ယနေ့ (၂၀) ကြိမ်မြောက် ၈-လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့တွင် သီရိလင်္ကာရောက် မြန်မာ ကျောင်းသားရဟန်းတော်များသည် သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာကျောင်းတိုက်၊ ဗောဓိပင် အောက်၌ ၈-လေးလုံး နှစ်(၂၀)ပြည့်အခမ်းအနားကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပခဲ့ကြသည်။
(၁) နမော တဿ - သုံးကြိမ် ရွတ်ဆိုပြီး အခမ်းအနား စတင်ဖွင့်လှစ်ခြင်း၊
(၂) ဥက္ကဋ္ဌဆရာတော် အရှင်သြဘာသမှ ၈-လေးလုံး နှစ်(၂၀)ပြည့်အခမ်းအနားပြုလုပ်ရခြင်း အကြောင်းနှင့် MSMA ၏ အနာဂတ်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး အမှာစကားပြောကြားခြင်း၊
(၃) ကြွရောက်လာကြသော သံဃာတော်များမှ ၈-၈-၁၉၈၈ ခုနှစ်က တစ်ပါတီစနစ်ပြုတ်ကျပြီး မြန်မာ့ ဒီမိုကရေစီထွန်းကားရေး၊ ပျောက်ဆုံးနေသော လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာများ ပြန်လည်ရရှိ ရေးအတွက် အသက်သွေးများ စွန့်လွှတ်ပြီး သမိုင်းသစ်ရေးထိုးသွားကြသော အာဇာနည် ရဟန်းရှင်လူ ပြည်သူများ ကောင်းရာ သုဂတိလားစေဖို့အတွက် မေတ္တာပို့ ဆုတောင်းအမျှဝေခြင်းများ ပြုလုပ်ပြီး
(၄) စိရံ တိဋ္ဌတု - သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
Friday, August 8, 2008
၈၈၈၈ နှစ်(၂၀)အခမ်းအနားကျင်းပ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment