NEJ/ ၁ သြဂုတ် ၂၀၀၈
နအဖသည် ရွေးကောက်ပွဲ မလုပ်ရသေးသော်လည်း ရွေးကောက်အပြီး ထွက်ပေါ်လာ မည့် အရပ်သားအစိုးရ ခေါင်းဆောင်များဖြစ်သည့် သမ္မတနှင့် ဒု-သမ္မတတို့ နေထိုင်ရန် အိမ်တော်များကို ကြပ်ပြေးမှာ အကြမ်းဆောက်ပြီးနေပြီ ဖြစ်ကြောင်း မျက်မြင်သက်သေ
များက ပြောသည်။
အနာဂတ် သမ္မတနှင့် ဒု-သမ္မတတို့ မည်သူဖြစ်မည်ကို တိုင်းပြည်က မသိသေးသော်လည်း ကြပ်ပြေးမှာ သမ္မတအိမ်တော်နှင့် ဒု-သမ္မတအိမ်တော် ဆောက်နေခြင်းသည် မည်သူ သမ္မတဖြစ်မည်၊ မည်သူ ဒု-သမ္မတဖြစ်မည်ကို စစ်အစိုးရက ကြိုသိနေပုံရသည်ဟု အမည် မဖော်လိုသည့် နေပြည်တော် အင်ဂျင်နီယာများက ပြောသည်။
သို့သော် ဆောက်လက်စ လွှတ်တော်အဆောက်အအုံမှာ (၁၀) ရာနှုန်းခန့်သာ ပုံပေါ်သေးသည့် အတွက် နောက်ထပ် (၄-၅) နှစ်နှင့် ပြီးရန်မလွယ်ဟု ကြပ်ပြေး မျက်မြင်သက်သေများက မှန်းသည်။ ကြပ်ပြေး သပြေကုန်းအ၀ိုင်းကနေ ၀န်ကြီးဌာနပေါင်းစုံသွားသည့် ရာဇဌာနီ လမ်းမကြီး၏ လက်ဝဲဘက်ခြမ်းမှာ ပြည်သူ့လွှတ်တော် အဆောက်အအုံသစ်ကို ဆောက်လုပ် နေခြင်းဖြစ်သည်။ အဆောက်အအုံပုံစံမှာ နည်းပညာကောလိပ် အကြီးစားပုံ ပေါက်နေသည်ဟု မျက်မြင်သက်သေများက ပြောသည်။
Friday, August 1, 2008
ကြပ်ပြေးမှာ သမ္မတနှင့် ဒု-သမ္မတအိမ်တော်များ ဆောက်လုပ်ပြီး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment