏ်နှင့်အမိမြန်မာပြည်

မြန်မာပြည်ကြီး၏ ကံကြမ္မာသည် အသက်ထွက်ခါနီးလူမမာတစ်ယောက်ပမာ ဖုတ်လှိုက်ဖုတ်လှိုက် အခြေအနေ၊ လူတိုင်းရင်မှာတော့ သောကအထွေထွေနဲ့ ၂၀၁၀ သေတမ်းစာကို လည်ပင်းမှာကိုယ်စီဆွဲထားခြင်းကိုခံနေကြရပြီ၊ ထမင်းရေတစ်ခွက်ကို နတ်သုဒ္ဓါလိုထင်မှတ်ကာ သောက်ဖို့ချောင်းနေကြတဲ့ သူတောင်းစားခွက်ပျောက်တွေကလဲ အလျှိုလျှိုပေါ်ထွက်နေကြ၊ ဘယ်မှာလဲ ငါတို့မြန်မာပြည်၊ ဘယ်မှာလဲ ငါတို့ အဖိုးအဖွားအမွေ၊ ဘယ်မှာလဲ ငါတို့ မြန်မာ၊ ဘယ်မှာလဲ ငါတို့ရဲ့ မွေးရာပါအခွင့်အရေးတွေ ဆုံးရှုံး ဆုံးရှုံး ဆုံးရှုံးခြင်းများစွာနဲ့……….။
ဒီလိုပြော ဒီလိုမောရင်း ငါတို့ရဲ့ တန်ဘိုးရှိတဲ့ဘ၀တွေကိုအဆုံးသတ်ခံကြတော့မလား၊ငါတို့ဟာ ငတုံးငညံ့တွေအဖြစ် ငါတို့ရဲ့ သားစဉ်မျိုးဆက်တွေအတွက် ချန်ထားရစ်ခဲ့ကြတော့မလား၊ ဘာတစ်ခုမှ စွမ်းဆောင်နိုင်စွမ်းမရှိကြတော့တဲ့ လူသားတွေအဖြစ် မိမိကိုယ်မိမိ သတ်မှတ်လိုက်ကြပြီလား၊ မကောင်းမှန်းလဲသိတယ်၊ မဖြစ်သင့်မှန်းလဲသိတယ်၊ မကြိုက်လဲလုပ် ကြိုက်လဲလုပ်ဆိုတဲ့ တရားမျှတမှု ကင်းမဲ့တဲ့ မတရားတဲ့ အမိန့်အာဏာကို ဖီဆန်ရဲတဲ့ သတ္တိ၊ အမှန်တရားကို ဖော်ထုတ်ရဲတဲ့သတ္တိတွေ မပြကြတော့ဘူးလား၊ သာကီမျိုးဟေ့ဒို့ဗမာဆိုတာတွေရော ပုံပြင်တွေအဖြစ် စာအုပ်တွေထဲမှာ ကျန်ရစ်ခဲ့ကုန်ပြီလား…….။
အမှန်တရားသည် သေဒဏ် ဆိုတဲ့ ဟောင်းနွမ်းစုတ်ပြတ်ရိရွဲနေတဲ့ သီအိုရီကို လက်မခံ တွန်းလှန်ဖယ်ရှားပစ်ရေးသည် မြန်မာနိုင်ငံသားမှန်သမျှ မဖြစ်မနေလုပ်ဆောင်ကြရမည့် တာဝန် တစ်ခုဖြစ်ပေသည်။ တာဝန်ပေးရမည်၊ တာဝန်ယူရမည်၊ တာဝန်ကျေပွန်ရမည်၊ သားစဉ်မြေးဆက် စစ်ကျွန်သဘောက် ပြားပြားမှောက်မည့် အဖြစ်ဆိုး ဘေးဆိုးကြီးမှ ၀ိုင်းဝန်းကာကွယ်တားဆီးကြရမည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်ရောက်ရှိရေးအတွက် မြန်မာပြည်သူ လူထု တစ်ရပ်လုံးက အားသွန်ခွန်စိုက် ၀ိုင်းဝန်းပူးပေါင်းပါဝင်လုပ်ဆောင်ကြရမည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး၊တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုသည့်လုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်လုံးဝလွတ်လပ်ရေးဟူသောတစ်ခုတည်းသောခေါင်းစဉ်ကိုအမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ပီပီပြင်ပြင်ချမှတ်နိုင်ခဲ့သည်။အမျိုးသားရေးတာဝန်ကိစ္စကိုပီပြင်စွာအကောင်ထည်ဖော်ဆောင် ပြီးသည့်အခါ အမျိုးသားနိုင်ငံရေးဆိုသည့်မူကိုချမှတ်ပြီး ဗိုလ်ချုပ် ကျဆုံးသည် အထိ လုပ်ဆောင်သွားနိုင်ခဲ့သည်။ဗိုလ်ချုပ်သည်သူချစ်သည့်မြန်မာပြည်နဲ့ မြန်မာပြည်သူတွေအတွက် သူ့အသက်ကိုပေးစွန့်ပြီး တာဝန်ကျေပြွန်စွာလွတ်လပ်ရေးကိုအရယူပေးနိုင်ခဲ့သည်။
မြန်မာပြည်သည် စစ်တပ်အုပ်ချုပ်မှုအောက်မှာ ပြားပြာမှောက်ခဲ့ရသဖြင့် အဆင့်အတန်းမမီ ဆင်းရဲမွဲတေသည့်နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုတာကိုခဏတာဘေးဖယ်ထားပီး တိုင်းပြည်တစ်ခုရဲ့ အသက်သွေးကြောဖြစ်တဲ့ ပညာရေး၊ စီးပွားရေး၊ကျန်းမာရေး စတာတွေ ဘယ်အဆင့်အတန်းရောက်နေသလဲဆိုတာ ဝေးဝေးလံလံပြေးကြည့်စရာမလိုပါ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ကြည့်ရုံနဲ့ လင်းကနဲ့ရှင်းကနဲတွေ့မြင်နိုင်ပါတယ်။ ပြည်သူတွေရဲ့ခံစားနေရတဲ့ဒုက္ခအထွေထွေကို လျစ်လျူရှုပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေမှာတော့ စည်းဇိမ်ခံ ယစ်မူးလို့ သွေးရူးသွေးတမ်း ထထအော်နေကြဆဲ။
ပညာမဲ့သူတိုင်းပြည်အုပ်ချုပ်တော့ တိုင်းပြည်ကပညာမဲ့တဲ့တိုင်းပြည်ဖြစ်လာတယ်၊ လူရမ်းကား လူမိုက်တွေတိုင်းပြည်အုပ်ချုပ်တော့ တိုင်းပြည်မှာ သူခိုးဂျပိုး လူမိုက်လူရမ်းကားတွေပေါများလာတယ်၊ ကြီးနိုင်ငယ်ညှင်းဆိုတဲ့ တိရစ္ဆာန်ဝါဒတွေခေတ်စားလာတယ်၊ ဗုဒ္ဓဘာသာကြီးစိုးတဲ့တိုင်းပြည်၊ ကိုယ်ချင်းစာတရားတွေအပ်ကြောင်းထပ်နေအောင် ထားစရာနေရာမရှိလောက်အောင်ပြန့်နှံ့ ခဲ့သည့်တိုင်းပြည်၊ ဒီတိုင်းပြည်မှာဒီနေ့ ဒီတရားတွေမရှိတော့ဘူး၊ အာဏာနဲ့ငွေရှိဖို့ပဲလိုတယ် ကျန်တာတွေ ဘာတစ်ခုမှအရေးမကြီးဆိုသည့် မှားယွင်းသည့်အယူအဆတွေ၊အဓမ္မတွေ လူငယ်တွေကြားမှာ ပြန့်နှံ့စီးဝင်လျှက်ရှိနေပေပြီ။ ဒီလိုတရားမရှိထင်ရာစိုင်းအုပ်ချုပ်နေတဲ့သူတွေက တည်ဆောက်ပါမယ်ဆိုတဲ့ဒီမိုကရေစီက ဘာဒီမိုကရေစီလဲဆိုတာ တိရစ္ဆာန်ပင် နားလည်နိုင် မည်ထင်ပါသည်။
မဟုတ်မဟတ်ယုံတမ်းစကား ပလီပလာ မာယာပရိယာယ်အသွယ်သွယ်နဲ့ စုံလင်စွာ ၀ါဒဖြန့် ဇာတ်လိုက်ကျော်အဖွဲ့ဟူ၍ ကမ္ဘာပေါ်တွင် ထင်ရှားသည့် နအဖခေါ်သည့်စစ်အုပ်စုသည် သန်း(၅၀) ကျော်သောပြည်သူတွေကို ၂၀၁၀ သေတွင်းမီးလောင်တိုက်ထဲသို့ ပို့ဆောင်နေကြပြီဖြစ်သည်။ နာဇီဂျာမန် ဟစ်တလာသည် ဂျူးလူမျိုးတို့အား မီးလောင်တိုက်သွင်းခြင်းက တစ်ကြိမ်တစ်ခါသာသေခဲ့ကြရသည်။ ၂၀၁၀ မီးလောင်တိုက်ကတော့ သားစဉ်မျိုးဆက် အကြိမ်ကြိမ်သေကြရမည့် မီးလောင်တိုက်ကြီးတစ်ခုဖြစ်နေသည်ကို သိရှိနားလည် သဘောပေါက်ကြရန် အထူးအရေးကြီးလှပေသည်။
တိုင်းပြည်တစ်ခုပြုပြင်ပြောင်းလဲရေးသည် တိုင်းပြည်နှင့်လူမျိုးအပေါ်မှာ စိတ်စေတနာဖြူစင်စွာနဲ့ လုပ်ဆောင်ဖို့အရေးကြီးပေသည်။အချင်းချင်းသစ္စာရှိရမည်၊ အပြန်အလှန်နားလည်မှုတည်ဆောက်ကြရမည်။ ပြည်သူလူထုအကျိုးကိုရှေ့ရှုပြီး တိုင်းပြည်အကျိုးစီးပွားကို အတူတကွအားလုံးပူပေါင်းပါဝင်နိုင်အောင် လုပ်ဆောင်ရမည်။ တစ်ယူသန်၊တစ်ဇွတ်ထိုး၊တစ်ဇောက်ကန်း အစွန်းရောက်ဝါဒ၊ လူမျိုးမုန်းတီးရေးဝါဒ တွေကို စွန့်လွတ်ကြရမည်၊စစ်သည်သာ ကိုးကွယ်ရာ စစ်သည်သာအားထားရာ ဟူသည့် ဆင်ကန်းတောတိုး စရိုက်တွေကို ပြုပြင်ပြောင်းလဲပစ်ရမည်ဖြစ်သည်။
ထိုကဲသို့သော ယုံကြည်မှုမျိုးကိုတည်ဆောက်ဖို့မကြိုးစားပဲ အမှန်တရားသည် သေဒဏ်အဖြစ် သတ်မှတ်ကာ လက်နက်အားကိုး အာဏာအားကိုးပြီး တိုင်းပြည်နှင့်လူမျိုးအပေါ် ညှင်းပမ်းနှိပ်စက် ထင်တိုင်းကြဲကြဦးမည်ဆိုပါက ။
တက္ကသိုလ် မြတ်မင်းနွယ် (ရန်ကုန်)
၂၃.၁၂.၂၀၀၉
Labels: ဆောင်းပါ
Posted by Ashin dhamma at 7:34 AM 0 comments
Saturday, December 19, 2009
ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခြင်း (၇၁) နှစ်ပြည့် ဂုဏ်ပြု ကဗျာ

ဒီဇင်ဘာ (၂၀) ရက်တမ်းချင်း (သို့မဟုတ်) ရဲဘော်ရဲ့ကဗျာ
မောင်လေးအောင်
တင်းတင်းကိုက်ထားတဲ့
ငါ့ရဲ့နှုတ်ခမ်းဟာ
ဗြန်းကနဲ ကွဲထွက်
သွေးအစက်စက် စီးလိမ့်လာတယ်
ငါ အံကြိတ်ပြီး
လက်သီးကို တင်းတင်းဆုပ်မိတယ်
ဗိုလ်အောင်ကျော်
ရဲဘော်ဟာ
ဒီနေရာမှာ ကျဆုံးသွားခဲ့တယ်။
ကတ္တရာလမ်းကိုခွာ
ရာဇ၀င်ရုပ်ရေးအရ
သုတေသနလုပ်ရင်
ရဲဘော်ရဲ့
နီမြန်းတဲ့ ဂုဏ်ပုဒ်ကို တွေ့ရမယ်။
ဘယ်သူတွေ ငြင်းနိုင်မလဲ
စီးဝင်ခဲ့တဲ့ ရဲဘော်ရဲ့သွေးတွေအကြောင်း။
သင်းတို့တတွေက
ရဲဘော်ရဲ့ဂုဏ်အထူးထူးကို
ဖော်ကျူးဖို့ ငြင်းဆန်ကြတယ်။
ဘယ်သူတွေရှိဦးမလဲ
ရဲဘော်မုန်းခဲ့တဲ့သူတွေပေါ့
သင်းတို့အမုန်းကို
ရဲဘော်က စိမ်းကားတဲ့ အပြုံးနဲ့
ပြုံးမှာပဲ ယုံတယ်။
စပါတာကပ်(စ်)ရဲ့ဂုဏ်ရောင်
ကုန်းဘောင်သူပုန်
ဂဠန်ဆရာစံ
ငုယင်ဗန်ထရွိုင်း
အတိုင်းမသိသော
ချေဂွေဗားရား ... စသော
အာဇာနည်ထောင်သောင်းတို့နှင့်အတူ
ရဲဘော်ဟာ နီရဲဝင်းလက်ခဲ့တယ်။
ပြည်သူချစ်တဲ့
အာဇာနည်အနှစ်ဟာ
နုပျိုစိမ်းလန်းနေမှာပဲ
မုချယုံတယ်။
ဗိုလ်အောင်ကျော် ရဲဘော်
ဒီနေရာမှာ တို့ဟာ
စာရွက်တွေ အတူတူဝေခဲ့ဖူးတယ်။
ဗိုလ်အောင်ကျော် ရဲဘော်
ဒို့ဟာ ဒီနေရာမှာ
ရဲဘော်ကို အကြိမ်ကြိမ် ဂုဏ်ပြုခဲ့ဖူးတယ်။
ရဲဘော်ရဲ့အခန်းဆက်တိုက်ပွဲ
ရဲဘော်ရဲ့ တရားတဲ့ တိုက်ပွဲတွေအကြောင်း
ဒီနေရာကိုလာပြီး
ရဲဘော်ရဲ့ စီးခဲ့တဲ့
နီရဲတဲ့ သွေးစက်တွေပေါ်မှာ
ငါ့ရဲ့  ဖြူရော်နေတဲ့ မျက်ရည်နဲ့
သူရသတ္တိမဲ့တဲ့ ရှိုက်သံနဲ့
ဂုဏ်အခန်းခန်းကို
ညစ်နွမ်းအောင် ငါမလုပ်ဘူး။
ကဗျာတပုဒ်
ဟုတ်တယ် ငါ့ရဲ့ကဗျာတပုဒ်
ရဲဘော်ရဲ့ဂုဏ်ပုဒ်ကို ဖော်ထုတ်ဖို့
ကြိုးစားတဲ့ ကဗျာတပုဒ်။
လက်ခံပါ ရဲဘော်
အော်ဟစ်ပြီး ငါပန်ကြားတယ်။
ပြန်ငြင်းပါရစေ
ဒီကဗျာဟာ ငါ့ရဲ့ကဗျာမဟုတ်ဘူး။
ဖတ်ကြည့်စမ်းလေ
စီးဆင်းခဲ့တဲ့ သွေးစက်တွေရယ်
ဘယ်သူ့သွေးလဲ
ရဲဘော်ရဲ့ ပူနွေးတဲ့ သွေး
မခန်းခြောက်သေးတဲ့ သွေးတွေ
အို ... ... ရဲဘော်ရဲ့သွေးအစက်စက်နဲ့
ရဲရဲလက်လက်
သီယှက်ထားတဲ့
ရဲဘော်ရဲ့ကဗျာပါလား။ ။
မောင်လေးအောင်
Labels: ကဗျာ
Posted by Ashin dhamma at 8:57 PM 0 comments
Monday, December 14, 2009
စစ်တပ်ကို နိုင်ငံသားများထက် အခွင့်ထူးပေးထားသော အခြေခံဥပဒေ
မြန်မာ့နိုင်ငံရေး ပဋိပက္ခသည် ဆယ်စုနှစ်ပေါင်း များစွာ ကြာမြင့်နေပါသည်။ နိုင်ငံရေး ဖြေရှင်းမှုများ၏ ရလဒ်မှာ အကြမ်းဖက်မှုများ၊ ဖိနှိပ်ချုပ်ချယ် မှုများဖြင့်သာ အမြဲတမ်းလိုလို အဆုံးသတ်ခဲ့သည်။ ဆင်းရဲမွဲတေမှု၊ လက်နက်ကိုင် ပဋိပက္ခများ၊ သဘာဝဘေးဒုက္ခများကို ခါးစည်း ခံစားနေကြရသော ပြည်သူများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မဲပေးခဲ့ကြရပါသည်။
သာမန်ပြည်သူများအနေဖြင့် အရပ်သားအစိုးရအသစ်အောက်တွင် ဖိနှိပ်ချုပ်ချယ်မှုများ လျော့ပါးလာနိုင်သည်ဟု မျှော်လင့်နေနိုင်ပါသည်။ သို့ရာတွင် စစ်အစိုးရက ရေးဆွဲထားသည့် မြန်မာနိုင်ငံ၏ တတိယမြောက် အခြေခံဥပဒေအရ စစ်တပ်က နိုင်ငံရေးတွင် ဦးဆောင်မည် ဖြစ်သည်။
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ မွေးဖွားလာပြီး ၎င်းတို့၏ အခန်းကဏ္ဍသည် တိုင်းပြည် မပြိုကွဲစေရန် ကာကွယ် စောင့်ရှောက်ရေးဖြစ်သည်ဟု ယုံကြည်နေကြသော (၎င်းတို့၏ အာဏာသိမ်းမှုကို တရားဝင်စေရန် အစဉ်အဆက် ဆင်ခြေ ပေးလာသော) စစ်အစိုးရသည် အခြေခံဥပဒေအသစ်တွင် "နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ" ဆိုသည့် ဥပဒေဆိုင်ရာ ခံတပ် တခုကို တည်ဆောက်ခဲ့ပါသည်။
ထိုအချက်သည် စစ်တပ်က ရေးဆွဲထားသည့် အခြေခံဥပဒေ၏ အဓိက ကျောရိုးဖြစ်ပြီး အရပ်သား နိုင်ငံရေးသမားကို မယုံကြည်မှု၊ လူ့အဖွဲ့အစည်းတခုအတွင်း အများပြည်သူနှင့် သက်ဆိုင်သော အခန်းကဏ္ဍတွင် ညီညွတ်သည့် သဘောတူညီချက် တခု တည်ဆောက်ရေးအပေါ် မယုံကြည်မှုတို့ကို ဖော်ညွှန်းနေပါသည်။
ဒီမိုကရေစီနိုင်ငံရေးသီအိုရီအရ နိုင်ငံရေးပါတီတခုက ပြည်သူအများစု၏ ထောက်ခံ ရွေးချယ်မှုဖြင့် ပြည်သူ့လွှတ်တော် နေရာ အများစုကို အနိုင်ရခဲ့လျှင် တိုင်းပြည်တွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ ရရှိနိုင်ပါသည်။ ထိုကဲ့သို့သော အခြေအနေသည် နိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်သော ညွန့်ပေါင်းအစိုးရပုံစံကို ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။
သို့သော်လည်း ထိုသီအိုရီနှင့် မတူခြားနားသည့် အချက်မှာ မြန်မာနိုင်ငံ၏ အခြေခံဥပဒေက စစ်တပ်အုပ်စိုးသူများကို ဆန့်ကျင်မည့် နိုင်ငံရေးပါတီတခုက လွှတ်တော်တွင် လွှမ်းမိုးမှု မရှိစေရန် ရေးဆွဲထားခြင်း ဖြစ်ပါသည်။
စစ်သားနှင့် ဥပဒေပြုခြင်း
ထို့ကြောင့် အခြေခံဥပဒေကို လွှတ်တော်နှစ်ရပ်တွင် စစ်တပ်က ခန့်အပ်သည့် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မည့် "စည်းကမ်းပြည့်ဝသောဒီမိုကရေစီ" ဖော်ဆောင်ရေး ဆိုသည့် အယူအဆအပေါ် အခြေခံ ရေးဆွဲခဲ့ပါသည်။ နိုင်ငံရေးပါတီ တခုက မဲအများစုဖြင့် အနိုင်ရရှိခဲ့သော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမျိုး ထပ်မံ မပေါ်ပေါက်စေရန် လုပ်ဆောင်သည့် အစီအမံတခု ဖြစ်ပါသည်။
ကိုယ်စားလှယ်ပေါင်း ၄၄၀ ရှိမည့် ပြည်သူ့လွှတ်တော်တွင် စစ်တပ်က နေရာပေါင်း ၁၁၀ ယူထားသည်၊ ကိုယ်စားလှယ် ၂၂၄ နေရာရှိသော အမျိုးသားလွှတ်တော်တွင် ၅၆ နေရာ ရယူထားပါသည်။ ထို့အပြင် ပြည်နယ် နှင့် တိုင်းဒေသကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများရှိ ဥပဒေပြုလွှတ်တော်များနှင့် အဖွဲ့များတွင်လည်း အလားတူ ဝေစုကို ရယူထားပါသည်။ အခြေခံဥပဒေ ပုဒ်မ ၁၂၁ (ည) တွင် အစိုးရ၀န်ထမ်းများ လွှတ်တော် ရွေးကောက်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုရန် တားမြစ်ထားသော်လည်း စစ်မှုထမ်းများကို ခြွင်းချက်ဖြင့် ခွင့်ပြုထားပါသည်။
လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းသာ ရယူထားသော်လည်း စစ်တပ်သည် ဥပဒေပြုရေး လုပ်ငန်းများတွင် အဓိက အဟန့် အတား ပြုနိုင်ပါသည်။ အခြေခံဥပဒေကို ပြင်ဆင်ရာတွင်လည်းကောင်း၊ ဥပဒေအသစ် တခုခုကို ပြဌာန်းလိုသည့် အခါတွင် လည်းကောင်း လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံ အတည်ပြုမှု ရရှိရန် လိုအပ်ပါသည်။
ထိုအခြေအနေတွင် ရာခိုင်နှုန်းပြည့် ညီညွှတ်နေသည့် တိုင်အောင် နိုင်ငံရေးပါတီတခုသည် လွှတ်တော်တွင် စစ်တပ် ကိုယ်စားလှယ်များ၏ သဘော တူညီမှုမရဘဲ ဥပဒေတခုကို ပြဌာန်းနိုင်မည် မဟုတ်ပါ။ ဤသို့ဖြင့် နိုင်ငံရေး ပါတီများသည် စစ်တပ်နှင့် မဟာမိတ်ဖွဲ့ရန် သို့မဟုတ် အပေးအယူလုပ်ရန် မဖြစ်မနေ လိုအပ်ပါသည်။
သို့ရာတွင် စစ်တပ်က ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဥပဒေ တခုခုကို အတည်ပြုလိုလျှင် လွှတ်တော်၏ အတည်ပြုချက်ကို ရယူရန်မလို သို့မဟုတ် အတည်ပြုပေးရန်သာ ဖြစ်သည်ကို အခြေခံဥပဒေပုဒ်မ ၂၀ (ခ) တွင် "တပ်မတော်သည် တပ်ပိုင်းဆိုင်ရာ ကိစ္စ အားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိသည်" ဟု ပြဌာန်းထားသည်။
ထို့အပြင် ကာကွယ်ရေးနှင့် လုံခြုံရေးရာ ကိစ္စများ အတွက် လွှတ်တော်ကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များ ဖွဲ့စည်းသည့်အခါ စစ်တပ် ကိုယ်စားလှယ်များဖြင့်သာ ဖွဲ့စည်းရန်နှင့် လုပ်ငန်းအပေါ် မူတည်၍ လိုအပ်မှသာ တခြား ကိုယ်စားလှယ်များ ထည့်သွင်းရန်ကို အခြေခံဥပဒေပုဒ်မ ၁၁၅ နှင့် ၁၄၇ တို့တွင် ဖော်ပြထားပါသည်။
စစ်သားနှင့် နိုင်ငံအုပ်ချုပ်ရေး
၂၀၀၈ ခုနှစ် အခြေခံဥပဒေ၏ ပုဒ်မ ၆၀ အရ သမ္မတကို သမ္မတ ရွေးချယ်ရေးအဖွဲ့က ရွေးချယ် တင်မြှောက်မည် ဖြစ်ပါသည်။
သမ္မတ ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းရာတွင် အုပ်စု ၃ ခုကို အခြေခံထားမည် ဖြစ်သည်။ ၎င်းတို့မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ထိုလွှတ်တော်နှစ်ရပ်စလုံးမှ စစ်တပ်ကိုယ်စားလှယ်များက သီးခြား တတိယအဖွဲ့အဖြစ် ပါဝင်ပါမည်။ အဖွဲ့တခုချင်းစီက သမ္မတလောင်းတဦးစီကို ရွေးချယ်ရမည် ဖြစ်သည့် အတွက် စစ်တပ်ကလည်း တဦးကို ရွေးချယ်ပေးမည် ဖြစ်ပါသည်။
၁၉၉၀ ပြည့်နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအများစုဖြင့် အနိုင်ရရှိသကဲ့သို့ နိုင်ငံရေး ပါတီ တခုသည် ပြည်သူ့လွှတ်တော်နေရာ ၃၃၀ ၏ အများစုကို အနိုင် ရရှိနိုင်ပါသည်။ သို့ရာတွင် ၎င်းတို့၏ သမ္မတလောင်းသည် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်နိုင်ရန် သေချာပေါက် မျှော်လင့်ထား၍ မရနိုင်ပါ။ အကြောင်းမှာ အခြေခံဥပဒေပုဒ်မ ၅၉ (ဃ) က သမ္မတ တဦး၏ အရည်အချင်းများတွင် စစ်ရေးတွင် အကျွမ်းတ၀င်ရှိရမည် ဆိုသည့် အချက် ပါဝင်နေသည်။ ၎င်းအချက်သည် စစ်သား မဟုတ်သည့် အရပ်သား သမ္မတလောင်း တဦးကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခြင်း မပြုရဟု မဆိုထားသော်လည်း ထိုသို့ကန့်သတ်ထားသည့်နှင့် တူပါသည်။
ထို့အပြင် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများတွင် သမ္မတ၏ အခွင့်အာဏာများကို ကန့်သတ်ထားပါသည်။ သမ္မတ၏ သဘောတူညီမှု မပါဘဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန တို့မှ ၀န်ကြီးများကို လွတ်လပ်စွာ ခန့်အပ် စီမံ ဆောင်ရွက်ပိုင်ခွင့် ရှိပါသည်။
ယင်းသည် စစ်တပ်နှင့် အရပ်သားအစိုးရတို့အကြား မျှတသည့် အာဏာခွဲဝေမှု ဖြစ်သည်ဟု အခြေခံဥပဒေကို လေ့လာဆန်းစစ်သူများက ပြောနိုင်ပါသည်။ တခြားသော ဒီမိုကရေစီ အခြေခံဥပဒေများနှင့် ဆန့်ကျင်လျက် ဤအခြေခံဥပဒေက စစ်တပ်ကို အကြွင်းမဲ့ အာဏာ ပေးအပ်ထားခြင်း ဖြစ်သည်။
အာဏာအရှိဆုံးသော အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ
အခြေခံဥပဒေတွင် အာဏာအရှိဆုံးအဖွဲ့သည် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ ဖြစ်ပါသည်။ အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည့် ထိုအဖွဲ့တွင် စစ်တပ်မှ ၆ ဦး ပါဝင်သည့် အတွက် ထိုအဖွဲ့သို့ ရောက်ရှိလာသော နိုင်ငံတော်၏ အရေးကြီးသည့် ကိစ္စရပ်အားလုံးသည်ကို စစ်တပ်က ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်ပါလိမ့်မည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဓိက လုပ်ငန်းစဉ် ၄ ရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ပထမလုပ်ငန်းမှာ အခြေခံဥပဒေပုဒ်မ ၃၄၂ အရ ကာကွယ်ရေးဦးစီးချုပ်ကို အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက ရွေးချယ် အတည်ပြုပြီး သမ္မတက ခန့်အပ်မည် ဖြစ်ပါသည်။
ဒုတိယလုပ်ငန်းမှာ နိုင်ငံတ၀န်းလုံးတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့လျှင် အခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ သမ္မတသည် ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာတို့ကို ကာကွယ်ရေးဦးစီးချုပ်ထံ လွဲပြောင်းပေးရေး အတွက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
တတိယလုပ်ငန်းမှာ ကာကွယ်ရေးဦးစီးချုပ်က အရေးပေါ်အခြေအနေ ကာလတွင် တိုင်းပြည်ကို အများဆုံး ၂ နှစ်အထိ အုပ်ချုပ်မည် ဖြစ်ပြီး ထိုကာလ ကျော်လွန်သည့်အခါ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီက အာဏာ ၃ ရပ်ကို သမ္မတကိုယ်စား ကျင့်သုံးမည်ဟု အခြေခံဥပဒေပုဒ်မ ၄၂၁၊ ၄၂၇ နှင့် ၄၃၁ တို့တွင် ပြဌာန်းထားပါသည်။
စတုတ္ထလုပ်ငန်းမှာ အခြေခံဥပဒေပုဒ်မ ၄၂၉ အရ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီသည် တိုင်းပြည်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားခြင်းကို ရုတ်သိမ်းပြီး ၆ လအတွင်း ရွေးကောက်ပွဲများကို ကျင်းပပေးရေး ဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သော အခွင့်အရေးများအပြင် အခြေခံ ဥပဒေပုဒ်မ ၂၀ (စ)အရ `တပ်မတ်ာသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်´ ဆိုသည့် နောက်ထပ် အရေးကြီးသော အချက်တခုကို ပြဌာန်းလျက် စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ အာဏာကို ခိုင်မြဲစေရန် လုပ်ဆောင်ခဲ့ပါသည်။
အားလုံးကို ခြုံ၍ပြောရလျင် အခြေခံဥပဒေကို ခြိမ်းခြောက်လာသည်ဟု စစ်ဗိုလ်ချုပ်များက ယုံကြည်လာပါက မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးအောက်ကို အချိန်မရွေး ပြန်လည် ရောက်ရှိသွားနိုင်ပါသည်။ ။
http://www.irrawaddy.org/bur/
Labels: ဆောင်းပ့ါး
Posted by Ashin dhamma at 3:52 AM 0 comments
Tuesday, December 1, 2009
ကမ္ဘာ့ ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ခံရ

[(ဓာတ်ပုံ - ဧရာဝတီ)]
အနှိုင်းမဲ့ မေတ္တာရှင်
Tuesday, 01 December 2009 17:47 ကိုထွေး
အမေရိကန် ပြည်ထောင်စု Foreign Policy မဂ္ဂဇင်းက အမှောင်ထုတွင်းမှ မျှော်လင်ချက်များကို ရှင်သန်စေသော သင်္ကေတ အမှတ်အသား အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ ထိပ်တန်း တွေးခေါ်ရှင် (၁၀၀) စာရင်းတွင် ရွေးချယ်လိုက်ကြောင်း သိရသည်။
၁၉၉၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အကြောက်တရားသည် ခွဲထုတ်၍မရသော နေ့စဉ်ဘ၀၏ အစိတ်အပိုင်းတခု (Fear is an integral parts of everyday existence) ဟူသော မိန့်ခွန်းနှင့် စိတ်ပိုင်းဆိုင်ရာ တော်လှန်ရေး ( revolution of the spirt) ဟူသော အယူအဆ များကိုလည်း ယင်းဆုချီးမြှင့်ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားသည်။
ဒေါ်အောင်ဆန်း စုကြည်သည် ဗုဒ္ဓ၏ ငြိမ်းချမ်းရေး အခြေခံနှင့် မဟတ္တမ ဂန္ဒီ၏ အကြမ်းမဖက်ရေးမူတို့ ဖြင့် စိတ်ပိုင်းဆိုင်ရာ တွန်းအားကို ရယူခဲ့ကာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပြီး အရေးကြီးသော အပြောင်းအလဲ ကာလတွင် နိုင်ငံတကာက ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ပြန်လည် ရုပ်သိမ်းရေးအတွက် စစ်အစိုးရကို အကူအညီပေးခဲ့ကြောင်း ရေးသားထားသည်။
၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ လက်တွဲ လုပ်ကိုင်ခဲ့ဖူးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ခေါင်းဆောင် ဦးဝင်းတင် က “ ဒေါ်အောင်ဆန်းစုကြည်ကို နီးနီးကပ်ကပ် ဆက်ဆံဖူးတဲ့ ကျနော့် အနေနဲ့ တော့ ဂုဏ်ယူတယ်၊ ၀မ်းသာတယ် ပေါ့ဗျာ၊ ကျေနပ် တယ်၊ နှစ်ထောင်း အားရရှိတယ်၊ သူကျင့်သုံးနေတဲ့ သဘော တရား သူ့ရဲ့ဒဿန နိုင်ငံရေး အယူအဆ၊ စိတ်နေ စိတ်ထားတွေကို နိုင်ငံရေး သမားလုပ်ဖော်ကိုင်ဖက် အချင်းချင်းကို သာမက ကျောင်းသား လူငယ်များကိုလည်း ပုံမှန်ပြောပြနိုင်တယ်၊ သူပြောပြတာ တွေကို ကိုယ်တိုင် ကျင့်သုံးတယ်ဗျ၊ ပြီးတော့ သူ့ရဲ့ စွဲမြဲတဲ့ ညီညွတ်တဲ့ အယူအဆတွေ ကျင့်ဝတ်တွေရှိတယ်” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရာတွင် အဓိက တွေ့ရသည်မှာ ဉာဏ်ပညာက အမြဲ ဦးဆောင် နေကြောင်း၊ ရဲစွမ်းသတ္တိ၊ လုပ်ရဲကိုင်ရဲသည့် စိတ်ဓာတ်နှင့် ပတ်သက်၍ ဓနုဖြူ ဖြစ်ရပ်က သက်သေခံလျက် ရှိကြောင်း၊ ရန်ကုန်ဆေးရုံကြီး၌ ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဒီမိုကရေစီ လိုချင်လျှင် စည်းကမ်းရှိကြပါဟု ပြောဆိုခဲ့ခြင်းဖြင့် စည်းကမ်းနှင့် တာဝန်သိမှုကို အလေးထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အတွေး အခေါ်နှင့် ပတ်သက်၍ အနှစ်ချုပ်ရာတွင် မီးလျှံထဲက ကြာကဲ့သို့ အမြဲ အသစ် ပြန်လည် ပျိုးထောင်နိုင်သည့် သဘောတရားများကလည်း ဒေါ်အောင်ဆန်း စုကြည်၏ အကျင့် စရိုက် အတွေးအခေါ် အယူအဆများတွင် လွမ်းမိုးမှုရှိကြောင်း၊ မေတ္တာတရားသည် အမြဲသူ၏ ရင်တွင်းရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်းက“ဒေါ်အောင်ဆန်းစုကြည်က မှောင်မိုက်နေတဲ့ မြန်မာပြည်သူတွေအတွက် အခြားသော အာဇာနည်တွေလိုပဲ တောက်ပတဲ့ကြယ်တလုံးပါ၊ တိုင်းပြည်အကျိုးအတွက် ဘယ်လို လူပုဂ္ဂိုလ်၊ ပါတီနဲ့မဆို ပူးပေါင်း ဆောင်ရွက်နိုင်တယ်၊ သူက အကြမ်း မဖက်ရေးကို စွဲစွဲမြဲမြဲ ယုံကြည်ပြီးတော့ ပြဿနာတိုင်းကို နှုးညံသိမ်မွေ့စွာ ရင်ဆိုင်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး၊ သူပြောဖူးတယ် ကျမတို့အားလုံး မကောင်းမှုတွေကို လုပ်တာ ရှက်ကြောက်ကြဖို့ ပြီးတော့ သူက မတရားမှုကို ဘယ်တော့မှ သီးခံမှာမဟုတ်သလို တန်ဖိုးရှိတဲ့စကားလုံးတွေနဲ့ တုံ့ပြန်တတ်ပါတယ်၊ ကျနော်တို့ရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကို မြှင့်တင်ပေးနိုင်တဲ့ အကောင်းဆုံး စံနမှုနာ ဖြစ်ပါတယ်” ဟု ပြောသည်။
၁၉၇၀တွင် စတင်ထူထောင်ခဲ့သည့် Foreign Policy မဂ္ဂဇင်းသည် အမေရိကန်ပြည်ထောင်စုတွင် ထင်ရှား သြဇာရှိသော မဂ္ဂဇင်း တစောင်ဖြစ်သည်။
ယခုထုတ်ပြန်ခဲ့သည့် ထိပ်တန်းတွေးခေါ်ရှင် ၁၀၀ တွင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမေရိကန် လက်ရှိသမ္မတ ဘားရက် အိုဘားမား၊ သမ္မတဟောင်း ဘီလ် ကလင်တန် ဇနီးမောင်နှံ၊ အမေရိကန်- ဒုသမ္မဟောင်း ဒစ်ချေနေ၊ မိုက်ခရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် ဘီလ်ဂိတ်၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်၊ ချက်သမ္မတနိုင်ငံ သမ္မတဟောင်း နိုဗယ် ဆုရှင် စာရေးဆရာ ဗားကလက် ဟာဗယ် တို့လည်း ရွေးချယ်ခံရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆာ့ခါရော့ဆု(Sakharov prize) (၁၉၉၀)၊ နိုဗဲလ်ငြိမ်းချမ်းရေးဆု (Nobel peace Prize) (၁၉၉၁)၊ ဆိုင်မွန်ဘိုလီဗာဆု (Simon Bolivar Prize)ု(၁၉၉၂)၊ Prix Litteraire des Droits de I' Homme (၁၉၉၂)၊ (Liberal International Prize for Freedom)(၁၉၉၅)၊ (Jawaharlal Nehru Award for International Understanding) ဂျဝါဟာလာနေရူးဆု (၁၉၉၅)၊ မာတင်လူသာကင်းဆု (၂၀၀၉) များ အပါအ၀င် နိုင်ငံတကာ ဆုပေါင်းများစွာ ချီးမြှင့်ခြင်း ခံခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလက အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲခံခဲ့ရခြင်းဖြစ်သည်။
အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။
ထိုစီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့က လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် ဒေါ်အောင်ဆန်းစုကြည်က တရားရုံးချုပ်တွင် ထပ်မံ အယူခံဝင်ရန် ပြင်ဆင်နေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်း ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၄ နှစ်ကျော်ပြီ ဖြစ် သည်။
http://www.irrawaddy.org/bur/
Labels: သတင်း
Posted by Ashin dhamma at 6:21 AM 0 comments
Thursday, November 26, 2009
နအဖခေတ် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံမှာ ဒါမျိုးတွေ လုပ်ကြတယ်
နိုင်ငံတော်ပစ္စည်း အလွဲသုံးစားလုပ်မှုဖြင့်
သာသနာရေးဝန်ထမ်း (၇) ဦး အပြစ်ပေးခံရ
အောင်ထက် / ၂၆ နိုဝင်ဘာ ၂၀၀၉
နိုင်ငံတော်ပစ္စည်း အလွဲသုံးစားပြုမှုဖြင့် သာသနာရေးဦးစီးဌာနမှ ၀န်ထမ်း (၇) ဦးအား နိုဝင်ဘာ (၂၄) ရက်တွင် မရမ်းကုန်းမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် (၁၀) နှစ်စီ အပြစ်ပေးလိုက်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါဝန်ထမ်းတို့အား ၂၀၀၇ ခုနှစ်တွင် ရုံးတင်တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူနံရံများ၌ ကပ်ထားသည့် ဓမ္မစကြာပုံတော်ကြေးဝိုင်းများ၊ ကြေးမောင်းများ၊ နိုင်ငံတော်အဆင့်ပွဲများတွင် အသုံးပြုသည့် ဆိုဖာကုလားထိုင်များနှင့် ကော်ဇောချပ်များအပါအ၀င် စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၁၈၀) ခန့်ရှိသည့် ပစ္စည်းများကို အလွဲသုံးစားလုပ် ရောင်းချခဲ့ခြင်းဖြစ်သည်။
ယင်းဝန်ထမ်းတို့သည် မဟာပါသဏ လိုဏ်ဂူတော်အတွင်း တာဝန်ထမ်းဆောင်နေစဉ် အဆိုပါ သံဃိက ပစ္စည်းများကို အကြိမ်ကြိမ် ခိုးထုတ်နေခဲ့ကြခြင်းဖြစ်သည်။
“လိုဏ်ဂူထဲက ခိုးထုတ်နေတာ ကြာပြီ။ ဘယ်သူမှ မသိကြဘူး။ တရက် ည (၇) နာရီလောက်မှာ ကားတစီးပေါ် ကုလားထိုင်တွေ မတင်နေတာကို ဦးစီးအရာရှိ ဗိုလ်ကြီးအောင်ရွှေရဲ့ ဇနီးက မြင်သွားတယ်။ အဲလိုနဲ့ စောင့်ဖမ်းတော့ ဦးသက်နိုင် (ဒု-ဦးစီးမှူး) ခိုးထုတ်နေတုန်း ဖမ်းမိတာပဲ” ဟု လိုဏ်ဂူတော်မှ ၀န်ထမ်းတဦးက ပြောသည်။
တရားခံ ဦးသက်နိုင်အား နိုင်ငံတော်ပစ္စည်း အလွဲသုံးစားမှု (အပခ) အရ အရေးယူပေးပါရန် မရမ်းကုန်းရဲစခန်းသို့ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတို့က တရားလိုပြု တိုင်တန်းခဲ့သည်။
ဦးသက်နိုင်အား စစ်ဆေးမေးမြန်းရာမှ ဆက်စပ်တရားခံများဖြစ်သော ဦးမြတ်စိုး (ဦးစီးမှူး၊ နယ်မြေဌာန)၊ လုံခြုံရေးဝန်ထမ်းများဖြစ်ကြသော ဦးအောင်ကျော်သူ၊ ဦးသိန်းမြင့်၊ ဦးဇော်မိုးလွင်၊ ဦးရဲအောင်နှင့် ရေစက်မောင်းဝန်ထမ်း ဦးစောထွန်းတို့အား ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
ယင်းအမှုအား မရမ်းကုန်းတရားရုံးမှ (၂) နှစ်ခန့် ရုံးထိုင်ကြားနာကာ အဆိုပါဝန်ထမ်းတို့အား အလုပ်နှင့်ထောင်ဒဏ် အသီးသီး အပြစ်ပေးခဲ့ခြင်းဖြစ်သည်။
တရားခံတို့၏ ၀န်ခံထွက်ဆိုချက်အရ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်။
သံဃိက ပစ္စည်းများ လက်ခံဝယ်ယူထားသူ (၄) ဦးအား အစိုးရသက်သေအဖြစ် ဆောင်ရွက်စေကာ အမှုမှ တရားသေ ပြန်လွှတ်ပေးခဲ့ကြောင်း ရန်ကုန်မြို့၊ ကမ္ဘာအေးစေတီလမ်း၊ သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ သိရသည်။
http://www.khitpyaing.org/
Labels: သတင်း
Posted by Ashin dhamma at 12:57 AM 0 comments
Wednesday, November 25, 2009
ကျေးဇူးတော်ရှင်ဖြူးဆရာတော်၏ အန္တိမ အဂ္ဂိဈာပန အခမ်းအနား




http://arzarni.blogspot.com/2009/11/blog-post_1569.html
သက်တော် ၆၉ နှစ် ဝါတော် ၄၉ ဝါ ရှိပြီ ဖြစ်တဲ့ နိုင်ငံကျော် ဓမ္မကထိက ဓမ္မရက္ခိတ ဖြူးမဟာစည် သာသနာ့ရိပ်သာ ဆရာတော် ဖြူးဆရာတော်လို့ နာမည်ကျော်ကြားတဲ့ ဦးနရပတိဟာ နိုဝင်ဘာ ၂၄ ရက် ဒီနေ့မနက် ၇နာရီ ရန်ကုန်မြို့မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ပါတယ်။
ဆရာတော်ကို ဗန်ကောက်မြို့ ဖာ့ရမ်ကောက် ဆေးရုံမှာ ကျောက်ကပ်ရောဂါကုနေရင်း အခြေအနေ အတော်ဆိုးလာတာကြောင့် ရန်ကုန် အာရှတော်ဝင်ဆေးခန်းကို နိုဝင်ဘာ ၂၁ ရက်နေ့က ပြန်လည်ကြွပြီး ဆေးကုသခံယူနေရင်း ပျံလွန်တော်မူသွားပုံ နဲ့ အန္တိမဈာပန ကျင်းပမဲ့ ကိစ္စတွေကို တပည့်ရင်းဖြစ်တဲ့ သံဃာတပါးက RFA ကို ခုလို မိန့်ပါတယ်။
တပည့်ရင်း သံဃာ။ ။ 'မနေ့ညက သွေးပေါင်တွေ ထိုးကျပြီးတော့ မနက်က အသက်တွေငင်ပြီး ပျံတော်မူသွားတာပေါ့နော်။ ဒိပြင်ဟာတော့ ထူးထူးခြားခြား မဖြစ်ဘူးပေါ့နော်။ ကျောက်ကပ် လဲထားတာက ၃ နှစ်လောက် ရှိပြီဆိုတော့ ကျောက်ကပ် ပိုးဝင်တာပေါနော့်။ တရားပွဲတွေသွားတော့ လူများတဲ့နေရာတွေ ဘာညာပေါ့နော်။ တရားပွဲတွေကလည်း ဆက်တိုက်ဖြစ်၊ ခရီးတွေက ကြမ်းပေါ့နော်။ တရားဟောရင်လည်း တော်တော်အချိန်တွေ ကြာကြာ ဟောတယ်လေ။ အဲ့ဒီတော့ ရောဂါပိုးကို မနိုင်တာပေါ့။ ရာမာနိုင်း(ဆေးရုံ) မှာ ၁၉ ရက်လောက် ကြာတယ်၊ တရားပွဲတွေပါတယ် မနက်ဖြန် ညကစပြီး တရားပွဲတွေ ၅ ညပေါ့နော်။ ၃ဝ ရက်နေ့ ဈာပန။ လောလောဆယ် တော့ စည်းဝေးတိုင်ပင်ပြီးတော့ ရတဲ့ဆရာတော်တွေ လက်လှမ်းမီသမျှ ပင့်မှာပေါ့နော် နာမည်ကြီး ဆရာတော်တွေကို။'
တပည့်ရင်းဆရာတော်တပါး မိန့်ကြားခဲ့တာပါ။ ဆရာတော်ရဲ့ ကျန်းမာရေးအခြေအနေကို အနီးကပ် ပြုစုခွင့်ရခဲ့တဲ့ သီလရှင်ဆရာလေး တပါးကလည်း ဗဟုသုတတွေကို အများကြီးပေးစွမ်းနိုင်တဲ့ တရားဟောကောင်းတဲ့ ဖြူးဆရာတော်လိုမျိုး ပျံတော်မှူသွားတာဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှု တရပ်ပါပဲလို့ ပြောပါတယ်။
သီလရှင်ဆရာလေး။ ။ 'သြော် ဒကာကြီးရယ်၊ ဆရာတော်ကြီးကတော့ တရားဟော ကောင်းတာကိုး၊ ဒီလိုမျိုး ဆရာတော်တွေ နောက်ထပ် အများကြီး ပေါ်ဖို့အတွက်လည်း မနည်းကြိုးစားရမှာလေ၊ အခုက ဓမ္မာစရိယက နည်းနေတာကိုး၊ နည်းနေတော့ ဗဟုသုတပေးတာက ဆရာတော်ကြီးတွေပဲ ရှိတာကိုး၊ တပါးပြီးတပါး ဆုံးရှုံးတယ်ဆိုတော့ ဆရာလေးတို့ဆီမှာလည်း နောက်ထပ် ဗဟုသုတ အများကြီး တိုးတက်အောင်လို့ ပြောနိုင်တဲ့ ဆရာတော်တွေက ဆရာလေးတို့တော့ သိပ်ပြီးတော့ မမြင်ဘူးပေါ့နော့်။ ဒီလိုဆရာတော်ကြီးတွေပဲ အများဆုံး ဟောနိုင်တာကိုး၊ အဲ့လိုမျိုးဆိုတဲ့ အခါကျတော့ စိတ်တော့ ဘယ်ကောင်းမလဲပေါ့နော် ဒကာကြီး။'
ဖြူးဆရာတော် ဦးနရပတိကို စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ပင်စိမ်းခင်းကျေးရွာနေ အဖ ဦးဘဇွန် အမိ ဒေါ်ဒေါ်မေ တို့က ၁၉၄၁ ခုနှစ်မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၄ယောက်ရှိတဲ့အနက် အငယ်ဆုံးသား ဖြစ်ပါတယ်။ ဆရာတော်ကို နိုင်ငံတော်အစိုးရက ဓမ္မကထိက ဗဟုဇနဟိတဓရဘွဲ့ကိုလည်း ဆက်ကပ်ခံခဲ့ရပါတယ်။ ပျံလွန်တော်မမူမီ နေကောင်းတဲ့အချိန်က ပြည်တွင်းပြည်ပ တရားနာ ပရိသတ်တွေကို တရား လှည့်လည်ဟောပြောခဲ့ပြီး တရားခွေပေါင်း ရာချီ ထုတ်ဝေခဲ့ပါတယ်။
http://www.rfa.org/burmese
Labels: သတင်း
Posted by Ashin dhamma at 6:49 AM 0 comments
Tuesday, November 24, 2009
ဝဿကာရအမတ်ကြီးနှင့် သီရိလင်္ကာနိုင်ငံမှ မြန်မာစာသင်သား ရဟန်းတော်များ
ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းက အိမ်နီးချင်း နိုင်ငံငယ်ကလေးဖြစ်သည့် ဝေသာလီကို သိမ်းပိုက်လိုသည်။ သေးငယ်သော်လည်း ညီညွတ်သည့်အတွက် တိုက်ခိုက်သိမ်းပိုက်ရန် မလွယ်ကူ။ အမတ်ကြီး ဝဿကာရ၏ အစီအစဉ်အရ အကွက်ကျကျ သပ်လျှိုထိုးခွဲနည်းကို အသုံးပြုကာ ဖြိုခွဲခဲ့သည်။ ထိုနည်းတူ စစ်အစိုးရသည်လည်း အမတ်ကြီးဝဿကာရ၏ သပ်လျှိုထိုးခွဲနည်းကို အသုံးချပြီး တိုင်းရင်းသား အချင်းချင်း သွေးကွဲအောင်လုပ်ကာ ညီညွတ်ရေးကို ဖြိုခွဲသည်။ ထိုဒဏ်ကို မွန်၊ ရှမ်း၊ ကရင်၊ ကချင်၊ ကိုးကန့်စသည့် တိုင်းရင်းသားတို့မှာ အလူးအလဲ ခံနေကြရသည်။ ယခုလည်း သီရိလင်္ကာမှာ စာပေသင်ကြားနေကြသည့် မြန်မာစာသင်သား ရဟန်းတော်များအကြား ညီညွတ်ရေး ပြိုကွဲအောင် အကွက်ကျကျ လုပ်ဆောင်သွားခဲ့သည်။
(၂၂၊ ၁၁၊ ၂၀၀၉) ရက်နေ့က သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ မကုဋာရာမ မြန်မာကျောင်းတွင် မြန်မာသံရုံးမှ ဆွမ်းကပ်ပွဲ ကျင်းပခဲ့သည်။ နှစ်နှစ်ကျော် ကာလအတွင်း မြန်မာသံရုံးက ပထမဆုံး ကပ်သည့် ဆွမ်းဖြစ်သည်။ အမှန်ပြောရလျှင် ထိုဆွမ်းကပ်ပွဲက (၂၀၀၈)ခုနှစ် အခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူပွဲကဲ့သို့ ခြိမ်းခြောက်မှု၊ မြူဆွယ်မှုတို့ဖြင့် စစ်အစိုးရ လှည့်ကွက်ထဲ ဝင်သွားသည်ဟု ဆိုချင်သည်။ နိုဝင်ဘာ (၁၂)ရက်နေ့မှ (၁၅) ရက်နေ့အထိ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာနိုင်ငံသို့ လာသွားသည်။ သူ့ခရီးစဉ်အတွင်း သီရိလင်္ကာနိုင်ငံရှိ မြန်မာစာသင်သား ရဟန်းတော်တို့ကို လှူဒါန်းရန် သင်္ကန်းနှင့် ဒေါ်လာတွေ ပါလာသည်။ သူမလာခင် တစ်လကျော်လောက်က ပြည်သူတို့ဆီမှ အလှူခံထားခြင်း ဖြစ်သည်။ သို့သော် မြန်မာကျောင်း သုံးကျောင်းလုံးသို့ သူကိုယ်တိုင် မလာရဲခဲ့။ သင်္ကန်းနှင့် ဒေါ်လာတို့ကို သံရုံးမှာ ချန်ထားခဲ့ပြီး သံဃာများအကြား ဝဿကာရအမတ်ကြီးနည်းကို ကျင့်သုံးရန် ညွှန်ကြားသွားခဲ့ဖွယ် ရှိသည်။
ဗိုလ်သန်းရွှေ ပြန်သွားပြီး တစ်ပတ်အတွင်း မကုဋာရာမ မြန်မာကျောင်းမှာ ဆွမ်းကပ်ရန် စီစဉ်တော့သည်။ ဆွမ်းတက်မစားလျှင် စာရင်းမှတ်မည်၊ ပတ်စပို့်၊ ဗီဇာကိစ္စ အခက်အခဲဖြစ်မည်၊ မြန်မာနိုင်ငံအပြန်မှာ ဖမ်းဆီးခံရမည်စသည်ဖြင့် ခြိမ်းခြောက်သည့် သတင်းများ သံဃာတော်များအကြား ပျံ့နှံ့နေခဲ့သည်။ (၂၂) ရက်နေ့ ဆွမ်းကပ်တော့ တစ်ပါးလျှင် ဒေါ်လာနှစ်ရာ (US Dollar: 200)နှင့် ညီမျှသော ရူပီ (၂၁၀၀၀)၊ သင်္ကန်းစသော လှူဖွယ်ဝတ္ထုတွေ လှူဒါန်းသွားသည်။ ပြည်သူလူထုက လှူဒါန်းခဲ့ခြင်း ဖြစ်သော်လည်း လှူဒါန်းသမျှ လှူဖွယ်ပစ္စည်းတို့ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့မှ လှူဒါန်းကြောင်း စာတမ်း ရေးထိုးထားသည်။ သူကြီးဘုရား၊ ရွာသားကောင်းမှု-ဟူသော မြန်မာစကားပုံကို ယခုမှ ကိုယ်တိုင် တွေ့ကြုံရခြင်း ဖြစ်သည်။ ငါးကြင်းဆီဖြင့် ငါးကြင်း ပြန်ကြော်ခဲ့ခြင်းလည်း ဖြစ်သည်။
စာရင်းများအရ ဆွမ်းစားကြွရောက်သည့် သံဃာအပါး (၁၅၀) ရှိသည်ဟု သိရသည်။ ဝါဆိုသံဃာစာရင်းအရ ယခုနှစ် (၂၀၀၉) သီရိလင်္ကာ၌ စာပေသင်ကြားနေသည့် သံဃာအပါး (၂၄၇) ပါးရှိပါသည်။ (ဤစာရင်းတွင် သီလရှင်ဆရာလေးများ၊ ကိုရင်များမပါပါ။) ခရီးထွက်နေသည့် သံဃာ ဆယ်ပါးခန့်ကို ဖယ်လိုက်လျှင် ယခုလက်ရှိ သံဃာစာရင်း (၂၃၅)ပါးခန့် ရှိပါလိမ့်မည်။ သံဃာအပါး (၁၅၀) ဟူသော အရေအတွက်မှာ သီရိလင်္ကာနိုင်ငံ၌ စာပေသင်ကြားနေသည့် မြန်မာသံဃာအများစု ဖြစ်နေသည်မှာ ထင်ရှားသည်။ မည်သို့ပင် ဖြစ်စေ မိမိတို့အနေနှင့် သံဃာအများစု၏ ဆုံးဖြတ်ချက်၊ ရပ်တည်ချက်ကို လေးစားပါသည်။ သို့သော် ကျန်သည့် သံဃာ (၈၅)ပါးတို့သည်လည်း မိမိတို့၏ ရပ်တည်ချက်၊ ယုံကြည်ချက်ကို ထုတ်ဖေါ်ပြောဆိုခွင့် ရှိသည်ဟု ယုံကြည်သည်။ မိမိတို့အနေနှင့် စစ်အစိုးရနာမည်ဖြင့် လှူဒါန်းသည့် ဆွမ်းကို မစား၊ ဒေါ်လာနှစ်ရာကို မယူခဲ့ကြခြင်းသည် မိမိတို့ခံယူချက် မိမိတို့ယုံကြည်ချက်အတိုင်းပင် ဖြစ်သည်။ အလှူခံခဲ့ကြသည့် သံဃာအားလုံးနီးပါး စစ်အစိုးရကပ်သည့်အလှူကို မဆန့်ကျင်ခဲ့ကြသော်လည်း စစ်အစိုးရကို ထောက်ခံသူများ မဟုတ်ကြသည်မှာ ယုံမှားစရာ မရှိပေ။ သို့သော် ၄င်းတို့အလှူခံခြင်းသည် သူ့အကြောင်းနှင့်သူ ဖြစ်မည်-ဟု ယုံကြည်ပါသည်။ အားလုံးမှာ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိသည်မဟုတ်လော။
မည်သို့ဆိုစေ အလှူခံသူ၊ မခံသူတို့အကြား ဝိဝါဒ ကွဲပြားနေလျှင် စစ်အစိုးရဆင်သည့် ခွင်ထဲသို့ အမှန်ပင် ရောက်သွားပါလိမ့်မည်။ ယခုအချိန်မှာ အရာအားလုံးထက် သံဃာညီညွှတ်ရေးက ပိုပြီး အရေးကြီးပါ သည်။ သံဃာတစ်ပါးချင်းဆီ၏ ယုံကြည်ချက်၊ ရပ်တည်ချက်ကို တန်းဖိုးထား လေးစားရင်း စစ်အစိုးရ ကျင့်သုံးခဲ့သည့် သပ်လျှိုထိုးခွဲနည်း ကျင့်သုံးပုံကို အထူးသတိထား ဆင်ခြင်ကာ မိမိတို့၏ သံဃာညီညွတ်ရေးကို ထိန်းသိမ်းကြဖို့ လိုအပ်ကြောင်း တင်ပြအပ်ပါသည်။
http://www.lanka-msma.co.cc/
Labels: ဆောင်းပါ
Posted by Ashin dhamma at 8:47 PM 0 comments
Monday, November 23, 2009
ဒေါ်လာ ၂၀၀ တန်နဲ့ သမိုင်းဂုဏ်သိက္ခာ
ဒီစာကို ရေးသင့် မရေးသင့်အတော်စဉ်းစားမိသေးတယ်၊ သမိုင်းဂုဏ်သိက္ခာအရ ဖျက်မရတဲ့အမည်းစက်ကြီးတစ်ခုဖြစ်နေတော့ မရေးပဲမနေနိုင်တော့ပဲ ရေးသားလိုက်ပါတယ်။သန်းရွှေတို့အုပ်စု သီရိလင်္ကာလို့ခေါ်တဲ့ ကျွန်းနိုင်ငံကလေးကို ဘုရားဖူးအဖြစ် နိုဝင်ဘာ ၁၁.၁၁.၂၀၀၉ နေ့မှာ ချီတက်ခဲ့ကြတယ်၊ တစ်ဆယ့်တစ်မီးငြိမ်းအောင် ယတြာသဘောနဲ့ ၁၁ ရက်နေ့မှာ လာခဲ့ဟန်တူပါတယ်။ သန်းရွှေဆိုတာ လူသိ နတ်သိ ကမ္ဘာသိ အဖြစ်ထင်ရှားတာက လူသတ်ကောင်၊ ဘုန်းကြီးသတ်တဲ့ မိစ္ဆာကောင်၊ မကောင်းဆိုးဝါး ကလိင်ကကျစ် ကောက်ကျစ်ယုတ်မာသူ၊ အာဏာအတွက် ဘာမဆို စတေးဝံ့သူ အဖြစ် ထင်ရှားကျော်ကြားသည့် သတ္တ၀ါတစ်ကောင်ပါ၊ သီဟိုဠ်ကျွန်းကိုလာတဲ့ ရည်ရွယ်ချက်ကတော့ ဘုရားလဲဖူး လိပ်ဥလဲ တူးဆိုသည့်တစ်ခုတည်းသောရည်ရွယ်ချက်၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ဘာညာသာရကာဆိုတာက လူကြားကောင်းရုံသက်သက်မျှသာ။
သန်းရွှေ ရဲ့ မလိမ့်တစ်ပတ် လူလည်ကျချက်ကတော့ သမင်ကို ကျားက အဖေခေါ်ရလောက်အောင်ပင် အံ့မခန်း စွမ်းဆောင်နိုင်ပါပေသည်။ သီဟိုဠ်ကျွန်း သီရိလင်္ကာနိုင်ငံဆိုတာ မြန်မာရဟန်းတော်များ ပညာရှာဖွေ ဆည်းပူးရာ ဘူမိနက်သန်နေရာမှန်တစ်ခု၊ သူတို့ရဲ့အဓိကအားနည်းချက်က (B.A) (M.A) (Ph.D) ဘွဲ့တစ်ခုခုရရှိဖို့အတွက် မိမိတို့ရဲ့ ခြစ်ခြုတ်စုဆောင်းထားသည့် ၀တ္ထုငွေလေးများနဲ့ ခြို့တဲ့စွာ ပညာသင်ကြားကြရသည်။ အစားအသောက် အနေအထိုင်ဆင်းရဲစွာ သီတင်းသုံးကြရသည်။ အများစုက မပြေလည်ကြသည်ကများသည်။ ဒီအချက်ကို သန်းရွှေက ကောင်းကောင်းသဘောပေါက်ထားသည်။ သို့သော် သီဟိုဠ်ရောက်မြန်မာရဟန်းတော်စာသင်သားအရေအတွက်ကလည်း နဲနဲနောနောမဟုတ် အပါး (၃၀၀) ကျော်ရှိသည်၊ သန်းရွှေမြန်မာကျောင်းရောက်လာလို့ တစ်ပါးတစ်ချက်ထုလိုက်ရင် သန်းရွှေတစ်ကောင် မှုန့်မှုန့်ညက်ကြေသွားနိုင်သည်။ လာရဲတဲ့ သတ္တိလဲ သူမှာမရှိ၊ လာရင်လဲ သန်းရွှေအသက် မြန်မာပြည် ပြန်ပါနိုင်မည်မထင်၊ ဒီတော့ သန်းရွှေက အကွက်ကျကျစီစဉ်ညွန်ကြားထားခဲ့သည်။
(၂၂-၁၁-၂၀၀၉) နေ့မှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ မကုဋာရာ မြန်မာကျောင်းတိုက်တွင် မြန်မာစာသင်သားရဟန်းသံဃာတော်တို့အား ဒေါ်လာ(၂၀၀) နှင့် သင်္ကန်းစသည့်လှူဖွယ်ပစ္စည်းများကို မြန်မာသံရုံးအား လှူဒါန်းစေခဲ့သည်။သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များဆိုသည်မှာ (၂၀၀၇)ခုနှစ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးကြီးနှင့်အတူ တစ်သွေးတည်း တစ်သားတည်းမွေးဖွား ထင်ရှားလာသည့် အဖွဲ့အစည်းကြီးဖြစ်သည်၊ နိုင်ငံရေးအဖွဲ့အစည်းမဟုတ်၊ မိမိတို့ အမျိုးဘာသာ သာသနာကို စော်ကားချင်တိုင်းစော်ကား ယုတ်မာရက်စက်ရိုင်းစိုင်းတဲ့ မသူတော် စစ်မိစ္ဆာကောင်များကို တရားနည်းလမ်းကျ ဆုံးမသွန်သင်ရန် ခိုင်မာကျစ်လစ်စွာ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်။ ယင်းအချိန်ကတည်းက နအဖစစ်မိစ္ဆာကောင်များကို ပတ္တနိက္ကုဇ္ဇန ကံဆောင်ကာ သပိတ်မှောက်ခဲ့ကြသည်၊ ယခုအချိန်အထိလည်းမှောက်ထားဆဲ နောင်လဲ မှောက်နေဦးမည်ဖြစ်သည်။ ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုသည် မသူတော် ယုတ်မာပက်စက်သည့် မင်းဆိုးမင်းညစ် ကလိမ်ကကျစ် အယောင်ဆောင် မင်းတု မင်းယုတ်များထံမှ မည်သည့် အရာဝတ္ထုကိုမျှ အလှူမခံ မပတ်သက်ဟု သံဃာ့ဆန္ဒခံယူပြီး သိမ်ဝင်ကာ ကံဆောင်ထားခြင်းဖြစ်သည်။
သန်းရွှေက ဒါကို ချေဖျက်ဖို့ရန်နှင့် ဘုရားဖူး အကြောင်းပြကာ သီရိလင်္ကာသို့ ရောက်လာခြင်းဖြစ်ပေသည်။ အာဏာနှင့် ငွေရှိရင် ဘာမဆို လုပ်လို့ရတယ်လို့ ထင်နေတဲ့ သန်းရွှေဟာ သံဃာတော်များရဲ့ အားနဲချက်ကို အခွင့်ကောင်းယူကာ ပိုင်ပိုင်နိုင်နိုင် အသုံးချသွားခြင်းဖြစ်ပေသည်။ အကွက်ဆင် ဂွင်ပိုင်အောင် ရိုက်တတ်လေ့ရှိသော သန်းရွှေသည် ကြပ်ပြေး သင်းချိုင်းကုန်းတွင် မိန့်မိန့်ကြီးထိုင်ကာ ပီတိတွေဝေဖြာနေမှာတော့ မြေကြီးလက်ခတ်မလွဲပင်။
သန်းရွှေတစ်ယောက်မသိလိုက်သည့်အရာကတော့ အမှန်တရားကို အာဏာငွေနဲ့ လှဲလယ်လို့မရဘူးဆိုတာပါပဲ၊ သန်းရွှေလှူဒါန်းသည့် ဒေါ်လာ(၂၀၀)နှင့် ဒန်ပေါက်ဆွမ်းကို မဘုဉ်းပေးအလှူမခံသည့် သံဃာတော်များက (၇၅)ပါး ကျော်ရှိနေခဲ့သည်။ တစ်နေ့ကို (၁၀)ကြိမ်(၁၀)လီ ရှိခိုးထိုက်ပေစွ၊ အကြောင်းအမျိုးမျိုးကြောင့်အလှူခံခဲ့သည့် သံဃာတော်များကိုလည်း အပြစ်မမြင်လို၊ ဆင်းရဲနွမ်းပါးချို့တဲ့သည့်ဒဏ်ကို ဘုန်းကြီးရော လူပါ အလူးအလဲ ခံစားနေကြရသည့် နအဖခေတ်ဆိုးကြီးမဟုတ်ပါလား၊သူ့ကိုယ်မကယ်နိုင် ကိုယ့်သူမကယ်နိုင်ဘ၀ရောက်နေသည့် နအဖ ခေတ်ပျက်ကြီးထဲဝယ် သန်းရွှေနှင့်အပေါင်းအပါများကို မြန်မာ့မြေပေါ်မှ အပီးပိုင် မမောင်းထုတ်နိုင်သေးသရွေ့ သန်းရွှေပြုသမျှ နုကြရပေဦးမည်သာ။
သန်းရွှေသွေးထိုးစမ်းခဲ့သော သီရိလင်္ကာမြန်မာကျောင်းသားရဟန်းတော်(၇၅)ပါးကျော်သည် မိမိတို့၏ သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြပေသည်။ ဒေါ်လာ (၂၀၀) နှင့်မိမိတို့၏ သမိုင်းအမည်းစက် အစွန်းအထင်းမခံခဲ့၊သန်းရွှေ စစ်မိစ္ဆာကောင်လှူဒါန်းသည့် ၀တ္ထုပစ္စည်းများကို အလှူမခံပဲ မိမိတို့ဆန္ဒကိုဖော်ထုတ်ခဲ့ကြသည်။ မသန့်ရှင်းသည့် ငွေကြေးဝတ္ထုများကို အသုံးပြုခြင်းထက် ဖြူစင်သန့်ရှင်းသည့် မွန်မြတ်သည့်အရာကို တစ်မိနစ်တစ်စက္ကန့်မျှပြုလုပ်နိုင်ခြင်းသည် မြင့်မြတ်သည့် သူတော်ကောင်းတို့သာ လုပ်နိုင်သည့်အရာဖြစ်ပေသည်။ သူတို့သည် သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ အဖွဲ့ဟူ၍ ကမ္ဘာတည်သရွေ့ သမိုင်းဂုဏ်ရောင် ၀င်းပြောင်နေကြဦးမည်ဖြစ်ပေသည်။
အလှူခံတော်မူခဲ့ကြသည့်သံဃာတော်အရှင်သူမြတ်အပေါင်းတို့အားလည်း အမိသာသနာတော်ကို ကြည်ညိုလေးစား ချစ်ခင်မြတ်နိုးကြသည့် ဒကာဒကာမအပေါင်း သူတော်ကောင်းတို့က အထက်ပါအချက်များကို သဘောပေါက်ကာ သံဃာတော်များသည် မိစ္ဆာညွတ်ကွင်းသို့ မသက်ဆင်းမိအောင် မိမိတတ်စွမ်းနိုင်သည့်ဖက်က ၀ိုင်းဝန်း ကာကွယ်စောက်ရှောက် လှူဒါန်းကြရန် အထူးတာဝန်ရှိပေသည်။ နအဖသည် မာယာပရိယာယ်အသွယ်သွယ်ဖြင့် ပြည်တွင်းရှိသံဃာတော်များကိုပါမက ပြည်ပရှိသံဃာတော်များကိုပါ စည်းရုံးဖျက်ဆီးဖို့ မီးစိမ်းပြလိုက်ခြင်းလည်းဖြစ်သည်။ မီးဘေးရှောင်မလောင်ခင်တားဆိုသည်နှင့်အညီ နအဖ၏ တို့မီးရှို့မီးများသည် အခြားသောနိုင်ငံများသို့ မကူးစက်နိုင်အောင် ၀ိုင်းဝန်းကာကွယ်တားဆီးကြရမည်ဖြစ်ပေသည်။ စစ်မှန်သည့် မွန်မြတ်သည့် မင်းကောင်းမင်းမြတ် ပေါ်ထွန်းခဲ့သည်အမိမြေတွင် စစ်မှန်သည့် ဗုဒ္ဓသာသနာတော်ထွန်းကားပြန်ပွားဖို့ရန် မင်းဆိုးမင်းညစ် မင်းကောက် မင်းယုတ်မာ မင်းသူခိုး မင်းဂျပိုးများကို မွန်မြတ်သည့်အမိမြေမှ အမြန်ဆုံးမောင်းထုတ်ကြဖို့ အချိန်တန်ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။
ပြည်သူ့ဘုန်းဘုန်း
၂၃.၁၁.၂၀၀၉
Labels: ဆောင်းပါး
Posted by Ashin dhamma at 6:45 AM 0 comments
Thursday, November 19, 2009
ကမ္ဘာပျက် ကမ္မဌာန်း
လူတွေအားလုံး
ပုခုံးပေါ်က အိမ်စာ တွေကိုချ
နေ့ရွှေ့ညရွှေ့ ဆန္ဒတချို့ကို
ခဏလေးဖြစ်ဖြစ် အကောင်အထည်ဖော်ခွင့်ရဖို့ 
ကမ္ဘာပျက်ဖို့ ကိုပဲ ဆုတောင်းပေးရတော့မလိုလို…
သြော်…လူဆိုတာ
မလွန်ဆန်နိုင်တဲ့ အခြေအနေတွေအောက်မှာ
ကိုယ့်စိတ်ကိုယ် ခဏခဏ
သစ္စာဖောက်ဖောက်နေကြရတဲ့ သတ္တဝါတွေပါလား။
စိတ်ကို ထိန်းချုပ်သင့်တယ် ဆိုပေမယ့်လည်း
ချွန်းအုပ်လိုက်ရသမျှ စိတ်တိုင်းဟာ
ဆင်ရိုင်းတော့ မဟုတ်ခဲ့ပါဘူး။
တခါတခါဆို
အခြေအနေတွေကို ငဲ့ပြီး
ချိုးလိုက်ရတဲ့ အညွန့် လေးတွေထဲမှာ
အပြစ်ကင်းတဲ့ စိတ်ကူးလေးတွေနဲ့ 
ချစ်ခြင်းရဲ့  ‘အရိပ်ဦး’လေးတွေတောင် ပါသွားတတ်တယ်။
ပညာရှိတယောက်ကတော့ ဆိုတယ်။
သင်ဟာ သင်ပီသဖို့ နဲ့ 
ရလာသမျှ စက္ကန့် တိုင်းကို တန်ဖိုးထားတတ်ဖို့ 
နေနေရတဲ့ နေ့ တိုင်းကို
နောက်ဆုံးနေ့ လို့ သဘောထားဖို့ လိုသတဲ့။
အဲဒီ့ အဆိုကို
အပြည့်အဝ မထောက်ခံလို ပေမယ့်
တခါတခါ…ကိုယ့်သတိ ကိုယ်ပြန်နှိုးဖို့ 
အဲလို ကမ္မဌာန်းမျိုးတော့ လိုမယ်ထင်တယ်။
တကမ္ဘာတည်းစီး တခရီးတည်းသွားတို့ ရေ…
တန်ဖိုးဆိုတာ ဆုံးရှုံးသွားမှ သိတတ်တာမို့ 
စိတ်ကူးလေးနဲ့ ခဏလောက် ရင်ဆိုင်ကြည့်ကြရအောင်။
စိတ်တံခါးကိုသာဖွင့်ထားလိုက်…
အခက်ဆုံးအခြေအနေမှ
မျက်လုံးတွေက
ပိုပြီးမြင်တတ်တာ။
ယုံပါတယ်
ငါတို့ အရည်အသွေးတွေဟာ
အခက်အခဲတွေနဲ့ သွေးပေးမှ
ပိုတောက်ပြောင်လာလိမ့်မယ် ဆိုတာ။
ကောင်းကင်ကို
Labels: ကဗျာ
Posted by Ashin dhamma at 6:50 AM 0 comments
Thursday, October 1, 2009
မဟုတ်မခံ ခွပ်ဒေါင်းတို့ရဲ့ မာန်

ကဗျာ
နီသင်းနိုင် (VCT)
အင်္ဂါနေ့၊ စက်တင်ဘာလ 29 ရက် 2009 ခုနှစ် 14 နာရီ 27 မိနစ်
ni-thin-naings
ရာဇဝင်မကောင်းတဲ့ အတိတ်ရလဒ်နဲ့
ပရဟိတမရှိတဲ့ ရာဇဝင်ဖြစ်စဉ်
ဘယ်တော့မှ သမိုင်းကောင်းမဝင် …
တလမ်းသွားအမှောင်တို့ရဲ့
အတ္တကြည့် အာဏာရှင်တပည့်ကိုလည်း
ဘယ်တော့မှ ဆရာ မတင်ဘူး …
စစ်ခြေရာကို စစ်ခွာတွေ ထပ်ခင်းဖို့
ဥပါယ်တံမျဉ် ဒိုင်ယာလော့ တေးသားနဲ့
၂၀၁၀ မိစ္ဆာရွေး တရားကိုလည်း
ဘယ်တော့မှ
ဘုရားလို့ မထူးဘူး …။
နင်းသွားမယ့်မြေမှာ
သွေးအခါအခါ ထွက်ခဲ့လည်း
ကြိုးတရာကို မကြောက်
ဒူးထောက်လို့ အာဏာရှေ့ရောက်မခံ
မိန်ကောင် မာန်ငှက်ဆိုး ဖက်ဆစ်အရိုးရဲ့
မုန်ယစ်စနစ်မျိုး
လည်မျိုကျိုးသွားပါစေ
တုတ်မကျိုးစေရ …။
အလင်းတခု စီးဆင်းဖို့
ထွန်းညှိစို့ဆိုပြီး
ပေါင်းကူးခံ ကျောင်းသားချွေးစက်တွေနဲ့
ဒေါင်းတို့ရဲ့ အလံကို
အောင်သံပေးလို့ ဆုပ်ကိုင်
မဏ္ဍိုင်မလဲဟေ့ ဘယ်တော့မှ
စစ်အာဏာတည်နေသမျှတော့
လာ … …
အမြစ်လှန် မီးရှို့တိုက်ဖျက်ကြမယ် …။ ။
http://www.mizzimaburmese.com/
Labels: ကဗျာ
Posted by Ashin dhamma at 5:35 AM 0 comments
မြန်မာ-အမေရိကန် ဆက်ဆံရေး လမ်းကြောင်းသစ် (PBS NEWS HOURS TONIGHT)
Labels: ဗီဒီယို
Posted by Ashin dhamma at 12:09 AM 0 comments