သန်းထိုက်ဦး
တနင်္လာနေ့၊ ဇွန်လ 30 2008 20:05 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ နအဖ စစ်အစိုးရ ပူးပေါင်းတပ်နှင့် ကရင်လွတ်မြောက်ရေး တပ်မတော်အကြား ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာ ကရင်တပ်သားတဦး ကျဆုံးခဲ့သည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဝေါလေခီးဒေသမှ တပ်စခန်းတခုအား နအဖ တပ်နှင့် ကရင်အဖွဲ့ကွဲတခုဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက် ၄ နာရီခန့်တွင် လာရောက်တိုက်ခိုက်ရာ KNLA တပ်သားတဦး ကျဆုံးပြီး တဦး ဒဏ်ရာ ရသွားခဲ့ခြင်း ဖြစ်သည်။
“တိုက်ပွဲ အခြေအနေကတော့ ဒီဘက်က တယောက် ဖမ်းမိပြီးတော့ တယောက် ကျတယ်။ အဲဒါနဲ့ပဲ ပြီးသွားတာပေါ့” ဟု KNLA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်သည့် ကရင် အမျိုးသားအစည်းအရုံး (KNU) ဗဟို သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ပဒို စောလှငွေက မဇ္ဈိမကို ပြောသည်။
ဝေါလေခီး ဒေသသည် ထိုင်း-မြန်မာ နယ်စပ်မြို့ မဲဆောက်၏ တောင်ဘက် ၄၅ ကီလိုမီတာခန့် အကွာအဝေးတွင် တည်ရှိသည်။
နှစ်ဖက်တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် နအဖ နှင့် DKBA ပူးတွဲတပ်သည် အင်အား ၄ဝ ခန့် ပါဝင်ကာ KNLA တပ်သား ၇ ဦးခန့်သာ ရှိခဲ့သည်ဟု ပဒိုစောလှငွေက ပြောသည်။
ဝေါလေခီးစခန်းသည် စခန်းဟောင်း တခုဖြစ်ပြီး လက်ရှိအချိန်တွင် နအဖ စစ်အစိုးရဘက်က သိမ်းပိုက်ထားသည် သို့မဟုတ် ပြန်လည် ဆုတ်ခွါသွားသည်ကိုမူ အတိအကျ မသိသေးကြောင်း KNU က ပြောသည်။
Mazzimaမှတင်ပြသည်။
Monday, June 30, 2008
ဝေါလေခီးတွင် တိုက်ပွဲဖြစ်၊ ကရင်တပ်သားတဦး ကျဆုံး
Posted by Ashin dhamma at 5:38 PM 0 comments
Sunday, June 29, 2008
ဒုတိယ ရွှေဝါရောင်တော်လှန်ရေးအတွက် ပြည်တွင်းပြည်ပ ရခိုင်သံဃာများ ဆွေးနွေး
ကျော်ထင်/ ၃၀ ဇွန် ၂၀၀၈
line
ရွှေဝါရောင်တော်လှန်ရေးဟု လူသိများသော ပြီးခဲ့သည့် စက်တင်ဘာလှုပ်ရှားမှုအတွင်း လမ်းမ ပေါ်တွင် အစောဆုံး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ရခိုင်သံဃာတော်များနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အခြေစိုက် ရခိုင်သံဃာများ နယ်စပ်တွင်တွေ့ဆုံပြီး ဒုတိယရွှေဝါရောင်တော်လှန်ရေး အတွက် ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံမှုတွင် ရခိုင်ပြည်နယ်အနှံ့ ဒေသ (၄) နေရာခွဲပြီး ဖွဲ့စည်းထားသော သံဃာ့သမဂ္ဂီအဖွဲ့ချုပ် (ရခိုင်ပြည်) နှင့် ဘင်္ဂလားဒေ့ရှ် အခြေ
စိုက် သာသနာ့ဦးသျှောင် (ဘင်္ဂလားဒေ့ရှ်) တို့မှ သံဃာများ ကြွရောက်ခဲ့ကြပြီး သံဃာ့လှုပ်ရှားမှုနှင့် သာသနာ့ဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် ပြည်တွင်းပြည်ပ ပူးပေါင်းလှုပ်ရှားသွားရန် သဘောတူခဲ့ကြသည်။
နာဂစ်မုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေကြရသည့် ပြည်သူလူထုအခြေနေသည် ပြီးခဲ့သည့် လောင်စာဆီဈေးနှုန်းကြီးမားမှု အကျပ်အတည်းထက် ပိုမိုဆိုးရွားသောကြောင့် သံဃာထုအနေဖြင့် ရွှေဝါရောင်တော်လှန်ရေးကာလကကဲ့သို့ ပြည်သူ့ရှေ့မှရပ်တည်ကြရန် လိုအပ်ချက်သဖြင့် တွေ့ဆုံ ဆွေးကြခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် သာသနာ့ ဦးသျှောင်( ဘင်္ဂလားဒေ့ရှ်) မှ ဥက္ကဋ္ဌ ဆရာတော် ဦးမေဃိယက မိန့်ကြားသည်။
ဦးမေဃိယက “ပြည်တွင်းမှာရှိတဲ့ သံဃာတွေကလည်း ဒုတိယ ရွှေဝါရောင်တော်လှန်ရေး ပေါ် ပေါက်ဖို့အတွက် အများကြီး စုစည်းနေကြတာလေ၊ ပြည်ပက ရှိနေသူတွေကလည်း နည်းလမ်း ပေါင်းစုံနဲ့ ကူညီကြဖို့ လိုတယ်၊ အထဲက သံဃာတွေက အားတခုအနေနဲ့ ညီညီညွတ်ညွတ် တည်ဆောက်ပြီးသား ရှိနေတာလေ၊ အကြောင်းပေါ်တာနဲ့တပြိုင်နက် ဒီသံဃာတွေဟာ သံဃာ တွေဦးဆောင်တဲ့ လှုပ်ရှားမှုအတွက် နောက်မဆုတ်တမ်း လုပ်မယ်လို့ ဦးဇင်း ယုံကြည်တယ်” ဟု မိန့်ကြားသည်။
စစ်တွေမြို့ရှိ စာသင်တိုက်ကြီးတခုဖြစ်သည့် ပုသိမ်ကျောင်းတိုက်မှ သံဃာတပါးက “ကျောင်းက သံဃာတွေကတော့ ထုံးစံအတိုင်းပါပဲ၊ ၀ါတွင်းကာလကလည်း နီးလာပြီလေ၊ စာသင်စာချကတော့ ပုံမှန်ပါ၊ သံဃာတွေဘက်ကတော့ ဒီလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်မယ်၊ မပတ်သက်ဘူးဆို တာတော့ အတိကျပြောလို့မရဘူး ထင်တယ်” ဟု မိန့်ကြားသည်။
ဆရာတော်ဦးဥတ္တမအပါအ၀င် ရခိုင်သံဃာတော်များသည် မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလှုပ်ရှားမှုတွင်လည်း စစ်တွေမှ သံတော်များသည် သြဂုတ်လကုန်ပိုင်းကတည်းက လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။
ခေတ်ပြိုင်မှတင်ပြသည်။
Posted by Ashin dhamma at 11:53 PM 0 comments
စစ်တွေတွင် မကျေနပ်သူတဦးက လက်ကိုင် လော်စပီကာကို အသုံးပြုပြီး အစိုးရကို ဝေဖန် ဆဲဆို
6/30/2008
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အမည်မသိသူ တဦးက လွန်ခဲ့သော သောကြာနေ့က လက်ကိုင် အငယ်စား စပီကာကို အသုံးပြု ပြီး စစ်အစိုးရကို ဝေဖန် ဆဲဆိုသွားခဲ့ကြောင်း သတင်းရရှိသည်။
မျက်မြင် တဦးက “သူက စစ်တွေမြို့ အမှတ် ၁ ရဲစခန်းရှေ့ကနေ ဆဲဆိုသွားတာပါ။ ကျွန်တော် ကြားရသလောက်ကို ပြောရမယ်ဆိုရင်တော့ --- ထမင်းငတ်၍ ရခိုင်ပြည်မှာ လူတွေ သေနေပြီ။ ဒါ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ရခိုင် လူမျိုးတွေ တိုက်ဆောက်ပြီး ၀မ်းသာ မနေကြနဲ့။ ရခိုင်တွေ ထမင်းငတ် သေနေကြပြီ။ --- စသဖြင့် သူက ပြောဆိုသွားတာပါ။ ” ဟု ပြောသည်။
သို့သော်လည်း ဝေဖန် ဆဲဆိုသွားသူကို စစ်တွေရဲမှ တစုံတရာ အရေးယူခြင်း စစ်ဆေး မေးမြန်းခြင်း မရှိကြောင်း သိရှိရသည်။
ယခုကဲ့သို့ဝေဖန် ဆဲဆိုမှုမှာ များမကြာမှီက စစ်တွေမြို့ မင်းဂံရပ်ကွက်မှ သားဖသုံးဦး ထမင်းငတ်၍ အဆိပ်စား သေဆုံးပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အဆိုပါ သားဖသုံးဦး ထမင်းငတ်၍ အဆိပ်စား သေဆုံးသွားသဖြင့် စစ်တွေလူထု အတွင်းအထူး မကျေနပ်မှုများ တိုးပွားနေကြောင်း သတင်းများ ရရှိသည်။
ရခိုင်ပြည်နယ် အနှံ့အပြားတွင် ဆန်ဈေးနုန်း ကြီးမြှင့်ခြင်းကြောင့် ဆင်းရဲသူ လက်လုပ်လက်စား အများအပြားမှာ ထမင်းငတ် နေကြရကြောင်း ပြည်တွင်းမှ ပေးပို့သော သတင်း အများအပြားတွင် ဖေါ်ပြသည်။
Posted by Ashin dhamma at 11:20 PM 0 comments
"ဆန့်ထွက်လာမည့် လက်သည်းများ"
စိုးနေလင်း
တနင်္လာနေ့၊ ဇွန်လ 30 2008 03:13 - မြန်မာစံတော်ချိန်
မြန်မာနိုင်ငံအကြောင်း၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးဘ၀၊ လူမှုရေးဘ၀၊ နိုင်ငံရေး ဘ၀တွေအကြောင်း ရေးသားထားတဲ့ သတင်းတွေ၊ ဆောင်းပါး တွေ၊ စာအုပ်စာတမ်းတွေဖတ်ရ၊ လျှပ်တပြတ် ရိုက်ထားတဲ့ ဓါတ်ပုံတွေ၊ သတင်းဓါတ်ပုံတွေ၊ သတင်းဓါတ်ပုံတွေ၊ ဗီဒီယို ကလစ်တွေ၊ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရတဲ့အခါတိုင်း ကြည်နူးပီတိဖြစ်ရ၊ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရတယ်လို့ မရှိသလောက်ပါပဲ။ ၀မ်းနည်း ကြေကွဲရ၊ စိတ်မကောင်းဖြစ်ရ၊ ကြိတ်မနိုင်ခဲမရ ဖြစ်ရ၊ ဒေါသဖြစ်ရ စတဲ့ မကောင်းတဲ့ စိတ်ခံစားမှုတွေကိုပဲ ကြုံတွေ့ ခံစားခဲ့ရတာချည်းပါပဲ။ အဲဒါတွေရဲ့ အခြေခံ အကြောင်းတရားဟာ မှားယွင်းတဲ့ အပေါ်ထပ် နိုင်ငံရေး အဆောက်အဦ၊ မှားယွင်းတဲ့ အခြေခံ စီးပွားရေး အဆောက်အဦ ကြောင့်ပဲ ဆိုတာလည်း ရှင်းနေတာပါပဲ။ အပေါ်ဆုံးထပ်နဲ့ အောက်ဆုံးထပ်ကြားမှာ ရှိတဲ့ ကျန်နေတဲ့အရာ အားလုံးဟာလည်း အလိုအလျှောက် မှားယွင်းသွားခဲ့ရ မှားယွင်းနေဆဲပဲ ဖြစ်ရတော့တာပါပဲ။ ဒါလည်း ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။
ဒါပေမယ့် အဲ့ဒီ အဓိက မှားယွင်းမှုကြီး နှစ်ခုရဲ့ ကြားမှာ ဖြစ်ပေါ်လာတဲ့ အမှားတွေကို တကယ်တန်း ခါးခါးသည်းသည်း ခံစားနေရတာကတော့ အောက်ဆုံးလွှာက မရှိဆင်းရဲသား ပြည်သူတွေပဲ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီ သန်းပေါင်းများစွာ ရှိတဲ့ ပြည်သူလူထုဟာ တိုင်းပြည်ရဲ့ အကြီးမားဆုံး စွမ်းအား အကြီးမားဆုံး အင်အားစုကြီးပါ။ ဒါပေမယ့် အဲဒီ စွမ်းအားအကြီးမားဆုံး အင်အားစုကြီးဟာ အကြီးမားဆုံး ဆင်းရဲဒုက္ခကို ခံစားနေကြရတဲ့သူတွေ ဖြစ်နေပါတယ်။ ကျနော်ကိုယ်တိုင်လည်း အဲဒီ အင်အားစုကြီးထဲမှာ ပါဝင်ခဲ့ရတဲ့ သူတစ်ယောက်ပါ။ အဲဒီ စွမ်းအား အကြီးမားဆုံး အင်အားစုကြီးဟာ ဒီကနေ့ အချိန်မှာ စွမ်းအား မဲ့သွားကြပါပြီလား။ သူတို့ တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေထဲက လွတ်မြောက်အောင် မရုန်းကန်နိုင် မလှုပ်ရှားနိုင် ကြတော့ဘူးလား။ အဲ့ဒီလို မဟုတ်ဘူးလို့ ကျနော် အခိုင်အမာ ယုံကြည်ပါတယ်။ နှစ်ငါးဆယ် နီးပါး စစ်အာဏာရှင်တွေရဲ့ သံဖနောင့်အောက်မှာ ရက်ရက်စက်စက် ဖိနှိပ် ညှင်းပမ်းခံရ၊ မျက်စိပိတ် နားပိတ် အလုပ်ခံရလို့ သူတို့မှာ ရှိနေတဲ့ ကြီးမားတဲ့ စွမ်းအားတွေကို အသုံးပြုဖို့ မကြိုးစားရဲအောင် ဖြစ်နေကြရရှာတာပါ။ ကိုယ်စီကိုယ်စီမှာ ရှိနေတဲ့ အစွမ်းသတ္တိတွေကို ကိုယ်ကိုယ်တိုင် မသိနိုင်အောင် ဖြစ်နေကြရရှာတာပါ။ မြန်မာနိုင်ငံရဲ့ နွံနစ်နေတဲ့ သမိုင်းဘီးကို တွန်းတင်လွတ်မြောက်အောင် လုပ်ဆောင်နိုင်စွမ်း အမှန်တကယ် ရှိနေတာဟာ သူတို့ပါပဲ။ မှတပါးတခြားမရှိ၊ ကျနော်တို့ရဲ့ သန်းပေါင်းများစွာသော သာမန်ပြည်သူတွေပါပဲ။ ဒီနေရာမှာ အငြင်းပွားစရာ မရှိဘူးလို့ ထင်ပါတယ်။
ဒုတိယ ဖက်ဆစ်တော်လှန်ရေးလို့ ပြောလို့ ရသလို နယ်ချဲ့အောက်က လွတ်မြောက်အောင်မဟုတ်ပဲ အမျိုးသား စစ်အာဏာရှင်စနစ် လက်အောက်က လွတ်မြောက်အောင် တိုက်နေတဲ့ အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေးပါ။ နယ်ချဲ့ကို တော်လှန် တိုက်ခိုက်ရတာထက် ပိုပြီးခက်ခဲ ကြမ်းတမ်းပါတယ်။ အချိန်ကာလကို ပြောမယ် ဆိုရင်တော့ ကျနော် တို့ရဲ့ ပြည်သူလူထုဟာ အတိုင်းအတာတခုအထိ ဒီတော်လှန်ရေး ဖြစ်စဉ်ကို ဖြတ်သန်းကြုံတွေ့ ပြီးခဲ့ပါပြီ။ အတော်အတန် အတိုင်းအတာတခုထိ ရင့်ကျက်ခဲ့ပါပြီ။ နောက်ပြီး တော်လှန်ရေးတွေ ပေါက်ဖွားခဲ့တဲ့ ခေတ်ကာလအရ ဖြစ်စဉ်တွေဟာ ကွဲပြား ခြားနားနေပါတယ်။ ဒီကနေ့ အိုင်တီ ခေတ် ကမ္ဘာပြန့် ဖြစ်စဉ်ကာလ (Globalization) မှာ အချိန်တွေကို ကြုံ့ကွေးသွားအောင် နည်းပညာတွေက စွမ်းဆောင် နိုင်နေပါပြီ။ ကျနော်တို့ သမိုင်းထဲက တော်လှန်ရေး ဖြစ်စဉ်ဟောင်းတွေလောက် အချိန် ယူစရာ မလိုပါဘူး။ အချိန်တွေကို ချုံ့ပြီး အရှိန်အဟုန်ကို မြှင့်တင်လို့ရတဲ့ ခေတ်ကာလ ဖြစ်နေပါပြီ။
ကျနော်တို့ စိတ်ပျက် အားငယ်စရာ မရှိပါဘူး။ အလုပ်ကို ချက်ခြင်းစဖို့ပဲ လိုအပ်ပါတယ်။ စပြီးပြီ ဆိုရင်လည်း အရည်အတွက်ရော အရည်အချင်း အရပါ အရှိန်အဟုန်ကို မြှင့်တင် ပေးကြရပါလိမ့်မယ်။ တော်လှန်ရေးကြီး အောင်အောင်မြင်မြင် ပြီးဆုံးသွားဖို့ ပေါင်းစည်းလို့ ရနိုင်သမျှ အင်အား တွေကို ကျနော်တို့ ပေါင်းစည်းကြရပါမယ်။ တော်လှန်ရေးရဲ့ အဓိက ရည်မှန်းချက် အောင်မြင်ရေးအတွက် အသုံးပြုလို့ ရနိုင်သမျှ တော်လှန်ရေး နည်းနာတွေကို သုံးစွဲကြရပါလိမ့်မယ်။ တဦးချင်း တယောက်ချင်းပဲ ဖြစ်ဖြစ်၊ တအုပ်စုချင်းဖြစ်ဖြစ် စစ်အာဏာရှင်စနစ်ကို ဒေါက်ထောက် ကျားကန်ထားသမျှ အရာအားလုံးကို တိုက်ဖျက် ခြေမှုန်းကြရမှာ ဖြစ်ပါတယ်။ ဒီ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဒီမိုကရေစီ တော်လှန်ရေး ကြီး ရှုံးနိမ့်သွားမယ်ဆိုရင်၊ ဒီအတိုင်း စစ်အာဏာရှင်တွေကို ဆက်ပြီး အုပ်ချုပ်ခွင့် ပေးထားမယ် ဆိုရင် ကျနော်တို့ နိုင်ငံဟာ လုံးဝ ပျက်သုန်း သွားတော့မယ် အလျှော့ပေး စွန့်လွှတ်လို့ မဖြစ်ဘူး ဆိုတာကို ပြည်သူလူထု တရပ်လုံး သိမြင် သဘောပေါက်ကြဖို့ လိုအပ်ပါလိမ့်မယ်။
နိုင်ငံရေး သဘောတရားတွေ၊ စနစ်တွေ၊ အသစ်အသစ် ပေါ်ပေါက်လာနေတဲ့ အတွေးအခေါ်တွေ လမ်းကြောင်းတွေ အကြောင်းကို ငြင်းခုန် ဆွေးနွေး သဘောထားကွဲပြား နေကြရမယ့်အချိန် မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ဖျက် ခြေမှုန်းဖို့သာ ဖြစ်တယ် ဆိုတာကို ကျနော်တို့ တညီတညွတ်ထဲ ယုံကြည်ထားကြဖို့သာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော့အနေနဲ့ ကိုယ့်စိတ်ကို ပြန်ပြီး အားဖြည့် သန့်စင်ဖို့ အတွက် ဖတ်ကြည့်လိုက်မိတဲ့ မဟာမြိုင် တောရဆရာတော်ကြီး ဦးဇောတိကရဲ့"တွေးမိတိုင်း ပျော်တယ်" ဆိုတဲ့ စာအုပ်ထဲက ဆရာတော်ကြီးရဲ့ မိန့်ဆိုချက်တခုကို ပြန်ပြီးသတိရမိပါတယ်။ ဆရာတော်ကြီး ကတော့ ဘယ်လူ့အဖွဲ့အစည်း ဘယ်တိုင်းပြည်လို့ ထည့်သွင်း မပြောခဲ့ပါဘူး။ ကျနော်ကတော့ ကျနော်တို့ လူ့အဖွဲ့အစည်း ကျနော်တို့ တိုင်းပြည် လို့ ခံစားလိုက်ရပါတယ်။
ဆရာတော်ကြီးက
"…မတရားတာ၊ မမျှတတာတွေကို လုပ်တဲ့သူတွေ များနေရင် တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်း ဖြစ်နေမယ်။ တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်မှုရှိတဲ့ အသိုင်းအ၀ိုင်း ဖြစ်တယ်လို့ ဘယ်ပြောနိုင်မလဲ။
မတရားတာ လုပ်တဲ့သူရှိရင် ခံရတဲ့သူ ရှိတယ်။ ခံရတဲ့သူဟာ လုပ်တဲ့သူကို လေးစားမှာ မဟုတ်ဘူး။ တဦးကိုတဦး မလေးစားနိုင်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်တော့ဘူး။ တရားမျှတမှုမရှိ ၊ ဂုဏ်သိက္ခာလည်း မရှိတဲ့ အသိုင်းအ၀ိုင်းမှာ နေရတဲ့ သူဟာ စိတ်အေးချမ်းသာယာမှု ဘယ်လိုလုပ် ရနိုင်တော့မလဲ။
လူတချို့ မတရားတာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်တဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ မလွတ်လပ်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာ ဒီသုံးပါးဟာ ဆက်စပ်နေပါတယ်။ တန်ဖိုးထားစရာ ကောင်းတဲ့ ဒီ (Human values) သုံးပါးမရှိရင် အဆင့်မြင့်တဲ့ လူ့အသိုင်းအ၀ိုင်း မဖြစ်သေးဘူး…" လို့ မိန်းကြားဟောပြောခဲ့ ပါတယ်။
ကျနော်တို့တွေ တရားမျှတမှု မခံစားခဲ့ရသေးဘူး၊ လွတ်လပ်မှုကို မခံစားခဲ့ရသေးဘူး၊ ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်းတခု မဖြစ်သေးဘူး ဆိုတာကတော့ အသေအချာပါပဲ။
ကျနော်တို့ ပြည်သူလူထုကြီး အနေနဲ့ ကိုယ့်အားကိုယ်ကိုး ကြရပါလိမ့်မယ်။ စစ်အာဏာရှင်တွေနဲ့ သူ့ရဲ့ အပေါင်းအပါတွေကို ကိုယ်စီကိုယ်ငှ ဆန့်ကျင်တွန်းလှန်ဖို့ ကြိုးစားကြရပါလိမ့်မယ်။ အားလုံးဟာ လက်နက်စွဲကိုင် ဆန့်ကျင် တော်လှန်နိုင်ကြမှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နိုင် သလောက် အန္တာရာယ် မများတဲ့ ငြိမ်းချမ်းတဲ့ ခုခံဆန့်ကျင်မှုတွေကို သုံးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့သာ အရေးကြီးပါတယ်။ အဲ့ဒီ အဆင့်ကနေပြီး တဆင့် တိုးတက်လာတဲ့ အချိန်မှာတော့ ပိုပြီး ထိရောက် အစွမ်းထက်တဲ့ နည်းတွေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန် နိုင်လာကြပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဓမ္မ၀ါဒီ စစ်အာဏာရှင်တွေ မကြာတော့မယ့် အချိန်မှာ ကျဆုံး၊ အာဏာရှင်စနစ် နိဂုံး ချုပ်ရပါလိမ့်မယ်။ ဓမ္မဟာ အမှန်တရား ဖြစ်တယ်၊ သစ္စာတရား ဖြစ်တယ်။ ။
စိုးနေလင်း
Mazzimaမှတင်ပြသည်။
Posted by Ashin dhamma at 6:00 PM 0 comments
ဘယ်တော့မှပြန်မဆုံနိုင်တော့တဲ့အမေပြီးတော့မောင်လေး
ထင်ကျော် (မြန်မာတိုင်းမ်)
“သမီးတို့ ဘာတွေဖြစ်သွားတာလဲ။ အခုဖြစ်နေတာတွေဟာ အိပ်မက်တွေလား။ ပြီးတော့ အမေနဲ့ မောင်လေးနှစ်ယောက် ပြန်လာလိမ့်ဦးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေ့တိုင်းမျှော်နေတုန်းပဲ။ အမေနဲ့ မောင်လေးတွေ ပြန်လာကြဦးမှာလားဟင်”
ဒီစကားကို မျက်ရည်တွေ ၀ဲနေတဲ့ကြားက အားတင်းပြီး ပြောနေသူကတော့ အသက်(၂၂)နှစ်သာ ရှိသေးတဲ့ မဝေေ၀မြင့်ပါ။ သူက ကျိုက်လတ်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ လှည်းဆိပ်ဆိုတဲ့နေရာက ဇေယျာသီရိ ဘုန်းတော်ကြီးကျောင်းတိုက်မှာ ခိုလှုံနေတဲ့ နာဂစ်လေဘေးသင့် ဒုက္ခသည်ပေါင်း ၅၀၀ခန့်ထဲက တစ်ဦးပါ။
သူက ဒီကျိုက်လတ်မြို့နယ်ထဲကတော့ မဟုတ်ပါဘူး။ မုန်တိုင်းအတွင်း အသေအပျောက် အလွန်များပြားခဲ့တဲ့ ဘိုကလေးမြို့နယ်ထဲက လူ ၁,၀၀၀လောက်ရှိတဲ့ မယ်တော်စု ကျေးရွာကပါ။ မုန်တိုင်းနဲ့အတူ တက်လာခဲ့တဲ့ (၁၅)ပေလောက်မြင့်တဲ့ ဒီရေလှိုင်းက သူ့အပေါ်သိပ်ချစ်၊ သိပ်သံယောဇဉ်ကြီးရှာတဲ့ အမေနဲ့ မောင်လေးနှစ်ယောက်ကို ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် ဟိုအဝေးကြီးကို ထာဝရ ခေါ်သွားခဲ့ပါပြီ။ ဒီစကားကို သူပြောတဲ့အချိန်က မုန်တိုင်းပြီးလို့ (၂၄)ရက်အကြာမှာ ဖြစ်ပေမယ့် အချစ်ဆုံး မိသားစုဝင်တွေ ရုတ်တရက် ခွဲခွာသွားတာကို သူ့မှာ လက်မခံနိုင်၊ မယုံနိုင်အောင် ဖြစ်နေရဆဲ၊ ပြန်လာကြနိုးနိုးနဲ့ မ၀ံ့မရဲ တိတ်တခိုး မျှော်လင့်နေတုန်းပဲဆိုတာ သူ့စကားတွေထဲမှာ မြင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဘယ်တော့မှ ပြန်မလာကြတော့ဘူး ဆိုတာလည်း သူနားလည်နေပြန်တယ်။
“သမီးတို့ မယ်တော်စုကျေးရွာမှာ အိမ်ခြေ ၂၀၀လောက်ရှိပြီး လူဦးရေ တစ်ထောင်ကျော် ရှိပါတယ်။ သမီးတို့ မိသားစုက ဓနိလုပ်ငန်း လုပ်တယ်။ အိမ်မှာလည်း ကုန်စုံဆိုင်ဖွင့်ထားတာမို့ စီးပွားရေးအရ မပူမပင်ရတဲ့ အနေအထားပါ။ မုန်တိုင်းတိုက်မယ် ဘာညာဆိုပြီး သဲ့သဲ့ကြားသလို ရှိပေမယ့် ဘာဖြစ်မယ်ဆိုတာမျိုး ဘယ်သူမှ မသိကြတာမို့ ပုံမှန်အတိုင်းပဲ ရှိနေကြပါတယ်။ မေလ(၂)ရက်နေ့ ညနေ(၅)နာရီလောက်မှာ လေကြမ်းတွေ စတိုက်လာပါတယ်။ လေကတိုက်ရင်းနဲ့ တအားကြမ်းလာပြီး သစ်ပင်တွေ အမြစ်ကလဲ၊ ၀ုန်ဒိုင်းကြဲနေချိန်မှာ အမေရယ်၊ သမီးမောင်လေး နှစ်ယောက်ရယ်၊ သမီးရယ် အားလုံးလေးယောက် တစ်ယောက်ကို တစ်ယောက် တင်းနေအောင် ဖက်ထားကြပါတယ်။
“အဖေက အပြင်သွားနေတာမို့ အိမ်မှာ ရှိမနေပါဘူး။ ပထမဆုံး အိမ်ခေါင်းကြီး ပွင့်ထွက်သွားတယ်။ နောက်တော့ တအိမ်လုံး သိမ့်သိမ့်တုန်အောင် လှုပ်ယမ်းပြီး အိမ်ပြိုတော့မယ် ဆိုတာသိတော့ အိမ်အောက်ကို ကမန်းကတန်း ဆင်းပြေးကြပြီး ခြံထဲက စပါးစည်(ကျီ)ရှိရာကို မိုးထဲလေထဲမှာပဲ တစ်ယောက်လက် တစ်ယောက် ချိတ်ထားကြပြီး ပြေးပါတယ်။ ရွာထဲမှာလည်း အော်သံဟစ်သံတွေ၊ ကလေးငိုသံတွေ၊ ကယ်ပါယူပါ တစာစာ အော်သံတွေ ကမ္ဘာပျက်မတတ် ကြားနေရပါတယ်။ အိမ်တွေ ပြိုကုန်ကြပါတယ်။
“စည်ထဲမှာ ခိုနေတုန်း ည(၁၁)နာရီလောက်မှာ ရေတွေ တဝေါဝေါ တက်လာတာ တွေ့ရပါတယ်။ လူတစ်ရပ်စာလောက်မြင့်တဲ့ ရေလှိုင်းကြီး တက်လာတာ တွေ့ရပြီး ရွာတရွာလုံးကို မျိုသွားတာပါ။ သမီးတို့ ရှိနေတဲ့ စပါးစည်လည်း ပါသွားပြီး မိသားစုလေးယောက် ရေထဲမှာ မြုပ်လုမြုပ်ခင်မှာပဲ ကံကောင်းတော့ ဖွဲအိတ်ကြီးသုံးအိတ် ရေထဲမျောလာတာ တွေ့ရတယ်။ အမေက ဖွဲအိတ်ကြီးတွေကို အတင်းလိုက်ဆယ်၊ သမီးတို့ မောင်နှမသုံးယောက်ဆီကို ယူလာပြီး တင်းတင်းဖက်ထားကြဖို့ ပြောပါတယ်။ ပတ်ဝန်းကျင် မြင်မြင်ရာမှာ ရေပြင်ကြီးဖြစ်လို့ နေပါပြီ။ အမေက သူလည်း ခိုက်ခိုက်တုန်နေတဲ့ကြားက `သမီး မကြောက်နဲ့နော်၊ သားတို့ မကြောက်ရဘူးနော်။ အမေရှိတယ်’ ဆိုပြီး ပါးစပ်က တတွတ်တွတ် ပြောနေခဲ့တယ်။ လူချင်းကွဲသွားကြမှာစိုးလို့ တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းဆုပ်ပြီး ဖက်ထားကြတယ်။ ဒီလိုနေရင်း နာရီဝက်လောက်နေတော့ အုန်းပင်လောက်အထိ ရေလှိုင်းလုံးကြီး တက်လာပြီး ရိုက်ချလိုက်တာ တွဲထားတဲ့ လက်တွေလည်း ပြုတ်ထွက်သွား၊ ဖွဲအိတ်တွေနဲ့လည်း လွတ်သွားပြီး အားလုံး လူကွဲသွားကြပါတယ်။ လူမကွဲခင် အမေ့ရဲ့ နောက်ဆုံး အော်ပြောသံ ကြားလိုက်ရတာက `သားတို့ သမီးတို့ မကြောက်ကြနဲ့ အမေရှိတယ်’ တဲ့”
“သမီးလည်း မြုပ်ချည်ပေါ်ချည်နဲ့ နောက်ဆုံး အမြစ်က ကျွတ်ထွက်ပြီး ရေထဲမျောလာတဲ့ ကုက္ကိုပင်ကြီးတပင်ကို အတင်းဖက်ထားလိုက်ပါတယ်။ ကုက္ကိုပင်ကြီး မျောရာကို ပါသွားရင်း ရေထဲမှာ အိမ်တိုင်တွေ၊ သစ်ပင်အကျိုးအပြတ်တွေ၊ သွပ်ပြားလို ချစရာတွေ၊ ပျဉ်ပြားတွေလို အစုံပဲ မျောမျောလာပြီး သမီးကိုယ်ကို ဟိုကနေ တိုက်သွားလိုက် ဒီကနေ လာတိုက်လိုက်နဲ့ သမီးတကိုယ်လုံးမှာ ဒဏ်ရာတွေချည်းပါပဲ။ မနက် ၃-၄နာရီလောက်မှာ ရေက လည်ပင်းလောက် ပြန်ကျသွားပါတယ်။ သမီးလည်း ဘယ်ရောက်လို့ ရောက်မှန်းမသိပါဘူး။
“အဲဒီအချိန်မှာ ရေကူးပြီး သူ့အမေနဲ့ ညီမလေးတွေကို လိုက်ရှာနေတဲ့ အကိုကြီးတစ်ယောက်ကို ခပ်လှမ်းလှမ်းမှာ လှမ်းမြင်တော့ အော်ခေါ်ပြီး အကူအညီတောင်းပါတယ်။ သူကရောက်လာပြီး သမီးကို ကုက္ကိုကိုင်းပေါ်ကနေ ရေတိမ်ရာ ခေါ်သွားပါတယ်။ ညီမလေး ဘာမှမကြောက်နဲ့ ဆိုပြီးတော့လည်း အားပေးပါတယ်။ မိုးလင်းတော့ သူ့မိသားစုတွေကို ပြန်ရှာတွေ့ပြီး သူတို့ဆီ ပို့ထားဖို့ သမီးကိုခေါ်တော့ သမီးလည်း ချည့်သလိုဖြစ်နေတော့ လမ်းလုံးဝလျှောက်လို့ မရတော့ပါဘူး။ အဲဒီအကိုကြီးလည်း ခြေကုန်လက်ပန်း ကျနေတော့ သမီးကို ရွံ့ဗွက်ထဲမှာပဲ ဒရွတ်တိုက် ဆွဲခေါ်သွားရပါတယ်။ သူတို့နဲ့ နှစ်ရက်သုံးရက် အုန်းလက် အပူကာလေးတွေ ထိုးပြီးနေရပြီး ရေကျတော့ သမီးတို့ ရွာဘက်ကို မိသားစုကိုရှာဖို့ လမ်းလျှောက်သွားပါတယ်။ ရေကျတဲ့အချိန်မှာ သမီးက ကိုယ့်ရွာနဲ့ သုံးလေးရွာလောက်ခြားတဲ့ နေရာကို ရောက်သွားတာပါ။ ရွာပြန်ရောက်တော့ ရွာနေရာမှာ အုတ်ပတ်ကား တက်ထားတဲ့ အိမ်နှစ်အိမ် သုံးအိမ်လောက်ကလွဲပြီး ဘာဆိုဘာမှကို မတွေ့ရတော့ပါဘူး။ သမီးတို့အိမ်လည်း မရှိတော့ပါဘူး။ တရွာလုံးမှာ လူသုံးလေးဆယ်လောက်ပဲ ကျန်တော့တာ တွေ့ရပါတယ်။
“အဖေ့ကိုတော့ ပြန်တွေ့ရပါတယ်။ ဟိုး ပင်လယ်ဝ မိန်းမလှကျွန်းက `အမေရေယာဉ်’ ရုပ်တုကြီးလည်း ပြုတ်ထွက်ပြီး သမီးတို့ရွာဘက် ရောက်နေတာ တွေ့ရပါတယ်။ စားစရာ သောက်စရာ ဘာဆိုဘာမှ မရှိပါဘူး။ အပျက်အစီးတွေကြားထဲ ကျန်ခဲ့တဲ့ ဓားမတချောင်းနဲ့ အုန်းဖူးတွေ ဖဲ့စား၊ အုန်းရေသောက်ပြီး နေရတာပဲ။ ကျန်ခဲ့တဲ့ အိမ်တချို့က ပိုက်ဆံရှိတဲ့ အိမ်ဆိုတော့ တခြားနေရာက ရောက်လာတဲ့ ရေသန့်ဘူးတွေ ဘာတွေ ၀ယ်သောက်နိုင်ကြတာပေါ့။ သမီးတို့လည်း ရေက အရမ်းငတ်လာတဲ့ အခါကျတော့ သူတို့သောက်သလို ရေသန့်ကို တငုံလောက်ဖြစ်ဖြစ် အရမ်းကို သောက်ချင်တာပဲ။ တခါတလေ သွားပြီးတောင်းသောက် လိုက်တော့မယ်လို့တောင် တွေးမိပါသေးတယ်။ ဒါပေမယ့် သွားတောင်းမသောက်ရဲတော့ ဒီကိုရောက်လာတဲ့အထိ ရေသန့်တငုံမှကို မသောက်ခဲ့ရပါဘူး။
“အမေနဲ့ မောင်လေးတွေကို ပြန်တွေ့ရနိုးနဲ့ အဖေနဲ့သမီး တစ်နေကုန်လိုလို ရွာနီးချုပ်စပ်မှာ တွေ့သမျှ အလောင်းတွေကို နိုင်သလောက် လိုက်လှန်ကြည့်ပြီး ရှာပါတယ်။ အမေက အင်္ကျီအနီရောင်လေး ၀တ်ထားခဲ့တာမို့ အင်္ကျီအနီ ၀တ်ထားတဲ့ အလောင်းတွေ့တိုင်း အမေများလားဆိုပြီး လိုက်လှန်ကြည့်မိတယ်။ ၃-၄ ရက်လောက်သာ ကြာသွားတယ်။ အမေနဲ့ မောင်လေးတွေကိုလည်း ရှာမတွေ့၊ အစာနဲ့ရေ ချို့တဲ့မှုကြောင့် အားလည်းနည်းလာတာမို့ ကျန်တဲ့လူ ၂၀၊ ၃၀ လောက် အားလုံးပဲ ဘိုကလေးမြို့ပေါ် ရောက်မယ့်လမ်း မှန်းပြီး လျှောက်ခဲ့ကြတာပါ။ ဘိုကလေးမှာက ဆွေမျိုးအသိကလည်း မရှိတာမို့ ကျိုက်လတ်မြို့နယ်ထဲက အခုဒီဘုန်းကြီးကျောင်းကို အဖေနဲ့လာခဲ့ပါတယ်။ ဆရာတော်က အဖေနဲ့ သိကျွမ်းတယ်ဆိုတော့ ဒီကို အားကိုးတကြီး လာခဲ့ရတာပါ။ အဖေလည်း မုန်တိုင်းအတွင်း ရခဲ့တဲ့ ဒဏ်ရာတွေ၊ လမ်းတလျှောက် ရေစိုခဲ့တဲ့ ဒဏ်ရာတွေကြောင့် ဒီကိုလည်းရောက်ရော ချည့်သွားပါတယ်။ အောက်ပိုင်းသေသလိုဖြစ်ပြီး အခုလမ်းမလျှောက်နိုင်တော့ပါဘူး”လို့ မဝေေ၀မြင့်က ပြောရင်းငိုပါတယ်။
“မုန်တိုင်းမဖြစ်ခင် လေးငါးရက်ကပဲ အမေက ပြောတယ်။ ဒီလကုန်ရင် သမီးကို မြို့တက်ပြီး စက်ချုပ်သင်တန်း အပ်ပေးမယ်။ ပြီးရင် စက်ချုပ်ဆိုင် ထောင်ပေးမယ်ဆိုပြီးတော့ အားလုံးစီစဉ်ထားပြီးသား။ အခုတော့ အမေက မရှိတော့ဘူး။ အမေပြန်ရောက်လာရင် အရမ်းကောင်းမှာပဲ” ဆိုပြီး သူ့မျက်လုံးက ရီဝေေ၀နဲ့ အဝေးတစ်နေရာကို လှမ်းကြည့်နေသယောင်ယောင်ပါ။
လကုန်ရင် စက်ချုပ်သင်တန်းတက်ပြီး စက်ချုပ်ဆိုင်လေးဖွင့်ဖို့ အိပ်မက်မက်ထားတဲ့ မဝေေ၀မြင့်ရဲ့ အိပ်မက်လေးလည်း တစ်နေ့ အကောင်အထည် ပေါ်လာနိုင်ပါစေလို့ ဆုတောင်းရင်း …။
(ဇွန် ၁၃-၁၉၊ ၂၀၀၈ခုနှစ်ထုတ် မြန်မာတိုင်းမ်းဂျာနယ်မှ ကူးယူဖော်ပြပါသည်)
Posted by Ashin dhamma at 1:46 AM 0 comments
Saturday, June 28, 2008
ကချင်ပြည်နယ်၊မိုးညှင်းမြို့ပေါ်ရပ်ကွက်များရေမြုပ်
မျိုးကြီး
စနေနေ့၊ ဇွန်လ 28 2008 19:19 - မြန်မာစံတော်ချိန်
ရွှေလီ။ ။ ကချင်ပြည်နယ် မိုးညှင်းမြို့၌ ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် မြို့ပေါ်ရပ်ကွက်အချို့ ရေလွှမ်းမိုးခြင်း ခံရကာ မိသားစုဝင် ဦးရေ ၂ဝဝ ခန့် ရေဘေးလွတ်ရာ ပြောင်းရွှေ့နေရသည်။
မိုးညှင်းမြို့လယ်အတွင်း တောင်ဘက်မှ မြောက်ဘက်သို့ ဖြတ်သန်း စီးဆင်းသည့် နမ့်ရင်း ချောင်းရေသည် ယမန်နေ့ ညနေပိုင်းမှစ၍ မြင့်တက် လာပြီး ချောင်းဘေးတလျောက်ရှိ ရေလယ်ကျွန်း၊ မြို့မနှင့် တိန်အင်း၊ အုတ်ကျင်း၊ နမီးစု၊ နားခါ (တောင်၊ မြောက်)၊ နောင်စွန်းရပ်ကွက်များအနက် မြေနိမ့်ပိုင်းများသို့ ရေဝင်လာရမှ လူအချို့ ယခုလို ရွှေ့ပြောင်းနေရခြင်း ဖြစ်သည်။
“မနေ့ကပဲ ရေမြှုပ်တဲ့ အိမ်တွေက လူတွေကို ရေလွတ်တဲ့ အမြင့်ပိုင်း နေရာတွေကို ပြောင်းနေခိုင်းထားတယ်။ ရေဘေး ကယ်ဆယ်ရေးစခန်း ၄ ၊ ၅ ခုလောက်တော့ ဖွင့်ထားတယ်။ လူဦးရေက ၁၅ဝ၊ ၂ဝဝ လောက်တော့ ရှိတယ်” ဟု ရေလယ်ကျွန်း ရပ်ကွက်သား တဦးက မဇ္ဈိမကို ပြောသည်။
ရေဘေး ဒုက္ခသည်များကို ဒေသအာဏာပိုင်များက ဥက္ကာရာမ ဘုန်းကြီးကျောင်းတိုက်နှင့် ကုန်းမြင့်ရာ အရပ်များသို့ ပြောင်းရွှေ့ခိုင်းနေသည်။ ရပ်ကွက်များအတွင်းရှိ မူလတန်းကျောင်းများကိုမူ ပိတ်ထားရသည်။
ယနေ့တွင် ချောင်းရေသည် ဆက်လက် မြင့်တက်နေသဖြင့် ရေဝင်ရောက်နိုင်သည့် အခြား ရပ်ကွက်များမှ လူအချို့ကိုပါ ရေလွတ်ရာသို့ ပြောင်းရွှေ့ ပေးနေရသည်ဟုလည်း သိရသည်။
Posted by Ashin dhamma at 6:38 PM 0 comments
မြန်မာအမျိုးသမီးများ ဆင်းရဲဒုက္ခ၊ ကုလ လုံခြုံရေးကောင်စီ တာဝန်ယူဘို့လို
ဆော်လမွန်
စနေနေ့၊ ဇွန်လ 28 2008 12:23 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ တိုင်းရင်းသား လူနည်းစုများအပေါ် တိုက်ခိုက်ရာတွင် မြန်မာနိုင်ငံ စစ်အစိုးရက မုဒိမ်းကျင့်ခြင်းကို ‘စစ်လက်နက်’ အဖြစ် တရံမလပ် အသုံးပြုနေခြင်းကို ရပ်တန့်နိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့တွင် လုပ်ဆောင်စရာ အများကြီး ရှိနေသည်ဟု တက်ကြွလှုပ်ရှားသူ ချင်းအမျိုးသမီးတဦးက ဟောင်ကောင်ရှိ နိုင်ငံခြား သတင်းစာဆရာများ ကလပ်တွင် သောကြာနေ့က ပြောကြားသွားသည်။
သူ၏ လှိုက်လှဲလှသော ပန်ကြား ပြောဆိုချက်သည် နှစ်ပေါင်း ၅ဝ ကျော် ဆူပူ မငြိမ်မသက်မှုနှင့် ပြည်တွင်းစစ် အတွင်းတွင် နေလာခဲ့ကြရသည့် မြန်မာနိုင်ငံမှ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်စွမ်း မရှိသော အမျိုးသမီးများ၏ အခြေအနေကို မီးမောင်းထိုး တင်ပြလိုက်ခြင်း ဖြစ်သည်။
ဤနိုင်ငံတွင် အမျိုးသမီးများသည် စစ်တပ်၏ စာရိတ္တ ပျက်ပြားနေသော အစိတ်အပိုင်းက သူတို့ရမက်အတွက် ပစ်မှတ်ထား အရှက်တကွဲ အကျိုးနည်း ဖြစ်စေရန် လုပ်ဆောင်ခြင်းကို ခံနေကြရသည်။ ဤသို့ လုပ်သမျှ အားလုံးသည် သူတို့လက်အောက် ပြားပြားမှောက် ရောက်လာစေရန် ကြိုးပန်းခြင်းနှင့် ‘စစ်လက်နက်’ အဖြစ် အသုံးချခြင်းသာ ဖြစ်သည်။
အမျိုးသမီးများ အထူးသဖြင့် တိုင်းရင်းသား လူနည်းစုများ နေထိုင်ရာအရပ်ရှိ အမျိုးသမီးများသည် သူတို့အာဏာ တည်မြဲရေးအတွက် မိမိ ပြည်သူများကို ပြန်လည် တိုက်ခိုက်သည့် စစ်အစိုးရ၏ မလျှော့သော တိုက်ပွဲအတွင်း အဆိုးဝါးဆုံး ထိခိုက်ခံရသူများ ဖြစ်သည်ဟု ချင်းအမျိုးသမီး အဖွဲ့ချုပ် (WLC) ၏ ညှိနှိုင်းဆက်သွယ်ရေးမှူး ချယ်ရီဇာဟောင်း (Cheery Zahau) က ပြောဆိုသည်။
ဤသို့ မိမိပြည်သူများအား တိုက်ခိုက်သည့်အခါတွင် ပြည်သူများကို အကြမ်းဖက် ခြိမ်းခြောက်ရန်နှင့် အကြောက်တရားကို စိတ္တဇသဖွယ် ပေါ်ပေါက်လာစေရန် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် မုဒိမ်းကျင့်ခြင်းကို ‘စစ်လက်နက်’ အဖြစ် စစ်အစိုးရက အသုံးပြုသည်။ ဤနည်းဖြင့် တိုင်းပြည်ကို စစ်အစိုးရက ရာစုနှစ်တဝက် နီးပါးမျှ ရှည်ကြာအောင် အုပ်ချုပ်လာခဲ့သည်။
“အဖြစ်အပျက် တခုမှာဆိုရင် (မြန်မာပြည် အနောက်ပိုင်း ချင်းပြည်နယ်က) အမျိုးသမီးတဦးကို ကိုယ်တုံးလုံး ဖြစ်အောင် ချွတ်ပစ်ပြီး လက်ဝါး ကပ်တိုင်ပေါ်မှာ တင်ထားတယ်။ ဒါ တမင်သက်သက် သူ ကိုးကွယ်တဲ့ ခရစ်ယာန် ဘာသာကို ချိုးနှိမ်တဲ့ အနေနဲ့၊ စော်ကားတဲ့ အနေနဲ့ ညှဉ်းပန်း နှိပ်စက်တာပဲ” ဟု ဇာဟောင်း က ပြောသည်။
၁၉၆၂ ခုနှစ်တွင် အာဏာသိမ်း၍ တက်လာခဲ့သော စစ်အစိုးရသည် မိမိတို့ အာဏာ တည်မြဲရေးအတွက် မိမိပြည်သူများကိုပင် နာမည်ဆိုးလှစွာ ပြန်လည် တိုက်ခိုက်ခဲ့သည်။ ဤသို့ တိုက်ခိုက်ရာတွင် အဓိက ပစ်မှတ်မှာ တိုင်းရင်းသားလူ နည်းစုများပင် ဖြစ်သည်။
မြန်မာစစ်တပ်သည် စနစ်တကျ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ညှဉ်းပန်း နှိပ်စက်ခြင်းများနှင့် မုဒိမ်းကျင့်ခြင်းတို့ကို မည်သို့မျှ အရေးယူခြင်း မရှိဘဲ ကျူးလွန် လာခဲ့သည်ဟုလည်း ဇာဟောင်းက ပြောသွားခဲ့သည်။
“ဒါကို လူတွေ သေသေချာချာ သိစေချင်ပါတယ်” ဟု သူက ပြောသွားခဲ့ပြီး၊ တဆက်တည်းမှာပင် သူက ကမ္ဘာ့ အသိုင်းအဝိုင်း၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် ဤသို့ အနှံ့အပြား လူ့အခွင့်အရေး ချိုးဖောက်နေခြင်းများကို ရပ်တန့်ရန် မြန်မာအစိုးရကို ဖိအားပေးသင့်သည်ဟုလည်း ပြောသည်။
ကယ်တော်မူကြပါဟု မြန်မာ အမျိုးသမီးများ၏ အော်ဟစ်ငိုယို တောင်းပန်သံများကို ကမ္ဘာက မကြားခဲ့သည်မှာ ကြာခဲ့ပြီ၊ ယခု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေဖြင့် မြန်မာအမျိုးသမီးများကို ကူညီရန် တာဝန်ကို ယူသင့်ပြီဟုလည်း သူက ဆက်လက် ပြောဆိုသည်။
“နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပြင်းပြင်း မပေးလို့ သူတို့ (စစ်အစိုးရ) က ဂရုမစိုက်တာပဲ” ဟု ဇာဟောင်းက ဖြည့်စွက် ပြောဆိုသွားသည်။
Mazzimaမှတင်ပြသည်။
Posted by Ashin dhamma at 3:59 AM 0 comments
Friday, June 27, 2008
အန်အယ်ဒီ လူငယ် ကျန်းမာရေးဆိုးရွား၊ ဆေးကုသခွင့်မရ
ဖနိဒါ
သောကြာနေ့၊ ဇွန်လ 27 2008 19:29 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ အင်းစိန်ထောင်အတွင်း ၁ဝ လကြာ ဖမ်းဆီးခံနေရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကိုသန့်ဇင်မျိုးအား ကျန်းမာရေး ဆိုးရွားနေသော်လည်း အာဏာပိုင်များက ဆေးဝါးကုသခွင့် မပေးပေ။
ပြီးခဲ့သည့်နှစ် သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံတွင် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြ နေစဉ် အခြား ဆန္ဒပြသူ ၃ ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် လှိုင်သာယာမှ ကိုသန့်ဇင်မျိုးတွင် အစာအိမ်နှင့် အခြားရောဂါ ဝေဒနာများ ဆိုးရွားစွာ ဖြစ်ပွားနေသော်လည်း အာဏာပိုင်များက ဆေးကုခွင့် မပေးကြောင်း ဇနီးဖြစ်သူ ဒေါ်လှလှမော်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျမ ထောင်ဝင်စာ သွားတွေ့တဲ့အချိန် သူ့ကို မေးတော့ အဆစ်အမြစ်တွေလည်း ကိုက်တယ်၊ အစာအိမ် နာတယ်တဲ့။ မျက်နှာလည်း အမ်းနေတယ်။ ဆရာဝန် လာကုမပေးဘူးလားလို့ မေးတော့ သူတို့က အစာအိမ်ကြောင့်လို့ပဲ ပြောတယ်တဲ့။ အစာအိမ်ဆေးပဲ တိုက်တယ်။ လေးဘက်နာ ရောဂါဖြစ်လို့ သွေးစစ်ပေးခြင်းလည်း မရှိဘူးလို့ ပြောတယ်လေ” ဟု သူက ပြောသည်။
ကိုသန့်ဇင်မျိုးတွင် ယခင်ကတည်းက နှလုံးရောဂါ၊ လေးဘက်နာရောဂါ၊ အစာအိမ်ရောဂါ ဝေဒနာများ ခံစားနေရသဖြင့် မိသားစုဆရာဝန် ဒေါက်တာ မျိုးဝင်းနှင့် ပုံမှန် ဆေးကုသခံခဲ့ရသည်။
ယခုလ ၁၇ ရက်နေ့က ထောင်ဝင်စာ သွားရောက်တွေ့ဆုံစဉ် တွေ့မြင်ခဲ့ရသည့် ကိုသန့်ဇင်မျိုး၏ ကျန်းမာရေး အခြေအနေကိုလည်း သူက ယခုလို ဆက်ပြောပြသည်။
“ကျမလေ သူ့ကို ထောင်ဝင်စာ သွားတွေ့တဲ့နေ့ကပေါ့နော်၊ သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကို မြင်လိုက်ရတဲ့ အခါကျတော့ မိသားစုအတွက် စိတ်မကောင်း ဘူး၊ စိတ်ပူတယ်။ ထောင်ထဲမှာ ဒီလိုပဲ ဆေးဝါး လုံလောက်အောင် ကုမပေးဘူးဆိုရင် ကျမယောက်ျား သက်ဆိုးရှည်မှာ မဟုတ်ဘူး။ သူတို့က ကျမတို့ တောင်းဆိုတာကိုလည်း အခုထိ လုံးဝ ဘာမှ မပြောသေးဘူး” ဟု ပြောသည်။
လွန်ခဲ့သည့် ၂ လကျော်ကတည်းက ထိရောက်စွာ ဆေးကုသပေးရေးအတွက် အဖမ်းဆီးခံ ၄ ဦး၏ မိသားစုဝင်များက လက်မှတ်ရေးထိုးကာ နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသို့ မေတ္တာရပ်ခံစာ တင်ခဲ့သော်လည်း ယနေ့အထိ အကြောင်းပြန်ကြားချက် မရရှိသေးပေ။
ကိုသန့်ဇင်မျိုးနှင့်အတူ ဖမ်းဆီးခံရသည့် ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်းနှင့် ကိုသန့်ဇော်မြင့်တို့ အားလုံးကိုလည်း ပြည်သူလူထု ဆူပူစေရန် လှုံ့ဆော် မှု ပုဒ်မ ၅ဝ၅ (ခ) နှင့် ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝဝ်မှု ပုဒ်မ ၁၄၃ ဖြင့် တရားစွဲဆိုထားသည်။
ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ပြစ်မှုမြောက်လျှင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ် ကျနိုင်သလို၊ ပုဒ်မ ၁၄၃ အရဖြစ်ပါက ၆ လ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်ပေါင်းဖြစ်စေ ချမှတ်နိုင်သည်ဟု အဖွဲ့ချုပ်လူငယ်ရှေ့နေ ကိုစောကျော်ကျော်မင်းက ပြောသည်။
တရားရုံးထုတ်မှုနှင့် ပတ်သက်ပြီး ရှေ့နေ ကိုဖိုးဖြူက ယခုရက်ပိုင်းအတွင်း တရားရုံးများတွင် စက်တင်ဘာ အရေးအခင်းတွင် ဖမ်းဆီးခဲ့သူများကို ရုံးထုတ် စစ်ဆေးခြင်း မပြုဘဲ အခြားပြစ်မှုများဖြင့် စွဲချက် တင်ထားသူများကိုသာ ရုံးထုတ်စစ်ဆေးနေကြောင်း ပြောသည်။
“ငွေကြာယံက ကိုယ်တော်တွေ၊ စက်တင်ဘာနဲ့ ပတ်သက်ပြီး ၇ ယောက်၊ ၈ ယောက်လောက်ပဲ ထုတ်တယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ ၉၆ မျိုးဆက် ကျောင်းသားတွေ၊ တခြားသူတွေဆိုတာက NO ကိစ္စနဲ့ ပတ်သက်တဲ့ ကင်ပိန်းလုပ်သူတွေ၊ ရမ်ဘိုခွေကြောင့် ဖမ်းခံရသူတွေ၊ အိုင်အယ်အို (နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်) နဲ့ ပတ်သက်ပြီး ဖမ်းဆီး ခံထားရသူတွေကိုပဲ ထုတ်နေတယ်” ဟု သူက ပြောသည်။
Mazzimaမှတင်ပြသည်။
Posted by Ashin dhamma at 5:54 PM 0 comments
မြန်မာဒီမိုကရေစီအင်အားစုများပူးပေါင်းဆောင်ရွက်ဖို့တိုက်တွန်း
မြန်မာနိုင်ငံငြိမ်းချမ်းသာယာဝပြောရေးအတွက်မြန်မာ့အရေးလှုပ်ရှားသူတွေအားလုံး
ပူးပေါင်းပါဝင်ဆောင်ဆောင်ရွက်ကြဖို့သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာမြန်မာ
ဟန်းတော်များအဖွဲ့ချုပ်ကဇွန်လ၂၆-ရက်ကကြေညာချက်တစောင်ထုတ်ပြန်ပြီး
မေတ္တာရပ်ခံလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကနေသာသနာ့ဥသျှောင်အပြည်ပြည်
ဆိုင်ရာရဟန်းတော်များအဖွဲ့ချုပ်ဥက္ကဋ္ဌပီနန်ဆရာတော်ကြီးဦးပညာဝံသကလက်
မှတ်ရေးထိုးထုတ်ပြန်လိုက်တာပါ။
ဆရာတော်ကြီးကဂျပန်၊သြစတြေးလျ၊နယူးဇီလန်၊အိန္ဒိယ၊ထိုင်း၊မလေးရှာနဲ့
စင်ကာပူကမြန်မာမျိုးချစ်ပုဂ္ဂိုလ်တွေနဲ့နောက်ဆုံးအမေရိကန်ကမြန်မာ့အရေး
ဆောင်ရွက်သူတွေနဲ့တွေ့ဆုံပြီးနောက်ခုလိုမေတ္တာရပ်ခံစာထုတ်ပြန်လိုက်တာ
ပါ။မြန်မာ့အရေးပူးပေါင်းဆောင်ရွက်ကြဖို့အားလုံးကသဘောတူကြတယ်လို့
ပီနန်ဆရာတော်ကြီးကမိန့်တော်မူပါတယ်။
ပီနန်ဆရာတော်ကြီးက”သာသနာ့ဥသျှောင်ဆရာတော်များအမှူးထားပြီးတော့
ပြည်တွင်းပြည်ပမှာရှိကြတဲ့မြန်မာ့မျိုးချစ်တွေကအခုလိုမြန်မာပြည်ကြီးမှာဆိုးဝါး
ခါသည်းစွာဖြစ်ပေါ်နေတဲ့မြန်မာပြည်မှနိုင်ငံရေးအခြေအနေတွေကိုသူတို့ကလည်း
တင်ပြကြတယ်ပေါ့လေ။အဲသလိုတင်ပြတဲ့အရပ်တွေကိုဘုန်းကြီးတို့အပြည်ပြည်
ဆိုင်ရာကအင်အားကြီးတဲ့နိုင်ငံတွေမှလည်းဖိအားပိုပြီးတော့ပေးမယ်ဖို့နအဖအစိုး
ရကို။ပြီးတော့ထိုနည်းလည်းကောင်းပဲ၂၀၀၈ခုနှစ်၆၃ကြိမ်မြောက်ကုလသမဂ္ဂအ
ထွေထွေညီလာခံမှာလည်းမြန်မာ့အရေးကိုပိုမိုမြှင့်တင်ပြီးအရေးယူဖို့။အဲဒါတွေကို
ပူးပေါင်းဆောင်ရွက်ကြဖို့ဘုန်းကြီးတို့မေတ္တာရပ်ခံပြီးတော့ဒကာဒကာမတွေလည်း
တညီတညွတ်တည်းပဲသဘောတူကြတယ်။သဘောတူဆုံးဖြတ်ကြတယ်။
မြန်မာတွေမညီညွတ်ဘူးဆိုတာမဟုတ်ဘဲပူးပေါင်းဆောင်ရွက်တာအားနည်းနေ
တာမို့ဆရာတော်တွေကညှိနှိုင်းပေးတာလို့ဆက်လက်မိန့်ကြားပါတယ်။
မလေးရှားနိုင်ငံပီနန်မြို့မှာသာသနာပြုလုပ်ငန်းတွေဆောင်ရွက်နေတဲ့ပီနန်ဆရာ
တော်ကြီးဟာ၂၀၀၇စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးဖြစ်ပွါးခဲ့ပြီးတဲ့နောက်
သာသနာ့အကျိုးကိုစဉ်ဆက်မပြတ်ဆောင်ရွက်နေပါတယ်။
Posted by Ashin dhamma at 5:15 PM 0 comments
ရွှေဝါရောင်ဦးဆောင်ပါဝင်ခဲ့သူရဟန်းတော်များအခက်အခဲရင်ဆိုင်နေရ
ရခိုင်ပြည်နယ်မှ မြို့ကြီးတချိ့မှ ဘုန်းတော်ကြီး စာသင်တိုက်များတွင် ရွှေဝါရောင်တော်လှန် ရေး၌ ဦးဆောင်ပါဝင်ခဲ့သော ရဟန်းတော်များကို ကျောင်းဝင်ခွင့် မပြုသဖြင့် တချို့ ရွှေဝါရောင် တော်လှန်ရေးကို ဦးဆောင်ပါဝင်ခဲ့သူ ရဟန်းတော်များမှာ စာသင်ရန်အခက်အခဲ ကျရောက် ဖြစ်ပေါ် နေကြရသည်။
အမည် မဖေါ်လိုသူ ရဟန်းတော်တပါးက“ဦးဇင်းတို့ရဲ့ ဓါတ်ပုံတွေကို စစ်အာဏာပိုင်တွေက ဘုန်းတော်ကြီး ကျောင်းတိုက်တွေကိုပေးထားပြီး ဆရာတော်ကြီးတွေကို ၀ါဆိုစာသင်သား ရဟန်းတော်တွေကို လက်ခံတဲ့အခါ ဦးဇင်းတို့လို ဦးဆောင်ပါဝင်ခဲ့တဲ့ ရဟန်းတော်တွေကို လက်မခံဖို့ လျှောက်ထားတဲ့အတွက် အခုကျောင်းတိုက်တွေက ဦးဇင်းတို့ကို လက်ခံဖို့ ငြင်းဆိုနေကြတယ် တကာကြီး။” ဟု ပြောသည်။
ယခုအခါ ရခိုင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ၀ါဆိုရန်အချိန်နီးကပ် လာသဖြင့် စာသင်သား ရဟန်းတော်များကို ယခင်နှစ်များကကဲ့သို့ လက်ခံနေ သည်။
“အခု စာသင်တိုက်တွေမှာ စာသင်ခွင့်မရဘဲ အခက်အခဲ ကြုံတွေ့နေရတဲ့ ရဟန်းတော်က ရာချီပြီး ရှိမယ်ထင်ပါတယ်။ ခုလို ဖြစ်နေတာက စစ်တွေတမြို့တည်းမှာ မဟုတ်ပါဘူး။ မြောက်ဦး၊ မင်းပြားနဲ့ကျောက်ဖြူမြို့တွေမှာလည်း ခုလိုငြင်းပယ်နေတယ်လို့ သိရှိရပါတယ်။ တချို့ကျောင်းတိုက်တွေမှာဆိုရင် ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့ရင် မပါဝင်ပါဘူးဆိုပီး ကျောင်းဝင် ရဟန်းတော်တွေကို ကျောင်းထိုင် ဆရာတော်တွေက လက်မှတ်အတင် ထိုးခိုင်း နေတယ်လို့ သတင်းတွေ ရရှိပါတယ်။”ဟု အဆိုပါဦးဇင်းက ပြောသည်။
ယခုနှစ်တွင် ယခင်နှစ်များကကဲ့သို့ ရဟန်းတော်များ လမ်းပေါ်ထွက် ဆန္ဒပြမည်ကို အာဏာ ပိုင်များက စိုးရိမ်နေသဖြင့် ကျောင်းထိုင်ဆရာတော်များကတဆင့် စာသင်သား ရဟန်းတော် များကို ဆန္ဒပြရာတွင် မပါဝင်ရန် ဖိအားပေး အကျပ်ကိုင်နေခြင်း ဖြစ်ကြောင်း ပြည်တွင်းမှလာ သော သတင်းများတွင် ဖေါ်ပြသည်။
“ဆရာတော်ကြီးတွေက အာဏာပိုင်တွေဆီက ဆန်အိတ်တပိုင်းတစနဲ့ အခွင့်အရေးတချို့ကို မျှော်ကိုးပြီး ဦးဇင်းတို့ကို လက်မခံရင်လည်း မတတ်နိုင်ပါဘူး။ ဘယ်ကျောင်းတိုက်မှ ဦးဇင်းတို့ကို လက်မခံဘူးဆိုရင် နောက်ဆုံး ဦးဇင်းတို့အနေနဲ့ လူထွက်ရုံဘဲ ရှိပါတယ်။”ဟု အဆိုပါ ဦးဇင်းက နိဂုံးချုပ် နိရဉ္စရာသို့ ပြောကြားသည်။
Narinjara.
Posted by Ashin dhamma at 7:23 AM 0 comments
ဆန့်ကျင်ဘက် ခံစားမှုနှစ်ခု
ဇွန်လ ဆိုတာက ဒီနိုင်ငံရဲ့ ကျောင်းဖွင့်ရာသီလေ။
ကျမကတော့ သားလေးအတွက် ရန်ကုန်က Orange Super Market ရှေ့က Back to School ဆိုတဲ့ ဧရိယာမှာ လိုအပ်တဲ့ ကျောင်းသုံးပစ္စည်း တွေ ဝယ်ဖို့ ကြည့်နေမိတယ်။ အနီးအနားက ကျမလိုပဲ မိခင်နှစ်ယောက်ကလည်း သူတို့ ကလေးတွေအတွက် လိုအပ်တာတွေ ကြည့်နေရင်း တယောက်က သူ့သမီးလေးက ဒီနှစ်မှ ကျောင်းကြီးကို စပို့ရမှာဖြစ်ပြီး၊ ဒီမြို့ရဲ့ နာမည် အကြီးဆုံးကျောင်းကို ပို့ချင်ပေမယ့် ကျောင်းဝင်ကြေးနဲ့ အလှူငွေကို မတတ်နိုင်လို့ အိမ်နားက မူလတန်းကျောင်းကိုပဲ စိတ်လျှော့ပြီး အပ်ရတော့မယ့်အကြောင်း ပြောပြနေပါတယ်။
ကျန်တဲ့ မိခင် တယောက်ရဲ့ ကလေးက သူတို့ပြောတဲ့ နာမည်ကြီးကျောင်းမှာ ထားလက်စထင်တယ်။ အဲဒီ မိခင်စကားကို ထောက်ခံပြီး အဲဒီ ကျောင်းမှာ လက်တွေ့ထားရင် နောက်ဆက်တွဲ ဘယ်လို ကုန်တဲ့အကြောင်း၊ အတန်းကောင်းရဖို့ အတန်းပိုင်ဆရာမ ကျေနပ်ဖို့ နည်းအမျိုးမျိုးနဲ့ အရမ်း ကြိုးစားရတဲ့ အကြောင်း၊ ကျောင်း တခါတခါ ပိတ်သွားရင်တော့ သူ့မှာ အသက်ရှူလေး ချောင်မလား စဉ်းစားပေမယ့် တခြားကလေး တွေလို Summer School ကို နေချင်လို့ သူ့ကလေး ပူဆာတော့ သနားလို့ ထားရပြန်ကြောင်း၊ အိမ်ရဲ့ ဝင်ငွေနဲ့ ထွက်ငွေက မမျှတော့ တခြား ဘက်တွေကို ချွေတာသုံးရပြီး ကလေးပညာရေးကိုတော့ တတ်နိုင်သလောက် ပံ့ပိုးနေရကြောင်း ပြောပါတယ်။
သူတို့ ပြောသလိုပဲ စ မပို့ရသေးဘူး၊ အခု ကျောင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုက မတန်တဆ ဖြစ်နေတာ တွေ့ရတယ်။ နေ့လယ် ထမင်းဗူး ထည့်ဖို့အတွက် ပလပ်စတစ်နဲ့ လုပ်ထားတဲ့ ခပ်သေးသေး ခြင်းတောင်းလေး တခုကိုက ထောင်ဂဏန်းတွေနဲ့ ချီပေးနေရတာ။ ကျမလည်း မတန်လို့ အဲဒီ ခြင်းတောင်းကို ပြန်ချထားပြီး ဒီ့ထက် အထည့်ဆန့်ပြီး ဈေးသက်သာတာ ထပ်ရှာကြည့်တယ်။ စိတ်တိုင်းကျ မတွေ့ရဘူး။ တခြား လိုအပ်တာတွေက ရှိသေးတော့ ခြင်းတောင်သေး တခုအတွက်နဲ့ ငွေ သိပ်မဖြုန်းချင်လို့ပါ။
ခဏနေတော့ နောက်ထပ် မိခင်နှစ်ယောက် Back to School နားကို ရောက်လာကြပြန်တယ်။ ဒီနှစ်ယောက်ကတော့ တမျိုး။ ကလေးသုံး ပစ္စည်းတွေက ကပ်ထားတဲ့ ဈေးနှုန်းတွေကို ကျမတို့လို စစ်စစ်ပေါက်ပေါက် ကြည့်မနေဘူး။ သူတို့ ကြိုက်တာတွေကို တခုပြီးတခု ယူပြီး လက်တွန်းလှည်း (trolley) ပေါ်ကို တင်နေကြတယ်။ လှည်းပေါ်မှာလည်း တခြားပစ္စည်းတွေက အပြည့်။ ပြီးတော့ မိခင်တယောက်က မနှစ်က သူ့သားကို ထားတဲ့ International School က ပိုဈေးသက်သာတဲ့ International School ကိုပဲ ပြောင်းထားမယ့်အကြောင်း၊ ကလေးက ၃ ယောက်ဆိုတော့ အဲဒီလောက်အထိ မတတ်နိုင်ဘူးလို့ စကားသံခပ်ဝဲဝဲနဲ့ တခြားတယောက်ကို ရှင်းပြနေတယ်။
အဖော်ပါလာတဲ့ မိခင်ကလည်း ထောက်ခံပြီး မန္တလေးမှာ International School က ရွေးချယ်စရာ နည်းတဲ့အကြောင်း၊ ရန်ကုန်က ပိုများကြောင်း၊ စီးပွားရေးက ထင်သလောက် အဆင်မပြေလို့သာ ဒီမှာ ထားနေရကြောင်း၊ ဖြစ်နိုင်ရင် စင်္ကာပူမှာပဲ တခါထဲ ထားချင်ကြောင်း သူ့ဆန္ဒကို ပြောနေပြန်တယ်။
ဘာပဲပြောပြော အလွှာချင်းမတူညီတဲ့ ကျမတို့ မိခင်တွေအားလုံးမှာ တူညီနေတာ တခုကတော့ ကျောင်းဖွင့်ရာသီ ရောက်ရင် ကိုယ့်ကလေး ပညာရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုး ပေးချင်ကြတာရယ်၊ အိမ်ရဲ့ ဝင်ငွေထွက်ငွေကို သိထားလို့ ချိန်ဆနေရတဲ့အတွက် အားမရ စိတ်ညစ်နေကြ တာတွေရယ်ကတော့ အကုန် အတူတူပါပဲလို့ တွေးမိရတယ်။
ကျောင်းဖွင့်ရာသီအပေါ် ကလေးတွေရဲ့ ခံစားမှု
International School တွေမှာ ဖွင့်လေ့ရှိတဲ့ Summer School မှာ ခဏတွေ့ရတဲ့ သူငယ်ချင်း အသစ်တွေနဲ့ ခွဲခွာရတော့မှာ ဖြစ်ပေမယ့် တနှစ်ပတ်လုံး အတူနေ၊ အတူဆော့လာခဲ့တဲ့ ကျောင်းက သူငယ်ချင်းတွေနဲ့ ပြန်ဆုံရတော့မှာမို့ ကလေးတွေကတော့ အရမ်းကို ပျော်နေကြတယ်။ ကျမတို့ ငယ်ငယ်က ခံစားချက်လိုပဲ အတန်းသစ် တတန်းကို တက်ရတော့မယ့် ခံစားမှုကလည်း ရင်ခုန်စရာတမျိုးပေါ့။ အသက် တနှစ်ကြီးသွားပြီ၊ အတန်းတတန်း ကြီးသွားပြီဆိုတဲ့ သဘောလေ။
ဒီခေတ် ကလေးတွေကြားမှာ ပြောစရာတခု ရှိလာတာက နွေရာသီတုန်းက သူတို့ တက်ခဲ့တဲ့ Summer School က ကစားကွင်း ဘယ်လောက် ကျယ်တဲ့အကြောင်း၊ ဘယ်လို သားနားတဲ့ အကြောင်း၊ ဘယ်သူတွေနဲ့ တွေ့ပြီး ဆော့ခဲ့ကြကြောင်း၊ အဆင့်မြင့် ဟိုတယ်ကြီးတွေမှာ ကျင်းပတဲ့ ကျောင်းဆင်းပွဲမှာ ဘယ်လို ပါဝင် လှုပ်ရှားခဲ့ကြောင်း၊ တယောက် အတွေ့အကြုံတွေကို တခြားတယောက်ကို ပြောပြဖလှယ်ကြ။ တချို့ကတော့ ကျောင်းကြီးကို ဖွင့်စေချင်လှပြီ။ အဲဒီ အတွေ့အကြုံတွေကိုလည်း ပြောပြချင်ကြလို့။ နောက်ပြီး တနှစ်တာလုံး ရင်းရင်းနှီးနှီး နေခဲ့တဲ့ ပတ်ဝန်းကျင် အဟောင်းမှာ ပြန်ကစားချင်လာကြလို့။
မိခင်တွေရဲ့ ငွေကြေး အခက်အခဲ၊ လူမှုကိစ္စ အခက်အခဲတွေကို ဘာမှ နားမလည်တဲ့ မသိကြရှာတဲ့ ကလေးတွေ အတွက်ကတော့ ကျောင်းဖွင့်ချိန် ဟာ မင်္ဂလာပါ။ တချို့ မလိုက်မသိတဲ့ ကလေးတွေဆိုရင် အရင်ကျောင်း အဟောင်းကို မနေချင်တော့ကြောင်း၊ Summer School မှာပဲ ဆက်နေချင်ကြောင်း နားပူနားဆာ လုပ်ကြတာတွေလည်း ရှိရဲ့။ ကျောင်းသုံးပစ္စည်း ဝယ်တဲ့အခါမှာလည်း တန်၏၊ မတန်၏ နားမလည်ရှာဘဲ လိုချင်တာတွေကိုပဲ အတင်း ပူဆာကြသူတွေလည်း ရှိရဲ့။
ဒီခေတ်မှာ ကျောင်းတွေက အပတ်စဉ် အစမ်းစာမေးပွဲ ပဲရှိပြီး အတန်းနှစ်ကျ (Repeater) ရယ်လို့လည်း မရှိတော့ ကျမတို့တုန်းကလို အဲဒီ ဘက်မှာ စိတ်ပူစရာ မလိုတော့ဘူးလေ။ အတန်းသစ်တတန်းကို လွယ်လွယ်ကူကူနဲ့ တက်ရတော့မယ် ဆိုတာကို သိနေကြတယ်။ ဒီတော့ ကျောင်းဖွင့်ချိန်ဟာ ဘာစိတ်ပူစရာမှ မရှိတဲ့ ကလေးတွေအတွက် အပျော်ကြီး ပျော်စရာ အချိန်ပေပဲပေါ့။
ဆန့်ကျင်ဘက် ခံစားမှုနှစ်ခု
Sky Walk Shopping Mall နဲ့ Orange Super Market eJ‹ Back to School မှာ ကျောင်းသုံးပစ္စည်းတွေ ဝယ်လာပြီး စက်လှေကားက ဆင်းခဲ့တယ်။ တော်သေးတယ်၊ သားတော်မောင်ကို ခေါ်မလာခဲ့လို့။ သူ့ကိုသာ ခေါ်လာရင် ဈေး တန်တာ၊ မတန်တာ နားမလည်တော့ ဟိုဟာ လိုချင်တယ်၊ ဒီဟာ ယူချင်တယ်နဲ့ လုပ်တတ်လေ့ ရှိတယ်။ ဒါပေမဲ့ သူ့ကို ခေါ်မလာဘဲ အမေက စိတ်ကြိုက်ဝယ်လာတဲ့ ပစ္စည်းဆိုရင်တော့ ချေးမများတတ်ရှာဘူး။ တမြတ်တနိုးနဲ့ လက်ခံလေ့ ရှိတယ်လေ။ ဒါကိုသိတဲ့ ကျမက အခုလို ကျောင်းဖွင့်ရာသီအတွက် လိုအပ်တာတွေ ဝယ်ဖို့ ထွက်ရင် သားလေးကို ခေါ်လေ့ မရှိတော့ဘူး။ သူလိုချင်တာက ဈေးမတော်လို့ ဝယ်မပေးရင် စိတ်မကောင်း ဖြစ်မှာလည်း စိုးလို့ပါ။
စက်လှေကားအဆင်းမှာ သားလေးအရွယ် ကလေး ၃ ယောက်လောက် တယောက်က ရတနာပုံ ဈေးထဲက ဆိုင်တဆိုင်အတွက် အဝတ်ထုပ်ကြီးတွေ ထမ်းသယ်သွားတာကို တွေ့ရတယ်။ နောက်နှစ်ယောက်က ရေသန့်ပုံးတွေ တင်ထားတဲ့ လက်တွန်းလှည်းလေးကို အရှေ့က တယောက်၊ အနောက်ဘက်က တယောက် မျှပြီး တွန်းနေကြလေရဲ့။
ကျမ ဖြတ်အသွား အနားက အမျိုးသမီးနှစ်ယောက်က အပြန်အလှန် စကားပြောနေကြတယ်။ ဈေးဗန်းကို ဘေးချထားတဲ့ အမျိုးသမီးက ပါတိတ်ဝမ်းဆက်နဲ့ အမျိုးသမီးကို သူ့ကလေး သုံးယောက်ကို အခုလို အလုပ်ရအောင် သွင်းပေးလို့ ကျေးဇူးတင်တဲ့အကြောင်း ပြောနေတာပါ။ ဒီနှစ် ကျောင်းဖွင့်ရာသီမှာ အငယ်လေး နှစ်ယောက်ကိုပဲ ကျောင်းထားနိုင်တော့လို့ စိတ်မကောင်းပေမယ့် အကြီး သုံးယောက်ကို အခုလို အလုပ်ခွင်ကိုပဲ ပို့ရတော့တဲ့အကြောင်း ဆက်ပြောနေတယ်။
မိခင်တယောက်ဖြစ်တဲ့ ကျမ သူ့မျက်နှာကို ကြည့်လိုက်မိတော့ မျက်လုံးလေးတွေထဲမှာ အရည်ကြည်လေးတွေ လဲ့နေတာကို စိတ်မကောင်းစွာ တွေ့လိုက်ရတယ်။ ခပ်လှမ်းလှမ်းမှာတော့ အဆော့မက်တဲ့ ကလေးတချို့ ကျောင်းစိမ်းအင်္ကျီရောင်းတဲ့ ဆိုင်ရှေ့မှာ ရပ်ပြီး အင်္ကျီလေးတွေကို ငေးကြည့်နေလေရဲ့။ သူတို့ အခြေအနေတွေကတော့ ကျမတို့နဲ့ ဆန့်ကျင်ဘက်။ အခုလို ကျောင်းဖွင့်ရာသီမှာ မိခင်ရော ကလေးဖြစ်သူတွေပါ ကျောင်းဆက်တက်ဖို့ အခက်အခဲ ရှိနေတော့ နှစ်ဦးနှစ်ဖက် စိတ်မကောင်းဖြစ်နေကြတဲ့ ခံစားမှုတွေက တူညီနေတာ တွေ့ရတယ်။ မိခင်လုပ်သူကလည်း မပျော်နိုင်သလို၊ ကလေးတွေကလည်း သူများပျော်လို့ မပျော်နိုင်တဲ့ အခြေအနေလေ။
ကျောင်းဖွင့်ရာသီတွေမှာ အခုလို ဆန့်ကျင်ဘက်တွေ ဖြစ်နေခဲ့တာက အခုမှလား၊ အရင်ကတည်းကလား ကျမ အတွေးတွေ ရှုပ်လာတယ်။ ရှုပ်နေတဲ့ အတွေးတွေကို ဖျောက်လိုက်ပြီး ဈေးတက်သွားတဲ့ ကားရပ်နားခ အခွန်ငွေ ၂ဝဝ ပေးပြီး ကားကို ဂရုတစိုက်မောင်း အိမ်ပြန်ခဲ့တော့ တယ်။ ကားမောင်းနေရင်း ဝယ်လာတဲ့ ကျောင်းသုံးပစ္စည်း အသစ်လေးတွေကို ကြည့်ပြီး ကျောင်းတက်ရတော့မယ် ဆိုတဲ့ အသိနဲ့ ဝမ်းသာ ပျော်ရွှင်နေမယ့် သားလေးရဲ့ ချစ်စရာ မျက်နှာလေးကို မြင်ယောင်မိပြီး ပြုံးလိုက်မိတယ်။ ဒါပေမဲ့ ဈေးလမ်းကြားထဲမှာ အလုပ်လုပ်နေရာက ကျောင်းစိမ်းအင်္ကျီ ဆိုင်ရှေ့အရောက် အလုပ်ကိုရပ်ပြီး ငေးကြည့်နေရှာတဲ့ ကလေးရဲ့ မျက်နှာကို သွားသတိရမိလိုက်တော့ အပြုံးက ချက်ချင်း ရပ်သွားမိတော့တယ်။
ညလင်းဖြူ
ြMazzimaမှတင်ပြသည်။
Posted by Ashin dhamma at 1:25 AM 0 comments
Thursday, June 26, 2008
မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး ကုလသမဂ္ဂ၌ ကျင်းပ
မြန်မာနိုင်ငံအတွင်းက ကပ်ဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နိုင်ငံတကာ အကူအညီပေးရေး
ကိစ္စနဲ့ မြန်မာပြည် ဒီမိုကရေစီဖြစ်ထွန်းရေး ကိစ္စတွေအပေါ်မှာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံ
တကာက စိုးရိမ်ပူပန်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အဲဒီစိုးရိမ်မှုတွေအပေါ်မှာ
ကိုင်တွယ်နိုင်ရေး ကုလသမဂ္ဂဘက်ကတော့မြန်မာအာဏာပိုင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်း
တွေနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုသားညွန်ဦးက တင်ပြ
ပေးထားပါတယ်။
မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေက
တော့ အရင်ကတည်းက ရှိခဲ့တာပါ။ ဒါပေမယ့် မုန်တိုင်းကပ်ဘေး ကျရောက်ပြီးနောက်
လူသားချင်း စာနာကူညီမှုဆိုင်ရာ ကိစ္စတွေ ပေါ်လာပြီး လူ သောင်းနဲ့ချီပြီး သေဆုံးခဲ့ရ
တဲ့ ကပ်ဘေးကယ်ဆယ်ရေး လုပ်ငန်းတွေမှာ မြန်မာအာဏာပိုင်တွေဘက်က အကန့်
အသတ်တွေ လုပ်တဲ့အပေါ်မှာ နိုင်ငံတကာက ဒီကိစ္စအပေါ်မှာလည်း စိုးရိမ်ချက်တခု
ထပ်တိုးလာတယ်လို့ ဆိုရမှာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ကမကထလုပ်
ဆောင်ရွက်ချက်တွေဟာ အတော်လေး ခရီးရောက်ခဲ့တယ်လို့ ပြောလို့ရပါတယ်။
မနေ့ကလုပ်တဲ့ နယူးယောက်ခ်မြို့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာလည်း ကုလ
သမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံနဲ့
ပတ်သက်လို့ စိုးရိမ်ချက်နှစ်ခုမှာ တခုကိုတော့ မြန်မာအာဏာပိုင်တွေဘက်က ပူးပေါင်း
ဆောင်ရွက်မှု ရှိခဲ့တယ်လို့ အသိအမှတ်ပြုပြီး အခုလိုပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံအတွက် ကျနော်တို့မှာ စိုးရိမ်စရာ အခြေအနေနှစ်ခု ရှိပါတယ်။ တခုက
တော့ လူသားချင်း စာနာကူညီမှုဆိုင်ရာ ကိစ္စပါ။ ကုလသမဂ္ဂ ၀န်ထမ်းတွေနဲ့ နိုင်ငံ
တကာက ကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာကူညီ
မှု အထောက်အပံ့တွေ ပေးနိုင်ဖို့ရာ မြန်မာအာဏာပိုင်တွေအနေနဲ့ လမ်းကြောင်းမှန်ကို
ဦးတည်နေတယ်လို့ ကျနော်ထင်ပါတယ်။
“ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ရဟတ်ယာဉ် ၁၀ စင်းဟာ လိုအပ်တဲ့ အကူ
အညီ အထောက်အပံ့တွေပေးရာမှာ အတော်လေးကို ဆောင်ရွက်ပေးနေပါတယ်။
ဒီအခြေအနေကို ကျနော်တို့အနေနဲ့ ဆက်ပြီး ကြီးကြပ်ဆောင်ရွက်နေသလို မြန်မာ
အာဏာပိုင်တွေအနေနဲ့လည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံနဲ့
မြန်မာနိုင်ငံပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့အနေနဲ့လည်း အတော်လေးကို လုပ်ငန်းတွေ
ဆောင်ရွက်နေပါတယ်။ လာမယ့် ဇူလိုင်လထဲမှာတော့ ပြန်လည်ထူထောင်ရေးနဲ့
အရေးပေါ် လူသားချင်းစာနာကူညီမှု အထောက်အပံ့ တင်ပြချက်တွေကို ပြန်ပြီး
စိစစ်ဖို့ ရှိပါတယ်။”
ကပ်ဘေးကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ၊
အာဆီယံက တာဝန်ရှိသူတွေနဲ့ မြန်မာအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်တဲ့
ဆွေးနွေးပွဲတွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် ဆောင်ရွက်နေသလိုပဲ လာမယ့်
ဇူလိုင်လထဲမှာ ကပ်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စ ဒုတိယအကြိမ်
နိုင်ငံတကာ အစည်းအဝေးကိုလည်း ကျင်းပဖို့ စိုင်းပြင်းနေကြပါတယ်။ ဒါကြောင့်လည်း ဒီကပ်ဘေးကယ်ဆယ်ရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂဘက်က ကမကထပြုပြီး
ဆောင်ရွက်နေတာတွေမှာ တစုံတရာ အတိုင်းအတာတော့ အောင်အောင်မြင်မြင်
ရှိတယ်လို့ အများကလည်း အသိအမှတ် ပြုထားပါတယ်။
ဒါပေမယ့် ဟိုတုန်းကတည်းက အရှည်သဖြင့်ရှိနေတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာကတော့
ကုလသမဂ္ဂဘက်က ထိထိရောက်ရောက် ကိုင်တွယ်နိုင်သေးခြင်း မရှိဘူးလို့ နိုင်ငံရေး
လေ့လာသူတွေက ယူဆနေပါတယ်။ ဒါ့အပြင် မစ္စတာဘန်ကီမွန်းကိုယ်တိုင် ပြီးခဲ့တဲ့လ
က မုန်တိုင်းကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်ကိုရောက်တုန်းကလည်း နိုင်ငံရေး
ကိစ္စနဲ့ပတ်သက်ပြီး ထုတ်ဖော်မပြောတဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဒါပေမယ့် ကုလသမဂ္ဂအနေနဲ့ နိုင်ငံရေးပြဿနာကိုလည်း အလေးထားပြီး ညှိနှိုင်း
ဆောင်ရွက်နေတယ်လို့ မစ္စတာဘန်ကီမွန်းက မနေ့က ပြောခဲ့ပါတယ်။
“နောက် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အတော်လေး စိုးရိမ်နေရတဲ့ အချက်ကတော့
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီဖြစ်ထွန်းရေး လုပ်ငန်းကိစ္စတွေပါပဲ။ ဒီအထဲမှာ
ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားတာလည်း
ပါဝင်ပါတယ်။
“ကျနော်တို့အနေနဲ့ ကုလသမဂ္ဂ ညီလာခံကြီးကနေ တာဝန်ပေးထားတဲ့ မစ္စတာ
ဂမ်ဘာရီ (Gambari) ကတဆင့် မြန်မာနိုင်ငံ တွေ့ဆုံဆွေးနွေးရေးတွေ ဆက်လုပ်သွား
မှာပါ။ ဒီလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်လုပ်သွားမှာ
ဖြစ်ပါတယ်။
ဒီကနေ့ နေ့လယ်မှာတော့ မစ္စတာဂမ်ဘာရီ အပါအ၀င် အခြား သက်ဆိုင်ရာနိုင်ငံတွေ
က သံတမန် ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံအရေး ညှိနှိုင်းဆွေးနွေးမှုတရပ် လုပ်ဖို့
ရှိပါတယ်။”
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။
နယူးယောက်ခ်စံချိန် ညနေပိုင်းမှာတော့ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂ အတွင်း
ရေးမှူးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံအချို့က ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်
ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီတို့နဲ့ မြန်မာနိုင်ငံကိစ္စကို တံခါးပိတ်ဆွေးနွေး
မှုတခု လုပ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ထူးခြားမှုကိုတော့ ကုလသမဂ္ဂဘက်ကရော
အခြား သက်ဆိုင်ရာနိုင်ငံတွေဘက်ကရော ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
မစ္စတာဂမ်ဘာရီအနေနဲ့ နောက်လထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပေမယ့် အတိ
အကျ ရက်သတ်မှတ်တာတော့ မလုပ်ရသေးဘူးလို့ မစ္စတာဂမ်ဘာရီရဲ့ ပြောခွင့်ရသူက
ဆိုပါတယ်။ တဆက်တည်းမှာ မနေ့ကလုပ်တဲ့ G8 စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေး
မှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်ထွန်းရေး လုပ်ငန်းစဉ်တွေနဲ့ မုန်တိုင်း
ကယ်ဆယ်ကူညီရေး ကိစ္စတွေမှာ မြန်မာအာဏာပိုင်တွေဘက်က တိုးတက်မှုရှိလာ
အောင် လုပ်ဖို့လိုတယ်လို့ တက်ရောက်ခဲ့တဲ့နိုင်ငံတွေက ထောက်ပြဆွေးနွေးခဲ့ကြတယ်
လို့ ဂျပန်တာဝန်ရှိသူတဦးက ကျိုဒိုသတင်းဌာနကို ပြောခဲ့တယ်လို့ သိရပါတယ်။
(VOA)
Posted by Ashin dhamma at 11:38 PM 0 comments
အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်ကြေငြာချက်
Posted by Ashin dhamma at 6:23 PM 0 comments
မြန်မာပြည်က အကြီးအကျယ်အားကိုးရာ သုံးခုကွက်စိပ်
တစ်ခါသော် မြန်မာပြည် ဘုရင်ရူးကြီး အောက်မှာ အမှုထမ်းရသော ... မောင် RU သည် ပြည်သူတွေက သူ့ကို လေးစား ခန့်ညားခြင်းကို အထူးခံရပေသည်။ ထို့ကြောင့် ... အမောင် RU သည် သူ့အား ပြည်သူတို့ လေးစား ခန့်ညားရခြင်း အကြောင်းကို စုံစမ်းချင်စိတ် ဖြစ်ပေါ်လာပါသတဲ့။ တတ်ထားတဲ့ ရုရှားက သင်လာတဲ့ ပညာကြောင့်လား။ တောင့်တင်းတဲ့ မိတ်ဆွေတွေကြောင့်လား။ ဘုန်းတော်ကြီး ဘုရား တပ်တော်မှ စစ်သားဖြစ်သောကြောင့်လား။ ချိတ်ထားတဲ့ သေနတ်ကြောင့်လားပေါ့လေ။ လားပေါင်းများစွာကို သူတွေးနေမိသတဲ့။
ဒီလိုနဲ့ အဖြေသိရစေရန်အတွက် ... ကြိုးပမ်းကြည့်ရန် စိတ်ကူးဖြစ်ပေါ်လာသတဲ့။ ဒီလိုနဲ့ အကြံပေါက်ပြီး စမ်းဖို့ ကြံစည်ပါသတဲ့။
ဒါနဲက သေနတ်ကို ခါးမှာ ချိတ်ပြီး သိပ်မထင်ရှားတဲ့ ရွှေဆိုင် (ထင်ရှားတဲ့ဆိုင်ဆိုလဲ သူဟိုထဲ တန်းရောက်သွားမှာပေါ့။) တစ်ခုကိုသွားပြီး ဘိုးတော်ဘုရား သားသမီးတွေ လုပ်သလို ပေါ်တင်ကြီး ပိုက်ဆံ မပေးပဲနဲ့ ရွှေထည် ပစ္စည်းတစ်ခုကို ယူပါသတဲ့။ ဆိုင်ရှင်ကတော့ ထောက်လှမ်းရေးလား၊ တပ်ကလား။ ဘာကောင်လဲမသိ ဆိုပြီး ခါးမှာ သေနတ်ချိတ်ထားတဲ့ အတွက် ဘာမှ မပြောရဲပဲနေသတဲ့။
ဒါနဲ့ အမောင် RU က တွေးသတဲ့။ အင်း .. သေနတ်က လေးစားခန့်ညားစေတယ်ဆိုတာ အမှန်ပေပဲ ဆိုပြီး သဘောတွေ ကျနေလေရဲ့ ။
နောက်တစ်ခေါက် စစ်ယူနီဖောင်းကို ၀တ်ပြီး သွားပြီး သွားပြီး ဗိုလ်ကျပြန်သတဲ့။ ဒီတစ်ကြိမ်မှာလဲ ... ဆိုင်ရှင်က ယူနီဖောင်းကို ကြည့်ပြီး မထိရဲပြန်ဘူး။
ဒါနဲ့ မောင် RU ကလဲ ယူနီဖောင်းဟာ လေးစားခန့်ညားမှုကို ပေးစွမ်းနိုင်သပဲလို့ ကျေနပ်စွာတွေးသတဲ့။
နောက်တစ်ကြိမ်ကျတော့ ... အပေါင်းအသင်း များစွာ ခေါ်သွားသတဲ့။ ခေါ်သွားသူတွေကလည်း စစ်သားတွေချည်းသာ ဖြစ်တာမို့ တစ်ခု ခုဆို စစ်ဖိနပ်နဲ့ ဖြတ်ကန်မယ်ဆိုတဲ့ ရုပ်တွေချည်းသာ ဖြစ်ပါသတဲ့။ ဒီတော့ လူမိုက်အုပ်ပဲဆိုပြီး ဆိုင်ရှင်က ဘာမှ မပြောရဲပဲ ကြည့်နေရ ပြန်ပါသတဲ့။
ဒါနဲ့ မောင် RU လည်း... အပေါင်းအသင်းများခြင်းဟာ ခန့်ညားစေသပဲ ဆိုပြီး ပျော်ရွှင်နေလေသတဲ့။ နောက်ဆုံး တစ်ခေါက်တော့ အရပ်ဝတ်နဲ့ သွားသတဲ့။ ပြီးတော့... ဆိုင်ရှင်ကို ...
“ ငါဟာ တိုင်းပြည်အတွက် ပညာကို ကြိုးပမ်းသင်ယူခဲ့ရသူ ဖြစ်တယ်။ ရွှေထည်ပစ္စည်းတစ်ခုပေးစမ်း” လို့ တောင်းပါသတဲ့။
အဲဒီ အချိန်မှာ ရှိနေတာက ဆိုင်ရှင် အဒေါ်ကြီးရဲ့တူ လူမိုက်တစ်ယောက်ပါတဲ့။ ဆိုင်ရှင်အဒေါ်ကြီးက လူမိုက်တွေ လာနှောက်ယှက်တယ် ဆိုပြီး ခေါ်ထားပါတာပါတဲ့။
ဖုန်း .. ဖုန်း .. ခွပ် .. ခွပ် ...
အသံတွေသာ နားထဲ ကြားမိလိုက်ပါသတဲ့။ သိန္ဓောမြင်းကောင်ရေ ၁ သိန်းလောက် ဖြတ်ပြေးသွားတဲ့ အသံအတိုင်းပါပဲတဲ့။ ဆိုင်မှာ ထိုင်နေတဲ့ လူမိုက်အပြင် ထိုသူမိုက်ခေါ်ထားသော အခြားလူမိုက်များကပါ ချက်ခြင်းရောက်လာပြီး သမလိုက်ခြင်းပေတည်း။
အမောင် RU သတိ ပြန်ရခဲ့ အချိန်မှာ ရဲစခန်းကို ရောက်နေပြီ ဖြစ်ပါသတဲ့။ ဒီလိုနဲ့ အမောင် RU လဲ လက်နက်ကြီးတွေ သုံးရတော့တာ ပေါ့လေ။ ကျနော် ဘယ်တပ်က ဘယ်သူပါပေါ့လေ။ ဒီတော့ ရဲတွေကလဲ မဖမ်းရဲပဲ တပ်က ဆိုင်ရာ လူကြီးတွေ ဆီကို ဖုန်းဆက်ရပါသတဲ့။
ဒီလိုနဲ့ တပ်မှ လူတွေ လာထုတ်ပြီးနောက် ... ဟိုးလေး တကျော်ကျော်ဖြစ်သွားတဲ့ အမှုအတွက် အမောင် RU ဟာ ဘုန်းတော်ကြီးဘုရား က ဆင့်ခေါ်ခြင်းခံရတဲ့ အတွက် နေပြည်တော်ကို သွားရပါသတဲ့။ နေပြည်တော်ရောက်တော့ ဘုန်းတော်ကြီး ဘုရားက မေးသတဲ့။
“အမောင်စစ်သည် .. အဘယ်ကြောင့် ထိုမျှပြောင်ပြောင် တင်းတင်း ခိုးမှုကို ကျူးလွန်ရသလဲ .. မှန်မှန်လေး ခိုးစားလဲ ရနေလျှက်နဲ့ အမောင် အတော် လောဘကြီးသကိုး။”
အမောင် RU ကြောက်စိတ်က ငယ်ထိပ်ကို တက်ဆောင့်သတဲ့။ ဘုန်းတော်ကြီး ဘုရားကိုယ်တော်တိုင်က အထင်လွဲနေပြီကိုး။ ဒါနဲ့ ပြာပြာ သလဲ လျှောက်သတဲ့။
“ဘုန်းတော်ကြီး ဘုရားခင်ဗျာ။ ကျွန်တော်မျိုး ဤအမှုကို ကျူးလွန်ချင်လို့ ကျူးလွန်ခြင်း မဟုတ်ပါ ဘုရား။ စမ်းသပ်ခြင်းမျှသာ ဖြစ်ပါသည် ဘုရား။ သနားသဖြင့် လျှောက်တင်ခွင့်ပြုပါ ဘုရား။”
ဘုန်းတော်ကြီး ဘုရားကလည်း နည်းနည်းတော့ ပေါက်သွားသတဲ့။ သို့သော် စစ်သားတွေအပေါ် ကျွန်ဝယ်သားလို ကြင်နာတဲ့ အတိုင်း ခပ်ဆတ်ဆတ် ဒေါသနဲ့ မိန့်ပါသတဲ့။
“ တယ်ရှုပ်တဲ့ ကောင်ကိုးကွဲ့။ အမြန်တင်စေ မောင်မင်း။ SPA သွားရဦးမယ်ကွဲ့။”
ဒီတော့မှ အမောင် RU လည်း အသက်ရှူချောင်သွားပြီး .. လျှောက်သတဲ့။
“မှန်လှပါ ဘုန်းတော်ကြီးဘုရား။ ကျွန်တော်မျိုးသည် ကျွန်တော်မျိုးအား လူတွေက အဘယ်ကြောင့် ရိုသေခန့်ညားခြင်း ရှိသနည်းဟု သိချင်၍ စမ်းသပ်ခြင်းမျှသာ ဖြစ်ပါတယ် ဘုရား။ ပထမအကြိမ် ကျွန်တော်မျိုး သေနတ်နဲ့ သွားရာတွင် ရိုသေခန့်ညားပါသည် အရှင်မင်း မြတ်။ ဒုတိယအကြိမ် စစ်ယူနီဖောင်းနဲ့ သွားသောကြောင့် ဗြောင်ယူခြင်းကို ဆိုင်ရှင်မှ မပြောရဲခဲ့။”
“တိုတိုနဲ့ လိုရင်းလျှောက် ဆိုတယ် မဟုတ်လား မောင်မင်း။ နန္ဒာလေး စောင့်နေပြီကွဲ့။ တယ်ရှည်တဲ့ မိချောင်းသားပေပဲ။”
ဘုန်းတော်ကြီးဘုရားက ရာဇမာန်နဲ့ မိန့်တော်မူ၏။ အမောင် RU လေးလဲ ကြောက်သွားသည်ဖြစ်၍ အမြန်ပြောလေသတည်း။
“မှန်လှပါ ဘုန်းတော်ကြီး ဘုရား။ ကျွန်တော်မျိုး၏ စမ်းသပ်မှုအရ မြန်မာပြည်တွင် ကျွန်တော်မျိုး သင်ယူထားသော ပညာသည် ကျွန် တော်မျိုးအား အကျိုးမပြုနိုင် ....။ သေနတ် .. စစ်ယူနီဖောင်း .. လူမိုက်အပေါင်း အပေါ်ကသာ အကျိုးပြုနိုင်ကြောင်းကို ကျွန်တော်မျိုး ကောင်းကောင်း သိသွားပါပြီ အရှင်မင်းမြတ်.. ကျွန်တော်မျိုးကို သနားသောအားဖြင့် တပ်တော်၌ အမှုဆက်ထမ်းခွင့် ပြုတော်မူပါ ဘုရား။”
ဘုန်းတော်ကြီးဘုရားက မိန့်မိန့်ကြီး ပြုံး၏။ ထို့နောက် ရင်ဝယ်သားလေးလို စစ်သည်လေးအပေါ် အကြင်နာတရားနဲ့ မိန့်ကြားသတဲ့။
“ အမောင်စစ်သည်မို့ ဒါကို ဦးနှောက်မဲ့စွာ စမ်းသပ်လေတယ်။ အမောင်စစ်သည် ပညာတွေ သင်ထားသော်လည်း ဆယ်တန်းမအောင် သော ငါ့အား ရှိခိုးနေရခြင်းကို ထောက်၍ အမောင်စစ်သည် နားလည်သင့်လှ၏။ အမောင်ကား ဥာဏ်နည်းလေစွ။ ငါကား အ၀ီစိဆုပန် မင်းတရား ဖြစ်သည်နဲ့ အညီ လူမိုက်အပေါင်းအား ခွင့်လွှတ် လက်ကိုင်တုတ် ပြုပေမည်။ ၀န်ကြီးများ .. ဤသူငယ်အား ရာထူးတိုးပေး၍ တပ်တော်၌ အမှုထမ်းခွင့်ပေးစေ မောင်မင်းများ။”
ရှိရှိသမျှ ၀န်ကြီးများ။ ။ သင့်တော် မှန်ကန်လှကြောင်းပါ ဘုရား။
ထို့နောက် ဘုန်းတော်ကြီးဘုရားသည် မဟုတ်တရုတ်များလုပ်ရန် အတွင်းတော်သို့ ၀င်တော်မူလေသတည်း။
အမောင် RU ကား သူ၏ တွေ့ရှိချက်အား ၀မ်းမြောက်ဝမ်းသာဖြစ်လျှက် ရာထူးတိုးပေးသော ဌာနသို့ ပြောင်းရန် ပြင်ဆင်လေတော့ သတည်း။
ဆိုင်ရှင်သည် ရှေးအတိတ်ဘ၀က အမောင် RU ပေါ် အကြွေးတင်ဖူးသဖြင့် ရွှေထည်ပစ္စည်း သုံးခုသည်လည်း ဆိုင်ရှင်ထံ ပြန်မရောက် တော့ပေတကား။
နေနတ်နွယ်။ ။ မင်းကွက်စိပ်ကလည်း လူမိုက်အားပေးပါလားကွာ။
တော့ကီ။ ။ ဟုတ်နေတာပဲလေ။ ဒါကြောင့်မို့ ငါတို့နိုင်ငံမှာ လူကောင်း ပညာတတ်တွေ မရှိတော့တာပေါ့။ လူမိုက်သာ စားသာတဲ့ နေရာမို့ လူလိမ္မာတွေ အကုန် ထွက်ပြေးကုန်ပေါ့ သားရယ်။
နေနတ်နွယ်။ ။ မှန်၏။ မှန်၏။ နဖူးကို ခဲမှန်သလို သွေးထွက်အောင်မှန်၏။ နောက်တခါ ငါ့အလှည့်ပေါ့ကွာ။
နေနတ်နွယ်မှတင်ပြသည်။
Posted by Ashin dhamma at 5:57 PM 0 comments
စစ်အစိုးရ၏ မီဒီယာနှိပ်ကွပ်ရေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့်
ဇွန် ၂၆၊ ၂၀၀၈
ရန်ကုန်မြို့ရှိ အင်တာနက်အသုံးပြုသူများကို အာဏာပိုင်တို့က ယခင်ကထက် ပိုမို စောင့်ကြည့်လျက်ရှိသည်။ ရန်ကုန်မြို့ အခြေစိုက် မိုးမခအထောက်တော်တဦးက “ဒီမှာ တင်းကြပ်နေတယ်။ (အင်တာနက်)ဆိုင်တိုင်းမှာ စောင့်ကြည့်သူတွေ ရှိနေတယ်။ အင်တာနက်ဆိုင်ကို ၀င်ရင် လက်မှတ်ထိုးရတယ်။ မှတ်ပုံတင် ပြရတယ်။ အချိန်မှတ်ထားတယ်။ တော်တော်မလွယ်ဘူး” ဟု ဆိုသည်။
နာဂစ်လေမုန်တိုင်းနောက်ဆက်တွဲသတင်းများကို အမှောင်ချထားလိုသဖြင့် အင်တာနက်အသုံးပြုမှုကို တင်းကြပ်ထားခြင်းဖြစ်မည်ဟု ရန်ကုန်မှ စာနယ်ဇင်းသမား အများအပြားက သုံးသပ်ကြသည်။ ယခုတင်းကြပ်မှုမှာ ပြီးခဲ့သည့်နှစ်က သံဃာတော်များ အကြမ်းဖက် ချေမှုန်းခံရစဉ်ကထက် ပိုမိုပြင်းထန်သည်ဟု ဆိုသည်။
အစိုးရသတင်းစာများတွင်မူ ထိုသို့ ကန့်သတ် ပိတ်ဆို့မှုများအကြောင်းကို ဖော်ပြထားခြင်း မရှိပေ။
ယခုနောက်ဆုံးတက်လာသည့် အေဂျင်စီသတင်းများတွင် နာဂစ်မုန်တိုင်းဒဏ် ခံရသူများအား ကူညီရေး လုပ်ငန်းများအတွင်း ပါဝင်ပတ်သက်သူ စာနယ်ဇင်းသမားများ ဖမ်းဆီးထိန်းသိမ်းခံနေရပုံကို ဖော်ပြထားသည်။ နယ်ခြားမဲ့ သတင်းထောက်များအဖွဲ့၊ မြန်မာသတင်းသမဂ္ဂတို့၏ လက်တလော ထုတ်ပြန်ချက်တစောင်ကို ကိုးကားပြီး ဖော်ပြ ရေးသားနေကြခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် Myanmar Tribune ဂျာနယ် အယ်ဒီတာ ကိုအောင်ကျော်ဆန်းအပါအ၀င် စေတနာ့ဝန်ထမ်း ၁၆ ဦးသည် မုန်တိုင်းသင့်ဒေသမှ ကျွင်းကျန်သော ရုပ်အလောင်းများကို သွားရောက်ရှာဖွေ၊ မြုပ်နှံပြီး မကြာမီ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း ဖော်ပြထားသည်။
မိုးမခမှတင်ပြသည်။
Posted by Ashin dhamma at 5:37 PM 0 comments
မစ်ရှီဂန်နွေဦး
အောင်ဝေး
ဇွန် ၂၆၊ ၂၀၀၈
ဒီနွေဦးမှာ
ဂျူးလိယက်ဖူးချစ်ကို သတိရသလို
ယာမာဂူချီကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ပါဘလိုနီရူဒါကိုသတိရသလို
ဒဂုန်တာရာကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
မဲဆောက် ဒေါင်းရင်ပြင်ကို သတိရသလို
တာမွေ ၁၆၄ လမ်းကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ရွှေလီက မြန်မာတန်းကို သတိရသလို
ရန်ကုန်က တရုတ်တန်းကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ကျော်သူနဲ့ ရွှေဇီးကွက်ကို သတိရသလို
အင်ဂျလီနာဂျီုလီကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ချာလီချက်ပလင်ကို သတိရသလို
ဇာဂနာကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ဘော့ဘ်ဒိုင်လန်ကို သတိရသလို
ခင်ဝမ်းနဲ့ ထူးအိမ်သင်ကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
မော်ရဲ့ချန်ချင်းကို သတိရသလို
ကိုဗဟိန်းရဲ့ မခင်ကြီးကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
အော့ဇဝစ်ကို သတိရသလို
စောဝေကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
သီးလေးသီးနဲ့ ဆေးရောင်စုံကို သတိရသလို
အဖြူရောင်သက်တံကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
နန္ဒာလှိုင်ကို သတိရသလို
စုစုနွေးကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
မန်ချက်စတာယူနိုက်တက်ကို သတိရသလို
စိုးမြတ်မင်းတို့ ဘဏ္ဍာအခွန်ကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ဗန်ဂိုးရဲ့ဆိုက်ပရပ်စ်လမ်းကို သတိရသလို
တောင်ကြီးမြို့ က ချစ်သူလမ်းကြားကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ငုယင်ဗန်ထရွိုင်းကို သတိရသလို
ဗိုလ်ကြီးအုန်းကျော်မြင့်ကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
မစ္စစ္စပီကို သတိရသလို
ဧရာဝတီကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ခရစ္စတီးနားရဲ့ ကမ္ဘာကို သတိရသလို
မြောက်ဒဂုံကအိမ်ကလေးကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ဆရာတင်မိုးကို သတိရသလို
မန္တလေးကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ပဒိုမန်းရှာလားဖန်းကို သတိရသလို
ကြွက်နီကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
အင်တာနေရှင်နယ်သီချင်းကို သတိရသလို
နတ်ရှင်နောင်သီချင်းကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ဂက်တီးစဘတ်မိန့်ခွန်းကို သတိရသလို
ယင်အန်းမိန့်ခွန်းကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ဝက်သစ်ချပင်နဲ့ ဖဲကြိုးဝါကို သတိရသလို
ပိတောက်ပန်းကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
စွန့်လွှတ်မှုကို သိရသလို
စွန့်စားမှုကိုလည်း သတိရတယ်။
ဒီနွေဦးမှာ
ငါသတိအရဆုံးကတော့
ဒေါ်အောင်ဆန်းစုကြည်နဲ့ 
မေလတော်လှန်ရေးပါပဲ။ ။
Posted by Ashin dhamma at 5:34 PM 0 comments
ဘေးဧရိယာက မြန်မာအစုအဖွဲ့များ နာဂစ်လေဘေး ကူညီမှု ဒေါ်လာ ၁ သိန်းကျော်
ဘုန်းကြီးကျောင်းများ၊ လူထုစုဝေးရာများတွင် မြန်မာအမျိုးသားအစုအဖွဲ့များက နာဂစ်မုန်တိုင်းလေဘေး ကူညီမှု ရန်ပုံငွေပွဲများ၊ အလှူခံပွဲများ ယခု ၂ လတာ နီးပါးအတွင်း ပြုခဲ့ကြရာ အစုအဖွဲ့အသီးသီး လှူဒါန်းမှု စုစုပေါင်း ဒေါ်လာ ၁ သိန်းကျော် ရခဲ့ပြီဖြစ်ကြောင်း အစုအဖွဲ့အသီးသီး၏ အင်တာနက် စာမျက်နှာများ၊ အီးမေးထုတ်ပြန်ချက်များကတဆင့် သိရသည်။
အလှူခံရရှိသမျှ အများစုကို အမေရိကန်အခြေစိုက် သာသနမောဠိ - မြန်မာရဟန်းတော်များအဖွဲ့ချုပ်သို့ လှူဒါန်းခဲ့ကြသည်ဟု ဆိုသည်။ ဖရီးမောင့်နှင့် ဟတ်ဖ်မွန်းဘေး ဘုန်းတော်ကြီးကျောင်းများက ဆရာတော်ကြီးများ၏ မြန်မာပြည်တွင်းသို့ ပြန်လည်သွားရောက်ပြီး လေဘေးကူညီမှု ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်း စေတနာရှင်မြန်မာလူမျိုးများက ၀ိုင်းဝန်း လှူဒါန်းအားပေးကြသည်ဟု သိရသည်။
ဘေးဧရိယာရောက် မြန်မာပြည်ဖွားများသည် ယခု နာဂစ်လေဘေး ကူညီရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ၀ိုင်းဝန်းဆောင်ရွက်ကြကြောင်း၊ ဆရာတော် သံဃာတော်များ၏ လှုပ်ရှားမှုများကိုလည်း ၀ိုင်းဝန်းကြကြောင်းနှင့် ဆက်လက်ပြီး မြန်မာပြည် ဘေးဒုက္ခအသီးသီးက ကယ်ဆယ်ရေး၊ ကူညီရေးတို့ အရှိန်မြှင့် ဆောင်ရွက်နိုင်ကြရေးအတွက် အားရှိမိပါကြောင်း မိုးမခစာဖတ်သူတဦးက မှတ်ချက်ပေးပါသည်။
မိုးမခ အထောက်တော် ၀၀၂
Posted by Ashin dhamma at 5:31 PM 0 comments
အင်းစိန်ထောင်ရောက်မစုစုနွေး နံရံခေါင်းနှင့်ဆောင့်
ဇွန် ၂၆၊ ၂၀၀၈
အင်းစိန်ထောင်မှာ အချုပ်ခံထားရတဲ့ စုစုနွေး မနေ့တုန်းက အုတ်နံရံကို ခေါင်းနဲ့ဆောင့်လို့ သတိမေ့သွားတယ်လို့ ကြားရပါတယ်။ အုတ်နံရံကို သတိမေ့တဲ့အထိ ခေါင်းနဲ့ဆောင့်ပြီး တောင်းဆိုရလောက်အောင် သူ့မှာ ဘာပြဿနာတွေများ ရှိလို့လဲ ကိုဝင်းမြင့်။
ဒီလိုပါ ကိုသိန်းမြတ်ရေ၊ အင်းစိန်ထောင်တွင်း တရားရုံးမှာ မစုစုနွေးနဲ့ ဘိုဘိုဝင်းလှိုင်တို့ကို မနေ့တုန်းကပေါ့လေ၊ ရုံးထုတ်တဲ့အတွက် သူ့ရဲ့မိတ်ဆွေက သွားတွေ့တယ်။ အဲဒီမှာ ထောင်ဝန်ထမ်းနဲ့ ပြဿနာ တက်ရာကနေ မစုစုနွေးက နံရံကို ခေါင်းနဲ့တိုက်လို့ မေ့မြောသွားတဲ့အထိ ဖြစ်ခဲ့ရတယ်လို့ မစုစုနွေးနဲ့ တွေ့ခွင့်ရခဲ့တဲ့ သူ့မိတ်ဆွေ အမျိုးသမီးကြီးက အခုလို ပြောပြပါတယ်။
“သမီးက ခေါင်းတွေ တအားမူးပြီး ရင်တွေ တုန်နေတဲ့အခါမှာ တံခါးကို ဖွင့်ခိုင်းတယ် အသက်ရှူလို့ မ၀လို့ တဲ့၊ သူက နှလုံးရောဂါအခံရှိတယ်လေ။ အဲဒီ ထောင်ဝန်ထမ်းက မဖွင့်ပေးဘူး တဲ့။ မဖွင့်ပေးရင်လည်း နေပလေ့စေဆိုပြီး နေလိုက်ရော။”
“တအောင့်နေကျတော့ တံခါးကို ဖွင့်လိုက်၊ တော်ကြာနေ ပိတ်လိုက်နဲ့၊ ဒုန်းဒိုင်းနဲ့ လာလာလုပ်နေတယ်။ လုပ်တဲ့အခါကျတော့ အရမ်း အသက်ရှူလို့ မ၀တဲ့အခါကျတော့ ဒေါသဖြစ်တော့ ထပြောတယ်၊ ရှင်တို့ တံခါး ဖွင့်ချင်ဖွင့်ထားခဲ့၊ ပိတ်ချင် ပိတ်ထားခဲ့၊ ဒီလို ဖွင့်လိုက်ပိတ်လိုက်နဲ့ ကျမကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်နဲ့ ပေါ့။”
“အဲသလို ပြောတဲ့အခါကျတော့ ဒါက ငါတို့က တာဝန်ပဲလို့ ပြောတယ် တဲ့၊ တံခါးကြီးကို ဒုန်းဆို ပြန်ပိတ်သွားတယ် တဲ့၊ နင်တို့ကို စကားပြောရတာ အဖက်မတန်ဘူးပေါ့၊ အဲသလို လုပ်တယ် တဲ့။”
“လုပ်တဲ့အခါကျတော့ ဒီလောက်တောင်ရှိတာဆိုပြီး စုစုနွေးက ဒီ တံခါးနံရံနဲ့ ခေါင်းနဲ့ သုံးချက်လောက် ပြေးဆောင့်လိုက်တယ်။ ဆောင့်လည်းဆောင့်ရော သူ့မှာ နှလုံးရောဂါအခံရှိတော့ သူ့ဟာသူ မထိန်းနိုင်ဘဲနဲ့ သတိမေ့သွားခဲ့တာပေါ့။ ဘေးပတ်ဝန်းကျင်က ဟို အော်ကြတာပေါ့နော်၊ ဟိုမှာ လဲသွားပြီ၊ တံခါးဖွင့်ပေး တံခါးဖွင့်ပေးအော်တာကို သူကလေ သေရင်သေပါစေဆိုပြီး အဲဒီမိန်းမက လှည့်ကိုမကြည့်တော့ဘူး တဲ့။”
“၁၅ မိနစ်လောက်နေတော့ အထဲမှာ ဆူညံသံတွေ များလာတဲ့အခါကျတော့ ဆေးမှူးက ရောက်လာတာပေါ့နော်၊ ဆေးမှူးရောက်လာမှ တံခါးကို ဖွင့်ပေးတယ် တဲ့။ တံခါးဖွင့်ပေးတော့ အထဲမှာ စုစုနွေးက တောင့်နေလို့ မနည်းကို နှိပ်ယူရတယ်ပေါ့။”
မစုစုနွေးက နဂိုကလည်း နှလုံးရောဂါအခံရှိတဲ့အတွက် ပြင်ပမှာ ဆရာဝန်နဲ့ ဆေးကုသဖို့ သက်ဆိုင်ရာကို တင်ထားပေမဲ့ အခုချိန်အထိ ခွင့်ပြုချက် မရတဲ့အတွက် အပြင်ကဆေးတွေပဲ ၀ယ်ပေးရတယ်လို့ စောစောက အမျိုးသမီးကပဲ ပြောပါတယ်။
မစုစုနွေးနဲ့ ဘိုဘိုဝင်းလှိုင်တို့နှစ်ဦးကို နိုင်ငံတော် ဆူပူမှုဖြစ်အောင် လုပ်ကြံမှုနဲ့ ဆိုပြီးတော့ ပုဒ်မ ၃ ခု စွဲပြီးတော့ အင်းစိန်ထောင်ထဲက တရားရုံးမှာပဲ စစ်ဆေးနေတာ ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်း
Posted by Ashin dhamma at 5:26 PM 0 comments
မျိုးရန်နောင်သိန်းကို ဆေးကုသခွင့်မပေး
ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ 26 2008 19:50 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမျိုးရန်နောင်သိန်း၏ ကျန်းမာရေး အခြေအနေ ဆိုးရွားနေသော်လည်း ထောင်အာဏာ ပိုင်များက ဆေးကုသခွင့် မပေးသည့်အပြင် ယနေ့တွင် ရုံးထုတ်ခဲ့သည်။
၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က စတင်ကာ အင်းစိန်ထောင်တွင် အကျဉ်း ကျခံနေရသည့် ကမာရွတ်မြို့နယ်မှ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် အသက် ၃၄ အရွယ် ကိုမျိုးရန်နောင်သိန်းမှာ ခန္ဓာကိုယ်အောက်ပိုင်း လေဖြတ်သလို ဖြစ်နေသော်လည်း ဆေးကုသခွင့် ပိတ်ပင် ထားခံရခြင်း ဖြစ်သည်။
“ဒီနေ့ ရုံးထုတ် စစ်ဆေးတယ်။ ဆေးကုသခွင့် မရသေးဘူး။ ဆေးစာ အပြင်ထုတ်ခွင့် မရသေးဘူး။ သူက စစ်ကြောရေးမှာ ရိုက်နှက်ထားတဲ့ ဒဏ်ကြောင့်ပေါ့နော်၊ အောက်ပိုင်း သေသွားသလို ဖြစ်နေတယ်။ ဒီအတိုင်း လမ်းလျှောက်မရဘူး။ ထမ်းစင်နဲ့ တရားရုံး တက်ရတယ်” ဟု မျိုးရန်နောင်သိန်း၏ အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင် ရှေ့နေဦးမြင့်သောင်းကလည်း “ဒီနေ့ ရုံးထုတ်တာ ခြေထောက် နှစ်ချောင်းက လုံးဝ လမ်းမလျှောက်နိုင်ဘူး။ သူက ကျန်းမာရေး မကောင်းတော့။ ကျနော်တို့ အာမခံလည်း မရဘူး။ ပွေ့ချီပြီးတော့ ရုံးထုတ်တယ်။ သက်သေမလာတော့ ရမန် ပြန်ယူရတယ်” ဟု မဇ္ဈိမကို ပြောသည်။
၁၉၉၆ ခုနှစ် ဒီဇင်ဘာလ ကျောင်းသား ဆန္ဒပြပွဲများတွင် ခေါင်းဆောင်ခဲ့သဖြင့် အခြား ၈၈ မျိုးဆက် ကျောင်းသားများ ၈ ဦးနှင့်အတူ ၁၉၉၇ ခုနှစ် ဇူလိုင်လတွင် ကိုမျိုးရန်နောင်သိန်းအား အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။ ထို့နောက် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ လ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင် ဦးဆောင်ခဲ့ပြန်သဖြင့် ယခုလို ထပ်မံ ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။ နှစ်ကြိမ်စလုံးတွင် အာဏာပိုင်များက နှိပ်စက် ညှဉ်းပမ်းခံရသည်ဟု မျိုးရန်နောင်သိန်း၏ သူငယ်ချင်းဖြစ်သူ ထိုင်းနိုင်ငံနေ ကိုကျော်လင်းဦးက ပြောသည်။
ရှေ့နေ ကိုဖိုးဖြူ အဆိုအရ လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ပြစ်မှုမြောက်လျှင် အနည်းဆုံး ထောင်ဒဏ် ၂ နှစ် ကျနိုင်သည်ဟု ဆိုသည်။
ကိုမျိုးရန်နောင်သိန်းနှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၄ ဦးကိုလည်း ယနေ့တွင် ရုံးထုတ်ခဲ့သေးသည်။
သံလျင်မြို့နယ်မှ ကိုဇော်မင်း၊ ကမာရွတ်မြို့နယ်မှ မင်းမင်း ခေါ် ဘောင်ဘောင်၊ မြောက်ဥက္ကလာပမှ မခင်မိုးမိုး၊ ကိုကျော်စိုးတို့ကိုလည်း ပုဒ်မ ၅ဝ၅ (ခ) ဖြင့် စွဲချက်တင်ထားရာ မခင်မိုးမိုးနှင့် ကိုကျော်စိုးအား နိုင်ငံခြား ဒေါ်လာငွေ လက်ဝယ် တွေ့ရှိသဖြင့် ငွေကြေးလဲလှယ်ရေး အက်ဥပဒေ ပုဒ်မ ၂၄ နှင့်ပါ ပူးတွဲ စွဲချက် တင်ထားသည်ဟု အကျိုးဆောင်ရှေ့နေ ဦးမြင့်သောင်းက ပြောသည်။
Mazzimaမှတင်ပြသည်။
Posted by Ashin dhamma at 7:42 AM 0 comments
မြိုတော်ခန်းမအနီးဆန္ဒပြသူအမျိုးသမီတစ်ဦးအဖမ်းခံရ
ရန်ကုန်မြို့လယ်၌ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တကိုယ်တော် တောင်းဆိုဆန္ဒပြသည့် အမျိုးသမီးတဦးကို ရဲက ဖမ်းဆီး လိုက်သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။
အဆိုပါအမျိုးသမီး မည်သူမည်ဝါဆိုသည်ကို မသိရှိရသေးသော်လည်း သူမသည် မြို့တော်ခန်းမ အနီး လူစည်ကားရာနေရာ၌ ယမန်နေ့ မွန်းလွဲပိုင်းက (၁၀) မိနစ်ခန့် ကြွေးကြော်သံများ အော်ဟစ်၍ တကိုယ်တော် ဆန္ဒပြခဲ့ပြီးနောက် ရဲ၏ ဆွဲခေါ်ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု မျက်မြင် သက်သေတို့၏ ပြောဆိုချက်ကိုကိုးကားပြီး သတင်း၌ ဖော်ပြသည်။
ဆန္ဒပြသည့်သတင်းကို ကြားသိရသော်လည်း ဆန္ဒပြသူအမျိုးသမီးသည် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဝင် ဟုတ်မဟုတ် မသိရှိရသေးဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။
မြန်မာစစ်အစိုးရသည် ဆန္ဒပြသူများကို ပြင်းထန်စွာအရေးယူလေ့ရှိပြီး ယမန်နှစ် သြဂုတ်လက အမေရိကန်သံရုံးရှေ့၌ တကိုယ်တော်ဆန္ဒပြခဲ့သည့် ဦးအုန်းသန်းကို ထောင်ဒဏ်တသက် တကျွန်းချမှတ်ခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ခန္တီးထောင်၌ အကျဉ်းချထားခဲ့သည်။ ။
ခေတ်ပြိုင်မှတင်ပြသည်။
Posted by Ashin dhamma at 7:26 AM 0 comments
ဌာနေသို့ အလွမ်းများ
ရထားကြီးက ပျင်းရိဖင့်နွဲ့စွာ မောင်းထွက်နေတယ်။ တညိမ့်ညိမ့်နဲ့။ နွေရာသီရဲ့ ပူပြင်းတဲ့ နေရောင်အောက်မှာ မြွေတစ်ကောင်လို တွားသွားလို့။ ပြွတ်သိပ်နေတဲ့ ခရီးသည်တွေကို စိတ်မပါတပါ သည်ဆောင်လို့။ သူ့မှာလဲ ချွေးတလုံးလုံးနဲ့။ လွမ်းနေမိပါတယ်။ ဘယ်ကို လွမ်းနေတာလဲ။ ဘာကိုမှ အတိအကျ မပြောနိုင်တဲ့ အရာများစွာကို လွမ်းနေခြင်း ဖြစ်ပါတယ်။ ကြည်မောင်သန်းရဲ့ အာရှတိုက်ရဲ့ တစ်နေရာမှာ ဆိုတဲ့ကဗျာထဲကလို
“ငါ လွမ်းနေခဲ့တာ
ကံခေပေမယ့် ချစ်စရာကောင်းနေတဲ့
တိုင်းပြည်တစ်ခုကိုပါ”။
ဟုတ်ပါတယ်။ ဖြစ်နိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ လွမ်းနေရပါတယ်။ ကံခေနေတဲ့ အမိတိုင်းပြည်၊ ပြီးတော့ ဘ၀တစ်ခုလုံးကို ကံကြမ္မာကိုပဲ အပ်နှံထားကြရတဲ့ သူတွေ။
သက္ကရာဇ်တွေက ပြောင်းပြောင်းလာပေမယ့် အမေ့အိမ်လေးက ပြောင်းမလာဘူး။ နွေပေါင်းများစွာ ဖြတ်ကျော်ပြီး ရွက်နုတွေ အခါခါဝေခဲ့ပေမယ့် ငါတို့အိမ်လေးက တစ်ခါမှ မလန်းဆန်းခဲ့ဖူးဘူး။ လူဖြစ်လာ ခဲ့ရပေမယ့် လူလို နေမသွားနိုင်ခဲ့ကြတဲ့ ငါတို့ ဘိုးဘွားများကို လွမ်းမိတယ်။ ငယ်ငယ်က အဘိုးပြောတဲ့ စကားကို အမှတ်ရနေသေးတယ်။ “ဒီဆေးပျင်းလိပ်လေးနဲ့ ဒီရေနွေးအိုးလေးရှိရင် တော်တော် ပြည့်စုံနေ ပါပြီကွာ”တဲ့။ ရိုးသားတဲ့ အေးချမ်းစွာနေတတ်တဲ့ ငါတို့ ဘိုးဘွားတွေရဲ့ ဘ၀များစွာကိုလည်း လွမ်းမိပါတယ်။
ကျောင်းတက်ချင်ပေမယ့် တက်ခွင့်မရတဲ့ အတွတ်တို့ မောင်နှမတစ်တွေကိုလည်း လွမ်းတယ်။ အတွတ်လေး သုံးတန်းအောင်တော့ ကျောင်းထွက်လိုက်ရတယ်။ ပိုက်ဆံမရှိလို့ မိဘတွေက မထားနိုင်ဘူး တဲ့။ အဲဒီအချိန်က မျက်ရည်တရွဲရွဲနဲ့ အတွတ်က “ကျောင်းဆက်တက်ချင်လိုက်တာကွာ”တဲ့။ ကလေးပီပီ ရိုးရိုးလေး ငြီးတွားခဲ့တယ်။ အတွက်ရေ အဲဒီတုန်းက မင်းမျက်နှာလေးကို ခုထိ ငါမြင်နေဆဲပဲ။ ခုတော့ အတွတ်တစ်ယောက် လယ်တဲတွေနဲ့ ပျော်လို့။ လူ့ဘ၀ဆိုတာ ဘာလဲလို့ အတွတ်ကို သွားမေးရင် စားမယ်သောက်မယ်။ လယ်ထွန်မယ်။ မိန်းမယူမယ်။ သားသမီးလေးတွေယူမယ်။ ပြီးရင် ခိုင်းစားမယ်။ ဒီလိုပဲ ဖြေလိမ့်မယ်။ ဟုတ်တယ်လေ။ သူ့ပတ်ဝန်းကျင်မှာ ဒီအတိုင်းပဲဖြစ်နေကြတာကိုး။ ကျောင်းထားပြီး ပညာသင်ပေးမယ်ဆိုတာလည်း သုံးတန်း၊ လေးတန်းက ပိုပြီး ထားနိုင်စွမ်း မရှိကြဘူး။ ဒါတောင် အတွက်တို့ရွာက အတန်းကျောင်းရှိလို့။ အတန်းကျောင်းမရှိတဲ့ ရွာတွေဆို ပိုဆိုးပြီ။
တစ်ချို့ရွာတွေဆို ရွာက ဘုန်းကြီးနဲ့ ရွာသားတွေက ကိုယ့်စရိတ်နဲ့ကို ကျောင်းဆောက်ပြီး ဆရာ ဆရာမတွေကို လခပေး သင်စေပါ့မယ်ဆိုပြီး ကျောင်းချပေးဖို့ အထက်ကို ပြောတာတောင် ခွင့်မပြုဘူး။ ဒါနဲ့ ခလေးတွေဟာ ကျောင်းတစ်ခါတက်ဖို့ နေ့စဉ်နဲ့အမျှ ခုနှစ်မိုင်၊ ရှစ်မိုင်လောက် လမ်းလျှောက်သွား တက်ကြရတယ်။ ကျောင်းတက်ဖို့ ဒီလောက်ခက်ခဲတဲ့ဒေသမှာ ခလေးတွေဟာ ဘယ်လိုလုပ်ကျောင်းပျော် နိုင်ပါ့မလဲ။ ခလေး ကျောင်းမပျော်တော့ ပညာတတ်ဘယ်မှာ ထွက်တော့ပါ့မလဲ။ ပညာတတ် အလိုမရှိ သောတိုင်းပြည်၊ ပညာတတ်မုန်းသောခေါင်းဆောင်၊ ဖားတတ်ယားတတ်မှ လူရာဝင်နိုင်တဲ့အဖွဲ့ အစည်း …..ဒီခေတ်မှာ လူဖြစ်လာရတဲ့ ငါတို့ကိုယ်က ယဇ်ကောင်တွေလို ဖြစ်လို့။ ဒါက အတွတ်တို့ ရွာနားက ကျွန်တော်သိတဲ့ ရွာလေးကို ပြောပြတာပါ။ ဒီထက် ကျောင်းတက်ဖို့ ခက်ခဲတဲ့ရွာတွေက ကျွန်တော် လွမ်း နေသော ပြည်လေးမှာ အများကြီး။
ကျွန်တော်တို့ ရွာနားမှာ ပိုက်လိုင်းကြီးတစ်ခုရှိတယ်။ အဲဒီပိုက်လိုင်းကြီးတွေကို ကြည့်ပြီး အဘွားက မှတ်ချက်ချတယ်။ “မောင်မင်းကြီးသားများ အလုပ်လုပ်ပုံကတော့ အံ့ပါရဲ့တော်။ တစ်နေ့တစ်ခြား တိုးတက်နေလိုက်တာ။ ဒီလောက်ကြီးကျယ်တဲ့ ပိုက်လုံးကြီးတွေ တစ်ခါမှ မမြင်ဖူးဘူး”တဲ့။ တကယ်တော့ အဘွားကို ပိုပိုပြီး လွမ်းမိတာ အဲဒါကြောင့်ပဲ။ ဒီပိုက်လုံးကြီးနဲ့ အဘွားတို့မြေက သယံဇာတတွေကို တစ်ဖက်နိုင်ငံကို အလကားနီးပါးပေးနေရတာကိုတော့ အဘွားတစ်ယောက်ဘယ်သိနိုင်ပါ့မလဲ။ အဘွားမှာ ကျောင်းမနေခဲ့ဘူးလို့ အသိအမြင် ဗဟုသုတက မကျယ်ဘူးလေ။ ဒီတော့ အဘွားတို့မှာ သမုဒ္ဒရာဝမ်း တစ်ထွာအတွက် ရုန်းကန်ရင်းသာ အချိန်ကုန်နေတော့တာ။ ပြာသလောက် နှမ်းမထွက်တဲ့ သူတို့ဘ၀ ကိုလည်း ပစ္စုပ္ပန်ဘ၀လုပ်ရပ်များနဲ့ ဘာမှ မဆိုင်ဘူး၊ ငါတို့ကိုယ်က အတိတ်ကံ မကောင်းခဲ့လို့ပါဆိုပြီး အတိတ်ကံကို မျက်နှာလွှဲပြီး ဘ၀ကို အေးအေးသာ လျှောက်လှမ်းနေကြတော့တာပဲ။ အဘွားရေ... အခုချိန်ထိ သားတို့အတိတ်ကံတွေက မကောင်းသေးဘူးလား။
တစ်နေ့သောအခါက စစ်သားတွေ ရွာထဲရောက်လာကြတယ်။ အတွတ်တို့ခမျာ စစ်သားမြင်ရင် လန့်နေတော့တာ။ စစ်သားတွေက တစ်အိမ်ဆင်း တစ်အိမ်တက်နဲ့ ဘာတွေများ လုပ်နေပါလိမ့်။ တွေးလို့မှ မပြီးသေးဘူး။ စစ်သားသုံးယောက် အတွတ်တို့အိမ်ရှေ့ရောက်လာတယ်။ လက်ထဲမှာ ရွှေတိဂုံဘုရားပုံ၊ ကျိုက်ထီးရိုးဘုရားပုံ….စတဲ့ ဘုရားပုံတွေကို ကိုင်လို့ပေါ့။ “ဒီဘုရားပုံတွေထဲက သုံးခုဝယ်ပါ”တဲ့။ အတွတ် အံ့သြသွားတယ်။ ဒီလို ဈေးသည်(သယ်)မျိုး တစ်ခါမှ မတွေ့ဘူးလို့ပေါ့။ ဘာမပြော ညာမပြောနဲ့ အတွတ် လည်း သူတို့ဝယ်ခိုင်းတဲ့ ပုံတော်တွေကို ၀ယ်ထားလိုက်ရတယ်။ အဘွားကတော့ ပြောတယ်။ “သြော် မောင် မင်းကြီးသားများက ငါတို့ ဆင်းရဲနေတာ မကြည့်ရက်လို့ ကုသိုလ်တိုးပြီး ချမ်းသာအောင် ပုံတော်တွေ လာရောင်းပေးတာဖြစ်မှာပါ”တဲ့။ အဘွားတို့ကို သိပ်လွမ်းတာပဲ။
စစ်ကြောင်းဆင်းပြီဆိုရင် ရွာသားတွေခမျာ နေစရာမရှိတော့ဘူး။ သူတို့လာရင် ရွာသူကြီးလည်း အလုပ်ကို ရှုပ်နေတော့တာပဲ။ သစ်သားတို၊ သစ်သားစရှိတဲ့သူတွေကလည်း သိမ်းရဆည်းရနဲ့။ သစ်တွေ တွေ့ရင် သစ်ခုတ်မှုနဲ့ သစ်ကိုသိမ်း၊ လူကို ဖမ်းအုံးမှာ။ သူတို့ကို ကျွေးမွေးဧည့်ခံရတာကလည်း အရက်နဲ့ ကြက်နဲ့။ သစ်လုပ်တဲ့သူတွေဆို စစ်သားမြင်ရင် ဖျပ်ဖျပ်လူး လန့်နေကြရတာ။ စက်တွေရော၊ ပစ္စည်းတွေ ရော အားလုံးကို သိမ်းသိမ်းသွားတတ်လို့လေ။ တစ်ခါတစ်လေကျတော့လည်း မက်မောလောက်စရာ ငွေလေး ဘာလေး ပေးလိုက်ရင် မသိမ်းဘဲ ပြန်သွားကြတာပါပဲ။ အဘိုးက ပြောတယ် “အစိုးရကတော့ သစ် တော မပြုန်းအောင် တော်တော်ထိန်းတာပဲ”တဲ့။ ဘယ်သူတွေ သစ်တောပြုန်းအောင် လုပ်နေသလဲဆိုတာ မသိရှာတဲ့ အဘိုးနဲ့အဘွားတို့ကို သိပ်လွမ်းမိတယ်။
အတွတ်တို့တစ်တွေလည်း လုပ်ရကိုင်ရ၊ စားရသောက်ရတာ တော်တော်ကျပ်တည်းလာပြီ။ ရာသီ ဥတုက မကောင်းလို့ သီးနှံက အထွက်မကောင်းဘူး။ သီးနှံအထွက်မကောင်းတဲ့ကြားထဲ ကိုယ့်ယာမှာ တောင် ကိုယ်စိုက်ချင်ရာ စိုက်ခွင့်မရှိပြန်တော့ ပိုပြီး အခက်တွေ့တော့တာပေါ့။
မနှစ်ကတော့ ၀ါကို အထူးစိုက်ရမယ်တဲ့။ လမ်းဘေး ယာတောမှန်သမျှ ၀ါခင်းတွေပဲ စိုက်ကြရ တယ်။ ခက်တာက ကြိုတင်ပြီးပြောထားရင်တော့ ဘာပြဿနာမှ မရှိဘူး။ ခုတော့ လမ်းဘေးက ယာတော မှာ အတွတ်က မြေပဲတွေစိုက်ပြီးသား။ တစ်နေ့က နုတ်ကြည့်တော့ ဥတွေတောင် ဥနေပြီ။ ရလိုရငြား ရွာသူကြီးကို ၀ါ မစိုက်ရဖို့ သွားတောင်းပန်တယ်။ ဘာပဲလုပ်လုပ်၊ နောက်ဆုံးတော့ နှမြောတသစွာနဲ့ မြေပဲခင်းလေးကို ဖျက်ဆီးပြီး ၀ါ စိုက်လိုက်ရတယ်။ ဘယ်ယာတောမှာ ဘာစိုက်ရမယ်ဆိုတာ လယ်ပိုင်ရှင်၊ ယာပိုင်ရှင်ထက် ဘယ်သူက ပိုသိနိုင်ပါ့မလဲ။ အတွတ်တို့ စိတ်ညစ်ရတဲ့ နှစ်ပါပဲ။ အတွတ်ရေ မင်းတို့ကိုသာ မဟုတ်ဘူး။ မင်းတို့ဘ၀လေးတွေကိုလည်း ငါလွမ်းတယ်။
ဒီနှစ်လည်း ထိုနည်းလည်းကောင်းပဲ အိမ်တိုင်းအိမ်တိုင်း ကြက်ဆူစိုက်ရမယ်တဲ့။ ကားလမ်းဘေးဝဲ ယာမှာ ကြက်ဆူစိုက်သွားနေရတဲ့ ဒုက္ခကလည်း မသေးဘူး။ နေ့စဉ်လိုလိုဆိုတော့ အလုပ်ပျက်တယ်။ အများပိုင်တဲ့ မြေနေရာတိုင်းမှာ ကြက်ဆူစိုက်ရတယ်။ ကိုယ့်မျိုးစေ့နဲ့ကို ၀ယ်ပြီးစိုက်ကြရတာ။ တစ်အိမ်ကို အပင်တစ်ထောင် စိုက်ရမယ်တဲ့။ ကိုယ်စားဖို့တောင် မနည်းရုန်းကန်နေရတဲ့ဘ၀မှာ အထက်က ဘယ်သူမှန်း မသိတဲ့ လူတွေအတွက် လုပ်ပေးနေရတာကများတော့ အတွတ်တို့ စိတ်ညစ်ရပြီပေါ့။ စိတ်ညစ်လည်း ဘာမှ မတတ်နိုင်ဘူးလေ။ အတွတ်ရေ..မင်းတို့ကို ငါ မျက်ရည်တွေနဲ့ လွမ်းတယ်။
ဒီကြားထဲ လုပ်အားပေးက သွားရသေးတယ်။ လုပ်အားပေးဆိုပေမယ့် လုပ်အားတင်မကဘူး။ ငွေအားပါ ပေးရတာ။ ကိုယ့်ကျောက်ခဲနဲ့ကိုယ် လမ်းဖောက်ရတာ။ ကျောက်စီရတာ။ အိမ်သာမရှိဘာမရှိ၊ တောထဲက လမ်းဘေးမှာ ဒီအတိုင်းအိပ်ရတယ်။ ငွေပန်းလူပန်း။ အလုပ်လုပ်ရတာကလည်း လွတ်လပ်မှုမရှိ။ လက်နက်ကိုင် စစ်သားတွေက အမြဲတမ်းဘေးမှာ စောင့်နေတာ။ အတွတ်ကို အဲဒီစစ်သားက ပြောတယ်တဲ့။ “ကျုပ်လည်း ဘာမှ မတတ်နိုင်ဘူးဗျ။ အထက်က ခိုင်းလို့ လုပ်ရတာ။ ခင်ဗျားတို့ကြည့်ရတာ စိတ်မကောင်း ဘူး” “နောက်ဘ၀ကျရင် မြို့သားဖြစ်အောင် ဆုတောင်းဗျာ”လို့ ပြောတယ်တဲ့။ သူလည်း သူ့ ဗဟုသုတ အလျောက် ပြောတာဖြစ်မှာပေါ့။ အတွတ်တို့ လူငယ်တစ်သိုက် လုပ်အားပေးက ပြန်လာတဲ့ပုံကိုလည်း လွမ်းနေမိပါတယ်။ အတွက်ရေ..မင်းကို အဲဒီလို ပြောတယ်ဆိုတဲ့ ကျပ်ကျပ်တည်းတည်း အသက်မွေးနေရ တဲ့ စစ်တပ်အောက်ခြေလူတန်းစားတွေကိုလဲ လွမ်းမိတာပဲ။
အလွမ်းရေယဉ်ကြောမှာ လွင့်မျောနေမိတာ ဘာကိုမှ သတိမထားမိခဲ့ဘူး။ “အစ်ကို…အစ်ကို (ဒီ)မြို့မှာ ဆင်းမှာ မဟုတ်လား”။ ဘေးနားက ခရီးသည်က လက်တို့နှိုးမှ ကမန်းကတန်းထမိတယ်။ တန်း ပေါ်ကအထုပ်ကို ဆွဲချပြီး ရထားပြတင်းပေါက်ကနေ ခုန်ချလိုက်ရတယ်။ ခရီးသည်တွေက အများကြီး။ ကိုယ်ဝန်သည်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေ….အလုအယက်တိုးဝှေ့ဆင်းနေကြရတယ်။ တစ်တွဲ လုံးနီးပါး ဆင်းကြတာဖြစ်ပေမယ့် (ဒီ)မြို့ မှာ ရထားက ငြိမ့်ရုံပဲ ငြိမ့်တာလေ။
လွင်ပြင်ရိုင်း
၂၄၊ ၀၆၊ ၂၀၀၈
Posted by Ashin dhamma at 1:02 AM 0 comments
ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိနေကြသော မြန်မာပြည်ဖွား ပြည်သူပြည်သားအပေါင်းတို့ထံ ပန်ကြားလွှာ
ပြည်ပရောက် မြန်မာလူမျိုးအများစုတွင် ကိုယ်ပိုင်အသိစိတ်ဓာတ်… ကိုယ်ပိုင်အသိဥာဏ်နဲ့ အမှန်တရားကိုလိုလားသော စိတ်ဓာတ်ကောင်းလေးများ ရှိကြပါတယ်….. ဒါပေမဲ့ တချို့သော ပြောမှ သိမယ့်လူတန်းစား.. တကိုယ်ကောင်းဆန်တဲ့ လူတန်းစား… လူမိုက်အားပေးချင်တဲ့ စိတ်ဓာတ်ရှိတဲ့လူတန်းစားတွေ… ရှိနေသေးလို့သာ ဒီစာကို ရေးသားရခြင်း ဖြစ်ပါတယ်...... လူတိုင်းက ထင်နေကြတယ်.....ငါတို့လုပ်လို့ ဘာမှ ထူးလာမှာ မဟုတ်ဘူးရယ်လို့လေ...... ဟုတ်ပါတယ်.....နှမ်းတစေ့နဲ့ ဘာမှဖြစ်မလာပါဘူး......ဒါပေမဲ့ နှမ်းအားလုံးစုပေါင်းပြီး အင်အားကြီးကြီးမားမားနဲ့ သာ လုပ်မယ်ဆိုရင် မဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး.......အဓိက က စိတ်ဓာတ်မြင့်မားဖို့နဲ့ မျှော်လင့်ချက်ကြီးကြီး ထားဖို့ရယ်ပါ...... မိမိကိုယ်တိုင် မလုပ်ချင် မလုပ်နိုင်ရင်တောင် အမှန်တရားဖက်ကို အားပေးအားမြှောက်ပြုသင့်ပါတယ်.... လူကိုယ်တိုင်မပါဝင်နိုင်ရင်တောင် စိတ်ဓာတ်ရေးရာအားဖြင့်၎င်း ငွေအင်အားဖြင့်၎င်း ကူညီသင့်ပါတယ်..... ဒီ့ထက်အရေးကြီးတာက တိုင်းပြည်ကို ဖျက်စီးနေတဲ့၊ တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်မပေးတဲ့ အပြင် လူ့အသက်ပေါင်းများစွာကို ပုရွက်ဆိတ်သာသာ သဘောထားပြီး သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်တွေကို အကူအညီမပေးဖို့ပဲ ဖြစ်ပါတယ်......ဒီစာက မည်သူ၏ မျက်နှာမှ မထောက်ပဲ အမှန်ကို အမှန်အတိုင်း အရှိကိုအရှိအတိုင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်......။
နိုင်ငံရေးဆိုတာဘာလဲ……..
နိုင်ငံရေးဆိုတာ နိုင်ငံ၏ ကောင်းကျိုးမှန်သမျှအတွက်ပြုလုပ်သော အရေးကိစ္စမှန်သမျှ…. လူမှုရေး စီးပွားရေး ပညာရေး သာသနာရေး ကျန်းမာရေး အားလုံးကို ဆိုလိုပါတယ်….. စစ်အာဏာရှင်အစိုးရ၏ ကြမ်းတမ်းရက်စက်လှသော ဖိနှိပ်အုပ်ချုပ်မှုအောက်တွင် ကြီးပြင်းခဲ့ရသော ပြည်သူပြည်သားအများစုသည် နိုင်ငံရေးကို ကြောက်ရွံခြင်းကြီးစွာဖြင့် ဝေးဝေးရှောင်ခြင်းသည် အကျင့်တစ်ခုလို ဖြစ်ခဲ့ပါတယ်…. ဒါ့အပြင် အချို့သောနိုင်ငံရေးသမားများ၏ ကိုယ်ကျိုးရှာလုပ်ရပ်များကြောင့်လည်း နိုင်ငံရေးကို မုန်းတီးရွံရှာခဲ့ကြပါတယ်…. တကယ်တော့ မိမိကိုယ်အကျိုးစီးပွားအတွက် လုပ်နေသောသူများကို နိုင်ငံရေးသမားဟူ၍ သတ်မှတ်လို့မရပါဘူး…. တကိုယ်ကောင်းသမားလို့ပဲ ခေါ်ဆိုသတ်မှတ်ရမှာ ဖြစ်ပါတယ်…… ငါတို့က နိုင်ငံရေးကို မလုပ်ဘူး ဝေးဝေးကရှောင်တယ်ရယ်လို့ ကြံဖန်ဂုဏ်ယူ ကြွားဝါနေကြသူများသည် အမှန်စင်စစ် မိမိကိုယ်ကိုမိမိ တကိုယ်ကောင်းသမား၊ အချောင်သမားရယ်လို့ မီးမောင်းထိုးပြနေသူများသာ ဖြစ်ပေသည်…… အရှက်ရှိတတ်သူများဖြစ်ပါက ယင်းကဲ့သို့ကြွေးကြော်ရဲကြမည် မဟုတ်ပေ……..။
စစ်အာဏာရှင်အစိုးရ၏သရုပ်မှန်ကိုအမှန်အတိုင်းသိဖို့လိုခြင်း........
လူတိုင်းလူတိုင်း စစ်အာဏာရှင်အစိုးရ၏ သရုပ်မှန်ကို အမှန်အတိုင်းသိဖို့က အရေးကြီးဆုံး လိုအပ်ချက်တစ်ရပ်ဖြစ်ပါတယ်….. အထူးသဖြင့် ပြည်ပရောက် ပြည်သူပြည်သားတွေအနေနဲ့ သတင်းမှန်များကို မီဒီယာများ သတင်းစာများ အင်တာနက်သတင်းဋ္ဌာနများ တီဗွီ ရေဒီယိုများမှတဆင့် အချိန်မရွေး နေရာမရွေး ကြည့်ရှုနိုင် နားထောင်နိုင် ဖတ်ရှုနိုင်တဲ့ အခွင့်အရေးကို ပြည်တွင်းရှိလူများထက် ပိုမိုရရှိကြပါတယ်…. မိမိတို့၏ မျက်စိ နား များနဲ့ တပ်အပ်မြင်တွေ့ တပ်အပ်ကြားနိုင်လျက်နဲ့ တချို့လူများသည် မျက်စိစုံမှိတ်ပြီး စစ်အာဏာရှင်များကို အကူအညီပေး ထောက်ခံအားပေးခြင်းကို တိုက်ရိုက်၍်သော်၎င်း သွယ်ဝိုက်၍သော်၎င်း စိတ်ပါလက်ပါ ပြုလုပ်နေကြတာကို ဝမ်းနည်းဖွယ် တွေ့မြင်နေရပါတယ်….. ဘာကြောင့်သူတို့ ဒီလို ပြုလုပ်နေကြသလဲ….. အဖြေကတော့ ရှင်းရှင်းလေးပါ….. တကိုယ်ကောင်းဆန်တဲ့ စိတ်ပေါ်အခြေခံပြီး မိမိတို့်အကျိုးစီးပွားအတွက် လူသန်းပေါင်းများစွာ၏ လူမှုဒုက္ခကို မျက်ကွယ်ပြုပြီး အရှက်ကင်းမဲ့စွာ ထောက်ခံနေကြပါတယ်…. အဲဒီလို လူမျိုးတွေ ရှိနေတာကြောင့်လည်း စစ်အာဏာရှင်အစိုးရ သက်ဆိုးရှည်နေတာပဲဖြစ်တယ်…. ။
ထောက်ခံအားပေးမှုပြုနေတဲ့သူတွေကိုအကြမ်းအားဖြင့်အောက်ပါအတိုင်းခွဲခြားနိုင်ပါတယ်…..
ရဟန်းသံဃာတော်များ……… ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးသည် ရဟန်းသံဃာတော်များ၏ ထင်ရှားလှသော မေတ္တာပို့ဆုတောင်း ဆန္ဒထုတ်ဖော်ပွဲဖြင့် ပြည်သူတို့၏ ဆင်းရဲဒုက္ခများကို ကူညီခဲ့ကြတဲ့ တော်လှန်ရေးဖြစ်ပါတယ်….. တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်အာဏာရှင်အစိုးရကို တညီတညွတ်တည်း ကံဆောင်ခဲ့ကြပါတယ်… ဒါပေမဲ့ ပြည်တွင်းရှိ အချို့သံဃာတော်များသာမက ပြည်ပရောက်အချို့သံဃာတော်များသည်လည်း စစ်အာဏာရှင်အစိုးရ၏ သံရုံးများမှ ဖိတ်ကြားသော ဆွမ်းအလှူများကို လက်ခံခြင်းဖြင့် ပျံလွန်တော်မူခဲ့ပြီးသော ရဟန်းသံဃာတော်များ၏ မျက်နှာတော်များကို မထောက်ထားမညှာတာပဲ ကံဆောင်မှုကို ဖောက်ဖျက်ခဲ့ကြပါတယ်…. မခိုင်လုံသော အကြောင်းပြချက်တို့ဖြင့် မည်မျှပင်ဖြေရှင်းချက်ထုတ်စေကာမူ မလုပ်သင့်မလုပ်ထိုက်သော သံဃာ့ စည်းကမ်းချိုးဖောက်မှုပင်ဖြစ်သည်….. ဒါ့အပြင် မိမိကိုယ်တိုင်မပါဝင်သည့်အပြင် ပါဝင်သူ တပည့်သားရဟန်းငယ်များအား ဆူပူကြိမ်းမောင်း ဟန့်တားခြင်းသည် ရဟန်းတစ်ပါးအနေဖြင့် ဘုရားရှင်၏ မျက်နှာတော်ကိုပင် မထောက်ထားမညှာတာ ပြုရာ ကျနေပါသည်…….. ယခုအချိန်အထိ စစ်အာဏာရှင်အစိုးရကို အကောင်းမြင်မျက်လုံးနဲ့ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ဖို့ ဝန်မလေးသူများ အဖြစ် ရပ်တည်နေဆဲဖြစ်သည်…….။
နိုင်ငံရေးသမားအမည်ခံပုဂ္ဂိုလ်များ…… အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ရောက်ရှိနေထိုင်နေကြသော နိုင်ငံရေးသမားအမည်ခံ ပုဂ္ဂိုလ်များသည် ဆယ်စုနှစ် နှစ်ခု သုံးခုမက မြန်မာ့နိုင်ငံရေးကို မျက်ခြေမပြတ်လေ့လာ လိုက်စားနေကြသော်လည်း ယခုအချိန်အထိ ရှင်းလင်းပြတ်သားသော မူဝါဒသဘောတရားကို မချမှတ်နိုင်ကြသေးပေ……. သူတပါး၏ ပေးစာကမ်းစာ များကို မျှော်ကိုးရင်း၊ သူများနှာခေါင်းပေါက်နဲ့ အသက်ရှုနေကြရင်းနဲ့ မိမိတို့စားပေါက်များ မပျောက်ကွယ် ထာဝရအမြဲရရှိနေစေရန် ရည်သန်လျက် စစ်အာဏာရှင်အစိုးရ သက်ဆိုးရှည် အာဏာ တည်မြဲရေးကို တိတ်တခိုးမျှော်လင့် ဆုတောင်းနေကြသူများဖြစ်သည်…… အာဏာရူးတို့ ကပြနေသော ဇာတ်ကွက်များကို လိုက်ပါနင်းကရင်းနဲ့ သူ့လူ ကိုယ့်ဖက်သားဆန်ဆန် သစ္စာဖောက်ဖျက်ဖို့ အချိန်မရွေးပြုလုပ်နိုင်သူများ ဖြစ်ပေသည်….. ၄င်းတို့၏လုပ်ပေါက်များကြောင့်ပင် တကယ် တိုင်းပြည်ချစ်စိတ်နဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံ ပြုလုပ်နေသူများမှာ ရောယောင်ပြီး သိက္ခာကျ လူအထင်သေး ခံနေကြရပါသည်……ယခုအချိန်အထိ စစ်အာဏာရှင်အစိုးရ၏ မူဝါဒလုပ်ငန်းစဉ်များကို ထောက်ခံအားပေးပြီး မိမိတို့ကိုယ်ကျိုးအတွက် နေရာမရွေး၊ အချိန်မရွေး လိုက်ပါဆောင်ရွက်ဖို့ အဆင်သင့်ရှိနေကြသူများဖြစ်ပေသည်……..။
နိုင်ငံရေးဒုက္ခသည်များအဖြစ် ခံယူကြသူများ.......ပြည်ပရောက် တချို့လူများသည် မိမိတို့၏ နေထိုင်ရေးအဆင်ပြေစေရန် နိုင်ငံရေး ဒုက္ခသည်များအဖြစ် လိမ်လည်၍ ခံယူကြပါသည်….. တချို့လူများမှာမူ အမှန်တကယ် နိုင်ငံရေးလုပ်ခဲ့ကြသူများဖြစ်ပါသည်…. တကယ်စိတ်ပါသည်ဖြစ်စေ စိတ်မပါသည်ဖြစ်စေ နိုင်ငံရေး ဒုက္ခသည်ခံယူသူများအနေနဲ့ မိမိတို့ ဘဝရပ်တည်မှု အဆင်ပြေစေရန် ကူညီထောက်ပံ့ပေးခဲ့သည့် နိုင်ငံရေးကို ထောက်ခံအားပေးသင့်ပေသည်….. တချို့မှာ မိမိတို့ဘဝရပ်တည်မှု အခြေအနေကိုပင် မေ့ချင်ယောင်ဆောင်လျက် နိုင်ငံရေးကို တကယ်စိတ်ပါလက်ပါ ပြုလုပ်နေသူများကို နှုတ်အားဖြင့် အမူအရာအားဖြင့် နောက်ကွယ်ရာတွင်သာမက လူရှေ့သူရှေ့ မှာပါ စော်ကားမော်ကားပြုလုပ်ကြပါတယ်…… ဒါဟာ မဖြစ်သင့်မဖြစ်ထိုက်ပါဘူး….. စိတ်ဓာတ်သေးသိမ် အောက်တန်းကျသော၊ နိုင်ငံကြီးသားမပီသရာ ကျသော လူများအဖြစ် မိမိကိုယ်ကို မိမိ ဝန်ခံနေသလို ဖြစ်နေပါတယ်…..နိုင်ငံအတွက် နိုင်ငံရေးလုပ်ရန် အချိန်မပေးနိုင်သူများ မအားလပ်သူများကို ပျော်ပွဲရွှင်ပွဲများတွင် ရှေ့ဆုံးမှာ ပျော်ပျော်ကြီး အားပေးနေတာကို မယုံကြည်နိုင်ဖွယ် အံ့အားသင့်ဖွယ် မြင်တွေ့နေရပါတယ်…… ထိုသူများသည် စစ်အာဏာရှင်အစိုးရကို တိုက်ရိုက် ထောက်ခံ အားမပေးသော်လည်း မိမိတို့၏ ဘဝသခင် နိုင်ငံရေးကို စိတ်မပါ စိတ်မဝင်စားခြင်းဖြင့် သွယ်ဝိုက်ပြီး ထောက်ပံ့နေသလို ဖြစ်နေပါတယ်………။
အတတ်ပညာရှင် အသိပညာရှင်များ……ပြည်ပနိုင်ငံများတွင် အဆင့်မြင့်ပညာရပ်များကို သင်ကြားတတ်မြောက်ထားသော အတတ်ပညာရှင် အသိပညာရှင်များအဖြစ် ခံယူထားကြသောသူများအနေနဲ့ မိမိတို့ ကြီးပြင်းခဲ့ရာ မွေးရပ်မြေ၏ အနာဂတ်ကောင်းကျိုးအတွက် တခုခုပြန်လည်ပေးဆပ်သင့်ပါတယ်….. အမိမြန်မာပြည်သို့ပြန်ပြီး မိမိတို့၏ အတတ်ပညာ အသိပညာများဖြင့် ယခု လောလောဆယ် အခြေအနေအရ အကျိုးမပြု နိုင်သေးသော်လည်း စစ်အာဏာရှင်အစိုးရ သက်ဆိုးရှည်စေနိုင်သည့် လှုပ်ရှားမှု ထောက်ပံ့မှု အားပေးမှုများကို မလုပ်သင့်ပါဘူး……မိမိတို့ တတ်မြောက်ထားတဲ့ အသိပညာ အတတ်ပညာများနဲ့ လျော်ညီစွာ အကောင်းအဆိုး အကြောင်းအကျိုးများကို နားလည်သဘောပေါက်သင့်ပါတယ်။ အထူးအားဖြင့် မိမိတို့ကိုယ်ကို မိမိတို့ အထက်တန်းစား ရေပေါ်ဆီအလွှာအဖြစ် ခံယူထားသူများသည် ခေတ်အဆက်ဆက် အုပ်ချုပ်သူလူတန်းစားများကို မိမိတို့ကိုယ်ကျိုးအတွက် ကြောင်ဖား စားဖားများအဖြစ် အောက်ကျို့ခံပြီး ဆက်ဆံနေကြပါတယ်…. လူ့အသက်ပေါင်းများစွာကို တန်ဖိုးမထား သတ်ဖြတ်နေသော စစ်အာဏာရှင်အစိုးရ၏ လုပ်ရပ်ကို သိသိကြီးနဲ့ စစ်အာဏာရှင် သံရုံးဝန်ထမ်းများနှင့် လိုက်လျောညီထွေ ဆက်ဆံနေသော၊ လူ့အသက်များ ကယ်တင်မှုတာဝန်ကို ထမ်းဆောင်နေသော ဆရာဝန်များ၏ လုပ်ရပ်မှာလည်း ဝမ်းနည်းအံသြဖွယ်ကောင်းလှပါတယ်…… မိမိတို့ ထမ်းဆောင်နေသောတာဝန်နဲ့ ထောက်ခံနေသောလုပ်ရပ်တို့၏လိုက်လျောညီတွေမရှိမှုကို သတိပြု ရှောင်ကျဉ်သင့်ပါတယ်…။
ဗုဒ္ဓဘာသာကို လေးလေးနက်နက် ယုံကြည်ကြသူများ…….. ဗုဒ္ဓဘာသာ၏ အနှစ်သာရ အစစ်အမှန်ကို လေးလေးနက်နက် ယုံကြည်သူများအနေနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ လမ်းစဉ်နှင့် ပါရမီဖြည့်ကျင့်မှုကို လေးလေးစားစား လိုက်နာ သင့်ပေသည်…… ဗုဒ္ဓမြတ်စွာဘုရားသည် အမျိုး ဘာသာ သာသနာအတွက် ဘဝပေါင်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ကျင့်၍ ကာကွယ်စောင့်ရှောက်ခဲ့ပေသည်……ယခု လက်ရှိ စစ်အာဏာရှင်တစ်စု၏ လုပ်ရပ်များသည် ရတနာသုံးပါးကို စော်ကားမော်ကား ပြုနေရုံသာမက ဘာသာ သာသနာ ပျောက်ကွယ်မည့် အခြေအနေများကို ဦးတည်လုပ်ဆောင် နေပါသည်…...မိမိတို့၏ အမျိုးဘာသာ သာသနာကို စော်ကားမော်ကားပြုနေသူများကို မထောက်ခံ မအားပေးသော်ငြားလည်း ယင်းတို့၏ လုပ်ရပ်များကို မတားဆီး မဆန့်ကျင်ပဲ လက်ပိုက်ကြည့် ဆိတ်ဆိတ်နေခြင်းသည် ဘာသာ သာသနာပျောက်ကွယ်မည့် အခြေအနေဆိုးကို လက်ခံ အားပေးနေသည်နှင့်တူပါသည်….. ကိုယ်တိုင်-ချီးမွမ်း-စိတ်တူ-အားပေးသူ အားလုံးတို့၏ ပြစ်ဒဏ်သည် အတူတူပင် ဖြစ်သည်ဟု မြတ်စွာဘုရားက ဟောကြားခဲ့ပါတယ်….. ထို့ကြောင့် စစ်အာဏာရှင်များကို ပြတ်ပြတ်သားသားဆန့်ကျင်ပြခြင်းသည် မြတ်စွာဘုရား၏စကားကို နားထောင်ရာ ရောက်ပါတယ်…….။
တခြားသော ဘာသာတရားများကို ယုံကြည်သက်ဝင်သူများ……… ကမ္ဘာပေါ်ရှိ အင်မတန် ဆိုးဝါးလှသော အာဏာရှင်များသည် ပင်လျှင် မိမိတို့ ကိုးကွယ်သောဘာသာတရားကို ထိပါးစော်ကားမှု မပြုခဲ့ပေ…… ယခု စစ်အာဏာရှင်များ၏ ရိုင်းစိုင်းယုတ်မာမှု များသည် ဗုဒ္ဓဘာသာကိုးကွယ်သူများကိုသာမက တခြားသော ဘာသာတရားများကို ကိုးကွယ်နေသူများအတွက်ပါ ဆိုးကျိုးသက်ရောက်မှု ရှိနေပါတယ်……မိမိဘာသာတရားအပေါ် စော်ကားမော်ကားပြုသူသည် တခြားဘာသာများကို စော်ကားမော်ကားပြုရန် ဝန်လေးလိမ့်မည် မဟုတ်ပေ……..။
ကိုယ်ကျိုးစီးပွားရှာ စီးပွားရေးလုပ်ငန်းရှင်များ………ပြည်ပတွင် နေထိုင်နေသော်လည်း မြန်မာနိုင်ငံနှင့် ကူးလူးဆက်ဆံနေပြီး စီးပွားရှာနေသော စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့၏ ကိုယ်ကျိုးစီးပွားအတွက် စစ်အာဏာရှင်အစိုးရကို ထောက်ပံ့မှု အားပေးမှုပြုနေပါသည်…..မိမိတို့၏ မိသားစု ဆွေမျိုး တစ်စု ကောင်းစားရေးအတွက် တစ်မျိုးသားလုံး၏ ရန်သူကို ထောက်ခံမှု ပြုနေခြင်းသည် မြန်မာနိုင်ငံရှိ လူသန်းပေါင်းများစွာ၏ အသက်အိုးအိမ် စည်းစိမ်ကို ဂရုမစိုက် လစ်လျူရှုသကဲ့သို့ ဖြစ်နေပါတယ်…..ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ကိုယ်ချင်းစာ သနားစိတ်ဖြင့် စစ်အာဏာရှင်များကို ထောက်ခံအားပေးမှုပြုခြင်းကို ဝေးဝေးက ရှောင်သင့်ပါတယ်…….။
ပြည်ပနိုင်ငံသားအဖြစ် ခံယူထားကြသူများ……… ပြည်ပနိုင်ငံအသီးသီးတွင် နိုင်ငံသားအဖြစ် ခံယူထားကြသော မြန်မာပြည်ဖွားများ အနေဖြင့် ငါတို့နှင့် မဆိုင်တော့ဘူး ဟူသော စိတ်ဓာတ်ဖြင့် နေသာသလို မနေကြပဲ မိမိတို့ နေထိုင်ကြီးပြင်းခဲ့သော နိုင်ငံတစ်ခု၏ အရေးကိစ္စများကို လူသားချင်းစာနာသောအားဖြင့် စိတ်ဓာတ်အင်အား ငွေအင်အားဖြင့် တတ်အားသရွေ့ ထောက်ခံအားပေးသင့်ပါတယ်…… အခါအားလျော်စွာ အလည်အပတ်ပြန်လေ့ရှိသော မိမိတို့ နိုင်ငံ၏ ပကတိအခြေအနေကို ပြည်ပနိုင်ငံများ၏ တိုးတက်မှုအခြေအနေနှင့် နှိုင်းယှဉ်ပြီး နိုင်ငံနှင့်လူမျိုးအတွက် တတ်အားသရွေ့ ကူညီထောက်ပံ့သင့်ပါတယ်…….။
ယနေ့မြန်မာနိုင်ငံအခြေအနေ………
ယနေ့ မြန်မာနိုင်ငံ၏ ပကတိအခြေအနေကတော့ အားလုံးသိတဲ့အတိုင်းပါပဲ…..စစ်အာဏာရှင်အစိုးရအနေနဲ့ တိုင်းပြည်၏ တိုးတက်မှုကို ဆောင်ရွက်နိုင်စွမ်းမရှိသည့်အပြင် တိုင်းပြည်အလုံးစုံ ပျက်စီးရေးကို ဦးတည်ဆောင်ရွက်နေပါတယ်….. နာဂစ်မုန်တိုင်းအပေါ် ကိုင်တွယ်ဆောင်ရွက်မှုကို ကြည့်ခြင်းအားဖြင့် စစ်အာဏာရှင်များ၏ အရည်အချင်းမပြည့်ဝမှု ယုတ်မာရိုင်းစိုင်းသောသဘောထား နဲ့ ထင်ရာစိုင်း အနိုင်ကျင့်သော လုပ်ဆောင်ချက်များကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်….. ဘာသာ သာသနာနှင့်တကွ တတိုင်းပြည်လုံး၏ အသက်အိုးအိမ် စည်းစိမ်ကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်စော်ကားနေခြင်းသည် ပြတ်ပြတ်ထင်းထင်း ပေါ်လွင်နေပါတယ်……… တရားမျှတမှု နဲ့ တရားဥပဒေစိုးမိုးမှု ဟူ၍ မရှိတော့ပဲ မင်းမဲ့အကျင့်စရိုက်ဆန်ဆန် အဖြစ်အပျက်များကို နိုင်ငံအနှံ့အပြားတွင် အလွယ်တကူတွေ့မြင်နေရပါတယ်………။
တွေဝေမနေကြပါနဲ့တော့………
လက်ရှိအနေအထားအရ လူထုနှင့်တကွ ပြည်ပရှိ အဖွဲ့အစည်း အင်အားစုများသည် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ မည်သည့်မူဝါဒကို ကိုင်စွဲရမှန်းမသိ ဖြစ်နေပြီး… အစည်းအဝေးများပြုလုပ်ခြင်း… ရှိသမျှအင်အားစုများနှင့် ဆန္ဒပြတောင်းဆိုခြင်း…… ကြေညာချက်များထုတ်ပြန်ခြင်း….US / EU / UN တို့ထံမှ အကူအညီများမျှော်ကိုးနေကြခြင်း…… မီဒီယာများမှ ယောင်ဝါးဝါး အင်တာဗျူးများ ထုတ်ပြန်နေခြင်း စသည့် မထိရောက်သော လုပ်ဆောင်ချက်များကို ပြုလုပ်နေကြရင်းနဲ့ အချိန်ကုန်လွန်နေကြပါတယ်……စစ်အာဏာရှင်အစိုးရမှ ချမှတ် လမ်းပြနေသော လမ်းကြောင်းများ နောက်သို့ မျှောလိုက်ရင်းနဲ့ မိမိတို့၏ အင်အားစုများကို ဖြုန်းတီးနေကြပါတယ်….. ။
စစ်အာဏာရှင်တို့၏ ခိုင်မာသောမူဝါဒဖြစ်သည့် တိုင်းပြည်အား စစ်တပ်မှ ထာဝရ အုပ်ချုပ်ရေးကို အကောင်အထည်ဖော်နိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲအား ၄င်းတို့ လိုသလို မဲလိမ်ကာ အတည်ပြုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် ၄င်းတို့ကြေညာထားသည့် အထွေထွေရွေးကောက်ပွဲ၏ ရလဒ် မည်သို့ရှိမည်ကို ပြေးကြည့်စရာမလို တွေးကြည့်ရုံနဲ့ သိနိုင်မြင်နိုင်ပါတယ်……….။
ကျွန်ုပ်တို့ ဘာလုပ်သင့်သလဲ……..
စစ်အာဏာရှင်တို့၏ အုပ်ချုပ်ခဲ့သော နှစ်ပေါင်း ၆၀ ကာလကို ပြန်ပြောင်းကြည့်မယ်ဆိုရင် ၄င်းတို့၏ ကတိမတည်ကြည်မှု လက်တလုံးခြား လိမ်လည်လှည့်စားမှု နှင့် ညစ်ပတ်အောက်တန်းကျသော လူကြီးလူကောင်းမဆန်မှုများကို ဖြတ်သန်းခဲ့သော သမိုင်းအထောက်အထားများအရ အလွယ်တကူ သိနိုင် တွေ့နိုင် မြင်နိုင်ကြပါတယ်…..။
အကြမ်းမဖက်နည်း၊ အနုနည်း၊ သွေးမဲ့နည်း၊ မဟတ္တမဂန္ဒီရဲ့ ငြိမ်းချမ်းရေးနည်း စသဖြင့် ပြောစရာမလိုလောက်အောင် ကောင်းမွန်သော ဤအနုတရ နည်းလမ်းသည် လူသားဆန်သော လူကြီးလူကောင်းများအတွက်သာဖြစ်သော်လည်း စစ်အာဏာရှင်များအတွက်ဆိုကာမူ ဆွေးမြေ့သော သမိုင်းစာမျက်နှာမှာ ကျန်ခဲ့သော အသုံးမဝင်သော နည်းလမ်းအကျိုးအပဲ့ကြီးသာ ဖြစ်ပေလိမ့်မည်…….။
စစ်အာဏာရှင်အစိုးရ အတွက် လက်နက်ကိုင်တော်လှန်ရေး နဲ့သာ သင့်လျော်ပါတယ်လို့ ယေဘူယျအားဖြင့် ထင်စရာရှိသော်လည်း နှစ်ပေါင်း ၆၀ နီးပါး လက်နက်ကိုင်တော်လှန်နေသော်လည်း ယနေ့အထိ တိုးတက်မှု အခြေအနေ တစုံတရာ မရှိတဲ့ သာဓက အခြေအနေများကြောင့် ယင်းအပေါ် အားပြုနေခြင်းသည်လည်း အလုံးစုံမမှန်ကန်နိုင်ပေ………..။
အကြမ်းဖျင်းချမှတ်သင့်သော မူဝါဒလမ်းစဉ်များ
ယေဘူယျအားဖြင့် အောက်ပါလုပ်ငန်းစဉ် ၅ ရပ်ကို လူထုအားနဲ့စည်းလုံးညီညွတ်စွာ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်…….။
၁) စစ်အာဏာရှင်အစိုးရကို လုံးဝ အယုံအကြည်မရှိရေး (မည်သည့်အကြောင်းပြချက်နဲ့မျှ မယုံကြည်ရ)
၂) စစ်အာဏာရှင်အစိုးရ၏ လုပ်ငန်းစဉ် လမ်းကြောင်းနောက်သို့ လုံးဝ မလိုက်ရေး (မည်သည့်လိုက်လျောမှုမျိုးမျှ မလုပ်ရ)
၃)စစ်အာဏာရှင်အစိုးရ၏ အောက်ခြေ အုပ်ချုပ်သူ လက်ပါးစေ၊ လက်ကိုင်တုတ်များ (အထူးသဖြင့် စွမ်းအားရှင်နဲ့ ကြံ့ဖွတ်များ)ကို ဖြစ်သင့်သော နည်းလမ်းပေါင်းစုံ (အနုနည်း၊ အကြမ်းနည်း) များနှင့် နှိမ်နင်းရေး
၎) စစ်အာဏာရှင်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားတွင် ပါဝင်နေသော လူတန်းစားအသီးသီးတို့အား ဖြစ်နိုင်သော နည်းလမ်းပေါင်းစုံဖြင့် ဆွဲဆောင်စည်းရုံးသိမ်းသွင်းရေး
၅) လူတန်းစားပေါင်းစုံပါဝင်သော၊ အနုနည်းမက အကြမ်းနည်းမကျသော အလယ်အလတ်နည်းလမ်းဖြင့် လူထု ခေတ်ပြောင်း တော်လှန်ရေးတရပ်ကို အရှိန်အဟုန်ဖြင့် ဆင်နွှဲရေး စသည်တို့ဖြစ်ပါတယ်……….။
အရေးကြီးသော ကူညီပံ့ပိုးမှုများ
ပြည်တွင်းမှ အင်အားစုများ၏ လုပ်ငန်းစဉ်များကို အကူအညီပေးရေး… ငွေကြေး ထောက်ပံ့မှုပေးရေးနဲ့ … အားဖြည့်ပံ့ပိုးရေးသည် ပြည်ပမှ အင်အားစုများ၏ လုပ်ငန်းစဉ်များဖြစ်ပေသည်……။
စီးပွားရေး..လူမှုရေး..ကျန်းမာရေး..ပညာရေးသာမက ဘာသာ သာသနာရေး အဖက်ဖက်မှ ယိုယွင်းပျက်စီးလာအောင် ဖိနှိပ်အုပ်ချုပ်နေသော စစ်အာဏာရှင်များသည် တိုင်းပြည်ကောင်းစားဖို့ လှုပ်ရှားရုန်းကန်နေသော ပြည်တွင်းမှ မျိုးချစ်ပြည်သူများအား ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ် ထောင်သွင်းအကျဉ်းချ ညှင်းပန်းနှိပ်စက် သတ်ဖြတ်လျက် ရှိပါသည်….. စီးပွားရှာ ငွေရှာဖို့ အချိန်မပေး အခြေအနေမပေးနိုင်လောက်အောင် ထွက်ပြေးတိမ်းရှောင်နေရသော မျိုးချစ်ပြည်သူများအတွက် အလိုအပ်ဆုံး အရာမှာ ငွေကြေးအကူအညီပင်ဖြစ်ပါတယ်….
ဤကဲ့သို့သော အခြေအနေမျိုးတွင် ဘေးအန္တရာယ်ကင်းဝေးစွာ အေးချမ်းစွာနေရသော..ရန်သူမျိုး ငါးပါးသာမက ကပ်သုံးပါးနဲ့ပါ ကင်းဝေးနေသော ပြည်ပမှ ပြည်သူများအနေနဲ့ ငွေကြေးဖြင့် အားပေး ထောက်ပံ့ကူညီသင့်လှပေသည်……။
ကူညီသင့်ပါတယ်လေ……
ပြည်ပနိုင်ငံအသီးသီးတွင် အခြေချနေသော မြန်မာပြည်ဖွားများကို စာရင်းကောက်ယူကြည့်မည်ဆိုပါက အကြမ်းဖျင်းအားဖြင့် သန်းနဲ့ချီပြီး ရှိနိုင်ပါတယ်…..လူတစ်ဦးလျှင် တစ်ဒေါ်လာမှ တစ်ဆယ်ဒေါ်လာအထိ ကူညီသည်ထားဦး….ဒေါ်လာသန်းနဲ့ချီပြီး ပြည်တွင်းမှ မျိုးချစ်ပြည်သူများအား ကူညီထောက်ပံ့နိုင်ပါတယ်…..တစ်ဒေါ်လာ တစ်ဆယ်ဒေါ်လာဆိုသည်မှာ လူတိုင်းအတွက် မုန့်ဖိုးသာသာ သာဖြစ်ပါတယ်…… စစ်အာဏာရှင်လက်အောက်တွင် သန်းပေါင်းများစွာသော ပြည်သူတွေ၏ ဘဝများစွာကို ကူညီဖို့အတွက် ဤမျှလောက်သော ငွေပမာဏကလေးကို မစွန့်လွှတ်သင့်ပေဘူးလား……….။
ကျွန်ုပ်တို့ဆိုသည်မှာ……
ကျွန်ုပ်တို့ဆိုသည်မှာ ယခင်တုန်းက နိုင်ငံ့အရေးများကို မသိလိုက်မသိဖာသာ နေခဲ့သောသူများဖြစ်ပါတယ်……ကျွန်ုပ်တို့တွင် ယခင်တုန်းက လုပ်ဆောင်ခဲ့ဖူးသော စွန့်လွှတ်အနစ်နာခံခဲ့ဖူးသော သမိုင်းအထောက်အထားများလည်း မရှိခဲ့ပါဘူး……သို့သော်ငြားလည်း ယနေ့ဖြစ်ပေါ်နေသော အခြေအနေ အကြောင်းအရာ အဖြစ်အပျက်များသည် ကျွန်ုပ်တို့၏ စိတ်အစဉ်အား များစွာ အနှောက့်အယှက်ပေးနေရုံသာမက နိုင်ငံအတွင်းရှိ လူသားများစွာ၏ အသက် အိုးအိမ်ကို ခြိမ်းခြောက်နေပါတယ်…… လူသားများစွာ၏ အသက်ပေါင်းများစွာ စတေးခံခဲ့ရတဲ့ နာဂစ်မုန်တိုင်းအပေါ် ကိုင်တွယ်ခဲ့သော စစ်အာဏာရှုင်များ၏ လုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် အနာဂတ်မြန်မာနိုင်ငံ၏ အခြေအနေဆိုးကို ခန့်မှန်းနိုင်ပါတယ်…… ကမ္ဘာ့မြေပုံပေါ်တွင် မြန်မာ့မြေပုံ ပျောက်မည့်အခြေအနေဆိုးသို့ ဦးတည်လျက်ရှိပါတယ်…….. ကျွန်ုပ်တို့အနေနဲ့ မိမိတို့၏ မျိုးဆက်သစ်များအတွက် သမိုင်းပေးတာဝန်တစ်ရပ်အနေနဲ့ တာဝန်ကျေချင်ရုံသာမက လူသားချင်းစာနာသော စိတ်ထားဖြင့် မဖြစ်မနေ ပါဝင်လာရခြင်းဖြစ်ပါတယ်………..။
ယုံကြည်မှု…….. ကျွန်ုပ်တို့အား ယုံကြည်ကြပါလို့ မတိုက်တွန်းလိုသော်လည်း ကျွန်ပ်တို့အနေနဲ့ ကျွန်ုပ်တို့၏ ကိုယ်ကျိုးအတွက် ဘယ်တော့အခါမျှ လုပ်မည်မဟုတ်ကြောင်းကိုသာ ရိုးသားစွာ ပြောလိုပါတယ်………..။
ထို့ကြောင့် ကျွန်ုပ်တို့ စိတ်တူသဘောတူ ဆောင်ရွက်ချက်ချင်းတူညီသော လူတစုက စုပေါင်းပြီး ပြည်တွင်းမှ တိုက်ပွဲဝင်လျှက်ရှိသော ပြည်ချစ်ရဲဘော်များအား ကူညီထောက်ပံ့မှုပေးရန် စည်းရုံးဆောင်ရွက်လျှကိနေပါတယ်……. ကျွန်ုပ်တို့အား အကြံဥာဏ်များ အကူအညီများ ပေးလိုပါက အောက်ပါ ဘလော့နဲ့ အီးမေးလိပ်စာများသို့ ဆက်သွယ်မေးမြန်းကူညီနိုင်ပါတယ်……….။
www.sooner-is-better.blogspot.com
www.sooner.is.better@gmail.com
အားလုံးကို ကျေးဇူးတင်ပါတယ်…………။
နိုင်ငံကောင်းစားရေးကို လိုလားသူများ
Posted by Ashin dhamma at 12:57 AM 0 comments
Wednesday, June 25, 2008
ဥရောပပါလီမန်အဖွဲ့ကြေညာချက်ကို အာစီယံ ပါလီမန်အတွင်းမှ ထောက်ခံကြိုဆို
ဉာဏ်မောင်။ ဇွန် ၂၅၊ ၂၀၀၈
ဥရောပ ပါလီမန်အတွင်းမှ မြန်မာ့အရေး ဆောင်ရွက်နေသူများအဖွဲ့ကြေညာချက်ကို အာစီယံ ပါလီမန်အတွင်းမှ ထောက်ခံကြိုဆိုလိုက်သည်။
ဥရောပ (၈) နိုင်ငံမှ ပါလီမန်အမတ်များပါဝင်သည့် မြန်မာ့အရေးဆောင်ရွက်သူများ၏ ကြေညာ ချက်သည် လက်ရှိမြန်မာနိုင်ငံအခြေအနေများကို အချိန်ကိုက်ထုတ်ပြန်ကြေညာခြင်းဖြစ်၍ ထောက်ခံအားပေးကြောင်း အာစီယံ ပါလီမန်အတွင်း မြန်မာ့အရေးဆောင်ရွက်နေသူများက ယခုလ (၁၉) ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မြန်မာစစ်အစိုးရအား ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်အခြား အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့များမှ ပြင်းထန်စွာအရေးယူမှုကို တွန်းအားပေးရန် အဓိကထား၍ ထည့်သွင်းထားပြီး ဥရောပနှင့် အာစီယံနိုင်ငံများမှ ပါလီမန်အမတ်များ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် ပိုမိုအင်အားကောင်းသောလုပ်ငန်းများ၊ အခွင့်အရေးကောင်းများ လုပ်ကိုင်ဆောင်ရွက်နိုင် လိမ့်မည်ဟု မျှော်လင့်ကြောင်း ဖေါ်ပြထားသည်။
နှစ်စဉ်မပြတ် မြန်မာ့ဒီမိုကရေစီပြောင်းလဲရေးအတွက် ဥရောပအမတ်များက ဖိအားပေး ဆောင် ရွက်နေမှုအပေါ် အာစီယံအမတ်များက အသိအမှတ်ပြုလေးစားကြောင်းလည်း ထုတ်ပြန်ချက် က ဆိုသည်။
ထို့အပြင် ပြည်ပရောက် စင်ပြိုင်အစိုးရအဖွဲ့မှ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းက တရုတ်နှင့် အိန္ဒိယအစိုးရ ကိုယ်စားလှယ်များနှင့်တွေ့ဆုံဆွေးနွေးရန် တောင်းဆိုလိုက်သည်။
ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းက “ကျွန်တော်အနေနဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်ရာ နိုင်ငံပြည်သူများကဲ့သို့ လက်ရှိကျွန်တော်တို့ရဲ့ အမြင်တွေကို အစိုးရအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးလိုပါတယ်” ဟုဆိုသည်။
အဆိုပါ နိုင်ငံနှစ်နိုင်ငံသည် စစ်အစိုးရနှင့် ဆက်ဆံရေးထိခိုက်မည်ကို စိုးရိမ်ကြောက်ရွံ့သည့် အတွက် မိမိတို့နှင့် တွေ့ဆုံဆွေးနွေးရန်ကို ရှောင်ဖယ်နေသော်လည်း မြန်မာပြည်တည်ငြိမ်ရေး၊ အကျိုးစီးပွားကို ရှေ့ရှု၍ ပြည်ပရောက် မြန်မာအစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာအစိုးရနှစ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးလိုသည်ဟု ဆက်လက်ပြောဆိုသည်။
“၁၉၉၀ ခုကတည်းက ကျွန်တော်ဟာ တရုတ်နဲ့ အိန္ဒိယတို့ကို မသွားနိုင်ခဲ့ပါဘူး၊ ကျနော်တို့ အစိုးရအဖွဲ့အနေနဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ရုံးထိုင်တာထက် အိန္ဒိယနိုင်ငံမှာ ပိုပြီး အခြေချလိုပါတယ် ” ဟု ဒေါက်တာစိန်ဝင်းက တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောဆိုလိုက်သည်။
Posted by Ashin dhamma at 7:55 AM 0 comments
သီတဂူဆရာတော်မဲဆောက်တွင်အထူးတရားပွဲကျင်းပ
နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ထောက်ပံ့ရေးအတွက် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော်သည် မဲဆောက်မြို့ရှိ တောရဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ညက အထူး တရားပွဲတရပ် ကျင်းပခဲ့သည်။
ယမန်နေ့ တရားပွဲတွင် ဆရာတော်က နာဂစ်မုန်တိုင်း ဘေးဒုက္ခကျရောက်သူများအပေါ် ကရုဏာ တရားဖြင့် ကူညီပေးကြရန် (ကရုဏာ) တရားတော်ကို ဟောကြားခဲ့သည်။
ဆရာတော်က “ဆွေမျိုးများပျက်စီးခြင်း၊ အိုးအိမ်များပျက်စီးဆုံးရှုံးခြင်း၊ ရောဂါမျိုးစုံ နှိပ်စက်ခံ ရခြင်း၊ ကိုယ်ကျင့်တရားပျက်စီးခြင်း၊ ဘုရားတရားသံဃာတို့အား မသိရှိတော့ခြင်းဆိုတဲ့ ဗျသနတရား ငါးပါးဆိုတာ လူသားတွေကို ဒုက္ခအပေးဆုံးပဲ။ ကမ္ဘာ့လူသားတွေရဲ့ လိုအပ်ချက်က ဒုက္ခရောက် သူတို့ (သို့မဟုတ်) ဗျသနတရားငါးပါး ခံစားနေရသူတို့အတွက် ကရုဏာလိုပါတယ်။ ဒုက္ခ ရောက်သူတွေ ဒုက္ခမှ လွတ်ပါစေ၊ ဘေးရန်သင့်သူတွေ ဘေးရန်မှ လွတ်ပါစေ၊ သောကရောက် သူတွေ နှလုံးစိတ်ဝမ်းအေးချမ်းပါစေ၊ အဲတာ ကရုဏာပို့တာဖြစ်တယ်။ မြန်မာနိုင်ငံမှာ လူ (၂) သန်းလောက် အသက်ရှင်လျက် ဒုက္ခဖြစ်ပြီးကျန်ရစ်တာ၊ လူ (၂) သိန်းလောက်အသက်သေပြီး ဒုက္ခဖြစ်သွားကြတာ၊ အဲဒီဒုက္ခကို တို့ကဘယ်လိုကူညီပြီး ဖြေရှင်းနိုင်မလဲ၊ ကာယကံမြောက်ဖို့တော့ လုပ်ဖို့လိုတယ်” ဟု ဟောကြားသည်။
မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူ ဆရာတော်သည် နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းအများ အပြားကို ပေးပို့လှူဒါန်းလျက်ရှိပြီး နိုင်ငံတကာသို့ လှည့်လည်ပြီး ကယ်ဆယ်ထောက်ပံ့ရေးအတွက် တရားပွဲများ ကျင်းပလျက်ရှိသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယနေ့အထိ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ အမာမြို့နယ်တို့မှ ဘုန်းတော်ကြီးကျောင်း (၁,၃၄၅) ကျောင်းအတွက် သွပ်အချပ်ရေ (၁၀၀)၊ ကျောင်းပြင်ဆင်ရန် တကျောင်းလျှင် ငွေကျပ် (၁) သိန်း၊ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကို ကားအစီး (၃၀၀) တိုက်ဖြင့် ကျေးရွာပေါင်း (၇၇၀) ကျော်အထိ ပေးပို့လှူဒါန်းပြီး အမာမြို့နယ်ဆေးရုံ၊ ကဒုံကနိကျေးရွာဆေးရုံနှင့် ဘိုကလေးမြို့နယ်ဆေးရုံတို့အတွက် ဆေးရုံသုံး ဆေးဝါးကိရိယာများနှင့် ဆက်စပ်ပစ္စည်း ဒေါ်လာ (၂) သိန်းဖိုး လှူဒါန်းခဲ့သည်ဟု ဆရာတော်က မိန့်ကြားသည်။
ဆရာတော်၏တရားပွဲသို့ ဒေသတွင်းရောက် မြန်မာများနှင့် ဒေသခံများအပါအ၀င် တရားနာ ပရိသတ် (၂,၀၀၀) ခန့် လာရောက်ခဲ့ကြပြီး ကယ်ဆယ်ထောက်ပံ့ရေး အလှူအတွက် ငွေသားနှင့် ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။
သီတဂူဆရာတော်၏ နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ထောက်ပံ့ရေး အထူးတရားပွဲတွင် တရားနာ ကြွရောက်လာသူများမှ ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းကြပြီး မဲဆောက်အခြေစိုက် ဒေါက်တာစင်သီယာမောင် ဦးဆောင်သည့် အရေးပေါ်ကူညီစောင့်ရှောက်ရေး Emergency Assistance Team အဖွဲ့ကလည်း ထိုင်းဘတ်ငွေ (၃) သိန်း လှူုဒါန်းခဲ့သည်။
ယနေ့ညတွင်လည်း ဆရာတော်၏တရားပွဲ ဆက်လက်ကျင်းပမည်ဖြစ်သည်။ ။
ခေတ်ပြိုင်မှတင်ပြသည်။
Posted by Ashin dhamma at 7:47 AM 0 comments
လူထုအုံကြွမှု ပုံစံသစ် (သို့) မြို့ပြပြောက်ကျား
(နအဖ ဖိနှိပ်မှုမှ တိုင်းပြည်နှင့်လူမျိုး လွတ်မြောက်ရန် ဘာလုပ်လုပ် တရားသည်။)
နအဖ စစအအုပ်စုမှ ပြည်သူလူထုအား အောက်လမ်းနည်းပေါင်းစုံဖြင့် ဖိနှိပ်လျက်ရှိနေသည်ကို အားလုံးအသိ၊ ကိုယ်တွေ့ပင်ဖြစ်သည်။
အောက်လမ်းနည်းဆိုတာကို ပြောတာနှင့် မူးရူးနေသော မျက်နှာများနှင့် ၀ါးရင်းတုတ်များ တ၀င့်ဝင့် ကိုင်ထားကာ ပြည်သူဟု နအဖ သတင်းစာများတွင် ဖေါ်ပြလေ့ရှိသော ကြံဖွတ်၊ စွမ်းအားရှင် ဆိုသော လူမိုက်များ၊ ရယကနှင့် ထောက်လှမ်းရေးများ၊ မတရား အမိန့်များကို နာခံတတ်သော ရဲဝန်ထမ်းများ၊ မတရား အမိန့်ချတတ်သော တရားသူကြီးများကို မျက်စိထဲတွင် မြင်ယောင်မိနိုင်ပါသည်။
မုန့်တခုစားလျှင် ဘေးသားများကို အရင်ကိုက်ဖဲ့ စားသောက်ရသကဲ့သို့ နအဖကို တော်လှန်ရန် ဘေးသားများ ဖြစ်သော အဆိုပါ နအဖ နောက်လိုက်များကို အရင်ရှင်းလင်းသော နည်းများကို လူထုအုံကြွမှု ပုံစံအသစ်ဖြင့် တန်ပြန်သော နည်းလမ်းများကို ပြည်သူလူထု တရပ်လုံးမှ စတင် လုပ်ဆောင် ရတော့မည် ဖြစ်သည်။
အဓိက ရည်မှန်းတိုက်ခိုက်ရန်မှာ နအဖ တစ်ဖွဲ့လုံးပင် ဖြစ်သည်။ နအဖ စစ်အာဏာရှင်စနစ် တခုလုံး ဖြစ်သည်။ သို့သော် မုန့်တစ်ခုလုံး အကုန်စားနိုင်ရန် အရင်ဆုံး ဘေးသားများကိုသာ ကိုက်စားရမည် ဖြစ်သည်။
ကျနော်တို့သည် နိုင်ငံရေးသမားများ မဟုတ်၊ တော်လှန်ရေးသမားများသာ ဖြစ်သည်။ မတရားမှုကို တော်လှန် ရမည်။
သံဃာနှင့် ပြည်သူများက လူထုရှေ့တွင် မားမားရပ်ပြီးသွားပြီ ဖြစ်သည်။ ထိုသူများကို အမှောင်ထဲတွင် နေထိုင်နေသာ နအဖ နောက်လိုက်များက ညအချိန်တွင် ၀င်ရောက် ဖမ်းဆီးခြင်း ခံနေရသည်။ ပြည်သူသည် အလင်းထဲတွင် ရှိနေပြီး၊ နအဖ နောက်လိုက်များသည် အမှောင်ထဲမှနေပြီး ပြည်သူကို ဒုက္ခပေးနေကြသည်။ ထိုအခြေအနေကို ပြောင်းပြန် ပြန်လှန်ပြီး မြို့ပြပြောက်ကျားစနစ်ဖြင့် လူတိုင်း လူတိုင်းက ပါဝင်နိုင်သော တော်လှန်နိုင်သော စနစ်တခုကို စတင် အသုံးပြုရမည် ဖြစ်သည်။
လုပ်ရန် နည်းလမ်းများ
မြို့ပြပြောက်ကျားလုပ်ရန် ကုန်ကျစရိတ် (၀ ကျပ်)
မြို့ပြပြောက်ကျားလုပ်ရန် အန္တရာယ်ကျရောက်နိုင်မှု (၀ %)
ပါဝင်လုပ်ကိုင်နိုင်သော လူများ - ပြည်သူလူထုတရပ်လုံး
လိုအပ်သောလက်နက် - နေ့စဉ် ပတ်ဝန်းကျင်တွင် တွေ့ရသော နေ့စဉ်သုံးပစ္စည်းများ
လိုအပ်သော အဖွဲ့အစည်း - မိမိ တစ်ဦးတည်း လိုအပ်သည်။
တိုင်ပင်ရန် လိုအပ်သောပုဂ္ဂိုလ် - မိမိမှလွဲ၍ မည်သူ့ကိုမှ တိုင်ပင်ရန် မလို
အကောင်အထည်ဖေါ်ရန် လူအင်အား - ၁ ယောက်
လုပ်ငန်းစဉ် အဆင့်ဆင့်
၁။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းဖြစ်သော `အနီးဆုံး ရန်သူကို ရှာတိုက်ပါ´ဆိုသည့်အတိုင်း မိမိနေထိုင်ရာ ရပ်ကွက် မြို့နယ် အတွင်းတွင် နအဖ နောက်လိုက် ကြံ့ဖွတ်၊ စွမ်းအားရှင်၊ သတင်းပေး၊ ရယက စသည့် လူယုတ်မာများကို အရင် ရှာဖွေထားပြီး တိုက်ခိုက်ရန် ပစ်မှတ်အဖြစ် သတ်မှတ်ပါ။
(လူယုတ်မာ သတ်မှတ်နည်း - အုပ်စု A, B, C, D ခွဲ၍ သတ်မှတ်ပါ)
အုပ်စု A – ကိုယ်တိုင်ကိုယ်ကျ ကိုယ်ထိလက်ရောက် ပါဝင်နေပြီး ပြည်သူလူထုအား စော်ကားနေသာ နအဖ နောက်လိုက်
အုပ်စု B – ကိုယ်တိုင် ကိုယ်ကျ ကိုယ်ထိလက်ရောက် မပါသော်လည်း အခွင့်အရေးအတွက် ရလျှင်ပြီးရော လုပ်နေသော နအဖ နောက်လိုက်
အုပ်စု C - အခွင့်အရေး မရသော်လည်း မိမိအကျိုးအတွက် တော်လှန်ရေးသမားများကို
ရှုတ်ချနေသော နအဖ နောက်လိုက်
အုပ်စု D - နအဖကို မကြိုက်သော်လည်း မိမိအကျိုးအတွက် တာဝန်ကျေ လုပ်ပေးနေသော နအဖ နောက်လိုက်
၂။ မိမိပစ်မှတ်ထားသော လူယုတ်မာများ၏ သတင်းအချက် အလက်များကို နေ့စဉ် သွားလာနေရင်းဖြင့် သူကိုယ်တိုင်နှင့် သူ၏မိသားစု သတင်းအချက်အလက်များကို စုစည်းပါ။
၃။ ရရှိထားသော သတင်းအချက်အလက်များကို သုံး၍ လုပ်ရပ်များကို မရပ်ပါက ပြည်သူလူထုက တာဝန်အရ အပြစ်ဒဏ်ခတ်မည် ဖြစ်ကြောင်းကို သတိပေးစာ ပေးပို့ပါ။
(သတိပေးစာ ပေးပို့ရန် နည်းလမ်း - ရသည့်ပုံစံဖြင့် ရောက်အောင် ပေးပါ။ ဥပမာ - ပစ်စာ။ စာတိုက်မှ စာ၊ လမ်းဘေး တယ်လီဖုန်း)
၃-၁။ ထိုလူယုတ်မာ၏ ပတ်ဝန်းကျင် နေရာများတွင် လူလစ်သည်နှင့် သစ်ပင်၊ ဓာတ်တိုင် ကားဂိတ်များတွင် ခုနက ခြိမ်းခြောက်စာများကို ကပ်ပါရန်။
စာရေးရန် ပုံစံအကြမ်း
သို့ / ဦးဖြူ
ခင်ဗျား ပြည်သူလူထုအပေါ် မတရား လုပ်နေသည်ကို ကျုပ်တို့ ပြည်သူလူထု သိသည်။ ထိုလုပ်ရပ်များကို ရပ်ပါ။ မရပ်ပါက ပြည်သူမှ ခင်ဗျားကို အပြစ်ဒဏ် ပေးရမည် ဖြစ်သည်။
ခင်ဗျား ကိုယ်ရေးအချက်အလက် အကျဉ်း
နာမည် … ဦးဖြူ
လိပ်စာ …
မိန်းမအမည် ….
သားသမီးများ …
၎။ ထိုသို့ စာပို့ခြင်းနှင့် စာကပ်ခြင်းများ ပြုလုပ်ပြီး ထိုလူယုတ်မာမှ လုပ်ရပ်များကို မရပ်ပါက အခွင့်အရေးရလျှင် ရသလို တိုက်ခိုက်ပါရန်။
၎-၁။ လက်ရဲဇာက်ရဲ သတ္တိရှိသော ပြည်သူမှ လူရိုက်ရဲလျှင် ထိုလူယုတ်များကို ချောင်းရိုက်ပါ။
(နအဖ ဖိနှိပ်မှုမှ တိုင်းပြည်နှင့်လူမျိုး လွတ်မြောက်ရန် ဘာလုပ်လုပ် တရားသည်။)
၎.၂။ လက်မရဲသော လူများကလည်း ထိုသူ၏ အိမ်၊ ကား၊ ဆိုင်များကို တတ်နိုင်သမျှ လစ်ရင် လစ်သလို ဖျက်ဆီးပါ။ ဥပမာ - ကားဘီးများကို ဖောက်ခြင်း၊ ကားဘော်ဒီကို သံဖြင့်ခြစ်ခြင်း၊ မီးခွက်ခွဲခြင်း၊ မှန်ခွဲခြင်း … နေအိမ်မှန်များကို ခဲဖြင့် ပေါက်ခြင်း၊ ဆိုင်ကို ညဘက်တွင် သွားရောက်ဖျက်ဆီးခြင်း စသည်များကို မည်သူနှင့်မျှ မတိုင်ပင်ဘဲ လစ်တာနှင့် တစ်ဦးတည်း လုပ်နိုင်သည်။ ဘာလက်နက်မှ ဆောင်မထားပါနှင့်။ လမ်းတွင်တွေ့သော အရာအားလုံးသည် လက်နက်ဖြစ်သည်။ မိမိ မိန်းမ(သို့) ယောင်္ကျားကိုပင် တိုင်ပင် အသိပေးရန် မလိုပါ။ ကိုယ့်တာဝန် တရပ်အနေဖြင့် ကိုယ့်ဘာသာလုပ်ပါ။
(နအဖ ဖိနှိပ်မှုမှ တိုင်းပြည်နှင့်လူမျိုး လွတ်မြောက်ရန် ဘာလုပ်လုပ် တရားသည်။)
၅။ မိမိကဲ့သို့ လုပ်နေသော အခြားတစ်ယောက်ကို ဖမ်းမိသွားပါက … ဖမ်းသော ရဲ၊ ထောက်လှမ်းရေး၊ ရယက၊ ကြံ့ဖွတ်၊ အမိန့်ချသော တရားသူကြီး … အဆိုပါ လူအားလုံးကို အခြားပြည်သူများမှ ဆက်လက်တာဝန်ယူပြီး တိုက်ခိုက်ပါ။ ထိုသို့လုပ်ရာတွင် မလုပ်ခင် ဘ၀စတေးခံသွားရသော သံဃာများ၊ ပြည်သူများ၊ ကျောင်းသား လူငယ်များ၏ မျက်နှာကို ပြန်မြင်ရောင်ကာ အင်အားအဖြစ်မွေးပြီး ထိထိရောက်ရောက် လုပ်ပါရန်။(နအဖ ဖိနှိပ်မှု မှ တိုင်းပြည်နှင့်လူမျိုး လွတ်မြောက်ရန် ဘာလုပ်လုပ် တရားသည်။)
အထက်ပါ လုပ်ဆောင်ရန် တာဝန်များကို ပြည်သူလူထုမှ တစ်ဦးချင်း တော်လှန်ရေး စိတ်ဓာတ်မွေး၍ လုပ်ဆောင်သွားလျှင် မြန်မာနိုင်ငံတော်ကြီး စစ်အာဏာရှင် လက်အောက်မှ အမြန်ဆုံး လွတ်မြောက်နိုင်မည် ဖြစ်သည်။
ဆောင်ပုဒ်များ
အနီးဆုံး ရန်သူကို ရှာတိုက်ပါ။
နအဖ ဖိနှိပ်မှုမှ တိုင်းပြည်နှင့်လူမျိုး လွတ်မြောက်ရန် ဘာလုပ်လုပ် တရားသည်။
ပြည်သူများသို့ ပန်ကြားချက်
မိမိကိုယ်တိုင် တော်လှန်ရေးသမား အဖြစ်ခံယူပြီး လူထုအုံကြွမှု ပုံစံအသစ် (သို့) မြို့ပြပြောက်ကျားစနစ်ကို ပါဝင်ဆင်နွဲကြပါရန်နှင့် နောက်ထပ် မြို့ပြပြောက်ကျား တစ်ယောက်ကို မွေးထုတ်နိုင်ရန် ကတိပြုစေလိုပါ သည်။
ယခုစာကို အခြားသော မြန်မာများသို့ ရသည့်နည်းဖြင့် ထပ်မံပေးပို့ ဖြန့်ဝေပါရန်။
(ယခုစာသည် ပြည်တွင်းအတွက်သာ ဖြစ်၍ ပြည်ပရှိ လူယုတ်မာများသို့ တိုက်ခိုက်နိုင်ရန်
နည်းလမ်းများကို ဆက်လက် ဖေါ်ပြသွားမည်ဖြစ်သည်။)
ယုံကြည်ချက်ဖြင့် …
တော်လှန်ရေးရဲဘော်တစ်ဦး
(နအဖ ဖိနှိပ်မှုမှ တိုင်းပြည်နှင့်လူမျိုး လွတ်မြောက်ရန် ဘာလုပ်လုပ် တရားသည်။)
Posted by Ashin dhamma at 2:32 AM 0 comments
သာသနာနှင့်နိုင်ငံရေး (၂)
ဒီအကြောင်းကို ဆက်မယ်ဆက်မယ်နဲ့ တန့်နေခဲ့တာ တော်တော်လေး ကြာသွားပြီ။ အကြောင်းအမျိုး မျိုးကြောင့် ဆက်မရေးဖြစ်တာ။ အခု အားလပ်ချိန်လေးရတုန်း ဆက်ပြောပါရစေ။ စာရေးသူဟာ စာရေးလို့ရှိရင် ခံစားချက်နဲ့အတွေ့အကြုံကို အခြေခံပြီးရေးမှ အားရှိပါတယ်။ ခံစားချက်မပါဘဲ အကြောင်းအရာအတွေ့အကြုံ ချည်းဆိုရင် လက်က ရေးလို့မသွက်တော့ဘူး။ ဒီတစ်ခါတော့ မြန်မာနိုင်ငံ ကိုလိုနီခေတ်ကာလက သာသနာနဲ့ နိုင်ငံရေး ဆက်စပ်ခဲ့ပုံလေးကို အခြေခံပြီး တင်ပြသွားလိုပါတယ်။
စာရေးသူ အရင်အပတ်က “ဒီပြည်သူတွေ ဒုက္ခရောက်နေတာကို စာရေးသူတို့ဟာ လက်ပိုက်ပြီး ကြည့်နေတယ်ဆိုရင် လောကကြီးမှာ စာရေးသူတို့ ဗုဒ္ဓဘာသာရဟန်းတော်တွေလောက် အသိတရားမရှိတာ ဘာရှိတော့မှာလဲ။ စာရေးသူတို့ လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ လက်ပိုက်ကြည့်မနေပါဘူး။ နောင်ကိုလဲ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့တယ်။ ဟုတ်ပါတယ်။ ဒီခေတ်ရဟန်းတော်တွေသာ မဟုတ်ဘူး။ အဲဒီခေတ်ကာလက ရဟန်းတော်တွေဟာလဲ ပြည်သူတွေ သူ့ကျွန်ဘ၀မှာ အောက်ကျနောက်ကျ ဖြစ်နေတာကို လက်ပိုက်မကြည့်ခဲ့ကြပါဘူး။
မြန်မာနိုင်ငံဟာ ဘကြီးတော်ဘုရားလက်ထက်၊ မြန်မာသက္ကရာဇ် ၁၁၈၈-ခုနှစ်၊ ခရစ်နှစ် ၁၈၆၂-ခုနှစ်မှာ အင်္ဂလိပ်တွေနဲ့စစ်ဖြစ်ပြီး တနင်္သာရီ၊ ရခိုင်…စသည်တို့ကို လက်လွှတ်ခဲ့ရတယ်။ နောက် ပုဂံမင်းလက်ထက်၊ မြန်မာသက္ကရာဇ် ၁၂၁၃- ခုနှစ်၊ ခရစ်နှစ် ၁၈၅၂-ခုနှစ်မှာ အောက်မြန်မာပြည်ကို လက်လွှတ်ခဲ့ရတယ်။ နောက် မြန်မာသက္ကရာဇ် ၁၂၄၇-ခုနှစ်၊ ခရစ်နှစ် ၁၈၈၄-ခုနှစ်မှာ မြန်မာနိုင်ငံဟာ သူ့ကျွန်ဘ၀ကို လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ရပါတယ်။ မြန်မာတွေဟာ သူ့ကျွန်ဘ၀ရောက်ခဲ့ရပေမယ့် စုပေါင်းလုပ်ဆောင်ခြင်းအလေ့အထ မှာ အားနည်းတဲ့အတွက် အင်္ဂလိပ်တွေကို ထိထိရောက်ရောက် ထိုးစစ်ဆင်တာမျိုး မရှိခဲ့ပါဘူး။ သမိုင်းကြောင်း တွေအရ သူပုန်ထတဲ့အဆင့်လောက်သာ ရှိခဲ့တယ်။ အင်္ဂလိပ်တွေအတွက် လွယ်လင့်တကူ သုတ်သင်ပစ်နိုင် ခဲ့တာက များပါတယ်။
စာရေးသူ ဒါတွေကို ပြန်ပြောရတာ အကြောင်းရှိပါတယ်။ ကိုလိုနီခေတ် သာသနာနဲ့နိုင်ငံရေး ဆက်သွယ်မှုကို ပြောပြချင်လို့ပါ။ မြန်မာနိုင်ငံလွတ်လပ်ရေးပြန်ရလာခြင်းရဲ့အကြောင်းတွေထဲမှာ ရဟန်းတော် များ သာသနာရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ပေးခဲ့တာဟာလဲ ဘယ်လိုမှ ငြင်းဆိုလို့မရတဲ့ အရှိတရားတစ်ခု ဖြစ်ခဲ့တာကို တွေ့ရမယ်။ သူ့ကျွန်ဘ၀ရောက်နေပေမယ့် မြန်မာတွေဟာ လွတ်လပ်ရေးရဲ့အရသာကို မသိခဲ့ ကြဘူး။ အဲဒီခေတ်က အချို့ကလဲ သူပုန်ထပြီး တိုက်ရုံနဲ့ လွတ်လပ်ရေးကြီး ရလာလိမ့်မယ်လို့ ထင်ကြတယ်။ (မျိုးချစ်စိတ်အပြည့်ဖြင့် တောခို၍ တိုင်းပြည်အတွက် အသက်ပေးတိုက်ခိုက်ခဲ့သော ရှေးမြန်မာတို့အား အထင်သေးစိတ်ဖြင့် ရေးသားခြင်း မဟုတ်ပါ။ ထိုမျှဖြင့် လွတ်လပ်ရေး မရရှိနိုင်ပုံကို မီးမောင်းထိုးပြလိုရင်းသာ ဖြစ်တယ်)။ သူပုန်ထပြီး တိုက်ခိုက်သူတွေဟာ များသောအားဖြင့် အဖမ်းအဆီးခံရပြီး အသတ်ခံရတာများတော့ လွတ်လပ်ရေးအတွက် ဆောင်ရွက်သူတွေဟာ ရှားပါးလာခဲ့တယ်။
ထိုကာလတွေမှာ အမေရိကန်နဲ့အိုင်ယာလန်နိုင်ငံတွေဟာ အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ခြင်း၊ ဟန်ဂေရီနိုင်ငံဟာ သြစတြီးယားနိုင်ငံလက်အောက်မှ လွတ်မြောက်ခြင်း၊ အီတလီလွတ်လပ်ရေးရခြင်း….. စသည့်သတင်းတွေဟာ အချို့မြန်မာတို့၏စိတ်ကို လှုပ်နှိုးပေးခဲ့တယ်။ နောက် အိန္ဒိယနိုင်ငံမှာ အင်္ဂလိပ် အစိုးရအား ပုန်ကန်ခြားနားမှုများက အိပ်မောကျနေသော မြန်မာတို့အား နှိုးပေးခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်က မြန်မာတွေဟာ ရှေးပဝေသဏီကတဲက လူစွမ်းကောင်းမျှော်တတ်တဲ့ဓလေ့ကြောင့် တော်လှန်လိုစိတ်ရှိပေမယ့် လဲ လူစွမ်းကောင်းကို စောင့်နေခဲ့ကြတယ်။ “အင်း ဟင်္သာဆင်းလိမ့်မည်၊ ဟင်္သာ မုဆိုးလေးနှင့်ခွင်းလိမ့်မည်၊ မုဆိုး ထီးရိုးရိုက်လိမ့်မည်၊ ထီးရိုး မိုးကြိုးပစ်လိမ့်မည်”…စတဲ့ သိုက်တွေတဘောင်တွေနဲ့ ကယ်တင်ရှင် သူရဲကောင်းကို တစ်နေ့ပေါ်လာနိုးနိုး စောင့်မျှော်နေခဲ့ကြတယ်။
အသင်းအဖွဲ့တွေနဲ့ လှုပ်ရှားမှုဟာ (စာရေးသူ လက်လှမ်းမှီသလောက်) ၀ိုင်.အမ်.ဘီ.အေ ခေတ်ကျမှ စ,ပါတယ်။ ဒါတောင်မှ ဒီအသင်းကြီးဟာ (အစက) နိုင်ငံရေးနဲ့ပတ်သတ်ပြီး လုံးဝမပြောဆိုရဲတဲ့အသင်းကြီး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက်၊ တိုင်းပြည်ပညာရေးအတွက် အထိုက်အလျောက် အကျိုးရလဒ်များ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် “သူ့ကျွန်ဘ၀မှာ ပျော်တဲ့အကြောင်း၊ ကျေနပ်တဲ့အကြောင်း၊ အင်္ဂလိပ်အရှင် သခင်တို့ရဲ့လက်အောက်မှာ ကျွန်တော်မျိုးတို့ သစ္စာစောင့်သိ ရိုသေပါမည့်အကြောင်း” ပြောခဲ့ကြတာတွေကို တွေ့ရတာကတော့ တော်တော်စိတ်မကောင်းစရာ ဖြစ်ပါတယ်။
ခုချိန်ထိ သာသနာနဲ့နိုင်ငံရေး ခေါင်းစဉ်ကို ရောက်မလာသေးဘူး၊ ဒါပေမယ့် ဆက်စပ်မှုက ရှိနေတော့ ဆက်ပြောပါအုံးမယ်။ ဒီအသင်းကြီးကို စတင်တည်ထောင်ခဲ့တဲ့လူကြီးတွေအများစုဟာ နောက်ပိုင်းတော့ နိုင်ငံရေးစားဖားကြီးတွေ ဖြစ်လာကြတာတွေ့ရတယ်။ အစည်းအဝေးမှာ သူတို့ တင်သွင်းခဲ့တဲ့ အဆိုတစ်ခုကို နမူနာအဖြစ် ပြောပြချင်တယ်။
“နိုင်ငံလုံးရှိ ၀ိုင်အမ်ဘီအေ အသင်းသားများနှင့် ၄င်းအလားတူ။ အသင်းများ စည်းဝေးကြသော။ ဤပွဲကြီးသို့ ကြွရောက်လာကြသော ပရိသတ်တို့က။ ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော။ ဧကရာဇ် မင်းတရားကြီးနှင့်တကွ။ ဗြိတိသျှအင်ပိုင်ရာနိုင်ငံတော်ကြီးကို ဘုန်းတော်ဘုရား၏ ကိုယ်ခွဲပြုလုပ်၍ စီမံအုပ် ချုပ်ကြပေသော ကိုယ်စားလှယ်အရာရှိမင်းတို့အား။ များစွာ နှစ်သက်လေးမြတ်လျက်။ သစ္စာတော်ကို။ မယိုင်း မယိုင် ကျောက်စာတိုင်ကဲ့သို့ စောင့်သိရိုသေကြကြောင်း”။
အထက်ပါ အဆိုတင်သွင်းတော့ ဦးရွှေဇံအောင်က ထောက်ခံခဲ့သည်ဟု ဆိုပါသည်။ အခြားအဆို များမှာလဲ နောက်ပိုင်း လူငယ်တွေ ၀ံသာနုစိတ်ဓာတ်များ ကိန်းဝပ်မလာခင်အထိ အင်္ဂလိပ်သဘောကျအောင် ပြောထားသော စကားများသာ အများဆုံး တွေ့ရပါတယ်။ (တိုင်းသူပြည်သားများအတွက် အကျိုးလိုလားသော ရည်ရွယ်ချက်နှင့်အဆိုများလဲ ရှိပါတယ်)။ ဥပမာ ဘုရားဝတ္တကမြေပေါ်မှာ ဖိနပ်စီးခြင်းကို တားမြစ်ဖို့ တင်သွင်း တဲ့အဆို၊ ကျောင်းတိုင်းမှာ မင်္ဂလသုတ်ထည့်သွင်းပြဓာန်းဖို့ တင်သွင်းတဲ့အဆိုများ ဖြစ်ပါတယ်။
……..။ ဒီလိုနဲ့ မြန်မာ့လွတ်လပ်ရေးဟာ ဦးဆောင်သူလဲ မရှိ။ ပြည်သူတွေကလဲ အသိပညာ ဗဟုသုတ နည်းပါး။ ပညာတတ်များကလဲ ကိုယ်ကျိုးရှာသမားတွေ။ (အများစုကို ဆိုလိုရင်း ဖြစ်ပါတယ်။) အချို့ပညာတတ် များကတော့ အနောက်နိုင်ငံတွေက ပညာတွေသင်လာပြီး မျက်စိပွင့်လာခဲ့ကြတယ်။ ဒါပေမယ့် အနည်းစုဖြစ်တဲ့ အတွက် လွတ်လပ်ရေးအတွက် လောက်လောက်လားလား အားရစရာ ဘာမျှမရှိခဲ့သေးဘူး။
၁၂၈၀-ခုနှစ်မှာ ဆရာတော်ဦးဥတ္တမဟာ ဥရောပ၊ အမေရိကနဲ့ ဂျပန်နိုင်ငံတွေကနေ ပြန်ကြွလာ ခဲ့ပါတယ်။ ဆရာတော်ဟာ သူသိခဲ့တဲ့ အသိပညာတွေကို မိမိအမျိုးသားတွေကို ဖြန့်ဝေဖို့ အစဉ်တစိုက် ကြိုးစား ခဲ့ပါတယ်။ ၀ိုင်.အမ်.ဘီ.အေ အသင်းကြီးကို ၀င်ပြီး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဆရာတော်ဟာ တိုင်းတစ်ပါး သားတွေရဲ့လက်အောက်မှာ နေရတဲ့ပြည်သူတွေကို လွတ်လပ်ရေးအရသာအကြောင်း အမျိုးမျိုး ဟောပြောခဲ့ ပါတယ်။
ဆရာတော်ရဲ့စကားတွေကို လူတွေဟာ အထူးအဆန်းဖြစ်နေကြဆဲပဲ။ လွတ်လပ်ရေးဆိုတာ ငါတို့ လုပ်လို့ရတဲ့အရာ မဟုတ်ဘူးလို့ ခံယူထားသလို ဖြစ်နေခဲ့ကြတယ်။ နောက်ပိုင်း သတင်းစာတွေကနေ ဆရာတော်ပြောတာမှန်ကြောင်း ထောက်ခံရေးသားပေးမှ ပြည်သူတွေဟာ နိုင်ငံရေးအသိအမြင်တွေ တိုးပွား လာခဲ့ကြရတယ်။ နိုင်ငံရေးမျက်စိ ပွင့်လာကြတယ်။ ဆရာတော်ရဲ့တရားပွဲများမှာ လူတွေတဖြည်းဖြည်း များလာ ခဲ့တယ်။ (စာရေးသူ လိုရာဆွဲပြောတယ်ဟု မယူဆစေလိုပါ။ သမိုင်းကို ချဉ်းကပ်တဲ့နေရာမှာ ရှုထောင့်အမျိုးမျိုး ရှိပါတယ်)။
ဆရာတော်ရဲ့ စကားတစ်ခွန်းက ပြည်သူတွေကို အထူးသဖြင့် သာသနာတွင်းရှိ ရဟန်းတော်တွေကို လှုပ်ကိုင်ဆွဲရမ်းလိုက်သလို ဖြစ်သွားခဲ့တယ်။
“သံဃာတော်တွေကလဲ ကျောင်းမှာပဲ ကျိန်းမနေကြပါနဲ့။ တိုင်းပြည်သည် ကျွန်ဘ၀တွင် ရောက်၍နေ သောအခါ တိုင်းသူပြည်သားများမှာ ကျွန်များဖြစ်၍ ကျွန်များ ကိုးကွယ်သောဘာသာသည်လည်း ကျွန်ဘာသာ နှင့်ကျွန်သာသနာပင် ဖြစ်မည်။ ကျွန်ဘ၀မှ လွတ်မြောက်မှသာလျှင် သာသနာကြီးပွားထွန်းကားနိုင်မည်ဖြစ် သောကြောင့် ကျောင်းများတွင် ကျိန်း၍ချည်း နေခြင်းငှါ မသင့်ပါဘူး။ သံဃသမဂ္ဂီများ ဖွဲ့စည်းခါ လွတ်လပ်ရေး ကို ကြိုးစားသင့်ကြပါတယ်”
ဆိုတဲ့ ဆရာတော့်စကားဟာ ပြည်သူတွေထဲက ပြည်သူတွေဖြစ်တဲ့ရဟန်းတော်တွေကို တိုင်းပြည် အတွက် ဆောင်ရွက်ပေးဖို့ တွန်းအားပေးလိုက်သလို ဖြစ်ခဲ့ပါတယ်။
ဆရာတော်ဟာ ကျွန်ဘ၀ရဲ့ဆိုးရွားနိမ့်ကျလှပုံ၊ အုပ်ချုပ်သူလူတန်းစားတွေနဲ့ အဆင့်အတန်းကွာခြားပုံ၊ ပြည်သူများ အောက်ကျနောက်ကျဖြစ်နေပုံ၊ အများအထင်ကြီးတဲ့အင်္ဂလိပ်ဟာ ပညာသင်ပေးပေမယ့် သူတို့ပေး တဲ့ပညာဟာ ကျွန်ပညာသာဖြစ်ပုံ၊ တိုင်းပြည်တစ်ခုလုံး သစ်ရွက်ခြောက်တွေလို ညှိုးနွမ်းသွေ့ခြောက်နေရပုံ၊ ဆင်းရဲကျပ်တည်းစွာ အသက်မွေးနေရပုံ၊ ….စသည်တို့ကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ဟောကြားခဲ့ပါ တယ်။ တဖြည်းဖြည်းနဲ့ ပြည်သူတွေဟာ ဆရာတော်ပြောတာ မှန်ကြောင်း စဉ်းစာလာမိကြတယ်။
၁၂၈၃-ခုနှစ်၊ ဒေးဒရဲ၊ ဆူးကလပ်ရွာမှာ အချုပ်အခြာအာဏာကို အသရေညှိုးနွမ်းစေမှုနဲ့ ဖမ်းဆီးခံခဲ့ရပါ တယ်။ ပြည်သူတွေဟာ ဘုန်းကြီးထိရင် မခံဘူးဆိုတာ ၂၀၀၇၊ စက်တင်ဘာမှာမှ မဟုတ်ဘူး။ ဆရာတော် ဦးဥတ္တမ အဖမ်းခံရတော့မှ တစ်တိုင်းပြည်လုံး လှုပ်လှုပ်ရွရွ ဖြစ်သွားခဲ့တယ်။ မခံမရပ်နိုင်ဖြစ်သွားခဲ့ကြတယ်။ တိုင်းပြည်ဟာ လွတ်လပ်ရေးအတွက် ဆာလောင်လာခဲ့ပြီ။ ငိုက်စိုက်ကျနေတဲ့ ဦးခေါင်းတွေ ထောင်မတ်လို့လာ ခဲ့ပြီ။
သံဃာများလဲ နိုးလာခဲ့ပြီ။ ဆရာတော် အကြံပေးတဲ့အတိုင်း “သံဃသမဂ္ဂီအသင်း”များကို ဖွဲ့စည်းပြီး တိုင်းပြည်အရေးကို ဆောင်ရွက်လာခဲ့ကြတယ်။ မရှေးမနှောင်းမှာပဲ သံဃသမဂ္ဂီအသင်းပေါင်း (၃၇)သင်းထိ ဖြစ်လာခဲ့တယ်။ အစက သံဃာအငယ်တွေပဲ။ နောက်ပိုင်းမှာ အလယ်တောရဆရာတော်၊ စလင်းဆရာတော်၊ ဝေဠုဝန်ဆရာတော်ဘုရားကြီး….စတဲ့ ဆရာတော်ကြီးများကိုယ်တိုင် ၀င်ရောက်လုပ်ကိုင်ခဲ့ကြတာတွေ့ရတယ်။ ဆရာတော်သံဃာတော်တွေဟာ တိုင်းသူပြည်သားများအရေးအတွက် တရားများ ဟောကြားလာခဲ့ ကြတယ်။
မြန်မာ့သမိုင်းမှာ အဲဒီခေတ်ကာလကို နိုင်ငံရေးအသိအမြင်များ နိုးကြားလာတဲ့ခေတ်လို့ သုံးသပ်ကြပါ တယ်။ ဆရာတော်ဦးဝိစာရ၊ ဆရာတော်ဦးဝိသုဒ္ဓ၊ ဦးစန္ဒောဘာသ၊ ဗားကရာတိုက်ဆရာတော်၊ သာဓုတိုက် ဆရာတော်၊ မိုးတားတိုက်ဆရာတော်၊ ဆင်ပေါင်ဝဲ ကျောက်ဆောင်းဆရာတော်၊ မုံရွာရွှေပုလဲဆရာတော်….စတဲ့ ဆရာတော်တွေဟာ ထိုခေတ်က နာမည်ကြီး ဆရာတော်များ ဖြစ်ပါတယ်။ အောက်မြန်မာပြည်က အကြောင်း တွေသိတော့ အထက်မြန်မာပြည်မှာလဲ သံဃသမဂ္ဂီအသင်းများ ဖွဲ့လာကြတယ်။ ပျဉ်းမနားက ဘေးမဲ့ဆရာ တော်ကြီးမှူးပြီး နိုင်ငံ့အရေးကို အားတက်သရော ထမ်းဆောင်ခဲ့ကြပါတယ်။
ဆရာတော်တွေဟာ တိုင်းသူပြည်သားတွေဆင်းရဲဒုက္ခရောက်နေတာ၊ မတရားဖိနှိပ်ခံနေရတာတွေကို လက်ပိုက်ကြည့်မနေခဲ့ကြပါဘူး။ အဆိုပါဆရာတော်တွေထဲက ဆရာတော်ဦးဝိစာရဆိုလျှင် သူ့အကြောင်း တွေးမိသူတိုင်း ဦးခေါင်းတွေ အလိုလို ကိုင်းညွတ်သွားခဲ့တယ်။ ဦးဝိစာရ ဘ၀မှာ အဖမ်းခံရတာလဲ ခဏခဏပါပဲ။ ဒါပေမယ့် ဆရာတော်ဟာ အမျိုးသားရေးအတွက် ဘယ်တော့မှ ဦးမညွှတ်ခဲ့ပါဘူး။ ၁၂၉၁-ခုနှစ်မှာ ဆရာတော် ဟာ အစိုးရအကြည်ညိုဖျက်မှုနဲ့တရားစွဲပြီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆-နှစ် ကျခံခဲ့ရတယ်။
ဆရာတော်ဟာ ထောင်ထဲမှာ (တိပိဋကဓရဆရာတော်ဦးသုမင်္ဂလာလင်္ကာရ…စတဲ့ ဆရာတော်တွေလို) ပိတ်ဖြူစည်းခံရပါတယ်။ ဒါနဲ့ ထောင်ထဲမှာ ဆက်လက်ပြီး အစာအငတ်ခံ ဆန္ဒပြခဲ့ပါတယ်။ မစားမသောက်နေ ရင်း ၁၆၆-ရက်မြောက်နေ့မှာ အာဇာနည်ပီပီ တိုင်းပြည်အတွက် အသက်ပေးသွားခဲ့ပါတယ်။ …………………။
နောက်ပိုင်းမှာလဲ ဦးဝိစာရလောက် မစွန့်လွှတ်ခဲ့ကြပေမယ့် တိုင်းပြည်အရေးမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြလို့ ထောင်ချခံခဲ့ရတဲ့ ဆရာတော်တွေ အများကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ၉-ထောင်စံ ဦးဃောသ၊ ကြည့်မြင်တိုင်ဆရာတော် ဦးကေတု၊ မလှိုင်ဦးဒေ၀ိန္ဒ၊ သရက်မြို့ဦးဝိမလဗုဒ္ဓိ၊ အာလံဦးလာဘ၊ ဦးနာဂိန္ဒ၊ ဦးစန္ဒိမာ၊ သာယာဝတီဦးဉေယျ၊ မန္တလာဦးကေလာ၊ ဆင်ဖြူကျွန်းစိန်ရောင်ချည် ဦးအာစာရ၊ ဦးအာလောက။ ဦးအာသဖ၊ ဦးက၀ိန္ဒာဓိပတိ၊ ရွှေမျက်မှန်ဦးဝိဇယျ၊ ကြို့ပင်ကောက် ဦးဝိမလာစာရ၊ သာယာဝတီမယ် ဇလီတန်းဆရာတော်ဦးအာဒိစ္စ၊ ရှင်အရိယ၊ အုဋ္ဌ်ဖိုမှန်ကျောင်းဆရာတော်ဦးအရိယ၀ံသ၊ ဦးဓမ္မဓရ….စသော ရဟန်းတော်တွေဟာ ပြည်သူ့ အရေးပါဝင်ဆောင်ရွက်လို့ ထောင်တန်းအကျခံခဲ့ကြရပါတယ်။
စာရေးသူ အခု တင်ပြခဲ့တာတွေဟာ ကိုလိုနီခေတ် သာသနာနဲ့နိုင်ငံရေး ဆက်စပ်ပတ်သတ်ခဲ့ပုံတွေကို အကျဉ်းမျှ လေ့လာတင်ပြခဲ့ခြင်းဖြစ်ပါတယ်။ ဒီလို ရေးသားတင်ပြခဲ့တဲ့နေရာမှာ “ဦးဘခိုင်ရဲ့ မြန်မာပြည် နိုင်ငံ ရေးရာဇ၀င်” ဆိုတဲ့ စာအုပ်ကို အခြေခံပြီး အခြားမှတ်စုများကို ကိုးကား၍ ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ သမိုင်းကြောင်းတွေကို လိုက်လံဖုံးကွယ်နေတဲ့အဖြစ်ဟာ တွေးကြည့်ရင် အတော်ရင် လေးစရာကောင်းပါတယ်။ စာရေးသူတို့ မြန်မာတွေဟာ ကိုယ့်နိုင်ငံလွတ်လပ်ရေးရအောင် ဆောင်ရွက်ခဲ့တဲ့ သူတွေရဲ့အကြောင်းတွေကို လွတ်လွတ်လပ်လပ် ရေးသားခွင့် မရှိခဲ့ပါဘူး။ ခုလဲ ရှိမနေပါဘူး။ လူငယ်တွေဟာ ကိုယ့်နိုင်ငံလွတ်လပ်ရေးကာလက သမိုင်းကြောင်းတွေကို သိချင်ရင် စာအုပ်အဟောင်းဆိုင်တွေကို ပြေးရပါတယ်။ ခိုးကြောင်ခိုးဝှက် ဖတ်ကြရတယ်။ မြန်မာ့သမိုင်းမှာ သုတေသနပြုသင့်တဲ့ အကြောင်း အရာတွေ အများကြီး။
ဒါပေမယ့် စစ်အာဏာရှင်တွေဟာ “မြန်မာအစ၊ န.အ.ဖ က”လို့ သမိုင်းတွင်အောင် လုပ်ချင်နေသူ တွေဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းပြည်ရဲ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့စာတွေကိုတောင် ကျောင်းသုံးစာအုပ်တွေထဲက ထုတ်ပယ်လိုက်ပြီ။ တစ်တိုင်းပြည်လုံးက လေးစားရတဲ့ ဆရာကြီးသခင်ကိုယ် တော်မှိုင်းရဲ့ လက်ရာတွေကိုလဲ ဖြုတ်ပယ်လိုက်ပြီ။ သာမာန်လောက် စဉ်းစားညာဏ်ရှိတဲ့သူတွေတောင် န.အ.ဖ ရဲ့ ယခုလုပ်ရပ်ဟာ ဘယ်လောက်အောက်တန်းကျပြီး စိတ်ယုတ်မာများရှိနေတယ်ဆိုတာကို သိနိုင်ပါတယ်။
ဒီဆောင်းပါးလေးကို သာသနာ့ညီတော်၊ နောင်တော်တို့အတွက် အဓိက ရည်ညွှန်းပါတယ်။ ဆရာတော် ဦးဥတ္တမမိန့်ကြားခဲ့သလို အမှုမဲ့အမှတ် မနေသင့်ကြတော့ပါဘူး။ တိုင်းပြည်ရဲ့သယံဇာတတွေလဲ ကုန်ပြီ။ ပြည်သူ ပြည်သားတွေရဲ့ စာရိတ္တမဏ္ဍိုင်တွေလဲ စစ်အစိုးရရဲ့ဖိနှိပ်မှုအောက်မှာ အားလုံးပြိုလဲသွားကြပြီ။ တိုင်းသူပြည် သားတွေ စာရိတ္တပျက်ပြားရင် သူတို့ကိုးကွယ်တဲ့ ဗုဒ္ဓမြတ်စွာရဲ့သာသနာတော်ဟာ အလိုလိုနေရင်း သိက္ခာကျ ရော့မယ်။ စာရေးသူ ဒီစာကို ရေးလို့ ဘာအကျိုးအမြတ်မှ မရပါ။ စေတနာဖြင့် တိုက်တွန်းလိုက်ခြင်းပါ။ အားလုံး ညီညွတ်ကြမယ်ဆိုရင် လွတ်လပ်တဲ့မြန်မာပြည်ဟာ မဝေးတဲ့အနာဂတ်မှာ ထွန်းလင်းလာတော့မယ်။
ပြည်ချစ်ဘုန်းဘုန်း
၂၄၊ ၀၆၊ ၂၀၀၈
Posted by Ashin dhamma at 12:47 AM 0 comments