Monday, September 28, 2009

ဖိနပ်စာ ကျွေးခံခဲ့ရသည့် ဥာဏ်ဝင်းနဲ့ သိန်းစိန်

အပြည့်အစုံဖတ်ချင်ရင်...

သာသနာ့ကျိန်စာ


သံဃာတော်များ၊ကျောင်းသားများ၊ပြည်သူများကို ညှင်းပန်းနှိပ်စက်နေသော န အ ဖ

စစ်အုပ်စုနှင့်တကွနောက်လိုက်အလိုတော်ရိ ကြံ့ဖွတ်စွမ်းအားရှင်ဝန်ထမ်းများအားလုံး

ကိုသာသနာ့ကျိန်စာတိုက်လိုက်သည်။

စစ်အုပ်စုနှင့်တကွနောက်လိုက်အလိုတော်ရိများသည် သံဃာတော်များကိုသေနတ်နှင့်

ပစ်သတ် ၀ါးရင်းဒုတ်နှင့်ရိုက်ကာမတရားဖမ်းဆီးထောင်ချနှိပ်စက်သတ်ဖြတ်နေသည်

မှာတကယ်မှန်ပါသည်။

အေးချမ်းစွာဖြင့်ဗုဒ္ဓ၏အရိပ်အောက်တွင်နေထိုင်ကြသောပြည်သူပြည်သားများကို

ဖမ်းဆီးထောင်ချ မတရားနှိပ်စက်ခြင်း၊မိန်းကလေးများအားမုဒိန်းကျင့်ခြင်း၊အတင်း

အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊တိုင်းပြည်ဘဏ္ဍာများကိုမတရားခိုးယူခြင်းဖြင့်တနေ့

တခြားဆိုးရွားယုတ်လာသည်မှာတကယ်မှန်ကန်ပါသည်။

ဤမှန်ကန်သောသစ္စာစကားကြောင့် န အ ဖ စစ်အုပ်စုနှင့်တကွ နောက်လိုက်

အလိုတော်ရိကြံ့ဖွတ်၊စွမ်းအားရှင်မိသားစုများအားလုံးသည်ဆင်းရဲဒုက္ခများချက်ချင်းခံ

စားကြရပါစေသတည်း။တစ်ကမ္ဘာပတ်လုံး မဟာအ၀ိစိငရဲမှာ ခံနေကြရပါစေသတည်း။

တစ်ကမ္ဘာပတ်လုံးဆင်းရဲမွဲတေငတ်ပြတ်ကာလိုက်တောင်းစားနေကြရပါစေသတည်း။ တစ်ကမ္ဘာပတ်လုံးဆင်းရဲဒုက္ခအ၀၀ကိုအမြဲမပြတ်ကာလပတ်လုံးခံစားနေကြရပါစေသတည်း။ တစ်ကမ္ဘာပတ်လုံးချမ်းသာဟူသောအသံကိုမကြားကြရစေသတည်း။

မှတ်ချက်။ ။မိမိလုပ်ရပ်များကိုချက်ချင်းရပ်၍သံဃာတော်များကိုဝန်ချတောင်းပန်

မည်ဆိုလျှင်၎င်းကျိန်စာမှလွတ်ငြိမ်းချမ်းသာခွင့်ရနိုင်ပါသည်။

သံဃာတော်များရဲ့အမိန့်

အပြည့်အစုံဖတ်ချင်ရင်...

Go Towards

Go Towards
http://kaungkinko.myanmarbloggers.org/2009/06/blog-post_30.html

အပြည့်အစုံဖတ်ချင်ရင်...

ဖိနပ်စာ မိခဲ့ကြတဲ့ လူသတ်တရားခံများ



မိုးမခအထောက်တော် အမှတ် ဝဝ၅
စက်တင်ဘာ ၂၈၊ ၂၀၀၉

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဉာဏ်ဝင်းကို ကမ္ဘာကျော်ခေါင်းဆောင်ကြီးများဖြစ်သည့် အမေရိကန် သမ္မတဟောင်း ဘုရှ်၊ တရုတ်ခေါင်းဆောင် ဟူဂျင်းတောင်တို့နှင့် တတန်းတည်း ဖြစ်သွားစေရန် မြန်မာ့အရေး လှုပ်ရှားသူတချို့က ဆောင်ရွက်ပေးလိုက်ကြသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် နယူးယောက်သို့ ရောက်နေသော ဝန်ကြီး ဉာဏ်ဝင်းကို ဆန္ဒပြ မြန်မာပြည်သားတချို့က ဖိနပ်ဖြင့် ပစ်ပေါက်ကြသည်ဟု ယနေ့ည ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနက ကြေညာသွားသည်။

ကြက်ဥ၊ ကော်ဖီတို့ဖြင့်လည်း ပစ်ပေါက်ကြသည်ဟု ဆိုသည်။ သို့သော်လည်း ၎င်းတို့ပစ်ပေါက်သည့် အရာများက ဝန်ကြီးကို ထိမှန်သည်ဟု သတင်းတွင် ဖော်ပြထားခြင်း မရှိပေ။

ဖိနပ်ဖြင့် ပစ်ပေါက်သူကို ရဲတပ်ဖွဲ့ဝင်တို့က ဖမ်းဆီးလိုက်ပြီး နောက်ပိုင်းတွင် ပြန်လည် လွှတ်ပေးလိုက်သည်ဟု ဆိုသည်။

သို့သော်လည်း တခြားသတင်းတပုဒ်တွင်မူ အဆိုပါ ဖိနပ်သမားမှာ ထွက်ပြေး လွတ်မြောက်သွားခြင်း ဖြစ်သည် ဟု ဆိုသည်။

“ရုမ်းရင်းဆန်ခတ်ဖြစ်နေတဲ့အတွက် ဖိနပ်နဲ့ ပေါက်သူများထဲမှာ တယောက်ကိုသာ ရဲက ဖမ်းဆီးနိင်ခဲ့ပါတယ်။ ထိုသူမှာလည်း ထွက်ပြေး လွတ်မြောက်နိင်ခဲ့ပါတယ်။ မိမိဖက်မှာ အကျအဆုံး မရှိပါ။ လူနည်းသော်လည်း ညီညီညာညာ တိုက်ပွဲဝင်နိင်သဖြင့် အကျိုးအမြတ် ကြီးလှပါတယ်” ဟု komoethee.blogspot.com တွင် ဖော်ပြထားသည်။

ဆန္ဒပြသူများက မြန်မာစစ်ခေါင်းဆောင်များ တည်းခိုရာ ဟိုတယ်ဝင်ပေါက်များအနီးတွင် ရှိနေသဖြင့် စစ်ခေါင်းဆောင်များမှာ ဟိုတယ်အတွင်း အချိန်အတော်ကြာကြာ ပိတ်မိနေခဲ့သည်ဟု သိရသည်။

ပိတ်မိနေသူများထဲတွင် ဝန်ကြီးချုပ် သိန်းစိန်လည်း ပါဝင်သည်။

နောက်ဆုံးတွင် သိန်းစိန်သည် ဟိုတယ်နောက်ဖေးပေါက်မှ ခိုးကြောင်ခိုးဝှက်ဖြင့် ထွက်ခွာသွားနိုင်သည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

ဉာဏ်ဝင်းကဲ့သို့ပင် အမေရိကန် သမ္မတဟောင်း ဘုရှ်၊ တရုတ်နိုင်ငံခြားရေး ဟူဂျင်းတောင် တို့လည်း ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသူများ ဖြစ်သည်။


အပြည့်အစုံဖတ်ချင်ရင်...

နာဂစ် လူသတ်တရားခံ သိန်းစိန်နဲ့ ညဏ်ဝင်း ဖိနပ်များနဲ့ အပေါက်ခံရပြီ။





သိန်းစိန် နဲ့ ညဏ်ဝင်း ကို ဒီနေ့ နယူးယောက်ရှိ မြန်မာ များ က ဖိနပ်များနဲ့ ပေါက်ပြီးဆန္ဒပြလိုက်ကြပါတယ်။ သူတို့ နစ်ယောက်နဲ့  အဖွဲ့ ဟာ နယူးယောက်မြို့  ၃၉ လမ်း East Gate Hotel မှာ တည်းခို ကြတယ်။ ဆန္ဒပြတဲ့အင်အားစုများက နံနက် စောစော ၇ နာရီ မှာ ဟောတယ်ရှေ့ ကိုရောက်ကြတယ်။တနင်္လာနေ့ ဖြစ်တာတကြောင်း ၊ နံနက်လင်းအားကြီးဖြစ်နေတာတကြောင်းကြောင့်လူ ၂၀ ခန့် သာလာနိင်ပါတယ်။ သူတို့  နောက် လိုက်များ၊ သံတမန်လုံခြုံရေးများ၊ ရဲများကဆန္ဒပြအင်အားထက်ပိုမိုများနေပါတယ်။ နံနက် ၈ နာရီခန့် မှာ ညဏ်ဝင်းနဲ့ အဖွဲ့ က ကားနစ်စီးနဲ့ ထွက်လာတယ်။

ဟော်တယ်အပြင်ဖက်ရောက်လာတဲ့အခါမှာတော့ ကိုမိုးသီးနဲ့ ၃ ယောက်က ဖိနပ်နှင့်ဝိုင်းပေါက် လိုက်တဲ့အခါမှာ တိုက်ပွဲစလိုက်ပါတယ်။ Mr Creator က ကော်ဖီခွက်နဲ့ ညဏ်ဝင်းကိုလှမ်းပက်လိုက်ပါတယ်။ အနီးကပ်ပြစ်ခတ်ကြတာဖြစ်တယ်။
ညဏ်ဝင်း လန့် ပြီး ကားထဲကိုငုံရှောင်တယ်။ သူလူများက လက်နဲ့ ဝိုင်းကာ ကြတယ်။ ကားကို အတင်းမောင်းပြေးတယ်။
သံဃာနစ်ပါးနှင့် မမေစန္ဒာစိုးညွန့် ၊ မစိုးစိုးဝင်းတို့ က လူသတ်သမားများ၊ သူခိုးများ လို့ အော်ဟစ် ဆန္ဒပြကြပါတယ်။ သူတို့ ကြောက်အားလှန့် အားဖြစ်ပြီး ကားမောင်းပြေးပါတယ်။ သိန်းစိန် ကျန်ရစ်ခဲ့တယ်။ သိန်းစိန်ကားက ကားလမ်းကို ပြောင်းပြန်မောင်းပြီးပြေးပါတယ်။ ဆန္ဒပြသမားက ရဲများကို Ticket ပေး၊ Ticket ပေးလို့ ဝိုင်းအော်ပေးလိုက်ကြတယ်။ သိန်းစိန် ကားခေါင်းခန်းက ပါသွားတာကိုတွေ့ လိုက်ရတယ်။ ပြောင်နေတဲ့နဖူးကို ပတ်ဖို့ ထားတဲ့နောက်စေ့က ဆံပင်ကျို့ တို့ ကျဲတဲမှာ အခွေ လိုက်ပြုတ်ကြသွားတာကိုတွေ့ ရပါတယ်။


ဖိနပ်နဲ့ ပေါက်သူများကို ရဲကလာဖမ်းတယ်။ ရုမ်းရင်းဆန်ခတ်ဖြစ်နေတဲ့အတွက် ဖိနပ်နဲ့ ပေါက်သူများထဲမှာ တယောက်ကိုသာရဲ ကဖမ်းဆီးနိင်ခဲ့ပါတယ်။ ထိုသူမှာလည်း ထွက်ပြေးလွတ်မြောက်နိင်ခဲ့ပါတယ်။ မိမိဖက်မှာ အကျအဆုံးမရှိပါ။ လူနည်းသော်လည်း
ညီညီညာညာ တိုက်ပွဲဝင်နိင်သဖြင့် အကျိုးအမြတ်ကြီးလှပါတယ်။

ဗွီအိုအေမှာ သတင်းထောက်နစ်ဦးက လာရောက်မှတ်တမ်းတင်ဗွီဒီယိုရိုက်ပါတယ်။ Mizzima သတင်းဌာနမှာ တယ်လီဖုန်းဖြင့်သတင်းရယူပါတယ်။ အာအက်ဖ်အေမှသတင်းထောက်များကိုမတွေ့ ပါ ။ တယ်လီဖုန်းဖြင့်လည်း ဆက်သွယ်ခြင်းမပြုကြပါ။ ဘီဘီစီ ကတော့ နိင်ငံရေးသုတေသီများ၊ပညာရှင်များ ရဲ့ မိန့် ဆိုချက်များမှလွဲ ပြီး ဒီလိုသတင်းမျိုးကို လွင့်ထုတ်လေ့ မရှိကြောင်းတွေ့ ရပါတယ်။

ဒီနေ့ ညနေ ၄ နာရီမှာ လည်းကောင်းတို့ တည်းခိုရာဟောတယ်ရှေ့ မှာဆက်လက် ဆန္ဒပြဦးမှာဖြစ်ပါတယ်။ နယူးယောက်ညီအကိုမောင်နမများ အင်အားပြကြဖို့ တိုက်တွန်းနိုးဆော်ပါတယ်။ နေရာနဲ့  ဆက်သွယ်ရန်များကို အောက်မှာ ဖေါ်ပြထားပါတယ်။
http://komoethee.blogspot.com/

အပြည့်အစုံဖတ်ချင်ရင်...

စာရွက်ပေါ်မှသည် လက်တွေ့ တိုက်ပွဲဆီသို့ 


မင်းသွေးသစ်(၂၀၀၇)
(၂၀၀ရ)မျိုးဆက်ကျောင်းသားသမဂ္ဂကျောင်းသားတဦး
28.9.09 (2:59)AM

ဤစာစုလေးကိုမဖတ်ခင် ပထမဆုံးကြိုတင်အသိပေးထားချင်တာကတော့ ဤစာစုဟာ မည်သူ တဦးတယောက် တဖွဲ့ကိုမှ ရည်ရွယ်ရေးထားခြင်းမဟုတ်ပဲမြန်မာနိုင်ငံစစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေးအတွက် အုတ်တချပ် သဲတပွင့်ဖြစ်လျှင်ပင် ရေးရကျိုးနပ်ပြီဟူသော စေတနာသန့်သန့်ဖြင့်သာ ရေးသားခြင်းဖြစ်ကြောင်းကြိုတင် အသိပေးလိုပါသည်။

ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းကို ကြည့်လျှင် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများအကြား စစ်အစိုးရ၏(၂၀၁၀) ရွေးကောက်ပွဲကို ၀င်ရေး မ၀င်ရေး ကွဲပြားနေသကဲ့သို့ အယူအဆရေးရာတွင်လည်း ပူးသတ်မည့်အယူအဆ နှင့် မပူးပေါင်းပဲ လုံးဝ ဆန့်ကျင်ရေး အယူအဆဟူ၍ကွဲပြားနေကြသည်။ ၄င်းအကွဲအပြဲအတွင်းတွင် အပစ်အခတ်ရပ်ထားသော ငြိမ်းအဖွဲ့များနှင့် ပြည်သူလူထုမှာေ၀၀ါးသောလမ်းကြောင်းပေါ်သို့ရောက်မှန်းမသိရောက်ကုန်ကြပြီဖြစ်သည်။


ထိုအနေအထားတွင်ပင်(၁၉၉၀)ရွေးကောက်ပွဲကိုအနိုင်ရရှိခဲ့သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင်ကလည်းရှေ့လာမည့် တနှစ်အတွင်း ပြည်သူကိုဦးဆောင်၍ လျှောက်လှမ်းရမည့်နိုင်ငံရေးခရီးကြမ်းကြီးအတွက် အဖက်ဖက်မှထိုးနှက်ခံထားရသော ဒဏ်ရာဒဏ်ချက်များစွာကြောင့် များစွာရင်လေးဖွယ်ရာအနေအထားပင်ဖြစ်သည်။ ထိုအခြေအနေတွင် ပြည်ပနိုင်ငံရေး အင်အားအများစုများမှာ ညီညွှတ်နေရမည့်အစား အချင်းချင်းလက်ညှိုးထိုး၍ ငယ်ကျိုးငယ်နာဖော်နေကြသည့်သံသရာမှ ရုန်း မထွက်နိုင်သေးပဲ နစ်ပြီးရင်းနစ်နေကြသည်ကိုစိတ်မကောင်းစွာတွေ့ရှိနေရပေသည်။ တိုင်းပြည်ချောက်ကမ်းပါးကျတော့မည့် အနေအထားတွင်ကယ်တင်နိုင်မည့်ခေါင်းဆောင်ပေါ်ထွက်လာနိုင်မည့်အရေးမှာလဲ လူ့ပြည်မှ အပ်တစင်းနှင့် ဗြဟ္မာပြည်မှ အပ် တစင်း တွေ့ဆုံရေးခက်ခဲသလိုခက်ခဲနေပေသည်။

အဘယ့်ကြောင့် ယခုလိုအခြေအနေထိ ဖြစ်ခဲ့သနည်း။ အမေးရှိကအဖြေရှိရပေမည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နိုင်ငံ ရေးအင်အားစုများဖြိုခွဲမခံရသေးမှီအချိန်က ပြည်သူတို့ကိုယ်တိုင်မသိလိုက်မသိဘာသာနေလိုက်ခြင်းက ပထမဆုံးအမှား ဖြစ် လျှင် တဗိုလ်ကျတဗိုလ်တက်စနစ်ကို အကောင်အထည်ဖော်မှုနည်းပါးစွာပင် အရာရာတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွန်စွာအားကိုးနေကြခြင်းသည်ဒုတိယအမှားဟုဆိုလျှင်လွန်အံ့မထင်ပါ။ တတိယနှင့်အကြီးကျယ်ဆုံးသောအမှားမှာ အဖွဲ့အ စည်းအသီးသီးရှိနိုင်ငံရေးအင်အားစုများကို ဦးဆောင်နေကြသောဝါရင့်နိုင်ငံရေးသမားကြီးများသည် မျိုးဆက်သစ် ခေါင်းဆောင် များ မွေးမထုတ်ပေးနိုင်ခြင်းနှင့် မိမိတို့အတွေ့အကြုံများကို လူငယ်များအားမျှဝေပေးရန်ပျက်ကွက်ခဲ့ခြင်းပင်ဖြစ်သည်။ ဤ အယူ အဆကိုစောဒတက်လိုကတက်နိုင်သော်လည်း လူတိုင်းလူတိုင်းအမှားမကင်းခဲ့၍သာ ယခုလိုအနေအထားထိ ရောက်ရှိခဲ့သည် မှာငြင်း၍မရသောအမှန်တရားဖြစ်သည်။



အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေပါသည်ဆိုသော ဒီမိုကရေစီအင်အားစုများသည်မိမိတို့အမှားအတွက် အမိ မြန်မာပြည်ကိုအခြားသူများထက် ပိုမိုပေးဆပ်သင့်လှသည်။ လူထုခေါင်းဆောင်အကျယ်ချုပ်ကျနေခြင်းကို ဆယ်စုနှစ်တခု ကျော်ကြာ အထူးအလေးအနက်မထားခဲ့ပါပဲ ထောင်ချခံရမည့်ဆဲဆဲတွင်မှ အိပ်နေရာမှလှုပ်နှိုးခံလိုက်ရသလို သတိဝင်လာခြင်း မှာ တိုင်းပြည်အတွက်များစွာနစ်နာလှပေသည်။


ကြေငြာချက်ထုတ်ရုံ၊မြန်မာသံရုံးရှေ့ဆန္ဒပြရုံ၊ ကန်ပိန်းလုပ်ရုံဖြင့်သာ န.အ.ဖကိုဖြုတ်ချနိုင်မည်ဆိုပါက ရှေးမဆွကတည်းကပင် ပြည်သူများတက်ကြွစွာပါဝင်လာပေမည်။ ထိရောက်မှုနှင့်တန်ပြန်ထိရောက်မှုမညီမျှ၍သာ ပြည်သူပါဝင်လာမှုမရှိသည်ကို သတိမပြုမိခဲ့ကြခြင်းပေလော..။သတိမပြုမိချင်ယောင်ဆောင်ခဲ့ကြခြင်းပေလော။န.အ.ဖပြုတ်ကျလျှင်ထောက်ပံ့ကြေးမရတော့ မည့်အရေး တွေးပူ၍ ကျောက်ဆောင်ကို လေနှင့်သာ မှုတ်ခဲ့ကြခြင်းပေလော..။ မည်သို့ပင်ဆိုစေ သွေးစည်းကြရတော့မည့် အခြေအနေတွင် တိုင်းပြည်ချောက်ကမ်းပါးရောက်အောင်တွန်းပို့ပေးနေသော မည်သည့်အလုပ်ကိုမဆို မိမိတို့ရပ်တန့်ရတော့ မည်ဖြစ်သည်။ ညီညွှတ်ရေးအတွက် လိုအပ်ချက်များကိုမဖြစ်မနေ အကောင်အထည်ဖော်ရတော့မည်ဖြစ်သည်။ ဖက်ဆစ်စနစ် တိုက်ဖျက်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်းဆောင်ကြီးများက ဖ.ဆ.ပ.လအဖွဲ့ချုပ်ကြီးကို အဖွဲ့အစည်း ပေါင်းစုံဖြင့်ညီညွှတ်စွာဖွဲ့စည်းခဲ့ကြသလို ယနေ့အချိန်အခါတွင်လည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် တခုတည်း သော အဖွဲ့အစည်းကြီးတခု တည်ထောင်ရန်မှာ တိုင်းပြည်လိုအပ်ချက်ကို သိနားလည်သောခေါင်းဆောင်ကောင်းတို့၏ တာဝန်ပင်ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများသည်လည်း ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့ကို သင်ခန်းစာယူ၍မိမိတို့အလှည့် ကျလာ မည့်အချိန်ကိုစောင့်မနေသင့်တော့ပဲ အချိန်မီ တခုတည်းသောလက်နက်ကိုင်မဟာမိတ်တပ်ပေါင်းစုကြီးကို ဖွဲ့စည်းရမည့် အချိန် ရောက်ရှိနေပြီဖြစ်သည်။ အဖွဲ့အစည်းအသီးသီး၏ လူမျိုးစွဲ၊၀ါဒစွဲများနှင့်ပုဂ္ဂိုလ်ရေးမာနများကို ခ၀ါချ၍အချင်းချင်း ယုံကြည်ချက် တည်ဆောက်ရေးသည်အလိုအပ်ဆုံးနှင့်အဖြစ်သင့်ဆုံးသောအလုပ်သာဖြစ်သည်။ အစွယ်ထုတ်ပြပြီးတာတောင် ကျားဟု မမြင် သေးပါက မိမိတို့လောက်ညံ့သောသူကမ္ဘာပေါ်တွင်ရှိနိုင်တော့မည်မထင်ပေ။

န.အ.ဖသည် ပညာရှိနည်းနှင့်ဆုံးမ၍မရသောအစိုးရဖြစ်ကြောင်းကို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက သက်သေပြခဲ့ပြီးဖြစ် သည်။ ယခုအချိန်ထိအစိုးရကိုနားချ၍ ရနိုင်လောက်သည်ထင်ပြီး န.အ.ဖနှင့်အပေးအယူလုပ်ချင်နေသေးသည့် လူမိုက်များ အတွက်အချိန်ကုန်ခံမနေပဲပြည်သူများနားမယောင်စေရန်အတွက် မိမိတို့ဘက်မှတိကျသည့်လမ်းကြောင်း၊ ခိုင်မာသည့်အဖွဲ့ အစည်း ချပြနိုင်မှသာ လျှင်ပြည်သူတို့၏ ယုံကြည်ကိုးစားပါဝင်လာခြင်းကိုမြင်တွေ့ရပေမည်။ ဓားလိုအပ်နေချိန်တွင် ဓားမပေးပဲ ရေကြည်ကမ်းနေမိသည့် မိမိတို့အဖြစ်ကို အမြန်သတိပြုမိပြီး ပြုပြင်နိုင်မှသာ အမိမြန်မာပြည်ကြီးကံဆိုးမိုးမှောင်ကျတော့မည့် အရေးမှ နိုင်ငံ့သားကောင်းပီသစွာကယ်တင်နိုင်ပေမည်။ ကျောက်ဆောင်ဖြို့မည့်သူသည် ကျောက်စောင်းရှမှာလောက်တော့ ဖြုံမနေသည့်စိတ်ဓာတ်ထားရှိရပေမည်။

သမိုင်းသည်မိမိတို့လက်ထဲတွင်ရှိသည်။ အလှည့်အပြောင်းသည်ဆုံးဖြတ်ချလိုက်သည့် အချိန်ပိုင်းကလေးပင်ဖြစ်သည်။ ကျွန်ုပ် တို့၏မျိုးဆက်သွေး ကလေးငယ်များကို စာသင်ခန်းထဲတွင်ကမ္ဘာ့အဆင့်မီပညာများကို သင်ကြားခိုင်းမည်လော.. လမ်းများပေါ် တွင်တောင်းစားခိုင်းမည်လော..။ကျွန်ုပ်တို့၏အမျိုးသမီးငယ်များကို တင့်တယ်မှုအပေါင်းနှင့်ကမ္ဘာ့အလယ်တွင်ဝင့်ထည်စေမည် လော…တခြားနိုင်ငံများ၏ပြည့်တန်ဆာတန်းသို့ပို့ပစ်ကြမည်လော…။အမိမြန်မာပြည်ကြီး၏အနာဂါတ်အကောင်းအဆိုးမှာ သင့် လက်ထဲတွင်ရှိသည်။ တွေဝေနေပါက အဖိုးတန်အခွင့်အရေးများဆုံးရှုံးတော့မည်။ မည်သူမှာမှအသက်အပိုမပါပါ။ ခေါင်းတလုံး အပိုမပါပါ။ အမေမွေးသည့်အသက် တိုင်းပြည်အတွက်ပေးဆပ်ပါက မိခင်များမွေးရကျိုးနပ်လှမည်။ ဓားကိုင်မှကြောက်မည့် လူမျိုးသည်၊တရားထိုင်နေရုံနှင့်တော့ပြောင်းလဲမလာပေ။

“ မြန်မာပြည်အနှံ့အပြားတွင်စစ်မောင်းသံကြားပါကခွာရှပ်နေသောစစ်မြင်းများ၊များစွာရှိသည်။တိုက်ပွဲခေါ်သံကိုငံ့လင့်နေသော

ပြည်သူများရှိသည်။တွေဝေခြင်းသည်ဆုံးရှုံးခြင်း၏အစဖြစ်သည်။မိမိတို့အားလုံးစာရွက်ပေါ်မှစကားလုံးများကိုလမ်းမများပေါ်မှ

တိုက်ပွဲများအဖြစ်အသွင်ပြောင်းပစ်ရမည်။ ”

ကျွန်ုပ်တို့ကိုးကွယ်အားထားသော ဗုဒ္ဓကိုယ်တော်တိုင်နန္ဒာပနန္ဒနဂါးမင်းအား အင်အားသုံးဦးနှိမ်ပြီးပါမှ တရားစကားမြွက်ကြား သောသာဓကရှိသည်။ လူရိုင်းများရှေ့မေတ္တာ စကားပြောကြားနေပါကသင်သာလျှင် ဆုံးရှုံးခြင်းကြီးလိမ့်မည်။ တတိုင်းပြည်လုံး ၏ညီညွှတ်ရေးကိုအကောင်အထည်ဖော်ရင်း သင်သည်လည်းတိုင်းပြည်အတွက် “ဓါးကောင်းတလက်ဖြစ်ပါစေ….”



ဒီမိုကရေစီတိုက်ပွဲအတွင်းကျဆုံးခဲ့ကြသောရဟန်းရှင်လူ၊ကျောင်းသားပြည်သူများအားဦးညွှတ်ပါသည်။


အပြည့်အစုံဖတ်ချင်ရင်...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သန်းရွှေသို့ အိပ်ဖွင့်ပေးစာ

Burma Update - Daw Aung San Su Kyi's Letter to Snr Gen Than Shwe - 28 Sep 2009

အပြည့်အစုံဖတ်ချင်ရင်...

ဒုတိယရွှေဝါရောင် တော်လှန်ရေး 03.10.2009

Burma Monks SCMP

အပြည့်အစုံဖတ်ချင်ရင်...

Sunday, September 27, 2009

ပြည်သူ့ငြိမ်းချမ်းရေးတိုက်ပွဲ





ဗမာ့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့်အရာသည် ဒီမိုကရေစီနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးဖြစ်သည်၊ မြန်မာပြည်လွတ်လပ်ရေးရပြီး အနှစ်(၆၀) ကျော်ခဲ့သော်လဲ တည်ငြိမ်အေးချမ်းသည့် ဘ၀မျိုးကို ပိုင်ဆိုင်ခွင့်မရကြသေး၊ လွတ်လပ်ရေး၏အသီးအပွင့်တွေကို ရယူသုံးစွဲခံစားခွင့်မရှိနိုင်ကြသည့်ဘ၀များနှင့် အနာဂတ်မဲ့စွာဖြတ်သန်းနေကြရသည်။

နအဖ စစ်မိစ္ဆာကောင်များသည် စစ်မှန်သည့်ငြိမ်းချမ်းရေးလမ်းကို မလျှောက်လှမ်းလိုကြ၊ ဒီမိုကရေစီနှင့် တရားနည်းလမ်းကျသည့်အရာမှန်သမျှကို အာဏာလက်နက်အားကိုးနဲ့ ရက်ရက်စက်စက် ခြေမှုန်းသုပ်သင်တတ်ကြပေသည်၊သို့သော် ငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းနေကြသူများသည် ဘယ်သောခါမှ သေရိုးထုံးစံမရှိ၊ ဘယ်လိုပင်သတ်သတ် ငြိမ်းချမ်းရေးမြက်ခင်းပြင်ကြီးသည် စိမ်းစိုမြဲစိမ်းစို၊လှပမြဲလှပနေမည်သာဖြစ်သည်။

အမိ ဗမာပြည်ဒီမိုကရေစီနှင့် စစ်မှန်သည့်ငြိမ်းချမ်းရေး ထွန်းကာပေါ်ပေါက်လာရေးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေကြသူများသည် နအဖ စစ်မိစ္ဆာကောင်များစွပ်စွဲသလို အကြမ်းဖက်သမားများမဟုတ်ကြ၊ အကြမ်းဖက်သည့်လုပ်ရပ်များကိုလဲ ဘယ်သောခါမှမကျူးလွန်ကြ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေကြသူများသာဖြစ်သည်။ သူတို့သည် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် သူတို့၏ဘ၀များကို ပေးဆပ်သူများသာဖြစ်သည်၊ ရယူလိုသူများမဟုတ်ကြ၊ နအဖစစ်မိစ္ဆာကောင်အာဏာရှင်များသည် ငြိမ်းချမ်းရေးဆိုသည့် အသံကိုမကြားလိုကြ၊ အာဏာရှိသည်၊ လက်နက်ရှိသည်၊ ငွေရှိသည် လုပ်ချင်တာလုပ်လို့ရသည် ဆိုသည့် တိရိစ္ဆာန်ထက်နိမ့်ကျသည့် အောက်တန်းကျ ယုတ်မာသည့်စိတ်ဓာတ်မျိုးတို့ဖြင့် တစ်တိုင်းတစ်ပြည်လုံးကို ထင်တိုင်းကြဲ ဖျက်ဆီးချင်တိုင်း ဖျက်ဆီးနေကြပေသည်။ထိုသူတို့သည်သာ အကြမ်းဖက်သမားစစ်စစ်ဖြစ်ပေသည်။

မြန်မာပြည် ဒီမိုကရေစီနှင့် စစ်မှန်သည့်ငြိမ်းချမ်းရေး ထွန်းကားပေါ်ပေါက်ရေးအတွက် စစ်အာဏာရှင် စနစ်ဆိုးကြီး မရှိမှဖြစ်မည်၊ ဒီစနစ်ဆိုးကြီးရဲ့လောင်းရိပ်အောက်မှာ ကျွန်ုပ်တို့ ပြည်သူတွေရဲ့ဘ၀ပေါင်းများစွာ၊ အသက်ပေါင်းများစွာ စတေးခံခဲ့ရ ပေးဆပ်ခဲ့ကြရပေသည်။ တိုင်းပြည်ကြီးကတော့ ယနေ့ချိန်ထိ ဘာတစ်ခုမှဖြစ်မလာနိုင်သေးပေ၊ အာဏာရှင် လောင်းရိပ်အောက်တွင် ရှိသည့်အရာမှန်သမျှသည် စစ်မှန်သည့်အရာများ မဟုတ်ကြ၊ အတုအယောင် ဟန်ဆောင်ဖုံးကွယ်ထားသည့်အရာများသာလျှင်ဖြစ်ပေလိမ့်မည်၊
ထိုအတုအယောင်များကို ရှင်းလင်းဖယ်ရှားပစ်ရမည့် တာဝန်မှာ ကျွန်ုပ်တို့ မျိုးဆက်တစ်ရပ်လုံး၏ မဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်တစ်ခုဖြစ်ပေသည်။

စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီမရှိသည့်အတွက်ကြောင့် တိုင်းပြည်ပါမက လူမျိုး ဘာသာ သာသနာပါ ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ကွယ်တော့မည့် အန္တရာယ်ဆိုးနှင့်ရင်ဆိုင် ကြုံတွေ့နေရပြီဖြစ်သည်။ စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပေါ်ပေါက်ထွန်းကားရေးအတွက် ကျွန်ုပ်တို့သည် ရှိသမျှစွမ်းအားဖြင့် ခုခံ တိုက်ပွဲဝင်ကြရမည်။ ငြိမ်းချမ်းရေးသည် ကျွန်ုပ်တို့၏ တစ်ခုတည်းသော အားကိုးရာ လက်နက်ဖြစ်ပေသည်။ ကျွန်ုပ်တို့စိုက်ထူမည့်ငြိမ်းချမ်းရေးမှတ်တိုင်သည် မြန်မာပြည်အတွက်ပါမက ကမ္ဘာကြီးအတွက်ပါ သမိုင်းကဗျည်း မှတ်တမ်းရေးထိုးရမည့်အရာဖြစ်ပေသည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးထွန်းကားဖို့အတွက် ပိတ်ဆို့ကာရန်ထားသည့် စစ်အာဏာရှင်ဟူသော တံတိုင်းကြီးကို ၀ိုင်းဝန်းဖြိုလှဲ ဖျက်ဆီးပစ်ရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်တည်း ဖြိုလှဲ၍မရ ညီညီညာညာစုပေါင်းဖြိုလှဲမှ အောင်ပွဲခံနိုင်မည်ဖြစ်ပေသည်။ ယုတ်မာ ဆိုးသွမ်းကောက်ကျစ်သည့် စစ်အာဏာရှင်စနစ်ဆိုးကြီးအောက်က မရုန်းထွက်နိုင်ခဲ့ပါကကျွန်ုပ်တို့၏ လူမျိုး ဘာသာ သာသနာတော်ကြီးသည် ကမ္ဘာ့အလယ်မှာ မကြာမီပျောက်ကွယ်တော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။

တက္ကသိုလ်သောတုဇနဘိက္ခု (ရန်ကုန်)



အပြည့်အစုံဖတ်ချင်ရင်...

Tuesday, September 22, 2009

မမေ့ရက်နိုင်သည့် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး



အပြည့်အစုံဖတ်ချင်ရင်...

အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် ကြေညာချက်

Immediate Release Sept 15-2009

2nd Saffron Broucher Final

အပြည့်အစုံဖတ်ချင်ရင်...

Friday, September 18, 2009

မြင်းခြံတွင် သံဃာတော်များ ဖမ်းဆီးခံရ

Friday, 18 September 2009 19:00 ဉာဏ်မောင်

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် သံဃာ့နာယကအဖွဲ့ဝင်များ ပါဝင်သည့် အာဏာပိုင်အဖွဲ့များက သံဃာ ၄ ပါးကို မနေ့က ဖမ်းဆီးလိုက်သည်။

အဆိုပါ အဖမ်းခံရသည့် သံဃာ ၄ ပါးအနက် ၂ ပါး၏ ဘွဲ့အမည်ကို သိရှိရပြီး ကျန် ၂ ပါးမှာ မည်သည့်ကျောင်းတိုက်က ဖြစ်သည်ကို မသိရှိရသေးကြောင်း မြို့ခံက ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးခံရသည့် သံဃာများမှာ စွန်းလွန်းဂူကျောင်းမှ အရှင်နန္ဒဝံသ၊ သဲပင်တိုက်ကျောင်းမှ အရှင်စာဂရ တို့ဖြစ်ပြီး မည်သည့်အတွက် ဖမ်းဆီးသွားကြောင်း အတိကျမသိရသေးကြောင်း မြို့ခံက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း မြင်းခြံမြို့တွင် သံဃာတော်များကို ဆက်တိုက် ဖမ်းဆီးနေလျှက်ရှိပြီး တမြို့လုံးအနှံ့ လုံခြုံရေးများ တိုးမြှင့်ချထားသည်ဟု ၎င်းက ဆက်ပြောသည်။

“တမြို့လုံး လုံခြုံရေးတွေ ချထားတာ၊ အင်းအားပြတဲ့ သဘောနဲ့ပါ၊ သူတို့တွေ အဲလိုလုပ်တော့ အခမဲ့ ဆေးကုတာ၊ ပညာသင်ကြားရေးလုပ်ငန်းတွေ ရပ်ဆိုင်းကုန်တော့ မြို့ခံလူထုတွေက မကျေနပ်ကြဘူး” ဟု ပြောသည်။

စက်တင်ဘာသံဃာ့လှုပ်ရှားမှု နှစ်ပတ်လည်နီးလာချိန်တွင် အာဏာပိုင်များဘက်မှ ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်နေပြီး ထပ်မံဖမ်းဆီးမည့် သတင်းများလည်း မြင်းခြံမြို့တွင် ထွက်ပေါ်နေလျှက်ရှိသည်ဟု ပြောသည်။

ထို့အပြင် မကြာသေးခင်ရက်ပိုင်းအတွင်းက မြန်မာပြည်အလယ်ပိုင်း မြို့ကြီးများတွင် သံဃာ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များကို မြို့နယ်သံဃာ့နာယကအဖွဲ့ဝင် သံဃာများနှင့် အာဏာပိုင်အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေလျက်ရှိသည်။

အာဏာပိုင်များဘက်မှ သံဃာတော်များကို ဖမ်းဆီးခြင်းများ ဆက်တိုက် လုပ်ဆောင်နေသော်လည်း သံဃာ့အဖွဲ့ချုပ်(မြန်မာနိုင်ငံ)က တတိယအကြိမ်မြောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို လာမည့် သတင်းကျွတ်လပြည့်နေ့တွင် စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

http://www.yoma3.org/

အပြည့်အစုံဖတ်ချင်ရင်...

ဒုတိယ ရွှေဝါရောင်တော်လှန်ရေး (သို့) ပေါက်ကွဲလုမီးတောင်တစ်ခု


ရဟန်းရှင်လူ ပြည်သူတွေရဲ့ ရင်ထဲက စစ်မှန်တဲ့ ဆန္ဒကို ဘယ်အာဏာ ဘယ်ပါဝါ ဘယ်လက်နက်ကမှ တားဆီးပိတ်ပင်
လို့မရဘူးဆိုတာကို အာဏာရူး နအဖတွေ မကြာခင်တွေ့မြင်ကြရမည်။ လွတ်လပ်ပြီး တရားမျှတတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်း
ရေး စနစ်တစ်ခု ဗမာပြည်ကြီးမှာ မပေါ်ပေါက်မချင်း ငြိမ်းချမ်းရေးတိုက်ပွဲကို ဗမာပြည်တစ်ပြည်လုံးမှာရှိနေတဲ့ ရဟန်းသံဃာ
တော်တွေ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်သည်။

အပြည့်အစုံဖတ်ချင်ရင်...

နိုင်ငံရေးအကျဉ်းသားတွေထဲကသူတို့တွေ လွတ်လာကြတယ်


U Nai Nai (MP-Pazuntaung Township)





1. Ma Eik Khaing Oo 2. U Tin Mya 3. Ko Nyi Nyi Min 4. Ko Kyaw Kyaw Thant 5. Monywar Aung Shin (a) U Aung Myint 6. U Nine Nine 7. Ma Tin Tin Myint 8. Ma Than Than Htay 9. Ma Than Than Sint 10. Ma Thin Min Soe 11. Ma Kyi Kyi Min 12. Ko Zaw Htut Aung 13. U Tin Myo Htut (a) Kyaw Oo 14. U Win Myint (Very Good) 15. U Kyaw Maung 16. U Nay Win 17. U Kyi Lin 18. U Soe Wai (a) Than Zaw 19. Shin Sandaw Batha. 20. Aung Gyi @ Aung Thwin


အပြည့်အစုံဖတ်ချင်ရင်...

တိုက်ပွဲဝင်ရဦးမည်



ကျွန်ုပ်တို့၏ ဒီမိုကရေစီတိုက်ပွဲသည် အနှစ်(၂၀) ကျော်ခဲ့ပေပြီ၊ မပီးဆုံးနိုင်သေး၊ ဒီတိုက်ပွဲပီးဆုံးမှဖြစ်မည်၊ ဒီတိုက်ပွဲနိုင်မှဖြစ်မည်၊ ဒီတိုက်ပွဲမှာ ကျွန်ုပ်ကိုယ်တိုင်ပါဝင်ဆင်နွဲရမည်၊ သင်ကိုယ်တိုင်ပါဝင်ဆင်နွဲရမည်၊ ရှောင်တိမ်းပုန်းအောင်နေလို့မဖြစ်၊ ကျွန်ုပ်တို့ သင်တို့လက်ထက်မှာ တာဝန်မကျေခဲ့လျှင် နောင်တက်လာမဲ့ ကျွန်တော်တို့မျိုးဆက်သစ်တွေ ကျွန်တော်တို့ထက် အဆပေါင်းများစွား ဆိုးရွားနိမ့်ကျသွားတော့မည်။

စစ်အာဏာရှင်သည် ပြည်သူကို ကျွန်လိုသဘောထားသည့် စနစ်တစ်ခုဖြစ်သည်၊ စစ်တပ်ကို ဖားမှ စစ်တပ်ကိုအဖေခေါ်မှ သူတို့ကချကျွေးသည့် အရိုးအယွင်းများကို စားသောက်ရသည့် ဘ၀မျိုးဖြစ်ပေသည်၊ လူတစ်ယောက်မှာ ရှိတဲ့ အရည်အချင်းကို အပြည့်အ၀ ထုတ်သုံးပိုင်ခွင့်မရှိ၊ ခိုင်းတာလုပ် ထားရာနေ စေရာသွား ခံမပြောနဲ့ ဆိုသည့် အဆင့်အတန်းနိမ့်ကျသည့် စနစ်တစ်ခုဖြင့်အသက်ရှင်သန်ကြရပေမည်။

လူသားတစ်ယောက်ရဲ့မွေးရာပါ အခွင့်အရေးတစ်ရပ် လက်လွတ်ဆုံးရှုံးသည့် ဘ၀မျိုးကိုပိုင်ဆိုင်ရမည်၊ ဒီနိုင်ငံမှာမွေးပီး လူဖြစ်လာတာချင်းအတူတူ ဒီနိုင်ငံက ရသင့်ရထိုက်သည့်အခွင့်အရေးများကို တန်းတူညီတူ လုပ်ပိုင်ခွင့် ခံစားပိုင်ခွင့်မရှိ၊ အာဏာရှိသူလူတစ်စုကသာ အခွင့်ထူးခံလူတန်းစားတစ်ရပ်အဖြစ်ဖြင့် အဖိနှိပ်ခံ အနှိမ်ခံဘ၀မျိုးနှင့် ရင်ဆိုင်ကြုံတွေ့ခံစားကြရပေမည်။

ဒီလိုဆိုးဝါးတဲ့ အမွေအနှစ်တွေကို သင့်ရဲ့ မျိုးဆက်တွေအတွက် လက်ဆင့်ကမ်းရက်ခဲ့ပါသလား၊ ဒါမှမဟုတ် ကိုယ်လွတ်မြောက်ရင် ပီးရောဆိုတဲ့ တစ်ကိုယ်ကောင်းစိတ်ဓာတ်မျိုးနဲ့ တာဝန်မဲ့သူတစ်ယောက်အဖြစ်ခံမလား စဉ်းစား ဆုံးဖြတ်လုပ်ကိုင်ရတော့မဲ့ အချိန်ကျရောက်နေပီဖြစ်သည်၊

လူတိုင်းလူတိုင်းသည် လွတ်လပ်ခြင်းကို လိုလားတောင့်တကြသည်၊ အေးချမ်းတည်ငြိမ်သည့်ဘ၀မျိုးကို ပိုင်ဆိုင်လိုကြသည်၊ သို့သော် မြန်မာနိုင်ငံမှာတော့ အထင်နှင့်အမြင် တစ်ခြားစီဖြစ်နေပေလိမ့်မည်၊ အရာရာအားလုံးကို စစ်အာဏာရှင်က လက်ဝါးကြီးအုပ်ကာ မောင်ပိုင်စီးထားသောကြောင့် ပြည်သူတွေရဲ့ဘ၀မှာ မသေရုံတစ်မယ် ယဲ့ယဲ့လေးသာကျန်ရှိတော့သည်၊ စားကောင်းခြင်းမစားရ၊ အိပ်ကောင်းခြင်းမအိပ်ရ၊ လူမှုဒုက္ခငရဲခန်းကြီးထဲမှာ နေ့စဉ်နှင့်အမျှ ရုန်းကန်ရှာဖွေနေကြရသည်၊ စစ်ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ကတော်တွေမှာတော့ နောက်ဆုံးပေါ်ကား၊ တိုက်၊ပြည်သူ့ဘဏ္ဍာပစ္စည်းတွေနဲ့ စည်းစိမ်ခံကာ ယစ်မူးချင်တိုင်းယစ်မူးနေကြပေသည်။ တိုင်းပြည်သည် တပ်မတော်အတွက်မဟုတ် တပ်မတော်သည် တိုင်းပြည်အတွက်ဖြစ်ရမည် ဆိုသည့် ဗိုလ်ချုပ်ချမှတ်ခဲ့သည့် ဆောင်ပုဒ်လဲ စာအုပ်ထဲမှာ ကျန်နေရစ်ပီဖြစ်သည်။

ဒီမိုကရေစီနှင့် လူအခွင့်အရေးလိုချင်ရင် ဒီအတိုင်းထိုင်နေလို့မရ၊ ထိုင်နေရုံနဲ့ဘာမှဖြစ်မလာနိုင်၊ တောင်းဆိုနေလို့လဲ အကျိုးရှိလာမည်မဟုတ်၊ ဒီတော့ လူတိုင်းမှာ တာဝန်ကိုယ်စီရှိကြသလို တာဝန်ကျေပြွန်ဖို့လဲအထူးလိုအပ်ပေသည်။မိမိတတ်စွမ်း
နိုင်သည့်ဖက်ကနေလုပ်ဆောင်ဖို့ကသာ အရေးကြီးဆုံးဖြစ်ပေသည်။ မိမိမျိုးဆက်သစ်တွေကို အခြားသောအမွေအနှစ်တွေ မပေးနိုင်ခဲ့ဦးတော့ အာဏာရှင်ကို တော်လှန်ဖို့ နှင့် မတရားမှုတွေကို ခေါင်းငုံ့မခံသည့် စိတ်ဓာတ်အမွေကိုတော့ အနည်းဆုံးပေးထားရစ်နိုင်အောင်ကြိုးစားကြရပေမည်။

နိုင်ငံတစ်ခု၏ ကောင်းမွေ ဆိုးမွေသည် ရှေ့ဆောင်လမ်းပြ လူကြီးသူကြီးများအပေါ်များစွားတည်မှီနေပေသည်၊ လူငယ်လူရွယ်များသည် ၄င်းတို့ပေးခဲ့သောအမွေကို တစ်ပွေ့တစ်ပိုက် ရယူကြရပေသည်။ ယနေ့ နိုင်ငံကိုအုပ်ချုပ်နေပါသည်ဆိုသော နအဖ စစ်အာဏာရှင်တို့သည် လူငယ်လူရွယ်တို့အား မကောင်းသည့်စိတ်ဓာတ်များရိုက်သွင်းကာ တိုင်းပြည်ကို နည်းအမျိုးမျိုးနှင့် ဖျက်ဆီးချင်တိုင်း ဖျက်ဆီးပြနေကြပေသည်၊ မိမိတို့ကိုးကွယ်သည့် ဘာသာ သာသနာအပေါ်မှာလဲ လှန်လိုလှန် မှောက်လိုမှောက်နဲ့ ဘုရား တရား သံဃာမှန်းလဲ မသိကြတော့၊ သာသနာတော်ကြီးတစ်ခုလုံးကလဲ နအဖရဲ့ အသုံချခံပစ္စည်းကြီးတစ်ခုလို ဖြစ်ချင်တိုင်းဖြစ် ပျက်ချင်တိုင်း ပျက်စီးနေပေပြီဖြစ်သည်။ အာဏာနှင့် ငွေရှိလျှင် ဘာမဆို ဖြစ်သည်ဟူသော အတွေးအခေါ် အယူအဆဆိုးတွေကို လူငယ်လူရွယ်တွေကို လက်ဆင့်ကမ်းသင်ယူစေသည်၊ အလေအလွင့်တွေကို ပြုပြင်ထိန်းသိမ်းစောက်ရှောက်ရမည့်အစား မက်လုံးခြောက်လုံးပေးကာ ညစ်ပတ်ကောက်ကျစ်သည့် စိတ်ဓာတ်ဆိုးတွေကို စနစ်တကျ သင်ကြားပေးနေပေသည်။

ဒီနိုင်ငံရဲ့အနာဂတ်ရှေ့ရေးအလားအလားသည် မတွေးရဲစရာဖြစ်လာသည်၊ ဒီတော့ ကျွန်ုပ်တို့ ဒီအတိုင်း နေလို့တော့ မဖြစ်တော့၊ ဒီစစ်အာဏာရှင်စနစ်ဆိုးကြီး မရှိမှ တိုင်းပြည်၏ အနာဂတ်သည် သာယာလှပနိုင်ပေမည်၊ ကမ္ဘာအလယ်မှာ လူတစ်လုံး သူတစ်လုံးအဖြစ်နဲ့ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည်ဖြစ်ပေသည်။ စစ်အာဏာရှင်ပြုသမျှကို ခေါင်းငုံ့ခံနေကြဦးမည်ဆိုပါက နောက်ထပ် လာမည့် ကျွန်ုပ်တို့ မျိုးဆက်တို့သည် စစ်ကျွန်အဖြစ်နဲ့ နွံနစ်ကာ သံသရာထဲ တ၀ဲလည်လည် ဖြစ်နေကြဦးမည်သာဖြစ်ပေသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့မျိုးဆက်သစ်တို့အတွက် စစ်အာဏာရှင်ကို တိုက်ပွဲဝင်ကြရဦးမည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ လွတ်လပ်ရေးအတွက် စစ်အာဏာရှင်ကို တိုက်ပွဲဝင်ကြရဦးမည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အခွင့်အရေးများအတွက် စစ်အာဏာရှင်ကို တိုက်ပွဲဝင်ကြရဦးမည်။

တက္ကသိုလ်သောတုဇနဘိက္ခု (ရန်ကုန်)




အပြည့်အစုံဖတ်ချင်ရင်...

Thursday, September 17, 2009

ဗုံးခွဲတရားခံများ





ရန်ကုန်မြို့၊ လှိုင်သာယာနှင့် ရွှေပေါက်ကံမြို့တို့တွင် (၁၆)ရက်နှင့်(၁၇)ရက်နေ့များက ဗုံး(၆)လုံး ဆက်တိုက်ပေါက်ကွဲခဲ့သည်ဟု သတင်းများတွင်ဖော်ပြခဲ့သည်၊ ပြည်သူ့ပြောက်ကျားတပ်ဦးဆိုတဲ့ စောက်ရူးအဖွဲ့ကလဲ သူတို့လက်ချက်ပါဟု ရူးကြောင်ကြောင် ကြေညာချက်တစ်စောင်ကို မီဒီယာပေါ်ဖြန့်ဝေခဲ့ကြသည်။ အမှန်တကယ် မြန်မာနိုင်ငံမှာ ဗုံးကွဲမှုကိစ္စသည် အထူးအဆန်းတစ်ခုမဟုတ်သလို ဘယ်သောခါမှလဲ တရားခံကို ဖမ်းမိခဲ့ရိုးထုံးစံမရှိခဲ့၊ ဘယ်သောခါမှလဲ ဖမ်းမိနိုင်မည်မဟုတ်ပေ၊ ဗုံးခွဲတရားခံသည် နအဖကိုယ်တိုင်ဖြစ်နေသောကြောင့်ဖြစ်သည်။ နအဖသည် နိုင်ငံရေး မငြိမ်မသက်ဖြစ်စေရန် နည်းအမျိုးမျိုးနှင့် ပြုမူလုပ်ဆောင်လေ့ရှိသည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော အကြမ်းဖက် အာဏာရ အဖွဲ့အစည်းတစ်ခုဖြစ်ပေသည်၊ ၄င်းတို့ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ညစ်ပတ်ကောက်ကျစ်သည့် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုလေ့ပြုထရှိသည့် အဖွဲ့အစည်းကြီးတစ်ခုလဲဖြစ်ပေသည်။

တိုင်းပြည်ကြီး အေးချမ်းနေပါတယ် ပြောသလိုပြော၊ တိုးတက်နေပါတယ် ဆိုချင်ဆိုနဲ့ စုတ်ပြတ်သပ်နေတဲ့ ပြည်သူတွေရဲ့ဘ၀ကတော့ တစ်တိုင်းတစ်ပြည်လုံး နေရာလပ်မကျန်အောင်ပြည့်နှက်နေပေသည်။ နအဖမှာ တစ်ခုခုအတွက် ကလိမ်ကကျစ်လုပ်ဖို့ အကြောင်းကိစ္စပေါ်လာလျှင် လူမရှိသူမရှိသည့်နေရာတွင် သေချာပေါက် ဗုံးဖောက်ခွဲလေ့ရှိပေသည်။ ဗုံးဖောက်ခွဲပီးမကြာခင် သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်မည်၊ တိုင်းပြည်အတွက် အမျိုးမျိုးအနစ်နာခံ ဘ၀တွေပေးဆပ်ပီး ရိုးသားတက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ N L D လူငယ်တွေကို ဖမ်းမည်၊ ဖမ်းပီးလျှင် အတင်းဝန်ခံလက်မှတ်ထိုးခိုင်းမည်၊ ဗုံးဖောက်ခွဲမှုကို N L D က နောက်ကွယ်က ကြိုးကိုင်စေခိုင်းသည်၊ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အဆက်အသွယ်ရှိသည်၊ ဘာညာ သာရကာ မဟုတ်တမ်းတရားတွေနဲ့ စောက်ရူးကျော်ဆန်းတို့က မျက်နှာပြောင်တိုက် အရှက်မရှိ လူပုံအလယ်မှာ ရွှီးကြ ပြကြပေးဦးမည်။ ဒါဟာ နအဖရဲ့ ပုံသေနိုင်ငံရေးကစားကွက်တစ်ခု။

ဒီလိုကလိမ်ကကျစ်ကောက်ကျစ်ယုတ်မာတဲ့ နည်းလမ်းတွေကို အသုံးပြုနေတဲ့ အကြမ်းဖက်သမားစစ်အုပ်စုက ၂၀၁၀ မှာ ဒီမိုကရေစီဖော်ဆောင်ဦးမည်တဲ့လား၊ ဖော်ဆောင်လို့ဖြစ်လာတဲ့ ဒီမိုကရေစီဟာလဲ စစ်ဗိုလ်ကိုမျက်နှာချိုသွေးရ၊ စစ်ဗိုလ်ကတော်ကိုမျက်နှာချိုးသွေးရ ကြံ့ဖွတ်ကိုမျက်နှာချိုသွေးရနဲ့ ဖာသည်အကြီးစားဒီမိုကရေစီပဲ ဖြစ်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘူး။
တော်လှန်ရေးသမားတွေ အားလုံး တော်လှန်ရေး သတိရှိကြစေချင်ပါသည်၊ နအဖဟာ ဘယ်သောခါကမှ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာရှိခဲ့ကြသူများမဟုတ်ကြပါဘူး၊ ပြည်သူတွေက သူတို့ကို အယုံအကြည်မရှိဘူး ပြည်သူတွေရဲ့ခေါင်းဆောင်အစစ်မဟုတ်ဘူးဆို
တာ သူတို့ကိုယ်တိုင် သိရှိနေကြပါတယ်။ မဝေးတော့သည့် တစ်နေ့တွင် ပြည်သူတွေရဲ့ဒဏ်ခတ်မှုကို မလွဲမသွေ ခံကြရမည်အဖွဲ့သည် သန်းရွှေဦးဆောင်သော ကြံရာပါ နောက်လိုက် ဆိတ်လစေ့လိုလူများဖြစ်ပေသည်။

ပြည်သူများသည် ငြိမ်းချမ်းရေးကိုလိုလားတောင့်တ ငတ်မွတ်နေကြသူများဖြစ်သည်၊ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် အချင်းချင်း သင့်သင့်မြတ်မြတ်ဖြစ်အောင် ညှိနှိုင်းတိုင်ပင်ဆွေးနွေးနိုင်မည့် စာပွဲဝိုင်းတစ်ခုဖြစ်ပေါ်လာဖို့လိုလားတောင့်တနေကြသည်၊
ဒီအချက်ကို နအဖကမလိုလား၊ အာဏာကို တစ်ရွေးသားမှ လက်မလွတ်ချင်၊ အာဏာနှင့်အတူ တိုင်းပြည်ရဲ့ထွက်သမျှသယံဇာတတွေ အပေါ်မှာ စည်းစိမ်ယစ်မှူး ရူးချင်တိုင်းရူးနေကြပေသည်၊ လက်နက်အားကိုးနဲ့ ပြည်သူတွေကို အမြဲတမ်းနှိပ်စက် အနိုင်ကျင့်နေချင်သည်၊ သဗ္ဗေ သင်္ခါရာ အနိစ္စာ =အရာရာအားလုံးသည် တစ်ခုမှတည်မြဲတာမရှိ ဆိုသည့် ဘုရားဟောသည့် အချက်ကို မေ့လျှော့နေကြသည်၊ ဘယ်လိုပင်မေ့မေ့ မမေ့မေ့ မဝေးတော့သည့် အချိန်တွင်တော့ ကမ္ဘာ့အကြမ်းဖက် အာဏာရ ဖွတ်အဖွဲ့သည် တိုင်းပြည်မှ ခွေးပြေးဝက်ပြေး ကြက်ပြေး နွားပြေး ပြေးကြရတော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပ်ြလိုက်ရပေသည်။

မင်းထက်အောင်(ဒဂုံ)



အပြည့်အစုံဖတ်ချင်ရင်...

Saturday, September 12, 2009

ဗုဒ္ဓတရားတော်နဲ့ နိုင်ငံရေး




Saturday, 12 September 2009 17:56 အာကာမိုး
E-mail Print
ဘာသာရေးက လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ချဉ်းကပ်ရာမှာ လူ့အဖွဲ့အစည်းရဲ့ကိစ္စတွေကို ဆောင် ကြဉ်းနေတဲ့ လူတဦးချင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ယေဘုယျမူတွေကို အကြံပြုပြီး ဒီမူတွေအရ လူသားတရပ်လုံးရဲ့ ဘ၀သာယာတိုးတက်ကောင်းမွန်ရေး၊ အရင်းအမြစ်တွေကို အညီအမျှ အကျိုးတူခံစား ရ ရေးအတွက် ဖြစ်ပေါ်လာစေဖို့ပဲဖြစ်တယ်။

ဘာသာရေးကို လောကီရေး၊ နိုင်ငံရေးနဲ့ရောထွေးအောင် အားထုတ်ခြင်းဟာ ပြဿနာကိုဖန်တီးခြင်းပဲဖြစ် တယ်။ ဘာသာရေးရဲ့အခြေခံက ကိုယ်ကျင့်သီလပဲဖြစ်တယ်။ သန့်စင် ခြင်း၊ ၀ိသုဒ္ဓိနဲ့ ယုံကြည်ခြင်း သဒ္ဓါ တရားပဲဖြစ်တယ်။ နိုင်ငံရေးဆိုတာက အာဏာမှာ အခြေခံတယ်။ လူ့သမိုင်းတလျှောက်မှာ အာဏာရအုပ်စိုး သူများဟာ မိမိရဲ့အာဏာ အုပ်စိုးခြင်းကို တရားဝင်ကြောင်း၊ ဘုရားအလိုတော်ကျဖြစ်လာတာဖြစ်ကြောင်း၊ လူတွေယုံကြည်အောင်လုပ်ဖို့ ဘာသာရေးကို ဆွဲသုံးတာတွေ ရှိခဲ့ပါတယ်။

ဘာသာရေးကို မိမိတို့နိုင်ငံရေးအကျိုးအတွက် လိုရာဆွဲပြီး အသုံးချခဲ့ကြတယ်။ ဒါကြောင့် ဘာသာတရားရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံ တွေဟာ နိုင်ငံရေးလောဘတွေကြောင့် ယုတ်ညံ့မှုတွေ ဖြစ်ကုန်ကြတာပဲဟု အရှင် ဒေါက်တာသီရိဓမ္မနန္ဒက What Buddhists Believe စာအုပ်တွင် ရေးသားထားပါတယ်။

တကယ်တော့ ဘာသာရေးကို နိုင်ငံရေးနဲ့ ခွဲခြားထားရမယ် ဆိုတဲ့အချက်ကို အသိအမှတ်ပြုပြီး နိုင်ငံရေး စနစ် ကို အကန့်အသတ်ထားပြီး ငြိမ်းချမ်းရေးနဲ့ ပျော်ရွှင်ရေးကို ဖော်ဆောင်ပုံနဲ့ပတ်သက်လို့ မြတ်ဗုဒ္ဓရဲ့သင်ကြား ချက် တွေထဲမှာ အချက်အလက်မြောက်မြားစွာရှိပါတယ်။ ဗုဒ္ဓရဲ့ ဒေသနာတော်ထဲမှာ ဒီနေ့ကမ္ဘာကြီးထဲက လူသားတွေအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေနိုင်တာတွေ၊ နိုင်ငံရေးအစီအမံတွေအတွက် အသုံးတဲ့ တာ တွေအများကြီး ပါရှိပါတယ်။

အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်းမှာပါတဲ့ သောမတ်စ် ဂျက်ဖာဆင်ရဲ့“လူတိုင်းကိုတူညီမျှတစွာ ဖန် ဆင်း ထားတာဖြစ်တယ်”( All men are created equal )ဆိုတဲ့စကားမျိုးကို မြတ်ဗုဒ္ဓက ရှေးနှစ်ပေါင်း၂၅၀၀ ကျော်ကတည်းက မိန့်ကြားခဲ့တာပါ။ ပြီးတော့ ဇတ်တို့၊ လူတန်းစားတို့ ဆိုတာ လူ့အဖွဲ့အစည်းကြီးထဲမှာ လူ တွေက တမင်ဖန်တီးခဲ့ကြတာတွေသာဖြစ်တယ်။ မြတ်ဗုဒ္ဓက လူတွေကို ခွဲခြားသက်မှတ်ရာမှာ သူတို့ရဲ့ အကျင့်သီလအပေါ်မူ တည်ပြီးမှ အယုတ်၊ အလတ်၊ အမြတ် ခွဲခြားပုံကို ဟောတော်မူခဲ့တာပါ။

လူသားတွေအချင်းချင်း လူ့ဘောင်အကျိုးကိုဆောင်ရွက်ရာမှာ စိတ်ပါလက်ပါ အတူတကွ ရိုင်းပင်းကူညီ လုပ်ဆောင်ကြဖို့ကိုလည်း ဟောတော်မူခဲ့ပါတယ်။ ဆရာဦးရွှေအောင်ရဲ့“ဗုဒ္ဓ (သို့မဟုတ်) လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှင်” စာအုပ်မှာ “နိုင်ငံဖြစ်စေ၊ လူမျိုးကိုဖြစ်စေ ထူထောင်ရာ၌ စည်းလုံးမှုသည် များစွာ အရေးကြီး၏။ ကျမ်းဂန်များ၌ စည်းလုံးမှုကို ၂ မျိုးပြ၏။ စည်းလုံးမှုတမျိုးကို သမ၀ါယသမ္မန္ဓ ဟု ခေါ်၏။ အခြားစည်းလုံးမှုတမျိုးကို သံယောဂသမ္မန္ဓ ဟုခေါ်၏။ သမ၀ါယသမ္မန္ဓ အရ စည်းလုံးသောအခါ နိုင်ငံသား အားလုံးတို့သည် သူတလူ၊ ငါတမင်း သဘောမျိုးမရှိ၊ အားလုံးတသားတည်းဖြစ်ကြ၏။ တသွေး တသံ တမိန့် တည်းဖြစ်၏။ သံယောဂသမ္မန္ဓအရ စည်းလုံးသောအခါ နိုင်ငံသားအားလုံးတို့သည် တစ်သွေးတစ်သံတစ်မိန့် တည်းမဖြစ်၊ သူတလူ၊ ငါတမင်းဖြစ်ကြ၏။ တသားတည်းဖြစ်သော စည်းလုံးမှုကို ဖြစ်ပေါ်အောင် အားထုတ်ရာ တွင် အမြင်ချင်းတူမှုနှင့် အကျင့်ချင်းတူမှုသည် အရေးကြီးသည်။

မြတ်စွာဘုရားသည် သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်းရာတွင် အမြင်ချင်းတူမှုနှင့် အကျင့်ချင်း တူမှုအပေါ် အခြေ ခံ၍ စည်းရုံးခြင်းဖြစ်၏။ ထို့ကြောင့် သံဃာ့အဖွဲ့အစည်း၏ စည်းလုံးမှုသည် ကျစ်လျစ်၏၊ သိပ်သည်း၏၊ တစ်သွေး တစ်သံ တစ်မိန့်တည်းဖြစ်၏။ သံဃာ့အဖွဲ့အစည်းတွင် ဇတ် အသီးသီးပါဝင်၏။ သို့ရာတွင် သံဃာ့ အဖွဲ့အစည်း၌ ဇတ် သည် မထင်ပေါ်တော့၊ သံဃာ့အဖွဲ့အစည်း အဖွဲ့ဝင်အဖြစ်သာ ထင်ပေါ်၏။”လို့ ရေးသား ထားပါတယ်။

ဒါကြောင့်သာ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက တည်ထောင်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းဟာ ကမ္ဘာပေါ်မှာ ဒီနေ့ထိအောင် ထင်ရှားတည်ရှိနိုင်ခြင်းဖြစ်တယ်။

ဗုဒ္ဓမြတ်စွာဘုရားကို ဆက်ခံသူ မည်သူ့ကိုမှ ကြိုတင်ခန့်ထားခြင်းမရှိပါ။ သံဃာ့အဖွဲ့အစည်းကို ဓမ္မ၀ိနယ ကသာ လမ်းညွှန်တော် မူရမှာဖြစ်ပါတယ်။ ယနေ့ထက်တိုင်အောင် သံဃာတော်များကို ဗုဒ္ဓရဲ့ ၀ိနည်းဥပဒေ များကသာ ချုပ်ကိုင်လမ်းညွှန်ပါတယ်။ မည်သည့် အာဏာကမှ ဖြိုခွင်း ဖျက်ဆီး ခြိမ်းခြောက်နိုင်စွမ်းမရှိပါ။

မြတ်ဗုဒ္ဓက ဒီမိုကရေစီ ဖြစ်စဉ်အရ ညှိနှိုင်း၊ တိုင်ပင်၊ စည်းဝေး၊ ဆုံးဖြတ်၊ လုပ်ကိုင်တာကိုအားပေးပါတယ်။ ဒီအချက်ကို သံဃာတော်များရဲ့အဖွဲ့အစည်းမှာ ပိုပြီးထင်ရှားပါတယ်။ သံဃာ့အဖွဲ့အစည်းထဲမှာ သံဃာနဲ့ ဆိုင်တဲ့ကိစ္စကို သံဃာတော်တိုင်း ပါဝင်ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ကြီးကျယ်တဲ့ ပြဿနာပေါ်ပေါက် လာတဲ့အခါကျမှ ပြဿနာ အတိမ်အနက်ကို သံဃာတော်များရှေ့မှောက်တင်ပြပြီး ဒီမိုကရေစီပါလီမန် လွှတ်တော်ရှေ့ ဆွေးနွေးကြသလို ဆွေးနွေးတိုင်ပင်ကြရပါတယ်။

ဗုဒ္ဓဘာသာက နိုင်ငံရေးအာဏာကိုချဉ်းကပ်ရာမှာ ကိုယ်ကျင့်တရား(မင်းကျင့်တရား)နဲ့ ပြည်သူ့အာဏာကို သုံးစွဲရာမှာ တာဝန်ယူမှုအပေါ် အခြေခံပါတယ်။ ဗုဒ္ဓရှင်တော်ဘုရားက အကြမ်းမဖက်ရေးကိုသာ ဟောကြား ဆုံးမတော်မူပါတယ်။ ငြိမ်းချမ်းရေးကိုသာ တလောကလုံးနဲ့ဆိုင်တဲ့တရားအဖြစ်သတ်မှတ်ပါတယ်။ လူ့ အသက် ကို ဖျက်ဆီးခြင်းအကြမ်းဖက်မှုကို မြတ်ဗုဒ္ဓခွင့်ပြုတော်မမူပါ။

တရားတဲ့စစ်ဆိုတာဘယ်တော့မှမရှိဘူးလို့လဲ ပြတ်ပြတ်သားသားကြေညာတော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓ သင်ကြားချက်က “အောင်နိုင်ခြင်းသည် အမုန်းတရားကိုသာ ပွားစေရာ၏၊ ရှုံးနိမ့်သူကား ဆင်းရဲစွာ နေကြရသည်၊ အနိုင်အရှုံးကို ပယ်သောသူသာလျှင် ပျော်ရွှင်ခြင်းသုခနှင့်ငြိမ်းချမ်းခြင်းကို ရနိုင်သည်”ဟု ဓမ္မပဒ မှာ ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓသည် အကြမ်းမဖက်ရေး ငြိမ်းချမ်းရေးတရားကိုသာ ဟောတော်မူတာမဟုတ်ပါ။စစ်ပွဲဖြစ်ရာနေရာကို ကိုယ်တိုင်ကြွရောက်ပြီး စစ်မဖြစ်ကြဖို့ တားဆီးတော်မူခဲ့တယ်။ ဘာသာရေးခေါင်းဆောင်းဆိုလို့ လူ့သမိုင်း မှာဖြင့် မြတ်ဗုဒ္ဓသည်သာ ပထမဆုံး ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ဖြစ်ပါတယ်။

သကျသာကီဝင်များနှင့် ကောလိယတွေ၊ ရောဟီနီမြစ်က ရေခွဲဝေရေးကိစ္စမှာ မြတ်ဗုဒ္ဓဟာစစ်တလင်းကို ကိုယ်တိုင်ကြွသွားပြီး တရားဓမ္မကို ဟောကြားခဲ့ပါတယ်။ ပြီးတော့ အဇာတသတ်မင်းက ၀ဇ္ဇီတိုင်းကို စစ်မတိုက်ဖြစ်အောင် ဗုဒ္ဓရှင်တော်မြတ်က ဆွဲဆောင်တော်မူနိုင်ခဲ့ပါတယ်။

လောကအကျိုးကိုလိုလားတဲ့ မြတ်ဗုဒ္ဓဟာ အစိုးရကောင်း၊ အုပ်စိုးသူကောင်း ဖြစ်ဖို့အတွက် ကြိုတင်ရှိအပ်တဲ့ အရည်အချင်းတွေကိုလည်း ထုတ်ဖော်ဟောကြားတော်မူခဲ့ပါတယ်။

တိုင်းပြည်တပြည်မှာ အဂတိလိုက်စားမှုတွေ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကို ဟောကြားရာမှာ တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူ နိုင်ငံအကြီးအကဲက အကျင့်ပျက်ပြီး အဂတိလိုက်စားပြီး မတရားပြုကျင့်ရင် တိုင်းသူပြည် သားများလည်း အကျင့်ပျက်ပြီး အဂတိလိုက်စားတတ်ပုံကို ဟောကြားတော်မူပါတယ်။ အုပ်စိုးသူမင်းက အစ မင်းစေပါမကျန် အဂတိလိုက်စားကြပြီဆိုရင် တိုင်းသူပြည်သား လူအများစိတ်ဆင်းရဲရပုံ၊တိုင်းပြည်ဆုတ်ယုတ်
ပျက်စီးရပုံများကို ထုတ်ဖော်ဟောကြားတော်မူပါတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူအစိုးရဟာ လူသား ချင်း စာနာထောက်ထား၊ သနား၊ ငဲ့ညှာသော မူဝါဒနဲ့ အုပ်ချုပ်သင့်ကြောင်းကိုလည်း ဆုံးမတော်မူပါတယ်။

စက္က၀တ္တှီသီဟနန္ဒသုတ်မှာ မြတ်ဗုဒ္ဓက အကျင့်ပျက်မှု၊ ရာဇ၀တ်များဖြစ်ကြတဲ့ ခိုးမှု၊ လိမ်မှု၊ အကြမ်းဖက် တိုက်ခိုက်မှု၊ မုန်းတီးမှု၊ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဆင်းရဲကြပ်တည်းမှုကြောင့် ဖြစ်လာကြောင်းကို ဟောတော်မူတယ်။ မင်းနဲ့ အစိုးရတွေအနေနဲ့ ရာဇ၀တ်မှုတွေကို အပြစ်ဒဏ်ပေးခြင်းဖြင့် နှိမ်နှင်းကြရတယ်။ ဒါပေမယ့် ရာဇ၀တ်မှုပပျောက်အောင် အင်အားပါဝါကိုသုံးပြီး လုပ်ထားတာကတော့ အကျိုးမဲ့အချည်းနှီးပဲဖြစ် ကြောင်းကို ဟောထားပါတယ်။

ကုတဒန္တသုတ်မှာလည်း ဗုဒ္ဓရှင်တော်ဘုရားက အင်အားသုံးပြီး ရာဇ၀တ်မှုကို နှိမ်နှင်းမယ့်အစား စီးပွားရေး အဆင်ပြေအောင်လုပ်ပေးသင့်ကြောင်းကိုလည်း အကြံပြုဟောကြားတော်မူခဲ့တယ်။ အစိုးရဟာ တိုင်းပြည်နဲ့ အရင်းအမြစ်တွေကို အသုံးပြုပြီး တိုင်းသူပြည်သားတွေ စီးပွားရေး၊ လူမှုရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ပေးရမယ်။ ဒီနည်းနဲ့ လူ့ဂုဏ်သိက္ခာမကျဆင်းရအောင် စောင့်ရှောက်ပေးရမယ်လို့ ဟောထားပါတယ်။

ဇာတကနိပါတ်တော်ထဲမှာ မင်းကျင့်တရား ဆယ်ပါးကို အစိုးရတို့လိုက်နာအပ်ကြောင်း ဟောတော်မူထားပါ တယ်။ မင်းကျင့်တရားဆယ်ပါးအား ခုခေတ်ကာလမှာလည်း တိုင်းပြည်ကို ငြိမ်းချမ်းသာယာစွာ အုပ်ချုပ်လိုတဲ့ အစိုးရမင်းများအသုံးချ လိုက်နာကျင့်သုံးထိုက်တယ်။ ဒီမင်းကျင့်တရား(ရာဇဓမ္မ) ဆယ်ပါးကတော့-

၁။ ရက်ရောမှု၊ လွတ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်းမဆန်ခြင်း
၂။ တိုင်းသူပြည်သားများရဲ့ ဘ၀သက်သာချောင်ချိရေးအတွက် မိမိရဲ့ ကိုယ်ကျိုးအတ္တကို စွန့်လွှတ် အနစ်နာ ခံခြင်း
၃။ အကျင့်သီလ အဆင့်မြင့်ကောင်းမွန်ခြင်း
၎။ ရိုးသား၊ ဖြောင့်မတ်ပြီး အကြွင်းမဲ့ဂုဏ်သိက္ခာရှိခြင်း
၅။ ကြင်နာ၊ သနားတတ်ခြင်း
၆။ တိုင်းသူပြည်သားများ လေးစား၊ အားကျလောက်အောင် မိမိတို့ရဲ့ဘ၀ အနေအထိုင်
ရိုးသားခြင်း
၇။ အမျက်ဒေါသ ကင်းစင်ခြင်း
၈။ အကြမ်းမဖက်ခြင်း
၉။ သည်းခံတတ်ခြင်း
၁၀။ ပြည်သူလူထုရဲ့ ထင်မြင်ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်မှုကို
မြှင့်တင်ခြင်းတို့ဖြစ်ပါတယ်။

အခုခေတ် မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သူ့ရဲ့ လက်မရွံ့နောက်ပါ ၀န်ကြီးများရဲ့ အဓမ္မနည်းတွေနဲ့ တိုင်းသူပြည်သားတွေအပေါ် ကျင့်ကြံပြုမူပုံနဲ့ နှိုင်းယှဉ်ဆင်ခြင်သင့်ပေတယ်။

မင်းတို့ကျင့်အပ်တဲ့ တရားနဲ့ဆက်လျဉ်းပြီး မြတ်ဗုဒ္ဓက စက္က၀တ္ထီသီဟနန္ဒသုတ်မှာ ဟောတော်မူထားတာက -

၁။ အုပ်စိုးသူ အစိုးရကောင်း၊ မင်းကောင်းတို့မည်သည် ဘက်လိုက်ခြင်း၊ အဂတိလိုက်စား
ခြင်း၊ တိုင်းသူပြည်သား၊ လူအများတို့အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်းသည် တရပ်၊
၂။ အုပ်စိုးသူ မင်းကောင်း အစိုးရကောင်းတို့မည်သည် တိုင်းသူပြည်သားတို့အပေါ် အမုန်း
စိတ်ထား၍ ဆက်ဆံခြင်းမပြုခြင်းသည် တရပ်၊
၃။ အုပ်စိုးသူ မင်းကောင်းအစိုးရကောင်းတို့မည်သည် တရားမျှတမှုရှိသော တရားဥပဒေ
ကို ပြဌာန်းရာ၍ ကြောက်ရွံ့ထိတ်လန့်မှု မရှိခြင်းလည်း တရပ်၊
၎။ မင်းကောင်း၊ အစိုးရကောင်းတို့မည်သည် မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာ
သိနားလည်မှုရှိရမည်။ ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့်
ပြဌာန်းခြင်းမပြုအပ်၊ တရားဥပဒေကို ပြဌာန်းရာ၌ အကြောင်း ယုတ္တိ ခိုင်လုံမှုရှိပြီး စိတ်
နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည်။

အထက်ဖော်ပြပါ အုပ်စိုးသူ၊ မင်းကောင်း၊ အစိုးရကောင်းများရဲ့ သဘောလက္ခဏာများနဲ့ ဗုဒ္ဓလမ်းညွှန် ချက်နဲ့ တက်တက်ဆင် ကွဲလွဲနေတဲ့ မြန်မာစစ်အာဏာရှင်တို့ရဲ့အဓမ္မလုပ်ရပ်များ၊ အာဏာပါဝါကို အလွဲသုံးစားလုပ်မှုတွေကို သတိထားဆင်ခြင်အပ်ပါတယ်။

မိလိန္ဒပဥှာမှာလည်း“မင်းကြီး ဥပမာသော်ကား ယောက်ျားသည် အစွမ်းသတ္တိမရှိ၊ အမျိုးယုတ်၏၊ နည်းသော ပညာရှိ၏၊ ကြီးကျယ်စွာသောမင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသတ်ကို ဖျက်ဆီး၏၊ ထိုသို့ မထိုက်တန်သော မင်းဆိုးမင်းညစ်အား ပြည်သူတို့က ညှဉ်းဆဲ နှိပ်စက်ရာသည်။ ပြည်သူတို့က အပြစ် ဒဏ်ခတ်ရသည်။ ပြည်သူပြည်သားတို့သည် ဥပဒေနှင့်အညီ မအုပ်ချုပ်သော အုပ်စိုးသူ မင်းတို့ကို အပြစ်ဒဏ် ပေးရမည်။ထို့အပြင် မင်းကဲ့သို့မကျင့်၊ ဓားပြကဲ့သို့ကျင့်သော မင်းဆိုးမင်းယုတ်အားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ”ဟု ဟောတော်မူခဲ့ပါတယ်။

မဇ္ဈနိမနိကာယ်မှာ အပြစ်မရှိတဲ့ တိုင်းသူပြည်သားတွေကိုသာ အပြစ်ဒဏ်ပေးပြီး တကယ့်လက်သည် တရားခံ ကို တော့ အပြစ်မပေးဘဲ ထားတဲ့မင်းဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မသင့်တဲ့မင်းဖြစ်ကြောင်းကို ဖော်ပြထားပါ တယ်။

ကောက်ကျစ်စဉ်းလဲတဲ့မင်းဟာ မတရားသဖြင့် အပြစ်ဒဏ်စီရင်ခြင်း၊ မတရားသဖြင့် အခွန်အတုပ်ကောက်ခံ ခြင်း၊ အဓမ္မနည်းများဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း၊ အဂတိအမျိုးမျိုးလိုက်စား ခြင်းတို့ကြောင့် ပြည်သူများက အဲဒီမင်း ကို တနည်းမဟုတ်၊ တနည်းအားဖြင့် တုံ့ပြန်လာကြလိမ့်မယ်လို့ မိန့်ကြားခဲ့ပါတယ်။ မြတ်ဗုဒ္ဓရဲ့ကောင်းမြတ်တဲ့ မင်းတို့အတွက် လမ်းညွှန်ချက်ကို ကျင့်သုံးခဲ့တဲ့ ဧကရာဇ်ဘုရင်ကြီး အာသောကမင်းဟာ BC ၃၀၀ လောက် က စပြီး ဂုဏ်သတင်းကျော်ဇောပြီး လူ့သမိုင်းမှာ ထွန်းပခဲ့ပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ဟာ အလွန်မြင့်မြတ်တဲ့ လူမှုပြုပြင်ပြောင်းလဲရေးသမားကြီးလဲ ဖြစ်ပါတယ်။ အိန္ဒိယပြည်မှာ အရိုးစွဲနေတဲ့ ဇတ်စနစ်ကို ဗုဒ္ဓက ရှုတ်ချပြီး လူအချင်းချင်းတန်းတူ အခွင့်အရေးကို အရေးထားခဲ့ပါတယ်။ ဆင်းရဲ၊ ချမ်းသာ အလွန်အမင်းမကွာခြားရေးနဲ့ အမျိုးသမီးများရဲ့ လူမှုဘ၀အဆင့်အတန်းမြင့်မားရေးကိုလဲ အားပေးခဲ့ပါတယ်။

လူ့အဖွဲ့အစည်းကို အုပ်ချုပ်ရာမှာ လောဘတဏှာဦးစီးပြီးမလုပ်ကြဖို့၊ မေတ္တာဂရုဏာနဲ့ စာနာထောက်ထား စိတ်နဲ့ သာ အုပ်ချုပ်နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းဆုံးမတော်မူပါတယ်။ မြတ်ဗုဒ္ဓက ပြုပြင်ပြောင်းလဲရေး ကို အပြင်ပန်း ဗဟိန္ဓအားဖြင့် လုပ်တာဟာ ရေတိုပဲရမယ်၊ တကယ်တမ်းပြုပြင်ပြောင်းလဲရေးလုပ်ချင်ရင် စိတ်ပြောင်းတော်လှန်ရေးလုပ်မှရမယ်ဆို တာကို ထုတ်ဖော်မိန့်ကြားခဲ့ပါတယ်။

အင်အားပါဝါကိုအသုံးပြုပြီးလုပ်တဲ့ပြုပြင်ပြောင်းလဲရေးဟာ ခဏပဲခံတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီပြုပြင် ပြောင်းလဲရေးမှာ စွဲစရာအဖြစ်မပါဘူး။ တကယ်တမ်းပြုပြင်ပြောင်းလဲရေးဖြစ်ဖို့ကတော့ ပြုပြင်ပြောင်းလဲ လို တဲ့ စိတ်ဓာတ်အမှန် အဆင်သင့်ဖြစ်နေမှသာ ဖြစ်နိုင်မယ်။ လူသားတိုင်းမိမိကိုယ်တိုင် အမှန်တရားချစ်မြတ်နိုး မှု၊ လူအချင်းချင်းတရားမျှတစေလိုမှု စတဲ့ တရားများဆီက ရှင်သန်အားကို ရရှိနေသရွေ့ ရပ်တည်ရှင်သန် နေကြမှာပဲ ဖြစ်တယ်လို့ မိန့်ခဲ့ပါတယ်။

ဘစစ်အာဏာရှင် မိစ္ဆာဝါဒီသမားတွေရဲ့ လက်အောက်ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓရဲ့ မွန်မြတ် မှန်ကန် တဲ့ သြ၀ါဒ အမြုတေကို ယုံကြည်အားကိုးပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ အဓမ္မတရားများကို ဖယ်ရှား ရေးတို့အတွက် တမျိုးသားလုံး အသက်ပေး ဆောင်ရွက်ရမှာဖြစ်တယ်။

http://www.irrawaddy.org/bur/

အပြည့်အစုံဖတ်ချင်ရင်...

Tuesday, September 8, 2009

ဒီသတ္တ၀ါတွေကို ဖယ်ရှားပစ်မှ ငြိမ်းချမ်းစေမည်

အပြည့်အစုံဖတ်ချင်ရင်...

Monday, September 7, 2009

မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲကို အားပေးထောက်ခံကြ



ဒုတိယကမ္ဘာစစ်ကြီးရဲ့ ကြောက်မက်ဖွယ် အဖြစ်ဆိုးတွေက အကြမ်းဖက်မှုနဲ့ စစ်ဆိုရင် ဘယ်သောအခါမှ လက်သင့်မခံချင်တော့ လောက်အောင် လူ့အဖွဲ့အစည်းကြီးကို တုန်လှုပ်ချောက်ချားသွားစေခဲ့ပြီး ငြိမ်းချမ်းတဲ့ ခေတ်သစ်တခုကို အစပျိုးပေးခဲ့တယ်။ ဒါပေမယ့် နှိပ်စက်ညှဉ်းပန်းမှုနဲ့ ရာဇဝတ်မှုတွေကို ကျနော်တို့ အခုအချိန်အထိ အတောမသတ် မြင်တွေ့နေရဆဲပါ။ အချို့ဖြစ်ရပ်တွေမှာဆို လူမျိုးတုံးသတ်ဖြတ်မှု အဆင့်ထိတောင် ဖြစ်ခဲ့ကြတာပါ။ ဒီလိုဖြစ်ရတာဟာလည်း ဒီရာဇဝတ်မှုတွေကို ကာကွယ်ဟန့်တားနိုင်စွမ်းရှိသူတွေက အနည်းအကျဉ်းလောက်သာ စွမ်းဆောင် ပေးနိုင်ခဲ့တာကြောင့် ဒါမှမဟုတ် ဘာတခုမှကို စွမ်းဆောင်မပေးခဲ့တာကြောင့်ပါ။

၁၉၇ဝ ပြည့်လွန်နှစ်တွေတုန်းက ကမ္ဘောဒီးယားမှာ “killing fields” လို့ခေါ်တဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။ ၉၄ ခုနှစ်က ရဝမ်ဒါမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။ ဒါဖာ (ဆူဒန်)၊ ဆိုမားလီးယားနဲ့ ကွန်ဂိုသမ္မတနိုင်ငံတွေမှာဆိုရင် အခုထိ ရက်စက်ကြမ်းကြုတ်မှုတွေ ပေါ်ပေါက်နေဆဲပဲ။ ဘုရားသခင်က လူသားတွေကို အသိဉာဏ်ပညာရှိသူတွေ၊ သနားညှာတာထောက်ထားတတ်သူတွေအဖြစ် ဖန်တီးပေးသနားခဲ့ပါလျက် တဦးအပေါ်တဦး လူမဆန်တဲ့ အရက်စက် အကြမ်းကြုတ်ဆုံး အပြုအမူတွေ ပြုမူနေကြဆဲပဲဆိုတာ ဒီနမူနာဖြစ်ရပ်တချို့က ကျနော်တို့ကို သတိပေးနေသလိုပါပဲ။

အကြမ်းဖက်မှုနဲ့ အာဏာရှင်စနစ်ကို ဆန့်ကျင်သူတွေ ထကြွပုန်ကန်ရတော့မယ့်အချိန် ကျရောက်နေပါပြီ။ သမိုင်းတလျှောက်မှာ အာဖရိက၊ အာရှနဲ့ ဥရောပတလွှားက ပြည်သူသန်းပေါင်းများစွာဟာ အာဏာရှင်တွေကို ဆန့်ကျင်အုံကြွ တွန်းလှန်ဖယ်ရှားပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းခဲ့ကြပါပြီ။

ပြီးခဲ့တဲ့ သြဂုတ်လ (၅) ရက်နေ့မှာ ကျနော် မနီလာကို ရောက်ခဲ့တယ်။ အာရှတိုက်ရဲ့ သူရဲကောင်းတဦးဖြစ်တဲ့ ကိုရာဇွန်အကွီနိုကို ဂါရဝပြုဖို့ သွားရောက်ခဲ့တာပါ။ သူမဟာ ၁၉၈၆ ခုနှစ်တုန်းက အာဏာရှင်မားကို့(စ်)ကို တွန်းလှန်ဖယ်ရှားနိုင်ခဲ့တဲ့ “ပြည်သူ့အာဏာလှုပ်ရှားမှု” ကို ဦးဆောင်ခဲ့သူပါ။ ရိုးသားနှိမ့်ချတဲ့ သာမန်အိမ်ရှင်မဘဝကနေ နိုင်ငံတကာက အသိအမှတ်ပြု လေးစားခဲ့ရတဲ့ နိုင်ငံရေးသမားတယောက်လည်းဖြစ်၊ သူရဲကောင်းလည်းဖြစ်ခဲ့ရတဲ့ သူမကို ဖိလပ်ပိုင်ပြည်သူ သန်းပေါင်းများစွာတို့က နှုတ်ဆက်ဂါရဝပြုခဲ့ကြပါတယ်။

၁၉၉၈ ခုနှစ်မှာ အင်ဒိုနီးရှားကျောင်းသားတွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတခုကြောင့် အာဏာရှင်ဆူဟာတို ပြုတ်ကျခဲ့ရတယ်။ ဒီဖြစ်ထွန်းမှုက ကျနော်တို့ တိုင်းပြည်လွတ်မြောက်ရေးကိုလည်း အထောက်အကူဖြစ်စေခဲ့တယ်။ ကနေ့ကာလမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ဟာ ဒေသတွင်းမှာ ဒီမိုကရေစီနဲ့ သည်းခံစိတ်ရှည်မှုတွေရဲ့ စံနမူနာကောင်းတွေပါပဲ။ ဒါပေမယ့် ဒါဟာလည်း ပြည့်စုံကုံလုံမှုတော့ မရှိသေးပါဘူး။ ကျနော်တို့ တီမောလိ(စ်)မှာ ဖြစ်ပျက်ကြုံတွေ့နေရသလိုမျိုးပေါ့။

အင်အားကြီးနိုင်ငံတချို့မှာလည်း ပြည်သူတွေရဲ့ဆန္ဒကို လိုက်လျောခဲ့ရတာ၊ နိုင်ငံတကာရဲ့ဖိအားကို မလွန်ဆန်နိုင်ခဲ့တာတွေ ရှိခဲ့တာပဲ။ ဆိုဗီယက်ပြည်ထောင်စုဟောင်းနဲ့ အသားအရောင်ခွဲခြားတဲ့ တောင်အာဖရိကအစိုးရရဲ့ အဖြစ်အပျက်တွေဟာ နမူနာဖြစ်ရပ်အချို့ပါပဲ။

လွန်ခဲ့တဲ့နှစ် (၅ဝ) လောက်ကတည်းက ပြောင်းလဲသွားခဲ့ပြီဖြစ်တဲ့ ကမ္ဘာကြီးမှာ ရှက်ရွံ့စရာ၊ စိတ်ကသိကအောက်ဖြစ်စရာ ပြယုဂ်တခုအနေနဲ့ အနည်းအကျဉ်းလောက်သာ ကျန်ရစ်နေတဲ့ အာဏာရှင်နိုင်ငံတွေထဲမှာ မြန်မာနဲ့ မြောက်ကိုရီးယားဟာ အထင်အရှားဆုံးပါပဲ။ အရှေ့ဥရောပ၊ အာဖရိက၊ အာရှနဲ့ လက်တင်အမေရိကတလွှားမှာ အရည်အချင်း မပြည့်ဝမှု၊ မောက်မာမှုတွေနဲ့ အနိုင်ကျင့်စိုးမိုးအုပ်ချုပ်ခဲ့တဲ့ အာဏာရှင်တွေထဲက အများစုကို အပြောင်းအလဲဆိုတဲ့ လေထုတွေက တိုက်ဖျက်ဖြိုလှဲခဲ့ကြပြီးပါပြီ။

အခုအချိန်ဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ပိုမိုအားစိုက်လုပ်ဆောင်ဖို့၊ ပိုမိုဆန်းသစ်တီထွင်တဲ့ နည်းလမ်းတွေသုံးပြီး တိုက်ပွဲဝင်ကြဖို့ အချိန်ကျရောက်နေပါပြီ။

ဖွံ့ဖြိုးဆဲနိုင်ငံတွေအပေါ် ကုန်သွယ်ရေးနဲ့ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့အရေးယူမှုတွေကို ကျနော်မလိုလားပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုဒဏ်ခတ်အရေးယူမှုဟာ နိုင်ငံရေးအရ မှန်တယ်လို့ ပြောနိုင်သလို ကျနော်တို့အတွက်လည်း ဘဝင်ကျစရာဖြစ်ပေမယ့် အကြီးအကျယ် ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက်တော့ ဘူးလေရာ ဖရုံဆင့်ဆိုသလို ဖြစ်နိုင်လို့ပါပဲ။

ဒါပေမယ့် ဒေသတွင်းမှာရှိနေတဲ့ စစ်အစိုးရနဲ့ သူ့အပေါင်းအဖော်တွေ ပိုင်ဆိုင်တဲ့ ဓနဥစ္စာတွေအပေါ် ထိန်းချုပ်ကန့်သတ်တာ မျိုးကိုတော့ ကျနော် မဆန့်ကျင်ပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အစွန်းရောက် အကြမ်းဖက်အုပ်စုတွေနဲ့ ပတ်သက်ဆက်နွှယ်သူတွေ ပိုင်ဆိုင်တဲ့ ငွေကြေးဓနဥစ္စာတွေအပေါ် ထိန်းချုပ် ကန့်သတ်မှုတွေ လုပ်နိုင်တယ်ဆိုရင် အခုတတိုင်းပြည်လုံးကို ပြန်ပေးဆွဲသိမ်းပိုက်ထားပြီး အပြစ်မဲ့ပြည်သူတွေကို အစုအပြုံလိုက် သတ်ဖြတ် မုဒိမ်းကျင့်နေသူ တွေကိုလည်းပဲ ဦးတည်ချက်ထားပြီး အရေးယူဆောင်ရွက်ရေးဟာ ကိုယ်ကျင့်သိက္ခာပိုင်းအရရော၊ နိုင်ငံရေးအရပါ ထပ်တူထပ်မျှ လိုအပ်တယ်ဆိုတာကို နားလည်ခံယူထားရမှာဖြစ်ပါတယ်။

မြန်မာစစ်အစိုးရနဲ့ ပတ်သက်ဆက်နွှယ်သူတွေရဲ့ နိုင်ငံရပ်ခြားဘဏ်တွေမှာ အပ်နှံထားရှိတဲ့ ငွေကြေးဥစ္စာတွေကို ထိန်းချုပ်ကန့်သတ်ဖို့ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမယ့် ဆုံးဖြတ်ချက်မျိုးကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ဖို့ သေချာပေါက် မဖြစ်နိုင်တော့ဘူးဆိုရင် အမေရိကန်၊ ဥရောပ၊ ဂျပန်နဲ့ အခြားသဘောထားကိုက်ညီတဲ့ နိုင်ငံတွေအနေနဲ့ အဲဒီလိုအရေးယူဆောင်ရွက်မှုမျိုးကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆောင်ရွက်ဖို့လိုပါတယ်။

အင်တာပိုလို ရဲတပ်ဖွဲ့ဝင်တွေကိုလည်း စစ်အုပ်စုနဲ့ သူအပေါင်းအဖော်တွေက သူတို့ငွေကြေးဥစ္စာတွေကို ကမ္ဘာ့ဘယ်အရပ်၊ ဘယ်ဒေသမှာ ဘယ်လို ဘယ်လောက် မြှုပ်နှံထားရှိတယ်ဆိုတာကို လက်ခံထားရှိတဲ့ ဘဏ်အမည်စာရင်းတွေနဲ့တကွ စုံစမ်းဖော်ထုတ်ပေးဖို့ ညွှန်ကြားထားရပါမယ်။ အကြမ်းဖက်အုပ်စုတွေကို ငွေကြေးခန်းခြောက်အောင် လုပ်တာမျိုး၊ ကြားကနေ ဖြတ်တောက်သိမ်းယူတာမျိုး စတဲ့နည်းလမ်းတွေသုံးပြီး မြန်မာစစ်အစိုးရကို အကြပ်ဆိုက်အောင်လုပ်ဖို့လိုပါတယ်။ ဒါ့အပြင် သူတို့ရဲ့စည်းစိမ်ဥစ္စာတွေကို အကာအကွယ်ပေးနေတဲ့ ဘယ်ငွေကြေးအဖွဲ့အစည်းကိုမဆို အရေးယူအပြစ်ပေးဖို့လည်း လိုပါတယ်။

အိုဘားမားအစိုးရအနေနဲ့ ကမ္ဘာကြီးအတွက် သစ်လွင်လတ်ဆတ်တဲ့ အနေအထားသစ်နဲ့ မျှော်လင့်ချက်သစ်တွေ ပေးစွမ်းဖို့ ကြိုးပမ်းနေတယ်။ ဒါ့အပြင် ကြောက်ရွံ့မှု၊ မောက်မာမှု၊ အရည်အချင်းမပြည့်ဝမှုတွေနဲ့ ကိုယ့်တွင်းကိုယ်တူးပြီး နစ်နေတဲ့ မြန်မာစစ်အစိုးရလို အစိုးရမျိုးတွေကို သိက္ခာရှိရှိ ပြန်ရုန်းထွက်လာနိုင်ပြီး ငြိမ်းချမ်းရေးသံလွင်ခက်ကို လှမ်းယူဆုပ်ကိုင်နိုင်ဖို့ အတွက် တွေ့ဆုံဆွေးနွေးရေး အခွင့်အလမ်းကို ကမ်းလှမ်းဖွင့်လှစ်ပေးခဲ့တယ်။ ဒါပေမယ့် စည်ပင်သာယာဝပြောခဲ့တဲ့ နိုင်ငံတနိုင်ငံကို အလွဲလွဲအမှားမှား စီမံခန့်ခွဲအုပ်ချုပ်ရင်း ဖျက်ဆီးခြေမွှခဲ့တဲ့ မြန်မာစစ်အာဏာပိုင်တွေကတော့ အိုဘားမားအစိုးရရဲ့ အကောင်းမြင်ဝါဒနဲ့ သင့်မြတ်ပြေလည်ရေးနည်းလမ်းကို အသုံးပြုချဉ်းကပ်ဆောင်ရွက်နေတာကို ပျော့ကွက်ဟာကွက်လို သဘောထားပြီး တလွဲတချော် တွေးထင်ယူဆနေပုံရပါတယ်။

မြန်မာနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ကုလသမဂ္ဂရဲ့ အခြားအေဂျင်စီတွေကရော အာဆီယံအဖွဲ့ကပါ အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားဖို့ ကျနော်အဆိုပြုချင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ သံရုံးထားရှိတယ်ဆိုရုံလောက် အငယ်တန်း သံအရာရှိတဦး လောက်သာထားရှိပြီး နိုင်ငံအားလုံးကနေ သံတမန်ဆက်ဆံမှုတွေကို အဆင့်လျှော့ချပစ်ရပါ့မယ်။ ထွက်ပြေးခိုလှုံချင်တဲ့ မြန်မာသံတမန်တွေကိုလည်း ခိုလှုံခွင့်ပေးသင့်ပါတယ်။ အလားတူပဲ မြန်မာနိုင်ငံက ထွက်ပြေးလွတ်မြောက်ချင်တဲ့ အရပ်ဘက်နဲ့ စစ်ဘက်က ပုဂ္ဂိုလ်တွေကိုလည်း ထောက်ခံအားပေးသင့်ပါတယ်။

စစ်အေးခေတ်ကာလတလျှောက်မှာ အမေရိကန်၊ ဥရောပနဲ့ ကနေဒါနိုင်ငံတွေဟာ အခုကွယ်ပျောက်သွားပြီဖြစ်တဲ့ ဆိုဗီယက်ပြည်ထောင်စုနဲ့ အရှေ့ဥရောပနိုင်ငံတွေက နိုင်ငံရေးဒုက္ခသည်တွေအတွက် ခိုလှုံစရာပေးခဲ့တယ်။ ဒါဆို မြန်မာအစိုးရနဲ့ သဘောထားကွဲသူတွေနဲ့ ထွက်ပြေးခိုလှုံလာသူတွေကိုရော ဘာကြောင့် ဒီလိုထောက်ခံအားပေးမှုမျိုး မပေးနိုင်ရမှာလဲ။

ဗွီအိုအေတို့ ဘီဘီစီတို့လို အဓိကအသံလွှင့်ဌာနတွေနဲ့ အခြားအသံလွှင့်ဌာနတွေအနေနဲ့လည်း သူတို့ရဲ့ မြန်မာပိုင်း အစီအစဉ်တွေကို သိသိသာသာ တိုးချဲ့ထုတ်လွှင့်သင့်တယ်။

မြန်မာနိုင်ငံ စစ်တပ်ထဲက အစိတ်အပိုင်း အတော်များများဟာ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး အတော် စိတ်မချမ်းမသာ ဖြစ်နေကြတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတုန်းက သူတို့ကိုးကွယ်ဆည်းကပ်ရာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို ကိုယ်တိုင်ရိုက်နှက်သတ်ဖြတ်ဖို့ အမိန့်ပေးခံရတဲ့နောက်ပိုင်းမှာပါ။

တိုင်းပြည်နဲ့ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ် ကယ်တင်နိုင်ရေးအတွက် တပ်မတော်အရာရှိ အရာခံနဲ့ အကြပ်တပ်သားအားလုံးကို လှုံ့ဆော်စည်းရုံးဖို့အတွက် ဆက်သွယ်ပြန်ကြားရေးနည်းလမ်းပေါင်းစုံကို အသုံးပြုဖို့လိုပါလိမ့်မယ်။ ကိုယ့်တိုင်းပြည်ကို လုယက်ဓားပြတိုက်ပြီး အစုံအပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အိုမင်းရွတ်တွပြီး လောက်တက်ခြစားနေကြတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုက မိမိတို့တိုင်းပြည်ကြီးကို ဘယ်ပုံဘယ်နည်း ဒုက္ခအန္တရာယ် ကျရောက်အောင် လုပ်နေကြပုံနဲ့ မိမိတို့တတွေ သိက္ခာကျဆင်းနေရပုံတွေကို အဲဒီတပ်ထဲကသူတွေသိအောင် စည်းရုံးပြောပြဖို့လိုတယ်။

မြန်မာ့တပ်မတော်က အရာရှိတွေနဲ့ အကြပ်တပ်သားတွေကို ဒီရာဇဝတ်မှုတွေမှာ ကြံရာပါလို ဖြစ်နေရတဲ့အကြောင်းနဲ့ သူတို့သေနတ်ပြောင်းဝတွေကို ကိုယ့်ပြည်သူတွေဘက် မလှည့်ကြဖို့နဲ့ အဲဒီအိုနာရွတ်တွပြီး၊ လောက်တက်ခြစားနေကြတဲ့ စစ်ဗိုလ်ချုပ်တွေကို ဆန့်ကျင်တော်လှန်ကြဖို့ လိုပြီဆိုတဲ့အကြောင်း ပြောဆိုနားချဖို့လိုပါတယ်။

ဂျာမဏီမှာ အနန္တတန်ခိုးရှင်လို့ ထင်မှတ်မှားလောက်အောင် တန်ခိုးထွားခဲ့တဲ့ အာဏာရှင်ဟစ်တလာကို ဖြုတ်ချဖယ်ရှားဖို့ ကြိုးပမ်းရာမှာ ဟစ်တလာစစ်တပ်က ထိပ်ပိုင်းအရာရှိတွေဟာ ကြီးမားတဲ့ ရဲစွမ်းသတ္တိနဲ့ မျိုးချစ်စိတ်ဓာတ်ကို ဖော်ထုတ်ပြသ ခဲ့ကြပါတယ်။ ၁၉၇၄ ခုနှစ်က ပေါ်တူဂီမှာ ငြိမ်းချမ်းစွာဆင်နွှဲခဲ့တဲ့ ''ဇော်မွှားပန်း တော်လှန်ရေး'' ဆိုတာ ပေါ်ပေါက်ခဲ့တယ်။ အဲဒီတော်လှန်ရေးကြောင့် နှစ် (၅ဝ) ကြာစိုးမိုးခဲ့တဲ့ အာဏာရှင်ဆိုလက်ဇာကို ဖြုတ်ချနိုင်ခဲ့ပြီး ပေါ်တူဂီမှာ ဒီမိုကရေစီ လမ်းကြောင်းကို စတင်လျှောက်လှမ်းနိုင်ခဲ့တယ်။ ဒါ့အပြင် ပင်လယ်ရပ်ခြားက ပေါ်တူဂီကိုလိုနီနိုင်ငံတွေကိုလည်း လွတ်လပ်ရေးရစေခဲ့တယ်။ အဲဒီတော်လှန်ရေးရဲ့ ဗိသုကာတွေကတော့ ပေါ်တူဂီစစ်တပ်က အရာရှိငယ်တွေပါပဲ။ ဒါကြောင့် မြန်မာ့တပ်မတော်အရာရှိငယ်တွေကိုလည်း သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ မျိုးချစ်စိတ်ဓာတ်ရှိမှုကို စံနမူနာပြတဲ့အနေနဲ့ မိမိတို့တိုင်းပြည်ကို ကယ်တင်ကြဖို့ လှုံ့ဆော်စည်းရုံးနိုင်ပါတယ်။

ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ မြန်မာနိုင်ငံစီးပွားရေး ပြန်လည်နာလန်ထူရေးနဲ့ ငွေကြေးစနစ် ပြန်လည်ထူထောင်ရေးအတွက် လေ့လာစူးစမ်းမှုတွေပြုလုပ်ရေးနဲ့ စီမံကိန်းမူကြမ်းတရပ်ရေးဆွဲရေးကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အမြန်ဆုံးစတင်ဆောင်ရွက်ဖို့လိုပါတယ်။

လွတ်လပ်မှုတွေ ပြန်လည်ရရှိလာတဲ့အခါ ပြန်လည်ထူထောင်ရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှုအတွက် လျှောက်လှမ်းရမယ့် ခရီးလမ်းဟာ အလွန်ကြမ်းတမ်းရှည်လျားနေဦးမှာပါ။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုအက်ကြောင်းတွေနဲ့ အက်ရာကွဲရာ ဗရပွဖြစ်နေသလို လက်နက်ကိုင် ဘိန်းရာဇာတွေရဲ့ ဖိစီးနှိပ်စက်မှုကိုလည်း ခါးစည်းခံနေရတဲ့ တိုင်းပြည်တပြည်ပါ။

တိုင်းပြည်တည်ငြိမ်မှုနဲ့ စည်းလုံးညီညွတ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရေးမှာ စစ်တပ်ဟာ ပစ်ပယ်ရှောင်လွှဲလို့မရနိုင်တဲ့ အခန်းကဏ္ဍမှာ ဆက်လက်ရှိနေဦးမယ်ဆိုတာ ဘယ်လိုမှမငြင်းနိုင်တဲ့ အချက်ပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ နောင်ပေါ်ထွန်းလာမယ့် စစ်အရာရှိတွေအနေနဲ့ သူတို့မှာ တိုင်းပြည်ကို ကယ်တင်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလက်တွဲပြီး ကမ္ဘာမှာ မြန်မာအတွက် နေရာပြန်ရအောင် ဆောင်ရွက်သွားဖို့ သမိုင်းပေးတာဝန်တရပ် ရှိနေတယ်ဆိုတာ သိနားလည်ဖို့လိုပါတယ်။

ဒါပေမယ့် စစ်တပ်နဲ့ ရဲအဖွဲ့ကို ပြန်လည်ဖွဲ့စည်းပြီး ခေတ်မီတိုးတက်အောင် လုပ်ရမှာဖြစ်ပါတယ်။ ဒီအတွက် မြန်မာ့အိမ်နီးချင်း တွေနဲ့ မိတ်ဆွေတွေက ကူညီပံ့ပိုးဆောင်ရွက်ပေးဖို့ အဆင်သင့်ရှိနေရပါမယ်။

မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့အနှစ် (၂ဝ) ကျော်အတွင်း ဖြစ်ထွန်းမှုတွေကို စေ့ငုသုံးသပ်ကြည့်ပြီးတဲ့နောက် တဖန် ကိုယ့်ပြည်သူတွေအပေါ် ထိန်းထိန်းသိမ်းသိမ်း ညှာညှာတာတာ ဆက်ဆံပြုမူဖို့နဲ့ ပြဿနာရပ်တွေကို တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ စစ်အုပ်စုခေါင်းဆောင်တွေကို အကောင်းဘက်က ရှုမြင်ပြီး ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံပြောဆိုစည်းရုံးမှုတွေ မရေမတွက်နိုင်အောင် ပြုလုပ်ခဲ့ပေမယ့် အဲဒီကြိုးပမ်းအားထုတ်မှုတွေအားလုံး အရာမထင်ဖြစ်ခဲ့တာတွေကို တွေ့မြင်ခဲ့ရပြီးတဲ့နောက် ကျနော်ယုံကြည်မိတာကတော့ ကိုယ့်ပြည်သူတွေအပေါ် ဆင်နွှဲခဲ့တဲ့ စစ်ပွဲအတွက် စစ်ဗိုလ်ချုပ်တွေဘက်က တန်ဖိုးတစုံတရာ ပြန်လည်ပေးဆပ်ဖို့အတွက် အရေးယူဆောင်ရွက်မှုတွေ လက်တွေ့ကျကျ အရှိန်မြှင့်ဆောင်ရွက်သွားဖို့ လိုနေပြီဆိုတာပါပဲ။

သံခင်းတမန်ခင်းအတွက်တော့ တံခါးတွေ ဆက်ဖွင့်ထားရပါလိမ့်မယ်။ အကယ်၍သာ အသိတရားတွေဝင်လာပြီး စစ်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အခြားနိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလိုက်မယ်ဆိုရင် နိုင်ငံတကာမိသားစုကြီးရဲ့ အူလှိုက်သဲလှိုက် ချီးကျူးထောပနာပြုသံတွေကို သူတို့ကြားလာရမှာပါ။ ဒါ့အပြင် အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အခြားခေါင်းဆောင်တွေနဲ့ပါ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပြီး အဲဒီကတဆင့် အပြုသဘောဆောင်တဲ့ နောက်ထပ်ခြေလှမ်းတရပ်ကို သူတို့ဆက်လှမ်းကြမယ်ဆိုရင် နိုင်ငံတကာမိသားစုကြီးက ခိုင်မာတဲ့ ထောက်ခံအားပေးမှုတွေ ချက်ချင်းလက်ငင်းပေးလာကြမှာပါ။

အကယ်၍သာ စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား လွတ်လပ်ပြီး ဒီမိုကရေစီနည်းလမ်းကျတဲ့ ရွေးကောက်ပွဲတွေပြုလုပ်ဖို့ သဘောတူညီချက်တရပ်ရရှိပြီး စစ်တပ်အနေနဲ့ ရွေးကောက်ပွဲရလဒ်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်ဆိုရင် နိုင်ငံတကာက ဝိုင်းဝန်းထောက်ပံ့ဖို့ ကတိကဝတ်ပြုရေး ညီလာခံကြီးတရပ် ကျင်းပပြုလုပ်ရပါလိမ့်မယ်။ အဲဒီညီလာခံမှာ ကမ္ဘာ့မိသားစုအသိုင်းအဝိုင်းကြီးကနေ မြန်မာ့စီးပွားရေး ပြန်လည်နာလန်ထူနိုင်အောင် ကူညီထောက်ပံ့ဖို့အတွက် ကတိကဝတ်တွေ ပေးကြပါလိမ့်မယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ကြွယ်ဝချမ်းသာရေးအတွက် လျှောက်လှမ်းရမယ့်ခရီးလမ်းဟာ အလွန်ရှည်လျား ထွေးပြားနိုင်တယ်ဆိုတာကိုတော့ ကျနော်တို့ ကြိုတင်တွက်ဆထားရပါလိမ့်မယ်။

မှတ်ချက် ။ ။ ၂ဝဝ၉ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့ထုတ် The Huffington Post သတင်းစာတွင် “In Support of the Struggle for Democracy in Burma” ခေါင်းစဉ်ဖြင့် အရှေ့တီမောသမ္မတ ရာမို့စ်ဟော်တာ ရေးသားခဲ့သည့် ဆောင်းပါးကို တိုက်ရိုက်ပြန်ဆိုထားခြင်းဖြစ်ပါသည်။
http://www.khitpyaing.org/

အပြည့်အစုံဖတ်ချင်ရင်...

ဦးပညာဝရ (၈၈၈၈) ရဲ့ နိုင်ငံရေးအမြင်

အပြည့်အစုံဖတ်ချင်ရင်...

ဓမ္မာစရိယ စာချဆရာတော် ကို နအဖ စစ်အာဏာရှင်မှ ဖမ်းဆီး

နာဂစ် မုန်တိုင်းဒုက္ခသည် ကူညီရေးတွေ လုပ်ဆောင်နေတဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား လိပ်ပြာကန်ကျောင်းတိုက်က ဓမ္မာစရိယ စာချဆရာတော် ဦးဂေါသိတကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ စစ်အစိုးရက ဖမ်းဆီးလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။
အရှင်ဦးဂေါသိတဟာ တခြား သံဃာတော် ၇ ပါးနဲ့အတူ မုန်တိုင်းဒုက္ခသည် ကူညီရေးကိစ္စတွေအတွက် ထိုင်ဝမ်နိုင်ငံကို ခေတ္တ ကြွသွားပြီး မြန်မာနိုင်ငံကို အပြန် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတာလို့ သံဃာတော်တပါးကအာအက်ဖ်အေကို အခုလို မိန့်ပါတယ်။

သံဃာ။ ။'ဆရာတော် ဦးဂေါသိတဟာ ပြည်သူလူထုတွေ ဒုက္ခရောက်နေတာကို ကိုယ်ဖိရင်ဖိ တကယ်ကို ကူညီစောင့်ရှောက်နေတဲ့ ဆရာတော်တပါး ဖြစ်ပါတယ်။ အဲဒီဆရာတော်ကနေပြီး နာဂစ်ကယ်ဆယ်ရေးအဖွဲ့တွေကို ထိုင်ဝမ်ကို သူတို့ အလည်ခေါ်လို့ ကြွသွားကြတယ်။ ထိုင်ဝမ်ကို အလည်သွားပြီးတော့ အပြန်မှာ ဆရာတော ဦးဂေါသိတကို သူတို့ လေဆိပ်မှာပဲ ဆီးဖမ်းထားလိုက်တယ်။ အကြောင်းပြချက် ဘာမှ ခိုင်ခိုင်လုံလုံလည်း မပြဘဲနဲ့ ဒီလိုမျိုး မတရားဖမ်းဆီးလိုက်တာဟာ သူတို့က သပိတ်မှောက်ကံကို ထပ်ပြီးတော့ ကျူးလွန်လိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဆရာတော်ရဲ့ တပည့်တွေနဲ့တကွ ဒကာ ဒကာမ အဝန်းအဝိုင်းကနေပြီး လုံးဝ မကျေမနပ် ဖြစ်နေကြပါတယ်'

ဒီအတောအတွင်းမှာပဲ မန္တလေးမြို့ ဈေးချို ဝါးတန်းကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ပညာပါရမီ စာကြည့်တိုက်ကို ကူညီပေးနေတဲ့ အင်္ဂလိပ်စာဆရာ ကိုညို၊ မသန္တာနဲ့ မသဇင်တို့ကိုလည်း အာဏာပိုင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဝါးတန်းကျောင်းတိုက်မှာ စာကြည့်တိုက် ဖွင့်ထားသလို နိုင်ငံခြား ဘာသာစကားတွေလည်း အရင်က သင်ပေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို သူတို့ကို ဖမ်းဆီးထားတာဟာ စစ်အစိုးရကို သပိတ်မှောက်ကံဆောင်ဖို့ ထပ်မံကြိုးစားနေကြတဲ့ သံဃာတော်တချို့နဲ့ ပတ်သက်နိုင်တယ်လို့ နီးစပ်သူတဦးက ခန့်မှန်းပြောဆိုပါတယ်။

RFA သတင်းဌာန

အပြည့်အစုံဖတ်ချင်ရင်...

မြန်မာ့ ဖွတ်ဘောနှင့် စက်တင်ဘာ






မြန်မာ့ ဖွတ်ဘော ဒုတိယအကြိမ်မြောက် ပြိုင်ပွဲကို ရန်ကုန်နှင့် မန္တလေး မြို့ကြီး (၂) ခုတွင် စည်ကားသိုက်မြိုက်စွာဖွင့်လှစ်လိုက်ပြီဟု သတင်းများတွင် ဖတ်လိုက်ရပေသည်။ မြန်မာ့ ဖွတ်ဘောအသင်းရဲ့ ဖွတ်သံသရာသည် နအဖ အာဏာရှင်လက်အောက်တွင် ဖွတ်ဖြစ်ရုံမက ဖွတ်ခြေစွမ်းများနှင့် နိုင်ငံတကာသို့ တိုးမပေါက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ချေပြီ။

ယခုတစ်ဖန် မြန်မာ နေရှယ်နယ်လိဂ်ဟု နာမည်တစ်မျိုးပြောင်းကာ မြန်မာပြည်သူလူထုကြီးအား အာရုံလှည့်စားရန် ရည်ရွယ်ချက်နဲ့ အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်နေကြပေသည်၊ မြန်မာ့ဘောလုံးလောကကို အမှန်တကယ် ဖွံ့ဖြိုးတိုးတက်စေချင်သည့် စေတနာထက် နိုင်ငံရေးအတွက် အမြတ်ထုတ်ဖို့က ပိုများနေသည်ဟု လူအများစုက သတ်မှတ်ထားကြပေသည်၊ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် မြန်မာပြည်သူလူထုကြီးအား နိုင်ငံရေးကို စိတ်မ၀င်စားစေရန် နအဖက အထူးကြံရွယ်ထားပေသည်၊ နအဖနှင့် ဖအေတူ မအေကွဲများ ဖြစ်ကြသည့် ပြည်သူ့ ဂုတ်သွေးစုတ် စီးပွားရေးလုပ်ငန်ရှင်ကြီးဆိုသူများကလည်း နအဖအကြိုက် အလိုက်ဆောင်ကာ မျက်နှာချိုသွမ်း အရူးချီးပန်း လုပ်ကာ ရူးချင်ယောင်ဆောင်နေကြပေသည်၊ အထူးသဖြင့် ထူးထရေးဒင်း ပိုင်ရှင် တေဇသည် မြန်မာပြည်ကြီးတစ်ခုလုံး၏ စီးပွားရေးလုပ်ငန်းစုများကို လက်ဝါးကြီး အုပ်ကာ နအဖ သက်ဆိုးရှည်ရေးအတွက် နည်းပေါင်းစုံနှင့် ညစ်ပတ်စွာ လုပ်ကိုင်ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်သည်။

ယခုလို မြန်မာ့ ဖွတ်ဘောပွဲကို ကျင်းပခြင်းကြောင့်
၁။ လောင်းကစားလုပ်ငန်းများ မှိုလိုပေါများလာခြင်း၊
၂။ ခိုးဆိုးလုယက်မှုများ များပြားလာခြင်း၊
၃။ စီးပွားရေး ပိုမိုဆုတ်ယုတ်ပျက်စီးခြင်း၊
၎။ အကျင့်စာရိတ္တ ဆိုးရွားစွာ ပျက်စီးခြင်း၊
၅။ အနာဂတ် မြန်မာ့နိုင်ငံရေးအတွက် စိတ်ပါဝင်စားမှု မရှိခြင်း၊
ဆိုသည့် အကျိုးတရားများကို လက်တွေ့ခံစားကြရမည်ဖြစ်သည်၊ မြန်မာ့ ဖွတ်ဘောလောက အဆင့်အတန်း မြင့်သည် မမြင့်သည်ထက် ပြည်သူ့ ခံစားပေါက်ကွဲမှုဒေါသတို့သည် နအဖ ဖက်မလှည့်ရေးသည်သာ အဓိကအဖြစ်သတ်မှတ်ထားသောကြောင့် မြန်မာ့ ဖွတ်ဘောလောကကြီးသည် ဖွတ်သံသရာ လည်နေဦးမည်သာ ဖြစ်ပေသည်။
စက်တင်ဘာလသည် မြန်မာတစ်မျိုးသားလုံး၏ ရင်ထုမနာ ယူကြုံးမရဖြစ်ခဲ့ရသည့် လဖြစ်ပေသည်၊ ဒီစက်တင်ဘာမှာ မိမိတို့ အထွတ်အမြတ်ထား ကိုးကွယ်သည့်ဘာသာ သာသနာကို နအဖ စစ်အာဏာရှင်က ရက်ရက်စက်စက် ဖြိုခွဲဖျက်ဆီးပစ်ခဲ့သည်၊ ဒီစက်တင်ဘာမှာ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့သွေးတွေ မြေခခဲ့ရသည်၊ ဒီစက်တင်ဘာမှာ မတရားဖိနှိပ်ချုပ်ခြယ်သည့် အာဏာရှင်တွေကို တော်လှန်သည့် တော်လှန်ရေးဝိညာဉ်တွေ နိုးထကြသည်၊ ဒီစက်တင်ဘာသမိုင်းကို မေ့ဖျောက်ပစ်လို့ မရ၊ စက်တင်ဘာသည် စစ်အာဏာရှင်များကို ထာဝရ ခြောက်လှန့်စေမည်ဖြစ်သည်။

ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးကလည်း နအဖ စစ်မိစ္ဆာကောင်များရဲ့ အမျိုးမျိုးသော လိမ်လည် လှည့်စားမှုများကို နားမယောင်ကြပဲ မိမိတို့၏ ရည်မှန်ချက် ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ခေတ်သို့ရောက်ရှိအောင် ခိုင်မြဲသောလက်တို့ဖြင့် ဇွဲ လုံ့လ ၀ိရိယ သတိကြီးမားစွာထား၍ နအဖ စစ်မိစ္ဆာ ရန်သူအာဏာရှင်ကို စုပေါင်းတော်လှန် အောင်ပွဲခံကြဖို့ အသင့်အနေအထားရှိနေကြရန် အထူးတိုက်တွန်းရေးသားလိုက်ရပေသည်။

တက္ကသိုလ် သောတုဇနဘိက္ခု (ရန်ကုန်)


အပြည့်အစုံဖတ်ချင်ရင်...

Sunday, September 6, 2009

မြန်မာ့ အနာဂတ် မျိုးဆက်များအတွက်

အပြည့်အစုံဖတ်ချင်ရင်...

ဦးဥတ္တမခေတ် သံဃာ့သမဂ္ဂီမှ ရွှေဝါရောင်ခေတ် သံဃာ့သမဂ္ဂီသို့



ရွှေဝါရောင်သံဃာ့အရေးတော်ပုံသည် ယခု ၂၀၀၉ စက်တင်ဘာတွင် (၂) နှစ်ပြည့်ပြီဖြစ်သည်။ စစ်အာဏာရှင်တို့က သံဃာတော်တို့အား နိုင်ငံရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိစေရဟု အမိန့်အာဏာဖြင့် တားမြစ်ကန့်သတ်ရုံမျှမက သာသနာ့နယ်မြေအတွင်း လက်နက်ကိုင်ကျူးကျော်ကာ ရဟန်းသံဃာတော်များအား သတ်ဖြတ် ညှဉ်းပန်းနှိပ်စက် ထောင်သွင်းအကျဉ်းချ စသည့် သာသနာဖျက်လုပ်ငန်းများကို အကြမ်းဖက်မှုမျိုးစုံသုံး၍ လူမဆန်စွာလုပ်ခဲ့ကြသည်။ ထိုသို့ ရက်ရက်စက်စက် သွေးထွက်သံယို သတ်ဖြတ်ပြလိုက်ရုံဖြင့် စစ်အာဏာကို အန်တုမှုများ ငြိမ်ကျသွားမည်ဟု စစ်အုပ်စုက ထင်ပုံရသည်။ မြန်မာနိုင်ငံတွင် ပြည်သူတို့ ဆင်းရဲဒုက္ခရောက်ရသည့် အရေးကိစ္စရပ်တိုင်း၌ သံဃာတော်တို့ မားမားမတ်မတ် ရပ်ခဲ့ကြသည့် သမိုင်းအစဉ်အလာကို စစ်ဗိုလ်ချုပ်များ မေ့လျော့နေဟန်တူသည်။ ရွှေဝါရောင်သံဃာ့အရေးတော်ပုံ (၂) နှစ်ပြည့်သည့် ယခုနှစ်သည် “ဆရာတော် ဦးဥတ္တမ” ပျံလွန်တော်မူခြင်း နှစ်(၇၀) ပြည့်ချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။

ဆန်ရေစပါးနှင့် သယံဇာတမျိုးစုံ ပေါကြွယ်လှသော မြန်မာနိုင်ငံတွင် တိုင်းသူပြည်သားတို့ စားဝတ်နေရေး ခက်ခဲကျပ်တည်းကာ ဆင်းရဲဒုက္ခရောက်နေကြရခြင်းသည် “အစိုးရ ညံ့ဖျင်းလွန်း၍ ဖြစ်သည်” ဟု ၁၉၂၁ ခုနှစ် မတ်လ (၂၃) ရက်နေ့ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ၌ တရားဟောခဲ့သဖြင့် ဗြိတိသျှစစ်ပုလိပ်တို့၏ ဖမ်းဆီးအကျဉ်းချခံခဲ့ရသည့် သာသနာ့နယ်ပယ်မှ ထူးခြားသော ရဟန်းတော်ကို မြန်မာတို့မမေ့လောက်သေးဟု ထင်သည်။ ထိုရဟန်းတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် ပထမဦးဆုံး ဖမ်းဆီးထောင်ချခံရသော ရဟန်းအာဇာနည်ဖြစ်သည်။ အထူးသဖြင့် “ကရက်ဒေါက် ဂက်ဒေါက်” (Craddock, Get Out!) ဟူသော ကြွေးကြော်သံကို အကြောင်းပြု၍ ထိုအာဇာနည်အရှင်ကား “ဆရာတော် ဦးဥတ္တမ” ဖြစ်လာသည်ကို မှတ်မိကြမည်ထင်ပါသည်။ “ကရက်ဒေါက်” (Sir Reginlad Henry Craddock) သည် ထိုစဉ်က ဗြိတိသျှကိုလိုနီ မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံဖြစ်သည်။

ဆရာတော် ဦးဥတ္တမ၏ ဟောပြောချက်တခု၌ “ဒီတိုင်းပြည် သူတပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နေရင် ဒီတိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ ဘာသာဟာလည်း ကျွန်ဘာသာ ကျွန်သာသနာဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော်များ ကျောင်းတွင် ကျိန်းအိပ်မနေကြဘဲ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့ပြီး ဒီတိုင်းပြည်ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြတယ်” စသည်ဖြင့် ပွင့်ပွင့်လင်းလင်း ဟောပြောခဲ့ပုံမှာ ကြက်သီးထလောက်သည်ဟု မှတ်တမ်းများရှိသည်။

ကိုယ်ကျိုးမငဲ့ တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေးအတွက် ပင်ပန်းဆင်းရဲမှုအမျိုးမျိုးခံကာ ဆရာတော်သည် ကိုလိုနီနယ်ချဲ့အင်္ဂလိပ်အစိုးရအား နှလုံးရည်တိုက်ပွဲဆင်ခဲ့သည်။ ဖိနှိပ်ချုပ်ချယ်မှုအမျိုးမျိုးကြားမှ မိမိနိုင်ငံသူနိုင်ငံသားတို့ နိုင်ငံရေးအသိအမြင် ကျယ်ပြန့်တိုးတက်လာစေရန် ထောင်တန်းအကျခံကာ ဟောပြောခဲ့သည့် မျိုးချစ်ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဆရာတော်သည် မြန်မာတို့အား အစောဆုံး နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သူတို့အနက် ရှေ့ဆုံးတန်းမှ ပါဝင်ခဲ့သည်။ ‘ဆရာတော် ဦးဥတ္တမ’ သည် ဒုတိယကမ္ဘာစစ်ကြီး စတင်သည့် ၁၉၃၉ ခုနှစ် စက်တင်ဘာလ (၉) ရက်နေ့ သက်တော် (၆၀) ပြည့်ချိန်တွင် ပျံလွန်တော်မူခဲ့သဖြင့် ယခု ၂၀၀၉ စက်တင်ဘာတွင် နှစ်ပေါင်း (၇၀) ပြည့်ခဲ့ပေပြီ။ သို့သော် ဆရာတော်၏ သြ၀ါဒများကား ရှင်သန်နေဆဲရှိသည်။ ဆရာတော် အစပျိုးခဲ့သည့် နိုင်ငံရေးနိုးကြားမှုကား ရဟန်းသံဃာတော်များအကြား၌ ယနေ့တိုင် ရှင်သန်နေဆဲ ဖြစ်ပေသည်။


ဆရာတော်၏ ငယ်နာမည်မှာ “ပေါ်ထွန်းအောင်” ဖြစ်၍ အဘ ဦးမြနှင့် အမိ ဒေါ်အောင်ကျော်သူတို့မှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ (၁၈၇၉ ခုနှစ် ဒီဇင်ဘာ ၁၄) တွင် ဖွားမြင်သည်။ အသက် (၁၅) နှစ်တွင် ကာလကတ္တားမှ တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းအောင် သည်။ ထို့နောက် ပခုက္ကူမြို့ ရေစကြိုစာသင်တိုက်တွင် ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များ သင်ယူသည်။ ၁၉၀၀ ပြည့်နှစ်တွင် ရဟန်းဝတ်ဖြင့် အိန္ဒိယနိုင်ငံသို့ ကြွရောက်၍ ကာလကတ္တားရှိ အိန္ဒိယအမျိုးသားကောလိပ်၌ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ၊ မာဂရီ၊ ရှေးဟောင်း ဟိန္ဒူစာပေများ သင်ယူခဲ့သည်။ ထိုကျောင်း၌ပင် ပါဠိပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

၁၉၀၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှတဆင့် ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီတို့သို့ ခရီးလှည့်၍ နိုင်ငံတကာအရေးအရာများကို လေ့လာဆည်းပူးခဲ့သည်။ ဥရောပ၌ရှိနေစဉ် ၁၉၀၅ ခုနှစ် ရုရှ-ဂျပန်စစ်ဖြစ်ရာ ဂျပန်က အနိုင်ရသည့်သတင်းကို ကြားသိရ၍ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသော ဂျပန်နိုင်ငံအကြောင်းကို လေ့လာလိုစိတ်ဖြစ်ခဲ့သည်။ သို့ဖြင့် ဆရာတော်သည် ၁၉၀၇ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်ကာ တိုကျိုဗုဒ္ဓဘာသာတက္ကသိုလ်တွင် ပါဠိနှင့်သက္ကဋဘာသာဆိုင်ရာ ပါမောက္ခအဖြစ် (၄) နှစ်နီးပါး ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံအပြန်ခရီးတွင် ကိုရီးယား၊ မန်ချူးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံများသို့ ၀င်ရောက်လေ့လာခဲ့သည်။

၁၉၁၁ ခုနှစ် မြန်မာနိုင်ငံသို့ ပြန်ရောက်သောအခါ သူရိယသတင်းစာတွင် နိုင်ငံတကာ တိုးတက်မှုအခြေအနေ အထွေထွေကို နိုင်ငံသားများ ပညာဗဟုသုတရစေရန် ရေးသားတင်ပြခဲ့သည်။ “၀ိုင်အမ်ဘီအေ” ကို စတင်ထူထောင်ခဲ့ကြသော ဦးဘဘေ၊ ဦးမောင်ကြီး၊ ဦးဘရင်တို့နှင့်လည်းကောင်း၊ သူရိယသတင်းစာ စတင်တည်ထောင်ခဲ့ကြသည့် ဦးဘကလေး၊ ဦးလှဖေ အစရှိသော ထိုခေတ် လူငယ်လူလတ်များနှင့်လည်းကောင်း၊ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် မည်သို့ဆောင်ရွက်သင့်ကြကြောင်း နိုင်ငံရေးဆွေးနွေးမှုများလုပ်ခဲ့သည်။

ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးအမြင်မှာ မြန်မာနိုင်ငံကို အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေးသို့ ဦးတည်သည်။ လွတ်လပ်ရေး မရနိုင်သေးမီစပ်ကြား ‘ဟုမ္မရူး’ ခေါ် ကိုယ့်တိုင်းပြည်ကို ကိုယ့်အမျိုးသားတို့ ကိုယ်တိုင်အုပ်ချုပ်ခွင့်ရရေး ကြိုးပမ်းအားထုတ်ကြဖို့ ရေးသားဟောပြောသည်။ ပညာတတ်လူငယ်လူလတ်များ ဟုမ္မရူးသဘောတရား စိတ်ဓာတ်များကို နားဝင်အောင် ဆွေးနွေးပြောဆိုသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင်ရှိစဉ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလွတ်လပ်ရေး ရရှိရန်ကိစ္စများကို ကွန်ဂရက်ပါတီခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်သည်။ ဆရာတော်ကိုယ်တိုင်မှာလည်း မြန်မာဒေသခွဲ ကွန်ဂရက်ပါတီအဖွဲ့ဝင်ဖြစ်သည်။

၁၉၁၂ ခုနှစ်တွင် ဆရာတော်သည် ဂျပန်နိုင်ငံသို့ ဒုတိယအကြိမ် သွားရောက်ခဲ့သည်။ ဂျပန်တွင် ဆရာတော်သည် ပါဠိနှင့် သက္ကဋဘာသာ ပါမောက္ခအဖြစ် ဆောင်ရွက်နေစဉ် မြန်မာနိုင်ငံရေးရာကိစ္စများကို ဂျပန်ရောက် တရုတ်ကျောင်းသားများနှင့် ဆွေးနွေးခဲ့သည်။ တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့၍ တရုတ်အမျိုးသားခေါင်းဆောင် ဒေါက်တာဆွန်ယက်ဆင်နှင့်လည်း တွေ့ဆုံသိကျွမ်းခဲ့သည်။

ဒေါက်တာဆွန်ယက်ဆင်နှင့် အာရှဒေသလွတ်လပ်ရေးကိစ္စများ ဆွေးနွေးခွင့်ရရှိခဲ့သည်။ ပထမကမ္ဘာစစ်ပြီးကာနီးတွင် ဆရာတော် မြန်မာနိုင်ငံသို့ ပြန်ကြွလာသည်။ ထိုအချိန်မှစတင်၍ မြန်မာလူထု နားမျက်စိပွင့်စေရန် နိုင်ငံတကာမှရရှိခဲ့သော အသိပညာဗဟုသုတများနှင့် ယှဉ်တွဲ၍ နိုင်ငံရေးတရားများ ဟောပြောခဲ့သည်။ ဆရာတော်၏ ဟောပြောချက်များမှာ စကားလုံးပြောင်ပြောင် ထိထိမိမိရှိလှသဖြင့် တရားပွဲတိုင်း ကြိတ်ကြိတ်တိုး စည်ကားသည်ဟု မှတ်တမ်းများရှိသည်။ ဆရာတော်၏ ဟောပြောချက်တရပ်မှာ ဤသို့ဖြစ်သည်။

“မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်များကို ဖယ်ရှားပစ်ကြရမယ်။ မြန်မာတိုင်းသူပြည်သား တို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ်မခံစိတ်ဓာတ်ကို ပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လိုအင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်ဖြစ် တိုင်းရင်းသားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ် မဟုတ်ပါဘူး၊ ကိုယ့်ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။ ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက်နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာရှိတယ်။˝

ထို့ကြောင့်လည်း ဆရာတော်ဦးဥတ္တမအား ရှေးဟောင်းအတွေးအခေါ် အယူအဆတို့ကို ပယ်လှန်သူ၊ ၀ံသာနုစိတ်ဓာတ် တက်ကြွအောင် လှုံ့ဆော်သူအဖြစ် ထိုခေတ်လူထုက လက်ခံထားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ ၀ံသာနုအမျိုးသားရေးလှုပ်ရှားမှု စတင်ဖော်ဆောင်ခဲ့သည့် ‘ဂျီစီဘီအေအသင်းကြီး’ ၏ နိုင်ငံရေးလှုပ်ရှားမှုများ အောင်မြင်စေရန်အတွက်လည်း ဆရာတော်က များစွာအထောက်အကူပြုခဲ့သည်။

ဆရာတော်၏ ဟောပြောမှုများကြောင့် အမျိုးသားရေးလှုပ်ရှားမှုလည်း ပိုမိုအရှိန်ရလာသည်။ လူထုအများ နိုင်ငံရေး နိုးကြားလာလျက် ၀ံသာနုအသင်းများလည်း တိုးတက်များပြားလာသည်။ သူရိယသတင်းစာကလည်း ဆရာတော်၏ ဟောပြောမိန့်ကြားချက်များကို ထောက်ခံရေးသားခဲ့သည်။ ဆရာတော်၏ အတွေးအမြင်သစ် ဆောင်းပါးများကိုလည်း သူရိယသတင်းစာက တခမ်းတနား ဖော်ပြခဲ့သည်။ သူရိယသတင်းစာတိုက်ကို ဆရာတော်၏ ဌာနချုပ်ဟုပင် ထိုခေတ်က သတ်မှတ်ကြသည်။

ဗုဒ္ဓသာသနာ စည်ပင်တိုးတက်စေရန် ဦးစွာပထမ ကျွန်ဘ၀က လွတ်အောင်လုပ်ရမည်ဟု ဆရာတော်က ဟောပြောသည်။ ထို့ကြောင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးအတွက် ‘သံဃာ့သမဂ္ဂီများ’ ထူထောင်ဖွဲ့စည်း၍ လွတ်လပ်ရေးရအောင် ဆောင်ရွက်ကြရမည်ဟု ဦးဥတ္တမက မိန့်ကြားသဖြင့် နိုင်ငံအနှံ့တွင် သံဃာ့သမဂ္ဂီများ ပေါ်ထွန်းလာကာ နိုင်ငံရေးတရားဟောသည့် သံဃာတော်များ တိုးပွားလာခဲ့သည်။

ဤသို့ ဆရာတော်၏ ၀ါယမစိုက်ထုတ်မှုကြောင့် ၁၉၂၁ ခုနှစ် ဇူလိုင် (၁) ရက် (၂) ရက်တွင် သံဃာ့သမဂ္ဂီအဖွဲ့ပေါင်း (၃၀) ကျော်မှ ကိုယ်စားလှယ်များအစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့သည်။ ဆရာတော် သံဃာတော်များ ဂျီစီဘီအေအသင်း ခေါင်းဆောင်များ အပါအ၀င် ရဟန်းရှင်လူ ပရိသတ် (၅၀၀) ကျော် တက်ရောက်ခဲ့သည်။ ဒေးဒရဲမြို့နယ် ဆုကလပ်ရွာ တရားပွဲအပြီး ဆရာတော် ဦးဥတ္တမအား နိုင်ငံရေးလုပ်မှုဖြင့် ထောင်ဒဏ်အပြစ်ပေးလိုက်သောအခါ ရဟန်းရှင်လူ ပြည်သူအများ မခံမရပ်နိုင်ဖြစ်ကြရသည်။ ဆရာတော်ကို အကြောင်းပြု၍ ‘ဂျီစီဘီအေ’ အသင်းကြီးကို လူထုက ပိုမိုထောက်ခံအားပေးခဲ့သည်။

ဆရာတော်သည် ပထမအကြိမ်ထောင်ကျရာမှ ပြန်လွတ်လာပြီးနောက် တပြည်လုံးလှည့်လည်၍ နိုင်ငံရေးတရားများ ဟောကြားခဲ့ပြန်သည်။ “အင်္ဂလိပ်ပစ္စည်းကို သပိတ်မှောက်ကြ” “အင်္ဂလိပ်ဆိုင်တွေကို သပိတ်မှောက်ကြ” “တိုင်းရင်းဖြစ် ပစ္စည်းကို ၀ယ်ယူအားပေးကြ” “တိုင်းရင်းသားဆိုင်တွေမှာ ၀ယ်ယူအားပေးကြ” “ဒို့လူမျိုးတွေ ညီညွတ်မှ လွတ်လပ်ချမ်းသာမယ်” “ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးရအောင် တောင်းဆိုကြိုးပမ်းကြ” “ကရက်ဒေါက် ဂက်ဒေါက်”(Craddock,Get Out!) စသော ကြွေးကြော်သံများကြောင့် ၁၉၂၄ ခုနှစ် ရန်ကုန် ကျုံးကြီးလမ်း နန်းတော် ရုပ်ရှင်ရုံတရားပွဲအပြီး ဒုတိယအကြိမ် အဖမ်းခံရပြန်သည်။ အင်္ဂလိပ်အစိုးရကို အကြည်ညိုပျက်အောင် ဟောပြောကြောင်း ပြစ်မှုထင်ရှားသည်ဆိုကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် အပြစ်ပေးခံရသည်။

မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်လှန်လေ့လာသည့်အခါတိုင်း ၀ိုင်အမ်ဘီအေခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ နောင် ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး၏ ကြိုးပမ်းအားထုတ်မှုများကို ချန်လှပ်ထား၍ မရနိုင်ပေ။ ထိုမြန်မာအသင်းချုပ်ကြီး တိုးတက်ကျယ်ပြန့်လာအောင် အထောက်အကူပြုပေးခဲ့ရာတွင် သံဃာတော်များနှင့် သံဃာ့သမဂ္ဂီအဖွဲ့များ၏ ထောက်ခံအားပေးမှုများမှာ အဓိကနေရာမှပါဝင်ပေသည်။

ထိုကြောင့် သံဃာတော်များ တိုင်းကျိုးပြည်ကျိုးဆောင်ရာ၌ ရှေ့တန်းမှ တက်တက်ကြွကြွပါလာအောင် အဦးဆုံး ဟောပြောခဲ့သော ဆရာတော်ကား ဦးဥတ္တမပင်ဖြစ်သည်။ ဗုဒ္ဓ၏ စာပေကျမ်းဂန်များကိုသာ သင်အံလေ့လာလျက် တရားဘာဝနာပွားများနေကြကုန်သော သံဃာတော်တို့အနေဖြင့် ဆရာတော် ဦးဥတ္တမ၏ နိုင်ငံတကာအတွေ့အကြုံများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဟောပြောချက်များကို လက်ဦးတွင် နားမ၀င်နိုင်ခဲ့ကြပေ။ နောင်နှစ်အတန်ငယ်ကြာသောအခါ ဆရာတော် ဦးဥတ္တမ၏ နိုင်ငံရေးတရားများမှာ စကားဝေါဟာရအရ မာကြောသော်လည်း လက်တွေ့အနှစ်သာရအရ အမျိုး၊ ဘာသာ၊ သာသနာအတွက် အမှန်ပင်အကျိုးပြုကြာင်း သိမြင်လာကြ၍ ၀န်းရံထောက်ခံလာကြသည်။

ထိုစဉ်က ဆရာတော်ဦးဥတ္တမနှင့် သူရိယသတင်းစာတို့သည် ၀ိုင်အမ်ဘီအေအသင်းကို ပြည်သူတရပ်လုံး ထောက်ခံအားပေးလာအောင် စိုက်လိုက်မတ်တတ် လှုံ့ဆော်ရေးသားခဲ့သဖြင့် အမျိုးသားရေးစိတ်ဓာတ်များ တက်ကြွလာခဲ့သည်။ ဦးဥတ္တမ၏ ရိုးသားမှု၊ ကိုယ်ကျိုးမငဲ့မှု၊ တိုင်းပြည်နှင့် လူထုအကျိုးကိုသာ ရှေးရှုမှုတို့ကြောင့် ဆရာတော်ကို စံထားကာ သံဃာအများ မြန်မာအသင်းချုပ်ကြီး၏ လှုပ်ရှားမှုများတွင် ပါဝင်လာကြသည်။ အစည်းအဝေးများ၊ ကွန်ဖရင့်များတွင် သံဃာတော်များ ပါဝင်ဆွေးနွေး ဟောပြောလာကြသည်။ သံဃာ့သမဂ္ဂီအဖွဲ့များ ဖွဲ့စည်းကာ နိုင်ငံ့အရေးအရာများ၌ ပါဝင်ဆောင်ရွက်လာကြသည်။

ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ ဒုတိယဘုရင်ခံ ကရက်ဒေါက်၏ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်ကာ ၀ိုင်အမ်ဘီအေကို ထောက်ခံလျက် ဟုမ္မရူးကို တောင်းဆိုဟောပြောခဲ့သည်။ ဒိုင်အာခီအုပ်ချုပ်ရေးစနစ်တွင် အမတ် (၁၀၃) နေရာ လျာထားသော်လည်း (၇၉) ဦးသာ ရွေးကောက်ခံဖြစ်သည်။ ကျန်သူတို့မှာ ဘုရင်ခံခန့် ဗျူရိုကရက်များဖြစ်သည်။ ပြည်သူ့ကိုယ်စားလှယ်နှင့် ဗျူရိုကရက်တို့ တွဲဖက်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဥပဒေပြုကောင်စီတွင် အဆိုတခုတင်ရာ၌ ပြည်သူ့ကိုယ်စားလှယ်တို့ မဲအများစုရ၍ နိုင်သော်လည်း ဘုရင်ခံသဘောမတူလျှင် (ဗီတို) ဖြင့် ပယ်ချခံရတတ်သည်။

ထို့ကြောင့် ၁၉၂၂ ဇူလိုင် (၁၅)(၁၆) ဂျူဗလီဟောအစည်းအဝေးတွင် ဆရာတော်ဦးဥတ္တမက “ဒိုင်အာခီအုပ်ချုပ်ရေးစနစ်သည် ဗျူရိုကရေစီအုပ်ချုပ်ရေးဖြစ်သဖြင့် ပြည်သူကိုမတိုင်ပင်ဘဲ ဗျူရိုကရက်တို့က စီမံအုပ်ချုပ်သောစနစ်ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ ပြည်သူ့ကိုယ်စားလှယ် (၇၉) ဦးသည် အာဏာပါဝါမရှိသော ရုပ်ပြလှည့်စားမှုသာဖြစ်သည်။ ပြည်သူက သဘောတူ၍ ဆောင်ရွက်လေဟန် ပရိယာယ်ဆောင်သော အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ထို့ကြောင့် ဒိုင်အာခီရွေးပွဲ မ၀င်သင့်။ ဒိုင်အာခီကောင်စီ၌ မပါသင့်။ ဒိုင်အာခီကောင်စီဝင်၍ ပူးသတ်ရေးလုပ်ရန် မဖြစ်နိုင်။ ဗျူရိုကရက်တို့၏ သြဇာကို မလွန်ဆန်နိုင်” စသည်ဖြင့် ဆရာတော်က ရှင်းပြခဲ့သည်။ ဆရာတော်၏ မိန့်ခွန်းမှ ကောက်နုတ်ချက်တခုမှာ ဤသို့ဖြစ်သည်။

“ဟုမ္မရူးအတွက် ကြိုးစားကြရာမှာ ကြောက်လန့်စိတ်တွေ မထားကြနဲ့၊ ကြောက်မွှေးပါရင် ဇာဂနာနဲ့ နုတ်ပစ်ကြရမယ်။ ခိုးရမှာ၊ ဒိုင်အာခီကောင်စီဝင်ရမှာသာ ကြောက်၊ ကျေးလက်က ဒကာတွေ သူကြီးကို မကြောက်ကြနဲ့၊ သူကြီးတင်မက မြို့အုပ်ဝန်ထောက်လည်း ကြောက်ဖို့မလိုဘူး။ သူတို့ထက်ကြီးတဲ့ ဘုရင်ခံဆိုတာလည်း ကြောက်စရာမရှိပါဘူး။ ကိုယ့်တိုင်းပြည်ကို ကိုယ့်လူမျိုး အုပ်ချုပ်ရအောင် ဘုရင်ခံနဲ့ ဗျူရိုကရက်တွေကို နှင်ထုတ်ကြရမယ်။ ကရက်ဒေါက် ထွက်သွားလို့ ဥတ္တမက ဂျူဗလီမှ ထပ်ပြီး အမိန့်ပေးနေတယ်။”

ဆရာတော်ဦးဥတ္တမနှင့် ဂျီစီဘီအေခေါင်းဆောင်များက ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန်၊ သဿမေဓ လူခွန် ဖျက်သိမ်းပေးရန်၊ လယ်ယာမြေ အခွန်အကောက်များ လျှော့ချပေးရန်၊ အဓိကထား၍ ဟောပြောတောင်းဆိုခဲ့ကြသည်။ အင်္ဂလိပ်အစိုးရက ၁၉၃၀ ဆရာစံသူပုန် ဖြစ်ပေါ်ရခြင်းကိစ္စကို ပြန်လှန်သုံးသပ်ရာ၌ ဆရာတော်ဦးဥတ္တမ၏ ဟောပြောချက်များကို အကြောင်းရင်းတချက်အဖြစ် ထည့်သွင်းထားသည်ကို တွေ့ရသည်။

၁၉၅၆ ခုနှစ် မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းမှထုတ်ဝေသော “နှစ်ငါးဆယ် ကမ္ဘာ့ရေးရာ စာအုပ်”တွင် “ဆရာတော်၏ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသားတို့သည် ‘အိပ်သောယောက်ျား နိုးသောလားသို့’ လွတ်လပ်ရေးလမ်းစကို မြင်ကြရ၏။ ဆရာတော်ကား ယခု မြန်မာနိုင်ငံတော်သူ မြန်မာနိုင်ငံတော်သားတို့ လက်ဆုပ်လက်ကိုင် အပိုင်ရှု ခံစား စံစားနေရသော လွတ်လပ်ရေးဗိမာန်ကြီးကို အစဦးစွာ ပန္နက်ချခဲ့သော အာဇာနည်မျိုးချစ်ပုဂ္ဂိုလ်ကြီးပေတည်း” ဟု ဖော်ပြခဲ့သည်။ သို့ဖြစ်၍လည်း ဆရာတော်ဦးဥတ္တမ၏ သမိုင်းနှင့်အာဇာနည်ဂုဏ်ပုဒ်တို့ကို စစ်အာဏာရှင်အဆက်ဆက်က မပျက်ပျက်အောင် ဖျက်နေကြသော်လည်း ပယ်ဖျက်၍မရဘဲ ရှိနေခြင်းဖြစ်ပေသည်။

ယနေ့ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲတွင် ပါဝင်ဆင်နွှဲနေကြသော ရဟန်းပျိုမျိုးဆက်သစ်၊ လူငယ်မျိုးဆက်သစ်တို့သည် ဆရာတော်ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးနှင့် အာဇာနည်စိတ်ဓာတ်ကို စံနမူယူ၍ မကြာမီ ဆင်နွှဲတော့မည့် တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်တွင် တက်တက်ကြွကြွ ပါဝင်ရန် ပြင်ဆင်နေကြပေပြီ။ ၂၀၀၉ အောက်တိုဘာလ (၃) ရက်နေ့တွင် သံဃာတော်များ၏ တတိယအကြိမ် သံဃာ့သပိတ်တိုက်ပွဲတရပ် ဆင်နွှဲမည်ဖြစ်၍ သံဃာတော်များနှင့်အတူ တပြည်လုံး အတိုင်းအတာဖြင့် ပါဝင်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက သြဂုတ်လ (၂၈) ရက်စွဲဖြင့် နှိုးဆော်ထားပေသည်။ စစ်အစိုးရအနေဖြင့် အောက်တိုဘာလ (၂) ရက်နေ့ မွန်းတည့်ချိန် နောက်ဆုံးထား၍ သံဃာထုအား တောင်းပန်ရန် နှိုးဆော်ထားသည်။ မလိုက်နာပါက လာမည့်သီတင်းကျွတ်လပြည့် (၁၅) ရက်၊ (၃-၁၀-၂၀၀၉)၊ သံဃာပ၀ါရဏာပွဲနေ့တွင် သံဃာထုကြီးက တတိယအကြိမ် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် ဆင်နွှဲမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ထုတ်ပြန်ကြေညာထားသည်။

သံဃာ့တပ်ပေါင်းစု နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယ၏ ရှင်းပြချက်အရ တတိယအကြိမ် သပိတ်မှောက်ကံဆောင်ရာတွင် ထူးခြားချက်မှာ အပြည်ပြည်ဆိုင်ရာသာသနာ့ဥသျှောင်အဖွဲ့၊ ပြည်တွင်းပြည်ပ သံဃာ့သမဂ္ဂီအဖွဲ့များက မြတ်စွာဘုရား၏ ၀ိနည်းဥပဒေကို လိုက်နာရန် ပျက်ကွက်သော သံဃာတော်များ၊ စစ်တပ်နှင့်ပေါင်းသော သံဃာတော်များအား သာသနာတော်မှ ကျဉ်ပယ်ကာ ပကာသနီယ ကံဆောင်မည်ဖြစ်ပါသည်။ “ဦးဥတ္တမခေတ်” ၁၉၂၀ ခန့်တွင် အစပျိုးခဲ့သော သံဃာ့သမဂ္ဂီ စိတ်ဓာတ်ဝိညာဉ်ကား နှစ်ပေါင်း (၉၀) မျှ သက်တမ်းရင့်ရှည်ခဲ့ပြီးနောက် “ရွှေဝါရောင်ခေတ်” သံဃာ့သမဂ္ဂီအဖွဲ့များထံသို့ ဆက်လက်ကူးလူး ထွန်းလင်းလျက်ရှိပေသည်။ ဓမ္မနှင့် အဓမ္မ အားပြိုင်ပွဲ၌ ဓမ္မသည် အဓမ္မအပေါ် အောင်ပွဲဆင်မြဲ ဆင်ပေလိမ့်မည်။

-“ဆရာတော် ဦးဥတ္တမ” ပျံလွန်တော်မူခြင်း နှစ်(၇၀) အထိမ်းအမှတ် ကျမ်းကိုးစာရင်း
(၁) ၀ံသာနုအရေးတော်ပုံသမိုင်း (၁၉၀၆ - ၁၉၃၆)၊ သခင်ဘမောင်၊ တသက်တာစာပေ၊ ၁၉၇၅ ဇန်န၀ါရီ။
(၂) ဂျူဗလီဟောမြင်ကွင်း၊ တိုက်စိုး၊ ချင်းတွင်းစာပေ၊ ၁၉၇၈ သြဂုတ်လ။
(၃) မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုသမိုင်း၊ သခင်လွင်၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၈ မေလ။
(၄) ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်၊ မြဟန်၊ မိုးမင်းစာပေ၊ ၁၉၈၁။
(၅) သာသနာ့ဝန်ထမ်းဆိုတာ သာသနာကို ကာကွယ်ဖို့ပဲ၊ ၂၅ သြဂုတ် ၂၀၀၉၊ ခေတ်ပြိုင်။

http://www.khitpyaing.org/

အပြည့်အစုံဖတ်ချင်ရင်...

Saturday, September 5, 2009

အရေးတော်ပုံ အောင်ရမည်



အရေးတော်ပုံကြီး အောင်မြင်ရေးသည် မြန်မာနိုင်ငံသား အားလုံး၏ တာဝန်တစ်ခုဖြစ်ပေသည်၊ စက်တင်ဘာ နှစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ကြီးသည် နီးကပ်လာသည်နှင့်အမျှ သံဃာ့လှုပ်ရှားမှုအရှိန်အဟုန်သည် ဒီရေအလား မြင့်သထက်မြင့်လာပေပြီ၊ သံဃာတော်များသည် နအဖ စစ်မိစ္ဆာကောင်တို့အား ယနေ့အချိန်ထိ သပိတ်လှန်ခြင်း မပြုလုပ်ရသေး၊ နအဖ စစ်မိစ္ဆာကောင်များကလည်း မိမိတို့ ကျူးလွန်ထားသည့် ပြစ်မှုများအပေါ် ၀န်ချတောင်းပန်ခြင်း မရှိသေးသလို ဖမ်းဆီးချုပ်နှောင်ထားသည့် ရဟန်းသံဃာတော်များအားလည်း လွတ်ပေးခြင်းမရှိသေးပေ၊ ထိုအချက်တို့သည် တတိယအကြိမ် သံဃာ့အရေးတော်ပုံကြီး ဖြစ်ပေါ်လာစေရန် အဓိက အကြောင်းအချက်များပင်ဖြစ်သည်။

သံဃာတော်များသည် နအဖ စစ်မိစ္ဆာကောင်တို့အား ယခင်ကလဲသပိတ်မှောက်ခဲ့သလို ယခုလဲ သပိတ်မှောက်ထားဆဲ နှောင်လဲ သပိတ်မှောက်နေအုံးမည်ဖြစ်သည်၊ နအဖသည် အရေခြုံဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်၊ ထိုကဲ့သို့သော သူများ တိုင်းပြည်မှာ မတရာ ညှင်းဆဲ အုပ်ချုပ်နေသရွေ့ ဘာသာ သာသနာ ကွယ်ပျောက်ရုံတင်မက လူမျိုးပါ ဆိပ်သုဉ်းရတော့မည့် အန္တရာယ်ဆိုးများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရမည်သာဖြစ်ပေသည်။

သံဃာတော်များသည် သာသနာ့အန္တရာယ်ကျရောက်နေသည်ကို ကာကွယ်ပေးရန် တာဝန်အပြည့်ရှိပေသည်၊ သာသနာ့အန္တရာယ်ကျရောက်နေသည့် မြန်မာနိုင်ငံတွင် သံဃာတော်များသည် ဂန္ထဓူရ ၀ိပဿနာဓူရ ဟူသည့် ဓူရနှစ်ဖြာကိုလည်း စိတ်အေးချမ်းသာစွာ ပြုလုပ်နိုင်မည်မဟုတ်ပေ၊ မိမိတို့၏ ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီး မတိမ်ကော မပပျောက်ရေးအတွက် မိမိတို့၏အသက်ကို ဘုရားသာသနာတော်ကြီးအား ပေးလှူကာ ကာကွယ်စောက်ရှောက်ကြရပေမည်။

ဘုရားသာသနာတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် မင်းကောင်း မင်းမြတ်တို့ အုပ်ချုပ်မှသာလျှင် ကောင်းစွာတည်တံ့နိုင်မည်ဖြစ်ပေသည်၊ မင်းဆိုးမင်းညစ်တို့သည် မိမိတို့အာဏာတည်မြဲရေးနှင့် ငါကောင်းစားရေးဝါဒကိုသာ တွင်တွင်ကျင့်သုံးကြသူများဖြစ်သောကြောင့် မိမိလူမျိုးတို့ အထွတ်အမြတ်ထား ကိုးကွယ်ရာ ဘာသာ သာသနာအပေါ်မှာ ယုတ်မာရိုင်းစိုင်း စော်ကား ဖျက်ဆီးဖို့ ၀န်လေးသူများ မဟုတ်ကြပေ၊ လူငယ်လူရွယ်များသည် အတုမြင် အမှတ်မှားကာ ယုတ်မာ ဆိုးသွမ်း ရိုင်းစိုင်းသည့် အကျင့်စရိုက်များ (မကောင်းမှု ဒုစရိုက်များ) ထွန်းကားသည်ထက် ထွန်းကားလာတော့မည်မှာ ဧကန်မုချ မြေကြီးလက်ခတ် မလွဲပင် ဖြစ်ပေသည်။

သာသနာတော်ကြီးကို ချစ်မြတ်နိုးကြသည့် ရဟန်းသံဃာတော်များသည် ယနေ့အချိန်ထိ မင်းဆိုး မင်းညစ် စစ်မိစ္ဆာဝါဒီတို့အား ဓမ္မနည်း(တရားသောနည်းလမ်း) ဖြင့် ဆက်ဆက် တိုက်ပွဲဝင်ဆဲ တော်လှန်နေကြဆဲ၊ သာသနာတော်ကြီးကို အကြောင်းပြုကာ မင်းဆိုးမင်းညစ် မိစ္ဆာဝါဒီတို့နှင့် ပေါင်းပြီး သာသနာတော်ကြီးကို ဖျက်ဆီးနေကြသောသူများကလည်း အမိမြန်မာပြည်ကြီးတွင် ဒုနဲ့ဒေးပင်၊ မည်သို့ပင်ဖြစ်စေ အမှန်တရားသည် အမှားကို အောင်နိုင်စမြဲ၊ ဓမ္မသည် အဓမ္မကို အောင်နိုင်စမြဲမို့ မဝေးတော့သည့်အချိန်တွင် အမှားနှင့်အမှန် ပိုင်းခြား ကွဲပြားတော့မည့် သံဃာ့အရေးတော်ပုံကြီး ဧကန်မုချပေါ်ပေါက်လာတော့မည် ဖြစ်သည်၊ တစ်ကမ္ဘာလုံးရှိ အမှန်တရားကို ချစ်မြတ်နိုးကြသည့် သူတော်ကောင်းများ ရင်သပ်ရှုမောရမည့် ဒုတိယရွှေဝါရောင် တော်လှန်ရေးလှိုင်းလုံးကြီးသည် နအဖ စစ်မိစ္ဆာ အမှိုက် အညစ်အကြေးများအား ရှင်းလင်းပယ်ရှားရန် တစ်ရွေ့ရွေ့စီးဆင်းလာနေပြီဖြစ်ပေသည်။

သာသနာတော်ကို ချစ်မြတ်နိုးကြသည့် အမိမြန်မာပြည်သူပြည်သား ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် သံဃာ့တပ်ပေါင်းစု ဦးဆောင်သည့် သံဃာ့အရေးတော်ပုံကြီးနှင့်အတူ စစ်မှန်ငြိမ်းချမ်းပြီး သူတော်ကောင်း မင်းကောင်းမင်းမြတ်များဖော်ဆော်နိုင်ရန် မိမိတို့စွမ်းနိုင်သည့် တာဝန်တစ်ခုကိုယူ၍ ပူးပေါင်ပါဝင်ဆင်နွဲကြဖို့ အချိန်ကြရောက်ပီဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။

သံဃာ့အရေးတော်ပုံ မုချအောင်ရမည်။
စစ်မိစ္ဆာကောင်များ မုချ ကျဆုံးရမည်။
အမိမြန်မာပြည် အမှန်တရား ထွန်းကားရမည်။
မင်းကောင်းမင်းမြတ် ဧကန်မုချပေါ်ထွန်းရမည်။

တက္ကသိုလ် သောတုဇနဘိက္ခု (ရန်ကုန်)



အပြည့်အစုံဖတ်ချင်ရင်...

Thursday, September 3, 2009

တိုက်တွန်းနှိုးဆော်ခြင်း



၀၄။၀၉။၂၀၀၉

လေးစားအပ်ပါသော ရဟန်းရှင်လူ ကျောင်းသား ပြည်သူ တပ်မတော်သားအပေါင်းတို့ ....

န အ ဖ စစ်အုပ်စု၏ အကျဉ်းစခန်းအသီးသီးတွင် အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခြင်း

ခံထားရသော သံဃာတော်များကို ပြန်လွတ်ပေးရန် တောင်းဆိုထားသော……………

မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျို သမဂ္ဂနှင့် သံဃာ့သမဂ္ဂီအဖွဲ့တို့၏ တောင်းဆိုချက်များကို

န အ ဖ စစ်အုပ်က ယနေ့တိုင် လိုက်နာခြင်းမရှိသေးပါ။

ထို့အပြင် သံဃာတော်များအား ဆက်လက်ထပ်မံဖမ်းဆီးနေခြင်းမှာလည်း မလုပ်သင့် မလုပ်ထိုက်သော လုပ်ရပ်များဖြစ်သည်၊ သို့ဖြစ်ပါ၍ ၁၃၇၁-ခုနှစ် သီတင်းကျွတ်လဆန်း(၁၄) ရက် (02.10.2009) နေ့ မွန်တည့် (12:00)နာရီအချိန်ကို နောက်ဆုံးထား၍ တောင်းဆိုထားသော…… မတရားဖမ်းဆီးထားသောသံဃာတော်များအားချက်ချင်းလွတ်ပေးရန်၊
သံဃာတော်များအပေါ်နှိပ်စက်သတ်ဖြတ်စော်ကား မှူများကိုအမြန်ဆုံးပြန်

လည်တောင်းပန်ရန် စသော တောင်းဆိုချက်များကို လိုက်နာခြင်းမရှိပါက သီတင်းကျွတ်လပြည့် (မဟာပ၀ါရဏနေ့) တွင် န ဖ အ စစ်အုပ်စုအား ပြည်တွင်းပြည်ပရှိ သံဃာတော်များက တတိယအကြိမ်မြောက် ပတ္တနိကုဇ္ဇန ကံဆောာင်မည်ဖြစ်ပါသောကြောင့် ရန်ဟန်းရှင်လူ ကျောင်းသားပြည်သူများက ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။


မြတ်ဗုဒ္ဓ၏ ဓမ္မအောင်လံ မိုးထက်လျှံမှ
အဓမ္မကို အောင်နိုင်မယ်။
မိစ္ဆာတွေဘေးက ဝေးကြမယ်။



မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖွဲ့

အပြည့်အစုံဖတ်ချင်ရင်...

Wednesday, September 2, 2009

အောက်တိုဘာ ၃ ရက်



(၂၀၀၇ တုန်းက)
ရှေ့မှာလက်နက်၊ အာဏာစက်နှင့်
မထူးဇာတ်ခင်း၊ အရူးမင်းနှင့်
ကိုယ့်ဘက်ငဲ့တတ်၊ နောက်လိုက်အငတ်တို့
သံဃာ့သွေးခင်း၊ လမ်းနင်းလျှောက်ကာ
ယုတ်မာခဲ့သည် ။

(ဒီမိုတွက်နှင့်)
ညီနောင်တို့သွေး၊ မခြောက်သေးဘူး
လမ်းခုလတ်နှင့်၊ သွေးမပြတ်နှင့်
ညီညွတ်ချိန်ခါ၊ သွေးစည်းစွာနှင့်
(၂၀၀၉ - သံဃာ့တပ်ဦးမှာ)
ကျောင်းသားပြည်သူ၊ ခြံရံကူလို့
(အဓမ္မ)အာဏာဟူသမျှ၊ တွန်းလှန်ရမည်
ငါတို့သွေးတွေ၊ နီရဲစေ။ ။

Black
http://bigbbrown.blogspot.com/

အပြည့်အစုံဖတ်ချင်ရင်...