Sunday, July 20, 2008

Freedom and Liberty of Burma Petition

Freedom and Liberty of Burma Petition

၈၈ စစ်ကြောင်း အမည်ရတဲ့ အမေရိကန် ပြည်ထောင်စု..မိုင် ၃၀၀၀ ကျော် ခြေလျင်လျောက် ငြိမ်းချမ်းရေး ခရီးသည် တွေ ပါ။

ယခင် က ကိုအေသင်။ ကိုဇော်မင်းထွေး ၂ယောက် သာ ပါပေမဲ့ ..ယခု အခါ ၁၆ နှစ်သားလေး..မောင်ဥက္ကာ ပါ ပါဝင် ချီတက်နေပါတယ်။ ၈၈၈၈ နှစ် ၂၀ ပြည့် တဲ့ ၈။၈။ ၂၀၀၈ နေ့  မနက် ၈နာရီ ၈မိနစ် ၈ စက္ကန့် အရောက် NY ရှိ ကုလသမဂ္ဂ ရုံး အရောက် ချီတက်တဲ့ မိုင် ၃၀၀၀ ကျော် Accross the Country ခရီးစဉ်ဟာ ၂၉၃၅ မိုင် ပြီးမြောက်ပြီး ပန်းတိုင် အလို ၆၅ မိုင်ဘဲကျန်ရှိပါတယ်။

သယ်ဆောင်လာတဲ့ သမိုင်းဝင် ခွပ်ဒေါင်းအလံဟာ..အနားတွေ ဖွာလန် စုတ်ပြဲအရောင်လွင့်နေခဲ့ပါပြီ။ သို့ သော်..ဝေဟင်မှာလွင့်လွင့်ထူ..မားမား မတ်မတ် အောင်လံထူနေဆဲပါ။

သတ်မှတ်ရက် မရောက်မှာစိုးရိမ်တဲ့အတွက် နှင်းလေမုန်တိုင်းကြားတောင် အားခဲလျှောက်ခဲ့တဲ့ အတွက်.အဆုတ် အအေးမိ နေတာတောင်..ဆေး သောက်လျှောက်ခဲ့တဲ့ ၀ီရိယ စစ်သည်တွေ ဟာ မျှော်လင့်ထားတဲ့ ၈။ ၈။ ၂၀၀၈ ထက် စောပြီး ရောက်ရှိနေကြပါတယ်။

မျိုးချစ်များ အနေနဲ့ နေထိုင် တည်းခိုခွင့်များ အားပေးကူညီမှူများပေးနိုင်ပါကြောင်း သတင်းကောင်းပါ။
မြန်မာ့အရေး အတွက် မိုင်၃၀၀၀ ကျော် ခြေလှမ်းကို..အားစိုက်ဖြတ်သန်းခဲ့ကြတဲ့ လူငယ်များရဲ့ ကုလသမဂ္ဂ သို့  မြန်မာ့အရေး အသနားခံစာ ဟာလည်း..မြန်မာ ပြည် အပြင်တလွှား မြန်မာလူုသားပေါင်း သိန်းသန်း ရှိပါရက်နဲ့ လက်မှတ် ၁၄၀၀ ဘဲရှိပါတယ်ခင်ဗျား။

မိုင် ၃၀၀၀ လမ်းမလျှောက်နိုင်သူများအနေနဲ့ မြန်မာပြည်အရေးအတွက်...စာဖတ်သူတို့ ရဲ့ လက် မှတ် ကလေး တော့ အနည်းဆုံး မစ ပေးပါခင်ဗျား.. အပေါ်ဆုံး မှာ link ရှိပါတယ်. ကူညီကြပါ ခင် ဗျား။အမျိုးဘာသာ သာသနာ ရောင်ဝါနေသို့ လင်းစေဖို့  အရေး သင့်လက်မှတ်ကလေး.တဆိတ်ဗျာ။ ကျေးဇူးပါ မိတ်ဆွေ။







ဒို့အာဇာနည်မှတင်ပြသည်။

0 comments: