Monday, May 11, 2009

တော်လှန်ရေးခရီး


လေညှင်းလေအေး
သွေးချင်မှသွေးမယ်။
လေပြင်းမုန်တိုင်း
ရိုင်းစိုင်းကြမ်းမယ်။

ကန္တာရခရီးလမ်း
အေးချမ်းဖို့မရှိ
ကြမ်းတမ်းမှုအတိ
သိထားရမယ်။

ဒုက္ခအလျှံပယ်
လှိုင်းဂယက်ထန်နေမယ်။

တို့ခရီးရဲ့
အနီးအဝေး - အအေးအပူ
ဘယ်သူမှကြိုမသိ
မှန်းလို့လည်း မကြည့်နိုင်
နွမ်းရီအားပျက် - ညည်းသံမစွက်နဲ့
ဒီခရီးအတွက် - သက်ဆက်ပေးလှူ
ဇွဲရှိသူမဟုတ်ဘူးလားသူငယ်ချင်း။ ။

ပန်းခက်


0 comments: