Thursday, May 14, 2009

ဒေါ်စုကို အင်းစိန်ထောင်တွင် ချုပ်နှောင်ထား၊ ပုဒ်မ ၂၂ ဖြင့် နအဖက တရားစွဲ



မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ မေလ 14 2009 07:59 - မြန်မာစံတော်ချိန်


ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၂၂ ဖြင့် နအဖက တရားစွဲ
ကြာသပတေးနေ့၊ မေလ 14 2009 15:50 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများအား ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ ၂၂ ဖြင့် ယနေ့ တရားစွဲဆိုလိုက်သည်။

ယခု စွဲဆိုလိုက်သည့် ပုဒ်မ သည် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် သို့မဟုတ် ငွေဒဏ် ၅၀၀၀ ကျပ်၊ သို့မဟုတ် ဒဏ်၂ ရပ်လုံး ကျသင့် နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေကာ စောင့်ရှောက်နေသော ဒေါ်ခင်ဝင်းနှင့် မဝင်းမမ တို့ နှစ်ဦးကို ပုဒ်မ ၂၂/ ၁ဝ၉- နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးလိုသူအား အားပေးကူညီမူ ရာဇသတ်ကြီး ပုဒ်မဖြင့် တရားစွဲဆိုထားသည်။

အင်လျားကန်ကို ဖြတ်ကျော်ကာ ရေကူးဝင်ရောက်သူ အမေရိကန် နိုင်ငံသား ဝီလီယံ ယက်တောကိုမူ နိုင်ငံတော်ကို နှောင့်ယှက် ဖျက်ဆီးလိုသူအား အားပေးကူညီမှု ရာဇသတ်ကြီး ပုဒ်မ ၂၂/၁ဝ၉ ၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ၊ ရန်ကုန်မြို့တော် စည်ပင်သာယာ ဥပဒေ တို့ဖြင့် တရားစွဲဆိုထားသည်။

လက်ရှိ တရားရုံး ရမန်ဖြင့် အင်းစိန် အကျဉ်းထောင်တွင်းရှိ အထူးတိုက်တခုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားသည်။

အင်းစိန်အကျဉ်းထောင် အနောက်ပိုင်း ခရိုင်တရားရုံးတွင် ကြားနာမည်ဖြစ်ပြီ်း တရားသူကြီး ဦးသောင်းညွန့်၊ အကြံပေး တရားသူကြီးအဖြစ် ဦးညီညီစိုး၊ ခရိုင် ဥပဒေအကြံပေး အရာရှိက ဦးမြင့်ကြိုင် တို့ဖြစ်သည်။


0 comments: