Thursday, November 6, 2008

နှုတ်ထွက်လူငယ်များ ဦးဝင်းတင်နှင့်တွေ့ပြီး ၄င်းတို့ပြဿနာတင်ပြ



မင့်မိုးဇော်/ ၆ နိုဝင်ဘာ ၂၀၀၈

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ နှုတ်ထွက်လူငယ် (၂၀) ၀န်းကျင်သည် အဖွဲ ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် ဥိးဝင်းတင်အား နိုဝင်ဘာ ၅ ရက်နေ့က ၄င်း၏နေအိမ်သို့ သွားရောက်တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်။

အန်အယ်ဒီလူငယ် ၁၀၀ ကျော် အဖွဲ့ချုပ်မှ နှုတ်ထွက်ကြောင်း သတင်းထွက်ပြီး မကြာခင် နှုတ်ထွက်လူငယ်များက ဦးဝင်းတင်ထံ သွားရောက်တွေ့ဆုံကြခြင်း ဖြစ်သည်။ ယင်းသို့ တွေဆုံရခြင်းမှာ မကြာခင်က အဖွဲ့ ချုပ်လူငယ်များအတွင်း နေရာဌာန အပြောင်းအရွှေ့ များအပေါ် မကျေနပ်သည့်လူငယ်များက ၄င်းတို့၏ရှေ့ ဆက်လုပ်မည့် လုပ်ငန်းစဉ်များကို အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ထံ သွားရောက်တင်ပြခဲ့ခြင်းဖြစ်သည်ဟု လူငယ်တဦးက ပြောသည်။

ဦးဝင်းတင်က လူငယ်များအား -

‘ ကျန်တော့်အနေနဲ့ ဥက္ကဌ ဥိးအောင်ရွှေနဲ့ စကားပြောဖြစ်ခဲ့တယ်။ဥက္ကဌကိုပြောခဲ့တာက ဒီလူငယ်တွေကို ထုတ်ပစ်တာကိုလက်မခံနိုင်သလို နှုတ်ထွက်လွှာတွေကိုလည်း အတည်မပြုဖို့ပြောခဲ့တယ်။ အခုလိုအချိန်မျိုးမှာ ထုတ်ပစ်တယ်ဆိုတာ မကောင်းဘူး။ အဲဒီအတွက် အတူတွဲလုပ်စရာရှိတဲ့ကိစ္စတွေကို လူငယ်အချင်းချင်း ညှိနှိုင်းပြီး အင်အားတွေကို ဘယ်လိုသုံးမလဲဆိုတာ စဉ်းစားကြရမှာဖြစ်တယ် ။ဆိုလိုတာက လူငယ်အချင်းချင်း အပြိုင်အဖြစ်လုပ်မနေကြပဲ ဘယ်လောက်ထိ တွဲလုပ်နိုင်မလဲဆိုတာကိုသာ စဉ်းစားကြရမှာ ဖြစ်ပါတယ်။အဖွဲ ချုပ်ကိုလည်း ပြောခဲ့ ပါတယ် အခုအပြင်ကိုရောက်နေတဲ့ အင်အားစုတွေကို ပြန်တွဲနိုင်သလောက် ပြန်တွဲခေါ်ပါ၊လူငယ်အကြံပေးအဖွဲ့ ကိုလည်းပြောခဲ့တယ် ဒါကတော့ ဒိအတိုင်း ထိုင်မနေပဲ လက်ရှိ ဖြစ်နေတဲ လူငယ်ကိစ္စတွေမှာ တတ်နိုင်သမျှ ဖြေရှင်းနိုင်ဖို့ အကြံပြုခဲ့ပါတယ်” ဟု လူငယ်များအား ပြန်လည်ပြောကြားခဲ့သည်။

သို့သော် ဦးဝင်းတင်၏ တင်ပြချက်များကို အဖွဲ့ချုပ်မှ စဉ်းစားမည့်လက္ခဏာမရှိကြောင်း နှုတ်ထွက်လူငယ်များက ပြောသည်။ ယင်းနောက် လူငယ်များက ၄င်းတို့ သိရှိလိုသည့် ကိစ္စရပ်များနှင့်  ဖြစ်စေချင်သည့်ကိစ္စများကို ပြန်လည်ပြောကြားရာ ယခင် အောက်မြန်မာပြည် လူငယ်တာဝန်ခံကိုခင်ထွန်းက

“ကျနော်တို့ အနေနဲ့  ကတော့ လူငယ်အဖွဲ့ ကိုပြန်ဖွဲ့ မယ်ဆိုရင် အသက်(၃၅)နှစ်အောက်လူငယ်များဖြင့်သာ ပြန်လည်ဖွဲ စည်းသင့်ကြောင်း ၊အခုပြန်ဖွဲ့ လိုက်တဲ့လူငယ်များဟာ လည်းအသက် (၄၀)ပတ်ဝန်းကျင် လူငယ်များဖြစ်နေပြီး တကယ်တန်းလူငယ်ကိုပြန်လည်ဖွဲ့ စည်းသင့်တာက အသက်(၃၅)နှစ်အောက် လူ ငယ်များဖြင့်သာ ပြန်လည်ဖွဲ စည်းသင့်တယ်” ဟု ဦးဝင်းတင်အား ပြန်လည်ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြိး လူငယ်များအနေနှင့် ပါတီသက်တမ်းအနှစ်(၂၀)လုံးလုံး ပါတီစည်းကမ်းအတိုင်းနေခဲ့ ကြောင်း သို့သော်လည်း ယခုအချိန်မှာ လက်မခံနိုင်တော့ကြောင်း လူငယ်များ၏ အကြိမ်ကြိမ် အပြုသဘောဆောင်သည့် တင်ပြချက်များကို ဦးအောင်ရွှေက အကြိမ် ကြိမ်ပါယ်ချခဲ့ခြင်းကြောင့် ယခုလိုဆုံးဖြတ်ခဲ့ ရတာဖြစ်ကြောင်း စသဖြင့် ဦးဝင်းတင်အား တင်ပြခဲ့ကြသည်ဟု သိရသည်။
နှုတ်ထွက်လူငယ်များသည် ကလေးစစ်သားကိစ္စ၊ အဓမ္မလုပ်အားပေးခိုင်းသည့်ကိစ္စများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂသို့ စာပေးပို့ရန် စီစဉ်နေသည်ဟုပါ စုံစမ်းသိရသည်။

ခေတ်ပြိုင်မှတင်ပြသည်။

0 comments: