ဟစ်တိုင်။ ။၂၀၀၃ခုနှစ် မေလ၃၀ရက် ဒီပဲယင်းအရေးအခင်းဖြစ်တဲ့ညက လမိုက်ည၊မြန်မာလို ၁၃၆၅ခုနှစ် ကဆုန်လကွယ်ည လို့  သိရတယ်ဘုရား။အဲဒီ လမိုက်ညကိုမှ အာဏာရှင်တွေက ရွေးပြီးဒေါ်စုတို့ ကို စနစ်တကျ လုပ်ကြံခဲ့တာလို့  အများကပြော နေကြ တယ်ဘုရား။ဦးဇင်းအနေနဲ့  ဘယ်လို ထင်မြင်ချက် ပေးချင်ပါသလဲဘုရား။
ဦးဇင်းဦးဝိမလ။ ။ ဦးဇင်းအမြင်ကတော့ သူတို့ စနစ်တကျ ကြိုတင်ကြံစည်ခဲ့တာဖြစ်တယ်။ပုံမှန်အားဖြင့်ဒေါ်အောင်ဆန်းစုကြည် တို့ အဖွဲ့ ဦးဇင်းတို့ ကျည်ရွာကို ရောက်ရမယ့်အချိန်ဟာ နံနက်ပိုင်းဖြစ်ရပေမယ့်၊ ဒီပဲယင်းမှာ ကုလားမယား ခြေ မချရဘူးဆို တဲ့ စီမံချက်တွေကြောင့် နအဖ က ဒေါ်စုတို့ အဖွဲ့ကို ညဘက်ကျမှ ရောက်စေချင်ခဲ့တာ သိပ်သိသာတယ်။သတ်ကွင်းထဲကို တ မင် မောင်းသွင်းသလို…စီမံချက်ချ၊အကွက်ကျကျ….ကြိုတင်ကြံစည်ရွေးချယ်……လုပ်ကြံခဲ့ကြတာ ဖြစ်တယ်။ ဒီပဲယင်းမှာ အ သေ လုပ်ကြံမယ်လို့  ဗိုလ်ချုပ်မှုးကြီးဆီက အမိန့် အော်ဒါ ရပြီး ထားပုံရတယ်။ဒါ့ကြောင့် ဒီပဲယင်းအရေးအခင်းကို ညဘက်မှာ ဖန်တီး ချင်လို့  ဒီပဲယင်းမရောက်ခင် ဘုတလင်မြို့ မှာကတည်းက အချိန်ဆွဲ နှောက်ယှက်ဟန့် တား နည်းဗျုဟာတွေနဲ့  ဒီပဲ ယင်းမြို့ အ ဝင်ကို နံနက်မဝင်စေဘဲ ညဘက်ဝင်ဖြစ်အောင် ကြိုတင်ကြံစည်ခဲ့ကြတာပဲ။ လမိုက်ညဖြစ်သွားတော့ အတိုင်းထက်အလွန်ပေါ့။ ဒေါ်စုတို့ ကို လုပ်ကြံမယ့် သတ်ကွင်းနေရာကို ကျည်ရွာ(သို့ မဟုတ်)ရွာသစ်ရွာ ရဲစခန်းသစ်နေရာလို့  နအဖက မေ ၃၀ မတိုင် ခင် ရက်အနည်းငယ် ကတည်းက ကြို စီစဉ်ထားခဲ့ပုံရတယ်။
ဦးဇင်းတို့ ကျည်ရွာအလွန် ရွာသစ်ရွာစိုက်ပျိုးရေးစခန်းလို့ အများခေါ်နေကြတဲ့  ရွာသစ်ရွာ ဆည်မြောင်းဦးစီးဌာနခြံဝင်းကို အ ခင်း မဖြစ်ခင် ရက်အနည်းငယ်ကတည်းက ယာယီရဲစခန်းအဖြစ် သတ်မှတ်ကာ လုံခြုံရေးရဲတွေ တိုးမြှင့်ချထားခဲ့တယ်။ ခြံဝင်းထဲကို ဘောက်စာ(bowser)ကားကြီးများ၊မြေညှိစက်ကားကြီးများ၊စစ်ထရပ်ကားများ၊အလောင်းကောက်မည့်ကားများ ကြိုတင် ရောက် ရှိနေရာယူထားခဲ့တယ်လို့ သိရတယ်။စခန်းအနီး ကားလမ်းဘေးက သစ်ပင်ကြီးတပင်ကိုလည်းအခင်းဖြစ်မယ့် နေ့ မှာ ပြတ်လု ပြတ်ခင် လွှနဲ့ တိုက်ထားပြီး၊သံကြိုးတွေနဲ့  လဲမကျအောင် ယာယီထိန်းထားခဲ့တယ်လို့ ကြားသိခဲ့ရတယ်။
ကားလမ်းတဘက်တချက်က သစ်ပင်ကြီးတွေပေါ်မှာလည်း ညကြည့်မီးဆလိုက်ကြီးတွေ ကြိုဆင်ထားခဲ့တယ်လို့ သိရတယ်။ဒါ့
အပြင် အခင်းဖြစ်မယ့်နေ့ ညနေ (၃)နာရီလောက်မှာ နအဖတွေက အဲဒီရွာသစ်ရွာဂိတ်စခန်းထဲကို ဆရာတော်တွေကို ပင့်ပြီး
သီတင်းသုံးနေထိုင်ခိုင်းပြီး နောက်နေ့ မှ ပြန်ကြွစေတယ်လို့ သိရတယ်။စစ်ကိုင်းတိုင်းသံဃာ့မဟာနာယက ဆရာတော် (၂)ပါး၊ ရေဦးမြို့ နယ်သံဃနာယက ဆရာတော်တွေ၊ဒီပဲယင်းမြို့ နယ် သံဃာ့နာယက ဆရာတော် ဦးနန္ဒော။ခွန့် တောင်း (ဒေသအခေါ် =ခတောင်း )ကျေးရွာ သံဃာ့နာယကဆရာတော် ဦးနန္ဒောဘာသ။
အင်ပင်ကုန်းထဲ ကျေးရွာသံဃနာယကဆရာတော် ဦးနန္ဒိ အစရှိတဲ့ဆရာတော်တွေကို ပင့်ထားပြီး အခင်းဖြစ်ပြီးနောက်နေ့ မှာ
ဆရာတော်တွေကို သက်သေအဖြစ် လက်မှတ် အတင်းထိုးခိုင်းခဲ့တယ်လို့ ကြားသိရတယ်။လက်မှတ်ထိုးရတဲ့စာရွက်မှာ (အဓိ ကရုဏ်းဖြစ်ပွားရခြင်းမှာ ဒေါ်စုကြည်ယာဉ်တန်းက သူတို့ ကို စတင်တိုက်ခိုက်တဲ့အတွက် သူတို့ က ပြန်လည်တိုက် ခိုက်ရိုက် နှက်ရတာဖြစ်တယ်)လို့ ရေးထားပြီး၊ဟုတ်မှန်ကြောင်းလက်မှတ်ရေးထိုးခိုင်းတာလို့ သိရတယ်။
၂ပါးတည်းသာ လက်မှတ်ထိုးပေးခဲ့တယ်လို့ သတင်းထွက်လာတယ်။နအဖအလိုကျ လက်မှတ်ထိုးပေးခဲ့တဲ့၂ပါးကတော့..ဒီပဲ ယင်းမြို့ နယ် သံဃာ့နာယက ဆရာတော် ဦးနန္ဒောနဲ့  ခွန့် တောင်း ကျေးရွာ သံဃာ့နာယကဆရာတော် ဦးနန္ဒောဘာသတို့ 
ဆိုပြီး သတင်းထွက်လာတယ်။
ဟစ်တိုင်။ ။ သံဃာတွေထဲမှာလည်း ပြည်သူ့ ဘက်က၊ အမှန်တရားဘက်က လိုက်ပါကြတဲ့ သံဃာတွေ ရှိသလို ၊ စစ်အာဏာရှင် နအဖအလိုကျ အဂတိလိုက်စားကြတဲ့ သံဃာတွေလည်း ရှိသေးတယ်ဆိုတာသိလာရတယ်ဘုရား။ဦးဇင်းတို့ လို ပြည်သူတွေကို ကူညီကယ်တင်ဆေးကုပေးတဲ့ သံဃာတွေကျတော့ ဘာ့ကြောင့် ဘယ်လို အဖမ်းခံရပြီး ဘာပုဒ်မတွေနဲ့ ထောင်ချခဲ့တာလဲဆိုတာ့ နားမလည်နိုင်လို့ ရှင်းပြပါဦးဘုရား ။
ဦးဇင်းဦးဝိမလ။ ။ အခင်းဖြစ်စဉ်ကို သူ့ ရက်နဲ့ သူပြောပြနေတာဆိုတော့ ဦးဇင်းထောင်ကျတဲ့အကြောင်းက မရောက်နိုင်ဘူးဖြစ် နေ သေးတာပေါ့။လာမယ်ကြာမယ်။တဖြည်းဖြည်းချင်းစိတ်ရှည်ရှည်နဲ့ နားထောင်။ ဦးဇင်းပြောပြရင်းနဲ့ လိုရင်းရောက်လာပါလိမ့်မယ်။
ရွာသစ်ရွာရဲဂိတ်မှာ ဒေါ်စုတို့ ကို အပြီးသတ် ကားနဲ့ တိုက်သတ်ဖို့ အထိ ကြိုတင်စီစဉ်ခဲ့တာကို ချောဆွဲခံရတဲ့ ကားဒရိုင်ဘာ တဦး ကိုယ်တိုင် ဦးဇင်းနဲ့ ထောင်ထဲမှာ တွေ့ လို့  သူပြောပြလို့ သိခဲ့ရတယ်။
ဒေါ်စုကားကို မျက်နှာချင်းဆိုင်တိုက်ခိုင်းတဲ့ကားက ရွှေဘိုနဲ့ ကျောက်မြောင်းပြေးဆွဲနေတဲ့ ခရီးသည်တင် ဒိုင်နာအဝါတစီးနဲ့  ဒီပဲ ယင်းမြို့နယ်၊ညောင်လှကျေးရွာက ယာဉ်မောင်းသူ သိန်းမြင့်(ခ)မြင့်သိန်း မောင်းတဲ့ ရိန်းဂျားကား အပြာတစီးတို့ ဖြစ်တယ်။
ဝင်တိုက်တဲ့အချိန်မှာ ဒေါ်စုတို့ သွားမယ့် ယာဉ်ကြောကားလမ်းကို သံဆူးကြိုးဂိတ်တွေနဲ့ အထပ်ထပ်ပိတ်ထားပြီးမှ လမ်း ဘေး တဘက်တချက်က ရပ်ထားတဲ့ကားတွေက ကားရှေ့ မီးကြီးတွေ ကို ဒေါ်စုတို့ ကားတန်းကို ထွန်းပေးထားချိန် ဝင်တိုက်ခိုင်း ခဲ့ တာဖြစ်တယ်။နအဖ စစ်အာဏာရှင်တွေက ဒေါ်စုတို့ ကို မေ၃၀ ညမှာ ဒီပဲယင်းအရေးအခင်း ဖန်တီးပြီး အစဖျောက်လုပ် ကြံခဲ့ ပေမယ့် ၊ ဒေါ်စုတို့ ကား ဒီပဲယင်းမြေကနေ လွတ်မြောက်သွားခဲ့တယ်။ရေဦးမြို့ မှာဒေါ်စုတို့ အဖမ်းခံရ၊ အခုထိ မလွတ်သေး၊ ဒါ တွေ အားလုံးသိနေကြပြီးပြီ။ မေ၃၀ညနဲ့ မေ၃၁ရက်နေ့  မနက် ဝေလီဝေလင်းအချိန်တွေမှာ နအဖစစ်အာဏာရှင်တွေ ဘယ် လို ကြိုတင်ကြံစည်ကာ အလောင်းတွေကောက်၊အလောင်းတွေ အစဖျောက်ခဲ့သလဲဆိုတာ ဦးဇင်းမြင်တွေ့ ကြားခဲ့ရသမျှတွေ ဆက်ပြောပြချင်တယ်။
ဟစ်တိုင်။ ။ မိန့် ပါဘုရား၊ဇာတ်ရှိန်မြင့်လာပြီဘုရား။သာမန်လူသတ်မှုမှာတောင် မသတ်ခင်ကြိုတင်ကြံစည်၊သတ်ပြီး အလောင်း ဖျောက်တာတောင် ပြစ်မှုထင်ရှားရင် ဥပဒေအပြစ်အရမ်းကြီးတယ်လို့  မှတ်သားဖူးတယ်ဘုရား၊ပြစ်မှုကျူးလွန်တဲ့ယောက်ျား တဦးက တခြားယောက်ျားတဦးကို သတ်တာထက် မိန်းမတဦးကို ကြိုတင်ကြံစည်သတ်ဖြတ်အလောင်းဖျောက်သတ်ရင် လူ သတ်မှုအပြင် မုဒိန်းမှုပါ အပိုဆု အဖြစ်ဆွဲချက်အတင်ခံရတယ်လို့  မှတ်သားဖူးတယ်ဘုရား။အခုဒီပဲယင်းမှာ မိန်းမယောက်ျား အလောင်းတွေကို ဖျောက်ပစ်တယ်ဆိုတော့ နိုင်ငံတော်လူသတ်မှု၊မုဒိန်းမှုတွေအဖြစ် ဦးဇင်း ရှုမြင်မိပါသလားဘုရား။
ဦးဇင်းဦးဝိမလ။ ။ စစ်အာဏာပိုင်တွေက သူတို့ ကြိုတင်ကြံစည်ထားတဲ့ ရာဇဝတ်မှုကြီးဆိုတာ သိနေလို့ လူရမ်းကားတွေ..အပြီး သတ်.ရိုက်နှက်သတ်ဖြတ်ပြီးချိန်လို့  သတ်မှတ်ယူဆလိုက်တဲ့ မေ၃၀ ညသန်းခေါင်လောက်ကစပြီး ၊ သူတို့  အခင်းဖြစ်တဲ့နေရာ ကို ရှင်းလင်းဖို့  အသင့်စောင့်ဆိုင်းနေကြတဲ့သန့် ရှင်းရေးအဖွဲ့ ကားတွေ၊ မီးသတ်ကားတွေ ရောက်လာပြီး ကားလမ်းပေါ်က သွေးတွေကိုဆေးကြတယ်၊အလောင်းတွေကောက်ကြတဲ့နေရာမှာတောင် အသက်မသေဘဲ မျောနေတဲ့ သူတွေတွေကိုလည်း ကောက်သွားတယ်လို့  အလောင်းကောက်ရာမှာပါဝင်ခဲ့တဲ့ ဒကာတယောက်နဲ့ ဦးဇင်း ထောင်ထဲမှာ တွေ့ ခဲ့တုန်းက သူပြောပြလို့ သိခဲ့ရတယ်။
သူတဦးတည်း ကိုယ်တိုင်ကောက်ပြီး ကားတွေပေါ်တင်ပေးခဲ့ရတဲ့ အလောင်းပေါင်းဟာ (၈၇)လောင်းတိတိရှိတယ်လို့ ဦးဇင်း ကို ပြောပြတယ်။တခြားသူတွေ ကောက်တင်တာ မပါသေးဘူးနော်။အသေအပျောက်ဘယ်လောက်ဆိုတာ ခန့် မှန်းကြည့်နိုင်ပြီ ပေါ့။ အလောင်းတင်တဲ့ ကားကြီးရဲ့ အရောင်က ငွေရောင်၊သားစိမ်းငါးစိမ်းတွေတင်တဲ့ အနောက်ပေါက် တပေါက်တည်းပါတဲ့ ကားကြီး ပုံစံနဲ့ တူတယ်။အလောင်းတွေ အကုန်တင်ပြီးတာနဲ့ အဲဒီကားကြီးဟာ ရွာသစ်ရွာ ရဲစခန်းထဲမောင်းဝင်သွားတယ်။ ဘယ် နေရာမှာ အလောင်းတွေကို ဖျောက်ဖျက်ပစ်လိုက်တယ်မသိဘူး.. အလောင်းကောက်သူတွေ၊အလောင်းကားပေါ်တင်ပေးရသူတွေရဲ့ လက် မောင်း ဘယ်ညာနှစ်ဖက်လုံးမှာ အဖြူရောင် လက် ပတ် တွေ ပတ်ထားခိုင်းပြီး ၊ရင်ဘတ်မှာလည်း တံဆိပ်အဝိုင်းတွေကို အမှတ် အသားတွေအဖြစ် တပ်ခိုင်းထားတယ်လို့ …
အဲဒီ ဒကာပြောပြလို့ သိခဲ့ရတယ်။အလောင်းကောက် သန့် ရှင်းရေးလုပ်ကြတာ မေ၃၁ မနက် ၃နာရီလောက်မှာမှ သိမ်းကြ တယ် လို့ သိရတယ်။ ဦးဇင်းကိုယ်တိုင် နောက်နေ့ မနက်လင်းတော့ ပေါက်ပြားတလက်ထမ်းရင်း အခင်းဖြစ်တဲ့ လယ်ကွင်းတွေဘက် သွားကြည့်ခဲ့တယ်။စစ်သားတချို့  မြေကွက်လပ်တခုမှာ အမှိုက်တွေ မီးရှို့ နေတာတွေ့ ခဲ့ရတယ်။
သင်္ကန်းအစုတ်၊ပုဆိုးထမီအစုတ်တွေ၊အမျိုးသားအမျိုးသမီးဝတ်အင်္ကျီအစုတ်တွေ၊ပင်နီအင်္ကျီနဲ့ အန်အယ်လ်ဒီ ရင်ထိုးတံဆိပ် တွေကို ကောက်ယူစုပုံ မီးရှို့ နေတာ တွေ့ ခဲ့ရတယ်။
ဦးဇင်းကြားဖူးသလောက် တဘက်သတ်လုပ်ကြံမှုတွေမှာ အလောင်း၁၀လောင်းကျော်ရင် နိုင်ငံတော်လူသတ်မှုမြောက် တယ် လို့ မှတ်သားခဲ့ရဖူးတယ်။
ဟစ်တိုင်။ ။ဦးဇင်းကို ဘယ်နေ့ မှာ လာဖမ်းတာလဲဘုရား။
ဦးဇင်း ဦးဝိမလ။ ။ ဒီပဲယင်းအရေးအခင်းမှာ ပြည်သူဘက်က ကူညီသူတွေ၊ မသေဘဲကျန်ခဲ့သူတွေ ဇွန်လဆန်းမှာပဲ စတင်အ ဖမ်း ခံကြရတယ်။ဇွန်လ ၂ရက်နေ့ မှာ ပျံကျကျေးရွာက ဦးသန်းထွန်းရဲ့ သား ကိုမောင်ထွန်း အဖမ်းခံရတယ်။အကြောင်းက အရေး အခင်းမှာ ထွက်ပြေးလွတ်မြောက်လာကြတဲ့ ကျောင်းသူကျောင်းသားတွေကို ကူညီမှုနဲ့ တဲ့။သူနဲ့ ဦးဇင်း ဒီပဲယင်းရဲ စခန်း အချုပ် ထဲမှာ ဆုံခဲ့လို့  သူပြောပြလို့ သိခဲ့ရတယ်။လာဖမ်းတဲ့ အာဏာရှင်တွေက သူ့ အဖေ လယ်တဲထဲက ဓါတ်မြေသြဇာ မြေဆီ ၂အိတ် ကို ရေမြောင်းထဲ ကန်ချပြီး လယ်တဲကိုလည်း မီးရှို့ သွားခဲ့တယ်လို့ ကိုမောင်ထွန်း ပြောပြလို့ သိခဲ့ရတယ်။
ဦးဇင်းနဲ့ ဦးဇဝန(၂၀၀၄ခုနှစ် အိန္ဒိယရောက်မြန်မာသံချပ်ခွေတွင် ဂုဏ်ပြုစပ်ဆိုခြင်းခံရတဲ့ ဦးဇင်း) တို့ ကို လာဖမ်းတဲ့ရက်က ဇွန် လ ၆ရက်နေ့ ။ဦးဇင်းကျောင်းကို ဒီပဲယင်းလူသတ်ပွဲ ခေါင်းဆောင် ရွှေဘိုခရိုင် ခယက ဥက္ကဌ ဒု ဗမက သန်းဟန်။မြို့ နယ်ရဲ မှုး သောင်းဝင်း။ကျေးရွာ ရယက သိန်းဇော်။ရဲတပ်ဖွဲ့ ဝင်တွေ ရောက်လာပြီး၊ ခေတ္တမေးမြန်းစရာရှိလို့ လိုက်ခဲ့ပါတဲ့။ဦးဇင်းတို့ ကို ဒီပဲယင်း အချုပ်မှာ ချုပ်ထားတယ်။ပြီးတော့ ဦးဇင်းတို့ နဲ့ အမှုတွဲ =ကျည်ရွာက ကိုကြီးညိုနဲ့ ကိုခင်မောင်လွင်(၂၀၀၄ခုနှစ် အိန္ဒိယ ရောက်မြန်မာသံချပ်ခွေတွင်ဂုဏ်ပြုစပ်ဆိုခြင်းခံခဲ့ရသူ၂ယောက်)။
ပြီးတော့ ဘုရားထွက်ရွာက ကိုတိုက်မင်းနဲ့ ကိုစက်ငွေ တို့  ဖမ်းဆီးခံရတယ်။
ဦးဇင်းတို့ အားလုံးကို (၃၆နာရီ ကျော်) ဆွမ်းထမင်းမကျွေး၊ရေ မတိုက်ဘဲ ချုပ်ထားတယ်။
ဦးဇင်းကို ၂ညတိတိ အိပ်ခွင့်မပေးဘဲ စစ်ကြောရေးလုပ်တယ်။အဲဒီအချုပ်မှာနေစဉ် မိသားစုတွေနဲ့ ဆက်သွယ်ခွင့် မပေးခဲ့ဘူး။
လူတွေကို ညှင်းပန်းနှိပ်စက်တာ ပိုဆိုးတယ်။ ကိုစက်ငွေ ကို ရိုက်နှက်နှိပ်စက်ပြီး ၊ယောက်ျားတန်ဆာကို မီးရှို့ ၊အပ်နဲ့ ထိုး စစ်ဆေးတယ်။ ကိုကြီးညိုကို သံကြိုးနဲ့ ရိုက်နှက်စစ်ဆေးတယ်။
စစ်ဆေးတဲ့ စစ်ခွေးတွေဟာ အရက်မူးရူးသောက်စားပြီး စစ်ဆေးတယ်။ ဦးဇင်း ဒီပဲယင်းအချုပ်မှာရှိစဉ် စစ်ကြောရေး ဝင်ရလွန်းလို့  ဘယ်လောက်ထိ ကြာသွားတယ်။ ရက်စွဲတွေ မမှတ်မိတော့ဘူး။ဒီလိုနဲ့ ရွှေဘိုထောင်ကို မိုးရွာနေတဲ့ ညပိုင်းမှာ ရောက်တာပဲမှတ်မိတော့တယ်။ထောင်ဗူးဝရောက်တော့ဦးဇင်းကိုသင်္ကန်းချွတ်၊ဖိနပ်ချွတ်ခိုင်းတယ်။ ထောင်ဝါဒါတွေက ကျောနဲ့ ရင်ဘတ်ကို လက်သီးနဲ့ ဝိုင်းထိုးကြတယ်။မိန်းဂျေးလ်ရုံးမှာတခါ ဦးဇင်းရဲ့ ခေါင်းကို နံပါတ်တုတ်နဲ့  အရိုက်ခံရတယ်။
ရွှေဘိုထောင်ရောက်ပြီး ၃ရက်မြောက်နေ့ မှာ ထောက်လှမ်းရေးတွေက ထောင်ဗူးဝရုံးခန်းကိုခေါ်ပြီး နံနက် ၈နာရီ ကနေ ညနေ ၃နာရီအထိစစ်တယ်။ဒီပဲယင်းဖြစ်စဉ်တွေ ပြန်မေးတယ်။
ဘယ်သူက စ ရိုက်တာလဲ ။ရွာသားတွေက စ လုပ်တာလား လို့ မေးတယ်။ ဦးဇင်းက …ကြံ့ဖွတ်၊စွမ်းအားရှင်လူရမ်းကားတွေနဲ့ ဘုန်းကြီးအတုတွေက လေးခွနဲ့ အရင်ပစ်ခဲ့တယ် .. ရွာသားတွေမှာ ဘာလက်နက်မှ မပါဘူး၊..လို့ ဖြေလိုက်တယ်။
ထောက်လှမ်းရေးတယောက်က ဦးဇင်းကို မိုက်မိုက်ရိုင်းရိုင်းမေးတယ်..
“ကားမီးရှို့ တာ မင်းဦးစီးပြီး ရှို့ တာ မဟုတ်လား။ ငါတို့ မှာ အထောက်အထားတွေရှိတယ်။ မငြင်းနဲ့ ”
လို့  ဖြဲခြောက်တယ်။ ဦးဇင်းက…”ကျုပ်တို့ က ဦးဇင်းတွေ။ အကျိုးမဲ့တဲ့ အလုပ်ကို အရင်ကလည်းမလုပ်ခဲ့ဘူး။
အခုလည်းမလုပ်ဘူး။ နောင်လည်းလုပ်မှာ မဟုတ်ဘူး” လို့ ပြန်ဖြေလိုက်တယ်။
မင်း ဘာဖြစ်လို့  အသံချဲ့ စက်နဲ့ ရွာထဲ လိုက်အော်တာလဲလို့ မေးတယ်။ ဦးဇင်းက..
ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၊မြန်မာပြည်ကောင်းစားရေး ကိုယ်ကျိုးစွန့် လုပ်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းသမီး ဒေါ်အောင် ဆန်းစုကြည် ကို ရွာကလူတွေ မြင်ဖူးအောင်ကြည့်ကြဖို့ ဆော်သြခဲ့တာ။လို့ ဖြေလိုက်တယ်။
မင်းရောမြင်ဖူးလို့ လား လို့ ထပ်မေးတယ်။
ကျုပ်လည်း မမြင်ဖူးလို့  ထွက်ကြည့်တာပေါ့ ..လို့ ပြန်ပြောလိုက်တယ်။
ထွက်ကြည့်ချင်ရင် မင်းတယောက်တည်း ထွက်ကြည့်ပေါ့။ အသံချဲ့ စက်နဲ့  --ီး မို့ လို့  အော်ရတာလားလို့ ဦးဇင်း ကို ဆဲတယ်။
လူ ဘယ်နှစ်ယောက်သေလဲ လို့ ထပ်မေးတယ်။
တတိယပိုင်း မကြာမီတင်ဆက်ပါမည်။
(ဟစ်တိုင် http://www.hittai.org/main.htm မှ အင်တာဗျူးအား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။
Saturday, May 30, 2009
မေလ ၃ဝ ရက် - ဒီပဲယင်း အရေးအခင်းနေ့ (၆) နှစ်ပြည့် အထူးအစီအစဉ် အင်တာဗျူး (ဒုတိယပိုင်း) ။
Labels: သတင်း
Posted by Ashin dhamma at 9:15 AM 0 comments
လူမှန်နေရာမှန် တိုက်ပွဲဝင်ကြပါ၊ ဒီမိုကရေစီအောင်ပွဲ ရကိုရရမည်
၂၉ မေ ၂၀၀၉
line
အာဏာရှင် နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ပရောက် အစိုးရ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်း စသည်တို့သည် မြန်မာပြည် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးအတွက် အပြန်အလှန် နိုင်ငံရေးတိုက်ပွဲ ဆင်နွှဲနေကြသော ရှေ့တန်းမှ ခေါင်းဆောင်များ ဖြစ်ကြသည်။ ရန်သူစစ်အုပ်စုအား ပြည်တွင်းပြည်ပမှ ညှပ်ပူးညှပ်ပိတ် တိုက်ပွဲဝင်ရန်အတွက် ပြည်တွင်းမှ မတိုက်နိုင်သော နိုင်ငံရေးတိုက်ကွက်များကို ပြည်ပအတိုက်အခံအဖွဲ့များမှ တိုက်ပွဲဝင်ရန် လိုအပ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရန်သူ၏ စစ်ဖိနပ်အောက်တွင် ရှိနေ၍ တိုက်ပွဲကို ထင်သလိုမတိုက်နိုင်ဘဲ ရန်သူအား အမျိုးသားပြန်လည်သင့်မြတ်ရေး တောင်းဆိုမှုအဆင့်ကိုသာ လုပ်နိုင်ပါသည်။ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာပေါင်း (၈၂) ရာခိုင်နှုန်းဖြင့် အနိုင်ရရှိထားသော အဖွဲ့ဖြစ်၍ အစိုးရတရပ် ဖွဲ့နိုင်ပါသည်။ သို့သော် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က ဖယ်မပေးသဖြင့် ဒီမိုကရေစီကူးပြောင်းရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကသာ နိုင်ငံတော် တည်ငြိမ်အေးချမ်း သာယာမှုရှိမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ယုံကြည်လက်ခံထားပါသည်။
အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံဖြစ်သော ကမ္ဘောဒီးယားတွင် ဟွန်ဆန်အုပ်စု၊ ပိုပေါ့အုပ်စု၊ သီဟာနုအုပ်စုတို့က အာဏာလုရာတွင် ကမ္ဘောဒီးယာပြည်သူ နှစ်သန်းမျှ သေဆုံးခဲ့သည့်အပြင် တိုင်းပြည်လည်း မွဲပြာကျခဲ့သည်ကို NLD က နမူနာယူသည်ဟု ထင်ပါသည်။ ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒီမိုကရေစီကူးပြောင်းရာတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကသာ ငြိမ်းချမ်းသော နည်းလမ်းဖြစ်သည်ဟု ယုံကြည်သည့်အတိုင်း ယနေ့အထိ နအဖအစိုးရကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးကို NLD ခေါင်းဆောင်များနှင့် ကမ္ဘာ့ခေါင်းဆောင် များတို့က တစိုက်မတ်မတ် တောင်းဆိုနေကြသည်။
အမျိုးသားပြန်လည်သင့်မြတ်ရေး စင်မြင့်သို့ နအဖတက်လာရန် ဆယ်စုနှစ် နှစ်ခုအထိ ခေါ်ဆောင်နေသော်လည်း မအောင်မြင်ဘဲ ရှိနေသည်မှာ နအဖကို ဖိအားပေးရာတွင် အလွန်မှ အားပျော့နေ၍ ဖြစ်ပါသည်။ နိုင်ငံရေးတွင် နအဖက နေရာတိုင်းတွင် အထက်စီးရနေပါသည်။ ဥပမာ ကုလသမဂ္ဂတွင် နအဖကသာ ပြောရေးဆိုခွင့်ရရှိ ထားခြင်း၊ အိမ်နီး နားချင်းဖြစ်သော အင်အားကြီး တရုတ်၊ အိန္ဒိယတို့က စီးပွားရေးအရ ထောက်ခံနေခြင်း၊ တိုင်းရင်းသားလက်နက် ကိုင်များနှင့်လည်း အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းထားနိုင်ခြင်း စသည်တို့ ပါဝင်သည်။
အတိုက်အခံအင်အားစုဖြစ်သည့် NCGUB အစိုးရမှာလည်း အင်အားချည့်နဲ့နေ၍ စစ်အစိုးရက အလေးမထား၊ နိုင်ငံတကာအစိုးရများ၏ ထောက်ခံမှုလည်း အပြည့်အ၀မရရှိဘဲ ရှိနေသည်။ သို့ဖြစ်၍ NCGUB အင်အားတောင့်တင်းရန် တိုင်းရင်းသားလူမျိုးများဖြင့် တိုးချဲ့ဖွဲ့စည်းသွားမည်ဟု ၂၀၀၈၊ ဖေဖော်ဝါရီလ (၉) ရက်နေ့မှ (၁၂) ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် တနေရာမှ MP များ ကွန်ဖရင့်တွင် မူအားဖြင့် ချမှတ်ခဲ့ပြီးဖြစ်သည်။ အကယ်၍ NCGUB အစိုးရကို တိုင်းရင်းသားများနှင့် တိုးချဲ့နိုင်ခဲ့လျှင် အင်အားကောင်းသော အစိုးရလည်းဖြစ်လာပြီး ကမ္ဘာ့အလယ်တွင် နအဖနှင့် နင်လားငါလား ပြောဆိုခွင့်ရှိလာမည်။
အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့တွင် MPU ကွန်ဖရင့်ကို ၂၀၀၉၊ ဇန်န၀ါရီလ (၂၀) ရက်နေ့မှ (၂၇) ရက်နေ့အထိ ကျင်းပခဲ့ရာတွင် NCGUB နှင့် တိုင်းရင်းသားများ၊ ဒီမိုကရေစီခေါင်းဆောင်များတို့နှင့် တိုးချဲ့ဖွဲ့စည်းရန် ထပ်မံအတည်ပြုခဲ့ပြန်သည်။ NCGUB အစိုးရတိုးချဲ့ရေးအတွက် လုပ်ငန်းကော်မတီအဖွဲ့ ဖွဲ့စည်းခဲ့ရာတွင် အနောက်ဘက်ဒေသအတွက် MPU မှ ဒေါက်တာတင့်ဆွေ၊ ဦးထန်လျန်းပေါင်တို့ကို တာဝန်ယူစေပြီး အရှေ့ဘက်ခြမ်းတွင် ဦးခွန်မြင့်ထွန်း၊ ဦးမောင်မောင်အေး၊ ဦးပီတာလင်းပင်တို့ကို တာဝန်ယူစေခဲ့သည်။ လုပ်ငန်းမြန်ဆန်ရေးအတွက် MPU မှ တာဝန်ခံ (၅) ဦးနှင့် NCUB အဖွဲ့ဝင် (၅) ဦးတို့ကို တာဝန်ပေးအပ်ခဲ့သဖြင့် လုပ်ငန်းကော်မတီတွင် စုစုပေါင်း (၁၀) ဦးဖြစ်သည်။ ယနေ့တွင် ယင်းလုပ်ငန်းကော်မတီသည် NCGUB နှင့် တိုင်းရင်းသားတိုးချဲ့ရေးအတွက် အစွမ်းကုန် ကြိုးပမ်းနေသည်ကို တွေ့ရသဖြင့် ကျွန်ုပ်တို့ များစွာအားရမိပါသည်။
NCGUB အစိုးရကို တိုးချဲ့ရာတွင် အချို့တိုင်းရင်းသားအဖွဲ့များကဆိုလျှင် NCGUB အစိုးရအမည်ကို ဖျက်သိမ်းပြီး အမည်အသစ်ဖြစ်သော အစိုးရအဖွဲ့ (ဖက်ဒရယ်အစိုးရဟု) ပြောင်းလိုဟန်ရှိသည်။ တိုင်းရင်းသားအဖွဲ့ဆိုသည်မှာ နယ်မြေနှင့် လူထုထောက်ခံမှုရှိသော အဖွဲ့ကို ဆိုလိုသည်။ အစည်းအဝေးတခုတွင် ဦးဘိုလှတင့် (၀န်ကြီး) က နာမည်ပြောင်းတာ ခက်ခဲသည့် ကိစ္စမဟုတ်၊ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ရှိနေပြီးဖြစ်၍ အခြေအနေတခုခု ရောက်သည်နှင့် အဖွဲ့ဝင်များ ဆုံးဖြတ်ချက်ဖြင့် အမည်ပြောင်းလိုက်ရုံသာရှိသည်။
အမျိုးသားညွန့်ပေါင်းအစိုးရသည် MP ကွန်ဖရင့်မှ ရွေးချယ်ထားသော ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်၍ ပြည်သူ့ထံမှ (Mandate) ရရှိထားသော အစိုးရဖြစ်သည်။ နယ်မြေရှိသော တိုင်းရင်းသားလူမျိုးစုများနှင့် ပူးပေါင်းပြီးနောက် အင်အားကောင်းသော အစိုးရတရပ်ဖြစ်လာပြီးဖြစ်၍ ကမ္ဘာ့ခေါင်းဆောင်များကြားတွင် ထည်ထည်ဝါ၀ါနှင့် နေရာဝင်ယူနိုင်ပါသည်။ နိုင်ငံတကာအစိုးရများကို သွားရောက်စည်းရုံးနိုင်သည့်အပြင် ကုလသမဂ္ဂတွင် စစ်အစိုးရသံအမတ်ကို ဖယ်ရှားပြီး ယင်းနေရာတွင် မိမိတို့ တရားဝင်အစိုးရအဖြစ် နေရာရယူနိုင်သည်။ ကုလသမဂ္ဂထိုင်ခုံမှ မြန်မာသံအမတ်ဖယ်ရှားရေး
(Credential Challenges) လိုမျိုး NLD က လုပ်နိုင်မည်မဟုတ်၊ NCGUB ကသာ လုပ်နိုင်မည်ဖြစ်၍ CC နှင့် တိုက်ပွဲဝင်ရန် NCGUB က မဖြစ်မနေ ဆောင်ရွက်သင့်သည်။
ကမ္ဘာ့ကုလသမဂ္ဂထိုင်ခုံမှ မြန်မာသံအမတ် ဖယ်ရှားရေး (CC) တိုက်ပွဲမအောင်မြင်နိုင်ဟု စိုးရိမ်သူများရှိသကဲ့သို့ အောင်မြင်ရန်ရှိသည်ဟု ဆိုသူလည်းရှိသည်။ နိုင်ငံရေးတိုက်ကွက်တခုအဖြစ် မနိုင်သေးတာဘဲရှိသည်။ ရှုံးသွားသည်ဟူ၍တော့ မရှိနိုင်။ မိမိတို့တင်လိုက်သော CC လျှောက်လွှာကို CC ကော်မတီက လက်ခံလိုက်သည်နှင့် အထွေထွေညီလာခံ၌ ကမ္ဘာ့ခေါင်းဆောင်များကြားတွင် မြန်မာ့အရေး ပွက်လောရိုက်ကုန်ကြမည်ဖြစ်သည်။
ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းသံဃာတော်များ ဖမ်းဆီးထောင်ချခြင်းနှင့် နာဂစ်မုန်တိုင်းကာလတွင် ပြည်သူတို့ဒုက္ခအရေးထက် အာဏာတည်မြဲရေးအတွက် ၎င်းတို့ရေးဆွဲထားသော အခြေခံဥပဒေ အတည်ပြုရေးကိုသာ ဦးစားပေးဆောင်ရွက်နေခြင်းကို တွေ့မြင်ရသော နိုင်ငံတကာအစိုးရ ခေါင်းဆောင်များတို့က စစ်အစိုးရကို စိတ်ကုန်နေကြသည်။ မည်သို့လုပ်မှ စစ်အစိုးရ ပြောင်းလဲလာမည်လဲ၊ အမေရိကန်နိုင်ငံက ကုန်သွယ်ရေးပိတ်ဆို့မှု (Sanction) လုပ်ခဲ့သော်လည်း ထင်သလောက် ခရီးမပေါက်ခဲ့ပေ။ ထို့ကြောင့် မြန်မာ့အရေး ကမ္ဘာ့ခေါင်းဆောင်များ ကြားတွင် ငြင်းခုံမှု ဆူညံစေပြီး ပိုမိုထင်ပေါ်လာစေရန် CC အား တင်ကိုတင်ရမည်ဟု ယူဆသူက များသည်။
အထွေထွေညီလာခံတွင် မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ နအဖစစ်အစိုးရအား ကန့်ကွက်သည့် နိုင်ငံ နှစ်စဉ်တိုးလာ နေသည်။ ၂၀၀၈ ခုနှစ်တွင် စစ်အစိုးရကို ထောက်ခံမဲ (၂၈) မဲ၊ ကြားနေမဲ (၆၃) မဲ၊ ကန့်ကွက်မဲ (၈၉) မဲ ရှိနေသည်ကို ကြည့်ခြင်းဖြင့် CC တိုက်ပွဲသည် မုချအောင်မြင်မည်ဟု ယုံကြည်နေကြသည်။ CC ကို ဆက်လက်တိုက်ပွဲဝင်ရန် ပြည်တွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ UNA အဖွဲ့၊ ဥရောပ-ဘားမား ဖိုရမ်အဖွဲ့၊ MPU အဖွဲ့၊ NCUB အဖွဲ့၊ ပြည်ပရောက် နိုင်ငံရေးအဖွဲ့ပေါင်းများစွာနှင့် လူပုဂ္ဂိုလ်များစွာတို့က MPU သို့ အီးမေးလ်ဖြင့် ပေးပို့ကြသော ထောက်ခံစာများ များစွာရရှိပါသည်။
၂၀၀၉ ခုနှစ်အတွင်းတွင် စစ်အစိုးရအား CC နှင့် တိုက်ပွဲဝင်ရန် ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ (၂) ရက်နေ့အထိ ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကျင်းပသော SCC အစည်းအဝေးတွင်လည်း ခေါင်းဆောင်များတို့က တင်ပြဆွေးနွေးကြပါသည်။ CC တိုက်ပွဲနှင့်ပတ်သက်၍ တိုက်ပွဲဝင်နိုင်ရေးအတွက် NCUB မှ ကမကထပြုပြီး Campaign ပြုလုပ်ပေးပါရန် အားလုံးသဘောတူကြသည်။ ထို့ကြောင့် NCUB ဦးဆောင်ပြီး အဖွဲ့ပေါင်းစုံပါဝင်သော CC Campaign ကို (၂၇၊ ၄၊ ၂၀၀၉) ရက်နေ့တွင် ပြုလုပ်နိုင်ခဲ့သည်။ သို့ဖြစ်၍ NCGUB အနေဖြင့် CC သည် အများဆန္ဒဖြစ်၍ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ တာဝန်မရှိပါ။ CC ကို မဆောင်ရွက်ခြင်းသာလျှင် NCGUB တွင် တာဝန်ရှိသည်။
စစ်အစိုးရအား နောက်ထပ်တိုက်ကွက်တခုနှင့် ထပ်မံတိုက်ပွဲဝင်နိုင်ရန် မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) မှ ဥက္ကဋ္ဌ ဦးသိန်းဦး၊ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးတို့က ဦးဆောင်ပြီး နိုင်ငံတကာရာဇ၀တ်မှုခုံရုံး (ICC) တွင် စစ်အစိုးရခေါင်းဆောင်များကို တရားစွဲဆိုနိုင်ရန် မေလ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ ဘန်ကောက်မြို့ Winsaa Hotel တွင် Camping ပြုလုပ်ရာ၌ နိုင်ငံရေးအဖွဲ့များမှ ခေါင်းဆောင်များနှင့် နိုင်ငံတကာမှ ဥပဒေပညာရှင်များ၊ NGO အဖွဲ့ဝင်များ AIPMC မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လူတရာနီးပါး တက်ရောက်ပါသည်။
MPU အဖွဲ့မှ နှစ်ယောက်တက်ခွင့်ရသဖြင့် ယင်း Camping တွင် ကျွန်ုပ်လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။ ယင်း Camping တွင် နိုင်ငံတကာရှေ့နေများတို့က စစ်အုပ်စုမှ လူသားဖြစ်မှုကို ဆန့်ကျင်သည့် ရာဇ၀တ်ပြစ်မှု (Crimes Against Humanity) ကို ကျူးလွန်ပါလျက်နှင့် ပြစ်ဒဏ်မှ ကင်းလွတ်နေသည်မှာ တရားမျှတမှုမရှိဟု တင်ပြကြပြီး စစ်အစိုးရ ကျူးလွန်ခဲ့သော ပြစ်မှုများကို စနစ်တကျစုစည်းပြီး ICC ကို မဖြစ်မနေတင်ကြရန် တက်ရောက်လာသော ခေါင်းဆောင်များအားလုံး သဘောတူကြသည်။
စစ်အာဏာရှင်ခေါင်းဆောင်တိုင်းသည် ICC တွင် တရားစွဲဆိုခံရပြီဆိုလျှင် ရှေ့ပြေးနိမိတ်အဖြစ် ကျဆုံးချိန်တန်ပြီဟု အချက်ပြလိုက်သည်နှင့် တူနေသည်။ ကမ္ဘာ့အလယ်တွင်လည်း လူဆိုးစာရင်းဝင် ပုဂ္ဂိုလ်တဦးအဖြစ် နာမည်ကြီး ကျော်ကြားလာတော့မည်။ ထို့ကြောင့် ICC သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ကြောက်ရွံ့တုန်လှုပ်စေသော လက်နက်ဖြစ်သည်။ ICC တွင် စစ်အုပ်စုကို တရားစွဲရန် ဦးဆောင်နေသော ဦးအောင်ထူးကို မြန်မာ့သံရုံးမှ ၀ရမ်းထုတ်ပြီး ဖမ်းရန် အကြံရှိခဲ့သော်လည်း ထိုင်းအစိုးရက ခွင့်မပြုသဖြင့် စစ်အစိုးရ အကြံပျက်ရသည်။
စစ်အစိုးရ၏ အားနည်းချက်များကို ရှာဖွေပြီး မီဒီယာဖြင့် ဖော်ပြခြင်းသည် ဒီမိုကရေစီအဖွဲ့များတို့၏ တာဝန်ဖြစ်သည်။ စင်ပြိုင်အစိုးရ NCGUB အားကောင်းလာစေရန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU ၏ တာဝန်ဖြစ်သည်။ နိုင်ငံတကာအစိုးရများကို ချဉ်းကပ်စည်းရုံးရန်နှင့် မြန်မာ့သံအမတ်ကို ကုလသမဂ္ဂမှ ဖယ်ရှားရန် CC ကို လုပ်ဆောင်ရေးသည် NCGUB အစိုးရ၏ တာဝန်ဖြစ်သည် (NCGUB သည်သာလျှင် CC ကို လုပ်ပိုင်ခွင့်ရှိသောအဖွဲ့ ဖြစ်သည်)။
စစ်အစိုးရခေါင်းဆောင်များကို ကမ္ဘာ့တရားခုံရုံးသို့ပို့ရန် မြန်မာနိုင်ငံရှေ့နေများကောင်စီ BLC ၏ တာဝန်ဖြစ်သည်။ (ဥပမာ ။ ။ AIPMC နှင့် MPU အဖွဲ့တို့ ထိတွေ့ဆက်စပ်တာမျိုး) အဖွဲ့အားလုံး၏ လုပ်ငန်း လျင်မြန်ချောမွေ့ရေးအတွက် အမျိုးသားကောင်စီ NCUB က ကူညီပံ့ပိုးရန် တာဝန်ဖြစ်သည်။ နအဖ စစ်အစိုးရကို အမျိုးသားပြန်လည်သင့်မြတ်ရေး စင်မြင့်ပေါ်သို့တက်ရန် ခေါ်ခြင်းသည် ပြည်ပရောက် အတိုက်အခံအဖွဲ့များ၏ လုပ်ငန်းတာဝန် မဟုတ်ပါ။ CRPP အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၏ တာဝန်သာဖြစ်သည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ဘက်က စစ်အစိုးရကို (Pressure) ဖိအားပေး တိုက်ပွဲဝင်ရန်သာ လိုအပ်သည်။
ဒီမိုကရေစီဘက်တော်သားအပေါင်းတို့ ပြည်သူ့ဒုက္ခကိုသာ ကြည့်၍ အတ္တ၊ မာနကို နောက်မှာထားကာ ကိုယ့်နေရာနှင့် ကိုယ်၊ ကိုယ့်တာဝန်နှင့် ကိုယ်၊ လူမှန် နေရာမှန် တာဝန်သိသိ တိုက်ပွဲဝင်ခြင်းဖြင့် ကျွန်ုပ်တို့ အောင်ပွဲ ရကိုရမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
ခေတ်ပြိုင်မှတင်ပြသည်။
Labels: ဆောင်းပါး
Posted by Ashin dhamma at 12:43 AM 0 comments
Friday, May 29, 2009
မေလ (၃၀) ရက်နေ့  - ဒီပဲယင်းအရေးအခင်းနေ (့၆) နှစ်ပြည့် အထူးအစီအစဉ် ။
မြန်မာနိုင်ငံသမိုင်းတွင် စစ်လက်နက်အားကိုးဖြင့်တိုင်းပြည်အာဏာကို မတရားရယူ၍ အစိုးရအမည်ခံအုပ်ချုပ်နေ သော နအဖ စစ်အာဏာရှင်တို့ ၏ အရုပ်ဆိုးအကျည်းတန်သော လုပ်ရပ်များစွာထဲမှ ထင်ရှားသောသွေးစွန်းလုပ်ရပ်တခုကို ထုတ်ပြပါဆို လျှင် မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ ကျည်ရွာအနီးတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပြည်သူပြည်သားတို့ အား နအဖ စစ်အုပ်စုက ၂၀၀၃ခုနှစ်မေလ ၃၀ရက်သောကြာ နေ့ ည လမိုက်ညတွင် တဘက်သတ် ခြုံခိုတိုက်ခိုက် ရိုက်နှက်သတ်ဖြတ်လုပ်ကြံကြသောသမိုင်းဝင် ကမ္ဘာသိ ဒီပဲယင်းအရေး အခင်းနေ့ ဟု ပြောရပါလိမ့်မည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီအဖွဲ့ ချုပ် ဒု-ဥက္ကဌ အဘဦးတင်ဦး၊လူကြီး လူငယ်တချို့  အသက်ဘေးမှ လက်မတင် လေး လွတ်မြောက်ခဲ့သော်လည်း၊ အပြစ်မဲ့ လက်နက်မဲ့ပြည်သူများ သေပွဲဝင်ခဲ့ရသော သွေးစွန်းနေ့  ဒီပဲယင်းနေ့ သည် ယခု နှစ် ၂၀၀၉ မေလ ၃၀ရက် နေ့ ဆိုလျှင်ဘာလိုလိုနှင့် ၆နှစ် ပတ်လည်ပင် ရောက်ရှိခဲ့ပေပြီ။ထိုသို့ တနှစ်တနှစ် တိုးကာ ကြာမြင့် လာသော်ငြားနိုင်ငံတော်လုပ်ကြံမှုဖြစ်သော ထိုအရေးအခင်းတွင် ပါဝင်ပတ်သက်ခဲ့ကြသော မြန်မာ့သမိုင်း စစ်ရာဇဝတ် ကောင် ၊ရဲရာဇဝတ်ကောင်၊ကြံ့ဖွတ် စွမ်းအားရှင် ရာဇဝတ်ကောင်တို့ သည် ယခုအထိ အမှုဖွင့် တရားစွဲဆိုခြင်း မခံရသေးဘဲ၊ လက်နက် မဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်နာကြသော အပြစ်မဲ့ပြည်သူတို့ နှင့်တကွ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင် ဦး တို့ သည် တရားလိုအဖြစ်မှတရားခံအဖြစ်သို့ ရောက်နေကြရရှာသော ခေတ်ပြောင်းပြန် ခေတ်ပျက်ကြီးထဲက အမှန်တရား ပျောက်ဆုံးနေဆဲ ဒီပဲယင်းနေ့ ၆နှစ်ပတ်လည်ဟုပင် ဆိုလိုက်ချင်တော့သည်။
သမိုင်းမှန်လျှင် ဖျောက်ဖျက်မရ။ သမိုင်းကို လူလုပ်သဖြင့် သမိုင်းမှန်ထဲတွင် အမှန်တကယ် ပါဝင်ပတ်သက်ခဲ့သော သက်ရှိထင် ရှား အသိဥာဏ်မချို့ ယွင်းကြသော လူတို့ ၏အသံသည် ကမ္ဘာအနှံ့  ပဲ့တင်ထပ်ကာ ပျံ့ နှံ့ နေမည် အမှန်ပင်တည်း။
စစ်အာဏာရှင်တို့ က ဘယ်လိုပင် ဆင်သေကို ဆိတ်သားရေနှင့် ဖုံးကွယ် ပလေ့စေ။မဝေးလှသောအနာဂတ်တွင် အမှန်တရား ၏ တရားစီရင်မှုခုံရုံးရှေ့ တွင် မျက်မြင်သက်သေများ၏ ခိုင်လုံသော ထွက်ချက်များကြောင့် သမိုင်းဘီးတပတ်ပြန်လည်လျှက် ပြည်သူတို့ ကို တရားမဲ့စော်ကားခဲ့သော သွေးကြွေးတို့ ကို ပြည်သူ့ ခုံရုံး ကြိုးစင်ထက်တွင် အာဏာရှင်ဆာဒမ်ဟူစိန်ကဲ့ သို့  သန်းရွှေတို့ ငမိုက်သားတသိုက် လှလှကြီး ပြန်ပေးဆပ်ရဦးမည်ကို မြင်ယောင်နေမိတော့သည်။
သွေးစွန်းခဲ့သော ဒီပဲယင်း အရေးအခင်း ကာလအတွင်း မျက်မြင်သက်သေအဖြစ် ပါဝင်ပတ်သက်ခဲ့သူ၊
အရေးအခင်းမှာ ပြည်သူဘက်က ကူညီပါဝင်ခဲ့လို့  ထောင်ဒဏ်ကျခံခဲ့ရသူ၊၂၀၀၄ခုနှစ် အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ အိပ်ငိုက်ချင်းမှ ချက်ချင်းထလော့ တိုက်ပွဲခေါ်သင်္ကြန်သံချပ်ခွေထဲမှာ ထည့်သွင်းစပ်ဆိုဂုဏ်ပြု ခံခဲ့ရတဲ့ ဦးဇင်းတပါး ။
ယခုအခါ အမေရိကန်နိုင်ငံ၊အာရီဇိုးနားပြည်နယ်၊ဖီးနစ်မြို့ တွင် အခြေချနေထိုင်နေသူ၊ သာမန်လူမဟုတ်သော သံဃာတော် အရှင်သူမြတ် ဦးဇင်း ဦးဝိမလအား မိမိတို့ ဟစ်တိုင် အမေရိက သတင်းထောက်တဦးက လူတွေ့ အင်တာဗျူးလုပ်ကာ တင်ပြ ထားချက်များကို ယခု ဒီပဲယင်း ၆နှစ်ပတ်လည် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့အတွက် ဟစ်တိုင်အထူးအစီအစဉ်အဖြစ် အောက်ပါအတိုင်း တင်ဆက်လိုက်ရပါသည်။
ဟစ်တိုင်။ ။ဦးဇင်းဘုရား၊ဦးဇင်းကို ဒီပဲယင်းနေ့ အတွက် အင်တာဗျုးခွင့်ရတာ တပည့်တော်တို့ ဟစ်တိုင် မီဒီယာအဖွဲ့ ကိုယ်စား တပည့်တော်က ဝမ်းမြောက်ကြောင်း ဦးတင်လျှောက်ထားပါတယ်ဘုရား။ဦးဇင်းဘွဲ့ တော်ကစလို့  ဦးဇင်း ကြုံတွေ့ ခဲ့ရတဲ့ ဝမ်း နည်းဖွယ်ရာဒီပဲယင်းအရေးအခင်း ဖြစ်ရပ်မှန်တွေကို အများတကာ သိရှိမှတ်သား အကျိုးများအောင် ဟစ်တိုင်မှတဆင့် ပြည့် ပြည့်စုံစုံလေး မိန့် ကြားပေးတော်မူပါဘုရား။
ဦးဇင်းဦးဝိမလ။ ။ဦးဇင်းဘွဲ့ က ဦးဝိမလ ဖြစ်ပါတယ်။ဦးဇင်းဇာတိက စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့ နယ်၊ဒီပဲယင်းနဲ့ လေးမိုင်အကွာ ကျည်ရွာဇာတိပါ။ ဒီပဲယင်းမြို့ နယ်၊စိုင်ပြင် အထကကျောင်းမှာ အလယ်တန်းအထိ လောကီပညာ သင်ခဲ့တယ်။၆တန်းမှာပဲ ကျောင်းကထွက်ပြီး၊ ဇာတိ ကျည်ရွာ၊မြောက်ကျောင်းကြီးမှာ ရှင်သာမဏေကိုရင် စတင်ဝတ်ခဲ့တယ်။အဲဒီနောက် ၁၉၉၄ခုနှစ် မှာ ရဟန်းဘောင်သို့ ဝင်ပြီး ၊မုံရွာမြို့ဓမ္မပါရဂူ ပါဠိတက္ကသိုလ်စာသင်တိုက်၊ရန်ကုန် သန်လျင်မြို့ မင်းကျောင်းပထမပြန် စာသင် တိုက် ၊ရန်ကုန် သင်္ဃန်းကျွန်း ရွှေနားပန်ကျောင်းတိုက်တွေမှာ လောကုတ္တရာ စာပေတွေ လေ့လာသင်ယူခဲ့တယ်။၂၀၀၂ ခုနှစ် ထဲမှာ ကျန်းမာရေးချို့ တဲ့နေတဲ့ ဦးဇင်းဇာတိ ကျည်ရွာကျောင်း ဥပဇ္ဈယ်ဆရာတော်ကြီးကို ပြန်လည်ပြုစုဖို့  တပည့်တပါး အနေ နဲ့ အလှည့်ကျလာတာမို့ ၊ရွာကျောင်းမှာ ပြန်လည်သီတင်းသုံးခဲ့တယ်။
ဟစ်တိုင်။ ။၂၀၀၃ခုနှစ် မေလ ၃၀ရက်မှာ ဦးဇင်းတို့ ကျည်ရွာ ကားလမ်းမပေါ်မှာ နာမည်ကျော် ဒီပဲယင်းအရေးအခင်း ပေါ် ပေါက် လာပုံကို မိန့် ကြားပါဦးဘုရား။
ဦးဇင်းဦးဝိမလ။ ။အဲဒီအရေးအခင်းဖြစ်တော့ ဦးဇင်း ကျည်ရွာမှာ သီတင်းသုံးနေတယ်။ဦးဇင်းကြုံတွေ့ ခဲ့တာတွေ ပြန်ပြောပြ မယ်။ ၂၀၀၃ခု မေလဆန်းကတည်းက ဒကာမကြီးဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာပြည်အနှံ့ စည်းရုံးရေးခရီးလှည့် လည်နေတယ်ဆိုတဲ့သတင်းကို ရေဒီယိုတွေက တဆင့် ဦးဇင်းကြားသိနေခဲ့ရတယ်။ဒေါ်စုတို့ အဖွဲ့ ကို ပြည်သူတွေ သောင်း သောင်းဖျဖျ ကြိုဆိုကြတာတွေ၊နအဖ စစ်တပ် ရဲ မီးသတ် ကြံ့ဖွတ် စွမ်းအားရှင်တွေက ခရီးလမ်းမှာ အမျိုးမျိုးနှောက်ယှက် နေတဲ့ သတင်းဆိုးတွေလည်း ဦးဇင်းကြားနေခဲ့ရတယ်။ဦးဇင်းတို့  ဒီပဲယင်းကို လာမယ်လို့ လည်း သိရတယ်။ ဒီလိုနဲ့ ဒေါ်စုတို့ သတင်းနားစွင့်နေရင်း ရွာသူရွာသားတွေကလည်း ဒေါ်စုတို့ လာရင် သွားကြိုကြမယ်ဆိုတဲ့ အသံတွေကလည်း ရွာထဲမှာကြား နေရတာ အားရှိစရာပေါ့။မေလ၂၆ရက်ရက်နေ့ ရောက်တော့ မကောင်းတဲ့သတင်းတခုကြားရတယ်။ရွာထဲက ဒကာတယောက် က ဦးဇင်းကို လာလျှောက်တယ်။အားလုံးက လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ပြည်သူ့ အချစ်တော် လူထု ခေါင်းဆောင်ဒေါ်စုတို့ ကို တွေ့ ချင်လို့ ဝမ်းသာပျော်ရွှင်နေချိန်မှာ၊ ဒေါ်စုတို့ ကို မုန်းနေတဲ့ နအဖလက်ပါးစေ အလိုတော်ရိ ပြည် သူ့ သစ္စာဖောက် ကြံ့ဖွတ်နဲ့ စွမ်းအားရှင်တွေက ဒီပဲယင်း မြို့တော်ခန်းမ (ဆရာစံခန်းမ)မှာ စခန်းချပြီး လက်နက်ကိုင်သင်တန်း တွေပေးနေတာ တွေ့ ခဲ့ရတယ်ဘုရားလို့  လာလျှောက်တယ်။
နောက်တခု ကြားခဲ့ရတာကိုလည်း ဦးဇင်းကို လျှောက်တယ်။ ကျည်ရွာကားဂိတ်နဲ့  ကိုက်၄၀အကွာလောက်မှာရှိတဲ့တဖက်ရွာ =ဘုရားထွက်ရွာစပ်က ဘောလုံးကွင်းထဲမှာ ကျည်ရွာ ရယက ဥက္ကဌ သိန်းဇော်နဲ့ အဖွဲ့ ၊ရဲတပ်ဖွဲ့ တွေက လမ်းသွားလမ်းလာ ကားတွေကို ရပ်တန့် စစ်ဆေးနေတယ်။ကားပေါ်ပါ ခရီးသွားတွေကို မှတ်ပုံတင်စစ်၊ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ယူရင်း လာမယ့် မေလ ၃၀ရက်နေ့ မှာ ကျည်ရွာကားဂိတ်သို ဘယ်သူမှ မလာကြဖို့ နဲ့ လာတဲ့သူကို ဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက် ပြောဆိုနေကြောင်းတွေကို ဦးဇင်းကို ပြောပြတယ်။
ဦးဇင်းလည်း ဒကာပြောတာ ဟုတ်မဟုတ် နောက်နေ့ မေလ၂၇ နဲ့ ၂၈ ရက်နေ့ တွေမှာ ကိုယ်တိုင်သွားကြည့်ခဲ့တယ်။ မေလ ၂၇ရက်မှာ ဆရာစံခန်းမမှာ လက်နက်ကိုင်သင်တန်းတက်နေသူတွေ သိပ်မစုံသေးပေမယ့်၊ မေလ ၁၈ရက်ရောက်တော့ လူ တော်တော်စုံနေတာတွေ့ ခဲ့ရတယ်။သင်တန်းသားတွေလက်ထဲမှာ လုံထိန်းတွေကိုင်တဲ့ နံပါတ်တုတ်တွေ ကိုယ်စီရှိနေတာတွေ့ ခဲ့ရတယ်။နောက်ထပ်ရောက်လာတဲ့သူတွေအတွက် နံပါတ်တုတ် ဝေပေးဖို့ မလောက်တော့လို့ ၊ဝါးရင်းတုတ်တွေ ဆက်ဝေ ပေးနေတာတွေ့ ခဲ့ရတယ်။သင်တန်းနားချိန်မှာ မူးရူးသောက်စားကြပြီး ရွာထဲသို့ လျှောက်လည်တာ တွေ့ ခဲ့ရတယ်။တချို့ က ဆရာစံခန်းမထဲမှာပဲ လေးခွ အပစ်လေ့ကျင့်နေကြတာ တွေ့ ခဲ့ရတယ်။(ဒေါ်စုကြည်-အမျိုးဖျက်မ အလိုမရှိ။)..စသဖြင့် တိုင်ပေး သူက တိုင်ပေး၊အော်သူတွေက အော်နေကြတယ်။ဦးစီးခေါင်းဆောင်နေသူက ဒီပဲယင်းမြို့ ကြံဖွတ်အတွင်းရေးမှုး ဝင်းသိန်း ဆို တာ သိခဲ့ရတယ်။ မြို့ ရွာ နယ်စုံကလူတွေကို စားစရိတ်ငြိမ်း တနေ့ (၅၀၀) ကျပ်နဲ့ ခေါ်ယူစုဆောင်းကာ သင်တန်းပေးနေတာ လို့  သိခဲ့ရတယ်။အလားတူ ဒေါ်စုတို့ လာရင်နှောက်ယှက်ဖို့  ဦးဇင်းတို့ နဲ့ သိပ်မဝေးလှတဲ့ ရေဦးမြို့  မြို့ တော်ခန်းမမှာ၊ရေဦးမြို့ အထက(၁)ကျောင်းထဲမှာလည်း စွမ်းအားရှင်သင်တန်းဆိုပြီး လက်နက်ကိုင် သင်တန်းတွေ ပေးနေကြတာ တွေ့ ခဲ့ ရတယ်လို့  သွားကြည့်ခဲ့တဲ့ ဦးဇင်းတပါးက ပြောပြလို့ လည်း သိနေခဲ့ရတယ်။
ဒါဆို သူတို့ တွေ လူစုနေကြတာဟာ ခရီးစဉ်သတင်းတွေမှာကြားနေရသလို ဒေါ်စုတို့ အဖွဲ့ ကို နှောက်ယှက်ဖို့ ဆိုတာ သေချာ ပြီဆိုတာ ဦးဇင်းအကဲခတ်မိခဲ့တယ်။
မေ၃၀ရက်နေ့ နေ့ လည် ၁နာရီမှာ ဒေါ်စုတို့ အဖွဲ့  ဦးဇင်းတို့ ကျည်ရွာကားဂိတ်ရှေ့  ကားလမ်းတဆင့် ခရီးဆက်သွားမယ် ဆို တဲ့သတင်းကို မနက်ပိုင်းကတည်းက စိုင်ပြင်ရွာက ဒကာနှစ်ယောက် က ရွာထဲ လာပြောသွားလို့  ရွာသူရွာသားတွေ နံ နက်၁၀ နာရီကတည်းက ကျည်ရွာ ကားဂိတ်မှာ စုဝေးပြီး ထွက်ကြိုနေခဲ့ကြတယ်။ ရွာသားတွေ ထွက်ကြိုကြတဲ့သတင်းကို နအဖ လက် ကိုင်တုတ် ကျည်ရွာ ရယက ဥက္ကဌ သိန်းဇော်၊ လဝက ဦးမောင်ရှိန် ၊ကြံ့ဖွတ်တွေ၊ရဲတပ်ဖွဲ့ ဝင်တွေ သိသိချင်း ချက်ချင်းလိုက်လံ တားမြစ်ခြိမ်းခြောက်ခဲ့ကြတယ်။ကျည်ရွာကားဂိတ်မှာ ဒေါ်စုကို ထွက်ကြိုတဲ့သူတွေကို စစ်အာဏာရှင် ဘက်တော်သားတွေက ဝါးလုံးတွေတန်းပြီး ထွက်မကြိုကြဖို့ ၊ပြန်ကြဖို့ ၊မပြန်တဲ့သူတွေကို အကုန်ဖမ်းပစ်မယ် စသဖြင့် ကြိမ်းမောင်းပြောဆိုရင်း ဓါတ်ပုံ ရိုက်၊စာရင်းမှတ်လုပ်နေကြတယ်လို့  အဲဒီကားဂိတ်က ပြန်လာတဲ့ ဒကာနှစ်ယောက်က ဦးဇင်းကျောင်းမှာ နေ့ ဆွမ်းဘုန်းပေး နေတုန်း လာလျှောက်ကြတယ်။
ရွာသူရွာသားတွေက ကြောက်ရွံ့ နေကြတယ်လို့  လည်း လျှောက်ကြတယ်။ဒါနဲ့ ဦးဇင်းလည်း ကိစ္စမရှိဘူး၊ဆွမ်းစားပြီးတာနဲ့ ရွာ ထဲ လှည့်ပြီး အသံချဲ့ စက်နဲ့  အားလုံးထွက်ကြိုကြဖို့ ဆော်သြလိုက်မယ်လို့ ပြန်ပြောလိုက်တယ်။ဆွမ်းစားပြီးတာနဲ့ ကျောင်း ထိုင်ဆရာတော်ကြီးကို ရွာကအဖြစ်အပျက်တွေကို ဦးဇင်းမြင်ခဲ့ကြားခဲ့ရတဲ့အတိုင်း တင်ပြလျှောက်ထားရင်း အသံချဲ့ စက်သော့ ယူရင်း ရွာထဲဆော်သြဖို့  ခွင့်ပြုဖို့ ဆရာတော်ကိုလျှောက်ထားတော့ ဆရာတော်က ..အေး၊ဒို့  မြန်မာလူမျိုးတွေ အချင်းချင်း
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မဖြစ်သင့်တာတွေ မဖြစ်ဖို ၊့ ဒို့  တတ်နိုင်တဲ့ ဘက်က ကာကွယ်ရမယ်..လို့ ရွာထဲဆော်သြဖို့  ခွင့်ပြုရင်း မိန့် တာနဲ ၊့ ဦးဇင်းလည်း အသံချဲ့ စက်ဆရာ ကိုသိုက်ထွန်းဝင်းနဲ့ အတူအသံချဲ့ စက်ကို နွားလှည်းပေါ်တင်ရင်း ၊ရွာထဲလှည့်ကာ ဒေါ်အောင်ဆန်းစုကြည်ကို မကြောက်မရွံ့ ထွက်ကြိုကြဖို့ ၊ဦးဇင်းးကိုယ်တိုင် အသံချဲ့ စက်နဲ့ လိုက်လံဆော်သြခဲ့တယ်။
ဟစ်တိုင်။ ။ ထွက်ကြိုကြတဲ့ရွာသားစုစုပေါင်းဘယ်လောက်လို့ ခန့် မှန်းပါသလဲဘုရား။ရှေ့  ဘာဆက်ဖြစ်သေးလဲ ဘုရား။မိန့် တော်မူပါဦးဘုရား။
ဦးဇင်းဦးဝိမလ။ ။ဦးဇင်းလိုက်လံဆော်သြလို့  နံနက်၁၀နာရီကစပြီး ကျည်ရွာကားဂိတ်မှာ ထွက်ကြိုသူပေါင်းဟာ ကျည်ရွာအပါ အဝင် ရွာနီးဝန်းကျင်ကျေးရွာတွေက ကြိုဆိုသူပေါင်းဟာ ၄ထောင်ကျော် ၅ထောင်နီးပါး ရှိမယ် ခန့် မှန်းရတယ်။ကျည်ရွာမှာ အိမ်ခြေပေါင်း ၁ထောင်ခန့် ရှိတယ်။
တအိမ် မိသားစု၃ယောက်နှုန်း ထွက်ကြိုကြရင်ပဲ ကျည်ရွာမှာ ကြိုသူ ၃ထောင်ကျော်တယ်။
ဘုရားထွက်ရွာမှာ အိမ်ခြေ ၂၀၀ကျော်ရှိတယ်။မန်ကြီးအုပ်ရွာမှာ အိမ်ခြေ ၅၀ခန့် ရှိတယ်။အခြားအနီးဝန်းကျင်က လာကြိုကြသူ တွေနဲ့ပါ ပေါင်းလိုက်ရင် ၄၀၀၀ကျော် လောက်ရှိမယ် ခန့် မှန်းရတယ်။ ဒေါ်စုကို ကြိုဆိုထောက်ခံသူတွေနဲ့ ဆန့် ကျင်ဘက် ၊နအဖစစ်အုပ်စုက ငွေပေးစည်းရုံးလက်နက်သင်တန်းပေး ခေါ်ဆောင်ထားတဲ့ ဒေါ်စုအဖွဲ့ ကို ဆန့် ကျင်ကန့် ကွက် နှောက် ယှက် မယ့် ကြံ့ဖွတ်၊စွမ်းအားရှင်တွေကလည်း ကျည်ရွာအရှေ့ တမိုင်ခန့် ဝေးတဲ့ ရွာသစ်ရွာ ရဲစခန်းမှာ စုရုံးနေကြတာ လူဦးရေ လေးထောင်ကျော်ခန့် ရှိတယ်လို့ ကြားသိခဲ့ရတယ်။ရွာသစ်ရွာတောင်ဘက် (အများအခေါ်=ပတွင်းတံတား)ကနေ စပြီး လမ်း ဘေးဝဲယာ တဘက်တချက်မှာ ဒေါ်စုကိုတိုက်ခိုက်မယ့် အဖွဲ့ တွေကို သူ့ အဖွဲ့ နဲ့ သူ ရဲတပ်သားတွေက ကြီးကြပ်နေရာ ချပေး နေခဲ့တယ်။ အစဉ်လိုက်ပြောရရင် ရှေ့ တန်းမှာ ဝက်လက်အဖွဲ့ ၊ဒုတိယတန်း မှာ ရွှေဘိုအဖွဲ့ ၊တတိယတန်းမှာ ခင်ဦးအဖွဲ့ ၊စတု တ္ထ တန်းမှာ ရေဦးအဖွဲ့ ၊ပဉ္စမတန်းမှာ ခယက ဥက္ကဌ သန်းဟန်တို့ အဖွဲ့ ။
ဒီလိုနဲ့ ကြိုဆိုသူနဲ့ နှောက်ယှက်သူဦးရေဟာ ဆတူ သဘောမျိုးရှိနေတာ တွေ့ ခဲ့ရတယ်။ကြိုဆိုသူတွေက မနက်ခင်းက တည်း က ကားဂိတ်ကားလမ်း တဖက်တချက်မှာ တနေကုန် စောင့်လာခဲ့ကြတာ ၊ညနေပိုင်းရောက်လာတဲ့အထိပေါ့၊
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့  ကျည်ရွာထိပ်ကို မေ၃၀ရက် ည ၇နာရီ၁၅မိနစ်လောက်မှ ရောက်လာကြတယ်။ ဒေါ်စုတို့ ကား ဆက်လက်မောင်းနှင်လာရင်း ကျည်ရွာကားဂိတ်မရောက်ခင် ကျည်ရွာအလွန် ကြည်ရွာတံတားဦးကျောင်းမှ ဦးဇင်း ဦးကောဏ္ဌည၊ဦးဇင်းဦးတေဇဓမ္မတို့ က ဒေါ်စုတို့ ကားကို တားကာ …ရွာသူရွာသားတွေက မနက်ကတည်းက ထွက်ကြိုနေကြ တာမို့ ရွာလူထု က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခေတ္တမိတ်ဆက်စကား ဟောပြောပေးဖို့ တောင်းပန်စကားပြောခိုင်းလို့  ဦးဇင်းတို့ အနေနဲ့ လာရောက်မေတ္တာရပ်ခံတာပါ…လို့ ဦးဇင်းတွေကပြောတဲ့အခါ ဒေါ်စုကားပေါ် လုံခြုံရေးလိုက်ပါလာတဲ့  လူ ငယ်တွေက ညမိုးချုပ်နေပြီး ရှေ့ ဆက်ရမယ့်ခရီးစဉ်တွေလည်း ရှိနေသေးတာမို့  ဟောပြောဖို့ အချိန်မရတော့တာကို နား လည်ပေးဖို့ တောင်းပန်လျှောက်ထားကြတယ်လို့ သိရတယ်။
ဟစ်တိုင်။ ။ဦးဇင်းဘုရား။အဲဒီ လမိုက်ည သောကြာနေ့ ညမှာ လက်နက်မဲ့တဲ့ ဒေါ်စုနဲ့ ထောက်ခံသူ လူထူကို လက်နက်ကိုင် တွေက အကြမ်းဖက်တိုက်ခိုက်ကြတာ မြင်တွေ့ ခဲ့ရသလောက် မိန့် ပါဦးဘုရား။
ဦးဇင်းဦးဝိမလ။ ။ရွာလူထုရဲ့ တောင်းပန်ချက်အရ ဦးဇင်း၂ပါးက ဒေါ်စုတို့ ကားကို တားရင်း စကားပြောဆိုကြတော့ နောက်က ကားတန်းကြီးလည်း ခေတ္တရပ်တန့် သွားတာပေါ့။ဒါကိုလည်းတွေ့ ရော စောင့်စားနေတဲ့ရွာလူထုကြီးကလည်း ဒေါ်စုတို့ ကို သောင်းသောင်းဖျဖျ ကြိုဆိုကြမယ် ဆိုတဲ့ ဝမ်းမြောက်စိတ်တွေနဲ့ ကားတန်းတွေနား စုပြုံတိုးဝှေ့ ရောက် လာကြတာပေါ့။ အလား တူ ဒေါ်စုကို နှောက်ယှက်တိုက်ခိုက်ဖို့  အသင့်စောင့်ဆိုင်းနေကြတဲ့ နအဖရဲ့ လက်မရွံ့  အာဏာပါးကွက်သားတွေ ကလည်း မူးရူးအော်ဟစ်ရင်း လူအုပ်ကြီးထဲကို လေးခွများနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ကြတယ်။ထို့ အတူ ဒေါ်စုတို့ ကားတန်း နောက်ကို နှောက်ယှက်ဖို့ မုံရွာမြို့ အထွက်ကတည်းက လိုက်ပါလာတဲ့ မှန်လုံကားတွေ၊ဒိုင်နာကားတွေ၊ဟီးနိုးကားကြီးတွေ ပေါ်က ကြံ့ဖွတ် စွမ်းအားရှင်တွေ၊လူရမ်းကားတွေဟာ မူးရူးအော်ဟစ်ရင်း လမ်းဘေးမှာ ထွက်ကြိုနေကြတဲ့ လူအုပ်ထဲကို လေးခွတွေနဲ့ စတင်ပစ်ခတ်ရင်း ရုန်းရင်းဆန်ခတ် ဖြစ်အောင် စတင်လုပ်ကြပါတော့တယ်။
ရွာလူထုဟာ ရုတ်တရက် မထင်မှတ်ဘဲ ညအချိန်မှာ အဲသလို စတင်အတိုက်ခိုက်ခံရတော့ ထွက်ပြေးသူက ထွက်ပြေး၊ လဲကြ ကွဲကြနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။
တဆက်တည်း ကျည်ရွာကားဂိတ်မှာ ဒေါ်စုအဖွဲ့ ကို နွားလှည်းပေါ်ကထိုင်ရင်း ထွက်ကြိုနေတဲ့ ဦးဇင်းတို့ ကျည်ရွာဆရာတော် ကြီး ကိုပါ မကျန် လူရမ်းကားတွေက လေးခွနဲ့ ပစ်ပါတယ်။”ဒီဘုန်းကြီးက ကြီးမှ နိုင်ငံရေးလုပ်တာ”ဟု ပြောရင်း လေးခွနဲ့ အ ပစ်ခံရသလို့  ဆရာတော်ကြီးမှာ လက်ဖနောင့်မှာတချက်၊ဆီးခုံမှာတချက် ထိမှန်သွားပြီး လှည်းပေါ်မှာ လဲကျသွားခဲ့တယ်။
ဟစ်တိုင်။ ။စစ်အာဏာရှင် ဒေါက်တိုင်တွေက သူတို့ ကို မထောက်ခံရင် ပြည်သူလူထုကို သာမက သာသနာ့ခေါင်းဆောင် ဘုရားသားတော် ရဟန်းသံဃာတွေကိုပါ ကိုယ်ထိလက်ရောက် စော်ကားရဲကြ၊စော်ကားရက်ကြတာ ..ကံကြီးထိုက်ပြီး.. အဝီစိ ငရဲလားမှာ…အရှင်လတ်လတ်မြေမျိုကြမှာတောင် မကြောက်ကြတော့ပါလား ဘုရား။ရှေ့ ဆက် ဘာဖြစ်သေးလဲ မိန့် ပါဦး ဘုရား။
ဦးဇင်းဦးဝိမလ။ ။စစ်အာဏာရူးတွေရဲ့ ခိုင်းဖက် စစ်ဘီလူးတွေဟာ သူတို့ ကို ဆန့် ကျင်ရင် ရဟန်းရော၊ကိုရင်ရော၊ ဘာသာ ပေါင်းစုံက ပြည်သူတွေကိုရော အကုန်လုံးကို မိုက်ရိုင်းစော်ကားကြတာပဲ။ဆရာတော်ကြီးသာမက လှည်းပေါ်မှာပါလာတဲ့ ကိုရင်လေးနှစ်ပါးကိုလည်းလေးခွထိမှန်ခဲ့တယ် ဒကာရေ။ဦးဇင်းတသက်မှာ မျက်စေ့ရှေ့ မှာ သံဃာတွေကို ပြည်သူတွေကို လက်ရဲဇက်ရဲ ငရဲမကြောက် စော်ကားရဲကြတာ ဒီစစ်အာဏာရှင်တွေပါလားလို့ ကိုယ်တွေ့ သိခဲ့ရတယ်။ကိုရင်လေးတပါးက နောက်စေ့ကို ထိမှန်ခဲ့တယ်။နောက်တပါးက ဦးခေါင်းထိပ်မှာ ထိမှန်ခဲ့တယ်။လှည်းပေါ်မှာ ဒဏ်ရာတွေနဲ့ လဲနေတဲ့ ဆရာ တော်နဲ့ ကိုရင်နှစ်ပါးကို သွားကယ်တဲ့ ဦးဇင်းတို့ ကျည်ရွာသား ဒကာဦးဌေးအောင်ဟာ ကိုရင်တွေကို ပွေ့ ထုတ်နေစဉ် ဦးဌေး အောင်ရဲ့ အနောက်ကနေ ဝါးရင်းတုတ်ကိုင်ထားတဲ့ နအဖလက်ပါးစေ ပြည်သူ့ သစ္စာဖောက် အသားထဲကလောက် ထွက်တဲ့ လူရမ်းကားတဦးက ခေါင်းကို ရိုက်နှက်လိုက်လို့ ဦးဌေးအောင် ခေါင်းကွဲသွားခဲ့တယ်။ဦးဇင်းတို့ လည်း ဆရာတော်၊ကိုရင်တွေ ကို ဆိုင်ကယ်တွေနဲ့ သွားရောက်ကယ် ထုတ်ခဲ့ရတယ်။အဲဒီနောက် ဦးဇင်းကိုယ်တိုင် လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်နေတဲ့ မြင် ကွင်းများကိုကုက္ကိုပင်များကို အကာအကွယ်ယူလိုက်၊လယ်ကွင်းတွေထဲ ဖြတ်ပြေးလိုက်နဲ့ ကျည်ရွာ မြောက်ဘက်တံတား က နေ တောင်ဘက်တံတားဆုံးအထိရောက်အောင် ပုန်းလျှိုးကွယ်ရှိုး နဲ့ လိုက်လံကြည့်ရှုခဲ့တယ်။အရိုက်ခံရသူတွေဟာ လူမဆန် စွာ တိရစ္ဆာန်တွေကို ရိုက်နှက်သတ်ဖြတ်နေသလို ခံနေကြရတာ တွေ့ ခဲ့ရတယ်။အရိုက်ခံရသူတွေ ဆီက ဆွဲကြိုး၊နာရီ၊လက်စွပ်၊ လက်ကောက်၊နားကတ်၊ရွှေငွေပစ္စည်းတွေကို လုယက်ဖြုတ်ယူနေကြတာ တွေ့ ခဲ့ရတယ်။အခင်းဖြစ်နေချိန်မှာ ဒကာမလေး တယောက်ကို ရိုက်နှက်သူတွေက “ နင် ဝင်းမြမြလား၊ဝင်းမြမြဆိုတာ နင်လား”လို့ မေးရင်း ဦးခေါင်းကို ဝါးရင်းတုတ် နဲ့ရိုက် နေတာတွေ့ ရတယ်။ကောင်မလေးက ဘာမှပြန်မပြောတော့ ကတ္တရာလမ်းနဲ့ခေါင်းနဲ့ မေးလို့ မရမချင်းဆောင့်နေတာတွေ့ ခဲ့ရတယ်။အဲဒီကောင်မလေး လှုပ်ရှားမှုမရှိတော့လို့  သေဖို့ များမယ်လို့ ဦးဇင်းထင်တယ်။အဲဒီနေရာမှာ ဒဏ်ရာတွေနဲ့ လူပေါင်း များစွာ သေကြတာ တွေ့ ရတယ်။
ရိုက်နှက်သူတွေထဲမှာ လူဝတ်ကြောင် လူရမ်းကားများသာမက သင်္ကန်းပတ်စည်းထားတဲ့ ဘုန်းကြီးအတုတွေပါ ဝင်ရောက်ရိုက် နှက်နေတာကိုဦးဇင်း အံ့အားသင့်စွာ တွေ့ ခဲ့ရတယ်။
ဟစ်တိုင်။ ။သံဃာအတုတွေလို့ ဘယ်လို သိရပါသလဲဘုရား။
ဦးဇင်းဦးဝိမလ။ ။ရိုက်နှက်သူတွေထဲမှာ ဘုန်းကြီးအတုတွေလို့  ဘယ်လိုသိရသလဲဆိုတော့ ထိုသူတွေဟာ ပြည်သူတွေကို ရိုက် နှက်ရင်းနဲ့ သူတို့ ပတ်စည်းထားတဲ့ ခါးဝတ်သင်းပိုင်သင်္ကန်းတွေ ကျွတ်ကျသွားတဲ့အခါ စစ်ဘောင်းဘီတိုများ၊ အရပ်ဝတ် ဘောင်းဘီတို (short pant) များ ဝတ်ထားကြတာကို ဦးဇင်းမြင်လို့ မို့  ဘုန်းကြီးအတုတွေလို့ ပြောလို့ ရတာပါ။
ဟစ်တိုင်။ ။ရဟန်း၊ကိုရင် အစစ်တွေဟာ အဲသလို အောက်ခံဘောင်းဘီတိုတွေ ဝတ်လေ့ဝတ်ထ မရှိဘူး မဟုတ်လား ဘုရား။
ဦးဇင်းဦးဝိမလ။ ။မရှိပါဘူး။ဦးဇင်းမြင်ခဲ့ရတဲ့ ဘုန်းကြီးအတုတွေဟာ သင်းပိုင်သင်္ကန်းများ ကျွတ်ကျပြီးပြန်ဝတ်ကြတဲ့ အခါ ဦးဇင်းတို့ သံဃာအစစ်တွေ သင်းပိုင်ပြန်ဝတ်သလို ပြန်မဝတ်ကြတော့ဘဲ လူတွေ ပုဆိုးဝတ်သလို သင်္ကန်းတွေကိုပြန်ဝတ်ပြီး လိုက်လံရိုက်နှက်ကြတာ တွေ့ ခဲ့ရတယ်။တချို့ ဆိုရင် သင်းပိုင်ကိုတောင် ပုဆိုးဝတ်သလို ပြန်မဝတ်တော့ဘဲ သင်္ကန်းအား လုံး ကို ချွတ်ချပြီး ဘောင်းဘီတိုများဝတ်လျှက်နဲ့ ပဲ လိုက်လံရိုက်နှက်ကြပြန်တယ်။
ဟစ်တိုင်။ ။သံဃာကိုရိုက်နှက်တာက တပြစ်၊သံဃာယောင်ဆောင်တာက တပြစ်၊လူသတ် ဓါးပြတိုက်ကြတာက တပြစ်၊အဝီစိ ငရဲလားမယ့် အပြစ်ပေါင်းစုံကို ကန်ထရိုက်ဆွဲပြီး အာဏာရှင်တွေအလိုကျ ကြိုးဆွဲရာ ကကြ ရရှာတဲ့  ထမင်းစားတဲ့ စက်ရုပ် ဘဝရောက်နေကြရသူတွေဟာ တပည့်တော်တို့ ကြားခဲ့ရသလောက် ၊ထောင်ထွက်တွေ စစ်တပ် ရဲ လုံထိန်းထဲက ကတုံးတုံး ရဟန်းအသွင်ပြောင်း မိုက်ကန်းကြရတဲ့ ငမိုက်သားတွေလို့  ကြားသိခဲ့ရတာ ဖြစ်နိုင်တယ်ဘုရား။အင်း..ရက်စက်မှုအပေါင်း သရဖူဆောင်းကြတဲ့ ဒီပဲယင်းလူသတ်ပွဲ ကြီးအကြောင်း ဆက်မိန့် ပါဦး ဘုရား။
ဦးဇင်းဦးဝိမလ။ ။ဦးဇင်းသွားကြည့်တာ ကျည်ရွာ မြောက်ဘက်တံတားအစွန်းကနေ ဟိုးဘက် တောင်ဘက် တံတားအစွန်း အထိရောက်သွားပြီး၊ အဲဒီ တောင်ဘက်ကနေ လိုက်ကြည့်ပြီး မြောက်ဘက်ကို ပြန်လာချိန်မှာ ညအမှောင်မှာ ဦးဇင်း မြင်ခဲ့ ရသရွေ့  လူပေါင်း(၉၀)ကျော်လောက် သွေးသံတရဲရဲနဲ့ တုံးလုံးပက်လက် လဲနေကြတာ တွေ့ ခဲ့ရတယ်။ရုပ်ပျက်ဆင်းပျက်နဲ့ မအော်နိုင်တဲ့သူတွေကများတယ်။ဦိးခေါင်းနဲ့ မျက်နှာတွေကို အဓိကရိုက်ခံထားကြရလို့ ဒကာဒကာမတွေကို ဘယ်သူဘယ်ဝါ ခန့် မှန်းရ ခက်လောက်အောင်ကို ရုပ်လုံးမပီသူတွေ အဖြစ် စိတ်မကောင်းစွာ တွေ့ ခဲ့ရတယ်။ဒကာမလေးနှစ်ယောက် ဆိုရင် ထပ်လျှက် မေ့လဲနေတာ တွေ့ ခဲ့ရတယ်။အပေါ်ပိုင်းအဝတ်အစားတွေ မရှိကြတော့ဘူး။သူတို့ လုံချည်နဲ့ ပေါင်တွေမှာ သွေးစီး တွေနဲ့  ကပ်နေတာကို တွေ့ ခဲ့ရတယ်။အဲဒီအထဲက အသေအပျောက်(၆၀)ကျော်လောက် ရှိမယ်လို့  ခန့် မှန်းရတယ်။
ဦးဇင်း တောင်မြောက်တံတားနှစ်စင်းကနေ ရွာဘက်ကို ပြန်လှည့်လာတော့ တံတားနဲ့ ရွာကြားက သောက်သုံးရေကန်ဘေးမှာ လဲကျနေတဲ့ဆိုင်ကယ်တွေ၊လူတွေကို တွေ့ ခဲ့ရတယ်။သေနေသူအတော်များမယ်လို့ ယူဆတယ်။ရွာကို ဆက်လျှောက်လာရင်း ကျည်ရွာကားဂိတ်နဲ့ ကိုက်၂၀လောက် အတိုင်းအတာရှိမယ့် ရေကူးမြောင်းလေးမှာ ကားတစီးမှောက်နေတာတွေ့ ရတယ်။ ကားခေါင်းထဲမှာ ဒကာတယောက် ဇက်ကျိုးပြီး မျက်လုံးတဖက်ထွက်ကျပြီး သေနေတာ တွေ့ ရတယ်။အဲဒီကား အနောက်ဖက် ပိုင်း ကားဝမ်းဗိုက် ကြမ်းပြင် သံမြောင်းလေးတွေကြားထဲမှာ လူ့ သွေးတွေ လက်တဆစ်လောက် ပြစ်ခဲနေတာတွေ့ ခဲ့ရ တယ်။ အနီးအနား လယ်ကွင်းဘက်တွေထဲကနေလည်း ကယ်ပါ၊ယူပါ တစာစာနဲ့ အော်ဟစ်ညည်းတွားနေတဲ့ အသံတွေလည်း ကြား ခဲ့ရတယ်။
ဦးဇင်း ဆက်လျှောက်လာရင်းနဲ့  ရွာနားရောက်တော့ လမ်းတနေရာမှာ ကျည်ရွာက အသက်၂၀ကျော် ဒကာလေးသက်နိုင် က “ကယ်ပါ၊ကယ်ပါ “လို့ အော်နေလို့ ၊ဦးဇင်းက ရွာသားတချို့ ကို လူနာနားမှာ အစောင့်ထားပြီး ၊ကျန်သူတွေကို ရွာပြန်ကာ လှည်းသွားယူခိုင်းလိုက်တယ်။ ဦးဇင်းက လမ်းဆက်လျှောက်လာရင်းနဲ့ ၊ လှည်းနဲ့ အတူ လှည်းယူခိုင်းလိုက်တဲ့ ဒကာတွေကို ရွာဦးဘုရားနားမှာ မျက်နှာချင်းဆိုင်ပြန်တွေ့ ကြလို ၊့ဦးဇင်းက လူနာကို ရွာကို အမြန်သယ်လာဖို့  ထပ်မှာလိုက်တယ်။
ဦးဇင်းရွာကျောင်းကို ရောက်တယ်ဆိုရင်ပဲ လေးခွဒဏ်ရာရထားတဲ့ ဆရာတော်က ဦးဇင်းပြန်မလာလို့ စိတ်ပူနေတာလို့ ဆို တယ်။ဦးဇင်းက အခု ဘာမှမဖြစ်ဘဲ ပြန်ရောက်လာပြီဘုရားလို့  ဦးချ လျှောက်ထားလိုက်တယ်။ ဒကာလေး မောင်သက်နိုင် ကတော့ လမ်းမှာ ဒဏ်ရာတွေနဲ့ ညည်းညူနေလို့ ရွာကလှည်းနဲ့ သွားသယ်နေကြပြီဘုရားလို့ လျှောက်ထားနေရင်း၊ ကြံ့ဖွတ် ဒကာတယောက်ကို ရွာသားတွေက ဖမ်းဆီးလာပြီး၊ ဦးဇင်း ထံကို လာအပ်ကြတယ်။ကျောင်းထိုင်ဘုန်းကြီးက စစ်မေးခိုင်းလို့ ဦးဇင်းက အဲဒီ ဒကာကို မေးမြန်းတော့သူက ရေဦးမြို့ နယ်၊ရေဦးကုန်းရွာကတဲ့။သူကအရက်မူးနေလို့ သည်းခံခွင့် လွှတ်ပါ ဘု ရားလို့  တောင်းပန်ရင်း သူတို့ ကြံ့ဖွတ်အဖွဲ့ တွေကို စရိတ်ငြိမ်း ၅၀၀ကျပ်ပေးပြီး အရက်တိုက်တယ်။အရက်တွေပါတဲ့ ကား တွေ နဲ့ ဟိုခေါ်ဒီခေါ် ခေါ်သွားပြီး ဒေါ်စုကြည်နဲ့ အဖွဲ့ ကို ရိုက်နှက်ခိုင်းတယ်။တပည့်တော်လည်း မူးမူးနဲ့  ဒေါ်စုကြည်တို့ ကားတန်း ကို ရိုက်နေတုန်း ၊လူသုံးယောက်က ဖမ်းချုပ်ပြီး ၊ ကြိုးတုတ်ကြီးတွေနဲ့ တုတ်ထားပြီး ဘုရားဝင်းထဲမှာ ထားထားတယ် ဘုရား၊ ဦးဇင်း၂ပါးက တွေ့ တော့ ဒီကောင် ဘယ်ကကောင်လဲလို့ ပြောနေချိန် ၊သူ့ ဒကာနှစ်ယောက်ရောက်လာပြီး၊ဒီကောင့်ကို ဦးဝိ မလဆီ ပို့ မယ်ဆိုပြီး ဒီကျောင်းကိုခေါ်လာတာပါ ဘုရားလို့ လျှောက်တယ်။
အဲဒီလို စစ်မေးနေရင်း လူနာမောင်သက်နိုင်ကို တင်လာတဲ့လှည်း ကျောင်းထဲဝင်လာတယ်။
ဒါနဲ့စစ်မေးတာ ခဏရပ်ရင်း..ဒီကြံ့ဖွတ်ဒကာကို..ကျောင်းအောက်မှာ အစောင့်တွေနဲ့ ခဏထားပြီး၊စစ်တာမပြီးသေးဘူး၊သူ့ ကို ဘာမှ မလုပ်ကြနဲ့ လို့ မှာရင်း ၊ဒဏ်ရာတွေနဲ့ မောင်သက်နိုင်ကို အရက်ပျံတွေနဲ့ ဆေးကြောပြုစုပေးရတယ်။သူ့ ဒဏ်ရာတွေက သိပ်ကြီးကျယ်တယ်။
ခြေထောက်အောက်ပိုင်းတွေ အရိုက်ခံထားရတယ်။ဦးခေါင်း အလယ်ခေါင်တည့်တည့် အရိုက်ခံထားရတယ်။ နဖူးထိပ်တည့် တည့် အရိုက်ခံထားရတဲ့ဒဏ်ရာက အတော်ကြီးတယ်။ဦးဇင်းကိုယ်တိုင် ချုပ်ပေးခဲ့ရတယ်။မျက်လုံးနှစ်လုံးစလုံး အထက် အောက် ဝါးချွန်နဲ့ အထိုးခံရတယ်။ဘယ်ဘက် လက်ခုံမှာလည်း ဝါးချွန်နဲ့ အထိုးခံရတဲ့ ဒဏ်ကြောင့် ၊ဝါးချွန်ဆိပ်တက်လွန်းလို့ ၊သူ အခံရခက်လွန်းလို့  သူ့ လက်ကို ဖြတ်ခိုင်းတဲ့အထိ ဒဏ်ရာပြင်းထန် ခံစားနေခဲ့တာ ဦးဇင်း မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ ရတယ်။ကျောင်းပေါ်မှာ ဆေးကုနေတဲ့ လူနာကို ကြည့်နေတဲ့ ဒကာမကြီး တယောက် ရုတ်တရက် မူးလဲသွားလို့ ၊ရုတ် ရုတ် သဲသဲ ဖြစ်သွားခဲ့သေးတယ်။
ကျောင်းပေါ်မှာ ဆူညံနေသလို ကျောင်းအောက်မှာလည်း ရွာသားတွေက ဖမ်းချုပ်ထားတဲ့ ကြံ့ဖွတ်ကောင်ကို ..လူတွေကို သေ အောင်ရိုက်တဲ့ကောင်ကို ပြန်သတ်မယ်..လုပ်နေကြလို့ ဦးဇင်းကဒီကောင့်ကို ဘာမှမလုပ်ကြဖို့  ဟန့် တားရင်း၊ဆယ်အိမ်မှူး ကို အခေါ်ခိုင်းပြီး ဒီကောင့်ကို ကျုပ်တို့ ဒဏ်ရာရအောင် ဘာမှမလုပ်ခဲ့ဘူး လို့ ပြောပြပြီး ပြန်လွှတ်ပေးလိုက်တယ်။
ဟစ်တိုင်။ ။ဦးဇင်းတို့ က သဘောထား ကြီးပြခဲ့တာပေါ့။ ဦးဇင်းက ဘယ်လောက် သည်းခံခွင့်လွှတ်ပေမယ့် ဦးဇင်းကို အာဏာ ရှင်တွေက နောက်ပိုင်း လာဖမ်းပြီး စစ်ကြောရေးမှာနှိပ်စက် မတရားထောင်ဒဏ်ချမှတ်ခဲ့တယ်လို့ ကြားရတယ် ဘုရား။ အသေးစိပ် ရှင်းပြပါဦးဘုရား။
ဦးဇင်းဦးဝိမလ။ ။ဒီပဲယင်းအရေးအခင်းလို့ ဆိုတဲ့ ဦးဇင်းတို့ ကျည်ရွာအနီး နိုင်ငံတော်ကစီစဉ်လုပ်ကြံတဲ့ ကျည်ရွာလူသတ်မှု ကြီး၊ လူသတ်ပွဲကြီးကို ဆက်ပြောပြရရင် ..အဲဒီ မေ၃၀ ညမှာပဲ ဒေါ်စုစီးတဲ့ကားဟာ လူရမ်းကားတွေ ရိုက်နှက်နေတဲ့ ကြားကပဲ ဒရိုင်ဘာရဲ့ ကျွမ်းကျင်မှု၊ဒေါ်စုတို့ ရဲ့ သေဘေးကလွတ်တဲ့ကံ၊ပြည်သူတို့ ပို့ သတဲ့ စစ်မှန်တဲ့ မေတ္တာဓါတ်တွေကြောင့် ရေဦးမြို့ မရောက်ခင်ရွာသစ်ရွာ ရဲစခန်းဂိတ်တွေကို တိုက်ထွက်မောင်းနှင်နိုင်ခဲ့လို့  ရိုက်နှက်သတ်ဖြတ်ခံရတဲ့အဖြစ်ဆိုးကလွတ်ထွက် ခဲ့တယ်။
ရွာသစ်ရွာရဲစခန်းမှာ နအဖဘက်က ပါဝင်ဦးဆောင်သူတွေက ခယက ဥက္ကဌ ဗိုလ်မှုးသန်းဟန်၊စခန်းမှုးဦးစိန်ဝင်း၊ မြို့နယ်မှုး ဦးသောင်းဝင်း၊ဒီပဲယင်းတောင်ပြင်ရပ်ကွက်ကချက်ကြီး(ခ)စိုးတင့်၊ဦးမြဝင်း၊ရေဦးမြို့ မယက ဥက္ကဌ ဦးစိန်မောင်ဝင်း၊ဒီပဲယင်း မယက ဥက္ကဌ ဦးတင်အုန်းတို့ ဖြစ်တယ်။ မြို့နယ်မှူးသောင်းဝင်းရဲ့ လူယုံတော် ချက်ကြီး(ခ)စိုးတင့်ဟာ အခင်းဖြစ်မယ့် နေ့ လည်ကတည်း …ဒီပဲယင်းမြေမှာ ကုလားမယား ခြေမချဘူး…လို့ မြို ထဲမှာလျှောက်အော်ခဲ့တ ယ်။ဒီပဲယင်းအရေးအခင်းမှာ အဲ ဒီအခင်းဖြစ်တဲ့ညမှာ ဒေါ်စုတို့ ကားတန်းကို ရွာသစ်ရဲစခန်းဘက်ကနေ မီးဆလိုက်တွေ ထိုးပြီး၊သေနတ်တွေနဲ့ ပစ်ခတ် တိုက် ခိုက်တယ်လို့ ကြားရတယ်၊ဗိုလ်မှုးသန်းဟန်ကိုယ်တိုင် သေနတ်ပစ်မိန့် ပေးတယ်။သူကိုယ်တိုင်လည်း ဝင်ပစ်တယ်လို့ ကြား ရတယ်။
ဒီပဲယင်းမြေမှာ ကုလားမယား ခြေမချရဘူး…လို့ မြို ထဲမှာလျှောက်အော်ခဲ့တယ်။ဒါ့ကြောင့်စစ်အုပ်စုက ဒေါ်စုကို လုပ်ကြံဖို့ ကြို တင်ကြံစည်ခဲ့တယ်ဆိုတာ အရမ်းထင်ရှားတယ်။အရေးအခင်းအပြီးမှာ လူသတ်လုယက်လို့ ရွှေငွေအများဆုံးရသူဟာ ချက်ကြီး လို့  နာမည်ကြီးလာခဲ့တယ်။ဒါပေမယ့် အခုထိ ဒီလူသတ်တရားခံတွေကို အရေးမယဘဲ ခံခဲ့ကြရတဲ့ ဒေါ်စုအပါအဝင် ဦးဇင်းတို့ ကို ထောင်ကျခဲ့တယ်။
နောက်ဒုတိယပိုင်း မကြာမီတင်ပြပါမည်။
(ဟစ်တိုင် http://www.hittai.org/main.htm မှ အင်တာဗျူးအား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။
Labels: သတင်း
Posted by Ashin dhamma at 7:01 AM 0 comments
Durgas Face to the sun
အမေရိကန်နိုင်ငံမှ အဆိုတော်အဖွဲ့က ထူထုခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည်အား ဂုဏ်ပြုသည့် စီးရီးအသစ်ထုတ်ဝေ
လိုက်တာဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှ အနုပညာရှင် အဆိုတော်ပေါင်းမြောက်များစွာတို့သည်လည်း မိမိတို့နိုင်ငံ၏ စစ်မှန်သော
လူထုခေါင်းဆောင်တစ်ယောက်အတွက် စစ်မှန်သည့် သီချင်းများဖြင့် ၀ိုင်းဝန်းဂုဏ်ပြုကြပါစို့။
Labels: ဗီဒီယို
Posted by Ashin dhamma at 12:44 AM 0 comments
Thursday, May 28, 2009
ဦးအုန်းကြိုင်နှင့် ဆက်သွယ်မေးမြန်းချက်
ကြာသပတေးနေ့၊ မေလ 28 2009 18:00 - မြန်မာစံတော်ချိန်
” ဦးကြည်ဝင်းက၂နာရီလောက် ထွက်ဆိုခဲ့တယ်။ တရားလိုပြ အချီအချ တော်တော်ပြောနေရလို့ ကြာတယ်လို့ ပြောတာပဲ။ ဘာတွေ ထွက်ဆိုခဲ့တယ်ဆိုတာကို ဦးဥာဏ်ဝင်းက သတင်းထောက်တွေကို ရှင်းပြနေတာက အဓိက ၂ချက် ထွက်ဆိုပါတယ်။”
” နံပတ် ၁ အချက်က ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ စွဲဆိုထားတဲ့ တားမြစ်ချက် ကန့်သတ်ချက်ဟာ ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခွင့်အရေး ကန့်သတ်ချက်ကို ဆိုလိုတာ ရည်ညွန်းပါတယ်၊ အဲဒီဥပဒေအရ တရားစွဲဆိုလိုတာ၊ သူတို့ဘက်က အချေအတင်ပြောကြတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေ ဦးကြည်ဝင်းက အဲဒီလိုဆိုရင် အဲဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေက မရှိတော့ဘူး။ ဒီအမှုက မှားနေပြီလို ပြောလိုက်တယ်တဲ့။”
” ၇၄ ဖွဲ့စည်းပုံ ဥပဒေက မရှိတော့ဘူးလေ။ မရှိတော့ဘူးဆိုတာက ဘာဖြစ်လို့လဲ ဆိုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်က ၁၉၉၁ခုနှစ် တပ်မတော်နေ့ မိန့်ခွန်းမှာ ၁၉၇၄ခုနှစ် အခြေခံ ဥပဒေ မရှိဘူးလို့ ပြောထားတယ်။ မရှိတော့ဘူး။ ပျက်သွားပြီလို့ ပြောလိုက်တယ်လို့ ပြောတယ်။”
” နောက်တချက်က အခုလို ဒေါ်စုကို တားမြစ်တဲ့ ပုဒ်မ ၂အရ၊ ဒေါ်စုကနေ ပြင်ပကလူတွေကို မဆက်သွယ်ရဘူးလို့ ပြောထားတယ်တဲ့။ ပြင်ပမှ ဆိုတာ သုံးထားတယ်တဲ့၊ အခုဟာက ဒေါ်စုက ဘယ်သူ့ကိုမှ မဆက်သွယ်ဘူး။ အဲဒီလူက သူ့ဘာသာသူ ရောက်လာတာတဲ့။ လုံခြုံရေးကို သူ့ဟာသူ ဝင်လာတဲ့အတွက်ကြောင့် ဥပဒေပါ စကားအတိုင်းဆိုရင် ဒေါ်စုမှာ အပြစ်မရှိဘူး။ ဝင်လာတဲ့လူကိုပဲ အမှုစွဲရမှာတဲ့။ ဒေါ်စု ဆက်သွယ်တာ မဟုတ်ဘူးလေ။ ဥပဒေမှာ ဖော်ပြထားတာက “ ဒေါ်စုအောင်ဆန်းစုကြည် တားမြစ်ခံသူမှ မဆက်သွယ်ရလို့ ပြောထားတာကို၊ အဓိပ္ပါယ် ကောက်ယူမယ်ဆိုရင်တော့ အကုန်လွဲချော်ကုန်လိမ့်မယ်လို့ ရှင်းပြတယ်တဲ့။ ဟိုဘက်က ရှေ့နေတွေက အပြန်အလန် ပြောကြတာပေါ့နော်။ ဦးကြည်ဝင်းက ခိုင်ခိုင်မာမာ ချီတက်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်လို့ ပြောပါတယ်။”
” တနင်္ဂလာနေ့ကို နှစ်ဘက်အပြီးသတ် လျောက်လဲဖို့ ချိန်းပါတယ်။”
” ဘယ်လိုပြောရမလဲဆိုတော့ တရားဥပဒေအရတော့ ကျနော်တို့ နိုင်မှာပဲ။ သို့သော် အမှုအရတော့ မပြောတတ်ဘူး။ နဂိုကတည်းက ဥပဒေက လုပ်လို့ မရတဲ့ဟာဘဲ။ ဒေါ်စု မနေ့က စတိတ်မင့်ထဲမှာလည်း သူအပြစ်မရှိကြောင်း ဖော်ပြထားတာပဲ။ လုံခြုံရေး တာဝန်ယူတဲ့ လူတွေမှာပဲ တာဝန်ရှိတာပေါ့။”
Labels: သတင်း
Posted by Ashin dhamma at 7:43 AM 0 comments
တစ်ကိုယ်တော်ဆန္ဒပြမှုများမှသည် စုပေါင်းဆန္ဒပြပွဲများဆီသို့
ကြာသပတေးနေ့၊ မေလ 28 2009 17:55 - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့တွင် Free Aung San Suu Kyi ဟု ရေးသားထားသော အင်္ကျီအဖြူရောင်၊ ဘောင်းဘီတို ဝတ်ဆင်ထားသော လူတဦး ယခုလတ်တလော ဆန္ဒပြလျှက် ရှိသည်။ ဆက်လက် တင်ပြသွားပါမည်။
တရက်ထဲတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆန္ဒပြမှု နှစ်ခု ဖြစ်ပွားခြင်း ဖြစ်သည်။ နံနက်က အင်းစိန်ထောင်ရှေ့တွင် လေတပ်မှ အငြိမ်းစား ဗိုလ်ကြီးဇော်ညွှန့်က ဆန္ဒပြခဲ့သည်။
ဆန္ဒပြနောက်ဆက်တွဲ
ယခင်က လုံထိန်းရဲများ ထူထပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် ယခုအခါ ရဲတပ်သား တဦးကိုသာ တွေ့မြင်ရပြီး တကိုယ်တော် အသံတိတ်လမ်းလျောက် ဆန္ဒပြမှုမှာ အချိန်တိုလေးတွင်ပင် ပြီးစီးသွားခဲ့သည်။
Labels: သတင်း
Posted by Ashin dhamma at 7:41 AM 0 comments
Wednesday, May 27, 2009
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မတရားရုံးတွင်ထွက်ဆိုချက်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မည်သည့်ပြစ်မှုမှကျူးလွန်ထားခြင်းမရှိသည်ကို
နအဖ စစ်မိစ္ဆာကောင် မတရားရုံးတွင် ရဲဝံ့ပြတ်သားစွာဖြင့် အောက်ပါအတိုင်းပြောဆိုခဲ့သည်။
လူထုခေါင်းဆောင်သည် တိုင်းပြည်နှင့်လူမျိုးအပေါ်တွင်လည်းကောင်း အားလုံးအပေါ်တွင်လည်းကောင်း
နအဖ စစ်မိစ္ဆာအာဏာရှင်များကဲ့သို့ ဘယ်သောအခါမှ လိမ်လည်လှည့်ဖျား မလိမ့်တစ်ပတ် ကောက်ကျစ်
ယုတ်မာစွာ မပြုလုပ်ဘူးဆိုတာကို တစ်ကမ္ဘာလုံးသိအောင် ကြေညာလိုက်ပီဖြစ်သည်၊ ကျွန်ုပ်တို့အားလုံး
အမေစုလွတ်မြောက်ရေးအတွက် တာဝန်ကျေပွန်စွာ ၀ိုင်းဝန်းကြိုးပမ်းကြပါစို့။
ဒေါ်အောင်ဆန်းစုကြည် ချက်ခြင်းလွတ်ပါ။
Labels: သတင်း
Posted by Ashin dhamma at 1:46 AM 0 comments
ဒေါ်အောင်ဆန်းစုကြည်ကိုချက်ခြင်းလွှတ်ရန် အိုဘားမား ပြောပြီ
သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရန် နအဖ စစ်အာဏာရှင်များအား ယမန်နေ့က တောင်းဆိုလိုက်သည်။
အိုဘားမား၏ ထုတ်ပြန် ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားခြင်းကို ရှုတ်ချကြောင်း ဖော်ပြထားသည်။ တရားဥပဒေ နှင့် ပြည်သူလူထုကို လေးစားသောအားဖြင့် သူ့အား ချွင်းချက်မရှိ ချက်ချင်း လွှတ်ရန် တောင်းဆိုထားသည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားအဖွဲ့များ၊ အတိုက်အခံ အဖွဲ့များနှင့် လက်တွဲ ဆောင်ရွက်ရန် အခွင့်အခါကောင်း ဖြစ်ကြောင်းကိုလည်း စစ်အစိုးရကို တိုက်တွန်းထားသည်။
Labels: သတင်း
Posted by Ashin dhamma at 1:22 AM 0 comments
Tuesday, May 26, 2009
ဦးဝင်းတင်နှင့် ဆက်သွယ် မေးမြန်းချက်
ဦးဝင်းတင် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်) နှင့် ဆက်သွယ် မေးမြန်းချက်
အင်္ဂါနေ့၊ မေလ 26 2009 13:45 - မြန်မာစံတော်ချိန်
“ကျနော့်အထင်ကတော့ ဒေါ်စုက ဒီနေ့ ကိုယ်တိုင်စစ်ခံမှာလေ။ ကိုယ်တိုင်စစ်ဆိုတဲ့ သဘောက ဒီလိုဗျာ၊ သက်သေနဲ့ အစစ်ခံမယ်ဆိုရင် Cross Questions ဟိုမေး ဒီမေးလုပ်မယ်ကွာ။ တရားသူကြီးက အစစ်ခံချက်တွေကို အကိုးအကား ပြုတယ်ပေါ့ကွာ။ ကိုင်တိုင်စစ်ဆိုတဲ့ ကိုယ့်ဆန္ဒအတိုင်း ထင်မြင်သမျှ ပြောတာက ကိုယ်တိုင်စစ် ခေါ်တယ်။ အဲဒီ ကိုယ်တိုင်စစ်က Cross Questions မမေးတော့ဘူး။ သို့သော် တရားသူကြီးက တရားစီရင်တဲ့အခါမှာ အဲဒါကို ထည့်မစဉ်းစားဘူး။ မှတ်တမ်းထဲမှာ ထည့်တာပဲ ရှိတယ်”
“အဲဒီတော့ ကျနော်တို့က ဒေါ်စုကို ကိုယ်တိုင်စစ် လုပ်မယ်။ သက်သေစစ် အစစ်မခံတော့ဘူး။ တရားသူကြီးက ထည့်စဉ်းစားတာတော့ သိပ်မစဉ်းစားတော့ဘူး။ သူတို့က ထောင်ချမှာပဲ။ အဲဒါကြောင့် ကျနော်ထင်တယ်၊ သံတမန်နဲ့ သတင်းထောက်တွေကို ခေါ်ပြတာက ဒေါ်စုက ဘာမှ ပြောခွင့်ဆိုခွင့် မရှိတာ မဟုတ်ဘူး၊ ရေငုံနုတ်ပိတ် နေရတာ မဟုတ်ဘူး၊ ပြောဆိုနေတာ မြင်တယ်မဟုတ်လားဆိုတဲ့ သဘောမျိုးပဲ။ သံတမန်တွေက အရင်တပတ်ကလည်း ဒေါ်စုဟာ ဖြတ်ဖြတ်လတ်လတ်နဲ့ သန်စွမ်းနေတယ်။ သူတို့ ပြောချင်တာကို ကမ္ဘာကို ပြောနေတယ်။ ဒေါ်စုက မကျန်းမာဘူး ပြောနေချိန်မှာ ဒီလိုမကျန်းမာတဲ့ လူတယောက်ကို ဒီလို အပြစ်စွဲတင်နေတာဟာ မသင့်တော်ဘူး ပြောနေတဲ့တချိန်မှာ ဟောဒီမှာကြည့် ဒေါ်စုဟာ ဖြတ်ဖြတ်လတ်လတ် ရှိနေတယ်ဆိုတာ တခုထဲ သက်သက်ပဲ။ ဒီနေ့ သတင်းထောက်တွေ သံတမန်တွေ ဝင်ခွင့်ပြုတာ၊ ဒါပဲ။”
Labels: သတင်း
Posted by Ashin dhamma at 1:59 AM 0 comments
ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ကားတွေပေါ်မှ ဖြန့် ဝေကြဲချကြပြီ။
ကျနော်တို့  Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) အဖွဲ့ဝင်လူငယ်များသည် နအဖအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးထောင်ချရန်ကြိုးစားနေခြင်းကို ဆက်လက်ဆန့်ကျင်လျက်ရှိနေပြီး၊ ယနေ့ တွင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။ လှုပ်ရှားမှုမှာ ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော ဘတ်စ်ကားလိုင်းများပေါ်တွင် လက်ကမ်းစာစောင်များ ဖြန့်ချီဝေငှခဲ့ခြင်း ဖြစ်ပါသည်။ လှုပ်ရှားမှုပြုလုပ်နေသည့် ဓါတ်ပုံအချို့နှင့် ဖြန့်ဝေခဲ့သည့် လက်ကမ်းစာစောင်များ၏ ဓါတ်ပုံများကို အောက်ပါအတိုင်း ကြည့်ရှု့နိုင်ကြောင်း အသိပေးအပ်ပါသည်။
ပြည်သူလူထုတရပ်လုံးနှင့် လူငယ်များအနေဖြင့်လည်း နအဖအစိုးရ၏ မတရားဖိနှိပ်မှုများကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်အတူ ပူးပေါင်းဆန့်ကျင်၍ အရှိန်မြှင့်လှုပ်ရှားမှုများတွင် ပါဝင်ဆင်နွှဲကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) ။
Labels: သတင်း
Posted by Ashin dhamma at 1:54 AM 0 comments
Sunday, May 24, 2009
"တိုက်ပွဲ" စပြီ...။
အသက် (၆၃)နှစ်
အမေအရွယ်၊ အဖွားအရွယ်
နိုဘယ်ငြိမ်းချမ်းရေးဆုရှင်
ပြစ်မျိုးမှဲ့မထင် ဒေါ်အောင်ဆန်းစုကြည်
အင်းစိန်ထောင်ထဲက ဗမာ့နေမင်း
ဗမာ့လမင်း ။
အခြားတစ်ဖက်မှာ...
အရှက်မရှိ အိုနာကျိုးကန်း ခွေးသူခိုး
စစ်အာဏာရှင် အရူးငပေါတွေက
ငါတို့ အမေကို၊ ငါတို့ အဖွားကို
ဝိုင်းကိုက်နေကြ၊ ၀ိုင်းဟောင်နေကြပြီ ။
ညိုကြီး...
မင်း ဘာလုပ်မလဲ
ညီလေး...
မင်း ဘာလုပ်သင့်လဲ
ညီမလေး...
နင် ဘာလုပ်ရမလဲ ။
တွေ မနေနဲ့၊ ထွေ မနေဲ့
လေ မနေနဲ့၊ ခွေ မနေနဲ့
သေ မနေနဲ့၊ ရှည်မနေနဲ့ ။
စပြီ...
တိုက်ပွဲ ကတော့ ကောင်းကောင်းကြီး စပြီ
သင်္ခါရဆိုတဲ့ ပြုပြင်၊ စီရင်၊ ပြောင်းလဲခြင်း သဘောအလိုအရ
ယခုမျက်မှောက်အချိန်သမယဟာဖြင့်
စစ်တေလေဂျပိုးအဆိုးရလူ့ငနွားတစ်စုကို
ကောင်းကောင်းကြီး နောင်ကြဉ်သွားအောင်
ကောင်းကောင်းကြီး ဆုံးမရမယ့် အချိန်ခါ ရောက်ခဲ့ပြီ ။
တွေ မနေနဲ့၊ ထွေ မနေဲ့
လေ မနေနဲ့၊ ခွေ မနေနဲ့
သေ မနေနဲ့၊ ရှည်မနေနဲ့ ။
ညိုကြီး...
မင်း ဘာလုပ်မလဲ
ညီလေး...
မင်း ဘာလုပ်သင့်လဲ
ညီမလေး...
နင် ဘာလုပ်ရမလဲ ။
စပြီ...
တိုက်ပွဲ ကတော့ဖြင့်
ကောင်းကောင်းကြီးကို စခဲ့ပြန်ပါပြီကော။ ။
ညိုကြီး
(၁၉၊ မေ၊ ၀၀၉)
Labels: ကဗျာ
Posted by Ashin dhamma at 7:31 PM 0 comments
လူထုခေါင်းဆောင်အတွက် ကျောက်ပန်းတောင်းလူငယ်တွေ စတင်လှုပ်ရှားပြီ။
လူထုချစ်မြတ်နိုးတဲ့ ခေါင်းဆောင်၊ ငြိမ်းချမ်းရေးရဲ့ မီးရှုးတန်ဆောင်၊ မြန်မာ့ဒီမိုကရေစီအရေးရဲ့ လမင်းကြီး ဒေါ်အောင်ဆန်းစုကြည် မတရားအမှုဆင်ဖမ်းဆီးခံထားရတာကနေ လွတ်မြောက်အောင် ကျောက်ပန်းတောင်းလူငယ် (၄၀) ကျော်ဟာ စုရပ်ကနေ မဟာစေတီကြီးဘုရားဆီကို တူညီဝတ်စုံဝတ်ကာ ချီတက်ပြီး ငါးလွှတ်ကာ ဆုတောင်းမေတ္တာပို့ခဲ့ကြပါတယ်၊၊
ဒီဆုတောင်းတဲ့ပွဲကို လက်ကိုင်ဒုတ်တွေက စောင့်ကြည့်အင်းအာပြပြီး မေးမြန်းတာ ရှိခဲ့ပေမဲ့ တစုံတရာတော့ အနှောက်အယှက်မပေးဘူးလို့သိရပါတယ်။ ပြည်သူချစ်တဲ့ ခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဥပဒေဘောင်အတွင်းက လှုပ်ရှားမှုဖြစ်တာကြောင့် ပြည်သူတရပ်လုံး မိမိတို့နေထိုင်ရာပတ်ဝန်းကျင်မှာ ဆုတောင်းမေတ္တာပို့ လမ်းလျှောက်တဲ့ပွဲတွေလုပ်ပြီး နအဖကို ဆန့်ကျင်ကြပါစို့ လို့ တိုက်တွန်းလိုက်ပါတယ်။
(အညာနွေ တမာမြေ http://anyarnwaytamarmyay.blogspot.com/2009/05/blog-post_24.html မှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်)။
Labels: သတင်း
Posted by Ashin dhamma at 7:56 AM 0 comments
တော်လှန်ရေးဖွင့်ရန် အထူး တိုက်တွန်းနိုးဆော်ချက်
ရဟန်းရှင်လူပြည်သူအပေါင်းတို့ခင်ဗျား -------
နအဖစစ်မိစ္ဆာကောင်များသည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီးချုပ်နှောင်ထားရုံတင်မက တစ်နိုင်ငံလုံးကို စစ်ကျွန်သဘောက် ပြားပြားမှောက်အောင် ပြုမှုဆောင်ရွက်လျှက်ရှိပေပြီ၊ စစ်ကျွန်သဘောက်အာဏာရှင် အောက်ကလွတ်မြောက်ရေးအတွက် လူတိုင်းပါဝင်သော လူထုတော်လှန်ရေး တစ်ရပ်ကို စတင်ဆင်နွဲဖို့အချိန်ကျရောက်ပြီဖြစ်ပါသည်။
သို့ပါ၍ ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် (၂၅.၀၅.၂၀၀၉)တနင်္လာနေ့မှ စတင်ကာ သန်းရွှေစစ်မိစ္ဆာကောင်၏ ဓာတ်ပုံများကို မီးရှို့ခြင်း၊အမှိုက်ပုံများ လမ်းများပေါ်တွင် စွန့်ပစ်
ခြင်းများကို လှည်းနေလှည်းအောင်းမြင်းစောင်းမကျန် တစ်နိုင်ငံလုံး ပြုလုပ်ပေးကြပါရန် အထူးတိုက်တွန်း နိုးဆော်လိုက်သည်။
တိုင်းတစ်ပါးကျွန် စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ ဒေါင်းအလံဟေ့
ကျောင်းနံရံတစ်ဝိုက်
ဒေါင်းအလံတွေပြန်စိုက်ကြမယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 1:36 AM 0 comments
Saturday, May 23, 2009
အမေစုလွတ်မြောက်ရေး Photo Campaign
မိတ်ဆွေများ ခင်ဗျား ...
ကျနော်တို့ရဲ့ အားထားလေးစား ကြည်ညိုရပါသော အမေဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ကမ္ဘာအဝှမ်း လှုံ့ဆော်မှုအနေဖြင့် သင်၏ Facebook profile photo အား အမေဒေါ်စု၏ ဓာတ်ပုံပြောင်း၍ သင်နှင့်နီးစပ်ရာ မိတ်ဆွေများကိုလည်း တိုက်တွန်းကာ DASSK's Photo Campaign စတင်ကြပါ။ ဒီသတင်းကို တတ်နိုင်သလောက်ဖြန့်ပေးခြင်းဖြင့် အမေစုကို ထောက်ခံသူများ၏ စည်းလုံးမှုကိုပြသကြပါစို့။ အမေစု မလွတ်မြောက်မချင်း ဆက်လက်လုပ်ဆောင် သွားကြပါ။
ကျနော်တို့ရဲ့ အနာဂတ်ကောင်းစားရေးအတွက် သူမ၏ဘဝကို ပေးဆပ်တိုက်ပွဲဝင်နေသူကို ကျနော်တို့က ဒီအတိုင်း ခေါင်းရှောင်မနေကြပါနဲ့။ စည်းစည်းလုံးလုံးနဲ့ တတ်နိုင်သ၍ ကာကွယ်ပံ့ပိုးပေးကြပါ။
"မြန်မာမှန်ရင် အမေစုကို ကာကွယ်ပါ" ဟု တိုက်တွန်းလိုက်ပါရစေ။
လေးစားစွာဖြင့်
Just Joe
သူ့ရဲ့ စိတ်ကူးအကောင်အထည်ဖော်မှု့ကို လေးစားသောအားဖြင့် အင်တာနက်ပေါ်မှ အမေစု၏ ဓာတ်ပုံများကို စုစည်းပြီး အောက်ပါ Profile picture များကို ဖန်တီးခဲ့ပါတယ်။ မိတ်ဆွေများ အသုံးပြုနေသော Forum များ၊ Social Networking site များ၊ Messenger များတွင် Avatar အဖြစ်ထည့်သွင်းအသုံးပြုကာ ကျွန်တော်၏ မိတ်ဆွေ အထက်မှာပြောခဲ့သလို "အမေစုကို ထောက်ခံသူများ၏ စည်းလုံးမှုကို ပြသကြပါစို့" ။
http://cmsmdy.blogspot.com/
Labels: သတင်း
Posted by Ashin dhamma at 6:48 AM 0 comments
စုပေါင်းတော်လှန်မှ အောင်ပွဲရမယ်
မြန်မာနိုင်ငံတွင် လူယုတ်မာ စစ်မိစ္ဆာကောင် သန်းရွှေသည် မြန်မာလူသားမျိုးနွယ်စုတစ်ခုလုံးအပေါ်တွင် အနှစ်(၂၀)လုံးလုံး ရက်ရက်စက်စက် ခြေမှုန်းသုပ်သင်ခဲ့သည်၊ ယခုအခါတွင် မြန်မာလူမျိုးတို့သည် နှလံထူနိုင်သည့်အဆင့်မျိုးတို့မရောက်ရှိနိုင်ကြတော့၊ ပြည်တွင်းရော ပြည်ပမှာပါ မြန်မာဆိုရင် လူမလေး ခွေးမခံ့သည့် စုတ်ပြတ်နုံခြာသည့် ဘ၀အခြေအနေဆိုးအမျိုးမျိုးတွေနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပြီဖြစ်သည်၊ ယုတ်မာဆိုးသွမ်းပြီး ကောက်ကျစ်စဉ်းလှဲသူတစ်ယောက်ကြောင့် တိုင်းပြည်ရော လူမျိုးပါ ကြွေမွပျက်သုဉ်းခဲ့ရလေပြီ၊ အနာဂတ်မဲ့ မျော်လင့်ချက်ကင်းပျောက်နေသော မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမတို့သည် ဘယ်ဆီကိုသွား၍ ဘာတွေကိုလုပ်ကိုင်ရမှန်းလဲမသိကြတော့၊ သခင်မျိုးဟေ့ ဒို့ဗမာ ဆိုတာ အိပ်မက်တောင် မမက်ရဲတော့တဲ့ ဘ၀ ဘ၀ ဘ၀ ပေါင်းများစွာတွေ-----
ပြည်သူတွေကို မျက်စိတွေ ပိတ်ခဲ့တယ်၊ နားတွေကို ပိတ်ခဲ့တယ်၊ အသိဥာဏ်တွေ ဆိပ်သုဉ်းအောင်လုပ်ခဲ့တယ်၊ မကောင်းသည့် မှားယွင်းသည့် အတွေးအခေါ်တွေကို စနစ်တကျသင်ယူစေခဲ့တယ်၊ လူမျိုးအချင်းချင်း သတ်ရဲ ဖြတ်ရဲ သတ်နည်းဖြတ်နည်း နှိပ်စက်ညှင်းပမ်းနည်းပေါင်းစုံကို သင်ခန်းစားတစ်ခုအဖြစ်သတ်မှတ်ပြီး ချမှတ်ကျင့်သုံးခဲ့တယ်၊
တိုင်းပြည်တစ်ခုလုံး ငတ်ပြတ်ဆင်းရဲ စုတ်ပြတ်နုံခြာအောင် လုပ်ခဲ့တယ်၊ လူဆိုး သူခိုး ဂျပိုးတွေ တွေကို လက်သပ်မွေးပြီး တိုင်းပြည်ကာကွယ်ရေးဆိုပြီး အောက်တန်းကျသည့် စုံးကဝေ အတတ်မျိုးတွေလို သင်ယူစေခဲ့တယ်၊ အာဏာရှိလျှင်ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ အဆင့်အတန်းမရှိတဲ့ အတွေအခေါ်တွေကို လူတွေကြားမှာ ပြန်နှံ့စေခဲ့တယ်၊ စစ်တပ်ကြီးတစ်ခုလုံးကို အတုအယောင်ပေါ်လစီတွေနဲ့ ဖျားယောင်းသိမ်းသွင်းခဲ့တယ်၊ ပညာမဲ့လူတန်းစားတွေနဲ့ ဖာသည်စစ်တပ်မျိုးဖြစ်အောင် ပြုလုပ်ခဲ့တယ်၊ လက်နက်အားကိုးပြီး လက်နက်မဲ့သူတွေကို မတရားအနိုင်ကျင့်တဲ့ အောက်တန်းကျတဲ့ စိတ်ယုတ်မာတွေကို စနစ်တကျ မွေးမြူလေ့ကျင့်ပေးခဲ့တယ်၊ အပြစ်မဲ့တဲ့ တိုင်းပြည်အပေါ်စေတနာထားပြီးလုပ်ကိုင်ဆောင်ရွက်သူမှန်သမျှကို နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ မဟုတ်မတရား အမျိုးမျိုးသော ဥပဒေပုဒ်မတွေတပ်ပြီး ဘာကိုမှ ဂရုမစိုက်ပဲထောင်တွေချခဲ့တယ်၊ ၈၈ အရေးအခင်း စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးစတာတွေကိုလဲ ရက်ရက်စက်စက် သတ်ဖြတ်ခြေမှုန်းခဲ့တယ်၊ မကောင်းတာမှန်သမျှအကုန်လုပ်ခဲ့တယ် အဲဒါတွေအားလုံးရဲ့ တရားခံဟာ တခြားသူမဟုတ်ပါ စစ်မိစ္ဆာကောင် အာဏာရူးသန်းရွှေတို့ တစ်အုပ်သာဖြစ်ပါတယ်။
ဒါတွင်အားမရသေးပဲ လူထုခေါင်းဆောင် အမျိုးသားခေါင်းဆောင် ကမ္ဘာငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တစ်ကမ္ဘာလုံးက လေးစားအတုယူ တန်ဖိုးထားတဲ့ ပညာရှိ ဒေါ်အောင်ဆန်းစုကြည်ကို မဟုတ်မဟတ်လုပ်ဇာတ်တွေခင်းကာ မတရားအမှုဆင်ထောင်ချဖို့အတွက် လူယုတ်မာ သန်းရွှေတစ်သိုက် အကြံကြီးကြံလို့ ကိုယ့်သေတွင်းကိုယ်တူးနေကြပြန်လေပြီ၊ ကမ္ဘာမှာ အောချလောက်အောင် မိုက်လုံးမိုက်တွင်းကြီးတဲ့ မိစ္ဆာကောင် သန်းရွှေတို့ တစ်သိုက်ကို ဆုံးမဖို့ အချိန်ကျရောက်လာပြီဖြစ်ပေသည်၊ သန်းရွှေခွေးမိုက်အုပ်စုကို ၀ိုင်းဝန်းဆုံးမမည့်သူမှာ အမေရိကန်မဟုတ်သလို ယူအန်လည်းမဟုတ်ပါ၊ အမှန်တရားကိုချစ်မြတ်နိုးတဲ့ ပြည်သူပြည်သားများ မျိုးချစ်တပ်မတော်သားများ၊ တိုင်းရင်းသားညီအကိုမောင်နှမများရဲ့ စည်းလုံးညီညွတ်တဲ့ စိတ်ဓာတ်ပင်ဖြစ်ပါသည်၊ ထိုစိတ်ဓာတ်ဖြင့် စုပေါင်းတော်လှန်ကြလျှင် အာဏာရူးသန်းရွှေ ခွေးတစ်သိုက်သည် မြန်မာ့မြေပေါ်မှ ခွေးပြေး ၀က်ပြေး ပြေးရမည်မှာ မလွဲဧကန်ဖြစ်ပေသည်။
ခွေးသူတောင်းစား ခွေးလေခွေးလင့် လောက်မှအဆင့်အတန်းမရှိဘဲ ခွေးစစ်စစ်ပင် သိက္ခာကျလောက်တဲ့ အမျိုးယုတ် လူသတ်ကောင် စစ်မိစ္ဆာအာဏာရူး သန်းရွှေတစ်သိုက်ရဲ့ မတရားသဖြင့် ဖိနှိပ်ညှင်းပမ်းမှုတွေကို သားစဉ်မြေးဆက် အနှစ် (၁၀၀) စစ်ကျွန်ခံသွားကြမလား၊ ဒါမှမဟုတ် အခုချက်ခြင်းစစ်ကျွန်အောက်က ရုန်းထွက်ကြမလား ဆိုတဲ့ အမေးနှင့် အဖြေသည် မိမိတို့ကိုယ်တိုင် တစ်ဦးချင်းစီ၏ အမိနိုင်ငံတော်အပေါ်ထားသည့်စိတ်ဓာတ်၊ စေတနာ၊ လွတ်လပ်လိုစိတ်တို့အပေါ်တွင်သာတည်မှီနေပါကြောင်းနှင့် စုပေါင်းတော်လှန်မှသာ အောင်ပွဲရနိုင်မည်ဖြစ်ပါကြောင်း စေတနာဖြင့် တင်ပြအပ်ပါသည်။
မျိုးချစ်ဝံသာနု
Labels: ဆောင်းပါး
Posted by Ashin dhamma at 2:55 AM 0 comments
အဖြေ
မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာ၏ တစ်ခုတည်းသောအဖြေမှာ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေးပြဿနာသည် အနှစ်(၂၀) ကြာမြင့်ခဲ့ပါသော်လည်း တိုးတက်မှုတစ်စုံတစ်ရာဖြစ်မလာနိုင်သေး၊ အဘယ့်ကြောင့်ပါနည်း အမေးသာရှိပြီး အဖြေမရှိသေးသည့်ပုစ္ဆာတစ်ခု၊ အဓိကပြဿနာမှာ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း အားနည်းမှုကြောင့် အခုလို ပြဿနာတွေကို ရင်ဆိုင်နေရခြင်းဖြစ်သည်။ပြဿနာတစ်ခုကို ပြဿနာတစ်ခုအဖြစ်ရှုမြင်သုံးသပ်နေပြီး ယင်းပြဿနာရဲ့ဇစ်မြစ်ကို အဖြေမရှာနိုင်သေးသမျှ မည်သည့်အဖြေမှထွက်လာနိုင်မည်မဟုတ်ပေ၊ ဟုတ်ပြီ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းလို့စောစောကပြောခဲ့ပြီးပါပြီ၊ ဘယ်နေရာမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမည်နည်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပူးပေါင်းပါဝင်ဆောင်ရွက်ရမည် ၀န်းရံရမည်၊ မြန်မာနိုင်ငံကိုစစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းတစ်ခုပေါ်ရောက်အောင် လုပ်ဆောင်နေသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာလျှင်ဖြစ်သည်၊ ဒါကိုဦးစွာပဌမ ရှင်းလင်းသေချာစွာသဘောပေါက်ဖို့လိုပေသည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်၊ ဒေါ်အောင်ဆန်းစုကြည်သည် လူထုခေါင်းဆောင် အမျိုးသားခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်သည်၊ဒေါ်စုသည် တိုင်းပြည်နှင့်လူမျိုးအပေါ်ဘယ်အခါမှ ကလိမ်ကကျစ်မလုပ်ဘူးခဲ့၊ ခုလည်းမလုပ်၊ နောင်လည်းလုပ်လိမ့်မည်မဟုတ်ပေ၊ ထိုအပေါ်မှာ မိမိတို့သည် ယုံယုံကြည်ကြည်ရဲရဲဝံ့ဝံ့လျှောက်လှမ်းဖို့လိုပေသည်။
မည်သူတွေပူပေါင်းပါဝင်ကြမည်နည်း
မြန်မာနိုင်ငံသည် လူတန်းစားပေါင်းစုံ ရောပြွမ်းစုဝေးနေထိုင်ကြသော နိုင်ငံတစ်ခုဖြစ်သည်၊ ထိုအထဲတွင် ရဟန်းသံဃာတော်များ၊ တိုင်းရင်းသားပေါင်းစုံ၊ အရပ်သူအရပ်သား၊ သူဋ္ဌေးသူကြွယ်၊ ဆင်းရဲသူ ဆင်းရဲသား၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသူကျောင်းသား ကုန်သည် စစ်တပ်စသည်တို့ပါဝင်ပေသည်၊ အထက်ပါ လူတန်းစားအားလုံးတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
NLD ၏ပြတ်သားတဲ့ဦးဆောင်မှုအောက်မှာ
ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဆောင်ရွက်လာသောအခါ NLD သည် ပြတ်ပြတ်သားသား ဦးဆောင်မှု အမှန်တကယ်ပြုလုပ်ရမည်ဖြစ်ပေသည်၊ တွေဝေနေ၍မရ၊ နအဖ စစ်မိစ္ဆာ သန်းရွှေကို ပြတ်ပြတ်သားသားဦးဆောင်တော်လှန်ဖို့လိုပေသည်၊ သို့မှသာ မြန်မာနိုင်ငံ၏ အနှစ်(၂၀)ကြာ နိုင်ငံရေးပြဿနာသည် အဖြေတစ်ခုထွက်လာနိုင်မည်ဟုယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။
မျိုးချစ် ၀ံသာနု
Labels: ဆောင်းပါး
Posted by Ashin dhamma at 1:04 AM 0 comments
Friday, May 22, 2009
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ်အတွက် မဟတ္တမ ဂန္ဒီဆု ရွေးချယ်
သောကြာနေ့၊ မေလ 22 2009 22:10 - မြန်မာစံတော်ချိန်
တောင်အာဖရိက အခြေစိုက် ဂန္ဒီဖွံ့ဖြိုးမှု ရန်ပုံငွေ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉ ခုနှစ်အတွက် မဟတ္တမ ဂန္ဒီ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် ပြန်လည် ရင်ကြားစေ့ရေးဆု အတွက် ရွေးချယ်လိုက်သည်။
နိုင်ငံရေး အကျပ်အတည်းတွေကို အကြမ်းမဖက် အနုနည်းနှင့် ဖြေရှင်းဖို့ ကြိုးစားသူတွေကို ပေးအပ်တာဖြစ်တဲ့ ဒီဆုကို တောင်အာဖရိက ဂန္ဒီဖွံ့ဖြိုးမှု ရန်ပုံငွေ အဖွဲ့က ချီးမြှင့်လိုက်ခြင်း ဖြစ်သည်။
ယင်းဆုကို မဟတ္တမ ဂန္ဒီ တောင်အာဖရိကတွင် ထုတ်ဝေသည့် Indian Opinion သတင်းစာ နှစ် ၁၀၀ ပြည့်သည့် အထိမ်းအမှတ် အဖြစ် ၂၀၀၃ ခုနှစ်မှ စတင်ပေးအပ်ခြင်း ဖြစ်သည်။
Labels: သတင်း
Posted by Ashin dhamma at 9:15 AM 0 comments
ဒီနေ့ကြွေးကြော်ရင် ဒီနေ့အောင်ပွဲရမယ်
ပြည်သူလူထုကြီးအနေဖြင့် မိမိတို့၏ လူထုအမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား
ကယ်တင်ရန်မှာ လူထုတိုက်ပွဲမှတစ်ပါးအခြားသောနည်းလမ်းမရှိသည်ကို သိရှိနားလည်စေရန်
နအဖ စစ်မိစ္ဆာကောင်များက ဖော်ပြနေပြီဖြစ်သည်၊ ပြည်သူလူထုကြီးအနေဖြင့် မိမိတို့၏အမျိုး
သာခေါင်းဆောင်ကို တာဝန်သိအသိစိတ်ဓာတ်ဖြင့် တာဝန်ရှိစွာ ပူးပေါင်းကယ်တင်ကြပါစို့။
Labels: ဗီဒီယို
Posted by Ashin dhamma at 5:08 AM 0 comments
Thursday, May 21, 2009
မိမိဆန္ဒကိုရဲရဲဝံ့ဝံ့ဖော်ထုတ်ကြ
ရဟန်းရှင်လူပြည်သူအပေါင်းတို့----------
အမိမြန်မာနိုင်ငံတော်ကြီး စစ်ကျွန်အောက်ကလွတ်မြောက်ဖို့ လူထုခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်သည် အနှစ်(၂၀) လုံးလုံး ကိုယ်၏ဆင်းရဲခြင်း၊စိတ်၏ဆင်းရဲခြင်း၊ အမျိုးမျိုးသော
နှိပ်စက်ညှင်းပမ်းဒဏ်တို့ကို ကြံ့ကြံ့ခံကာ နအဖ စစ်မိစ္ဆာအာဏာရှင်တို့အား ဒူမထောက် လက်
မမြောက် ရဲရဲဝံ့ဝံ့တော်လှန်ခဲ့သည်၊ လူသတ်လက်နက်တွေ ကြားမှာ သတ္တိရှိရှိ အမှန်တရားအ
တွက် ဆက်လက်ရင်ဆိုင် တိုက်ပွဲဝင်ဆဲ တော်လှန်ဆဲဖြစ်သည်၊ လက်နက်ရှိသူကို လက်နက်
မဲ့စွာ၊ အကြောက်တရားအားကြီးသူကို အကြောက်တရားမဲ့စွာ၊ အမှန်တရားမချစ်မြတ်နိုးသူကို
အမှန်တရားဖြင့် ခြင်္သေ့မင်းကဲ့သို့ရဲဝံ့စွာ သံမဏစိတ်ဓာတ်ဖြင့် စစ်မိစ္ဆာကောင်တွေကိုတော်လှန်
လျှက်ရှိပေပြီ၊ ဒေါ်အောင်ဆန်းစုကြည်သည် သန်း(၅၀)ကျော်သော ပြည်သူတို့၏အသက်သွေး
ကြောဖြစ်သည်၊ သန်း(၅၀)ကျော်သောပြည်သူတို့သည်လည်း ဒေါ်အောင်ဆန်းစုကြည်၏အ
သက်သွေးကြောဖြစ်သည်ကို ရှင်းရှင်းလင်းသိရှိနားလည်ကြဖို့လိုပေသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးသည် မိမိတို့တစ်ဦးချင်းစီ၏
ဆန္ဒအပေါ်တွင် လုံးဝဥဿုံတည်မှီနေပေသည်၊ နအဖစစ်မိစ္ဆာရှင်များအကြောက်ဆုံးသော
အရာသည်သင်တို့ရင်ထဲတွင်ရှိနေသော ဆန္ဒဖြစ်သည်၊သင်တို့ရင်ထဲတွင်တည်ရှိသောဆန္ဒ
ကို ရဲရဲဝံ့ဝံ့ဖော်ထုတ်ခြင်းသည်သာ လူထုခေါင်းဆောင်၏ လွတ်မြောက်ရေးအဖြေဖြစ်သည်၊
မြန်မာပြည်ကြီး စစ်အာဏာရှင်စနစ်ဆိုးအောက်မှအလုံးစုံလွတ်မြောက်ရေးအတွက် မည်သည့်
ကယ်တင်ရှင်ကမှပေါ်ပေါက်လာမည်မဟုတ်ပေ၊ မိမိတိုင်းပြည်လွတ်မြောက်ရေးအတွက် မိမိဖာသာကြိုးစားအားထုတ်ရမည်ဖြစ်သည်၊မိမိတို့ရပိုင်ခွင့်လူ့ခွင့်အရေးများကို မိမိဖာသာ
ရယူကြရမည်ဖြစ်သည်။မိမိရင်ထဲမှာရှိသောဆန္ဒသည် တိုင်းပြည်၏အဖြေဖြစ်သည်၊ကျွန်ုပ်
တို့၏လူထုခေါင်းဆောင်ပြောသလို “တိုင်းပြည်နှင့်လူမျိုးအတွက်ပြတ်ပြတ်သားသားဆောင်
ရွက်ကြ” စကားကို နှလုံးမူရင်း မိမိတို့ဆန္ဒကို ရဲရဲဝံ့ဝံ့ သတ္တိရှိစွာ ဖော်ထုတ်ကြပါ၊ ပြည်သူ့
ခေါင်းဆောင် ဦးဝင်တင်ဦးဆောင်သော ဆန္ဒဖော်ထုတ်ပွဲကို ညီညွတ်စွာပါဝင်ဆင်နွဲကြပါ
ရန် မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့ မှ လေးလေးနက်နက်တိုက်တွန်းနိုးဆော်
လိုက်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 4:54 AM 0 comments
Wednesday, May 20, 2009
နအဖရဲ့လမ်ကြုတ်ဓာတ်ပြားဟောင်းကိုတော်လှန်ကြ
လေးစားအပ်ပါသော ရဟန်းရှင်လူပြည်သူအပေါင်းတို့ခင်ဗျား နအဖဟာ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီးထောင်ချထားခြင်းအပေါ် ကမ္ဘာကဖိအား
လျှော့ကျစေရန် လုပ်ကြံဓာတ်ပြားဟောင်းကို စတင်နေပါပြီ၊ စိတ်ကြိုက်ခေါင်းခေါက် သံတမန်
များကိုသာရွေးချယ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစကားပြောစေခဲ့ခြင်းဟာ နအဖ၏
မရိုးသားမှုအစစ်အမှန်ပင်ဖြစ်သည်၊ပြည်သူလူထုကြီးတစ်ရပ်လုံးအနေဖြင့် ဒေါ်အောင်ဆန်းစု
ကြည်ကို ချွင်းချက်မရှိလွတ်ပေးရန်မှတစ်ပါး အခြားသော အတုအယောင်မျှော်လင့်များကို ထင်
ယောင်ထင်မှာမဖြစ်ကြစေရန် အထူးအရေးကြီးပေသည်။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးသည် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏တာဝန်သာ
ဖြစ်ပါသည်၊မြန်မာပြည်သူလူထုကိုယ်တိုင်ကြိုးစားအားထုတ်မှသာ မြန်မာပြည်ကြီးသည်အမှန်
တကယ်လွတ်မြောက်နိုင်မည်ဖြစ်သည်၊ နအဖ၏ အမျိုးမျိုးသော အကွက်ဆင်လုပ်ကြံ လိမ်
လည်လှည့်စားမှုများ အာရုံပြောင်းမှုများကို လုံးဝ(လုံးဝ) အယုံအကြည်မရှိကြစေပဲ မိမိ
တို့၏ အမျိုးသားခေါင်းဆောင် လွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ်ဆိုး လုံးဝကွယ်
ပျောက်သွားသည်အထိဆက်လက်တိုက်ပွဲဝင်သွားကြပါရန်လေးလေးနက်နက်တိုက်တွန်း
နိုးဆော်လိုက်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 9:16 PM 0 comments
အင်းစိန်အကျဉ်းထောင် သပိတ်စခန်း
အောင်ဝေး အထူးကဗျာ - ၂
မေ ၂၁၊ ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
NLD ကို ၀န်းရံကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။
ညောင်ပင်မှာ နား
ညောင်သီးလည်း စား
လေးသံကြားလည်း နားထောင်။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
ဒီမိုကရေစီကို တိုက်ယူကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။
အတိတ်ကို ပြန်လွမ်း
လက်ငင်းမှာ ရဲရဲဖြတ်သန်း
အနာဂတ်အတွက် မျှော်မှန်း။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
ဘုံရန်သူကို ဆန့်ကျင်ကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။
ဂဠုန်ဦးစောက ဗိုလ်ချုပ်အောင်ဆန်းကို
တကြိမ်ပဲ လုပ်ကြံတယ်
ဂဠုန်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို
အကြိမ်ကြိမ် လုပ်ကြံခဲ့ပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
မတရားတဲ့ ဥပဒေကို ရိုက်ချိုးကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။
နအဖ = မိစ္ဆာ အစိုးရ
သန်းရွှေ ဂေါက်နေပြီ
နအဖ ကြောက်ကန်ကန် နေပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
သာသနအလံတွေ လွှင့်ထူကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။
ကြက်တော ရေကူး
သန်းရွှေ သေတွင်းတူး
ပြည်သူ့အောင်ပွဲ အရုဏ်ဦး။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
ခွပ်ဒေါင်းအလံတွေ လွှင့်ထူကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။
သန်းရွှေ ဖက်ဆစ်
ဖက်ဆစ် သန်းရွှေ
ဖက်ဆစ်တစ္ဆေ နအဖ။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
ဖက်ဆစ်တော်လှန်ရေးအလံတွေ လွှင့်ထူကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။
၉၀ ရွေးကောက်ပွဲ
စစ်သားနဲ့ ရဲ၊ ၀န်ထမ်းတွေပဲရှိတဲ့ ကိုကိုးကျွန်းမှာ
NLD (ဦးလှသန်း) အနိုင်ရခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
ပြည်သူ့ဘက်က တပ်မတော်သားတွေကို ကြိုဆိုကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။
နေပြည်တော် ကျဆုံးခန်း
သန်းရွှေ ဘုရားရိုက်
မသာရထား ဆိုက်ပြီ။
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
ပြည်သူ့ဘက်က ရဲနဲ့ဝန်ထမ်းတွေကိုကြိုဆိုကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။
မကြောက်တတ်ရင် တခါပဲ သေရတယ်
ကြောက်နေရင် အခါခါ သေရမယ်
သေရဲ၊ တိုက်ရဲ၊ အနိုင်ယူရဲ
ကဲ ...
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
သား သုံး သား ပေါင်းစည်းညီညွတ်ကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ
နအဖကို ပုန်ကန်ကြ
အမိမြန်မာပြည်ကို ကယ်တင်ကြ
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြ
အင်းစိန်အကျဉ်းထောင် သပိတ်စခန်းမှာ။ ။
(မေ ၂၀ ၊ ၂၀၀၉)
Labels: ကဗျာ
Posted by Ashin dhamma at 6:21 PM 0 comments
အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်၏အထူးကြေညာချက်
Labels: ကြေညာချက်
Posted by Ashin dhamma at 8:58 AM 0 comments
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအားလုံးသို့ပန် ကြားချက်
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအားလုံးနှင့်မျိုးချစ်ပြည်သူ့တပ်မတော်သားများသို့ပန်
ကြားချက်
လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးနှင့်မျိုးချစ်ပြည်သူတပ်မတော်သားမျာအားလုံးသို့သိစေရန်
ပန်ကြားလိုက်သည်၊ နအဖ စစ်မိစ္ဆာအာဏာရှင်သန်းရွှေလူတစ်စုသည် ကျွန်ုပ်
တို့အားလုံး၏ ခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင်ကာထောင်သွင်း
အကျဉ်းချ ဖမ်းဆီးနှိပ်စက်နေသည်မှာ (၃) ရက်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်၊ နအဖစစ်
မိစ္ဆာအာဏာရှင်သန်းရွှေလူတစ်စုသည် မိမိအာဏာတည်မြဲတစ်ခုတည်းကိုသာရှေ့တမ်းတင်
ပြီး အမျိုးသားရင်ခြားစေ့ရေးကို ဘယ်သောအခါမှပြုလုပ်လိမ့်မည်မဟုတ်ဘူးဆိုတာကို ယခု
အခါ ကမ္ဘာသို့ချပြလိုက်ပီဖြစ်သည်၊ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သူပြည်သားများ
ပါမက တစ်ကမ္ဘာလုံးကပါ လေးစားယုံကြည်အားကိုးထိုက်သော ခေါင်းဆောင်ကောင်း တစ်
ယောက်ဖြစ်သည်မှာ ဖုံးကွယ်ငြင်းပယ်၍မရသောအချက်ဖြစ်ပေသည်။
ယခုအခါတွင် လူထုအမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား မတရားအ
မှုဆင်ထောင်ချခြင်းကို နအဖ စစ်မိစ္ဆာများက ပြုလုပ်ခဲ့ပါက တစ်နိုင်ငံလုံးအထွေထွေသပိတ်
ကြီးကို လှည်းနေ လှည်းအောင်း မြင်းစောင်းမကျန်အောင် ဆင်နွဲတော့မည်ဖြစ်သည်၊ ပြည်သူ
လူထုကြီး၏ သမိုင်းပေးတာဝန်ကို ကျေပွန်စွားထမ်းဆောင်ကြမည့်အခါ မျိုးချစ်ပြည်သူတပ်မ
တော်သားများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကလည်း မိမိတာဝန်
ကို ကျေပွန်စွာထမ်းဆောင်ဖို့အထူးအရေးတကြီးလိုအပ်လာပြီဖြစ်သည်၊ လက်နက်မဲ့ပြည်သူ
တွေကို ကာကွယ်စောင့်ရှောက်ရန် လက်နက်ကိုင်အင်အားစုအားလုံးမှာ တာဝန်အပြည့်ရှိပေ
သည်။
ရွှေဝါရောင်တော်လှန်ရေးကြီးကပေးခဲ့သော ခါးသီးလှတဲ့ သင်ခန်းစာတွေကိုလည်း ညီ
အကိုတို့သိရှိနားလည်သဘောပေါက်ပြီးဖြစ်လိမ့်မည်ဟု မိမိတို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်
ကော်မတီအဖွဲ့က အကြွင်းမဲ့ယုံကြည်သည်၊သို့ပါ၍ မိမိတို့ကိုင်ဆောင်ထားသော လက်နက်ကြီး
ငယ်ဟူသမျှတို့သည် ပြည်သူလူထုအား သတ်ဖြတ်ခြင်း ညှင်းပမ်းနှိပ်စက်ခြင်း မတရားအနိုင်
ကျင့်ခြင်းပြုလုပ်သူမှန်သမျှတို့အား နှိပ်ကွပ်နှိမ်နှင်းရန်နှင့် ပြည်သူလူထုကြီးအားကာကွယ်
စောင့်ရှောက်ပေးရန် ပြည်သူလူထုကြီးကိုယ်စား မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
က လေးလေးနက်နက် ပန်ကြားလိုက်သည်၊ နောက်ဆက်တွဲဖြစ်လာမည့်ပြဿနာများသည်
နအဖ စစ်မိစ္ဆာအာဏာရှင်များ၏ တာဝန်သာဖြစ်ပြီး ကျွန်ုပ်တို့၏ လူထုအမျိုးသားခေါင်းဆောင်
အလုံးစုံလွတ်မြောက်ရေးအတွက် ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်း ပန်ကြား
အပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ပန်ကြားချက်
Posted by Ashin dhamma at 7:18 AM 0 comments
Tuesday, May 19, 2009
အထူးကြေညာချက်
(၂၀ ၀၅ ၂၀၀၉ )နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ(အန်စီဂျီယူဘီ)က
ကမ္ဘာ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအနေဖြင့် အရေးပေါ် အစည်းအဝေးတရပ်ကျင်းပပြီး
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်
မစ္စတာအီဗရာဟင်ဂမ်ဘာရီကိုမြန်မာနိုင်ငံသို့အမြန်ဆုံးစေလွှတ်သင့်ကြောင်းအကြံပြုပြောဆို
လိုက်ခြင်းအပေါ်ကျွန်ုပ်တို့မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့ကပြင်းပြင်းထန်ထန်ရှုတ်
ချကန့်ကွက်လိုက်သည်။
မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံသို့အကြိမ်ပေါင်းမြောက်များစွာလာရောက်ခဲ့ပါသော်
လည်းမည်သည့်အကျိုးတရားမှဖြစ်ထွန်းမလာသည့်အပြင် မြန်မာနိုင်ငံသူနိုင်ငံသားတို့၏စိတ်
ဓာတ်ပိုင်းဆိုင်ရာ များစွာပျက်စီးဆုံရှုံးခြင်းတို့သာအဖတ်တင်ခဲ့သည်၊ မစ္စတာဂမ်ဘာရီ အကြိမ်
တစ်ထောင်လာပါသော်လည်း မြန်မာနိုင်ငံ၏ပြဿနာသည် ပြေလည်နိုင်စရာအကြောင်းမရှိဟု
ကျွန်ုပ်တို့မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီမှ အကြွင်းမဲ့ယုံကြည်သည်၊မစ္စတာဂမ်ဘာရီ
သည် မြန်မာနိုင်ငံသူနိုင်ငံသားတို့၏အကျိုးစီးပွားကို ဆောင်ရွက်သူမဟုတ်ဘဲ နအဖ၏ အကျိုး
စီးပွားသက်သက်ကိုသာလုပ်ဆောင်နေသူဖြစ်သည်၊အမှန်တကယ် မြန်မာနိုင်ငံသို့သွားရောက်
သင့်သည့်ပုဂ္ဂိုလ်များမှာမစ္စတာဂမ်ဘာရီမဟုတ်ဘဲ ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ
(အန်စီဂျီယူဘီ)အဖွဲ့သာဖြစ်သည်၊မြန်မာ့နိုင်ငံရေးပြဿနာ အထူးသဖြင့်လောလောဆယ်ဖြစ်
ပေါ်နေသောဒေါ်အောင်ဆန်းစုကြည်အား မတရားအမှုဆင်ဖမ်းဆီးချုပ်နှောင်ထားသည့်ပြဿ
နာသည်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဖြေရှင်းရမည့်ပြဿနာဖြစ်သည်၊ မည်သည့်ပုဂ္ဂိုလ်
အဖွဲ့အစည်းကမှလာရောက်ဖြေရှင်းပေးနိုင်မှာမဟုတ်သလို နအဖသည် မည်သည့်နိုင်ငံတကာ
အသိုင်းအ၀ိုင်းကိုမှလည်း ဂရုတစ်စိုက်လေးစားသည့် သတ္တ၀ါများမဟုတ်ကြပေ၊
နအဖ၏ လုပ်ကြံအကွက်ဆင်ဇာတ်လမ်းများကို ပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသူ
နိုင်ငံသားအားလုံးနှင့် အဖွဲ့အစည်းအားလုံး သေသေချာချာ လေးလေးနက်နက်သဘော
ပေါက်သင့်ကြပေသည်၊နအဖ၏နိုင်ငံတကာအပေါ်ပြနေသည့်မျက်လှည့်ပြကွက်များသည်ရိုးအီ
နေသည့်ထူးမခြားနားပြကွက်များဖြစ်သည်ကိုပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ
(အန်စီဂျီယူဘီ)အနေဖြင့်အထူးသဘောပေါက်သင့်ပေသည်။
သို့ဖြစ်ပါ၍ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရ(အန်စီဂျီယူဘီ)၏မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံသို့သွားရောက်ရန်တိုက်တွန်းချက်ကိုကျွန်ုပ်တို့မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီက
ပြင်းပြင်းထန်ရှုတ်ချကန့်ကွက်လိုက်သည်။တစ်ဆက်တည်းမှာပင်ကျွန်ုပ်တို့၏လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်အစွမ်းကုန်တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်းနှင့်
မစ္စတာဂမ်ဘာရီမြန်မာနိုင်ငံသို့လာရောက်ခြင်းကိုလည်းပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချသွားကြရန်
တစ်နိုင်ငံလုံးသို့တိုက်တွန်းနိုးဆော်သွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 11:37 PM 0 comments
ဒေါ်စုကို ပြည်သူကယ်မှရမယ်
ဒေါ်အောင်ဆန်းစုကြည်အားမတရားအမှုတင် တရားစွဲဆိုစွပ်စွဲမှုသည်(၂) ရက်တိုင်တိုင်ရှိခဲ့သော်လည်းမည့်သည့်အဖြေမှရေရေရာရာမရှိသေးပေ၊ နအဖသည် အချိန်ဆွဲနည်းဗျူဟာကိုကျင့်သုံး၍ ဒေါ်အောင်ဆန်းစုကြည်အားညှင်းပမ်းနှိပ်စက်နေခြင်းဖြစ်
သည်ကိုသဘောပေါက်သင့်ကြပေသည်၊နအဖစစ်မိစ္ဆာအာဏာရှင်သည်မြန်မာလူမျိုးတွေရဲ့
စိတ်ဓာတ်ဇွဲပျော့ညံ့မှုတို့ကိုအခွင့်အရေးယူကာဒေါ်အောင်ဆန်းစုကြည်အားတရားခံတစ်
ယောက်ကဲ့သို့ယုတ်မာရိုင်းပျစွာပြုမူလုပ်ဆောင်နေခြင်းသည်လက်ခံသင့်လက်ခံထိုက်တဲ့အရာမဟုတ်ပေ၊ မဟုတ်မဟတ်လုပ်ဇာတ်ဆင်ထားသော မတရားစီရင်မှုသည် မည်သည့်အခါမှ ပီးပြတ်မှာမဟုတ်သလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွတ်ဖို့ရန်လမ်းစမမြင်နိုင်ပေ၊ နအဖ၏ကောက်ကျစ်ယုတ်မာမှု၊ကတိမတည်မှု၊ရက်စက်မှု၊ အရှက်သိက္ခာမရှိမှုတို့မှာ ပြောပြစရာမလိုလောက်အောင်ပင် ကမ်းကုန်နေပီဖြစ်သည်၊ နအဖအနေနဲ့ ဘယ်လိုပင်အကောက်ကြံစည်၍ ဘယ်လိုပင်ထောင်သွင်းအကျဉ်းချဖမ်းဆီးပါစေ လူထုအမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးကယ်တင်ရန် အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကြီးနှင့်တကွပြည်သူလူထုတစ်ရပ်လုံးကတာဝန်အပြည့်ရှိနေပေသည်၊ဒေါ်အောင်ဆန်းစုကြည်သည်
မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ယုံကြည်အားထားရာ
အစစ်ဖြစ်သည်ကိုလေးလေးနက်နက်သဘောပိုက်ထားသင့်ကြပေသည်၊ပြည်သူလူထုခေါင်း
ဆောင်တစ်ယောက်ကို ပြည်သူလူထုကြီးကမှမကယ်တင်ရင် မည်သည့် ကယ်တင်ရှင်ကမှ လာပီးကယ်တင်နိုင်မှာမဟုတ်ဘူးဆိုတာကိုလည်းအထူးသဘောပေါက်ထားကြစေလိုသည်၊
ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်နအဖ၏လိမ်လည်လှည့်ဖျားအကောက်ကြံမှုမှန်သမျှကိုပြည်သူလူထု၏ညီညွတ်မှု
အားဖြင့်လည်းကောင်း၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ရန် လူတိုင်းမှာ တာဝန်ရှိသည်ဟူသောအသိစိတ်ဓာတ်ဖြင့်လည်းကောင်း အင်းစိန်ထောင်တွင်အကျဉ်းချညှင်းပမ်းနှိပ်စက်ခံနေရသောလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားအမြန်ဆုံးကယ်တင်ရန် နအဖစစ်မိစ္ဆာကောင်များ၏မတရားစီရင်မှုကို စောင့်ဆိုင်းမနေဘဲ လှည်းနေလှည်းအောင်း မြင်းစောင်မကျန် လှေခွက်ချည်းကျန်းအလှံမလဲ ခိုင်မြဲသောသံမဏိစိတ်ဓာတ်ဖြင့် နအဖ စစ်မိစ္ဆာကောင်များကို စုပေါင်းတော်လှန်ကြပါစို့။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 8:25 AM 0 comments
Monday, May 18, 2009
နအဖ ရဲ့ တစ်ဖက်သတ်စွပ်စွဲချက်တွေကို အပြင်ထန်းဆုံးတုန့်ပြန်ကြ
ဒီနေ့ညနေ(၆)နာရီတွင် နအဖရုပ်မြင်သံကြားက ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေါ်ခင်ခင်ဝင်း
ဒေါ်ဝင်းဝင်းမ တို့ကို ဘာကြောင့်တရားစွဲရတယ်ဆိုပြီး မဟုတ်မဟတ်လုပ်ဇာတ်ခင်း သတင်း
ကိုကြေညာသွားပါတယ်၊ ဒါဟာ ပြည်သူလူထုတစ်ရပ်လုံးကို ထပ်မံစော်ကားလိုက်ခြင်းပဲဖြစ်
ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အစကတည်းက အပြစ်ကျူးလွန်သူမဟုတ်ပါဘူး နအ
ဖဟာ မိမိကျူးလွန်တဲ့အပြစ်ကို တစ်ဖက်သတ်စွပ်စွဲချက်တွေနဲ့ ဖုံးကွယ်ဖို့ကြိုးစားနေခြင်းသက်
သက်သာဖြစ်ပါတယ်၊ အမှန်တကယ်အပြစ်ပေးအရေးယူရမှာက ဒေါ်အောင်ဆန်းစုကြည်မ
ဟုတ်ပဲ နအဖခေါင်းဆောင် အာဏာရူးသန်းရွှေသာဖြစ်ပါတယ်၊ အာဏာရူးသန်းရွှေဟာ တိုင်း
ပြည်ကို ထင်တိုင်းစိုင်းခဲ့တာ အနှစ် (၂၀) ရှိခဲ့ပါပြီ၊ နောက်ထပ်လဲ တစ်တိုင်းပြည်လုံး ဒုက္ခ
ရောက်အောင် နည်းလမ်းမျိုးစုံသုံး ညစ်ပတ်နေပြန်ပါပြီ၊ နအဖ အာဏာသက်ဆိုးရှည်နေသမျှ
ကာလပတ်လုံး သန်း(၅၀)ကျော်သော ရဟန်းရှင်လူပြည်သူတွေဟာ ဒုက္ခပင်လယ်ဝေကြရဦး
မယ်ဆိုတာ သေသေချာချာသဘောပေါက်ကြစေချင်ပါတယ်၊ ကျွနုပ်တို့အားလုံးချစ်ခင်လေးစား
တန်ဖိုးထားတဲ့လူထုခေါင်းဆောင်တစ်ယောက်ကို ထောင်သွင်းအကျဉ်းချ၊ စိတ်ဆင်းရဲအောင်
အမျိုးမျိုးညှင်းပမ်းနှိပ်စက်နေတာကို ဒီအတိုင်းလက်ပိုက်ကြည့်မနေကြပါနဲ့တော့၊ မိမိတို့စွမ်းနိုင်
သည့်ဖက်က ပူးပေါင်းပါဝင်ဆင်နွဲကြပါ၊ နအဖစစ်မိစ္ဆာကောင်တွေဟာ ပြည်သူလူထုရဲ့ညီညွတ်
မှုအားကို အလွန်အင်မတန်ကြောက်လှန့်စိုးရိမ်လျှက်ရှိပါတယ်၊ ဒါကိုပြည်သူလူထုကြီးက သဘောပေါက်စွာနဲ့ မိမိတို့ရသင့်ရထိုက်တဲ့အခွင့်အရေးကို မိမိတို့ကိုယ်တိုင် ရရှိဖို့ညီညီညွတ်
ပူးပေါင်းပါဝင်တိုက်ပွဲဝင်ကြပါ၊ နအဖစစ်မိစ္ဆာတွေရဲ့ယုတ်မာမှုတွေကို အပြင်းထန်ဆုံး တုန့်ပြန်
ကြဖို့ အထူးတိုက်တွန်းနိုးဆော်လိုက်ပါတယ်၊ မနက်ဖန်နံနက် (၉ ၀၀) တိတိအချိန်တွင် အင်း
စိန်ထောင်ဗူးဝသို့ မိမိအစီအစဉ်ဖြင့်မပျက်မကွက်ပူးပေါင်းပါဝင်တော်လှန်ကြဖို့ တိုက်တွန်းအပ်
ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 6:16 AM 0 comments
ပြင်းထန်စွာတိုက်ပွဲဝင်ကြမယ်
ရဟန်းရှင်လူပြည်သူအပေါင်းတို့------
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နအဖက မနက်ဖန်မနက်(၁၀)နာရီ
ရုံးချိန်းလိုက်ပြန်ပါပြီ၊ နအဖစစ်မိစ္ဆာကောင်များဟာ ကိုယ့်ရှုးကိုယ်ပတ်မဲ့မတရားစီ
ရင်မှုကိုယခုအခါရင်ဆိုင်နေရပါပြီ၊နိုင်ငံတကာရဲ့ဖိအားပေးမှုကိုလည်းအလူးအလဲ
ခံနေရပါပြီ၊ ယခုအခါတွင် နအဖစစ်မိစ္ဆာကောင်များသည် မိမိ၏သူရဲဘောကြောင်
သည့်လုပ်ရပ်အတွက် သတင်းအမှန်ကိုပြည်သူလူထုများသို့မတင်ပြရဲပဲဖြစ်နေပါ
သည်၊ ရဟန်းရှင်လူပြည်သူလူထုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် လုံးဝလွတ်
မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြပါရန်အလေးအနက်တိုက်တွန်း
အပ်ပါသည်၊ဖြစ်ပေါ်လာသည့်ပြဿနာဟူသမျှသည် နအဖ စစ်မိစ္ဆာကောင်များ
မှာသာ တာဝန်အပြည့်ရှိကြောင်းနှင့် နအဖစစ်မိစ္ဆာကောင်များ၏ ကလိမ်ကကျစ်
ယုတ်မာကောက်ကျစ်မှုများကို လုံးဝ(လုံးဝ)အယုံအကြည်မရှိဘဲ ဒေါ်အောင်ဆန်း
စုကြည်လွတ်မြောက်ရေးအတွက် ပြင်းပြင်းထန်ထန်ဆက်လက်တိုက်ပွဲဝင်သွား
ကြဖို့ အထူးတိုက်တွန်းနိုးဆော်လိုက်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 3:22 AM 0 comments
Sunday, May 17, 2009
စစ်မိစ္ဆာအာဏာရှင်အလိုမရှိ
17, 05, 2009
သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များမှ နအဖစစ်အာဏာရှင်များ၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် လုပ်ကြံတရားစွဲဆိုမည့်ကိစ္စကို ဆန့်ကျင်ရှုတ်ချသောအားဖြင့် ယနေ့ ၁၇၊ ၀၅၊ ၂၀၀၉ ခုနှစ်တွင် သဘောထားထုတ်ပြန် ဆန္ဒပြအခမ်းအနားကျင်းပခဲ့ကြသည်။ ဆန္ဒပြပွဲအခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ်ခဲ့ကြပြီး စစ်အာဏာရှင်များ၏ လုပ်ရပ်များနှင့်ပတ်သတ်၍ တရားမျှတမှုမရှိပုံများကို တစ်ပါးချင်းစီက ထုတ်ဖော်ပြောကြားသွားခဲ့ကြသည်။ ယင်းနောက်တွင် စစ်အာဏာရှင် ဦးသန်းရွှေ၏ ပန်းချီကားနှင့် ဓာတ်ပုံများကို မီးရှို့ပြီး စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း၊ စစ်အာဏာရှင်များ၏ လုပ်ရပ်များကို ဆန့်ကျင်ကန့်ကွက်ကြောင်း ပြသခဲ့ကြသည်။
ခေတ်ဆိုး စနစ်ဆိုး
စစ်ဗိုလ်ဆိုးနှင့်
မင်းဆိုး အတန်တန်
အမြစ်မကျန်
တွန်းလှန်ဖြိုဖျက်ကြပါစို့။
Labels: သတင်း
Posted by Ashin dhamma at 6:17 AM 0 comments
Saturday, May 16, 2009
အထွေထွေသပိတ်တိုက်ပွဲဆင်နွဲကြမယ်
ရဟန်းရှင်လူပြည်သူအပေါင်းတို့----
ဒေါ်စုကိုထောင်သွင်းအကျဉ်းချလျှင် တစ်တိုင်းပြည်လုံးဆူပူအုံကြွမယ်၊
သေနတ်သံတစ်ချက်ဖောက်လျှင် ဗမာပြည်မီးဟုန်းဟုန်းတောက်စေရ
မယ်၊ သာသနာ့အလံ ခွတ်ဒေါင်းအလံမြေလွတ်မကျန်အောင် စိုက်ထူ
ကြမယ်၊ အိမ်ပြင်မထွက် အိမ်တွင်းဆန္ဒပြပွဲတွေ ဆက်တိုက်လုပ်မယ်၊
လှည်းနေလှည်းအောင် မြင်းစောင်းမကျန် နအဖ စစ်မိစ္ဆာကိုတော်လှန်
ကြ၊ အမှန်တရားအတွက်ထောင်နံရံတွေဖောက်ထွက်ကြ။
အာဏာရှင်ဆိုတာ ကြောက်နေရင် ပိုပြီးဖြဲခြောက်တယ်၊
အာဏာရှင်ကိုမကြောက်တရားနဲ့ အမြစ်ပါမကျန်ခြေမှုန်းသုတ်သင်
ကြ၊ လက်နက်အားကိုးနဲ့ မတရားအနိုင်ကျင့်သူတွေကို ရရာလက်နက်
စွဲကိုင်တော်လှန်ကြ၊ ဗမာ့သွေးရဲပါစေ၊ ဒီမြေဟာ ငါတို့မြေ၊ ဒီပြည်ဟာ
ငါတို့ပြည်၊စစ်ကျွန်အဖြစ်နွံနစ်မခံဘူး၊ညီညာတဲ့သံမဏိစိတ်ဓာတ်တွေ
နဲ့ စစ်အာဏာရှင်ကိုတော်လှန်ကြမယ်။
တိုင်းပြည်ကိုထင်သလိုရောင်းစား၊ အာဏာကိုလက်ဝါးကြီးအုပ်၊
ပြည်သူတွေကိုအနိုင်ကျင့်၊ပြည်သူ့ခေါင်းဆောင်ကို ထောင်သွင်း
အကျဉ်းချနှိပ်စက်ညှင်းပမ်းတဲ့ မတရားတဲ့စစ်အာဏာရှင်တွေကို
ရဲရဲဝံ့ဝံ့တော်လှန်ကြ။
မြန်မာနိုင်ငံလုံးဆိုင်ရာသပိတ်ကော်မတီအဖွဲ့
Labels: ကြေညာချက်
Posted by Ashin dhamma at 9:55 PM 0 comments
မြန်မာ့ဒီမိုကရေစီလိုလားသူများအားလုံးသို့----
သပိတ်စုံ၊သူပုန်ထ မိစ္ဆာ စစ်အစိုးရကို ဖြုတ်ချပစ်ဘို့ အချိန်ကျပြီ။
စစ်အစိုးရဆန့်ကျင်ရေး နည်မျိုးစုံသုံး တိုက်ပွဲဝင်ကြ။
လူထုတိုက်ပွဲ ဆင်နွဲကြ။
၂၀၁၀ မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှု နဲ့ ယာယီ အစိုးရ ဖွဲ့စည်းရေးလုပ်ဆောင်ကြ။
Labels: ကြော်ညာချက်
Posted by Ashin dhamma at 9:27 PM 0 comments
အထူးကဗျာ
၂၀၀၉ မေလ(၁၈)ရက်နေ့  နံနက်
အင်းစိန် အကျဉ်းထောင်ရှေ့ တွင်
မြန်မာ ပြည်သူများ စုဝေး ရွတ်ဆိုရန်
ဒေါ်အောင်ဆန်းစုကြည် (ချက်ချင်းလွှတ်)၂
မတရားတဲ့ ဥပဒေ (အလိုမရှိ)၂
မတရားတဲ့ အစိုးရ (ကျဆုံးပါစေ)၂
အင်းစိန်ထောင်ကြီး ဘယ့် နှယ်ဝိုင်းမယ် (ဒိနှယ်ဝိုင်းမယ်)၂
အင်းစိန်ထောင်ကြီး ကျယ်တယ်ဆို (ထပ်ချဲ့ လိုက်)၂
အင်းစိန်ထောင်ကြီး ဘယ်သူ့ အတွက် (သန်းရွှေအတွက်)၂
သန်းရွှေ သန်းရွှေ (အို့  အို့ )၂
သန်းရွှေ သန်းရွှေ (နုတ်ထွက်ပေး)၂
နအဖဖွဲ့ စည်းပုံဥပဒေ (ဖျက်သိမ်းပစ်)၂
နအဖရွေးကောက်ပွဲ (ဘွိုင်းကောက်)၂
အရေးတော်ပုံ (အောင်ရမည်)၂
အရေးတော်ပုံ (အောင်ရမည်)၂
အောင်ဝေး
မေ ၁၅-၂၀၀၉
Labels: ကဗျာ
Posted by Ashin dhamma at 3:53 AM 0 comments
အပြင်းထန်ဆုံး တိုက်ပွဲကို နွဲကြမယ်
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရအနေနဲ့ ထောင်ထဲပို့ပြီး ပစ်ဒဏ်များချမှတ်ခဲ့ပါက ပြည်တွင်း ပြည်ပရှိ မြန်မာလူမျိုးများအားလုံး ညီညီညွှတ်နဲ့ အတူတကွ တိုက်ပွဲဝင်ကြဖို့အတွက် အသင့်ပြင်ထားကြပါ။ ဘလော့ကနေ၊ ရေဒီယိုတွေကနေ အော်နေလို့ မပြီးပါဘူး။ လက်တွေ့လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ မြန်မာလူမျိုးများ အားလုံးကို မေးချင်တယ်။ အရှုံးတွေကိုခါးသည်းစွာခံစားပြီးနေမလား။ ရပ်ကြည့်နေမလား။ ဘလော့ကနေပဲ အော်နေမလား။
အမေရိကန်သံရုံး၊ မြန်မာသံရုံး၊ ကုလသမဂ္ဂသံရုံးများရှေ့တွင် ဒီရုံးသုံးရုံရှေမှ ထိထိရောက်ရောက်ဆန္ဒပြကြဖို့၊ လိုအပ်သလို အသက်ကို မငဲ့ကွက်ပဲ ပြင်းပြင်းထန်ထန်အရေးယူလုပ်ဆောင်သွားကြဖို့ တိုက်တွန်းတယ်။
ပြည်ပရောက်မြန်မာများအနေနဲ့ အနည်းငယ်တိဗက်လူမျိုးများကို အတုယူသင့်တယ်။ ဂန္ဓီရဲ့လမ်းစဉ်ကို ပြန်လည်သုံးသပ်ရမယ်။ မအောင်မြင်တဲ့ ဒလိုင်းလားမားရဲ့ ပေါ်လစီကိုလည်း သုံးသပ်ရမယ်။ သူပုန်အစိုးရကို ဘယ်တော့မှ ဒူးထောက်ဖို့ စိတ်မကူးကြနဲ့။
Labels: နိုးဆော်ချက်
Posted by Ashin dhamma at 12:55 AM 0 comments
Friday, May 15, 2009
လူထုခေါင်းဆောင်ကိုချက်ခြင်းလွတ်ပေးပါ
"အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်။ တကယ်လည်း ဦးဆောင်မှု ပေးနိုင်တဲ့ ပုဂ္ဂိုလ်၊ တကယ်လည်း နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်လောက်တဲ့ နိုင်ငံရေး သြဇာရှိတဲ့ ပုဂ္ဂိုလ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ကျနော်တို့ ဆုံးရှုံးတယ်ဆိုတော့ ကျနော်တို့ သွားနေတဲ့ နိုင်ငံရေး လမ်းကြောင်းအနေနဲ့ အလွန်ကို အရေးကြီးတဲ့ ပုဂ္ဂိုလ်၊ တွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်းမှာ ထိုင်မယ့်သူက ဒေါ်အောင်ဆန်းစုကြည်။ တခြားသူ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်စုကြည်။"
ဦးဝင်းတင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်
Labels: ဓာတ်ပုံ
Posted by Ashin dhamma at 9:41 PM 0 comments
တီမောသမ္မတက သန်းရွှေတို့ကို နိုင်ငံတကာခုံရုံးသို့ ပိုရန် ဆန္ဒရှိ
အရှေ့တီမောနိုင်ငံ သမ္မတ ဟိုဆေးရာမို့စ် ဟော်တာက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း မပြုလျှင် မြန်မာဗိုလ်ချုပ်ကြီးများကို နိုင်ငံတကာ ရာဇ၀တ် တရားရုံး (ICC) က စုံစမ်းအရေးယူရန် သူက တောင်းဆိုမည်ဟု ဂျကာတာရှိ ဘီဘီစီ သတင်းထောက်ကို ယနေ့ ပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားခြင်းသည် အလွန်စက်ဆုပ် ရွံမုန်းစရာ၊ ခံပြင်းစရာ ကောင်းသည့် အပြုအမူ ဖြစ်သည်ဟုလည်း ပြောလိုက်သည်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းထံမှ ပြစ်ဒဏ်ခတ် အရေးယူမှုများ အပါအ၀င် ခိုင်မာတိကျသည့် အရေးယူမှုများ ပြုလုပ်လာရန် စစ်အစိုးရက ဆွပေးလိုက်ခြင်းဖြစ်သည် ဟုလည်း မှတ်ချက် ချသွားသည်။
သမ္မတ ဟော်တာသည် ဒေါ်စုကဲ့သို့ပင် ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်တဦးလည်း ဖြစ်သည်။
မိုးမခမှတင်ပြသည်။
Labels: သတင်း
Posted by Ashin dhamma at 6:57 PM 0 comments